uk
Feedback
News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 12 475 підписників, посідаючи 15 941 місце в категорії Новини і ЗМІ та 10 074 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 12 475 підписників.

За останніми даними від 01 липня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -216, а за останні 24 години на -7, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 9.87%. Протягом перших 24 годин після публікації контент зазвичай збирає 6.74% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 1 232 переглядів. Протягом першої доби публікація в середньому набирає 841 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 15.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Завдяки високій частоті оновлень (останні дані отримано 02 липня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

12 475
Підписники
-724 години
-197 днів
-21630 день
Архів дописів
🇮🇷 အီရန်-အစ္စရေး ၁၂ ရက်ကြာစစ်ပွဲ ပြီးနောက် ပထမဆုံးထုတ်ပြန်သည့် အစီရင်ခံစာတွင် စစ်ပွဲမတိုင်မီ နောက်ဆုံးနှစ်ပတ်အတွင်း အီရန်၏ အဆင့်မြင့်သန့်စင်ပြီး ယူရေနီယံ သိုလှောင်မှုပမာဏမှာ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) က ဖော်ပြထားသည်။ အီရန်နိုင်ငံသည် ၂၀၂၅ ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် ၆၀ ရာခိုင်နှုန်းအဆင့်ရှိ သန့်စင်ပြီး ယူရေနီယံ ၄၀၉ ကီလိုဂရမ်ခန့် ပိုင်ဆိုင်ထားရာမှ ဇွန်လ ၁၂ ရက်နေ့တွင် ၄၄၁ ကီလိုဂရမ်အထိ တိုးလာခဲ့သည်။ ၎င်းမှာ နှစ်ပတ်မပြည့်မီသော အချိန်အတွင်း ၇.၈ ရာခိုင်နှုန်းအထိ ထူးခြားစွာ တိုးတက်လာခြင်း ဖြစ်သည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် အီရန်-အစ္စရေး ၁၂ ရက်ကြာစစ်ပွဲ စတင်ခဲ့ချိန်မှစ၍ IAEA အနေဖြင့် အီရန်၏ ယူရေနီယံသိုလှောင်မှု သို့မဟုတ် နျူကလီးယားစခန်းများသို့ ဝင်ရောက်ခွင့် မရရှိခဲ့ပေ။ ထို့ကြောင့် ၎င်းအချိန်မှစ၍ အဆင့်မြင့်သန့်စင်ပြီး ယူရေနီယံသိုလှောင်မှု ပိုမိုတိုးတက်လာခြင်း ရှိ၊ မရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။ News Of Myanmar NOM

🇮🇷 အီရန်ဟာ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေတာတော့ မှန်ပါတယ်။ ဒါပေမဲ့ နောက်ကွယ်မှာ အီရန်တကယ်လုပ်ဆောင်နေတဲ့ အရာအားလုံးကို ကြည့်ရင်တော့ အမေရိကန် (ဒါမှမဟုတ် အစ္စရေး) ရဲ့ တိုက်ခိုက်မှုတစ်ခုဟာ အသေအချာ လာတော့မယ်ဆိုတာကို သူတို့သိနေတဲ့ လက္ခဏာတွေ ပြသနေပါတယ်။ 👉အစ္စဖာဟန် မြေအောက်လိုဏ်ခေါင်း ဝင်ပေါက်တွေကို မြေမြှုပ်ဖုံးအုပ်နေခြင်း။ 👉တာလီကန်-၂ စခန်းကို မြေမြှုပ်ဖုံးအုပ်နေခြင်း။ 👉ပါရှန်ပင်လယ်ကွေ့ ကမ်းရိုးတန်းနဲ့ အဘူမူဆာ (Abu Musa) ၊ တွန်ဘ် (Tunb) ကျွန်းစုတွေဆီကို သင်္ဘောဖျက်ဒုံးကျည် အမြောက်အမြား ပြောင်းရွှေ့နေခြင်း။ 👉ဒုံးကျည်စမ်းသပ်မှုတွေနဲ့ လေကြောင်းရန်ကာကွယ်ရေး စမ်းသပ်မှုတွေကို နေ့စဉ်နီးပါး ပြုလုပ်နေခြင်း။ 👉ဘောလစ်စတစ်ဒုံးကျည် အခြေစိုက်စခန်း ဝင်ပေါက်တွေကို ပိုမိုခိုင်ခံ့အောင် လုပ်ဆောင်နေပြီး အချို့ကို အရှေ့ဘက် အခြေစိုက်စခန်းများသို့ ပြောင်းရွှေ့နေခြင်း။ 👉အယာတိုလာ ခါမေနီရဲ့ ကြိုတင်စီစဉ်ထားတဲ့ လူထုရှေ့ထွက်ပွဲ အတော်များများကို ဖျက်သိမ်းလိုက်ခြင်း။ ဒါဟာ အခြေအနေကို အလေးအနက် စောင့်ကြည့်နေသူ ဘယ်သူမဆိုအတွက်တော့ ထင်ရှားလှပါတယ်။ News Of Myanmar NOM

