uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

Відкрити в Telegram

Показати більше
1 030
Підписники
Немає даних24 години
Немає даних7 днів
-1130 днів
Архів дописів
#အလတ်မလေး (အပိုင်း ၂) akyiphyu ****** "မလတ် ... ကော်ဖီနဲ့ မုန့်ပြင်ပေးပါအုံး " အိမ်ပေါ်ကိုကြောင်ငေးငေးနဲ့ ကျွန်မလိုက်တက်လာမိတော့ ဖူးငုံကနှစ်ကိုယ်ကြားရုံ အသံတိုးတိုးဆက်ဆတ်လေးနဲ့ ပြောလာခဲ့တယ်။ကျွန်မအူတိအူကြောင်နဲ့ မီးဖိုခန်းထဲဝင်လာခဲ့တယ်။မီးဖိုခန်းထဲရောက်ပြန်တော့လဲ ပန်းကန်ကိုင်ရမလို ဇွန်းကိုင်ရမလိုနဲ့ ကျွန်မကြောင်တိကြောင်တောင်ဖြစ်နေမိသေးတာ။အတော်လေးကြာမှ စိတ်ကိုတည်ငြိမ်အောင်ထားပြီး ကော်ဖီဖျော်ဖို့ပြင်ရတယ်။ စိတ်ထဲမှာတော့ ကိုမျိုးဇော်ဆိုတဲ့လူကိုပဲမြင်ယောင်နေမိတယ်။အသားကညိုညိုမျက်နှာကတမင်စူပုတ်ထားသလို စူပုတ်ပုတ်မျက်နှာပေးနဲ့ ဒီမျက်နှာက ကျွန်မအိပ်မက်မက်ခဲ့ပြီး မှတ်မိနေခဲ့တဲ့မျက်နှာဆိုတာ သေချာတယ်။ဒါဆိုရင် ကျွန်မဘာလုပ်ရမှာလဲ။သူကတော့ ကျွန်မကိုမသိပုံပါပဲ။သေချာတာက သူက ကျွန်မရဲ့ဖူးစာရှင်ဆိုတာပါပဲ။ ဧည့်ခန်းထဲမှာ ကော်ဖီချပေးရင်း ကျွန်မသူတို့ကို မသိမသာ အကဲခတ်နေမိတယ်။သူကတော့ ကျွန်မရဲ့မျက်နှာကို မကြည့်ပါဘူး။ ညီမလေး ဖူးငုံမျက်နှာကိုကြည့်ပြီး စကားတွေဖောင်ဖွဲနေခဲ့တယ်။ကျွန်မမှာတော့ ညီမငယ်လေးဖူးငုံကို မသိမသာကြည့်ရင်း ကျွန်မနဲ့ သူ့ကို မိတ်ဆကပေးမလားလို့ မျှော်လင့်နေမိတာ။ ဒါပေမဲ့ ညီမလေးက ကျွန်မကိုဖုတ်လေတဲ့ငပိရှိတယ်ယ်တောင်ထင်ပုံမရပါဘူး။ ဒီတော့ ကျွန်မလဲသူတို့ စကားဝိုင်းနားကို ဟိုဟာသွားချပေးလိုက်၊ဒီဟာသွားချပေးလိုက်နဲ့ မယောင်မလည် သွားနေမိတယ်။ပြီးတော့လဲ အခန်းထောင့်တစ်နေရာကနေ ကိုမျိုးဇော်ဆိုတဲ့လူကို သေချာအောင်အကဲခတ်နေမိတယ်။ သူတို့တွေ နာရီအတော်ကြာအောင် စာရွက်စာတမ်းတွေကြား စကားတွေပြောပြီးတဲ့နောက်မှာ ညီမလေးဖူးငုံက သူ့အိပ်ခန်းရှိရာ အပေါ်ထပ်ကိုတက်သွားခဲ့တယ်။ဒီတော့ကျွန်မလဲ မယောင်မလည်နဲ့ ကော်ဖီခွက်တွေ သိမ်းသလိုလိုနဲ့ သူထိုင်နေတဲ့နားကိုလျှောက်သွားလိုက်တယ်။ "မင်္ဂလာပါ ..ကျွန်မက ညီမလေးဖူးငုံရဲ့အစ်မ လတ်လတ်နွယ်ပါရှင် ... ဟို ..ကိုမျိုးဇော်ကို ညီမလေးသူငယ်ချင်းတွေထဲမှာ မတွေ့ဖူးဘူးနော် .. တာဝန်နဲ့ ပြောင်းလာတာမကြာသေးဘူး ထင်တယ် ..ညီမလေးနဲ့ တရားရုံးတူတူပဲထင်တယ် " "ဗျာ ..ဟို ..ကျွန်တော်က ဖူးငုံလိုရှေ့နေ့မဟုတ်ပါဘူးခင်ဗျာ...ကျွန်တော်တို့ လုပ်ငန်းအတွက် ဖူးငုံကိုအလုပ်အပ်တဲ့သူပါ " "ရှင် ...ဪ..ဟုတ်လား ." ကျွန်မလည်း အမေပြောသလိုပဲ ပညာမတတ်လူဝင်မဆံ့တော့ ကပေါက်တိကပေါက်ချာနဲ့ ဘာတွေပြောလို့ ပြောမိမှန်းလဲမသိဘူး။ ဒီအချိန်မှာပဲ အပေါ်ထပ်ကနေ ညီမလေးပြန်ဆင်းလာပြီး ကျွန်မကိုမျက်လုံးစိမ်းကြီးတွေနဲ့ လှမ်းကြည့်ခနတာကိုမြင်လိုက်ရတာမို့ ကျွန်မမီးဖိုခန်းဘက်ကိုပြန်၀င်ခဲ့လိုက်တယ်။ ~~~~ "အစ်မ ..ရေသန့်ဘူးဖိုးတွေရှင်းရအုံးမယ်ခင်ဗျ " " ဪ..အေး... အေး... ဘယ်လောက်လဲ...ရှင်းပေးလိုက်မယ်လေ " ကျွန်မရေသန့်ဘူးဖိုးတွေ ရှင်းပေးနေချိန်မှာပဲ ဆန်ပို့တဲ့ကောင်လေးရောက်လာပြန်တယ်။အိမ်မှာကရေသန့်ကို အသုံးများလို့ အပတ်စဉ်ရေသန့်ဘူးဖိုးကုန်ကျစရိတ်က မနည်းလှသလို ဆန်ဆိုရင်လည်း အကောင်းဆုံးအစားကိုပဲမှာစားလေ့ရှိပြီး လစဉ်တစ်လစာကိုပိုပိုသာသာလေးမှာထားလေ့ရှိတယ်။ဒီလိုမျိုး ဆန်ဖိုး၊ ရေဖိုး၊ ဆီဖိုးနဲ့အိမ်တွင်းကုန်ကျစရိတ်တွေကို ကျွန်မလုပ်အားခငွေထဲကပဲရှင်းပေးတာပါ။အိမ်မှာလည်း ကျွန်မပဲအချိန်ပြည့်ရှိနေတာလေ။အမေက နေ့စဉ်ဈေးဖိုးပေးနေပေမဲ့ အမေပေးတဲ့ဈေးဖိုးသုံးသောင်းက ဟင်းချက်စရာဝယ်တာတောင်မလောက်ချင်ဘူးလေ။ဟင်းဆိုလို့ ကျွန်မကအသားဟင်းစားလှမှနှစ်တုံးပါပဲ။ကျန်တဲ့လူတွေကတော့ ထမင်းချိုင့်ထည့်ပေးရတာဆိုတော့ ဟင်းကိုတစ်တုံးနှစ်တုံးနဲ့ မရဘူး။ဟင်းချိုင့်ပြည့်လုနီးအောင်ထည့်ပေးရတာလေ။ဒီတော့ ဟင်းအမယ်ဖိုးက သိပ် ကုန်တာ။ ဒါပေမဲ့ကြက်တစ်ပိဿဘယ်ဈေးလဲ အမေသိရဲ့လားမသေချာဘူး။ကျွန်မဆယ်တန်းကျတဲ့နှစ်ကတည်းက အမေက မီးဖိုချောင်မဝင်ခဲ့တော့တာ။ မိုးလင်းလာရင် သူ့ရဲ့ အလှကုန်ဆိုင်ကို ကျော့ကျော့လေးထွက်သွားခဲ့တာ။ ကျန်တဲ့အိမ်အလုပ်တွေအကုန်လုံးကို ကျွန်မလုပ်ရတယ်။ မခင်လေးနဲ့အငယ်မလေး ဖူးငုံကမီးဖိုချောင်ဝင်ဖို့နေနေသာ သူတို့ ပန်းကန်တောင်သူတို့အမြဲဆေးတာမဟုတ်ကြဘူး။ ဒါကလဲ သူတို့ကမလုပ်တာထက် အမေက မလုပ်ခိုင်းတာလေ။မခင်လေးနဲ့ ဖူးငုံက ပညာတဝက်ဆိုတော့ ပညာနဲ့ငွေရှာတာမို့ အိမ်အလုပ်လုပ်စရာမလိုဘူးတဲ့လေ။ဒီတော့ ဆယ်တန်းမအောင်တဲ့ကျွန်မကပဲ အိမ်အလုပ်တွေအကုန်လုပ်ရတာပေါ့။ကျွန်မမှာ အိမ်အလုပ်လုပ်ရင်းနဲ့ စက်ချုပ်တဲ့ပညာကို မနည်းရအောင် အချိန်လုပြီးသင်ခဲ့ရတာ။ဟုတ်တယ်လေ တကယ်လို့များတစ်ချိန်မှာ မိဘတွေမရှိတော့ရင် ကျွန်မဝမ်းရေးကို ကျွန်မဘာသာရှာဖွေစားသောက်ရမှာမဟုတ်လား။ပြောမဲ့သာပြောရတယ် အခုလည်းပဲကျွန်မရှာဖွေတဲ့ငွေက အိမ်စရိတ်အတွက် ဖြည့်ပေးနေရပြီလေ။ဒါကို အမေကတကယ်ပဲမသိတာလားတော့မသိဘူး။သူစိမ်းဧည့်သည်တွေလာတိုင်း ကျွန်မအလုပ်ကို အမေနှိမ်ပြောလေ့ရှိတာတော့ အမှန်ပါပဲ။ အဆိုးဆုံးကတော့ သူ့လုပ်ခလည်း မမြင်ဖူးပါဘူးဆိုတဲ့စကားပဲ။ တကယ်ဆို အမေပေးတဲ့ ဈေးဖိုးကတစ်နေ့ကို သုံးသောင်းပါ။ကြက်သားတစ်ပိဿာကိုတစ်သောင်းခွဲ ဒါကစီပီကြက်ကိုပြောတာ၊ ဝက်သားတစ်ပိဿာကိုသောင်းရှစ်ထောင်နှစ်သောင်း၊ ဆိတ်သားကတစ်ပိဿနှစ်သောင်းကျော်သုံးသောင်းကျော်၊ အမဲသားမစားတော့ဈေးမသိဘူး။ကြက်ဥတစ်လုံးငါးရာ၊

အမေ့စကားသံက ချီးကျူးတာလား။ .ဘာလားမကွဲပြားချင်။ ကျွန်မရဲ့စက်ချုပ်လုပ်ငန်းကို အမေအထင်မကြီးတာကိုတော့ ကျွန်မလဲသိနေပါတယ်။အထည်ချုပ်စက်ရုံအသေးစားတွေဆီက လက်ခစားယူချုပ်ရတဲ့အထည်တွေကို စပေါ်တင်ယူချုပ်ရင်း ပတ်ဝန်းကျင်မှာပါ သုံးလေးဦးကို ပြန်ပေးချုပ်ထားတဲ့ ကျွန်မရဲ့ အိမ်တွင်းစက်ချုပ်လုပ်ငန်းလေးက ကျွန်မအတွက် အဆင်ပြေနေပေမဲ့ မိသားစုမှာတော့ သိမ်ငယ်စရာဖြစ်နေခဲ့တာပေါ့လေ။ ~~~~~~ "ဒီအိမ်က ...ဖူးငုံထွေးတို့အိမ်လားခင်ဗျာ " ခြံဝကမေးသံကြောင့် လက်ထဲက ရေပိုက်ကိုချပြီး ကျွန်မခြံဝကိုပြေးထွက်လာခဲ့မိတယ်။ခြံဝကိုရောက်ချိန်မှာ ခြံရှေ့မှာ ရပ်နေတဲ့သူကိုမြင်လိုက်ရတော့ ကျွန်မအံ့ဩမင်သက်မိသွားတယ်။ "ကိုမျိုးဇော်ရောက်လာပြီလား မြန်သားပဲ....လာလေ ..အိမ်ထဲဝင်လေ ..ဖူးငုံလဲ ကိုမျိုးဇော်ကို မျှော်နေတာ " အသံနဲ့အတူအိမ်ထဲက ထွက်လာတဲ့ ညီမလေးဖူးငုံက ကျွန်မကိုတွန်းဖယ်လိုက်ပြီး တံခါးကိုဖွင့်လိုက်တယ် ။ကျွန်မကတော့ ကိုမျိုးဇော်ဆိုတဲ့ မျက်နှာစူပုတ်ပုတ်နဲ့လူကို မျက်လုံး အကြောင်သားနဲ့ ငေးနေမိတုန်းပါပဲ။ @@@@@@@@@@@@@@@@ အပိုင်း(၂ ) ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ ဝတ္ထုက 5 ပိုင်းသာ ပါတဲ့အပိုင်းတိုလေးပါနော် ဖတ်ရှုပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင် စာဖတ်ခ ၁၀၀၀ကျပ် ပေးသွင်းလိုသူများအတွက် ပေးသွင်းရမည့် အကောင့်များမှာ KPay 09773745413 Lai Lai Win Wave 09773745413 Lae Lae Win ဖြစ်ပါတယ် အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင် LiKe & Comment & Share လေးတွေနဲ့ ကူညီပေးကြပါအုံးရှင် ကလောင်နာမည်ဖျက်ပြီး Copy ယူခွင့်မပြုပါ ခိုးယူသုံးစွဲခြင်းများ ခွင့်မပြုပါ စာဖတ်သူများအားလုံးကို ကျေးဇူးတင်ချစ်ခင်လျက်ပါ A Kyi Phyu #ဧကြည်ဖြူ

