uk
Feedback
News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 12 478 підписників, посідаючи 15 941 місце в категорії Новини і ЗМІ та 10 074 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 12 478 підписників.

За останніми даними від 01 липня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -216, а за останні 24 години на -7, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 9.87%. Протягом перших 24 годин після публікації контент зазвичай збирає 6.74% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 1 232 переглядів. Протягом першої доби публікація в середньому набирає 841 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 15.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Завдяки високій частоті оновлень (останні дані отримано 02 липня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

12 478
Підписники
-724 години
-197 днів
-21630 день
Архів дописів
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် ဘယ်လာရုစ်သမ္မတနိုင်ငံ အမျိုးသားသိပ္ပံ အကယ်ဒမီပညာရှင်နှင့် သိပ္ပံနှင့်နည်းပညာဗဟိုဌာန ညွှန်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် ဘယ်လာရုစ်သမ္မတနိုင်ငံ အမျိုးသားသိပ္ပံ အကယ်ဒမီပညာရှင်နှင့် သိပ္ပံနှင့်နည်းပညာဗဟိုဌာန ညွှန်ကြားရေးမှူး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲအား လက်ခံတွေ့ဆုံ ဖေဖော်ဝါရီ ၁၈၊ ၂၀၂၆ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝါဝါမောင်သည် ဘယ်လာရုစ်သမ္မတနိုင်ငံ အမျိုးသားသိပ္ပံအကယ်ဒမီပညာရှင်နှင့် သိပ္ပံနှင့် နည်းပညာဗဟိုဌာန ညွှန်ကြားရေးမှူး မစ္စတာ အလက်ဆီရှကာဒါရီဗစ်ချ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၁) ၌ လက်ခံတွေ့ဆုံသည်။ အမြင်ချင်းဖလှယ်ဆွေးနွေး တွေ့ဆုံစဉ် ဘယ်လာရုစ်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုးခဲ့သည့် မြန်မာ-ဘယ်လာရုစ် ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ လမ်းပြမြေပုံ (၂၀၂၆-၂၀၂၈) ၏ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်တစ်ခုဖြစ်သည့် သိပ္ပံနှင့်နည်းပညာကဏ္ဍပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ သိပ္ပံနှင့်နည်းပညာနယ်ပယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများမှတစ်ဆင့် ထုတ်လုပ်မှုနယ်ပယ်အသီးသီးကို အကျိုးပြုစေမည့် နည်းပညာလွှဲပြောင်းရရှိရေးနှင့် နှစ်နိုင်ငံအကြား စီးပွားဆက်သွယ်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။ တွေ့ဆုံရာသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။ News Of Myanmar NOM

🇺🇸🔥🇮🇷🇮🇷 အမေရိကန်သမ္မတ ထရမ့်က အီရန်နိုင်ငံနဲ့ ပတ်သက်ပြီး အခုလို ပြောကြားခဲ့ပါတယ် "ကျွန်တော်တို့အနေနဲ့ [Operation Midnight Hammer ထက်] ပိုမိုပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ရနိုင်သလို၊ လုပ်ဆောင်ချင်မှလည်း လုပ်ဆောင်ပါလိမ့်မယ်။" "ဒါမှမဟုတ် ကျွန်တော်တို့ သဘောတူညီချက်တစ်ခု ရရှိကောင်း ရရှိနိုင်ပါတယ်။ နောက်လာမယ့် (၁၀) ရက်အတွင်းမှာ ခင်ဗျားတို့ သိရတော့မှာပါ။" News Of Myanmar NOM

🛢အီရန်နှင့် အမေရိကန်ပြည်ထောင်စုတို့အကြား စစ်ပွဲဖြစ်ပွားနိုင်ခြေရှိမှုကြောင့် ရေနံစျေးနှုန်းများ မြင့်တက်လာနေသည်။ News Of Mya
🛢အီရန်နှင့် အမေရိကန်ပြည်ထောင်စုတို့အကြား စစ်ပွဲဖြစ်ပွားနိုင်ခြေရှိမှုကြောင့် ရေနံစျေးနှုန်းများ မြင့်တက်လာနေသည်။ News Of Myanmar NOM