ထီးလင်း၊ အမရပူရနှင့် လေရှီးမြို့တို့ကိုဗဟိုပြုပြီး င လျင်များလှုပ်ခတ် NOM၊ဖေဖော်ဝါရီ၁၈၊၂၀၂၆ ထီးလင်းမြို့၊ အမရပူရမြို့နယ်နှင့် လေရှီးမြို့တို့ကိုဗဟိုပြု၍ ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်နှင့် ဖေဖော်ဝါရီ ၁၇ ရက်တို့က အင်အားအနည်းငယ်ရှိသော ငလျင်လှုပ်ခတ်မှုများဖြစ်ပေါ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်နံနက် ၁ နာရီ ၅၂ မိနစ် ၃၅ စက္ကန့်က ထီးလင်းမြို့၏ အရှေ့မြောက်ဘက်(၁၂)မိုင်ခန့်အကွာ၊ အနက်(၁၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၃ ဒသမ ၅)အဆင့်ရှိ အင်အားအ နည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် နံနက် ၁၂ နာရီ ၄ မိနစ် ၂၇ စက္ကန့်ကလည်း အမရပူရမြို့နယ်၏ တောင်-အနောက်တောင်ဘက်(၃)မိုင်ခန့်အကွာ၊ အနက်(၁၉)ကီလိုမီတာကိုဗဟိုပြု၍ အင် အားရစ်(ခ်)တာစကေး(၃ ဒသမ ၂)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။ ထို့အတူ ဖေဖော်ဝါရီ ၁၇ ရက်ည ၁၀ နာရီ ၅၈ မိနစ် ၅၀ စက္ကန့်ကလည်း လေရှီးမြို့၏ အရှေ့တောင်ဘက်(၉)မိုင်ခန့်အကွာ၊ အနက်(၄၀)ကီလိုမီတာကိုဗဟိုပြု၍ အင် အားရစ်(ခ်)တာစကေး(၄ ဒသမ ၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ငလျင်လှုပ်ခတ်မှုများအနက် လေရှီးမြို့တွင်လှုပ်ခတ်ခဲ့မှုအား ဒေသခံများသိသာစွာခံစားခဲ့ရကြောင်း သိရသည်။

တံတားဦးမြို့နယ်၊ ပကဖအကြမ်းဖက်အဖွဲ့က တပယ်ကျေးရွာခံ အပြစ်မဲ့အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့် သတ်ဖြတ် မန္တလေးတိုင်းဒေသ
တံတားဦးမြို့နယ်၊ ပကဖအကြမ်းဖက်အဖွဲ့က တပယ်ကျေးရွာခံ အပြစ်မဲ့အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့် သတ်ဖြတ် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ တပယ်ကျေးရွာက အပြစ်မဲ့ အမျိုးသမီးတစ်ဦးကို တံတားဦးမြို့နယ် ပကဖအကြမ်းဖက်အဖွဲ့က ဒလန်ဟုစွပ်စွဲ၍ အုပ်စုဖွဲ့မုဒိမ်းကျင့်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

