803
Підписники
+424 години
+167 днів
+4630 днів
Архів дописів
ဧကြည်ဖြူ
"သံယောဇဉ် ကမ်းပါး "
အပိုင်း (၂၉ )
*******
"ကျွန်တော်က ခေါ်ပါတယ် ... သူက နေနိုင်ပါ့မလား ...မာလာကနည်းနည်းတော့စည်းကမ်းကြီးတယ်လေ "
ဖခင်ရဲ့နှုတ်ကထွက်လာတဲ့စကားကြောင့် အလင်းချို အံ့သြမင်သက်စ္စာ ငေးကြောင်ပြီးကြည့်နေမိတယ်။အဓိပ္ပါယ် အမျိုးမျိုးထွက်နေတဲ့ ဖခင်ရဲ့ စကားမှာ လိုလိုလားလား ဖိတ်ခေါ်မှုမပါတာ အသေအချာပင်။
"မင်းအိမ်ကို လိုက်နေရင်တော့ မင်းစည်းကမ်းပေါ့ ... အခုလိုပေါက်လွတ်ပဲစားနေလို့တော့ ဘယ်ရမလဲ .."
ကြီးကြိမေရဲ့ စကားသံက အလင်းချိုရဲ့ သိက္ခာကို စော်ကားလိုက်တာပါပင်။သူတို့အားလုံး အလင်းချိုရဲ့ ဆန္ဒကိုတော့ မေးဖော်ပင် မရကြပါလေ။အမွေရမယ့် ငွေထဲက ငွေကြေးနည်းနည်းမျှကို ပေးရမှာစိုးတာကြောင့် အလင်းချိုကို ဘောလီဘောအလားပုတ်နေကြခြင်းပါပင်။အမှန်တကယ်တော့လဲ ဒီအမွေတွေက အလင်းချိုနဲ့မဆိုင်မှန်သိပါတယ်။ အဖေနဲ့ ကြီးတော်နှစ်ယောက်ကသဒ္ဓါမှရမယ့် အမွေပါ။ဒီအတွက်တော့ဖြင့် အလင်းချို ၀မ်းမနည်းပါ။ ဒါပေမဲ့ ငွေအတွက်ကြောင့် လူကိုလူလိုမသက်မှတ်တာကို မကျေနပ်မိတာပါပင်။
"သမီး အဖေနဲ့လိုက်မနေပါဘူး ... ဘယ်သူနဲ့မှလဲမနေပါဘူး ... သမီးဘာသာ အိမ်ငှားနေမှာပါ...ကိုယ်နဲ့မဆိုင်တဲ့ အမွေကိုလဲ မလိုချင်ပါဘူး ...သစ်ပင်တွေ ရောင်းထားတဲ့ ငွေနဲ့ပဲ အခန်းငှါးနေမှာပါ " အလင်းချို ၀င်ပြောလိုက်တော့ အားလုံးက အလင်းချိုကို မျက်လုံးပြူးကြီးတွေနဲ့ လှည့်ကြည့်လာကြတယ်။ အဘွားက လေသံမပီတပီနဲ့ အလင်းချိုကို လှမ်းပြောတယ်။
"အဘွားလဲ သမီးနဲ့ လိုက်နေမယ်...ငါ့မြေးလေးနဲ့ ငါလိုက်နေမယ် ...နင်တို့နဲ့ မနေနိုင်ဘူး ....နင်တို့လဲ လိုချင်တာရနေပြီပဲ ကျေနပ်ကြပေါ့ .... အေး ဒါမှ မကျေနပ်ရင်လဲ ဒီအဘွားအိုကြီးကိုသာ သတ်လိုက်ကြတော့ "
"သက်ဦး ...နင့်သမီးကို နင်မနိုင်ဘူးလားဟဲ့ ....ငါတို့ကို ပတ်ဝန်းကျင်က ကဲ့ရဲ့အောင်လုပ်နေတာလား ...မိလင်း နင့်ဘာသာ အထိန်းအကွပ်မဲ့နေချင်ရင်ကြိုက်တဲ့နေရာ သွားနေ...အမေကိုပါ အပါခေါ် မနေနဲ့ ဒီကြားထဲလဲ ငါတို့မသိအောင် အမေ့ဆီက ဘာတွေ ခိုးဝှက်ထားသေးလဲ မသိဘူး ..ဟိုအရင်က အမေ့ဆီမှာ သိမ်းထားတဲ့ ရွှေတွေ ရှိတာ ငါတို့အားလုံးသိတယ် ...ခုမေးတော့ နားထဲက နားကပ်ကလွဲလို့ဘာမှကို မေးမရဘူးလေ ... မေးလိုက်ရင် သုံးလို့ ကုန်ပြီဆိုတာချည်းပဲ ... နင့် သမီးကိုလဲ မေးအုံး သက်ဦး "
ကြီးကြီးအေးရဲ့ စကားကြောင့် ဒေါသမဖြစ်စဖူး အလင်းချိုစိတ်ထဲမှာ ဒေါသထောင်းခနဲဖြစ်သွားမိတယ်။ ကြီးတော်တွေရဲ့ လောဘ ကတော့ အဆုံးကိုမသတ်နိုင်ပါဘူး။အဘွားဆီမှာ သိမ်းထားတဲ့ ရတနာတွေရှိသေးတယ်လို့ ယုံကြည်နေကြလို့လဲ အဘွားကို အလင်းချိုနဲ့ အတူနေခွင့်မပြုဘဲ သူခေါ်မယ် ငါခေါ်မယ်နဲ့ ငြင်းခုံလုယက်နေကြတာလေ။
"ဟဲ့ ငါ့ပစ္စည်းတွေက နင်တို့တွေဖြုန်းလို့ ကုန်တာဟဲ့ ... ငါ့မြေးနဲ့ ဘာမှမဆိုင်ဘူး .. နင်တို့တွေပိတ်ပင်ခဲ့လို့ အခုချိန်အထိငါ့မြေးလေးကို အဝတ်တစ်စုံတောင် မဝယ်ပေးဖူးဘူးဟဲ့ သိကြရဲ့လား ...အဟွပ် ...အဟွပ်... ဟိုကောင်သက်ဦး မင်းကရော ဖအေဖြစ်ပြီး ကိုယ့်သားသမီးအတွက်ရယ်လို့ ဘာဝယ်ပေးဖူးလဲ .. နင်တို့တွေ အားလုံး ကိုယ့် သွေးသားအရင်း အပေါ်မှာ မေတ္တာထားခဲ့ဖူကြလား ..."
ဒေါ်မြမြ ဦးက ချောင်းတဟွပ်ဟွပ်ဆိုးနေတဲ့ကြားကနေ အားယူပြီးထပြောလိုက်တယ်။ အဲ့ဒီအခါ အားလုံးတိတ်ဆိတ်ငြိမ်သက်သွားကြတယ်။ဒေါ်မြမြ ဦးက ဆက်ပြောတယ်။
"မင်းတို့အဖေရှာခဲ့တဲ့ စည်းစိမ်ဥစ္စာတွေမို့ ...မင်းတို့တွေခွဲယူကြပါ ..အေး ငါလဲ မသေသေးတာမို့ ငါ့ကို တစ်ပုံပေးရမယ် ..ငါ့ ငွေနဲ့ ငါနေချင်တဲ့ သူနဲ့ နေမယ် ...ဒါကို မကျေနပ်လဲ မတတ်နိုင်ဘူး ...ရှေ့နေ့ကြီးကပဲ ငွေတွေကို လေးပုံပုံပြီး ခွဲဝေပေးပါ "
" အမေ ...ခေါင်းမာလှချည်လား "
"အမေ "
ဒေါ်မြမြဦးရဲ့ စကားအဆုံးမှာ အားလုံးရဲ့ အသံတွေ ပြိုင်တူလိုလို ထွက်လာကြတယ်။
''ကဲ...အားလုံးပဲ...ကာယကံရှင်ဒေါ်မြမြဦးက လမ်းကောင်းကောင်းမလျှောက်နိုင်တာကလွဲလို ...အသိရော သတိရောကောင်းနေတာမို့ ..သားသမီးတွေက ကာယကံရှင်ရဲ့ဆန္ဒကို လိုက်လျောပေးရပါမယ် ... အမွေပစ္စည်းတွေကို အားလုံး အညီအမျှ ခွဲဝေယူမှာဖြစ်ကြောင်းကို သဘောတူစာချုပ်ပါ ချုပ်ဆိုရပါမယ် "
ရှေ့နေကြီးရဲ့ စကားအဆုံးမှာ မိသားစုတွေအားလုံး မကျေမနပ်နဲ့ပဲ ငြိမ်သက်သွားကြတယ်။
~~~~~~
"အလင်းချိုတို့ မနက်ဖြန်ပြောင်းကြတော့မှာတဲ့လား "
နေမခက ထမင်းစားနေရင်းကနေ ထမေးလိုက်တယ်။
"ဟုတ်တယ် မြေးကြီးရဲ့ ...သူ့အဘွားလဲ သူတို့နဲ့အတူ လိုက်နေမှာတဲ့ ...ငါ့မြေးလဲ ကိုယ့်သူငယ်ချင်းကို အားသွားပေးအုံးလေကွယ် ... အလင်းချိုလေးက အဘွားတို့အတွက် သိပ်အားကိုး ရခဲ့တာကွဲ ...သူတစ်ယောက်တည်းသာဆို အဘွားတော့ ခေါ်ထားမိမှာပဲ "
နေမခရဲ့အမေးကို ဘွားချိုက ဖြေလိုက်တယ်။
"ဟုတ်တယ် ...မီးမီးလဲ မမလင်းကိုချစ်တယ် ... မမလင်း အိမ်မှာ လာနေရင် ကောင်းမှာပဲ "
သဲသဲလေးက မုန့်စားနေရင်းကနေ ဝင်ပြောလိုက်တာမို့ နေမခက ဟန့်လိုက်တယ် ။
"ဟာ ... ဒီကောင်မလေးက တော့ ... သူများသားသမီးကို ခေါ်ချင်တိုင်းခေါ်လို့ရမလား ... "
" ဟွန်း..ကိုကိုကလဲ ခေါ်ချင်တာများ အလွယ်လေးပါ ...ကိုကိုက မမလင်းကို လက်ထပ်လိုက်ပေါ့ ဘာခက်တာမှတ်လို့လဲ "
ဧကြည်ဖြူ
"သံယောဇဉ် ကမ်းပါး "
အပိုင်း (၂၈)
*****++
အလင်းချိုကြောင်ပြီး ငေးကြည့်နေမိတယ်။ခင်မင်လာခဲ့တဲ့ တောက်လျှောက်မှာ အိမ်ထဲထိဝင်လာဖို့မပြောနဲ့ ခြံဝမှာလာရပ်ရမှာကိုတောင်မုန်းသလို ရွံသလိုဖြစ်နေတဲ့သူက အိမ်ထဲထိ ရောက်လာတော့ အလင်းချို အံ့သြလွန်းပြီးကြောင်ငေးနေမိတာ။
"နေ...နေမခ ''အလင်းချို ထစ်ထစ်ငေါ့ငေါ့နဲ့ ခေါ်လိုက်မိတယ်။
နေမခ အိမ်ထဲကိုရောက်ချိန်မှာ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကြောင်အမ်းအမ်းဖြစ်သွားမိတယ်။ဒါကသူ မမျှော်လင့်ထားတဲ့ မြင်ကွင်းလေ။ မနက် ကိုးနာရီလောက်ပဲရှိသေးတယ် ။ အိမ်ထဲမှာသူစိမ်းယောကျာ်းတစ်ယောက် ရောက်နေတာက ဖြစ်သင့်လို့လား။ မွေးနေ့လက်ဆောင်မို့ လမ်းကြုံ သဘောမျိုးနဲ့မပေးချင်လို့ မလာချင်တဲ့အိမ်ထဲထိ ၀င်လာပြီးတကူးတက လာပေးမိတာ ။နေမခလက်ထဲက လက်ဆောင်ထုတ်ကို ခုံပေါ်ကို ချပေးလိုက်ပြီးလေသံမမာအောင် သတိထားပြီးပြောလိုက်ရတယ်။
" သွားတော့မယ် ..အလုပ်ရှိလို"
လက်ထဲက အထုတ်ကို ခုံပေါ်မှာ ချလိုက်ကာ နှုတ်ဆက်စကားပြောပြီး ချက်ချင်းပြန်ထွက်သွားတဲ့နေမခကို ကြည့်ပြီး အလင်းချိုမှာ အူကြောင်ကြောင်နဲ့ ရပ်နေမိတုန်းပဲ။
ဟန်သော်လင်းကတော့ ယောကျာ်းချင်းမို့ သူ့ကိုမြင်ပြီးနေမစစိတ်တိုသွားတာကို တန်းသိလိုက်တယ်။ဟန်သော်လင်း မသိဟန်ဆောင်ပြီး အလင်းချိုကို မေးလိုက်တယ်။
"အလင်းရဲ့ချစ်သူလား ...အထင်လွဲသွားပြီထင်တယ် ... ဘယ်လိုလုပ်မလဲ ...ကျွန်တော်လိုက် ရှင်းပြလိုက်ရမလား "
အလင်းချိုက ဟန်သော်လင်းကို ခေါင်းခါယမ်းပြလိုက်ပြီး
"သူငယ်ချင်းတွေပါ ... သူက အဲ့လိုပဲ စိတ်တိုတတ်တယ် ...အလင်းတို့အိမ်ကို တစ်ခါမှ မလာဖူးဘူး ...အဲ့ဒါကြောင့် အံ့သြနေမိတာ "
အလင်းချိုရဲ့ အဖြေစကားကြောင့် ဟန်သော် လင်းရင်ထဲမှာ လှိုက်ခနဲ ဝမ်းသာသွားမိတာအမှန်ပင်။
