ch
Feedback
News Of Myanmar

News Of Myanmar

前往频道在 Telegram

📈 Telegram 频道 News Of Myanmar 的分析概览

频道 News Of Myanmar (@newsofmyanmar) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 12 394 名订阅者,在 新闻与媒体 类别中位列第 15 937,并在 缅甸 地区排名第 10 119

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 12 394 名订阅者。

根据 10 七月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -199,过去 24 小时变化为 -8,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 8.26%。内容发布后 24 小时内通常能获得 5.89% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 1 024 次浏览,首日通常累积 731 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 15

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

凭借高频更新(最新数据采集于 11 七月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。

12 394
订阅者
-824 小时
-577
-19930
帖子存档
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ကဘင်ကျေးရွာအုပ်စု၊ ခိုတောင်ကျေးရွာနေ ကျေးရွာခွဲတာဝန်ခံကို PDF အကြမ်းဖက်သမားခြောက်ဦးက အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွား NOM ဒီဇင်ဘာ ၂၁၊ ၂၀၂၅ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ကဘင်ကျေးရွာအုပ်စု၊ ခိုတောင်ကျေးရွာနေကျေးရွာခွဲ တာဝန်ခံဖြစ်သူ ဦးမင်းမင်းနိုင် (၃၇) နှစ်သည် ဒီဇင်ဘာလ ၁၉ ရက်နေ့ ည ၁၁ နာရီအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားခြောက်ဦးခန့်က စက်လှေတစ်စီးဖြင့်ရောက်လာပြီးအကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ပန်ကန်းကျေးရွာရှိ နေအိမ်ခြံဝင်းတစ်ခုအတွင်း PDF အကြမ်းဖက်အဖွဲ့ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်း
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ပန်ကန်းကျေးရွာရှိ နေအိမ်ခြံဝင်းတစ်ခုအတွင်း PDF အကြမ်းဖက်အဖွဲ့ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းတစ်လုံးအား ပေါက်ပြားဖြင့် ပေါက်မိ ပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ NOM ဒီဇင်ဘာ ၂၁၊ ၂၀၂၅ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ပန်ကန်းကျေးရွာနေ ဦးမောင်သန်း (၆၃) နှစ်သည် ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်၌ ၎င်းနေထိုင်သည့် နေအိမ်ခြံဝင်းအတွင်း သန့်ရှင်းရေးပြုလုပ်နေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မြေမြှုပ်မိုင်းတစ်လုံးအား ပေါက်ပြားဖြင့် ပေါက်မိကာ ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့သောကြောင့် ဆေးကုသနိုင်ရေး လွိုင်ကော်မြို့၊ အမှတ် (၇) တပ်မတော်ဆေးရုံ (ခုတင်-၁၀၀)သို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။ News Of Myanmar NOM

Repost from NOM
အမေရိကန်ဟာ ဗင်နီဇွဲလားကမ်းလွန်မှာ နောက်ထပ် ရေနံတင်သင်္ဘောတစင်းကို ထပ်မံသိမ်းဆည်းလိုက်ပါတယ်။ ဒီလအတွင်း ဒုတိယမြောက်ဖြစ်ပြီး ဗင်
အမေရိကန်ဟာ ဗင်နီဇွဲလားကမ်းလွန်မှာ နောက်ထပ် ရေနံတင်သင်္ဘောတစင်းကို ထပ်မံသိမ်းဆည်းလိုက်ပါတယ်။ ဒီလအတွင်း ဒုတိယမြောက်ဖြစ်ပြီး ဗင်နီဇွဲလားနိုင်ငံတွင်း ဝင်ရောက်လာမယ့် ရေနံတင်သင်္ဘောအကုန်လုံးကို ပိတ်ဆို့ဖို့ ထရမ့်က အမိန့်ပေးပြီးနောက် ဒီလိုသိမ်းဆည်းမှု ထပ်ဖြစ်လာခဲ့တာပါ။ ဗင်နီဇွဲလားကတော့ ဒါဟာ ပြန်ပေးဆွဲတာ၊ ခိုးယူတာလို့ တုံ့ပြန်ခဲ့ပါတယ်။ NOM

