uk
Feedback
News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 12 475 підписників, посідаючи 15 941 місце в категорії Новини і ЗМІ та 10 074 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 12 475 підписників.

За останніми даними від 01 липня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -216, а за останні 24 години на -7, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 9.87%. Протягом перших 24 годин після публікації контент зазвичай збирає 6.74% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 1 232 переглядів. Протягом першої доби публікація в середньому набирає 841 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 15.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Завдяки високій частоті оновлень (останні дані отримано 02 липня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

12 475
Підписники
-724 години
-197 днів
-21630 день
Архів дописів
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးသည် အမိန့်အမှတ်(၆/၂၀၂၆) အား ၂၀၂၆ ခုနှစ်၊ ဖေဖေ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးသည် အမိန့်အမှတ်(၆/၂၀၂၆) အား ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈)ရက်၊ ယနေ့ရက်စွဲဖြင့် ထုတ်ပြန် (ချင်းပြည်နယ်တရားလွတ်တော်တရားသူကြီးဦးမင်းအောင်ကိုကျန်းမာရေးအရတာဝန်မှ အနားယူခွင့်ပြုခြင်း)

ကျွန်းလှမြို့နယ်၊ ကြာတကံကျေးရွာအနီးရှိ တောအတွင်း၌ PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် ထင်းခုတ်နေ
ကျွန်းလှမြို့နယ်၊ ကြာတကံကျေးရွာအနီးရှိ တောအတွင်း၌ PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် ထင်းခုတ်နေသည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ NOM ဖေဖော်ဝါရီ ၁၈၊ ၂၀၂၆ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်ပြည်သူ့ဆေးရုံသို့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာဖြင့် အမျိုးသမီးတစ်ဦးရောက်ရှိနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အားစိစစ်ခဲ့ရာ နံနက် ၈ နာရီအချိန်၌ ကျွန်းလှမြို့နယ်၊ သစ်ရာမြိုင်ရပ်ကွက်နေ ဒေါ်စန်းစန်းဝင်း (ခ) ညိုပြာ (၃၄) နှစ်သည် ကြာတကံကျေးရွာ၏ တောင်ဘက် ၃ မိုင်ခန့်အကွာရှိ တောအတွင်း၌ ထင်းခုတ်နေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

သပိတ်ကျင်း၊ တကောင်းဒေသရှိ ရှားတော၊ ဒေါင်းပုန်း၊ ဗနွဲ့ရွာအနီးရှိ အကြမ်းဖက် PDF များ အခြေပြုရာနေရာများအား ဖေ ၁၇ ရက်နှင့် ဖေ ၁၈
+9
သပိတ်ကျင်း၊ တကောင်းဒေသရှိ ရှားတော၊ ဒေါင်းပုန်း၊ ဗနွဲ့ရွာအနီးရှိ အကြမ်းဖက် PDF များ အခြေပြုရာနေရာများအား ဖေ ၁၇ ရက်နှင့် ဖေ ၁၈ ရက်နေ့တွင် စီးနင်းသိမ်းပိုက်ရရှိ။ - ရန်သူ့အလောင်း ၁၀ လောင်း လက်နက်မျိုးစုံ ၉ လက် - တိုက်ပွဲသတင်းစုံ NOM

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး အမိန့်အမှတ်၊ ၇ / ၂၀၂၆ ၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး အမိန့်အမှတ်၊ ၇ / ၂၀၂၆ ၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် (၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်) ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း

BNRA အမည်ခံအဖွဲ့မှ အဖွဲ့ခေါင်းဆောင် နိုင်လင်း(ခေါ်) နဂါး နှင့် ၎င်း၏ မိသားစုဝင်များ တပ်မတော်လုံခြုံရေးစခန်းမှတစ်ဆင့် လက်နက်၊
+4
BNRA အမည်ခံအဖွဲ့မှ အဖွဲ့ခေါင်းဆောင် နိုင်လင်း(ခေါ်) နဂါး နှင့် ၎င်း၏ မိသားစုဝင်များ တပ်မတော်လုံခြုံရေးစခန်းမှတစ်ဆင့်  လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက် ဖေဖော်ဝါရီ ၁၈၊ ၂၀၂၆ News Of Myanmar NOM

ရေနံချောင်းမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွား NOM ဖေဖော်ဝါရီ ၁၈၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ မိန်းမလှကျွန်းကျေးရွာနေ မာန်မြေ (မြောက်) ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးလှချော (၆၈) နှစ်သည် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်အချိန်၌ မာန်မြေ (မြောက်) ကျေးရွာရှိ ဦးဌေးမြင့်ဦး (၅၅)နှစ်၏ နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားခြောက်ဦးခန့်က ဆိုင်ကယ်လေးစီးဖြင့် ရောက်လာပြီး ဦးလှချောနှင့် ဦးဌေးမြင့်ဦးတို့နှစ်ဦးအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