" သစ်ပင်တွေမရှိတော့ဘူးဆိုတော့ ...အလင်းအလုပ်သစ်ရှာရတော့မှာပေါ့....ဘာအလုပ်လုပ်မယ်စိတ်ကူးထားလဲ ...ကိုယ်ပိုင်ဆိုင်လေး တစ်ဆိုင်လောက်ပဲ ဖွင့်မလား ...အကူအညီလိုရင်ပြောနော် အလင်း ...အားနာစရာ မလိုဘူး "
" ဟုတ်ကဲ့ ကျေးဇူးပါ ကိုလင်းရယ် ... မနက်ဖြန်ကျရင် အိမ်မှာလူစုံမှာလေ ...အဖေလဲလာမှာ..အဲ့ဒီတော့မှ အဖေဘာပြောမလဲမသိသေးဘူး ... တကူးတက လက်ဆောင်လာပေးလို့ ကျေးဇူးပါနော် ကိုလင်း ... မွေးနေ့လက်ဆောင်က ဒီနှစ်မှရဖူးတာလေ "
အလင်းချိုပြောရင်းက နေမခချထားခဲ့တဲ့အထုတ်လေးကို ပါကောက်ယူလိုက်တယ်။ပါကင်လှလှလေးထုတ်ထားပုံကို ကြည့်ရတာတော့ မွေးနေ့လက်ဆောင်ပေးသွားပုံပင်။ အထုတ်ကိုချခဲ့ပြီး ဘာတစ်ခုမှ မပြောဘဲထွက်သွားတော့ဆိုးတယ်။
~~~~~~~
ခြံထဲကနေ ထွက်လာခဲ့ပြီး အပြင်ကိုရောက်လာတဲ့အထိ နေမခစိတ်ထဲမှာ မကျေမနပ်နဲ့ တနုံ့နုံ့ ဖြစ်နေမိတယ်။ ဘ၀အတွက်ကျတော့ဘာမှ ရေရေရာရာ ရည်မှန်းချက်မထားသေးဘဲ ရည်းစားထားဖို့ပဲ ကြံစည်နေတဲ့ ငတိမကို စိတ်တွေတိုနေမိတယ်။ဟိုကောင်ကလဲ မိုးမလင်းသေးဘူး မိန်းခလေးတွေပဲ ရှိတဲ့အိမ်ကို လာစရာလား။တစ်ယောက်ကလည်း ကျကျနနထိုင်ပြီးတော့ကိုဧည့်ခံနေတာလေ။ တကယ်ဆို ပြောင်းဖို့ရွှေ့ဖို့နဲ့ အလုပ်ရှာဖို့အတွက် အလုပ်များနေရမှာကို ဘာကိစ္စအချိန်ဖြုန်းနေရတာလဲ ။တွေးရင်း ဒေါသပိုဖြစ်လာတာမို့ လမ်းပေါ်က ကျောက်ခဲတစ်လုံးကို နေမခ ခပ်ပြင်းပြင်းကန်ထုတ်လိုက်မိတယ်။လာခဲ့မိတဲ့အတွက်လည်း နောင်တရမိသွားတယ်။
~~~~~~
မိုးသူဇာတစ်ယောက် ဧည့်ခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း ဒေါသတွေတလိပ်လိပ်ထွက်နေမိတယ်။ဟန်သော်လင်းညတုန်းက ပြန်ရောက်တယ်ပြောပြီး ဒီမနက် သွားကြည့်တော့ တိုက်ခန်းတံခါးက သော့ခတ်ထားပြန်တယ်။ဖုန်းဆက်တော့လဲ စက်ကပိတ်ထားတယ်။ဟန်သော်လင်းရဲ့အကျင့်ကဒီလိုပဲ ဆိုပေမဲ့အရင်ကတော့ မိန်းခလေးကိစ္စ မဟုတ်ဘဲ အပေါင်းအသင်းတွေနဲ့ အချိန်ကုန်တာဆိုတော့ ကိစ္စမရှိဘူးပေါ့။ သူနဲ့ မိုးသူဇာကြားမှာ အဆင့်ကျော်တဲ့ ပတ်သက်မှုမရှိဘူးဆိုပေမဲ့ ဆယ့်ခုနစ်နှစ်အရွယ်ကတည်းက ကိုယ့်ဆီရောက်နေခဲ့တာလေ။မနေ့တစ်နေ့ကမှ အိမ်ပြောင်သွားတာဘာကြာသေးလို့လဲ။ ဘာသွေးသားတော်စပ်မှုမှမရှိတဲ့ လူနှစ်ယောက်ကြားမှာ ဆွေမျိုးသားချင်းတွေလို သံယောဇဉ်ရှိနေတာပဲလို့ ဇွတ်ကြီးပြောနေလို့မရဘူးလေ။မိုးသူဇာအနေနဲ့ကတော့ရှင်းရှင်းပဲ သူရောကိုယ်ရော ကြိုက်တဲ့လူနဲ့ ရှုပ်ပွေတာကိုလက်ခံနိင်တယ်။ အတည်တော့မတွဲနဲ့။တစ်ချိန် လက်ထပ်မယ်ဟေ့ဆိုရင် ကိုယ်နဲ့ပဲ လက်ထပ်ရမယ် ။မိုးသူဇာက ဟန်သော် လင်းထက် ကိုးနှစ်ဆယ်နှစ်လောက်ကြီးတယ်ဆိုပေမဲ့ ဒီခေတ်ကြီးမှာ အသက်ကွာဟမှုက ဘာအရေးကြီးလို့လဲ ။တစ်ယောက် အကြောင်းတစ်ယောက်သိတဲ့ အတွင်းသိအစင်းသိချင်းကိုကျော်ပြီး အခြားတစ်ယောက်နဲ့ပေါင်းဖက်ချင်လို့ရမတဲ့လား။ ဒီလောကထဲကို ရောက်လာပြီးမှ လူကောင်းသူကောင်း ဂိုက်ဖမ်းနေရင် မှားသွားမှာပေါ့။ရှင်းရှင်းပြောရရင် မိုးသူဇာဆိုတဲ့ မိန်းမကို အကဲလာစမ်းလို့ကတော့ သေသွားမှာပေါ့ ။
အလင်းချို မျက်နှာလေး ပြုံးနေတာကို မြင်ရတော့ ဒေါ်အေးမြနွယ်ရင်ထဲမှာလည်းကျေနပ်နေမိတယ်။
~~~~~~~
"တီ ...တီ ..တီ "
ခြံရှေ့က အဆက်မပြတ် တီးနေတဲ့ ကားဟွန်းသံကြောင့် အလင်းချို.ခြံဝကိုထွက်ကြည့်လိုက်မိတော့ ဟန်သော်လင်းရဲ့ကားကိုတွေ့လိုက်ရတာမို့ အံ့ဩသွားပြီ: ခြံတံခါးဝနားကို အပြေးလေး သွားလိုက်တယ် ။
"ဟယ် ...ကိုလင်း ဘယ်တုန်းက ပြန်ရောက်တာလဲ "
"မနေ့ညက ရောက်တာ အလင်းရဲ့ ... မွေးနေ့အမီ ပြန်ခဲ့မယ်လို့ပြောတယ်လေ .. မွေးနေ့ရှင်ကြီးက ဘာကျွေးမှာလဲပြော "
"အမယ်လေး ဧည့်သည် ကလဲ အားမနာဘူးပဲ ... အိမ်ထဲဝင်အုံးလေ ... ကိုလင်းကို တွေ့ရင် ဒေါ်လေးစန်းတော့ ဝမ်းသာတော့မှာပဲ ..."
ဟန်သော်လင်းတစ်ယောက် အလင်းချိုနောက်မှလိုက်ပါလာခဲ့ရင်းမှ တစ်ခြံလုံးကို ဝေ့ဝဲကြည့်လိုက်တော့ ခြံထဲမှာ ပန်းအိုးတွေကို မတွေ့ရဘဲပြောင်ရှင်းနေတာကို တွေ့လိုက်ရတာမို့ အံ့ဩတကြီးနဲ့ မေးလိုက်မိတယ်။
" အလင်း ...ပန်းအိုးတွေက အကုန်ရောင်းလိုက်တာလား ...ဘာဖြစ်လို့လဲဟင် ... အလင်းအလုပ်ထွက်လုပ်တော့မလို့လား "
" အလုပ်ပဲ ပြောင်းမှာ မဟုတ်ဘူး ကိုလင်းရဲ့ ...အိမ်ပါပြောင်းရတော့မှာလေ... အဘွားက ဒီအိမ်ကိုရောင်းလိုက်ပြီ ကိုလင်းရဲ့ ....ဆယ့်ငါးရက်နေကျရင် အလင်းတို့အိမ်ပြောင်းရတော့မှာလေ "
"ဗျာ ...တကယ်လား "
~~~~~
ခြံထဲမှာတင်မဟုတ်ဘဲ အိမ်ထဲမှာပါ ပြောင်ရှင်းနေတာကို တွေ့လိုက်ရတော့ ဟန်သော်လင်း စိတ်ထဲမှာပါ မကောင်းသလိုဖြစ်သွားမိတယ်။
" အလင်း ...ဟိုလေ မေးစရာရှိလို့ ...တစ်မျိုးတော့ မထင်နဲ့နော် ... ဒီအိမ်ရောင်းလိုက်တော့ အလင်းကဘယ်ကိုပြောင်းမှာလဲ ...အလင်းရော ပြောင်းဖို့ ရွေ့ဖို့ ငွေ ရရဲ့လားဟင် "
ဟန်သော်လင်းက အဘွားဖြစ်သူရယ်အဒေါ်တွေနဲ့ ပတ်သက်ပြီး အတွေ့အကြုံရှိသူပီပီ အလင်းချိုကို မေးလိုက်တယ်။
"အလင်းက သားသမီးမှ မဟုတ်တာ ဘယ်ရမလဲ ကိုလင်းရယ် ... ကိုယ့်အစီအစဉ်နဲ့ ကိုယ့်ဘာသာပြောင်းမှာပါ "
"ဟူး ...အဆင်ပြေရဲ့လားကွာ ...ငွေလိုရင် ကျွန်တော့်ဆီကယူသုံးထားနော် ... ပြီးတော့ ဘယ်ကိုပြောင်းမှာလဲ ...အိမ်ပြောင်းရင် ကျွန်တော့်ကားနဲ့ပဲပြောင်းပါ ...ကားမငှါးနဲ့နော် ပိုက်ဆံတွေ အပိုကုန်မယ် "
ဟန်သော်လင်းက သက်ပြင်းမောကြီးနဲ့အတူ စိတ်မကောင်းစွာ ပြောလိုက်မိတယ်။
"ကားလဲငှားဖို့မလိုပါဘူး ကိုလင်းရယ် ...အဝတ်ထုတ်ကလွဲရင် ဘာမှမရှိဘူးလေ "
အလင်းချိုက ရယ်ကျဲကျဲလေး ပြောနေပေမဲ့ ဟန်သော် လင်းရင်ထဲမှာတော့ မွန်းကြပ်နာကျင်နေမိတယ်။
"သမီး အလင်းချို....ခြံရှေ့မှာ ဧည့်သည်ရောက်နေတယ်ထင်တယ် ....ဟို ညီအစ်မတွေများလာကြတာလား မသိဘူး "
ဒေါ်လေးစန်းက ကြီးကြီးမေနဲ့ကြီးကြီးအေးကို ရည်ရွယ်ပြီးပြောလိုက်ခြင်းဖြစ်တယ်။ကြီးကြီးအေးတို့မိသားစုကလဲ အိမ်ကိုစရံချပြီးသွားကတည်းက အိမ်ပြောင်းသွားကြပြီလေ။အလင်းချိုတို့မှာသာ ငွေအကြေရတဲ့နေ့အထိ အိမ်စောင့်နေရတာလေ။အဘွားကလဲ နေခွင့်ရသလောက် သူ့အိမ်မှာ နေချင်တယ်တဲ့လေ။
ကြီးတော်တွေကလဲ နှစ်ရက်တစ်ခါသုံးရက်တစ်ခါတော့ ညီအစ်မတွေကာတစ်စီးနဲ့ ရောက်ချလာပြီး အိမ်ထဲ ရှိတဲ့ ပစ္စည်းတွေကို နိုင်သလောက် သယ်သယ်သွားကြလေရဲ့။
"ဒေါ်လေးစန်း တံခါးသွားဖွင့်ပေးလိုက်အုံးမယ် သမီး ...."
"အလင်းရဲ့ ကြီးတော်တွေက ကျွန်တော် ရောက်နေတာကိုကြိုက်ပါ့မလားဟင် ... ကျွန်တော်ပြန်လိုက်ရမလား "
ဟန်သော်လင်း ထိုနေရာမှ ဆတ်ခနဲထရပ်ပြီး ပြောလိုက်တယ်။
"ရပါတယ် ကိုလင်းရယ် ...ထိုင်နေစမ်းပါ "
"သမီး အလင်းချို ... မမကြီးတို့ မဟုတ်ဘူးကွဲ့ ...သ...သမီးဆီလာတဲ့ ဧည့်သည် "
" ဟုတ်လား ဘယ်သူလဲ ဒေါ်လေးစန်း ..ဟင် ..."
ဒေါ်လေးစန်းကို မေးလိုက်ပြီး အလင်းချိုနောက်ကို လှည့်ကြည့်လိုက်မိတော့ မြင်လိုက်ရတဲ့ မျက်နှာကြောင့် လူ့က ရုတ်တရက်ကြောင် အသွားမိတယ်။
@@@@@@@@@@@@@@@@@@@@
အပိုင်း ( ၂၈ ) ဆက်ရန်
ဧကြည်ဖြူ
"ဒါပေါ့ကွယ် ... ဆံပင်ညှပ် အလှပြင်တာကို ဝါသနာမပါလို့ တခြားအလုပ်အကိုင် လိုအပ်ရင်လဲ မမကိုပြောပေါ့ ...မမဆိုင်ကိုလာနေတဲ့ လုပ်ငန်းရှင်တွေရှိတယ် ... အလုပ်တစ်ခုရအောင်တော့ မမပြောပေးနိုင်ပါတယ်ကွယ်..."