အမရပူရမြို့နယ်တွင် ဒီဇယ်ဆီများ တရားမဝင်သယ်ဆောင်လာသူ အမျိုးသား ၂ ဦးအား ဖမ်းဆီးအရေးယူ NOM ဒီဇင်ဘာ ၂၁၊ ၂၀၂၅ မန္တလေးတိုင်းဒေသကြီး
+1
အမရပူရမြို့နယ်တွင် ဒီဇယ်ဆီများ တရားမဝင်သယ်ဆောင်လာသူ အမျိုးသား ၂ ဦးအား ဖမ်းဆီးအရေးယူ NOM ဒီဇင်ဘာ ၂၁၊ ၂၀၂၅ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် ဒီဇင်ဘာလ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့က ဒီဇယ်ဆီများ တရားမဝင် သယ်ဆောင်လာသူ အမျိုးသား ၂ ဦးအား ဖမ်းဆီးအရေးယူထားကြောင်းသိရသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်အချိန်၌ အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာ၊ ရတနာပုံတံတား စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေးမြို့ဘက်မှ စစ်ကိုင်းမြို့ဘက်သို့ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းကျေးရွာနေ ဟန်မျိုးဝင်း (၃၉) နှစ် မောင်းနှင်လာသည့် MDY-17 9L/xxxx HONDA ACTY အဖြူရောင်‌မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်၏ အမိုးကိုင်း ပေါ်တွင် တိုင်ကီအပိုပြုလုပ်၍ စက်သုံးဒီဇယ်ဆီ၄၀ ဂါလံအား တရားမဝင် သယ်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ဟန်မျိုးဝင်း အား အမရပူရမြို့မရဲစခန်း (ပ)၃၈၄/၂၀၂၅၊ ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် လည်းကောင်း၊ အလားတူ ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် အမရပူရ မြို့နယ်၊ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင် အဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေးမြို့ဘက်မှ စစ်ကိုင်းမြို့ဘက်သို့ စစ်ကိုင်း မြို့နယ်၊ ပဲကတိုးကျေးရွာနေ အောင်မိုးဝင်း(၂၇)နှစ် မောင်းနှင်လာသည့် MDY-12 8D/xxxx Light Truck ယာဉ်ပေါ်မှ ဒီဇယ်ဆီ ၅၀ ဂါလံအား တရားမဝင် သယ်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် အောင်မိုးဝင်း အား အမရပူရမြို့မရဲစခန်း (ပ)၃၈၅/၂၀၂၅၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၇ ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်းသတင်းရရှိသည်။ News Of Myanmar NOM

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားတက်ရောက် ပုသိမ် ဒီဇင်ဘာ ၂၁၊ ၂၀၂၅ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အားကစားခန်းမတွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ယာယီနေရပ်စွန့်ခွာပြည်သူများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ယာယီနေရပ်စွန့်ခွာပြည်သူများအား နိုင်ငံတော်က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ လူတစ်ဦးကို တစ်လလျှင် (၂)သောင်းနှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိပြီး ယနေ့တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ဇူလိုင်လ ဩဂုတ်လ စက်တင်ဘာလ (၃)လအတွက် ခြောက်သောင်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများတွင် အခြားသောတိုင်းဒေသကြီးနှင့် ပြည်နယ်မှ လာရောက်သူများရှိသကဲ့သို့ မိမိတို့တိုင်းဒေသကြီးမှ ပြည်သူများလည်းပါဝင်ပါကြောင်း၊ ယခုလ (၂၈)ရက်နေ့တွင်ကျင်းပမည့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီး မဲပေးခွင့်ရသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများကို အချက်အလက်များစိစစ်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်‌ပေးလျက်ရှိပါကြောင်း၊ နေရပ်စွန့်ခွာပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆန္ဒမဲ များပေးရာတွင် တိုင်းပြည်နှင့် ဒေသကောင်းကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်သူ၊ နိုင်ငံရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ စီးပွားရေးအမြင်၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအမြင်ရှိသူ၊ လွတ်လပ်ရေးရရှိပြီးကတည်းက ယနေ့ထက်တိုင် ခိုင်မာစွာတည်ရှိနေသည့် တပ်မတော်နှင့် စိတ်တူကိုယ်တူ လက်တွဲဆောင်ရွက်နိုင်သည့်သူ၊ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်းနိုင်သည့်သူ၊ ဥပဒေနှင့်ပတ်သက်၍ အသိပညာရှိသူများကို ရွေးချယ်၍ဆန္ဒမဲများ ပေးနိုင်ရန်လိုကြောင်း” ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင်ပြုလုပ်သည့် မြို့မိ/ မြို့ဖများ အာစရိယပူဇော်ပွဲ ကျင်းပရေးကော်မတီဝင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “ အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၂၀၀)ကျော်တွင် ပညာရေးဝန်ကြီးဌာနဌာန၊ ပြည်ထောင်စုရန်ပုံငွေဖြင့် အဆောက်အဦများ ဆောက်လုပ်ပေးလျက်ရှိပါကြောင်း၊ ဆက်လက်၍ ကျောင်းအဆောက်အဦ လိုအပ်ချက်များကိုလည်း ဘဏ္ဍာနှစ်အလိုက် ရရှိရေးဆက်လက်တင်ပြ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဆရာကြီး၊ ဆရာမကြီးများ၊ မြို့မိမြို့ဖများကလည်း မိမိတို့ဒေသအတွက် လိုအပ်ချက်များကိုလည်း တင်ပြပေးစေလိုကြောင်း” ဆွေးနွေးပြောကြားပြီး ကန်တော့ခံဆရာကြီး/ဆရာမကြီးများအား လှူဒါန်းငွေများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ မြို့မိ/မြို့ဖများ၊ အာစရိယပူဇော်ပွဲ ကျင်းပရေးကော်မတီဝင်များက အာစရိယပူဇော်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကာ အာစရိယပူဇော်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

