uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

Відкрити в Telegram

Показати більше
1 030
Підписники
Немає даних24 години
Немає даних7 днів
-1130 днів
Архів дописів
အပိုင်း ( ၉ ) " စိန်ပန်းမြိုင်မှအိမ်နီကြီး " **** " လာကြပါဦး....ကယ်ကြပါဦး..." ကျွန်မ အသံကုန်အော်ဟစ်လိုက်​ပြီး လှေကား​ခြေရင်းတွင်သွေးအလူးလူးနှင့်လဲကျနေသော မင်းပိုင်ဦးဆီသို့အလျှင်အမြန်ပြေးဆင်းသွားမိသည်။ " ကိုမင်းပိုင်ဦး...ကိုမင်းပိုင်ဦး.. ကျွန်မခေါ်တာကြားလား...ရှင်သတိထားပါဦး ..." ကျွန်မ မင်းပိုင်ဦး၏ခန္ဓာကိုယ်မှထိခိုင်ဒဏ်ရာများကိုကြည့်ရင်း နှုတ်မှတတွတ်တွတ်အားပေးစကားပြောလိုက်ပြီး သွေးထွက်မလွန်စေရန် လုပ်စရာရှိသည်များကို အလျှင်အမြန်လုပ်ဆောင်နေမိသည်။ "လူ ...လူသတ်တရားခံက...." မင်းပိုင်ဦးသည် သတိရတစ်ချက် မရတစ်ချက်ကြားမှ တိုးတိတ်ဖျော့တော့လွန်းသော အသံဖြင့် အားယူပြောဆိုပြီးနောက် ငြိမ်သက်၍သွားလေသည်။ " ကိုမင်းပိုင်ဦး သတိထားလေ....ကျွန်မခေါ်နေတာကြားလား...လာကြပါဦး...ကယ်ကြပါဦးရှင်...." ကျွန်မ၏ အော်သံအဆုံး၌ အိမ်သားများအားလုံး ကျွန်မနှင့်ကိုမင်းပိုင်ဦးရှိသော လှေကားခြေရင်းသို့ ရောက်ရှိလာကြလေသည်။ **** လူကသာ သူဌေးကြီး၏ခုတင်ဘေးတွင် ထိုင်နေရသော်လည်း ကျွန်မစိတ်အစဥ်မှာ ဆေးရုံပေါ်တွင် မေ့မျောနေဆဲဖြစ်သော မင်းပိုင်ဦးဆီသို့ ရောက်ရှိနေမိလေသည်။ဘယ်လိုမှမတတ်သာ၍သာ အိမ်သို့ပြန်လာခဲ့ရသော်လည်း မင်းပိုင်ဦးသတိရသည်အထိစောင့်ကြည့်​ပြီး ဖြစ်ပျက်သမျှအလုံးစုံကို သိချင်နေမိသည်။မင်းပိုင်ဦး၏အဒေါ်လင်မယားက ဆေးရုံသို့လိုက်လာပြီးလျှင် စိန်ပန်းမြိုင်မှ အိမ်သားတွေကို တစ်ယောက်မှ လူနာတွေ့ခွင့်မပြုဟု တားမြစ်လိုက်သောကြောင့် ကျွန်မတို့အားလုံးဆေးရုံမှပြန်ခဲ့ရသည်။ပြီးလျှင် အိမ်ရောက်သည်နှင့် ရဲများရောက်လာပြီးမေးမြန်းစစ်ဆေးကြသေး၏။မင်းပိုင်ဦး၏ အဒေါ်က ရဲစခန်းကိုတိုင်လိုက်ခြင်းဖြစ်သည်။ရဲများရောက်လာသည်နှင့် စစ်ဆေးမေးမြန်းခံရဆုံးမှာ ကျွန်မပင်ဖြစ်သည်။ " မဝတ်ရည် သေချာစဥ်းစားပါဦး... ပထမဆုံး ကိုမင်းပိုင်ဦးကိုတွေ့ရတဲ့ အချိန်က ဘေးပတ်ဝန်းကျင်မှာ...မသင်္ကာစရာလူဖြစ်ဖြစ် ဒါမှမဟုတ်အခြားတစ်ခုခုကိုများသတိထားမိလား " "မ...မသိတော့ပါဘူးရှင်....ကျွန်မလည်း ကိုမင်းပိုင်ဦးလဲကျနေတာကိုတွေ့တာနဲ့ ထူပူပြီး ပြေးဆင်းသွားမိတာပါ... ကျန်တာတွေကို သတိမထားမိဘူး " ကျွန်မ စကားဆုံးသည်နှင့် တာဝန်ကျရဲက ရေးမှတ်စရာရှိသည်များကို ရေးမှတ်နေပြီး အခြားအိမ်သားများကိုထပ်မေး​လေသည်။အိမ်သားအားလုံးကို စစ်ဆေးပြီးသောအခါ အမှုမှန်မပေါ်မချင်း မည်သူမျှ ခရီးသွားခွင့်မရှိဟု မှာကြားသွားလေသည်။စဥ်းစားမိသလောက် သေချာသည်မှာ မင်းပိုင်ဦးသည် လူသတ်တရားခံကို သိရှိသွားပေလိမ့်မည်။ ဒါကြောင့်ပင် လူသတ်သမားက နှုတ်ပိတ်ရန်အတွက် လှေကားပေါ်မှတွန်းချလိုက်ခြင်းဖြစ်လိမ့်မည်။ကျွန်မ မင်းပိုင်ဦးကိုစင်္ကြန်လမ်းမှာ တွေ့ပြီး အခန်းထဲပြန်ဝင်ကာ အင်္ကျီဝတ်၊ဓါတ်မိီးယူသည်မှာ ငါးမိီနစ်ပင်မကြာပါ။လှေကားထိပ်သို့ ကျွန်မရောက်သွားချိန်အထိ ကြာလှမှ ငါးမိနစ်ကျော်ကျော်သာဖြစ်သည်။ ထိုအချိန်အတွင်းမှာ လူသတ်သမားက ပျောက်ချင်းမလှပျောက်သွားသည်။ပြီးနောက် ကျွန်မအော်သံကြောင့် အိမ်သားများရောက်လာချိန်တွင်လည်း အားလုံးလိုလို တစ်ပြိုင်တည်းရောက်လာကြသည်။ခြံထဲမှာနေသော ခြံစောင့်ကြီး ဦးဖိုးထော်တစ်ယောက်ပဲ နောက်ဆုံးမှရောက်လာခဲ့သည်။ဘာပဲဖြစ်ဖြစ် သေချာသည်မှာသည်လူများထဲမှ တစ်ယောက်ကတော့ ကျိန်းသေလူသတ်သမားပင်ဖြစ်သည်။သည်လူသတ်သမားကို အမြန်ဆုံး မဖော်ထုတ်နိုင်လျှင် သည်စိန်ပန်းမြိုင်အိမ်ကြီးတွင် နောက်ထပ်သေဆုံးမှုများရှိလာနိုင်သည်။ "ဆရာမလေး " ကျွန်မအတွေးထဲမှာ နစ်မျောနေမိရာမှ အခန်းဝမှခေါ်သံကြောင့် လှည့်ကြည့်လိုက်မိသောအခါ သီဟထွန်းရှိန်ကိုတွေ့လိုက်ရလေသည်။ " ကိုမင်းပိုင်ဦးအတွက်... ဆရာမလေးစိတ်ပူနေမှာစိုးလို့ပါ...ကျွန်တော် ဆေးရုံကိုဖုန်းဆက်မေးလိုက်တယ်...ကိုမင်းပိုင်ဦးသတိမရလာသေးပေမဲ့ အသက်အန္တရာယ်အတွက်မစိုးရိမ်ရတော့ဘူးတဲ့...အဲ့ဒါလာပြောတာ " ပြောပြီးသည်နှင့် ညှိုးနွမ်းသောမျက်နှာနှင့်ကျောခိုင်းထွက်သွားသော သီဟထွန်းရှိန်၏နောက်ကျောပြင်ကို ငေးမောကြည့်နေမိပြီး ကျွန်မနှုတ်မှသူ့အလိုလိုလှမ်းခေါ်လိုက်မိလေသည်။ " သီဟထွန်းရှိန် ခဏနေပါဦး " ကျွန်မခေါ်သံကြောင့် သီဟထွန်းရှိန်က လှမ်းနေသော ခြေလှမ်းများကို ရပ်တန့်လိုက်ပြီ လှည့်ကြည့်လေ၏။ကျွန်မလည်း သီဟထွန်းရှိန်ရှိရာသို့ ခပ်​မြန်​မြန်လျှောက်သွားလိုက်သည်။ "ကိုမင်းပိုင်ဦး ကိစ္စကို ရှင်ဘယ်လိုထင်လဲဟင်..." ကျွန်မစကားအဆုံးမှာ သီဟထွန်းရှိန်က ဖျတ်ခနဲမော့ကြည့်လာပြီး "ကျွန်တော် မပြောတတ်ဘူး ...ကိုမင်းပိုင်ဦးကရော ညနက်ကြီးမှာအောက်ထပ်ကိုဘာဆင်းလုပ်တာလဲ...​ပြီးတော့ ဆရာမလေးကရောအပြင်ကိုဘာထွက်လုပ်တာလဲ ပြောပါဦး...ကျွန်တော်တစ်ချိန်လုံးအဲ့ဒါကိုပဲတွေးမိနေတာ...ကိုမင်းပိုင်ဦး အခုလိုဖြစ်သွားတာကို ကျွန်တော်စိတ်မကောင်းပါဘူး...ဒါပေမဲ့ အခုချိန်မှာ ရင်ကွဲမတက်ခံစားနေရတာ ကျွန်တော်ပါ...ကျွန်တော့်ရင်ထဲမှာ ဘယ်လောက်ထိခံစားနေရလဲသိလား...ဆရာ့မလေးရဲ့စိတ်ထဲမှာ...ဆရာမချစ်သူဒီလိုဖြစ်သွားလို့ ကျွန်တော့်ကို မသင်္ကာ ဖြစ်နေတာမဟုတ်လား.."

" သားအရင်းအတွက်တောင် အမွေမပေးခဲ့လို့ အများအမြင်မှာ သူဌေးကြီးက ရက်စက်တယ်ထင်ရပေမဲ့ သူဌေးကြီးဘက်ကကြည့်ရင် သူမလွန်ဘူးဝတ်ရည်...ဘာလို့လဲဆိုတော့ သီဟထွန်းရှိန်ကသူဌေးကြီးရဲ့သွေးသားအရင်းမဟုတ်ဘူးလေ...ဒေါ်မာလာတင်ကသူဌေးကြီးကိုထောင်ချောက်ဆင်ဖမ်းခဲ့တာ... ဒီအကြောင်းတွေကို သီဟထွန်းရှိန်အရွယ်ရောက်လာမှ သူဌေးကြီးသိသွားတာ...ကြည့်ရတာ သီဟထွန်းရှိန်လည်း သူကသားအရင်းမဟုတ်ဘူးဆိုတာကိုသိပုံရတယ်... နောက်တစ်ချက် က ရတီချို့ကို ဒေါ်မာလာတင်တို့မိသားစုထဲက တစ်ယောက်ယောက်က သတ်လိုက်တယ်လို့ သူဌေးကြီးကထင်နေတာ...အဲဲ့ဒါကြောင့်လည်း သူ့ရှေ့နေကတစ်ဆင့် ကိုယ့်အဒေါ်ယောကျ်ားကိုအကူအညီလှမ်းတောင်းခဲ့တာပဲ... ဘာပဲဖြစ်ဖြစ် အဖြစ်မှန်တွေမကြာခင်ပေါ်လာတော့မှာပါ...ဒီကြားထဲ ဝတ်ရည်လည်းသတိဝိီရိယနဲ့နေပါ " **** မင်းပိုင်ဦးဆီမှကြားသိရသော အကြောင်းတွေကိုတွေးပြီး ကျွန်မစိတ်ထဲ သီဟထွန်းရှိန်ကို မြင်ယောင်နေမိသည်။သီဟထွန်းရှိန်၏ မျက်နှာပေါ်မှ ဝေခွဲရခက်သော အကြည့်များအပြုအမူများကို မြင်ယောင်လာပြီး ကျွန်မအမှတ်တမဲ့ ခေါင်းကိုယမ်းခါလိုက်မိပြီးသက်ပြင်းတစ်ချက်ကိုချလိုက်မိသည်။ကျွန်မခေါင်းထဲမှအတွေးတွေကို ဖယ်ထုတ်ပစ်လိုက်ပြီး သူဌေးကြီး၏ အခန်းဆီသို့ နှေးကွေးသော ခြေလှမ်းများဖြင့် လျှောက်လှမ်းလာခဲ့သည်။ " ဘာလို့ဒီလိုလုပ်ရက်တာလဲ အစ်ကိုကြီးရဲ့...ပြောပါဦး...အစ်ကိုကြီးရဲ့သမီးရတီချို့ကို ဟော့ဒီကမာလာ့သမီးအရင်းထက်တောင်ဂရုစိုက်ခဲ့ ပြုစုစောင့်ရှောက်ပေးခဲ့တာပါ...ဘာလဲ...သားငယ်လေး သီဟကအစ်ကိုကြီးရဲ့သွေးသားအရင်းမဟုတ်တာနဲ့အမွေမပေးနိုင်ဘူးပေါ့လေ...သားအရင်းမဟုတ်ပေမဲ့ နှစ်နှစ်ဆယ်ကျော်တောင်အတူနေခဲ့တဲ့သူပါ...သံယောစဥ်ကင်းမဲ့လှချည်လား ဦးထွန်းရှိန်ရဲ့..." " အို...ငိုမနေစမ်းပါနဲ့ မာမီရယ်...ဒီအဘိုးကြီးကဘယ်လောက်ပြောပြော ရမယ့်သူလည်းမဟုတ်ဘူး...ကေသီတို့ကတော့ရှင်းရှင်းပဲ... ဒီအိမ်ကြီးပေါ်ကလည်းမဆင်းပေးနိုင်ဘူး...ရသင့်ရထိုက်တာကိုလည်းရအောင်ယူမှာ..." "သမီးပြောတာမှန်တယ်...မာမီတစ်ဘဝလုံးရင်းခဲ့ရတာ ရသင့်ရထိုက်တာကိုတော့ ရအောင်ယူရမယ်...ဒီမှာ အစ်ကိုကြီး မာလာတို့ရသင့်ရထိုက်တာကို အစ်ကိုကြီးမပေးဘူးဆိုရင် ဟော့ဒီစိန်ပန်းမြိုင်အိမ်ကြီးကိုပါဖျက်ဆီးပစ်ဖို့ဝန်မလေးဘူးနော်... " ကျွန်မ သူဌေးကြီး၏ အခန်းရှေ့တွင် တုတ်တုတ်မလှုပ်ဘဲ ငြိမ်သက်စွာရပ်နေမိသည်။အခန်းထဲမှ ဒေါ်မာလာတင်နှင့်ကေသီတင်တို့၏ မကျေမနပ်ပြောဆိုနေသောအသံများမှာ ကျွန်မရှိရာ အခန်းအပြင်အထိ လွင့်ပျံ့လာလေသည်။ *** ညကတဖြည်းဖြည်းနက်လာ​​ချေပြီ။စိန်ပန်းမြိုင်အိမ်ကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသော်လည်း ကျွန်မမှာ အိပ်မပျော်နိုင်သေးပါ။ခေါင်းထဲတွင် အတွေးပေါင်းများစွာနှင့်ရှုပ်ထွေးနေလေသည်။အိပ်မပျော်နိုင်သည့် အဆုံးစာဖတ်ရန်ဆုံးဖြတ်လိုက်ပြီး မီးအိမ်ကိုထွန်းကာ စားပွဲထက်မှစာအုပ်တစ်အုပ်ကိုဆွဲယူလိုက်သည်။ " တောက်...တောက် " နားထဲမှာ တစ်ခုခုပြု​တ်ကျသံလိုမျိုးကြားလိုက်ရသည်မို့...အထိတ်တလန့်နှင့် အခန်းထောင့်ကို လှမ်းကြည့်လိုက်မိသည်။မီးအိမ်၏အလင်းရောင်အောက်၌ အခန်းသည်ရှင်းလင်းနေသည်။ " တောက်..တောက်.." အသံကိုထပ်မံကြားလိုက်ရပြန်သည်။ လက်ထဲမှမီးအိမ်ကိုချလိုက်ပြီး အသံကြားရာဆီသို့ တစ်လှမ်းချင်းလှမ်းသွားမိသော ကျွန်မခြေထောက်တွေက အခန်းတံခါးနားသို့ရောက်လာလေသည်။ကျွန်မ အခန်းတံခါးကို ခပ်ဟဟဖွင့်ပြီး အခန်းပြင်ကိုချောင်းကြည့်လိုက်သည်။ " ဟင် " စင်္ကြန်လမ်းတစ်လျှောက်ကျောခိုင်းသွားနေသော လူတစ်ယောက်ကိုမြင်လိုက်ရသည်မို့ ကျွန်မ အသက်ပင်မရှူဝံ့ဘဲ ငြိမ်ငြိမ်သက်သက်နှင့်ထိုလူ၏နောက်ကျောပြင်ကိုကြည့်နေမိရင်းမှ ချက်ချင်းပင်မှတ်မိသွားတာမို့ အခန်းထဲပြန်ဝင်ပြီး လက်ရှည်အင်္ကျီတစ်ထည်ကို အပေါ်ကထပ်ဝတ်လိုက်ပြီး လိုလိုမယ်မယ်လက်နှိပ်ဓါတ်မီးကိုကောက်ယူလိုက်ကာ မင်းပိုင်ဦးနောက်သို့လိုက်ရန် အခန်းအပြင်သို့ထွက်ခဲ့လေသည်။ "ဟင်... ဘယ်ရောက်သွားတာလဲ..."ကျွန်မနှုတ်မှ ခပ်တိုးတိုးရေရွတ်ရင်း စင်္ကြန်လမ်းတစ်လျှောက် လှမ်းမျှော်ကြည့်လိုက်သော်လည်း မင်းပိုင်ဦး၏အရိပ်အယောင်မှုန်ပျပျပင်မမြင်ရပါချေ။ကျွန်မစင်္ကြန်လမ်းအတိုင်းခြေဖွနင်း၍လျှောက်လာခဲ့သည်။ရှေ့လမ်းချိုးတစ်ခုသို့ရောက်လျှင် ကျော်စွာဦးအခန်းသို့သွားသောလမ်းနှင့်လှေကားဆီသို့သွားသောလမ်းရှိသည်။ကျွန်မ ခြေလှမ်းကို မသိမသာလေးမြန်လိုက်စဥ်မှာပင် "အား" လှေကားဘက်ဆီမှ အော်သံခပ်သဲ့သဲ့ကိုကြားလိုက်ရသည်မို့ ကျွန်မအထိတ်ထိတ်အလန့်လန့်နှင့်လှေကားရှိရာသို့ အပြေးအလွှားသွားကြည့်လိုက်သည်။ " အမလေး " ​​လှေကားခြေရင်းမှ မြင်လိုက်ရသော မြင်ကွင်းကြောင့်ကျွန်မအထိတလန့်အော်ဟစ်လိုက်မိလေသည်။ ------------ အပိုင်း( ၉ ) ဆက်ရန် *** ဧကြည်ဖြူ