🇺🇸🗳လာမည့်သီတင်းပတ်အတွင်း သမ္မတထရမ့်အနေဖြင့် အီရန်နိုင်ငံအား တိုက်ခိုက်ခြင်းကို တားဆီးရန် အတွက် လွှတ်တော်ကိုယ်စားလှယ် တောမတ်စ် မက်ဆီ (Thomas Massie) နှင့် ရို ခန်နာ (Ro Khanna) တို့သည် "စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့် အဆိုပြုချက်" (War Powers Resolution) အပေါ် အမေရိကန်လွှတ်တော်တွင် မဖြစ်မနေ မဲခွဲဆုံးဖြတ်ရန် တောင်းဆိုသွားမည်ဖြစ်သည်။ War Powers Resolution ဆိုသည်မှာ အမေရိကန် သမ္မတအနေဖြင့် လွှတ်တော်၏ ခွင့်ပြုချက်မပါဘဲ စစ်ရေးအရ အင်အားသုံးခြင်းကို ကန့်သတ်ရန် ရေးဆွဲထားသည့် ဥပဒေမူဘောင်ဖြစ်သည်။ News Of Myanmar NOM

🇺🇸✈️🛰 ဂျော်ဒန်နိုင်ငံရှိ မိုဖက်ခ် အယ်လ်-ဆာလ်တီ (Mofaq al-Salti) လေတပ်စခန်းတွင် အမေရိကန်၏ F-35 တိုက်လေယာဉ် ၁၈ စီးနှင့် EA-1
🇺🇸✈️🛰 ဂျော်ဒန်နိုင်ငံရှိ မိုဖက်ခ် အယ်လ်-ဆာလ်တီ (Mofaq al-Salti) လေတပ်စခန်းတွင် အမေရိကန်၏ F-35 တိုက်လေယာဉ် ၁၈ စီးနှင့် EA-18G လေယာဉ် ၆ စီးရှိနေကြောင်း တရုတ်ဂြိုဟ်တုတစ်ခုက ရှာဖွေတွေ့ရှိခဲ့သည်။ News Of Myanmar NOM

💥💥💥 🇺🇸🔥🇮🇷🇮🇷 အီရန်နိုင်ငံအပေါ် အမေရိကန်၏ တိုက်ခိုက်မှုမှာ အချိန်မရွေး ဖြစ်ပွားနိုင်ပြီး လာမည့် ၇၂ နာရီအတွင်း ဖြစ်လာနိုင်သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။ News Of Myanmar NOM

+3
ဖေဖော်ဝါရီလ၁၉ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ရုရှားသမ္မတပူတင်နှင့်ကျူးဘားနိုင်ငံခြားရေးဝန်ကြီးတို့သည်ယနေ့ကရင်မလင်နန်းတော်၌တွေ့ဆုံဆွေးနွေးသည်။(ဗီဒီယို) ၂။အီရန်ထောက်လှမ်းရေးအကြီးအကဲကအီရန်နိုင်ငံအတွင်းဆန္ဒပြမှုများကိုအစ္စရေးထောက်လှမ်းရေးအမှတ်၈၂၀၀တပ်ဖွဲ့ကဦးဆောင်ကြောင်း၊ပြည်ပထောက်လှမ်းရေး၁၀ဖွဲ့ကပူးပေါင်းပါဝင်ကြောင်း၊နိုင်ငံခြားသားထောက်လှမ်းရေးအေးဂျင့်၄၆ဦးကအီရန်နိုင်ငံအတွင်းဦးဆောင်လှုပ်ရှားခဲ့ကြောင်းကြေညာသည်။ ၃။အစ္စရေးသည်ဂါဇာရှိဗလီစုစုပေါင်း၏၈၀%ကိုဖြိုချဖျက်ဆီးခဲ့ရာဥပုသ်ပထမနေ့တွင်အစ္စလမ်မိသားစုသည်ဖြိုချခံထားရသောနံမည်ကျော်အယ်လ်အဘတ်စ်ဗလီရှေ့တွင်ဥပုသ်ယူခဲ့ရသည်။(ဗီဒီယို) ၄။တောင်ကိုးရီးယားတရားရုံးကသမ္မတဟောင်းယွန်ဆက်ယိုးသည်၂၀၂၄ခုနှစ်ဒီဇင်ဘာလကအာဏာကိုအလွဲသုံးစားပြုပြီးစစ်အုပ်ချုပ်ရေး​ကြေညာခဲ့သည့်အတွက်ထောင်ဒဏ်တစ်သက်တစ်ကျွန်းကိုယနေ့ချမှတ်လိုက်သည်။(ဓါတ်ပုံ) ၅။ဗြိတိန်ရဲတပ်ဖွဲ့သည်ချားလ်စ်ဘုရင်၏ညီမင်းသားအင်ဒရူးကိုသက်ငယ်လိင်ကုန်သည်အပ်စတိန်းနှင့်မလျော်ကန်သောဆက်ဆံရေးရှိသည်ဆိုကာယနေ့ဖမ်းဆီးလိုက်သည်။(ဓါတ်ပုံ)

