uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 11 418 підписників, посідаючи 16 330 місце в категорії Новини і ЗМІ та 9 947 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 11 418 підписників.

За останніми даними від 27 листопада, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -136, а за останні 24 години на -9, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 5.67%. Протягом перших 24 годин після публікації контент зазвичай збирає 4.32% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 648 переглядів. Протягом першої доби публікація в середньому набирає 493 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 10.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Завдяки високій частоті оновлень (останні дані отримано 28 листопада, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

11 418
Підписники
-924 години
-317 днів
-13630 днів
Архів дописів
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား တပ်မတော်မှစစ်ရေ
+9
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား တပ်မတော်မှစစ်ရေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့၊ အမိမြန်မာနိုင်ငံရှိ တာဝန်ရှိသူများနှင့်မိသားစုဝင်များက နွေးထွေးလှိုက်လှဲစွာကြိုဆို
04 жовт, 12:45

အလှည့်ကျစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးမည့်အစီအစဉ်အား မိဘပြည်သူများသို့ အသိပေးကြေညာခြင်း အောက်တိုဘာ၄၊၂၀၂၆
အလှည့်ကျစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးမည့်အစီအစဉ်အား မိဘပြည်သူများသို့ အသိပေးကြေညာခြင်း အောက်တိုဘာ၄၊၂၀၂၆
04 жовт, 09:57

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ မြို့များတွင်အုပ်စု (၄) အုပ် စု ခွဲ၍ လျှပ်စစ်ဓါတ်အားပေးမည် NOM၊အောက်တိုဘာ၄၊၂၀၂၆ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ မြို့များတွင် ယနေ့ (အောက်တိုဘာ၄ရက်)မှစ၍အုပ်စု (၄) အုပ်စု ခွဲ၍ (၂) နာရီ ဓာတ်အားရ (၆) နာရီ ဓာတ်အားပြတ်အစီအစဉ် ဖြင့် ဓာတ်အားဖြန့်ဖြူးပေးမည် ဖြစ်ပါကြောင်းဧရာဝတီတိုင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ မိဘပြည်သူများ သိရှိနိုင်ရန်ထုတ်ပြန်ထားကြောင်းသိရသည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် ဝန်အားမလုံလောက်ခြင်းများကြောင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မဂ္ဂါဝပ်ခွဲတမ်းများခွဲ၍ ဝန်အားမျှခြင်းဖြင့် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါသည်။ ယခုအချိန်တွင် မုတ်သုန်ထွက်ခွာ၍ မိုးရာသီ ကုန်ဆုံးသွားပြီဖြစ်၍ ရေအားလျှပ်စစ်စက်ရုံများ အယ်နီညို အကျိုးသက်ရောက်မှုရှိနိုင်ပါသဖြင့် ဆည်ရေဝင်ရောက်မှုနှင့်အညီ စတင်ထိန်းညှိမောင်းနှင်လျက်ရှိခြင်း၊ LNG စက်ရုံများ ထိန်းညှိမောင်းနှင်လျက်ရှိခြင်း၊ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှုမတည်ငြိမ်ခြင်း၊ ရာသီဥတုအပူချိန် ပြောင်းလဲမှုနှင့်အတူ ဖီဒါများ၏ ပုံမှန်လျာထားသုံးစွဲဝန်အား ပမာဏသည် ပမာဏပြောင်းလဲလျက်ရှိခြင်း စသည်တို့ကြောင့် ဓာတ်အားစနစ် Frequency တည်ငြိမ်မှုရှိစေရန် ထိန်းညှိမောင်းနှင်ရခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု(မဂ္ဂါဝပ်) လျော့နည်းသွားမည်ဖြစ်၍ တိုင်းဒေသကြီး/ပြည်နယ်များတွင် ယခင်ရရှိသည့် မဂ္ဂါဝပ်ခွဲတမ်းအောက် လျော့နည်းရရှိမည် ဖြစ်ကြောင်းသိရသည်။ သို့ဖြစ်ပါ၍ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ မြို့များတွင် လျော့ချသုံးစွဲရမည့် ဝန်အားများအတိုင်း Plan Load Shed ဖြင့်ဓာတ် အားဖြန့်ဖြူးပေးရမည် ဖြစ်သည့်အတွက်ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ မြို့များတွင် အုပ်စု (၄) အုပ်စု ခွဲ၍ (၂) နာရီ ဓာတ်အားရ (၆) နာရီ ဓာတ်အားပြတ်အစီအစဉ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးမည် ဖြစ်ပါကြောင်း သိရသည်။
04 жовт, 09:01