ထားဝယ်မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ NOM ဖေဖော်ဝါရီ ၁
ထားဝယ်မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ NOM ဖေဖော်ဝါရီ ၁၈၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်အချိန်၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၈ နာရီ ၂၀ မိနစ်အချိန်၌ ထားဝယ်မြို့နယ်၊ ပိန္နဲတောရပ်ကွက်နေ ကိုကောင်းထက်ကျော် (၂၁) နှစ်သည် ထားဝယ်မြို့မှ ရေဖြူမြို့သို့ ဆိုင်ကယ်ဖြင့်သွားရောက်စဉ် ဘုရားမဲစစ်ဆေးရေးဂိတ်အနီးအရောက် PDF အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

နဂါးအဖွဲ့အလင်းဝင်လာပြီ။ ကြိုဆိုပါတယ်။ ယင်းမပင်နဲ့ ပုလဲနယ်ကို မကြာခင် ကွက်ပြည့်နင်းပါမည်။ Kyaw Swar NOM
+4
နဂါးအဖွဲ့အလင်းဝင်လာပြီ။ ကြိုဆိုပါတယ်။ ယင်းမပင်နဲ့ ပုလဲနယ်ကို မကြာခင် ကွက်ပြည့်နင်းပါမည်။ Kyaw Swar NOM

စလင်းမြို့နယ်၊ ဆည်ကံကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်အဖွဲ့က အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွား NOM ဖေဖော်ဝါရီ ၁၈၊ ၂၀၂၆ ခု မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဆည်ကံကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်း (၄၇) နှစ်သည် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်၌ ကျေးရွာ၏အရှေ့တောင်ဘက် ၅ ဖာလုံခန့်အကွာရှိ ပဲခင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အား (စိစစ်ဆဲ) ရောက်လာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ News Of Myanmar NOM

ရွာငံမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့​က သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးသေဆုံးကာ အပြစ်မဲ့အရပ်သားပြည်သူတစ်
ရွာငံမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့​က သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးသေဆုံးကာ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ NOM ဖေဖော်ဝါရီ ၁၈၊ ၂၀၂၆ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာနေ ပြည်သူ့စစ်အဖွဲ့ဝင် ဦးစည်သူအောင် (၃၃) နှစ်သည် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်အချိန်၌ တစ်ရွာတည်းနေသူများဖြစ်ကြသည့် ကိုရဲသွေး (၂၂) နှစ်၊ ဦးဖိုးနေရှိုင်း (၃၀) နှစ်တို့နှင့်အတူ ရွာငံမြို့မှ မြင်းကျဒိုးကျေးရွာသို့ မော်တော်ယာဉ်တစ်စီးဖြင့် ပြန်လာစဉ် ရွာငံ-အောင်ပန်းကားလမ်း မိုင်တိုင်အမှတ် ၆၃ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြားအရောက် PDF အကြမ်းဖက်အဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဦးစည်သူအောင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ကိုရဲသွေးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး အောင်ပန်းမြို့၊ အမှတ် (၂) တပ်မတော်ဆေးရုံ (ခုတင်-၇၀၀) သို့ ပို့ဆောင်ထားရှိကြောင်းနှင့် ဦးဖိုးနေရှိုင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်းသိရသည်။ News Of Myanmar NOM

မသန်စွမ်းသူများအားနှိမ့်ချလှောင်ပြောင်ရိုက်ကူးခြင်းမပြုရန်ရုပ်ရှင်အစည်းအရုံးကသတိပေး
မသန်စွမ်းသူများအားနှိမ့်ချလှောင်ပြောင်ရိုက်ကူးခြင်းမပြုရန်ရုပ်ရှင်အစည်းအရုံးကသတိပေး