ကျွန်မ သီဟထွန်းရှိန်၏ မျက်နှာကို အလန့်တကြားမော့ကြည့်လိုက်မိသည်။မေကြောကြီးများထောင်၍လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားသောသီဟထွန်းရှိန်၏မျက်နှာမှာအေးစက်တင်းမာနေလေသည်။ " ဆရာမလေး...မနက်ဖြန်ကစပြီး ဒီကနေအမြန်ထွက်သွားတော့...ဒီအိမ်ကကိစ္စတွေပြီးပြတ်သွားရင် ဆရာမလေးကို ကျွန်တော့်လာရှာပါ့မယ်.... ကျွန်တော်​ပြောတာနားထောင်မယ် မဟုတ်လားဟင် " " ဘာဖြစ်လို့ ကျွန်မကထွက်သွားရမှာလဲ...မဖြစ်နိုင်ပါဘူး...​ပြီး​တော့ သူဌေးကြီးကို မထားပစ်ခဲ့နိုင်ဘူး...ရှင်တို့မိသားစုတွေထဲကတစ်ယောက်မှသူဌေးကြီးကိုအလေးထားတာမဟုတ်ဘူး " ကျွန်မစကားကြောင့် သီဟထွန်းရှိန်၏မျက်နှာမှာတင်းမာနေရာမှလျော့ကျသွားပြီး ကျွန်မဘေးနားမှာ အရုပ်ကြိုးပြတ်ထိုက်ချလိုက်သည်။ပြီးနောက် ကျွန်မပခုံးပေါ်သို့ မျက်နှာအပ်ကာရှိုက်ကြီးတငင်ငိုလေတော့သည်။ကျွန်မမှာ သီဟထွန်းရှိန်၏အပြုအမူကြောင့် ထိတ်လန့်အံ့သြသွားရလေသည်။ " ကျွန်တော်....ကျွန်တော်ကိုသာ မွေးမလာခဲ့ရင်...ကျွန်တော်တို့မိသားစုတွေ ဒီလိုအဖြစ်မျိုးနဲ့ကြုံရမှာမဟုတ်ဘူး...အားလုံး ကျွန်တော့်ကြောင့်....ကျွန်တော်မွေးလာလို့ မမရတီလည်းငယ်ငယ်ရွယ်ရွယ်နဲ့သေခဲ့ရတာ...." " ဘာ...ဘာတွေပြောနေတာလဲ...မင်း ဘာတွေပြောနေတာလဲ သီဟထွန်းရှိန်...." ကျွန်မ သီဟထွန်းရှိန်၏ ပခုံးကိုခပ်ကြမ်းကြမ်းဆွဲကိုင်လှုပ်ပြီးမေးလိုက်သောအခါမှ သီဝထွန်းရှိန်မှာ သတိဝင်လာပြီး ဖျတ်ခနဲမတ်တတ်ထရပ်လိုက်လေသည်။ "ဆောရီး...ကျွန်တော် တောင်းပန်းပါတယ် ဆရရာမလေး...ကျွန်တော်သွားတော့မယ်နော်..." သီဟထွန်းရှိန်သည် ကျွန်မအမေးကိုမဖြေဘဲ အခန်းထဲမှ ကမူရှူးထိုးပြေးထွက်သွားလေသည်။ *** သီဟထွန်းရှိန်သည် ယခင်နေ့ကအဖြစ်အပျက်များ​ ဖြစ်ပြီးနောက်ကျွန်မကိုရှောင်နေသည်မှာ နှစ်ရက်သုံးရက်ခန့်ပင်ရှိနေလေပြီ။ကျွန်မလည်း အချိန်အားသည်နှင့် သီဟထွန်းရှိန်၏ အရိပ်အခြည်ကို စောင့်ကြည့်နေသော်လည်း သီဟထွန်းရှိန်၏အရိပ်အယောင်ကိုမျှပင် မမြင်ရပါလေ။ ယနေ့လည်း အချိန်အားသည်နှင့်တစ်ပြိုင်နက် သီဟထွန်းရှိန်အားရှာဖွေမိလေသည်။ " ရွှတ်...ရွှတ် .." အသံကြား၍ ဝမ်းသာအားရလှည့်ကြည့်လိုက်မိသောအခါ ကိုယ်မျှော်လင့်ထားသူမဟုတ်ဘဲ မင်းပိုင်ဦးဖြစ်နေသောကြောင့် အနည်းငယ်တော့စိတ်ပျက်သွားမိလေသည်။ "လာ...ဝတ်ရည်...ကိုယ်ပြောစရာရှိတယ်....အမြန်လာ...." မင်းပိုင်ဦးသည် ပြောပြောဆိုဆိုနှင့် ကျွန်မလက်ကိုဆွဲကာ အခန်းတစ်ခန်းထဲသို့ဝင်ခဲ့လေသည်။ကျွန်မမှာ ယောင်ယောင်ကန်းကန်းနှင့် မင်းပိုင်ဦးဆွဲခေါ်ရာနောက်သို့ပါသွားရလေသည်။ " ဘာ​ပြောမလို့လဲ...လက်ကိုလွှတ်ဦး..." " ကိုယ်ပြောတာ သေချာနားထောင်...နောက်အပတ်ထဲမှာ သူဌေးကြီးရဲ့ရှေ့နေက အမွေကိစ္စနဲ့ပတ်သက်ပြီး မိသာစုဝင်တွေကိုအသိပေးလိမ့်မယ်... သူဌေးကြီးက သူမသေခင်အမွေကိစ္စတွေကိုတစ်ခါတည်းရှင်းပေးသွားခဲ့မှာ..." "အို...သူတို့အမွေကိစ္စရှင်းတာ ...ဝတ်ရည်တို့နဲ့မဆိုင်ဘူးလေ...ဒါက ဘာပြဿနာရှိလို့လဲ.." " ဟုတ်တယ် ...သူတို့မိသားစုအမွေပြဿနာက ကိုယ်တို့နဲ့မဆိုင်ပါဘူး...ဒါပေမဲ့... ကိုယ်စုံစမ်းလို့ရသလောက် သူဌေးကြီးရဲ့အမွေခွဲဝေမှုနဲ့ပတ်သက်​ပြီးဆုံးဖြတ်ထားတဲ့ကိစ္စကို သူတို့သဘောမတူကြဘူး...ဒါကြောင့်မို့... ဒီကြားထဲမှာသူတို့ဘက်က သူဌေးကြီးကိုတစ်ခုခုလုပ်နိုင်တယ်... " "ရှင်...ဘယ်..ဘယ်လို...ဟုတ်ရဲ့လား...ကျန်တဲ့သူတွေကသူဌေးကြီးကိုအန္တရာယ်ပေးနိုင်တယ်ထားဦး....သီဟထွန်းရှိန်...သီဟထွန်းကတော့ သူ့အဖေအရင်းခေါက်ခေါက်ကိုအန္တရယ်မပေးလောက်ဘူးထင်တယ်...အမွေကရောဘယ်လိုခွဲဝေပေးမှာမို့လဲ " ကျွန်မအထိတ်တလန့်နှင့်မေးလိုက်မိသည်။မင်းပိုင်ဥိးက သက်ပြင်းတစ်ချက်ကို ချလိုက်ပြီး " သူဌေးကြီးဦးထွန်းရှိန်က သိပ်ကိုစေ့စပ်သေချာတဲ့သူပဲ ဝတ်ရည်...ဟိုအရင် သူကျန်းမာစဥ်ကတည်းက သူပိုင်ဆိုင်သမျှစည်းစိမ်ဥစ္စာတွေအားလုံးကို သူ့သမီးရတီချို့နာမည်နဲ့လွှဲထားတာ...ဒီထက်ပိုပြီး စေ့စပ်သေချာတာက...တကယ်လို့များ ဒီလောကကြီးမှာ သူရောသူ့သမီးရတီချိုပါမရှိတော့ရင် သူပိုင်ဆိုင်သမျှတွေကို ပရဟိတအဖွဲ့အစည်းတွေကို လှူဒါန်းဖို့ကြိုတင်စီစဥ်ထားတယ်...ဦးထွန်းရှိန်ဒီလိုစီစဥ်ထားတာကို ဒေါ်မာလာတင်တို့ မိသားစုတွေရိပ်မိသွားပုံရတယ်...ဒီအကြောင်းတွေကို ရတီချိုဦးလေးနဲ့ရှေ့နေကြီးကို ကိုယ်ပြောပြထားတယ်...ခက်တာက ရတီချိုရဲ့ရတနာသေတ္တာက ဘယ်သူဆီမှာရှိမှန်း မသိတာဘဲ " " ဘယ်လို...ဒါဆို ဒေါ်မာလာတင်တို့ မိသားစုကအမွေဆက်ခံခွင့်မရဘူးပေါ့...ဒါနဲ့ ဒေါ်မာလာတင်နဲ့ကေသီတင်ကတော့ ထားပါတော့ သီဟထွန်းရှိန်က သူဌေးကြီးရဲ့သားအရင်းလေ သားအရင်းကိုတောင် အမွေမပေးဘူးလား... " ကျွန်မ အမေးကြောင့် မင်းပိုင်ဦးက ကျွန်မမျက်နှာကို ကြည့်ပြီး ခေါင်ကိုအသာအယာခါယမ်းလိုက်လေသည်။ " ပေးပါတယ်...သီဟထွန်းရှိန်အတွက်...အရင်ကသီဟထွန်းရှိန်နေခဲ့တဲ့ မြို့ထဲကအိမ်နဲ့ခြံကိုပေးခဲ့ပါတယ်...တန်းကြေးသိပ်မများပေမဲ့ သီဟထွန်းရှိန်တို့မိသားစုတော့ အေးအေးဆေးဆေးနေလို့ရပါတယ်...ဒါပေမဲ့ဒေါိမာလာတင်တို့မိသားစုက ဒီအစွန်းထွက်တောင်မရှိတဲ့ ခြံနဲ့အိမ်လောက်ကို ဘယ်ကျေနပ်မှာတဲ့လဲ " " ဒါနဲ့...သူဌေးကြီးက သူ့သားအရင်းအတွက်ငွေလေးနည်းနည်းပါးပါးတောင်အမွေမပေးဘဲရက်စက်လှချည်းလား "

**** ကျွန်မ လှေကားထစ် တစ်ထစ်ချင်းစီကို ခပ်ဖြည်းဖြည်းတက်လာရင်းမှ စိန်ပန်းမြိုင်အိမ်ကြီးအနှံကို လျှောက်ကြည့်ဖို့ရန် ဆုံးဖြတ်လိုက်သည်။မင်းပိုင်ဦး၏စကားကဘယ်လောက်အထိမှန်မည်ကို သေချာမသိသော်လည်း သည်စိန်ပန်းမြိုင် အိမ်ကြီးမှာ ကျွန်မကိုဒုက္ခပေးမည့်သူရှိနေသည်မှာသေချာသည်။ယခုအချိန်မှာ စိန်ပန်းမြိုင်အိမ်ကြီးမှ ဖြုန်းခနဲထွက်သွားဖို့ဆိုသည်မှာလည်း မဖြစ်နိုင်။လောလောဆယ် ပြန်စရာအိမ်လည်းမရှိသေးချေ။ရန်ကုန်ကနေ ဘုရင့်နောင်ဖောက်ဖျက်သလိုဖျက်ပြီး ထွက်ခဲ့မိ​သောကျွန်မအတွက် သည်စိန်ပန်းမြိုင်အိမ်ကြီးမှာ အနည်းဆုံးခြောက်လတစ်နှစ်လောက်တော့ အောက််အည်းသည်းခံနေရပေမည်။ ကျွန်မစင်္ကြန်လမ်းလေးအတိုင်း ခပ်ဖြည်းဖြည်းလျှောက်လာခဲ့ရင်းမှ ကျော်စွာဦး၏အခန်းသို့သွားသောစင်္ကြန်လမ်းသို့ရောက်လာခဲ့လေသည်။ကျွန်မ မျက်လုံးရှင်ရှင်ထားပြီး လမ်းတစ်လျှောက်ကြည့်လာခဲ့သော်လည်း မည်သည့်အရိပ်အယောင်မှမတွေ့ဘဲအပေါ်ထပ်တစ်ထပ်လုံးတိတ်ဆိတ်နေလေသည်။ "ဖြဲ..ဖြဲ"ခပ်တိုးတိုးအသံတစ်ခုကို နားထဲမှာလှစ်ခနဲကြားလိုက်မိသည်။ကြားရသော အသံမှာအဝတ်စသို့မဟုတ်တစ်ခုခုကိုစုတ်ဖြဲနေသော အသံမျိုးဖြစ်သည်။ကျွန်မ အသံလာရာ အခန်းနားသို့ တဖြည်းဖြည်းတိုးကပ်သွားလိုက်မိသည်။ " ကျွီ... " " အမလေး... " အခန်းတံခါးဝသို့ တိုးကပ်သွားနေမိသော ကျွန်မမှာ ရုတ်တရက်ပွင့်လာသောတံခါးကြောင့် လန့်ပြီးနောက်သို့ဆုတ်လိုက်မိရာ ဖင်ထိုင်ရက်လဲကျသွားရလေသည်။အခန်းတံခါးမှာလည်းပွင့်လာပြီး အခန်းထဲမှ လူတစ်ယောက်ထွက်လာလေသည်။ "ဟာ...ဆရာမလေး...ဘယ်လိုဖြစ်တာလဲ....ထနိုင်ရဲ့လား ကျွန်တော်ထူပေးမယ်..." အခန်းထဲမှ ထွက်လာသော သီဟထွန်းရှိန်သည် ကျွန်မကိုမြင်သည်နှင့် ပျာပျာသလဲပြေးထူပေးလေသည်။ကျွန်မလည်း သီဟထွန်းရှိန်ကိုကျော်ပြီး ပွင့်နေသော အခန်းတံခါးမှနေ အခန်းထဲသို့လှမ်းကြည့်လိုက်ရာ...အခန်းထဲတွင် ပစ္စည်းအတိုအစများနှင့်ရှုပ်ပွနေပြီး မှို့စများပျံ့ကြဲနေသော မွေ့ရာတစ်ခုကိုလည်း တွေ့ရလေသည်။ကျွန်မကြည့်နေစဥ်မှာပင် သီဟထွန်းရှိန်က တံခါးကိုဖျတ်ခနဲပြန်လှည့်ပိတ်လိုက်လေသည်။ပြီးနောက် ကျွန်မဘေးမှာဒူးထောက်ထိုင်ချလိုက်လေသည်။ "ထနိုင်ရဲ့လား... ဆရာမလေး...ဟို...ကျွန်တော့်လက်ကိုကိုင်ပြီးထကြည့်ပါဦး..." "ရ..ရပါတယ်...ခြေချင်းဝတ်နည်းနည်းနာသွားရုံပါ " ပြောပြောဆိုဆိုနှင့် ကျွန်မအားယူပြီးထရပ်ကြည့်လိုက်သည်။ "အ" ခြေချင်းဝတ်ဆီမှ စူးခနနာကျင်သွားပြီး လဲကျမလိုဖြစ်သွားသည်ကို သီဟထွန်းရှိန်ကလှမ်း၍ ထိန်းဖက်လိုက်ပြီး "ကျွန်တော်ကို အားမနာပါနဲ့...အခန်းထဲထိကျွန်တော်လိုက်ပို့ပေးပါ့မယ် " ကျွန်မ သီဟထွန်းရှိန်၏လက်ကို အားပြုကိုင်ပြီးလျှောက်နေရင်းမှ သီဟထွန်းရှိန်၏မျက်နှာကို အကဲခတ်ကြည့်နေမိသည်။တည်ငြိမ်သော မျက်နှာထား၊အေးဆေးသောသွင်ပြင်ဟန်က တရားခံဟုထင်ရက်စရာမရှိသော်လည်း တစ်ချက်တစ်ချက်တွင်တော့ ဝေခွဲရခက်သော အေးစက်စက်အသွင်ကို တွေ့ရတတ်လေသည်။ " ဆရာမ ခဏထိုင်ဦးနော်... ကျွန်တော်ဆေးလိမ်းပေးမယ်... ဆေးသေတ္တာဘယ်နားမှာလဲ... " ကျွန်မ အတွေးလွန်နေမိသောကြောင့် အခန်းထဲကို ရောက်လာသည်ကိုပင် သတိမထားမိဘဲ သီဟထွန်းရှိန်၏ အသံကိုကြားမှ အယောင်ယောင်အမှားမှားနှင့် စာကြည့်စားပွဲသို့လက်ညှိုးထိုးပြလိုက်မိလေသည်။ သီဟထွန်းရှိန်သည် ဆေးပုလင်းကိုယူလိုက်ပြီး ကျွန်မခြေထောက်ကို ညင်ညင်သာသာဆေးလိမ်းပေးနေသောအခါမှ ကျွန်မ ဖျတ်ခနဲ့အသိဝင်လာပြီး ကမန်းကတန်းပင် သီဟထွန်းရှိန်၏ လက်ကို ဆွဲဖယ်လိုက်သည်။ "အို...ကန်တော့နော်...ငရဲတွေကြီးကုန်တော့မှာပဲ ဖယ်ပါ...ကျွန်မဘာသာလိမ်းလိုက်ပါ့မယ်...." "ရပါတယ် ဆရာမလေးရယ်...ဆရာမလေးက ကျွန်တော့်ထက်လည်းအသက်ကြီးတာပဲ ဘာမှမဖြစ်ပါဘူး...ငြိမ်ငြိမ်လေးနေပါ...ဆေးလိမ်းတာလောက်တော့ ကျွန်တော်လည်း ကျွမ်းပါတယ် " " ရှင် ညကဘယ်အချိန်အိပ်လဲ " ရုတ်တရက် မဆီမဆိုင်ထမေးလိုက်သော ကျွန်မမေးခွန်းကြောင့် သီဟထွန်းရှိန်သည် ခေတ္တမျှငြိမ်သက်သွားပြီးနောက် တိတ်ဆိတ်၍သွားလေသည်။အတန်ကြာမှာ ကျွန်မမျက်နှာကိုခပ်ငေးငေးကြည့်ပြီး ခပ်တိုးတိုးပြောလေသည်။ " အမှန်တိုင်း ပြောရရင် မနေ့ညက အရမ်းစိတ်ညစ်လို့ အရက်တွေသောက်ပြီးအိပ်လိုက်တာ ဘယ်အချိန်အိပ်ပျော်သွားမှန်းမသိဘဲ မနက်လင်းမှနိုးလာတာ...ဘာဖြစ်လို့မေးတာလဲ ဆရာမလေး.." "ဘာရယ် မဟုတ်ပါဘူး...ညတုန်းကစင်္ကြန်လမ်းဘက်ကအသံတွေဘာတွေများကြားမိသေးလား မေးမလို့ပါ ...ညက ကျွန်မ စင်္ကြန်လမ်းမှာလျှောက်နေတုန်း အနောက် ကနေဇာက်ပိုးကိုအရိုက်ခံလိုက်ရတယ်လေ... " " ဗျာ...ဘယ်လို...ဆရာမလေး...အရိုက်ခံရတယ် ဟုတ်လား...ဘာဖြစ်သွားသေးလဲဟင်...ရိုက်တဲ့သူကိုရော မြင်လိုက်လား " ကျွန်မစကားကြောင့် သီဟထွန်းရှိန်မှာ ထိတ်ထိတ်ပျာပျာနှင့်မတ်တတ်ထရပ်လိုက်ပြီး ကျွန်မခေါင်းကိုသူ့အလက်အစုံနှင့်ထိကိုင်လာလေသည်။ကျွန်မလည်း ခဏတာမျှသီဟထွန်းရှိန်၏ အပြုအမူများကိုမင်သက်ငေးမောကြည့်နေမိပြီးမှ သူ့လက်အစုံကိုဖယ်ရှားပြီး ခေါင်းကိုခပ်မြန်မြန်ခါယမ်းပြလိုက်မိလေသည်။ " အို...ရပါတယ်...ဘာမှမဖြစ်တော့ဘူး...သက်သာသွားပါပြီ..." " ဒါကြောင့် ကျွန်တော်ပြောတာပေါ့...ညဘက်တွေအပြင်မထွက်ပါနဲ့လို့...မတော်လို့ ဆရာမလေးသာတစ်ခုခုဖြစ်သွားရင် ကျွန်တော်လူသတ်မိလိမ့်မယ်..."

