uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

Відкрити в Telegram

Показати більше
1 031
Підписники
Немає даних24 години
-37 днів
-1230 днів
Архів дописів
ဧကြည်ဖြူ " သံယောဇဉ် ကမ်းပါး " အပိုင်း (၃၉) ******* "အလင်းချိုကိစ္စကို အသာထား ...သူက အခုဆိုရင် ငါတို့လက်ခုပ်ထဲကရေပဲ... ဘာမှ အရေးမကြီးဘူး...ဟန်သော်လင်းကို ရှင်းဖို့ကို အရင်လုပ်ပါမိုးသူဇာ..သူက ငါ့တို့တွေကို သေတွင်းထဲပို့နိုင်တဲ့သူဟဲ့" "စိတ်ချပါမမဆွေ .. သူတို့နှစ်ယောက်လုံးကို အလွတ်မပေးပါဘူး ... မကြာခင် သူတို့တွေ မိုးသူဇာ အကြောင်းကို သိစေရမယ် " " အေးလေ ဒါဆိုလဲ ပြီးတာပဲ...ဒီတစ်ပတ်အတွင်းပဲ အဆုံးသတ်လိုက်တော့ " ~~~~ "အလင်းချို မင်းဘာတွေလုပ်နေတာလဲ...တစ်နေ့တစ်နေ့ ဒီလိုပဲ နေနေ မှာလား " အခန်းထဲသို့၀င်လိုက်တဲ့အခါ စားပွဲခုံပေါ်တွင်ခေါင်းကို မှောက်တင်ကာ ငြိမ်သက်နေတဲ့အလင်းချိုကိုကြည့်ပြီး မမဆွေစိတ်တိုသွားမိတယ်။ ကိုယ်စခဲ့တဲ့ ဇာတ်ဆိုပေမဲ့ လတိုလေးအတွင်းမှာ ဒီအခြေအနေထိ ဖြစ်သွားတာကိုတော့ မမဆွေစိတ်ထဲမှာ ဘ၀င်မကျမိ။ မိုးသူဇာဆိုတဲ့ မိန်းမက ကမ်းကုန်အောင် ယုတ်မာဖို့ ကြံစည်နေချိန်မှာ အလင်းချိုပုံစံက ဒီလိုဖြစ်နေတာမျိုးကို စိတ်ထဲမှာ မကျေမနပ်ဖြစ်နေမိတယ်။ဒီပွဲမှာ နှစ်ယောက်သား အင်အားမတူဘဲ အလင်းချို ဘက်ကတစ်ဖက်သတ် ခံနေရတာကို စိတ်ထဲမကောင်းဖြစ်နေမိတာပဲလား ဒါမှမဟုတ် အတူနေလာခဲ့တဲ့ ရက်တွေမှာ သံယောဇဉ်တွယ်မိသွားလို့လားဆိုတာကိုတော့ ကိုယ်တိုင်လည်းမတွေးတတ်တော့။သေချာတာက ဒီမိန်းခလေးဘဝ အဖက်ဆယ်လို့မရအောင် ပျက်စီးသွားမှာမျိုးကိုတော့ မဖြစ်စေချင်မိတာ သေချာနေတယ်။ "အလင်းချို ထစမ်း...မင်းအလုပ် လာလုပ်တာမဟုတ်ဘူးလား ... မင်းပုံစံက ဘယ်လိုဖြစ်နေတာလဲ ...ဒီလိုပဲ နေတော့မှာလား..." ပါးစပ်နဲ့ ပြောနေရုံနဲ့ ခေါင်းထောင်မလာတဲ့ အလင်းချိုကိုကြည့်ပြီး မမဆွေတစ်ယောက် စိတ်မရှည်တော့တာမို့ အလင်းချိုရဲ့ ခေါင်းကို လက်နဲ့ ဆွဲမော့ပစ်လိုက်တယ်။ အလင်းချိုရဲ့ ဦးခေါင်းက ဆတ်ခနဲ မော့လာပြီး မီးဝင်းဝင်းတောက်တော့မတတ် မျက်လုံးတွေနဲ့ စူးစူးရဲရဲ ကြည့်နေတာကို မြင်လိုက်ရတာကြောင့် မမဆွေလန့်ဖျပ်သွားမိတယ်။ ဆေးများကြောင်သွားပြီလားလို့ တွေးလိုက်မိတာကြောင့် မမဆွေခြေလှမ်းတွေကို နောက်ကိုကမန်းကတန်း ပြုန်ဆုတ်လိုက်ပြီး အခန်းပြင်ကိုခပ်မြန်မြန်ပြန်ထွက်ခဲ့လိုက်ရတယ်။ " ဒေါ်လုံး ... ဒေါ်လုံး လာပါအုံး ...သံပရာရည်ဖြင့်ဖြစ်ဖြစ် လုပ်ပေးပါလား ... ပြီးရင် အလင်းချိုကိုတိုက်လိုက် ... အထဲမှာ သူ့ကို သွားကြည့်လိုက်အုံး နေများမကောင်းတာလားလို့....သူ့အနားကိုလဲ အရမ်းကပ်မသွားနဲ့အုံးနော် ...အသံပေးပြီးမှာသွား... " အလင်းချိုကိုကြည့်ပြီး ကြောက်သွားမိပေမဲ့ ဒီအတိုင်း ပစ်မထားရက်တာမို့ ဒေါ်လုံးကို ခေါ်ကာ အခန်းထဲဝင်ကြည့်ခိုင်းလိုက်ရပြန်တယ်။ ~~~~~ နေမခမျက်နှာထားတင်းတင်းနဲ့ပဲ ခုံမှာဝင်ထိုင်လိုက်တယ်။အလင်းချို ဘက်ကဘယ်လောက်ပဲ ရိုးသားတယ်ပြောပြော မြွေမြွေချင်း ခြေမြင်တာမို့ ဒီလူသားရဲ့ မျက်ဝန်းအကြည့်တွေနဲ့ အပြုအမှုတွေထဲမှာ ကိုယ့်ချစ်သူကို နှစ်သက်မြတ်နိုးနေတာတွေကို နေမခ မြင်နေရတယ်လေ။လူ့စိတ်ဆိုတာကလည်း ခက်သားလား။ ကိုယ့်ချစ်သူကို အခြားတစ်ယောက်ကပါ လာချစ်ခင်နေတာမျိုးကို ဘယ်လိုမှ လက်ခံလို့မရဘူးလေ။ "ဘာကိစ္စရှိလို့လဲ ....အလုပ်ထဲထိတောင် လိုက်လာတယ်ဆိုတော့ အရေးကြီးကိစ္စလား ...မင်းနဲ့ငါ့ကြားမှာ ဒီလိုကိစ္စတွေ မရှိပါဘူး " သက်တူရွယ်တူတွေပဲမို့ နေမခ ခပ်ဆတ်ဆတ်လေသံနဲ့ မေးလိုက်တယ်။ ဟန်သော်လင်းက နေမခကို တစ်ချက်ကြည်လိုက်ပြီး "အလင်းအကြောင်း ပြောမလို့ ... မင်း သူ့ကို အလုပ်ထွက်ခိုင်းလိုက်တော့ ... သူက မထွက်ဘူး ပြောလဲ မင်းရအောင် ထွက်ခိုင်း ... " ဟန်သော်လင်းရဲ့ စကားကြောင့် နေမခစိတ်ထဲထင့်သွားမိပေမဲ့ ကိုယ့်ချစ်သူရဲ့ ကိစ္စကို အခြားသူက လာပြီး ပြောနေတာကို သဘောမကျတာမို့ "သူ့ဘာသာ အလုပ်လုပ်နေတာကို ဘာကိစ္စထွက်ခိုင်းရမှာလဲ ... " " ဘာကိစ္စလဲလို့ မေးနေမဲ့အစား အလင်းကို အလုပ်ကသာ ထွက်ခိုင်းလိုက်တော့ ...မင်းပြောရင် သူနားထောင်မှာပဲ .... သူက မင်းစကားလောက်ကိုပဲ အရေးထားတာ " ဒီကောင့်ကို တစ်လျှောက်လုံးမကြည်လာသမျှ ဒီစကားတစ်ခွန်းနဲ့တင် နေမခစိတ်ထဲကျေနပ်မိသွားတယ်။ ဒါပေမဲ့ ခက်တာက ဟိုမယ်မင်းကြီးမက သူပြောသလိုမျိုး ကိုယ့်စကားကို နားထောင်တာမှ မဟုတ်တာလေ။ ကိုယ်ပြောသမျှသာနားထောင်ရင် ခုလောက်ဆိုရင် သူမနဲ့ နေမခတို့ အလုပ်တူတူလုပ်နေရလောက်ပြီးလေ။ပြောရရင် ဘာကြောင့်ရယ်မသိ အလင်းချိုရဲ့ အလုပ်ကို နေမခကိုယ်တိုင်လဲ သဘောမကျမိဘူးဖြစ်နေတာ။ အဲ့ဒါကြောင့်လဲ အလင်းချိုကို အလုပ်က ထွက်ဖို့ပြောနေတာ ဘယ်နှစ်ကြိမ်မြောက် မှန်းပင် မမှတ်မိနိုင်တော့ဘူး။ " မင်းကို ယုံလိုက်မယ် ... ဖြစ်နိုင်ရင် မနက်ပြန်ကစပြီး မသွားခိုင်းနဲ့တော့ ဘယ်လိုလဲ ..." ဟန်သော်လင်းကပြောပြီးတော့ နေမခဆီကတုန့် ပြန့်စကားကို စောင့်နေတယ်။ " သူက အကြောင်းမရှိဘဲပြောလို့ ရတဲ့သူမဟုတ်ဘူး ... ပြီးတော့ အရင်လို ငါပြောသမျှကို နားထောင်တာမဟုတ်ဘူး ....အဲ့ဒီတော့ ဘာကြောင့်လဲဆိုတာကိုပြော " နေမခရဲ့ အမေးကြောင့် ဟန်သော်လင်း စိတ်မရှည်ချင်တော့ စိတ်တိုတိုနဲ့ ဆွဲထိုးချင်စိတ်ပါ ပေါက်လာတဲ့အထိပဲ။

"အို ..ဒီလိုဖြစ်စရာလား မမဆွေရယ် .. အဲ့ဒီကောင် ဘာမှ မဖော်ခင် မိုးတို့ဘက်က အရင်ဦးအောင် လုပ်တာပေါ့ မမဆွေရယ် ..." " နင်ပြောတော့ လွယ်လိုက်တာ မိုးသူဇာရယ်...သူ့ကို ချောက်ချဖို့ လွယ်မလား ...ပြီးတော့ နင်ပဲ သူ့ကိုချစ်တယ်ဆို ....." "အို ကိုယ်ချစ်လဲ သူမှမချစ်ဘဲ ... သူ့များကိုပေးမဲ့အစား ထောင်ထဲကို ထည့်တာဖြစ်ဖြစ် လုပ်ရမှာပဲ...ဒါမှ မလုံလောက်ရင်တော့ ထုံးစံအတိုင်းပေါ့ " "အမယ်လေး ...အမယ်လေး ပြောတာ လွယ်လိုက်တာ မိုးသူဇာရယ် ...နင်တကယ် ကြောက်ဖို့ကောင်းတဲ့သူပဲ ...ဒါနဲ့ သူက နင်နေတဲ့ တိုက်မှာနေနေတုန်းပဲလား .. အလင်းချိုကို ကြည့်ရတာတော့ ဘာမှ သိပုံမရဘူးနော် .. တစ်နေ့တစ်နေ့ သောက်လိုက်စားလိုက် အလှလေးပြင်လိုက်နဲ့ လေ ... ဒီကောင်မလေး အခြေအနေက ငါတို့ ဖြစ်စေချင်တာထက်ကို ပိုဆိုးနေတာဟဲ့ ...ခုလဲ အခန်းထဲမှာ ဆေးလိပ်ခိုးသောက်နေမှာသေချာတယ်..." " ကောင်းတာပေါ့ မမဆွေရယ် အဲ့ဒီဟာမကို ဆေးစွဲရုံတင်မကဘူး ပျက်ပါပျက်စီးစေချင်တာ .....ရှင်းရှင်းပြောရရင်... သူ့ကို ကိုဂျင်မီတို့လိုလူမျိုးတွေရဲ့ အငယ်အနှောင်းနေရာ တောင် မဖြစ်စေချင်ဘူး ... အဲ့ဒီအစား လုံးဝပျက်စီးသွားစေချင်တာ ...အဲ့ဒါမှ ဟန်သော်လင်းဆိုတဲ့ကောင်လဲ ခံစားရမှာ...အဲ့ဒီကောင်အခု တိုက်ခန်းမှာ မနေတော့ဘူး...ကြည့်ရတာ သူ့ဟာမကို ဘာမှပြောပုံမရဘူး ....ပြောလို့လဲ မရဘူးလေ ... မိုးတို့အကြောင်းကို ပြောရင် ...သူ့အကြောင်းတွေပါ့အကုန်ပြောရမှာလေ" မိုးသူဇာပြောနေပုံကို ကြည့်ပြီး မမဆွေတစ်ယောက် သက်ပြင်းကို မသိမသာချလိုက်မိတယ်။ @@@@@@@@@@@@@@@@@ အပိုင်း ( ၃၉ ) ဆက်ရန် ဧကြည်ဖြူ