~~~~~~
မမမိုးတို့ဆိုင်က ပြန်လာခဲ့တဲ့လမ်းတစ်လျှောက်လုံးမှာ အလင်းချို အတွေးပေါင်းစုံကိုတွေးလာခဲ့မိတယ်။အလှပြင်ဆိုင်မှာ အသင်အဖြစ် ၀င်လုပ်လိုက်ရင်ပညာလဲရမယ်။ စားဖို့နေဖို့လဲ ပူစရာမလိုပေ။ဒါပေမဲ့ ဒေါ်လေးစန်းကိုရော ဘယ်လိုလုပ်ရမလဲ။ သူ့ခမျာ ကိုယ့်ကိုယ်ပဲကြည့်နေရှာတာ။အလင်းချိုသာ ကျောခိုင်းထားခဲ့လိုက်ရင် ဘယ်လိုလုပ်ရှာမလဲ ။ရှေ့ဆက်ပြီး မတွေးရဲ။
~~~~`~~
"အမေတို့ နေတဲ့အိမ်က ....ဆက်ပြီးလူငှားတင်မှာတဲ့လား အမေ"
သားဖြစ်သူရဲ့ စကားကြောင့် ဒေါ်အေးမြနွယ် သားကို အံ့သြစွာနဲ့ ပြန်မေးလိုက်မိတယ်။
"မသိဘူးသားကြီးရဲ့ ... အိမ်ရှင်တွေက သားအမိနှစ်ယောက်တည်းမို့ အမေတို့ကိုတော့ မိန်းမသားတွေဆိုပြီးယုံကြည်လို့ငှါးတာတဲ့ ... အိမ်ရှင်အဘွားရဲ့ သမီးမပျိုကြီးနဲ့ အမေတို့ကလဲ ရင်းနှီးနေလို့ငှါးတာ ... အခြားလူကို အငှါးတင်မလား မတင်ဘူးလားတော့ အမေလဲ မသိပါဘူးကွယ် ... သားက ဘာလုပ်မလို့လဲ "
မိခင်ဖြစ်သူ ဒေါ်အေးမြ နွယ်ရဲ့ အမေးကို နေမခက တော်တော်နဲ့ မဖြေနိုင်ဘဲ အတော်လေးကြာမှ ခပ်တိုးတိုးပြန်ဖြေလိုက်တယ်။
"အလင်းချိုနဲ့ ဒေါ်လေးစန်းကို အဲ့ဒီအိမ်မှာပဲ ငှါးနေခိုင်းမလားလို့ပါအမေ ...အိမ်ရှင်တွေကလဲ မိန်းမတွေပဲဆိုတော့ စိတ်ချရတယ်လေ.... အမေပြောပေးလို့မရဘူးလား...ဟိုလေ ပြီးတော့ အိမ်လခကိုလဲ ကျွန်တော်နည်းနည်းစိုက်ပေးမှာမို့ အိမ်ရှင်ကိုစျေးလျှော့ပြီး ပြောခိုင်းပေးပါလား ... မဟုတ်ရင်ဟိုကပ်စီးမလေးက အိမ်လခဈေးကြီးတယ်ဆိုပြီး ငှါးမှာမဟုတ်ဘူး ... "
စကားရှည်ကြီးကိုပြောပြီး မအေနဲ့မျက်လုံးချင်း မဆုံအောင် မျက်နှာကို လွှဲနေတဲ့ သားဖြစ်သူကို ကြည့်ပြီး ဒေါ်အေးမြ နွယ်စိတ်ထဲကနေ နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်မိတယ်။ ပေါ်ပေါ်တင်တင်လည်း မပြုံးရဲဘူး။တော်ကြာနေ သားတော်မောင်က ရှက်ရမ်းရမ်းနေမှာစိုးလို့လေ။သားကြီး မပြောလည်း ဒေါ်အေးမြနွယ်က ကိုယ့်ဘာသာ စုဆောင်းထားတဲ့ ငွေနဲ့ လုပ်ပေးဖို့ အန်တီချိုနဲ့ တိုင်ပင်ထားပြီးသား။ခက်တာက အလင်းချိုလေးကို ဘယ်လိုပြောရမှန်းကိုမသိလို့ ပြော.မထွက်ဖြစ်နေတာလေ။ သူ့ခမျာ တစ်ကိုယ်ရေတစ်ကာယသာဆို အဆောင်မှာနေပြီးအလုပ်လုပ်ရင်ရတယ်။ အူတူတူအတတဒေါ်လေးစန်းကြောင့် လွတ်လွတ်လပ်လပ် မနေနိုင်ရှာဖြစ်နေတာလေ။ သူ့ကြီးတော်တွေပြောသလိုပြောရရင်တော့ ဘာသွေးသားတော်စပ်လို့ စောင်ရှောက်စရာလိုလဲပေါ့။ဒါပေမဲ့ လူတစ်ယောက်နဲ့တစ်ယောက် မေတ္တာထားတဲ့နေရာမှာ သွေးသားက ဘာအရေးကြီးလိုလဲ ။ ဒီကောင်မလေးအလင်းချိုငယ်ငယ်တုန်းက ဖအေကလဲပစ်ထား။ဘွားအေကလဲမကြင်နာခဲ့ဘူးလေ။ ကြီးတော်တွေဆိုတာလဲ ခပ်ဆိုးဆိုးတွေဟာ ။ဒေါ်လေးစန်းပဲ အလင်းချိုလေးကို ကြင်ကြင်နာနာ နွေးနွေးထွေးထွေးဆက်ဆံပေးခဲ့တာလေ။ဒါကြောင့်မို့လဲ ဒီကလေးမက သူ့အတွက်ကို မတွေးဘဲ ဒေါ် လေးစန်းက အတွက်ပါ တွေးပြီး ပူပူပန်ပန် ဖြစ်နေရှာတာပေါ့။ သူ့ခမျာ ဘယ်လောက်သောကများ နေလဲဆိုရင် မျက်နှာလေးက အရင်လိုပြုံးပြုံးရွှင်ရွှင်တောင် သိပ်မရှိရှာတာကို ဒေါ်အေးမြ နွယ်သိတာပေါ့။
~~~~~~~
"သမီးတို့ ပြောင်းလာရင် အဆင်သင့် ဖြစ်အောင် ... ပန်းကန်စင်နဲ့ အိုးခွက်တစ်ချို့လဲ အန်တီထားခဲ့တယ် ... ဘယ်မှာမှ ရှာမနေနဲ့တော့ သမီး...ဒီအိမ်မှာပဲ လေးငါးခြောက်လလောက်နေလိုက်ပေါ့ .. အိမ်လခကိုလဲ အန်တီနွယ် စစ်ပေးထားတယ် ... အန်တီတို့နဲ့လဲ မဝေးတော့ စိတ်ချရတယ် ... အဘွားတို့ကလဲ သားအမိနှစ်ယောက်တည်း ...သမီးတိုကလဲ နှစ်ယောက်တည်းဆိုတော့ နားအေးပါးအေးပေါ့ကွယ် "
အန်တီနွယ်က တတွတ်တွတ် ပြောနေပေမဲ့ အလင်းချိုမှာ မယုံရဲရဲနဲ့ အိမ်ခန်းလေးကို ကြည့်နေမိတယ်။တကယ်တော့ အထူးတလည် ကြည့်စရာလဲမလိုပါဘူး။အန်တီနွယ်တို့အိမ်ပြောင်းတုန်းက အလင်းချို ကိုယ်တိုင် ကူရှင်းပေးခဲ့တာပဲဟာ။အိမ်က တိုက်ခံ ပျဉ်ထောင်အိမ် ။အပေါ်ထပ်ကို ဘေးလှေကားကနေ တက်ရတာ။အောက်ထပ်မှာက သမံတလင်း အကြမ်းပဲ ခင်းထားတယ်ဆိုပေမဲ့ သပ်သပ်ရပ်ရပ်သန့်သန့်ရှင်းရှင်းရှိတယ်။အန်တီနွယ်တို့ပြောင်းလာပြီးတော့ ဖယောင်းပုဆိုး အထူစားတွေ ခင်းလိုက်တော့ အိမ်နဲ့ပိုတူသွားတယ်။
"သမံတလင်းတွေက အေးတယ် ... ခုတင်နှစ်လုံးလဲထားခဲ့ပေးတယ် ...အိမ်မှာလဲ အသစ်ဝယ်လိုက်တော့ ဒီခုတင်တွေထားဖို့လဲ နေရာမရှိတော့ဘူးလေ "
ဒေါ်အေးမြနွယ်မှာ မုသားမပါလင်္ကာမချောဆိုသလို အလင်းချိုမရိပ်မိအောင် ဖာဖာထေးထေးနဲ့ ပြောနေရတယ်။အိမ်လခ စိုက်ပေးမှာကလဲ သားဖြစ်သူရဲ့ အစီအစဉ်၊ခုတင်တွေကိုလဲ သားဖြစ်သူကပဲ ထားခဲ့ခိုင်းတာလေ။
"အန်တီနွယ်ရယ် ..တကယ်ပဲ အိမ်လခကို လျှော့ပေးတာလားဟင် .... နောက်မှ ထပ်မ တောင်းပါဘူးနော်...ဒီခေတ်ထဲမှာ ငါးသောင်းနဲ့ဆို အခန်းတွဲပဲ ရတာလေ... "
"တကယ်လျှော့ပေးတာပါ သမီးရယ် ...အခန်းကလဲ အန်တီတို့ပဲ ပြင်ပေးထားတာဆိုတော့ တမင်လျှော့ပေးတာတဲ့ ....ဒီခြောက်လကတော့ အေးရာအေးကြောင်းသာနေ ... အလုပ်ရှာပြီး ငွေထပ်စုပေါ့သမီးရယ် "
" ဟုတ်ကဲ့ အန်တီနွယ် ...သမီးကြိုးစားပါမယ် ...အန်တီနွယ်ကိုလဲ ကျေးဇူးတင်ပါတယ် "
အလှပြင်ဆိုင်ရှေ့မှာကားရပ်ခိုင်းလိုက်ပြီး ကားပေါ် ကနေ အလင်းချိုဆင်းလိုက် တာနဲ့ တစ်ပြိုင် မမမိုးကဆိုင်ရှေ့ကိုထွက်လာပြီးပျူပျူငှာငှာနဲ့ကြိုနေတယ်။ဖော်ဖော်ရွေရွေရှိလှတဲ့ မမမိုးကိုကြည့်ပြီး အလင်းချို ခင်မင်မိသွားတာတော့ အမှန်ပဲ။မမမိုးရဲ့နောက်ကနေ ဆိုင်ထဲကိုအလင်းချိုလိုက်ဝင်လာခဲ့မိပြီး ဆိုင်ရဲ့ခမ်းနားမှုကို တအံ့တသြ ငေးမောကြည့်နေမိတယ်။အလှပြင်ဆိုင်ဆိုပေမဲ့ အလင်းချိုတို့ရပ်ကွက်က အလှပြင်ဆိုင်တွေလို လမ်းမဘေးမှာ ကပ်ဆောက်ထားတဲ့ ခပ်သေးသေးအလှပြင်ဆိုင်မျိုးမဟုတ်ဘူးလေ။ခြံနဲ့၀န်းနဲ့ သပ်သပ်ရပ်ရပ်သားသားနားနားသီးသီးသန့်သန့် ရှိတယ်။ဆိုင်ထဲမှာလဲ ခေတ်မီအသုံးအဆောင်တွေနဲ့ ဆိုင်က ခမ်းနားလွန်းလှတယ်။ဧည့်သည်တွေ ထိုင်စောင့်ဖို့လုပ်ပေးထားတဲ့နေရာကဆိုတာလဲ ဆိုဖာခုံကြီးတွေနဲ့ တခမ်းတနားပဲ။
"ထိုင်အုံး ညီမ ....ကျေးဇူးတင်လိုက်တာကွယ် ... မမကိုယ်တိုင်လာဖို့ကို မအားလို့လေ ... အိမ်မှာအေးဆေးပဲမဟုတ်လား ..ခေါင်းလျှော်သွားပါလားညီမလေး ....ဒီအထိလာပို့တာကျေးဇူးတင်လွန်းလို့ ...တစ်ခုခုတော့ ပြန်လုပ်ပေးပါရစေနော်"
"မဟုတ်တာ မမရယ် ... အလင်းက အလကားလာပေးတာမှမဟုတ်တာ ..."
"မရဘူးကွာ ..တို့ဆိုင်ကို လာရင် အလှပြင်ပေးလိုက်ရမှကိုကျေနပ်မှာ...ပြင်သွားပါနော် ..ဆံပင်ကို မညှပ်ဘဲပုံပဲ သွင်းပေးလိုက်ပါ့မယ်...မယုံရင် ကြည့်နေ ငါ့ညီမ လုံးဝလှသွားမှာနော် "
အလင်းချိုက အတန်တန် ငြင်းနေပေမဲ့ ငြင်းလို့မရတဲ့အဆုံးမှာ ခေါင်းလျှော်တဲ့ စင်ပေါ်မှာ ကိုယ်တိုင်ကိုယ်ကျ လှဲချလိုက်တယ်။ ငြင်းလို့မရဘူးဆိုတာထက် မိန်းမတစ်ယောက်ရဲ့ ပင်ကိုယ်လှချင်ပချင်စိတ်ကြောင့်လည်းပါမယ် ထင်ပါတယ်။အလာတုန်းက နေမခ တို့ ခြံရှေ့မှာ ဆုံခဲ့ရတဲ့ လှပလွန်းတဲ့ အမျိုးသမီးနဲ့ ချောမော ကြည့်ကောင်းနေတဲ့ နေမခကို ပြန်မြင်ယောင်လိုက်မိပြီး အလင်းချို ကိုယ်တိုင် မသိလိုက်ပါဘဲ အလှပြင်ဖို့အတွက် သဘောတူလိုက်မိတယ်လေ။
~~~
ခေါင်းလျှော်ပြီးတော့ ဆံပင်ညှပ်တဲ့ခုံမှာ ပြောင်း ထိုင်လိုက်တဲ့အထိ အလင်းချို စိတ်နဲ့ လူနဲ့ မကပ်ချင်သေးဘူး။ မမမိုးကတော့ အလင်းချိုဘေးနားကနေ တောက်လျှောက်ကို ချီးမွမ်းစကားတွေပြောနေတာလေ။
"ငါ့ညီမက အလှတောင် မပြင်ရသေးဘူး လှနေပြီးသားပဲ .. ရိုစီရေ ညီမလေးကို အလှဆုံးဖြစ်နေအောင် ပြင်ပေးနော် ..ဆံပင်ပုံကိုလဲ လိုက်ဖက်အောင် ပုံသွင်းပေးပါကွယ် "
ဆံပင်ဆိုတဲ့ စကားကြောင့် အလင်းချို ကိုယ့်ဆံပင်တွေကို ယောင်ယမ်းပြီးပြန်စမ်း ဆွဲယူလိုက်မိတော့ မမမိုးက ပြုံးစစနဲ့ရယ်ပြီး စတယ်။
"ဆံပင်ကို မညှပ်ပါဘူးကွယ် ... ညီမလေးမျက်နှာနဲ့ ပိုပြီးလိုက်ဖက်သွားအောင် ပုံပဲ သွင်းပေးမှာပါ "
~~~~~~~
ပြင်လို့ပြီးသွားတဲ့ အလင်းချိုကိုကြည့်ပြီး မိုးသူဇာရင်ထဲ မနာလိုစိတ်တွေဖြစ်ပေါ်လာတာကို မနည်းအောင့် အည်းထားလိုက်ရတယ်။အလင်းချိုရဲ့ အလှက အရိုင်းမဆန်ဘဲ မဟာဆန်ဆန် နဲ့ လှတယ်ဆိုတာမျိုး။မျက်ခုံးကထင်းထင်း။မျက်လုံးဝိုင်းဝိုင်းလေးတွေမှာ ခပ်ပြေပြေ နဖူး ပြင်ကြောင့်အလှကမက လက်ဘဲ မဟာဆန်နေတာ။ဖြုန်းခနဲ ကြည့်ရင် မလှသလိုနဲ့ ကြည့်မိလေ ချောလှတာကိုမြင်လာလေဆိုတဲ့ အကြည့်ခံ အလှမျိုးကို ပိုင်ဆိုင်ထားတာလေ။
မှန်ထဲမှာမြင်နေရတဲ့ကိုယ့်ပုံကိုယ်ကြည့်ပြီး အလင်းချို အံ့ဩမယုံနိုင် ဖြစ်နေမိတယ်။ ခ ကလေးအတွင်းမှာ ဒီလောက်တောင်ပြောင်းလဲသွားတာကို အံ့ဩပြီးမယုံနိုင်ဖြစ်နေမိတယ်။တကယ်တော့ ဘာတွေ ဘယ်လိုပဲဖြစ်နေပါစေ မိန်းမဟာမိန်းမပဲ။မိန်းမတွေက လှချင်တာ။လှပကြည့်ကောင်းနေတဲ့ ကိုယ့်ရဲ့ပုံရိပ်ကို မြင်တွေ့ရတဲ့အခါ စိတ်ဓါတ်တွေပါ တက်ကြွလာသလို ခံစားရတယ်။ ယုံကြည်ချက်တွေလဲ ရှိလာမိတယ်။အလှက စွမ်းအားတစ်မျိုးလားလို့တောင်ထင်မိလိုက်တယ်။ ဟုတ်တယ် လူတစ်ယောက်က စိတ်လှပေမဲ့လဲညစ်တီးညစ်ပတ် ဖြစ်သလိုနေရင်လဲ သူများအထင်သေးတာကိုခံရမှာပဲ ။ရုပ်လှပြီး စိတ်ယုတ်နေရင်လဲ အများက ရွံရှာကြမှာပဲ မဟုတ်လား။ သေချာတာက ဘယ်အရာမှ အစွန်းရောက်တာမကောင်းဘူးဆိုတာပဲ။အလင်းချို အနေနဲ့ရောဘယ်လိုအမျိုးအစားထဲမှာ ပါလဲဆိုတာကို အလင်းချိုမသိဘူး။ သေချာတာကတော့ မှန်ထဲမှာ မြင်နေရတဲ့ ကိုယ့်ပုံရိပ်ကိုယ်ကြည့်ပြီး အလင်းချိုကျေနပ်နေမိတယ်ဆိုတာပါပဲ။
"အလင်းက ... ပန်းဆိုင်ကို ဖြုတ်ပြီး အလုပ်သစ်ပြောင်းလုပ်မလို့လား "
အလင်းချို မှန်ထဲက ကိုယ့်ပုံရိပ်ကို ငေးကြည့်နေမိ စဉ်မှာပဲ မမမိုးရဲ့ မေးသံကြောင့် အလင်းချို မော့ကြည့်လိုက်ပြီး ပြန်ဖြေလိုက်တယ်။
" အလုပ်သစ်ပြောင်းရမှာပေါ့ မမ ....ခြံကရောင်းလိုက်ပြီဆိုတော့ နေရာမရှိတော့ဘူးလေ "
"ဟင် ဟုတ်လား ... ဘာအလုပ် ပြောင်းလုပ်ဖို့စိတ်ကူးထားလဲ ...အလှပြင်တာဝါသနာမပါဘူးလား ... အလင်းချိုသာ လုပ်ချင်တယ်ဆိုရင် မမဆိုင်မှာအလုပ်သင်အဖြစ် လုပ်လို့ရတယ်နော် ... သင်ရတာလဲ သိပ်မကြာပါဘူး.... မမတို့ကနေစရာလဲပေးတယ်နော် "
"ဟုတ်ကဲ့ မမ .... အလှပြင်တဲ့ အလုပ်က အလင်းချိုနဲ့တော့ မနီးစပ်ဘူး...ဒါပေမဲ့ လူတစ်ယောက်ကို လှအောင် ပြင်ပေးလိုက်ရတာလဲ စိတ်ချမ်းသာစရာပဲနော် ... အပင်စိုက်တဲ့အခါ ပန်းပွင့်လေးပွင့်လာတာကို ကြည့်ပြီး ပျော်ရွှင်ရသလိုမျိုးပဲ ခံစားရမယ်ထင်တယ် "
ဧကြည်ဖြူ
"သံယောဇဉ် ကမ်းပါး "
အပိုင်း (၂၇ )
******
အလင်းချို သစ်ခွပန်းအိုးနဲ့ နှင်းဆီပန်းအိုး သုံးလေးအိုးကို ရွေးထားလိုက်ပြီး ကားငှါးဖို့အတွက်ကားလမ်းမကိုထွက်ခဲ့လိုက်တယ်။ ကားလမ်းနဲ့ အိမ်က သိပ်တော့မဝေးဘူး။ ဒါပေမဲ့ ဘယ်ကိုသွားသွားလမ်းထိပ်လမ်းလေးခွဆုံကျတဲ့ နေမခတို့အိမ်ကိုကျော်ပြီးမှ ကားလမ်းမကိုရောက်တာလေ။လမ်းလျှောက်လာခဲ့ရင်း နေမခတို့အိမ်ရှေ့ကိုရောက်တော့ ခြံထဲကို မသိမသာ လှမ်းကြည့်လိုက်မိတယ်။နောက်ရက်ဆိုရင် အန်တီနွယ်တို့ ပြန်ပြောင်းလာကြတော့မှာမိုးအိမ်က ပြင်ဆင်လို့ပြီးသလောက် ဖြစ်နေပြီ။အိမ်ထဲကိုလှမ်းကြည့်နေမိတုန်းမှာပဲ အိမ်ထဲကန်နေ့ နေမခ ထွက်လာတာကို တွေ့လိုက်ရတာမို့ ခြေလှမ်းတွေကို ခပ်သွက်သွက်လှမ်းလိုက်ရတယ်။
~~~~~....