အမွေရထားတဲ့ရတနာသေတ္တာပျောက်ဆုံးနေတာပဲ...အဲ့ဒါတွေကိုစုံစမ်းဖို့အတွက် ဒီစိန်ပန်းမြိုင်အိမ်ကြီးကို ကိုယ်ရောက်လာခဲ့တာ...ဖြစ်နိုင်ရင် ဝတ်ရည်ကိုဒီအိမ်ကြီးကနေအမြန်ဆုံးပြန်စေချင်တယ်...ပြီးတော့ကိုကျော်စွာဦးလှေကားပေါ်ကနေပြုတ်ကျတာလည်း ဘယ်လိုမှသွေးရိုးသားရိုးမဖြစ်နိုင်ဘူး " "အဲ့ဒါတော့ ဟုတ်တယ်...ကိုကျော်စွာဦးသေဆုံးမှုက မတော်တဆမဖြစ်နိုင်ဘူးလို့ကျွန်မလည်းထင်နေတာ " "သေချာတာက ဒီအိမ်ကြီးမှာ လူသတ်သမားတစ်ယောက်တော့ရှိနေပြီ...ရှင်ရောဘယ်လိုထင်လဲ...ဘယ်သူ့ကိုသင်္ကာမကင်းဖြစ်မိလဲ " "အဲ့ဒါကတော့ ပြောရခက်တယ် ဝတ်ရည်...အားလုံးကမှင်သေသေနဲ့နေနေကြတာဆိုတော့...သေချာတာက ဒေါ်မာလာတင်ကနေအစ အိမ်အလုပ်သမားတွေအထိသတိထားရမယ်ဆိုတာပဲ...ပြီးတော့ ခုညဝတ်ရည်ကြုံခဲ့ရတဲ့အဖြစ်အပျက်အရ တရားခံဟာတစ်ယောက်တည်း မဟုတ်ဘူးဆိုတာသေချာသွားပြီး...ဒါကြောင့်မို့အစစအရာရာဂရုစိုက်နေပါကွာ...နောက်ဆိုညဘက်တွေအပြင်လုံးဝမထွက်ပါနဲ့ တစ်ခုခုအကြောင်းရှိရင်ကိုယ်နဲ့တိုင်ပင်ပါနော်...ဒီစိန်ပန်းမြိုင်ကဘယ့်သူကိုမှယုံလို့မရဘူးဝတ်ရည်...ကိုယ်ပြောတာကိုနားထောင်ပါနော် " **** ကျွန်မ ဝှိီးချဲကို ​မြေနီလမ်းလေးအတိုင်း ခပ်ဖြည်းဖြည်းတွန်းလာခဲ့ရင်းမှ ခြံ၏အနောက်ဘက်သို့ ရောက်ရှိလာခဲ့လေသည်။အရိပ်ကောင်းသော သစ်ပင်ကြီးအောက်တွင် ဝှီးချဲကို ရပ်လိုက်ပြီး တောအုပ်ထဲကိုလှမ်းကြည့်လိုက်မိသည်။သူဌေးကြီးဦးထွန်းရှိန်သည်လည်း တောအုပ်ဘက်သို့ ညှို့မှိုင်းသော မျက်လုံးများဖြင့်ကြည့်နေသည်ကို တွေ့ရသည်။တစ်ချက်တစ်ချက်တောအုပ်ထဲမှ သတ္တဝါအကောင်ငယ်လေးများ၏ အော်သံများက ကျွန်မတို့ဆီသို့ လွင့်ပျံလာလေသည်။ "ဒီနေရာလေးက အရမ်းသာယာတယ်နော် ဆရာ...အရင်က ဒီနောက်ကတောအုပ်ထဲမှာ ဆရာအမဲပစ်ထွက်တာဆို...နောက်ပြန်ကျန်းမာလာရင် ကျွန်မကို ဒီတောအုပ်လေးထဲလိုက်ပြနော်..." ကျွန်မ သူဌေးကြီးဦးထွန်းရှိန်၏ဝှိီးချဲဘေးမှာ ထိုင်လိုက်ပြီး သူဌေးကြီးရဲ့လက်ကိုအသာဆုပ်ကိုင်ပြီးပြောလိုက်တော့ သူဌေးကြီးက ကျွန်မမျက်နှာကို ခပ်ငေးငေးကြည့်နေရှာသည်။သူဌေးကြီး၏ အခြေအနေမှာကျွန်မရောက်စကထက် အနည်းငယ်သက်သာလာသည်ဟု ထင်ရသော်လည်း တိုးတက်မှုကသိသိသာသာတော့မရှိပါချေ။ "ဆရာ့ အခြေအနေက မကြာခင်ပြန်ကောင်းလာနိုင်တယ်လို့ ဆရာဝန်ကြီးလာတုန်းကပြောသွားတယ်ဆရာ...အဓိက ကစိတ်ဖိစီးမှု မရှိအောင်နေဖို့ပဲလိုတာတဲ့...ကိုယ့်ကျန်းမာရေးကိုပဲတွေးပြီး ကျန်တာတွေကို သိပ်မတွေးပါနဲ့ဆရာ..ဆရာအမြန်ဆုံးပြန်​နေကောင်းလာအောင်... ကျွန်မသေချာစောင့်ရှောက်မှာပါ " သူဌေးကြီးဦးထွန်းရှိန်က ကျွန်မပြောတာတွေကို နားထောင်နေရင်းမှ တောအုပ်ဘက်သို့ မျှော်ငေးကြည့်နေ​လေသည် ။ကျွန်မလည်းတောအုပ်ဘက်သို့ အမှတ်တမဲ့ငေးကြည့်လိုက်မိ​လေသည်။ " ဟင် " တောအုပ်၏အစပ်တွင် ရပ်နေသော မိန်းမတစ်ယောက်သည် ကျွန်မတို့ရှိရာသို့ လှမ်းကြည့်နေသည်ကိုတွေ့လိုက်ရသည်။ကျွန်မလည်း ထိုမိန်းမကို ကြည့်နေရင်းထိတ်လန့်အံ့သြနေမိလေသည်။ "မရွှေမိ....မရွှေမိပါလား "ကျွန်မစိတ်ထဲမှ အံ့သြတကြီးရေရွတ်နေစဥ်မှာပင် မရွှေမိသည် ကျွန်မကိုလက်ယပ်၍ခေါ်လေသည်။ကျွန်မ ယောင်ယမ်းပြီး မရွှေမိဆီသို့ သွားရန်ခြေလှမ်းပြင်လိုက်စဥ်မှာပင် မရွှေမိ၏ပုံရိပ်သည် မြင်ကွင်းမှဖျတ်ခနဲပျောက်ကွယ်သွားလေသည်။ *** သူဌေးကြီးဦးထွန်းရှိန် အိပ်ပျော်သွားသည်နှင့် ကျွန်မလည်း အပြင်သို့ထွက်ခဲ့သည်။ အိမ်ကြီးမှာ တိတ်ဆိတ်၍နေသည်။ညတုန်းကတရားခံကို ဘယ်လိုများရှာရမည်လဲဟု အကြံထုတ်ရင်း စင်္ကြန်လမ်းတစ်လျှောက် လျှောက်လာခဲ့သည်။ "ဆရာမလေး " "အမေ့ "ကိုယ့်အတွေးနှင့်ကိုယ် လျှောက်လာခဲ့ရင်း ရုတ်တရက်ထွက်ပေါ်လာသော အသံကြောင့် လန့်သွားမိလေသည်။လှည်ကြည့်လိုက်တော့ အခန်းတစ်ခန်းထဲမှ ထွက်လာသောမိလုံးကိုတွေ့လိုက်ရသည်။ " လန့်သွားတာပဲ မိလုံးရယ်...ဘာတွေအလုပ်ရှုပ်နေတာလဲ..." "အခန်းတွေရှင်းနေတာ ဆရာမလေး...ဒါနဲ့ ဒီနေ့အိမ်အခြေအနေသိပ်မကောင်းဘူး ဆရာမလေးရေ...မနေ့ကရှေ့နေကြီးပြန်သွားပြီးကတည်းက... သူဌေးကတော်ဒေါသတွေထွက်နေတယ် " အနားသို့ကပ်ပြီး ခပ်တိုးတိုးပြောလာသော မိလုံး၏စကားကြောင့် ကျွန်မအံ့သြသွားရသည်။ " ဟုတ်လား...ဒီနေ့တော့ကြည့်နေကြည့်စားရမှာပေါ့...ဒါနဲ့မိလုံးကိုမေးစရာရှိတယ်.. " " ဟုတ်ကဲ့... မေးလေဆရာမလေး...မိလုံးသိတာဆိုအကုန်ဖြေပါ့မယ် " "ဟို...ခြံအနောက်ဘက်က တောအုပ်ထဲကို မိလုံးရောက်ဖူးလားဟင် ...." ကျွန်မစကားဆုံးတော့ မိလုံးက မျက်လုံးပြူကြီးတွေနဲ့မော့ကြည့်လာလေသည်။ " ဘာ..ဘာဖြစ်လို့မေးတာလဲ ဆရာမလေး...တစ်ခါမှမရောက်ဖူးပါဘူး...တောအုပ်ထဲမှာ အကောင်ပလောင်တွေနဲ့အန္တရာယ်များကများနဲ့ ...မသွားရဲပါဘူး...ဆရာမလေးကဘာလုပ်ဖို့လဲ " "ဘာမှမလုပ်ပါဘူး မိလုံးရယ်...တောအုပ်ထဲတစ်ခါမှမသွားဖူးလို့ တစ်ခါလောက်သွားကြည့်မလားလို့ပါ... " " အို...အန္တရာယ်များကများနဲ့...မသွားပါနဲ့ဆရာမလေးရယ်...ဒါပဲနော် ဆရာမလေး...အခန်းတွေရှင်းဖို့ကျန်သေးလို့...."

အပိုင်း ( ၈ ) "စိန်ပန်းမြိုင်မှအိမ်နီကြီး " **** "အ...ကျွတ်....ကျွတ် " အသိဝင်လျှင်ဝင်ချင်း ပထမဆုံးခံစားရသည်မှာ ခေါင်းတစ်ခုလုံးအုံခဲနေသလိုဖြစ်နေပြီး ဇက်ပိုးဆီမှနာကျင်နေခြင်းဖြစ်လေသည်။ပြီးလျှင် တစ်ပြိုင်နက်တည်း ထိတ်လန့်ကြောက်ရွံ့စိတ်ပါဝင်လာလေသည်။ "ဘယ်နေရာရောက်နေတာလဲ"ကျွန်မစိတ်ထဲမှ ရေရွတ်လိုက်ပြီးလူးလဲထကြည့်လိုက်သည်။ "ဝတ်ရည်...ဝတ်ရည်သတိရပြီးလားဟင် ....နေဦး အရမ်းမထနဲ့ဦးလေ...ခဏပြန်လှဲနေဦး " ရင်းနှီးလွန်းသော အသံကြောင့် စိတ်ထဲမှကြောက်စိတ်များအနည်းငယ်ပြေလျော့သွားပြီး ပတ်ဝန်းကျင်ကိုကြည့်လိုက်မိသည်။ ပြာလဲ့လဲ့အလင်းရောင်အောက်တွင်မြင်နေရသော အခန်းအပြင်အဆင်ကြောင့် ရင်ထဲမှအပူလုံးကြီးမှာငြိမ်းကျသွားလေသည်။ကျွန်မ ခပ်ဖြည်းဖြည်းထထိုင်လိုက်သည်။ခေါင်းထဲမှာ မူးနောက်နောက်ဖြစ်နေဆဲပင်။ "အတင်းမထနဲ့လေ ဝတ်ရည်...ဘယ်လိုနေလဲ... နေသာရဲ့လား " " အင်း...သက်သာပါတယ်...ဒါ...ဒါနဲ့ကျွန်မကိုဘယ်သူရိုက်လိုက်တာလဲ...ရှင်ရိုက်လိုက်တာလား ကိုမင်းပိုင်ဦး " " ဟာ...မဟုတ်ပါဘူး ဝတ်ရည်ရယ်...စင်္ကြန်လမ်းပေါ်မှာဝတ်ရည်လဲနေတာတွေ့လို့ ကိုယ့်ဝတ်ရည်အခန်းထဲကိုခေါ်ခဲ့တာ...ဝတ်ရည်ကဘယ်လိုဖြစ်တာလဲ...ရိုးရိုးမူးလဲတာမဟုတ်ဘူးလားဟင်...အရိုက်ခံရတာလား... " မင်းပိုင်းဦးမျက်နှာကို ကျွန်မသေချာအကဲခတ်ကြည့်လိုက်သည်။မင်းပိုင်ဦး၏ပုံစံမှာ ကျွန်မကိုအမှန်တကယ်ပင်စိုးရိမ်နေသောပုံပေါ်လွင်နေ၍ ကျွန်မခေါင်းကိုအသာအယာငြိမ့်ပြလိုက်သည်။ "ဟုတ်တယ်... ကျွန်မကိုအနောက်ကနေရိုက်လိုက်တာပဲ...ရှင်ဘာမှမတွေ့လိုက်ဘူးလား " "ဟင့်အင်း... ဘယ်သူ့ကိုမှမတွေ့ဘူး...ကိုယ်အဲ့နေရာရောက်တော့ ဝတ်ရည်တစ်ယောက်တည်းလဲနေတာကိုတွေ့တာ... ဒါနဲ့ရိုက်သွားတဲ့သူကိုရောမြင်လိုက်လား ဝတ်ရည် " "ဟင့်အင်း...မတွေ့လိုက်ဘူး...နောက်ကခြေသံကြားလို့ လှည့်ကြည့်ဖို့လုပ်နေတုန်းမှာ အရိုက်ခံလိုက်ရတာ...ဒါနဲ့ ရှင်ကဘယ်လိုရောက်လာတာလဲ " "အဲ့ဒါ ကိုယ်ကဝတ်ရည်ကိုမေးရမှာ...ဝတ်ရည်ကညကြီးသန်းခေါင် အဲ့ဒီနေရာကိုဘာသွားလုပ်တာလဲ " "အခန်းတံခါးခေါက်သံကြားလို့ ထွက်ကြည့်တော့...အဝတ်နက်ခြုံထားတဲ့လူတစ်ယောက်ကိုတွေ့လိုက်တာနဲ့နောက်ကလိုက်ကြည့်တာ ကိုကျော်စွာဦးအခန်းထဲကိုဝင်သွားတာတွေ့လို့ ကြည့်နေတုန်းမှာ အနောက်ကနေ ကျွန်မဇာက်ပိုးကိုရိုက်လိုက်တယ်ထင်တာပဲ " " ဟာ...ဖြစ်ရလေ ဝတ်ရည်ရယ်... မသေကောင်းမပျောက်ကောင်းကွာ..." မင်းပိုင်းဦးသည် စိုးရိမ်ပူပန်သောမျက်နှာဖြင့် ကျွန်မခေါင်းကို ခပ်ဖွဖွဆုပ်ကိုင်လေသည်။ကျွန်မလည်း ခေါင်းကိုအသာရှောင်တိမ်းလိုက်ပြီး မင်းပိုင်ဦး၏မျက်နှာကိုစေ့စေ့ကြည့်ကာမေးလိုက်သည်။ " ဒီအိမ်ကြီးနဲ့ပတ်သက်ပြီး ဘာတွေဖြစ်​နေလဲဆိုတာ ရှင်သိတယ်မဟုတ်လား ကိုမင်းပိုင်ဦး...ဒီအိမ်ကြီးကိုရှင်ဘာလာလုပ်တာလဲဆိုတာ ကျွန်မကိုမပြောပြနိုင်ဘူးလား " ကျွန်မစကားဆုံးသောအခါ မင်းပိုင်ဦးသည် သက်ပြင်းတစ်ချက်ကိုချလိုက်ပြီး ကျွန်မမျက်နှာကိုစေ့စေ့ကြည့်ပြီးပြောလေသည်။ "ဒီအိမ်ကြီးကို ကိုယ်ဘာလို့ရောက်လာလည်းဆိုတာမပြောခင်...ဝတ်ရည်ကတိတစ်ခုတော်အရင်ပေးရမယ်...ဘယ်လိုလဲ ဖြစ်မလား " ကျွန်မမင်းပိုင်ဦးမျက်နှာကိုဆတ်ခနဲမော့ကြည့်လိုက်မိသည်။ " ဘာကတိလဲ " "ကိုယ်တောင်းမယ့် ကတိကခက်ခက်ခဲခဲကတိမဟုတ်ပါဘူး ဝတ်ရည်ရယ်...ဒီစိန်ပန်းမြိုင်အိမ်ကြီးကနေ ဝတ်ရည်အမြန်ဆုံးထွက်သွားပါ့မယ်ဆိုတဲ့ကတိပါ " " ရှင်...ဘာလို့လဲ...ကျွန်မကဘာလို့ထွက်သွားရမှာလဲ...မသွားဘူး... သနားစရာကောင်းတဲ့သူဌေးကြီးကိုလည်းမထားခဲ့နိုင်ဘူး ...ရှင်ဘာအဓိပ္ပါယ်နဲ့ပြောတာလဲ " " ပြောရခက်လိုက်တာ ဝတ်ရည်ရယ်...မင်းအတွက်အန္တရာယ်ရှိလာနိုင်လို့ပြောနေတာ...ကိုယ့်စကားကိုနားထောင်ပါကွာနော် " " ဟင့်အင်း နားမထောင်နိုင်ဘူး ကျွန်မကသူနာပြုတစ်ယောက်ပါ ...ကျွန်မလူနာကိုမျက်နှာလွဲခဲပစ်မထားခဲ့နိုင်ဘူး... ဒီအိမ်ကြီးမှာဘာတွေဖြစ်နေလဲဆိုတာကိုသာ ကျွန်မကိုပြောပြ...အဲ့ဒါမှအန္တရာယ်ကို ကျွန်မလည်းရှောင်နိုင်မှာပေါ့ " ကျွန်မစကားကြောင့် မင်းပိုင်းဦးက စိတ်ရှုပ်သွားဟန်နှင့်သူ့ခေါင်းမှဆံပင်များကိုလက်နှင့်ထိုးဖွပစ်လိုက်လေသည်။ "ကိုယ်ပြောပြမယ် သေချာနားထောင်...ကိုယ်ဒီစိန်ပန်းမြိုင်အိမ်ကြီးကိုရောက်လာတဲ့အကြောင်းအရင်းက ကိုယ့်အဒေါ်ယောကျ်ားကအကူအညီတောင်းလို့ပဲ...ဦးလေးကသူ့တူမရတီချိုသေဆုံးတာကို တစ်ယောက်ယောက်ကလုပ်ကြံတာလို့ထင်နေတယ်... " " ရှင်...ဘာ.ဘာ​ပြောတယ် ကိုမင်းပိုင်ဦး ဒါ ဒါဆို မရတီချိုသေဆုံးမှုက မတော်တဆမဟုတ်ဘူးလား " " ဟုတ်တယ် သေချာတာက.. တစ်ယောက်ယောက်ကလုပ်ကြံခဲ့တာပဲ...ဘာလို့လုပ်ကြံတာလည်းဆိုတော့ ဒီစိန်ပန်းမြိုင်အိမ်ကြီးရဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးက ရတီချိုနာမည်နဲ့ရှိနေတာမို့လို့ပဲ...သူဌေးကြီးဦးထွန်းရှိန်က ဒေါ်မာလာတင်ရဲ့နောက်မီးလင်းနေတဲ့ကိစ္စကိုရော၊လူယုံတော်ဦးသက်အောင်ရဲ့သစ္စာမဲ့မှုတွေကိုသိသွားခဲ့လို့ သူပိုင်ဆိုင်မှုမှန်သမျှကို သူ့သမီးနာမည်နဲ့အကုန်လွှဲထားတယ်...ဒီအကြောင်းကိုအိမ်သားတွေသိပြီးသိပ်မကြာခင်မှာပဲ ရတီချိုဆုံးသွားခဲ့ရတယ်...ဒီအကြောင်းတွေကို သူဌေးကြီးဦးထွန်းရှိန်ရဲ့ရှေ့နေက ပြောပြခဲ့တာ...ဒီထက်ပိုပြီးအရေးကြီးတာတစ်ခုက...ရတီချိုကသူ့အမေအရင်းဆီက