ဖေဖော်ဝါရီလ၁၈ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည်ကနေဒါနှင့်ဗြိတိန်နိုင်ငံသားများကို လာမည့်ကြာသပတေ
+1
ဖေဖော်ဝါရီလ၁၈ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည်ကနေဒါနှင့်ဗြိတိန်နိုင်ငံသားများကို လာမည့်ကြာသပတေးနေ့မှစ၍ရက်၃၀ဗီဇာကင်းလွတ်ခွင့်ပေးလိုက်သည်။ ၂။အစ္စရေး၏ အမေရိကန်ဆိုင်ရာ သံအမတ် ယီချီအယ်လ် လိုက်တာက "အစ္စရေးသည် ၎င်း၏ F-35 I အေဒါ (Adir) တိုက်လေယာဉ်များ၏ ပျံသန်းနိုင်မှုအကွာအဝေးကို တိုးမြှင့်ခဲ့ပြီး ယခုအခါ ၎င်းတို့သည် အီရန်အထိစစ် ဆင်နိုင်ပြီဖြစ်ကြောင်း၊ ထို့ပြင် လေယာဥ်၏ စွမ်းရည်ကို မထိခိုက်စေဘဲ နောက်ထပ် လက်နက်တပ်ဆင်မှုများလည်း ထည့်သွင်းထားကြောင်း"ဟုအစ္စရေးသတင်းစာကိုပြောသည်။(ဓါတ်ပုံ) ၃။၂၀၂၀ခုနှစ်နောက်ပိုင်းပီရူးနိုင်ငံ၏၆ဦး မြောက်သမ္မတဟိုဆေးဟယ်ရီကိုလွှတ်တော်ကပြစ်တင်ရှုံ့ချထုတ်ပယ်လိုက်သည်။(ဓါတ်ပုံ) ၄။ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မန်နက်ကထိုင်းနိုင်ငံသည်အငြင်းပွားနေသောနယ်စပ်ရှိကမ္ဘောဒီးယားပိုင်နက်မြေကိုသိမ်းပိုက်ထားကြောင်းရိုက်တာသတင်းဌာနနှင့်အင်တာဗျူးတွင်ပြောလိုက်သည်။ ၅။တရုတ်အစိုးရကတရုတ်ခရီးသွားများဂျပန်သို့မသွားရန်အမိန့်ထုတ်ပြီးနောက်လေးနှစ်အတွင်းပထမဆုံးအကြိမ်အဖြစ်ယခုဇန်နဝါရီလတွင်ဂျပန်သို့လာရောက်သည့်ကမ္ဘာလှည့်ခရီးသွားအရေအတွက်၅%ကျဆင်းသွားသည်။