ကျွန်မလဲ အလှဆုံးပန်းတစ်ပွင့်ကိုယူပြီး ထွက်လာခဲ့လိုက်တယ်။ပြီးတော့ ကားလမ်းမကြီးဘေးနားမှာရပ်နေတဲ့ ယောကျာ်းလေးနှစ်ယောက်ဆီကို လျှောက်သွားလိုက်ပြီး ကျွန်မနဲ့အနီးဆုံးကောင်လေးကို ကြည့်လိုက်မိတယ်။ကောင်လေးက ကျွန်မကိုပြန်ကြည့်လာတော့ ချောလိုက်တာလို့ တွေးလိုက်မိသေးတယ်။ပြီးတော့ ခေါင်းကို ခါယမ်းလိုက်မိတယ်။ဟုတ်တယ်လေ ဒီလိုချောတဲ့ ကောင်လေးက ကျွန်မရဲ့ဖူးစာရှင်မဖြစ်နိုင်ဘူး။ သူ့ဘေးမှာ ရပ်နေတဲ့ စူပုတ်ပုတ်ရုပ်ဆိုးဆိုးကောင်လေးကသာ ကျွန်မနဲ့လိုက်ဖက်တာမို့ ကျွန်မရဲ့ဖူးစာရှင်ဖြစ်မှာ။ကျွန်မလက်ထဲက ပန်းလေးကို ခပ်ချောချောကောင်လေးဆီကို ပေးလိုက်ပြီး "သူ့ကို ပေးပေးပါနော် " လို့ပြောပြီး ပြေးထွက်လာခဲ့မိတယ်။အဲ့ဒီနောက်မှာ ကျွန်မအိပ်မက်ကလန့်နိုးလာခဲ့တယ်။အိပ်မက်က လနဲ့နိုးချိန်မှာ ကျွန်မရင်တွေခုန်နေသလိုလို တုန်နေသလိုလို ခံစားနေခဲ့ရပေမဲ့ နောက်ရက်တွေမှာ အိပ်မက်ကို မေ့သွားခဲ့မိတယ်။ဒါပေမဲ့ ထူးဆန်းစွာနဲ့ပဲ ကျွန်မစိတ်ညစ်တဲ့အခါတိုင်း သူ့ကိုအိပ်မက်မက်တယ်။အိပ်မက်မက်တယ်ဆိုပေမဲ့လဲ ဒုတိယအကြိမ်မြောက်အိပ်မက်ကစပြီး သူ့မျက်နှာ ပီပြင်စွာမမြင်ရတော့ဘူး။ သူက အိပ်မက်ထဲမှာ စကားလဲမပြောဘူး။ ကျွန်မလက်ကိုကိုင်ပြီး အားပေးတယ်။ ကျွန်မတို့ တူတူလျှောက်လည်ကြတယ်။ ဒါပေမဲ့ကျွန်မ သူ့မျက်နှာကိုမော့ကြည့်လိုက်မိတိုင်းမှာ သူ့မျက်နှာက ပျောက်ကွယ်သွားတတ်တယ်။ ဒီလိုနဲ့ ကျွန်မစိတ်ညစ်တဲ့အခါတိုင်း သူ့ကိုအိပ်မက်မက် တယ်။သူ့ကို အိပ်မက်မက်တိုင်း သူ့မျက်နှာကိုမတွေ့ရတော့ ငိုမိတယ်။ကံကောင်းတာက ပထမဆုံးအကြိမ်အိပ်မက်မက်စဉ်က သူ့ရဲ့စူပုတ်ပုတ်ရုပ်ဆိုးဆိုး မျက်နှာကို ကျွန်မမှတ်မိနေလို့သာ ဖြေသာနေရတာ။ ဒီလို့နဲ့ ကျွန်မမှာ အိပ်မက်ထဲက ဖူးစာရှင်ချစ်သူကို မျှော်လင့်စောင့်စားရင်း အသက် (၁၇)နှစ်ကနေ (၂၆) နှစ်ထဲကို ရောက်လာခဲ့ပြီလေ ။ ကျွန်မအဖြစ်က ဖူးစာရှင်သူ့ကို စောင့်မျှော်ရင်း အထီးကျန်ဘ၀ကို ရောက်မှန်းမသိရောက်လာခဲ့မိတယ်။တစ်ယောက်ယောက်ကများ ကျွန်မကိုချစ်သူရှိလားမေးလာခဲ့ရင် ရှိတယ်လို့ ကျွန်မပြန်ပြောနေကြပါပဲ။သို့ပေမဲ့ လက်တွေ့ချပြစရာဖြင့်တော့ မရှိခဲ့ဘူးပေါ့လေ။ "ဟယ် ..မိလတ် ဘာတွေတွေးနေတာတုန်း ..ဟင်းတွေ တူးကုန်ပြီလေ .. ဒုက္ခပါပဲမိလတ်ရယ် ...ငါတို့အလုပ်နောက်ကျတော့ မယ်ဟဲ့ ..နင်နဲ့တော့ ခက်ပါတယ် .... " အစ်မဖြစ်သူခင်လေးနွယ်ရဲ့ ပြစ်တင်ပြောဆိုသံကိုကြားမှ ကျွန်မလဲ သတိဝင်လာခဲ့မိတယ်။ဪ ..မမခင်လေးစိတ်ဆိုးတာလဲ မပြောနဲ့လေ ။ထမင်းချိုင့်အတွက်ချက်ထားတဲ့ ကြက်သားဟင်းက ဒယ်အိုးကပ်နေပြီလေ " ဘယ်လောက်ပဲ လုပ်ပေး လုပ်ပေး အပြစ်မလွှတ်အပြော မလွတ်တဲ့ ကျွန်မ။တကယ်ဆို ကျွန်မလုပ်ပုံတွေနဲ့ မိသားစု ကပြောတာလဲ မလွန်ပါဘူးလေ။ဘာမှကိုအဖြစ်ရှိအောင် မလုပ်တတ်တာက ကျွန်မကတကယ် ပဲဘုရားပွဲစျေးက ကောက်ရလာခဲ့တဲ့ ကလေးတစ်ယောက်ဖြစ်နေလို့များလားလို့ ယောင်ဝါးဝါးနဲ့ တွေးနေမိတုန်းပါပဲ။ ~~~~~ "သမီးကြီးခင်လေးက အသက် ( ၂၉)နှစ်လေ ...သိပ်လိမ္မာတာ...တက္ကသိုလ်မှာ ဆရာမဖြစ်နေပြီလေ အေးရယ် ... စေ့စပ်ထားသူတော့ရှိတယ် ..မိဘတွေကို မခွဲနိုင်ဘူးဆိုပြီးလက်မထပ်သေးတာလေ..အငယ်မလေး ဖူးငုံက အသက် (၂၄)နှစ်ထဲမှာ ...သူကတော့အဖေတူသမီးပေါ့အေးရယ်..အခုဆိုရင် ရှေ့နေမကြီးဖြစ်နေပြီလေ...သားကြီးကတော့ အိမ်ထောင်ကျလို့မြေးလေးတစ်ယောက်ရနေပြီ " အမေ့ရဲ့ဂုဏ်ယူဝင့်ကြွားနေတဲ့စကားသံတွေက အိမ်ရှေ့ ဧည့်ခန်းကနေ နောက်ဖေးမီးဖိုခန်းအထိ ပျံ့လွင့်လာခဲ့တယ်။ကျွန်မကော်ဖီနဲ့ မုန့်ပန်းကန်တွေယူသွားပြီး ဧည့်ခန်းထဲကို ထွက်လာခဲ့လိုက်တယ်။ ~~~~~~~ "သူလေးက ဘယ်သူလဲရီရီ ...အလတ်မလေးထင်တယ် " အမေ့ရဲ့ သူငယ်ချင်းက ကျွန်မကိုကြည့်ပြီးမေးတယ်။ ကျွန်မက အမေ့သူငယ်ချင်းကို ကြည့်ပြီး ဝမ်းသာအားရနဲ့ကို ပြုံးပြပစ်လိုက်တယ်။ ဟုတ်တယ်လေ အမေဘယ်လိုပဲ မပြောချင်အုံးတော့ ရုပ်ချောပြီး ပညာတွေတတ်လှတဲ့ အမေ့ရဲ့သားသမီးသုံးယောက်ကို လူတိုင်းမှတ်မိနေကြသလိုပဲ အသားညိုညိုမျက်လုံးပြူးပြူးနဲ့ ကျွန်မကိုလဲလူတိုင်းမမေ့ဘူးဆိုတာ အမေသိသွားတာကို ကျွန်မဝမ်းသာလွန်းလို့ ပြုံးရယ်ပြလိုက်မိတယ်။ " အလတ်မလေးတောင် ချောလာတယ်နော် .. အလုပ်ရော ဘယ်မှာလုပ်နေတာလဲ .." ရွက်ကြမ်းရေကျိုပါလို့ မိသားစုကိုယ်တိုင်က သက်မှတ်ထားတဲ့ ကျွန်မကိုချောလာတယ်ပြောတာကိုတော့ ရယ်ချင်မိတာအမှန်ပါပဲ။နောက်ဆက်တွဲမေးခွန်းကိုလဲ ကျွန်မကိုယ်တိုင် ဖြေစရာမလိုပါဘူးလေ။အမေက ဆင်ဝှေ့ရန်ရှောင်နည်းနဲ့ဖြေပေးပါလိမ့်မယ် ။ " သူကတော့ အကြီးတွေနဲ့ရော အငယ်မနဲ့ပါမတူဘူး အေးရေ ... အိမ်မှာပဲ ဝိုင်းကူခိုင်းထားရတယ်....ရီရိနဲ့ဆိုင်ကိုလဲ လိုက် ခိုင်းလို့လဲ မဖြစ်ဘူးလေ .. ဆိုင်ရှေ့လာရပ်သမျှ တောင်းရမ်းသူတွေကို ..တစ်ယောက်မကျန် အလှူငွေထည့်နေတာအေးရေ ..အဲ့ဒီတော့ အိမ်မှာမီးဖိုချောင် တာဝန်ယူခိုင်းထားရတယ်...အားတဲ့အချိန်စက်လေးချုပ်ပေါ့အေးရယ်... အိမ်ခြေရင်းကအခန်းက သူ့အလုပ်ခန်းလေ..တစ်လတစ်လသူရတဲ့ လစာလဲ ရီတို့မမြင်ရပါဘူး အေးရယ် "

" ဟယ် ..မရှိပါဘူးဟဲ့ ..ငါက သဘောပြောတာပါ ..ငါလိုလူကို ဘယ်သူကကြိုက်ပါ့မလဲ " ကျွန်မအားငယ်သလို ပြောလိုက်တော့သူငယ်ချင်းတွေ အရယ်ရပ်သွားကြတယ်။သူတို့ ကျွန်မကို သနားသွားကြတာပဲလားမသိဘူး။အသားညိုညို၊ ပုပုလုံးလုံးနဲ့ကျွန်မပုံစံက ခန္ဓာကိုယ်ထဲက ရှိတဲ့အားအင်တွေကြောင့် အရပ်ကတော့ရှည်ထွက်မလာဘဲ မျက်နှာမှာပဲကြီးကြီးလာတယ်လေ။ မျက်လုံးကပြူးပြူး၊ မျက်ခုံးက ပါးပါးမျှင်မျှင်တစ်ကြောင်းတည်းပဲရှိတယ်။နှုတ်ခမ်းကလဲပါးပါးသေးသေးလေး ၊ နှာခေါင်းကပြားပြားနဲ့ဆိုတော့ စဉ်းစားသာကြည့်။လူတွေပြောတာတော့အသက်ငယ်ရင်သရဲတောင်ချောတယ်တဲ့။ကျွန်မကတော့ အသက်သာငယ်တာမချောခဲ့ပါဘူး။ ဒီကြားထဲ ထမင်းတစ်လုတ်စားရင်တစ်လုတ်စာသိသိသာပူလာတတ်တဲ့ ဗိုက်ခေါက်ထူထူတွေကလဲ ရှိသေးတယ်။ ဒါကြောင့်မို့လဲ ထင်ပါရဲ့။ဆွေမျိုးတွေစုံပြီဆိုရင် အားလုံးကျွန်မကို ဝိုင်းစကြတယ်လေ။ "မိလက်ကို ဘုရားပွဲဈေးမှာလူမှားခေါ်လာခဲ့မိတာလေ...အဲ့ဒီတုန်းက ..သမီးကြီးထင်လို့ လက်ဆွဲခေါ်လာခဲ့မိတာလေ... တော်သေးတာပေါ့ ..သမီးကြီးကလဲ သူ့အဖေနဲ့ ပါလာခဲ့လို့ " "ဟယ်..ဟုတ်လား..ဒါဆို မိလတ်က မမကြီးတို့သမီးမဟုတ်ဘူးပေါ့ " မိဘနှစ်ပါးနဲ့ ဦးလေးတွေ အဒေါ်တွေက ဒီလိုဝိုင်းစကြတိုင်း ကျွန်မငိုခဲ့ရတယ်။လူကြီးတွေက ကျွန်မကိုကြည့်ပြီးရယ်နေခဲ့ကြသလို ကျွန်မလဲအလူးအလဲငိုခဲ့ရတယ်။အသက်အရွယ်ရလာချိန်မှာ ဒီစကားတွေက စတဲ့စကားတွေမှန်းသိသိနဲ့ပဲ ကျွန်မတကယ်ပဲ မွေးစားသမီးဖြစ်နေခဲ့မလားဆိုတဲ့စိတ်က နှလုံးသားထဲမှာစွဲမြဲနေခဲ့တယ်။ဘုရားပွဲဈေးတွေကို သွားတိုင်း ဈေးသည်တွေထဲက ဈေးသည်တစ်ယောက်ယောက်က ကျွန်မရဲ့မိဘအရင်းတွေများဖြစ်နေမလားလို့ တွေးမိခဲ့တယ်။ဒီလိုတွေးမိလောက်အောင်လဲ ကျွန်မရဲ့ ရုပ်ရည်ကတခြားညီကိုမောင်နှမတွေနဲ့ကွဲထွက်နေခဲ့တယ်လေ။ကျွန်မတို့မှာ မောင်နှမလေးယောက်ရှိတယ်။အကြီးဆုံးကအစ်ကိုကြီးသီဟ။ပြီးတော့မမခင်လေးနွယ်။ပြီးတော့ ကျွန်မပေါ့။ကျွန်မပြီးတော့ ညီမလေးဖူးငုံထွေး။ပြောရရင် ကျွန်မကလွဲပြီး ကျန်သုံးယောက်က ချောချောလှလှလေးတွေချည်းပဲ။သူတို့ချောလှကြတာလဲ မပြောနဲ့။ အဖေနဲ့အမေကလဲ ချောကြတယ်လေ။မချောမလှတာဆိုလို့ ကျွန်မပဲရှိတာလေ။ "ဟဲ့ မိလတ်..ဘာတွေစဉ်းစားနေတာလဲ...ငါတို့ ပြောတာကြားရဲ့လား " " ဟင် .ဘာပြောတာလဲ " "ဒီလိုလေဟာ ...ငါတို့တွေ ဖူးစာရှင်ကိုအိပ်မက်မက်တဲ့ အစီအရင်လုပ်ကြမလို့ ...နင်ရော လုပ်မလား " " ဟင် .. ဘာပြောတယ်...ဖူးစာရှင်ကို အိပ်မက်မက်တာ ဟုတ်လား .. မဟုတ်တာတွေ ဟယ်..." " ဟုတ်မဟုတ်ကတော့ လုပ်ကြည့်ရမှာပေါ့ဟယ် ..ငါတော့ ဒီညစမ်းလုပ်ကြည့်မလို့ " ယုယုကပြုံးစိစိနဲ့ ပြောတော့ ကျွန်မလဲစိတ်၀င်စားသွားမိတယ်။ဟုတ်တယ်လေ ကျွန်မလို ရုပ်ဆိုးတဲ့သူဆီမှာရော ဖူးစာရှင် ရှိလားသီချင်လာမိတယ်။ ဒါနဲ့ ယုယုတို့ကိုနည်းမေးလိုက်မိတယ်။ "ငါလဲ လုပ်ကြည့်ချင်တယ်ဟယ် ..ဘာတွေလုပ်ရမှာလဲ ပြောအုံး " " အေးပါ ..နည်းတွေကမခက်ပါဘူးဟယ် .. ပထမတစ်နည်းက ..ဘဲဥပြုတ်ကိုလူမသိအောင်ပြုတ်ပြီး ...အိပ်ခါနီးမှာ လူမသိအောင်စားရမယ်..ပြီးရင်ရေမသောက်ဘဲ ..တန်းအိပ်ရမယ် ... အဲဒါဆိုရင် ညကျရင်နင့်ရဲ့ဖူးစာရှင်က အိပ်မက်ထဲမှာနင့်ကို ရေလာတိုက်လိမ့်မယ်တဲ့ ..နောက်တစ်နည်းက...(Kiss Me Quick) ပန်းသိတယ် မဟုတ်လား ....အဲ့ဒီပန်းကိုမှတစ်ခိုင်မှာသုံးပွင့်တည်းပွင့်တဲ့ ပန်းခိုင်ကို ..ညကိုးနာရီတိတိမှာ လက်နောက်ပြန်ခူးပြီး... ခေါင်းအုံးအောက်မှာထားအိပ်ရမှာတဲ့...ညရောက်ရင်ဖူးစာရှင်ကို အိပ်မက်မက်လိမ့်မယ်တဲ့ " "ဟယ် ...မလွယ်ပါဘူးဟယ် ..ဘဲဥပြုတ်ကိုခိုးပြုတ်ခိုးစားဖို့က မလွယ်ပါဘူးဟာ .. ပြီးတော့ (Kiss Me Quick)ပန်းက သုံးပွင့်တစ်ခိုင်ပွင့်ခဲတယ်ဟဲ့ ..အိမ်မှာတော့ အဆုပ်လိုက်ကြီးတွေ ပွင့်တာ " " မိလတ်ရယ် ..ကိုယ့်ရဲ့ ဘ၀လက်တွဲဖော်ကို ကြိုတင်သိရအောင်လုပ်ပါတယ်ဆိုမှ ... ဒီလောက်တော့ ခက်ခဲတာပေါ့ဟဲ့ ..တကယ်တည်း အပျင်းမမိလတ် " သူငယ်ချင်းတွေကို ခက်ခဲတယ်လို့ ပြောခဲ့မိပေမဲ့ အိမ်ပြန်ရောက်တော့ အဆူခံအပြောခံ အနှိမ်ခံနေရတဲ့ကြားကနေ အမေ့ရဲ့ (Kiss Me Quick ) ပန်းအိုးတွေကို မျက်စောင်းထိုးကြည့်မိသေးတယ်။ဖြစ်ချင်တော့ သုံးပွင့်တည်းပွင့်နေတဲ့ပန်းခိုင်နဲ့မှ မျက်လုံးက တည့်တည့်တိုးမိတာ။ ညရောက်တော့ ဘယ်သူမှမသိအောင်ပန်းအိုးနားသွားရပ်နေပြီး လက်ကနာရီကို တကြည့်ကြည့်နဲ့ ညကိုးနာရီကွက်တိမှာ ပန်းပင်ကို ကျောခိုင်းပြီး ပန်းခိုင်ကိုဆတ်ခနဲခူးယူပြီး အိမ်ပေါ်တက်ခဲ့လိုက်တယ်။မှတ်မှတ်ရရပြောရရင် အိပ်မက်ထဲယောင်ပြီးငိုတတ်တဲ့အကျင့်က အဲ့ဒီနေ့ကစခဲ့တာပဲပြောရမလား။ ~~~~ နေရာကတောင်ပေါ်မြို့လေးတစ်မြို့။သစ်ပင်ကြီးတွေ အုံ့အုံ့ဆိုင်းဆိုင်း။ကျွန်မနဲ့ သူငယ်ချင်းတစ်ယောက် ပန်းတွေခူးနေကြတယ်။ ဒီအချိန်မှာ သူငယ်ချင်းက လှမ်းပြောတယ်။ "ဟေ့ မီလတ် ..ဟိုမှာ နင့်ကောင်လေးရောက်နေပြီ ..ပန်းတွေ သွားပေးလိုက်လေတဲ့ " "အေး .. အေး "