"တကယ်သိချင်တာလား...သိချင်ရင်လည်း ပြောပြရမှာပေါ့...ကျွန်မရဲ့ရည်းစားဟောင်းလေ..ခုတော့ဘာမှမပတ်သက်ပါဘူး..." ပြောပြီးသည်နှင့် အခန်းထဲမှပြေးလွှားထွက်ခဲ့သည်။ထိုခဏ၌တော့ ကျွန်မစိတ်ထဲ၌ သီဟထွန်းရှိန်နှင့်ပတ်သက်သော သံသယစိတ်များလည်း ပျောက်ကွယ်နေလေသည်မှာတော့အမှန်ပါပင်။ **** ဖျတ်ခနဲ လန့်နိုးလာချိန်၌ တစ်ခန်းလုံးမှောင်မည်းနေသည်။ " ဂျီ.. ဂျီ ..ဂျီ.." နိုးလျှင်နိုးချင်ပင် အခန်းထောင့်အမှောင်ထဲမှ ကြမ်းပြင်ကိုကုတ်ခြစ်နေသောအသံကဲ့သို့တဂျစ်ဂျစ်မြည်သံကိုကြားရလေသည်။ကျွန်မ မရဲတရဲနှင့်အခန်းထောင့် အမှောင်ထဲကို ​သေချာကြည့်လိုက်သည်။ကြုံဖူးနေကြဖြစ်သော်လည် နှလုံးခုန်သံများ တထိတ်ထိတ်နှင့်မြန်ဆန်လာသလို စိတ်တင်းထားသည့်ကြားမှချွေးစီးများလည်းအနည်းငယ်ပြန်လာ​လေသည်။ "အမလေး... ဘုရား"အခန်းထောင့်ကိုကြည့်နေရင်းမှ မြင်လိုက်ရသောမြင်ကွင်းကြောင့် လွှတ်ခနဲ လန့်အော်မိသော ပါးစပ်ကို လက်ဖဝါးနှင့်အမြန်ပိတ်လိုက်ရသည်။ အခန်းထောင့်အမှောင်ထဲတွင် ဆံပင်ဖိုးရိုးဖားရားနှင့် ငုတ်တုတ်ထိုင်နေသောမိန်းမတစ်ယောက်ကိုတွေ့လိုက်ရသည်။ထိုမိန်းမသည် ခေါင်းကြီးငိုက်စိုက်ချလျက် သူ၏လက်သည်းရှည်များဖြင့်ကြမ်းပြင်ကို ကုတ်ခြစ်နေလေသည်။ကျွန်မလည်းထိုမြင်ကွင်းကို ​ကြောက်ကြောက်နှင့်ကြည့်နေမိစဥ်မှာပင် မြင်ကွင်းမှဖျတ်ခနဲပျောက်သွား​လေသည်။ "ဘုတ်..ဘုတ်..." ရုတ်တရက် ပြတင်းမှန်းတံခါးဆီမှ ရိုက်ပုတ်လိုက်သံကဲ့သို့ အသံထွက်လာ၍ ကျွန်မတစ်ကိုယ်လုံး ဆတ်ခနဲတုန်တက်သွားရလေသည်။ပြီးလျှင် အသက်ရှူသံတွေပါပိုမိုမြန်ဆန်လာပြီး လူမှာမောဟိုက်လာလေသည်။ကျွန်မရင်ဘတ်ကို လက်နှင့်ဖိပြီး ပြတင်းပေါက်နားသို့ထလာခဲ့လိုက်​ပြီး လိုက်ကာစကိုဘေးသို့တွန်းပို့လိုက်ကာ ခြံထဲသို့ လှမ်းကြည့်လိုက်သည်။ လပြည့် ရက်နီးလာပြီးမို့ ခြံထဲတွင်လရောင်ဖြင့်လင်း၍နေလေ၏။လ၏အလင်းရောင်အောက်တွင် ဟိုသည်ယိမ်းနွဲ့နေသော သစ်ပင်ကြီးများကို ကျွန်မခဏတာငေးမောကြည့်နေမိသည်။ "ဟင် "ည၏အလှကိုငေးကြည့်နေမိစဥ် မျက်လုံထဲမြင်လိုက်ရသော အရာကြောင့် ကျွန်မ​ယောင်ယမ်းပြီးနောက်ကိုဆုတ်လိုက်မိသည်။ပြတင်းပေါက်မှတဆင့်မြင်လိုက်ရသည်မှာ ကျွန်မရှိရာပြတင်းပေါက်သို့ လှမ်းကြည့်နေသောမိန်းမတစ်ယောက် ။ပြီးလျှင် ထိုအမျိုးသမီးသည် ကျွန်မကိုလက်ယပ်၍ခေါ်နေပြန်သည်။ကျွန်မ လိုက်ကာစကို ဆတ်ခနဲဆွဲပိတ်ပစ်လိုက်သည်။ " ဒေါက်.. ဒေါက်..." "အမလေး " ပြတင်းပေါက်မှခြေလှမ်းကိုနောက်ဆုတ်လိုက်စဥ် ရုတ်တရက် အခန်းတံခါးခေါက်သံထွက်ပေါ်လာသောကြောင့် လန့်ဖျပ်ပြီး ခြေထောက်နှစ်ဘက်မှာ ကြမ်းပြင်ပေါ်သို့ ညွှတ်ခွေလဲကျမလိုပင်ဖြစ်သွားလေသည်။ " ဘယ်...ဘယ်သူလဲ "ကျွန်မတုန်တုန်ရီရီနှင့်လှမ်းမေးလိုက်သော်လည်း ပြန်ဖြေသံကိုမကြားရဘဲ တံခါးခေါက်သံမှာအဆက်မပြတ်ထွက်ပေါ်နေလေသည်။ကျွန်မရင်တထိတ်ထိတ်နှင့် တံခါးနားသို့လျှောက်သွားပြီး တံခါးကိုခပ်ဟဟဖွင့်ကြည့်လိုက်သည်။ " ဝှစ်" " အမေ့ " တံခါးကိုဖွင့်လိုက်သည်နှင့် လူတစ်ယောက်ဖြတ်ပြေးသွားသကဲ့သို့ ခံစားလိုက်ရသော် အခန်းအပြင်၌ မည်သူမှမရှိပါချေ။ကျွန်မစင်္ကြန်လမ်းတစ်လျှောက်လှမ်းကြည့်လိုက်သည်။ " ဟင်" စင်္ကြလမ်းပေါ်တွင်တရွေ့ရွေ့သွားနေသော အရိပ်မည်းကြီးတစ်ခုကိုတွေ့လိုက်ရသည်။ထိုအရိပ်မည်းကြီးသည် ကျော်စွာဦးနေခဲ့သော အခန်းရှိရာ စင်္ကြန်လမ်းဘက်သို့ ချိုးကွေ့သွားလေသည်။ ကျွန်မ အခန်းတံခါးကိုခပ်ဖြည်းဖြည်းဆွဲဖွင့်လိုက်ပြီး ခြေသံလုံလုံနှင့် စင်္ကြန်လမ်းအတိုင်းဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။ကျော်စွာဦး၏ အခန်းဘက်သို့သွားသော စင်္ကြန်လမ်းထောင့်ချိုးသို့ ရောက်သောအခါ ခဏရပ်၍ အမောဖြေလိုက်ရသည်။ရင်အစုံမှာဖာဖိုကဲ့သို့ဖြစ်နေပြီး မောဟိုက်နေသော်လည်း သည်ညအဖို့ တရားခံကိုမိအောင်ဖမ်းရန် ကျွန်မဆုံးဖြတ်ချက်ချထားပြီးဖြစ်လေသည်။​ကျော်စွာဦး၏ အခန်းရှိရာသို့ လမ်ထောင့်ချိုးမှအသာချောင်းကြည့်လိုက်သည်။ထိုအခါ အရိပ်မည်းကြီးမှာ အဝတ်နက်ကြီးခြုံထားသောလူတစ်ယောက်ဖြစ်မှန်းတွေ့လိုက်ရလေသည်။ ကြည့်နေစဥ်မှာပင် ထိုလူသည်ကျော်စွာဦး၏ အခန်းတံခါးကိုဖွင့်၍ဝင်သွားလေသည်။ ကျွန်မ လက်ထဲမှကိုင်ထားသော ဓါတ်မီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လိုက်ပြီး ကျော်စွာဦး၏အခန်းဆီသို့ ခြေသံမမြည်​အောင်လျှောက်ခဲ့သည်။ တဖြည်းဖြည်း ကျော်စွာဦး၏ အခန်းနှင့်နီးလာသည်နှင့်အမျှ ရင်တွေတဒိန်းဒိန်းအခုန်မြန်လာသည်။ " ရှပ်...ရှပ်..." ရှေ့သို့သွားရန်လောနေစဥ်မှာပင် ရုတ်တရက်နောက်မှခြေသံကြားလိုက်ရ၍ ကျွန်မ အထိတ်တလန့်နောက်သို့ လှည့်ကြည့်လိုက်မိသည်။ " ဒုတ် " " အ "ဖျတ်ခနဲအရိပ်သာမြင်လိုက်ရ​ပြီး ဇာက်ပိုးဆီမှ နာကျင်မှုနှင့်အတူ လောကကြီးတစ်ခုလုံးမှောင်အတိကျသွားသည်ကိုသာ ကျွန်မသိလိုက်​တော့သည်။ ------------- အပိုင်း (၈ )ဆက်ရန် အပိုင်း( ၁၀ )မှာဇာတ်သိမ်းပါမယ် *** ဧကြည်ဖြူ