ဖာပွန်ဘက်မှာလည်း သေကြပြန်ပြီ - တိုက်ပွဲသတင်းစုံ NOM

ရွှေပြည်သာမြို့နယ်၊ဝါးတရာစက်မှုဇုန်ရှိအထည်ချုပ်စက်ရုံ ယနေ့မီးထပ်မံလောင် ကျွမ်းမှုထပ်မံဖြစ်ပွား NOM၊ဖေဖော်ဝါရီ၁၉၊၂၀၂၆ ရန်ကုန်တ
ရွှေပြည်သာမြို့နယ်၊ဝါးတရာစက်မှုဇုန်ရှိအထည်ချုပ်စက်ရုံ ယနေ့မီးထပ်မံလောင် ကျွမ်းမှုထပ်မံဖြစ်ပွား NOM၊ဖေဖော်ဝါရီ၁၉၊၂၀၂၆ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ငှက်ပျောတောလမ်းရှိ M-Brother (Straightex Co;Ltd)၏ အထည်ချုပ်စက်ရုံတွင် ယနေ့ ဖေဖော်ဝါရီ ၁၉ရက် နေ့လည်၁နာရီခွဲခန့်တွင်မီးလောင်မှုထပ်မံဖြစ်ပွားလာသည့် အတွက် ထွက်ခွာငြိမ်းသတ်နေကြသည့်ဟု Rescue Organization Hlaing Thar Yar ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ငှက်ပျောတောလမ်း၌ အထည်ချုပ်စက်ရုံတွင်ဖေဖော်ဝါရီ ၁၈ ရက်နေ့ မွန်းတည့် ၁၂ နာရီ မိနစ်၂၀ အချိန်မှစ၍ မီးလောင်မှုဖြစ်ပွားခဲ့ရာ  ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် လေးစီး၊ ရေသယ်ယာဉ်နှစ်စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နေ့လည် ၁ နာရီ ၃ မိနစ်ခန့်အချိန်တွင် Level 2 အဆင့်ဖြင့် ဆက်လက်ငြှိမ်းသတ်ခဲ့ကာ နေ့လည် ၁ နာရီ ၃၈ မိနစ်တွင်မီးထိန်းနိုင်ခဲ့သော်လည်းဖေဖော်ဝါ ရီ၁၉ရက် တွင်မီးထပ်မံလောင်သဖြင့်ထပ်မံငြိမ်းသတ်ရာနံနက်၄နာရီကျော်တွင်မီးအားလုံးငြိမ်းသွားသည့်အတွက် ၁၆နာရီကြာမီးငြိမ်းသတ်ခဲ့ရကြောင်းသိရသည်။

