uk
Feedback
News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 12 390 підписників, посідаючи 15 945 місце в категорії Новини і ЗМІ та 10 125 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 12 390 підписників.

За останніми даними від 11 липня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -201, а за останні 24 години на -9, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 7.96%. Протягом перших 24 годин після публікації контент зазвичай збирає 5.70% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 987 переглядів. Протягом першої доби публікація в середньому набирає 707 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 14.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Завдяки високій частоті оновлень (останні дані отримано 12 липня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

12 390
Підписники
-924 години
-567 днів
-20130 день
Архів дописів
Repost from NOM
ရုရှားဟာ ရုရှားဖက်ဒရေးရှင်းရဲ့ သူရဲကောင်းဘွဲ့ ကြယ်တံဆိပ်ကို ပထမဆုံးအကြိမ် ချီးမြှင့်လိုက်ဖြစ်ဖြစ်ပါတယ်။ ဒရုန်းစစ်ဆင်ရေးအတွင်းမှာ ပြောင်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ တပ်သားတဦးကို ပေးအပ်လိုက်တာပါ။ Rubicon ဒရုန်းတပ်ဖွဲ့ရဲ့ ဒရုန်းအော်ပရေတာဟာ Philin ဆိုတဲ့ call sign နဲ့ ပစ်မှတ်အများအပြားကို ထိမှန်အောင် စွမ်းဆောင်နိုင်ခဲ့တာပါ။ တိုက်ပွဲတခုမှာဆိုရင် သူ့ရဲ့ ကျွမ်းကျင်မှုက အဆုံးအဖြတ်ပေးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့ပြီး သူတယောက်တည်းနဲ့ ရန်သူ့သံချပ်ကာယန္တရားအစုအဖွဲ့ကြီးတခုလုံးရဲ့ အရှိန်အဟုန်ကို ရပ်တန့်နိုင်ခဲ့ပြီး ရန်သူ့စစ်ကြောင်းရဲ့ လှုပ်ရှားနိုင်စွမ်းနဲ့ ဆက်လက်တိုက်ခိုက်နိုင်စွမ်းကိုပါ ရပ်တန့်စေခဲ့ပါတယ်။ သူ့ရဲ့ ရဲစွမ်းသတ္တိနဲ့ ကျွမ်းကျင်ပိုင်နိုင်မှုအတွက် ကာကွယ်ရေးဝန်ကြီးက ရုရှားဖက်ဒရေးရှင်းရဲ့ သူရဲကောင်းရွှေကြယ်ပွင့်ကို ကိုယ်တိုင်ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ NOM

Repost from NOM
+3
ဒီနေ့ မနက်ပိုင်းက ထိုင်းစံတော်ချိန် မနက် ၄ နာရီမှာ နယ်စပ်မြို့ ပွိုင်ပတ်ကနေ ကမ္ဘောဒီးယားရဲ့ ဘန်တေမီချိုင်းပြည်နယ်အတွင်းက ပစ်မှတ်တခုကို ထိုင်းဘက်က ရော့ကတ်တွေနဲ့ ပစ်ခတ်နေခဲ့တာဖြစ်ပါတယ်။ NOM

Repost from NOM
ဗြိတိန်ဝန်ကြီးချုပ် Keir Starmer ဟာ ဩစတြေးလျလိုမျိုး အသက် ၁၆ နှစ်အောက် ကလေးငယ်တွေကို ဆိုရှယ်မီဒီယာအသုံးပြုခွင့်ပိတ်ပင်သွားဖို
ဗြိတိန်ဝန်ကြီးချုပ် Keir Starmer ဟာ ဩစတြေးလျလိုမျိုး အသက် ၁၆ နှစ်အောက် ကလေးငယ်တွေကို ဆိုရှယ်မီဒီယာအသုံးပြုခွင့်ပိတ်ပင်သွားဖို့ စဉ်းစားနေပါတယ်။ NOM