ကျွန်မစိတ်တိုတိုနှင့်ရှေ့မှပိတ်ရပ်နေသော သူ့ကိုတွန်းဖယ်ပစ်လိုက်ပြီး တိုက်ကြီးထဲ ပြန်ဝင်ရန်ဟန်ပြင်လိုက်စဥ်မှာပင် ခပ်လှမ်းလှမ်းမှနေ ကျွန်မတို့ကိုကြည့်နေသော သီဟထွန်းရှိန်တို့သားအဖနှစ်ယောက်ကိုတွေ့လိုက်ရလေသည်။သီဟထွန်းရှိန်၏ စူးစူးရဲရဲအကြည့်တွေကြောင့် ကျွန်မခေါင်းကိုငုံ့ပြီး ကျောခိုင်းလိုက်ကာ အိမ်ကြီးထဲသို့ ဒရောသောပါးပြေးဝင်ခဲ့မိလေသည်။ **** " ဆရာမ...ဧည့်ခန်းထဲကို ခဏလာပါဦး ပြောစရာလေးရှိလို့ " ​ခြံထဲမှ အပြေးတစ်ပိုင်းဝင်လာမိသော ကျွန်မ။အိမ်ဝတွင် ဒေါ်မာလာတင်နှင့်တည့်တည့်ရင်ဆိုင်တိုးလေသည်။ ------------ ဧည့်ခန်းထဲသို့ ရောက်သောအခါ ဒေါ်မာလာတင်သည် မျက်နှာထားခပ်တင်းတင်းနှင့် လှမ်းကြည်ပြီး တင်းမာသော လေသံနှင့်စကားစလေသည်။ "မောင်မင်းပိုင်ဦးနဲ့ဆရာမလေးတို့ ဘာပတ်သက်မှုရှိလဲ " " ရှင် " ကျွန်မ ဒေါ်မာလာတင်ကို အလန့်တကြားမော့ကြည့်လိုက်မိပြီး ခေါင်းကိုခါယမ်း​ပြလိုက်မိသည်။ " ကျွန်မတို့ဘာမှ မပတ်သက်ပါဘူး...ဟိုအရင်ကသိခဲ့ဖူးတဲ့မိတ်ဆွေတွေပါ... " "​ဒါဆိုလည်း ကောင်းပြီလေ..ဆရာမတို့ရဲ့ကိုယ်ရေးကိုယ်တာာကိစ္စတွေကိုတော့ ဘာမှမပြောလိုပါဘူး...ဒါ​ပေမဲ့ စိန်ပန်း​​မြိုင်အိမ်​​ကြီးမှာ​နေရင်တော့ အနေအထိုင်အပြောအဆိုဆင်ခြင်ပါ...စကားရှုပ်ရှုပ်ယှက်ယှက်တွေမပြောမိပါစေနဲ့ " **** ဧည့်ခန်းထဲမှ ကျွန်မစိတ်တိုတိုနှင့်ထွက်လာခဲ့ပြီး စင်္ကြန်လမ်းတစ်လျှောက် တွေတွေဝေဝေနှင့်လျှောက်လာခဲ့သည်။စိတ်ထဲ၌မူ ဒေါ်မာလာတင်၏ မောက်မာသောပုံစံကိုသာ မြင်ယောင်နေမိလေသည်။ " အမေ့ " စင်္ကြန်လမ်းအတိုင်း လျှောက်လာရင်းမှ ရုတ်တရက်လက်ကိုဆောင့်ဆွဲခံလိုက်ရပြီး အခန်းထဲသို့ ဆွဲသွင်းခံလိုက်ရသည်မို့ လန့်ဖျပ်ပြီး တွန်းထိုးရုန်းကန်​အော်ဟစ်လိုက်မိသည်။ " ဘာလုပ်တာလဲ လွှတ်....အခုချက်ချင်းလွှတ်...မလွှတ်ရင် အော်လိုက်မှာနော်.. " " ရှူး...တိုးတိုးပြောပါ...ဆရာမ​လေး မတော် ဒီအခန်းထဲမှာ ကျွန်တော်တို့နှစ်ယောက်တည်းရှိနေတာကို တစ်ယောက်ယောက်သိသွားရင်မကောင်းဘူး " " ရှင်...သီဟထွန်းရှိန် ဒါဘာလုပ်တာလဲ...သူဌေးကြီးရောဘယ်မှာလဲ..." " စိတ်မပူပါနဲ့...ရှေ့နေကြီးရောက်လာလို့ထားခဲ့တာပါ " " ဒါနဲ့ ဘာကိစ္စ ကျွန်မကို ဒီအခန်းထဲခေါ်လာရတာလဲ..." "မေးစရာရှိလို့ပါ ဆရာမလေး.. မနက်က ကျွန်တော့အစ်မကိစ္စကဘယ်လိုဖြစ်တာလဲ သိချင်လို့...." ကျွန်မ သီဟထွန်းရှိန်၏ မျက်နှာကိုခပ်စူးစူးကြည့်လိုက်သည်။ "​ကေသီတင် အဲ့ဒီအခန်းထဲဘယ်လိုရောက်နေတာလဲဆိုတာ ...ကျွန်မထက်ရှင်ကပိုသိတယ်မဟုတ်ဘူးလား...တကယ်လို့ မကေသီတင်ပြောသလို တစ်ယောက်ယောက်ကသာ သူ့ကို အဲ့ဒီအခန်းထဲသွားထားခဲ့တာဆိုရင် အဲ့ဒီလူကဘယ်သူလဲဆိုတာ ရှင်တို့က ပိုသိမှာပေါ့... ဘာပဲဖြစ်ဖြစ် မကေသီတင်ရဲ့ ခန္ဓာကိုယ်က ဘယ်လောက်ပဲသေးသေးသွယ်သွယ်လေး ဖြစ်နေပါစေ တော်ရုံလူကတော့ အ​ပေါ်ထပ်က​နေအောက်ထပ်အထိ နိုင်မှာမဟုတ်ဘူး... ရှင့်လို့အရပ်အမောင်းနဲ့ခန္ဓာကိုယ်မျိုးရှိတဲ့သူဆိုရင်တော့ မပြောတတ်ဘူး " " ဗျာ...ဆရာမလေး.... ​ဘာသဘောနဲ့​ ပြောတာလဲ.... ကျွန်တော်ကဘာကိစ္စအပင်ပန်းခံပြီး အဲ့လိုလုပ်မှာလဲ " " ဒါတော့...မသိဘူးလေ...ရှင်တို့မိသားစုကိစ္စပဲ ...ကျွန်မနဲ့မှမဆိုင်တာ...ဒါပဲမေးမှာမဟုတ်လား... ကျွန်မသွားတော့မယ် " ကျွန်မပြောပြီးတာနှင့် သူရှေ့မှချာခနဲလှည့်ထွက်လိုက်ပြီး အခန်းတံခါးကိုဆွဲဖွင့်လိုက်သည်။ "အမေ့ "ကျွန်မ အခန်းတံခါးကို ဆွဲဖွင့်နေစဥ်မှာပင် သီဟထွန်းရှိန်သည် ​နောက်မှကျွန်မလက်ကို လှမ်းဆွဲလိုက်၍ ကျွန်မ၏ခန္ဓာကိုယ်တစ်ခုလုံး အရှိန်မထိန်းနိုင်​တော့ဘဲ သီဟထွန်းရှိန်၏ ရင်ခွင်ထဲသို့လဲကျသွားရလေသည်။ " အို ...ရှင် ဒါဘာလုပ်တာလဲ...လွှတ်...ဖယ်ဆို...အမြန်ဖယ် " ကျွန်မရှက်ရှက်နှင့် သီဟထွန်းရှိန်၏ခန္ဓာကိုယ်ကြီးကိုတွန်းဖယ်ပြီး ရုန်းထွက်လိုက်သည်။ " ဖယ်မှာပါဗျာ...ဆရာမလေးက ကျွန်တော်​ပြောတာကိုဆုံးအောင်နားမထောင်ဘဲ ထွက်သွားဖို့ပဲလုပ်နေလို့ လှမ်းဆွဲလိုက်တာပါ...ကျွန်တော်ပြောတာကို ခဏလောက်ငြိမ်ငြိမ်လေးပဲနားထောင်ပေးပါ...ဆရာမလေးကိုလက်ဖျားနဲ့တောင်မထိပါဘူး " " အဲ့ဒါဆိုလည်း...ပြောစရာရှိတာ အမြန်ပြော " "မပြောတော့ပါဘူးဗျာ...ဆရာမလေးက ကျွန်တော့်ကိုမြင်တာနဲ့ဒေါသပဲထွက်နေတယ်...ကျွန်တော်ဘာလုပ်မိလို့ ကျွန်တော့်ကိုမုန်းနေရတာလဲ..." ကျွန်မမျက်နှာကို မမှိတ်မသုန်စိုက်ကြည့်ပြီးပြောနေသော သီဟထွန်းရှိန်ကို ကျွန်မသတိလက်လွတ်ငေးမောကြည့်နေမိသည်။သီဟထွန်းရှိန်နှင့်ကျွန်မ အတန်ကြာအကြည့်ချင်းဆုံမိကြပြီ နောက် ကျွန်မတို့နှစ်ယောက်လုံးအသိဝင်လာပြီး ရှိုးတိုးရှန့်တန့်ဖြင့် မျက်နှာများကိုလွှဲလိုက်ကြသည်။ "ဟို...ဟို...ဒါပဲမဟုတ်လားဟင်....ကျွန်မသွားတော့မယ်" ကျွန်မ၏စကားသံမှာ ရှက်ရွံစိတ်ဖြင့်အထစ်ထစ်အငေါ့ငေါ့ဖြစ်နေလေသည်။ထို့အတူ သီဟထွန်းရှိန်သည်လည်း ခေါင်းကြီးကိုငုံ့ပြီးရပ်နေရာမှ ကျွန်မကိုမဝံမရဲနှင့်လှမ်းကြည့်ပြီး " ဟို...ဟိုလေ..ဆရာမလေးနဲ့ကိုမင်းပိုင်ဦးကဘယ်လိုများပတ်သက်​နေတာလဲ " တံခါးကိုဖွင့်ဖို့လုပ်နေရင်းမှ သီဟထွန်းရှိန်ကို ကျွန်မ လည်ပြန်လှည့်ကြည့်လိုက်သည်။သီဟထွန်းရှိန်သည် ကျွန်မ၏အဖြေကို ငံ့လင့်နေဟန် ​ကြည့်နေလေသည်။

ကျွန်မ၏ စကားကိုကြားတော့မှ သူဌေးကြီး၏ဦးထွန်းရှိန်၏ ထိတ်လန့်နေသောမျက်နှာမှာ ပြေလျော့သွားပြီး သူ၏တုန်ယင်နေသောလက်နှင့် ကျွန်မလက်ကို ဆုပ်ကိုင်လာလေသည်။ " အိမ်သားတွေအတွက် စိတ်မပူပါနဲ့ ဆရာ..အားလုံးအဆင်ပြေပါတယ်..." ကျွန်မ သူဌေးကြီး၏လက်ကို ခပ်ဖွဖွ ဆုပ်ကိုင်ပြီးအားပေးစကားပြောနေရင်းမှ ညကအဖြစ်များကို ပြန်တွေးမိလေသည်။ညကအဖြစ်သည် အိပ်မက်မဟုတ်လျှင် ကေသီတင်၏ ထူးဆန်းသော အဖြစ်သည် သီဟထွန်းရှိန်၏လက်ချက်လည်းဖြစ်နိုင်သည်။ထို့ပြင် ညကမြင်တွေ့ခဲ့ရသော ဝတ်စုံနက်နှင့်လူကိုမြင်ယောင်မိပြန်သည်။ထိုလူ၏မျက်နှာကိုသေချာမမြင်လိုက်သော်လည်း သွားလာဟန်ကို ရင်းနှိီးနေသည်။သေချာသည်မှာ ဤစိန်ပန်းမြိုင်အိမ်ကြီးမှာ ထူးဆန်းသောအရာများ ဖြစ်နေသည့််အပြင် သူတို့သည် တစ်စုံတစ်ခုကို အသည်းအသန်ရှာနေကြပုံလည်းရသည်။ " ဆရာမလေး..ကျွန်တော် ဒီနေ့အဖေ့ကို လမ်းလျှောက်ခေါ်သွားပါ့မယ် " အသံနှင့်အတူ ဝင်လာသော သီဟထွန်းရှိန်ကို ကျွန်မ​ခပ်တင်းတင်းတစ်ချက်ကြည့်လိုက်ပြီး ခေါင်းကိုငြိမ့်ပြလိုက်ရင်း ဝှီးချဲကို သူ့ရှေ့သို့တွန်းပို့ပေးလိုက်သည်။ **** တိုက်ကြီး၏ တံခါးဝတွင်ရပ်၍ ခြံထဲသို့ ကျွန်မလှမ်းကြည့်လိုက်သည်။ခြံထဲရှိ ခုံးတန်းပေါ်တွင်ထိုင်နေသော မင်းပိုင်ဦးကို တွေ့လိုက်ရတာမို့ မင်းပိုင်ဦးရှိရာဆီသို့ လျှောက်သွားလိုက်သည်။အနားသို့ရောက်သော့ခါ ခြေသံကြား၍ထင်သည်မင်းပိုင်ဦးကလှည့်ကြည့်လာလေသည်။ " ဟာ...ဝတ်ရည် လမ်းလျှောက်ထွက်လာတာလား...တစ်ယောက်တည်းလား... သူဌေးကြီးရောမပါဘူးလား.. " " အင်း...တစ်ယောက်တည်းပဲ...ရှင်ကရော ဒီနေ့အပြင်မသွားဘူးလား " " နေ့လည်လောက်မှသွားမယ်ဝတ်ရည်...အိမ်ထဲမှာ ပြဿနာတွေဖြစ်နေတုန်း အပြင်ထွက်သွားရင်ရှောင်သလိုဖြစ်နေမှာစိုးလို့ ဒီမနက်မသွားတော့ဘူး...ဒါနဲ့ ဝတ်ရည်ရောနေရတာအဆင်ပြေရဲ့လား...ကိုယ်တို့အဖြစ်ကလည်း... ငါးနှစ်ကြာမှ ပြန်တွေ့ပြီး တစ်အိမ်ထဲနေရပေမဲ့ တစ်နေတစ်ခါတောင်တွေ့ရဖို့ မလွယ်ဘူးနော် " ကျွန်မ သူ့စကားကို ခွန်းတုံ့မပြန်ဘဲ သူ့မျက်နှာကိုစေ့စေ့ကြည့်လိုက်သည်။သူကလည်း ကျွန်မကို ရွှန်းရွှန်းစားစားမျက်ဝန်းများဖြင့်ပြန်ကြည့်နေလေသည်။ " ရှင် ဒီစိန်ပန်းမြိုင်အိမ်ကြီးမှာ ဘာကိစ္စရှိလို့နေနေတာလဲ ကိုမင်းပိုင်ဦး... ကျွန်မ အမှန်အတိုင်းသိချင်တယ် " ကျွန်မအမေးကြောင့် သူ့မျက်နှာမှာ ကွက်ခနဲပျက်သွားပြီး "အလုပ်ကိစ္စရှိလို့နေတာလေ ဝတ်ရည်...ကိုယ်ရောက်တဲ့နေ့ကတည်းက ဝတ်ရည်ကို ပြောပြထားတယ်လေ...ဒီမြို့မှာဆောက်လုပ်ရေးလုပ်ငန်းတစ်ခုလုပ်ဖို့ နေရာရှာနေတုန်း ဒီမှာခဏတည်းနေတဲ့သဘောပါ ဝတ်ရည်ရယ် " ကျွန်မ သူ့မျက်နှာကို စေ့စေ့ကြည့်လိုက်ပြီး ထပ်ပြီးမေးလိုက်သည်။ "ထားပါတော့လေ... ညဘက်တွေ ဘယ်အချိန်အိပ်လဲ...ညကရော တရေးနိုးချိန်မှာ အောက်ထပ်လေးဘာလေးဆင်းသေးလား " ကျွန်မ အမေးကြောင့် သူထိတ်လန့်အံ့သြသွားပုံနှင့် " ဘာ ...ဘာကိုမေးတာလဲ ဝတ်ရည်...ညကကိုယ်စောစောအိပ်တာပါ...တစ်​နေကုန်သွားလာထားတော့ ပင်ပန်းပြီး တစ်ချိုးတည်း အိပ်ပျော်သွားတာ မိုးလင်းမှနိုးတာ " "ရှင့်ပုံစံက အရင်အတိုင်းပဲနော်ကိုမင်းပိုင်ဦး... ရှင့်ကိုကြည့်လိုက်ရင် အမြဲလျှိုဝှက်ချက်တွေ့နဲ့ပြည့်နေတာပဲ...သူငယ်ချင်းသံယောစဥ်နဲ့ ပြောလိုက်မယ်...ရှင် ဒီအိမ်ကြီးကို ဘာအတွက်ရောက်လာမှန်းမသိပေမဲ့...ရှင်အခုလုပ်နေတာတွေကိုမလုပ်ဘဲ ပြန်သွားဖို့ပဲပြောချင်တယ် " ကျွန်မ ပြောပြီးတာနှင့် ခုံမှထလိုက်ပြီး သူ့အနားမှထွက်ခဲ့လိုက်သည်။ထိုအခါ သူပါထိုင်နေရာမှ ထလိုက်ပြီး ကျွန်မလက်ကိုလှမ်းဆွဲလိုက်လေသည်။ " ခဏ...ခဏနေပါဦး ဝတ်ရည် ...ကိုယ်ပြောတာကို နားထောင်ပါဦး.. ဝတ်ရည်က ဘာအဓိပ္ပါယ်နဲ့ပြောလဲမသိပေမဲ့ ကိုယ့်ဒီအိမ်မှာလာနေတာက ဘယ်သူ့ကိုမှ ဒုက္ခပေးဖို့မဟုတ်ဘူးဆိုတာကျိန်ရဲပါတယ်...အရိုးသားဆုံးပြောရရင် ဒီအိမ်ကြီးမှာ ဝတ်ရည်ရှိနေလို့ နေဖို့ဆုံးဖြတ်လိုက်တာပါ..." ကျွန်မလက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်၍ တတွတ်တွတ်ပြောနေသော သူ့ကိုကြည့်ပြီး ကျွန်မ အတိတ်မှ ဒဏ်ရာများကိုသတိရသွားက​ပြီးလက်ကိုအတင်းဆောင့်ရုန်းပစ်လိုက်သည်။ " အို လွှတ်...ကျွန်မလက်ကိုလွှတ်... ရှင်ပြောသမျှစကားတွေကို လုံးဝအယုံအကြည်မရှိတော့ဘူး....အရင်က ရှင့်အလိမ်အညာစကားတွေကို ယုံခဲ့မိလို့ ဆွေမျိုးတွေကြားမှာ သိမ်ငယ်ခဲ့ရပြီးပြီ " "အရင်က ကိစ္စတွေအတွက် ကိုယ်တောင်းပန်ပါတယ် ဝတ်ရည်ရယ်...အဲ့ဒီတုန်းက အမေကလည်းဆုံးသွားပြီး ကိုယ့်ဆီမှာငွေကလည်းမရှိမို့ စိတ်ဓါတ်ကျ​ပြီး အဒေါ်နဲ့လိုက်သွားခဲ့တာပါ...ကိုယ်တစ်နေ့မှဝတ်ရည်ကိုမေ့လို့မရခဲ့ပါဘူး " " အို တော်စမ်းပါ ...အရင်တုန်းကအကြောာင်းတွေကိုပြောမနေနဲ့တော့...ရှင့်ကို ကျွန်မ မယုံတော့ဘူး " " မဟုတ်ဘူး ဝတ်ရည်...ကိုယ်တကယ်ပြောနေတာ...မကြာခင်ကိုယ့်ပြန်တော့မှာ ကိုယ်ပြန်ရင် ဝတ်ရည်ကိုပါ ခေါ်သွားဖို့ စီစဥ်ထားတယ်...ကိုယ်တို့နှစ်ယောက်လက်ထပ်ပြီး ရန်ကုန်မှာ​နေကြမယ်လေ " "ဘာရှင့်..လက်ထပ်မယ် ဟုတ်လား...ဒီစကားကို ရှင်ပြောရဲသေးတယ်ပေါ့...ဒီစကားပြောဖို့နောက်ကျသွားပြီရှင့်...ဖယ်ပေး... ရှေ့ကနေမြန်မြန်ဖယ် "

