uk
Feedback
News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 12 554 підписників, посідаючи 16 071 місце в категорії Новини і ЗМІ та 10 062 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 12 554 підписників.

За останніми даними від 16 червня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -270, а за останні 24 години на -12, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 7.40%. Протягом перших 24 годин після публікації контент зазвичай збирає 9.94% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 929 переглядів. Протягом першої доби публікація в середньому набирає 1 248 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 17.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Завдяки високій частоті оновлень (останні дані отримано 17 червня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

12 554
Підписники
-1224 години
-597 днів
-27030 день
Архів дописів
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Mr. Barnaby Jo
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Mr. Barnaby Jones နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ ဇွန် ၅၊ ၂၀၂၆ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mr. Barnaby Jones နှင့် အဖွဲ့အား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး တွေ့ဆုံစဉ် UNHCR ဝန်ထမ်းများ ပြည်တွင်းခရီးသွားလာမှုနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဒေသအာဏာပိုင်များသို့ အသိပေးဆောင်ရွက်နိုင်ရေးနှင့် တရားဝင်မှတ်ပုံတင်ဖွဲ့စည်းထားသည့် NGO ၊ INGO များဖြင့်သာ ဆက်သွယ်ဆောင်ရွက်နိုင်ရေး၊ UNHCR အနေဖြင့် သတင်းအချက်အလက်များ ထုတ်ပြန်ရာတွင် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၏ အတည်ပြုထုတ်ပြန်ထားသည့် အချက်အလက်များ အသုံးပြုဆောင်ရွက်နိုင်ရေး၊ ဝန်ကြီးဌာနနှင့် UNHCR တို့အကြား ဆက်လက်လက်တွဲပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM) ရုံး အကြီးအကဲ Mr. Daihei Mochizuki ဦးဆောင
ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM) ရုံး အကြီးအကဲ Mr. Daihei Mochizuki ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ ဇွန် ၅၊ ၂၀၂၆ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration – IOM) ရုံးအကြီးအကဲဖြစ်သူ Mr. Daihei Mochizuki ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် IOM တို့အကြား လုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် IOM နှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ နိုင်ငံခြားသားဝန်ထမ်းများအတွက် ပြည်ဝင်ဗီဇာရရှိရေးနှင့် ပြည်တွင်းခရီးသွားလာခွင့်ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြ သည်။ တွေ့ဆုံပွဲသို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဘာသာရပ်ဆိုင်ရာ အရာထမ်းများနှင့် IOM ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပြည်သူကိုဗဟိုပြုသော ဘင်းမ်စတက်အသိုက်အဝန်းတစ်ခုကို တည်ဆောက်သွားကြရန် နိုင်ငံတော်သမ္မတ တိုက်တွန်း မိမိတိုအားလုံး စုပေါင်း၍ လက်ရ
+1
ပြည်သူကိုဗဟိုပြုသော ဘင်းမ်စတက်အသိုက်အဝန်းတစ်ခုကို တည်ဆောက်သွားကြရန် နိုင်ငံတော်သမ္မတ တိုက်တွန်း မိမိတိုအားလုံး စုပေါင်း၍ လက်ရှိမျိုးဆက်နှင့် နောင်မျိုးဆက်သစ်များအတွက် ပိုမိုကြံ့ကြံ့ခံနိုင်ပြီး တက်ကြွကာ ပြည်သူကိုဗဟိုပြုသော ဘင်းမ်စတက်အသိုက်အဝန်းတစ်ခုကို တည်ဆောက်သွားကြရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းထားသည်။ ဘင်းမ်စတက်ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် တည်ထောင်မှု (၂၉) နှစ်မြောက် အထိမ်းအမှတ်နေ့အတွက် ပေးပိုသည့် သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြ တိုက်တွန်းထားခြင်းဖြစ်သည်။ အလားတူ ဘင်းမ်စတက်အဖွဲကို မိမိတို၏ ပြည်သူများအတွက် လက်တွေ့ကျသော အကျိုးကျေးဇူးများကို ဖော်ဆောင်ပေးနိုင်သည့် ပိုမိုထိရောက်သော၊ ရလဒ်ကို အခြေခံသော၊ တုံပြန်မှုအားကောင်းသော ဒေသဆိုင်ရာအဖွဲ အစည်းတစ်ခုအဖြစ် ဆက်လက်ဖွံဖြိုးတိုးတက်စေရန်အတွက် မိမိတို အတူတကွလက်တွဲဆောင်ရွက်သွားကြရန်လည်း တိုက်တွန်းထားသည်။