🇮🇷အီရန်နိုင်ငံသည် တာလီကန်-၂ စခန်းရှိ အသစ်တည်ဆောက်ထားသော ကွန်ကရစ်အမိုးအကာ ကို တိုက်ခိုက်မှုများရန်မှ ကာကွယ်ရန်အတွက် မြေစာမျာ
🇮🇷အီရန်နိုင်ငံသည် တာလီကန်-၂ စခန်းရှိ အသစ်တည်ဆောက်ထားသော ကွန်ကရစ်အမိုးအကာ ကို တိုက်ခိုက်မှုများရန်မှ ကာကွယ်ရန်အတွက် မြေစာများဖြင့် လုံးဝဖုံးအုပ်မြှုပ်နှံနေသည်။ အဆိုပါစခန်းသည် ပြင်းအားမြင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများကို စမ်းသပ်ရာတွင် အသုံးပြုသည့် ကြံ့ခိုင်သော အဆောက်အအုံတစ်ခုအဖြစ် သံသယရှိနေကြပြီး၊ ၂၀၀၀ ပြည့်နှစ်များအစောပိုင်းက အီရန်၏ နျူကလီးယားလက်နက် အစီအစဉ်ဖြစ်သော 'AMAD' အစီအစဉ်အတွင်း အဆိုပါလုပ်ငန်းစဉ်များအတွက် အသုံးပြုခဲ့ခြင်းဖြစ်သည်။ News Of Myanmar NOM

🇮🇷🇺🇸အီရန်-အမေရိကန် ဒုတိယအကြိမ်ဆွေးနွေးပွဲတွင် အီရန်နိုင်ငံသည် ၎င်း၏ ဒုံးကျည်အစီအစဉ်နှင့် ပတ်သက်၍ ဆွေးနွေးရန် ငြင်းဆိုခဲ့ပြီး ယူရေနီယံသန့်စင်မှု ရပ်ဆိုင်းရေးကိစ္စကိုလည်း လုံးဝရှောင်လွှဲခဲ့သည်" ဟု Al Hadath သတင်းဌာနက ဖော်ပြသည်။ News Of Myanmar NOM

🇮🇷🇺🇸 "မိမိတို့၏ သက်ဆိုင်ရာ အစိုးရအဖွဲ့များနှင့် တိုင်ပင်ဆွေးနွေးပြီးနောက်၊ အသေးစိတ် အချက်အလက်များနှင့် ပတ်သက်၍ တတိယအကြိမ်မြောက် ဆွေးနွေးပွဲကို ထပ်မံပြုလုပ်ရန် အမေရိကန်နှင့် အီရန်ကိုယ်စားလှယ်အဖွဲ့ နှစ်ဖွဲ့စလုံးက ဆုံးဖြတ်ခဲ့ကြသည်" ဟု သိရသည်။ News Of Myanmar NOM

🇮🇷🇺🇸🇴🇲🇨🇭 အမေရိကန်-အီရန် ဒုတိယအကြိမ်မြောက်ဆွေးနွေးပွဲပြီးဆုံး အိုမန်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် အီရန်နှင့် အမေရိကန်ပြည်ထောင်စုတို့အကြား သွယ်ဝိုက်သောနည်းလမ်းဖြင့် ဒုတိယအကြိမ်မြောက် ဆွေးနွေးမှုများကို ယမန်နေ့ (ဖေဖော်ဝါရီလ ၁၇ ရက်)၌ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ပြုလုပ်ပြီးဆီးခဲ့သည်။ News Of Myanmar NOM

