803
订阅者
+424 小时
+167 天
+4630 天
帖子存档
"မ...မလုပ်ပါနဲ့ အမေ ....သမီးလေးကို နေ့ခင်းဘက်တွေမှာခေါ်ထားချင်ခေါ်ထားပါ ...ညဘက်တွေတော့ အိမ်မှာပဲနေခွင့်ပြုပါနော် "
ယောက္ခမကြီး၏ စကားကြောင့် မပိုးဖြူအထိတ်တလန့် ဖြင့်တောင်းပန်လိုက်မိသည်။ ယောက္ခမဖြစ်သူပြောသလိုသာဆိုလျှင် သမီးနဲ့ မပိုးဖြူကြားမှာ ပို၍ စိမ်းကားသွားပေလိမ့်မည်။သမီးသည် အဘယ်ကြောင့်ရယ်မသိ ငယ်စဉ်ကတည်းကပင် ဖခင်ကိုပို၍တွယ်တာသည်။ဖခင်သွားလေရာနောက် တကောက်ကောက်လိုက်ပါတတ်သည်။မပိုးဖြူကိုမူ ဖခင်ဖြစ်သူမရှိချိန်မျိုးမှ ကပ်သည်။မပိုးဖြူမှာ သမီးလေးကို ငုံထားမတတ်ချစ်ရသည်။မပိုးဖြူအတွက် သမီးသည်သာပထမ ဖြစ်ခဲ့သည်။မပိုးဖြူ၏ ဆယ့်ကိုးနှစ်အရွယ်ငယ်ရွယ်စဉ်ဘဝကနေ ယနေ့အချိန်အထိ သမီးဖြစ်သူ့အတွက်သာတွေးပြီး ရှင်သန်နေထိုင်ခဲ့သည်။သမီးငယ်ကို သူမလို ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျသွားမှာကို စိုးရိမ်ပူပန်ခဲ့ရသည်။သို့သော်ဖခင်ဖြစ်သူနှင့်ဘိုးဘွားများ၏ အလိုလိုက်ခြင်းကိုခံရသောသမီးမှာ ဆိုးနွဲ့ချင်သည် ။လုပ်ချင်ရာကို ဇွတ်လုပ်တတ်သည်။တခြားလူကိုလည်း သနားငဲ့ညှာရမှန်းမသိ။သာ၍ဆိုးသည်မှာ တဖြည်းဖြည်း အရွယ်ရောက်လာသည်နှင့်အမျှ မပိုးဖြူအပေါ်လေးစားမှုမရှိခြင်းဖြစ်သည်။သူတစ်ခုခုလိုချင်လျှင် ဖခင်နှင့်အဘိုးအဘွားများကို ပူဆာသည်။တောင်းဆိုသည်။မပိုးဖြူကိုမူ အထင်မကြီး။ ထမင်းချက်ကျွေးသူ၊အိမ်သန့်ရှင်းရေးလုပ်ပေးနိုင်သူတစ်ယောက်အဖြစ်သာစွမ်းနိုင်သည်ဟု မှတ်ယူထားပုံရသည်။ဤသို့ဖြစ်နေရသည်မှာ သမီးငယ်၏အပြစ်ဟုလည်းမဆိုသာပါချေ။ဤသို့မဖြစ်ဖြစ်အောင်တွန်းပို့နေသည်များရှိသည်လေ။သည်အခြေအနေများမဖြစ်အောင် မပိုးဖြူနေ့စဉ် ကြိုးစားနေခဲ့သမျှသည် သမီးအတွက် မုန်းစရာကောင်းသော မိခင်တစ်ယောက်ဖြစ်မှန်းမသိဖြစ်လာခဲ့ချေပြီထင်သည်။
''အေး ယောကျာ်းကို နားပူနားဆာလုပ်လိုက် ... သားသမီးကို နားပူနာဆာလုပ်လို က်နဲ့ ညည်းဘ၀ကသိပ်သာယာနေတယ်ပေါ့လေ ....ငါ့သားလေးမှာ တော့ တစ်ဆိုင်ပြီးတစ်ဆိုင်ပြေးလွှားပြီး ...ပင်ပင်ပန်းပန်းရှာဖွေနေရတာ ... ညည်းက အိမ်ထဲမှာ အခန့်သားနေပြီ ရန်လိုက်လုပ်မနေနဲ့...သက်သောင့်သက်သာနဲ့ ဝတ်နေစားနေရတာကိုတိတ်တိတ်ဆိတ်ဆိတ်နေစမ်းပါအေ ... ပြောတာကြားလား....;'
ငယ်နိုင်လိုဖြစ်နေသော ယောက္ခမကြီး၏စကားများကို မပိုးဖြူလေးပင်စွာခေါင်းငြိမ့်ပြလိုက်ရပါလေသည်။
~~~~~
"ဘယ်လိုလဲအစ်ကို....စက်တွေက အိမ်အထိလိုက်ဆင်ပေးမှာလားဟင် "
မျိုးမမက အသံချိုချိုလေးဖြင့်မေးလိုက်သောအခါ ကိုဇင်မောင်သည် ပြုံးမြမြ အမူအရာနှင့် ခေါင်းငြိမ့်ပြရင်း ဖြေလိုက်သည်။
"ဝယ်သူကတောင်းဆိုရ...င်အိမ်တိုင်ရာရောက်ဝန်ဆောင်မှုပေးမှာပါဗျာ.. ဟုတ်ပြီလား "
" ကျေးဇူးပါ အစ်ကို ... မျိုးကပြန်ရောက်တာ မကြာသေးတော့ ...ဒီမှာလဲ အသိမိတ်ဆွေဆိုလို့ ငယ်သူငယ်ချင်းဖြစ်တဲ့ ...ရတနာပဲရှိတာ ... မျိုးရဲ့ဆိုင်အတွက်...တခြားလိုအပ်တဲ့ပစွည်းတွေ၀ယ်ဖို့တောင် မျိုးမှာ တစ်ယောက်တည်းဖြစ်နေလို့လေ...ကားကလဲ မဝယ်ရသေးဘူး "
မျိုးမမ၏ အားငယ်ဟန်လေဟန်သွင်ပြင်ကိုကြည့်ပြီး ကိုဇင်မောင်မှာ ကရုဏာသက်ရပြန်လေသည်။
" မျိုးတစ်ယောက်တည်း ဖြစ်နေရင် ..အစ်ကိုကူညီပေးပါ့မယ်ကွာ ... ကားသွားကြည့်မယ်ဆိုလဲ အစ်ကိုလိုက်ခဲ့ပေးလို့ရပါတယ် "
"ဟုတ်ကဲ့ ....ကျေးဇူးတင်ပါတယ် အစ်ကို.... ဒါဆို မျိုးရဲ့ဆိုင်ခန်းပြင်ဆင်ပြီးတာနဲ့ ...စီစီတီဗီနဲ့ ကွန်ပျူတာတွေတစ်ခါတည်း ဆင်ပေးနော်အစ်ကို "
မျိုးမမနှင့် ကိုဇင်မောင်တို့၏ဒုတိယအကြိမ်တွေ့ဆုံမှုတွင် တစ်ယောက်နှင့်တစ်ယောက်ရှိန်၍မနေကြတော့ဘဲ ပို၍ရင်းနှီးခင်မင်လာကြလေသည်။သူတို့နှစ်ယောက်တွင်ရေစက်ပင်ပါလေသည်လားမသိ နှစ်ယောက်သား ဗိုလ်ချုပ်ဈေးတွင် လာဆုံကြ သည်။ဆုံကြတော့လည်း နှစ်ယောက်သား ကော်ဖီဆိုင်အတူထိုင်ဖြစ်ကြသည်။
" မျိုးရဲ့ဆိုင်က ရန်ကင်းမှာပဲလား ... အခုဘာနဲ့ပြန်မှာလဲ ...အစ်ကိုနဲ့လမ်းကြုံတာပဲလိုက်ခဲ့လေ "
"မဟုတ်တာ အစ်ကိုရယ် ..ရပါတယ် ..မျိုးရဲ့ဆိုင်က မျိုးတို့အိမ်နားကလမ်းမမှာပါပဲ...ကားပဲငှားပြန်လိုက်ပါ့မယ် "
" မဟုတ်တာကွာ ..ကဲပါ ..လိုအပ်တာတွေ၀ယ်ရင်... အစ်ကိုပါလိုက်သယ်ပေးပါ့မယ်
" ကျေဇူးပါ အစ်ကို "
မျိုးမမ၏နှုတ်ဖျားမှ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ထွက်ကျလာသော ကျေးဇူးတင်သောစကားသံလေးသည် ကိုဇင်မောင်၏နားတွင် ပျားသကာကဲ့သို့ချိုမြနေသယောင်ထင်ရလေသည်။
~-~~~~
"ဒီအခန်းပဲ အစ်ကို "
မျိုးမမကပြောပြီးသည်နှင့် ဆိုင်ခန်းတံခါးသော့ကို ဖွင့်လိုက်လေသည်။
"ဆိုင်အတွက် ဝန်ထမ်းတွေမခေါ်ရသေးတာလား ... မျိုးတစ်ယောက်တည်းပြင်ဆင်နေတာပေါ့လေ "
ကိုဇင်မောင်က တံခါးဖွင့်နေ သော မျိုးမမကိုမေးလိုက်သည်။
"ဟုတ်တယ် အစ်ကို ...လာလျှောက်တဲ့ဝန်ထမ်းတွေတော့ ရှိပါတယ်... မျိုးစိတ်တိုင်းကျမတွေ့သေးလို့လေ "
" ဒီလိုဆိုရင် .... တစ်ယောက်တည်းပြင်ဆင်နေရတာ ...ပင်ပန်းတာပေါ့ မျိုးရယ်...ကဲ ...အခုဘာတွေလုပ်စရာရှိသေးလဲ ....အစ်ကို ဝိုင်းကူပေးမယ် "
" မလုပ်ပါနဲ့ အစ်ကိုရယ် ...အခုကူညီတာတောင် ... အတော်များနေပါပြီ "
#နွေလယ်အိပ်မက်
(အခန်းဆက်ဝတ္ထု )
အပိုင်း (၂)
*******^
" မောင် ..ဒီမှာတဘက်လေ "
ရေချိုးခန်းထဲမှထွက်လာသော ခင်ပွန်းဖြစ်သူထံသို့ မပိုးဖြူ တဘက်ကို ကမ်းပေးလိုက်သည်။ပြီးနောက် ခင်ပွန်းဖြစ်သူ၏ ကိုယ်ပေါ်မှ ရေစက်များကို သုတ်ပေးမည်ကြံသော်လည် ကိုဇင်မောင်က မသိမသာရှောင်ထွက်လိုက်လေသည်။ယောကျာ်း၏ အရိပ်အကဲကိုသိသော မပိုးဖြူသည်လည်း လက်ထဲမှတဘက်ကို လွှတ်ပေးလိုက်ပြီး မှန်တင်ခုံတွင်သွားထိုင်လိုက်သည်။ပြီးလျှင် ယောကျာ်းဖြစ်သူကို ကြည့်လိုက်ပြီး
"မောင့်ကို ပြောစရာရှိတယ် "
မပိုးဖြူ၏စကားကြောင့် ကိုဇင်မောင်က "ဘာလဲ" ဟုသော သဘောဖြင့်ခပ်စူးစူးတစ်ချက်ကြည့်လိုက်သည်။
"ဟို ..ဒီလိုပါမောင် ... သမီးလေးကို ဒီလိုပဲသူ့စိတ်ကြိုက်လွှတ်ထားပေးမလို့လား ...သင်တန်းလေးဘာလေးတက်ခိုင်းပါလားမောင် ...အခုတော့ မိုးလင်းတာနဲ့... သမီးလေးက အပြင်ထွက်လည်ဖို့ပဲ....တွေးနေတာမကောင်းဘူးထင်တယ် မောင် "
" လာပြန်ပြီလားကွယ် .ဖြူ မင်းဟာလေ ... မင်းမှာအလုပ်မရှိအကိုင်မရှိတိုင်း ...ကိုယ့်ကိုယ်ပြဿနာရှာလိုက် ...သမီးဘက်လှည့်ပြီး ပြဿနာရှာလိုက်လုပ်နေတာလား .. သမီးလေးအိမ်လည်တယ်ဆိုတာက ... သူ့အဘွားအိမ်သွားတာလေ....မင်းက ဘာတွေဖြစ်နေတာလဲ ... ပြီးတော့ မင်းကို ပြောရအုံးမယ် ..ဆိုင်က ကောင်မလေးတွေဆီကို ...မင်းက ဖုန်းဆက်ပြီး စစ်လိုက်ဆေးလိုက်နဲ့ ...ဘာလဲ ကိုယ့်သိက္ခာကို ချနေတာလား "
ယောကျာ်းဖြစ်သူ၏ စကားကြောင့် မပိုးဖြူမျက်လုံးအပြူးသားဖြစ်သွားရပြီး
"မဟုတ်တာပဲမောင်ရယ် ....ဖြူက ထမင်းချိုင့်လာပို့ပေးမလို့ ...မောင်ဘယ်ဆိုင်မှာ ရှိလဲလို့မေးလိုက်တာပါ ...ဘာရည်ရွယ်ချက်မှမရှိပါဘူး မောင်ရယ် "
"မင်းကိုပြောလိုက်ရင် ဒီတိုင်းဘဲ... ဘာမှမသိသလို မျက်နှာလေးနဲ့ ...ယောကျာ်းကိုသိက္ခာလိုက်ချနေတယ် "
ဇနီးသည်က ရှင်းပြနေသော်လည်း ကိုဇင်မောင်မလုံမလဲစိတ်နှင့်ဖိဟောက်ပစ်လိုက်သည်။တစ်နေ့က ဖြူဖုန်းဆက်ချိန်တွင် ကိုဇင်မောင်သည် ခိုင်သဇင်နှင့်စားသောက်ဆိုင်သို့ ရောက်နေခြင်းဖြစ်သည်။ခိုင်သဇင်မှာ ကိုဇင်မောင်တို့သွားနေကြ ဘီယာဆိုင်မှ ကောင်မလေးဖြစ်သည်။ခိုင်သဇင်က ချောသည် ၊ လှသည်၊ သွက်သွက်လက်လက်နှင့်ချစ်စရာကောင်းသည်။သို့အတွက် ကိုဇင်မောင်အရေးပေးမိသည်။သို့သော် ဤမျှသာဖြစ်သည်။သည်ထက်မပို။ခိုင်သဇင်နှင့်မှမဟုတ် ကိုဇင်မောင်တွဲသမျှ မိန်းခလေးတိုင်းကို သည်ထက်မပိုခဲ့။ခေတ်စကား အရပြောလျှင် ယောကျာ်းနှင့်မိန်းမအီစီကလီလုပ်ရုံအဆင့်မျှသာဖြစ်သည်။အသက်ဆယ့်ရှစ်နှစ်ကျော်တွင် မပိုးဖြူနှင့်ဆုံးစည်းခဲ့ရသော ကိုဇင်မောင်မှာ မပိုးဖြူကို မြင်တွေ့လိုက်ရသည်နှင့် သိပ်ကို သဘောကျချစ်ခင်သွားခဲ့သည်။သို့အတွက်မပိုးဖြူနှင့် ချစ်သူဖြစ်အောင်ကြိုးစားခဲ့သည်။ဆင်းရဲနုံချာလှသောမပိုးဖြူကို သူမ၏ အုပ်ထိန်းသူဦးလေးမှ အိမ်ထောင်ချပေးတော့မည့် သတင်းကိုကြားသိရသောအခါတွင် ဘဝမှာလိုတာမရ မရှိခဲ့သောကိုဇင်မောင်က မပိုးဖြူကို ခိုးပြေးခဲ့သည်။ကိုဇင်မောင်၏ မိဘများသည်လည်း ဘ၀အခြေအနေကွာခြားလှသော မပိုးဖြူနှင့် သဘောမတူကြသော်လည်း သဲသဲလှုပ်ချစ်ခင် အလိုလိုက်ထားခဲ့သော သားအငယ်ဆုံးလေးဖြစ်သောကြောင့် အားမတန်၍မာန်လျှော့လိုက်ကြရလေသည်။ကိုဇင်မောင်အနေနှင့် မပိုးဖြူကိုချစ်ပါသည်။ချစ်၍လည်း အရယူခဲ့သည်လေ။သို့သော်လည်း ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျခဲ့ရသောအခါ လူငယ်ဘဝကို ပြည့်ပြည့်၀မခံစားခဲ့ရသလိုဖြစ်ပြီး အိမ်ထောင်သက် ငါးနှစ်ကျော်လာသည်မှစ၍ ကိုဇင်မောင်စိတ်ထဲမိန်းမချောမိန်းမလှလေးများနှင့်ပက်သက်နေရသည်ကို ပျော်ရွှင်လာခဲ့သည်။သူတို့လေးတွေနှင့် တွဲသွားတွဲလာလုပ်နေရလျှင် စိတ်ကျေနပ်သည်။သို့ သော်သည်မျှသာဖြစ်သည်။သည်အခြေအနေသည် အိမ်ထောင်ရေးဖောက်ပြန်ခြင်းမဟုတ်ဟု ကိုဇင်မောင်ယူဆထားသည်။ဘ၀ကို လွတ်လွတ်လပ်လပ်နှင့် ဖြတ်သန်းချင်ရုံသာဖြစ်သည်။မိန်းမဖြစ်သူကိုလည်း ပြည့်စုံကုံလုံအောင်ထားခဲ့သည်မဟုတ်ပါလား။
ညအိပ်ဝတ်စုံလဲပြီးသည်နှင့် အိပ်ရာပေါ်လှဲချလိုက်ပြီး တစ်ဖက်သို့လှည့်အိပ်လိုက်သော ယောကျာ်းဖြစ်သူကို ကြည့်ပြီး မပိုးဖြူသက်ပြင်းမောကိုချလိုက်မိသည်။
~~~~
"ဘယ်လိုဖြစ်ရတာလဲ မိဖြူ ... ညည်းက ငါ့မြေးကိုနေရာတကာ လိုက်ချုပ်ချယ်နေတယ်ဆို ....ငါ့မြေးက ခေတ်လူငယ်ဆိုတာ ညည်းမသိဘူးလား...ပြီးတော့ ပြည့်စုံချမ်းသာတဲ့အသိုင်းအဝိုင်းမှာ လူဖြစ်လာတာ ..ညည်းလို ဦးလေးသားချင်းအိမ်ကပ်နေရတဲ့ အဆင့်မျိုးမဟုတ်ဘူး ... ဒါကို ညည်းက ဘာကိစ္စငါ့မြေးကို ..ညည်းလို သိမ်သိမ်ငယ်ငယ်နဲ့နေရတဲ့ဘ၀နဲ့တူအောင်လုပ်နေတာလဲ ပြောစမ်း "
" မ..မဟုတ်ပါဘူးအမေ...