#အလတ်မလေး (အပိုင်း ၁) akyiphyu ****** အချိန်ကနေ့လား၊ ညလားဆိုတာကို ကျွန်မသေချာမခွဲခြားနိုင်ဘူးဖြစ်နေတယ်။ရှေ့မှာမြင်မြင်ရသမျှ အရာရာတိုင်းကို ရှင်းရှင်းလင်းလင်းမြင်နေရတယ်။ ဒါပေမဲ့ ကောင်းကင်ပေါ်မှာနေရောင်ကို မတွေ့ရဘူး။ လရောင်ကြယ်ရောင်ကိုလဲမတွေ့ရဘူး။ ဖြူပိတ်ပိတ်ကောင်းကင်ကြီးရဲ့အောက်မှာ သပ်ရပ်လှပတဲ့ အိမ်တွေအများအပြားကို တွေ့မြင်နေရတယ်။အိမ်တွေအများကြီး လှပစွာ တည်ရှိနေကြတယ်။သို့ပေမဲ့ လူရိပ်လူယောင်ကို လုံးဝမတွေ့ရဘူး။လမ်းတွေပေါ်မှာ လူမပြောနဲ့ ခွေးတစ်ကောင်ကြောင်တစ်မြီးမှမတွေးရဘဲ တိတ်ဆိတ်ငြိမ်သက်လွန်းနေခဲ့တယ်။ ကျွန်မတစ်ယောက်တည်းအိမ်တွေရှေ့ကနေ လျှောက်လှမ်းလာခဲ့ရင်း တစ်အိမ်ပြီးတစ်အိမ်ကို အသေအချာလိုက်ကြည့်နေမိတယ်။အိမ်တွေအားလုံး တံခါးတွေပိတ်ထားကြတယ်။ပြတင်းပေါက်တံခါးတစ်ချပ်တောင်ဖွင့်မထားကြတဲ့ အိမ်တွေကိုကြည့်ပြီး ကျွန်မအထီးကျန်လာတယ်။ဝမ်းနည်းလာတယ်။ရင်ထဲမှာတလှိုက်လှိုက်နဲ့ဆို့ဆို့နင့်နင့်ကြီးခံစားလာရတယ်။ဝမ်းနည်းနာကျင်လာတယ်ဆိုတဲ့ခံစားချက်ကြီးနဲ့ ကျွန်မရင်ထဲမှာ ဆွေးမြေ့ကြေကွဲနေခဲ့တယ်။ပိတ်ထားတဲ့အိမ်တံခါးတွေကို ငေးကြည့်ရင်း ကျွန်မရဲ့ခြေလှမ်းတွေ နှေးကွေးလေးလံလာခဲ့တယ်။ဒီအချိန်မှာပဲအဖြူရောင်အဆင်းရှိတဲ့ လှပတဲ့အိမ်ကြီးတစ်လုံးကို ခြံတံခါး၊ အိမ်တံခါးတွေ ဖွင့်ထားလျက် တွေ့လိုက်ရတယ်။တံခါးဖွင့်ထားတဲ့ အိမ်ကြီးကိုကြည့်ပြီး ကျွန်မရင်ထဲမှာလှိုက်ခနဲခုန်လှုပ်သွားခဲ့တယ်။ခြေလှမ်းတွေက အားအင်တွေပြန်ပြည့်လာခဲ့တယ်။အေးစက်နေတဲ့ နှလုံးသားကတထိတ်ထိတ်နဲ့အခုန်မြန်လာတယ်။ရင်ထဲမှာဘာမှန်းမသိတဲ့ ခံစားချက်ကြီးတစ်ခု။ခြေလှမ်းတွေက အိမ်ကြီးရှိရာဆီကို အလိုလိုဦးတည်လျှောက်လှမ်းသွားခဲ့မိတယ်။ ကျွန်မအိမ်ထဲကို ၀င်လာခဲ့တယ်။အိမ်ဟာရှင်းလင်း တိတ်ဆိတ်လွန်းနေခဲ့တယ်။အိမ်ထဲမှာ ဘာအရိပ်အခြည်မှကို မတွေ့ရဘူး။အိမ်ရဲ့ဝင်ပေါက် ဧည့်ခန်းကနေတဆင့်တစ်ခန်းပြီးတစ်ခန်း ၀င်လာခဲ့ချိန်မှာ အရာရာဟာ ငြိမ်သက်တိတ်ဆိတ်အေးစက်လွန်းနေခဲ့တယ်။ကျွန်မထင်ထားခဲ့သလို၊ မသိစိတ်က မျှော်လင့်ထားခဲ့မိသလို ဘယ်အရာကမှ ကျွန်မကို ဆီးကြိုမနေခဲ့ဘူး။အေးစက်လွန်းတဲ့ အခြေအနေကိုကြည့်ပြီး ကျွန်မဝမ်းနည်းပက်လက်ဖြစ်လာမိတယ်။ထိန်းချုပ်ထားတဲ့ကြားကနေ ရှိုက်ကြီးတငင်ငိုချလိုက်မိတယ်။ "အီး..ဟီး..ဟီး " "မိလတ်...မိလတ်ထစမ်း...ဘာတွေယောင်နေပြန်ပြီလဲ ..." ခန္ဒာကိုယ်ကိုကိုင်လှုပ်ပြီး ခပ်ဆတ်ဆတ်ငေါက်ငမ်းသံကြောင့် ကျွန်မမျက်လုံးအစုံကို ပြူးပြဲဖွင့်ကြည့်လိုက်မိတယ်။ဒီအခါမှာ ကျွန်မမြင်လိုက်ရတာက မွေးသမိခင်ရဲ့ဒေါသမျက်နှာ။ "ဘယ်အချိန်ရှိနေပြီလဲ ..မိုးလင်းတော့မယ် မိလတ်ရဲ့ ...အားအားရှိအိပ်မက်ထဲယောင်ပြီးငိုနေတာပဲ...ကလေးလဲမဟုတ်တော့ဘူး...ထတော့နင့်အစ်မနဲ့ နင့်ညီမအတွက် ထမင်းချိုင့်ပြင်ပေးရအုံးမယ်လေ...ငါဘုရားရှိခိုးလိုက်အုံးမယ် ... ထတော့နော်" အမေကပြောပြောပြောဆိုဆိုနဲ့ အိပ်ခန်းထဲက ထွက်သွားတယ်။အမေထွက်သွားတော့ ကျွန်မလဲအိပ်ရာထဲကလူးလဲထလိုက်ပြီး မီးဖိုခန်းကိုပြေးရတယ်။ ~~~~ ဆန်ဆေးပြီးတော့ ပေါင်အိုးဖင်ကို ရေစင်အောင် လက်နှီးဝတ်နဲ့ပွတ်ရတယ်။ပြီးတော့မှအိုးခုံထဲထည့် ပလပ်ပေါက်တပ်ပြီး ခလုတ်ဖွင့်လိုက်တယ်။ထမင်းအိုးတည်ပြီးတော့ ဟင်းချက်ဖို့ပြင်ဆင်ရတယ်။ဟင်းချက်နေရင်း အိပ်မက် အကြောင်းကိုတွေးလိုက်မိတော့ စိတ်ထဲမှာဝမ်းနည်းလာသလိုလိုခံစားလိုက်မိတယ်။ကြိုဆိုသူမရှိတဲ့အိမ်၊ထွေးပွေ့မဲ့ သူမရှိတဲ့ အိမ်အလွတ်ကြီးထဲမှာ ကျွန်မအမြဲဝမ်းနည်းနာကျင်ခဲ့ရတဲ့ အိပ်မက်။ ဒီအိပ်မက်ကို ကျွန်မမက်နေခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပါပြီလေ။မှတ်မှတ်ရရပြောရရင် ကျွန်မ ဆယ်တန်းကျခဲ့တဲ့နှစ်ကလို့ပဲ ပြောရလေမလား။ စာမေးပွဲကျတဲ့သူငယ်ချင်းတွေအချင်းချင်း အားပေးကြငိုကြယိုကြတဲ့နေ့ကပေါ့။ကျွန်မကတော့ အဲ့ဒီအချိန်တုန်းက မျက်ရည်မကျခဲ့ပေမဲ့အိမ်ပြန်ရောက်ရင်တစ်မိသားစုလုံးက နှိမ်ကြ၊ ဆူပူကြမှာကိုသိနေလို့ စိတ်ညစ်ပြီး သူငယ်ချင်းတွေနဲ့ထိုင်နေခဲ့မိတာ။ ကိုယ်မဖြေနိုင်တဲ့ စာမေးပွဲကိုကျမယ်ဆိုတာ သိပြီးသားမို့ ကျွန်မငိုစရာ အကြောင်းလဲမရှိခဲ့ဘူးလေ။ "ဟဲ့..မိလတ် နင်ကမငိုဘူးပေါ့ ..ဘာလဲ....နင့်အိမ်က အေးအေးဆေးဆေးပဲလား...စာမေးပွဲကျလို့ မဆူဘူးလား ... ငါအိမ်ကတော့ အမေက မဆူပေမဲ့ငိုမှာသေချာတယ် " "အမယ်လေး ယုယုရယ်....ငါကတွက်စာတွေရပေမဲ့ ...စာတွေကို အလွတ်မကျက်နိုင်တော့ ဖြေမှမဖြေနိုင်ခဲ့တာ...အဲ့ဒါကြောင့် အစကတည်းကမအောင်မှန်းသိပြီးသား ... ငိုချင်စိတ်လဲမရှိပါဘူးဟယ်....ပြီးတော့ ..အိမ်ကမဆူလို့မဟုတ်ဘူးဟေ ... အိမ်ကလဲ ပြောထားတယ်... စာမေးပွဲကျရင် ကျောင်းထွက်ပြီး အိမ်အလုပ်တွေလုပ်ရမယ်တဲ့လေ ... အဲ့ဒါ ထက်ဆိုးတာက ..တစ်မျိုးလုံးက ငါ့ကိုမမနဲ့နှိုင်းယှဉ်ပြီးနှိမ်ကြအုံးမှာ ... ငါလေ ဒီအချိန်မှာ လင်နောက်လိုက်သွားပစ်လိုက်ချင်တယ် .. အဲ့ဒီကျမှငါ့မိဘတွေဘယ်လိုခံစားရလဲသိချင်လို့ " ကျွန်မရွှဲ့ပြီးဖြေလိုက်တော့ ယုယုတို့ ဝင်းမာတို့က ဝိုင်းကြည့်ပြီး စကြတယ်။ "မိလတ် အစုတ်ပလုတ်မ ..စာမေးပွဲတော့ အောင်အောင် မဖြေဘူး...လင်နောက်ကလိုက်ချင်နေပြီ ..ဘာလဲနင့်မှာ ရည်းစားရှိလို့လား "

" ဟင် " မြင်လိုက်ရသော မျက်နှာများကြောင့် မပိုးဖြူ ခေါင်းထဲတွင် မိုက်ခနဲလိုဖြစ်သွားရပြီး အံကိုတင်းတင်းကြိတ်လိုက်မိသည်။ မျိုးမမကတော့ ခပ်တည်တည်ပင်မပိုးဖြူကိုကြည့်နေသည်။ မျိုးမမသည် ၀င်တိုက်မိသူမှာ မပိုးဖြူ မှန်းသိလိုက်သည်နှင့် ကိုဇင်မောင်၏ လက်မောင်းကို ချက်ချင်းပင်ဖက်တွယ်လိုက်သည်။ကိုဇင်မောင်မှာမူ သူတို့ရှေ့တည့်တည့်တွင်လဲကျနေသောမပိုးဖြူကို ကြောင်ငေး၍ ကြည့်နေမိသည်။ " အစ်ကို သွားမယ်လေ ... ဘာကြည့်နေတာလဲ .." မျိုးမမက ကိုဇင်မောင်ကို ကြည့်လိုက်ပြီး အသံမာမာနှင့်ပြောလိုက်ကာ နေရာမှထွက်ခွါရန် ပြင်လိုက်သည်။ မျိုးမမ၏အပြုအမူကို ကြည့်ပြီး မပိုးဖြူလဲကျနေရာမှ ပြန်ကုန်းထလိုက်ပြီးလျှင် လှည့်ထွက်သွားကြသောမျိုးမမတို့ကို လှမ်းခေါ်လိုက်သည်။ "ဟေ့ ...ဒီမှာ ဟိုနှစ်ယောက် ...ရှင်တို့လူတွေ မဟုတ်ဘူးလား ... မတော်တဆဝင်တိုက်မိရင်လဲ အနည်းဆုံး ဆောရီးလို့တော့ပြောရမယ်လေ ...လူ့ယဉ်ကျေးမှုကို မသိတာလား ....လူတွေမဟုတ်တာလား " " ဘာ...ဘာပြောတယ် " "လာ ..လာပါကွာမျိုးရာ ....အစ်ကိုတောင်းပန်ပါတယ် ..သွားရအောင်နော် " သူတို့နှစ်ယောက်မျက်နှာကို တည့်တည့်စိုက်ကြည့်ပြီး အသံမာမာနှင့်ပြောနေသော မပိုးဖြူကို ကြည့်ပြီး မျိုးမမတစ်ယောက် ဆွေ့ဆွေ့ခုန်မတက်ဒေါသဖြစ်သွားရလေသည်။ကိုဇင်မောင်က မျိုးမမ၏လက်ကိုအတင်းဆွဲခေါ်လျက် အပေါ်ထပ်သို့တက်သော စက်လှေကားရှိရာဆီသို့ ခပ်မြန်မြန်ပင် လျှောက်သွားလိုက်သည်။ မပိုးဖြူအံလေးကိုတင်းတင်းကြိတ်လျက် အထုပ်များကို တစ်ခုချင်းစီလိုက်ကောက်လိုက်သည်။ထိုစဉ်မှာပင် လူတစ်ယောက်က မပိုးဖြူ၏အထုပ်များကို ကူ၍ကောက်ပေးလေသည်။အထုပ်များကို ကူကောက်ပေးနေသူကို မပိုးဖြူမော့ကြည့်လိုက်ပြီး ကျေးဇူးတင်စကားပြောလိုက်သည်။ "ကျေး....ကျေးဇူးပါရှင် ...ဟင် ... ရှင် ..ရှင် ကိုမိုးထက် " " ဟုတ်ကဲ့ ကျွန်တော်မိုးထက်ပါ ...ပိုးဖြူ ကျွန်တော့်ကိုမှတ်မိသားပဲ ....ဘာလဲ ဒီမှာဈေးလာဝယ်တာလား ...၀ယ်လို့ပြီးပြီလား .. ကျွန်တော့်ကားကို ငှားစီးလို့ရတယ်နော် ....ကျွန်တော်လဲ အပိုဝင်ငွေလေးဘာလေးရလိုရငြား ရှာနေတာဆိုတော့လေ ... ဘယ်လိုလဲ ကားငှားမှာလား " မိုးထက်မျက်နှာကိုကြည့်ပြီး မပိုးဖြူ တစ်ခဏမျှစဉ်းစားလိုက်သည်။ပြီးမှ အားနာနာဖြင့်မေးလိုက်သည်။ "ဟို ...တကယ်ပဲ ရှင့်ကားကို ငှားလို့ရလားဟင် " "ရပါတယ်ဆိုဗျာ ... ကားငှါးခသာပေးရင် တစ်နေကုန်အောင်ငှားလို့ရတယ် " "တကယ်လား ..ဒါဆို တစ်နေကုန် ငှါးမယ် ... ဒီနေ့ တစ်နေကုန်ရသလောက်လိုက်ဝယ်ချင်တာ ...အထုပ်တွေကို တက္ကစီကားပေါ်မှာမထားခဲ့ရဲလို့ ဘယ်လိုလုပ်ရမလဲစိတ်ညစ်နေတာ ... ကိုမိုးထက်ကိုတော့ ကျွန်မယုံပါတယ် " "ဪ ..ဟုတ်ကဲ့ ....ကျွန်တော့်ကို ယုံပေးလို့ကျေးဇူးပါဗျာ....ကဲ ဒီမှာဝယ်အုံးမှာလား .... ဘယ်သွားမှာလဲ .... ယုံတယ်ဆိုရင် အထုပ်တွေပေးလေဗျာ ...မင်းရဲ့အထုပ်တွေ ကျွန်တော်ယူမပြေးပါဘူးဗျာ ." ပြောပြောဆိုဆိုနှင့်မပိုးဖြူလက်ထဲမှ အထုပ်များကို မိုးထက်ယူလိုက်သည်။မပိုးဖြူက တုံ့နှေးနှေးနှင့် အထုပ်တချို့ကို မိုးထက် ဆီသို့ ပေးလိုက်သည်။ ~~~~~ " အထည်ဆိုင်ဖွင့်မလို့လား ...အရင်အိမ်မှာပဲလား ..." နောက်ကြည့်မှန်မှ လှမ်းကြည့်ပြီး မိုးထက်မသိဟန် ပြုလျက် မေးလိုက်သည်။ကားပေါ်ပါလာအောင်မနည်းခေါ်လာခဲ့ရ၍ စကားမမှားအောင်လည်း မိုးထက်မှာ ဂရုစိုက်နေရသည်။ " ဟုတ်တယ် အထည်ဆိုင်ဖွင့်မလို့ ....ပြီးတော့ ကျွန်မအိမ်ပြောင်းသွားပြီ အရင်နေရာမဟုတ်တော့ဘူး ... " "ဟုတ်လား ...ကိုယ်ပိုင်အလုပ်ရှိတော့ ကောင်းတာပေါ့ ...အွန်လိုင်းကရောရောင်းမှာလား....အထည် ဝယ်ဖို့သွားတာဖြစ်ဖြစ်...စျေးဝယ်ထွက်ရင်ကျွန်တော့်ကားကို ငှါးလေဗျာ ... ပိုးဖြူကိုယ်တိုင် မသွားချင်ရင်လဲ ကျွန်တော်လိုက်ယူပေးလို့ရပါတယ် ....ဖုန်းနံပတ်ပေးထားတာရှိသေးတယ် မဟုတ်လား " မိုးထက်၏အမေးကြောင့် မပိုးဖြူမျက်လုံးဝင့်ကြည့်လိုက်ပြီး " အဲ့ဒီဖုန်းက ပျောက်သွားပြီ " " ဟုတ်လား ...အဲ့ဒါဆို ဖုန်းနံပတ်အသစ်ပေးလေ " မိုးထက်ပြောရင်း မပိုးဖြူ ထံမှ ဖုန်းနံပတ်တောင်းလိုက်သည်။မပိုးဖြူကနောက်ခုံမှနေ၍မိုးထက် နောက်ကျောကို ကြည့်နေလိုက်ပြီး တုံးတိတိနှင့် မေးလိုက်သည်။ "ဒီကားက တက္ကစီမှမဟုတ်တာ ... ရှင်က ဘာအလုပ်လုပ်တာလဲ " မပိုးဖြူ၏ အမေးကြောင့် မိုးထက်ဖြုန်းခနဲဘာဖြေရမှန်းမသိဖြစ်သွားရသည်။ '' ဟို ..ဟိုဗျာ .... ကားအရောင်းဆိုင်မှာ အလုပ်လုပ်တာ..." "ဪ ... ဟုတ်လား ... " မပိုးဖြူမိုးထက်ကိုတစ်ချက်စိုက်ကြည့်လိုက်ပြီး မျက်နှာလွှဲလိုက်ကာ ပြတင်းပေါက် အပြင်သို့ ငေးကြည့်ရင်း လိုက်ပါလာခဲ့သည်။ @@@@@@@@@@@@@@@@@@@@@@ အပိုင်း (၁၆ ) ဆက်ရန် #ဧကြည်ဖြူ