photo content

ရွှေကြိုမောင်မယ် ဝင်‌ရောက်အရွေးခံသူ၂၀၀ကျော်ရှိ NOM၊ဒီဇင်ဘာ၂၁၊၂၀၂၅ ၂၀၂၅ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းနားအတွက် ရွှေကြိုမောင်မယ် အဖြစ် လျှောက်ထားသူ ၂၀၀ကျော်ရှိခဲ့ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှသိရသည်။ ရွှေကြိုမောင်မယ် ပဏာမအဆင့်ရွေးချယ်ပွဲကို ယနေ့ဒီဇင်ဘာ၂၁ရက်က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ရွှေရတုခန်းမတွင် အပိုင်း(၂)ပိုင်းခွဲပြီး ပထမအဆင့်အဖြစ် လူတွေ့ရွေးချယ်မှု ပြုလုပ်ခဲ့သည်။ "ရွှေကြိုမောင်မယ်အဖြစ် လျှောက်ထားသူ လူငယ်မျိုးဆက်သစ် ၂၅၀နီးပါးရှိခဲ့ပြီး အဆင့်(၃)ဆင့်နှင့်စစ်ဆေးရွေးချယ်သွားမှာဖြစ်ပါတယ်ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး တွဲဖက်အတွင်းရေးမှူး-၂ ဦးချမ်းသာကြည်စိုးက ပြောသည်။ ရွှေကြိုမောင်မယ်တွေကို ပထမအဆင့်အနေနဲ့ ပဏာမလူတွေ့စစ်ဆေး ရွေးချယ်သွားမှာဖြစ်ပြီး ဒုတိယအဆင့်အနေနဲ့ အနုပညာနဲ့ပတ်သက်တဲ့ ပင်ကိုယ်စွမ်းရည်တွေ ကို ပြသရမှာဖြစ်ပါတယ်။ ဒါ့အပြင်နောက်ဆုံးအဆင့်အနေနဲ့ အကဲဖြတ်ဒိုင်တွေ တောင်ဆိုတဲ့ အမှုအရာတွေကို လုပ်ဆောင်ပြရမှာဖြစ်တယ်"ဟုဦးချမ်းသာကြည်စိုးက ဆက်လက်ပြောသည်။။ အကဲဖြတ်ဒိုင်များအဖြစ် အကယ်ဒမီ ရန်အောင်၊အကယ်ဒမီ ခန့်စည်သူ၊အကယ်ဒမီ မေသန်းနု၊အပါအဝင် ဝါရင့်ဒါရိုက်တာ၊ဇာတ်ညွန်ဆရာ‌များနှင့်ဖွဲ့စည်း ထားပြီး ရွှေကြိုမောင်မယ်များကို ရွေးချယ်သွားမည်ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ မြို့မိမြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME) စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြား၊ သရေခေတ္တရာမြို့ဟောင်းရှိ ဘောဘောကြီးစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၊ လက်သည်းရေကန်ကျောင်းတိုက်(ခ) သုံးပန်လှကျောင်းဝင်းအတွင်းရှိ နှစ်ထပ်အုတ်တိုက်အား ပြန်လည် ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေး

KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၄၈၅ လုံး စနစ်တကျ ဖြိုချဖျက်ဆီးပြ
+9
KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၄၈၅ လုံး စနစ်တကျ ဖြိုချဖျက်ဆီးပြီးဖြစ်၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား မီးရှို့ဖျက်ဆီး နေပြည်တော် ဒီဇင်ဘာ ၂၁ မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိတရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြဝတီ-မဲထော်သလေး (KK Park) နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အပိုင်း(၃) နယ်မြေအတွင်းရှိ တရားမဝင် ၄ ထပ်အဆောက်အအုံ ၃ လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် KK Park နယ်မြေအတွင်းရှိ တရားမဝင် အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံး အနက် ၄၈၅ လုံးကို စနစ်တကျ ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင် ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် ပတ်ဝန်းကျင်ဒေသတစ်ဝိုက်ရှိ အဆောက်အအုံများ၌ တရားမဝင်ပြည်ပနိုင်ငံသားများ ဝင်ရောက်နေထိုင်ခြင်းနှင့်အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဒီဇင်ဘာ ၈ ရက်မှစတင်၍ ရှာဖွေရှင်းလင်းဆောင်ရွက်ခဲ့ရာ ယနေ့တွင်လည်း တရားမဝင် ၁ ထပ်အဆောက်အအုံ ၇ လုံးကို စစ်ဆေးရှာဖွေနိုင်ခဲ့သဖြင့် ယနေ့အချိန်ထိ အဆောက်အအုံစုစုပေါင်း ၄၄၅ လုံးကို စစ်ဆေးရှာဖွေနိုင်ခဲ့ပြီး အဆိုပါအဆောက်အအုံများအနက်မှ အွန်လိုင်းလောင်းကစားကျူးလွန်ရာတွင်အသုံးပြုသည့် အဆောက်အအုံ ၁၂ လုံးအားစစ်ဆေးဖော်ထုတ်နိုင်ခဲ့ပြီး ယနေ့တွင် အဆောက်အအုံ ၄ လုံးကို စတင်ချိတ်ပိတ်သိမ်းဆည်းခဲ့သည်။ ၎င်းအပြင် မြဝတီမြို့နယ်အတွင်းရှိ KK Park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေတို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့်ပစ္စည်းများအား ထပ်မံ၍ အသုံးပြုနိုင်ခြင်းမရှိစေရန်အတွက် ယနေ့တွင်လည်း စနစ်တကျမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြ
+8
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်တပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နေ ပြည်တော်-မန္တလေးအမြန်လမ်းမကြီးတွင်ကားနှစ်စီးတိုက်မိပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိ NOM၊ဒီဇင်ဘာ၂၁၊၂၀၂၅ မန္တလေးတိုင်းဒေသကြီး၊ ပျ
နေ ပြည်တော်-မန္တလေးအမြန်လမ်းမကြီးတွင်ကားနှစ်စီးတိုက်မိပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိ NOM၊ဒီဇင်ဘာ၂၁၊၂၀၂၅ မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ နေ ပြည်တော်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အ မှတ် (၂၆၄/၅) တွင် ကားနှစ်စီးတိုက်မိပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာဒီဇင်ဘာ၂၀ရက်မွန်းလွဲပိုင်းကနေ ပြည်တော်မှ မန္တလေးသို့မောင်းနှင်လာသည့် Light Truck ယာဉ်တစ်စီးသည်မန္တလေး-နေပြည် တော်ဘက်ခြမ်းကို ရုတ်တ ရက်ချိုးကွေ့ချိန် Toyota Alphard ယာဉ်ဖြင့်ဝင်တိုက်မှုဖြစ်ပွားခဲ့‌ကြောင်းအမြန်လမ်းမီးသတ်ဦးစီးဌာနမှတာ၀န်ရှိသူတစ်ဦးက‌ ပြော သည်။ အခင်းဖြစ်နေရာကို ပေပင်လေးအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အဖွဲ့အစည်းများက ကယ် ဆယ်ရေးလုပ်ငန်းများ သွား ရောက်ဆောင်ရွက်ခဲ့ပြီး Toyota Alphardယာဉ်ပေါ်ပါထိခိုက်ဒါဏ်ရာရရှိ‌သောအမျိုးသမီးသုံးကိုမိတ္ထီလာပြည်သူ့ဆေးရုံကြီးသို့ပို့ ဆောင် ပေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ မြို့မိ မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြား နေပြည်တော်၊ ဒီဇင်ဘာ - ၂၁

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြ
+4
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်တပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများအားတွေ့ဆုံအမှာစကားပြောကြား နေပြည်တော်၊ ဒီဇင်ဘာ - ၂၁

Repost from NOM
ဗြိတိန်ဟာ Police State နိုင်ငံတခုဖြစ်နေပြီလို့ အီလွန်မက်စ်က ပြောဆိုလိုက်ပါတယ်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ကန့်သတ်ချက်တွေ၊
ဗြိတိန်ဟာ Police State နိုင်ငံတခုဖြစ်နေပြီလို့ အီလွန်မက်စ်က ပြောဆိုလိုက်ပါတယ်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ကန့်သတ်ချက်တွေ၊ လူဝင်မှုကြီးကြပ်ရေးဝါဒနဲ့ ရဲတပ်ဖွဲ့ထိန်းချုပ်မှုတိုးမြှင့်လာတာ၊ တရားစီရင်ရေးစနစ်ရဲ့ ထူးခြားချက်တွေကြောင့် ဗြိတိန်က အကျဉ်းထောင်ကျွန်းသဖွယ်ဖြစ်လာနေတယ်လို့ သူက ဆိုပါတယ်။ အင်တာနက်ပေါ်မှာ စော်ကားပြောဆိုမှုတွေအတွက် နေ့စဉ် လူ ၃၀ ခန့် ဗြိတိန်မှာ ဖမ်းဆီးခံနေရပြီး အများစုဟာ လူအနည်းငယ်သာ မြင်တွေ့ရတဲ့ ပြန်လည်ဖော်ပြမှု၊ ရယ်စရာပုံ ဒါမှမဟုတ် မှတ်ချက်တွေကြောင့် ဖမ်းဆီးခံရတာပါ။ ဥပမာအားဖြင့် LukeYarwood ဖြစ်ရပ်ဖြစ်ပြီး ဒီလအတွင်းက လူဝင်မှုကြီးကြပ်ရေး ဆန့်ကျင်ရေး Twitter ပို့စ်နှစ်ခုအတွက် ထောင်ဒဏ် တနှစ်ခွဲချမှတ်ခံခဲ့ရပါတယ်။ လူ ၃၃ ဦးသာ သူ့ရဲ့ Tweet တွေကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး tweet တခုတည်းအတွက် ထောင် တနှစ်ခွဲ ချမှတ်ခံရမှုက မယုံနိုင်စရာကောင်းအောင် ဖြစ်နေပါတယ်။ NOM