ကျွန်...ကျွန်မက...သမီးလေး လမ်းမှားတွေ့မှာစို့လို့ပါ "
ယောက္ခမဖြစ်သူ၏ ဆူပူကြိမ်းမောင်းမှုကို မပိုးဖြူအထစ်ထစ်အငေါ့ငေါ့နှင့်ဖြေရှင်းလိုက်မိသည်။
"ဘာပြောတယ် လမ်းမှားဟုတ်လား ... ညည်းလိုရှစ်တန်းပဲ အောင်တဲ့ အဆင့်ကများ ... ငါ့မြေးကို လမ်းမှန်ပြနိုင်မယ်ထင်နေတာလား ...ငါ့မြေးကဆယ်တန်းအောင်ပြီးသွားပြီ....မကြာခင် တက္ကသိုလ်တက်တော့မဲ့သူဆိုတာ ညည်းသိရဲ့လား ...ညည်းဒီလိုသာ ဆက်လုပ်နေရင်...ငါ့မြေးကို ငါတို့အိမ်မှာပဲ ခေါ်ထားလိုက်တော့မယ် "
စိတ်ရှုပ်စိတ်ပျက်သွားရလေသည်။ဤအချင်းအရာကို မပိုးဖြူကတော့ မသိပါချေ။နေ့စဉ် သူ ပြုမူလုပ်ဆောင်နေကြအတိုင်းသာ လုပ်ဆောင်နေလေသည်။
"ဖယ်စမ်းပါကွာ ... ငါ့ခန္ဓာကိုယ်ပေါ်က အဝတ်တော့ငါ့ဘာသာ ချွတ်တတ်ပါတယ် "
ကိုဇင်မောင်သည် ပြောပြောဆိုဆိုနှင့် မပိုးဖြူကို တွန်းထုတ်ပစ်လိုက်သည်။မဖြစ်စဖူးကိုဇင်မောင်၏ အမူအရာကြောင့် မပိုးဖြူမှာအံ့သြထိတ်လန့်သွားရလေသည်။ယခင်ကဆိုလျှင် ကိုဇင်မောင်သည် သူကိုယ်ပေါ်မှ အဝတ်အစားကိုပင်ချွတ်ရမှာပျင်းလှ၍ မပိုးဖြူကပင်ချွတ်ပေးရသည်။ရေချိုးခန်းသို့ အတင်းတွဲကာပို့ရသည်။ရေချိုးပြီးလျှင်ရေသုတ်ရန်ပျင်းသော ချစ်ခင်ပွန်းကို နောက်မှတကောက်ကောက်လိုက်ကာ ရေသုတ်ပေးရသည်။ဤအကျင့်သည် အသက်ဆယ့်ရှစ်နှစ်အရွယ် အိမ်ထောင်ဦးကာလမှစ၍ ယနေ့ .မပိုးဖြူအသက်သုံးဆယ်ငါးနှစ်ကျော်လာသည်အထိနေ့ စဉ်၀တ္တရားမပျက်လုပ်ကိုင်ဆောင်ရွက်လာခဲ့သည်။မှတ်မှတ်ရရ မပိုးဖြူအသက်ဆယ့်ကိုးနှစ်၌ သမီးလေးကိုမွေးဖွားပြီးခါစ အချိန်များတွင်သာ ဤ၀တ္တရားကိုပျက်ကွက်ခဲ့သည်။ယုတ်စွအဆုံး ကိုဇင်မောင်တစ်ယောက် မိန်းခလေးများတရုံးရုံးနှင့် ပျော်ပါးပြီးပြန်လာခဲ့လျှင်တောင် မပိုးဖြူမှာစိတ်ဆိုးစိတ်ကောက်ဖို့သတိမရဘဲ ချစ်ခင်ပွန်းကို ယုယကြင်နာမြဲ ကြင်နာခံသည်။ယောကျာ်းပဲလေ သည်လောက်တော့ ရှိပေမပေါ့ဟုမပိုးဖြူဖြေသိမ့်တွေးခဲ့သည်။ အတည်မတွဲဘဲ အိမ်သို့ညတိုင်းပြန်လာတတ်သည်ကိုပင် မပိုးဖြူမှာကျေးဇူးတင်နေခဲ့ရသည်။မပိုးဖြူသည် စိတ်ညစ်စိတ်ရှုပ်နေဟန်ဖြစ်နေသော ချစ်ခင်ပွန်း၏ မျက်နှာကို ကြည့်လိုက်ပြီးလျှင် မဝံ့မရဲ့ဖြင့် မေးလိုက်လေသည်။
"ဘာစိတ်ညစ်စရာရှိလို့လဲမောင် ... ဆိုင်မှာ အဆင်မပြေခဲ့ဘူးလား "
"ကဲပါ ..ဖယ်စမ်းပါကွာ ...လူကို လိုက်ကပ်နေတာ တောက်တဲ့ ကျနေတာပဲ....ညဝတ်အင်္ကျီတွေပဲ ထုတ်ထားလိုက် .. ရေသွားချိုးတော့မယ် "
ကိုဇင်မောင်သည် မပိုးဖြူကို တွန်းဖယ်လျက်ရေချိုးခန်းထဲသို့ ဝင်ခဲ့လေသည်။ကျန်ခဲ့သော မပိုးဖြူမှာမူ ခင်ပွန်းဖြစ်သူ၏ အမူအရာကြောင့်စိုးရိမ်ပူပန်၍နေလေသည်။
@@@@@@@@@@@@@@@@@@@@@@
အပိုင်း(၂ ) ဆက်ရန်
မင်္ဂလာပါရှင်
# နွေလယ်အိပ်မက် " အခန်းဆက်ဝတ္ထုစ/ဆုံး ကို Kpay (or ) Wave 1000 Ks ဖြင့်ဝယ်ယူဖတ်ရှုလို့ရပါတယ်။
*အထူးပြောချင်တာက 1000 Ks ပေးသည်ဖြစ်စေ / မပေးသည်ဖြစ်စေ မည်သူမဆိုဝင်ရောက်ဖတ်ရှု/share / Copy (ကလောင် အမည်ပြောင်းခွင့်မပြုပါ ) ပြုလုပ်လို့လဲရပါတယ်
၀တ္ထုက ရေးပြီးသားမဟုတ်ဘဲ နေ့စဉ် ရေးသားပြီး အကောင့် /p age နဲ့ ဂရုတွေမှာ public နဲ့ တစ်ပြိုင်တည်းတင်ပေးသွားမှာဖြစ်ပါတယ်။နေ့စဉ်တင်ပေးသွားမှာဖြစ်ပြီး တစ်ခါတစ်ရံ ကျမ်းမာရေး၊ အလုပ်တာဝန်များကြောင့် ရက်ပျက်တာမျိုးလဲ ရှိနိုင်ပါတယ်။ဖတ်ရှုအားပေးကြသူများကို ကျေးဇူးအထူးတင်ရှိပါတယ်။
(၀တ္ထုကရေးပြီးသား မဟုတ်ပါဘူးရှင် နေ့စဉ် ရေးပြီးတာနဲ့ လိုင်းပေါ်တင်သွားမှာဖြစ်ပါတယ် )
KPay
09773745413
Lai Lai win
Wave
09773745413
Lae Lae win
#ဧကြည်ဖြူ
#AKyiPhyu
" အိက နေ့တိုင်းထွက်လို့မရဘူးလေ... တစ်ပတ်မှာ နှစ်ရက်ပဲရတာ..ဒါတောင်အိဖေဖေကြောင့် ထွက်လို့ရတာ ... မဟုတ်ရင် အမေက ... ညဘက်မပြောနဲ့နေဘက်တောင် ခွင့်မပြုဘူးလေ ... တို့ဖေဖေကိုကြောက်လို့သာ အိကိုခွင့်ပြုပေးနေတာ "
သမီးဖြစ်သူ၏အခန်းရှေ အရောက်တွင် အခန်းထဲမှအသံများကြောင့် မပိုးဖြူတံခါးကိုဖွင့်ကာ အခန်းထဲသို့ လှမ်းကြည့်လိုက်သည်။
" သမီး....အိလေ အခုထိမအိပ်သေးဘူးလား ..."
မပိုးဖြူသည် သမီးဖြစ်သူကိုမေးလိုက်ရင်းမှ အခန်းတံခါးကိုဖွင့်ပြီး အခန်းထဲသို့ဝင်လိုက်လေသည်။ အခန်းထဲသို့ရောက်သောအခါ ဖွင့်ထားသောလက်တော့ဖန်သားပြင်တွင် ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသဖြင့် မပိုးဖြူစိတ်တိုသွားရလေသည်။
"သမီး ဘယ်အချိန်ရှိနေပြီလဲ ... လက်တော့ကို ပိတ်လိုက်တော့ '
မပိုးဖြူပြောနေစဉ်မှာပင် တစ်ဖက်မှ ကောင်လေးသည် ဖန်သားပြင်ကိုပိတ်လိုက်လေသူ။ကြည့်ရသည်မှာ မပိုးဖြူပြော လိုက်သော စကားကိုကြားပုံရလေသည်။ပိုးအိဇင်သည်လည်း လက်တော့ကိုပိတ်ပစ်လိုက်ပြီး မိခင်ကို ကြည့်လိုက်သည်။
" အခန်းတံခါးမခေါက်ဘဲ ဘာလို့ ၀င်လာရတာလဲ အမေ ..သမီးက (၁၆)နှစ်ပြည့်ပြီးပြီ ... ဆယ်တန်းလဲဖြေပြီးပါပြီ...သမီး ကလေးမဟုတ်တော့ဘူး.... သမီးရဲ့အခွင့်အရေးတွေကို လိုက်မပိတ်ပင်ပါနဲ့တော့ အမေ...ဝေယံက ဖေဖေ့မိတ်ဆွေရဲ့သား ...အဆင့်အတန်းရှိတဲ့လူပါ "
" ဘယ်လိုပြောလိုက်တာလဲသမီး ...သူကဘယ်လိုလူဖြစ်ဖြစ်...ညဆယ်နာရီ ...ဆယ်တစ်နာရီမှာ ...သမီးဘယ်ယောကျာ်းလေးနဲ့မှ စကားမပြောရဘူး "
မပိုးဖြူ အသံမာမာနှင့် ပြောလိုက်သောအခါ သမီးငယ်ပိုးအိဇင်သည် ခြေကိုဆောင့်လျက် ခုတင်ပေါ်တွင် လှဲအိပ်ချလိုက်လေသည်။ထိုစဉ်မှာပင်ခြံရှေ့မှ ကားဟွန်းတီးသံထွက်ပေါ်လာလေသည်။
"ပွမ် ..ပွမ် ..
ကားဟွန်းသံကြားသည်နှင့် မဖိုးဖြူ အိမ်တံခါးကိုခပ်မြန်မြန်ဖွင့်ပြီး ခြံထဲသို့ဆင်းခဲ့လိုက်သည်။အိမ်တံခါးဝနှင့် ခြံတံခါးမှာဆယ်ကိုက်စာမျှသာဝေးလေသည်။မပိုးဖြူတို့အိမ်တွင် အိမ်အကူမရှိ၊ ခြံအလုပ်သမားမထား အားလုံးကိုမပိုးဖြုတစ်ယောက်တည်းပင် တာဝန်ယူလုပ်ကိုင်သည်။ချက်ရေးပြုတ်ရေး၊ လျှော်ဖွပ်သန့်ရှင်းရေးနှင့် လစဉ်မီတာဆောင်သည်မှအစ အရာခပ်သိမ်းကို မပိုးဖြူကတာဝန်ယူထားသည်။အိမ်အကူ ခေါ်လျှင် ခေါ်နိုင်လျက်သားနှင့်ခင်ပွန်းနှင့်သမီးငယ်လေးကိုချစ်မြတ်နိုး၍ ကိုယ်တိုင်ကိုယ်ကျပြုစုစောင့်ရှောက်ပေးနေခြင်းဖြစ်လေသည်။
"ဘာတွေလုပ်နေတာလဲကွာ ...မောင်ရောက်နေတာကြာနေပြီ ..ဘာလဲ သမီးနဲ့ စကားများနေကြပြန်ပြီလား "
ကိုဇင်မောင်က ခြံတခါးဖွင့်နေသော မဖိုးဖြူကို ပြောလိုက်သည်။
"မ ..မဟုတ်ပါဘူးမောင်ရယ် ... သမီးက ခုချိန်ထိ မအိပ်သေးလို့ပါ "
မပိုးဖြူ ခြံတံခါးကို ဖွင့်ပေးရင်းပြောလိုက်သည်။ကိုဇင်မောင်က .ကားကို ခြံထဲသို့မောင်းဝင်ခဲ့လေသည်။
~~~~
"မောင် ထမင်းစားမှာလား "
"မစားတော့ဘူးကွာ ..မင်းကိုပြောရအုံးမယ်ဖြူ ....သမီးတို့ခေတ်က ငါတို့ခေတ်နဲ့တူတာမဟုတ်ဘူး ....သမီးကို နေရာတကာလိုက်မချုပ်ချယ်နဲ့ကွာ ...သမီးပေါင်းသင်နေတဲ့ ကောင်လေးတွေက အကုန်ပိုက်ဆံရှိ သားသမီးတွေကြီးပဲကွ.....ကလေကချေ ကောင်တွေမပါဘူး "
ကျေးဇူးရှင်ချစ်ခင်ပွန်းက ဘာပြောပြော ငြိမ်၍နာခံတတ်သော မပိုးဖြူသည် သမီးနှင့် ပတ်သက်လာလျှင်တော့ မရ။ ဤအတွက်ကြောင့်လည်း ကိုဇင်မောင်နှင့် မပိုးဖြူတို့မှာမကြာခဏ စကားများကြရလေသည်။
"ဘယ်လောက်ပဲ ခေတ်က တိုးတက်ပါစေမောင် ...ဖြူတို့ မွေးထားတဲ့သမီးလေးပါ ... သမီး သူ့သူငယ်ချင်းတွေနဲ့ ကလပ်တွေသွားနေတာကိုလဲ မောင်ကခွင့်ပြုထားလို့သာ ..ဖြူက မလွှတ်ချင်ဘဲလွှတ်ပေးနေရတာ ဖြူမကြိုက်ဘူး ... "
"တော်စမ်းကွာ ဖြူရာ .... မင်းဟာ ..ခေတ်ဟောင်းကြီးထဲမှာ တစ်ယောက်တည်းကျန်နေခဲ့တုန်းပဲလားကွာ ... မင်းမပျော်တတ်ရင်မပျော်နဲ့ကွာ.. တခြားသူရဲ့အပျော်တွေကိုတော့ လိုက်ပြီးမပိတ်ပင်နဲ့ ..သမီးလေးလဲဆယ်တန်းဖြေပြီးသွားပြီ... မင်းဘာမှလိုက်ပြီး ပိတ်ပင်တားဆီးမနေနဲ့ "
ကိုဇင်မောင်၏အသံ မာလာသည့်အခါ မပိုးဖြူနှုတ်ကို ပိတ်လို့ ငြိမ်သက်တိတ်ဆိတ်လိုက်ပါသည်။ကြောက်၍ တော့ မဟုတ်ပါချေ။ချစ်လွန်း၍သာ ဖြစ်သည်။သူ့တစ်ခွန်းကိုယ်တစ်ခွန်းစကားများကြလျှင် အလုပ်မှ ပြန်လာသော ကိုဇင်မောင်စိတ်ညစ်စိတ်ရှုပ်ထွေးရမည်ကို စိုးရိမ်သည်လေ။ဤသို့ ကိုဇင်မောင်အပေါ်ထားရှိသော မပိုးဖြူ၏ချစ်ခြင်းသည် လင်ယောကျာ်းတစ်ယောက်ကိုချစ်သည့် အချစ်ထက်မကဘဲ မိဘညီကိုမောင်နှမကို ချစ်သော အချစ်မျိုးပါပေါင်းစပ်ထားလေသည်။မပိုးဖြူ ဤသို့ဖြစ်ရသည်မှာလည်း ဦးလေးအိမ်တွင် ခိုကပ်နေရသော (၁၇)နှစ်အရွယ် ကောင်မလေးသည် ငွေကြေးပြည့်စုံချမ်းသာသောချစ်သူကို အားကိုးယုံကြည်ခဲ့မိရာမှာ ချစ်ခင်တွယ်တာစိတ်များ ပို၍တိုးပွားများပြားလာခဲ့ခြင်းဖြစ်လေသည်။
ကိုဇင်မောင်သည် ဇနီးဖြစ်သူကိုပြောဆိုပြီးနောက် အိပ်ခန်းရှိရာဆီသို့တက်သွားခဲ့လေသည်။အခန်းထဲသို့ ရောက်လျှင်အဝတ်အစားများကို ချွတ်လဲလိုက်လေသည်။ထိုအခါ သူ၏အဝတ်စားများပေါ်မှ ချိုချိုအိအိမွှေးရနံ့ လေးကို ရှူရှိုက်လိုက်မိလေသည်။ထိုအခိုက်မှာပင် မပိုးဖြူ၏လက်အစုံသည် ကိုဇင်မောင်၏ အဝတ်အစားများပေါ်သို့ရောက်ရှိလာခဲ့သောကြောင့် ကိုဇင်မောင်မှာ
"ရပါတယ် ရတနာ .. တက္ကစီပဲခေါ်လိုက်မယ်လေ " မျိုးမမက ရတနာစိုးကို ပြောလိုက်သည်။
" မဟုတ်တာမျိုးရယ် မိုးချုပ်နေပြီလေကွာ "
ထိုသို့ ရတနာစိုးနှင့်မျိုးမမတို့ ပြောနေစဉ်မှာပင် ကိုရန်ပိုင်က ဦးစွာထ၍ ပြောလိုက်လေသည်။
" တဆိတ်လောက်ခင်ဗျ ..မျိုးမမ က ဘယ်ကိုပြန်ရမှာလဲ "
"ရန်ကင်းပါရှင် " ရတနာစိုးက ခပ်သွက်သွက် ဝင်ဖြေလိုက်သည်။ ရတနာစိုး၏ အဖြေကြောင့် ကိုရန်ပိုင်မှာ အားနာသလို ဖြစ်သွားရသည်။ကိုရန်ပိုင် ပြန်ရမည်မှာ ရေကျော်ဘက်လေ။မိုးထက်ကတော့ ကိုးမိုင်ဘက်ပြန်ရမည့်သူဖြစ်သောကြောင့်ဝင်မပြောဘဲရှိလေသည်။ထိုသို့စကားသံများကို နားထောင်နေရင်းမှ ဇင်မောင်မှာငြိမ်၍ မနေနိုင်တော့ဘဲ၀င်၍ ပြောလိုက်လေသည်။
"ကိုယ်က တောင်ဥက္ကလာပြန်မှာ ပါ ...အဆင်ပြေမယ်ဆိုရင် ကိုယ့်ကားနဲ့လိုက်ခဲ့လို့ရပါတယ် "
"ဟို .. ရ .ရပါတယ် ကိုဇင်မောင် ...မျိုး ကားပဲငှါးစီးသွားလိုက်မယ် "
"မဟုတ်တာမျိုးရယ် ... တို့က ကိုဇင်မောင်ကြီးကို မေ့နေလိုက်တာ ...ကိုဇင်မောင်က လမ်းကြုံနေတာပဲ ...လိုက်သွားလိုက်ပါ မျိုးရယ် "
ကိုဇင်မောင်နှင့် မျိုးမမတို့သည် ပါတီပွဲအတွင်းမှ ယှဉ်တွဲထွက်လာခဲ့ကြသည့်အခါတွင် လူများစွာ၏ မျက်လုံးများသည် သူတို့နှစ်ယောက်၏ နောက်မှလိုက်ပါခဲ့ကြလေသည်။
~~~~
ကားလေးက ကတ္တရာလမ်းပေါ်တွင် တရိပ်ရိပ်ပြေးနေသည်။
"အားနာလိုက်တာရှင် .."
မျိုးမမက မပွင့်တပွင့်လေး ပြောလိုက်သည်။
"ရပါတယ် မျိုးမမ ..လမ်းကြုံနေတာပဲ ..ဒါနဲ့ မျိုးမမလို့ခေါ်ရတာတစ်မျိုးကြီးပဲ ... ကျွန်တော့်ထက်ငယ်မယ်ထင်တယ် ... ကျွန်တော်က (၃၇)နှစ်ထဲမှာပါ ..."