"သမီးအလင်းချို လာပြီလား ... ဟင် ... မောင်နေမခ ပါ ပါတာလား " "ဒေါ်လေး နေကောင်းတယ်နော် " ဒေါ်လေးစန်းက တံခါး၀က ဆီးကြိုနေပြီး နေမခကိုပါ မြင်လိုက်တော့ အံ့ဩသွားပုံရတယ်။ ဟန်သော်လင်းက ပြုံးပြုံးရွှင်ရွှင်နဲ့ ဒေါ်လေးစန်းကို နှုတ်ဆက်လိုက်ပေမဲ့ နေမခက မျက်နှာတည်ကြီးနဲ့ ရှိနေတာမို့ အလင်းချိုက နေမခကိုကြည့်လိုက်ပြီး အနားကပ်ကာ ခပ်တိုးတိုးပြောလိုက်တယ်။ "နှုတ်ဆက်လိုက်လေ ..." လို့ ပြောပြီး အိမ်ထဲကို ဝင်ခဲ့လိုက်တယ်။ ~~~~~ ဒေါ်မြမြဦးက သူ့ရှေ့မှာထိုင်နေကြတဲ့ နေမခနဲ ဟန်သော်လင်းကို ကြည့်နေရင်းကနေ မြေးဖြစ်သူကို လှမ်းကြည့်တယ်။ အဘွားဖြစ်သူရဲ့အကြည့်တွေကို ရိပ်မိ နေတဲ့ အလင်းချိုက အဘွားဖြစ်သူနားမှာ ဝင်ထိုင်လိုက်ပြီး " သမီးနဲ့ နေမခက ချစ်သူတွေ ဖြစ်နေပြီ အဘွားရဲ့ ...အဲ့ဒါကြောင့် သမီးချစ်ခင်ရတဲ့သူတွေကို... သမီးတို့အကြာင်းကို အသိပေးဖို့ အိမ်ထဲခေါ်ခဲ့လိုက်တာ .. " ရုတ်တရက်ပြောချလိုက်တဲ့ အလင်းချိုရဲ့ စကားကြောင့် အားလုံးအံ့သြသွားမိကြတယ်။ အထူးသဖြင့် နေမခမှာ ရှက်ကိုးရှက်ကန်းနဲ့ မျက်နှာမထားတတ်အောင် ဖြစ်နေတယ်။ ~~~~~ "ကိုလင်း အိမ်ကို တန်းပြန်နော် " အလင်းချိုက နှုတ်ဆက်စကားပြောလိုက်တော့ ဟန်သော်လင်းက ပြုံးပြလိုက်ပြီး ကားကို မောင်းထွက်ခဲ့လိုက်တယ်။ ဟန်သော်လင်းရဲ့ ကားထွက်သွားတော့ အလင်းချိုက နေမခရဲ့ လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး "အလင်းက ဒေါ် လေးစန်းနဲ့ အဘွားအပေါ်ကို သံယောဇဉ်ဖြစ်မိသလိုမျိုး ကိုလင်းအပေါ်မှာလဲ ဆွေမျိုးသားချင်း တစ်ယောက်လိုသံယောဇဉ်ဖြစ်မိတယ် ... ကိုလင်းကလဲ အလင်းပေါ်မှာ သူ့ညီမတစ်ယောက်လိုပဲ အမြဲ ရိုးသားခဲ့တယ် ကိုနေ... အလင်းတို့လေးယောက်လုံးက ဘ၀တူတွေပါ ... အလင်းကိုချစ်တယ်ဆိုရင် သူတို့သုံးယောက်ကိုလဲ မမုန်းပါနဲ့နော် ... ကိုနေကိုချစ်တဲ့အချစ်က သူ့တို့တွေကိုချစ်တဲ့ အချစ်ထက်ပိုတယ်ဆိုတာတော့ယုံပါ " အလင်းချိုက ပြောရင်းကနေ နေမခမျက်နှာကို မော့ကြည့်လိုက်တယ်။ နေမခက အလင်းချိုရဲ့ လက်ဖျားလေးတွေကို ဆုပ်ညှစ်လိုက်ပြီး နှစ်ကိုယ်ကြားရုံ လေသံနဲ့ ပြောလိုက်တယ် ။ "အလင်းချို မင်းနော် ...စကားတွေ တော်တော်တတ်လာတယ် .. အရင်ကနဲ့ တခြားစီပဲ ... မင်းပြောတာကို ကိုယ်ယုံပါတယ်... ဒါပေမဲ့ သု့နဲ့ နှစ်ယောက်တည်းတော့ ခဏခဏ မတွေ့နဲ့ကွာ " " အင်းပါ ... ကိုနေလဲ ပြန်တော့လေ ...အန်တီနွယ်တို့မျှော်နေလောက်ပြီ " " အိမ်ကို လိုက်ခဲ့ပါလားကွာ ...အမေတို့ကို ပြောပြချင်နေပြီ ..." အိမ်ပြန်ဖို့ အရေးကို နေမခမှာ အလင်းချိုရဲ့ လက်ကို မလွှတ်ဘဲ ပေကပ်ပြီး နေနေတာမို့ အလင်းချိုက နေမခ ကိုယ်လုံးကြီးကို တွန်းပြီးကားပေါ်ကို အတင်းတက်ခိုင်းလိုက်တယ်။ ~~~~~ ကားလေးက လမ်းပေါ်မှာ တရိပ်ရိပ်ပြေးနေတယ်။ကားမောင်းနေရင်းကနေ ဟန်သော်လင်းရဲ့ နှုတ်ခမ်းတွေ ပြုံးနေမိသလို ၊ မျက်လုံးဆီကလဲ မျက်ရည်စက်တွေ စီးကျလာခဲ့တယ်။ ~~~~~~ "ဘယ်လိုလဲ အလင်းချို ...မင်းအဘွားနေ သိပ်မကောင်းဘူဆို ... မမဆွေပြောတာကို မင်းလက်မခံသေးဘူးလား ... ငွေတွင်းကို လက်လွတ်ခံမလို့လား " မိုးသူဇာက မေးရင်းနဲ့ အလင်းချို ဘေးနားမှာ ဝင်ထိုင်လိုက်တယ်။ မိုးသူဇာက ဘေနားလာထိုင်တာမို့ အလင်းချိုက ဆိုဖာခုံပေါ်မှာ လျော့ရိလျော့ရဲ ထိုင်နေရာမှခန္ဓာကိုယ်ကို ပြန်မတ်လိုက်ပြီး မိုးသူဇာ မျက်နှာကို ခပ်စူးစူးပြန်ကြည့်ကာ ဖြေလိုက်တယ်။ " ငွေတော့ လိုချင်တာပေါ့ မမမိုးရယ် ...ဒါပေမဲ့ ပြောသလောက် မလွယ်ဘူးလေ ... သူက ကျွန်မကို သိပ်ချစ်တာလေ... ဒီအကြောင်းတွေကိုသာ သူသိသွားရင် မလွယ်ဘူးလေ " အလင်းချိုရဲ့ စကားကြောင့်မိုးသူဇာက ခပ်မဲ့မဲ့ တစ်ချက်ပြုံးလိုက်ပြီး "မင်းက အချစ်ကိုကိုးကွယ်နေတာလား ... ယောကျာ်းတွေကို ယုံကြည်နေတာလား အလင်းချို ... ယောကျာ်းတွေအကြောင်းကို မင်း ဘာသိလို့လဲ ... မင်းရဲ့ချစ်သူဆိုတဲ့ကောင်ကို မင်းယုံကြည်ရင် မှားသွားလိမ့်မယ် "မိုးသူဇာက အလင်းချိုကို မျက်နှာထားတင်းတင်းနဲ့ ပြောလိုက်တယ်။ "ကဲ ..ကဲ ယောက်ျားတွေအကြောင်းကို ပြောမနေနဲ့ကြနဲ့တော့ ... အလုပ်ကိစ္စပြောရအောင် မိုးသူဇာ ...အလင်းချိုက အလုပ်ခန်းထဲကိုသွားပြီး မနေ့က ဆိုင်ကပို့ထားတဲ့ စာရင်းကို စစ်ပေးအုံး ...ဆေးလိပ်တွေသောက်ပြီး အိပ်မနေနဲ့နော်...အလုပ်အရင်လုပ်အုံး ...သွား...သွား " အလင်းချိုနဲ့ မိုးသူဇာတို့နှစ်ယောက်ကြားသို့ မမဆွေက ၀င်ပြောလိုက်ပြီး အလင်းချိုကို အလုပ်ခန်းထဲ သွားနေဖို့ကို ပြောလိုက်တာမို့ အလင်းချိုက ဆိုဖာခုံမှထပြီး ယိုင်နဲ့ နဲ့ ပုံစံနဲ့ လျှောက်လာခဲ့တယ်။ ~~~~~~~ "ကဲ ဘယ်လိုတွေဖြစ်ကုန်ပြီလဲ မိုးသူဇာ ...ညည်းအေ ငါဒီလောက် သတိပေးထားတံကြားကနေ ... သူက ဖော်ကောင် လုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ ... မီးခိုး ကြွက်လျှောက်ပေါ်ကုန်ရင် အစ်ကိုကြီးက ငါ့ကိုပါ စွန့်ပစ်မှာဟဲ့ ...သူတို့လောကမှာ ချစ်တာတွေ မေတ္တာတွေမရှိဘူး.....နင်ရောငါရော အသက်နဲ့ ခန္ဓာ အိုးစားကွဲသွားလိမ့်မယ် သိရံ့လား " မမဆွေက မိုးသူဇာကို လေသံမာမာနဲ့ ပြောလိုက်တယ်။

"ဟို ..အယ် ... သူဋ္ဌေးက .ဒီရပ်ကွက်မှာ.ငွေတောင်းခိုင်းလိုက်လို့ပါ ကိုလင်း ... "အလင်းချိုက အသံတုန်တုန်နဲ့ ပြန်ဖြေလိုက်ပြီး တစ်ဖက်ကို လှည့်ကာ "အောင်အောင် ပြန်တော့နော် ... " လို့ ခပ်တိုးတိုးပြောလိုက်တယ်။ "သူဘယ်သူလဲ အလင်း " အလင်းချိုက ဟန်သော်လင်း မေးတာကို မဖြေဘဲ ကားဆီကိုလျှောက်လာခဲ့ပြီး ကားရှေ့ခန်းကို ဖွင့်ကာ ဝင်ထိုင်လိုက်တယ်။ ~~~. ဟန်သော်လင်း စကားတစ်ခွန်းမှ မပြောဘဲ ကားကိုမောင်းလာခဲ့ရင်း တစ်ချက်တစ်ချက်အလင်းချိုဘက်ကို မသိမသာ စောင်းငဲ့ကြည့်မိတယ်။အလင်းချိုက မျက်လုံးအစုံကို မှိတ်ထားပြီး ဆိုဖာခုံကိုလျော့ရိလျော့ရဲ မှီထိုင်ကာ လိုက်ပါလာတယ်။ "အလင်း ကျွန်တော်တို့ စကားခဏလောက် ပြောရအောင် ." ဟန်သော်လင်း ပြောလိုက်တော့ အလင်းချို မျက်လုံးကို ဖျတ်ခနဲ ဖွင့်ကြည့်လိုက်ပြီး " ပြောလေ ... ကားရပ်လို့ရတဲ့ နေရာမှာ သွားပြောရအောင် " ဟန်သော်လင်း ကားကို လူရှင်းတဲ့ နေရာမှာ ရပ်လိုက်ပြီးနောက် အလင်းချို ဘက်ကို လှည့်ကြည့်လိုက်တယ်။ " အလင်း ဘာတွေလုပ်နေတာလဲ ... ဟိုတစ်ယောက်နဲ့ အဆင်ပြေတယ် မဟုတ်လား ...အလင်းမှာ ပြဿနာတွေရှိရင် ကျွန်တော့်ကို ပြောပြပါ ... နေမခမသိအောင် ကျွန်တော် ဖြေရှင်းပေးပါ့မ ယ် " ဟန်သော်လင်း ပြောနေတာတွေကိုနားထောင်ပြီး အလင်းချိုက ပြုံးလိုက်မိတယ်။ ဒါပေမဲ့ ပြုံးနေတဲ့ အလင်းချိုရဲ့ ပါးပြင်ပေါ်ကို မျက်ရည်တစ်စက်က ပေါက်ခနဲ ကျလာတာကို မြင်လိုက်ရတော့ ဟန်သော်လင်း လန့် သွားမိတယ်။ " အလင်း ...မင်း ... မင်း ဘာဖြစ်လို့လဲ ...ဘာပြဿနာဖြစ်လို့လဲ .." ဟန်သော်လင်း မေးလိုက်တော့ အလင်းချိုက ခေါင်းကို ခါယမ်းပြလိုက်ပြီး ဟန်သော်လင်းရဲ့ လက်တစ်ဖက်ကို ဆွဲယူလိုက်တယ်။ " ကိုလင်းကို ပျော်စေချင်တယ် ... အလင်းလဲပျော်ချင်တယ် ..." အလင်းချိုရဲ့ စကားကြောင့် ဟန်သော်လင်း အလင်းချိုရဲ့ မျက်နှာလေးကို နားမလည်နိုင်စွာ ငေးကြည့်နေမိတယ်။ "အလင်းရယ် အလုပ်ကထွက်ပြီး နေမခနဲ့လက်ထပ်လိုက်ပါလားဟင် ... လက်မထပ်ချင်သေးဘူးဆိုရင်လဲ ... တခြားအလုပ် ပြောင်းလုပ်ပါလား .."ဟန်သော်လင်း ပြောလိုက်တော့ အလင်းချိုခေါင်းလဲ မငြိမ့်မိသလို ၊ ခေါင်းလဲမခါမိဘူး။ ~~~~~~ " အိမ်ထိ လိုက်ခဲ့လေ ကိုလင်း .. အိမ်မှာထမင်းစားသွားလေ " ဟန်သော်လင်းက ကားကို ရပ်ကွက်ထိပ်မှာ ရပ်လိုက်တာမို့ အလင်းချိုက ကားပေါ်က မဆင်းဘဲ ပြောလိုက်တယ်။ "ဟို ... မလိုက်တော့ပါဘူး အလင်းရယ် ... ဟိုတစ်ယောက်မြင်သွားရင် ပြဿနာရှာနေအုံးမယ် " " မဟုတ်တာ ကိုလင်းရယ် ... အိမ်ကို လိုက်ခဲ့ ...ဒေါ်လေး စန်းကို ဖုန်းဆက်လိုက်အုံးမယ် ... အိပ်မှာထမင်းစားသွား ..ကိုလင်းလာရင် အဘွားလဲ ပျော်တာသိတယ်မဟုတ်လား " ~~~~~ ချိန်းထားရင်တောင် လွဲအုံးမယ်ဆိုတာမျိုးပေါ့ ။ဟန်သော်လင်းရဲ့ ကားက လမ်းသွယ်ထဲကို ကွေ့ဝင်ဖို့လုပ်လိုက်တဲ့ အချိန်မှာပဲ နေမခရဲ့ ကားကို တွေ့လိုက်ရတာမို့ နှစ်ယောက်သား လန့်တော့ လန့်သွားမိကြတယ်။ ဒါပေမဲ့ အလင်းချိုက ကားပေါ်ကနေ ခပ်တည်တည်ပဲ ဆင်းလိုက်ပြီး နေမခရှိရာဆီကိုလျှောက်သွားလိုက်တယ်။ကားပေါ်ကဆင်းလိုက်ပြီးတော့ ဟန်သော်လင်းကိုပါ ခေါ်လိုက်တယ်။ "ကိုလင်း ဆင်းလေ " ဟန်သော်လင်းကို ပြောလိုက်ပြီးတော့ နေမခရဲ့ မှုန်တေတေ ဖြစ်နေတဲ့မျက်နှာကို တစ်ချက်လှမ်းကြည့်လိုက်မိတယ်။နေမခက ဒေါသ မျက်လုံးတွေနဲ့လှမ်းကြည့်နေတာကို အလင်းချိုတွေ့လိုက်ရသလို ဟန်သော်လင်းလဲတွေတယ်။ "ကိုနေ ဒီနေ့စောသားပဲ ...အိမ်ထဲဝင်အုံး...ကိုလင်းကို ညနေစာထမင်းကျွေးမလို့လေ ... ကိုနေပါ ထမင်းစားသွားနော် ..လာလေ " အလင်းချိုကနေမခလက်ကို ဆွဲကိုင်ပြီး ပြောလိုက်တယ်။ နေမခက အလင်းချိုရဲ့ လက်ကို အတင်းဖျစ်ညှစ်လိုက်ပြီး နားနားကပ်ကာ အံကိုကြိတ်သံနဲ့ပြောလိုက်တယ်။ "အလင်း မင်းနော် ... အဲ့ဒီကောင်ကားနဲ့ ဘာလို့ ပြန်လာတာလဲ ...ကိုယ့်ကိုယ်စိတ်တိုအောင် လုပ်နေတာလား " နေမခရဲ့ ပုံစံကိုရိပ်မိတဲ့ ဟန်သော်လင်းက အနားကို လျှောက်လာပြီး နေမခကို တည့်တည့်ကြည့်ကာ ပြောလိုက်တယ်။ "လမ်းမှာ ကားငှါးနေတာတွေ့လို့ ခေါ်လာတာ ... ငါတို့က ရိုးရိုးသားသားသူငယ်ချင်းတွေ ... မင်းမဟုတ်တာတွေ လျှောက်တွေးမနေနဲ့ .. မင်းလုပ်တာနဲ့ သူ့လက်ကျိုးတော့မယ်ကွ " ဟန်သော်လင်း ပြောလိုက်တော့မှ နေမခက အလင်းချိုရဲ့ လက်ကို အတင်းဖျစ်ညှစ်ထားမိတဲ့ သူ့လက်ကို လွှတ်လိုက်ဓိတယ်။ပြီးတော့ နေမခနဲ့ဟန်သော် လင်းတို့တစ်ယောက်နဲ့ တစ်ယောက် ခပ်စူးစူး ခပ်စိမ်စိမ်းမျက်လုံးတွေနဲ့ စိုက်ကြည့်နေမိကြတယ်။သူတို့နှစ်ယောက်ကို ကြည့်ပြီး အလင်းချိုက လေသံခပ်မာမာနဲ့ဝင်ပြောလိုက်တယ်။ " အဲ့ဒီမှာ ဘာရပ်လုပ်နေကြတာလဲ ... အိမ်ထဲဝင်ကြလေ .. ဘာလဲ နှစ်ယောက်သားရန် ဖြစ်ကြမလို့လား ... နှစ်ယောက်လုံးကို ပြောထားမယ်နော် ... အလင်းကို စိတ်ညစ်အောင်လုပ်ရင် အဝေးကြီးကို ထွက်ပြေးပစ်လိုက်မှာ ... ဘာမှတ်နေလဲ နှစ်ယောက်လုံး အိမ်ထဲဝင်ကြ ...တော်ကြာ ဘေးလူတွေ မြင်ပြီး အလင်းကို အထင်သေးအောင် လုပ်နေကြတာလား " အလင်းချို စကားကြောင့် နှစ်ယောက်သား မကြည်မလင်မျက်နှာတွေနဲ့ အလင်းချိုနောက်က လိုက်လာခဲ့ကြတယ်။ ~~~~~