တိုင်းရင်းသားအမည်ခံ လက်နက်ကိုင်အစုအဖွဲ့တွေ သိပ်များလွန်းနေတဲ့နိုင်ငံ၊ စစ်ပွဲမှာ အသားစီးရရင် နယ်မြေလည်း ပိုင်ဆိုင်ဖို့ အာမခံချက်ရှိတယ်ဆိုပြီး တည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံကို လစ်လျူရှု၊ ဂရုမစိုက်တဲ့ EAO တွေ ရှိနေတဲ့နိုင်ငံ၊ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခလို့ပြောပေမယ့် ဓန အင်အားမရှိတဲ့ နိုင်ငံအတွက် ပြည်ပ အင်အားကြီးတွေရဲ့ ကြားဝင်စေ့စပ်မှုကို အလေးထားနေရတဲ့ နိုင်ငံအတွက်…ကာကွယ်ရေးစွမ်းပကား မြှင့်တင် ဖို့ဆိုတာ အရေးကြီးတဲ့ ကဏ္ဍတစ်ရပ်လို့ပဲ မြင်တယ်။ ------- ရှေးအတိတ်ကာလတွေမှာ တပ်အင်အားကို အနေအထားတစ်ခုအထိ ရနိုင်ဖို့ ကြိုးစားခဲ့ ပေမယ့် တကယ့်တကယ်တမ်း ရောက်လာကြတဲ့အခါ အရည်အချင်းတွေ မပါလာ ခဲ့ကြ ဘူး။ ခုလည်း မျိုးချစ်စိတ်ကို အခြေခံတာထက် ဥပဒေအရသာ ဖြစ်နေတဲ့ အနေ အထားမှာ…နိုင်ငံနဲ့ တပ်မတော်ကို ပိုပြီး သစ္စာရှိနိုင်ဖို့ ဘာတွေ အလေးပေး ပြင်ဆင်၊ ဖြည့်စွက်၊ လုပ်ဆောင်ပေးသင့်သလဲဆိုတာကလည်း လစ်လျူမရှုသင့်တဲ့ ပုစ္ဆာပဲ။ --------- ပြည်ပနိုင်ငံတွေရဲ့ စစ်ပွဲတွေကိုပဲကြည့်ကြည့်၊ ပြည်တွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ၁၀၂၇ စစ်ဆင် ရေးအကြောင်းကိုပဲ ပြန်ပြီးလေ့လာ၊လေ့လာ၊ ဒရုန်းနည်းပညာရဲ့ အဆင့်အတန်းဟာ ထိပ်တန်းအဆင့်ဖြေရှင်းကိုင်တွယ်ရမယ့် စိန်ခေါ်မှုဆိုတာ မငြင်းနိုင်ဘူး။ စစ်မြေပြင်မှာ တိုက်ပွဲအားသာချက်ရှိတဲ့ ဒရုန်းတွေ၊ လေကြောင်းရန်ကာကွယ်ရေး ဒရုန်း၊ FPV နဲ့ UAV တွေကို အကြီးစားထုတ်လုပ်တဲ့စက်ရုံမျိုးရှိတဲ့အထိ ပြည်တွင်းမှာ တည်ဆောက်နိုင်မှပဲ ဈေးကြီးပေးဝယ်ရတဲ့ တင်သွင်းမှုတွေကို ရေရှည်မှာ လျှော့ချနိုင်လိမ့်မယ်။ လက်တွေ့မှာ လည်း အသုံးဝင်လိမ့်မယ်။ ------- အထိုင်စခန်းတွေမှာပဲဖြစ်ဖြစ်၊ ရှေ့တန်းလှုပ်ရှားစစ်ကြောင်းတွေကို သတင်းပေးနိုင်မယ့် လေကြောင်းသတင်းထောက်လှမ်းရေးကဏ္ဍကလည်း မြေပြင်တပ်ဖွဲ့နဲ့ ချိတ်ဆက် နိုင် အောင်၊ တနည်းအားဖြင့် ကင်းထောက်ဒရုန်းတွေက ရလာတဲ့ အချက်အလက်တွေကို နောက် မှာရှိတဲ့ အမိန့်ပေးရုံးနဲ့ တစ်ပြိုင်နက်တည်း ချိတ်ဆက်နိုင်ဖို့ကလည်း အနာဂတ် စစ်ဆင်ရေးကဏ္ဍမှာ အရေးကြီးလာလိမ့်မယ်။ --------- ယာယီသမ္မတကြီးပြောတဲ့ ပြည်သူကို ဗဟိုပြုတဲ့ ပြည်သူ့စစ်မဟာဗျူဟာကို အကောင်အထည်ဖို့ လက်နက်တပ်ဆင်ပေးရုံတင်မဟုတ်ဘဲ နေ့စဉ်ဘဝ လုံခြုံရေးနဲ့ စီးပွားရေးကိုပါ ပံ့ပိုးပေးနိုင်ဖို့ ကြိုးစားရလိမ့်မယ်။ ဒီနေရာမှာ အရေးကြီးတာက ဒေသဆိုင်ရာ ကွန်မန်ဒါဖြစ်တဲ့ တိုင်းမှူးတွေအပြင် တပ်နယ်မှူးတွေရဲ့ အခန်းကဏ္ဍက အရေးအကြီးဆုံးပဲ။ ရပ်/ကျေး ပြည်သူ့စစ်တွေရဲ့ လှုပ်ရှားမှုတွေ၊ အရေးပေါ် တုံ့ပြန်နိုင်တဲ့ သတင်းကွန်ရက်စနစ်တွေ ခိုင်မာအားကောင်းဖို့ဆိုတာ အခြေခံတပ်နယ်တွေရဲ့ ဦးဆောင်မှု က အရေးပါဆုံးအနေအထားမှာ ရှိလိမ့်မယ်။ ------- တဖက်မှာလည်း စစ်မှုထမ်းဥပဒေအရ ဝင်လာတဲ့စစ်သည်တွေကို လစာနဲ့ စရိတ် တိုးမြှင့်ပေးနိုင်မှု၊ အတန်းပညာကောင်းမွန်တဲ့သူတွေကို နည်းပညာနဲ့ တိုက်ခိုက်ရေးမဟုတ် တဲ့ သီးခြားကဏ္ဍတွေမှာ တာဝန်ပေးအပ်စေမှု၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်း ဆောင်နေရချိန်မှာ မိသားစုတွေအတွက် ဘဝအာမခံချက်အရ နောင်ရေးခိုင်မာ အားကောင်းစေတဲ့ အခွင့်အလမ်းတွေ၊ စစ်မှုထမ်းပြီးတဲ့သူတွေကို အစိုးရနဲ့ ပုဂ္ဂလိကတွေမှာ ဦးစားပေးခန့်အပ်နိုင်ဖို့ မူဝါဒတွေချမှတ်ပြီး ပံ့ပိုးမှုတွေ ပေးနိုင်ရင်တော့…ဥပဒေပြဌာန်းလို့ ဝင်လာ တာထက် အရင်ဆုံး မိသားစု အကျိုးစီးပွား၊ နောင် နိုင်ငံတော်နဲ့ တပ်မတော်အပေါ် ပူးပေါင်းဆောင်ရွက်မှုကို အခြေခံတဲ့ စိတ်တွေ အားကောင်းလာမယ်လို့ မျှော်လင့်လို့ ရပါလိမ့်မယ်။ လက်ရှိ အမြင်သာဆုံးအနေနဲ့ မြောက်ကိုးရီးယားနိုင်ငံမှာ ရုရှား-ယူကရိန်း စစ်ပွဲက ကျဆုံးစစ်သည်တွေရဲ့ မိသားစုတွေကို တိုက်ခန်းတွေ ပေးအပ်သလိုမျိုး၊ မြန်မာနိုင်ငံရဲ့ မြေလွတ်မြေရိုင်းတွေကို ဖော်ထုတ်ပြီး မြေကွက်ချပေးတာ မျိုး၊ တန်ဖိုးနည်း တိုက်ခန်းတွေထူထောင်ပြီး နိုင်ငံတော်အဆင့် ပံ့ပိုးပေးနိုင်ရင်…ပြည်သူ့ စစ်မှုထမ်း ဥပဒေဟာ နာမည်ပျက်တွေ မရှိဘဲ အလိုအလျောက် ပြည်သူပါဝင်တဲ့ စနစ်မျိုး ဖြစ်လာလိမ့် မယ်လို့ သုံးသပ်ရမှာပဲ။ ------- တပ်မတော်ရဲ့ ကာကွယ်ရေးစွမ်းပကားမြှင့်တင်ဖို့ဆိုတာ “နည်းပညာနဲ့ လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်မှု” အပေါ် အဓိက မူတည်နေတဲ့အချက်ကို သတိပြုကြနိုင်ဖို့ပါ။ ပြည်သူကို ဗဟိုပြုတဲ့ပြည်သူ့စစ်မဟာဗျူဟာ အောင်မြင်ဖို့ဆိုတာကလည်း ပြည်သူတွေရဲ့ ပူးပေါင်း ပါဝင်မှုနဲ့ ယုံကြည်စိတ်ချမှုက အရေးကြီးပါတယ်။ တပ်မတော်နဲ့ ပြည်သူအကြားမှာ ရှိတဲ့ ယုံကြည်မှုကို တည်ဆောက်တဲ့နေရာမှာ အခြေခံအကျဆုံးဖြစ်တဲ့ အကျိုးခံစားခွင့်နဲ့ အခွင့် အလမ်းတွေ ဖန်တီးပေးတာကသာ ယုတ္တိအရှိဆုံးလို့ပဲမြင်ပါတယ်။ (နရီမိုး)