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ အောက်တိုဘာ ၄၊ ၂၀၂၆ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည်နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့်အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။ ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့ တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့ သည့် “မင်းစံ” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့၊ အမှတ်(၃)ရပ်ကွက်နေ စံမြင့်(ခ)အလုအား မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင် ကျိုက်မရောမြို့မရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိသည်။
04 жовт, 08:10

မီဒီယာကျင့်ဝတ်မရှိသောတိုင်းမ်မဂ္ဓဇင်းမှဓာတ်ပုံဆရာကိုBlacklist ကြေညာ NOM
+1
မီဒီယာကျင့်ဝတ်မရှိသောတိုင်းမ်မဂ္ဓဇင်းမှဓာတ်ပုံဆရာကိုBlacklist ကြေညာ NOM
04 жовт, 04:48
04 жовт, ~04:48

TIME မဂ္ဂဇင်း ဓာတ်ပုံဆရာ Jesus Aznar ကို စင်ကာပူ မြန်မာသံရုံးက Blacklist စာရင်းသွင်း အောက်တိုဘာ ၄၊ ၂၀၂၆ အမေရိကန်အခြေစိုက် TIM
+1
TIME မဂ္ဂဇင်း ဓာတ်ပုံဆရာ Jesus Aznar ကို စင်ကာပူ မြန်မာသံရုံးက Blacklist စာရင်းသွင်း အောက်တိုဘာ ၄၊ ၂၀၂၆ အမေရိကန်အခြေစိုက် TIME မဂ္ဂဇင်း၏ ဓာတ်ပုံဆရာ Jesus Aznar ကို မီဒီယာကျင့်ဝတ်နှင့် မညီသည့် လုပ်ရပ်များကြောင့် မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့် ပိတ်ပင်သည့်စာရင်း ထည့်သွင်းလိုက်ကြောင်း စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးက ထုတ်ပြန်ကြေညာလိုက်သည်။
04 жовт, 04:34

ပြင်သစ်ရှိမွတ်ဆလင်များကခရစ်ယာန်ဘုရားကျောင်းကိုမီးရှိုု့မည်ဟုခြိမ်းခြောက် NOM ပြင်သစ်နိုင်ငံ နီးစ်မြို့ ရှိ ခရစ် ယာန်ဘုရားကျောင်းအတွင်း ပြင်သစ်နိုင်ငံသား သုံးဦးကို ဓားဖြင့်ထိုးသတ်ခဲ့သည့် မွတ်စလင်ရွှေ့ပြောင်းလုပ်သား အီဘရာဟင် အယ်လီဆာဝီ (အား ပြင်သစ်အာဏာပိုင်များမှ ပြန်လွှတ်ပေးခြင်းမရှိပါက နိုတာဒမ် ကာသီဒရယ် ဘုရားကျောင်းတော်ကြီးအား မီးရှို့ဖျက်ဆီးမည်ဟု ပြင်သစ်နိုင်ငံရှိ မွတ်စလင်များကခြိမ်းခြောက် လျက်ရှိသည်။
04 жовт, 04:03
02 лист, ~09:11