သတ်ပုံအမှားတွေပါရင် နားလည်းပေးကြပါရန်တောင််းပန်ပါတယ်ရှင် အပိုင်း ( ၇ ) "စိန်ပန်း​​မြိုင်မှအိမ်နီကြီး " **** ကျွန်မ မိုက်ခနဲ​ဖြစ်သွားသော ခန္ဒာကိုယ်ကိုမနည်းထိန်းလိုက်ရပြီး အခန်းထဲတွင် ​​ခွေ​ခွေလေးလဲ​နေ​သော ​ကေသီတင်အနားသို့ ​ပြေးသွားပြီးစိုးရိမ်ထိတ်လန့်စွာ ​ကြည့်လိုက်မိသည်။​ကေသီတင်၏ခန္ဓာကိုယ်ပြင်ပတွင် ထိခိုက်ဒဏ်ရာကို မ​တွေ့ရသော်လည်း ​ကေသီတင်သည် ​ကြမ်း​ပြင်​ပေါ်တွင် ​ငြိမ်သက်စွာလဲလျောင်းနေလေသည်။ကံကောင်းသည်မှာ ​ကေသီတင်ထံမှ ခပ်မှန်မှန်ရှူ​နေသော အသက်ရှူ​နေသံကို ​ကြားနေရသောကြောင့်ဖြစ်လေသည်။ " မ​ကေသီတင်....မ​ကေသီတင်... " ​ကေသီတင်၏ လက်ကို ဆုပ်ကိုင်​ပြီးခပ်​ကြမ်းကြမ်းလှုပ်နှိုးလိုက်သောအခါတအင်းအင်းတအဲအဲညည်းညူသံနှင့်အတူ နိုးလာ​လေသည်။ " ဟင်... ရှင်.. ရှင်...ဆရာမလေးက ကျွန်မအခန်းထဲကို ဘယ်လိုရောက်​​နေတာလဲ...ဒါ......ဒါ ကျွန်မအခန်းလည်း မဟုတ်ဘူး " ​ကေသီတင်သည် ကျွန်မကို​ကြည့်လိုက် ၊သူရောက်​နေသော အခန်းပတ်ဝန်းကျင်ကို​ကြည့်လိုက်နှင့် လဲ​နေရာမှ ကုန်းရုန်းထလာ​လေသည်။ "ပြော...​ပြောပါဦး...ရတီချို့အခန်းထဲကို ကျွန်မဘယ်လိုရောက်​နေတာလဲ..." ​ကေသီတင်မှာ သူ့အ​ဖြစ်ကို သူ မယုံ​ကြည်နိုင်ပုံနှင့် ​သွေးရူးသွေးတန်းမေး​နေလေသည်။ " ကျွန်မလည်း မသိဘူးလေ မကေသီတင်... ကျွန်မ သူဌေး​ကြီးအခန်းကိုသွားတုန်း ဒီအခန်းထဲက အသံ​ကြားလို့ ကြည့်လိုက်တော့ မ​ကေသီတင်ကို​တွေ့တာပဲ " " မဟုတ်တာ...မ​ဖြစ်နိုင်တာတွေမပြောပါနဲ့... ....မာမီရေ... မာမီ...မာမီလာပါဦး... " " အို...အရမ်းမအော်ပါနဲ့လား.. မကေသီတင်...တော်ကြာသူ​ဌေးကြီး လန့်သွားမှာစိုးလို့ပါ " အသံအကျယ်ကြီးနှင့်အော်ဟစ်လိုက်သော ကေသီတင်အား ကျွန်မအလျှင်အမြန်တားမြစ်လိုက်​သော်လည်း ကေသီတင်သည် စိတ်ဆိုးမာန်ဆိုးနှင့် ကျွန်မကိုတွန်းထုတ်လိုက်ပြီး ထပ်မံ၍အော်ဟစ်လိုက်လေသည်။ " အို...ဖယ်စမ်းပါ..ကျွန်မဘာသာအော်အော် မအော်အော် ရှင်နဲ့ဘာဆိုင်လဲ. ...ဒီလောက်အောက်သံကြောင့်နဲ့တော့ အဲ့ဒီအဘိုးကြီးမသေနိုင်ပါဘူး ဆရာမကြီးပုံစံလာလုပ်မနေနဲ့ ...မာမီ...မာမီအ​မြန်လာပါဦး...ဒေါ်ကြူ...မိလုံး အားလုံးဘယရောက်နေကြတာလဲ....ဒီကို​မြန်​မြန်မလာနိုင်ကြဘူးလား " ကေသီတင်၏ အသံကုန်အော်ဟစ်လိုက်သောအသံကြောင့် တစ်အိမ်သားလုံး အထိတ်တလန့်ပုံများနှင့် အပြေးအလွှားရောက်ရှိလာကြလေသည်။ ရှေ့ဆုံးမှရောက်လာသော ဒေါ်မာလာတင်မှာ သူ့သမီးကေသီတင်ကိုကြည့်ပြီး အံ့သြတကြီးနှင့်မေးလေသည်။ "ဘာ...ဘာ​ဖြစ်တာလဲ သမီးကေသီ...ဒီအခန်းထဲ ဘာဝင်လုပ်နေတာလဲ " " အီး....ဟီး..ဟီး..မာမီ....ညက သမီးအိပ်ရာမှာအိပ်​​​နေတာပါပါ....ခုမနက်နိုးလာတော့ ဒီအခန်းထဲ​ရောက်​နေတယ်မာမီ " "ဘာ...ဘာပြောတယ် သမီး...​သေသေချာချာလေးပြောစမ်းပါဦး...မထိတ်သာမလန့်သာရှိလိုက်တာ " " မသိဘူး...သမီးလည်း ​သေချာမသိဘူးမာမီ...ညကသမီး အခန်းထဲမှာအိပ်​နေတာ... ခုမနက်နိုးတော့ ဒီအခန်းထဲကိုရောက်နေတယ်လေ...ပြီးတော့ ဒီသူနာပြုမလည်း ဒီအခန်းထဲရောက်နေတယ် " "ဘာ...ဘယ်လို...ဒါကဘယ်လို​ဖြစ်တာလဲ...ဆရာမလေး ရှင်း​ပြပါဦး " ​ကေသီတင်တို့သားအမိ၏ စကားကြောင့် စိတ်ထဲ ဒေါသထောင်းခနဲဖြစ်သွား၍ မနည်းပြန်မျိုသိပ်လိုက်ရလေသည်။ "ကျွန်မလည်း သေချာမသိပါဘူး သူဌေးကတော်...ကျွန်မ သူဌေးကြီး အခန်းကိုသွားနေတုန်း ဒီအခန်းထဲက အသံကြားလို့ကြည့်လိုက်တော့ မကေသီတင်ကို တွေ့တာပါ " " ဟင်...ဒါဆိုဘယ်လိုများ​ဖြစ်ရတာလဲ သမီးရယ်...​သေချာစဥ်းစားပါဦး " " မသိပါဘူးမာမီရယ်...ညကအိပ်မပျော်လို့ အိပ်ဆေးသောက်ပြီး အိပ်လိုက်တာပါ... မနက်လင်းတော့ ဒီအခန်းထဲရောက်နေတာပဲ...သမီးအိပ်မောကျနေတုန်း တစ်ယောက်ယောက်က ဒီအခန်းထဲကို ရွေ့ခဲ့တာဖြစ်မယ်...အဲ့လူကိုတွေ့အောင်ရှာပေးပါ မာမီ...တွေ့လို့ကတော့ ကေသီတင်ကဘာလဲဆိုတာသိအောင်ပြရမယ် " ..​ကေသီတင်က ပြောပြောဆိုဆိုနှင့် အိမ်သားများအား မယုံသင်္ကာသော အကြည့်များဖြင့် ကြည့်လေသည်။ " ရူးရင်လည်း အေးဆေးရူးပါလား မမကေသီ...ဘာဖြစ်လို့ အခြားသူတွေကို ဆွဲထည့်နေတာလဲ...ကိုယ့်ဘာသာ အကြောင်းရှိလို့ ဒီအခန်းထဲ ရောက်လာပြီး အိပ်ပျော်သွားတယ်ဆိုရင်ရော ဘယ်သူကဘာပြောရဲမှာလဲ ဗျာ " သီဟထွန်းရှိန်၏ ခနဲ့တဲ့တဲ့နှင့်ပြောလိုက်သော စကားကြောင့် ကေသီတင်တစ်ယောက် ဒေါသတကြီးနှင့်ပြန်လည်အော်ဟစ်လေသည်။ " ဘာ...ဘာပြောတယ်....နင့်ပါးစပ်ကိုပိတ်ထားစမ်း...ဘာအကြောင်းရှိလို့ ဒီလိုကျက်သရေမရှိတဲ့အခန်းထဲကိုလာရမှာလဲ.. မာမီသားကို ပါးစပ်ကိုပိတ်ထားခိုင်းမာမီ...ကေသီအရမ်းဒေါသထွက်လာပြီ " "အငယ်ကောင် မင်းကလည်းပါးစပ်ပိတ်ထားစမ်း... ကိုယ့်အစ်မကို ဘယ်လိုပြန်ပြောနေတာလဲ...ကဲ ကဲ သွားကြတော့ ...အားလုံးကိုယ်လုပ်စရာရှိတာသွားလုပ်ကြ...ဒေါ်ကြူတစ်ယောက်ပဲနေခဲ့ " အသီးသီးထွက်သွားကြသော အိမ်သားတွေကိုကြည့်ပြီး ကျွန်မသက်ပြင်းမောကိုချလိုက်ပြီး သူဌေးကြီး၏ အခန်းသို့ထွက်ခဲ သည်။ *** အခန်းထဲသို့ရောက်သောအခါ ထိတ်လန့်တုန်လှုပ်နေသော မျက်လုံးများဖြင့် အခန်းဝကိုကြည့်နေသော သူဌေးကြီးကို တွေ့လိုက်ရ၍ စိတ်ထဲမကောင်းဖြစ်သွားရလေသည်။ " အသံတွေကြားလို့ စိတ်ပူနေတာလား ဆရာ... မစိုးရိမ်ပါနဲ့ ...မကေသီတင်ချော်လဲတာပါ...ဘာမှမဖြစ်ပါဘူး "

"ဟုတ်ပါတယ် ဆရာမ ....မောင်ကျော်စွာဦးကိစ္စကြောင့် ပွဲရုံမှာအလုပ်တွေပုံနေလို့ ခုတလောစောစောသွားနေရတယ် " ကျွန်မ၏ အ​မေးကို ပြန်ဖြေပြီးထွက်သွားသော လူယုံတော်ကြီးဦးသက်အောင်ကို ငေးကြည့်နေမိသည်။ဦးသက်အောင်သည် ရုပ်ရည်မှာ ကြည့်ကောင်းသည့်ထဲမပါသော်လည်း အသားညိုစိမ့်စိမ့်၊အရက်ထောင်ထောင်မောင်းမောင်းနှင့် အကြည့်ရဆိုးသူတစ်ယောက်တော့ မဟုတ်ပါချေ။အသက်အရွယ်အားဖြင့်လည်း ငါးဆယ်ကျော်သေးပုံမရပေ။သို့ပါလျက် အိမ်ထောင်ဘက်မရှာဘဲ နေသည်မှာ အနည်းငယ်မျှတော့ ထူးဆန်းနေပေသည်။ပြီးတော့ ပို၍ထူးဆန်းသူမှာ သူဌေးကြီးဦးထွန်းရှိန်များဖြစ်​​နေမလားဟု ကျွန်မတွေးမိပြန်သည်။တကယ်ဆိုလျှင် မိမိ၏ဇနီးဖြစ်သူနှင့် အသက်အရွယ် မတိမ်းမယိမ်းယောကျ်ားသားတစ်ယောက်ကို အိမ်ပေါ်ခေါ်တင်ထားခြင်းသည် တော်တန်ရုံ သံယောစဥ်ကြောင့်နှင့်တော့ မဖြစ်နိုင်ဟုထင်မိသည်။ **** ကျွန်မ အတွေးပေါင်းများစွာနှင့်ရှုပ်ထွေးပြီး ခေါင်းထဲကပါနောက်ကျိလာသည်မို့ သူဌေးကြီး၏ အခန်းသို့ ခပ်မြန်မြန်ပင်လျှောက်လာခဲ့လိုက်သည်။သူဌေးကြီး၏ အခန်းနားသို့ ရောက်လာသောအခါ ညကဝတ်စုံနက်နှင့်လူအကြောင်းကို ထပ်၍သတိရမိသွားပြန်သည်။ မျက်နှာကို မမြင်လိုက်ရသော်လည်း လျှင်မြန်ဖျတ်လတ်သောသူတစ်ယောက်ဖြစ်သည်မှာ သေချာသည်။​ ပြီးတော့ ဤစိန်ပန်းမြိုင်အိမ်ကြီးတွင် ထူးဆန်းသော အဖြစ်အပျက်များဖြစ်နေသည်မှာသေချာသည်။ထို့ပြင် သူဌေးသမီးလေးရတီချိုနှင့်ခင်ပွန်းဖြစ်သူတို့၏တိုက်တိုက်ဆိုင်ဆိုင်သေဆုံးမှုသည်လည်း ထူးဆန်း​နေ​ပြန်သည်။သီဟထွန်းရှိန်အပါအဝင် မိသားစုများ၏ပုံစံများမှာလည်း အနည်းငယ်ထူးဆန်းနေကြသည်မှာ အမှန်ပင်။​ ပို၍ထူးဆန်း​နေသည်မှာ ကျွန်မကိုယ်တိုင်ပင် ဖြစ်နေသည်မဟုတ်ပါလား။မကြာခဏ ဆိုသလိုမက်နေသော ထူးထူးဆန်းဆန်းအိပ်များနှင့် ညဥ့်နက်သန်းခေါင်တွင်ကြားရတတ်သော အသံများသည် တော်ရုံတန်ရုံကြောက်လန့်တတ်သူဆိုလျှင်တောင် ခံနိုင်ရည်ရှိမည်မထင်ပါ။ကျွန်မသည်ပင်လျှင် သူဌေးကြီးဦးထွန်းရှိန်အား ထားပစ်ခဲ့ရမည်ကို စိတ်မကောင်းဖြစ်နေမိသလို အိမ်ပြန်သွားပါကလည်း လှိုက်လှိုက်လှဲလှဲကြိုဆိိုမည်သူ မရှိသောဘဝမို့ ကြိတ်မှိတ်သည်းခံ၍နေခြင်းဖြစ်သည်။ " ဂျစ်...ဂျစ်.." ကျွန်မ ကိုယ့်အတွေးနှင့်ကိုယ်လျှောက်နေရာမှ အခန်းတစ်ခန်းဆီမှ တစ်စုံတစ်ခုကို ကုတ်ခြစ်နေသံလိုမျိုးကြားလိုက်ရတာမို့ ဘေးပတ်ဝန်းကျင်မှ အခန်းများဆီသို့ နားစွင့်ကြည့်လိုက်သည်။အသံသည် ကျွန်မနှင့်အနီးကပ်ဆုံးအခန်းထဲမှ ကြားနေရခြင်းဖြစ်လေသည်။ကျွန်မလှမ်းလက်စ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး အသံလာရာ အခန်းဆီသို့ ကြည့်လိုက်မိသည်။ "ဘုရားရေ "ကျွန်မနှုတ်မှ ခပ်တိုးတိုးဘုရားတလိုက်မိသည်။ကျွန်မရောက်နေသည်မှာ ရတီချိုနေခဲ့ဖူးသော အခန်းဖြစ်နေလေသည်။သည်အခန်းသည်အမြဲပိတ်ထား​သော အခန်းပင် မဟုတ်ပါလား။ကျွန်မ စူးစမ်းလိုစိတ်နှင့် တံခါးဝနားသို့ ကပ်သွားလိုက်မိသည်။ " ကျွိီ ကျွီ...." အခန်းတံခါးသည် ကျွန်မတွန်းမဖွင့်ရပါဘဲ အလိုအလျောက်ပွင့်သွား၍ ကျွန်မရင်ထဲ ဒိန်းခနဲဆောင့်ခုန်သွားရပြီး ခြေထောက်များမှာ ရှေ့သို့ဆက်မလှမ်းရဲဘဲ အခန်းထဲသို့ မရဲတရဲနှင့်လှမ်း၍ ကြည့်လိုက်မိလေသည်။ " ဟင် " အခန်းထဲမှ မြင်လိုက်ရသော ​မြင်ကွင်းကြောင့် ကျွန်မခေါင်းထဲ၌ မိုက်ခနဲဖြစ်သွားပြီး အခန်းတံခါးဘောင်ကို ကမန်းကတန်းလှမ်းကိုင်လိုက်ရလေသည်။ ------------- အပိုင်း ( ၇ )ဆက်ရန် **** ဧကြည်ဖြူ