ရန်ကုန်တိုင်းအတွင် ရှိမြို့နယ်အားလုံးနီးပါ လျှပ်စစ်ဓာတ်အားပြတ်တောက် NOM ရန်ကုန်တိုင်းအတွင် ရှိမြို့နယ်အားလုံးနီးပါးလျှပ်စစ်ဓာတ်အားပြတ်တောက်မှု ယနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) မွန်းလွဲ ၃ နာရီခန့်တွင်ဖြစ်ပွားခဲ့ကြောင်းသိရသည်။ အဆိုပါ ဓာတ်အားပြတ်တောက်မှုမတိုင်ခင် မီးအားလျော့ကျသည့်ပုံစံမျိုးဖြစ်ပွားခြင်းဖြစ်ပြီးနောက်ဓာတ်အားပြတ်တောက်သွားခြင်းဖြစ်ကြောင်း မြောက်ဥက္ကလာပမြို့နယ်တွင်နေထိုင်သူတစ်ဦးကပြောသည်။ လျှပ်စစ်မီးနှင့်ပတ်သက်သည့် သတင်းများကိုဖော်ပြပေး နေသည့် ကေအက်စ် အမည်ရှိ Facebook လူမှုကွန်ရက်စာမျက်နှာတွင်လည်း “System Breakdown ဟု ယူဆရ၊ Edit ကြောင့်လျှပ်စစ်မီးပျက်သည့်ဟုရေးသားထားသည်။ ယခုနှစ် ဇန်နဝါရီလမှစတင်ပြီး ရန်ကုန်တိုင်း၊ သာကေတနှင့်သန်လျင်ရှိ LNG သုံး ဓာတ်အားပေးစက်ရုံများမှ ဓာတ်အား ၅၀၀ မဂ္ဂါဝပ်ထုတ်လုပ်ပေးနေပြီး ဖေဖော်ဝါရီလအတွင်း မှာလည်း LNG တင်သွင်းလာသည့်သင်္ဘောများရောက်ရှိလာမည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကထုတ်ပြန်ထားသည်။