ဒူဘိုင်းအိမ်ရှေ့မင်းသားကခရီးသည်များကိုကယ်တင်ခဲ့သောအိန္ဒိယလေယာဉ်မှူးကိုဆေးရုံသို့သွားရောက်တွေ့ဆုံ NOM ဒူဘိုင်းအိမ်ရှေ့မင်းသားန
ဒူဘိုင်းအိမ်ရှေ့မင်းသားကခရီးသည်များကိုကယ်တင်ခဲ့သောအိန္ဒိယလေယာဉ်မှူးကိုဆေးရုံသို့သွားရောက်တွေ့ဆုံ NOM ဒူဘိုင်းအိမ်ရှေ့မင်းသားနှင့် အာရပ် စော်ဘွားများပြည်ထောင်စု (UAE) ကာကွယ်ရေးဝန်ကြီး ရှိခ် ဟမ်ဒန် ဘင် မိုဟာမက် (Sheikh Hamdan bin Mohammed) သည် UAE ရှိ ဆေးရုံတစ်ခုတွင် ဆေးကုသမှုခံယူနေသည့် အိန္ဒိယလေသူရဲ စမစ် မက်ချာ (Smith Machhar) ထံ သွားရောက်ကြည့်ရှုခဲ့ပြီး အောက်ပါအတိုင်း ပြောကြားခဲ့သည်- "သူဟာ ရဲရင့်မှု၊ တာဝန်ယူမှုနဲ့ လူသားအသက်အန္တရာယ်ကို အလေးထားစောင့်ရှောက်မှု ဆိုတဲ့ အမြင့်မားဆုံးသော ဂုဏ်အရည်အသွေးတွေကို ကိုယ်စားပြုဖော်ပြနေပါတယ်။ ကျနော်တို့အနေနဲ့ သူ့ကို အပြည့်အဝ လေးစားဂုဏ်ယူမိသလို ကျနော်တို့အသိုင်းအဝိုင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။"
04 жовт, 03:25

ယူကရိန်းကိုထောက်ပံ့သဖြင့်ပြင်သစ်တွင်ဆန္ဒပြ NOM "မက်ခရွန်, ငါတို့ ယူကရိန်းအတွက် အသက်စွန့်မှာ မဟုတ်ဘူး!"ဟုသောဟစ်ကြွေးသံများဖြင့် ပြင်သစ်ပြည်သူ ထောင်ပေါင်းများစွာ ပါရီမြို့၌ ယူကရိန်းသို့ အကူအညီပေးမှုကို ဆန့်ကျင်ဆန္ဒပြလျက်ရှိသည်။ ပါရီမြို့ခံများသည် ယူကရိန်းသို့ ဘဏ္ဍာရေးထောက်ပံ့မှုနှင့် လက်နက်တပ်ဆင်ပေးမှုများ ရပ်ဆိုင်းရန်၊ ဥရောပသမဂ္ဂ (EU) နှင့် နာတိုး (NATO) အဖွဲ့မှ နှုတ်ထွက်ရန်နှင့် "ဇလင်စကီး၏ ချစ်သူ" ပြင်သစ်သမ္မတမက်ခရွန်ကို ရာထူးမှ ဖြုတ်ချရန် တောင်းဆိုလျက်ရှိကြသည်။ ၎င်းတို့သည် "ရုရှားသည် ငါတို့၏ ရန်သူမဟုတ်ပါ" ဟု ရေးသားထားသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြပြီး ဥရောပသမဂ္ဂ အလံများကို ဆုတ်ဖြဲပြသကာ ဆန္ဒထုတ်ဖော်လျက်ရှိကြသည်။
04 жовт, 02:29
02 лист, ~09:11