သူမရဲ့ အမျိုးတွေကို မမေ့ခဲ့တာ အမှန်ပင်။ဒါကြောင့်လဲ သူမကို မေ့နိုင်ဖို့ နေမခအမြဲကြိုးစားခဲ့တယ်။နောက်ဆုံးတော့လဲ ဘယ်လိုပဲ ကြိုးစားခဲ့ ကြိုးစားခဲ့ နှလုံးသားရဲ့ ဆန္ဒကို မလွန်ဆန်နိုင်ခဲ့ဘူးလေ။စက်ရုပ်တစ်ရုပ်လိုရှင်သန်နေရတာကို နေမခကိုယ်တိုင် စိတ်ပျက်ကြောက်ရွံ့လာခဲ့မိတယ်။ "ဒီနေ့လဲ ကားဂိတ်ထိပဲ ပို့ပေးရမှာလား ...ဒီလကုန်ထိပဲ လုပ်တော့နော် ....လကုန်ရင် အမေတို့ကို ကိုယ်တို့နှစ်ယောက် အဆင်ပြေနေပြီဆို တဲ့ အကြောင်းကို ဖွင့်ပြောလိုက်တော့မယ်လေနော် .. အခုလဲ အမေတို့က ရိပ်မိနေပုံရပါတယ်...ဒါပေမဲ့ ကိုယ်ဖွင့်ပြောတာကိုပဲ စောင့်နေပုံရတယ် " နေမခ လေသံပျော့လေးနဲ့ ပြောလိုက်တော့ အလင်းချိုခေါင်းလဲမခါ၊ ခေါင်းလဲမငြိမ့်ဘဲ နေမခကို ခပ်ငေးငေးကြည့်နေတယ်။ "ဘာကြည့်နေတာလဲ ...ကိုယ်ပြောတာကြားရဲ့လား "နေမခက သူ့ကို ခပ်ငေးငေးကြည့်နေတဲ့ အလင်းချိုရဲ့ ပါးပြင်ကို ခပ်ဖွဖွဆွဲလိမ်ပြီး ပြောလိုက်တယ်။ "ကိုနေကို ပြောစရာရှိတယ် " " တီ ...တီ ..တီ " အလင်းချိုပြောလိုက်ချိန်မှာပဲ ဘေးကဖြတ်မောင်းသွားတဲ့ ကားဆီက ကားဟွန်းသံကြောင့် အလင်းချိုရဲ့ စကားကို နေမခမှာ သေချာမကြားလိုက်ဘဲ ဖြစ်သွားရပြီး အလင်းကို ပြန်မေးလိုက်တယ်။ "ဟင် ... အလင်း ဘာပြောလိုက်တာလဲ " နေမခ ထပ်မေးလိုက်တော့ အလင်းချိုခေါင်းကို ခါယမ်းလိုက်ပြီး နေမခပခုံးကို မှီကာ မျက်လုံးတွေကို မှိတ်ထားလိုက်တယ် ။ ~~~~.~~~~ "အေးမြနွယ် ခုတလော ညည်းသားကို ကြည့်ရတာ မရိုးဘူးနော် " ဘွားချိုပြောလိုက်တော့ ဒေါ်အေးမြနွယ်က အထည်တွေကို ပါကင်ပိတ်နေရင်းကနေ ပြုံးလိုက်တယ် ။ "အန်တီမြေးက ချစ်သူရှိနေပြီလေ ... ဘယ်လို ရိုးမှာလဲ " "ဟဲ့ ဟုတ်လား ...နင်က ဘယ်လိုသိလဲ ...ဒါနဲ့ ဘယ်သူများလဲ ..စံမဒီတော့မဟုတ်ဘူးထင်တယ်နော် " " ဟာ အဘွားကလဲ ... မမစံနဲ့ စေ့စပ်ပွဲတောင် ဖျက်လိုက်တာကို ...သမီးအထင်တော့ မမလင်းနဲ့ပဲနေမှာ ...ဟိုတစ်နေ့က ကိုကိုဖုန်းပြောနေတုန်းမှာအလင်းဆိုပြီး ပြောလိုက်တာကို သမီးကြားလိုက်တယ် " " ဘယ်.. ဘယ်လို ... အလင်းချိုလေးနဲ့ လား ...တကယ်လား ... တို့ကိုလဲဘာမှမပြောဘူး " သဲသဲစကားကြောင့် ဘွားချိုက အံ့ဩဝမ်းသာစွာ ပြောလိုက်တယ်။ "အဘွားကလဲ ရည်းစားထားတာကို ဘယ်သူက အိမ်ကိုပြောမှာလဲ ... ဟုတ်တယ်မဟုတ်လား အမေ .. မမလင်းနဲ့ ကိုကို့ကို သဘောတူတယ်မဟုတ်လား အဘွား " . " တူပအေ...ညည်းတို့အစ်ကိုသာ ဟိုလိုလို ဒီလိုလို မဟုတ်ရင် ပြီးတာပဲ " ~~~~~ ဟန်သော်လင်း ရှေ့ဆက်လုပ်ရမယ့်အစီအစဉ်တွေကို စဉ်းစားရင်း စိတ်လေလေနဲ့ ကား လျှောက်မောင်းလာခဲ့တာ သတိဝင်လာချိန်မှာ ကားက ရပ်ကွက်ဟောင်းဆီကို ရောက်မှန်းမသိ ရောက်လာခဲ့တယ်။ဟန်သော်လင်းအနေနဲ့ ခလုတ်ထိမှ အမိတတာတော့ မဟုတ်ဘူး ။ သူလုပ်နေရတဲ့ လောက က လူတွေက ကောက်ကျစ်ယုတ်မာသူတွေချည်းပဲမို့ တကယ်လို့များဆိုတဲ့ စိတ်နဲ့ နောက်ဆုံးအနေနဲ့ပဲဖြစ်ဖြစ် ရောက်လာခဲ့တယ်ပဲပြောရမလား။ သူက အရင် စိန်ခေါ်ခဲ့ပြီးပြီးမို့ ဒီပွဲကသူတို့သေရင်သေ ၊ သူတို့ မသေရင် သူအသေပေါ့ ။ ဒီလိုမဖြစ်ခင်ကြားမှာတော့ အလင်းချိုကို နေမခလက်ထဲကို သေချာအပ်နှံထားခဲ့ပြီး သူရှာထားသမျှတွေကို ကလေးတွေကို ပေးနိုင်ဖို့ စီစဉ်ရမယ်။ပြီးတော့ မိုးသူဇာအပါအ၀င် ဘယ်သူမှ မသိအောင်ဝယ်ထားခဲ့တဲ့ မြို့ပြင်တစ်နေရာက မြေကွက်လေးကိုလဲ ပိုင်ရှင်အစစ်အမှန်ဆီကို ရောက်စေဖို့ ကြိုးစားရအုံးမယ်။ဒီကြားထဲမှာ ကံကောင်းထောက်မ ခဲ့ရင်တော့ အမေ့မျက်နှာကို ငေးကြည့်ပြီး စကားတွေ ပြောချင်မိပါတယ်။ ရပ်ကွက်လမ်းထဲကို ကားကွေ့ပြီး ဝင်ဖို့အရေးကို ဟန်သော်လင်း တွေဝေနေမိတုန်းမှာပဲ ရှေ့တည့်တည့်က လျှောက်လာတဲ့သူကို ကြည်ပြီး ဟန်သော်လင်း အံ့ဩသွားမိတယ် ။အလင်းချိုကတော့ သူ့ကားကို မြင်ပုံမရဘူး ။ ကားလမ်းတစ်ဘက်ခြမ်းကို လှမ်းကြည့်နေတယ်။အလင်းချိုပုံစံက အရင်နေ့တွေကလို စကပ်တိုတိုအင်္ကျီအကျပ်နဲ့ မဟုတ်ဘဲစကပ်ရှည်ရှည်နဲ့ ကိုယ်ကျပ်အင်္ကျီပေါ်ကနေလက်ရှည် တစ်ထည်ကို ထပ်ဝတ်ထားတယ်။ မျက်နှာကတော့ .ပြင်ဆင်ခြယ်သထားပြီး ဆံပင်တွေကို ခပ်မြင့်မြင့်စည်းထားတယ်။သူမ ဒီရပ်ကွက်ဘက်ကို ဘာကိစ္စ လာတာလဲ။ သူမဘာတွေ လုပ်နေတာလဲ ဟန်သော် လင်းလဲမသိတော့။ထက်ပိုင်ဆိုတဲ့ကောင်ကိုတော့ အရိပ်အယောင်တောင် မတွေ့ရအောင် ဟန်သော်လင်းဖြေရှင်းထားပြီးပြီလေ။ဟန်သော် လင်းကြည့်နေတုန်းမှာပဲ အလင်းချိုနားကို ခပ်ရွယ်ရွယ်ကောင်တစ်ယောက် ရောက်လာပြီး နှစ်ယောက်သား စကားတွေပြောနေကြတာကို တွေ့လိုက်ရတယ်။နှစ်ယောက်သားကို ကြည့်ရတာ အခုမှ သိကြပုံမဟုတ်ဘဲ အဲ့ယောကျာ်းက အလင်းချိုကို စောင့်နေတဲ့ပုံမျိုးကိုတွေ့လိုက်ရတယ်။ ဟန်သော်လင်းကားကို မောင်းသွားလိုက်ပြီး ကားလမ်းကူးသွားဖို့ပြင်နေကြတဲ့ အလင်းချိုတို့ရဲ့ ရှေ့တည့်တည့်မှာရပ်လိုက်တယ်။ "အလင်း '' ဟန်သော်လင်း ခေါ်လိုက်တော့ အလင်းချိုက ဖျတ်ခနဲလှည့်ကြည့်လာပြီး ဟန်သော်လင်းကို မြင်တော့ အလင်းချိုရဲ့ မျက်နှာ ကွက်ခနဲပျက်သွားတာကို တွေ့လိုက်ရတယ်။သူကားပေါ်က ဆင်းလိုက်ပြီး အလင်းချိုဆီကို လျှောက်သွားလိုက်တယ်။ "အလင်း ... ဘယ်ကိုလာတာလဲ ..." ဟန်သော်လင်းက အသံခပ်ဆတ်ဆတ်နဲ့ မေးလိုက်ပြီး အလင်းချိုဘေးက ကောင်ကို စူးစူးဝါးဝါးစိုက်ကြည့်လိုက်တယ်၊

ဧကြည်ဖြူ "သံယောဇဉ် ကမ်းပါး " အပိုင်း(၃၈) ******* " သတ်လေ...သတ်လိုက်စမ်းပါ ...ငါသေရင် မင်းလဲ ထောင်ကျ...အဲ့ဒါမှ မင်းဟာ မလေးကို ဘယ်သူမှ မကယ်နိုင်ဘဲ သူ့ဘ၀ပျက်စီးမှာ " မိုးသူဇာက ဂရုမစိုက်တဲ့ဟန်ဖြင့်ပြောက ဟန်သော်လင်းရဲ့ ရှေ့ကို ခေါင်းကိုထိုးပေးလိုက်တယ်။ မိုးသူဇာရဲ့ စကားနဲ့ အပြုအမူကြောင့် ဟန်သော် လင်းရဲ့လက်တွေလေထဲမှာ ရပ်တန့်သွားရပြီး မိုးသူဇာရဲ့မျက်နှာကိုတည့်တည့်ကြည့်လိုက်ကာ အံကိုတင်းတင်းကြိတ်လိုက်မိတယ်။ " ဟုတ်တယ်ခင်ဗျားလို မိန်းမယုတ်ကို သတ်မယ့်အစား ... ကျုပ်ကိုယ်တိုင် ထောင်ထဲထည့်ပြမယ် ...ထမင်းသာ ဝအောင်စားထား ဒေါ်မိုးသူဇာ " ဟန်သော်လင်းက မိုးသူဇာကို ဆောင့်တွန်းပစ်လိုက်ပြီး အခန်းပြင်ကို ပြန်ထွက်ခဲ့လိုက်တယ်။ ~~~~ "စကားကို အေးဆေးပြောပါဗျာ... ကျွန်တော်ဘာကောင်လဲ အစ်ကိုသိသလို ... အစ်ကို့အကြောင်းကိုလဲ ကျွန်တော် အကုန်သိတယ် ... ကျွန်တော်လဲ ငွေရဖို့အတွက် သူတို့ခိုင်းတာကို လုပ်ခဲ့တာပါ...အစ်ကို့ကောင်မလေးကို ကျွန်တော် မဖျက်ဆီးဘူး ....ဆေးလိပ်နဲ့ အရက်တွေလဲ သူ့ဘာသာလိုက်သောက်တာ..." "ဟေ့ကောင် မင်းအသားမနာချင်ရင်...အပိုတွေပြောမနေနဲ့ ... နောက်ထပ် သူ့နားမှာ မင်းကိုထပ်တွေ့ရင် ငါ့အဆိုးမဆိုနဲ့ " "ဒီမှာ အစ်ကို ... ဘ၀တူချင်းမို့ ပြောပြလိုက်မယ် ... အစ်ကို မပြော်လဲ ကျွန်တော့်တာဝန်က ပြီးသွားပြီဗျ... သူနဲ့ ထပ်တွေ့စရာအကြောင်း မရှိတော့ဘူး ....အဘွားကြီးက သူ့ကို ရောင်းစားဖို့ကြံနေပြီ ...အိမ်တွေခြံတွေ ဝယ်ပေးမယ်ဆိုပြီး မက်လုံးတွေပေးနေတာလေ.. " " ဘာ ...ဘာပြောတယ်ကွ.....ဒီမိန်းမယုတ်တွေကတော့ ...တောက် ... " ထက်ပိုင်ရဲ့ စကားကြောင့် ဟန်သော်လင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပြီး တောက်တစ်ချက်ခပ်ပြင်းပြင်းခေါက်လိုက်မိတယ်။ ~~~~~~~ ဟန်သော်လင်း ကားကို ရပ်တန့်လိုက်ပြီး ရှေ့ကမြင်ကွင်းကို မမှိတ်မသုန်စိုက်ကြည့်နေမိတယ်။အလင်းချို ဖုန်းဆက်ပြီးပြောတုန်းက သူရင်နာနာနဲ့ပဲ ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။အလင်းချိုပျော်နေရင် ဟန်သော်လင်းလည်း ပျော်ပါတယ်။ညနေတိုင်း သူမကို အိမ်ပြန်ပို့ပေးရတဲ့ အလုပ်ကို မလုပ်ရတော့ပေမဲ့ သူမရှိတဲ့နေရာတွေကို တိတ်တဆိတ် သွားလာနေမိမြဲ။ပြုံးနေတဲ့ သူမရဲ့မျက်နှာလေးကို ငေးကြည့်ပြီ ဟန်သော်လင်း ရင်နာနာနဲ့ပဲ ကျေနပ်ခဲ့ပါတယ်။အချိန်အားတိုင်း သူမနောက်လျှောက်လိုက်ခဲ့ခြင်းကပဲ သူမရဲ့ အကြောင်းတွေကို သိလာစေခဲ့တာ မဟုတ်လား ။ နေမခနဲ့လဲ အဆင်ပြေပုံရရဲ့နဲ့ သူမပုံစံတွေ မူမမှန်ဖြစ်နေတာကို ဟန်သော်လင်းစိုးရိမ်နေမိတယ်။အလုပ်ကထွက်ဖို့ ပြောခဲ့ပေမဲ့ ဘာကြောင့်မှန်းမသိပေကပ်နေတဲ့ သူမကို ဟန်သော်လင်းဘယ်လို တားမြစ်ရမလဲ မစဉ်းစားတတ်တော့ပေ။ ဒီတော့ ဟန်သော်လင်းမှာလုပ်စရာတစ်ခုပဲရှိပါတော့တယ်။ သူ့အကြောင်းတွေအားလုံးကို အလင်းချိုကို ဖွင့်ပြောလိုက်ဖို့ပါပင်။ ~~~~ "အလင်း ...မင်းရဲ့အလုပ်ကို ကိုယ်သဘောမကျဘူးလို့ ပြောနေတယ်လေ... အလုပ်ကထွက်လိုက်ပါတော့ ဆိုကွာ ....အိမ်မှာ အမေတို့နဲ့ အလုပ်တူတူလာလုပ်ချင်လုပ် ... ဒါမှမဟုတ် ဆိုင်မှာ လာလုပ်ပါဆို...မင်းနော် အရင်ကလို မဟုတ်ဘူး ... ပြောစကားလဲ နားမထောင်ဘူး...ပြီးတော့ ဒါတွေက ဘာတွေလဲ .. အလှတွေလဲ ပြင်သလားမမေးနဲ့ " နေမခက ပြောပြောဆိုဆိုနဲ့ အလင်းချိုရဲ့ မျက်နှာကို လက်နှစ်ဖက်နဲ့ ဖျစ်ညှစ်ပြီး ပြောလိုက်တယ်။ ဒီစကားတွေက နေ့တိုင်းပြောလဲပြောပြောပဲဆိုတာ နေမခသိသိနဲ့ ထပ်ပြောနေမိတာ။ နေမခမှာလဲ တကယ်ချစ်မိပြီဆိုတော့ ဟိုအရင်ကလို မဆူရက်မငေါက်ရက်။ဒါကို သိလိုလည်းထင်ပါရဲ့ အလင်းချိုက အရင်ကနဲ့မတူဘဲ နေမခပြောသမျှစကားတွေကို တစ်ခုမှကို မနာခံဘူး။ အလုပ်ထွက်လို့ ပြောရင် မထွက်ဘူးဆိုပြီး ရန်တွေ့တယ်။စိတ်တိုလို့ ဆူမိငေါက်မိရင် တစ်နေကုန် ဖုန်းမကိုင်တော့ဘူး။ အလုပ်သွားရင်လဲ အလုပ်ထိလိုက်ပို့ခွင့်မရဘဲ ကားဂိတ်ထဲပဲ ပို့ခွင့်ပေးတယ်။ညနေဘက်ကတော့ နေမခတို့ဆိုင်က ညနေခြောက်နာရီမှ ပိတ်တာဆိုတော့ အချိန်က မတူတော့ ပြောလို့မရဘူး။ သူမအလုပ်နောက်ကျတဲ့အခါမျိုးမှာ အလုပ်နားက ကားဂိတ်မှာ လာကြိုပေးလို့ ပြောတာကိုပဲ နေမခ မှာကျေနပ်နေရတာ။ "မိန်းခလေးပဲ အလှပြင်မှာပေါ့ ...မျက်နှာပြောင်ကြီးနဲ့ နေရမှာလား ...သူကျတော့ အလုပ်သွားလုပ်တာနဲ့ မတူဘဲ မင်းသားသွားလျှောက်တာကျနေတာပဲ " အလင်းချိုက ခပ်စွာစွာလေး ပြန်ပြောလိုက်ရင်း နေမခရဲ့ ဆံပင်တွေကို ဆွဲဖွပစ်လိုက်တယ်။ "ဟာ ..ဟေ့ ... ဟေ့ မလုပ်နဲ့ လေကွာ ...ကိုယ်တို့က မင်းတို့ မိန်းခလေးတွေလိုအပြင်ထွက်ရင် ဘီးတွေဘာတွေ ပါတာမဟုတ်ဘူးကွ " နေမခမှာ ခေါင်းကို ငဲ့ကာတိမ်းကာ ရှောင်လိုက်ရင်း အလင်းချိုရဲ့ လက်လေးတွေကို ဖမ်းဆွဲယူလိုက်တယ်။နေမခရင်ထဲမှာရှိတဲ့ စိတ်အလိုမကျမှုတွေက အလင်းချိုမချော့ရပါဘဲ ပြေပျောက်သွားရပြန်တယ်။ ပြောရမယ်ဆိုရင် ဟိုခပ်ငယ်ငယ်ကတည်းကသူမက နေမခရင်ထဲမှာ နေရာယူခဲ့တယ်လို့ပဲ ပြောရမလား။ လူကိုတွေ့ရင် အူကြောင်ကြောင်ပုံစံလေးနဲ့ ရယ်ပြပြုံးပြတတ်တဲ့ဒီကောင်မလေးကို နေမခအမြင်ကပ်ကပ်နဲ့ ခင်မင်ခဲ့မိတယ်လေ။နိုင်ငံခြားကို ထွက်သွားခဲ့ပေမဲ့လည်း တစ်နေ့မှ မေ့လို့မရခဲ့။ဒါပေမဲ့ သူမကို မေ့လို့မရခဲ့သလို အကျင့်မကောင်းတဲ့