photo content
+2

တောင်ဥက္ကလာပနှင့် မရမ်းကုန်းမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ NOM ဒီဇင်ဘာ ၂၁၊ ၂၀၂၅ ဒီဇင်ဘာလ ၁၈ ရက်နေ့ မွန
+2
တောင်ဥက္ကလာပနှင့် မရမ်းကုန်းမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ NOM ဒီဇင်ဘာ ၂၁၊ ၂၀၂၅ ဒီဇင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ တောင်ဥက္ကလာပမြို့နယ်၊ (၅) ရပ်ကွက်၊ သံသုမာလမ်းတွင် လမ်းလျှောက်လာသူ ဖြိုးဇော် (၄၆) နှစ်၊ (၇) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်နေသူအား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၀၀ ပြား (တစ်ပြားလျှင် ငွေကျပ် ၁,၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁၀ သိန်း)အား ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၂ နာရီ ၁၅ အချိန်၌ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၃၃) ရပ်ကွင်တွင် စိတ်ကြွဆေးပြားများ ရောင်းချပေးသူ မရွှန်းလဲ့ဗိုလ် (၃၁) နှစ်၊ (၁) ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်နေသူအား ဖမ်းဆီးရမိပြီး ၎င်း၏ဖော်ထုတ်ချက်အရ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်၌ မြောက်ဥက္ကလာပမြို့နယ်၊ (င) ရပ်ကွက်တွင် ကျော်ကျော်မင်း (၃၈) နှစ်၊ (၅) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်နေသူအား ဖမ်းဆီးရမိပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ညနေ ၅ နာရီ ၂၅ မိနစ်အချိန်၌ ၎င်းနေထိုင်သည့် မရမ်းကုန်းမြို့နယ်၊ (၅) ရပ်ကွက်ရှိ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား (တစ်ပြားလျှင် ငွေကျပ် ၁,၀၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် သိန်း ၁၀၀)အား ဆက်လက်သိမ်းဆည်းရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ ည ၉ နာရီအချိန် တောင်ဥက္ကာလာပမြို့နယ်၊ (၄) ရပ်ကွက်၊ ပါရမီလမ်းနှင့် သဒ္ဒါလမ်းထောင့်တွင် စိတ်ကြွ ဆေးပြားများရောင်းချပေးသူ မခင်ချိုချိုနိုင်(၃၃)နှစ်၊ (၄)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်နေသူအား စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား(တစ်ပြားလျှင်ငွေကျပ် ၁,၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၁၀၀)အား ဖမ်းဆီးရမိပြီး စစ်ဆေးချက်အရ ည ၉ နာရီ ၃၅ မိနစ်အချိန် ၎င်းနေထိုင် သည့် တောင်ဥက္ကလာပမြို့နယ်၊ (၄)ရပ်ကွက်ရှိနေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅၄,၀၀၀ ပြား (တစ်ပြားလျှင် ငွေကျပ် ၁,၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၅၄၀)အား ထပ်မံသိမ်းဆည်း ရမိသဖြင့် ဖြိုးဇော်၊ မရွှန်းလဲ့ဗိုလ်၊ ကျော်ကျော်မင်းနှင့် မခင်ချိုချိုနိုင်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။ News Of Myanmar NOM