🇮🇷 အမေရိကန်သမ္မတ၏ ခြိမ်းခြောက်မှုများအပေါ် အီရန်အဓိပတိ၏ တုံ့ပြန်မှု အီရန်ဘာသာရေးခေါင်းဆောင် အီမာမ် ခါမေနီ (Imam Khamenei) သည် ယမန်နေ့ (ဖေဖော်ဝါရီလ ၁၇ ရက်) နံနက်ပိုင်းက အရှေ့အဇာဘိုင်ဂျန်မှ ပြည်သူများနှင့် တွေ့ဆုံစဉ်အတွင်း အောက်ပါအတိုင်း ပြောကြားခဲ့သည် - "အမေရိကန်တပ်မတော်ဟာ ကမ္ဘာ့အင်အားအကောင်းဆုံး တပ်မတော်ဖြစ်တယ်လို့ သူတို့သမ္မတက ထပ်တလဲလဲ ပြောနေတာကို ကြည့်ရင် ဒါဟာ သူတို့ရဲ့ စိတ်ကူးယဉ်မှုသက်သက်ပါပဲ။ ကမ္ဘာ့အင်အားအကောင်းဆုံး တပ်မတော်ဆိုတာဟာလည်း တစ်ခါတရံမှာ ပြန်ထူမနိုင်တော့လောက်အောင် ပြင်းထန်တဲ့ ရိုက်နှက်မှုကို ခံရတတ်ပါတယ်။" "အီရန်နိုင်ငံဘက်ကို စစ်သင်္ဘောတစ်စီး စေလွှတ်လိုက်ပြီလို့ သူတို့ ခဏခဏ ပြောနေကြတယ်။ ဟုတ်ပါတယ်၊ စစ်သင်္ဘောဆိုတာ တကယ့်ကို အန္တရာယ်ရှိတဲ့ လက်နက်တစ်ခုပါ။ ဒါပေမဲ့ အဲဒီစစ်သင်္ဘောထက် ပိုပြီးအန္တရာယ်ရှိတာကတော့ အဲဒီစစ်သင်္ဘောကို ပင်လယ်ကြမ်းပြင်အောက်ရောက်အောင် နစ်မြှုပ်ပစ်နိုင်တဲ့ လက်နက်ပဲ ဖြစ်ပါတယ်။" "အမေရိကန်သမ္မတက သူ့ရဲ့ လတ်တလောမိန့်ခွန်းတစ်ခုမှာ အမေရိကန်ဟာ အစ္စလာမ္မစ်သမ္မတနိုင်ငံ (အီရန်) ကို ဖျက်ဆီးဖို့ ၄၇ နှစ်တိုင်တိုင် ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူးလို့ သူ့ရဲ့ပြည်သူတွေကို ညည်းတွားပြောဆိုခဲ့ပါတယ်။ အမေရိကန်ဟာ ၄၇ နှစ်ကြာအောင် အီရန်ကို မဖြိုဖျက်နိုင်ခဲ့ဘူးဆိုတာဟာ ကောင်းမွန်တဲ့ ဝန်ခံချက်တစ်ခုပါပဲ။ ကျွန်တော် ပြောချင်တာကတော့ - ခင်ဗျားတို့ နောင်လည်း ဒါကို လုပ်နိုင်မှာမဟုတ်ဘူး ဆိုတာပါပဲ။" News Of Myanmar NOM

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၂) သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအားကြိုဆို ဖေဖော်ဝါရီ ၁၇၊ ၂၀၂၆ ပြည်သူ့စစ်မှ
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၂) သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအားကြိုဆို ဖေဖော်ဝါရီ ၁၇၊ ၂၀၂၆ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၂) သို့ တက်ရောက်ကြမည့် ရှမ်းပြည်နယ်အတွင်းရှိ နိုင်ငံ့သားကောင်းရတနာများအား ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ရှိ နယ်မြေခံသင်တန်းကျောင်း၌ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်စိုးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြသည်။ ဦးစွာ ဒုတိယတိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၂) သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများအား အောင်သပြေပန်းများ၊ စားသောက်ဖွယ်ရာများဖြင့် သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက အဆိုပါသင်တန်းသို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား လိုအပ်သည့် စုဖွဲ့ပြင်ဆင်မှုများနှင့် အုပ်ချုပ်မှုကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ News Of Myanmar NOM

🛩လက်ရှိတွင် F-16 တိုက်လေယာဉ် ၃၆ စီးနှင့် F-22 တိုက်လေယာဉ် ၁၂ စီးတို့သည် အရှေ့အလယ်ပိုင်းဒေသသို့ ဦးတည်ထွက်ခွာရန် ပြင်ဆင်နေကြပြ
+1
🛩လက်ရှိတွင် F-16 တိုက်လေယာဉ် ၃၆ စီးနှင့် F-22 တိုက်လေယာဉ် ၁၂ စီးတို့သည် အရှေ့အလယ်ပိုင်းဒေသသို့ ဦးတည်ထွက်ခွာရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။ ဥရောပရှိ အာဗီယာနို (Aviano) နှင့် စပန်းဒါးလန်း (Spangdahlem) လေတပ်စခန်းများမှ F-16 တိုက်လေယာဉ် ၁၂ စီးစီနှင့် မက်အင်းတိုင်ယာ (McEntire) ပူးတွဲအမျိုးသားအစောင့်တပ်ဖွဲ့စခန်းမှ ၁၂ စီးတို့ ပါဝင်ကြောင်း သိရသည်။ F-22 ရက်ပ်တာ (Raptors) တိုက်လေယာဉ်များသည် လန်ဂလေ (Langley) လေတပ်စခန်းမှ စတင်ထွက်ခွာသွားပြီဖြစ်သည်။ News Of Myanmar NOM