"ဆေးထိုးမှာသာထိုးပေးစမ်းပါကွာ...မင်းမသိပါဘူး ... လူလဲဖျားချင်သလိုဖြစ်နေပြီ " မိုးထက်က ခန္ဓာကိုယ်ကို တစ်ဖက်သို့စောင်းပေးလိုက်ရင်း ပြောလိုက်သည်။ "ဟ ...မသိလို့ မေးတာပေါ့ကွ ..." ရဲသူက မိုးထက်ကိုဆေးထိုးပေးလိုက်ရင်းပြန်ပြောလိုက်သည်။ "အေးကွာ ရဲသူရာ ...ငါ့တစ်သက်နဲ့တစ်ကိုယ်ကွာ ... သူ့လောက်လမ်းလျှောက်နိုင်တဲ့သူ မတွေ့ဖူးဘူးကွာ ... သုံးလေးထပ်ရှိတဲ့ကုန်တိုက်ကိုနေရာလပ်မကျန်စေရအောင်သွားတယ်..ပြီးရင်မနားသေးဘူး ....နောက်ကုန်တိုက်တစ်ခုကိုထပ်သွားတယ်ကွာ.... တစ်ခါတစ်လေစိတ်ပေါက်ပေါက်နဲ့ .. သူ့ကိုချီပြေးပြီးတစ်နေရာမှာကြိုးနဲ့သာတုပ်ထားပစ်လိုက်ချင်တာ " " မင်း ဘာတွေပြောနေတာလဲ ... ဘယ်သူ့ကိုပြောနေတာလဲ..နိုး..နိုး ...မဟုတ်သေးဘူး .... မင်းဘယ်သူ့နောက် လျှောက်လိုက်နေတာလဲ မိုးထက်သတိလက်လွတ် ပြောနေသည်ကို ရဲသူက အငိုက်ဖမ်းပြီး မေးလိုက်သည်။ရဲသူ၏ အမေးကြောင့်မိုးထက်မှာ သူခိုးလူမိဖြစ်သွားရပြီး ရှက်ရယ်ရယ်လိုက်မိသည်။ " မင်းကလဲ လိမ်လို့ကို မရဘူးနော် ...ဆရာဝန်မလုပ်ဘဲ စုံထောက်လုပ်ခဲ့ရမှာ " "ဟေ့ကောင် မိုးထက်ရ ..ငါကပါးနပ်တာမဟုတ်ဘူး .. မင်းက လွန်လွန်မင်းမင်းဖြစ်နေတာ ....မင်းသူသွားရာနောက် လျှောက်လိုက်နေတာလား ... မင်းတကယ်မလွယ်ဘူးပဲ ... နေစမ်းပါအုံး ဒီလိုတွေလုပ်နေရအောင် မင်းက (၁၆)နှစ်သားလား ...သူလဲ အခုလူလွတ်ဖြစ်သွားပြီ မဟုတ်လား ..မင်းကြိုက်ရင် ကြိုက်တယ်လို့ ဒဲ့ပြောလိုက်လေကွာ " ရဲသူ၏စကားကြောင့် မိုးထက်တည်ငြိမ်စွာပင် ခေါင်းကိုခါယမ်းလိုက်မိသည်။ "ငါ သူ့နောက်ကို လျှောက်လိုက်နေတာက စိုးရိမ်လို့ကွ ...လမ်းမှာ သူတစ်ခုခုဖြစ်သွားမှာစိုးလို့ ... အခု ချက်ချင်းဖွင့်ပြောလိုက်ရအောင် ... ငါသူ့အပေါ်ထားတဲ့စိတ်က အဲ့လောက်မပေါ့ပျက်ဘူး...သူ့ကိုသန်မာစေချင်တယ် ...သတ္တိရှိစေချင်တယ် ... သူဘယ်လိုလူပဲဖြစ်ဖြစ် ငါတန်ဖိုးထားနိုင်တယ်ဆိုတာကို ပါးစပ်က မပြောချင်ဘူး ... ဒီထက်လေးလေးနက်နက်ဖော်ပြချင်တာ " "ဟူး ...မင်းအဖြစ်ကတော့ မလွယ်ပါလား .....ဒါနဲ့ နေပါအုံ့ ...မင်းအဲ့ဒီလို လျှောက်လိုက်နေတာသူသိလား " " ဟင့်အင်း ... သိဖို့နေနေသာသာ ... တစ်လောကလုံး သူတစ်ယောက်တည်ရှိနေသလို သွားလာနေတာလေ ..." "အင်း ..... သူ့ရင်တွင်းဝေဒနာတွေကို မေ့ဖျောက်ဖို့အတွက်... ခန္ဓာကိုယ်ကို အလုပ်ပေးနေတာ နေမှာပေါ့ ..." ရဲသူ၏စကားကြောင့် မိုးထက်သက်ပြင်းရှည်ကြီးချလိုက်မိရင်း အပြုံးအရယ်ကင်းမဲ့နေသော သူမမျက်နှာကို မိုးထက်မြင်ယောင်လိုက်မိသည်။ ~~~~~ တစ်နှစ်စာ စာချုပ်ချုပ်ဆိုလိုက်သောအခန်းလေးကို မပိုးဖြူ စိတ်တိုင်းကျပြင်ဆင်နေမိသည်။အခန်းလေးက မျက်နှာဝ(၁၂)ပေ အရှေ့အနောက် (၄၅)ပေရှိသည်။လူနေဆိုင်ခန်းအနေနှင့် ကျယ်သည်ဟုမဆိုသာသော်လည်း မပိုးဖြူလိုတစ်ယောက်တည်းသမား အတွက်ကအဆင်ပြေသည်။အဆင်ပြေလှစွာပင်တစ်ဝက်ထပ်ခိုးလေးလည်းပါသည်။လူက ထပ်ခိုးပေါ်တက်အိပ်ရလိမ့်မည်။အောက်ထပ်တွင် ပစွည်းများခင်းကျင်းလိုက်လျှင် ဆိုင်အပြည့်ဖြစ်သွားလိမ့်မည်။ဆိုင်ခန်းရပြီဆိုတော့ မပိုးဖြူအလုပ်များရတော့သည်။ဆိုင်ခန်းတွင်းကိုအရင်ပြင်ဆင်ရသည်။တစ်ယောက်တည်းမှတစ်ယောက်တည်းဖြစ်နေသော ဘဝတွင် ပင်တော့ပင်ပန်းလှသည်။ အလုပ်ပင်ပန်းလွန်း၍ မပိုးဖြူ၏ ရင်တွင်းမှဝေဒနာများသည်လည်းနာကျင်ကြေကွဲနေဖို့ရန်အချိန်လည်းမရတော့ပေ။ ~~~~~~ "ရလားမျိုး ....ခဏလေးပါကွာ ... အစ်ကို့ဘော်ဒါက သူ့ဆိုင်ကိုလာဖို့ပြောထားလို့ပါ " ရှူပ်ထွေးစည်းကားနေသော ပလာဇာထဲသို့ဝင်လာစဉ် မျိုးမမမျက်နှာကို ရှုံ့မဲ့ထားမိသည်။မျိုးမမကဈေးဝယ်ထွက်လျှင် အဲ့ကွန်းအပြည့်လွှတ်ထားသော ကုန်တိုက်ကြီးများ၊ ဈေးဝယ်စင်တာကြီးများတွင်သာဝယ်သူ။ ယခုလို ပလာဇာမျိုးကို မျက်စောင်းပင်ထိုးကြည့်သူမဟုတ်ခဲ့။အဝတ်အစားချင်းတူလျှင်တောင် ယခုလို့နေရာမျိုးကနေမဝယ်ခဲ့။ ဆိုင်အကြီးကြီးတွေမှာပဲဝယ်ခဲ့သူ။ရန်ကင်းစင်လောက်တောင် သိပ်အရေးမစိုက်ချင်သောမျိုးမမက ကိုဇင်မောင်၏ တောင်းတောင်းပန်ပန်ခေါ်ဆိုမှုကြောင့်ပါလာခဲ့ရခြင်းဖြစ်သည်။ကိုဇင်မောင်ကလည်း မိတ်ဆွေတစ်ယောက်၏ဖုန်းဆိုင်ကို မဖြစ်မနေလာခဲ့ရခြင်းဖြစ်သည်။ဖုန်းဆိုင် တော်တော်များများက ကိုဇင်မောင်ဆီမှ တဆင့်ယူရောင်းကြသည်လေ။ ~~~~~ လက်နှစ်ဖက်တွင် အထုပ်များတပွေ့တပိုက်နှင့် ဈေးဆိုင်ခန်းလမ်းကျဉ်းလေးများမှ မပိုးဖြူမနည်းပင်တိုးထွက်လျှောက်လာခဲ့ရသည်။အဖော်တစ်ယောက်သာပါလျှင်သော် အထုပ်များနှင့်တစ်နေရာမှာစောင့်ထားခိုင်းရုံပင်။ယခုတော့လက်နှစ်ဖက်လုံးလက်အံသေလျက် လူတစ်ကိုယ်လုံးလည်း နုံချိမောပန်းနေပေပြီ။ "ဘုတ် " " အ " ရုတ်တရက်တစ်ဖက်မှ အရှိန်ပြင်းပြင်းနှင့် ဝင်တိုက်လိုက်လိုက်ရာ မပိုးဖြူမှာအထုပ်များနှင့်မနိုင်မနင်းဖြစ်နေသောကြောင့် အရှိန်မထိန်းနိုင်တော့ဘဲ ဖင်ထိုင်ရက်လဲကျသွားရတော့သည်။ရုတ်တရက်မို့ မပိုးဖြူ နာလဲနာသွားသလို ရှက်လဲရှက်သွားသောကြောင့် ၀င်တိုက်မိသူကို မော့ကြည့်လိုက်မိသည်။

"လာပါအုံး ကိုယ်တော်ရယ် ... မင်းကို တွေ့ရဖို့ကလဲခက်ခဲလိုက်တာနော် ... ဒီပွဲကို မင်းလာမယ်ဆိုတာ သိလို့ .... တို့တွေကလာကြိုစောင့်နေတာသိရဲ့လား " ရုတ်တရက် မိုးထက်၏ လက်ကိုဆွဲပြီးပြောလိုက်သော မမကျော့၏အပြုအမူကြောင့် မျိုးမမအံ့ဩသွားရလေသည်။သူတို့နှစ်ယောက်၏ ရင်းနှီးပတ်သက်မှုမှာမည်ကဲ့သို့များလည်းဟု မျိုးမမဇဝေဇဝါဖြစ်သွားရပြီး မိုးထက်တို့ကို မျက်လုံးပြူးလေးနှင့် ကြည့်နေမိသည် ။ "ရတနာနဲ့မျိုးကိုတော့ အားနာပါတယ်ကွာ ..သူများပါတီပွဲမှာ တို့ကဆွေမျိုးစပ်သလိုဖြစ်နေပြိ ... " မမကျော့က မျိုးမမတို့ဘက်ကို လှည့်ပြောလိုက်ရင်း မိုးထက် ကို သူမဘေးကခုံတွင်ထိုင်စေလိုက်လေသည်။ "ဒီရက်ပိုင်းတွေ ဖုန်းဆက်လို့လဲ မရ ...လာရှာရင်လဲမတွေ့နဲ့ ဘာတွေလုပ်နေတာလဲ ပြောအုံး ... " " နည်းနည်းအလုပ်များနေလို့ပါ မမရယ် ... ဖုန်းဆက်မရလဲစာပို့ထားလိုက်လေမမကလဲ ဘာခက်လို့လဲ ...ကျွန်တော်က ဧည့်သည်တွေနဲ့စကားပြောနေရင် ဖုန်းအသံပိတ်ထားတတ်လို့ပါ " "ပြောလိုက်ရင် အဲ့ဒီလိုပဲ ... အိမ်ကိုလာခဲ့အုံး...ကလေးတွေကလဲ မေးနေတယ် " " ဟုတ်ကဲ့ပါ မမ ...ဒီတစ်ပတ် အတွင်း လာခဲ့ပါမယ် " " ဘာဒီတစ်ပတ်လဲ ....ခုညပဲလိုက်ခဲ့ရမယ်...မမ မင်းရဲ့ကားနဲ့ လိုက်ခဲ့မှာ " စကားပြောနေကြသော မိုးထက်နှင့်မမကျော့ကို မျိုးမမ အကဲခတ်နေမိသည်။ကိုနောင်ဆိုသူကလည်း ကိုဇင်မောင်နှင့် စကားပြောနေရင်းမှ တစ်ချက်တစ်ချက်မှာတော့ မိုးထက်ကိုပြုံးမြမြနှင့်ကြည့်တတ်သည်။ဤစကားဝိုင်းနှစ်ခုတွင် ဟိုဘက်သည်ဘက် ငေးနေရသူများမှာမျိုးမမ နှင့်ရတနာစိုးပင်ဖြစ်ပါလေသည်။ " အားလုံးပဲ ရတနာတို့ကို ခွင့်ပြုပါအုံးနော် ...သွားမယ်လေ မျိုး " နှုတ်ဆက်စကားပြောပြီး ထထွက်သွားသော ရတနာစိုး၏ နောက်မှ မျိုးမမထလိုက်လာခဲ့ရသည်။စားပွဲဝိုင်းမှထလာစဉ် မိုးထက်ကိုမသိမသာကြည့်လိုက်မိသောအခါ မိုးထက်ကလည်းလှမ်းကြည့်သည်ကိုတွေ့လိုက်ရသည်။ကိုဇင်မောင်ကိုမူ မျိုးမမလှည့်မကြည့်ဖြစ်လိုက်ပါ။ ~~~~ "သူတို့နှစ်ယောက်က ဘယ်လိုပတ်သက်တာလဲ ရတနာ " စကားဝိုင်းနှင့်ခပ်လှမ်းလှမ်းသို့ရောက်ချိန်တွင် ရတနာစိုးကို မျိုးမမမေးလိုက်မိသည် "ဘယ်သူတွေကို မေးတာလဲ ...မမကျော့နဲ့ကိုမိုးထက်ကိုမေးတာလား ... သူ့တို့ကမောင်နှမဝမ်းကွဲတွေလေ ... မျိုးကိုမပြောပြမိဘူးလား...မမကျော့အမေနဲ့ကိုမိုးထက်ရဲ့အဖေက မောင်နှမအရင်းလေ " "ဟယ် ..ဟုတ်လား " ရတနာစိုး၏အဖြေစကားကြောင့်မျိုးမမ၏ရင်ထဲတွင် ဘာရယ်မှန်းမသိသောခံစားချက်ဖြစ်သွားမိသည်။ ~~~~~ ဧည့်ခံပွဲမှအပြန် ကားပေါ်တွင် မျိုးမမတိတ်ဆိတ်စွာပါလာခဲ့သည်။ " မျိုး တိတ်လှချည်းလား ...နေမကောင်းဘူးလား " နှုတ်ဆိတ်ငြိမ်သက်နေသော မျိုးမမကိုကြည့်ပြီးကိုဇင်မောင်ကမေးလိုက်သည်။ ကိုဇင်မောင်၏ အမေးကို မျိုးမမက ခေါင်းငြိမ့်ပြလိုက်ပြီး "ဒီနေ့ မျိုးသိပ်မလန်းဘူး ဖြစ်နေတယ် အစ်ကိုရယ် ...ဒီညတော့ အမေနဲ့ ပြန်အိပ်လိုက်အုံးမယ် ...အစ်ကို အိမ်ပြန်လိုက်နော် " " နေမကောင်းရင်လဲ ဆေးခန်းသွားမယ်လေ မျိုးရယ် " မျိုးမမကိုကြည့်ပြီးကိုဇင်မောင်က ထပ်ပြောလိုက်သည်။ "ရပါတယ် အစ်ကို ...ဆေးခန်းမသွားတော့ပါဘူး ... အမျိုးသမီး ပြဿနာပါ ...ဒီညတော့အိမ်မှာပဲ နားချင်လို့ပါ " "အင်းပါ မျိုးရယ် ....အဲ့ဒါဆို အစ်ကို အိမ်ပြန်လိုက်ပါ့မယ်ကွာ ..အရေးအကြောင်းရှိရင် ဖုန်းဆက်လိုက်နော် " ~~~~~~ "ကမာရွတ်နဲ့ တောင်ဥက္ကလာ ကတော့တခြားစီပါ ... နေရာကကားလမ်းမကြီးမဟုတ်ပေမဲ့ မိန်းလမ်းမကြီးလို့ပြောတယ် .... နေရာကို ဖြူဖြူစိတ်ဝင်စားရင်သွားကြည့်လိုက်လေ ....တို့လိပ်စာပို့ ပေးလိုက်မယ် " " အင်း ... သွားကြည့်လိုက်မယ် ဝေဝေ .. အဆင်ပြေရင် တစ်ခါတည်း ငှါးခဲ့လိုက်တော့မယ် ...အခုပဲဆယ်ရက်ကျော်နေပြီ ... နေရာကြိုက်တော့ ငွေမနိုင် ... ငွေနိုင်တော့ နေရာမကြိုက်နဲ့ အချိန်တွေကုန်တယ် " " အင်းပါ ... နေရာတော့ သေချာကြည့်အုံး ....ဝေဝေက ဒီနေ့မအားလို့ပါ ...မဟုတ်ရင်အဖော်လိုက်ပေးပါတယ် " "ရပါတယ် ဝေဝေရယ် ....ဒါပဲနော် ... သွားဖို့ပြင်ဆင်လိုက်အုံးမယ် " ဝေဝေဖုန်းချသွားသည်နှင် အပြင်ထွက်ရန် မပိုးဖြူပြင်ဆင်လိုက်သည်။ဆယ်ရက်ကျော်အတွင်း အလုပ်မရှိသည်နှင့်နေရာအနှံ့လျှောက်သွားထားခဲ့သောကြောင့် လူမှာပို၍ပိန်သွားသလို အသားအရည်များပင်ညိုသွားသယောင်ထင်ရသည်။မည်သို့ပင်ဖြစ်စေ ရန်ကုန်တစ်မြို့လုံး မပိုးဖြူမရောက်ဖူးသည့်နေရာခပ်ရှားရှားဖြစ်သွားခဲ့လေပြီ။တောင်ဥက္ကလာနှင့် ရန်ကင်းဘက်ကလွဲလျှင် မပိုးဖြူမသွားခဲ့သောနေရာမရှိခဲ့။အစတုန်းကတော့ ဈေးကွက်လေ့လာရန်ဈေးများကို လျှောက်ကြည့်ခြင်းဖြစ်သည်။နောက်တော့ တိုက်ခန်းထဲမှာ တစ်ယောက်တည်းနေလျှင် မွန်းကြပ်လွန်း၍ ရောက်မိရောက်ရာ လျှောက်သွားနေခဲ့ခြင်းဖြစ်သည်။ရင်ထဲမှ ဒဏ်ရာများကျက်ဖို့ရန် မပိုးဖြူအတွက် အချိန်တစ်ခုလိုအပ်နေသည်မှာတော့ အမှန်ပါပင်။ ~~~~ "ဘာလဲကွ.....သွားလေရာကားနဲ့ သွားနေတဲ့ကောင်က ဘာကိစ္စ ခြေထောက်က ညောင်းကိုက်နေရတာလဲ ..." လူနာခုတင်ပေါ်တွင် လှဲအိပ်ချလိုက်သော မိုးထက်ကိုကြည့်ပြီး ရဲသူမေးလိုက်သည်။