မမဆွေရဲ့ အမေးကြောင့် ထက်ပိုင်မချိုမချဉ်ပြုံးလိုက်ပြီး "အဲ့ဒါတော့ မရဘူးဗျ ... ပါးလေးနမ်းတာတောင် ကျွန်တော့်ကို ပါးပြန်ချမလို့ ရွယ်တာဗျ...လက်ကိုင်ပခုံးဖက်တာလောက်တော့ အေးဆေးပဲ...ဘာလဲ အဲ့ဒီအဆင့်ထိ ရောက်အောင် ကြိုးစားရမှာလား ... ဟန်သော်လင်းဆိုတဲ့လူကိုလဲ ကြည့်ထားအုံးဗျ ... တော်ကြာ ကျွန်တော့်ကို လာသတ်နေအုံးမယ် ... မမမိုးကလဲဗျာ ...ဘာလို့များ အဲ့ဒီလိုကောင်ကို သဘောကျနေလဲ မသိဘူး.....ဒါပေမဲ့ စိတ်ချပါ ငွေသာများများရရင် ဟန်သော်လင်းမကလို့ ဘာကောင်ဖြစ်ဖြစ် မကြောက်ပါဘူးဗျာ " ထက်ပိုင်ရဲ့ စကားကို ကြားတော့ မမဆွေစိတ်ထဲမှာ ကျေနပ်သွားမိတယ်။ "နိုး....နိုး ဒီအခြေလောက်ဆိုရပါပြီဆရာရယ် ... မင်းအတွက် ဘောက်ဆုကောင်းကောင်းချဖို့ မိုးသူဇာကို ပြောလိုက်ပါ့မယ် " "အိုဗျ ကျေးဇူးပါမမဆွေ " အလင်းချိုတစ်ယောက် အခန်းထဲမှာ အိပ်ပျော်နေလောက်ပြီးမို့ မမဆွေနဲ့ထက်ပိုင်တို့ အလင်းချို အကြောင်းကို ပြောနေကြပြီး ကိုယ့်တွက်ကိန်းနဲ့ကိုယ်ပြုံးနေမိကြတယ်။ ~~~~ " ဒေါက် ...ဒေါက်...ဒေါက် " " မမမိုး တံခါးဖွင့်ပေးနော် ...ခင်ဗျား အထဲမှာရှိတာ ကျွန်တော်သိတယ် " ဟန်သော်လင်း အခန်းတံခါးကို လက်သီးနဲ့ ခပ်ပြင်းပြင်းထုပြီး ပြောလိုက်တယ်။ခဏနေတော့ အထဲက ခြေသံကို ကြားလိုက်ရပြီး အခန်းတံခါးက ပွင့်လာတယ်။ခပ်ဟဟပွင့်လာတဲ့ တံခါးကို ဟန်သော်လင်းဆောင့်တွန်းလိုက်ပြီး အခန်းထဲကို ၀င်ခဲ့လိုက်တယ်။ အခန်းထဲရောက်တာနဲ့ ခုံတစ်လုံးကို ကောက်ယူလိုက်ပြီး နံရံကပ်မှန်ကို ရိုက်ခွဲပစ်လိုက်တယ်။ ဟန်သော်လင်း ဒေါသထွက်နေသလောက် မိုးသူဇာကတော့ ဆိုဖာခုံပေါ်မှာ ခြေထောက်ကိုချိတ်ပြီး ဟန်မပျက်ထိုင်နေတယ်။ "မင်းက ငါ့အိမ်ထဲထိ ၀င်လာပြီး ရမ်းကားရဲတယ်ပေါ့လေ... ရဲခေါ်ပြီး မင်းကို ခုချက်ချင်းဖမ်းခိုင်းလိုက်လို့ရတယ်သိရဲ့လား " မိုးသူဇာရဲ့ စကားကြောင့် ဟန်သော်လင်း ဒေါသကို မထိန်းနိုင်တော့ဘဲ မိုးသူဇာကို လက်ပြန်ရိုက်ချဖို့အတွက် လက်ကိုရွက်လိုက်တယ်။မိုးသူဇာကတော့ မမှုဘဲ ဟန်သော်လင်းရဲ့မျက်နှာကို ခပ်တင်းတင်းပဲစိုက်ကြည့်နေတယ်။ "ခင်ဗျားက မိန်းမယုတ် ...တကယ့်ကို ကြောက်စရာကောင်းတဲ့မိန်းမပဲ ...ကျုပ်တုန်းကလဲ အကူအညီပေးသလိုလိုနဲ့ ကျုပ်ကိုနွံထဲဆွဲနှစ်ခဲ့တယ်... ဒါပေမဲ့ ဒီတစ်ခါတော့ ခင်ဗျားတအားလွန်သွားပြီ ...ခင်ဗျားကို ကျုပ် ကိုယ်တိုင် ထောင်ထဲထည့်ပြမယ် " "ဟား ...ဟား ရယ်စရာကောင်းလိုက်တာဟာ ...ငါက ယုတ်မာတာမဟုတ်ဘူးကွ ...မင်းတို့တွေကိုယ်တိုင်က စိတ်ဓါတ်မခိုင်မာတာ သိရဲ့လား...ဟုတ်တယ် မင်းဟာမလေးကို ပျက်စီးစေချင်လို့ ငါခိုင်းခဲ့တယ် ...ဒါပေမဲ့ ငါက အဲ့ဒီကောင်ကို ငွေးပေးပြီးပဲခိုင်းခဲ့တာ...မင်းဟာမလေး ကိုယ်တိုင်က စာရိတ္တမကောင်းလို့ ပျက်စီးတာလေ ... ငါက သူ့လက်ကိုဆွဲပြီး ဟိုကောင့် ဆီကို ပို့ခဲ့တာမဟုတ်ဘူး " "ဘာဗျ ...ခင်ဗျား ခင်ဗျား ... မိန်းမယုတ် ... ခင်ဗျားကို သတ်မယ် " " ဒုန်း " "ဂွမ်း " @@@@@@@@@@@@@@@@@ အပိုင်း (၃၈ ) ဆက်ရန် ဧကြည်ဖြူ

အိမ်မှာလဲပြောပြီးပြီ..မင်းပြောသလို ပြောတာတော့ မဟုတ်ဘူးပေါ့ ...စံကနေမခကို မောင်လေးတစ်ယောက်လိုပဲ သံယောဇဉ်ဖြစ်မိတာပေါ့ ...တကယ်တမ်း အိမ်ထောင်ဖက်အဖြစ် ရွေးရတော့မယ်ဆိုတော့ စိတ်ထဲမပါလို့ပါ ဘာညာဆိုပြီးတော့ ပြောလိုက်ရတာပေါ့ကွာ " မစံရဲ့ စကားကြောင့် နေမခကျေးဇူးတင်စွာနဲ့ ကြည့်လိုက်မိတယ်။ "ကျေးဇူးတင်ပါတယ် မစံ " " ဟုတ်ပါပြီ ... တို့ကလဲ ပြတ်သားသား ငြင်းလိုက်တဲ့ မင်းကို ကျေးဇူးတင်ပါတယ်...မဟုတ်ရင် နှစ်ယောက်လုံးစိတ်ဆင်းရဲနေရမှာပဲလေ... ကဲပါ ဒါတွေထားလိုက်ပါ ... အလုပ်ကိစ္စပြောရအောင် ... ဆိုင်က ရောင်းအားသွက်တာလဲ မင်းလဲ အသိပဲလေ ... အဲ့ဒီတော့ ဆိုင်ခွဲဖွင့်ဖို့အတွက် စဉ်းစားထားတာကြာပြီ ... ပါးပါးတို့ကိုလဲ ပြောပြီးသွားပြီ ....ဆိုင်သစ်ကို တို့သွားမယ် ...မင်းကတော့ ဒီဆိုင်မှာပဲ အလုပ်ဆက်လုပ်ပါ ....မစံကတော့ ဒီနေ့ကစပြီး ဆိုင်ခွဲဖွင့်ဖို့အတွက် ကြိုးစားလိုက်အုံးမယ် ... ဒီဆိုင်ရဲ့ ကိစ္စအဝဝကိုတော့ မင်းကိုအပ်လိုက်ပြီနော် .. ဒီထက်တိုးတက်အောင်မင်းလုပ်နိုင်မယ်ဆိုတာ ယုံကြည်ပါတယ် ... ." မစံ စကားကြောင့် နေမခ ရင်ထဲ လှိုက်ခနဲ ပျော်မိသွားတယ်။ဘယ်လိုပဲဖြစ်ဖြစ် နှစ်ယောက်သား မျက်နှာချင်းဆိုင်တွေ့နေရမှာကို မျက်နှာပူမိတယ်လေ။ပြီးတော့ မစံနဲ့ အလုပ်အတူ ဆက်လုပ်နေရင် အလင်းချို စိတ်ခုသွားမှာကိုလည်း စိတ်ထဲက စိုးရိမ်နေခဲ့မိတာလေ။ "စိတ်ချပါ မစံ ... တစ်နေ့ထက်တစ်နေ့ ပိုပြီး တိုးတက်လာအောင် ကျွန်တော်ကြိုးစားပါ့မယ် " ကတိတွေရဲရဲပေးပြီး ပြုံးနေတဲ့ နေမခ မျက်နှာကြည့်ပြီး စံမဒီရင်ထဲမှာ ဆစ်ခနဲတော့ ဖြစ်သွားမိတယ်။နေမခနဲ့သိလာခဲ့တဲ့ နှစ်တွေကြာလာခဲ့ပေမဲ့ အသက်ဝင်လှတဲ့ နေမခရဲ့အပြုံးကို အခုမှပထမဆုံးမြင်ဖူးတာလေ။ဟိုအရင်ကလို နှုတ်ခမ်းတွေပဲ အတင်း ပြုံးနေတာမဟုတ်ဘဲ မျက်လုံးတွေက အစပြုံးနေခဲ့တာလေ။ဒီလိုဆိုတော့လဲ နေမခကို အချစ်နဲ့ ပတ်သက်ရင် အေးတိအေးစက်နိုင်တယ်လို့ စံမဒီထင်ထားခဲ့မိတာက မှားနေခဲ့တာပေါ့လေ။ ~~~~.~ "မင်း ဆေးလိပ်တွေအရမ်းသောက်နေတယ်နော် အလင်းချို ..." မမဆွေက ပြောရင်းအလင်းချိုကို အကဲခတ်သလို ကြည့်လိုက်တယ်။အလင်းချိုက မျက်လုံးတွေ မှေးစင်းနေရာကနေ တစ်ချက်လှမ်းကြည့်တာကို တွေ့လိုက်ရတယ်။ "ဒါနဲ့ ... မင်းက အိမ်ငှားနေတာဆို .. မင်း အိပ်ပိုင်နဲ့ မနေချင်ဘူးလား ...မမဆွေပြောတာကိုသာ မင်းလက်လိုက်ရင်.. မင်းရောမင်းမိဘတွေကိုပါ အိမ်နဲ့ ရာနဲ့ ထားနိုင်မှာကွ" မမဆွေက အလင်းချိုးကိုသွေးတိုးစမ်းသလိုမျိုး ပြောလိုက်တယ်။အလင်းချို ပုံစံက ထက်ပိုင် ရောက်လာပြီတဲ့နောက်မှာ မမဆွေတို့ လိုချင်တဲ့ ပုံစံမျိုး မသိမသာဖြစ်လာပြီလေ။အထူးသဖြင့် မိုးသူဇာ လိုချင်တဲ့ပုံစံမျိုးပေါ့။ "မမဆွေက ဘာခိုင်းမှာလဲ ...ဘာလဲ ဟိုလူကြီးရဲ့ မယားငယ်အဖြစ် နေခိုင်းမလို့လား ..." "အိုကွယ် .. မင်းရဲ့စကားတွေက ကြမ်းလိုက်တာကွယ် ... .မယားငယ် မဟုတ်ပါဘူးကွယ် ... ကိုဂျင်မီကလဲ ရန်ကုန်ကိုတစ်ခါတလေမှ လာတာ....ကျန်တဲ့အချိန်တွေမှာ မင်းစိတ်ကြိုက်နေလို့ရတယ် ...တရား၀င်ယောကျာ်းမယူရင်ရပြီ ....မင်း ဘာအလုပ်မှမလုပ်ရဘဲ စားလိုက်သွားလိုက်နဲ့ အေးအေးဆေးဆေး နေရမှာနော် " မမတွေက အလင်းချိုးက မက်လုံးတွေပေးပြီး မြူဆွယ်လိုက်တယ်။ တစ်နေ့တစ်ခြား အလင်းချိုပုံစံကို ကြည့်ရတာတော့ မမဆွေတို့ စီစဉ်ထားတဲ့ အတိုင်းဖြစ်မှန်းမသိဖြစ်လာခဲ့ပြီလေ။ " ကဲပါ သေချာစဉ်းစားအုံးပေါ့ ... နောက်အပတ်ကစပြီး တို့ရဲ့မန်နေဂျာလဲ ပြန်ရောက်မှာမို့ မင်းတို့တွေ ဆိုင်တွေကို သွားစရာမလိုတော့ပါဘူး " "ဟုတ်ကဲ့ ..ရပါတယ် မမ ဆွေ ...သွားရမယ်ဆိုလဲသွားပါမယ် .. ဆိုင်မှာနေရတာကို အလင်းလဲပျော်နေပါပြီရှင် " အလင်းချိုက အာလေးလျှာလေးသံနဲ့ ပြောလိုက်တော့ အလင်းချိုကို မမ ဆွေ တစ်ချက်ငဲ့ကြည်လိုက်မိတယ်။ မျက်နှာပြင်တစ်ခုလုံး ဆေးရောင်းစုံခြယ်သထားတဲ့ အလင်းချိုရဲ့ မျက်နှာက လိုအပ်တာထက် ပိုပြီး နီရဲနေသလို ၊ မျက်လုံးတွေကလဲ မှေးစင်းနေတယ်။နှုတ်ခမ်းတွေကလဲ မပွင့်တပွင့်ပြုံးလို့။ အလင်းချိုပုံစံကို ကြည့်ပြီးမမဆွေသက်ပြင်းမောကို ချလိုက်မိပြီး နှုတ်ကလွတ်ခနဲ ပြောလိုက်မိတယ်။ "စောစောစီးစီး သတိလေးဘာလေးထားပါအုံး အလင်းချို ...အဲဒီမှာ တရေးလောက် အိပ်ချင် အိပ်လိုက်....''ပြောပြီး မမဆွေ စိတ်ရှုပ်ရှုပ်နဲ့ အခန်းပြင်ကို ထွက်ခဲ့လိုက်တယ်။ဒီလိုဖြစ်စေချင်လို့ ကြံစည်ခဲ့ကြတယ်ဆိုပေမဲ့ တကယ်တမ်းမြင်ရတော့လည်း ရင်ထဲမှာဘာလို့မှန်းမသိ မမဆွေအလိုမကျ ဖြစ်နေမိတယ်။ပြီးတော့ ထက်ပိုင်လို ကောင်လေးက မြူဆွယ် ဖြားယောင်းတာကို အလွယ်တကူ ပါလာတာကိုလဲ စိတ်တိုမိပြန်တယ်။ ~~~~ "ဟေ့ ထက်ပိုင် ..မင်းလဲတော်ရုံတန်ရုံပဲ လုပ်ပါဟ ....ခုကြည့်အုံး ... အစောကြီးရှိသေးတယ် သူ ခေါင်းမထူနိုင်တော့ဘူး ...ဒါနဲ့ မင်းတို့ အခြေအနေကရော အတူတူ နေပြီးကြပြီလား " မမဆွေက ထက်ပိုင်ကိုကြည့်ပြီး မေးလိုက်တယ်။