ယူကရိန်းစစ်သားစုဆောင်းရေး NOM ယူကရိန်းလူငယ်တစ်ဦး၏ခေါင်းကိုသေနတ်ဖြင့်ချိန်ပြီးစစ်သားစုဆောင်းရန်ဖမ်းဆီးချိန်တွင်အဆိုပါလူငယ်ကငါ့ကိုပစ်သတ်လိုက်၊ရှေ့တန်းတော့မသွားနိုင်ဘူးဟုအော်ဟစ်နေခဲ့သည်။

အပြည်ပြည်ဆိုင်ရာအာကာသစခန်းမှအရေးပေါ်ထွက်ခွာရေးပြင်ဆင်ထားရန်နာဆာ​အမိန့်ထုတ် NOM နာဆာအဖွဲ့က အပြည်ပြည်ဆိုင်ရာအာကာသစခန်း (ISS) ပေါ်ရှိ အာကာသယာဉ်မှူးများအား လေယိုစိမ့်မှုကြောင့် ဖြစ်နိုင်ချေရှိသော ကယ်ထုတ်မှုအတွက် ၎င်းတို့၏ အာကာသယာဉ်အတွင်း ခိုလှုံရန်နှင့် အသင့်ပြင်ဆင်ထားရန် အမိန့်ပေးလိုက်သည်။

ပုလောမြို့နယ်၊ မှော်မိကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် ဟင်းသီးဟင်းရွက်ခူးနေသည
+1
ပုလောမြို့နယ်၊ မှော်မိကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် ဟင်းသီးဟင်းရွက်ခူးနေသည့် အပြစ်မဲ့သားအမိနှစ်ဦး မိုင်းစထိမှန်ဒဏ်ရာများရ NOM ဇွန် ၅၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ပြည်သူ့ဆေးရုံသို့ ဇွန်လ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာဖြင့် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးတို့ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၁၀ နာရီအချိန်၌ ပုလောမြို့နယ်၊ မှော်မိကျေးရွာနေ မခိုင်ဇင်နွယ် (၃၈) နှစ်သည် ၎င်း၏သားဖြစ်သူ မောင်စွမ်းထက်အောင် (၁၂) နှစ်နှင့်အတူ ကျေးရွာအနီးရှိ တောအတွင်းသို့ ဟင်းသီးဟင်းရွက်ခူးရန် သွားရောက်စဉ် အဆိုပါတောအနီးအရောက် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်အမှာစကားပြောကြာ
+9
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်အမှာစကားပြောကြား ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရေဆင်းသစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၌ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။ အခမ်းအနားသို့ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်များ၊ ဒုတိယ ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ဆုရရှိကြသူများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်နှင့် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

နိုင်ငံတော်အတွက် အကျိုးရလဒ်များစွာ ရရှိစေခဲ့သည့် သမ္မတကြီး၏ အိန္ဒိယခရီးစဉ်တစ်လျှောက် ဆောင်ရွက်ချက်များ။
နိုင်ငံတော်အတွက် အကျိုးရလဒ်များစွာ ရရှိစေခဲ့သည့် သမ္မတကြီး၏ အိန္ဒိယခရီးစဉ်တစ်လျှောက် ဆောင်ရွက်ချက်များ။

ဒုတိယသမ္မတ ဦးညိုစော ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ (၂၉) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် မျက်နှာစုံညီအစည်းအ
+2
ဒုတိယသမ္မတ ဦးညိုစော ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ (၂၉) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက် ဇွန် ၅၊ ၂၀၂၆