#နွေလယ်အိပ်မက် (အခန်းဆက်ဝတ္ထု) အပိုင်း (၁၅) ***** ကားပေါ်သို့ကြပ်ကြပ်သိပ်သိပ်တိုးတက်ခဲ့ပြီး မပိုးဖြူလိုက်လာခဲ့မိသည်။ ကားက ဘယ်ဆီကိုမောင်းလို့မောင်းနေမှန်းပင်မသိ။မပိုးဖြူမျက်လုံးအိမ်ထဲမှာတော့ စိမ်းကားအေးစက်နေသောသမီးငယ်၏အကြည့်စိမ်းများကိုသာမြင်ယောင်နေမိသည်။မပိုးဖြူ ကိုယ့်လက်ဖဝါးကို ပြန်ပြီးဆွဲညှစ်နေမိသည်။သမီးလေးက မပိုးဖြူ၏နှလုံးသားကို စကားလုံးများဖြင့်ရိုက်နှက်ခဲ့သည်။တန်ပြန်အနေဖြင့် မပိုးဖြူက သမီးလေး၏ပါးပြင်ကို ရိုက်ခဲ့မိသည်။သူတို့နှင့်ပတ်သက်၍ နှလုံးသာက အေးစက်ထုံကျင်သွားပြီဟုထင်ခဲ့မိသော်လည်း သမီးဖြစ်သူနှင့် မျက်နှာချင်းဆိုင်ဆုံမိသောအခါ နှလုံးသားသည် ဆတ်ဆတ်ခါနာကျင်နေမိမြဲပင်။ ~~~~~~~ " အစ်မ ဂိတ်ဆုံးပြီခင်ဗျ " "ရှင် " အနားသို့ ကပ်ပြီးပြောလိုက်သော ကားဆရာ၏အသံကိုကြားမှ မပိုးဖြူရေတင်နည်းပြန်၍သတိဝင်လာခဲ့မိသည်။ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်မိသောအခါတွင် ကျောင်းကဲ့သို့အဆောက်အဦးကြီးများနှင့် သစ်ပင်မြင့်ကြီးများကို တွေ့လိုက်ရလေသည်။ " ဒါ ..ဒါဘယ်နေရာလဲရှင် " ကားဆရာကို မပိုးဖြူ အထိတ်တလန့်နှင့် မေးလိုက်မိသည်။ "ဒါ ....ဒဂုံတက္ကသိုလ်လေ .... ဘယ်ကိုသွားမှာလဲ " " ရှင် .. ဒဂုံတက္ကသိုလ်ရောက်လာတာလား ..ဟို ... ဟို .. သိမ်ကြီးဈေးသွားချင်လို့ပါ " မပိုးဖြူ၏ စကားကြောင့် ကားဆရာက အံ့ဩသလိုမျက်လုံးများဖြင့် ကြည့်သည်။ "ဒီကားကပြန်ထွက်လဲ သိမ်ကြီးဈေးမရောက်ဘူး ...သခင်မြပန်းခြံပဲ ရောက်တာ .. ဟိုးဘက်က ဂိတ်ကိုသွားပြီးစီး ....အဲ့ဒီကားက မြို့တော်ခန်းမရှေ့ရောက်တယ်...ခန်းမရှေ့ရောက်ရင်တော့ သိမ်ကြီးစျေးသွားတတ်မှာပေါ့ . " "ဟုတ် ..ဟုတ်ကဲ့ .... ကျေးဇူးပါရှင် " ကားဆရာကို ကျေးဇူးတင်စကားပြောပြီး ကားဆရာညွှန်ပြသောလမ်းအတိုင်းမပိုးဖြူ ယောင် အအနှင့် လျှောက်လာခဲ့သည်။ တစ်သက်နှင့်တစ်ကိုယ်မရောက်ခဲ့ဖူးသော နေရာများသို့ပင် ရောက်ရှိလာခဲ့သည်။ရှည်လျားသော လမ်းများနှင့် သစ်ပင်မြင့်ကြီးများကြား မပိုးဖြူ တရွေ့ရွေ့လျှောက်လာခဲ့မိသည်။ ~~~~~~~~ " မျိုးမမနိုင်ကတော့ အမြဲလှနေတာပဲနော် " " ဒီလိုပြောပေးလို့ ကျေးဇူးတင်ပါတယ်ကိုရန်ပိုင် " " ကျွန်တော်ကလဲ မျိုးမမကိုကျေးဇူးတင်ပါတယ်ဗျာ ...ကျွန်တော့်ပွဲကို တက်ပေးလို့ပါ " ဧည့်ခံပွဲအတွင်း လျှောက်လာခဲ့ရင်း မျိုးမမ၏အကြည့်များမှာ ဧည့်ခံပွဲတစ်ခုလုံးသို့ မျက်လုံး ဝေ့ကြည့်လိုက်မိသည်။တွေ့ပါပြီ မျိုးမမရှာနေသောသူ။ ခဲရောင်စတိုင်ပန်ဘောင်းဘီနှင့် အဖြူရောင်ရှပ်ကိုတွဲဝတ်ထားသောသူ။ ဆံပင်ရှည်များကိုနောက်သို့လှန်စီးထားပုံက မျက်နှာပုံစံနှင့်လိုက်ဖက်လွန်းနေသည်။ဘေးကလူနှင့်စကားပြောရင်းရယ်နေပုံက မျိုးမမသိပ်ကြိုက်သော နိုင်ငံခြားမင်းသားနှင့်ပင်တူနေသည်။မျိုးမမ ကိုဇင်မောင်နှင့်တွဲလျှောက်နေရင်းမှ မသမသာလူချင်းခွါလိုက်သည်။ "ဟော ..မျိုးရောက်လာပြီလား . " လာရောက်ဆွဲခေါ်သော ရတနာ့ကို မျိုးမမစိတ်ထဲမှကျေးဇူးတင်သွားမိသည်။ရတနာ စိုးကမျိုးမမကို ဆွဲခေါ်လာရင်းမှ မိုးထက်ရှိရာသို့ မျက်စပစ်ပြလိုက်သည်။ရတနာစိုး၏ အမူအရာကို ရိပ်မိသဖြင့် မျိုးမမကမခို့တရို့ ပြုံးလိုက်သည်။ရတနာစိုး၏ခြေလှမ်းများသည် မိုးထက် နှင့် အနီးဆုံးသို့ရောက်ရှိသွားခဲ့သည်။ "လာမျိုး ... ဒီမှာပဲထိုင်ရအောင် ..." မျိုးမမတို့ထိုင်လိုက်သော စားပွဲဝိုင်းတွင် ခေတ်ဆန်လှပသောအမျိုးသမီးတစ်ယောက်နှင့်အတူ အသက်လေးဆယ်ခန့်ရှိ အမျိုးသားတစ်ယောက်ကိုတွေ့ရသည်။ "မမကျော့နဲ့ကိုနောင်မင်္ဂလာပါနော် ... မတွေ့တာတောင်ကြာပြီ ....မျိုးမှတ်ထားနော် ... ဒီကအစ်ကိုနောင်နဲ့မကျော့တို့က ( .....)ကုမ္ပဏီပိုင်ရှင်တွေလေ ...." ရတနာစိုး၏ မိတ်ဆက်ပေးမှုကြောင့် ထိုစုံတွဲအားမျိုးမမ အံ့ဩအားကျစွာကြည့်လိုက်မိသည်။ရတနာစိုးပြောသော ကုမ္ပဏီမှာ မြန်မာနိုင်ငံ၏ ထိတ်ထိတ်ကြဲ စာရင်းဝင်ကုမ္ပဏီကြီးဖြစ်သည်လေ။ သူတို့ပိုင်ဆိုင်သောဟိုတယ်၊ ကုန်တိုက်နှင့်အိမ်ရာများမှာ မြန်မာတစ်နိုင်ငံလုံးလက်ညှိုးထိုးမလွဲရှိသည်။မျိုးမမ စင်္ကာပူမှာနေစဉ်ကတည်းက ကုမ္ပဏီ၏ အရှိန်အဝါကြီးမှုကို ကြားသိနေခဲ့ရသည်။သို့သော်လည်း ပိုင်ရှင်များမှာ ဤမျှအသက်ငယ်ရွယ်လိမ့်မည်ဟုမျိုးမမ မထင်ခဲ့မိ။မျက်မြင်တွေ့လိုက်ရချိန်တွင် နှစ်ယောက်လုံးမှာအသက်လေးဆယ်ဝန်းကျင်သာရှိလေသည်။ " ရတနာ့သူငယ်ချင်းက... မင်းသမီးများလားဟင် သိပ်လှတာပဲ " "မဟုတ်တာပဲ မမကျော့ရယ် ... မျိုးလှတယ်ဆိုတာ မမကျော့ကို ဘယ်မီမလဲရှင် မမကျော့ဆိုသောသူဋ္ဌေးမဆီမှ ချီးကျူးစကားကြောင့် မျိုးမမကျေးနပ်စွာပြုံးလိုက်မိရင်းအလိုက်သင့် ပြန်ပြောလိုက်သည်။ဒီဘက်မှာ မျိုးမမတို့မိန်းမသားသုံးယောက် အဖွဲ့ကျနေသလို တစ်ဖက်တွင်လည်း ကိုဇင်မောင်နှင့်သူဋ္ဌေးကိုနောင်တို့မှာစကား ဖောင်ဖွဲ့နေကြလေသည်။ ထိုစဉ်မှာပင်မျိုးမမတို့ရှိရာစားပွဲဝိုင်းဆီသို့ မိုးထက် ရောက်လာခဲ့လေသည်။စားပွဲဝိုင်းနားသို့ မိုးထက်ရောက်လာသည်ကို တွေ့မြင်လိုက်ရသောအခါ မျိုးမမ၏ရင်ထဲတဒိန်းဒိန်းဆောင့်ခုန်လာလေသည်။မျိုးမမရှက်ပြုံးလေးပြုံးလျက် မိုးထက်ကို မသိမသာလှမ်းကြည့်လိုက်မိသည်။

မပိုးဖြူ၏နေ့စဉ်ခရီးကို လျှောက်သွားနေခြင်းဖြစ်သည်။ဤသို့လျှောက်သွားနေခြင်းဖြစ် လည်း မပိုးဖြူ၏ရင်မှဝေဒနာများကို မေ့ထားနိုင်စွမ်းရှိလေသည်။မပိုးဖြူထိုင်နေရင်းမှ ရေဘူးကိုဖွင့်၍မော့သောက်လိုက်သည်။မပိုးဖြူရေသောက်နေစဉ် မျက်လုံး ရှေ့တည့်တည့်သို့ ရောက်လာသော လူငယ်စုံတွဲကို ကြည့်ပြီး ရေသောက်ရင်းတန်းလန်းမှ အသက်ရှူရပ်သလိုပင်ဖြစ်သွားရသည်။မပိုးဖြူ၏ရှေ့တွင် သမီးဖြစ်သူပိုးအိဇင်နှင့်အတူကောင်လေးတစ်ယောက်။ကောင်လေးကပိုးအိဇင်၏ ပခုံးကိုပိုင်ပိုင်နိုင်နိုင်ပင်သိုင်းဖက်ထားလေသည်။မပိုးဖြူကြောင်ငေး၍ကြည့်နေမိစဉ်မှာပင် ပိုးအိဇင်ကလည်း မြင်တွေ့သွားသည်။သားအမိနှစ်ယောက်လုံး ကိုယ်စီကြက်သေသေလျက်ငေးမောကြည့်နေမိကြသည်။အတန်ကြာလျှင် ပိုအိဇင်က ဦးစွာမျက်နှာကိုလွှဲလိုက်ပြီး ချစ်သူ၏လက်ကိုဆွဲ၍ စင်တာထဲသို့ခပ်မြန်မြန်လျှောက်ဝင်သွားလေသည်။မပိုးဖြူ ခပ်မဲ့မဲ့လေးပြုံးလိုက်ရင်း စင်တာရှေ့မှထွက်လာခဲ့ပြီး တွေ့ရာကားတစ်စီးပေါ် တက်ခဲလိုက်သည်။ယနေ့အဖို့မှာတော့ မိုးမချုပ်မချင်း မပိုးဖြူရွက်လွှင့်ပေအုံးမည်။ @@@@@@@@@@@@@@@@@@@@@@@@@@ အပိုင်း (၁၅) ဆက်ရန် #ဧကြည်ဖြူ

" ဟာကွာ မျိုးရယ်... အဲ့ဒီလိုဖြစ်နေတာကို ....ဘာလို့အစ်ကို့ကို မပြောရတာလဲကွာ ... ငွေက ဘယ်လောက်လိုတာလဲ ပြော ..." "မဟုတ်တာ အစ်ကိုရယ် ...မျိုးဘာသာဆပ်ပါ့မယ် ...ရပါတယ် ...မျိုးရဲ့ဆိုင်က အရောင်းပါးနေလို့ပါ... မဟုတ်ရင် ဒီငွေကို ဆပ်ပြီးပါပြီ " မျိုးမမကလက်ခါခါခြေခါခါနှင့်ငြင်းဆန်လိုက်သည်။ "ကဲပါကွာ ... ငွေက ဘယ်လောက် လိုတာလဲ ...လိုတာကို မနက်ဖြန် ဘဏ်မှာသွားထုတ်လိုက်နော် မျိုး " "ဟုတ်ကဲ့ အစ်ကို ... ကျေးဇူးတင်ပါတယ်...အစ်ကိုသာမရှိရင်တော့ မျိုးဘယ်လိုရှေ့ဆက်ရမှန်း တွေးတတ်မှာမဟုတ်ဘူး ... အစ်ကိုက မျိုးအတွက်တော့ မရှိမဖြစ်ပဲသိလားအစ်ကို " မျိုးမမကမူနွဲ့နွဲ့လေးပြောရင်း ကိုဇင်မောင်၏ရင်ခွင်တွင်းသို့တိုးဝင်လိုက်လေသည်။ ~~~~~~~~ တိုက်ခန်းသို့ပြန်ရောက်သည်နှင့်မပိုးဖြူရေမိုးချိုးလိုက်ပြီး မြတ်စွာဘုရားရှင်ကို ရည်မှန်းပြီးရှိခိုးကန်တော့သည်။ပြီးနောက်တစ်နေကုန်သုံးလာခဲ့သော ကုန်ကျစရိတ်များကိုတွက်ချက်ကြည့်သည်။ရေးသန့်ဘူးဖိုးမှအစ ကားခတစ်ရာနှစ်ရာပင်မကျန်စေရအောင်တွက်ချက်သည်။တွက်၍ ငွေကိုက်ညီသောအခါ ဖုန်းထဲမှ ဖေ့ဘုတ်ကိုစသုံးသည်။ပုံတင်၊သူငယ်ချင်းများရှာနှင့် ဖုန်းနှင့်အလုပ်ရှုပ်နေတော့သည်။ငွေဆိုသည်မှာက ဘယ်လောက်များများ အထွက်ပဲရှိပြီးအ၀င်မရှိလျှင် တစ်ချိန်ကုန်သွားမည်မှာသေချာသည်။သုံးတတ်လျှင်ရှာတတ်ရမည်။ငွေသည်လူတစ်ယောက်အတွက် ကိုးကွယ်ရာဘုရားသခင် မဟုတ်သော်လည်း မရှိမဖြစ်သောအရာဖြစ်သည်။ငွေကြောင့် လူဘဝအမြင့်ရောက်သွားနိုင်သလို ငွေကြောင့်ပင် လူ့ဘဝပျက်စီးနိုင်သည်။မပိုးဖြူဘ၀မအတွက်တော့ အမြင့်မရောက်နိုင်ခဲ့လျှင် တောင် ပျက်စီးခြင်းတော့မဖြစ် စေရဟုဆုံးဖြတ်ထားသည်။နည်းပညာပိုင်းကို မပိုးဖြူ နာရီပေါင်းများစွာလေ့လာသည်။မသိတာနားမလည်တာရှိလျှင် ဖုန်းဆိုင်က ဝန်ထမ်းလေးပြောသကဲ့သို့ ယူကျူ့မှာ သွားရှာသည်။ သင်ယူသည်။အငှါးခန်းရ၍ အထည်ဆိုင်လေးဖွင့်နိုင်လျှင် အွန်လိုင်းပေါ်က ပါ ရောင်းနိုင်အောင်ကြိုးစားမည်။အသက် (၃၆)နှစ်ပဲဖြစ်ဖြစ် (၆၃ ) နှစ်ပဲဖြစ်ဖြစ် အသက်ရှင်နေသ၍ မိမိဘ၀အတွက်ကြိုးစားနေရမည်ကို မပိုးဖြူနားလည်စပြုလာသည်။ညနှစ်နာရီကျော်တွင် မပိုးဖြူအိပ်ဖို့ပြင်သည်။နောက်နေ့အတွက် မပိုးဖြူအားမွေးရပေအုံးမည်။ ~~~~ "လက်ထပ်ပွဲကို လူသိရှင်ကြား တရားဝင်လုပ်မှာမဟုတ်လား မျိုး ... အနည်းဆုံးတော့ ခန်းမတစ်ခုခုမှာလုပ်ခိုင်းပေါ့...ကိုဇင်မောင်ကို အပိုင်ကိုင်ထားနိုင်မှ တော်ရုံကျမှာနော် " "အင်းပါ ..ရတနာရယ် .. တို့က မျိုးမမပဲဟာ " ရတနာစိုး၏စကားကို မျိုး မမက ဝံ့ဝံ့ကြွားကြွားလေးတုံ့ပြန်ပြောဆိုလိုက်သည်။ "ဪ ..ဒါနဲ့မျိုးကို ပြောရအုံးမယ်သိလား ...ကိုမိုးထက်ကြီးလေ ...မျိုးအကြောင်းတွေကို တို့ဆီမှာလာမေးနေတယ်သိလား ...တို့တောင် စိတ်ထဲကနေသူ့ကိုသနားမိသွားသေးတယ် ...အစကတည်းကသာဆိုရင် ဘယ်လောက်ကောင်းမလဲ ...ချမ်းလဲချမ်းသာရုပ်လဲဖြောင့် တယ် ... ပြီးတော့လူပျိုလေကွာ ကိုဇင်မောင်ကြီးထက်တော့သာ တာပေါ့ " ရတနာစိုး၏စကားကြောင့် မျိုးမမ၏ရင်တွေတဒိန်းဒိန်းခုန်လှုပ်သွားပြီးအထစ်ထစ်အငေါ့ငေါ့ဖြင့်ရတနာစိုးကိုမေးလိုက်မိသည်။ ''သူ ..သူက မျိုးအကြောင်းဘာတွေမေးတာလဲဟင် ရတနာ " " မေးတာတော့ စုံနေရောပဲ...မျိုး စင်္ကာပူမှာ နေခဲ့တဲ့အကြောင်းတွေရော ... လက်ရှိအကြောင်းတွေရောပေါ့ ...ဆိုင်ကရောအဆင်ပြေရဲ့လားတဲ့လေ...ကြည့်ရတာရေခဲတုံးကြီး အရည်ပျော်လာတာများလား " "ဟုတ် ... ဟုတ်လား ...ရတနာကဘာတွေ ပြောပြလိုက်လဲဟင်...ကို ..ကိုဇင်မောင်နဲ့ မျိုးအကြောင်းကို ပြောလိုက်သေးလားဟင် " မျိုးမမစိုးထိတ်စွာ မေးလိုက်မိသည်။ " ကိုဇင်မောင်နဲ့ ပတ်သက်နေတာကိုတော့ ဘယ်ပြောမလဲမျိုးရယ် ...ကျန်တာတွေတော့ ပြောပြလိုက်တယ် ..." ရတနာစိုး၏ စကားကြောင့် မျိုးမမစိတ်ထဲမှကြိတ်၍ ကျေးဇူးတင်လိုက်မိသည်။ ''ဒါနဲ့ ကိုရန်ပိုင်ရဲ့ကုမ္ပဏီအသစ်ဖွင့်လှစ်တဲ့အထိမ်းအမှတ်ဧည့်ခံပွဲကို မျိုးကိုဖိတ်ထားသေးလား " ရတနာစိုးပြောမှပင် ထိုအကြောင်းကိုမျိုးမမသတိရသွားမိသည်။ "ဖိတ်ထားတယ် ရတနာ ...မျိုးလဲသွားမှာပါ '' "ဒါဆိုရင် ကိုဇင်မောင်ကိုလဲဖိတ်တယ်မဟုတ်လား ....မျိုးတို့ကို ကြည့်ပြီး ကိုမိုးထက်ကြီးအသည်းကွဲသွားမဲ့ပုံကို ရတနာတော့ မြင်ယောင်မိသေးတယ် ...ကိုရန်ပိုင်နဲ့ ကိုမိုးထက်က တအားခင်တာလေ...သူအဲ့ဒီပွဲမှာ အချိန်ကုန်အောင်ရှိမှာ သေချာတယ် " " ဟုတ် ..ဟုတ်လား " နှစ်ယောက်သားစကားပြောဆိုပြီးနောက် ရတနာစိုးပြန်သွားသည်အထိ မျိုးမမတစ်ယောက်တည်းအတွေးပေါင်းများစွာနှင့်ကျန်ခဲ့လေသည်။ ~~~~ လူငယ်လူရွယ်များပေါများ သော လှည်းတန်းတစ်ဝိုက်သို့ မပိုးဖြူလှည့်ပတ်ကြည့်ရှုပြီးနောက် မောလွန်းလှ၍ လှည်းတန်းစင်တာ ရှေ့မှ အတက်အဆင်းလှေကားထစ်များတွင် အများနည်းတူထိုင်ချလိုက်ပြီးအမောဖြေနေမိသည်။ရေသန့်တစ်ဘူးနှင့်ဘေးလွယ်အိတ်ကိုလွယ်ပြီး နေရာအနှံ့လျှောက်သွားနေခြင်းကြောင့် ခြေထောက်များမှာ ကျိန်းစက်၍နေသည်။ယနေ့ဆိုလျှင် မပိုးဖြူဘ၀သစ်ကိုစသည်မှာ သုံးရက်မြောက်သောနေ့ဖြစ်သည်။လုပ်ငန်းစလုပ်ရန်အတွက်နေရာလည်း မတွေ့ရှိသေး၍