+3
ဒီဇင်ဘာလ၂၁ရက်နိုင်ငံတကါသတင်းတိုများ NOM ၁။အစ္စရေးအတွက်သူလျိုလုပ်ပေးနေသောအီရန်နိုင်ငံသားအကွီခါဝါဇီကိုယနေ့အီရန်အစိုးရကကွပ်မျက်လိုက်သည်။(ဓာတ်ပုံ) ၂။ယူကရိန်းနိုင်ံငံအိုဒက်ဆာဆိပ်ကမ်းရှိပြည်ပသို့ရေနံတင်ပို့သည့်နေရာကိုရုရှားအသေခံဒရုန်းများကတိုက်ခိုက်သည်။(ဗီဒီယို) ၃။တရုတ်တွင်ဂီတဖျော်ဖြေပွဲ၌စက်ရုပ်အကသမားများကလူများနှင့်တွဲကါစတင်ဖျော်ဖြေလျက်ရှိသည်။(ဗီဒီယို) ၄။ပြီးခဲ့သည့်ဆယ်ရက်အတွင်းရုရှားလေကြောင်းနှင့်အာကာသတပ်ဖွဲ့သည်ယူကရိန်းရဟတ်ယာဉ်လေးစီးနှင့်တိုက်လေယာဉ်တစ်စီးကိုပစ်ချကြောင်းယူကရိန်းကဝန်ခံပြောကြားသည်။(ဓာတ်ပုံ) ၅။စနေနေ့ကဆန်ဖရန်ဆစ္စကိုမြို့တွင်လျပ်စစ်မီးပြတ်တောက်ခဲ့ရာအိမ်ထောင်စု၁၃၀၀၀၀ရှိမိသားစုဝင်လူရှစ်သိန်းသည်လျပ်စစ်မီးမရှိပဲတစ်ညတာဖြတ်သန်းခဲ့ရသည်။

မန္တလေးတွင်ရောက်ရှိနေသည့် ဗန်းမော်မှစစ်ရှောင်များအတွက် စောင်နှင့်အနွေး ထည်များ အရေပေါ်လိုအပ် NOM၊ဒီဇင်ဘာ၂၁၊၂၀၂၅ ကချင်ပြည်နယ်၊
မန္တလေးတွင်ရောက်ရှိနေသည့် ဗန်းမော်မှစစ်ရှောင်များအတွက် စောင်နှင့်အနွေး ထည်များ အရေပေါ်လိုအပ် NOM၊ဒီဇင်ဘာ၂၁၊၂၀၂၅ ကချင်ပြည်နယ်၊ဗန်းမော်မြို့မှတိုက်ပွဲကြောင့် မန္တလေးသို့ ရောက်ရှိနေသည့် စစ်ရှောင်များအတွက် စောင်နှင့်အနွေးထည်များ အရေပေါ်လိုအပ်နေကြောင်းကို  စစ်ရှောင်များအားကူညီပေးနေသည့် သုညသုခပရဟိတလူငယ်အသင်းမှတာဝန်ရှိသူတစ်ဦးကပြော သည်။ မန္တလေးမြို့သို့ ရောက်ရှိနေသည့် စစ်ရှောင်များမှာ လက် ရှိအချိန်ထိ အိမ် ထောင်စု ၃၁၇၉ စုရှိသည့်အတွက် လာရောက်လှူဒါန်းပေးသည့် အလှူရှင်များရှိသော်လည်း  အိမ်ထောင်စုအားလုံးနီးပါး ရရှိခြင်းမရှိသေးကြောင်း သိရသည် “ရာသီဥတုကလည်းအရမ်းအေးတဲ့ရာသီဆိုတော့ စစ်ရှောင်တွေအတွက်ပိုခက်ခဲတာပေါ့ နဂိုကတည်က အဝတ်တစ်ထည်နဲ့ အသက်လုပြေလားတာ ဆိုတော့ဘာမှပါမလားဘူးအခုလိုအေးတဲ့ရာသီဆိုတော့ပိုအခက်ခဲ ဖြစ်ရပါတယ်"ဟုသုညသုခပရဟိတလူငယ်အသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ မန္တလေး မြို့သို့ရောက်ရှိနေသော စစ်ရှောင်များကို လက်ရှိ မြောက်ပြင်စုရပ်၊ကမ်းနားတဝိုက်စုရပ်၊မြို့ထဲတဝိုက်စုရပ်၊စက်မှု တဝိုက်စုရပ်၊အမရပူရစုရပ်၊ပုသိမ် ကြီးစုရပ်၊အုန်းချောစုရပ်များတွင် နေထိုင်လျက်ရှိကြောင်းသိရသည်။