မြောက်ဦးမြို့အနီး ဗဟိုပြု၍အင် အား ၅.၀ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ် NOM ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၏ အရှေ့-အရှေ့မြောက်ဘက်တွင် ယနေ့(အောက်တိုဘာလ ၄ ရက်) နံနက်ပိုင်းတွင် အင်အား ပမာဏ ၅.၀ (M) အဆင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ မြေငလျင်သည်၊ အောက်တိုဘာလ ၄ ရက်၊ မြန်မာစံတော်ချိန် နံနက် (၁၂) နာရီ၊ (၄၂) မိနစ်၊ (၄၇) စက္ကန့် အချိန်တွင် စစ်တွေမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၅၆) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မြောက်ဦးမြို့၏ အရှေ့-အရှေ့မြောက်ဘက် (၂၃)မိုင်ခန့်အကွာ)၊ မြောက် လတ္တီတွဒ် (၂၀.၆၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၅၃) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်းအား ၅.၀ (M) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်းမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
04 жовт, 01:31

ပူတာအိုမြို မြိုမဈေးအား မြိုပြအင်္ဂါရပ်နှင့်အညီ အဆင့်မြှင့်တင်ဆောက်လုပ်နိုင်ရေး ဈေးကော်မတီအဖွဲဝင်များ၊ ဈေးသူ/ဈေးသာများနှင့် တ
ပူတာအိုမြို မြိုမဈေးအား မြိုပြအင်္ဂါရပ်နှင့်အညီ အဆင့်မြှင့်တင်ဆောက်လုပ်နိုင်ရေး ဈေးကော်မတီအဖွဲဝင်များ၊ ဈေးသူ/ဈေးသာများနှင့် တွေ့ဆုံဆွေးနွေး အောက်တိုဘာ ၄၊ ၂၀၂၆ ပူတာအိုခရိုင်၊ ပူတာအိုမြို့၊ မြို့မဈေးအား မြို့ပြအင်္ဂါရပ်နှင့် အညီ အဆင့်မြှင့်တင် ဆောက်လုပ်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာ ယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်သည် အောက်တိုဘာ ၂ ရက် မွန်းလွဲပိုင်းတွင် ပူတာအိုမြို့ ဖုန်ကန်ရာဇီ ခန်းမ၌ ဈေးကော်မတီအဖွဲ့ဝင်များ၊ ဈေးသူ/ ဈေးသားများဖြင့် တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးက ပူတာအိုမြို့၏ မြို့မစျေးကိုမြို့ကျက်သရေ ဆောင်ဈေးအဖြစ် မြို့အင်္ဂါရပ်နှင့်အညီ အဆင့်မြှင်တင်ဆောက်လုပ်နိုင်ရေး ယခုလိုညှိနှိုင်းဆွေးနွေး ခြင်းဖြစ်ပါကြောင်း၊ ထိုသို့အဆင့်မြှင့်တင်ဆောက်လုပ်ပြီးစီးပါက အဆင့်မြင့်မြင့် လုံခြုံသန့်ရှင်း စွာရောင်းချနိုင်မည်ဖြစ်ပြီးဈေး ဆောက်လုပ်ရေးနှင့်ပတ်သက်၍လည်း အသက်သာဆုံး ဈေးနှုန်းဖြင့်တွက်ချက်ထားပေးပါကြောင်းနှင့် ထို့အပြင် ဈေးအဆင့်မြှင့်တင်ရေးအတွက် အများဆန္ဒသဘောအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်သဖြင့် သိလိုသောအချက်များကို ပွင့်ပွင့်လင်းလင်းတင်ပြပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကျော်ခိုင်က မြို့မဈေး အဆင့်မြှင့်တင်ဆောက်လုပ်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တက်ရောက် လာကြသောဈေးကော်မတီအဖွဲ့ဝင်များနှင့်ဈေး သူ/သားများကအဆင့်မြှင့်တင်ဆောက်လုပ်မည့် အစီအစဉ်များအပေါ် သိလိုသည်များနှင့် ၎င်းတို့၏ ဆန္ဒသဘော ထားများကို ပွင့်လင်းရင်းနှီးစွာ တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးက သိလိုသည်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ဈေးအဆင့်မြှင့်တင်ဆောက်နိုင်ရေးအတွက်တစ်ဦးချင်းဆန္ဒပြုသဘောတူလက်မှတ် ထိုးပေးမှုကို ကြည့်ရှုခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
04 жовт, 00:38