Repost from K S News
Mndaa က ယနေ့ သုံ့ပန်း ၁၀၀ ပြန်လွှတ်ပေးလိုက်ကြောင်းသိရတယ်။ စစ်ဖြစ်ရင် သုံ့ပန်းဆိုတာတော့ ရှိစမြဲပါ။ https://t.me/kyawswar49111

Repost from ရွှေဘ
တော်လှန်ရေးကလည်းကျရှုံးသွားတဲ့အပြင် ပြည်သူတွေကလည်း စိတ်မဝင်စားကြတော့ ရှုံးမဲမဲပြီး တွေ့ရာမြင်ရာလူ ကိုက်မယ်ဟောင်မယ်ဆိုတဲ့ အောက
တော်လှန်ရေးကလည်းကျရှုံးသွားတဲ့အပြင် ပြည်သူတွေကလည်း စိတ်မဝင်စားကြတော့ ရှုံးမဲမဲပြီး တွေ့ရာမြင်ရာလူ ကိုက်မယ်ဟောင်မယ်ဆိုတဲ့ အောက်တန်းစားနီပိတ်တွေရဲ့ လုပ်ရပ်တွေက တစ်နေ့တခြား ပိုလို့တောင်ကျရှုံးလာနေပါတယ်...သူတို့ဘယ်လိုပဲဟောင်ဟောင် ပြည်သူတွေကတော့ လုံးဝကိုဂရုမစိုက်ကြတာ တစ်နေ့ထက်တစ်နေ့ ပေါ်လွင်လာနေပါပြီ...နောက်ဆုံးတော့လည်း ဟောင်နေကိုက်နေကြတဲ့ နီပိတ်အောက်တန်းစားတွေပဲ သူတို့ရဲ့အကုသိုလ်ကံအတိုင်း လောင်မြိုက်ပြီး မရှုမလှကျရှုံးသွားကြမှာပါ...

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကြပ်စခမ်းကျေးရွာနေ အပြစ်မဲ့အရပ်သားအမျိုးသမီးတစ်ဦးထံသို့ PDF အကြမ်းဖက်သမားလေးဦးရောက်လာပြီး နေအိမ်အတွင်းရှိ ရွှေထည်ပစ္စည်းများအား အကြမ်းဖက်ခြိမ်းခြောက်၍ လုယက်ယူဆောင်သွား NOM ဒီဇင်ဘာ ၂၁၊ ၂၀၂၅ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကြပ်စခမ်းကျေးရွာနေ ဒေါ်ကြည်မြင့် (၄၅) နှစ်သည် ဒီဇင်ဘာလ ၁၉ ရက်နေ့ ည ၇ နာရီခွဲအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားလေးဦးခန့်ရောက်လာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ နေအိမ်အတွင်းရှိ ငွေကျပ်သိန်း ၅၀ ခန့်၊ ၃ မတ်သားခန့်ရှိ ရွှေဆွဲကြိုး ၁ ကုံး၊ ၁ မတ်သားခန့်ရှိ ရွှေလက်စွပ်မောင်းကွင်း ၁ ကွင်းနှင့် ၃ ပဲသားခန့်ရှိ ရွှေလက်စွပ်မောင်းကွင်း ၁ ကွင်း တို့အား လုယက်ယူဆောင်သွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ရေတွင်းကြီးကျေးရွာရှိ ဘုန်းကြီးကျောင်းတွင်ရှိနေသော အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ရေတွင်းကြီးကျေးရွာရှိ ဘုန်းကြီးကျောင်းတွင်ရှိနေသော အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ကျည်ထိမှန်ဒဏ်ရာရ NOM ဒီဇင်ဘာ ၂၁၊ ၂၀၂၅ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ရေတွင်းကြီးကျေးရွာနေ ဦးအောင်ကျော်မိုး (၅၃) နှစ်သည် ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီအချိန်၌ အဆိုပါကျေးရွာရှိ ဘုန်းကြီးကျောင်းတွင်ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့အင်အား (စိစစ်ဆဲ)က ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ဦးအောင်ကျော်မိုးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။ News Of Myanmar NOM