အိပ်ပျော်နေရာမှ ဖျတ်ခနဲလန့်နိုးလာသောအခါ အရုဏ်ဦး၏ ကျေးငှက်သံများကိုပါ ကြားနေရလေသည်။ကျွန်မ အိပ်ရာထဲမှလူးလဲထလိုက်ပြီး ညကအဖြစ်အပျက်များကို အိပ်မက်လေလား၊တကယ်လားဟု ဇဝေဇဝါနှင့်တွေးနေမိလေသည်။သေချာရေရာစွာ မဆုံးဖြတ်နိုင်သော်လည်း အမှန်တကယ်တွေ့ကြုံခဲ့ရသလို ခံစားနေရသည်။ကျွန်မ စိတ်ရှုပ်ရှုပ်နှင့်ခေါင်းကိုခါယမ်းလိုက်ပြီး ကြမ်းပြင်ပေါ်သို့ ခြေ နှစ်ဘက်ကို တွဲလဲချပြီး မတ်တတ်ထရပ်လိုက်ရင်း အခန်းထောင့်ကို မဝံ့မရဲ လှမ်းကြည့်လိုက်မိသည်။ " အ " မတ်တတ်ထရပ်လိုက်သည်နှင့် ခြေချင်းဝတ်ဆီမှစူးခနဲ နာကျင်သွားတာမို့ ခြေထောက်ကိုငုံ့ကြည့်လိုက်မိသည်။ " ဟင် " ခြေချင်းဝတ်နားတွင် အနည်းငယ်ရောင်နေသည်ကို တွေ့လိုက်ရသည်မို့ ညကအိပ်မက်ထဲတွင် လှေကားမှပြုတ်ကျသည်ကို သတိရသွားမိပြီး အံ့သြထိတ်လန့်သွားရလေသည်။ *** နာနေသော ခြေချင်းဝတ်ကိုထိန်း၍ လှေကားထစ်များမှ ကျွန်မခပ်ဖြည်းဖြည်းဆင်းခဲ့ရင်း ညကအဖြစ်ကိုသာတွေးနေမိသည်။ လှေကားအဆုံးစင်္ကြန်လမ်းအတိုင်း လျှောက်​နေရင်းမှ ညကဝင်ပုန်းခဲ့သော အခန်းရှေ့ အရောက်၌ အခန်းတံခါးကိုတွန်းဖွင့်ကြည့်လိုက်ရာ အလွယ်တကူပင်ပွင့်သွားသည်။ပွင့်သွားသောတံခါးမှ အခန်းထဲသို့ လှမ်းကြည့်လိုက်ရာ အခန်းထဲတွင် မှောင်မည်းတိတ်​ဆိတ်နေသည်မှအပ ထူးခြားသောအရိပ်အခြည်ကိုမတွေ့ရပေ။ ကျွန်မ စိတ်ရှုပ်ထွေးစွာပင် သူဌေးကြီး၏အခန်းထဲသို့ ဝင်ခဲ့လိုက်ပြီး လုပ်စရာရှိသည်များကို လုပ်နေလိုက်သည်။ပြီးနောက် နံနက်အဆာပြေစာ စားရန်အတွက် ထမင်းစားခန်းဘက်သို့ထွက်ခဲ့လိုက်သည်။ **** ထမင်းစားခန်းထဲတွင် တိတ်ဆိတ်နေသည်။အိမ်ရှင်တစ်ယောက်တစ်လေ၏ အရိပ်အခြည်ကိုမှ မတွေ့ရသလို ယခင်နေ့များက နံနက်စောစော၌ ထမင်းစားခန်းထဲတွင် ရှိနေတတ်သော မိလုံးနှင့် ကျန်အလုပ်သမားများကိုလည်း မတွေ့ရဘဲ ထမင်းစားခန်းတစ်ခုလုံး တိတ်ဆိတ်၍ နေလေသည်။ကျွန်မ မီးဖိုခန်းဘက်ဆီသို့ လျှောက်လာလာခဲ့လိုက်သည်။ မီးဖိုခန်းထဲသို့ ရောက်သော့ခါ ဦးဖိုးထော်နှင့်စကားပြောနေသော မိလုံးကိုတွေ့လိုက်ရလေသည်။ကျွန်မလည်း ဘာရယ်မဟုတ်ဘဲ ငေးကြည့်နေမိလေသည်။မိလုံးနှင့်ဦးဖိုးထော်တို့မှာမူ ကျွန်မကို မြင်ပုံမရဘဲ နှစ်ယောက်သားတိုးတိုးကျိတ်ကျိတ်နှင့်တစ်စုံတစ်ရာကို ပြောနေကြလေသည်။တစ်ချက်တစ်ချက်တွင် ဦးဖိုးထော်သည် စကားပြောနေရင်းမှ မိလုံး၏ခေါင်းကို လက်နှင့်ခပ်ဖွဖွပုတ်တတ်လေသည်။ ကျွန်မ မိလုံးတို့၏ ထိုမြင်ကွင်းကို ကြည့်နေရင်းမှ စိတ်ထဲ၌ မေးခွန်းပေါင်းများစွာ ဖြစ်ပေါ်နေလေသည်။ထိုအခိုက်အတန့်မှာပင် မိလုံးသည် ကျွန်မရပ်နေသည်ကိုမြင်သွားပြီး ဦးဖိုထော်နှင့် ပြောလက်စ စကားကိုရပ်ပစ်လိုက်လေသည်။ "ဆရာမလေးပါလား....မနက်စာစားတော့မလား ဆရာမလေး...ဒီမနက်အလုပ်နည်းနည်းများနေလို့ မနက်စာပြင်ပေးဖို့နောက်ကျသွားတယ် ဆရာမလေး " "ရပါတယ်... မိလုံးရယ်... မဆာသေးပါဘူး...ခဏနေရင် သူဌေးကြီးနဲ့ခြံထဲလမ်းလျှောက်ထွက်ရမှာမို့... တစ်ခုခုကြိုစားထားရုံပါ...ဒါနဲ့ဒေါ်ကြူနဲ့မိခိုင်ကိုလည်းမတွေ့ပါလား " " ဘယ်တွေ့မလဲ ဆရာမလေးရယ်...မနက်အရုဏ်တက်ကတည်းက ခြံထဲမှာပန်းပင်တွေစိုက်ဖို့ဆိုပြီး သူဌေးကတော်နဲ့ခြံထဲရောက်နေတယ်လေ...ပန်းတွေကနိုင်ငံခြားမျိုးတွေမို့ ဦးလေးဖိုးထော်ကိုတောင် မလုပ်ခိုင်းဘူးတဲ့လေ " ကျွန်မနှင့်မိလုံး စကားပြောနေစဥ်မှာပင် ဦးဖိုးထော်သည် ခေါင်ကြီးငုံ့လျက် ကျွန််မဘေးမှ ခပ်ယို့ယို့ပင်ဖြတ်သွားလေသည်။ကျွန်မလည်း အမှတ်တမဲ့ ဦးဖိုးထော်ကိုလိုက်ကြည့်နေမိလေသည်။အသားအရောင် ညိုညိုမွဲမွဲနှင့် ခန္ဓာကိုယ်တုတ်ခိုင်သော ဦးဖိုးထော်၏ ပုံစံမှာ အသက်ကြီးသော်လည်း ဖျတ်လတ်သန်မာပုံရလေသည်။အမြဲတမ်းလိုလို ခမောက်ကိုခပ်ငိုက်ငိုက်ဆောင်းထားတတ်သောကြောင့် မျက်နှာသွင်ပြင်ကိုမူ အသေအချာမမြင်ဖူးပါချေ။ကျွန်မ ဦးဖိုးထော်အားလိုက်ကြည့်​နေသည်ကို မိလုံးလှမ်းကြည့်​နေမှန်း မျက်လုံးထောင့်စွန်းမှ မြင်နေရလေသည်။ "ဆရာမလေး...ထမင်းစားခန်းထဲသွားနှင့်လေ ...မိလုံးနောက်ကလိုက်လာခဲ့မယ် " **** မိလုံး ပြင်ပေးသော မနက်စာကိုစားနေရင်းမှ ကျွန်မမိလုံးကို အကဲခတ်ကြည့်နေမိပြီး ကျွန်မထင်သလို မဖြစ်ပါစေနှင့်လို့ စိတ်ထဲမှ ဆုတောင်းနေမိသည်။"အိုးချင်းထား အိုးချင်းထိ" ဆိုသော်လည်း အသက်အရွယ်ကွာခြားလွန်းလှသည် မဟုတ်ပါလား။ *** စားသောက်ပြီး၍ သူဌေးကြီး၏အခန်းသို့ပြန်လာခဲ့ရာ လမ်းတွင် လူယုံတော်​ကြီးဦးသက်အောင်နှင့် မျက်နှာချင်း ဆုံမိလေသည်။ဦးသက်အောင်သည် ကျွန်မကိုတွေ့သည်နှင့် ပြုံး၍နှုတ်ဆက်လေ၏။ကျွန်မလည်း ဦးသက်အောင်ကို ကြည့်၍ ညကအဖြစ်ကိုသတိရလိုက်မိလေသည်။ညက တွေ့ကြုံခဲ့ရသော အဖြစ်များသည် အိပ်မက်မဟုတ်ဘဲ တကယ်ံ့အဖြစ်အပျက်သာဆိုလျှင် ကြည့်ရသည်မှာ ဤစိန်ပန်းမြိုင်မှ လူများသည် ပစ္စည်းတစ်ခုခုရှာနေကြပုံရသည်။ထိုပစ္စည်းသည် ဘာပစ္စည်းမှန်း သေချာမသိသော်လည်း အရေးကြီးပုံရလေသည်။ပြီးလျှင် ကေသီတင်နှင့်သီဟထွန်းရှိန်တို့သည်လည်း ထိုပစ္စည်းကိုပင် ရှာနေကြပုံရလေသည်။ ကျွန်မလည်း ဦးသက်အောင်ကို နှုတ်ဆက်ပြုံး ပြုံးပြလိုက်ရင်း "ပွဲရုံသွားတော့ မလို့လား အန်ကယ်"

သီဟထွန်းရှိန်၏ အသံပင်မဟုတ်ပါလား။ " တော်စမ်း...နင်ပါးစပ်ပိတ်ထားစမ်း...နင်လိုကောင်မျိုးနဲ့မောင်နှမတော်ရတာ သိပ်စိတ်ပျက်စရာကောင်းတယ်...နင်လည်းအဲ့ဒီပစ္စည်းကိုအသည်းအသန်ရှာနေတာကို ငါတို့မသိဘူးများထင်နေလား... သွားရှာလေ...သွားရှာ...နင်သိပ်ရှာချင်နေတဲ့ ကျော်စွာဦးရဲ့အခန်းမှာ သွားရှာတော့လေ " နောက်ဆက်တွဲ ထွက်ပေါ်လာသော စကားများကို ကျွန်မနားထဲ၌မကြားနိုင်တော့ပါချေ။ကျွန်မစိတ်ထဲ၌ တစ်စုံတစ်ရာကို တွေးမိပြီး ထိထိခိုက်ခိုက်ခံစားလိုက်ရပြီး ခြေစုံရပ်၍ ကြောင်အနေမိလေသည်။ "တောက် " ပြင်းထန်သော တက်ခေါက်သံကြောင့် ကျွန်မဆတ်ခနဲတုန်သွားမိသည်။တက်ခေါက်သံသည် အခန်းထဲမှလာသည်လား ၊ ကျွန်မရှေ့မှ အမျိုးသမီးဆီမှ လာသည်လား သေချာမခွဲခြားနိုင်သော်လည်း ထိုအမျိုးသမီးသည် မျက်ထောင့်နီကြီးနှင့် ကျွန်မကိုကြည့်နေသည်ကိုတွေ့လိုက်ရသည်မို့ ကျွန်မလန့်ဖျပ်ပြီး အမျိုးသမီး၏နောက်သို့ ခပ်သွက်သွက်လှမ်းသွားခဲ့မိသည်။ တစ်ထစ်၊နှစ်ထစ် ၊ လှေကားထစ်များကို တထစ်ပြီးတထစ် ကျော်ဖြတ်ခဲ့ရာမှ ရုတ်တရက်ဆိုသလို ကျွန်မ၏ခြေထောက်သည် လေဟာနယ်ကိုသာ နင်းချလိုက်မိလေသည်။ အသံပင်မထွက်နိုင်ဘဲ လှေကားထစ်များမှ ကျီန်မ တလိမ့်ခေါက်ကွေးပြုတ်ကျသွားလေသည်။ ကံကောင်းထောက်မစွာပင် ကျွန်မပြုတ်ကျသော နေရာမှာ အောက်ခြေသို့ ရောက်လုနီးပြီဖြစ်၍ ခြေထောက်အနည်းငယ် နာကျင်သွားရုံမှအပ ထိခိုက်ဒဏ်ရာမရတာမို့ ချက်ချင်းပင်ထရပ်လိုက်ပြီး အမျိုးသမီး၏နောက်သို့ လိုက်ရန် ဟန်ပြင်လိုက်သည်။ "ဟင် " သူဌေးကြီး ဦးထွန်းရှိန်၏ အခန်းသို့သွားနေသော အမျိုးသမီး၏ နောက်ကျောပုံရိပ်ကိုသာ ခပ်ဝါးဝါးမြင်လိုက်ရပြီး လုံးဝပျောက်ကွယ်သွားလေသည်။ နောက်ဆုံးတော့ စင်္ကြန်လမ်းပေါ်တွင် ကျွန်မတစ်ယောက်တည်းငူငူချည်းရပ်နေမိလေသည်။ စင်္ကြလမ်းသည် တိတ်​ဆိတ်နေသည်။လှေကားဘေး နံရံရှိတိုင်ကပ်နာရီမှ တစ်ချပ်ချပ်မြည်သံသည် ခပ်မှန်မှန်ပေါ်ထွက်နေသည်။စင်္ကြန်လမ်းတစ်လျှောက်ကြည့်ရသည်မှာ အရိပ်မည်းကြီးများယိမ်းထိုးလှုပ်ရှားနေသည်ဟုပင် မြင်ယောင်လာမိလေသည်။ကျွန်မ ကြောက်လန့်တကြားနှင့် ကျွန်မ အခန်းရှိရာဆီသို့ ပြန်ပြေးရန်ပြင်လိုက်စဥ်မှာပင် ကျွန််မဘေးရှိ အခန်းထဲမှ လှုပ်ရှားသံတစ်ခုကိုကြားလိုက်ရပြီး ၊မရှေးမနှောင်းမှာပင် စကားပြောသံကိုပါ ကြားလိုက်ရလေသည်။ " ရှင့်ကိုရှင် သိပ်ဟုတ်လှပြီးလို့ထင်မနေနဲ့ကိုသက်အောင်... ရှင်ဘာတွေလုပ်နေလဲဆိုတာ ကျွန်မအကုန်သိတယ်.....တကယ်ဆို ရှင်က စိန်ပန်းမြိုင်အိမ်ကြီးရဲ့ အလုပ်သမားတစ်ယောက်ပဲ... ရှင့်ကိုအချိန်မရွေးနှင်ထုတ်ပစ်လိုက်လို့ရတယ်..." " ဟား...ဟား..ဟားးးလုပ်လိုက်စမ်းပါဗျာ...ခင်ဗျားနှင်ထုတ်ရဲရင်နှင်ထုတ်လိုက်စမ်းပါး...ခင်ဗျားနဲ့ ခင်ဗျားရဲ့တိတ်တိတ်ပုန်းကောင်တို့ရဲ့ အရှုပ်ထုတ်တွေကိုသက်သေနဲ့တကွဖော်ထုတ်လိုက်မှာပေါ့...ပြီးတော့ ကျုပ်ကိုခင်ဗျားမြူဆွယ်ဖြားယောင်းပြီး ခိုင်းခဲ့တာတွေကိုပါ ခင်ဗျားသားနဲ့ရှေ့နေတွေဆီမှာဖော်ထုတ်လိုက်ရုံပဲပေါ့ " "ဘာ...ရှင်...ရှင်ယုတ်မာလှချည်လားဟင် " " ယုတ်မာတယ် ဟုတ်လား...တကယ်တမ်းယုတ်မာတာကဘယ်သူလဲ ပြောပါဦး...မကောင်းတဲ့အလုပ်မှန်သမျှတော့ ကျုပ်ကိုခိုင်းပြီး စံစားတော့ ခင်ဗျားတို့ပဲစံစားမယ်ပေါ့လေ...ဘယ်မှာလဲ ကျုပ်ရပိုင်ခွင့်..မစို့မပို့ ဟိုကခိုးဒီကခိုးလို့ရတဲ့ငွေလား...သူဌေးကြီးရဲ့သေတမ်းစာမှာ ကျုပ်နာမည် မပြောနဲ့ ခင်ဗျားနာမည်ပါရင်တောင်ကံကောင်း...ရှင်းရှင်းပဲပြောမယ်...ကျုပ်အများကြီး မမျှော်လင့်ဘူး ကျုပ်တို့ရှာနေတဲ့ပစ္စည်းတွေကို ကျုပ်ပဲတွေ့တွေ့ ခင်ဗျားပဲတွေ့တွေ့ တစ်ယောက်တစ်ဝက်ခွဲယူပြီး ဒီအိမ်ကြီးကနေ အမြန်ဆုံးထွက်သွားချင်တယ် " အသံများ ပြန်လည်တိတ်​ဆိတ်သွားပြီး အခန်းဝနားသို့လျှောက်လာသော ခြေသံကြားလိုက်ရသည်မို့ ကျွန်မအထိတ်ထိတ်အလန့်လန့်နှင့် နီးစပ်ရာအခန်းထဲသို့ ခပ်မြန်မြန်ပင်ဝင်ပုန်းလိုက်ရသည်။ကျွန်မ အခန်းထဲသို့ရောက်သည်နှင့် အခန်းရှေ့မှ ဖြတ်လျှောက်သွားသော ခြေသံများကိုကြားရပြီး ခြေသံများမှာ တဖြည်းဖြည်းဝေးကွာတိတ်ဆိတ်သွားလေသည်။ကျွန်မ အခန်းတံခါးကို ခပ်ဖြည်းဖြည်းဖွင့်လိုက်ပြီး အပြင်သို့ လှမ်း၍အရိပ်အခြည်ကြည့်လိုက်သည်။စင်္ကြန်လမ်းတစ်လျှောက်လုံး ငြိမ်သက်တိတ်​ဆိတ်နေလေသည်။ကျွန်မ အခန်းပြင်သို့ ထွက်ရန်ပြင်လိုက်စဥ်မှာပင် "အို "သူဌေးကြီး၏ အခန်းဘက်ဆီမှလျှောက်လာသော မည်းမည်းအရာတစ်ခုကိုတွေ့လိုက်ရလေသည်။ထိုမည်းမည်းအရာသည် ကျွန်မရှိရာဘက်ဆီသို့ တရွေ့ရွေ့နှင့်လျှောက်လာလေသည်။ကျွန်မ ကမန်းကတန်းပင် အခန်းထဲသို့ပြန်ဝင်လိုက်ပြီး ထိုအရိပ်မည်းကြီးအခန်းရှေ့မှ ဖြတ်သွားသည့်အချိန်၌ အသက်ရှုပါအောင့်ထားမိလေသည်။ပြီးနောက် ခပ်ဟဟပွင့်နေသော တံခါးပေါက်မှ မသိမသာချောင်းကြည့်လိုက်သောအခါ ထိုမည်းမည်းအရာကြီးမှာ အနက်ရောင်ခေါင်းစွပ်နှင့်အနက်ရောင် ဝတ်စုံအပြည့်ဝတ်ဆင်ထားသော လူတစ်ယောက်​ဖြစ်​နေသည်ကို တွေ့လိုက်ရလေသည်။ ****