ရွှေပြည်သာမြို့နယ် အထည်ချုပ်စက်ရုံ မီးလောင်မှုဖြစ်ပွား ပိတ်လိတ်၃၀၀ခန့်မီးလောင်ဆုံးရှူံး NOM၊ဖေဖော်ဝါရီ၁၈၊၂၀၂၆ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ငှက်ပျောတောလမ်းရှိ အထည်ချုပ်စက်ရုံတွင်ယနေ့ဖေဖော်ဝါရီ၁၈ရက်မွန်တည်၁၂နာရီ ၂၀မိနစ်တွင် Level 2 အဆင့်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း Rescue Organization Hlaing Thar Yar ပြန်ကြားရေးမှတာဝန်ရှိသူတစ်ဦးက ပြောသည်။ မီးလောင်မှုဖြစ်စဉ်မှာကနဦးသတင်းအရ ပိတ်လိတ်များထားသည့်ဂိုထောင်တွင်လျှပ်စစ်ဝါယာရှော့ ဖြစ်ပြီးမီးလောင်မှုစတင်ဖြစ်ပွားခဲ့ပြီး ဂိုထောင်အတွင်းရှိပိတ်လိတ် ၃၀၀ခန့်မှာ မီးလောင်ဆုံးရှုံးခံရပြီး လူသေဆုံးမှု နှင့်ထိခိုက်ဒဏ်ရာရရှိမရှိကြောင်းသိရသည်။ "မီးလောင်တဲ့အချိန်မှာစက်ရုံဝန်ထမ်းတွေကအလုပ်လုပ်နေကြတော့သူတို့ကိုအရင်ဆုံဘေးလွတ်အောင် ထုတ်ခဲ့ပါတယ်ပြီးတော့ဂိုထောင်ထဲမှာလည်းပိတ်လိတ်တွေဘဲဆိုတော့ မီးလောင်အားကပိုကောင်းလာတဲ့အတွက် ပထမLevel 1 အဆင့်စခေါ်တယ်ပြီးတော့ မီးကပိုများလာတော့ Level 2 အဆင့် ထပ်ခေါ်ခဲ့ရပါတယ် အခုလည်းမီးကငြိမ်းသွားတယ်ဆိုပေမဲ့အထဲမှာ လှိုက်ပြီးမီးကကျန် နေသေးလို့ရေထည့်ပေးနေရပါတယ်"ဟု Rescue Organization Hlaing Thar Yar ပြန်ကြားရေးမှတာဝန်ရှိသူတစ်ဦးကပြောသည်။ အထည်ချုပ်စက်ရုံ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဥ်များLevel 2 အဆင့်ယာဥ်များ၊ လူမှုကူညီရေးအသင်းများဖြင့်မီးငြှိမ်းသတ်ခဲ့ရာမွန်းလွဲ၁နာရီ ၃၈မိနစ်တွင်မီးငြိမ်းသွားကြောင်းသိရသည်။

ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်တွင် အထည်ချုပ်စက်ရုံ Level 2 အဆင့်မီးလောင်မှုဖြစ်ပွား NOM၊ဖေထော်ဝါရီ၁၈၊၂၀၂၆ ရန်ကုန်တိုင်း
ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်တွင် အထည်ချုပ်စက်ရုံ Level 2 အဆင့်မီးလောင်မှုဖြစ်ပွား NOM၊ဖေထော်ဝါရီ၁၈၊၂၀၂၆ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ငှက်ပျောတောလမ်းရှိ အထည်ချုပ်စက်ရုံတွင်ယနေ့(ဖေဖော်ဝါရီ ၁၈ရက်) မွန်တည်၁၂နာရီ ၂၀မိနစ်တွင် Level 2 အဆင့်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှသတင်းထုတ် ပြန်ထားကြောင်းသိရသည်။ အထည်ချုပ်စက်ရုံ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှ်သဖြင့် ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ(၄)စီး၊ ရေသယ်ယာဉ်(၂)စီး ထွက်ခွာလျက်လက်ရှိအချိန်ထိငြှိမ်းသက်နေကြောင်းသိရသည်။