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေကို ပြင်ဆင်သ
+7
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ                                      ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၂၆ ခုနှစ်) (အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဥပဒေအမှတ် ၇ / ၂၀၂၆) ၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် (၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်) News Of Myanmar NOM

+3
ဖေဖော်ဝါရီလ၁၇ရက်နိုင်ငံတကာသတင်းများ NOM ၁။အမေရိကန်သမ္မတထရမ့်ကယနေ့အီရန်နှင့်အမေရိကန်ဆွေးနွေးပွဲသည်အရေးကြီးသဖြင့်သူကိုယ်တိုင်သွယ်ဝိုက်ပါဝင်ဆွေးနွေးခဲ့ကြောင်းပြောသည်။(ဗီဒီယို) ၂။ရုရှားသည်ဂျီနီဗာဆွေးနွေးပွဲမစမီယနေ့အင်္ဂါနေ့ည၌ယူကရိန်းစွမ်းအင်အ​ဆောက်အဦများကိုအကြီးအကျယ်တိုက်ခိုက်လိမ့်မည်ဟုယူကရိန်းသမ္မတဇလင်စကီးကပြောသည်။ ၃။အီရန်၏ဟိုက်ပါဆောနစ်ဒုံးပျံများကအရှေ့အလယ်ပိုင်းရှိအမေရိကန်စစ်စခန်းများကိုတိုက်ခိုက်ဖျက်ဆီးသည့်ရုပ်သံကိုအီရန်အစိုးကကထုတ်လွှင့်ပြသလျက်ရှိသည်။(ဗီဒီယို) ၄။အမေရိကန်တွင်ကျောင်းတွင်းဟော်ကီပြိုင်ပွဲကျင်းပနေစဥ်လူတစ်ဦးသည်သူ့မိန်းမကိုပစ်သတ်ပြီးသူ့ကိုယ်သူလည်းအဆုံးစီရင်သွားသည်။ပစ်ခတ်မှုအတွင်းကလေးသုံးဦးလည်းဒဏ်ရာရခဲ့သည်။(ဗီဒီယို) ၅။အီသီယိုးပီးယားနိုင်ငံတောင်ပိုင်းတွင်သူပုန်များကအစိုးရစစ်တပ်ယာဥ်တန်းကိုခြုံခိုတိုက်ခိုက်ရာစစ်သား၄၀ဦးသေဆုံးသည်။(ဗီဒီယို)

တာချီလိတ်မြို့ မယ်ခေါင် မြစ်အတွင်းရှိသဲချောင်းတွင် ရေနစ်ပျောက်ဆုံးနေသော(၁၀)တန်းကျောင်းသားနှစ်ဦး၏ အလောင်းများတွေ့ရှိ NOM၊ဖေဖော
တာချီလိတ်မြို့ မယ်ခေါင် မြစ်အတွင်းရှိသဲချောင်းတွင် ရေနစ်ပျောက်ဆုံးနေသော(၁၀)တန်းကျောင်းသားနှစ်ဦး၏ အလောင်းများတွေ့ရှိ NOM၊ဖေဖော်ဝါရီ၁၇၊၂၀၂၆ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မိုင်းဖုန်းအုပ်စုစံဖူးကျေးရွာရှိမယ်ခေါင် မြစ်အတွင်းရှိသဲချောင်းတွင် ရေနစ်ပျောက်ဆုံးနေသော(၁၀)တန်းကျောင်းသားနှစ်ဦး၏ DBကို ယနေ့ဖေဖော်ဝါရီ ၁၇ရက်နံနက်၇နာရီတွင် တွေ့ရှိခဲ့သည့်ဟုရွှေမယ်ယန်း အရေးပေါ် ကယ်ဆယ်ရေးနှင့်လူမှူကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ " ဒီနေ့မနက်၇နာရီမှာဒေသခံတစ်ဦးကဖုန်းဆက်အကြောင်းကြားလာတယ် DBနှစ်ခုပေါ်လာတယ်ဆိုရေနစ်ပျောက်ဆုံးနေသော ၁၀တန်းကျောင်းသား မောင်ဖြိုးမင်းသန့်၊ မောင်ဇင်းလင်းဖြိုး၊ မောင်အောင်ငြိမ်းသူတို့သုံးဦးဖြစ်ပြီး ယနေ့တွင် မောင်ဇင်းလင်းဖြိုး၊ မောင်အောင်ငြိမ်းသူတို့နှစ်ဦး၏ DB ကိုတွေ့ရှိခဲ့ပြီးကျန်တစ်ဦးကိုလက်ရှိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့စုံအပါအဝင် ရွှေမယ်ယန်းအဖွဲ့မှပူးပေါင်းရှာဖွေကူညီပေး နေကြောင်းသိရသည်။