"မျိုးက (၃၃)နှစ်ထဲမှာပါရှင် ... မျိုးလို့ပဲ ခေါ်လို့ရပါတယ်ရှင် ... နောက်ရက် အစ်ကို့ဆိုင်ကိုမျိုးလာခဲ့မယ်နော် "
"အချိန်မရွေးလာခဲ့ပါဗျာ.. မျိုးနဲ့အနီးဆုံးဖြစ်တဲ့ဆိုင်ကိုပဲလာပါ... လာခါနီးရင်ဖုန်းဆက်လိုက်ပါ .. တခြားဆိုင်ခွဲတွေကို ရောက်နေမှာစိုးလို့ "
" ဟုတ်ကဲ့ပါ အစ်ကို "
နှစ်ဦးသားကြားပြန်လည် တိတ်ဆိတ်သွားလေသသည်။အဲကွန်းဖွင့်ထားသောကားထဲတွင် မျိုးမမထံမှချိုအီအီမွှေးရနံ့လေးက ကိုဇင်မောင်၏နှာခေါင်းဝသို့ တိုးဝှေ့ကျီစယ်နေလေသည်။
" ရောက်ပြီအစ်ကို ..ဒီမှာပဲရပ်လိုက်တော့နော် ..အိမ်က ရှေ့ကလမ်းထဲမှာပါ "
မျိုးမမညွှန်ပြသော ခပ်မှောင်မှောင်လမ်းကြားသို့ ကိုဇင်မောင်လှမ်းကြည့်လိုက်ပြီး
"ဟာ ...လမ်းကမှောင်နေတာပဲ..ကဲပါ ... အစ်ကို အိမ်ရှေ့အထိလိုက်ပို့ပေးပါ့မယ် ဟုတ်ပြီလား "
ကိုဇင်မောင်သည် ပြောလိုက်ရင်း ကားကိုလမ်းကြားဆီသို့ ဦးတည်မောင်းလိုက်လေသည်။
" ရှေ့ကခြံပဲ အစ်ကို "
မျိုးမမညွှန်ပြသော ခြံရှေ့တွင် ကိုဇင်မောင်ကားကိုရပ်လိုက်သည်။
"ကျေးဇူးတင်ပါတယ် အစ်ကို .. မိုးချုပ်နေလို့ အိမ်ထဲတော့ အလည်မခေါ်တော့ဘူးနော် "
မျိုးမမသည် ကားတံခါးကိုဖွင့်၍မဆင်းမီ ကိုဇင်မောင်ဘက်သို့လှည့်၍နှုတ်ဆက်စကားပြောလိုက်သည်။ပြီးလျှင် ကားတံခါးကို ဖွင့်၍ဆင်းရန် ကိုယ်လုံးလေးကို တံခါးပေါက်ဘက်သို့ပြန်လှည့်လိုက်စဉ်မှာပင် ရုတ်တရက်လှည့်လိုက်သလိုလဲဖြစ်သွားပြီး ပါတီပွဲတွင်ဝိုင်အနည်းငယ်လည်း သောက်ခဲ့သောကြောင့် မျိုးမမ သည် ရီဝေဝေဖြစ်နေခဲ့လေသည်။ထို့ကြောင့် မျိုးမမမှာခေါင်းထဲတွင်မူးဝေတာမိုက်ခနဲဖြစ်သွားပြီး ကိုဇင်မောင်ဘက်သို့ ယိုင်ကျလာလေသည်။ကိုဇင်မောင်သည် သူ့ဘက်သို့လဲကျလာသော မျိုးမမ၏ ခန္ဓာကိုယ်လေးကိုလျင်မြန်လှစွာပင် ထိန်းပေးလိုက်သည်။ထိုအခါ မျိုးမမ၏ကိုယ်လုံးလေးမှာ ကိုဇင်မောင်ရင်ခွင်တွင်းသို့ နောက်ပြန်ကျရောက်လာလေးသည်။ကိုဇင်မောင်လည်း မျိုးမမကိုယောင်ယမ်းဖက်ထားလိုက်ပြီး နှစ်ယောက်သားအတန်ကြာငြိမ်သက်နေကြလေသည်။ခေတ္တမျှကြာသောအခါမှ မျိုးမမသည် သတိဝင်လာပြီး ရှက်အင်းအမ်းဖြင့်လူးလဲထလိုက်လေသည်။နှုတ်မှလည်းဗလုံးဗထွေးနှင့်နှုတ်ဆက်စကားဆိုလိုက်သည် ။
" မျိုး .. သွား...သွားတော့မယ်နော် ..ကျေးဇူးတင်ပါတယ်အစ်ကို "
ထိုအခါမှ ကိုဇင်မောင်သည်လည်း သတိဝင်လာပြီး
" ဟုတ်..ဟုတ်ကဲ့ ... ရရဲ့လားဟင် ..... နည်းနည်းမူးနေတာထင်တယ် ... ခြံ၀ထိ ကိုယ်တွဲပို့ပေးပါမယ် "
ကိုဇင်မောင်သည် ပြောပြောဆိုဆိုနှင့် ကားပေါ်မှ ဆင်းလိုက်ပြီး မျိုးမမကိုတွဲလိုက်သည်။ထိုအခါ မျိုးမမ၏ခန္ဓာကိုယ်ပေါ်မှချိအီသောမွှေးရနံ့သည် ကိုဇင်မောင်၏နှားခေါင်းဝမှတဆင့်ရင်ထဲအထိ ရောက်ရှိသွားလေသည်။နှုညံ့အိထွေးသော မျိုးမမ၏လက်မောင်းလေးကို ကိုဇင်မောင်ဖေးမထိန်းပေးရင်း ခြံ၀ဆီသို့တွဲလျှောက်ခဲ့ လေသည်။
"အိမ်မှာက ...မျိုးရယ်မေမေရယ် အိမ်အကူကောင်မလေးရယ်ပဲ ရှိတာလေ အစ်ကို...အဖေကလွန်ခဲ့တဲ့တစ်လကပဲဆုံးသွားခဲ့တာလေ ...အဲ့ဒါကြောင်း မျိုးလဲစင်္ကာပူကနေ ပြန်လာခဲ့ရတာပေါ့ "
" ဪ ... ဟုတ်လား ...စိတ်မကောင်းပါဘူးကွာ "
ဖခင်ဆုံးရှုံးထားသည်မှာ မကြာလှသေးသော မျိုးမမအပေါ် ကိုဇင်မောင်မှာ သနားကရုဏာဖြစ်သွားရလေသည်။
~~~~~~~
" မနက်ဖြန်တော့ကလပ်ကို လာခဲ့လေကွာ .. ဒီနေ့ဘာလို့မလာတာလဲ "
ရတနာစိုးမိတ်ဆက်ပေးပြီး သောအခါ ယောကျာ်းသားသုံးယောက်ကို မျိုးမမပြုံးပြနှုတ်ဆက်လိုက်သည်။ရတနာစိုးပြောပုံအရဆိုလျှင် ထိုယောက်ျားသားသုံးဦးတွင် ဇင်မောင်ဆိုသူမှလွဲ၍ ကျန်လူနှစ်ဦးမှာလူပျိုလူလွတ်များဖြစ်သည်။"မျိုးရေ ...ကိုဇင်မောင်ကလွဲရင်... ကျန်တာတွေကို ချိန်ပစ်လိုက်စမ်းကွာ ...အထူးသဖြင်ကိုရန်ပိုင်ပေါ့..သူက လူပျိုကြီးပီပီနည်းနည်း ဇီဇာကြောင်တာကလွဲရင် မျိုးရိုးစဉ်ဆက်သူဌေးကွ..ကိုမိုးထက်ကတော့ ကားခရေဇီကွ ...ကားတစ်စီးပြီးတစ်စီးပြောင်းစီးပြီးခရီးသွားနေရတာလောက်... မိန်းခလေးတွေကို စိတ်ဝင်စားတဲ့သူမဟုတ်ဘူး..အားလုံးကသုံးဆယ့်ငါးသုံးဆယ့်ခြောက်ဝန်းကျင်တွေကြီးပဲကွသိလား...အဲ့လူသုံးယောက်ကို တစ်ဝိုင်းတည်းဖြစ်အောင် တို့စီစဉ်ပေးထားမယ် ...ပြီးရင်သူတို့အားလုံးနဲ့မျိုးကိုမိတ်ဆက်ပေးမယ် ...မျိုးအတွက်အသုံး၀င်မှာပါ "ဟု ဆိုခဲ့သော ရတနာစိုး၏ စကားကို ကြားယောင်ပြီးရှေ့တွင်ထိုင်နေကြသော ယောကျာ်းသားသုံးဦးကို မျိုးမမအကဲခတ်လိုက်သည်။ရှေ့ဦးစွာ သူဋ္ဌေးလေးကိုရန်ပိုင်ကို မသိမသိ အကဲခတ်လိုက်သည်တွင် နဖူးအနည်းငယ်ပြောင်ချင်သည်မှလွဲ၍ အသားဖြူဖြူနှင့်တည်ကြည်ခန့်ညားသောအသွင်ရှိသည်။သူ့၏အကြည့်များသည်လည်းမရိုင်းလှချေ။ထိုမှ ကိုမိုးထက်ဆိုသူကို ကြည့်မိသောအခါ မျိုးမမစိတ်ထဲမကျေချမ်းချင်သလိုဖြစ်သွားရသည်။ကိုမိုးထက် ဆိုသူသည် မျိုးမမလိုလှပချောမောသည့်သူကို ရှေ့တွင်ထားလျက် သူ၏မျက်လုံးများသည် ခြံဝန်းကျယ်ကြီးရှေ့တွင် အစီအရီ ရပ်ထားသော ကားများဆီသို့အကြည့်ရောက်နေသည်။လေးထောင့်ကျကျမေရုံးနှင့် ခပ်ထူထူမျက်ခုံးများ၊ခပ်တင်းတင်းစေ့ထားသောနှုတ်ခမ်းနှင့် ပခုံးကျော်ပုံရသော ဆံပင်ရှည်ကိုစည်းထားသည့်ပုံစံက နိုင်ငံခြားမင်းသားတစ်ယောက်နှင့်ပင်တူ၍နေလေသည်။မျိုးမမကြည့်နေ့မှန်းသိ၍ထင်သည် မိုးထက်က မျိုးမမကိုခပ်စူးစူးတစ်ချက်ကြည့်လာပြီး ပြုံးယောင်ပြု၍ အကြည့်ကိုပြန်လွှဲသွားသည်။မျိုး မမလည်း ကိုမိုးထက်ကိုဆက်မကြည့်ဖြစ်တော့ပါ။ ဘေးတွင်ထိုင်နေသော ကိုဇင်မောင်ဆီသို့ အကြည့်ကို ပို့လိုက်လေသည်။ဤလူသားသုံးဦးထဲတွင်တော့ကိုဇင်မောင်သည် သပ်ရပ်သားနားဆုံးသောသူဖြစ်သည်။ဝတ်ထားသည့်အဝတ်အစားများတွင် တွန့်ရာကြေရာတစ်စက်လေးမျှပင်မရှိ။ဝတ်ထားသည့် အဝတ်အစားများသည်လည်းလူကြီးလူကောင်းဆန်ဆန် သပ်သပ်ရပ်ရပ်ဖြစ်သည်။ဘေးဘက်သို့ သိမ်းထားသော ဆံပင်ခပ်တိုတိုနှင့်ခပ်ပါးပါးမျက်မှန်က သူ၏ရပ်ရည်ကို ပို၍ကြည့်ကောင်းနေစေသည်။ပုစံကို ကြည့်၍ကိုဇင်မောင်တစ်ယောက် လူပျိုလူလွတ်မဟုတ်သည်မှာ သိပ်တော့မဆန်းလှဟုမျိုးမမ တွေးလိုက်သည်။နီညိရောင်ကိုင်းနှင့်ခပ်ပါးပါးမျက်မှန်အောက်မှ မျက်ဝန်ညိုများသည် မိန်းမတစ်ယောက်ကို အလွယ်တကူဖမ်းစားနိုင်သောမျက်၀န်းမျိုးဟု မျိုးမမခန့်မှန်းလိုက်သည်။
"ဒါနဲ့မမျိုးမမက ဘာလုပ်ငန်းများလုပ်ဖို့ စီစဉ်ထားလဲ "
ကိုရန်ပိုင်ဆီမှ မေးသံ ထွက်ပေါ်လာသည်။
"ဟုတ်ကဲ့ မျိုးမမလို့ပဲ ခေါ်လို့ရပါတယ်ကိုရန်ပိုင် ... မျိုးက ဖက်ရှင်နဲ့ အလှအပဆိုင်ရာလုပ်ငန်းမျိုးလုပ်မှာပါ ..... "
"လူနဲ့အလုပ်နဲ့က လိုက်ဖက်ပါတယ်ဗျာ...အကူအညီလိုရင်တော့ ပြောပါ ...ကိုယ့်နိုင်ငံတွင်းနှာပဲ အလုပ်လာပြန်လုပ်လို့ ...လေးလဲလေးစားကျေးဇူးလဲတင်ပါတယ် .. လုပ်ငန်းချင်းမတူကြပေမဲ့ အကူအညီလိုရင်ပြောပါခင်ဗျာ "
"ဟုတ်ကဲ ကျေးဇူးတင်ပါတယ်ကိုရန်ပိုင် ....အရင်ဆုံးအကူအညီတောင်းရမှာတော့ ကိုမိုးထက်ကို အကူအညီတောင်းရမှာပဲ ...မျိုးမှာကားမဝယ်ရသေးဘူးလေ ... ကိုမိုးထက်ရဲ့ ဆိုင်ကိုနောက်ရက်လာခဲ့ ပါ့မယ် "
မျိုးမမသည် ကိုမိုးထက်ကို မသိမသာစောင်းငဲ့ကြည့်ရင်းပြောလိုက်သည်။ထိုအခါကိုမိုးထက်က မျိုးမမကို ခပ်ပြုံးပြုံကြည့်လိုက်ပြီး
"ရပါတယ်ဗျာ အချိန်မရွေးလာခဲ့ပါ... ဒီနေ့တော့ လိပ်စာကတ်မပါလာလို့ .. ဆိုင်ကိုရတနာအတူလာခဲ့လေ "
မိုးထက်၏စကားကြောင့် မျိုးမမရင်ထဲမျက်ခနဲဖြစ်သွားရသည်။သူတွင် ဖုန်းတစ်လုံးလုံးပါ ပါလျက်သားနှင့် မျိုးမမကိုဖုန်းနံပတ်မတောင်းတာ၊ မပေးတာကတော့ အလိုလိုနေရင်းဘ၀င်မြင့်နေသူကဲ့သို့ ဖြစ်နေသည်မဟုတ်ပါလား။မျိုးမမသည် ရင်ထဲမှမကျေနပ်မှုများကို မျိုသိပ်ပြီး ဇင်မောင်ထံသို့ အကြည့်ကိုလွှဲပစ်လိုက်သည်။ပြီးလျှင် သူမ၏ ကြည်လင်ချိသော အသံလေးဖြင့်
"ပြီးတော့ ကိုဇင်မောင်ဆီမှာလဲ အကူအညီတောင်းရအုံးမယ် .. မျိုးကအွန်းလိုင်းကနေလဲ အလုပ်လုပ်မှာဆိုတော့ မန်း ဆိုင်အတွက်လိုအပ်တဲ့ လက်တော့နဲ့ဖုန်းတွေကို လာကြည့်ပါအုံးမယ်...လုပ်ငန်းအတွက်အဆင်ပြေမဲ့ ပစ္စည်းတွေကို ပြပေးနော်ကိုဇင်မောင် "
သူ့ထံသို့ကြည့်ပြီး အသံချိုချိုလေးနှင့် ပြောနေသောမျိုးမမအား ကိုဇင်မောင်ကခေါင်းကို အသာငြိမ့်ပြလိုက်ပြီး
"ကောင်းပါပြီဗျာ...အချိန်မရွေး လာခဲ့ပါ ....ဒီနေ့ လိပ်စာကတ်မပါလာလို့ ...ဖုန်းနံပတ်လေးပဲ ယူသွားလိုက်ပါနော် မျိုးမမ"
ပြောပြီးသည်နှင့် ဇင်မောင်သည် သူ၏ဖုန်းကို မျိုးမမထံသို့ ကမ်းပေးလိုက်လေသည်။
" မျိုးရေ ... တို့ရဲ့ကားဆရာလဲ ဧည့်သည့်လိုက်ပို့တာ... ပြန်မလာသေးဘူး ... မျိုးပြန်တာနောက်ကျရင်တော့ အန်တီစိတ်ပူနေအုံးမယ် "
သည်တစ်ခါ့တော့ ရတနာစိုးမှာ အကြံအဖန်လုပ်ခြင်းမဟုတ်ဘဲ အမှန်တကယ်ပြောဆိုနေခြင်းဖြစ်ပါလေသည်။
#နွေလယ်အိပ်မက်
(အခန်းဆက်ဝတ္ထု )
အပိုင်း ( ၁ )
*******
ကြည့်မှန်၏ရှေ့တွင် မပိုးဖြူငူငူငေါင်ငေါင်နှင့်ထိုင်နေသည်။မှန်ထဲတွင်ပေါ်နေသော သုံးဆယ့်ခြောက်နှစ်အရွယ် မိန်းမတစ်ယောက်၏ရုပ်ရည်ရူပကာသည် ရှိရင်းစွဲအသက်ထက်ပို၍ရင့်ရော်နေသည်။နဂိုကောက်လှိုင်းတွန့် ဆံပင်များသည် မညှာမတာ စည်းနှောင်ထားသော ခေါင်းစည်း ကြိုးကွင်း၏အောက်မှ ပို၍ကောက်ကွေးလျက်ရှိကြလေသည်။မျက်ခုံးထူထူ၊ မျက်ဝန်းဝန်းနက်နက်နှင့်နှုတ်ခမ်းပါးပါးလေးများသည် ဆယ်ကျော်သက်အရွယ်တုန်းကလိုတော့ဖြင့် မလှပတော့သည်မှာ မှန်ပါသည်။သို့သော်လည်း အသက်သုံးဆယ် ကျော်စအရွယ်မိန်းမတစ်ယောက်နှင့် ယှဉ်လျှင်တော့ ယှဉ်၍ရအုံးမည်ထင်ပါသည်။
''တီ..တီ.. တီ .."
မှန်တင်ခုံပေါ်တွင် တင်ထားသော ဖုန်းက အသံမြည်လာသည် ။မပိုးဖြူ ဖုန်းကိုကောက်ကိုင်လိုက်သည်။
"ဟယ်လို "
" ဖြူဖြူ ... ငါဝေဝေပါ ... တို့ မိသားစုချောင်းသာရောက်နေတာ မင်းသိတယ်မဟုတ်လား ...မင်းကို ပြောစရာရှိလို့ .. ဒီမှာကိုဇင်မောင်ကိုတွေ့တယ်...သူနဲ့အတူ အမျိုးသမီးတစ်ယောက်လဲပါတယ်သိလား ... တို့ပုံပို့ပေးလိုက်မယ်နော် "
"မ ..မပို့ပါနဲ့ ဝေဝေ "
မပိုးဖြူ၏ စကားမဆုံးလိုက်ရပါ။တစ်ဖက်မှ ဝေဝေကဖုန်းချသွားပြီဖြစ်လေသည်။မပိုးဖြူလက်ထဲမှဖုန်းကို ချလိုက်သည်။ မျက်ရည်စများသည် ပါးပြင်ပေါ်သို့ တလိမ့်လိမ့်စီးကျလာခဲ့လေသည်။မောင်ရက်စက်သည်။သိပ်ကိုရက်စက်သည်။မပိုးဖြူ တောင်းပန်နေသည့်ကြားမှ လုပ်ရက်လေသည်။တကယ်ဆို မောင်သည်မျှလောက်အထိ မရက်စက်သင့်ဘူးမဟုတ်လား။မပိုးဖြူတို့က မိဘတွေပေးစားလို့ ယူခဲ့ရသူတွေလည်းမဟုတ်ကြပေ။ မပိုးဖြူအသက်ဆယ့်ခုနစ်နှစ်အရွယ်တွင် မောင်နှင့်တွေ့ဆုံချစ်ကြိုက်ခဲ့ကြပြီး မောင့်မိဘဆွေမျိုးများသဘောမတူသည့် ကြားမှ လက်ထပ်ခဲ့ကြသည်။မပိုးဖြူဘက်ကတော့ မိဘများမရှိတော့ပြီဖြစ်၍ ဦးလေးအိမ်မှာကပ်နေရသူပီပီ ကန့်ကွက်မဲ့သူ၊ တားဆီးမဲ့သူလည်းမရှိခဲ့ပါ။မပိုးဖြူ မောင့်ကိုသိပ်ချစ်သည်။ချစ်လွန်း၍ မိမိထက်အသက်တစ်နှစ်ကျော်ကြီးသော ခင်ပွန်းကိုမောင်ဟုမြတ်မြတ်နိုးနိုးခေါ်ခဲ့သည်။ယုံကြည်အားကိုးခဲ့သည်။မောင်နှင့်ဆုံခဲ့ရပြီးမှ မပိုးဖြူ၏ ဘ၀ကပျော်ရွှင်စရာများနှင့်ပြည့်နှက်လာခဲ့ရသည်လေ။ယခုသောအခါ၌မူ မင်္ဂလာဦး၏အချစ်များသည် ပျောက်ဆုံးနေခဲ့သည်မှာ ကြာခဲ့ပါချေပြီ။မပိုးဖြူသည်လည်း ချစ်ရပါသောချစ်ခင်ပွန်း၏ သစ္စာဖောက်ဖျက်ခြင်းကို ခံစားနေရသည်မှာ ကြာခဲ့ပါလေပြီ။
~~~~~
လွန်ခဲ့သာ (၆)လကျော် ....