"ဖြေလေလေကွာ.... မဖြေရင် အလုပ်မသွားရဘူးနော်" နေမခကရုပ်တည်ကြီးနဲ့ ထပ်ပြောလိုက်တယ်။ အလင်းချိုခေါင်းကို မော့လိုက်ကာ နေမခရဲ့ မျက်နှာကို ကြည့်လိုက်မိတယ်။ နေမခက အလင်းချိုရဲ့ မျက်နှာကို စိုက်ကြည့်ပြီး အဖြေကို စောင့်နေတယ်။နေမခက အကြည့်စူးစူးတွေနဲ့ ဇွတ်မေးနေတော့ အလင်းချို အယောင်ယောင် အမှားမှားနဲ့ ခေါင်းငြိမ့်လိုက်မိလေသလား မသိတော့။သေချာတာကတော့ ဘယ်လိုပဲတင်းထားပါစေ ခေါင်းခါဖို့ရန်ဆန္ဒမရှိဘူးဆိုတာပါပဲ။ နေမခရဲ့ လက်အစုံက အလင်းချိုရဲ့ကိုယ်လုံးလေးကို ခပ်ဖွဖွဆွဲယူပြီး ဖက်လိုက်ချိန်အထိ အလင်းချိုမှာ စိတ်နဲ့လူ မကပ်နိုင်သေးပါ။မယုံကြည်နိုင်ခြင်း၊ ရင်ခုန်ခြင်း၊ ပျော်ရွှင်ခြင်းစတဲ့ စိတ်ခံစားချက်တွေနဲ့ လူက လေထဲမှာ လွင့်မျောနေသလို ခံစားနေရတယ်။ "ဒီနေ့ကစပြီး ... ဘယ်သူနဲ့မှမပတ်သက်ရတော့ဘူးနော် ... ကိုယ်ပြောတာကိုကြားလား "နေမခဆီက အသံကိုကြားလိုက်ရတော့မှ အလင်းချိုသတိဝင်လာမိပြီး နေမခရဲ့ရင်ခွင်ထဲကနေ ဖျတ်ခနဲ ရုန်းထွက်လိုက်မိတယ်။ "ဘာဖြစ်လို့လဲ ... ကိုယ်ပြောတာ လက်မခံနိုင်ဘူးလား ..ကိုယ်လဲဘယ်သူနဲ့မှမပတ်သက်ဘူး ... မစံနဲ့လဲပြတ်ပြတ်သားသား ဖြေရှင်းလိုက်ပါပြီ " နေမခရဲ့ စကားတွေကြောင့် အလင်းချို စိတ်ထဲမှာ ပြုံးလိုက်မိတယ်။အပိုင်တွက်ထားပုံက အဖြေတောင် သေချာမပေးရသေးဘူး ။ အမိန့်က အရင်ထုတ်တာပဲ။ "ဘယ်သူနဲ့မှ မရှုပ်ပါဘူး...ဒါပေမဲ့ လူပဲလေ အပေါင်းအသင်းတော့ ရှိမှာပဲ..." အလင်းချိုက ခပ်ဆတ်ဆတ်လေးပြန်ပြောလိုက်တော့ ဒီတစ်ခါ အံ့သြသွားရသူက နေမခပါပင်။အလင်းချိုရဲ့ ပုံစံက အရင်တုန်းက ပုံစံနဲ့မတူ ရဲ့ရင့်လာတယ်ပြောရမလား။ပွင့်ပွင့်လင်းလင်းပြောတတ်တယ်ပြောရမလား။ပြီးတော့ ဘယ်သူဘာပြောပြော အရင်ကလိုမတုန်မလှုပ်ပုံစံမျိုးမဟုတ်တော့ဘဲ ပြန်တုန့်ပြန်တတ်လာတယ်။ဒီလိုပြောင်းလဲလာတဲ့ အလင်းချိုရဲ့ ပုံစံကို နေမခလဲ သဘောကျပါတယ်။ဒါပေမဲ့ အမြင်လည်း ကပ်မိသလိုပဲ။အမြင်းကပ်ကပ်နဲ့ သဘောကျနေမိတာမျိုးပေါ့။ "သူစိမ်းယောကျာ်းလေးတွေနဲ့ လျှောက်မသွားနဲ့နော် ...ဆေးလိပ်တွေဘာတွေ သောက်တာမျိုးတွေလဲ မလုပ်နဲ့ ... " နေမခရဲ့ စကားကြောင့် အလင်းချို ခန္ဓာကိုယ်လေးဆတ်ခနဲ တုန်သွားမိတယ် ။ဒါကို နေမခ မရိပ်မိအောင် အမြန်ထိန်းလိုက်ပြီး ဟန်မပျက် ပြန်ပြောလိုက်တယ်။ "အမိန့်တွေကို နောက်နေ့မှ ဆက်ပြောပါတော့ အလုပ် နောက်ကျတော့မယ် .. နင်ရောအလုပ်မသွားဘူးလား" "နင် ဟုတ်လား..ဘာနင်လဲ ... ဟိုတစ်ယောက်ကိုကျတော့ ကိုလင်းလို့ခေါ်တာမဟုတ်လား ... ကိုယ်ကိုယ်လဲ ကိုကိုဖြစ်ဖြစ် ခေါ်လေ " မာနကြီးတစ်ခွဲသားနဲ့ နေတတ်တဲ့ နေမခဆီက ကလေးဆန်တဲ့ ပုံစံကို တွေ့လိုက်ရတော့ အလင်းချိုသဘောတကျနဲ့ ငေးကြည့်နေမိတယ်။ "ကဲပါ ကိုနေမခရယ် ....အလုပ်ကိုလိုက်ပို့မယ်ဆိုရင်လဲ လိုက်ပို့ပါတော့နော် ... အလုပ် နောက်ကျရင် သူဌေမက ကြည်မှာမဟုတ်ဘူး " ~~~~ "သွားတော့မယ်နော် " အလင်းချိုက နေမခကို နှုတ်ဆက်လိုက်ပြီး ခြံဝကလူခေါ်ဘဲလ်ကိုနှိပ်လိုက်တယ်။ နေမခက ခြံ၀မှာရပ်နေတဲ့ အလင်းချိုကို တစ်လှည့်၊ခြံကြီးကို တစ်လှည့်ကြည့်ပြီး စိတ်ထဲမှာ ဘ၀င်မကျသလို ခံစားနေရတယ်။အလုပ်ရှင်က အမျိုးသမီးဆိုတာကို နေမခကိုယ်တိုင် မြင်ဖူးထားလိုသာပေါ့။မဟုတ်ရင် ရုံးမဟုတ်၊ ဆိုင်မဟုတ်တဲ့ ဒီလို နေရာမျိုးကနေ အလင်းချိုကို အလုပ် ချက်ချင်းထွက်ခိုင်းမိမလားဘဲ။ ဘာပဲဖြစ်ဖြစ် ကိုယ်တိုင်အလုပ်အထိုင်ကျသွားရင်တော့ အလင်းချိုကို အလုပ်ကထွက်ခိုင်းရမယ်လို့ နေမခစိတ်ထဲတွေးနေမိတယ်။ ~~~~-. အလုပ်ကိုရောက် ရုံးခန်းထဲဝင်ဖို့ရန် နေမခတွန့်ဆုတ်နေမိတယ်။ မစံနဲ့ မျက်နှာချင်းဆိုင်ဖို့ မျက်နှာပူနေမိတာတော့ အမှန်ပဲ။ဆိုင်ပြင်မှာမစံရဲ့ကားကရှိနေပြီမို့ ရုံးခန်းထဲမှာ မစံရှိနေမှာသေချာတယ်လေ။ "ဘာလုပ်နေတာလဲ ကိုနေ ..၀င်လေ" ရုံးခန်း၀မှာ နေမခတွေဝေနေမိတုန်းမှာပဲ မစံက ရုံးခန်းထဲကထွက်လာပြီး ပြောလိုက်တာမို့ နေမခ ခေါင်းကို ငုံ့ပြီး ရုံးခန်းထဲကို ဝင်ခဲ့လိုက်တယ်။ "ကိုနေ ဒီမှာ ခဏထိုင်အုံး ..စကားပြောရအောင် .." နေမစအလုပ်စားပွဲကို၀င်ထိုင်ဖို့အလုပ်မှာ စံမဒီရဲ့ ခေါ်သံကြောင့် ဧည့်သည်တွေ ထိုင်ဖို့အတွက် ထားတဲ့ ခုံမှာဝင်ထိုင်လိုက်ပြီး စံမဒီရဲ့ မျက်နှာကို မဝံ့မရဲကြည့်ကာ ပြောလိုက်မိတယ်။ "ဟုတ်ကဲ့ ....ပြောပါ မစံ .." "မစံကို မျက်နှာပူနေတာလား ကိုနေ " မစံရဲ့ အမေးကြောင့် နေမခ အားနာစွာနဲ့ မစံကိုကြည့်လိုက်မိတယ်။ "အားနာနေတယ်ဆိုရင်တော့ အားနာစရာမလိုဘူးလို့ပဲ ပြောပါရစေ ... ဘာဖြစ်လို့လဲဆိုတော့ မင်းကဘာမှ မတောင်းဆို ...ဘာမှ နှုတ်မလွန်ပါဘဲ တို့က တို့သဘောနဲ့တို့ စီစဉ်ခဲ့မိတာကို.....ဒါကလဲ တို့နှစ်ယောက်ပူပေါင်းပြီး စီးပွားရေးလုပ်ရင် ဆိုတဲ့ အတွေးနဲ့ စိတ်တိုင်းကျ စီစဉ်ခဲ့မိတာပါ ...မင်းအပြစ်လဲ မဟုတ်ပါဘူး ..ညတုန်းက မင်းလာသွားပြီးတော့ တို့လဲ သေချာစဉ်းစားမိပါတယ် ... ပြီးတော့ ဒီမနက်ပဲ ပါးပါးတို့ကို ဖုန်းဆက်ပြီးပြောလိုက်ပြီ ...

ဘွားချိုမှာ မြေးဖြစ်သူရဲ့ အပြုအမူကြောင့် ကြောင် အမ်းအမ်းဖြင့် နေမခရဲ့ ကျောပြင်ကို ခပ်ဖွဖွပွတ်သပ်ပေးလေတယ်။နေမခက အဘွားဖြစ်သူကို ပွေ့ဖက်လိုက်ပြီးနောက် ညီမငယ်လေးနားမှာ ဝင်ထိုင်လိုက်ကာညီမငယ်လေးရဲ့ ပခုံးကို ပွေ့ဖက်လိုက်ပြန်တယ်။ နေမခရဲ့ အပြုအမူကြောင့် ဘွားချိုနဲ့ဒေါ်အေးမြနွယ်မှာ တစ်ယောက်မျက်နှာကို တစ်ယောက်လှမ်းကြည့်မိတယ်။ " မြေးကြီး ပျော်စရာတစ်ခုခုရှိတာလား ...အဘွားတို့ကိုလဲ ပြောအုံးလေကွယ် " မနေနိုင်တော့တဲ့အဆုံးမှာ ဘွားချို ကမေးလိုက်တယ်။ ဘွားချိုမေးလိုက်တော့ နေမခက ညီမငယ်လေးရဲ့ ခေါင်းကို ခပ်ဖွဖွပွတ်သပ်လိုက်ပြီး ဖြေလိုက်တယ်။ "ကျွန်တော်နဲ့ မစံ စေ့စပ်ဖို့ကိစ္စကို ဖျက်သိမ်းလိုက်ပြီး အသွား " " ဘယ်.... ဘယ်လို မြေးကြီး ...ဘာဖြစ်လို့လဲ.... မမြင့်မော်တို့နဲ့ ပြဿနာဖြစ်လို့လား" ဘွားချိုက စိုးရိမ်တကြီးနဲ့ မေးလိုက်တယ်။ဒေါ်အေးမြနွယ်ကတော့ ဘာမှဝင်မပြော။ သားဖြစ်သူရဲ့ မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်နေမိတယ်။ " ဘွားမြင့်တို့နဲ့ ဘာပြဿနာမှ မဖြစ်ပါဘူး .... ကျွန်တော် မစံကိုတောင်းပန်ခဲ့ပါတယ် ... ဒီကြားထဲ အလုပ်ပြောင်းဖြစ်ချင်လဲ ပြောင်းဖြစ်မယ် ထင်တယ်" ဘာပဲပြောပြော နေမခမျက်နှာပြုံးနေတာကြောင့် ဘွားချိုရော ဒေါ်အေးမြနွယ်တို့မှာ စိတ်ချမ်းသာရတာတော့ အမှန်ပင်။ အရင်နေ့တွေကဆိုရင် အလုပ်ကပြန်လာတာနဲ့ အရယ်အပြုံးမရှိတဲ့နေမခရဲ့ ပုံစံကြောင့် တစ်အိမ်သားလုံး မပျော်ရွှင်နိုင်ဖြစ်ခဲ့ရတယ်လေ။ ~~~~~ "ကားပေါ်တက်လေ... အလုပ်ကို လိုက်ပို့ပေးမယ် " ရုတ်တရက် ရှေ့ကပိတ်ရပ်ပြီး ပြောလိုက်တဲ့ နေမခကြောင့် အလင်းချို အံ့ဩတုန်လှုပ်မိသွားပြီးမှ မျက်နှာကို ချက်ချင်းပြန်တင်းပစ်လိုက်တယ်။ "ရပါတယ် ... မလိုဘူး ... သူများအထင်မခံနိုင်ဘူး..." "အရေးကြီးတာ ပြောစရာရှိလို့......ကားပေါ်တက်မှာလား ..မတက်ဘူးလား...မတက်ရင်းအတင်းဆွဲတင်မှာနော်-" နေမခက အလင်းချိုရဲ့ မျက်နှာကိုခပ်စူးစူး တစ်ချက် စိုက်ကြည့်ပြီး ပြောလိုက်တယ်။ အလင်းချိုမှာ နေမခရဲ့ အကြည့်နဲ့ အပြောကြောင့် ကားနောက်ခန်းကို လက်တုန်တုန်နဲ့ လှမ်းကိုင်လိုက်မိတယ်။အလင်းချိုစိတ်ကို ဘယ်လိုပဲတင်းထားတင်းထား နေမခရှေ့ကိုရောက်ရင် စိတ်က အလိုလိုကို ပျော့ကျ သွားတော့တာလေ။ တကယ် ဆိုသူနဲ့ အလင်းချိုက အသက်အရွယ်အားဖြင့်လဲ လေးငါးလပဲကွာတာလေ။ကြောက်စရာအကြောင်းလဲမရှိ၊ ရှိန်စရာလဲမလို။ ဒါကိုပဲ အလင်းချိုမှာ သူနဲ့ဆုံတာနဲ့ အယောင်ယောင် အမှားမှားပဲ ဖြစ်နေတော့တာ။ "ဪ...ရှေ့ခန်းက တက်လေကွာ.."နေမခက ပြောပြောဆိုဆိုနဲ့ အလင်းချို လက်ကိုဆွဲပြီး ကားရှေ့ခန်းတံခါးကို ဖွင့်ပေးလိုက်တယ်။ ~~~~~~ ကားလေးက လမ်းမထက်မှာ ခပ်မှန်မှန်ပြေးနေတယ်။နှစ်ဦးသားကြား တိတ်ဆိတ်နေပြီး နေမခက အလင်းချို ဘက်ကို ငဲ့ကြည့်လိုက်ကာ စကားစလိုက်တယ်။ "အလုပ်က ဘယ်အချိန် ၀င်ရမှာလဲ ...စကားခဏလောက် ပြောလို့ရတယ် မဟုတ်လား " အလင်းချို အယောင်ယောင် အမှားမှားနဲ့ ခေါင်းကို ငြိမ့်ပြလိုက်တယ်။ "ကိုယ် အလုပ်ထွက်တော့မှာ " " ဟုတ်ကဲ့ ...ဟင် ... ဘာ...ဘာဖြစ်လို့လဲ ... ဆိုင်က အရောင်းအဝယ်ကောင်းတယ် မဟုတ်လား "အလင်းချိုက ယောင်နနနဲ့ ခေါင်းငြိမ့်ပြလိုက်မိပြီးမှ ပြန်မေးလိုက်မိတယ်။ခုလို သူပြောတော့လဲ အလင်းချိုမှာ စိတ်ပူသွားရပြန်တယ်။ " အင်း ... အရောင်းအဝယ်ကောင်းတယ်လေ ....ဒါပေမဲ့မျက်နှာပူလို့လေ .... စေ့စပ်ပွဲ ပျက်သွားတာကို့ မျက်နှာပြောင်တိုက်ပြီး အလုပ်ဆက်မလုပ်ချင်ပါဘူး ...သူဌေးက ဘာပြောမလဲတော့ မသိသေးဘူး" "ဘယ် ... ဘယ်လို....စေ့ .... စေ့စပ်ပွဲပျက်သွားတယ်ဟုတ်လား..ဘာလို့လဲ " အလင်းချို ထစ်ထစ်ငေါ့ငေါ့ နဲ့မေးလိုက်မိသလို နှလုံးခုန်သံများလည်း စည်းချက်မမှန်ဖြစ်လာတယ်။ "ဘာလို့ရမှာလဲ ... ကိုယ်မချစ်တဲ့သူနဲ့ လက်မထပ်ချင်လို့ပေါ့ ..." ပြောရင်းနဲ့ နေမခက ကားကို လမ်းဘေးမှာ ထိုးရပ်လိုက်တယ်။ပြီးနောက် အလင်းချို ဘက်ကို မျက်နှာကို လှည့်လိုက်ပြီး အလင်းချို ရဲ့ မျက်နှာလေးကို ရွှန်းရွှန်းစားစားကြည့်လိုက်တယ်။ အလင်းချိုကလည်း နေမခရဲ့ မျက်နှာကို သတိလက်လွတ်နဲ့ ငေးနေမိတယ်။နှစ်ယောက်သား အတော်ကြာကြာ အကြည့်ချင်းဆုံနေမိကြတယ်။ပြီးနောက် နေမခက အလင်းချိုရဲ့လက်ကို ဖျတ်ခနဲဆွဲယူလိုက်ကာ သူ့ရင်ဘတ်မှာကပ်လိုက်ပြီးတော့ ခပ်တိုးတိုးပြောလိုက်တယ်။ "မင်းကလွဲပြီး ဘယ်သူ့ကိုမှ မချစ်ဘူး ဘယ်သူနဲ့မှ လက်မထပ်ချင်ဘူး... မင်းကိုပဲချစ်တယ် မင်းနဲ့ပဲ လက်ထပ်ချင်တာ...မင်းရော ကိုယ်နဲ့ စိတ်တူတယ်မဟုတ်လား " နေမခရဲ့ နှုတ်ကထွက်လာတဲ့စကားလုံးတွေက အစီစဉ်တကျမရှိသလို ပြောပုံကလည်း အမြင်ကပ်ချင်စရာပင်။ အလင်းချိုရဲ့ စိတ်ကို အပိုင်တွက်ထားပုံမျိုးနဲ့။ ဒါပေမဲ့လည်း အလင်းချိုရင်ထဲမှာတော့ နှလုံးသားက ပေါက်ကွဲလုမတတ် တဒိန်းဒိန်းခုန်လှုပ်နေခဲ့တယ်။ရုတ်တရက် ဖြစ်ပေါ်လာခဲ့တဲ့ အခြေအနေကို မယုံကြည်နိုင်သလိုဖြစ်နေမိဆဲ။စိတ်ထဲမှာ အိပ်မက်မက်နေတာများလို့တောင် ထင်နေမိတယ်။