ရပ်တန့်ခဲ့ရတော့သည်။ပြောချင်တာမှာချင်တာရှိလျှင် ဖုန်းဗိုင်ဘာမှ မှာရပြောရသည်။နည်းပညာခေတ်ရေစီးကြောင်းသည် မပိုးဖြူနှင့်မဝေးလှပါ။သို့သော်လည်း မပိုးဖြူအတွက် ခင်ပွန်းနှင့်သမီးမှလွဲ၍ ဤအရာများ မလိုအပ်လှဟုထင်၍လျစ်လျူရှုခဲ့သည်။ယောက်ျားနှင့်သမီးက ကွန်ပျူတာရှေ့ထိုင်နေချိန်တွင် မပိုးဖြူကတီဗီရှေ့တွင် ငေါင်စင်းစင်းနှင့်ထိုင်နေခဲ့သည်။အိမ်ကြီးထဲတွင် မီးသားစုသုံးယောက်ရှိချိန်သည် ဘဝရဲ့အသာယာဆုံးအချိန်ဟုမပိုးဖြူထင်ခဲ့သည်။ပျော်ခဲ့သည်။အမှန်တကယ်တော့ ဘ၀ဆိုသည်မှာ မပိုးဖြူတွေးထင်ထားခဲ့သလို မရိုးရှင်းခဲ့ပါချေ။အထူးသဖြင့် တစ်စုံတစ်ယောက်ကို ချစ်ခင်တွယ်တာပြီး မှီခိုအားကိုးနေရသောဘဝသည် အချိန်မရွေး ပျက်စီးဆုံးရှုံးသွားနိုင်သည်ကို အချိန်နှောင်းမှ သိရှိခဲ့ရလေပြီ။တစ်စုံတစ်ဦးထံမှာ မိမိတစ်ဘလုံးကို မြှုပ်နှံပြီးပျော်ရွှင်နေခြင်းသည် မတည်မြဲနိုင်သောပျော်ရွှင်မှုမျိုးဖြစ်သည်ကို မပိုးဖြူသိရှိလာခဲ့ပါလေပြီ။ဘ၀ကိုတစ်ကပြန်စရခြင်းသည် လွယ်တော့မလွယ်ကူလှပါချေ။သို့သော်လည်း လျှောက်လက်စလမ်းမှာလုံး၀ဆက်လျှောက်၍မရတော့ဘူးဆိုလျှင်ဖြင့် လမ်းသစ်ကိုဖောက်၍ လျှောက်ရပေမည်။မပိုးဖြူတွင် သတ္တိမရှိပါ။ခွန်အားမရှိပါ။သို့သော်ငြား တစ်ဦးတစ်ယောက်၏ စကားကဲ့သို့ပင် သေ၍မရလျှင်ရှင်ဖို့ ကြိုးစားရပေမည်။ ~~~~~~~ ဖုန်းဆိုင်ထဲမှ မပိုးဖြူထွက်လာသောအခါ နေ့တစ်ဝက်ပင် ကျိုးနေပြီဖြစ်သည်။ဖုန်းနှင့် ပတ်သက်၍လည်း အတော်အသင့် မပိုးဖြူ နားလည်ခဲ့လေပြီ။ "တူ ...တူ " ဖုန်းဆိုင်အပြင်သို့ ရောက်ပြီးမကြာမီမှာပင် ဝေဝေ ပေးထားသောဖုန်းလေးမှာ မြည်လာသဖြင့် မပိုးဖြူဖုန်းကိုင်လိုက်သည်။ "ဟယ်လို ဝေဝေ " " အေး ဖြူဖြူ ...မင်းကို မေးစရာရှိလို့ ... မင်းလိုချင်တဲ့ အခန်းကလေ .. ဘယ်မြို့နယ်မှာ လိုချင်တာလဲ ..ဒီမှာပွဲစားနဲ့ ချိတ်ပေးမယ် " "တောင်ဥက္ကလာရယ် ရန်ကင်းရယ်နဲ့ဝေးရင် ပြီးတာပါပဲဝေဝေ .. ဆိုင်အကြီးကြီးမလိုဘူးနော် တော်ရုံအခန်းပဲ... ငွေလဲအများကြီးမနိုင်ဘူး " ဝေဝေ့အမေးကို မပိုးဖြူ ခပ်မြန်မြန်ပင် ပြန်ဖြေလိုက်သည်။ "အေးပါ ...ပြီးတော့ မနေ့ညကတည်းကပြောမလို့ပဲဖြူဖြူ....ငွေလိုရင်ပြောနော် ဝေဝေ့ကိုအားမနာနဲ့ " "ကျေးဇူးပါ ဝေဝေရယ် ... တို့မှာ လုပ်အားခလစာငွေရလာပါတယ် " "လုပ်အားခဟုတ်လား ...ဘယ်က လုပ်အားခလဲ " " အင်း ဒါပဲနော်ဝေဝေ ... ဒီမှာလိုအပ်တာလေးတွေဝယ်ဖို့အတွက် ဆိုင်ရောက်နေလို့ပါ " ဝေဝေ၏နားမလည်ဟန် အမေးကို မပိုးဖြူမသိဟန်ဆောင်ပြီး ဖုန်းကိုချလိုက်သည်။ ~~~~ စကပ်အနက်တစ်ထည်နှင့်ဘလောက်စ်အင်္ကျီအဖြူတစ်ထည်ကို ဝယ်လိုက်သည်။ဝယ်ပြီးသောအခါမှတစ်စုံတစ်ခုကိုတွေးမိပြီး စတိုင်ပန်ဘောင်းဘီခဲ့ရင့် ရောင်တစ်ထည်နှင့် အနီရောင်အင်္ကျီတစ်ထည်ကို ဝယ်လိုက်သည်။အသစ်အတွက် ဝတ်စုံသုံးစုံနှင့်အိမ်နေရင်းဝတ်ဖုံးသုံးစုံဝယ်သည်။ဖိနပ်တစ်ရဲနှင့်ဘေးလွယ်အိတ်တစ်လုံးဝယ်လိုက်သည်။ယနေ့သုံးစွဲမည့်ငွေကြေးကို ညကတည်းကတွက်ချက်ထားပြီးပြီဖြစ်၍ သက်မှတ်ထားသောငွေပမာဏပြည့်သွားသောအခါ ဈေးဝယ်ခြင်းကို မပိုးဖြူရပ်တန့်လိုက်သည်။ပြီးနောက် ကုန်တိုက်၏ အပေါ်ထပ်အောက်ထပ်အနှံ့သို့ လိုက်လံကြည့်ရှုသည်။ဆိုင်များကို လေ့လာသည်။ယနေ့ခေတ်စား နေသောအဝတ်အစားအသုံးအဆောင်များကို လေ့လာသည်။ကုန်တိုက်အနှံ့သွားပြီးသောအခါ မင်္ဂလာစျေးနှင့်ယုဇနပလာဇာဘက်သို့သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။အခန်းမရမချင်းကတော့ ဈေးများနှင့် ကုန်တိုက်များ၊ ဈေးဝယ်စင်တာများသို့ လိုက်လေ့လာရန် မပိုးဖြူ တွေးထားသည်။ဖြတ်သန်းခဲ့ရသောနေ့ရက်များမှာ မပိုးဖြူကရိုးရှင်းသောအနက်ရောင်ထဘီ ၊ စကပ်၊ အဖြူရောင်ဘလောက်စ်အင်္ကျီနှင့် အဖြူရောင်တီရှပ်များကိုသာဝတ်ဆင်ခဲ့သည်။လူအများကြားဘာတွေခေတ်စားနေသည်ကိုလည်းမသိခဲ့ရိုးအမှန်။ယောကျာ်းအတွက်များဖြင့် ဝယ်နေကျဆိုင်တွင်အသစ်ရောက်သည်ဆိုသည်နှင့်ချက်ချင်းဝယ်ပေးခဲ့သည်။သမီးအတွက်ဆိုလျှင်လည်း ထိုကဲ့သို့ပင်။သေချာပြန်စဉ်းစားကြည့်သောအခါ မပိုးဖြူ၏ဘဝနေထိုင်မှုပုံစံမှားယွင်းနေခဲ့လေသည်လားမသိတော့ပါချေ။ ညနေ (၆)နာရီထိုးသောအခါ ကုန်တိုက်နှစ်ခုအပါအ၀င် မင်္ဂလာဈေးနှင့် ပလာဇာအနှံ့သို့ မပိုးဖြူရောက်ခဲ့သည်။ခရီးစဉ်အားလုံးကို ဘတ်စ်ကားဖြင့်သာသွားခဲ့သောကြောင့် လမ်းစရိတ်မှာ သိပ်မကုန်ခဲ့။မိုးချုပ်လာသောအခါ နေသော အခန်းဆီသို့ ပြန်လာခဲ့သည်။တိုက်ခန်းသို့မတက်မီ လမ်းဘေးထမင်းဆိုင်တွင် ထမင်းပေါင်းတစ်ပွဲဝင်စားလိုက်သည်။စားပြီးနောက် ရေသန့်တစ်ဘူးဝယ်ပြီး သုံးလွှာရှိ တိုက်ခန်းပေါ်သို့တက်ခဲ့သည်။ ~~~~~ " မျိုးကဘယ်လိုလုပ်ချင်တာလဲ ...ဒီဆိုင်ကို ဆက်ဖွင့်ချင်တာလား ....နေတာက မျိုးတို့အိမ်မှာပဲနေမှာလား " ကိုဇင်မောင်က မျိုးမမကို မေးလိုက်သည်။မျိုးမမက တစ်ခဏမျှ စဉ်းစားနေဟန်ပြုနေပြီးနောက် "ဆိုင်ကတော့ ဆက်ဖွင့်မယ် အစ်ကို ... နေတာကအစ်ကိုအိမ်မှာနေလို့ရမလားဟင် ...မျိုးတို့အိမ်က မျိုးရဲ့ဆိုင်အတွက်ငွေလိုနေလို့ အသိတစ်ယောက်ဆီမှာ ထားထားလို့ပါ " မျိုးမမ၏စကားကြောင့် ကိုဇင်မောင်၏ မျက်လုံးအစုံမှာပြူးကျယ်သွားရပြီး

ဝေဝေ့စကားကြောင့် မပိုးဖြူမဲ့မဲ့လေးပြုံးလိုက်မိသည်။နေ့စဉ်တစ်ယောက်တည်းနေခဲ့ရသော မပိုးဖြူအတွက်ဘယ်အရာကများ ကြောက်စရာကောင်းပါအုံးမည်နည်း။ "ဒီအခန်းမှာ အနှောက်အယှက်တွေရှိတယ်ဆိုရင်တောင် ဘာမှမဖြစ်ပါဘူး ဝေဝေရယ် ....စိတ်မပူပါနဲ့ " "အင်းပါ ...၀ယ်လာတဲ့ မုန့်တွေလဲ စားလိုက်အုံး ..... ဘယ်သူ့ အကြောင်းမှ မတွေးနဲ့ ...ကိုယ့်အကြောင်းကိုပဲတွေး ... အိမ်က နေ ဖုန်းအပိုတစ်လုံးယူလာခဲ့လိုက်တယ် .. ခဏဖြစ်ဖြစ်ယူထားလိုက်နော် ... အကြောင်းရှိရင် ချက်ချင်းဖုန်းဆက် " "အင်းပါ ဝေဝေ ...ကျေးဇူးတင်ပါတယ် .. နင်ပြန်တော့လေ ....မိုးတွေလဲချုပ်နေပြီ ... ကလေးတွေ မျှော်နေတော့မယ် " " အင်း ..ငါပြန်ပြီးနော် " ဝေဝေပြန်သွားသည်နှင့် ဝယ်လာသောဖျာလေးကိုအခန်းထောင့်တွင်ခင်းလိုက်ပြီး ဗလာစာအုပ် အသစ်စက်စက်လေးနှင့်ဘောပင်ကို မဖိုးဖြူထုတ်ယူလိုက်သည်။အလယ်တန်းအဆင့် အောင်ခဲ့သော မပိုးဖြူအတွက် အတွက်အချက်ကို ကျွမ်းကျင်ပိုင်နိုင်လှသည်မဟုတ်သော်လည်း စာရင်း/လုပ်ရုံလောက်တော့ပိုင်နိုင်ပါလေသည်။ ~~~~ ''ဒေါက် ... ဒေါက် " တံခါးခေါက်သံအဆုံးတွင် ပိုးအိဇင်က အခန်းတံခါးကိုထဖွင့်ပေးလိုက်သည်။ ကိုဇင်မောင်က သမီးဖြစ်သူဖွင့်ပေးသော တံခါးမှဝင်လာလိုက်ပြီး စားရေးစာပွဲမှခုံတွင်ဝင်ထိုင်လိုက်သည်။ "ဒီညနေပဲ အဖေတို့ကွာရှင်းလိုက်ပြီ သမီး ...သူက (၁၈) နှစ်နဲ့ နှစ်လစာလုပ်အားခတောင်းတယ်....တစ်လတစ်သိန်းခွဲနှုန်းနဲ့ အဖေရှင်းပေးလိုက်တယ် ... သမီးနဲ့ပါမပတ်သက်ဖို့ သူလက်မှတ်ထိုးပေးသွားတယ် .....နောက်ဆို သမီးနိုင်ငံခြားသွားလဲသူတားလို့ မရတော့ပါဘူး " ဖခင်၏စကားကြောင့် ပိုးအိဇင်တိတ်ဆိတ်လျက်ပင် ဖခင်ကိုမော့ကြည့်လိုက်သည်။နှုတ်ကတော့ဘာမျှပြန်မဖြေပါ။ "အဖေနဲ့ သမီးရဲ့အန်တီမျိုးလက်ထပ်ဖို့ကိုတော့ ...တစ်လကျော်လောက်အချိန်ယူရအုံးမယ် " "ဟုတ်ကဲ့ ...အဖေတို့အဆင်ပြေရင်ပြီးတာပဲ ...သမီးကိုမုန့်ဖိုးပေးအုံး အဖေ ကိုဇင်မောင်သည် သမီးကို ဖျတ်ခနဲမော့ကြည့်လိုက်မိသည်။ဟိုရက်ကမှ သမီးဖြစ်သူကိုငွေငါးသိန်းထုတ်ပေးခဲ့သည်မဟုတ်ပါလား။ " အရင်ရက်ကပေးထားတဲ့ငွေက ...သင်တန်းကြေးသွင်းရတာတောင်မလောက်ဘူး အဖေ ... အဘွားဆီက ထပ်တောင်းထားရသေးတယ် " ပိုအိဇင်က ဖခင်၏ အကြည့်ကို ရိပ်မိလိုက်သောကြောင့် ချက်ချင်းပင်ဖြေလိုက်သည်။ " အင်းပါ သမီးရယ် ... အဖေ မုန့်ဖိုးပေးခဲ့ပါ့မယ် ...ဒါနဲ့ သမီးအမေက သူ့ပစ္စည်းတွေဘာမှမယူသွားဘူး ...အဲ့ဒါတွေကို အလုပ်သမားတွေကို အဖေပေးလိုက်မယ်သမီး " " အဖေ့သဘောပဲလေ ...သမီးလဲ ဘာမှလုပ်လို့ရတာမှ မဟုတ်တာ " " ဟုတ်ပြီ ..ဒါဆိုလဲအဖေသွားတော့မယ် " ပြောပြီးသည်နှင့် သမီးဖြစ်သူ၏အခန်းမှ ကိုဇင်မောင်ထွက်လာခဲ့လိုက်သည်။ ~~~~~ " ကြည့်ရတာ အဲ့ဒီတိုက်ခန်းမှာနေမယ်ထင်တယ် အစ်ကို ... ခုန အိမ်ကအစ်မနဲ့သွားကြတာ " "ဟုတ်ပြီး ငါ့ညီ ... သူ့ အဲ့မှာနေမှာ သေချာသွားရင် .. ငါ့ညီလဲ ပြန်နားတော့လေ .. နောက်ရက်မှ အစ်ကိုတို့လူချင်း တွေ့တာပေါ့ ... သူ့ကို လိုက်ကြည့်နေတာကိုတော့ သတိမထားမိစေနဲ့" "ဟုတ်ကဲ့ စိတ်ချပါ အစ်ကို .... " ~~~~~~~ မပိုးဖြူအတွက် ဆယ်စုနှစ်ကျော်ဈေးဝယ်ထွက်လာခဲ့သော ကာလတွင် ယခုတစ်ကြိမ်ဈေးဝယ်ထွက်ခြင်းသည် ပထမဆုံးအနေဖြင့်မိမိအတွက်လိုအပ်သည်များကို ဝယ်ယူရန်သက်သက်ဈေးဝယ်ထွက်ဖူးခြင်းဖြစ်သည်။ "အစ်မက ဖုန်းကိုဖုန်းပြောရုံနဲ့ဖေ့ဘုတ်သုံးရုံပဲ သုံးမှာလား...လုပ်ငန်းသုံးအတွက်ပါ သုံးချင်တာလား " ဖုန်းဆိုင်မှ အရောင်းဝန်ထမ်းကောင်မလေးက မပိုးဖြူကို ချိုသာသောအသံဖြင့်မေးလာသည်။ "အင်း ...အစ်မကအွန်လိုင်းကနေအထည်လေးတွေရောင်းဖို့ စိတ်ကူးထားလို့ ..ကင်မရာလှတာလေးလိုချင်တယ် ...အဆင်ပြေရင်တက်ဘလက်တစ်လုံးပါယူမယ် ... ဖေ့ဘုတ်အကောင့်ဖွင့်တာရယ်ပေ့လဲဖွင့်ရမယ်ပြောတယ် ..အဲ့ဒါတွေရောလုပ်ပေးလား ..." " ဟုတ်ကဲ့ အစ်မ ...ညီမတို့ဆိုင်မှာ ဝန်ဆောင်မှုမျိုးစုံရှိပါတယ် ...အစ်မအနေနဲ့ဖုန်းကိုကျွမ်းကျွမ်းကျင်ကျင်သုံးတတ်အောင် ပြသပေးမဲ့ ဝန်ဆောင်မှုလဲရှိပါတယ် ... အစ်မရဲ့အကောင့်ကို လူသိများအောင်ဝန်ဆောင်မှုပေးတဲ့အပိုင်းတွေလဲ ရှိပါတယ် ....၀န်ဆောင်မှုတိုင်းမှာတော့ ...သူ့ဝန်ဆောင်ခနဲ့သူ ရှိပါတယ်ရှင် " "ဟုတ်ကဲ့ ညီမ ...ဖုန်းနဲ့တက်ဘလက်ကို အာမခံပါတာထဲကပဲယူပါမယ် ... အမျိုးအစားကိုအစ်မကြိုက်တာလေး ရွေးပါ့မယ် " ဤနေရာတွင် ကိုဇင်မောင်၏ဖုန်းဆိုင်များသို့ သွားခဲ့ရင်းတွေ့ကြုံခဲ့ရသော အသိအရ သဘောတရားအချို့ကို မပိုးဖြူ နားလည်သဘောပေါက်ပါလေသည်။ဖုန်းကို ကျွမ်းကျွမ်းကျင်ကျင်ကြီးမလုပ်တတ်သော်လည်း သမီးငယ်ကို နားလည်ပေးနိုင်ရန်အတွက်မပိုးဖြူဖုန်းသုံးစွဲပုံ၊ဖေ့ဘုတ်အသုံးပြုပုံများကို အတော်အသင့်နားလည်ခဲ့သည်။ကိုဇင်မောင် ဖွင့်ပေးခဲ့သောဖေ့ဘုတ်အကောင့်တွင် သမီးနဲ့ ယောကျာ်းအပါအဝင်အကောင့်ထဲတွင် ငါးဦးထက်မပိုခဲ့ ။ သမီးကပုံတင်လျှင် တိတ်တိတ်လေးကြည့်ပြီး ကြည့်နူးရသည်။ ယောကျာ်းကပုံတင်လျှင်လည်း ဤသို့ပါပင်။ နောက်ဆုံးတွင်မူ သမီးရောယောကျာ်းပါ မပိုးဖြူကို ဘလော့ သွားသောအခါမပိုးဖြူ၏ ဖေ့ဘုတ်သုံးခြင်းလည်း