ပွဲရှင်နှင့်အတူခပ်နွဲ့နွဲ့လေး လျှောက်လာသော အမျိုးသမီး အပေါ်သို့ ပုရိသယောကျာ်းများ၏ အကြည့်များစုပြုံရောက်ရှိသွားကြလေသည်။
"ဘယ်သူလဲကွ ချောတယ်ကွာ "
" ကြည့်လေ လှလေပဲကွာ "
ပွင့်လင်းရဲတင်းလှသော အမျိုးသားများထံမှ စကားသံများ ထွက်လာသည်။
အသံရှင်အမျိုးသားများကြည့်ရာဆီသို့ ကိုဇင်မောင်လှမ်း၍ကြည့်လိုက်သည်။ မှန်ပါသည် လှပချောမောလွန်းလှသည့် အမျိုးသမီးတစ်ယောက်။သူမ၏ အလှကနန်းဆန်သည်။ပါတီပွဲသို့တက်ရောက်လာသော်လည်း အများသူငှာမိန်းမများကဲ့သို့ ဟိုပေါ်သည်ပေါ်ဝတ်ဆင်၍မလာဘဲ ပိုးပျော့ဂါဝန်းရှည်ကြီးကို ဝတ်ဆင်ထားသည်။ဆံပင်ကို ခပ်မြင့်မြင့်ထုံးဖွဲ့ထားပြီး မဟူရာရောင်နားကပ်လေးနှင့် သူမ၏မျက်နှာက သိပ်ကိုလိုက်ဖက်နေသည်။အမှတ်တမဲ့ ကိုဇင်မောင်ကြည့်နေမိရာမှ အကြည့်ကို လွှဲရန်ပြင်လိုက်စဉ်မှာပင် သူမကလည်း ဖျတ်ခနဲလှမ်းကြည့်လာသည်။နှစ်ဦးသားအကြည့်ချင်းဆုံမိသွားကြလေသည်။
" ကိုရန်ပိုင်တို့ကို... ရတနာ့သူငယ်ချင်းနဲ့မိတ်ဆက်ပေးမယ်နော် ..."
အသံနှင့်အတူ ကိုဇင်မောင်တို့ ဝိုင်းနာသို့ရောက်လာသူမှာ ပါဇီပွဲကျင်းပသူပွဲရှင် ရတနာစိုးဖြစ်သည်။ရတနာစိုးက နာမည်နှင့်လိုက်အောင်ကျောက်မြတ်ရတနာဆိုင်များပိုင်ဆိုင်သူဖြစ်သည်။ကိုဇင်မောင်တို့နှင့် အသက်အနည်းငယ်မျှငယ်သည်။
"သူက ရတနာ့သူငယ်ချင်းမျိုးမမနိုင်တဲ့..စင်္ကာပူကပြန်လာတာမကြာသေးဘူး ... မျိုးကဒီမှာ စီးပွားရေးလုပ်ငန်းအခြေချမယ်ဆိုလို့ ...ဒီကလုပ်ငန်းရှင်တွေဖြစ်တဲ့ ကိုရန်ပိုင်တို့ ...ကိုဇင်မောင်တို့နဲ့ မိတ်ဆက်ပေးတာပါ ...အားလုံးပဲ ရတနာ့သူငယ်ချင်းကို ကူညီပေးကြပါနော် ... မျိုးလဲမှတ်ထားအုံးနော် ..ဒီကသူဌေးလေးကကိုဇင်မောင်တဲ့ ...ကိုဇင်မောင်က ကွန်ပျူတာ ..ဖုန်းနဲ့ဆက်စပ်ပစ္စည်းမျိုးစုံရောင်းဝယ်ရေးဆိုင် သုံးလေးဆိုင်ပိုင်တယ် ..မျိုးလိုအပ်တဲ့စက်ပစွည်းတွေ... ကိုဇင်မောင့်ဆီမှာဝယ်လို့ရတယ်..သူကတော့ သူဌေးလေးကိုရန်ပိုင်တဲ့ ...ကိုရန်ပိုင်ကတော့ ရန်ကုန်မြို့ရဲ့ လုပ်ငန်းတော်တော်များများမှာ ရှယ်ယာထည့်ဝင်ထားတဲ့ သူဋ္ဌေးကြီးပေါ့ ...ဒီကသူဋ္ဌေးကတော့ ကိုမိုးထက်တဲ့ ...ကိုမိုးထက်ကတော့ ကားအရောင်းစင်တာပိုင်ရှင်ကြီးလေ ..."
ရတနာစိုးက စသလိုနောက်သလို အပြောမျိုးဖြင့် အားလုံးကို မိတ်ဆက်ပေးလိုက်သည်။
"တွေ့ရတာဝမ်းသာပါတယ် မမျိုးမမနိုင် "
" မျိုးကလဲ တွေရတာ၀မ်းသာပါတယ်ရှင် "
အက်ကွဲခြောက်သွေ့နေသောကြောက်
မက်ဖွယ်အသံကြီးနှင့်အတူခြေသံ
များကမြယွန်းမှီနှင့်ပို၍ပို၍နီးကပ်လာ
လေ၏။မြယွန်းမှီတုတ်တုတ်ပင်မလှုပ်
ရဲ။ပုတ်အဲ့အဲ့အနံ့များနှင့်အတူမြယွန်းမှီ
အခန်းထဲ၌ခြေသံများကလှုပ်ရှားသွား
လာနေလေသည်။မြယွန်းမှီကတော့
ဒူးနှစ်ဘက်ပေါ်မျက်နှာအပ်ပြီး
ဂုဏ်တော်ကိုပါးကိုအပြန်ပြန်အလှန်
လှန်ရွတ်ဖတ်နေမိသည်။
မည်မျှကြာအောင်ရွတ်ဖတ်နေမိသည်
မသိ။အေးစက်နေသောလက်တစ်ဘက်
ကသူမလက်ကိုလာရောက်ဆုပ်ကိုင်
လိုက်မှပြန်လည်အသိဝင်လာပြီး
ကြောက်လန့်တကြားအော်လိုက်မိလေ
သည်။
" အမလေး "
" မအော်ပါနဲ့နှမလေး အမောင်ပါ။
ဒီနေရာကအမောင်တို့မြန်မြန်သွား
ရမယ်ခုချိန်ကစပြီးနောက်ကိုလုံးဝလှည့်
မကြည့်ပါနဲ့နှမလေး ။လာ လာ
အမောင်တို့ပြေးကြမယ် အချိန်ကသိပ်
မရှိဘူး "
သူဆွဲခေါ်ရာနောက်သို့မြယွန်းမှီပြေး
လိုက်ခဲ့သည်။အချိန်ကအာရုဏ်ဦး
ကြက်တွန်သံများကြားရသော်လည်း
အလင်းရောင်တစ်စွန်းတစ်စကိုတောင်မ
မြင်ရသေးပေ။သူကမြယွန်းမှီလက်ကို
ဆွဲ၍ရှေ့မှဦးဆောင်ပြေးနေ၏။
တဖြည်းဖြည်းမြယွန်းမှီတို့နှစ်ယောက်
ရွာစပ်ကိုနီးလားသည်နှင့်မြယွန်းမှီတို့
နောက်မှတဘုတ်ဘုတ်နှင့်ပြေးလိုက်
လာသောခြေသံများ။အော်ဟစ်တား
မြစ်သံများကိုပါကြားလိုက်ရလေသည်။
" မြယွန်းမှီ နင်မပြန်ရဘူး။နင်လည်း
ဒီမှာငါတို့နဲ့တသက်လုံးအတူနေရမယ်"
" မြ ယွန်း မှီ နင်ပြန်လို့မရဘူး ။
ပြန်လာခဲ့ပါ "
" မြယွန်းမှီ ---- " " ပြန်လာခဲ့ ဟေ့ "
ထိတ်လန့်ခြောက်ခြားဖွယ်ရာအသံများ
ကမြယွန်းမှီတို့ နောက်မှထပ်ကြပ်မကွာ
လိုက်ပါလာလေသည်။အရှေ့ဆီမှရောင်
နီမှိန်ပျပျကိုမြင်နေရပေပြီ။သူသည်
ကြီးမားလှသောသစ်ပင်ကြီးနားအ
ရောက်တွင်ပြေးနေရာမှရပ်တန်ဲ့လိုက်လေသည်။
" ဟောဟိုလမ်းလေးအတိုင်းသာဆက်
ပြေးပါတော့နှမလေး အဲဒီလမ်းဆုံးတာ
နဲ့ရွာတစ်ရွာကိုတွေ့ရလိမ့်မယ်"
"ကျွန်မတစ်ယောက်တည်းမသွားချင်
ဘူး။ရှင်ပါအတူလိုက်ခဲ့ပါ။
ရှင်မလိုက်ရင်ကျွန်မလည်းမသွားဘူး"
"ခေါင်းမမာပါနဲ့နှမ ဟောဒီ့သစ်ပင်ကို
ကျော်ပြီးအမောင်လိုက်လို့မရဘူး။
ဒီမှာနှင်းဆီပန်းလေး အမောင့်
ကိုယ်စားယူသွားပါ။မြို့ရောက်တဲ့
အခါကုသိုလ်ကောင်းမှုလုပ်ပြီး နှင်းဆီ
ပန်းလေးကတဆင့်အမောင့်အတွက်
ရည်စူးပြီးအမျှပေးဝေပေးပါနော်"
" စိတ်ချပါရှင် အိမ်ပြန်ရောက်တာ
နဲ့အမောင့်အတွက်ကုသိုလ်ကောင်းမှု
အမြန်လုပ်ပေးပါ့မယ် နော် "
ပြောရင်းမှမြယွန်းမှီမျက်ဝန်းမှမျက်
ရည်များတပေါက်ပေါက်စီးကျလာလေ
၏။အနှစ်နှစ်အလလမျှော်လင့်စောင့်
စားခဲ့ရသောသူတစ်ယောက်ကိုတကယ့်
လက်တွေ့ဘဝမှာတွေ့ဆုံနေပါလျက်
ခွဲခွါနှုတ်ဆတ်ရမည်ဆိုသောအသိက
မြယွန်းမှီနှလုံးသားကိုဆုပ်ညှစ်ခံထား
ရသလိုနာကျင်လွန်းလှပါသည်။
" မြယွန်းမှီ နင်သွားလို့မရဘူး ။နင်ငါ
တို့နဲ့အတူနေရမှာ "
အသံများကမြယွန်းမှီတို့နှင့်ပို၍နီးကပ်
လာလေပြီ။
" အမြန်ပြေးပါတော့နှမလေးမဟုတ်ရင်
အမောင်ရောနှမလေးပါဒီဘဝကဘယ်
တော့မှလွတ်မြောက်မှာမဟုတ်တော့ဘူး "
အတင်းနှင်လွှတ်နေသောသူ့မျက်ဝန်းထဲတွင်လည်းမျက်ရည်များဖြင့်ပြည့်လျှံ၍နေလေသည်။သူသည်မြယွန်းမှီလက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရင်းနဖူးကိုခပ်ဖွဖွနမ်းလိုက်ပြီး
"အမောင်က နှစ်ပေါင်းများစွာ နှမလေးကိုသစ္စာရှိရှိချစ်ခဲ့တာပါ။တစ်နေ့ပြန်ဆုံရလိမ့်မာ်လို့လည်းအမြဲမျှော်လင့်ခဲ့တာ။အမောင့်ရဲ့သစ္စာတရားမှန်ကန်ရင်နောင်သံသရာမှာပြန်ဆုံမှာပါ။ပြန်ဆုံမယ်လို့လည်း အမောင်ယုံကြည်တယ်။နှမလေးလည်း ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပါနော်"
မြယွန်းမှီသည်နောက်ဆုံးအနေနှင့်သူ့နဖူး
ကိုခပ်ဖွဖွနမ်းလိုက်ပြီးကျောခိုင်း၍
လမ်းလေးအတိုင်း မောပန်းနွမ်းလျစွာလျှောက်လှမ်းလာခဲ့လေသည်။အတန်ကြာလျှောက်လှမ်းပြီး သူညွှန်ပြသောနေရာသို့ ရောက်သောအခါနောက်ပြန်၍လှညွကြည့်လိုက်မိလေသည်။လက်လေးလှမ်းပြနေသောသူ့ပုံရိပ်ကို မျက်ရည်များကြားမှမြင်နေရလေသည်။မြယွန်းမှီလည်းဆောက်တည်ကာမဲ့စွာ ငိုကြွေးနေမိလေသည်။
" ဝုန်း " "ဝေါ ဝေါ ဝေါ "
မြယွန်းမှီ ငိုနေရင်းမှ
လောင်လှသောအသံများကြောင့်
သူရှိရာသို့ လှမ်းကြည့်လိုက်
တော့။သူမမြင်ကွင်းရှေ့မှာသစ်ပင်အ
ချို့မှလွဲ၍တိတ်ဆိတ်ငြိမ်သက်နေသည်။
မြယွန်းမှီ၏ချစ်လှစွာသောအမောင်
ရော။ထိတ်လန့်ကြောက်မက်ဖွယ်ရာ
ရွာလေးသည်လည်းအရိပ်အရောင်ပင်
မမြင်ရတော့ပါ။အရာအားလုံးသည်
ပျောက်ချင်းမလှပျောက်ဆုံးသွားချေ
ပြီ။
###########
ဧကြည်ဖြူ
သူ့စကားကြောင့်မြယွန်းမှီရင်ထဲတသိမ့်
သိမ့်ခုန်လျက်ကြည်းနူးပျော်ရွှင်နေမိသည်။
( ၇ )
နေ့အလင်းရောင် အောက်တွင်သူ့အပြုံးတွေကပို၍
တောက်ပနေသည်ဟုမြယွန်းမှီထင်မိ
သည်။သူ့လက်ဖဝါးကိုလိုတာထက်ပို
၍မြယွန်းမှီဆုပ်ကိုင်ထားမိလေသည်။
" နှမလေးအမောင်ပြောတာကိုသေချာ
နားထောင်ပါနော် ဟော့ဒီအရပ်ဒေသ
ဟာကြာကြာနေလို့ကောင်းတဲ့အရပ်
မဟုတ်သလို ဒီအရပ်ကလူတွေဟာ
အမောင့်မိသားစုအပါအဝင်တစ်ရွာလုံး
ကနှမလေးကိုဒုက္ခပေးမယ့်သူတွေကြီးပဲ
ဒါကြောင့်နှမလေးဒီအရပ်ဒေသကနေ
အမြန်ဆုံးပြန်ရမယ်"
" ရှင် ဘာလို့များလဲကျွန်မရှင့်ကိုတွေ့ချင်လွန်းလို့ ဒီနေရာအ
ထိရောက်အောင်လာခဲ့ရသူပါ။ရှင်နဲ့သာဆိုဒီရပ်ရွာမှာတစ်သက်
လုံးနေနိုင်ပါတယ် ။ဒါမှမဟုတ်ရင်
ရှင် ကျွန်မနဲ့အတူမြို့ကိုလိုက်
ခဲ့လို့ရပါတယ် ။အခုတော့ ရှင်က
ခရီးဝေးကလာခဲ့ရတဲ့သူကိုနှင်နေပြီ
လား"
"ဘယ်လိုပြောလိုက်တာလဲနှမလေးရယ်
အမောင်လည်းနှမလေးနဲ့အတူနေချင်
တာပေါ့အမောင့်ကြောင့်နှမလေးဘယ်
တော့မှဒုက္ခမရောက်စေရဘူးပြီးတော့
အမောင့်ကိုကယ်နိုင်တာလဲနှမလေးတစ်ယောက်ပဲရှိတယ်"
သူကပြောရင်းမှမြယွန်းမှီလက်ကိုခပ်
တင်းတင်းဆုပ်ကိုင်လိုက်ပြီး
"ခုချိန်ကစအမောင်ပြောတာကို
သေချာနားထောင်ပါ။ဟော့ဒီရပ်ရွာကို
မျက်စိလည်းလမ်းမှားပြီးရောက်လာ
တဲ့သူမှန်သမျှဒီရပ်ဒီရွာမှာငါးရက်ထက်
ပိုနေမိရင်ဒီရွာကဘယ်တော့မှထွက်
သွားလို့ မရတော့ဘူး။ဒါကြောင့်
မနက်ဖြန်မနက်မိုးသောက်ခါနီးအချိန်
မရောက်ခင်ဒီရွာကနှမထွက်သွားရမယ်"
" ရှင်ရော၊ ရှင်ကရောကျွန်မနဲ့မ
လိုက်ခဲ့ဘူးလား"
" ရွာထိပ်ထိအမောင်လိုက်ပို့မယ် ။နှမ
လေးသိထားရမှာကဒီရွာကိုနှမလေး
ရောက်စဉ်ကမကြိုဆိုခဲ့သူတွေဟာ
နှမလေးပြန်တာကိုသိတာနဲ့ရန်ရှာကြမယ်။တားဆီးကြလိမ့်မယ်။အဲဒီအခါနှမလေးကအနောက်ကိုလှည့်မကြည့်ပဲအမောင်ညွှန်ပြရာလမ်းအတိုင်းသာပြေးပါ။"
"ဘယ်လိုကြောင့်များလဲရှင်။
ကျွန်မဘာမှနားမလည်နိုင်တော့
ဘူး။သေချာရှင်းပြပါဦး"
" အမောင်ရှင်းပြစရာမလိုပါဘူးကွယ်။
တစ်နေ့ကျရင်နှမလေးသိလာမှာပါ။
အရေးကြီးဆုံးအချက်ကဒီညသန်းခေါင်
အချိန်ရောက်တာနဲ့နှမအိပ်ခန်းနားကို
ရောအခန်းထဲကိုပါအန္တာရာယ်တွေကျ
ရောက်လာလိမ့်မယ်။အဲဒါကိုနှမလေးမ
ကြောက်ပါနဲ့အဲဒီအခန်းထဲကနှမလေး
မထွက်ရင်ဘယ်သူမှရန်ပြုလို့မရဘူး။
ဘယ်လောက်ကြောက်စရာကောင်းတာ
ကိုတွေ့တွေ့ဘုရားကိုပဲအာရုံပြုနေပါ။
မိုးမလင်းခင်နှမလေးကိုအမောင်လာ
ခေါ်မယ်"
" ရှင်ပါ ကျွန်မ နဲ့အတူလိုက်ခဲ့ပါလား"
" လိုက်လို့မရလို့ပေါ့နှမလေးရယ်။နှမ
လေးသာပြန်ပြီး အမောင်ပြောတဲ့အ
လိုက်နာဆောင်ရွက်ပါ။သံသရာတကွေ့
ကွေ့မှာအမောင်တို့ပြန်ဆုံမှာပါ "
****
( ၈ )
မြယွန်းမှီကျောပိုးအိတ်ကိုသေချာ
စစ်ဆေးလိုက်ပြီးအဆင်သင့်ပြင်ဆင်
ထားလိုက်သည်။မကြာမီညသန်းခေါင်
အချိန်ကိုရောက်ရှိတော့မည့်မို့ကြောက်
စိတ်များလည်းဖြစ်ပေါ်နေမိလေသည်။
"ဝူး အူး အူး အူး "
" ရှပ် ရှပ် ရှပ် "
ခွေးအူးသံများထွက်ပေါ်လာပြီးတပြိုင်
နက်ခြေသံတရှပ်ရှပ်ကိုပါကြားလိုက်
ရလေသည်။ကြောက်လွန်း၍မြယွန်းမှီ
တစ်ကိုယ်လုံးတဆတ်ဆတ်တုန်နေပြီ။
ငယ်စဉ်ကတည်းကအမြဲမပြတ်ရွတ်
ဖတ်ခဲ့သောဂုဏ်တော်ကိုးပါးကိုပင်
မှန်ကန်အောင်မရွတ်နိုင်တော့။
" ဘုတ် ဘုတ် ဘုတ် "
" ဖြန်း ဖြန်း" ပြတင်းတံခါးကိုပုတ်
ရိုတ်သံများလည်းအဆက်မပြတ်ထွက်
ပေါ်လာ၏။မြယွန်းမှီစောင်ကိုခေါင်းမြီး
ခြုံ၍အသံမထွက်ရဲဘဲတအီအီငိုမိလေ
သည်။
" ရှပ် ရှပ် ရှပ် "
ခြေသံကအခန်းထဲသို့တဖြည်းဖြည်း
ဝင်ရောက်လာပြီးမြယွန်းမှီအနီးအနား
လှည့်ပတ်သွားလာနေလေသည်။
အတော်ကြာသောအခါခြေသံကရပ်
သွားပြီးမြယွန်းမှီစိတ်ထဲတစ်ယောက်
ယောက်ကကြည့်နေသလို
ခံစားလိုက်ရတာကြောင့်မျက်လုံးကို
မသိမသာလေးဖွင့်ကြည့်လိုက်တော့"
" အား " ကြောက်လန့်တကြားအော်
ဟစ်လိုက်မိသောမြယွန်းမှီ၏အသံသည်
ပြင်ပသို့ထွက်မလာဘဲလည်းချောင်းဝ
တွင်တစ်ဆို့ပျောက်ကွယ်သွားလေသည်။ဖယောင်းတိုင်မီးအလင်းရောင်