သဲကုန်းမြို့နယ်၊ လင်းလဲကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဒလန် ဟု စွပ်စွဲသတ်ဖြတ် NOM ဇွန် ၅၊ ၂၀၂၆ ပဲ
သဲကုန်းမြို့နယ်၊ လင်းလဲကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဒလန် ဟု စွပ်စွဲသတ်ဖြတ် NOM ဇွန် ၅၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ လင်းလဲကျေးရွာနေ ဦးခင်ဝင်း (၆၇) နှစ်သည် ဇွန်လ ၄ ရက်နေ့ နံနက် ၇ နာရီအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားခုနစ်ဦးရောက်ရှိ လာပြီး ဒလန် ဟုစွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့် ဦးခင်ဝင်းတွင် ဦးခေါင်းကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ NOM

ကျိုက်ထိုမြို့နယ်တွင် ထမင်းနှင့် လ္ဘက်ရည်ဆိုင်တစ်ဆိုင်တွင်ရှိနေသော အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင
ကျိုက်ထိုမြို့နယ်တွင် ထမင်းနှင့် လ္ဘက်ရည်ဆိုင်တစ်ဆိုင်တွင်ရှိနေသော အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်သတ် NOM ဇွန် ၅၊ ၂၀၂၆ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့စံနိုင်ရပ်ကွက်နေ ဦးကျော်စွာ (၄၅) နှစ်သည် ဇွန်လ ၄ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်၌ အဆိုပါကျေးရွာရှိ "ရွှေချိုးဖြူ" ထမင်းနှင့် လ္ဘက်ရည်ဆိုင်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့် ဦးကျော်စွာတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ NOM

ဆင်ပေါင်ဝဲမြို့နယ်၊ ထိန်အင်းကျေးရွာနေအပြစ်မဲ့အရပ်သားပြည်သူလေးဦးကို PDF အကြမ်းဖက်အဖွဲ့က သတ်ဖြတ် NOM ဇွန် ၅၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ ထိန်အင်းကျေးရွာနေသူများဖြစ်ကြသည့် ဦးကျော်အောင်၊ ဦးကြည်အောင်၊ ဦးငကြူးနှင့် ဦးမြင့်သိန်းတို့လေးဦးသည် ဇွန်လ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်၌ ၎င်းတို့၏နေအိမ်တွင် ရှိနေစဉ် PDF အကြမ်းဖက်သမားငါးဦးရောက်ရှိလာပြီး ကျေးရွာ၏ အနောက်ဘက် ၁ မိုင်ခန့်အကွာရှိ ဒေသအခေါ် ကရင်တောင်ပေါ်သို့ အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့် ၎င်းတို့လေးဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ NOM

လောင်းလုံးမြို့နယ်၊ ကမြောကြီး ကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့
+1
လောင်းလုံးမြို့နယ်၊ ကမြောကြီး ကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ခရီးသွားပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရ NOM ဇွန် ၅၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ဇွန်လ ၄ ရက်နေ့ ည ၆ နာရီခွဲအချိန်၌ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီးနှစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ လောင်းလုံးမြို့နယ်၊ ပဉ္စသီမော်ကျေးရွာနေ ဒေါ်သက်သက်စန်း (၅၇) နှစ်သည် ၎င်း၏သမီးဖြစ်သူ မနွေလှိုင်းဧကရီဦး (၂၈) နှစ်နှင့်အတူ ထားဝယ်မြို့မှ လောင်းလုံးမြို့သို့ ထားဝယ်-လောင်းလုံးကားလမ်းအတိုင်း ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် လောင်းလုံးမြို့နယ်၊ ကမြောကြီး ကျေးရွာအနီးအရောက် ၎င်းတို့အနီးသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

မလေးရှားထိန်းသိမ်းရေးသခန်းများမှမြန်မာနိုင်ငံသို့ပြန်ပို့မည့်သူများ၍မိသားစုများထံမသမာသူတို့ကဆက်သွယ်ပြီးငွေကြေးလိမ်လည်လျက်ရှိ
မလေးရှားထိန်းသိမ်းရေးသခန်းများမှမြန်မာနိုင်ငံသို့ပြန်ပို့မည့်သူများ၍မိသားစုများထံမသမာသူတို့ကဆက်သွယ်ပြီးငွေကြေးလိမ်လည်လျက်ရှိ