မော်လမြိုင်မြို့နှင့်ကျိုက်မရောမြို့နယ် မိုးသည်ထန်စွာရွာသွန်းပြီး လေပြင်းတိုက် ခတ်မှုများကြောင့်လူနေအိမ် အချို့ပျက်စီး NOM၊ဖေ
မော်လမြိုင်မြို့နှင့်ကျိုက်မရောမြို့နယ် မိုးသည်ထန်စွာရွာသွန်းပြီး လေပြင်းတိုက် ခတ်မှုများကြောင့်လူနေအိမ် အချို့ပျက်စီး NOM၊ဖေဖော်ဝါရီ၁၉၊၂၀၂၆ မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ကျိုက်မရောမြို့နယ်အတွင်းယမန်နေ့ဖေဖော်ဝါရီ ၁၈ရက်ညနေ၅နာရီခန့်ကမိုးသည်ထန်စွာရွာသွန်းပြီး လေပြင်းတိုက် ခတ်မှုများ ကြောင့်လူနေအိမ်အချို့ပျက်စီးမှုများဖြစ်ပွားခဲ့သည့်ဟု ဘိုဘိုဝင်းလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။ မော်လမြိုင်မြို့နယ်ရှိသာယာအေးရပ်ကွက်၊ ကျိုက်မရောမြို့နယ်ရှိ ကျေးရွာ လေးရွာမှ လူနေအိမ်များမှာ အိမ်အမိုးများလန်ခြင်း၊ အိမ်ခေါင်းမိုးပြုတ်ထွက်ခြင်း၊ တံစက်မိတ်ပြိုကျခြင်းများဖြစ်ပွားခဲ့ကြောင်းသိရသည်။ "အိမ်ပျက်စီးမှုတွေတော့ရှိပါတယ်ဘယ်နှစ်လုံးပျက်စီးသွားတယ်ဆိုတာတော့အတိကျမသိပါဘူး ကျိုက်မရော ဘက်မှာကကျေးရွာလေးရွာလောက်ဆိုတော့အဲဒီဘက် ကိုတော့မရောက်သေးပါဘူး သာယာအေးရပ်ကွက်တော့ ရောက်ပါတယ်သူကတော့ပျက်စီးမှုတော့နည်းပါတယ်လူထိခိုက်မှုကတော့ အခုချိန်ထိတော့မကြားသေးပါဘူး"ဟု ဘိုဘိုဝင်းလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

ရမ်းဗြဲမြို့နယ်၊ လေးတောင်တိုက်နယ်၊ သရက်ချိုကျေးရွာရှိ AA အကြမ်းဖက်သမားများကို တပ်မတော်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် NOM ဖေဖော်ဝါရီ ၁၉၊ ၂၀၂၆ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်တိုက်နယ်၊ သရက်ချိုကျေးရွာရှိ AA အကြမ်းဖက်သမားများကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက်အချိန်၌ တပ်မတော်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် AA အကြမ်းဖက်သမားများ သေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

🇺🇸🇮🇶 အီရတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အမေရိကန်အစိုးရသည် အီရတ်၏ ပြည်တွင်းရေးကို သိသိသာသာ ဝင်ရောက်စွက်ဖက်သည့်အ
🇺🇸🇮🇶 အီရတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အမေရိကန်အစိုးရသည် အီရတ်၏ ပြည်တွင်းရေးကို သိသိသာသာ ဝင်ရောက်စွက်ဖက်သည့်အနေဖြင့် အကယ်၍ နောင်ရီ အယ်လ်မာလီကီ (Nouri al-Maliki) သာ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရပါက အီရတ်နိုင်ငံသားတစ်ဦးချင်းစီနှင့် အဖွဲ့အစည်းများအပေါ် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်မည်ဟု နောက်တစ်ကြိမ် ထပ်မံခြိမ်းခြောက်လိုက်ကြောင်း သိရသည်။ News Of Myanmar NOM