နေမခ အိမ်ထဲကထွက်လာတော့ အိမ်ရှေ့မှာအလင်းချို ကိုလှမ်းတွေ့လိုက်ရတာမို့ ခြေလှမ်းတွေကို ခပ်သွက်သွက်လှမ်းရင် : ခြံဝကို ထွက်ခဲ့လိုက်တယ်။အရင်နေ့က စကားပြောတာအဆင်မပြေထားတာမို့ ခပ်လန့်လန့်နဲ့ပဲ ခေါ်လိုက်ရတာ။ ခုတလော သူမပုံစံက အရင်တုန်းကလို နေမခပြောသမျှကို အူတူတူပုံစံလေးနဲ့ရယ်ပြီး နားထောင်နေတာမျိုးမဟုတ်တော့ဘဲဂျစ်တစ်တစ်နဲ့လေ။
" အလင်းချို မင်းဘယ်သွားမလို့လဲ "
မတွေ့ချင်လို့ ခပ်မြန်မြန် လျှောက်နေပါတယ်ဆိုမှ နာမည်တပ်ပြီးလှမ်းခေါ်ခံလိုက်ရတော့ အလင်းချိုရဲ့ခြေလှမ်းတွေ့ တုံ့ခနဲရပ်တန့်သွားရပြီး နောက်ကို မရဲတရဲ ပြန်လှည့် ကြည့်လိုက်ပြီးပြန်ဖြေလိုက်ရတယ်။
"လမ်းထိပ်မှာ ကားသွားငှါးမလို့ပါ ...ပန်းအိုးသွားပို့မလို့ .."
" အိမ်က ရှာပြီးသွားပြီလား ...ဘယ်ကိုပြောင်းမှာလဲ ...စကားအေးဆေး ပြောမလို့ကို မအားကြဘူးဖြစ်နေတယ် ... ခုလဲ အချိန်မရဘူး မဟုတ်လား ."
နေမခက ပြောနေရင်းကနေ လက်ကနာရီကို ကြည့်လိုက်မိတယ်။ဒီနေ့ ကားသွားကြည့်ဖို့အတွက် ချိန်းထားတာမို့ အချိန်က သိပ်မရပြန်ဘူးလေ။
"အိမ်ကကြည့်တုန်းပဲ....မသေချာသေးဘူးလေ"
အလင်းချိုရဲ့ မရေမရာအဖြေစကားကြောင့် နေမစိတ်ထဲမှာ ရှုပ်ထွေးသွားမိတယ်။မကြာခင် အိမ်ပြောင်းရတော့မှာကို အေးတိအေးစက်ပုံစံနဲ့လုပ်နေတာက စိတ်မရှည်ချင်စရာပုံစံမျိုးနဲ့လေ။ကိုယ်သာဆို အဲ့ဒီ လောက် စိတ်ညစ်စရာကောင်းတဲ့အိမ်ကနေ တစ်မိနစ်ပဲစောပြီး ထွက်ရထွက်ရ ထွက်လာမိမှာ ကျိန်းသေတယ်။ခုတော သူမပုံစံက အိမ်ရှင်အသစ်ရောက်လာတဲ့အထိ နေမယ့်ပုံမျိုးနဲ့ ။ သူမရဲ့ပုံစံကို နေမခ စိတ်မရှည်ချင်တော့။
"မင်း ..ငါတို့အိမ်မှာ လာနေမလား "
"ဟင် "
"တီ....တီ...တီ "
နေမခရဲ့ စကားကို အလင်းချို အံ့ဩတကြီးဖြစ်နေမိတုန်းမှာပဲ ကားဟွန်းတီသံက ခပ်ကျယ်ကျယ်ထွက်ပေါ်လာတယ်။နှစ်ယောက်သားလန့်ပြီး ကားဆီကိုလှမ်းကြည့်လိုက်တော့ စံမဒီကို တွေ့လိုက်ရတယ်။
"ငါသွားတော့မယ် " ဒါပဲပြောပြီး အလင်းချို နေရာမှ အမြန်ထွက်ခဲ့လိုက်တယ်။
~~~~
"သူ့ကို မကြာခဏတွေ့ရတယ်နော် "
နေမခ ကားပေါ်ကိုတက်လိုက်တာနဲ့ စံမဒီက ပြောလိုက်တယ်။
"ဟိုဘက်တစ်ခြံကျော်မှာနေတဲ့ ကျွန်တော့်သူငယ်ချင်းလေ "
" ဪ ... တော်တော်လေး ရင်းနှီးကြတာထင်တယ် .. အိမ်ပြောင်းတဲ့နေ့ကလဲ လာတယ်နော် "
စံမဒီက နေမခရဲ့ မျက်နှာကို စိုက်ကြည့်ပြီး မေးလိုက်တယ်။
နေမခက စံမဒီကို တစ်ချက်မော့ကြည့်လိုက်မိတယ်။အဲ့ဒီအခါ စံမဒီရဲ့ အကြည်တွေထဲမှာ မေးခွန်းပေါင်းများစွာကို နေမခတွေ့လိုက်ရတယ်။တကယ်တော့ နေမခနဲ့ အလင်းချိုခင်မင်ရတဲ့ နှစ်ထက် စံမဒီနဲ့ ရင်နှီးခင်မင်ခဲ့ရတဲ့နှစ်က ပိုများတယ်။စင်္ကာပူမှာနေတဲ့ တောက်လျှောက်မှာလဲ နေမခအလုပ်အားရက်တွေဆိုရင် စံမဒီသွားရာနောက် လျှောက်လိုက်ခဲ့ရတာ။ ကိုယ့် ကျေးဇူးရှင်တွေရဲ့ သမီးမို့ လိုက်လိုက်လျောလျောဆက်ဆံခဲ့သလို ၊တစ်ဦးတည်းသော သမီးဖြစ်တဲ့ စံမဒီကလဲ နေမခအပေါ်မှာ ရင်းရင်းနှီးနှီးနွေးနွေးထွေးထွေးနဲ့ ဆက်ဆံပေးခဲ့တယ်။ အသက်သုံးနှစ်လောက်ပဲကွာခြားတဲ့ သူတို့နှစ်ယောက်ကြားမှာ မောင်နှမဆွေမျိုးသားချင်းတွေလို၊မိတ်ဆွေသူငယ်ချင်းတွေလို့ ရင်းနှီးခင်မင်ခဲ့ကြတယ်။ နှစ်ယောက်ကြားမှာ ဒီထက်ပိုတဲ့ အခြေအနေတော့မဖြစ်သေးဘူး။ အဓိကက နေမခရဲ့စိတ်က ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို မလုပ်နိုင် ခင်မှာ အချစ်ရေးကို ဦးစားမပေးချင်တာလဲပါတယ်။စံမဒီက နိုင်ငံရပ်ခြားမှာ အနေကြာလာသူပီပီ ပွင့်ပွင့်လင်းလင်းပြောတတ်လေ့ရှိတယ်။
"မင်း သူ့ကို စိတ်ဝင်စားနေတာလား နေမခ ....ဒါမှမဟုတ် စိတ်၀င်စားခဲ့ဖူးတာလား "
"ဗျာ " စံမဒီရဲ့ မေးခွန်းကြောင့် နေမခကြောင်တက်တက်နဲ့ ပြန်ထူးလိုက်မိတယ်။
"ဖြေရခက်နေတာလား ...မဖြေချင်လဲမဖြေပါနဲ့ ရတယ် "
နေမခဘက်က ဘာမှပြန်မဖြေခင်မှာပဲ စံမဒီက သူ့မေးခွန်းကို ပြန်ရုပ်သိမ်းသွားတယ်။မသိမ်းလဲ နေမခမှာ ထွေထွေထူးထူးဖြေစရာမရှိပါ။
နေမခ ကားမောင်းနေစဉ်အတွင်း စံမီဒီ တစ်ယောက် ကားပေါ်မှာ ငြိမ်သက်စွာ လိုက်ပါလာခဲ့ရင်း စဉ်းစားတွေးတော့နေခဲ့ခယ်။
~~~~~~
"ဟော ..အလင်းချို ရောက်လာပြီလား ...ဆိုင်ထဲ ၀လောလေ ညီမ ......"
"ဟဲ့ ... ဘာ မိလင်း ... ပန်းကန်တွေက ငါ့သမီးတွေကြောင့် ကွဲတာဟုတ်လား....စကားကို ကြည့်ပြောစမ်း ...အိုးတွေကိုလဲ ငါတို့က ကိုင်ပြီးရင် ပြန်သိမ်းတာ ...အိမ်မှာနင်တို့နှစ်ယောက်ပဲ ဒိုင်ခံရှိတာလေ ...ဘာကိစ္စ ငါ့သမီးတွေကို လွှဲချနေရတာလဲ"
"ဒီအိမ်က ဘာပစ္စည်းကိုမှ... သမီးရော ဒေါ်လေးစန်းရော မဖျက်ဆီးဖူးဘူး ..."
စကားဆက်ပြောချင်စိတ် မရှိအောင် အလင်းချိုစိတ်ထဲမှာ စိတ်ပျက် စိတ်ရှုပ်နေမိတယ်။ဒီထက်ဆိုးတာက အိမ်အတွက် ငွေအကြေရပြီးရင် ဝေစုခွဲကြတဲ့အခါ ဘယ်လောက်စိတ်ညစ်စရာကောင်းတာတွေနဲ့ ကြုံရအုံးမလဲဆိုတာကို တွေးမိရင် ခုချက်ချင်းကို ဒီအိမ်ကနေ ထွက်ပြေးသွားချင်နေမိတာ။
~~~~
"တူ ...တူ...တူ "
အလင်းချိုအိပ်ရာပေါ်ကို လှဲချလိုက်တဲ့အချိန်မှာပဲ ဖုန်းသံ မြည်လာတာမို့ ဖုန်းကို ကောက်ယူလိုက်တယ်။
"ဟယ်လို "
"ဟယ်လို အလင်း ... နေကောင်းရဲ့လားဟင် ... မင်းအသံကတစ်မျိုးချည်းပဲ "
"ကောင်းပါတယ် ကိုလင်းရယ် ..အိမ်တွေရှင်းနေရလို့ ပင်ပန်းသွားလို့ပါ...ကိုလင်းရောအလုပ်ကိစ္စ အဆင်ပြေရဲ့လားဟင် "
" ပြေပါတယ် အလင်း ...ဒါနဲ့ ကားအတွက် ... ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကို ပြောထားပေးတယ် ..အလင်း ဘယ်ရက်လိုချင်လဲ "
ဟန်သော်လင်းရဲ့စကားကြောင့်အလင်းချို အားနာသလိုဖြစ်သွားရတယ်။
"ဟော့တော့ ... အလင်းချိုက ကားငှါးပြီးသွားပြီကိုလင်းရဲ့ ....အလုပ်တွေများပြီး ကိုလင်းကို မပြောမိတာ....အားနားပါတယ် ..."