ဖေဖော်ဝါရီလ ၁၇၊ ၂၀၂၆ ရှိန်းမကား-ကျောက်မြောင်းလမ်းကြောင်းတွင် ချီတက်နေသည့် တပ်မတော်စစ်ကြောင်းကို လိုက်လံချောင်းမြောင်းနေသည့် P
+1
ဖေဖော်ဝါရီလ ၁၇၊ ၂၀၂၆ ရှိန်းမကား-ကျောက်မြောင်းလမ်းကြောင်းတွင် ချီတက်နေသည့် တပ်မတော်စစ်ကြောင်းကို လိုက်လံချောင်းမြောင်းနေသည့် PDF အမျိုးသားအကြမ်းဖက်သမားတစ်ဦး နှင့် အမျိုးသမီးအကြမ်းဖက်သမားတစ်ဦးတို့ကို တပ်မတော်စစ်ကြောင်း​၏ နောက်ချန်ကင်းပုန်းအဖွဲ့က ပစ်ခတ်ချေမှုန်းခဲ့သဖြင့်အကြမ်းဖက်သမား အလောင်း ၂ လောင်းနှင့် စကားပြောစက် ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။ News Of Myanmar NOM

🛩👍 "ယူကရိန်းရှိ F-16 လေယာဉ်အချို့ကို အမေရိကန်နှင့် နယ်သာလန်လေသူရဲများက မောင်းနှင်နေ" လျှို့ဝှက် F-16 တိုက်လေယာဉ်အုပ်တစ်ခုကိ
🛩👍 "ယူကရိန်းရှိ F-16 လေယာဉ်အချို့ကို အမေရိကန်နှင့် နယ်သာလန်လေသူရဲများက မောင်းနှင်နေ" လျှို့ဝှက် F-16 တိုက်လေယာဉ်အုပ်တစ်ခုကို ဖွဲ့စည်းလိုက်ပြီး ယူကရိန်းနှင့် နေတိုး (NATO) ဝါရင့်လေသူရဲများပါဝင်သည်။ ၎င်းတို့၏ တာဝန်မှာ ရုရှားဒုံးကျည်များနှင့် ဒရုန်းများကို ပစ်ချရန်ဖြစ်ကြောင်း ထောက်လှမ်းရေးလုပ်ငန်းများအပေါ် အထူးပြုသည့် အနောက်တိုင်းသတင်းဌာန အင်တဲလီးဂျန့်စ် အွန်လိုင်း က ရေးသားခဲ့သည်။ အဆိုပါ လေယာဉ်အုပ်ကို F-16 လေယာဉ်သစ်များအား မောင်းနှင်ရန်အတွက် လွန်ခဲ့သည့် သီတင်းပတ် များအတွင်း အလွန်လျှို့ဝှက်စွာ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ဤတပ်ဖွဲ့သည် အမြဲတမ်းတိုက်ခိုက်ခံနေရသည့် ယူကရိန်းမြို့တော်ကိဗ်ဒေသ၏ ကောင်းကင်ယံတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်။ အဆိုပါတပ်ဖွဲ့တွင် အာဖဂန်နစ္စတန်၌ တိုက်ပွဲအတွေ့အကြုံ ကြွယ်ဝသည့် အမေရိကန်လေသူရဲများလည်းပါဝင်သည်။ ၎င်းတို့အနက် တစ်ဦးမှာ မကြာသေးမီက အရှေ့အလယ်ပိုင်းစစ်ဆင်ရေးများတွင် ပါဝင်ခဲ့ပြီးနောက် ယူကရိန်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။ ထို့အပြင် နယ်သာလန်နိုင်ငံဘက်မှလည်း ခေတ်မီကြားဖြတ်တိုက်ခိုက် ရေးဗျူဟာများနှင့် နည်းပညာမြင့် ဝေဟင်စစ်ဆင်ရေးများတွင် အထူးပြုသည့် ဥရောပအဆင့်မြင့်လေကြောင်းတိုက်ခိုက်ရေးသင်တန်းကျောင်းဆင်း လေသူရဲများလည်းပါဝင်ထားသည်။ အင်တဲလီးဂျန့်စ်အွန်လိုင်း ၏ ရှင်းလင်းချက်အရ အနောက်တိုင်းဝါရင့်လေသူရဲများသည် (သက်တမ်းတိုးနိုင်ခြေရှိ) ၆ လတာ အလှည့်ကျတာဝန်ထမ်းဆောင်ရန် ယာယီစာချုပ်များ လက်မှတ်ရေးထိုးထားခြင်းဖြစ်သည်။ ၎င်းတို့သည် ယူကရိန်းစစ်ဘက်ဖွဲ့စည်းပုံတွင် တရားဝင်အဆင့်အတန်းမရှိသလိုလူသိရှင်ကြားထုတ်ပြန်သည့် အမည်စာရင်းများတွင်လည်း ပါဝင်ခြင်းမရှိပေ။ News Of Myanmar NOM