Repost from People Media
မြင်းခြံမြို့နယ် ဆုံရွာတိုက်ပွဲ၌ အလောင်းလက်နက် ရရှိမှု အကြမ်းဖက်သမား ၁၀ လောင်း နှင့် လက်နက် ၃ လက်ကို လုံခြုံရေးတပ်ဖွဲ့များက ရရှိထားသည်။ #Peoplemedianews@peoplemedianews

ထိုက်သူပန် တန်ဖိုးနည်းအဝေးပြေးယာဉ်လိုင်းများပြေးဆွဲမည် NOM၊ဒီဇင်ဘာ၂၁၊၂၀၂၅ ထိုက်သူပန်း တန်ဖိုးနည် အဝေးပြေးယာဉ်လိုင်းများမှ ရန်
ထိုက်သူပန် တန်ဖိုးနည်းအဝေးပြေးယာဉ်လိုင်းများပြေးဆွဲမည် NOM၊ဒီဇင်ဘာ၂၁၊၂၀၂၅ ထိုက်သူပန်း တန်ဖိုးနည် အဝေးပြေးယာဉ်လိုင်းများမှ ရန်ကုန်-နေပြည်တော်- မန္တလေး -တောင်ကြီး-လားရှိုး-မူဆယ် ခရီးစဉ်များကိုပြည်သူများအားစျေးနှုန်းသက်သက် သာသာဖြင့်စီးနင်းသွားလာနိုင်ရန်အတွက်တန်ဖိုးနည်းအဝေးပြေးယာဉ်လိုင်းများကို ၂၀၂၆ ခုနစ်ဇန်နဝါရီလ ၂၀ ရက်မှစတင်ပြီးပြေးဆွဲပေးသွားမည်ဟု ထိုက်သူပန်ပရဟိတလုပ်ငန်းများကိုဦးဆောင်လုပ်ကိုင်နေသည့်ဦးစိုးလှမြင့်ကပြောသည်။ ဇန်နဝါရီ ၂၀ ရက်ကစတင်ပြီး ယာဉ်တစ်စီးကိုခရီးသည် ၄၅ ယောက်ခန့်စီးနင်းနိုင်မဲ့အဝေးပြေးယာဉ် ၁၀ စီးဖြင့် ရန်ကုန်-နေပြည်တော်- မန္တလေး-တောင်ကြီး- လားရှိုး-မူဆယ်ခရီးစဉ် များကိုနေ့စဉ်ပြေးဆွဲပေးသွားမည်ဖြစ်ပြီးခရီး သည်စီးနင်းမှုအပေါ်မူတည်ပြီး ကာအစီးရေနှင့်တခြားခရီးစဉ်များကိုလည်းထပ်မံတိုးချဲ့ပြေးဆွဲပေးသွားဖို့စီစဉ်ထား ကြောင်းသိရသည်။

မူဆယ်မြို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ NOM ဒီဇင်ဘာ ၂၁၊ ၂၀၂၅ ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်၌ မူးယစ်ဆေးဝါးတ
မူဆယ်မြို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ NOM ဒီဇင်ဘာ ၂၁၊ ၂၀၂၅ ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ ကောင်းမှုလွယ်နယ်မြေ၊ နယ်မြေ(၆)နေ ထွန်းထွန်းနိုင် (၃၃) နှစ်၏ နေအိမ်ခန်းအား ဝင်ရောက်ရှာဖွေရာ နေအိမ်မှ ဘိန်းဖြူ ၀ ဒသမ ၃၇ ကီလို (တစ်ကီလိုလျှင်ငွေကျပ်သိန်း ၁၅၀ နှုန်းဖြင့် ၎င်း ဒေသတန်ဖိုးငွေကျပ် ၅၅ ဒသမ ၅ သိန်း)နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၆,၇၅၀ ပြား (တစ်ပြားလျှင် ငွေကျပ် ၁,၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁၆၇ ဒသမ ၅ သိန်း)တို့အား ဖမ်းဆီးရမိသဖြင့် ထွန်းထွန်းနိုင်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။ News Of Myanmar NOM