"ဪ ...အဆင်ပြေသွားပြီလား ... ကားဖိုးကိုး အများကြီးပေးနေရအုံးမယ်"
"သိပ်မပေးရပါဘူး ...ကျေးဇူးပါနော်ကိုလင်း...ကျန်းမာရေးလဲ ဂရုစိုက်အုံး "
အလင်းချိုရဲ့ မှာနေတဲ့အသံလေးကို ကြားတော့ ဟန်သော်လင်း ရင်ထဲလှိုက်ခနဲ ခုန်လှုပ်သွားမိတယ်။ဒီစကားက ပြောရိုးပြောစဉ် စကားဆိုပေမဲ့ ဟန်သော်လင်းရင်ထဲမှာတော့ ကြည်နူးကျေနပ်သွားရတယ်။
"ဒါနဲ့..ကိုယ်ပြန်လာရင် ဘာလက်ဆောင် ၀ယ်လာရမလဲ ... မင်းမွေးနေ့လဲ နီးနေပြီမဟုတ်လား "
" လက်ဆောင်ဆိုမှတော့ ပေးချင်တဲ့သူရဲ့ သဘောအတိုင်းပါပဲနော်..."
"ဟုတ်ပြီလေ ... အဲ့ဒါဆို မင်းကြိုက်မယ်ထင်တာတွေ ရှာဝယ်ခဲ့မယ် ဟုတ်ပြီလား ...ဂွတ်နိုက်နော် "
~~~~~
"တူ ...တူ...တူ...."
မနက်ဖြန်ကျရင်ပန်းအိုးတွေ လာယူတော့မှာမို့ ခြံထဲမှာ ပန်းအိုးတွေစီနေတုန်းဖုန်း မြည်လာတာမို့ အလင်းချို ဖုန်းကို လှမ်းယူပြီး ပြောလိုက်တယ်။
"ဟယ်လို ... "
"ဟယ်လို ... အလင်းချိုလားဟင် "
"ဟုတ်ပါတယ်ရှင် "
တစ်ဖက်က အမျိုးသမီးတစ်ယောက်ရဲ့ မေးသံသံကြောင့် အလင်းချို ပြန်ထူလိုက်မိတယ်။
"ညီမရေ .. တို့လေ မမမိုးပါ... မမှတ်မိဘူးလား...ညီမလေးက မမရဲ့ဖုန်းကို မမှတ်ထားဘူးပေါ့လေ...စိတ်တောင်မကောင်းဘူးကွာ "
တစ်ဖက်က အမျိုးသမီးရဲ့ စကားကြောင့် အလင်းချို ချက်ချင်းလိုလို မှတ်မိသွားတယ်။
"ဪ ...ဟုတ်ကဲ့ မမ...မှတ်မိပါတယ် မမ "
" မှတ်မိလို့ တော်သေးတာပေါ့ကွယ် ... ညီမကို မမရဲ့ဆိုင်လိပ်စာကတ်ပေးခဲ့တယ်နော် ရှိသေးတယ်မဟုတ်လား ... မမရဲ့ ဆိုင်ကို ပန်းအိုးလေးတွေ ပို့ပေးပါလားကွယ် .. ကားငှား လာခဲ့လေ ကားခပါ မမပေးမှာပါ "
@@@@@@@@@@@@@@@@@
အပိုင်း ( ၂၇ ) ဆက်ရန်
ဧကြည်ဖြူ
ဒေါ်အေးမြနွယ်သက်ပြင်းကို မသိမသာချလိုက်မိပြီး သားဖြစ်သူရဲ့ရှေ့ကနေ ထထွက်ခဲ့မိတယ်။ယောက္ခမတွေနဲ့ ယောကျာ်းဖြစ်သူက အကျင့်မကောင်းခဲ့ကြဘူးဆိုပေမဲ သားဖြစ်သူဆီမှာ စိတ်ရိုင်းလေးတွေ၀င်နေတာမျိုးကိုတော့ ဒေါ်အေးမြနွယ်သဘောမကျမိပါ။
~~~~~
"နောက်လဆယ့်ငါးရက်နေ့မှာ အိမ်ကိုအပြီးပြောင်းပေးရမယ် ... အားလုံးအဆင်သင့်ပြင်ထားကြ "
ကြီးကြီးမေက အလင်း ချိုနဲ့ဒေါ်လေးစန်း ကြားအောင် ပြောနေရင်းကနေ အိမ်ထဲက အဘွားပိုငတဲ့အိုးခွက်ပန်းကန်တွေပါမကျန် ပစ္စည်းတွေကို နှစ်ပုံပုံနေတယ်။တစ်ချက်တစ်ချက်လဲ ငြင်းသံခုန်သံတွေကိုပါကြားရတယ်။
"မကြီးတို့က အိမ်ထောင်ပရိဘောဂပြည့်စုံနေပြီပဲ ... ဒီဆက်တီခုံတွေကို အေးယူလိုက်မယ် ....အိမ်ကအသစ်ဆိုတော့ ဘာမှမရှိသေးဘူး "
"ဟဲ့ ...အဲ့ဒီလိုတော့ ရမလား အေ.. ဒါတွေက ကျွန်းအစစ်တွေဟဲ့.မင်း တန်ဖိုးကနည်းတာမဟုတ်ဘူး ... တစ်ယောက်တည်းတော့ ယူလို့ဘယ်ရမလဲ ... လိုချင်တဲ့သူက ငွေထုတ်အမ်းမှပေါ့ "
" ဪ မကြီးရယ် ...အေးက ကျန်တာတွေ ဘာတစ်ခုမှမယူတော့ပါဘူး "
"အိုအေ ...မရပါဘူး ... ငါ့အိမ်က ဆိုဖာတွေလဲ မကောင်းတော့လို့ လဲရတော့မှာ "
ညီအစ်မတွေ ပစ္စည်းတွေ ခွဲရင်း စကားတွေ များနေကြတာ။ အဘွားကတော့ အခန်းထဲမှာ တအီအီနဲ့ကြိတ်ငိုနေရှာတယ်။အဘွားတစ်သက်လုံး တမြတ်တနိုးနဲ့ စုဆောင်းလာခဲ့ရတဲ့ပစ္စည်းတွေက ပစ္စည်းဟောင်းဝယ်တဲ့သူလက်ထဲ ရောက်သွားတာရှိသလို သမီးနှစ်ယောက်ရဲ့ တိုက်ခန်းကို ယူသွားတာတွေလဲ ရှိတယ်။အလင်းချိုရဲ့ တစ်ယောက်အိပ် သစ်သားခုတင်လေးကို လည်း ပစ္စည်းဟောင်းသမားကို ပြပြီးရောင်းနေတယ်လေ။တန်ကြေးမရှိတဲ့ ဒီခုတင်ကိုတောင် အလွတ်မပေးတဲ့ ကြီးတော်တွေကို ကြည့်ပြီး အလင်းချိုကတော့ စိတ်ထဲသနားသလိုလို တောင်ဖြစ်လာမိတယ်။တစ်နေ့တစ်နေ့ ပစ္စည်းတွေကို ညီအစ်မနှစ်ယောက်တည်း ခွဲဝေယူနေကြတာတောင် တစ်ယောက်ကနည်းနည်းလေး ပိုသာပြီးရသွားမှာကိုစိုးရိမ်တကြီးဖြစ်နေကြပြီး ရန်တွေဖြစ်ကြစကားတွေများကြနဲ့ ဆူညံပွက်လောရိုက်နေတော့တာ။တော်သေးတာက အလင်းချိုရဲ့ မိထွေးကတော့ မာနကြီးပုံရတယ် ။ငွေကိစ္စကလွဲရင် အိမ်က ပစ္စည်းတွေကို မျက်စောင်းတောင်မထိုးဘူး။ ကြီးကြီးမေနဲ့ ကြီးကြီးအေးတို့ညီအစ်မနှစ်ယောက်တည်းလုနေ၊စကားများနေကြတော့တာ။
"မိစန်း ...ဟဲ့ မိစန်း ...အိုးတွေက ဒါပဲလား .... ဘယ်တွေရောက်ကုန်ပြီလဲ ... အိမ်မှာ လူတစ်ရာစာလောက်ကျွေးလို့ လောက်အောင်အိုးခွက်ပန်းကန်တွေရှိတယ်လေ ... နင်တို့ ရောင်းစားလိုက်ကြတာလား ''
ကြီးကြီးမေရဲ့ အသံက ဟိန်းထွက်လာတယ်။ဒေါ် လေးစန်းရဲ့ အသံကိုလဲ ကြားလိုက်ရတယ်။
" ကျွန်မတို့ မသိဘူး ... အိမ်မှာ အလှူမလုပ်တာလဲကြာပြီ...အဲ့ဒီအခန်းထဲကို မဝင်တာလဲကြာပြီ "
"ဟဲ့ ဒီအိမ်မှာ နင်တို့ပဲရှိတာ...နင်တို့ မယူလို့ ဘယ်သူယူမလဲ ... ဟိုဟာမလေးယူပြီး ရောင်းစားလိုက်လား ... သူဘယ်မှာလဲ ခေါ်လိုက်စမ်း မိစန်း "
~~~~~
ကြီးကြီးအေးရဲ့ အသံအဆုံးမှာ အဘွားရဲ့အခန်းဘက်ဆီကို ခပ်မြန်မြန် လျှောက်လာတဲ့ ခြေသံကိုကြားလိုက်ရတယ်။အဘွားက မျက်ရည်တွေ တွေတွေကျရင်း သူ့လက်ထဲက ပုတီးကို တစ်လုံးချင်းစိပ်နေတယ်။ မြင်နေရတဲ့အလင်းချိုမှာရင်ထဲမကောင်းဘူး။အလင်းချိုက အဘွားရဲ့ နံရံကပ်ဗီရိုကြီးကို ရှင်းနေတာလေ။အဘွားရဲ့ ဗီရိုကြီးထဲမှာ အလင်းချို မမြင်ဖူးခဲ့တဲ့ အဘိုးရဲ့ အဝတ်အစားအဟောင်းတွေကိုလဲ တွေ့ရတယ်။ အဘွားက အလင်းချို ဗီရိုရှင်းနေတာကို မျက်ရည်တွေနဲ့ ကြည့်နေတာလေ။အဘွားက သူ့သားသမီးတွေကို ကြောက်လို့ နောက်ဆုံးမှာတော့ မျက်ရည်စက်လက်နဲ့ပဲ သားသမီးတွေ စီတ်တိုင်းကျ လုပ်ခွင့်ပေးလိုက်ပါတယ်။
"အလင်းချို ....သမီးကိုမမကြီးတို့ ခေါ်နေတယ် "
အလင်းချို ထင်သလိုပါပဲ ခြေသံက အဘွားရဲ့အခန်းရှေ့မှာ ရပ်တန့်သွားပြီး ဒေါ် လေးစန်းရဲ့ အသံကို ကြားလိုက်ရတယ်။
"ဟုတ်ကဲ့ ..အေါ်လေးစန်း ... သမီးခဏသွားလိုက်အုံးမယ် ...ဒေါ်လေးစန်း အဘွား နားမှာ ခဏနေလိုက်အုံးနော် "
~~~
"အမေ့ခုတင်ကြီးကို ဘယ်လိုလုပ်ကြမလဲ ...ခုတင်ကြီးက အကြီးကြီး သယ်သွားဖို့လဲ မလွယ်ဘူး "
" ဘာတတ်နိုင်မှာလဲအေ...ရောင်းပစ်လိုက်ရမှာပေါ့."
"အမေကတော့ ပြောတော့မယ် ...အမေက သူ့ခုတင်နဲ့ပဲ အိပ်တတ်တာလေ"
"ဒါတော့ ဒါပေါ့ ...ခြံနဲ့ အိမ်ကိုတောင် စွန့်ရသေးတာပဲ ...ဒီခုတင်လေးနဲ့မှတော့ ရအောင် ပြောရမှာပေါ့အေ "
"ကြီးကြီးမေ ..သမီးကိုခေါ်တယ်ဆို "
အလင်းချို အသံပေးလိုက်တော့ ကြီးတော်နှစ်ယောက်က လှည့်ကြည့်လာကြတယ်။
"မိလင်း အိမ်မှာဘာတွေဖြစ်နေတာလဲ ... ကြွေပန်းကန်တွေရော ....အိုးတွေ ခွက်တွေပါပျောက်နေတယ် ... ဘယ်တွေရောက်ကုန်တာလဲ ...ညည်းတို့တွေ ငါ့အမေပစ္စည်းတွေကို ရောင်းစားနေကြတာလား "
ကြီးတော်နှစ်ယောက်ကိုကြည့်ပြီး အလင်းချိုစိတ်ညစ်စိတ်ပျက်သွားမိတယ်။တစ်အိမ်လုံးရှိရှိသမျှ ပစ္စည်းတွေကို ခွဲဝေယူနေရတာကို မာကျေနပ်နိုင်ဘဲ ဖြစ်နေကြတာလေ။
"ကြွေပန်းကန်တွေလျှော့နေတာကတော့ မနီလာနဲ့ ကြည်ပြာလုပ်လို့ ပန်းကန်တွေကွဲကုန်လို့ပါ ..အိုးတွေ ပျောက်တာကတော့ .. အဲ့ဒီ အိုးတွေ ကို ကြီးကြီးတို့ပဲ ယူကိုင်နေကြတာပါ ...သမီးတို့မသိပါဘူး "
ဧကြည်ဖြူ
"သံယောဇဉ် ကမ်းပါး "
အပိုင်း ( ၂၆ )
********
"မင်းကို တွေ့ရဖို့က ခက်ခဲလှပါလား "
နေမခက အလင်းချိုကို ကြည့်ပြီးပြောလိုက်တယ်။
" တွေ့ချင်ရင်ဖုန်းဆက်လေ ဖုန်းနံပတ်တောင်းဖို့ တောင် သတိမရဘူး မဟုတ်လား " ဆိုတဲ့ စကားတွေကို အလင်းချို ပြောလိုက်ချင်ပေမဲ့ စကားလုံးတွေကို ပြန်မြိုချလိုက်ပြီး ပြန်ပြောလိုက်တယ်။
"ဒီရက်ပိုင်း အလုပ်မျူးနေလို့ပါ ...ကိစ္စရှိလို့လားဟင်"
" မင်းတို့အိမ်ပြောင်းဖို့ကိစ္စလေ ...ဘယ်လိုဖြစ်သွားပြီလဲ ... အမေတို့ဆီကိုရော မသွားဘူးလား... အမေကမေးနေတယ်..."
"အင်း မသွားဖြစ်ဘူး... အဘွားလဲ သိပ်နေမကောင်းလို့.. ညနေအချိန်ရရင် သွားလိုက်မယ် "
အလင်းချိုက ပြောရင်းကနေ နေမခတို့အိမ်ကိုကြည့်လိုက်မိတယ်။ အိမ်ထဲမှာ အိမ်ပြင်နေတဲ့သူတွေ အလုပ်လုပ်နေကြတာကိုတွေ့လိုက်ရတယ်။ကြက်ရတာ နေမခလဲ အလုပ်လုပ်နေရာကနေ အလင်းချိုကိုမြင်လို့ ထလာပုံရတယ်။အလင်းချိုကလဲ ဈေးဝယ်ပြီးပြန်လာတော့ အိမ်ထဲက ထွက်လာတဲ့ နေမခနဲ့ ခြံရှေ့မှာတည့်တည့်တိုးတာလေ။
" မအားရင်လဲ မသွားပါနဲ့ကွာ ...အိမ်လဲပြီးတော့မှာမို့ သုံးလေးရက်နေရင် အိမ်ပြန်ပြောင်းလာကြတော့မှာပဲ ."