အားလုံးကိုကျော်ဖြတ်ကြပါစို့ မပိုး ဖြူ #နွေလယ်အိပ်မက် ( အခန်းဆက်ဝတ္ထု) အပိုင်း (၁၄) ******* တစ်လှမ်းချင်းလှမ်းလာခဲ့သောခြေလှမ်းများက ခြံကြီး၏ အပြင်သို့ရောက်ရှိလာခဲ့သည်။မြေကြီးပေါ်မှခဲလုံးလေးများကို တက်နင်းမိသောဖြေဖဝါးပြင်က နာကျင်ကျိန်းစက်၍နေသည်။ညနေခင်းလေးနာရီကျော်ငါးနာရီဆိုသောအချိန်သည် လမ်းပေါ်တွင် လူအများအပြားသွားလာချိန်ဖြစ်သည်။အားလုံး၏အကြည့်တိုင်းလိုလိုက မပိုးဖြူထံသို့ ဝေ့ဝဲရောက်ရှိလာကြလေသည်။လူတစ်ယောက်ဖိနပ်မပါဘဲ လမ်းလျှောက်နေခြင်းသည်ထူဆန်းသော အခြေအနေမြင်ကွင်းမျိုးတော့ မဟုတ်ချေ။သို့သော်လည်း ဘုရားရင်ပြင်ပေါ်နှင့်သာ့သနာ့နယ်မြေတွင်းမှမဟုတ်လျှင် ဖိနပ်မစီးခြင်း၊ ဖိနပ်ပြတ်ခြင်းကို ကာယကံရှင်ကိုယ်တိုင်ကလည်း ရှက်သလို တခြားလူများကလည်း လှောင်ပြောင်ရယ်မောစနောက်လိုစိတ်များသည် ဓလေ့ထုံးစံတစ်ခုလိုပင်ဖြစ်နေခဲ့ပါလေပြီ။မပိုးဖြူကတော့ ဤအဖြစ်အပျက် အတွက်ရှက်ခြင်းကြောက်ခြင်း ခံစားချက်များလည်း ရှိမနေခဲ့ပါလေ။ခြေလှမ်းတစ်လှမ်းတိုင်းသည် မပိုးဖြူအတွက်လေးလံ အေးစက်၍မာကျောနေသည်။ "ပွမ် .. ပွမ် " " အစ်မ... တက္ကစီလိုသေးလား ခင်ဗျာ " ကားဟွန်းတီးသံနှင့်အတူ မေးသံကြောင့် မပိုးဖြူစောင်းငဲ့၍ ကြည့်လိုက်သောအခါတွင် ဘေးတွင်ရပ်နေသောအငှားကားကို တွေ့လိုက်ရလေသည်။မပိုးဖြူ ခေါင်းကိုအသာငြိမ့်ပြလိုက်ပြီး ကားတံခါးကိုဆွဲဖွင့်၍ ဝင်ထိုင်လိုက်သည်။ ~~~~~~~ " ဟယ် ဖြူဖြူရယ် ......ဖိနပ်လဲမပါဘူး ...ငါ့ကိုဖုန်းဆက်လိုက်တာမဟုတ်ဘူး ...ငါလာကြိုမှာပေါ့ " ဝေဝေသည် မပိုးဖြူကို တွေ့သည်နှင့် စိတ်မကောင်းစွာ ပြောဆိုလိုက်သည်။ "ရပါတယ် ဝေဝေ ..ဖုန်းကထားခဲ့လိုက်ပြီလေ " "အေးပါ ....လာ အိမ်ထဲဝင် " ဝေဝေက မပိုးဖြူလက်ကို ဆွဲကာ အိမ်ထဲသို့ခေါ်ခဲ့သည်။ "လာသူငယ်ချင်း...ထိုင် ..." ဝေဝေညွှန်ပြသောခုံတွင် မပိုးဖြူထိုင်ချလိုက်သည်။ဝေဝေက မပိုးဖြူမျက်နှာကို အကဲခတ်၍သေချာကြည့်လေသည်။ "နင် အဆင်ပြေခဲ့ရဲ့လား ဖြူဖြူ ... နင်ဘာလုပ်ချင်တာလဲ ...ငါဘာကူညီပေးရမှာလဲ ... နင်ချက်ချင်းတက်နေလို့ရမဲ့ တိုက်ခန်းလဲရှိပါတယ် " "ငါ နင့်ကိုတကယ်ကျေးဇူးတင်ပါတယ်ဝေဝေရယ် ... အဲ့ဒီတိုက်ခန်းကအလွှာမြင့်လား ... မြေညီလား...တကယ်လို့ ဈေးဆိုင်ခန်းဖွင့်လို့ရမယ်ဆိုရင် ခြောက်လဖြစ်ဖြစ်ငှါးပါ့မယ် ..အလွှာမြင့်ရင်တော့ တစ်လလောက်ပဲငှါးချင်တယ် ....တကယ်လို့ တစ်လမရလဲ...ပြောင်းမဲ့သူရောက်လာတာနဲ့ ငါဖယ်ပေးပါ့မယ် .....လောလောဆယ် ဒီညက စပြီး နေချင်တယ် " " ဟာ ...ဖြူဖြူရယ် ...ဒီညတော့ ငါ့အိမ်မှာပဲ နေပါလားဟယ် ....အိပ်ခန်းပိုလဲရှိပါတယ် " ဝေဝေ့စကားကြောင့် မပိုးဖြူ ခေါင်းကိုအသာယမ်းခါလိုက်ပြီး "ဒီနေ့တော့ တစ်ယောက်တည်းနေချင်လို့ပါ ဝေဝေရယ် ...တကယ်ကျေးဇူးတင်ပါတယ် " မပိုးဖြူ၏ စကားကြောင့် ဝေဝေကသက်ပြင်းကိုချလိုက်သည်။ "အင်းပါ ဖြူဖြူရယ် ...ဒါဆိုရင်လဲ ထမင်းစားပြီးမှသွားကြမယ်လေ ..နင်လဲနားချင်နေမှာပေါ့ ..... လိုအပ်မယ်ထင်တာလေးတွေတော့ အိမ်ကယူခဲ့လိုက်မယ် ... နောက်ရက်မှ လိုအပ်တာကိုဝယ်လိုက်ပေါ့ " " ရတယ်ဝေဝေ ထမင်းမစားချင် ဘူး....ပြီးတော့ ဘာမှမလိုအပ်ပါဘူး...ခေါင်းအုံးနဲ့စောင်ပဲလိုမှာ မဟုတ်လား... လမ်းမှာဝယ်သွားမယ်လေ " တည်ငြိမ်အေးစက်စွာပြောနေသောမပိုးဖြူကို ဝေဝေဘာမှ ထပ်မပြောတော့ဘဲ နေရာမှထလိုက်သည်။ "ငါကားနဲ့လိုက်ပို့မယ် ..ဒါတော့ မငြင်းပါနဲ့ ..ဖိနပ်အသစ်တစ်ရံလဲစီးသွားလိုက်ပါဟာ ... ငါတောင်းဆိုတာပါ " "ကျေးဇူးတင်ပါတယ် ဝေဝေ " ဝေဝေ့စေတနာကို မပိုးဖြူမငြင်းတော့ပါ ။ ဝေဝေချပေးသော ဖိနပ်ကိုစီးလိုက်ပြီး အိတ်ကိုလွယ်လျက် ဝေဝေ့နောက်မှ လျှောက်၍လိုက်ခဲ့လိုက်သည်။ ~~~~.~ " အစ်ကိုရာ ...ကျွန်တော်မြင်ရတာတောင် တကယ်စိတ်မကောင်းဖြစ်မိတယ်ဗျာ ....အဝတ်အစားကလဲ ဟောင်းဟောင်းနွမ်းနွမ်းလေးတွေ .... ဘေးအိတ်ကလဲ အဟောင်းကြီးမှန်းသိသာလွန်းတယ် ....အဆိုးဆုံးက ဖိနပ်တောင်မပါဘူးဗျာ...ကျွန်တော့်အစ်မသာဆိုရင် အဲ့ဒီအိမ်ကို၀င်ပြီး သောင်းကျန်းလိုက်ပြီး " ဖုန်းထဲမှ ကြားနေရသော စကားများကြောင့် မိုးထက် မရည်ရွယ်ပါဘဲ လက်သီးကိုဆုပ်ထားမိသည်။ "အင်း ...သူအခုသွားတဲ့အိမ်ကရော ..အဆင်ပြေနိုင်ပုံပေါက်ရဲ့လား " " အဲ့အစ်မ သူငယ်ချင်းအိမ်ထင်တယ်....သူနဲ့ရွယ်တူ အစ်မတစ်ယောက် အိမ်ထဲကထွက်လာတာ တွေ့တယ် " "ဟုတ်ပြီ ငါ့ညီ .. အဲ့လမ်းထိပ်ကားဂိတ်ကနေ ခဏလောက် စောင့်ကြည့်နေပေးကွာ " "ဟုတ်ကဲ့ အစ်ကို " တစ်ဖက်မှ ဖုန်းချသွားသောအခါ မိုးထက်သက်ပြင်းမောကြီးကိုချလိုက်မိသည်။ရိုးသားစွာ အကူအညီပေးချင်သော်လည်း အကူအညီမပေးနိုင်သော အခြေအနေမျိုးမှာ သူဘာတွေလုပ်နေမိမှန်းလဲ မိုးထက်ကိုယ့်ကိုယ်ကိုယ်မသိတော့ပေ။ ~~~~~~ "ကြွေပြားခင်းထားလို့ တော်သေးတာပေါ့ ဖြူဖြူရယ် ... ရပ်ကွက်ရုံးမှာလဲ ပြောပြီးပြီဆို တော့ စိတ်အေးလက်အေးနေလို့ရပါတယ် ...နေရဲရဲ့လားဟင် "

လေးငါးစုံကို သိသန့်ထုတ်ထားလိုက်ပြီး ဘေးလွယ်အိတ်အဟောင်းလေးထဲသို့ထည့်လိုက်သည်။ဤအဝတ်အစားလေးငါးစုံနှင့် ဤအိတ်မှာကိုဇင်မောင်၏နောက်သို့ မပိုးဖြူလိုက်လာခဲ့စဉ်က ပါလာခဲ့သောပစွည်းများဖြစ်သည်။ "သူတို့ ဒီညနေလာမှာလို့ပြောလိုက်တာမဟုတ်လား ဒေါ်ကြီးမြ ... ဒီမှာပိုးဖြူရဲ့အသုံးအဆောင်ပစ္စည်းတွေပါ ... ဒါတွေကို ပိုးဖြူမယူသွားပါဘူးရှင်... ဒီမှာထားခဲ့မဲ့အကြောင်း ဒေါ်ကြီးတို့ကိုပြတာပါ " မပိုးဖြူပြောလိုက်တော့ ဒေါ်ကြီးမြတစ်ယောက် စိတ်မကောင်းစွာပင်တစ်ဖက်သို့မျက်နှာလွှဲလိုက်သည်။ ~~~~~ "ဒီမှာရေးထားတာတွေကို မပိုးဖြူ ဖတ်ပြီးပြီဆိုရင် မရှင်းတာ...နားမလည်တာရှိရင်မေးပါ..အဓိကက မပိုးဖြူတို့က တရားဝင်ကွာရှင်းလိုက်ကြပြီမို့ ...တစ်ယောက်အကြောင်းကိုတစ်ယောက်က ဂုဏ်သရေညှိုးနွမ်းအောင် ပြောခွင့်မရှိပါဘူး ...ပြီးတော့ မပိုးဖြူအနေနဲ့ သမီးဖြစ်သူနဲ့ပါ မတွေ့ပါဘူးလို့ ကတိစာချုပ်လက်မှတ်ထိုးရမှာပါ ... ဒါတွေအားလုံးကို သဘောတူတယ်ဆိုရင်လက်မှတ်ထိုးလို့ရပါပြီ ... ဒီမှာမပိုးဖြူတောင်းတဲ့လစာငွေပါ .. တစ်လကို တစ်သိန်းခွဲနှုန်းနဲ့ (၁၈) နှစ်နဲ့ နှစ်လစာပါ ...ကွာရှင်း စာချုပ်မှာလက်မှတ်ထိုးပြီးတာနဲ့ လက်ထပ်စာချုပ်ကိုဖျက်ဆီးပစ်မှာပါ .. ငွေတွေရေကြည့်ပါအုံးမပိုးဖြူ ..အားလုံးဘဏ်ထုပ်တွေပါ " ရှေ့နေဖြစ်သူ၏ အသံက လူအားလုံးကြားသာရုံ တည်ငြိမ်စွာထွက်ပေါ်လာသည်။အခန်းထဲတွင် ရှေ့နေ့နှစ်ယောက်နှင့်အတူ မပိုးဖြူ ၊ကိုဇင်မောင်တို့သားအမိလေးယောက်နှင့် အလုပ်သမားနှစ်ယောက်ရှိသည်။မပိုးဖြူဘက်ကတော့ ရပ်ကွက်လူကြီး၊လမ်းလူကြီးနှင့်အတူ ရပ်ကွက်ထဲမှ အမျိုးသမီးကြီးတစ်ယောက်ကိုပါခေါ်ထားလိုက်သည်။မပိုးဖြူငွေထုပ်ကိုယူစစ်လိုက်ပြီး ရှေ့နေ့ကြီးပေးသောစာချုပ်များတွင်လက်မှတ်ရေးထိုးလိုက်သည်။လက်မှတ်ရေးထိုးပြီးသည်နှင့် မပိုးဖြူရှေ့နေကြီး နှစ်ယောက်နှင့် ရပ်ကွက်လူကြီးများကို ကြည့်လိုက်ပြီး ဘေးတွင်ချထားသော အိတ်ကို ခုံပေါ်သို့သွန်ချပြလိုက်သည်။ "ဒီအိမ်ကနေ လုပ်ခလစာကလွဲရင်... ဘာပစ္စည်းကိုမှကျွန်မယူမသွားပါဘူးရှင်.. အခုကျွန်မ၀တ်ထားတဲ့အဝတ်အစားနဲ့ ...ဒီအဝတ်အစားဒီအိတ်က ကျွန်မ အပျိုဘဝကပိုင်တဲ့ပစ္စည်းတွေပါ...ကျွန်မဒီကထွက်သွားရင် ဖိနပ်တောင်စီးမသွားပါဘူးရှင် .. သူဆင်ထားတဲ့ လက်ဝတ်လက်စားတွေကိုလဲယူမသွားပါဘူးရှင်... ကျွန်မတစ်ကိုယ်လုံးမှာရှာလို့ရပါတယ် ..နောက်ဆုံးအနေနဲ့ ကျွန်မတောင်းဆိုချင်တာက ..လက်ထပ်စာချုပ်နှစ်စောင်လုံးကို ... ဒီရှေ့မှာတင် ကျွန်မကိုယ်တိုင်စုတ်ဗြဲဖျက်ဆီးပစ်ချင်ပါတယ် " မပိုးဖြူ၏ စကားဆုံးသော အခါ ရှေ့နေကြီးက ကိုဇင်မောင်တို့ကို ကြည့်လိုက်ပြီး "မပိုးဖြူတောင်းဆိုတာကို ကိုဇင်မောင့်ဘက်က ခွင့်ပြုပါသလားခင်ဗျာ ..တစ်ယောက်တစ်စောင်စီ ဖျက်ဆီးလို့လဲရပါတယ် " "ရပါတယ်ခင်ဗျာ ...သူ့ကိုဖျက်ဆီးခိုင်းလိုက်ပါ " ကိုဇင်မောင်၏စကားဆုံးသောအခါ ရှေ့နေကြီးက လက်ထပ်စာချုပ် နှစ်စောင်ကို မပိုးဖြူလက်ထဲသို့ထည့်ပေးလိုက်သည်။ " ဗြိ ....ဗြိ ...ဗြိ " စာချုပ်နှစ်စောင်လုံးကို မပိုးဖြူတစ်စစီစုတ်ဗြဲဖျက်ဆီးပစ်လိုက်ပြီးနောက် ကွာရှင်းစာချုပ်ကို အိတ်ထဲသို့ထည့်လိုက်သည်။ "အားလုံးပြီးပြီဆိုရင် ကျွန်မသွားပါတော့မယ်ရှင် .. ကူညီပေးကြတဲ့ရှေ့နေကြီးတို့နဲ့ လူကြီးတွေကိုလဲ ကျေးဇူးတင်ပါတယ်ရှင် " ပြောပြီးသည်နှင့် မပိုးဖြူ အိမ်ထဲမှထွက်ခဲ့လိုက်သည်။ ~~~~~~~ အနက်ရောင်စိန်မိုက်ကယ်ထဘီအဟောင်းလေးနှင့်အရိပ်ပန်းအင်္ကျီအဖြူတစ်ပတ်နွမ်းကို ဝတ်ဆင်ထားသောမပိုးဖြူသည် အရောင်မှိန်ဖျော့နေပြီဖြစ်သော ဘေးလွယ်အိတ်ကိုလွယ်ကာ ဖိနပ်မပါသောခြေဗလာဖြင့် ကိုဇင်မောင်၏ခြံထဲထွက်လာခဲ့လေ သည်။ @@@@@@@@@@@@@@@@‌@@@@ အပိုင်း (၁၄ ) ဆက်ရန် #ဧကြည်ဖြူ စာလုံးပေါင်း အမှားများ ပါရင် သည်းခံပေးကြပါရှင်