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ အမှာစကား "စစ်ပွဲတစ်ပွဲမှာ အင်အားနည်းတာ၊ အင်အားများတာ၊ လက်နက်အင်အားသာလွန်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ အမှာစကား "စစ်ပွဲတစ်ပွဲမှာ အင်အားနည်းတာ၊ အင်အားများတာ၊ လက်နက်အင်အားသာလွန်တာတွေထက် တိုက်ပွဲဝင်လိုစိတ် ပြင်းပြမှုနဲ့ အနိုင်မခံ အရှုံးမပေးစိတ်တွေကသာ အဓိကဖြစ်ပါတယ်။ ခေတ်အဆက်ဆက်မှာလည်း ဒီလို တိုက်ပွဲဝင်လိုစိတ်ပြင်းပြမှုနဲ့ အနိုင်မခံ အရှုံးမပေးစိတ်တွေက ထိရောက်အောင်မြင်မှု ရရှိစေနိုင်တာကို တွေ့ရှိရမှာဖြစ်ပါတယ်။"
03 жовт, 22:49

မြန်မာ့ပေါ်ဆန်းဆန် ဈေးနှုန်းတည်ငြိမ်ရေး ဆန်ရောင်းဝယ်သူများ လိုက်နာရန် စည်းကမ်းချက်များ ထုတ်ပြန်
မြန်မာ့ပေါ်ဆန်းဆန် ဈေးနှုန်းတည်ငြိမ်ရေး ဆန်ရောင်းဝယ်သူများ လိုက်နာရန် စည်းကမ်းချက်များ ထုတ်ပြန်
03 жовт, 22:48

ဇွန်လအတွင်းက ရိုက်ကူးထားသည့် သစ်လွင်သော ဂြိုဟ်တုဓာတ်ပုံများအရ အီရန်၏ တိုက်ခိုက်မှုများကြောင့် ပရင့်စ်ဆူလတန် လေတပ်စခန်း (Princ
ဇွန်လအတွင်းက ရိုက်ကူးထားသည့် သစ်လွင်သော ဂြိုဟ်တုဓာတ်ပုံများအရ အီရန်၏ တိုက်ခိုက်မှုများကြောင့် ပရင့်စ်ဆူလတန် လေတပ်စခန်း (Prince Sultan AB) ရှိ ဆော်ဒီလေတပ်ပိုင် RE-3A ထောက်လှမ်းရေးလေယာဉ်တစ်စီး ပြင်းထန်စွာ ပျက်စီးသွားကြောင်း တွေ့ရှိရသည်။
03 жовт, 12:10

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလွှတ်တော်ရေးရာ ကော်မတီများမှတာဝန်ရှိသူမျာ
+9
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလွှတ်တော်ရေးရာ ကော်မတီများမှတာဝန်ရှိသူများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံ အောက်တိုဘာ ၃၊ ၂၀၂၆
03 жовт, 07:20

ပန်းတောင်းမြို့နယ်တွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် NOM အောက်တိုဘာ ၃၊
ပန်းတောင်းမြို့နယ်တွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် NOM အောက်တိုဘာ ၃၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ တဲကုန်းကျေးရွာနေ ကျီးပင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်လင်းအောင် (၅၈) နှစ်သည် အောက်တိုဘာ ၂ ရက်နေ့ ည ၁၁ နာရီ ၅၅ မိနစ်အချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားငါးဦးရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးကျော်လင်းအောင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ NOM
03 жовт, 07:15