"ဟုတ်လား ...မြန်သားပဲ ...အိမ်ပြောင်းရင်ပြောလေ ....လာဝိုင်းကူပေးပါ့မယ် "
"ရပါတယ် အိမ်ပြောင်းအိမ်ရွေ့ဝန်ဆောင်မှုကိုပဲငှါးလိုက်မယ်... ဒါနဲ့ မင်းရဲ့ သစ်ပင်တွေကို အကုန်ရောင်းမှာ မဟုတ်လား ... ခြံထဲမှာထားဖို့အတွက် ဝယ်ထားမလို့လေ အဲ့ဒါကို ပြောချင်လို့ "
နေမခမှာ ပြောချင်တဲ့စကားဆီကိုရောက်ဖို့ မနည်းကြိုးစားပြောလိုက်ရတယ်။
"နင်တကယ်ပြောတာလား ... နောက်နေတာလားဟင် နေမခ "
နေမခဆိုတာ စကားကို ရွတ်ရွတ်နောက်နောက်ပြောတတ်တဲ့သူမဟုတ်မှန်းသိပေမဲ့ အလင်းချို သေချာအောင် မေးကြည့်လိုက်မိတယ်။
"ဟာကွာ ... ဘာလို့ နောက်ရမှာလဲ ... အတည်ပြောနေတာ "
နေမခဆီက သေချာတဲ့စကားကိုကြားရတော့ အလင်းချိုရင်ထဲ လှိုက်ခနဲခုန်လှုပ်သွားမိတယ်။ သူတကယ်ပဲ ပန်းအိုးတွေကို လိုချင်လို့ ဝယ်တာလား။ ဒါမှမဟုတ် အလင်းချိုကိုကူညီချင်လိုတမင်ဝယ်တာလား ။ ဒီလိုကိုယ် လိုရာကိုဆွဲတွေးလိုက်တော့ စိတ်ထဲအတော်လေးပျော်ရွှင်သွားမိတယ်။ ဒါပေမဲ့လည်းပေါ့....။
" ပန်းအိုးတွေက မရှိတော့ဘူး ... စိုက်ပျိုးရေးခြံတစ်ခြံက လာယူဖို့ စရံပေးပြီးသွားပြီး ... ဒါပေမဲ့ အန်တီနွယ်တို့ အဘွားတို့ကို လက်ဆောင်ပေးဖို့ အပင်တွေချန်ထားပါတယ် .. နင်တို့အိမ်ပြင်ပြီးသွားရင် ပို့ပေးမလို့လုပ်ထားပြီးသားပါ "
"ဟုတ်လား ...ရောင်းပြီးသွားပြီပေါ့ ... ကျန်တဲ့အိုးတွေကိုလဲ လက်ဆောင် မပေးပါနဲ့ ...တန်ရာတန်ကြေးပေးပါ့မယ် "
နေမခရဲ့ ဒီစကားကိုတော့ အလင်းချို စိတ်တိုသွားမိတယ်။ဒါကခင်မင်မှုကို ငွေရေးကြေးရေးနဲ့ တန်ဖိုးဖြတ်တာပဲမဟုတ်လား။
"မလိုပါဘူးဟာ ...နင့်ကိုပေးတာမှ မဟုတ်တာ ...အန်တီတို့ကိုပေးတာလေ ....အမြဲတမ်းငွေစကားပဲပြောနေတယ် ...ငါသွားတော့မယ် "
" ဟာ ... ငွေစကားပြောတာမဟုတ်ဘူးလေ... မင်းလဲ ငွေလိုနေတာမဟုတ်လား....ပြီးတော့ ဒီအပင်တွေက မင်းလဲ အလကားရထားတာမဟုတ်တာ "
" အလကားရထားတာမဟုတ်ပေမဲ့ ...အန်တီနွယ်နဲ့ ငါနဲ့ကြားမှာ ငွေစကားပြောဖို့ မလိုဘူးလေ "
အလင်းချိုရဲ့ ပုံစံကိုကြည့်ပြီး မာနကြီးတာလား ။နုံအတာလား နေမခမခွဲခြားနိုင်တော့ဘူး။ ကိုယ့်ဘက်ကတော့ သူမကို ကူညီနိုင်မဲ့နည်းလမ်းကို အကောင်းဆုံး ရှာဖွေခဲ့တာပဲလေ။
"ငါသွားတော့မယ်နော် "
နေမခကို နှုတ်ဆက်ပြီးတာနဲ့ အလင်းချိုခြေလှမ်းတွေကို အမြန်ဆုံးလျှောက်လာခဲ့လိုက်တယ်။
~~~~
"ပန်းအိုးတွေကို အကုန်ဝယ်မယ်လို့ ပြောလိုက်တာပဲ အမေရာ...သူပြောတာတော့ ရောင်းပြီးပြီးတဲ့လေ "
စိတ်ထဲမကြေမလည်ဖြစ်နေမိတာကို နေမခက မိခင်ကို ထုတ်ပြောလိုက်တယ်။
"သားကြီးရယ် ... သူငယ်ချငတွေပဲဟာ ....နင်အကူအညီလိုရင် ငါ့ကိုပြောသူငယ်ချင်း လို့ ပြောလိုက်တော့ ဘာဖြစ်မှာမို့လို့လဲ ... အလင်းချိုတော့ စိတ်မကောင်းဖြစ်သွားတော့မှာပဲ "
"ထားလိုက်ပါ အမေရာ ...အိမ်ရွေ့ဖို့ကိစ္စစီစဉ်ရအောင်...အိမ်ရွှေ့ပြီးတာနဲ့ အိမ်တက်လုပ်မယ် ... လကုန်ပြီးရင် ကျွန်တော်တို့ဆိုင်လဲ ဖွင့်တော့မှာ....မကြာခင် နှစ် ကုန်တော့မှာ ဆိုတော့ အငယ်လေးလဲ စာမေးပွဲနီးနေပြီမဟုတ်လား .... ဒီကြားထဲ ဟိုဘက်အိမ်ကလာခိုးတွေ့ နေအုံးမယ် ... သူတို့ကချစ်လိုလာတွေ့တာ မဟုတ်ဘူး ....လိုချင်လောဘတွေနဲ့ တွေ့ချင်နေကြတာ ... မပတ်သက်တာ အကောင်းဆုံးပဲ "
"သားကြီးရယ် "ဟုသာ ဒေါ်အေးမြနွယ်ရဲ့စိတ်ထဲကနေ ရေရွတ်လိုက်မိတော့တယ်။ဖအေရင်းနဲ့ ဘိုအေး ဘွားအေတွေကို နာကြည်းစိတ်ဝင်နေတဲ့သားကို ဒေါ်အေးမြနွယ် ဘယ်လိုလုပ်ရပါ့မလဲ။သေချာတာက ဒီဆူးတွေ သားကြီးရဲ့ရင်ထဲ နှလုံးသားထဲမှာ စူးနစ်နေအောင် လုပ်ခဲ့သူတွေထဲမှာ ဒေါ်အေးမြနွယ်လဲ ပါဝင်နေခဲ့တယ်ဆိုတာပါပဲ။
"အဲ့ဒါပဲ သားကိုပြောမလို့ လေ ...သား မသွားချင်လဲ မသွားနဲ့လေကွယ် ...အဘွားကိုတော့ သွားခွင့်ပေးလိုက်နော်..."
မိခင်ရဲ့စကားကြောင့် နေမခက မိခင်ကိုတစ်ချက်မော့ကြည့်လိုက်မိတယ်။
"အဘွားသွားချင်ရင်သွားပါစေ ...အမေတို့တော့ မလိုက်သွားနဲ့ "
" အေး ...အေးပါ သားကြီးရယ် "
အလင်းချိုက ကျေးဇူးတင်စကားကို ပြောလိုက်ပြီး ပန်းအိုးတွေကို ကားပေါ်တင်ပေးလိုက်တယ်။
" တစ်ယောက်တည်း မသယ်နဲ့လေ ....မမလဲ ဝိုင်းသယ်ပါ့မယ် ညီမလေးရဲ့ "
ပန်းအိုးတွေ ဘယ်နေတဲ့အလင်းချိုကို ကြည့်ပြီး မိုးသူဇာက ဟန်လေးပန်လေးနဲ့ ပြောလိုက်ပြီး ကားဆီကို လုပ်လီလုပ်လဲ့လျှောက်လာခဲ့လိုက်တယ်။
"ရတယ် ...ရတယ် မမ ... ဒါက အလင်း လုပ်နေကျ တွေပါ .."
ခြံဝမှာ မတ်တတ်လေးရပ်ပြီးကျန်နေခဲ့တဲ့ အလင်းချိုကို ကားနောက်ကြည့် မှန်ထဲကနေ ကြည့်လိုက်ပြီး မိုးသူဇာ မဲ့ပြုံးလေးတစ်ချက်ပြုံးလိုက်မိတယ်။ဘာမဟုတ်တဲ့ မိန်းမကများ မိုးသူဇာကို ယှဉ်နိုင်မတဲ့လား။
@@@@@@@@@@@@@@@@@
အပိုင်း ( ၂၆ ) ဆက်ရန်
ဧကြည်ဖြူ
စာမူတွေ တိုနေတာ အားနာပါတယ်ရှင်🙏🙏🙏
ဖျားလဲ ဖျားနေ အလုပ်လေးလဲ များနေလို့ပါရှင်
"
ဖုန်းထဲက အလင်းချိုရဲ့အသံကို ဟန်သော်လင်းငြိမ်သက်စွာနားထောင်နေမိတယ်။
" ကိုလင်းဘာဖြစ်နေတာလဲ ...ဘာမှလဲပြန်မပြောဘူး
အလင်းချိုက ဒုတိယအကြိမ်မြောက် မေးလိုက်မှ ဟန်သော်လင်း ခပ်တိုးတိုး ပြန်ဖြေလိုက်မိတယ်။
"ကျွန်တော် ခရီးသွားနေတာ အလင်းရဲ့ ... မနေ့က အလင်းကိုပြောဖို့ လာခဲ့သေးတယ်....အလင်းအိမ်မှာမရှိလို့ "
" ဟင် ဟုတ်လား ... မနေ့က ပျိုးပင်ဆိုင်ကို သွားနေတာ ဖုန်းတော့ မဆက်လိုက်ဘဲနဲ့ ....ဒါနဲ့ ဘယ်လောက်ကြာမှာလဲဟင် ..အလင်းက ကိုလင်းဆီမှာ အကူအညီတောင်းမလို့ ကို "
" ဘာအကူအညီလဲ အလင်း ...ပြောလေ "
ဟန်သော်လင်း စိတ်လှုပ်ရှားစွာ ပြန်မေးလိုက်မိတယ်။သူတို့နှစ်ယောက်ခင်လာတဲ့ တစ်လျှောက်လုံးမှာ အလင်းချိုဆီကနေ အကူအညီတောင်းမလို့ ဆိုတဲ့ စကားက ဒါပထမဆုံး ကြားဖူးတာလေ။
"ကားငှားချင်လို့လေ ...ကိုလင်း အသိထဲများရှိလားလို့ စုံစမ်းခိုင်းမလို့ ..စျေးလဲ အရမ်းမကြီးတာမျိုးပေါ့ "
" ကားဟုတ်လား .. ကျွန်တော့်ကား ရှိတာကို ... အရေးကြီးလို့လား ... ခရီးကပြန်ရောက်တာနဲ့ လာခဲ့မယ်လေ "
"ကိုလင်းရဲ့ကားနဲ့မရဘူးလေ ... ပန်းအိုးတွေ အကုန်သယ်မှာမို့....ကုန်တင်ကားလိုကားကြီးမှ ဖြစ်မှာ "
"ပန်းအိုးတွေအကုန်လား .. အကုန်ရောင်းရတာလား"
ဟန်သော်လင်းက အံ့သြတကြီးမေးလိုက်မိတယ်။
" အင်း အကုန်ရောင်းရတယ်ဆိုတာထက် ...ရောင်းပစ်လိုက်ရမှာလို့ပြောရမှာပေါ့ ...အဲ့ဒီလိုအခြေအနေဖြစ်သွားတယ် "
အလင်းချိုရဲ့စကားကြောင့်ဟန်သော်လင်း စိတ်ထဲ ပူပင်သွားရတယ်။အလင်းချိုနဲ့ သူ့ကြီးတော်တွေ အဆင်မပြေတာကိုလဲ ဟန်သော် လင်းသိထားတယ်လေ။
"ဘာဖြစ်လို့လဲ အလင်း ... ဘာပြဿနာဖြစ်လို့လဲဟင် " ဟန်သော်လင်း ထိတ်ထိတ်ပျာပျာနဲ့ မေးလိုက်မိတယ်။
"ဘာမှမဖြစ်ပါဘူး...ပြန်လာရင် သိမှာပါ ..ဒီကြားထဲ ပြန်ရောက်ရင်ဖုန်းဆက်လိုက်လေ ..."