ကားဟွန်းသံနှင့်အတူ ခြံတံခါးဖွင့်သံကိုကြားရသည်။ထို့နောက် ခြံဝမှလမ်းလျှောက်လာသော ကိုဇင်မောင်ကို တွေ့ရသည်။မပိုးဖြူထိုင်ရာမှမထဘဲ စောင့်နေလိုက်သည်။ ကိုဇင်မောင်သည် မပိုးဖြူနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး မပိုးဖြူကိုစိမ်းစိမ်းကြည့်သည်။ " ဆွေးနွေးမယ်ဆိုတာဘာလဲ " လက်ထဲတွင်ကိုင်ထားသောစာအုပ်အား ကိုဇင်မောင့်ရှေ့သို့ မပိုးဖြူချပေးလိုက်သည်။ "ကျွန်မ ရှင့်ကိုကွာရှင်းပေးမယ် ....ဒါပေမဲ့ ကျွန်မတောင်းဆိုတာတွေကို ရှင်လိုက်လျောပေးရမယ် " ကိုဇင်မောင်က မပိုးဖြူပေးသော စာအုပ်ကိုကြည့်သည်။သို့သော်စာအုပ်ထဲတွင် ဂဏန်းသင်္ချာများကိုသာတွေ့လိုက်ရသဖြင့် မပိုးဖြူကို ကြည့်ကာ အသံမာမာနှင့် မေးလိုက်သည်။ "ဘာတောင်းဆိုမှာလဲ ...သမီးကို လား ... သမီးကိုမင်းခေါ်လို့ရရင် ခေါ်သွားပေါ့ ..ဒါမှမဟုတ် လျှော်ကြေးလား... ပေးမှာပါ " ကိုဇင်မောင်က အောင်နိုင် သူအသံဖြင့်မေးလိုက်သည်။ ကိုဇင်မောင်၏မျက်နှာကို မပိုးဖြူ စူးစိုက်ကြည့်လိုက်ပြီး "ရှင်ပြောတဲ့ နှစ်ခုလုံးမဟုတ်ပါဘူး .. ကျွန်မလျှော်ကြေးလဲ မလိုချင်ပါဘူး ... ကျွန်မတောင်းဆိုချင်တာက .....ရှင့်ဆီမှာနေခဲ့တဲ့ (၁၈)နှစ်စာအတွက် လုပ်အားခကို လိုချင်တာပါ ...အလုပ်သမားတစ်ယောက်ရဲ့ ပုံမှန်လစာဘယ်လောက်ပေးလဲ ...အဲ့ဒီအတိုင်း ကျွန်မကိုလစာရှင်းပေးပါ...အဲ့ဒီစာအုပ်ထဲမှာ လစာပေးရမဲ့ လအရေအတွက်ပါတယ် ...ပိုလဲမပေးနဲ့လျော့လဲပေးနဲ့ အတိအကျလိုချင်တယ် ပြီးတော့ငွေသားပဲ ပေးပါ... အဲ့ဒါတွေမှ မပေးနိုင်ရင်တော့ မကွာရှင်းပေးနိုင်ပါဘူး .. ရှင်နဲ့ မျိုးမမနိုင်ကိုလဲ လူသိရှင်ကြား အရှက်ကွဲအောင် လုပ်မှာပါ ... ရှင်တို့အတူ ရှိခဲ့ကြတဲ့ပုံတွေ ကျွန်မမှာသက်သေရှိတယ်... ကျွန်မကိုယ်တိုင်က ဘယ်တရားရုံးကိုမှ မသွားချင်လို့ ရှင်နဲ့ ဆွေးနွေးတာပါ " " မင်း .. မင်း ... " ကိုဇင်မောင် ပါးစပ်အဟောင်းသားနှင့် မပိုးဖြူကို ကြည့်နေမိရာမှ သတိဝင်လာပြီး မပိုးဖြူလက်ထဲမှ ဖုန်းကိုလှမ်းလုယူလိုက်သည်။ မပိုးဖြူကလက်ထဲမှဖုန်းကို ခပ်အေးအေးပင်ထိုးပေးလိုက်သည်။ " အဲ့ဒီမှာ... ရှင်တို့ချောင်းသာမှာရှိတဲ့ ပုံတွေရော ..ရန်ကုန်ကပုံတွေပါရှိတယ် ...ဖုန်းကို ရိုက်ခွဲပစ်ချင်လဲရိုက်ခွဲလို့ရပါတယ် .... မူရင်းပုံတွေက လုံခြုံစိတ်ချရတဲ့နေရာမှာ ရှိပြီးသားပါ " "တောက် " ကိုဇင်မောင်ဖုန်းကို ခုံပေါ်သို့ပစ်ချလိုက်ပြီး တောက်တစ်ချက် ခေါက်လိုက်သည်။ "ရှင့်ဘက်က လစာအကုန်ရှင်းပေးတာနဲ့ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပြီး... ကျွန်မထွက်သွားပေးပါမယ်....လက်မှတ်ထိုးဖို့အတွက် ရှေ့နေနဲ့သက်သေတွေပါခေါ်လာခဲ့ပါ ... အခုရှင်ပြန်သွားမယ်ဆိုရင် ....ရှင်အိမ်ကပစ္စည်းတွေကို စောင့်ကြည့်ဖို့ လူတစ်ယောက်အိမ်မှာ လာနေခိုင်းလိုက်ပါ....လစာပေးရမဲ့လအရေအတွက်က (၁၈)နှစ်နဲ့ အစွန်းထွက်နှစ်လပါ " " တောက် " ကိုဇင်မောင် ဒုတိယအကြိမ်မြောက် တောက်တစ်ချက် ခေါက်လိုက်ပြီး အိမ်ပြင်သို့ပြန်ထွက်ခဲ့လိုက်သည်။ ~~~~~ "ဘာ ...ဘာပြောတယ် သား ... သူက အဲ့ဒီလိုပြောလိုက်တယ် ဟုတ်လား " ကိုဇင်မောင်၏ မိခင်ကြီးက အလန့်တကြားမေးလိုက်သည်။ဧည့်ခန်းထဲတွင် မျိုးမမအပါအဝင်လူစုံတက်စုံ ရှိနေကြသည်။ " (၁၈ )နှစ်နဲ့ နှစ်လဆိုတော့လပေါင်းဘယ်နှစ်လရှိတာလဲ...အခု ခေတ် နှုန်းအရအလုပ်သမားတစ်ယောက်ရဲ့ ပုံမှန်လစာဆိုတာနည်းလား ...အောက်ဆုံးထစ်ကတစ်သိန်းခွဲရှိတယ် .. မိသားရှေ့နေကို ခေါ်လိုက် " " ရှေ့နေ့ခေါ်တာကရတယ် အမေ ..သူ့ဆီမှာ ကျွန်တော်တို့ပုံတွေရှိတယ် ... ကျွန်တော်ကတော့ သူတောင်းတာကို ပေးလိုက်ချင်တယ်အမေ...အစကလဲ လျှော်ကြေးပေးဖို့ တွေးထားပြီးသားပဲလေ ..မဟုတ်ရင် မျိုးရဲ့သိက္ခာကို ထိခိုက်လိမ့်မယ် " အားလုံးဆွေးနွေးတိုင်ပင်နေကြချိန်မှာ မျိုးမမကဘာမျှဝင်မပြောဘဲခေါင်းကိုငုံ့ထားလိုက်လေသည်။ " ပေးမယ်ဆိုလဲ မိသားစုရှေ့နေနဲ့ ပေး ... ငါ့မြေးလေးကိုပါ မပတ်သက်ဖို့အတွက် တစ်ခါတည်း လက်မှတ်ထိုးခိုင်း ... ဒီနေ့အချိန်မမီလောက်ဘူး...မနက်ဖြန်ချိန်း လိုက်... ဖုန်းဆက်စမ်း ...ပြီးတော့အိမ်က အလုပ်သမားနှစ်ယောက် ကို မင်းအိမ်ကိုသွားခိုင်းပြီး ပစွည်းတွေစောင့်ကြည့်ခိုင်းထားအုံး ...တော်ကြာသူ့ဦးလေးတွေ ခေါ်ပြီး ပစ္စည်းတွေခိုးထုတ်သွားအုံးမယ် " " အမေပြောတာ မှန်တယ် အငယ်ကောင် ... လုပ်မယ်ဆိုရင်လဲ ပြတ်ပြတ်သားသားလုပ် ... ပြီးတော့ မျိုးကမောင်လေးနဲ့ မဆက်သွယ်ပါနဲ့အုံးနော် " ကိုဇင်မောင်၏ အစ်မတစ်ယောက်ကဝင်ပြောလိုက်သည်။ "ဟုတ်ကဲ့ပါ အစ်မ...မျိုးပြန်လိုက်ပါတော့မယ်ရှင် " " ဘာပဲဖြစ်ဖြစ် ဒီလောက်နဲ့သူ ကျေနပ်လို့တော်သေးတယ်..... သူ့အခြေအနေသူသိလို့ ဒီလောက်ပဲ တောင်းရဲတာလဲနေမယ် " ~~~~~ မပိုးဖြူကနံရံကပ်ဗီရိုကို ဒေါ်ကြီးမြတို့ရှေ့တွင်ပင်ဖွင့်လိုက်သည်။ဗီရိုပွင့်သွားသောအခါ ဗီရိုထဲတွင် ကိုဇင်မောင်၏ အဝတ်အစားများကိုသာ အများဆုံးတွေ့ရပြီး မပိုးဖြူ၏အဝတ်များမှာ အကန့်တစ်ကန့်ထဲတွင်သာရှိလေသည်။အဝတ်အစားများနှင့် အသုံးအဆောင်ပစ္စည်းများအားလုံးကို အိတ်တစ်လုံးထဲသို့ သပ်သပ်ရပ်ရပ်စုထည့်လိုက်သည်။အပြင်တွင် အဝတ်စား

A Kyi စိတ်ညစ်နေပေမဲ့ စာဖတ်သူတွေ မျှော်နေမှာစိုးလို့ ရေးနိုင်သလောက် ကြိုးစားရေးပေးလိုက်ပါတယ်ရှင် #နွေလယ်အိပ်မက် (အခန်းဆက် ဝတ္ထု ) အပိုင်း (၁၃ ) ****** သမီးဖြစ်သူပြန်သွားပြီးကတည်းက တီဗီရှေ့မှဆိုဖာခုံတွင်မပိုးဖြူမလှုပ်မယှက်ထိုင်နေခဲ့သည်။အပြင်တွင် မိုးချုပ်သွားခဲ့ပြီ ဖြစ်သလို အိမ်ထဲတွင်လည်း မှောင်မည်းတိတ်ဆိတ်၍ နေသည်။မပိုးဖြူ မီးထမဖွင့်မိပါ။ နေရာတွင်ပင် အသက်မရှိသူကဲ့သို့ ထိုင်နေမိသည်။လူတစ်ကိုယ်လုံး မလှုပ်နိုင်မယှက်ရှိနေသကဲ့သို့ နှလုံးသားသည်လည်း အေးစက်၍ နာကျင်နေသည်။ " ကျွီ .. " အိမ်တံခါးမကြီး၏ သံပန်းတံခါးကို ဆွဲဖွင့်သံ ထွက်လာသည်။မပိုးဖြူလှည့်မကြည့်မိပါ။ "ထောက် " မီးခလုတ်ဖွင့်သံနှင့်အတူ တစ်ခန်းလုံးလင်းထိန်၍သွားသည်။ လင်းထိန်သွားသော မီးအလင်းရောင်တွင် မလှုပ်မယှက်ထိုင်နေသော မပိုးဖြူကို ရုတ်တရက်တွေ့လိုက်ရသဖြင့် ကို ဇင်မောင်လန့်သွားမိသည်။ထို့နောက် ဒေါသဖြင့် မပိုးဖြူကို အော်လိုက်သည်။ " သမီးကို ဘာလို့ရိုက်လိုက်တာလဲ ..ငါ့ကိစ္စကို ငါနဲ့ရှင်းပါလား ....မင်းကအောက်တန်းစား ဆန်ဆန်ပြုမူနေတာပဲ ....ပြောလေ သမီးကိုဘာလို့ ရိုက်လိုက်တာလဲ " ကိုဇင်မောင်စိတ်မရှည်နိုင်ဘဲ မပိုးဖြူ၏ပခုံးနှစ်ဖက်ကို ခပ်ကြမ်းကြမ်းဆွဲလှုပ်ခါပြီးမေးလိုက်သည်။မပိုးဖြူကမလှုပ်ပါ ။ကိုဇင်မောင့်မျက်နှာကိုလဲ မကြည့်ဘဲ အသက်မဲ့သူလို သာထိုင်နေခဲ့သည်။ "ပိုးဖြူ ..မင်းကြားရဲလား ...သမီးလေးကို ဘာလို့ရိုက်လိုက်တာလဲ " ကိုဇင်မောင်က ထပ်ခါထပ်ခါမေးသည်။မပိုးဖြူ မဖြေပါ။လှုပ်လဲ မလှုပ်ရှားပါ။အေးစက်နေသော မျက်လုံးသေကြီးများနှင့်သာ ကြမ်းပြင်ကိုကြည့်၍ နေခဲ့သည်။မိနစ်အနည်းငယ်ကြာသောအခါ ကိုဇင်မောင်လည်း မောသွားသည်။ ဆိုဖာခုံမှာ ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။ပြီးနောက် နာရီဝက်ခန့်ကြာပြီးသောအခါ ကိုဇင်မောင် စိတ်မရှည်နိုင်တော့ဘဲ ဒေါသတကြီးနှင့်ပင် အပြင်သို့ပြန်ထွက်ခဲ့သည်။ မပိုးဖြူ နာရီပေါင်းများစွာ မလှုပ်မယှက်ထိုင်နေမိပြီးနောက် လူကတရိပ်ရိပ်မူးဝေလာပြီး ခေါင်းထဲတွင်မိုက်ခနဲ ဖြစ်သွားခဲ့သည်။လောကကြီးတစ်ခုလုံး မှောင်အတိကျသွားသည်ကိုသာ မပိုးဖြူသိလိုက်တော့သည်။ ~~~~~~~ ဖျတ်ခနဲမပိုးဖြူသတိဝင်လာချိန်တွင် အိမ်ရှေ့တံခါးမှ နေ့ အလင်းရောင်ကိုမြင်နေရပြီဖြစ်သည်။တစ်ညလုံး မပိုးဖြူသတိလစ်နေခဲ့သည်လား။အိပ်ပျော်နေခဲ့လေသည်လား မသိတော့ပါချေ။နံရံထက်မှ နာရီကို လှမ်းကြည့်လိုက်သောအခါ နံနက် (၇) နာရီထိုးနေပြီဖြစ်သည်။မပိုးဖြူ ဖုန်းကိုလှမ်းယူကာ နံပတ်တစ်ခုကို ခေါ်လိုက်သည်။ပထမတစ်ကြိမ်တွင်ဖုန်းမကိုင်ဘဲရှိသည်။ဒုတိယတစ်ကြိမ်တွင်မူ တစ်ဖက်မှ ဖုန်းကိုင်လိုက်သည်။ဖုန်းကိုင်သူမှာ ကိုဇင်မောင်မဟုတ်ဘဲ အမျိုးသမီးတစ်ယောက်ဖြစ်နေခဲ့လေသည်။ "ဘာပြောမလို့လဲ ...အစ်ကိုအိပ်နေတယ် " ပြန်ဖြေသံမှာမာ၍တင်းနေသည်။မပိုးဖြူ ဖုန်းကိုစပီကာဖွင့်လိုက်ပြီး "ဒီမှာမျိုးမမနိုင် ... ကျွန်မ ကိုဇင်မောင်နဲ့ စကားပြောချင်တယ် ...စပီကာဖွင့်လိုက်ပါ " တစ်ဖက်မှ အသံများခေတ္တတိတ်ဆိတ်သွားသည်။အတန်ကြာသောအခါ ကိုဇင်မောင့် အသံထွက်ပေါ်လာသည်။ " အေး ... ပြော ..ဘာပြောမှာလဲ " " ဒီနေ့လယ် ....ရှင်အားတဲ့အချိန် အိမ်ကို ပြန်လာခဲ့ပါ ... ကျွန်မတို့ ကွာရှင်းဖို့ကိစ္စကို ဆွေးနွေးမယ် " ပြောပြီးသည်နှင့် မပိုးဖြူ ဖုန်းကိုဆတ်ခနဲချပစ်လိုက်သည်။ပြီးနောက် ဝေဝေ့ဆီကို ဖုန်းခေါ်လိုက်သည်။ဝေဝေက ဖုန်းကိုချက်ချင်း ပင်ကိုင်လိုက်လေသည်။ "ဟယ်လို ...ဖြူဖြူ အစောကြီးပဲ ...ဘာပြဿနာဖြစ်လို့လဲ " " အစောကြီးဖုန်းခေါ်လိုက်ရလို့ တောင်းပန်ပါတယ် ဝေဝေရယ် ... ဝေဝေ့ဆီမှာ အကူအညီတောင်းချင်လို့ပါ " " ဪ..... တောင်းပန်ဖို့မလိုပါဘူးဟာ ..ဘာကူညီပေးရမလဲ ပြောလေ " "ဒီ ...ဒီလိုပါ ...ဝေဝေ ပိုးဖြူဆီကို ပို့ပေးတဲ့ ဓါတ်ပုံတွေရှိသေးရင် သိမ်းပေးထားပါလားဟင် ..ပြီး ..ပြီးတော့ ဒီနေ့ ဖြစ်ဖြစ် မနက်ဖြန်ဖြစ်ဖြစ် ပြောင်းလို့ရမဲ့ အခန်းမျိုးရှိလားစုံစမ်းပေးပါလားဟင် ...အကူအညီတောင်းပါတယ် ဝေဝေရယ် ..လစာကတော့ အများကြီးမပေးနိုင်လို့တစ်ယောက်စာနေရာဆိုလဲရပါတယ် " " ဘာလဲ နင်အိမ်ပေါ်ကဆင်းလာမလို့လား ... နေရာအတွက်က မပူပါနဲ့ ... ငါ့ယောက်ျားကို ပြောထားတယ် ..... သူ့မှာ အခန်းလွတ်တွေရှိတယ် ... နင့် သူတို့နဲ့ စကားပြောဖို့အတွက် တစ်ယောက်တည်းဖြစ်နေရင် ငါ့ကိုခေါ်လိုက် ...ငါလာခဲ့မယ် " " ကျေးဇူးပါသူငယ်ချင်းရယ် " မပိုးဖြူရင်ထဲမှ တကယ့်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကားပြောလိုက်မိပါသည်။ ~~~~~~ မပိုးဖြူ စာရေးဇယားများ ရေးမှတ်ပြီးနောက် ရေမိုးချိုးပြီး ထမင်းနှင့်ကြက်ဥကြော်စားလိုက်သည်။ထိုနောက်ဧည့်ခန်းတွင်ထိုင်၍ ကိုဇင်မောင်အလာကို စောင့်နေလိုက်သည်။သမီးဖြစ်သူနှင့် ယောက္ခမဖြစ်သူတို့ထံမှတော့ ဘာသတင်းစကားမျှမကြားရဘဲ ရှိလေသည်။လာနေကျဖြစ်သော ဒေါ်ကြီးမြပင် မနေ့ကရောက်မလာခဲ့ပေ။ "ပွမ်... ပွမ် "