စလင်းမြို့နယ်၊ ဘိုကုန်းကျေးရွာအနီးရှိ ငရုတ်စိုက်ခင်းအတွင်း အလုပ်လုပ်နေသည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က
စလင်းမြို့နယ်၊ ဘိုကုန်းကျေးရွာအနီးရှိ ငရုတ်စိုက်ခင်းအတွင်း အလုပ်လုပ်နေသည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဓါးများဖြင့်ဝိုင်းဝန်းထိုးခုတ်သတ်ဖြတ်သွား NOM ဖေဖော်ဝါရီ ၁၉၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဘိုကုန်းကျေးရွာနေ ဦးသန်းလွင် (၅၇) နှစ်သည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ည ၉ နာရီခွဲအချိန်၌ ဘိုကုန်းကျေးရွာ၏ အနောက်တောင်ဘက် ၁ မိုင်ခန့်အကွာ သီးကုန်းကျေးရွာအနီးရှိ ၎င်းပိုင်ဆိုင်သည့် ငရုတ်စိုက်ခင်းအတွင်းရှိနေစဉ် PDF အကြမ်းဖက်သမားငါးဦးခန့်ရောက်ရှိလာပြီး ဓားများဖြင့် ဝိုင်းဝန်းထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးသန်းလွင်တွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။ News Of Myanmar NOM

"ဆီးရီးယားနိုင်ငံမှာ ခရစ်ယာန်ဘာသာဝင် ၃၀၀,၀၀၀ ပဲ ကျန်ပါတော့တယ်။ နေ့စဉ်နဲ့အမျှ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေပါတယ်။ အစ္စလာမ်မစ် အစွန်းရောက် အိုက်ဆက်စ် ISIS အဖွဲ့ဝင်တွေဟာလည်း ထောင်ကနေ လွတ်မြောက်လာကြပြီ။ ခရစ်ယာန်တွေနဲ့ တခြားလူနည်းစုတွေရဲ့ တည်ရှိမှုအပေါ် ခြိမ်းခြောက်နေတဲ့ တကယ့်အန္တရာယ်တစ်ခု ရှိနေပါတယ်။ ဆီးရီးယားကို လက်ရှိ အုပ်ချုပ်နေတဲ့ HTS အဖွဲ့ဟာလည်း ကလေးတွေကို "တာကဖီရီ" (takfiri) အစွန်းရောက်ဝါဒတွေ သင်ကြားပေးဖို့ စာသင်ကျောင်း ရာပေါင်းများစွာကို တည်ဆောက်ခဲ့တယ်။ အခုဆိုရင် ISIS အကြမ်းဖက်သမားတွေဟာ ဆီးရီးယားမြို့ပြတွေအနှံ့ ပျံ့နှံ့သွားပါပြီ။ ဆီးရီးယားစစ်တပ် (HTS) ရဲ့ ထက်ဝက်နီးပါးဟာလည်း ISIS နဲ့ အယ်လ်ကိုင်းဒါး (Al-Qaeda) အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်နွှယ်နေပါတယ်။" — Fr. Spyridon Tanous (ဆီးရီးယားနိုင်ငံဆိုင်ရာ Genuine Greek Orthodox အသင်းတော်၏ ကော်မရှင်နာ)၊ RT သတင်းဌာနသို့ ပြောကြားချက်။ News Of Myanmar NOM

၁၈-၂-၂၀၂၆ ရက်နေ့ မနေ့က တကောင်းနယ်မြေအတွင်းခိုအောင်းနေတဲ့ အကြမ်းဖက် PDF များကို တပ်မတော် ဒရုန်းတပ်ဖွဲ့ကချေမှုန်းသုတ်သင်… တိုက်ပွဲသတင်းစုံ NOM