အောက်တွင်တွေ့လိုက်ရသောအရာက
ဒဂေါက်ကွေးကျော်လောက်ရှိသော
ဆံပင်ရှည်ကြီးကိုဖားလျားချလျက်
သူမကိုစိုက်ကြည့်နေသောမျက်ဝန်းတစ်
စုံ။မျက်လုံးများသည်ရဲရဲနီလျက်ရှိပြီး
မျက်နှာကသွေးမရှိသလိုဖြူဆုပ်နေ၏။
မြယွန်းမှီကြည့်နေစဉ်မှာပင်ဖျတ်ခနဲ
ပျောက်ကွယ်သွားပြန်သည်။အခန်းထဲ
တွင်အတန်ကြာတိတ်ဆိတ်သွားပြီး
နောက်
" ဝုန်း " " ဒိုင်း "
ပြတင်းပေါက်ဆီမှဝုန်းခနဲမြည်သံနှင့်အ
ပြတင်းတံခါးကပွင့်သွားပြီးဖယောင်းတိုင်မီးကလည်းဟုတ်ခနဲငြိမ်းသွားလေ
သည်။
" ဘုတ် "
မှောင်မိုက်သွားသောအခန်းထဲကိုတစ်
စုံတစ်ခုပြုတ်ကျလာသံကိုကြားလိုက်ရသည်။မြယွန်းမှီမျက်လုံးကိုစုံမှိတ်ပစ်
လိုက်ပြီးဂုဏ်တော်ကိုးပါးကိုအခေါက်ခေါက်အခါခါ
ရွတ်နေမိ၏။အခန်းထဲတွင်ပြန်လည်
တိတ်ဆိတ်သွားပြန်သည်။မြယွန်းမှီ
ခန္ဓာကိုယ်ပေါ်မှစောင်ကိုဖယ်ရန်ပြင်
လိုက်စဉ်မှာပင်အခန်းဝမှခြေသံများ
ကိုကြားလိုက်ရပြီးစကားသံများပါ
ကြားလိုက်ရလေသည်ာ
" ဒီနားကလူနံ့ရတယ်ဟေ့ သေသေ
ချာချာရှာစမ်း "
ညတုန်းကခြောက်ခြားစရာကောင်းခဲ့
သလောက်နေ့ဘက်တွင်တော့ရွာလေး
ကအေးချမ်းတိတ်ဆိတ်၍သာယာလှပေ
သည်။ရွာလယ်လမ်းတစ်လျှောက်၌
ကလေးငယ်အချို့ဆော့ကစားနေကြပြီး
သက်ကြီးရွယ်အိုများကတော့သစ်ပင်
စိုက် ခြံရှင်းအမှိုက်သိမ်းအလုပ်များကို
လုပ်လျက်ရှိကြလေသည်။သူတို့သည်
အလုပ်လုပ်နေရင်းမှမြယွန်းမှီကိုမြင်
သောအခါစူးစူးစိုက်စိုက်ကြည့်နေကြ၏။
သူတို့၏အကြည့်များကအေးစက်ပြီး
တုန်လှုပ်စရာကောင်းသည်ဟုမြယွန်းမှီ
ထင်မြင်မိ၏။ဘယ်လိုပဲပြောပြောသည်
ရွာလေးက ရွာလူကြီးအပါအဝင်ရွာသူ
ရွာသားများအကုန်လုံးထူးဆန်းနေ
သည်ကတော့အမှန်ပင်။
မြယွန်းမှီရွာလမ်းအတိုင်းလျှောက်လာ
ရင်းရွာစွန်သို့ရောက်မှန်းမသိရောက်
လာခဲ့လေသည်။ရွာလေးသည် ကုန်း
တက်ကုန်းဆင်းလမ်းလေးများနှင့်
အိပ်မက်ထဲကရွာလေးနှင့်အတော်
လေးပင်ဆင်တူလေသည်။မြယွန်းမှီလမ်းလျှောက်
လာရင်းမှရှေ့ကမြင်ကွင်းကြောင့်ဝမ်း
သာပျော်ရွှင်စိတ်ဖြင့်အံသြမင်သက်စွာ
ကြည့်နေမိလေသည်။မြယွန်းမှီ၏ရှေ့
တည့်တည့်တွင်ရေကန်ကြီးတစ်ကန်။
ကန်အစပ်တွငအင်္ဂလိပ်အက္ခရာတီ
အကြီးပုံစံတံတားတစ်ခုရှိနေသည်။
မြယွန်းမှီကန်နားသို့လျှောက်လာခဲ့ပြီး
တံတားပေါ်တက်ခဲ့လိုက်သည်။
အရာရာသည်အိပ်မက်လိုပင်။ကန်ရေ
ပြင်ကိုကျော်လွှားတိုတ်ခတ်လာသော
လေပြည်ညှင်းများကမြယွန်းမှီခန္ဓာကိုယ်
လေးကိုဖြတ်သန်းတိုတ်ခတ်သွားသည်။တံတား
ပေါ်ရပ်နေရင်းမှမြယွန်းမှီစိတ်ထဲဝမ်း
နည်းသလိုလိုခံစားလာရလေသည်။
တစ်စုံတစ်ယောက်ကိုလည်းနာနာကျင်
ကျင်သတိရမိလေသည်။ငယ်စဉ်
ထဲကအိပ်မက်ထဲတွင်ရင်းနှီးလာခဲ့
သော ထိုသူသည်ဘယ်အရပ်ဌာနီများ
ရောက်နေပါသနည်း။မိမိမှာတော့
သူကြောင့်သည်လိုတောကြီးမျက်မည်း
ထဲရောက်ရှိနေခဲ့ရလေပြီ။
မြယွန်းမှီတံတာအဆုံးထိလျှောက်သွား
ပြီးတံတားအစပ်တွင်ရေထဲသို့ခြေ
ထောက်ချပြီးထိုင်လိုက်လေသည်။
အေးမြသောရေ၏အထိအတွေ့ကခြေ
ထောက်မှတဆင့်မြယွန်းမှီတကိုယ်လုံး
အေးစိမ်းသွားသလိုခံစားလိုက်မိသည်။
မြယွန်းမှီကန်ရေပြင်ကိုငေးကြည့်နေ
စဉ်ရေထဲကလှုပ်ရှားသွားသောအရိပ်
လိုလိုအရာကိုတွေ့လိုက်ရတာမို့ခြေ
ထောက်ကိုတံတားပေါ်အမြန်တင်လိုက်
သော်လည်းအချိန်မမှီတော့ပေ။
အေးစက်သန်မာသောလက်အစုံက
မြယွန်းမှီခြေနှစ်ဘက်ကိုဆောင့်ဆွဲချ
လိုက်လေသည်။
" အား " " ဝုန်း "
မြယွန်းမှီ၏ကြောက်လန့်တကြား
အော်ဟစ်လိုက်သံကြောင့်သစ်ပင်ပေါ်
ကငှက်ကလေးများဝေါခနဲထပျံပြေး
သွားကြလေသည်။
မြယွန်းမှီရေထဲမှာယက်ကန်ယက်ကန်
နှင့်မြှုပ်လိုက်ပေါ်လိုက်ဖြစ်နေသည်။
မြယွန်းမှီကရေးသိပ်ကူးတတ်တာမ
ဟုတ်။အရိပ်မည်းလက်ထဲမှကြိုးစား
ရုန်းကန်နေသော်လည်းမြယွန်းမှီ
တဖြည်းဖြည်းအားအင်ဆုတ်ယုတ်လာ
သည်။အသက်ရှူ၍မဝတော့။ကြောက်
စိတ်ကြောင့်လူကသွေးရူးသွေးတန်းနှင့်
ရေအောက်တွင်လူရိုးများနှင့်ပြည့်နေ
သည်ဟုပင်မြင်နေမိသည်။
နောက်ဆုံးရှူသွင်းလိုက်သောအသက်
ရှူမှုမှာနှာခေါင်းထဲရေးများဝင်
ရောက်လာသည်ကိုသိရှိလိုက်သည်။
ပြီးတော့မိမိ၏ခန္ဓာကိုယ်ကိုတစ်
ယောက်ယောက်ကဆွဲငင်ယူလိုက်တာ
ကိုသိရှိလိုက်ပြီးအရာအားလုံးမှောင်အ
တိကျသွားလေသည်။
( ၆ )
ခေါင်းထဲကတဆစ်ဆစ်ကိုတ်ခဲနာကျင်
မှုနှင့်အတူမြယွန်းမှီသတိရလာလေ
သည်။မြယွန်းမှီသတိရရခြင်းကြောက်
လန့်တကြားထထိုင်လိုက်သည်။
" မမလေး မမလေးသတိရလာပြီးလား "
" ကျွန်မ ကျွန်မဘယ်ကိုရောက်နေတာ
လဲ "
" မမလေးအခန်းထဲကိုပြန်ရောက်နေ
တာပါ ။ရွာစွန်ကရေကန်ကြီးမှာမမလေး
ရေနစ်နေတာတွေ့လို့သခင်လေးက
ကယ်တင်ခဲ့တာပါ "
" ရှင် သခင်လေးကဘယ်သူလဲဟင်
ကျေးဇူးတင်လိုက်တာအရမ်းပါပဲ"
"သခင်လေးက ဒီအိမ်ကသခင်ကြီးတို့
ရဲ့သားပါ "
" သူ့ကိုတွေ့လို့မရဘူးလားရှင် ကျွန်မ
ကျေးဇူးတင်စကားပြောချင်လို့ပါ "
'********
အချိန်ကနေဝင်ရီတရော။နွားရိုင်း
သွင်းချိန်လို့ဆိုရမည်လားမသိ။
မြယွန်းမှီခြံထဲတစ်နေရာမှနေဝင်ဆည်း
ဆာအလှကိုငေးမော
ကြည့်နေမိသည်။အနောက်ဘက်မိုး
ကုပ်စက်ဝိုင်းဆီမှာတိမ်ရောင်စုံများ
သည်နီးဆွေးသောအဆင်းမှမည်းမှောင်
လာပြီးနေဝင်သွားသည်ကိုကြည့်ရသည်
မှာသံဝေဂရစရာပင်ကောင်းပါသည်။
" ဝုတ် ဝုတ် " "အမလေး "
ကျယ်လောင်သောခွေးဟောင်သံနှင့်
အတူမြယွန်းမှီကိုခုန်ဟပ်လိုက်သော
ခွေးကြီးကြောင့်မြယွန်းမှီကြောက်လန့်
တကြားအော်ဟစ်လိုက်ပြီးမြေပြင်
ပေါ်ပုံခနဲလဲကျသွားရလေသည်။
ထိုစဉ်မှာပင်
"နက်ကျုပ် ရပ်စမ်း "
ကြည်လင်ပြတ်သားသောအမိနိ့ပေးသံ
နှင့်အတူနက်ကျုပ်ဆိုသောခွေးကြီး
သည်ငြိမ်ကုပ်သွား
လေသည်။မြယွန်းမှီကျေးဇူးတင်စိတ်
နှင့်အသံရှင်ကိုမော့ကြည့်လိုက်မိ
သောအခါ။သူသည်လည်းမြယွန်းမှီကို
ကြည့်နေပါလေသည်။ပြုံးယောင်သမ်း
နေသောနှုတ်ခမ်း။စကားပြောနေသကဲ့
သို့စူးရှတောက်ပသောမျက်ဝန်းများ။
မြယွန်းမှီအသက်မဲ့သူလိုဖြစ်သွားသည်။
နှစ်ပေါင်းများစွာမျှော်လင့်တော့တနေခဲ့
မိသောအိပ်မက်ထဲမှချစ်သူ။ယခုအပြင်
လောကတွင်တကယ်မျက်ဝါးထင်ထင်
မြင်နေရပေပြီ။မြယွန်းမှီဝမ်းနည်းစိတ်
ကိုထိန်း၍မရတော့ပေ။ပါးပြင်ပေါ်သို့
မျက်ရည်းများစီးကျလာသည်။
သူသည်လည်းမြယွန်းမှီကိုရီဝေသော
အကြည့်များဖြင့်ကြည့်နေပြီး မြယွန်မှီ
လက်ကိုဆွဲယူဆုပ်ကိုင်လိုက်လေသည်။
" မငိုပါနဲ့တော့နှမလေးရယ် တစ်နေ့ကျရင်
အမောင့်ဆီကို နှမလေးရောက်လာ
မယ်ဆိုတာအမောင်သိပြီးသားပါ။
အမောင်လည်းနှမလေးကိုတွေ့ချင်
လွန်းလို့စောင့်မျှော်နေခဲ့တာနှစ်ပေါင်း
များစွာကြာလှပါပြီ "
တန့်လိုက်လေသည်။မြယွန်းမှီအိမ်
ကြီးကိုကြည့်၍အံ့သြမင်သက်နေမိ၏။
သည်လိုတောတောင်ကြီးထဲတွင်ကြီး
မားခန့်ထည်လှသောအိမ်ကြီးရှိနေသည်
မှာထူးဆန်းအံ့သြဖွယ်ရာပင်။မြယွန်းမှီ
တွေ့ခဲ့သမျှရွာထဲအိမ်တွေကသစ်lဝါး
များနှင့်ဆောက်ထားသောရိုးရိုးအိမ်
များသာဖြစ်လေသည်။သည်အိမ်ကြီးက
တော့ခမ်းနားလွန်းလှပေသည်။သုံးထပ်
အမြင့်ဆောက်ထားပြီးရှေးခေတ်နံရံ
ပန်းချီပန်းပုလက်ရာများနှင့်မြင်သူမင်
သက်ငေးမောမိရလောက်အောင်ခမ်း
နားဆန်းကြယ်လွန်းလှပေသည်။
"ကျွန်တော်မျိုးတို့ရောက်ပါပြီသခင်
ကြီး "
မြယွန်းမှီကိုခေါ်ဆောင်လာသောလူကြီး
ကအိမ်ကြီးထဲသို့မျက်နှာမူရပ်လိုက်ပြီး
ခြေစုံရပ်ဦးညွှတ်ကာတရိုတသေလှမ်း
ပြောလိုက်လေသည်။
" အေးအေး ကလေးမအထဲကိုဝင်ခဲ့ပါ "
အိမ်ကြီးထဲမှသြဇာအာဏာပြည့်ဝသော
အသံနှင့်အတူမြယွန်းမှီကိုခေါ်ဆောငလာသောလူကြီးကအိမ်ထဲကိုဝင်သွား
ရန်အမူအရာပြတာမို့ မြယွန်းမှီလည်း
အိမ်ကြီးထဲသို့ဝင်ခဲ့လိုက်လေသည်။
အိမ်ကြီးထဲသို့ရောက်သောအခါကျယ်
ဝန်းလှသောအခန်းကျယ်ကြီးထဲတွင်
ရှေးခေတ်ကနုတ်ပန်းများနှင်စီခြယ်
ထားသောထိုင်ခုံးကြီးများကိုတွေ့လိုက်
ရသည်။ထိုင်ခုံများ၏ထိပ်ဆုံးကျသော
ခုံတွင်ရွှေဖလားရောင်တိုတ်ပုံအက်ျီနှင့်
ရွှေရောင်ပြောင်နေသောဝတ်စုံကိုဝတ်
ဆင်ထားသောခန့်ညားလှသည်လူကြီ
တစ်ဦးနှင့်အတူရှေးရိုးဆန်ဆန်အဝတ်
အစားများနှင့်မိန်းမကြီးတစ်ယောက်
ကိုတွေ့လိုက်ရလေသည်။ကျန်လူလေး
ငါးခြောက်ယောက်လောက်ကတော့ထို
လူနှစ်ယောက်ဘေးတွင်ခေါင်းငုံ့လျက်
တရိုတသေရပ်နေကြတာမို့ကြည့်ရတာ
ထိုလူကြီးသည်ရွာလူကြီးဖြစ်မည်ထင်
သည်။ထိုလူကြီးဘေးမှမိန်းမကြီးမှာ
လည်းထိုလူကြီး၏ဇနီးပင်ဖြစ်ပေလိမ့်
မည်ထင်သည်။မြယွန်းမှီကိုယ့်အထင်
နှင့်ကိုတွေးတောနေစဉ်မှာပင်ထိုလူ
ကြီးထံမှစကားသံထွက်လာလေသည်။
"ကလေးမထိုင်ပါ ကျုပ်ကတော့
ဟောဒီရွာကရွာလူကြီးပဲဒါကကျုပ်ဇနီး
သူတို့ကတော့ကျုပ်ရဲ့အခိုင်းအစေတွေ
ပဲ မင်းနေဖို့အခန်းကိုသူတို့လိုက်ပို့
လိုက်မယ်။မင်းကအထူးတလည်
ရောက်လာတဲ့ဧည့်သည်မို့ကျုပ်တို့ဘက်
ကဧည့်ဝတ်ကျေရပါစေမယ်။
ကလေးမဘက်ကလည်းအိမ်ရှင်တွေရဲ့
စည်းကမ်းကိုလိုက်နာပေးပါ။ "
" ဟုတ်ကဲ့ပါရှင်ကျွန်မကိုလက်ခံပေး
လို့ကျေးဇူးတင်ပါတယ်ရှင် ။လိုက်နာ
ရမယ့်စည်းကမ်းချက်တွေကိုသာ
ပြောပါ ဦးကြီး "
"ကျုပ်တို့အရပ်မှာလွတ်လပ်စွာနေထိုင်
လို့ရပါတယ်ကလေးမဒါပေမဲ့ညသန်း
ခေါင်ကနေမနက်မိုးသောက်အထိအ
ပြင်ကိုမထွက်ပါနဲ့ ဘာသံတွေကြား
ကြားအပြင်မှာဘာတွေဖြစ်နေပါစေ
အသံလည်းမထွက်ပါနဲ့
ထွက်လည်းမကြည့်ပါနဲ့
အပြင်ကိုလုံးဝမထွက်ပါနဲ့လို့အတန်
တန်သတိပေးပါတယ်ဒါကိုမလိုက်နာ
နိုင်ရင်တော့ ကလေးမ ကိုကျုပ်က
လက်ခံထားတော့မှာမဟုတ်ပါဘူး "
" ဟုတ် ကဲ့ပါရှင်ဦးကြီးပြောတာကို
ကျွန်မလက်ခံသဘောတူပါတယ် "
"အေး အေးကောင်းပါလေ့ သူတို့နဲ့
လိုက်သွားညစာစားပြီးအခန်းထဲအနား
ယူပေတော့ "
မြယွန်းမှီညစာစားပြီးတော့အချိန်က
မနည်းတော့တာမို့သူ့အတွက်
ပေးထားသောအခန်းထဲကိုဝင်လာ
ခဲ့လိုက်သည်။အခန်းကကျယ်ဝန်းလှ
သည်။အခန်းထဲတွင်ရှေးခေတ်လက်
ရာကုတင်တစ်လုံး။စားပွဲတစ်လုံးနှင့်
ထိုင်စရာခုံပါပါရှိတာမို့မြယွန်းမှီသ
ဘောကျနှစ်ခြိုက်သွားမိလေသည်။
အခန်းလယ်တွင်ထွန်းထားသောကြီး
မားတုတ်ခိုင်သောဖယောင်းတိုင်မီးအ
လင်းရောင်ကြောင့်အခန်းထဲတွင်လင်း
လင်းချင်းချင်းရှိလှပေသည်။အခန်းထဲ
တွင်ပြတင်းပေါက်တစ်ခုလည်းရှိတာမို့
မြယွန်းမှီကျေနပ်သွားရလေသည်။
တစ်နေကုန်ပြေးလွှားခဲ့ရတာကြောင့်
မြယွန်းမှီခေါင်းအုံးပေါ်ခေါင်းချလိုက်
သည်နှင့်အိပ်ပျော်သွားရလေသည်။
မြယွန်းမှီအိပ်ပျော်နေစဉ်အိပ်မက်ဆိုး
တစ်ခုမက်ပြီးဖျတ်ခနဲလန်နိုးလာသည်။
မြယွန်းမှီလန့်နိုးလာတော့ညကထိန်
ထိန်တောက်လင်းနေသောအခန်းက
မှောင်အတိကျနေ၏။ဖယောင်းတိုင်
မီးကိုဘယ်သူများလာငြိမ်းသွားသည်
မသိ။ဖယောင်းတိုင်ကကြီးမားလှတာ
မို့ကုန်သွားတာတော့မဖြစ်နိုင်ပေ။အခန်းထဲတွင်
မှောင်ပိတ်ပြီးတိတ်ဆိတ်နေပုံကမ
ကြောက်တတ်သောမြယွန်းမှီရင်ထဲ
နှလုံးခုန်သံပင်မြန်လာသလိုဖြစ်မိလေ
သည်။မြယွန်းမှီဘယ်လိုမှပြန်အိပ်မ
ပျော်နိုင်တော့။
ထိုစဉ်မှာပင်
"ဒီကိစ္စကိုဘယ်လိုစီစဉ်မလဲသခင်ကြီး
သူဟာ ကျုပ်တို့သားလေးနဲ့ကျုပ်
တို့ကိုခွဲပစ်မယ့်သူပဲ "
" အချိန်တန်ရင်သူ့ဘာသာဖြစ်လာ
မှာပါ စိတ်ပူစရာမလိုဘူး"
" ရှပ် ရှပ် ရှပ် "
စကားသံများနှင့်အတူတရှပ်ရှပ်လာနေသော
ခြေသံကိုကြားလိုက်ရလေသည်။
ခြေသံကမြယွန်းမှီအခန်းရှေ့အရောက်