🇮🇱 💪 🇵🇭 အစ္စရေးက ဖိလစ်ပိုင်နိုင်ငံသို့ ဆာဘရာ (Sabrah) တင့်ကားများပံ့ပိုးပေးမည် အစ္စရေးနိုင်ငံအနေဖြင့် ယခုနှစ်အတွင်း ဖိလစ
🇮🇱 💪 🇵🇭 အစ္စရေးက ဖိလစ်ပိုင်နိုင်ငံသို့ ဆာဘရာ (Sabrah) တင့်ကားများပံ့ပိုးပေးမည် အစ္စရေးနိုင်ငံအနေဖြင့် ယခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံသို့ ဆာဘရာ (Sabrah) အပေါ့စားတင့်ကား ၁၈ စီးပေးပို့သွားဖွယ်ရှိကြောင်း ဖိလစ်ပိုင်သတင်းဌာန (PNA) က ဖော်ပြခဲ့သည်။ အစ္စရေးကာကွယ်ရေးကုမ္ပဏီ အယ်လ်ဘစ် စစ်စတင်စ် (Elbit Systems) မှ ထုတ်လုပ်သည့် ဆာဘရာ အပေါ့စားတင့်ကားသည် ဖိလစ်ပိုင်နိုင်ငံ၏ ၁၀၅ မီလီမီတာ အမြောက်တပ်ဆင်ထားသော ပထမဆုံး သံချပ်ကာယာဉ် ဖြစ်လာမည်ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံသည် အနောက်နိုင်ငံများနှင့် စစ်ရေးမဟာမိတ်ဖွဲ့မှုကို ဆက်လက်တိုးမြှင့်နေပြီး တောင်တရုတ်ပင်လယ်အတွင်း ခြေကုပ်စခန်းသစ်များ ဖော်ဆောင်ပေးနေသည့် အတွက် ၎င်းတို့နိုင်ငံ၏ စစ်အင် အားတိုးချဲ့မှုမှာ လျော့ပါးသွားမည့်အရိပ်အယောင် မတွေ့ရပေ။ ယခုအခါ အစ္စရေးနိုင်ငံသည်လည်း ဤကစားပွဲထဲသို့ ပါဝင်လာပြီဖြစ် သည်။ News Of Myanmar NOM