အစိုးရကခွင့်ပြုသည့်လုပ်ငန်းများအား အထောက်အထားမခိုင်လုံဘဲကန့်ကွက်ပါက အရေးယူမည်ဟု ထုတ်ပြန် ဒီဇင်ဘာ၂၁၊၂၀၂၅
အစိုးရကခွင့်ပြုသည့်လုပ်ငန်းများအား အထောက်အထားမခိုင်လုံဘဲကန့်ကွက်ပါက အရေးယူမည်ဟု ထုတ်ပြန် ဒီဇင်ဘာ၂၁၊၂၀၂၅

Repost from NOM
၂၀၂၆ ပထမနှစ်ဝက်အတွင်း ရုရှားကို တိုက်ရိုက်ပျံသန်းမယ့် ခရီးစဉ်ကို မလေးရှားက ကြေညာဖွယ်ရှိနေပါတယ်။ မော်စကိုမှာ ရောက်နေတဲ့ မလေးရှားသံတမန်က ပြောဆိုခဲ့တာပါ။ နှစ်နိုင်ငံကြား ခရီးသွားလာမှုနဲ့ လည်ပတ်မှု တိုးတက်လာဖို့ ဆွေးနွေးပွဲတွေ ဆက်လုပ်နေတယ်လို့လည်း ဆိုပါတယ်။ NOM

Breaking News ဒီ ၂၁ ရက်နေ့ မနက်ပိုင်းအချိန်တွင် မြင်းခြံမြို့နယ် ဆုံရွာကို အကြမ်းဖက်သမားများက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တ
+8
Breaking News ဒီ ၂၁ ရက်နေ့ မနက်ပိုင်းအချိန်တွင် မြင်းခြံမြို့နယ် ဆုံရွာကို အကြမ်းဖက်သမားများက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လခရတပ်ဖွဲ့ဝင်များ၏ စွမ်းစွမ်းတမံပြန်လည်ပစ်ခတ်မှုကြောင့် အလောင်းများထားကာ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။ ဖြစ်စဉ်တွင်- (၁) အကြမ်းဖက် ၇ လောင်း (၂) သေနတ် ၃ လက် (၂ လက် မကောင်း) တို့အား သိမ်းပိုက်ရရှိခဲ့သည်။ - တိုက်ပွဲသတင်းစုံ

အကြမ်းဖက်သမားများ ကင်းစင်သွားပြီဖြစ်သည့် စဉ့်ကူးမြို့တွင် တပ်မတော်က ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ။ ❤️❤️
+7
အကြမ်းဖက်သမားများ ကင်းစင်သွားပြီဖြစ်သည့် စဉ့်ကူးမြို့တွင် တပ်မတော်က ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ။ ❤️❤️❤️ - တိုက်ပွဲသတင်းစုံ

လစာတစ်ပြားမှ မရပေမယ့် မိဘတွေကို KENBO ဆိုင်ကယ်အသစ်ကြီးကန်တော့ချင်လို့ ပြည်သူပိုင် ဆိုင်ကယ်တစ်စီးကို ခိုးပြီး ကန်တော့လိုက်တဲ့
လစာတစ်ပြားမှ မရပေမယ့် မိဘတွေကို KENBO ဆိုင်ကယ်အသစ်ကြီးကန်တော့ချင်လို့ ပြည်သူပိုင် ဆိုင်ကယ်တစ်စီးကို ခိုးပြီး ကန်တော့လိုက်တဲ့ PDF ရဲဘော်လေး... သိတတ်လိုက်တဲ့ သားလိမ္မာလေး😂😂😂 မှိုင်းဝေ