ရှေ့ဆက်မသွားဘဲရပ်တန့်သွားတာမို့ မြယွန်းမှီအသက်တောင်ပြင်း
ပြင်းမရှုဝံ့တော့။ခြေသံကအတန်ကြာ
ပျောက်ကွယ်တိတ်ဆိတ်သွားပြန်သည်။
" ဘုတ် ဘုတ်ဘုတ် "
" ဖြန်း "
တိတ်ဆိတ်သွားသောညအမှောင်
အောက်တွင်
ပြတင်းပေါက်ကိုတဘုတ်ဘုတ်ထုသံ
နှင့်အတူဖြန်းခနဲရိုတ်သံထွက်ပေါ်လာ
လေသည်။မြယွနိးမှီတကိုယ်လုံး
ကြက်သီးများတဖြန်းဖြန်းထလာပြီး
ဇောချွေးများပါပျံလာလေသည်။
" ဝူး အူး အူး အူး အူး --------- "
သည်ကြားထဲခွေးအူသံများပါအဆက်
မပြတ်ထွက်ပေါ်လာပြီးအိမ်ကြီးအပြင်
ဘက်မှခြေသံများကိုပါကြားနေရလေ
သည်။မြယွန်းမှီစောင်ကိုခေါင်းအထိလုံ
အောင်ခြုံထားလိုက်ပြီးဂုဏ်တော်ကိုး
ပါးကိုတတွတ်တွတ်ရွတ်ဖတ်နေလိုက်
သည်။
( ၅ )
ကားကမနက်ခြောက်နာရီခန့်မှပခုက္ကူ
မြို့ပေါ်သို့ရောက်ရှိလေသည်။အဲသည့်
ကတဆင့်အထက်ပိုင်းချင်းပြည်နယ်
ဘက်သွားသောကားကိုတစ်ခါထပ်
စီးရသည်။လမ်းခရီးကတောင်တက်
တောင်ဆင်းလမ်းတွေနှင့်သာယာလှပ
သလိုစိတ်လှုပ်ရှားအသည်းယားစရာလည်းကောင်း
သည်။တစ်နေကုန်နီးပါးစီးလာပြီး
တော့မှမြယွန်းမှီဆင်းရမည့်နေရာကို
ရောက်ရှိပြီမို့ ကားပေါ်ကဆင်း
လိုက်လေသည်။ကားပေါ်ကဆင်းသူ
မှာမြယွန်းမှီတစ်ယောက်တည်းသာရှိပြီး
ကားရပ်လိုက်သောပတ်ဝန်းကျင်က
လည်းနေပြောက်မထိုးနိုင်အောင်ပင်
သစ်ပင်ကြီးများဖြင့်အုံးဆိုင်းနေ၏။
လူသူအရိပ်အရောင်လည်းမတွေ့။
ကားပြန်ထွက်သွားသည်နှင့်တိတ်
ဆိတ်ကျန်ခဲ့သောပတ်ဝန်းကျင်ကို
ကြည့်ပြီးမကြောက်တတ်သော
မြယွန်းမှီရင်ထဲ၌မသိမသာထိတ်လန့်
စိတ်များဝင်ရောက်လာသည်။အွန်လိုင်း
ပေါ်ကအသိမိတ်ဆွေကိုယုံကြည်ပြီး
လာခဲ့မိတာမှားများမှားသွားပြီးလား
ဟုသောအတွေးနှင့်အတူထိတ်လန့်
အားငယ်စိတ်တွေပါဖြစ်ပေါ်လာမိလေ
သည်။တကယ်လို့များမည်သူ
မျှလာမကြိုလျှင်ရှေ့ဆက်ဘာလုပ်
ရမည်နည်း။သည်လမ်းကတစ်နေ့လုံးနေမှကားနှစ်စီးသုံးစီးထက်ပိုမသွားဟု
ကားဆရာကြီးပြောတာကိုအမှတ်ရ
လိုက်သည်။လက်ထဲကနာရီကိုကြည့်
လိုက်တော့အချိန်ကမနည်းတော့။
ညနေငါးနာရီထိုးပေတော့မည်။သစ်
ကြီးဝါးကြီးများအုံ့ဆိုင်းနေသောအရပ်ဒေသမို့အခြားနေရာများထက်စောစီးစွာနေဝင်လိမ့်မည်ထင်သည်။
တွေရင်းမှမြယွန်းမှီတကိုယ်လုံးဇောချွေးများပင်ပျံလာသည်။
ကားလမ်းမကြီးမှဟိုအဝေးကိုလှမ်းကြည့်လိုက်တော့မှိုင်းပျပျမြင်နေရသော
ရွာလေးကိုမြင်လိုက်ရတာမို့ကျောပိုး
အိတ်ကိုသေချာလွယ်ပိုးပြီးရွာလေး
ဆီကိုဦးတည်လျှောက်ခဲ့လေသည်။
ထိုစဉ်မှာပင်မျက်နှာချင်းဆိုင်ဆီမှလူသုံးယောက်လျှောက်လာသည်ကိုတွေ့လိုက်ရတာမို့
ဝမ်းသာသွားမိလေ၏။
"ဒီမှာ... ဒီမှာရှင့် ဟိုရှေ့ကရွာကမိုးနှဲရွာ
လား"
မြယွန်းမှီမေးသံကြောင့်ယိုင်တိယိုင်တိုင်
လျှောက်လာကြသော လူသုံးယောက်က မြယွန်းမှီကိုခြေဆုံးခေါင်းဆုံးသေချာကြည့်
ရှုလာလေသည်။
" ဟေ့ကောင်တွေ မိုးနှဲရွာလားတဲ့မေးနေ
တယ်ကွ ၊သူကဘယ်သူလဲနတ်သမီး
လား၊ဥစ္စာစောင့်လား၊သရဲလား ဟ "
"ဟေး ဟဲ ဟဲ ဘာဖြစ်ဖြစ်စားရကံကြုံ
လို့မုတ်ဆွဲပျားဆွဲတာအလွတ်ခံလို့
ဘယ်ဖြစ်မလဲကွ "
" ဟား ဟားဟား ဟုတ်တယ်ဟေ
မင်းပြောတာအမှန်ဆုံးပဲဟေ့ "
ထိုလူများ၏ပြောစကားများနှင့်ပုံစံများ
ကိုကြည့်ပြီးမြယွန်းမှီအခြေအနေကို
နားလည်သဘောပေါက်လိုက်တာမို့
ခြေဦးတည်ရာအရပ်သို့လျှင်မြန်စွာပြေး
ထွက်ခဲ့သည်။
( ၄ )
မြယွန်းမှီကြောက်ကြောက်နှင့်ပြေးလာ
ခဲ့မိရာသတိဝင်လာလို့ပတ်ဝန်းကျင်
ကိုကြည့်လိုက်မိတော့ရွာတစ်ရွာကို
မြင်တွေ့လိုက်ရလေသည်။အချိန်က
မှောင်ရီပျိုးပျဖြစ်နေပြီ။ရွာထဲကို
ခပ်သွက်သွက်လှမ်းဝင်ခဲ့လေသည်။
ရွာလမ်းတစ်လျှောက်ပြေးလွှားဆော့
ကစားနေသောကလေးငယ်များ။
ဆန်ဖွပ်ဆန်ထောင်နေသောသူများနှင့်
စည်းကားနေလေသည်။မြယွန်းမှီကိုတွေ့
သောအခါအံ့သြနေကြသော
မျက်လုံးဖြင့်ကြည့်ကြလေ၏။သူတို့၏
ပုံစံများကအနည်းငယ်ထူးခြားနေသ
လိုလိုခံစားမိသော်လည်းအဖြေကို
သေချာရေရာမသိနိုင်ဖြစ်ရသည်။
မြယွန်းမှီအနီးဆုံးသူတစ်ယောက်အား
ရွာလူကြီး၏အိမ်ကိုလှမ်းမေး
လိုက်လေသည်။
" အဒေါ်ရွာလူကြိီးအိမ်ကဘယ်နားမှာများလဲရှင် "
အနှီးမိန်းမကြီးကမြယွန်းမှီ၏အမေး
ကိုမဖြေဘဲခပ်စိမ်းစိမ်းကြီးစိုက်ကြည့်
နေလေ၏။ထိုအကြည့်ကြောင့်မြယွန်းမှီ
တကိုယ်လုံးကြက်သီးတွေတဖြန်းဖြန်း
ထမိသည့်အထိထိတ်လန့်သွားမိလေ
သည်။ဘယ်လောက်မေးမေးလည်း
ဖြေမည့်ပုံမပေါ်တာမို့မြယွန်းမှီရှေ့ဆက်
၍လျှောက်လာခဲ့သည်။တစ်လမ်းလုံး
မြင်မြင်သမျှသောရွာသူရွာသားအ
ပေါင်းတို့၏အကြည့်တွေကတမူထူး
ခြားနေသည်မှာတော့အမှန်ပင်။
"ဟေ့ မိန်းခလေးခဏရပ် "
အသံနှင့်အတူမြယွန်းမှီရှေ့မှပိတ်ရပ်
လိုက်သောလူတစ်ယောက်ကြောင့်မြယွန်းမှီလှမ်းလက်စခြေလှမ်းတွေကိုရပ်တန့်လိုက်ပြီး
" ဘာ ဘာကိစ္စများလဲရှင် ကျွန်မမျက်စိ
လည်လမ်းမှားလာလို့ပါ တဆိတ်
လောက် ရွာက ရွာလူကြီးအိမ်ဘယ်
နားမှာများလဲရှင် "
" ငါ့ကို ရွာလူကြီးလွှတ်လိုက်တာပဲ
ငါ့နောက်ကလိုက်ခဲ့ "
ထိုလူကြီး၏စကားကြောင့်မြယွန်းမှီ
အံ့သြသွားရလေသည်။မြယွန်းမှီရောက်နေ
တာကိုမည်သို့များသိသွားပါလိမ်ံ့။
ကြည့်ရတာရွာလူကြီးကအတော်
လေးကိုထူးချွန်ထက်မြက်သောသူ
တစ်ယောက်ဖြစ်လိမ့်မည်ထင်သည်။
မြယွန်းမှီရှေ့ကလူကြီးကတော့အမြင်
နှင့်တင်အနည်းငယ်ကျောချမ်းစရာ
တော့ကောင်းနေသည်။
ထိုလူကြီး၏ပုံစံမှာထွားထွား
ကျိုင်းကျိုင်းနှင့်ဆံပင်ရှည်ကြီးကို
သျှောင်ထုံးထုံးထားပြီး
အသားအရည်က မည်းမည်းပြောင်
ပြောင်။မျက်နှာကခက်ထန်မာ
ကျောပုံပေါ်နေ၏။မြယွန်းမှီအတွေး
ပေါင်းများစွာနှင့်ထိုလူကြီးခေါ်
ဆောင်ရာနောက်သို့တရွေ့ရွေ့လိုက်ပါ
သွားမိလေ၏။
ထိုလူကြီးသည်ကြီးမားခန့်
ထည်၍ တစ်ခြံလုံးမီးရောင်ထိန်ထိန်
လင်းလင်းနှင့်နန်းတော်ကြီးတမျှ
လှသောတိုတ်အိမ်ကြီးတစ်အိမ်
ရှေ့အရောက်တွင်ခြေလှမ်းများကိုရပ်
ပထမဆုံးရေးခဲ့ဖူးတဲ့လျှိုဝှက်ဆန်းကြယ်ဝတ္တုတို
(စာဖတ်သူတို့ရော ထူးထူးခြားခြားအိပ်မက်တွေမက်လေ့ရှိပါသလား )
အကျဉ်းစံချစ်သူနှင့်ပျောက်ဆုံးနေသောရွာ
===========
( ၁ )
တကယ်တော့ သည်ထိတ်လန့်တုန်လှုပ်စရာအဖြစ်ပျက်များ ဖြစ်ပေါ်လာ
ရခြင်းမှာမကြာခဏမက်လေ့ရှိသော
အိပ်မက်များကိုစွဲလမ်းတသစိတ်ဖြင့်
ရှာဖွေမိရာမှ ပေါ်ပေါက်လာရခြင်းဖြစ်ပေသည်။
အိပ်မက် ၁။
ကောင်းကင်ထက်တွင်လမင်းကြီး
ကဝင်းဝင်းပပနှင့်တစ်လောကလုံးသာ
ယာလှပနေလေသည်။အေးမြသောလေပြည်
ညှင်းလေးများသည်လည်းညင်ညင်သာသာတိုတ်
ခတ်နေလေသည်။
ညီညာ ဖြောင့်ဖြူးသောမြေသားလမ်း
လေးထက်တွင်သူတို့လမ်းလျှောက်နေ
ခဲ့ကြသည်။လမ်းရဲ့ဘေးနှစ်ဘက်တွင်
တစ်တောင်သာသာမြက်ပင်ရိုင်းလေး
များသာပေါက်ရောက်နေတာမို့လမင်း
၏အလင်းရောင်ကအတားအဆီးမရှိ
ဖြန့်ကျက်ကျရောက်လျက် ညကာလက
အလှကြီးလှနေတော့လေသည်။
သူမ၏ကိုယ်ပေါ်တွင်အဖြူရောင်ဝမ်း
ဆက်ကိုဝတ်ဆင်ထားပြီးဆံပင်ရှည်
ရှည်များက လေပြေညှင်းလေးများနှင့်အပြိုင်ယိမ်းနွဲ့လှုပ်ရှားနေလေသည်။
သူမအရမ်းကိုပျော်နေခဲ့သည်။
သူ၏လက်မောင်းကိုဖတ်တွယ်ပြီးပခုံး
ထက်တွင်ခေါင်းကိုမေးတင်ရင်းကြည်နှူး
မှုတွေကအတိုင်းအဆမဲ့စွာပေါ့။
သူလည်းအဖြူရောက်ဝတ်စုံနှင့်နတ်သား
လေးတစ်ပါးလိုသိပ်ကိုကြည့်လို့ကောင်းနေလေသည်။သူ့မျက်နှာကိုတစိမ့်
စိမ့်ငေးကြည့်ရင်းရင်တွေတသိမ့်သိမ့်
ခုန်နေခဲ့မိလေသည်။
အိပ်မက် ၂ ။
ထိန်ထိန်သာနေသောလမင်းကြီး၏အလင်းရောင်အောက်တွင်ကန်ရေပြင်က
တိတ်ဆိတ်ငြိမ်သက်ပြီးပတ်ဝန်းကျင်မှ
ပန်းရနံ့လေးများတသင်းသင်းနှင့်ညကအရမ်းကိုလှပနေလေသည်။
ကန်တွင်ထိုးထားသောအင်္ဂလိပ်အက္ခရာတီ
အကြီးပုံစံတံတားထိပ်မှာသူမရောက်ရှိ
နေခဲ့သည်။ပိုပြီးတိတိကျကျပြောရမည်
ဆိုလျှင်ခြေဆင်းထိုင်နေသောလူတစ်
ယောက်၏ပေါင်ပေါ်တွင်ခေါင်းအုံးပြီး
သူမအိပ်နေခဲ့တာ။ကောင်းကင်ထက်က
လမင်းကြီးကသူမနှင့်မျက်နှာချင်းဆိုင်
ကြည့်နေရသလိုအရမ်းကိုနီးနီးကပ်ကပ်နှင့်သာယာလှပနေခဲ့တာ။
လမင်းကြီးနဲ့အပြိုင်သူကလည်းသူမကို
ခပ်ပြုံးပြုံးစိုက်ကြည့်နေခဲ့လေသည်။
ကြည်လင်တောက်ပနေသောသူ့မျက်ဝန်း
များကစကားတွေအများကြီးပြောနေသ
လိုလို။ပြုံးယောင်သမ်းနေသောနှုတ်ခမ်း
ပါးပါးနှင့်သူ့မျက်နှာကလမင်းနှင့်
အပြိုင်အေးချမ်းသာယာလွန်းလှသည်။
သူမရင်တွေတဒိတ်ဒိတ်ခုန်နေသည်။
ကြည်နှုးမှုလေးများကိုဝအောင်မခံစား
ရသေးခင်သူမအိပ်မက်ကဖျတ်ခနဲလန့်
နိုးခဲ့ရသည်။ရင်ခုန်သံတွေကတော့မြန်နေဆဲ။
မှတ်မှတ်ရရဒုတိယကြိမ်မြောက်
အိပ်မက်ကိုမက်တော့သူမအသက်
တစ်ဆယ့်ခြောက်နှစ်အရွယ်သာရှိသေးသည်။
ယခုအချိန်တွင်တော့သူမအသက်နှစ်ဆယ့်ကိုးနှစ်ပင်ကျော်လာခဲ့လေပြီ။
အိပ်မက်ထဲကအကြောင်းအရာများ
နှင့်ပတ်သက်၍အစ
အနပင်မကြုံဆုံ မတွေ့ရှိရသေးပါ။
( ၂ )
"ရွာလးကသစ်ပင်ကြီးတွေအုံ့အုံ့
ဆိုင်းဆိုင်းရှိပြီးအေးချမ်းသာယာလှပသ
လိုတောင်ကုန်းတောင်ဆင်းမညီမညာ
အနိမ်အမြင့်လမ်းတွေလည်းရှိပါတယ်။
ထူးခြားတာဘေးပတ်ပတ်လည်မှာ
ပန်းပေါင်းစုံအမြဲပွင့်နေတဲ့ရေကန်ကြီး
တစ်ကန်ရှိပါတယ်။ရေကန်မှာအင်္ဂလိပ်
အက္ခရာတီအကြီးပုံတံတားလေးရှိတယ်။ပြီးတော့ထူးထူးခြားခြား
ပွင့်တူရွက်တူပင်ကြီးတွေအရောင်စုံရှိပါ
တယ် ။ဒီလိုရွာလေးကိုမိတ်ဆွေတို့
သိရှိတယ်ဆိုရင်ဆက်သွယ်အကြောင်း
ကြားပေးဖို့မေတ္တာရပ်ခံပါတယ်ရှင် ။ "
စာလုံးလေးများကိုတဖျတ်ဖျတ်
ရိုတ်နှိပ်လိုက်ပြီးပို့စ်နေရာကိုလက်မ
လေးနှင့်ဖိလိုက်သည်။ပြီးတော့လက်တော့လ်ကိုပိတ်လိုက်ပြီးအညောင်း
အညာပြေခြေလက်များကိုဆန့်ထုတ်
လျက်ဇက်ကိုဘယ်ပြန်ညာပြန်လှည့်
ပြီးအညောင်းဖြေလိုက်၏။သည်နေ့
အဖို့စာရေးခြင်းအလုပ်ကို
ရပ်တန့်ပြီးအနားယူအိပ်စက်ရပေဦး
မည်။မနက်ဖြန်အတွက်မျှော်လင့်
ချက်များတပွေ့တပိုက်နှင့်ပေါ့။သူမက
တော့စာရေးဆရာမပေါက်စလေး
"မြယွန်းမှီ "ပင်ဖြစ်ပါလေသည်။
( ၃ )
မြယွန်းမှီကျောပိုးအိတ်ကို ကားခေါင်မိုး
ပစ္စည်းများထည့်သောဘောက်စ်ထဲကို
ထည့်လိုက်ပြီး ထိုင်ခုံမှာသက်တောင့်သက်
သာဝင်ထိုင်လိုက်သည်။မြယွန်းမှီ
ဘဝတွင်အကြိမ်ပေါင်းများစွာခရီး
သွားခဲ့ဖူးသော်လည်းသည်အခေါက်
ခရီးက ယခင်အခေါက်များနှင့်မတူ တမူ
ထူးခြားပေသည်။မြယွန်းမှီရင်ထဲ၌
ယခုမှခရီးစသွားဖူးသူလိုရင်ခုန်စိတ်
လှုပ်ရှားနေလေသည်။ယခုအခါ
မြယွန်းမှီ
သွားမည့်ခရီးကနှစ်ရှည်လများ ရှာဖွေနေသော
ရွာလေးအကြောင်းအွန်းလိုင်းမှသတင်း
ရရှိသောကြောင့်ဖြစ်လေသည်။သတင်း
ပေးသူကမြယွန်းမှီ၏စာဖတ်ပရိတ်သတ်
ညီမလေးတစ်ယောက်ဖြစ်သည်။ထို
ညီမလေးပေးပို့လာသောပုံတွေက
မြယွန်းမှီအိပ်မက်ထဲကမြင်ကွင်းများနှင့်
အတော်လေးကိုတူနေသော
ကြောင့်မျှော်လင့်တကြီးခရီးထွက်
လာခဲ့ခြင်းပင်ဖြစ်လေသည်။မြယွန်းမှီ ဦး
တည်ရာအရပ်ကမြန်မာပြည်အလယ်
ပိုင်းအဆုံးမြန်မာပြည်အထက်ပိုင်း
အစအစွန်းအဖျားကလူသူအရောက်အပေါက်မရှိသောရွာလေးတစ်ရွာကိုဖြစ်ပါ
လေသည်။
ညနေခြောက်နာရီကထွက်လာသော
ကျွန်မက သီဟထွန်းရှိန်၏ အမေးကိုမဖြေဘဲ ညီညာစီရီစွာခင်းထားသောလျှာထိုးကြမ်းပြင်ကိုစူးစူးစိုက်စိုက်ကြည့်လိုက်သည်။
" သီဟ...ဒီနားကပျဥ်ပြားတွေကိုခွါကြည့်ရအောင် တစ်ခုခုသွားယူပါလား..."