မတ္တရာမြို့နယ်၊ နံ့သာမြိုင်ကျေးရွာနေ ရာအိမ်မှူးတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် NOM အောက်တိုဘာ ၃၊ ၂၀၂၆ မ
မတ္တရာမြို့နယ်၊ နံ့သာမြိုင်ကျေးရွာနေ ရာအိမ်မှူးတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် NOM အောက်တိုဘာ ၃၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ နံ့သာမြိုင်ကျေးရွာနေ ရာအိမ်မှူး ဦးဌေးဝင်း (၆၃) နှစ်သည် အောက်တိုဘာ ၁ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်၌ အဆိုပါကျေးရွာ၏ ရွာလယ်လမ်းဘေး၌ ရှိနေစဉ် PDF အကြမ်းဖက်သမား နှစ်ဦးရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးဌေးဝင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။ NOM
03 жовт, 07:09

စစ်တွေမြို့၌ ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ်၊ (၅၅)ကြိမ်မြောက် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲ(ပြည်တွင်းအဆင့်) ပထမဆုရရှိ
+6
စစ်တွေမြို့၌ ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ်၊ (၅၅)ကြိမ်မြောက် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲ(ပြည်တွင်းအဆင့်) ပထမဆုရရှိသော မပြုံးသက်ပိုင်ထွန်းအား ဂုဏ်ပြုစကားဝိုင်းကျင်းပ အောက်တိုဘာ ၃၊ ၂၀၂၆ ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ်၊ (၅၅)ကြိမ်မြောက် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲ(ပြည်တွင်းအဆင့်) ပထမဆုရရှိသော စစ်တွေမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ မပြုံးသက်ပိုင်ထွန်းအား ဂုဏ်ပြုစကားဝိုင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ထက်စန္ဒာကျော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ တက်ရောက်ကြသည်။ ဦးစွာ ရခိုင်ယဉ်ကျေးမှုအဖွဲ့က “စိုင်လာထွန်းလီ” သီချင်းဖြင့် ကပြဖျော်ဖြေကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ကျင်းပသည့်အခမ်းအနားသည် ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ် (၅၅) ကြိမ်မြောက် နိုင်ငံတကာလူငယ်များပေးစာရေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် စစ်တွေမြို၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ Grade-9 ကျောင်းသူ မပြုံးသက်ပိုင်ထွန်းအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် ဂုဏ်ပြုပေးသည့် ဂုဏ်ပြုစကားဝိုင်းအခမ်းအနားဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့စာပို့နေ့အထိမ်းအမှတ်အဖြစ်ကျင်းပသည့် အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၅)နှစ်အောက် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲကို မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက်ရည်ရွယ်ပြီး ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများတွင် ကျင်းပခဲ့ကြောင်း၊ ပညာရေးသည် ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းစီ၏ ဘဝရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်နိုင်ရန် အရည်အချင်းဖြစ်သကဲ့သို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်သော လိုအပ်ချက်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယခုကဲ့သို့ ပြည်နယ်ဂုဏ်ဆောင်နိုင်ကြအောင် ကြိုးစားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ မိဘ၊ ဆရာများအနေဖြင့် ရည်မှန်းချက်ကြီးကြီးမားမားထားကာ မိမိ၏သားသမီးများကို ပြုစုပျိုးထောင်ပေးကြရန် မှာကြားလိုကြောင်း၊ ထူးချွန်သမီးငယ် မပြုံးသက်ပိုင်ထွန်းအနေဖြင့်လည်း ဆက်လက်လျှောက်လှမ်းရမည့် ပညာရေးခရီးကို ဉာဏ်ပညာ၊ လုံ့လဝိရိယနှင့် ရှေ့ဆက်ကာ အလေ့အကျင့်အတွေ့အကြုံကောင်းများနှင့်အတူ ပညာပြည့်ဝနှလုံးလှသော နိုင်ငံတော်က အားကိုးအားထားပြုရသည့် သမီးကောင်းရတနာလေးဖြစ်လာအောင် ကြိုးပမ်းအားထုတ်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။ ယင်းနောက် မပြုံးသက်ပိုင်ထွန်းအား ဂုဏ်ပြုစကားဝိုင်းကိုကျင်းပရာ စစ်တွေတက္ကသိုလ် အဏ္ဏဝါဗေဒဌာနမှ ကတိက ဒေါက်တာဝင်းထက်စံက ဦးဆောင်ဆွေးနွေးသူ (Moderator) အဖြစ်ဆောင်ရွက်ပြီး ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ်၊ (၅၅)ကြိမ်မြောက် နိုင်ငံတကာလူငယ်များပေးစာရေးပြိုင်ပွဲ (ပြည်တွင်းအဆင့်) ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ပြည်နယ်အဆင့်အကဲဖြတ်အဖွဲ့ ဆရာ၊ ဆရာမများနှင့် မပြုံးသက်ပိုင်ထွန်းတို့က ဆွေးနွေးပြောကြားကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဖြေကြားခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ်၊ (၅၅)ကြိမ်မြောက် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲ (ပြည်တွင်းအဆင့်)ပထမဆုရရှိသော မပြုံးသက်ပိုင်ထွန်းအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။ ဆက်လက်ပြီး အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူများက “အလှကမ္ဘာမြေ” သီချင်းဖြင့် ကပြဖျော်ဖြေပေးကြပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကက စကားဝိုင်းတွင် ပါဝင်ဆွေးနွေးပေးကြသော ဆရာ၊ ဆရာမများနှင့် ကပြဖျော်ဖြေပေးသူများအား ချီးမြှင့်ငွေများပေးအပ်သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြကြောင်းသတင်းရရှိသည်။
03 жовт, 06:17