လက်နက်ကိုင်တွေ ရှိသမျှ တည်ငြိမ်အေးချမ်းဖို့ မဖြစ်နိုင်ဘူး။ ဘယ်လောက်ပဲ ခေတ်တွေ ကောင်းခဲ့တယ်ပြောပြော၊ ပဲခူး အရှေ့ခြမ်း စစ်တောင်းမြစ်ကျော်ရင် အညိုရောင်နယ်မြေလို့ သတ်မှတ်ရတာပဲ။ လက်နက်ကိုင်လို့ ပြောတဲ့အခါမှာလည်း လူမျိုးစုချင်းတူရင်တောင် ၁၅ ဖွဲ့လောက်ကွဲတတ်တဲ့ ဓလေ့တွေကြားမှာ အစိုးရတိုင်းအတွက် အခက်တွေ့တာက ငြိမ်းချမ်းရေး Process မှာ ရလဒ်ထွက်ဖို့ ခက်တော့တာပါပဲ။ တည်ငြိမ်မှု မရှိတဲ့ တိုင်းပြည်မှာ ဘယ် Investment မှ ဝင် လာစရာ မရှိပါဘူး။ ရှေ့က လမ်း၊တံတားတွေ ဆောက်၊ အစိုးရက ပြည်သူ့ဘဏ္ဍာနဲ့ တိုးတက်ရေးတွေလုပ်၊ ဗမာ လူမျိုးကြီး ဝါဒပြောပြောပြီး လဒ တိုင်းရင်းသား EAO အမည်ခံတွေက နောက်က ခြေနဲ့ဖျက်၊ မိုင်းတွေခွဲ။ ခုလို အစစအရာရာ ကျပ်တည်းတဲ့ကာလမှာ စစ်တောင်းမြစ်ကူး တံတား တစ်စင်းဖြစ်ဖို့ ဆိုတာ အတော်လေး မလွယ်နိုင်တဲ့အရာပါ။ ဒီလို ခံယူချက်ရှိတဲ့သူတွေနဲ့ တိုင်းပြည်တည်ဆောက်ရေးမှာ တလှေတည်း စီးရတာကလည်း ဒုက္ခပါပဲ။ ဒီနိုင်ငံက ဝဋ်ကြွေးကို ကြီးလွန်းတယ်။ (နရီမိုး)

Repost from NOM
အမေရိကန်နိုင်ငံ၊ Pawtucket က Rhode Island က ရေခဲပြင်ဟော်ကီပွဲတခုမှာ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတခု ဖြစ်ပွားခဲ့ပြီး ၂ ဦးသေဆုံး
အမေရိကန်နိုင်ငံ၊ Pawtucket က Rhode Island က ရေခဲပြင်ဟော်ကီပွဲတခုမှာ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတခု ဖြစ်ပွားခဲ့ပြီး ၂ ဦးသေဆုံးကာ ၃ဦးက စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။ သံသယရှိသူ သေနတ်သမားဟာ ပစ်ခတ်မှုလုပ်ခဲ့ပြီးနောက် ကိုယ့်ကိုကိုယ် သေနတ်နဲ့ ပြန်လည်ပစ်ခတ်ကာ သေဆုံးခဲ့တယ်လို့ ယူဆရကြောင်း Pawtucket ရဲတပ်ဖွဲ့အကြီးအကဲက တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ မိသားစုအငြင်းပွားမှုကြောင့် ပစ်မှတ်ထားတိုက်ခိုက်မှုလို့ ယူဆရကြောင်းလည်း သူက ထပ်ပြောခဲ့ပြီး အသေးစိတ်ကိုတော့ ပြောဆိုခြင်းမရှိခဲ့ပါဘူး။ တနင်္လာနေ့ မွန်းလွဲပိုင်းမှာ ပစ်ခတ်မှုက စတင်ဖြစ်ပွားခဲ့ပြီး သေနတ်သမားဟာ ၆ စက္ကန့်အတွင်း သေနတ် ၁၃ ချက်အထိ အမြန်ပစ်ခတ်ကာ ဟော်ကီပွဲပရိသတ်တွေနဲ့ ကျောင်းသားအားကစားသမားတွေလည်း ပုန်းအောင်းပြီး အမြန်ပြေးထွက်ခဲ့ကြရတယ်လို့ သိရပါတယ်။ News Of Myanmar NOM

သံလွင်တံတား ဖားဆောင်းကို KNPP/PDF အကြမ်းဖက်အဖွဲ့က ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်၌ မိုင်းခွဲ ဖျက်ဆီးခဲ့သည်။ News Of Myanmar NOM
+1
သံလွင်တံတား ဖားဆောင်းကို KNPP/PDF အကြမ်းဖက်အဖွဲ့က ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်၌ မိုင်းခွဲ ဖျက်ဆီးခဲ့သည်။ News Of Myanmar NOM