သီဟထွန်းရှိန်သည် နားမလည်နိုင်သောအမူအရာဖြင့် ကျွန်မခိုင်းသည့်အတိုင်း လျှာထိုးပျဥ်ပြားများကိုခွါနေလေသည်။
" ဒီနေရာ...ဒီပျဥ်ပြားကိုခွါ"
ကျွန်မပြသောနေရာကို သီဟထွန်းရှိန်သည် ယောင်ယောင်ကန်းကန်းနှင့်ခွါကြည့်လိုက်ရာ သံသေတ္တာခပ်သေးသေးတစ်လုံးကိုတွေ့လိုက်ရသည်မို့ သီဟထွန်းရှိန်သည် အံ့သြတကြီးနှင့်ကျွန်မကို မော့ကြည့်လာပြီး
" ဟာ...ဒါ...ဒါ...မမရတီချိုရဲ့ရတနာသေတ္တာပဲ...ဒီ..ဒီနေရာမှာရှိမှန်းဆရာမဘယ်လိုသိတာလဲဟင်..."
" ဟို...ဟို...အိပ်မက်မက်လို့ပါသီဟရယ်..."
" ဘာပဲဖြစ်ဖြစ် အဖေ့သာသိရင်ဝမ်းသာမှာပဲ အဖေ့ကိုသွားပြောကြရအောင်နော်..."
****
အထုတ်အပိုးများ၊ ပစ္စည်းများကို ကားတစ်စီးနှင့်သက်သက်တင်လိုက်ပြီး နောက်ကားတစ်စီးပေါ်တွင် သူဌေးကြီးဦးထွန်းရှိန်၊သီဟထွန်းရှိန်နှင့်ကျွန်မတို့ လိုက်ပါသွားရန်စီစဥ်ထားသည်မို့ ကျွန်မဝှီးချဲကိုကားနားသို့ခပ်ဖြည်းဖြည်းတွန်းလာခဲ့ပြီးကားနားရောက်သည်နှင့်ဝှီးချဲကိုနောက်ပြလှည့်လိုက်ပြီး စိန်ပန်းမြိုင်အိမ်ကြီးကိုနောက်ဆုံးအနေနှင့်ကြည့်လိုက်သည်။
ကောင်းကင်ပြာပြာအောက်တွင် အထိီးကျန်တိတ်ဆိတ်စွာ ကျန်ခဲ့သောစိန်ပန်းမြိုင်အိမ်ကြီးကိုကြည့်၍ ကျွန်မရင်ထဲမှာလှိုက်ခနဲဖြစ်သွားပြီး မျက်ရည်စများက ပါပြင်ပေါ်သို့အလိုလိုစီးကျလာလေသည်။ထို့အတူ
သူဌေးကြီးဦးထွန်းရှိန်ကိုကြည့်လိုက်သောအခါတွင်လည်း သူဌေးကြီးသည်လည်း ရီဝေဖျော့တော့သောအကြည့်များဖြင့် စိန်ပန်းမြိုင်အိမ်ကြီးကိုငေးငေးရီရီကြည့်နေသည်ကိုတွေ့လိုက်ရလေ၏။
" သွားကြမယ်လေ...
သွားကြစို့နော်...အဖေ.."
အသံနှင့််အတူပခုံးကိုခပ်ဖွဖွဆုပ်ကိုင်လိုက်သော သီဟထွန်းရှိန်အား ခေါင်းကိုငြိမ့်ပြလိုက်ပြီး ကျွန်မတို့ စိန်ပန်းမြိုင်အိမ်ကြီးကိုကျောခိုင်းလိုက်ကြလေသည်။
ပြီးပါပြီ
****
ဧကြည်ဖြူ
"စိန်ပန်းမြိုင်အိမ်ကြီးကိုအစမှအဆုံးဖတ်ရှုပေးကြသူအပေါင်းအားကျေးဇူးအထူးတင်ရှိပါသည်။
ကိုယ်တိုင်ရေးသားထားသောစာမူဖြစ်၍ အခြားသူ၏ကလောင်အမည်ဖြင့် ကူးယူခွင့်မပြုပါ
ဖတ်ရှုပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်
စာဖတ်ခ ၁၀၀၀ကျပ် ပေးသွင်းလိုသူများအတွက်
ပေးသွင်းရမည့် အကောင့်များမှာ
KPay
09773745413
Lai Lai Win
Wave
09773745413
Lae Lae Win ဖြစ်ပါတယ်
အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင်
ကလောင်နာမည်ဖျက်ပြီး Copy ယူခွင့်မပြုပါ
ခိုးယူသုံးစွဲခြင်းများ ခွင့်မပြုပါ
စာဖတ်သူများအားလုံးကို
ကျေးဇူးတင်ချစ်ခင်လျက်ပါ
A Kyi Phyu
#ဧကြည်ဖြူ
" တကယ်တော့...မမရတီချိုက အရမ်းကိုစိတ်သဘောထားကောင်းတာ...ကျွန်တော့်အမေ့က ကျွန်တော့်ကို
အကြောင်းပြပြီးအဖေ့ကို လိမ်ညာလက်ထပ်ခဲ့တာလေ...ဒီအကြောင်းတွေကို ကျွန်တော်တက္ကသိုလ်တက်တော့မှမတော်တဆသိသွားခဲ့တာ...သိသိချင်း. ကျွန်တော့်ကမ္ဘာကြီးတစ်ခုလုံးပျက်သွားသလိုပဲ...ကျွန်တော်အရမ်းချစ်တဲ့အစ်မက ကျွန်တော်နဲ့သွေးမတော်သားမစပ်ဖြစ်နေပြီး ကျွန်တော်မုန်းတဲ့မကေသီကပဲကျွန်တော့အစ်မဆိုတော့ ကျွန်တော်ရူးချင်သလိုလိုဖြစ်ခဲ့တာ...နောက်တော့အဖေပါသိသွားတယ်လေ...ဒါပေမဲ့ထူးဆန်းတာကဘာလဲသိလား...ကျွန်တော်ကသူ့အဖေရဲ့သွေးသားမဟုတ်ဘူးဆိုတာ မမရတီချိုကသိတာကြာပြီတဲ့လေ...ကျွန်တော်ခံစားရမှာစိုးလို့ ဘယ်သူ့ကိုမှထုတ်မပြောခဲ့တာတဲ့...အဲ့ဒီအကြောင်းကိုသိသွားတဲ့နေ့ကစပြီး ကျွန်တော်ဒီအိမ်ကြီးမှာမနေတော့ဘူး...ကျွန်တော့်အမေအရင်းနဲ့အစ်မကိုထွက်သွားဖို့ခေါ်တာလည်းမရတော့ ကျွန်တော်တစ်ယောက်တည်းမြို့ထဲမှာသွားနေခဲ့တာ...ကျွန်တော်အဲ့ဒီလိုနေတော့မမရတီချိုကမြို့ထဲမှာအိမ်ဝယ်ပေးတယ်လေ...နောက်ဆုံးတော့မမရတီချိုစိတ်ဆင်းရဲနေတာကို မကြည့်ရက်လို့အဲ့ဒီအိမ်မှာနေလိုက်တယ်...ဒီလောကကြီးမှာ ကျွန်တော့်အပေါ်
နားလည်ပေးနိုင်ဆုံး သည်းခံနိုင်ဆုံးသူပါ... "
ပြောပြီးသည်နှင့် ပြတင်းဝဘက်သို့ငေးငေးငိုင်ငိုင်နှင့်ကြည့်နေသော သီဟထွန်းရှိန်ကိုကြည့်ပြီး ရတီချိုကိုသနားလွန်းသဖြင့် ကျွန်မ သီဟထွန်းရှိန်ကိုနှစ်သိမ့်ရန်စကားလုံးများပင်ပျောက်ဆုံးနေမိလေသည်။
***
အိမ်ရှေ့ဆင်ဝင်အောက်မှာ ချထားသော အထုတ်များအားလုံးကို ကားပေါ်သို့တင်လိုက်ပြီးနောက် သီဟထွန်းရှိန်သည် နောက်သို့လုံးဝလှည့်မကြည့်တော့ဘဲ အိမ်ထဲသို့ဝင်သွားလေတော့သည်။ကျွန်မမှာတော့ ကားဘေးတွင်ရပ်နေသော ဒေါ်မာလာတင်ကိုတစ်လှည့် အထုတ်အပိုးများတင်ထားသောကားကိုတစ်လှည့်ကြည့်ပြီး စိတ်ထဲမှာဝမ်းနည်းသလိုလို၊ ငိုချင်သလိုလို ခံစားနေရလေသည်။
***
အခန်းတံခါးကိုခပ်ဖြည်းဖြည်းခေါက်လိုက်သောအခါ အထဲမှတုန့်ပြန်သံမကြားရတာမို့ ကျွန်မတံခါးကိုတွန်းကြည့်လိုက်တော့ တံခါးကအလွယ်တကူပွင့်သွားလေသည်။ကျွန်မအခန်းထဲကိုဝေ့ဝဲကြည့်လိုက်သောအခါ ပြတင်းပေါက်နားတွင်ငူငူချည်းရပ်နေသော သီဟထွန်းရှိန်ကိုတွေ့လိုက်ရသည်မို့ အနားသို့ခပ်ဖြည်းဖြည်းလျှောက်သွားလိုက်လေသည်။အနားသို့ရောက်သည်နှင့်တစ်ပြိုင်နက် သီဟထွန်းရှိန်သည် ကျွန်မပခုံးပေါ်ခေါင်းကိုမှိီတင်လိုက်ပြီး ရှိုက်ကြီးတငင်ငိုလေတော့သည်။
" အမေ့ကိုနှုတ်ဆက်စကားလေးတော့ ပြောလိုက်ရောပေါ့..."
ကျွန်မခပ်တိုးတိုးပြောလိုက်ပြီး သီဟထွန်းရှိန်၏ကျောပြင်ကိုလက်နှင့်အသာသိုင်းဖက်လိုက်သည်။
***
သူဌေးကြီးဦးထွန်းရှိန်၏ အမွေလွှဲပြောင်းမှုအပြီးမှာတော့ စိန်ပန်းမြိုင် အိမ်ကြီးမှာတိတ်ဆိတ်ခြောက်ကပ်၍ ကျန်ခဲ့လေသည်။သူဌေးကြီး၏ ပိုင်ဆိုင်သမျှအားလုံးကိုရောင်းချပြီးနောက် ရသမျှထဲကတစ်ဝက်ကို လူယုံတော်ဦးသက်အောင်အပါအဝင် မိသားစုတွေကို့ခွဲဝေပေးလိုက်ကာ ကျန်တစ်ဝက်ကို လှူဒါန်းလိုက်ပြီး သူဌေးကြီးကနာတာရှည်ဆေးရုံတွင်သာနေတော့မည်ဟု ရှေ့နေ့ကြီးကပြောကြားပြီးသည့်နောက်မှာတော့ ဒေါ်မာလာတင်နှင်အခြားသူများမှာ စိန်ပန်းမြိုင်အိမ်ကြီးမှ ထွက်ခွါသွားကြပြီဖြစ်လေသည်။ကျွန်မသည်လည်း နောက်ရက်တွင် စိန်ပန်းမြိုင်အိမ်ကြီးမှ ပြန်ရတော့မည်မို့ အဝတ်အစားများကို ခေါက်သိမ်းနေပြီဖြစ်လေသည်။ကျွန်မ အဝတ်အစားများကိုခေါက်နေရင်းမှ အမှတ်တမဲ့အခန်းထောင့်သို့လှမ်းကြည့်မိလိုက်ပြီး ဘာရယ်မဟုတ် ခန္ဓာကိုယ်တစ်ခုလုံးကြက်သီးမွေးညင်းများထလာမိလေသည်။
"ဒေါက်...ဒေါက်...ဆရာမလေး..."
ကျွန်မအတွေးလွန်နေစဥ်မှာပင် တံခါးခေါက်သံနှင့်အတူ သီဟထွန်းရှိန်၏အသံကို ကြားလိုက်ရလေသည်။
" ဝင်ခဲ့လေ...တံခါးမပိတ်ထားပါဘူး..."
" အဝတ်အစားတွေသိမ်းနေပြီလား... ဒါနဲ့ ဟိုလေ...ကျွန်တော်နဲ့အတူမြို့ထဲကအိမ်ကိုလိုက်မှာမဟုတ်လားဟင်..."
" ရှင်...ဘယ်..ဘယ်လို...ဘာပြောလိုက်တာလဲ..."
" ကျွန်တော်...အဖေကို ဆေးရုံကိုမပို့ပါဘူး...မြို့ထဲကအိမ်ကိုခေါ်သွားပြီး ကျွန်တော်စောင့်ရှောက်မှာပါ...ကျွန်တော်ကိုကူညီမယ်မဟုတ်လား...ဆရာမလေး"
ကျွန်မဆွံ့အနေသူတစ်ယောက်လို ဘာမျှပြန်မပြောနိုင်ဘဲ သီဟထွန်းရှိန်၏မျက်နှာကိုခပ်ငေးငေး ကြည့်နေမိလေ၏။သီဟထွန်းရှိန်သည် ကျွန်မရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ကာ ကျွန်မလက်ကိုဆွဲယူလိုက်ပြီးလက်စွပ်ကလေးကိုစွပ်ပေးရင်းမှ
" ဆရာမလေးကို ကျွန်တော်လက်ထပ်ပါရစေ...ခွင့်ပြုပေးပါနော်.."
သီဟထွန်းရှိန်၏ အပြုအမူကြောင့် ကျွန်မရင်ထဲမှာ တသိမ့်သိမ့်လှိုက်ခုန်နေပြီး ရှက်ရွံ့စွာခေါင်းကိုငြိမ့်ပြလိုက်လေသည်။
" ဒါဆို ကျွန်တော်တို့ အဖေ့ကိုသွားပြောကြမယ်လေ...အဖေ့ဆီကခွင့်ပြုချက်သွားယူရအောင်..."
ကျွန်မလက်ကိုဆွဲပြီး အခန်းအပြင်သို့ထွက်ရန်ပြင်နေသော သီဟထွန်းရှိန်၏လက်ကို ကျွန်မပြန်ဆွဲယူလိုက်ပြီး
" ခဏ...ခဏလေးနေဦး သီဟ...ပြစရာရှိလို့..."