အလင်းချိုနဲ့ဖုန်းပြောပြီးသွားတော့ ဟန်သော်လင်းရင်ထဲ ပူပြီးကျန်ခဲ့တယ်။ဖြစ်နိုင်ရင် ခုချက်ချင်း ကားပေါ်ကဆင်းပြီး ရန်ကုန်ကိုပြန်ပြေးသွားလိုက်ချင်မိတော့တယ်။
~~~~
"ပန်းအိုးလေးတွေ၀ယ်ချင်လို့ ....ရတယ်မဟုတ်လား "
ခြံရှေ့ကို ကားထိုးဆိုက်လာပြီး ပန်းဝယ်ချင်တယ်ဆိုတဲ့ မမကို အလင်းချို တအံ့တသြ ငေးကြည့်နေမိတယ်။ခေတ်ပေါ် အဝတ်အစားတွေနဲ့ လှပလွန်းနေတဲ့ ဒီအမျိုးသမီးကို အလင်းချိုတို့ အနီးတစ်ဝိုက် ရပ်ကွက်တွေမှာ မတွေ့ဖူးတာတော့ သေချာတယ်။
"ဟုတ်ကဲ့ ရပါတယ် အစ်မ ... ပျိုးပင်ဆိုင်က ဒေါ်ကြီးလွှတ်လိုက်တာလားဟင် "
"မဟုတ်ပါဘူး....ဒီလိုပဲ ဒီမှာ ပျိုးပင်လေးတွေ ရောင်းတယ် ကြားလို့ လမ်းကြုံတာနဲ့ဝင်ကြည့်လိုက်တာ ...သစ်ခွ တွေရတယ် မဟုတ်လား "
မိုးသူဇာက မျက်နှာကို အတတ်နိုင်ဆုံး ပြုံးထားပြီး ပြန်မေးလိုက်တယ်။ဟန်သော်လင်း မကြာခဏ လာလာနေတဲ့ မိန်းခလေးဆိုလို့ မိုးသူဇာလာကြည့်တာ။ ကောင်မလေးကို မြင်တော့ ရယ်ချင်သလိုလို တောင်ဖြစ်သွားမိတယ်။ ရှပ်အင်္ကျီဖားဖား ၊ ကျစ်ဆီ ပြီးတကားကား ၊ မျက်နှာမှာသနပ်ခါးကဘဲကြားနဲ့လေ။မျက်နှာလေးကတော့ မဆိုစလောက်လေးလှသား။ မျက်ခုံးထူထူလေးတွေက ထင်းနေတာပဲ။ ဒါကလဲ မျက်နှာကို သေချာကြည့်မှ မြင်ရတာမျိုး။ ဒီလိုပုံစံကို ဟန်သော်လင်းလိုကောင်မျိုးက ဘာတွေများသဘောကျနေတာလဲ ဆိုတာကို စဉ်းစားလို့ကို မရဘူး။ မမဆွေဆီက သိရသလောက်တော့ ဒီကောင်မလေး ခုတလောမှာ ငွေလိုနေတယ် ဆိုလားပဲ။ ဒီအခွင့်အရေးကို အသုံးချဖို့ မိုးသူဇာတို့က အကွက်ချလာခဲ့ပြီးသားလေ။
"သစ်ခွအိုးလေးတွေပြပေးနော် ညီမလေး ... "မိုးသူဇာက အသံချိုချိုလေးနဲ့ ပြောလိုက်တယ်။
ဝယ်သူမမလှလှရဲ့ စကားကြောင့် အလင်းချိုစိတ်ထဲထိတ်ခနဲ ၀မ်းသာသွားမိတယ်။ဘာပဲဖြစ်ဖြစ် အပင်တွေ အကုန်လုံးကို လျှော့စျေးနဲ့ ပေးလိုက်ရမဲ့အစား တန်ရာတန်ကြေးနဲ့ တစ်အိုးနှစ်အိုးလောက် ရောင်းရမယ်ဆိုတော့ ပျော်မိတာပေါ့။
"လာပါ မမ ...ခြံထဲ၀င်ခဲ့လေ ... မမကြိုက်တာယူလို့ရတယ် ... နောက်ရက်တွေဆိုရင် ဒီပန်းအိုးတွေက အကုန်ပို့လိုက်ရတော့မှာလေ "
"ဟယ် ..ဟုတ်လား ...မမလဲ အကုန်လိုချင်လိုက်တာကွယ် ... မမက အလှပြင်ဆိုင်ဖွင့်ထားတာညီမရဲ့ ... ဖြစ်နိုင်ရင် ဆိုင်မှာ ပန်းအိုးတွေ ထားပစ်လိုက်ချင်တာ ဆိုင်က ကျဉ်းနေလို့သာပေါ့ .. ဒါပေမဲ့ ထားလို့ရသလောက်တော့ ဝယ်သွားမယ်ညီမလေး "
"ဪ ... ဟုတ်ကဲ့ ... စိတ်ကြိုက်ကြည့့်ပါ မမ ...ဆိုင်တွေမှာ အလှထားလို့ရတဲ့ ပန်းအလှပင် လေးတွေလဲရှိပါတယ်"
"အင်းပါ ညီမရယ် မမဝယ်သွားမှာပါ ....မမ အေးဆေး ကြည့်မယ်နော်... ရတယ် မဟုတ်လား ညီမ "
မိုးသူဇာက အချိုသာဆုံး ပြုံးပြပြီး မေးလိုက်တယ်။
" ဟုတ်ကဲ့ ...ရပါတယ် မမ ..အေးဆေး ကြည့်ပါနော်...ကြိုက်တာတွေ့မှ ယူလို့ရပါတယ်ရှင် "
"ကျေးဇူးပဲနော် ညီမလေး "
~~~~~~~
မိုးသူဇာ ၀င်ရောလိုက်တဲ့အစီအစဉ်က အောင်မြင်တယ်လို့ပဲပြောရမလား ။ ခဏအတွင်းမှာပဲ မိုးသူဇာနဲ့ အလင်းချိုတို့ ရင်းနှီးသွားကြတယ်။
"မမနာမည်က မိုးမမတဲ့ ညီမရဲ့ ...( ....) ဘက်မှာ အလှပြင်ဆိုင်ဖွင့်ထားတယ် ...ညီမလေး ဆံပင်တွေဘာတွေ လုပ်ချင်ရင်လာခဲ့နော် ... ညီမလေးကို မြင်မြင်ချင်း ကိုယ့်ညီမလေးလိုခံစားရတယ် ..မမ လိပ်စာကတ်ပေးခဲ့မယ် ...ဖုန်းလဲဆက်မယ်နော်"
"ဟုတ်ကဲ့ မမ..ကျေးဇူးပါနော် "
ဧကြည်ဖြူ
"သံယောဇဉ် ကမ်းပါး "
အပိုင်း (၂၅ )
******
အလင်းချိုရေခဲသုပ်ပန်းကန်ကို စူးစူးစိုက်စိုက်ကြည့်နေမိရာမှ ဆတ်ခနဲထရပ်လိုက်မိတယ်။ဒီနေရာမှာဆက်ပြီးထိုင်နေဖို့ရန် သတ္တိလည်း မရှိတော့ပါဘူး။ အအေးဖို့ ပိုက်ဆံကို ရှင်းလိုက်ပြီးဆိုင်ပြင်ကို လေးပင်စွာနဲ့ ထွက်လာခဲ့လိုက်တယ်။
" ငါသွားတော့မယ်နော် ...နင် အလုပ်မအားဘူး မဟုတ်လား "
" ဟာ ... နေအုံးလေ "
နေမခလှမ်းတားလိုက်ပေမဲ့ အလင်းချိုခပ်သွက်သွက်ပဲ ထွက်လာခဲ့လိုက်တယ်။
"ဟယ်လို ... မစံ ကျွန်တော်လာခဲ့မယ် ခဏပဲစောင့်နော် "
နေမခနားကနေ အလင်းချိုခပ်သွက်သွက်ထွက်လာခဲ့တာတောင် နေမခရဲ့အသံက အလင်းချိုနောက်ပါးဆီမှာ ကပ်ပါလာခဲ့တယ်။အလင်းချို ကားဂိတ်ကိုမပြေးရုံတမည် လျှောက်လာခဲ့ပြီး ရောက်လာတဲ့ကားပေါ်ကို ပြေးတက်ခဲ့လိုက်တယ်။ အလင်းချိုရဲ့ အပြုအမူက ရိုင်းကောင်းရိုင်းနေနိုင်ပေမဲ့ အဲ့ဒီနေရာမှာ ဆက်ထိုင်နေရင်လဲ ဘာအကျိုးမှမရှိဘူးလေ။
~~~~
"ဆိုင် အတွက်ပစ္စည်းတွေ ရောက်လာပြီ ...အိမ်က ထားခဲ့လို့ရရဲ့လားနေမခ"
"ရပါတယ် မစံ ...ထားခဲ့ရမှာပေါ့ ...တော်ကြာ သူဋ္ဌေး ငြိုငြင်သွားမှဖြင့် အလုပ်ပြုတ်နေပါ့မယ် "
"ပြောပြီး ...မသိရင် တို့ပါးပါးက လူဆိုးကြီး ကျနေရော .."
နေမခက မစံကိုတစ်ချက်ပြုံးပြလိုက်ပြီး အပြင်ထွက်ဖို့ပြင်ဆင်လိုက်တယ်။ နေမတို့ လုပ်နေတဲ့အရောင်းဆိုင်က ရှင်းအောင်ပြောရမယ်ဆိုရင်မစံရဲ့ အဖေကအဓိက ငွေထုတ်သူ ။ပြီးတော့ အဲ့ဒီမှာမှ မစံတို့ နေမခတို့လို နိုင်သလောက် ရှယ်ယာထည့်ဝင်ထားသူတွေလဲရှိတယ်။နေမခက ရှယ်ယာပါတာနဲ့ မဆိုင်ဘဲ လခစားနဲ့ပါ အလုပ်ဝင်နေတာ။ရှယ်ယာအတွက် အမြတ်ငွေကသက်သက်။လုပ်အားခကသက်သက်ဆိုပါတော့ ။ဆိုင်မှာ ရောင်းချမယ့် ပစ္စည်းတွေကကတော့ လူသုံးကုန်ပစ္စည်းအစုံပေါ့။တရုတ်ဘက်နဲ့ထိုင်းဘက်က စျေးသင့်တဲ့လူသုံးကုန်ပစ္စည်းတွေကို တိုက်ရိုက်သွင်းပြီး ရောင်းမှာ။လူတန်းစားမရွေး သုံးစွဲနိုင်မယ့် ပစ္စည်းတွေကိုပဲ ရောင်းချမှာ။ဆိုင်ဖွင့်ရင်အလုပ်တွေရှုပ်တော့မှာမို့ အိမ်ကို အရင်ပြင်နေရတာ။အိမ်ထဲက ခပ်မတ်မတ်လှေကားကြီးကို အတက်အဆင်းလုပ်နေရတဲ့ အဘွားအတွက် အိမ်ကို အမြန်ပြင်ဆောက်လိုက်ရတာဆိုပါတော့။
"ကားဝယ်မယ်ဆိုလဲ ဝယ်လိုက်တော့လေကွာ..ငွေလိုတာကို တို့ဆီက ယူထားလိုက် ... မဟုတ်ရင် သွားရေးလာရေး အချိန်ဖင့်တယ်..."
"ဟုတ်ကဲ့ မစံ..အိမ်အတွက် ကုန်ကျစရိတ်ကိုတွက်နေရသေးလို့ပါ ... လက်ထဲမှာလဲ ငွေချန်ထားမှ ဖြစ်မှာမဟုတ်လား "
"လိုရင် တို့ဆီကယူသုံးထားပါဆိုမှ နေမခရယ် ... အဘိုးအိုကြီးလို ပူပူပင်ပင်နဲ့လိုက် တွက်ချက်မနေစမ်းပါနဲ့ကွာ "
မစံရဲ့ စကားကြောင့် နေမခ ပြုံးလိုက်မိတယ်။ ဒီလောက် ငွေကြေးကမစံအတွက် ဘာမှမဟုတ်ပေမဲ့ ကိုယ့်အတိုင်းအတာနဲ့ ကိုယ်လုပ်နေရတဲ့ နေမခအတွက်တော့ ဘယ်ဟုတ်ပါ့မလဲ။ မစံဆီက ငွေယူသုံးလို့ရပေမယ့် အချိန်တန်တော့ကိုယ်ပဲဆပ်ရမှာလေ။ ပြီးတော့ ငွေရေးကြေးရေးကိစ္စအရှုပ်အထွေးမျိုးကို နေမခက သဘောမကျဘူး။ ကိုယ့်မှာ ရှိသလောက်နဲ့ လောက်ငှအောင်ပဲ သုံးတယ်။ လိုအပ်မှ သုံးတယ် ။အပိုမသုံးဘူး။ ဟိုမှာနေတုန်းကလဲ အဝတ်အစားကနေအစားအသောက်ထိုလိုအပ်သလောက်ပဲ သုံးတာ။ အပျော်အပါးဆိုတာ ဝေလာဝေး။တစ်ခါတလေ အပျော်အပါးဆီ စိတ်ရောက်သွားမိရင်တောင် ဆေးရုံပေါ်မှာ အသက်ကို ခဲခဲယဉ်းယဉ်း ရှူနေရတဲ့အမေနဲ့ အမေ့ကို ဆေးကုပေးဖို့အတွက် ငွေလိုက်ချေးနေရတဲ့ အဘွားကို မြင်ယောင်လာပြီး မလုပ်ဖြစ်တော့ဘူး။ ဒီအခြေအနေထိရောက်အောင် အစစအရာရာ သည်းခံ စွန်လွှတ်ပြီး ကြိုးစားလာခဲ့ရတာ။ နောက်ထပ်တော့ ငွေကြေးကြောင့် စိတ်ဆင်းရဲသောက မရောက်ချင်တော့ဘူးလေ။
~~~~~~
"ဟယ် ..စိတ်မကောင်းလိုက်တာ သမီးရယ် ...အပင်တွေ နှမြောစရာကွယ် ..."
ပျိုးပင်ပေါက်၊မျိုးစေ့နဲ့ မြေဆွေး အရောင်းဆိုင်ပိုင်ရှင် အဒေါ်ကြီးကအလင်းချိုကို ကြည့်ပြီး ကရုဏာသက်စွာပြောလာတယ်။
"အဒေါ်တို့ဆီမှာ ယူနေကြ ဖောက်သည်တွေနဲ့စပ်ပေးမယ်လေ ... ငါ့တူမက အကုန်ရောင်းမှာ မဟုတ်လား ... သစ်ခွတွေလဲ ရှိတယ်နော် .. အေးပါ ဒေါ်ဒေါ် ဖုန်းဆက်ပေးမယ် ... ကိုယ်တိုင်သွားပို့ပေးနိုင်ရင်တော့ ပိုကောင်းတယ် .. အချိန်ရသေးတယ် မဟုတ်လား ...ဒေါ်ဒေါ် ဖုန်းဆက်ပေးမယ် "
" ဟုတ်ကဲ့ ကျေးဇူးပါ ဒေါ်ဒေါ် ... လကုန်လောက်ထိ အချိန်ရပါသေးတယ်...."