ဧကြည်ဖြူ အပိုင်း (၃၇) "သံယောဇဉ် ကမ်းပါး " ****** "ကိုနေ ...ဘာဖြစ်လို့လဲ .. ဘာအရေးကြီးလို့လဲ " စံမဒီက ခြံတံခါးကိုဖွင့်လိုက်ပြီး စိုးရိမ်တကြီးနဲ့ မေးလိုက်တယ်။ " လာလေ အိမ်ထဲဝင်ရအောင် " စံမဒီက အိမ်ထဲဝင်ဖို့ခေါ်လိုက်တော့ နေမခခေါင်းကိုခါယမ်းပြလိုက်မိတယ်။အိမ်ထဲမှာက စံမဒီရဲ့အဘွားနဲ့အတူ စံမဒီရဲ့ အဒေါ် မိသားစုကရှိနေတယ်။နေမခအနေနဲ့ အိမ်ထဲထိ ဝင်ပြီးပြောဖို့ရန်လဲ တွန့်ဆုတ်ခြင်းမရှိပါ။သို့ပေမဲ့ မစံကို လေးစားရပေမယ်။ ဒီကိစ္စက မစံနဲ့သူ့ရဲ့ ကိစ္စဖြစ်တာမို့ နှစ်ယောက်သား အရင်ဦးစွာ ဆွေးနွေးရပေမယ် မဟုတ်ပါလား။ နေမခ စိတ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်တယ်။ပြီးနောက် ကိုယ်စိတ်ကို အကြိမ်ကြိမ်အဖန်ဖန် ပြန်ဆန်းစစ်မိပြန်တယ်။စိတ်က ပြောင်းလဲမသွားပေ။သေချာသည်ထက်ပင် ပို၍သေချာလာလေတယ်။ "အိမ်ထဲမ၀င်တော့ဘူး မစံ ...အပြင်မှာပဲ ခဏလောက် စကားပြောရအောင် " လို့ နေမခပြောလိုက်ပြီးနောက် စံမဒီရဲ့ရှေ့တွင် ဒူးထောက်ကာ ထိုင်ချလိုက်တယ်။ "ကိုနေ မင်း.... မင်း... ဘာ ... ဘာလုပ်တာလဲ " နေမခရဲ့ အပြုအမူကြောင့် စံမဒီမှာအံ့ဩတုန်လှုပ်သွားပြီး အထစ်ထစ်အငေါ့ငေါ့နဲ့ မေးလိုက်တယ် ။ ခြံထဲရှိမီးအလင်းရောင်က နေမခရဲ့ မျက်နှာပြင်ပေါ်ကို လင်းတစ်ဝက်မှောင် တစ်တက်ဖြင့် ကျရောက်နေလေတယ်။နေမခ ဒူးကိုထောက်ကာ စံမဒီရဲ့မျက်နှာမော့ကြည့်လိုက်ပြီးလေးနက်တည်ကြည်တဲ့ သွင်ပြင်နဲ့ စကားကို စလိုက်တယ်။ "စေ့စပ်ပွဲကို ဖျတ်သိမ်းပေးဖို့ တောင်းဆိုပါရစေမစံ...ကျွန်တော့်ကိုခွင့်မလွှတ်ပါနဲ့ ....မစံစိတ်ထဲ ရှိသလိုကျွန်တော့်ကို ပြောဆိုပါ...ကြိုက်သလို အပြစ်ပေးပါ " နေမခရဲ့ စကားအဆုံး၌ စံမဒီ တစ်ယောက်ကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်စွာရပ်နေမိတယ်။နေမခရဲ့ စကားသံက တည်ကြည် ပြတ်သားစွာ ထွက်ပေါ်လာတယ်။သူရဲ့ဆုံးဖြတ်ချက်အတွက် နောက်တွန့်သွားမယ့်ဟန်မျိုး မရှိ။ဘယ်လို အခက်အခဲမျိုးကို ဖြစ်ဖြစ် ကျော်လွှားသွားမယ်ဟန်ပန်အပြည့်။စံမဒီအံကို ခပ်တင်းတင်းကြိတ်လိုက်မိတယ်။ ဟိုနိုင်ငံမှာနေကတည်းက နေမခရဲ့စိတ်ကို ရိပ်မိခဲ့ပေမဲ့ အနေနီးစပ်သွားခဲ့ရင် အချစ်ဖြစ်ပေါ်လာမယ်လို့ပင် ယုံကြည်ခဲ့မိတယ်။တီတီတာတာစကားလေးတွေ ပြောပြီး ယုယကြင်နာစွာ ဆက်ဆံပေးခဲ့ရင် သူ့ စိတ်တွေ စံမဒီဘက်ကိုယိမ်းယိုင်လာလိမ့်မယ်လို့ ယုံကြည်ခဲ့မိတယ်။ဆယ့်ရှစ်နှစ်အရွယ် ကောင်လေးတစ်ယောက်အဖြစ်မှ နှစ်ဆယ့်ခြောက်နှစ်အရွယ်အထိ သူ့ရဲ့ချစ်ခြင်းကတည်မြဲလွန်းလှ၏။သူရဲ့ချစ်ခြင်းမှာ တဏှာမပါ။ နီးစပ်မှုလဲ မပါ။ချစ်ခြင်းမေတ္တာ စစ်စစ်သာ ဖြစ်ပေလိမ့်မယ်။ "ဒီစကားပြောဖို့အတွက် ညကြီးမိုးချုပ် ရောက်လာခဲ့တာပေါ့လေ ... နောက်တစ်ရက်ကို ရွေ့ဆိုင်းလို့တောင် မရဘူးလား "စကားသံတွင် ငိုသံမပါအောင် ထိန်းပြီး စံမဒီမေးလိုက်တယ်။ နေမခဘာမှပြန်မဖြေမိ။ခေါင်းကိုသာငုံ့ထားလေတယ်။ "မင်းရောက်နေတဲ့ နေရာ .... မင်းရဲ့ မာနတွေ သိကွာတွေ..ကိုပါခဝါချပစ်လောက်ရအောင်အထိ သူ့ကိုချစ်တာပေါ့လေ "စံမရဲ့ မေးသံတွင် နာကျင်ခံခက်သော ခံစားမှုနဲ့အတူ အံ့ဩမယုံကြင်နိုင်ခြင်းတွေပါဝင်နေခဲ့တယ်။ စံမဒီမေးသမျှကို နေမခက ဆိတ်ဆိတ်နေခြင်းဖြင့် ဝန်ခံနေခဲ့လေတယ်။နောက်ဆုံး၌ နေမခနှုတ်မှ စကားတစ်ခွန်းသာ ထွက်ကျလာခဲ့လေတယ်။ " ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ...အလုပ်ကထွက်ဆိုလဲ ထွက်ပါ့မယ် ..." "ကောင်းပြီလေ .... မင်းပြန်ပါတော့ ... တို့ကလဲ ကိုယ့်ကိုလက်မခံနိုင်ပါဘူး ဆိုတဲ့လူကို အတင်းဆွဲထားမယ်သူမဟုတ်ပါဘူး .....အလုပ်ကိစ္စက တို့နဲ့ မဆိုင်ပါဘူး ..ပါးပါးကိစ္စပဲ ... ဒါပဲမဟုတ်လား မင်းပြန်ပါတော့ " ~~~~ နှစ်လချီပြီး မွန်းကြပ်ပိတ်ဆို့နေခဲ့ရတဲ့ နေမခရဲ့ စိတ်တွေငှက်မွှေးလေးလို ပေါ့ပါးသွက်လက်နေခဲ့တယ်၊၊ကားကို ရပ်ကွက်ထဲမောင်းဝင်လာခဲ့ပြီးနောက် လမ်းသွယ်လေးနားရောက်တဲ့အခါ ကားကို ခဏတာမျှ ရပ်တန့်လိုက်မိတယ်။ဖြစ်နိုင်ရင် အလင်းချိုတို့အိမ်အထိအရောက်သွားပစ်ချင်လိုက်မိတယ်။သို့ပေမဲ့ အချိန်ကောင်းမဟုတ်။ချစ်ရသူကို ပတ်ဝန်းကျင်က အထင်သေးမှာမျိုးကို မဖြစ်စေရပါ။ဒီတစ်ညတော့ အောင့်အည်းသည်းခံရပေလိမ့်မယ်။လမ်းသွယ်ထိပ်၌ ကားကို ရပ်တန်းခဲ့ပြီးနောက် နေမခ ကားကို ပြန်မောင်းထွက်လာခဲ့တယ်။ ~~~~~~~ "သားကြီး နောက်ကျလိုက်တာကွယ် " မိခင်ဖြစ်သူက တံခါးဖွင့်ပေးရင်းကနေ ပြောလိုက်တယ်။ညီမငယ်လေးက ဆိုဖာမှာ ထိုင်းရင်းနဲ့ .မဝံ့မရဲနဲ့လှမ်းကြည့်နေတယ်။ ဘွားချိုလဲ အရင်လို ဘုရားခန်းထဲမှာ ဘုရားရှိခိုးမနေနိုင်ဘဲ အိမ်ပြန်နောက်ကျတဲ့ မြေးဖြစ်သူကို စိတ်ပူစွာ စောင့်နေရှာတယ်။ နေမခက အိမ်တံခါးကို ပြန်ပိတ်လိုက်ပြီးနောက် မိခင်ကို ခပ်တင်းတင်း ပွေ့ဖက်လိုက်တယ်။ ဒေါ်အေးမြနွယ်မှာ သားဖြစ်သူရဲ့ ထူးထူးဆန်းဆန်း အမှုအရာကြောင့် အံ့ဩတကြီးနဲ့ သားကိုကြည့်နေမိတယ်။ နေမခက မိခင်ကို ပွေ့ဖက်၍ ဧည့်ခန်းဆိုဖာတွေရှိရာသို့ လျှောက်လာခဲ့ပြီးနောက် အနီးကိုရောက်တဲ့အခါ တအံ့တဩနဲ့ ကြည့်နေတဲ့ အဘွားဖြစ်သူကိုပါ ဖက်လိုက်တယ်။

အပိုင်း (၃၇) ဆက်ရန် ဧကြည်ဖြူ စာစစ်ချိန်မရလို့ စာလုံးပေါင်းတွေ မှားနေရင် သည်းခံဖတ်ပေးကြပါရှင်။

" အလင်း မဟုတ်တာတွေ မလုပ်ပါဘူး ကိုလင်းရယ် စိတ်ချပါ...အလင်းဘ၀မှာ သူတစ်ယောက်နဲ့တင် အချစ်ကို ကြောက်သွားပါပြီ ... နောက်ထပ် ဘယ်သူ့ကိုမှလဲ မချစ်တော့ပါဘူး ... " ~~~~ "ဘာ ဟန်သော်လင်းရောက်လာတယ်ပေါ့ ဟုတ်လား... ဘာလဲ သူ့တို့က ကြိုက်နေကြပြီလား " မိုးသူဇာက ဒေါသတကြီးနဲ့ မေးလိုက်တယ်။ " ဒါတော့ ကျွန်တော်မသိဘူးလေ ... မမလူပုံက တကယ်လုပ်မယ့်ပုံဗျ ....ကြည့်ရတာ တော်တော်စွဲလမ်းနေပုံပဲ " "တောက် " မိုးသူဇာက တောက်တစ်ချက်ကို ခပ်ပြင်းပြင်းခေါက်လိုက်တယ်။ " ဟုတ်ပြီးလေ ... မနက်ဖြန်တော့ အလင်းချိုအလုပ်လာဆင်းမှာပဲ ...မင်းဘက်ကဟန်မပျက်နေ...သူဘာပြောမလဲဆိုတာကို နားထောင်ကြည့်ပေါ့ " မမဆွေကထက်ပိုင်ကို ပြောလိုက်တယ်။ ~~~~~~~ " စေ့စပ်မယ့်နေ့မှာ ဆိုင်ပိတ်လိုက်မယ်လေကွာ ...အဲ့ဒီ တစ်နေ့တော့ အေးအေးဆေးဆေးနားကြတာပေါ့ ... မနက်ပိုင်းပွဲပြီးတာနဲ့ ...ပါးပါးတို့ကို မြို့ထဲ ဘုရားဖူးပို့ရအောင်လေ ... " စံမဒီက ပြောလိုက်တော့ နေမခက ခေါင်းငြိမ့်ပြတယ် ။ပါးစပ်ကတော့ ဘာမှမပြော။ ဘာပြောပြော ခေါင်းပဲငြိမ့်ပြနေတဲ့ နေမကကို စံမဒီစိတ်မရှည်ချင်တော့။ "ကိုနေနော် ... စေ့စပ်ပွဲက တစ်ပတ်တောင် မလိုတော့ဘူး... ဝတ်စုံရော ဝယ်ပြီးပြီလား ... စျေးသွားဖို့ခေါ်ရင်လဲ မအားဘူးဆိုတာချည်းပဲ ...ကဲ...ထ အခုသွားမယ် " စံမဒီ ဇွတ်ဆွဲခေါ်တော့လည်း နေမခက မငြင်းပါ။ စံမဒီဘေးကနေ ထက်ကြပ်မကွာ လိုက်ပါလာခဲ့တယ်။ ~~~~~ မစံတစ်ယောက်ဆိုင်ထဲမှာ အဝတ်အစားတွေရွေးနေတုန်းမှာပဲ နေမခစိတ်ထဲမွန်းကြပ်လာတာမို့ ကားပါကင်ကိုထွက်လာခဲ့ပြီး ကားထဲမှာပဲ ထိုင်နေလိုက်တယ်။ ကားထဲမှာ ထိုင်နေတုန်း ခပ်လှမ်းလှမ်းကမြင်ကွင်းကို ကြည့်ပြီး လူကအသက်ရှူရပ်တန့် သွားသလိုဖြစ်သွားမိတယ်။သူ့မျက်လုံးကိုလဲ သူမ ယုံနိုင်ဘဲ မြင်ကွင်းကို ကြည့်နေမိတယ်။ကိုယ်လုံးပေါ်အင်္ကျီခပ်ကြပ်ကြပ်နဲ့ စကပ်တိုတိုကို ဝတ်ထားတဲ့ အလင်းချို။ ဘေးနားမှာ ခပ်ဟော့ဟော့ ပုံစံနဲ့ကောင်တစ်ကောင်က ရှိနေတယ်။နှစ်ယောက်သား ရယ်မောပြီး စကားတွေ ပြောနေကြတယ်။ဟိုကောင်က ဆေးလိပ်ထုတ်သောက်တော့ အလင်းချိုက ဆေးလိပ်ကို လှမ်းလုတယ်။ဟိုကောင်က ဆေးလိပ်ကို မပေးဘဲ ဆေးလိပ်ဘူးကို ပေးနေတယ်။အလင်းချိုက ဆေးလိပ်ဘူးကိုယူပြီး ဆေးလိပ်တစ်လိပ်ကို ထုတ်ယူလိုက်တယ်။ပြီးတော့ သူမအိတ်ထဲကို လက်နှစ်ဘက်လုံး နှိုက်လိုက်တယ်။လက်ပြန်ထုတ်လိုက်ချိန်မှာ လက်ထဲမှာ ဆေးလိပ်နဲ့ အတူ မီးခြစ်ပါလာတာကို တွေ့လိုက်ရတယ်။သူမ မီးခြစ်ကို ခြစ်လိုက်ပြီး ဆေးလိပ်ကို မီးညှိလိုက်တယ်။ပြီးတော့ ဆေးလိပ်ကို ပါးစပ်မှာတေ့လိုက်တယ်။နေမခရင်ထဲမှာ ဟာခနဲ ဖြစ်သွားတယ်။မြင်ကွင်းကို ကြည့်ပြီး နှလုံးသားက စူးစူးဝါးဝါးထိုးအောင့်လာမိတယ်။နေမခ စိတ်ကို မထိန်းနိုင်တော့ဘဲ ကားပေါ်က ဆင်းပြီး သူတို့ဆီကို ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်သွားလိုက်တယ်။နေမခသွားနေတုန်းမှာပဲ သူ့တို့နားမှာ ကားတစ်စီးထိုးရပ်သွားပြီး နှစ်ယောက်သား ကားပေါ်ကြတက်သွားကြတယ်။နေမခနေရာမှာ ခြေစုံရပ်ပြီး ငူငူငိုင်ငိုင်ကျန်နေခဲ့တယ်။ ~~~~~~~ နေမခကားကို မှောင်ရိပ်ခပ်ကျကျနေရာမှာ ရပ်ပြီး အလင်းချိုပြန်အလာကို စောင့်နေလိုက်တယ်။နေမခ ကြည့်နေတုန်းမှာပဲ တရွေ့ရွေ့ လျှောက်လာတဲ့ အလင်းချိုကို မြင်လိုက်ရတယ်။ ဒီနေ့တော့ ဟိုတစ်ယောက်လိုက်ပို့ပုံမရပါ။နေမခကားပေါ်ကဆင်းပြီး အလင်းချိုဆီကို လျှောက်သွားလိုက်တယ်။ "အလင်းချို "နေမခ ခေါ်လိုက်တော့ အလင်းချိုရဲ့ကိုယ်လုံးလေးဆတ်ခနဲ တုန်သွားပြီး ထိတ်လန့်သွားတဲ့ ပုံစံနဲ့မော့ကြည့်လာတယ်။ "ခဏလောက် စကားပြောရအောင် " နေမခ ပြောလိုက်တော့ အလင်းချိုကဆတ်ခနဲ ခေါင်းကို ယမ်းခါလိုက်ပြီး "အလင်းတို့ကြားမှာ ဘာမှပြောစရာမရှိဘူး...မကြာခင်စေ့စပ်တော့မဲ့ ယောက်ျားတစ်ယောက်နဲ့ ညကြီးအချိန်မတော် စကားပြောရအောင် အလင်းက အပေါစားမိန်းမ မဟုတ်ဘူး ... ရှင်းရဲ့မင်္ဂလာပွဲအတွက် ဂုဏ်ပြုပါတယ် ..."အလင်းချိုက လေသံပြတ်နဲ့ ပြောလိုက်ပြီး ခြံထဲကို ဝင်ဖို့ပြင်လိုက်တယ်။ "အလင်းချို ... မင်းဘာတွေလုပ်နေတာလဲ ...မင်းတွဲနေတဲ့ကောင်က ဘယ်သူလဲ '' နေမခ အလင်းချိုရဲ့ လက်ကို လှမ်းဆွဲပြီး မေးလိုက်တယ်။ အလင်းချိုက ခြေလှမ်းတွေကိုရပ်တန့်လိုက်ပြီး နေမခကို ကြည့်လိုက်တယ်။ "အလင်း ဘယ်သူနဲ့တွဲတွဲ ရှင်နဲ့ ဘာဆိုင်လဲ ...ရှင့်သတိုးသမီးလောင်းကိုသာ သွား ဂရုစိုက်လိုက် "ပြောပြီးတာနဲ့ အလင်းချိုက နေမခဆွဲထားတဲ့ လက်ကို ရုန်းထွက်ပြီး ခြံထဲကို အမြန်၀င်လိုက်တယ်။ "တောက် '" နေမခ တောက်တစ်ချက်ကို ခပ်ပြင်းပြင်း ခေါက်လိုက်ပြီး ကားပေါ်ကိုတက်ပြီး မောင်းထွက်ခဲ့လိုက်တယ်။ အလင်းချိုက အိမ်ထဲထိ လျှောက်ဝင်လာခဲ့ပြီး ခပ်ကြမ်းကြမ်းမောင်းထွက်သွားတဲ့ ကားကိုငေးကြည့်နေမိတယ်။ အလင်းချိုဘက်ကသေလောက်အောင်ချစ်နေပါစေ အခြားသူနဲ့ လက်ထပ်တော့မယ့်သူနဲ့တော့ မပတ်သက်ချင်တော့ပါဘူး။ ~~~ နေမခစိတ်တိုတိုနဲ့ ကားကို မောင်းထွက်လာခဲ့မိပြီး သတိဝင်လာချိန်မှာတော့ ကားက မစံတို့အိမ်ရှေ့ကိုရောက်နေမှန်းသိလိုက်ရတယ်။ အချိန်ကညရှစ်နာရီကျော်။နေမခ ဖုန်းကို ထုတ်ပြီးမစံဆီကို ဖုန်းခေါ်လိုက်တယ်။ @@@@@@@@@@@@@#@@@