Repost from NOM
ဆီးရီးယားမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးစေခဲ့တဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရပြီးနောက် အမေရိကန်ဟာ ဆီးရီးယားအလယ်ပိုင်
+1
ဆီးရီးယားမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးစေခဲ့တဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရပြီးနောက် အမေရိကန်ဟာ ဆီးရီးယားအလယ်ပိုင်းက ပစ်မှတ်နေရာ ၇၀ ကို တိုက်လေယာဉ်၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ အမြောက်တပ်တွေ အသုံးပြုကာ တိုက်ခိုက်ခဲ့ပါတယ်။ ဒီဇင်ဘာ ၁၃ ရက်နေ့က ကန်စစ်သားနှစ်ဦးနဲ့ ကန်အရပ်သား စကားပြန်တဦးတို့ Palmyra မြို့မှာ ချုံခိုတိုက်ခိုက်ခံခဲ့ရပြီး သေဆုံးခဲ့တာကို လက်တုံ့ပြန်ခဲ့တာဖြစ်ပြီး ထရမ့်ကလည်း IS ရဲ့ အခိုင်အမာနယ်မြေတွေကို ပြင်းပြင်းထန်ထန်တိုက်ခိုက်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။ NOM

လွိုင်လင်၊ ဟိုပုံး၊ ပင်လောင်းနှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းစိုက်ခင်းများဖျက်ဆီး NOM နေပြည်တော်၊ ဒီဇင်ဘာ ၂၀ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်၊ ဟိုပုံး၊ ပင်လောင်းနှင့် ဆီဆိုင်မြို့နယ်တို့၌ ဒီဇင်ဘာလ ၁၉ ရက်နေ့က ဘိန်းစိုက်ခင်း စုစုပေါင်း ၂၆၈ ဧကခန့်အား ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၇ နာရီအချိန်မှ ညနေ ၃ နာရီခွဲအချိန်ထိ လွိုင်လင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က လွိုင်လင်မြို့နယ်၊ ဟွေတောက်ကျေးရွာအုပ်စု၊ တောင်ပါခါးကျေးရွာ၏ အနောက်တောင်ဘက် ၅ ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၇၃ ဧကခန့်အားလည်းကောင်း၊ အလားတူ နံနက် ၇ နာရီ ၁၀ မိနစ်အချိန်မှ ညနေ ၃ နာရီခွဲအချိန်ထိ လွိုင်လင်ခရိုင် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က လွိုင်လင်မြို့နယ်၊ ဆဟောင်းကျေးရွာအုပ်စု၊ ထီကတူကျေးရွာ၏ အရှေ့တောင်ဘက် ၄ ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၅၀ ဧကခန့်နှင့် ထီကတူကျေးရွာ၏ အရှေ့ဘက် ၃ ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၃၅ ဧကခန့်တို့အားလည်းကောင်း၊ အလားတူ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်မှ ညနေ ၄ နာရီ ၂၅ မိနစ်အချိန်ထိ ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံးမြို့နယ်၊ စံဖူး ကျေးရွာအုပ်စု၊ လိုက်ကန်ကျေးရွာ၏ အရှေ့မြောက်ဘက် ၅ ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၂၁ဧကခန့်အားလည်းကောင်း၊ အလားတူ နံနက် ၉ နာရီအချိန်မှ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်ထိ ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ပင်လောင်းမြို့နယ်၊ လိန်းညားကျေးရွာအုပ်စု၊ တောင်လေးကျေးရွာ၏ အရှေ့တောင်ဘက် ၃ မိုင်ခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း၄၀ ဧကခန့်နှင့် တောင်လေးကျေးရွာ၏ အရှေ့တောင်ဘက် ၂ မိုင်ခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၃၅ ဧကခန့်တို့အားလည်းကောင်း၊ ထို့အတူ နံနက် ၉ နာရီ ၃၅ မိနစ်အချိန်မှ ညနေ ၃ နာရီ ၄၅ မိနစ်အချိန်ထိ ဆီဆိုင်မြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာအုပ်စု၊ ထမ့်ယမ်းကျေးရွာ၏အရှေ့တောင်ဘက် ၇ ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်း စိုက်ခင်း ဧကခန့်နှင့် ထမ့်ယမ်းကျေးရွာ၏ တောင်ဘက် ၆ ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ဧကခန့်တို့အားလည်းကောင်း အသီးသီးဖျက်ဆီးရှင်းလင်းခဲ့ကြောင်းသတင်းရရှိသည်။ News Of Myanmar NOM

photo content
+3