FlyDubai တွဲဘက်လေယာဉ်မှူးသည် မီးဘေးအတွက်အသုံးပြုရန်ထားသည့် အရေးပေါ်ပုဆိန်ကို အသုံးပြု၍ အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်း
FlyDubai တွဲဘက်လေယာဉ်မှူးသည် မီးဘေးအတွက်အသုံးပြုရန်ထားသည့် အရေးပေါ်ပုဆိန်ကို အသုံးပြု၍ အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ် WAM သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ တွဲဘက်လေယာဉ်မှူးသည် လေယာဉ်မှူးကြီးအား အရေးပေါ်ပုဆိန်ဖြင့် တိုက်ခိုက်ခဲ့ပြီး လေယာဉ်ကို ထိန်းချုပ်ရန် ကြိုးပမ်းခဲ့သည်ဟု သိရသည်။ NOM
03 жовт, 05:26

နေပြည်တော်တွင် မီးရထားလမ်းခုံးကျော်တံတားများအတွက် Master Plan ရေးဆွဲထားရန် သမ္မတမှာကြား အောက်တိုဘာ ၃၊ ၂၀၂၆ နိုင်ငံတော်သမ္မတ ဦ
+4
နေပြည်တော်တွင် မီးရထားလမ်းခုံးကျော်တံတားများအတွက် Master Plan ရေးဆွဲထားရန် သမ္မတမှာကြား အောက်တိုဘာ ၃၊ ၂၀၂၆ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ အောက်တိုဘာ ၃ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မြို့ပြအင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ကြည့်ရှုစစ်ဆေးစဉ် မီးရထားလမ်းခုံးကျော်တံတား တည်ဆောက်ခြင်းလုပ်ငန်းများတွင် အနာဂတ်၌ တိုးတက်လာနိုင်မည့် လမ်းအသုံးပြုသူဦးရေနှင့် မော်တော်ယာဉ်အစီးရေများကို ထည့်သွင်းတွက်ချက်၍ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် Master Plan ရေးဆွဲထားရှိရန် နိုင်ငံတော်သမ္မတက မှာကြားခဲ့သည်။
03 жовт, 05:17