🇺🇸🇮🇱⚔️🇮🇷🇮🇷အမေရိကန်၏ အင်အားပြင်းထိုးစစ်အတွက် ပြင်ဆင်မှု - အီရတ်နှင့် အာဖဂန်နစ္စတန်စစ်ပွဲများနောက်ပိုင်း အရှေ့အလယ်ပိုင်
🇺🇸🇮🇱⚔️🇮🇷🇮🇷အမေရိကန်၏ အင်အားပြင်းထိုးစစ်အတွက် ပြင်ဆင်မှု - အီရတ်နှင့် အာဖဂန်နစ္စတန်စစ်ပွဲများနောက်ပိုင်း အရှေ့အလယ်ပိုင်းတွင် အကြီးမားဆုံးသော စစ်အင်အားကို ဖြန့်ကြက်ချထား တစ်ရက်အတွင်း လေကြောင်းအင်အားဖြည့်တင်းမှု: တစ်ရက်အတွင်းမှာတင် (F-22 နှင့် F-35 အပါအဝင်) တိုက်လေယာဉ် အနည်းဆုံး အစင်း ၅၀ နဲ့ လက်နက်ခဲယမ်းတွေ တင်ဆောင်လာတဲ့ စစ်ဘက်သယ်ယူပို့ဆောင်ရေး လေယာဉ် အစင်း ၁၅၀ ကို ဒေသတွင်းသို့ ပို့ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်ရဲ့ အကြီးမားဆုံး လေယာဉ်တင်သင်္ဘောတွေနဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေဟာ အိုမန်ကမ်းလွန်မှာ နေရာယူထားပြီ ဖြစ်ပါတယ်။ လေယာဉ်တင်သင်္ဘော အုပ်စုများ: လက်ရှိမှာ USS Abraham Lincoln ဦးဆောင်တဲ့ လေယာဉ်တင်သင်္ဘောအုပ်စုက စစ်ဆင်ရေးဝင်နေပြီး၊ မြို့တစ်မြို့လုံးကို လျှပ်စစ်မီးပေးနိုင်တဲ့ စွမ်းအင်စနစ်ပါရှိတဲ့ ကမ္ဘာ့အကြီးဆုံး လေယာဉ်တင်သင်္ဘော USS Gerald R. Ford ကိုလည်း ထပ်မံစေလွှတ်နေပါတယ်။ တတိယမြောက် လေယာဉ်တင်သင်္ဘောတစ်စင်း စေလွှတ်ဖို့ကိုလည်း ဆွေးနွေးနေကြပါတယ်။ ရေတပ်နှင့် ကြည်းတပ် အင်အား: ဒေသတွင်းမှာ ဖျက်သင်္ဘောတွေနဲ့ Tomahawk ဒုံးကျည်တွေ တပ်ဆင်ထားတဲ့ နျူကလီးယား ရေငုပ်သင်္ဘောတွေ အပါအဝင် စစ်သင်္ဘော စုစုပေါင်း ၃၅ စင်းခန့် ဖြန့်ကြက်ထားပါတယ်။ ကြည်းတပ်တပ်ဖွဲ့ဝင်တွေကိုလည်း တာဝန်ထမ်းဆောင်ချိန် တိုးမြှင့်ထားပြီး စုစုပေါင်း စစ်သည်အင်အား ၅၀,၀၀၀ ခန့် ရှိနေပြီဖြစ်ပါတယ်။ အစ္စရေး၏ ပါဝင်မှု: အကယ်၍ အီရန်ကို တိုက်ခိုက်မယ်ဆိုရင် အစ္စရေးအနေနဲ့ အမေရိကန်နဲ့အတူ ပူးပေါင်းဖို့ ပြင်ဆင်နေပါတယ်။ တိုက်ခိုက်နိုင်ခြေ ခန့်မှန်းချက်: အမေရိကန်နဲ့ အစ္စရေး သတင်းရင်းမြစ်တွေရဲ့ ခန့်မှန်းချက်အရ အီရန်ကို တိုက်ခိုက်ဖို့ အခွင့်အလမ်းဟာ ၉၀ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ သိရပါတယ်။ News Of Myanmar NOM

၂၀၂၆ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲအချိန်စာရင်း
၂၀၂၆ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲအချိန်စာရင်း

နဂါးကို NUG မိရင် NUG ပကဖ ယုတ်ခဲ့သမျှ တွေ အကုန် အစပျောက်သွားမယ် ပကဖ လုပ်ခဲ့သမျှတွေ နဂါး လုပ်ပါတယ် ဆိုပြီး ဗီဒိုယိုတွေရိုက်၊ လ
နဂါးကို NUG မိရင် NUG ပကဖ ယုတ်ခဲ့သမျှ တွေ အကုန် အစပျောက်သွားမယ် ပကဖ လုပ်ခဲ့သမျှတွေ နဂါး လုပ်ပါတယ် ဆိုပြီး ဗီဒိုယိုတွေရိုက်၊ လက်မှတ်ထိုး ဝန်ခံခိုင်းမယ် ပြီးရင် ရဲဘော်တယောက် လက်နက်လုပြီး ထွက်ပြေးလို့ လိုက်ဖမ်းရင်း ထိတယ်ဆိုပြီး အစဖျောက်မယ်၊ နာမည်လည်းပျက်၊ အသက်လည်း ေ-သ အခု စစ်တပ်ဆီ လက်နက်ချရင် အသက်ရှင်မယ်၊ ခန နာမည်ပျက်မယ်၊ တချိန်မှာ NUG ယုတ်မာတာတွေ ဖေါ်ထုတ်လို့ရမယ် ခင်ဗျားဆို ဘာ​ရွေးမလဲ (သက္က မိုးညို)