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ သာယာကျေးရွာတွင် ညအချိန်၌ ကျေးရွာရှိ ရွာလယ်လမ်းအတိုင်း လမ်းလျှောက်နေသည့် ကျေးရွာခွဲတာဝန်
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ သာယာကျေးရွာတွင် ညအချိန်၌ ကျေးရွာရှိ ရွာလယ်လမ်းအတိုင်း လမ်းလျှောက်နေသည့် ကျေးရွာခွဲတာဝန်ခံကို PDF အကြမ်းဖက်သမားနှစ်ဦးက သေနတ်ဖြင့်ပစ်သတ်သွား NOM ဒီဇင်ဘာ ၂၁၊ ၂၀၂၅ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ သာယာကျေးရွာနေ ကျေးရွာခွဲတာဝန်ခံဖြစ်သူ ဦးယုကြိုင် (၅၇) နှစ်သည် ဒီဇင်ဘာလ ၂၀ ရက်နေ့ ည ၆ နာရီ ၁၀ မိနစ်အချိန်၌ ကျေးရွာရှိရွာလယ်လမ်းအတိုင်း လမ်းလျှောက်လာစဉ် PDF အကြမ်းဖက်သမားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးယုကြိုင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သောကြောင့် ဆေးကုသနိုင်ရေး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ် ရရှိထားသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ သာယာကျေးရွာတွင် ညအချိန်၌ ကျေးရွာရှိ ရွာလယ်လမ်းအတိုင်း လမ်းလျှောက်နေသည့် ကျေးရွာခွဲတာဝန်ခံကို PDF အကြမ်းဖက်သမားနှစ်ဦးက သေနတ်ဖြင့်ပစ်သတ် NOM ဒီဇင်ဘာ ၂၁၊ ၂၀၂၅ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ သာယာကျေးရွာနေ ကျေးရွာခွဲတာဝန်ခံဖြစ်သူ ဦးယုကြိုင် (၅၇) နှစ်သည် ဒီဇင်ဘာလ ၂၀ ရက်နေ့ ည ၆ နာရီ ၁၀ မိနစ်အချိန်၌ ကျေးရွာရှိရွာလယ်လမ်းအတိုင်း လမ်းလျှောက်လာစဉ် PDF အကြမ်းဖက်သမားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးယုကြိုင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သောကြောင့် ဆေးကုသနိုင်ရေး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ် ရရှိထားသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ကဘင်ကျေးရွာအုပ်စု၊ ခိုတောင်ကျေးရွာနေ ကျေးရွာခွဲတာဝန်ခံကို PDF အကြမ်းဖက်သမားခြောက်ဦးက အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွား NOM ဒီဇင်ဘာ ၂၁၊ ၂၀၂၅ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ကဘင်ကျေးရွာအုပ်စု၊ ခိုတောင်ကျေးရွာနေကျေးရွာခွဲ တာဝန်ခံဖြစ်သူ ဦးမင်းမင်းနိုင် (၃၇) နှစ်သည် ဒီဇင်ဘာလ ၁၉ ရက်နေ့ ည ၁၁ နာရီအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားခြောက်ဦးခန့်က စက်လှေတစ်စီးဖြင့်ရောက်လာပြီးအကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ပန်ကန်းကျေးရွာရှိ နေအိမ်ခြံဝင်းတစ်ခုအတွင်း PDF အကြမ်းဖက်အဖွဲ့ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်း
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ပန်ကန်းကျေးရွာရှိ နေအိမ်ခြံဝင်းတစ်ခုအတွင်း PDF အကြမ်းဖက်အဖွဲ့ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းတစ်လုံးအား ပေါက်ပြားဖြင့် ပေါက်မိ ပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ NOM ဒီဇင်ဘာ ၂၁၊ ၂၀၂၅ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ပန်ကန်းကျေးရွာနေ ဦးမောင်သန်း (၆၃) နှစ်သည် ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်၌ ၎င်းနေထိုင်သည့် နေအိမ်ခြံဝင်းအတွင်း သန့်ရှင်းရေးပြုလုပ်နေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မြေမြှုပ်မိုင်းတစ်လုံးအား ပေါက်ပြားဖြင့် ပေါက်မိကာ ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့သောကြောင့် ဆေးကုသနိုင်ရေး လွိုင်ကော်မြို့၊ အမှတ် (၇) တပ်မတော်ဆေးရုံ (ခုတင်-၁၀၀)သို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။ News Of Myanmar NOM