မလေးရှားထိန်းသိမ်းရေးစခန်းများမှမြန်မာနိုင်ငံသားဖြစ်ကြောင််းစိစစ်ပြီးသူ၁၁၂ဦးကိုမြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်မည်
မလေးရှားထိန်းသိမ်းရေးစခန်းများမှမြန်မာနိုင်ငံသားဖြစ်ကြောင််းစိစစ်ပြီးသူ၁၁၂ဦးကိုမြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်မည်

ဂိုးမန်းဆက်ခ်စ် Goldman Sachs ရဲ့ စီအီးအို CEO က AI ကုမ္ပဏီတွေရဲ့ ကနဦးအများပြည်သူထံ ရှယ်ယာထုတ်ရောင်းခြင်း (IPOs) ကို မြှင့်တင
ဂိုးမန်းဆက်ခ်စ် Goldman Sachs ရဲ့ စီအီးအို CEO က AI ကုမ္ပဏီတွေရဲ့ ကနဦးအများပြည်သူထံ ရှယ်ယာထုတ်ရောင်းခြင်း (IPOs) ကို မြှင့်တင်ပေးနေစဉ်မှာပဲ အနုပညာရှင်တွေကို 'ထုတ်လုပ်မှု အင်အားစုတွေကို သိမ်းပိုက်ကြ' လို့ ပြောကြားလိုက်ပါတယ်။ DJ အဖြစ်လည်း အချိန်ပိုင်းအလုပ် လုပ်ကိုင်တတ်တဲ့ ဘဏ်လုပ်ငန်းရှင် ဒေးဗစ် ဆော်လမွန် David Solomon က ဝေါ်တန် Wharton တက္ကသိုလ် ဘွဲ့ရမောင်မယ်တွေကို ပြောကြားရာမှာတော့ AI အက်ပလီကေးရှင်းတွေဟာ အနုပညာရှင်တွေရဲ့ လက်ရာတွေကို တန်ဖိုးတစ်စုံတစ်ရာ ပေးလျော်ခြင်းမရှိဘဲ အသုံးပြုနေကြတယ်လို့ ဆိုပါတယ်။ တစ်ဖက်မှာလည်း သူဦးဆောင်တဲ့ ဘဏ်ဟာ SpaceX နဲ့ AI ကုမ္ပဏီတစ်ခုဖြစ်တဲ့ အန်သရော့ပစ်ခ် Anthropic တို့ရဲ့ IPO ရှယ်ယာထုတ်ရောင်းမှုတွေကို ဦးဆောင်လုပ်ကိုင်ပေးနေပါတယ်။ ပုံ- ကမ္ဘာ့အကြီးဆုံးအရင်းရှင်စီးပွားရေးဘဏ်ကြီးရဲ့ အကြီးအကဲတစ်ယောက်က ကွန်မြူနစ်ဝါဒရဲ့ အဓိကဆောင်ပုဒ်တစ်ခုဖြစ်တဲ့ "ထုတ်လုပ်မှု အင်အားစုတွေကို သိမ်းပိုက်ကြ" ဆိုတဲ့ စကားလုံးကို သုံးနှုန်းခဲ့တာကြောင့် သူ့ကို ကွန်မြူနစ်ခေါင်းဆောင်တစ်ဦးလို လှောင်ပြောင် ပုံဖော်ထားတဲ့ပုံဖြစ်ပါတယ်။ NOM

ရိုမေးနီးယားနိုင်ငံ၊ ကွန်စတန်တာ ဆိပ်ကမ်းတွင် ရေတပ်သုံး ဒရုန်းတစ်စင်း ပေါက်ကွဲမှုဖြစ်ပွား ရိုမေးနီးယား အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အဆိုပါဒရုန်းဟာ 'ယူကရိန်းစစ်ပွဲအတွင်း အသုံးပြုနေတဲ့ ဒရုန်းအမျိုးအစား' ဖြစ်နိုင်တယ်လို့ ယူဆရကြောင်း သိရပါတယ်။ လက်ရှိအချိန်အထိ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သတင်းရရှိထားပြီး သက်ဆိုင်ရာအာဏာပိုင်များက အဆိုပါဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေကြပါတယ်။ NOM