⚰️🪦🤍 "အမေရိကန်စစ်သားများအတွက် သင်္ချိုင်းကျင်းပေါင်း ၅,၀၀၀ ကို အီရန်ပြင်ဆင်ထား" အီရန်နိုင်ငံ၊ တီဟီရန်မြို့တော် ဆင်ခြေဖုံးတွ
⚰️🪦🤍 "အမေရိကန်စစ်သားများအတွက် သင်္ချိုင်းကျင်းပေါင်း ၅,၀၀၀ ကို အီရန်ပြင်ဆင်ထား" အီရန်နိုင်ငံ၊ တီဟီရန်မြို့တော် ဆင်ခြေဖုံးတွင် အမေရိကန်စစ်သားများအတွက် သင်္ချိုင်းကျင်းပေါင်း ငါးထောင်ကို ကြိုတင်ပြင်ဆင်ထားသည်။ တီဟီရန်မြို့၏ အကြီးဆုံးသင်္ချိုင်းဖြစ်သော ဘီဟက်ရှ်တီဇာရာ (Beheshte Zahraa) ၏ အမှုဆောင်အရာရှိချုပ်က အမေရိကန်စစ် သားများကို မွတ်စလင်သင်္ချိုင်းတွင် မြှုပ်နှံ၍မရသောကြောင့် သီးခြားနေရာတစ်ခု လိုအပ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "ကျွန်တော်တို့အနေနဲ့ စစ်ပွဲမဖြစ်လာဖို့ မျှော်လင့်ပေမဲ့ အခြေအနေအရပ်ရပ်အတွက်တော့ အသင့်ပြင်ထားပါတယ်။ တကယ်လို့ စစ်ပွဲဖြစ်လာခဲ့ရင် ဒီသင်္ချိုင်းဟာ ရန်သူတွေအတွက် သိက္ခာရှိရှိ နားခိုရာနေရာတစ်ခု ဖြစ်လာပါလိမ့်မယ်" ဟု ပြောဆိုခဲ့သည်။ News Of Myanmar NOM

🇺🇸🇮🇷လွန်ခဲ့သည့် ၁၂ နာရီအတွင်း အရှေ့အလယ်ပိုင်းဒေသသို့ လေကြောင်းဆိုင်ရာ စစ်ဘက်အင်အား အလုံးအရင်းဖြင့် ရွှေ့ပြောင်းမှုများ ဆက
🇺🇸🇮🇷လွန်ခဲ့သည့် ၁၂ နာရီအတွင်း အရှေ့အလယ်ပိုင်းဒေသသို့ လေကြောင်းဆိုင်ရာ စစ်ဘက်အင်အား အလုံးအရင်းဖြင့် ရွှေ့ပြောင်းမှုများ ဆက်တိုက်ဖြစ်ပေါ်နေသည်။ ၂၀၀၃ ခုနှစ်က ဆောင်ရွက်ခဲ့သည့် "အီရတ်လွတ်မြောက်ရေးစစ်ဆင်ရေး" (Operation Iraqi Freedom) နောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသသို့ အမေရိကန်စစ်လေယာဉ်များ ယခုကဲ့သို့ အမြောက်အမြား စေလွှတ်ခြင်း သို့မဟုတ် အခြေစိုက်ချထားခြင်းမျိုး တစ်ခါမျှ မရှိခဲ့ဖူးပါ။ News Of Myanmar NOM