ဘာပဲဖြစ်ဖြစ် ပျိုးပင်အရောင်းဆိုင်ကြီးထဲက ပြန်ထွက်လာခဲ့တော့ အလင်းချို စိတ်ထဲ လေးပင်နေတာတွေ နည်းနည်းလောက် လျှော့သွားသလိုခံစားလိုက်ရတယ် ။အိမ်က ချက်ချင်မပြောင်းရသေးဘူးဆိုပေမဲ့လက်ထဲမှာ ငွေအဆင်သင့်ရှိနေမှ အိမ်ငှါးဖို့ ဘာဖို့စီစဉ်လို့ရမှာမဟုတ်လား။
~~~~~~
"တူ...တူ...တူ "
ပျိုးပင်တွေကြားမှာ အလင်းချိုအလုပ်များနေတုန်း ဖုန်းသံမြည်လာတာမို့ ဖုန်းကိုကောက်ကိုင်လိုက်တယ်။
"ဟယ်လို "
အလင်းချို ထူးလိုက်ပေမဲ့ တစ်ဖက်မှ ပြန်ထူးသံကို မကြားရတာမို့ ဖုန်းနံပတ်ကို ကြည့်လိုက်တော့ ဟန်သော် လင်းရဲ့ ဖုန်းဖြစ်နေတာကို တွေ့လိုက်ရတယ်။
"ဟယ်လို ကိုလင်း ... မကြားဘူးလား...အလင်းလဲရှင့်ဆီ ဖုန်းဆက်မလားလို့ ... အတော်ပဲ ဖြစ်သွားတယ် "
စားပွဲထိုးလေးကို နေမခ မှာနေတာ ကြည့်ပြီး အလင်းချိုလွှတ်ခနဲ ပြောလိုက်မိတယ်။ ရေခဲသုပ်ကို ကြိုက်တာမှန်ပေမဲ့ နေမခနဲ့ ဆုံရင်တော့ အလင်းချိုရေခဲသုပ်ကို စားလေ့မရှိပါဘူး။အယူသီးတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ရေခဲသုပ် တစ်ပွဲမှာပေးပြီး ပျောက်သွားတဲ့ လူတစ်ယောက်အကြောင်းကို တွေးမိလေတိုင်း အလင်းချို ရင်ထဲမှာ နာကျင်နေမိဆဲလေ။
"ဘာဖြစ်လို့လဲ မင်းကြိုက်တယ်မဟုတ်လား....ဂတ်စ်ပါတဲ့ အအေးတွေကို မင်းမကြိုက်ဘူးလေ... ဘာသောက်မှာလဲ ...ဒီမှာက အအေးတွေပဲရတာလေကွာ "
နေမခလွှတ်ခနဲ ပြန်ပြောလိုက်ပြီးမှ ပါးစပ်ကိုအမြန်ပိတ်လိုက်ရတယ်။မှတ်မထားမိပါဘဲ အလင်းချို ကြိုက်တာတွေ၊မကြိုက်တာတွေကို မှတ်မိနေတဲ့ ကိုယ့်ကိုယ်ကိုယ်လဲ နေမခအံ့ဩနေမိတယ်။
"ထားလိုက်ပါ ... စားလိုက်ပါ့မယ်...ဒါနဲ့ ဘာပြောစရာရှိလဲဟင် "
အလင်းချိုက နေမခကို မော့ကြည့်ပြီး မေးလိုက်တယ်။
အလင်းချိုရဲ့ အမေးကြောင့် နေမခအဖြေရခက်စွာ နှုတ်ခမ်းကို တစ်ချက်ကိုက်လိုက်ပြီးမှ
"ဟို ... မင်းတို့အဘွားအိမ်ကို ရောင်းမှာဆို ...မင်း ဘယ်ကိုပြောင်းဖို့ စီစဉ်ထားလဲ ... "
" ဘယ်ကို ပြောင်းရမှန်းမသိသေးပါဘူး...အဖေ့အိမ်လိုက်နေရမလား....အဘွားနေတဲ့ အိမ်မှာလိုက်နေရမလား...အိမ်ငှားနေရမလား စဉ်းစားနေတုန်းပဲ ..."
အလင်းချိုရဲ့ အဖြေစကားကို ကြားတော့ နေမခကျွတ်ခနဲ စုတ်သပ်လိုက်မိတယ်။
"ဘာစဉ်းစားစရာလိုလို့လဲ ... အိမ်ငှားနေလေကွာ ...မင်းအမျိုးတွေဆီ လိုက်ကပ်နေပြီး အနှိမ်ခံ အနိုင်ကျင့်ခံနေအုံးမှာလား ...မင်းဒီ
လောက်တောင် သတ္တိမရှိဘူးလားကွာ .... ငွေလိုရင်ပြော ..ကိုယ်စိုက်ပေးမယ် ... အမြဲတမ်း သူများအနိုင်ကျင့်ခံ ဘ၀နဲ့ နေသွားမှာလား "
နေမခရဲ့ စကားကြောင့် အလင်းချိုမှာ ဝမ်းသာရမလို ဝမ်းနည်း ရမလိုဖြစ်သွားမိတယ်။လူကလဲ အခြားသူတွေနဲ့ ဆိုရင် ဘာမှမခံစားရသလို နေနိုင်ပေမဲ့ သူ့ရှေ့ရောက်ရက်ကို ပျော့နွဲ့သလိုဖြစ်သွားမိတဲ့ ကိုယ့်ကိုယ်ကိုယ်လဲ အလင်းချိုမုန်းလှပါပြီ။
" စဉ်းစားတာတော့ မဟုတ်ဘူးလေ... အလုပ်မှမရှိ...."
"တူ...တူ ...တူ "
" ခဏလေး ဖုန်းပြောလိုက်အုံးမယ် "
အလင်းချိုရဲ့စကားမဆုံးခင်မှာဘဲ နေမခရဲ့ဖုန်းက ထမြည်လာတာမို့ နေမခက ဖုန်းကို ကောက်ယူလိုက်ပြီး အလင်းချိုကို လက်ကာပြကာ ဆိုင်ပြင်ကိုထွက်ခဲ့လိုက်တယ်။
"ဟယ်လို ...မစံရောက်လာပြီးလား ...."
အလင်းချို အံကိုကြိတ်လိုက်မိပြီး ဇွန်းနဲ့ ရေခဲသုပ်တွေကို နာနာကြည်းကြည်းချေမွနေမိတယ်။ ကျော်ခိုင်းသွားတဲ့ နေမခကို ကြည့်ပြီး အလင်းချို ဆက်ထိုင်နေရမလား။ ထသွားရမလားဆိုတာကို တွေတွေဝေဝေနဲ့ တွေးနေမိတုန်းပဲ။ နားထဲမှာတော့ နေမခရဲ့ "ဟယ်လို မစံ" ဆိုတဲ့ အသံကပဲ့တင်ထပ် အော်မြည်နေတယ် ။
@@@@@@@@@@@@@@@@
အပိုင်း (၂၅ ) ဆက်ရန်
ဧကြည်ဖြူ
မန်.တွေကို မပြန်နိုင်ပေမဲ့ မန့်တစ်ခုချင်းစီကို လေးလေးစားစား ဖတ်ပါတယ်ရှင် စာဖတ်သူများကို အစဉ်လေးစားချစ်ခင်လျက်ပါ
စာမူလေးတွေတိုနေတာကို သည်းခံခွင့်လွှတ်ပေးကြပါရှင်🙏🙏🙏
" အကြီးမ ..နင်ဘယ်လိုစကားပြောလိုက်တာလဲ...အလင်းချိုလေးက ငါ့မြေးဟဲ့...အေး နင်ပြောသလိုပဲ ငါတို့နဲ့ သွေးသားတော်စပ်မှုမရှိရင်တောင် ....သူ့ကို နှိမ်နှိမ်ချချဆက်ဆံခဲ့တဲ့ ဒီအဘွားကြီးကို မညည်းမညူ လုပ်ကိုင်ပေးနေရှာတဲ့ ကလေး....နင်တို့တွေထက် အပုံကြီးသာတယ်...ရှင်းရှင်းပဲပြောမယ် ...ငါတို့ မြေးအဘွားကိုဝေစုတစ်ပုံပေး ... ငါ သူနဲ့ပဲနေမှာ နင်တို့တွေဆီကို လိုက်မနေဘူး "
~~~~~
အဘွားအခန်းထဲက အသံတွေက မီးဖိုခန်းအထိပျံ့လွင့်လာတယ်။အလင်းချိုကလဲ ဟင်းချိုချက်ဖို့ အရွက်တွေ ခူးလာပြီး ဒေါ်လေးစန်းဆီကို လာပို့တဲ့အချိန်မို့ စကားတွေကို အတိုင်းသားကြားလိုက်ရတယ်။ဒေါ် လေးစန်းက မျက်နှာကြီးအောက်ငုံ့လို့ မှိုင်တွေ နေတယ်။အလင်းချိုကိုမြင်တော့ မျက်နှာငယ်လေးနဲ့ လှမ်းကြည့်နေပြန်တယ်။အလင်းချိုကတော့ အဘွားရဲ့ အမွေတွေကို စိတ်မဝင်စားပါ ။ စားရင်းစာအုပ်ကိုကိုင်ပြီး အိမ်မှာရှိတဲ့ပန်းအိုးတွေနဲ့ ပျိုးပင်တွေကို ရောင်းချရင်ရမယ့်ပျမ်းမျှငွေကို တွက်ချက်ကြည်နေမိတယ်။ ယူနေကြ ဖောက်သည်တွေကလဲ အလင်းချိုအရေးပေါ် ငွေလိုနေမှန်းသိတော့ ပုံမှန်ဆို တစ်အိုးကိုတစ်ထောင် နှစ်ထောင်ရတဲ့ ပန်းအိုးက ဈေးတစ်ဝက်ကျော်ကျော်လျှော့ပေးမှ ယူမယ်တဲ့လေ။ မရောင်းဘဲ တင်းခံမနေနိင်တော့ ရသလောက်ဈေးနဲ့ပဲရောင်းရမယ့်ကိန်း ဖြစ်နေတယ်။
"လောဘကြီးတဲ့ဟာတွေ ...ဟိုတစ်ယောက်ကလဲ သူ့ဝေစု နည်းမှာစိုးလို့ ဖအေဖြစ်ပြီး ဘာမှဝင်မပြောဘူး ... သွေးသားရင်းဟုတ်လား မဟုတ်လား မျက်နှာကို ကြည့်တာနဲ့ ဒီလောက် သိသာနေတာကိုများ ...ဝေစုခွဲပေးရမှာစိုးလို့ ပေါက်ကရတွေပြောနေတယ် "
ဒေါ်လေးစန်းဆီက မကျေမနပ်ပြောသံ ခပ်တိုးတိုးထွက်လာတော့ အလင်းချိုက ဒေါ်လေးစန်းကို ကြည့်လိုက်ပြီး ရယ်ပြလိုက်မိတယ်။လူရယ်လို့သိတတ်စကတည်းက မိဘတွေ ပစ်ထားခဲ့ကြတာပဲလေ။ဒီအချိန်ရောက်မှ ဖအေ ဘယ်သူမှန်းမသိဘူးဆိုတော့လည်း အလင်းချိုက ဘာတတ်နိုင်မှာတဲ့လဲ။ ထားခဲ့တဲ့ မိခင်ကို အဖြစ်တင်ရမှာလား။ ခေါ်ခဲ့ပြီး လျစ်လျူရှုထားခဲ့တဲ့ ဖခင်ကို အပြစ်တင်ရမှာလား။
"အလင်းချို ...သမီးရဲ့ အမေကို မရှာချင်ဘူးလားကွယ် ...ဒေါ်လေးစန်းနဲ့ အတူလိုက်ရှာကြမလား "
"ရှင် "
ဒေါ်လေးစန်းကို အလင်းချို အလန့်တကြား ကြည့်လိုက်မိတယ်။"အမေ့ကို ရှာရအောင်"တဲ့ ။အလင်းချိုတစ်ခါမှ မတွေးမိတဲ့အကြောင်းပေါ့။အမေ့ဆီ ရောက်ရင်ရော အစစအရာရာ အဆင်ပြေသွားနိုင်လား။ဒါမှမဟုတ် ခုလိုပဲ ကြုံနေရအုံးမှာလား။အလင်းချို အတွေးတွေကို ခပ်သွက်သွက်ခါယမ်း ထုတ်ပစ်လိုက်တယ်။
"သမီး အပြင်သွားအုံးမယ် ဒေါ်လေးစန်း .... ပျိုးပင်တွေလာဝယ်ရင်... များများဝယ်မယ်ဆို လျှော့ပေးလိုက်နော် ..."
အလင်းချို ဒေါ်လေး စန်းကိုမှာပြီးတာနဲ့ နောက်ဖေးပေါက်ကနေပဲ အပြင်ကို ပြန်ထွက်လာခဲ့လိုက်တယ်။
~~~~~
"ဘယ်သွားမလို့လဲ ..."
အလင်းချိုခြံထဲက ထွက်လာပြီး လမ်းထိပ် ကားဂိတ်ရှိရာကို လျှောက်လာတုန်းမှာ ဘေးကနေ စက်ဘီးကိုကပ်နင်းပြီး မေးလိုက်တဲ့ အသံကြောင့်ကြည့်လိုက်တော့ နေမခကိုတွေ့လိုက်ရတာမို့ ရင်ကထိတ်ခနဲ ခုန်လှုပ်သွားတယ်။စကားတွေတောင် အထစ်ထစ်အငေါ့ငေါ့ဖြစ်လို့ပေါ့.....။
"အ...အပြင်ခဏ သွားမလို့ပါ ...နင်ရော ဘယ်သွားမလို့လဲ "
"မင်းနဲ့ စကားပြောချင်လို့ လိုက်လာတာ ...စက်ဘီးပေါ်တက်လေ အေးဆေးစကားပြောလို့ရမဲ့ တစ်ဆိုင်ဆိုင်ကို သွားရအောင် "
" ဟင် .... ဟို ... လမ်းလျှောက်သွားမယ်လေ"
"ဟာကွာ...စက်ဘီးပေါ်တက်ပါဆို "
နေမခ စိတ်မရှည်တော့တာမို့ အလင်းချိုရဲ့လက်ကို လှမ်းဆွဲလိုက်ပြီး စက်ဘီးနောက်ခုံဆီကိုတွန်းပို့လိုက်တယ်။
အလင်းချိုမှာ ကြောင်တက်တက်နဲ့ စက်ဘီး ကယ်ရီယာခုံပေါ်တက်ထိုင်လိုက်ရတယ်။
~~~~~
ကားရှေ့ခပ်လှမ်းလှမ်းက မြင်ကွင်းကိုကြည့်ပြီး ဟန်သော်လင်း ဒေါသတွေထွက်လာမိတယ်။ စိတ်ရှိတိုင်းသာဆိုရင် စက်ဘီးပေါ်က သူမကို ပြေးပြီး ဆွဲခေါ် ပစ်လိုက်ချင်တာ။ ခရီးမသွားခင် အချိန်လေး ခဏတစ်ဖြုတ်လောက် တွေ့ချင်လွန်းလို့ လာတွေ့မိတာ။ ခုတော့ ရင်ဝကို ဆီးကန်ခဲ့လိုက်ရသလို မမြင်ချင်တဲ့ မြင်ကွင်းနဲ့မှ တည့်တည့်လာတိုးနေတယ်။ကားကို လမ်းဘေးမှာထိုးရပ်လိုက်ပြီး ခေါင်းကိုဆိုဖာခေါင်းမှီပေါ်မှီချလိုက်ပြီး မျက်လုံးအစုံကို မှိတ်ထားလိုက်မိတယ်။ဟန်သော်လင်းရဲ့ဘ၀မှာ သူစိမ်းမိန်းမတစ်ယောက်ကို နင့်နင့်သီးသီးတွေ့ချင်စကားပြောချင်နေမိတာ ဒါဟာပထဆုံးအကြိမ်ပါပဲ။ ဒါကို အချစ်လို့ခေါ်ရမှာလား။ဟန်သော်လင်း မသိဘူး။ သေချာတာက သူမနဲ့စကားတွေ ပြောနေရရင် ဟန်သော် လင်းပျော်တယ်။သူမကို တစ်နေကုန် ကားလိုက် မောင်းပို့ရတဲ့နေ့တွေဆိုရင် ဟန်သော်လင်း ရင်ထဲမှာ အပျော်တွေနဲ့ ပြည့်နေခဲ့တာလေ။ ဒါတွေက အချစ်ဆိုရင်တော့ ဒီအူတူတူမလေး ကို ဟန်သော် လင်းချစ်နေမိပြီဆိုတာပါပဲ။
~~~~~~
" လိမ္မော်ရည်နဲ့ရေခဲသုပ်တစ်ပွဲပေး....ရေခဲသုပ်ကနို့ဆီပဲ ယိုတွေ မထည့်နဲ့နော် ..."
"ရေခဲသုပ် ဘာလို့မှာလဲ ..ငါမစားဘူး "