မိုးရာသီမှာ လျှပ်စစ်မီးလုံလောက်စွာရရှိဖို့ ဘယ်လိုစီမံဆောက်ရွက်ထားလဲ? ✳️ ဓာတ်အားလိုင်းတစ်လျှောက် လိုအပ်သည့် ရှင်းလင်းမှုများပြုလုပ်ရတယ် ✳️ ဓာတ်အား ခွဲရုံတွေ ကြံ့ခိုင်ရေးပြုလုပ်တယ် ✳️ စက်ရုံတွေ ကြံ့ခိုင်ရေးသေချာပြုလုပ်ကြပါ ✳️ ဓာတ်အား လေလွင့်မှုမရှိအောင် မလိုရင် မီးပိတ်ထားကြပါ ✳️ ဓာတ်အား ကို မသမာမှုနဲ့ သုံးစွဲမှုများကို ပြည်သူများက အသိပေးပါ...

အီရန်ကအမေရိကန်ဖျက်သင်္ဘောကိုတိုက်ခိုက် NOM အီရန်ရေတပ်သည် အိုမန်ပင်လယ်အတွင်း အီရန်ရေပိုင်နက်သို့ ချဉ်းကပ်လာသော အမေရိကန် ဖျက်သင်္ဘောပေါ်ရှိ အမေရိကန်စစ်တပ်၏ "ကွပ်ကဲမှုနှင့် ထိန်းချုပ်မှုစင်တာ" တစ်ခုကို လွန်ခဲ့သော နာရီအနည်းငယ်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု Fars သတင်းဌာနက ဖော်ပြသည်။

ကြည့်မြင်တိုင်မြို့နယ်နှင့်ကမာရွတ်မြို့နယ်အတွင်းရှိ Condo basement ကားပါကင်များတွင် ရေဝင်ရောက်မှုဖြစ်ပွား NOM၊ဇွန်၅၊၂၀၂၆ ရန်က
ကြည့်မြင်တိုင်မြို့နယ်နှင့်ကမာရွတ်မြို့နယ်အတွင်းရှိ Condo basement ကားပါကင်များတွင် ရေဝင်ရောက်မှုဖြစ်ပွား NOM၊ဇွန်၅၊၂၀၂၆ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်နှင့်ကမာရွတ်မြို့နယ်အတွင်းရှိ Condo basement ကားပါကင်များတွင်ယနေ့(ဇွန်၅ရက်) နံနက်ပိုင်းကမိုးသည်ထန်စွာရွာသွန်ပြီးရေဝင်ရောက်မှုများဖြစ်ပွားခဲ့သည့်အတွက်မီးသတ်တပ်ဖွဲ့ဝင်များကရေစုပ်ရန် သွားရောက် ကူညီဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။ ကြည့်မြင်တိုင်မြို့နယ်ဆေးရိုးတန်းနှင့် ငြိမ်းချမ်းရေးရပ်ကွက်၊ ကမ်းနားလမ်းနှင့် ပျဉ်းမပင်လမ်းထောင့်ရှိ Yangon River View Condo basement ကားပါကင်တွင် ယနေ့နံနက်၆နာရီ၂၂မိနစ်ခန့်က ရေဝင်ရောက်နေကြောင်း သတင်းရရှိသဖြင့် ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရေစုပ်ရန်သွားရောက် ကူညီဆောင်ရွက်ခဲ့ကြောင်းသိရသည်။ အလာတူ ကမာရွတ်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဘုရင့် နောင်လမ်း၊ ဘုရင့်နောင်ကွန်ဒို၊ basement ကားပါကင်တွင် ယနေ့နံနက်၇နာရီ၄၀မိနစ်ခန့် မိုးရွာသွန်ပြီးရေ(၁၁)လက်မခန့် ဝင်ရောက်နေကြောင်းသတင်းရရှိသဖြင့် ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရေစုပ်ရန် သွားရောက် ကူညီဆောင်ရွက်ခဲ့ ကြောင်းသိရသည်။