ဧပြီလလောက်မှာပေါ်လာမယ့် အစိုးရသစ်ဟာ အရင်အစိုးရနှစ်ဆက် တာဝန်ယူခဲ့ရတဲ့ အချိန်ကာလနဲ့ တာဝန်ယူဆောင်ရွက်ရပုံခြင်း အခြေအနေတွေ တူညီနေမှု ရှိမနေပါဘူး။ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရဆိုတာက တပ်မတော်ကနေ ကြည်ကြည်ဖြူဖြူ ဒီနည်းအတိုင်း လျှောက်ပါဆိုပြီး လမ်းညွှန်ပေးခဲ့တဲ့ပုံစံပါ။ ဒုတိယ အစိုးရကို ကြည့်ပြန် တော့လည်း သမ္မတကြီး ဦးသိန်းစိန် လွှဲအပ်ခဲ့တဲ့ အခြေအနေကို အလိုက်သင့် နင်းလျှောက် ရုံပုံစံမျိုးနဲ့ လက်လွဲယူခဲ့ရတာမျိုးပါ။ သိပ်ကြီးကြီးမားမား စိန်ခေါ်မှု မရှိပါဘူး။ ------ လက်ရှိ အစိုးရသစ်အတွက်ကျတော့ စိန်ခေါ်မှုတွေ အများကြီးပါ။ ရင်ဆိုင်ရမယ့် အတား အဆီးတွေကလည်း တကယ်များနိုင်ပါတယ်။ အဓိက စိန်ခေါ်မှုဖြစ်လာစေမှာက ၂၀၂၁ အရေးအခင်းကနေ ပေါ်ပေါ်လာခဲ့တဲ့ အထွေထွေ အကျပ်အတည်းမျိုးကို ရင်ဆိုင်ရမှာပါ။ အထွေထွေအကျပ်အတည်းဆိုတာ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်ရှိနေဆဲဖြစ်သလို စီးပွားရေးဘက်မှာဆိုရင်လည်း နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပြန်ဖွင့် ဖို့လည်း လိုအပ် နေသေးတဲ့ အချိန်မျိုးဖြစ်ပါတယ်။ ဆိုတော့…သူ့မှာကဏ္ဍတစ်ခုတည်းကို အားထည့်လို့ မရပါဘူး။ ဆိုပါစို့။ NLD လက်ထက်တုန်းက ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် သမ္မတကြီး ဦးသိန်းစိန်ရဲ့ NCA အတိုင်းလိုက်နင်းပြီး တစ်ဖက်မှာ… သူတို့လိုလားတဲ့ ဖွဲ့စည်းပုံပြင်ဆင် ရေးအတွက်ပဲ အားထည့်သွားတာမျိုးကိုပြောတာပါ။ ဒါတောင် တည်ငြိမ် ပြီးသား အခင်းအကျင်းကို နှမ်းဖြူးချိန်မှာတောင် “၂၁ရာစု ပင်လုံ” ဆိုပြီးထလုပ်လို့ “တပ်ချုပ် အလှည့်ကျ လုပ်မယ်တို့၊ မြန်မာနိုင်ငံကို အမည်ပြောင်းကြမယ်”ဆိုတဲ့ ပြဿနာတွေ ပေါ်ပေါက်လာပါသေးတယ်။ ------ ဦးစားပေးအနေနဲ့ဆိုရင်တော့…အရေးကြီးတဲ့ ပြဿနာက “ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ ရပ်စဲရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး” ဆိုတဲ့ လုပ်ငန်းစဉ်ကို လွှတ်တော်မှာ အသက်သွင်းနိုင်ဖို့ အရေးကြီးတာပါ။ ဒါမှလည်း တိမ်မြုပ်နေတဲ့ NCA က အားကောင်းလာမယ့် ပုံစံ ရှိပါတယ်။ NCA အားကောင်းရင် နိုင်ငံရေးအားကောင်းမယ်။ နိုင်ငံရေးအားကောင်းရင် စစ်ဘောင်ကျဉ်းသွားမယ်။ ဒီလိုပဲ မျှော်လင့်ချင်စရာပါ။ အုပ်ချုပ်ရေးမှာ ဆိုရင်လည်း ပွင့်လင်းမြင်သာမှုရှိရှိနဲ့ တာဝန်ယူမှု၊ တာဝန်ခံ မှု အား ကောင်းတဲ့၊ တနည်းအားဖြင့် အဂတိကင်းတဲ့ အစိုးရမျိုး ဖြစ်အောင် ပုံဖော်ကြရမှာ ပါ။ စီးပွားရေး ဘက်ကျပြန်တော့…ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာအောင် ခိုင်မာတဲ့ ဥပဒေတွေ ပြဌာန်းပေးဖို့ လိုသလို သွင်းကုန်အစားထိုးဖြစ်တဲ့ MSME လုပ်ငန်းတွေကို နည်းပညာ ပံ့ပိုးရင်းနဲ့ အနေအထားတစ်ခုရောက်အောင် မူဝါဒတွေ ချမှတ်ပေးကြရမယ်လို့ပဲ မြင်ပါ တယ်။ ဒါမှလည်း အလုပ်အကိုင်အခွင့်အလမ်းရှာပါးတာတွေကို ဖြေရှင်းပေးနိုင်မှာ ဖြစ်သလို ကုန်ဈေးနှုန်းကြီးမြှင့်မှုတွေကိုလည်း “ကျွဲကူးရေပါ” ဆိုသလို ထိန်းညှိနိုင်မှာ လည်း ဖြစ်တယ်ပေါ့။ ----- အဓိကကတော့ စိုက်ပျိုးရေးကို အခြေခံတဲ့ ဒီနိုင်ငံမှာ တောင်သူတွေကို ဂုတ်သွေးစုပ်တဲ့ ခရိုနီဈေးကွက် မဖြစ်ဖို့ အရေးကြီးတာပါပဲ။ တစ်ဘို့တည်း မကြည့်ကြဖို့ လိုတာပါ။ ဒီလို ကျေးလက်နေ ပြည်သူတွေရဲ့ ဝင်ငွေတိုးတက်မှ နိုင်ငံရဲ့ စားရေရိက္ခာလည်း ဖူလုံစေမှာ ဖြစ်သလို အစိုးရအနေနဲ့ ပို့ကုန်အရည်အသွေးနဲ့ မူဝါဒတွေလောက်ပဲ ထိန်းကျောင်းကြပ် မတ်ပေးရင်ကို အဆင်ပြေနိုင်မယ့် သဘောရှိပါတယ်။ လုပ်ငန်းရှင်တွေဘက်ကတော့ ဈေးကွက်ရှာ၊ ထုပ်ပိုးမှုနည်းစနစ်တွေပြောင်း ဒီလို သုံးပွင့်ဆိုင် အညမည ဖြစ်အောင် လုပ်ကြရလိမ့်မယ်ထင်ပါတယ်။ ----- နိုင်ငံရေးဆိုတာကတော့… အရေးကြီးတာက လှေရိုးထိုးကြီး ရိုးရိုးနဲ့ စာအုပ်ကြီးမဖြစ် စေဖို့ပါပဲ။ တိုင်းပြည် အတွက် စေတနာပါတဲ့ Long Term Plan ကလည်းသပ်သပ်ပေါ့။ အခြေခံပြည်သူတွေရဲ့ ဘဝနေရေးဖြစ်တဲ့ ကျန်းမာရေး၊ လူမှုရေးနဲ့ ပညာရေးတွေကို လက်တွေ့ချက်ခြင်း သိမြင်ခံစားနိုင်မယ့် လုပ်ငန်းစဉ်တွေ ဖြစ်အောင် အကောင် အထည် ဖော်ပြနိုင်ဖို့ အရေးကြီး ပါတယ်။ ဒါမှ ရလဒ်ထွက်မယ်။ ဒါမှ ပြည်သူ့ အနေနဲ့ သိမြင် ခံစားရမယ်။ ဒါမှ လူထုထောက်ခံမှုပါတဲ့ နိုင်ငံရေး အရွေ့ဖြစ်မယ်။ ဒီလိုပဲ ရိုးရိုးသားသား ယုံကြည်မိပါတယ်။ (နရီမိုး)