ကျွန်မ သီဟထွန်းရှိန်ကိုပြောပြီးသည်နှင့် အခန်းထောင့်သို့သွားကာ ကြမ်းပြင်ကိုစူးစိုက်ကြည့်နေမိ၏။သီဟထွန်းရှိန်သည် ကျွန်မ၏အပြုအမူကိုနားမလည်နိုင်ဘဲ ကြောင်တက်တက်နှင့်ကျွန်မဘေးတွင် ဆောင့်ကြောင့်ထိုင်ချလိုက်လေသည်။
" ဘာ...ဘာဖြစ်လို့လဲ ဆရာမလေး "
" ဦးလေး သူ့ကိုဘာမှမပြောနဲ့တော့... သတ်လိုက်တော့...သူလည်းဟိုကောင်လူယုတ်မာကျော်စွာဦးကိုကြိုက်နေတာပဲ...သူကြောင့်မမလေးစိတ်ဆင်းရဲရလိမ့်မယ်...သူ့ကိုအမြန်သတ်ပြီး ဟိုမိန်းမယုတ်ရွှေမိရှိတဲ့ချောက်ထဲမှာပဲ မြှုပ်လိုက်ကြရအောင်..."
မိလုံးသည် အသံနက်ကြီးနှင့်အော်ဟစ်ပြောဆိုရင်း လက်ထဲမှတုတ်ကိုမြှောက်ကိုင်ကာ ကျွန်မဆီသို့ပြေးဝင်လာလေ၏။ကျွန်မလည်း မိလုံးကိုကြည့်ပြီးကြောက်လန့်တကြားနှင့်အသံကုန်အော်ဟစ်လိုက်မိလေသည်။
" အမလေး ...ကယ်ကြပါဦးရှင်..."
" ဆရာမလေး.. ပြေးလေး...ပြေးတော့..."
ကျွန်မ၏အော်သံအဆုံး၌ ခေါ်သံနှင့်အတူပြေးဝင်လာသော သီဟထွန်းရှိန်သည် ကျွန်မ၏ခန္ဓာကိုယ်အား အရှိန်နှင့်တွန်းဖယ်ပစ်လိုက်လေသည်။
" သီ...သီဟထွန်းရှိန် ရှင့်ကိုထိသွားလားဟင်..."
" ကျွန်မကိုတွန်းထုတ်ပစ်လိုက်ပြီးသည်နှင့်တစ်ပြိုင်နက် မိလုံး၏အရိုက်ခံလိုက်ရသော သီဟထွန်းရှိန်သည် မြေပြင်ပေါ်ပစ်လဲကျသွားသည်မို့ ကျွန်မအပြေးအလွှားထူးရင်းစိုးရိမ်တကြီးမေးလိုက်မိသည်။
" ကျွန်တော်...ကျွန်တော်ဘာမှမဖြစ်ဘူး ဆရာမ...ဆရာမလေးပြေးတော့...အမြန်ပြေးတော့..."
" မပြေးဘူး...ဘာလို့ပြေးရမှာလဲ..."
ကျွန်မသည် မြေပြင်ပေါ်တွင်လဲကျနေသော သီဟထွန်းရှိန်၏ဘေးတွင် ဝင်ထိုင်လိုက်ပြီး သီဟထွန်းရှိန်၏ခန္ဓာကိုယ်ကို ကျွန်မကိုယ်နှင့်ကာလိုက်ပြီး ဦးဖိုးထော်ကို အကူအညီလှမ်းတောင်းလိုက်ရင်းမှ အိမ်ကြီးဆီမှကြားလိုကြားငြားအသံကုန်အော်ဟစ်ပစ်လိုက်သည့်အခါ မိလုံးသည် မျက်ထောင့်နီကြီးနှင့်ကြည့်ပြီးကျွန်မတို့ဆီသို့တစ်လှမ်းချင်းလှမ်းလာလေသည်။
"တောင်း...တောင်းပန်ပါတယ် ဦး...ဦးဖိုးထော်ရယ်... မိလုံးကိုတားပါဦး...ကယ်...ကယ်ကြပါဦးရှင်...ဒီမှာ ကျွန်မတို့ကိုသတ်ဖို့လုပ်နေလို့ပါ...."
" တိတ်စမ်း...နားငြီးတယ်...သီဟထွန်းရှိန်အဲ့ဒီကောင်ကိုပါ သတ်ချင်နေတာအတော်ပဲဖြစ်သွားတာပေါ့...ဦးလေးဘာလုပ်နေတာလဲ...လာလေသူတို့နှစ်ယောက်လုံးကိုသတ်ပစ်ကြမယ်..."
ဦးဖိုးထော်သည် သူ့တူမမိလုံးနှင့်ကျွန်မတို့ကိုကြည့်ကာ လက်ထဲမှမြက်ခုတ်ဓါးကြီးကိုမြေပြင်ပေါ်ထောက်လျက် တွေတွေချည်းရပ်နေလေသည်။
" ဦးဖိုးထော်... လက်ထဲကဓါးကိုချလိုက်ပါ...ထွက်ပြေးဖို့မစဥ်းစားပါနဲ့ ကိုမင်းပိုင်ဦးလည်းသတိရလာပြီမို့ ခင်ဗျားတို့ဘယ်လိုမှပြေးမလွတ်တော့ဘူး..."
ရုတ်တရက်ကြားလိုက်ရသောအသံများနှင့်ဝတ်စုံပြည့်ဝတ်ထားသောတာဝန်ရှိသူများကိုမြင်လိုက်ရသောအခါ ကျွန််မ ဝမ်းသာလွန်းသဖြင့် မျက်လုံးအိမ်မှမျက်ရည်များပါစီးကျလာလေသည်။
****
ကျွန်မသည် သီဟထွန်းရှိန်၏ လက်မှဒဏ်ရာကိုဆေးထည်းပေးနေရင်းမှ သီဟထွန်းရှိန်၏မျက်နှာကို ခပ်စူးစူးငေးကြည့်နေမိသည်။
" ဘာလို့ အတင်းဇွတ်ဝင်လာရတာလဲ... မတော်လို့ခေါင်းကိုရိုက်မိရင်ဘယ်လိုလုပ်မလဲ...တော်သေးတာပေါ့.. လက်နဲ့ကျောကုန်းပဲထိသွားလို့ပေါ့...."
ကျွန်မစကားကြောင့် သီဟထွန်းရှိန်က ကျွန်မလက်ဖျားလေးကို ဖျတ်ခနဲဆွဲယူကာသူ့ရင်ဘတ်ပေါ်မှာတင်လိုက်ပြီး
" စိုးရိမ်လို့ပေါ့...ဆရာမလေးရယ်...ဆရာမလေးကလည်း ကျွန်တော်ဒီလောက်အရိပ်တကြည့်ကြည့်စောင့်ကြည့်နေတဲ့ကြားကဘယ်လိုများလှစ်ခနဲပျောက်သွားရတာလဲ...တော်သေးတာပေါ့...တာဝန်ရှိတဲ့သူတွေရောက်လာလို့ပေါ့ မဟုတ်ရင်တွေးတောင်မတွေးရဲဘူး..."
သီဟထွန်းရှိန်၏ စကားကြောင့် ကျွန်မမျက်လုံးထဲတွင် မိလုံး၏ပုံစံကိုပြန်မြင်ယောင်မိပြီး သီဟထွန်းရှိန်၏ လက်ကိုခပ်တင်းတင်းပြန်ဆုပ်ကိုင်လိုက်မိလေသည်။
" ဟုတ်တယ်နော်...မိလုံးကြည့်ရတာကြောက်စရာကြီး...သူ့ခမျာမရတီချိုကိုချစ်ခင်စွဲလမ်းတဲ့စိတ်ကြောင့် စိတ်ထိခိုက်သွားတာဖြစ်မယ်...ဒါနဲ့မကေသီတင်လည်းပြစ်ဒဏ်ခံရမှာပေါ့နော်..."
ကျွန်မစကားကြောင့် သီဟထွန်းရှိန်သည် အံကိုတစ်ချက်ကြိတ်လိုက်ပြီး
" သူ့အပြစ်ရှိသလောက်တော့ ခံရမှာပေါ့ ...ဒီလိုတွေဖြစ်မှာကိုကျွန်တော်ကြောက်နေခဲ့တာ နောက်ဆုံးတော့ကျွန်တော်ကြောက်တဲ့အတိုင်းဖြစ်လာခဲ့တာပဲ..."
" ဒါနဲ့ စာအုပ်ထဲမှာ... မရတီချိုနဲ့ရှင်နဲ့စကားများနေကြတာလို့ရေးထားတယ်...အဲ့ဒီညက အကြောင်းတွေမှတ်မိလား..."
သီဟထွန်းရှိန်သည် ကျွန်မ၏အမေးကြောင့် ရုတ်ချည်မျက်နှာမှာညှိုးငယ်သွားပြီး
ခေါင်းကိုခပ်ဖြည်းဖြည်းငြိမ့်ပြရင်းဖြေလေသည်။
" အင်း...နည်းနည်းပါးပါးတော့မှတ်မိတယ်...အဲ့ဒီတုန်းက ကျွန်တော် မကေသီနဲ့ကျော်စွာဦးအကြောင်းကိုသိလိုက်ရတာမို့ အရက်တွေသောက်ပြီး သူတို့နှစ်ယောက်လုံးကိုသတ်ပစ်မယ်လို့လုပ်ထားတာလေ..မမရတီချိုသိတာစောသွားလို့ သူတို့နှစ်ယောက်က ကံကောင်းသွားပြီး စိတ်ထားကောင်းလှတဲ့ မမရတီချိုကတော့... "
ပြောရင်းမှ သီဟထွန်းရှိန်သည် ကျွန်မ၏လက်ပေါ်တွင်မျက်နှာအပ်ပြီးအံကိုကြိတ်၍အသံတိတ်ငိုနေလေသည်။ကျွန်မ သီဟထွန်းရှိန်၏ ခေါင်းကိုလက်တစ်ဖက်နှက့်ခပ်ဖွဖွပုတ်ရင်းနှစ်သိမ့်လိုက်မိသော်လည်း ကျွန်မကိုယ်၌ကပင် ရတီချိုအကြောင်းတွေးကာစိတ်ထိခိုက်ဝမ်းနည်းမိလေသည်။
အပိုင်း ( ၁၁ ) ဇာတ်သိမ်းပိုင်း
စိန်ပန်းမြိုင်မှအိမ်နီကြီး
****
" မိ...မိလုံး...ဒါ....ဒါဘာလုပ်တာလဲ..."
" ဆရာမက...ရှာတဲ့နေရာမှာ သိပ်တော်တာပဲ...ဒီစာအုပ်ကို မိလုံးရှာနေတာဘယ်လောက်ကြာနေပြီလဲ အရိပ်အယောင်တောင်မတွေ့ဘူး...ခုမှဆရာမလေးကြောင့် စာအုပ်ကိုအလွယ်တကူတွေ့တာပဲ...."
မိလုံးသည် ပြောပြောဆိုဆိုနှင့် လက်ထဲမှ တုတ်ကိုကိုင်မြှောက်ပြီး ကျွန်မဆီသို့ တစ်လှမ်းချင်းတိုးလာသော မိလုံးကိုကြည့်ပြီး ကျွန်မကြောက်လန့်တကြားအော်ဟစ်လိုက်သည်။
" မိ...မိလုံး ရှေ့ကို တိုးမလာနဲ့နော်...ကျွန်မအော်လိုက်မှာ... "
" အော်လေ...ကြိုက်သလောက်အော်...ရှင့်ကိုဘယ်သူမှလာကယ်မှာမဟုတ်ဘူးဆရာမလေးရဲ့...မိလုံးဒီလောက်တားနေတဲ့ကြားက ဘာလို့ဒီတောထဲကိုလာရတာလဲ ပြောပါဦး...ဘာလဲဆရာမလေးကရော ဟိုလူယုတ်မာကျော်စွာဦးကိုကြိုက်နေတာလား ပြောလေ... ပြောစမ်း....ဟား ဟား ဟား...အဲ့ဒါဆိုဆရာမလေးကိုလည်း...ရွှေမိနားမှာနေခိုင်းရမှာပေါ့..."
ကျွန်မသည် မိလုံး၏သွေးပျက်ဖွယ်ရယ်သံကြီးကြောင့် မိလုံးကိုအထိတ်တလန့်ကြည့်နေမိသည်။မျက်လုံးကြီးများပြူးလျက် ဒေါသတကြီးဖြစ်နေသော မိလုံး၏ပုံစံမှာ စိတ်ဖောက်ပြန်နေသောသူနှင့်ပင်တူနေလေသည်။
" မိလုံး မင်း...မင်းဘာတွေပြောနေတာလဲ....မရွှေမိကိုမင်းသတ်လိုက်တာလား..."
ကျွန်မအထိတ်တလန့်နှင့်မေးလိုက်မိသောအခါ မိလုံးသည် တဟားဟားအော်ရယ်ပြီး ခါးကိုထောက်၍ တောက်တစ်ချက်ခပ်ပြင်းပြင်းခေါက်လိုက်ပြီး
" ဟုတ်တယ်...ရွှေမိဆိုတဲ့ကောင်မကို ငါသတ်လိုက်တာ...ရာရာစစသူလိုဟာမကများ ငါ့သခင်မကိုထိစရားလား...အဲ့ဒီကောင်မနဲ့ဟိုလူယုတ်မာတွေ မမလေးကိုသတ်လိုက်တာကို ဒီစာအုပ်ထဲမှာ ငါဖတ်လိုက်ရတယ်လေ...ဒါကြောင့်လူသတ်သမားတွေကို ငါပြန်သတ်လိုက်တာပဲ...ဘာဖြစ်လဲ...ဟိုလူယုတ်မာကျော်စွာဦးကိုလည်းလှေကားကနေငါတွန်းချလိုက်တာပေါ့... ပြီးတော့ နေရာတကာပါတတ်တဲ့ဧည့်သည်ကောင်ကိုလည်းငါတို့ပဲတွန်းချပစ်လိုက်တာ...စိတ်ချအဲ့ဒီကောင်လည်းမကြာခင်သေတော့မှာ....ဟား..ဟား..ခုတော့ ဆရာမလေးအလှည့်ပေါ့...ပြီးရင် ကေသီတင်ဆိုတဲ့မိန်းမယုတ်မကိုသတ်မှာ...သူ့ကိုသတ်ပြီးရင် မမလေးကိုစိတ်ဆင်းရဲအောင်အမြဲလုပ်တဲ့သီဟထွန်းရှိန်နဲ့ဒေါ်မာလာတင်ဆိုတဲ့မိန်းမကြီးကိုပါသတ်မယ်....မမလေးရေ...မမလေးအတွက်မိလုံးလက်စားချေပေးမယ်နော်...နောက်ဆိုမမလေးစိတ်မဆင်းရဲရအောင် ဒီအိမ်ကလူတွေအားလုံးကို မိလုံးသတ်ပေးမယ်သိလာ မမလေး... အီး...ဟီး ဟီး..."
မိလုံး၏ကျောချမ်းဖွယ်ငိုသံကြောင့် ကျွန်မတစ်ကိုယ်လုံးတဆတ်ဆတ်တုန်ယင်လာလေသည်။
" စိတ်...စိတ်ထိန်းပါဦး... မိလုံးရယ်...ကျွန်မတောင်းပန်ပါတယ်...မိလုံးဒီလိုလိုက်သတ်နေတော့လည်း မရတီချိုကပြန်ရှင်လာမှာမှမဟုတ်တာ...မိလုံးဒီလိုလူတွေသတ်နေတာကို မရတီချိုသာသိရင်ဘယ်လောက်စိတ်မကောင်းဖြစ်လိုက်မလဲ...သေချာစဥ်းစားပါဦးမိလုံးရယ်...မရတီချိုကို မိလုံးချစ်တယ်မဟုတ်လား မရတီချိုမကြိုက်တာဆိုမိလုံးမလုပ်ဘူးမဟုတ်လားဟင်...
ကျွန်မစကားကြောင့် မိလုံးသည် ခေတ္တမျှငြိမ်သက်သွားပြီးနောက် ဒေါသတကြီးပုံစံနှင့်လက်ထဲမှတုတ်ကိုကိုင်
မြှောက်လိုက်ပြီး
နောက်
" မဟုတ်ဘူး...မဟုတ်ဘူး မိလုံးက မမလေးစကားဆိုအကုန်နားထောင်တယ်...ဒါပေမဲ့မမလေးကိုစိတ်ဆင်းရဲအောင်လုပ်တဲ့သူတွေကိုအကုန်သတ်ရမယ်...သတ်မယ်...သတ်ပစ်မယ်..."
မိလုံး၏သွေးရူးသွေးတန်း ပုံစံကိုကြည့်၍ ကျွန်မကြောက်လန့်တကြားနှင့်ပြေးမိပြေးရာထ၍ ပြေးခဲ့သည်။
"ဘုတ် "
" အား..."
ကျွန်မကြောက်ကြောက်လန့်လန့်နှင့်ပြေးမိပြေးရာပြေးလာခဲ့မိရာလူတစ်ယောက်နှင့်ဝင်တိုတ်လိုက်မိလေသည်။
" ဟင်...ဦး...ဦးဖိုးထော်..."
" တောင်းပန်ပါတယ် ဆရာမလေး...ကျုပ်တူမလေးက... မမလေးရတီချိုကိုသူ့မိခင်တစ်ယောက်လိုသိပ်ချစ်ရှာတာ...သူ့မိဘတွေဆုံးသွားတော့ အသက်ဆယ့်ငါးနှစ်အရွယ်ပဲရှိသေးတဲ့ ကျုပ်တူမလေးကို စိန်ပန်းမြိုင်အိမ်ကြီးကို ကျုပ်
ခေါ်ခဲ့တာလေ ကျုပ်တူမလေးကိုခေါ်လာလို့ စိန်ပန်းမြိုင်အိမ်ကလူတွေသဘောမကျပေမဲ့ မမလေးရတီချိုကတော့
ကြင်ကြင်နာနာဆက်ဆံပေးခဲ့တာလေ ခုလို သူအားကိုးချစ်ခင်ရတဲ့လူက ရုတ်တရက်သေဆုံးသွားခဲ့တော့ သူအရမ်းစိတ်ထိခိုက်နာကျင်သွားပုံရတယ်...တစ်ညမှာ ရွှေမိကိုသူသတ်လိုက်ပြီဆိုပြီး ကျုပ်ကိုလာပြောတယ်...ဒီလိုသူလုပ်မယ်ဆိုတာကိုကျုပ်မသိခဲ့လို့ပါ သူသတ်မယ်ဆိုတာကြိုသိရင်ကျုပ်တားခဲ့မှာပါ...မောင်ကျော်စွာဦးကိုသူသတ်ဖို့လုပ်ထားမှန်းလည်း ကျုပ်တကယ်မသိခဲ့တာပါ...ဒီကိစ္စတွေကြောင့် ကျုပ်တူမလေးကိုခေါ်ပြီးထွက်သွားဖို့ပြင်ဆင်နေတုန်းမှာ ဧည့်သည်လေးကသိသွားလို့ ကျုပ်ကိုယ်တိုင်နှုတ်ပိတ်ဖို့လုပ်ခဲ့ရတာပဲ...အဲ့ဒါကိုဆရာမလေးကအေးအေးဆေးဆေးမနေဘဲ ဒီကိစ္စတွေထဲဝင်ပါရသလား ဗျာ...အခုတော့ ဆရာမလေးကိုပါ မသတ်ချင်ဘဲသတ်ရတော့မယ်....
ခြံစောင့်ကြီး ဦးဖိုထော်၏ စကားကြောင့် ကျွန်မအထိတ်တလန့်နှင့်နောက်သို့ခြေလှမ်းများကိုပြန်ဆုတ်လိုက်မိသည်။
" ကျွန်မ... ကျွန်မတောင်းပန်ပါတယ် ဦးဖိုးထော်...အဖြစ်မှန်တွေကိုဝန်ခံလိုက်ပါနော်...ကျွန်မကိုလည်းမသတ်ပါနဲ့နော် တောင်း... တောင်းပန်ပါတယ်ရှင်...."
" မရတော့ဘူး...ဆရာမလေး...ခုချိန်မှဝန်ခံလည်းလက်လွန်နေပြီ...ဆရာမလေးကိုလည်းမသတ်ရင်မဖြစ်လို့သာ သတ်ရမှာ ကျုပ်တကယ်မသတ်ချင်ပါဘူး...."