"အလင်း " ခေါ်သံကြောင့် ကြည့်လိုက်မိတော့ ဟန်သော်လင်းကို တွေ့လိုက်ရတာမို့ အလင်းချို အံ့သြတုန်လှုပ်သွားမိတယ်၊၊ "အလင်းက ဒီလိုဆိုင်မျိုးကို ဘာလာလုပ်တာလဲ့ " ဟန်သော်လင်းက အလင်းချိုတို့ရှေ့မှာ ထိုင်ချလိုက်ပြီး ခုံပေါ်ကဘီယာခွက်ကို ကြည့်ကာ မေးလိုက်တယ်။ ဟန်သော်လင်းရဲ့ အမေးကြောင့် အလင်းချိုမှာ ဘာဖြေရမှန်းမသိ။ "ဟို ...ဟို ..." အလင်းချိုမှာ ထစ်ထစ်ငေါ့ငေါ့နဲ့ မဖြေနိုင်ဘဲဖြစ်နေမိတယ်။ "ဟုတ်ကဲ့ အစ်ကို ... ဘာများဖြစ်လို့လဲ...မမ အသိလား "ထက်ပိုင်က မသိသလို ပုံစံနဲ့ ဟန်သော်လင်းကို ကြည့်ပြီး ပြောလိုက်တယ်။ ဟန်သော်လင်းက ထက်ပိုင်ကို တစ်ချက်ကြည့်လိုက်ပြီး အနားကပ် အသံမာမာနဲ့ ပြောလိုက်တယ်။ " မင်း ဝင်မပြောနဲ့ ဟေ့ကောင်... မင်းဘာကောင်လဲဆိုတာကို ကြည့်လိုက်တာနဲ့ သိတယ် ...မင်းပါးစပ်ကို ပိတ်ပြီး အေးအေးဆေးဆေးထွက်သွားလိုက် " ဟန်သော်လင်းရဲ့ စကားကိုကြားတော့ ထက်ပိုင်က ဟန်မပျက် ပြုံးလိုက်ပြီး "အိုကေလေ မမမိတ်ဆွေလား ...ကျွန်တော် သွားနှင့်မယ် မမ " ထက်ပိုင် ထွက်သွား တာနဲ့ ဟန်သော်လင်းက ခုံပေါ်က အလင်းချိုရဲ့အိတ်ကို ကောက်ယူလိုက်ပြီး ပြန်ဖို့ ပြောလိုက်တယ်။ "ပြန်မယ် အလင်း ....ကျွန်တော် အိမ်ပြန်လိုက်ပို့ပေးမယ် " "ဟို ... အလင်း အလုပ်ကို ပြန်သွားရအုံးမှာ " စိတ်တိုဒေါသထွက်နေ တဲ့ ဟန်သော်လင်းကို ကြည့်ပြီး အလင်းချို ခပ်တိုးတိုးပြောလိုက်ပေမဲ့ ဟန်သော် လင်းက အလင်းချိုလက်ကိုဆွဲပြီး ဆိုင်ပြင်ကိုထွက်လာခဲ့တယ်။ အပြင်ရောက်တော့ အလင်းချိုကို ကားပေါ်အရင်တက်ခိုင်းလိုက်ပြီး သူပါကားပေါ်တက်ကာ ကားကို တရကြမ်းမောင်းထွက်ခဲ့တယ်။ ~~~~~ မိနစ်အနည်းငယ်ကြာ ကားကို မောင်းလာခဲ့ပြီးတဲ့နောက်မှာ ဟန်သော်လင်းကားကိုလမ်းဘေးမှာထိုးရပ်လိုက်တယ်။ပြီးတော့ အလင်းချိုရဲ့ မျက်နှာကို ကြည့်ပြီး မေးလိုက်တယ်။ " အလင်း ဘာတွေ လုပ်နေတာလဲ ... ဘာလို့ဒီလိုကောင်မျိုးနဲ့ တွဲနေရတာလဲ ... အလင်းက ဒီလို မိန်းခလေးမဟုတ်ဘူးဆိုတာ ကျွန်တော်သိတယ် .." ဟန်သော်လင်းရဲ့ အမေးကို မဖြေဘဲအလင်းချိုက ခေါင်းကိုငုံ့ထားမိတယ်။ "ဟိုတစ်ယောက်ကြောင့် အလင်းခံစားနေရတယ်ဆိုရင်တောင် ... ချစ်သူကို ဘီယာဆိုင်လိုက်ထိုင်ဖို့ ခေါ်တဲ့ ကောင်မျိုးကိုတော့ အလင်း မတွဲဘူးဆိုတာ ကျွန်တော်ယုံတယ် " ဟန်သော်လင်းက တတွတ်တွတ် ပြောနေပေမဲ့ အလင်းချိုခေါင်းကိုငုံ့ထားမြဲ ငုံ့ထားမိတယ် ။ဟန်သော်လင်း ပြောတဲ့ဟိုတစ်ယောက်ဆိုတာ နေမခကိုရည်ရွယ်ပြီးပြောမှန်းလဲ အလင်းချိုသိပါတယ်။ဒါပေမဲ့ ခုချိန်မှာတော့ အလင်းချိုမှာ ဖြေရှင်းစရာ စကားလုံးတွေ မရှိသေးပါလေ။ "သူ့ကို အရွဲ့တိုက်ချင်ရုံနဲ့တော့ အဲ့ဒီလိုကောင်မျိုးနဲ့ မတွဲပါနဲ့ကွာ ... သူ့ကို လက်စားချေချင်လို့ ...ခံစားစေချင်လို့ အသုံးချချင်တယ် ဆိုရင် ကျွန်တော့်ကို အသုံးချပါ ... " ဟန်သော်လင်းကို အလင်းချို ဖျတ်ခနဲ မော့ကြည့်လိုက်မိတယ်။အဲ့ဒီအခါ ရီဝေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေတဲ့ ဟန်သော် လင်းနဲ့ အကြည့်ချင်းဆုံမိသွားကြတယ်။ဟန်သော် လင်းဆီက စကားသံခပ်တိုးတိုးထွက်လာပြန်တယ်။ "အလင်းပျော်မယ်ဆိုရင် ကျွန်တော် ဘာမဆိုလုပ်ပေးနိုင်ပါတယ် ... ဒီလိုကောင်မျိုးတွေနဲ့ အလင်းတွဲမယ်ဆိုရင်တော့ ကျွန်တော်ဒီတိုင်း ကြည့်နေမှာမဟုတ်ဘူးနော် ... အလင်းလမ်းမှားကိုလျှောက်နေတာကို ကျွန်တော်ဒီတိုင်းရပ်ကြည့်နေမှာ မဟုတ်ဘူး...အလင်းနဲ့ လာပတ်သက်နေတဲ့ကောင်တွေကိုရော ... အလင်းကို ဒုက္ခပေးတဲ့ကောင်ကိုပါ ဒီတိုင်း လွှတ်ထားမှာမဟုတ်ဘူး " စကားတွေ တတွတ်တွတ် ပြောနေတဲ့ ဟန်သော်လင်းကို ငေးကြည့်ပြီး အလင်းချိုပြုံးနေမိတယ်။ဟန်သော်လင်းရဲ့ စကားတွေကြောင့် အလင်းချိုရင်ထဲမှာ တလှိုက်လှိုက်နဲ့ ဝမ်းနည်းလာမိသလို ကြည်နူးစိတ်တွေလည်း ဖြစ်လာမိတယ်။ " အလင်း ... ပြုံးနေတာလားဟင် " သူ့ကိုကြည့်ပြီး ပြုံးလိုက်တဲ့ အလင်းချိုကြောင့် ဟန်သော်လင်း ပြောလက်စ စကားကို ရပ်တန့်ပြီး အူကြောင်ကြောင်နဲ့ မေးလိုက်မိတော့ အလင်းချိုက ဖျတ်ခနဲ ဟန်သော်လင်းကို လှမ်းဖက်လိုက်တယ်။ ရုတ်တရက် အလင်းချိုရဲ့ အပြုအမူကြောင့် ဟန်သော် လင်း ရင်ထဲမှာမီးရထားတစ်စင်း ဖြတ်မောင်းသွားသလို ခံစားလိုက်ရပြီး လူကမင်သက်နေမိတယ်။ အလင်းချိုက ဟန်သော် လင်းကို ဖက်ထားရင်းကနေ ဟန်သော်လင်းကြားရရုံ အသံနဲ့ ပြောလိုက်တယ်။ "ကိုလင်းက အလင်းရဲ့အဖေဆိုရင် သိပ်ကောင်းမှာပဲ ... အလင်းကို အနိုင်ကျင့်တဲ့သူတွေကို ဆုံးမပေးနော် ... ပြီးတော့ နေမခဆိုတဲ့ကောင်ကို မိန်းမယူလို့မရအောင် ဆုံးမပေးပါ... အလင်းကိုတွေ့တာနဲ့ ဆူတာငေါက်တာတွေ မလုပ်နိုင်အောင် သူ့ကို လက်သီးနဲ့ထိုးပေးစမ်းပါ " အလင်းချိုရဲ့ စကားသံ ခပ်တိုးတိုးက ဟန်သော်လင်း နားထဲကတဆင့် နှလုံးသားကို လာရိုက်ခက်တယ်။ ကြင်နာစွာ ချစ်ရသူကို နာကျင်စွာနဲ့ပဲ ဟန်သော်လင်း ပြုံးရယ်ပြလိုက်မိပါတယ်။မပြီးဆုံးသေးတဲ့ သူမရဲ့ နောက်ဆက်တွဲစကားတွေက ဟန်သော်လင်းရဲ့နှလုံးသားကိုပါ သော့ခတ်ပိတ်လှောင်လိုက်ပါတယ်။