🇺🇸 🇺🇸 အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်: "တစ်ဖက်တွင် ဆွေးနွေးညှိနှိုင်းမှုများမှာ အချို့သောကဏ္ဍများ၌ အဆင်ပြေချောမွေ့ခဲ့သော်လည်း၊ သမ္မတကြီးထရန့် သတ်မှတ်ထားသည့် အနီရောင်မျဉ်းများ (ကျော်လွန်၍မရသော ကန့်သတ်ချက်များ) ကို အီရန်ဘက်မှ အသိအမှတ်ပြုရန်နှင့် ညှိနှိုင်းဆောင်ရွက်ရန် ဆန္ဒမရှိသေးသည်မှာ အလွန်ပင် ထင်ရှားနေပါသည်။ အကယ်၍ သံတမန်ရေးအရ ဆွေးနွေးမှုများမှာ ရှေ့မတိုးနိုင်ဘဲ လမ်းပိတ်သွားခဲ့လျှင် သမ္မတကြီးအနေဖြင့် စစ်ရေးအရ အရေးယူဆောင်ရွက်ပိုင်ခွင့် ကို အရန်သင့် ထားရှိထားပါသည်။" News Of Myanmar NOM

စစ်ကိုင်း-ရွှေဘို ခရိုင်ချင်းဆက်လမ်း၊ တလိုင်းကျေးရွာအနီးတွင် ခရီးသွားကားများကို ဆက်ကြေးကောက်နေသည့် PDF အကြမ်းဖက်အဖွဲ့၏ မြင်ကွင်း Video= People Media

🇮🇷 အီရန်-အစ္စရေး ၁၂ ရက်ကြာစစ်ပွဲ ပြီးနောက် ပထမဆုံးထုတ်ပြန်သည့် အစီရင်ခံစာတွင် စစ်ပွဲမတိုင်မီ နောက်ဆုံးနှစ်ပတ်အတွင်း အီရန်၏ အဆင့်မြင့်သန့်စင်ပြီး ယူရေနီယံ သိုလှောင်မှုပမာဏမှာ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) က ဖော်ပြထားသည်။ အီရန်နိုင်ငံသည် ၂၀၂၅ ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် ၆၀ ရာခိုင်နှုန်းအဆင့်ရှိ သန့်စင်ပြီး ယူရေနီယံ ၄၀၉ ကီလိုဂရမ်ခန့် ပိုင်ဆိုင်ထားရာမှ ဇွန်လ ၁၂ ရက်နေ့တွင် ၄၄၁ ကီလိုဂရမ်အထိ တိုးလာခဲ့သည်။ ၎င်းမှာ နှစ်ပတ်မပြည့်မီသော အချိန်အတွင်း ၇.၈ ရာခိုင်နှုန်းအထိ ထူးခြားစွာ တိုးတက်လာခြင်း ဖြစ်သည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် အီရန်-အစ္စရေး ၁၂ ရက်ကြာစစ်ပွဲ စတင်ခဲ့ချိန်မှစ၍ IAEA အနေဖြင့် အီရန်၏ ယူရေနီယံသိုလှောင်မှု သို့မဟုတ် နျူကလီးယားစခန်းများသို့ ဝင်ရောက်ခွင့် မရရှိခဲ့ပေ။ ထို့ကြောင့် ၎င်းအချိန်မှစ၍ အဆင့်မြင့်သန့်စင်ပြီး ယူရေနီယံသိုလှောင်မှု ပိုမိုတိုးတက်လာခြင်း ရှိ၊ မရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။ News Of Myanmar NOM