ပြီးဆုံးသွားခဲ့ပြီလေ။နောက်နောင် မတော်တဆ ဆုံခဲ့ရင်တောင် ခေါ် ပြောခွင့်မရှိတော့ပါဘူး။ ~~~~ "သားကြီး ဘာဖြစ်လာတာလဲ " နေမခတစ်ယောက် ညီမဖြစ်သူ ဖွင့်ပေးတဲ့တံခါးပေါက်မှ ဝင်လာခံ့ပြီး အပေါ်ထပ်ကို တန်းပြီးတက်သွားတာမို့ ဒေါ်အေးမြနွယ်ကလှမ်းမေးလိုက်တယ်။ နေမခက ဘာမှပြန်မဖြေဘဲ အပေါ်ထပ်ကို ဆက်တက်သွားတယ်။နေမခကို ကြည့်ပြီး ဒေါ်အေးမြနွယ်နဲ့ သမီးဖြစ်သူသဲသဲတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့့်လိုက်မိကြတယ်။ "ကိုကိုက အရင်တုန်းကလို မဟုတ်ဘူးနော် အမေ ... အမြဲတမ်းစိတ်တိုနေသလိုပဲ ... မေးရင်လဲ ပြောချင်မှပြောတယ် ... အရင်ကလို စကားလဲသိပ်မပြောဘူး " "အင်း .. သမီး အစ်ကို စိတ်အလိုမကျဖြစ်နေတာလေ ... သမီးက သွားမရှုပ်နဲ့နော် ... တစ်နေ့တော့ အရင်ကလိုပြန်ဖြစ်လာမယ်ထင်တာပဲသမီးရယ် " ဒေါ်အေးမြနွယ်က သမီးဖြစ်သူကို ကြည့်ပြီး ခပ်တိုးတိုးပြောလိုက်တယ်။ "ဟုတ်ကဲ့ပါမေမေရယ် ... ဆယ်တန်းဖြေပြီးသွားရင် ပျော်စရာကောင်းမယ် ထင်ခဲ့တာ ပျော်စရာလဲ မကောင်းဘူး ...ကိုကိုကလဲ အရင်ကလို မဟုတ်တော့ဘူး အမြဲစိတ်ပဲတိုနေတယ် ... မမလင်းကလဲ အိမ်ကိုမလာတော့ဘူး ..." သဲသဲက မကျေမနပ်ပြောပြီး အဝေးကိုငေးနေတယ်။ဒေါ်အေးမြနွယ်ကတော့ သက်ပြင်းကို အခါခါချနေမိတယ်။မိသားစုဆိုတာ တစ်ယောက်ပျော်ရွှင်နေရင် ကျန်တဲ့သူတွေပါ လိုက်ပျော်ရွှင်နေကြပြီး တစ်ယောက်ယောက် စိတ်ဆင်းရဲသောကခံစားနေရတယ်ဆိုရင် ကျန်တဲ့သူတွေပါ စိတ်ဆင်းရဲနေရတာက မိသားစု ဆက်ဆံရေးမဟုတ်လား ။ အခုဆိုရင် သားဖြစ် သူ့နေမခကြောင့် ဒေါ်အေးမြနွယ်တို့ အိမ်မှာ ရယ်သံတွေ တိတ်ဆိတ်နေခဲ့တာကြာပြီလေ။ ~~~~~~ "ဘယ်လိုလဲကွ ထက်ပိုင်...မင်းကို ပေးထားတဲ့ ငွေက မနည်းဘူးနော် .. တစ်လအတွင်း အခြေအနေမထူးရင်တော့ မိုးသူဇာက မင်းကို အလွတ်ပေးမယ် မထင်ဘူး ." မမဆွေက ဆိုဖာခုံပေါ်မှာ ခြေချိတ်ထိုင်လိုက်ရင်းက နေ ထက်ပိုင်ကို ပြောလိုက်တယ်။ "ဟာဗျာ မမဆွေကလဲ ... ဒီလောက်ကတော့ အေးဆေးပါ ...ထက်ပိုင်ပါဗျ...အလင်းချိုလို မိန်းခလေးမျိုးကို ပါးပါးလေးပဲ ပုတ်ပြပါ့မယ် ... အောင်မြင်သွားရင်သာ ဆုချဖို့ မမေ့နဲ့နော် " ထက်ပိုင်က လက်ညှိုးနှင့် လက်မကို ဝိုင်းပြပြီး ပြောလိုက်တယ်။ "ဒါကတော့ စိတ်ချ ... သူ့အခြေအနေလုံး၀ ပျက်စီးသွားရင် မင်းအတွက် ဘောက်ဆုကောင်းကောင်းပေးမှာ " မမဆွေက စီးကရက် တစ်လိပ်ကိုဟန်ပါပါဖွာရင်း ကနေ ပြောလိုက်တယ်။ " ဒါနဲ့ ကျွန်တော် သိချင်လို့ မေးပါရစေ ... မမတို့က ဘာလို့ သူလိုဘာမဟုတ်တဲ့ မိန်းခလေးအတွက် အချိန်ကုန်ခံနေကြတာလဲ ... ဟိုကောင့်ကို တစ်ခါတည်း ဆွဲစိလိုက်ရင် ရတာပဲကို " " မင်းဘာမှမသိပါဘူးကွာ...သူက ဖောက်သည်ရှာတာ သိပ်တော်တာလေ ... ပြီးတော့ မင်းတို့ မမမိုးရဲ့ နှလုံးသားနော် သွားမထိနဲ့ ကွ ...ငါတောင် ဝေးဝေးရှောင်တယ်.... ဒီကောင်မလေးကတော့ ဘုမသိဘမသိနဲ့ ကံဆိုးရှာတာပေါ့လေ ... မမဆွေအနေနဲ့ကတော့ ကိုယ့်ကိုယ် ငွေရှာပေးနေတဲ့သူကို အဆုံးရှုံးခံလို့မဖြစ်ဘူးလေ .. အဲ့ဒါကြောင့်လဲ မင်းကို အလင်းချိုကတမ်းတမ်းစွဲဖြစ်လာတဲ့အထိ ဖြစ်အောင် မင်းအမြန် ကြိုးစားပေတော့ " " စိတ်ချပါဗျာ ..ဒီလောက်က အေးအေးဆေးဆေးပါ မမရယ် " ~~~~ "ဒေါက် ...ဒေါက် " ခပ်ဟဟ စေ့ထားတဲ့ အခန်းတံခါးကို အလင်းချို အသာခေါက်လိုက်ပြီး အခန်းထဲကို ၀င်လာခဲ့တယ်။စေ့ထားတဲ့ တံခါးပဲဖြစ်ဖြစ် ၊ပိတ်ထားတဲ့တံခါးပဲဖြစ်ဖြစ် ဘယ်လို အ၀န်းကို ဝင်ဝင် မဝင်ခင်မှာ အခန်းတံခါးကို ခေါက်ပြီး အသိပေးရမယ်ဆိုတဲ့ စည်းကမ်းက အမေ ထုတ်ထားတဲ့ စည်းကမ်းလေ။အလင်းချို အခန်းထဲကို ၀င်လိုက်တော့ ထက်ပိုင်နဲ့ အမေက အလင်းချိုကို လှမ်းကြည့်ပြီး ပြုံးရယ်ပြကြတယ်။အလင်းချိုက အလိုက်သင့် ပြန်ပြုံးလိုက်ပြီး "အဘွားနေမကောင်းလို့ နည်းနည်း နောက်ကျသွားပါတယ် ....တောင်းပန်ပါတယ် မမဆွေ " အလင်းချို ပြောလိုက်တော့ အမေက ပြုံးပြီး ခေါင်းငြိမ့်ပြတယ်။ရပါတယ်ဆိုတဲ့သဘောမျိုးပေါ့ ။အမေ့ရဲ့အပြုံးတွေကို အလင်းချိုး ခဏလောက်ကြောင်ငေးကြည့်နေမိတယ်။အမေပြုံးတာ သိပ်လှတာပဲလေ။ ဒါပေမဲ့ ဒီအပြုံးက ရက်စက်တတ်တဲ့အပြုံးများလားလို့ အလင်းချိုတွေးလိုက်မိတယ်။ ~~~~~ " ဟင် " ရှေ့တည့်တည့်က မြင်ကွင်းကြောင့် ဟန်သော် လင်း မယုံကြည်နိုင်အောင် ဖြစ်သွားမိပြီး မြင်ကွင်းကို သေချာကြည့်နေမိတယ်။ဟန် သော်လင်းမြင်လိုက်ရတာက အလင်းချိုနဲ့ ယောက်ျားတစ်ယောက် ။နှစ်ယောက်သားကို ကြည့်ရတာ သာမာန်ထက် ပိုရင်းနှီးနေကြတဲ့ပုံမျိုး။ကောင်လေးပုံစံက ခပ်မိမိခပ်မိုက်မိုက်။အလင်းချိုကို ကြည့်နေတဲ့ မျက်လုံးတွေက သားကောင်ကို အမိဖမ်းတော့မယ့် သားရဲတစ်ကောင်ရဲ့မျက်လုံးတွေလိုမျိုးပဲ။ဟန်သော်လင်းက လူအမျိုးမျိုးနဲ့ ကြုံဖူးတယ်။လူတစ်ယောက်ရဲ့ မျက်လုံးကိုကြည့်လိုက်တာနဲ့ လူတွေရဲ့ အတွင်း စိတ်ကို ခန့်မှန်းနိုင်တယ်။ဟန်သော်လင်း ကြည့်နေတုန်းမှာပဲ ဟို ကောင်က အလင်းချိုရဲ့ ပခုံးကို ဖက်လိုက်တာကို တွေ့လိုက်ရတယ်။အခြေအနေကို ဟန်သော်လင်း ဆက်ကြည့်မနေနိုင်တော့၊ စိတ်က ဘယ်လိုမှ ထိန်းမရတော့။ အတူပါလာတဲ့ ဧည့်သည်ကို တောင်းပန်လိုက်ပြီး အလင်းချိုတို့ဆီကို ဟန်သော်လင်းလျှောက်သွားလိုက်တယ်။ ~~~~~

ဧကြည်ဖြူ "သံယောဇဉ် ကမ်းပါး " အပိုင်း (၃၆ ) ******* "သွားတော့မယ်နော် ကိုလင်း " အလင်းချိုက ကားပေါ်က ဆင်းလိုက်ပြီး ဟန်းသော် လင်းကို နှုတ်ဆက်လိုက်တယ်။ ဟန်သော်လင်းက ပြုံးရုံပဲ ပြုံးပြီး ပြန်နှုတ်ဆက်လိုက်သည်။ ~~~~ "အလင်းချို " အလင်းချိုခြံထဲသို့ဝင်ရန် အလုပ်တွင်ခေါ်သံကြောင့် ခြေလှမ်းတွေ ရပ်တန့်သွားရတယ်။ ခေါ်သံက အလင်းချိုရပ်နေတဲ့ နေရာနဲ့ မလှမ်းမကမ်းကထွက်ပေါ်လာတာ။ အသံကြားရာကို လှမ်းကြည့်လိုက်တော့ နေမခကိုတွေ့လိုက်ရတယ်။ဖြုန်းခနဲ နေမခကိုတွေ့လိုက်ရတော့ အလင်းချိုတစ်ကိုယ်လုံး ဆတ်ခနဲ တုန်သွားမိတယ်။အလင်းချို ကြည့်နေတုန်းမှာ နေမခက အလင်းချိုရှိရာကို လျှောက်လာတာကို တွေ့လိုက်ရတယ်။ "ခဏလောက် စကားပြောရအောင် " စကားသံနဲ့ အတူ အလင်းချိုရဲ့ လက်ကိုဆွဲပြီးသူ့ကား ရှိရာဆီကို ခေါ်သွားခဲ့တယ်။အလင်းချို မငြင်းဆန်နိုင်ဘဲ သူဆွဲခေါ်ရာနောက်ကို လိုက်ပါသွားမိတယ်။ ~~~~~ နေမခ ကားကို ရပ်ကွက်ထဲက မောင်းထွက် လာခဲ့ပြီး လမ်းရှင်းတဲ့တစ်နေရာမှာ ထိုးရပ်လိုက်တယ်။ ကားရပ်ပြီးတဲ့နောက်မှာ သူတို့နှစ်ယောက်ကြားမှာ အတန်ကြာတိတ်ဆိတ်နေမိကြတယ်။ "မင်းတကယ်လက်ထပ်တော့မှာလား "အသံပြတ်နဲ့ မေးလိုက်တဲ့ နေမခ ။ " အင်း " အလင်းချိုက မဆိုင်းမတွ ပြန်ဖြေလိုက်တယ်။ အလင်းချိုရဲ့ အဖြေကြောင့် နေမခ ခဏလောက်တော့ တိတ်ဆိတ်ငြိမ်သက်သွားပြန်တယ်။အတော်လေးကြာမှ " သူ့အကြောင်း ဘယ်လောက်သိလို့လဲ...သူနဲ့ သိတာ ဘယ်လောက်ကြာသေးလို့ လက်ထပ်ဖို့အထိ တွေးနေရတာလဲ..." နေမခရဲ့ စကားကြောင့် အလင်းချိုက နေမခရဲ့ မျက်နှာကိုတစ်ချက်မော့ကြည့်လိုက်တယ် ။ " သူ့အကြောင်းတွေကို အကုန်မသိပေမဲ့ သိသင့်သလောက်တော့ သိပါတယ်... သူကတော့ အလင်းအကြောင်းကို အကုန်သိတယ်လေ.. လက်လဲလက်ခံတယ် ... အလင်းတို့နှစ်ယောက်လုံး မိဘမဲ့တွေမို့ တစ်ယောက်နဲ့တစ်ယောက် နားလည်ကြတယ်....အဆင်လဲပြေကြတယ် " စကားရှည်ကြီးကို အလင်းချိုက အသံမတုန်အောင် ထိန်းပြီးပြောလိုက်တယ်။ ကားမီးရောင်မှိန်မှိန်အောက်မှာ အလင်းချိုရဲ့ မျက်နှာကို နေမခ မမှိတ်မသုန်ကြည့်နေမိတယ်။ " မင်းဘ၀ကို လက်ခံနိုင်တာနဲ့ သူ့ကို လက်ထပ်မယ်ပေါ့လေ... ဘဝကိုတိုးတက်အောင် မကြိုးစားတော့ဘူးလား...အခုချိန်ထိ အကျင့်မကောင်းတဲ့ အမျိုးတွေဆီကနေ လက်ဖြန်တောင်းပြီး နေနေတာကို ရပ်သင့်ပြီ ... သူတို့နဲ့ အဆက်မဖြတ်နိုင်ဘူးလား...ပြီးတော့ မင်းအဖေကရော မင်းကို ဘာတွေ ကြည့်ခဲ့လို့ မင်းက မပြတ်နိုင်ဖြစ်နေရတာလဲ " နေမခရဲ့ အမေးကြောင့် အလင်းချို မျက်လုံးပြူးလေးနဲ့ မော့ကြည့်လိုက်မိတယ်။ပြီးတော့ အသံပြတ်နဲ့ပြန်ဖြေလိုက်မိတယ်။ "အဖေဖြစ်နေလို့ပေါ့ ..အဖေဖြစ်နေတော့ ကိုယ့်အပေါ် မကြင်နာမှန်းသိသိနဲ့ မပြတ်နိုင်ဘူးလေ..."ဖြေရင်းနဲ့ တဆက်တည်း တွေးမိတာက ဒီလူသားက အလင်းချိုတို့ စတွေ့တုန်းကလိုပဲ သူ့စိတ်ထဲမှာ အလင်းချိုက အထင်သေးချင်စရာ၊ အမြင်ကပ်စရာ လူသားတစ်ယောက်အဖြစ်ပဲရှိနေတာကိုသိလိုက်ရတယ်။အလင်းချိုကတော့ တစ်နေ့မှာ သူပြန်လာမယ်ဆိုပြီး မျှော်လင့်ခဲ့တယ်။နှစ်ပေါင်းများစွာစောင့်စားခဲ့တယ်။စောင့်နေပါလို့လဲ သူမပြောခဲ့ပါဘူး။ ဒါပေ့မဲ့ အလင်းချိုရဲ့ စိတ်ထဲ နှလုံးသားထဲမှာ သူ အမြဲရှိနေခဲ့သလိုမျိုး၊သူ့ရင်ထဲမှာလည်း အလင်းချိုအတွက် နေရာရှိလိမ့်မယ်လို့ ထင်ခဲ့မိတာကိုး။ အလင်းချိုရဲ့စကားတွေကို နေမခ ငြိမ်သက်စွာနားထောင်နေတယ်။ပြီးတော့ မေးခွန်းတစ်ခုကို ထပ်မေးလိုက်တယ်။ "ဟန်သော်လင်း ဆိုတဲ့ကောင်ကို မင်းချစ်နေတာလား " နေမခရဲ့ အမေးကြောင့် အလင်းချိုရင်ထဲ တဒိန်းဒိန်းဆောင့်ခုန်လာတယ်။ "ဖြေလေ.. မင်း သူ့ကိုချစ်လားလို့ " နေမခက အသံခပ်ဆတ်ဆတ်နဲ့ ထပ်မေးတယ်။ အလင်းချို အံကို မသိမသာ ကြိတ်လိုက်ပြီး အသံကို ထိန်းပြီး ပြန်ဖြေလိုက်တယ်။ "ဒါက အလင်းတို့ကိစ္စလေ.... ရှင်နဲ့မဆိုင်ဘူးထင်တယ်...ပြန်ရအောင် အဘွားတို့ စိတ်ပူနေလိမ့်မယ်...နောက် ဒီလိုကိစ္စတွေ ပြောဖို့အတွက်ဆို အလင်းတို့ထပ်မတွေ့ကြတော့ဘူးဟာ ....မမစံကိုကြည့်ရတာ အလင်းကိုသဘောကျပုံမရဘူး ... အလင်းကြောင့် သူစိတ်အနှောက်အယှက်ဖြစ်တာမျိုးကိုမလိုချင်ဘူး .. ရှေ့လျှောက် အလင်းတို့တွေ လမ်းတွေ့ရင်တောင် မသိချင်ယောင်ဆောင်သွားကြတာ ပိုကောင်းမယ်ထင်တယ် " "ဘာ .... ဘာပြောတယ်အလင်းချို ... မင်းက ငါနဲ့မပတ်သက်ချင်ဘူးလို့ ပြောတာလား ဟုတ်လား...ကောင်းပြီးလေ အခုတော့ မင်းကိုအိမ်ပြန်ပို့ပေးမယ် ... နောက်ဆို မင်းဆီကို လုံးဝမလာတော့ဘူးစိတ်ချ " နေမခ ဒေါသသံနဲ့ ပြောလိုက်ပြီး ကားကိုဝူးခနဲ မောင်းထွက်ခဲ့လိုက်တယ်။ ~~~~~~~ "သမီး ဒီနေ့နောက်ကျလိုက်တာ ... ဟင် ...ငိုနေတာလား ....ဘာဖြစ်လို့လဲ ... သမီးအဖေဆီသွားခဲ့သေးလို့လား " ဒေါ်လေးစန်းက တတွတ်တွတ် မေးပြီး အလင်းချိုရဲ့ နောက်က လျှောက်လိုက်လာတယ်။ အလင်းချို ဒေါ်လေးစန်းကို ပြီးပြီးရောခေါင်းတစ်ချက်ငြိမ့်ပြလိုက်ပြီး အခန်းထဲကိုဝင်ခဲ့လိုက်တယ်။ အခန်းထဲ ရောက်တော့ တစ်လမ်းလုံးတင်းလာခဲ့ရတဲ့ စိတ်ကိုလျှော့ချလိုက်ပြီး အိပ်ရာပေါ်ပစ်လှဲလိုက်တယ်။အလင်းချိုတို့ရဲ့ ဇာတ်လမ်းက တစ်သက်တာအတွက်