#စိန်ပန်းမြိုင်မှအိမ်နီကြီး အပိုင်း ( ၆ ) "စိန်ပန်းမြိုင်မှအိမ်နီကြီး " *** ညအိပ်မီးအလင်းရောင်ပြာလဲ့လဲ့အောက်တွင် အခန်းတစ်ခုလုံးကို ကျီးကန်းတောင်းမှောက်ကြည့်လိုက်မိရာ အခန်းထောင့်တွင် ဆောင့်ကြောင့်ကြီးထိုင်နေသော မိန်းမတစ်ယောက်ကိုတွေ့လိုက်ရလေသည်။ "အား ..."ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်သော်လည်း အသံသည် အပြင်သို့ ထွက်မလာပါချေ။ထိုနည်းတူ ခန္ဓာကိုယ်တစ်ခုလုံးလည်းလှုပ်ရှား၍ မရအောင်ရှိလေသည်။ထိုမိန်းမသည် ဆံပင်ဖားလျားကြီးချထားပြီး မျက်လုံးပြူးကြီးများဖြင့် ကျွန်မကို မမှိတ်မသုန်စိုက်ကြည့်နေလေသည်။ကျွန်မကြောက်လန့်တကြားနှင့် မျက်လုံးကိုအားကုန်မှိတ်ချလိုက်မိသည်။ " ဟင်း...ဟင်း..ဟင်း "အက်ကွဲကွဲရှတတအသံကဲ့သို့သော ညည်းညူသံကြီးမှာ ထပ်မံထွက်ပေါ်လာပြန်လေသည်။ကျွန်မ မဝံ့မရဲဖြင့် မျက်လုံးကိုအသာဖွင့်ကြည့်လိုက်သောအခါ "ဟင်" ထိုမိန်းမသည် သူထိုင်နေသောနေရာမှ ကြမ်းပြင်ကို သူ၏လက်သည်းရှည်ကြီးများဖြင့်ကုတ်ခြစ်၍နေလေသည်။ ကျွန်မလည်း ထိုမြင်ကွင်းကို တုန်တုန်လှုပ်လှုပ်နှင့် ကြည့်နေမိပြီး အိပ်မက်လေလား၊တကယ်လားဝေခွဲမရနိုင်ဘဲ ဖြစ်နေမိလေသည်။ထိုသို့ ကြည့်နေစဥ်မှာပင် ထိုမိန်းမ၏ပုံရိပ်သည် ဖျတ်ခနဲပျောက်ကွယ်သွားလေသည်။ကျွန်မမှာတော့ ခန္ဓာကိုယ်တစ်ခုလုံး၌ ဇောချွေးများပြန်နေပြီး တဆတ်ဆတ်တုန်၍နေဆဲဖြစ်လေသည်။ " လာ...လိုက်...ခဲ..." " အမလေး " နား နားသို့ကပ်၍ ပြောလိုက်သကဲ့သို့ ကြားလိုက်ရသော လေးတွဲတွဲအသံကြီးကြောင့် ကြောက်လန့်တကြားအော်လိုက်မိသော်လည်း နှုတ်ခမ်းအစုံသည်ဖွင့်ဟ၍ မရနိုင်အောင်ဖြစ်နေ​ပြန်လေသည်။အသံရှင်ကို ကျွန်မအထိတ်တလန့်နှင့်မော့ကြည့်လိုက်မိသည်။ " အို...ဘုရား" တံခါးပေါက်မှ မြင်ကွင်းကြောင့် ကျွမ်မစိတ်ထဲမှ ဘုရားကိုအကြိမ်ကြိမ်တလိုက်မိသည်။တံခါးပေါက်တွင် တော့ အကောင်အထည်မပီပြင်သော ဖြူဖြူအရိပ်ကြီးသည် လှုပ်ရှားယိမ်းထိုးနေပြီး ကြည့်နေရင်းမှပင် မိန်းမတစ်ယောက်ဖြစ်သွားပြန်ပြီး ကျွန်မရှိရာသို့ ခေါင်းချည်းသက်သက်လှည့်၍စောင်းငဲ့ကြည့်နေသည်။ထို့နောက်တံခါးဝမှ အပြင်သို့ထိုးထွက်သွားလေသည်။တံခါးမှာ ပွင့်၍နေလေသည်။ကျွန်မလည်း ညှို့ငင်ခံထားရသူပမာ အိပ်ရာထက််မှ ဖြည်းလေးစွာထလိုက်ပြီး ထိုထိတ်လန့်တုန်လှုပ်စရာ မိန်းမနောက်သို့ တိတ်တိတ်ဆိတ်ဆိတ်လိုက်ခဲ့မိလေသည်။ အခန်းထဲမှ ထွက်လိုက်သည်နှင့် စင်္ကြန်လမ်းတစ်ခုလုံး မှိန်ပျပျအလင်းရောင်မှ လွဲ၍ ချောက်ချာဖွယ်ရာကောင်းလောက်အောင်တိတ်ဆိတ်နေပြန်သည်။ "ရှပ်..ရှပ်...ရှပ် "စင်္ကြန်လမ်းထက်၌ ထိုမိန်းမ၏ ရှပ်တိုတ်သွားနေသော တရှပ်ရှပ်ခြေသံများထွက်ပေါ်နေသော်လည်း မည်သည့်အခန်းကမျှ တုပ်တုပ်မလှုပ်ကြဘဲ တိတ်ဆိတ်ငြိမ်သက်၍နေလေသည်။ကျွန်မတို့သည် စင်္ကြန်လမ်းအတိုင်း လျှောက်နေရင်းမှ ကိုကျော်စွာဦး၏အခန်းဘက်သို့ သွားရာစင်္ကြန်လမ်းခွဲသို့ ရောက်သောအခါ အမှတ်တမဲ့ လှမ်းကြည့်လိုက်မိလေသည်။ " အို" စိတ်ထဲမှ အထိတ့်တလန့်ရွေရွတ်လိုက်မိသည်။မှိန်ပျပျအလင်းရောင်အောက်ရှိ စင်္ကြန်လမ်းပေါ်တွင် မည်းမည်းအရိပ်များမှာ ဟိုသည်ရွေ့လျားနေကြသည်ဟု ထင်မိသည်။ကျွန်မ မြင်ကွင်းကိုဆက်မကြည့်ရဲတော့ဘဲ မျက်နှာအမြန်လွှဲလိုက်ရလေသည်။ စင်္ကြန်လမ်းတစ်လျှောက် တစ်ခန်းပြီးတစ်ခန်းကျော်ဖြတ်ခဲ့ပြီး သီဟထွန်းရှိန်၏ အခန်းဘက်သို့သွားသော စင်္ကြန်လမ်းနားသို့ရောက်ရှိခဲ့လေသည်။ထိုစင်္ကြန်လမ်း၏အဆုံး သီဟထွန်းရှိန်၏ အခန်းနားတွင် မင်းပိုင်ဦး၏ အခန်းပါရှိသည်။ထိုအခန်းများဆီသို့ ကျွန်မ လှမ်းမျှော်ကြည့်လိုက်မိပြန်သည်။ အခန်းများသည် မှောင်မည်းတိတ်ဆိတ်နေလေသည်။ ကျွန်မတို့နှစ်ယောက်သည် တဖြည်းဖြည်းနှင့် လှေကားရှိရာသို့နီးကပ်လာကြလေ၏။ရှေ့မှတရွေ့ရွေ့သွားနေသော ကြောက်စရာထိုမိန်းမသည် လှေကားနားရောက်ခါနီးမှ အခန်းတစ်ခန်းရှေ့အရောက်တွင် မတ်မတ်ရပ်နေလေသည်။ကျွန်မလည်း ကြောက်ကြောက်လန့်လန့်နှင့်ပင် ထိုအခန်းနံရံသို့ တိုးကပ်ရပ်လိုက်သည်တွင် အခန်းထဲမှ စကားပြောသံသဲ့သဲ့ကို ကြားလိုက်ရသည်မို့ ကျွန်မခေါင်းနားပန်းများပင် ကြီးသွားရလေသည်။ဤသည်အခန်းသည် ကျွန်မသိသ​​လောက် ဤစိန်ပန်းမြိုင်အိမ်ကြီးသို့ ကျွန်မရောက်သည့်နေ့မှစ၍ ယနေ့အထိနေထိုင်သူမရှိသောအခန်းသာဖြစ်သည်။ကျွန်မ တုန်တုန်လှုပ်လှုပ်နှင့် အခန်းနံရံနားသို့ ကပ်ပြီး အထဲမှအသံများကိုနားစိုက်ထောင်လိုက်သည်။ "နင်လိုအရူးက ငါ့ခံစားချက်ကိုဘာသိမှာ... " မိန်းမတစ်ယောက်၏ အသံကိုဦးစွာကြားလိုက်ရလေသည်။အသံတွေကို ခွဲခြားနိုင်သော ကျွန်မအတွက် ထိုအသံသည် ကေသီတင်၏ အသံမှန်းချက်ချင်းသိလိုက်သည်။ကေသီတင်နှင့်စကား​ပြောနေသော တစ်ဖက်သူမှာ မည်သူမည်ဝါမှန်း မသိရသော်လည်း ကေသီတင်၏အသံကို နားထောင်ရသည်မှာ အတော်လေးပင်ဒေါသထွက်နေဟန်ရှိလေသည်။ " တော်စမ်းပါ...ပါးစပ်ပါတိုင်း လျှောက်ပြောမနေနဲ့... သည်အိမ်ထဲကအပ်တိုတစ်ချောင်းကိုတောင် ရဖို့မျှော်လင့်မနေနဲ့...ပြီးတော့ ခင်ဗျားတို့တွေသိပ်လိုချင်နေတဲ့ဟာကိုလည်း ဒီတစ်သက်ရှာတွေ့မယ် မထင်နဲ့...ဘယ်တော့မှမတွေ့ဘူးမှတ်ထား ...မမရတီမရှိတော့တဲ့ နောက်ပိုင်း ဟော့ဒီစိန်ပန်းမြိုင်အိမ်ကြီးက ကျွန်တော်အတွက်ပဲ...မကေသီနဲ့ဘာမှမဆိုင်ဘူးသိရဲ့လား " ကြားလိုက်ရသော အသံကြောင့် ကျွန်မရင်တွေ ဒိန်းခနဲ ဆောင့်ခုန်သွားရလေသည်။ထိုအသံ ၊ ထိုအသံသည်

နောက်သို့ဆုတ်လိုက်မိသည်။ " ဆရာမလေး " နောက်သို့ပြန်လှည့်ပြေးရန်ပြင်နေရာမှ ရင်းနှိီးသော အသံကြောင့် အရိပ်မည်းကြီးကို သေချာကြည့်လိုင်မိလေတော့သည်။ " မိ...မိလုံး..အမလေး လန့်လိုက်တာမိလုံးရယ်...ဒီအခန်းက ရတီချိုစာဖတ်ခန်းမို့ဝင်ခွင့်မရှိဘူးဆို..." " သန့်ရှင်းရေးလုပ်နေတာပါ...ဆရာမလေးရယ်... အစ်ကိုကျော်စွာဦးလည်းမရှိတော့ဘူးဆိုတော့ ...ဒီအခန်းကိုကျွန်မပဲသန့်ရှင်းရေးတာဝန်ယူရတော့မှာပေါ့ "ဟု ပြောရင်းမှ ပြုံးနေသောမိလုံးကို ကျွန်မတစ်ချက်ငေးကြည့်နေမိလိုက်သည်။ " မိလုံးရယ်... ကျွန်မကလန့်နေတာ... အသက်တောင်မရှူဝံ့ဘူး ...သန့်ရှင်းရေးလုပ်မယ်ဆိုလည်း ပြောတာမဟုတ်ဘူး...ကျွန်မ ဝိုင်းကူရှင်းမှာပေါ့ " ပြောပြောဆိုဆိုနှင့် အခန်းထဲသို့ဝင်လိုက်ပြီး နီးစပ်ရာစာအုပ်တစ်အုပ်ကိုဆွဲယူကြည့်လိုက်သည်။ "မထိနဲ့ "မာထန်စွာ ထွက်ပေါ်လာသောအသံနှင့်အတူ မိလုံးသည်ကျွန်မလက်ထဲမှစာအုပ်ကိုဆတ်ခနဲဆွဲယူလိုက်သဖြင့် ကျွန်မအံ့သြတုန်လှုပ်ပြီးမိလုံးကိုကြည့်လိုက်မိလေသည်။ "မမလေးရတီချိုက သူ့စာအုပ်တွေကို သူစိမ်းတွေကိုင်တာ မကြိုက်လို့ပါ...စိတ်မဆိုးပါနဲ့ဆရာမလေး...မမလေးရတီချိုမရှိတော့ပေမဲ့...မိလုံးကတော့ မမလေးပြောခဲ့တာတွေကို ​သေတဲ့အထိလိုက်နာသွားမှာမို့ပါ " မိလုံး၏အသံသည် အေးစက်ပြတ်သားနေလေသည်။မျက်လုံးများမှာလည်းစူးရဲတောက်ပနေလေ၏။ကျွန််မ မိလုံး၏ပုံစံကိုမယုံကြည်နိုင်စွာ ငေးကြည့်နေမိရင်းမှ စကားလမ်းကြောင်းကိုလွှဲလိုက်ရလေသည်။ " ဒါနဲ့ဒီအိမ်ကြီးမှာ ရတီချိုပုံတစ်ပုံမှကို မချိတ်ထားဘူးနော် " ကျွန်မ အမေးကြောင့် မိလုံးသည် ရီဝေသောမျက်ဝန်းများဖြင့် အခန်းထောင့်တစ်နေရာသို့ စိုက်ကြည့်နေပြီးမှ "ဟုတ်တယ်...မမလေးရတီချိုရက်လည်ပြီးတာနဲ့ မမလေးဓါတ်ပုံတွေကိုအကုန်ဖြုတ်ပစ်တာလေ...မြင်ရင်စိတ်မကောင်းဖြစ်ကြမှာစိုးလို့တဲ့လေ... ဒါနဲ့...ဆရာမလေးကိုမေးရဦးမယ်...အစ်ကိုကျော်စွာဦးဆုံးသွားတာကို ဆရာမလေးဘယ်လိုထင်လဲ ..ရဲ​တွေပြောသလို သူ့ဘာသာအရက်မူးလွန်ပြီးပြုတ်ကျတာလား...ဒါမှမဟုတ် တစ်ယောက်ယောက်ကများတွန်းချလိုက်တာလား...ဆရာမလေးအထင်ကို​ပြောပါဦး " "ရှင် "မိလုံး၏ ထင်မှတ်မထားသော မေးခွန်းကြောင့် ကျွန်မမှာကြောင်အသွားရလေသည်။မိလုံးလို ရိုးရိုးအအနှင့်လူက ဒီလိုမေးခွန်းမျိုးမေးလိမ့်မည်ဟု မထင်ခဲ့သည်မှာတော့အမှန်ပါပင်။ " ကျွန်မ မသိပါဘူး...မိလုံးရယ်...မိလုံးကရောဘယ်လိုထင်လို့လဲ " "မထင်တော့မထင်တတ်ပါဘူး ဆရာမလေးရယ်..မမလေးရတီချိုလိုပဲ အစ်ကိုကျော်စွာဦးလည်း လှေကားကပြုတ်ကျပြီး ဆုံးသွားတော့အရမ်းတိုတ်ဆိုင်နေလို့ပါ...ပြီးတော့ အစ်ကိုကျော်စွာဦးက အိမ်သားတွေနဲ့လည်း သိပ်အဆင်မပြေဘူးလေ...အထူးသဖြင့်အစ်ကိုလေးသီဟထွန်းရှိန်နဲ့မတည့်ဘူးလေ " *** ညသည်နက်သထက်နက်လာပေပြီ။စိန်ပန်းမြိုင် တစ်အိမ်လုံးရှိ လူများသည်လည်း အိပ်​မောကျ၍နေလောက်ကြပေပြီ ။ကျွန်မမှာသာ နေ့ခင်းကမိလုံးပြောလိုက်သောစကားများကို နားထဲ၌ကြားယောင်နေပြီး အိပ်မပျော်နိုင်ဘဲရှိနေလေသည်။ဤအိမ်ကြီးထဲ၌ ဖြစ်ပွားသွားခဲ့သော သေဆုံးမှုများသည် မတော်တဆလား၊တစ်ယောက်ယောက်၏ ပယောဂကြောင့်လေလားဆိုသည်ကိုတော့ သေဆုံးသွားကြပြီဖြစ်သော ကာယကံရှင်များမှသာ သိပေလိမ့်မည်။သို့သော် ဤအကြောင်းကိုတွေးလိုက်မိတိုင်း၌ ကျွန်မ၏စိတ်သည် ရှုပ်ထွေးလာသည်။ကြောက်လန့်လာသည်။ထို့ပြင် စိုးရိမ်သောကများနှင့်အမျိုးအမည်မသိသော ခံစားမှုများလည်း ခံစားနေရသည်။ထို့ပြင် တွေ့စက တည်ငြိမ်အေးဆေးသည်ဟု ထင်ရသလောက် တဖြည်းဖြည်းနှင့်ဂျစ်ကန်ကန်မိုက်ကန်းကန်းပုံဖြစ်လာသော သီဟထွန်းရှိန်၏အကြောင်းကို တွေးနေမိလေသည်။ ------------- " ဟင်း...ဟင်း...ဟင်း..." မည်သည့်အချိန်က အိပ်ပျော်သွားသည် မသိသော်လည်း မသဲမကွဲကြားနေရသော ညည်းညူသံကြီးကြောင့် ကျွန်မ ဖျတ်ခနဲ လန့်နိုးလာသည်။ " ဟင်း ဟင်း ဟင်း ဟင်း "မသဲမကွဲကြားနေရသော ညည်းသံကြီးကို ပို၍ပီပီပြင်ပြင်ကြားလိုက်ရပြီးအသံသည် ပို၍နီးကပ်လာသလိုပင်ထင်ရလေသည်။ထိတ်လန့်တုန်လှုပ်ဖွယ် မသတီစရာညည်းညူသံ​​ကြီးကြောင့် ​တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်းထကာ ကျောထဲကပါ စိမ့်တက်​ပြီး​အေးလာသည်မို့ အိပ်ရာဘေးမှ ညအိပ်မီးအိမ်၏ခလုတ်ကိုခပ်မြန်မြန်ပင် လက်နှင့်ဖိနှိပ်၍ဖွင့်လိုက်သည်။ မှောင်မိုက်နေသော အခန်းထဲ၌ ညအိပ်မီးအိမ်၏ ပြာလဲ့လဲ့အလင်းရောင်က ခပ်မှိန်မှိန်ပေါ်ထွက်လာ​လေသည်။ပြာလဲ့လဲ့အလင်းရောင်၏အကူအညီဖြင့် တစ်ခန်းလုံးကို ကျွန်မ ကျီးကန်းတောင်းမှောက်လိုက်ကြည့်လိုက်သည့်အခါမှာတော့ အခန်း၏ထောင့် တစ်နေရာတွင် ဆောင့်ကြောင့်ကြီးထိုင်ကာမျက်လုံးပြူးကြီးများနှင့်စိုက်ကြည့်နေသော မိန်းမတစ်ယောက်ကိုတွေ့လိုက်ရလေသည်။ "အ မ လေး "ကျွန်မ ကြောက်လန့်တကြားအော်ဟစ်လိုက်သော်လည်း အသံသည် လည်ချောင်းဝမှာပင် တစ်ဆို့​​နေပြီး အပြင်သို့ထွက်မလာသလို ​ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း လှုပ်ရှား၍မရ​နိုင်ဘဲ ဖြစ်နေလေသည်။ ------------ အပိုင်း ( ၆ )ဆက်ရန် **** ဧကြည်ဖြူ

" ထူးထူးခြားခြားဘာမှတော့ မဖြစ်ပါဘူး... သူနေလို့သိပ်မကောင်းဘူးလို့တော့ပြောပါတယ် " " ဟုတ်ကဲ့....ဒီလောက်ဆိုရပါပြီ...အိမ်သားတွေအားလုံးလုပ်စရာရှိတာ ဆက်လုပ်ကြပါဗျာ " သီဟထွန်းရှိန်၊ကေသီတင်နှင့် ဧည့်သည်အဖြစ်ရောက်ရှိနေသည်မှာ သုံးရက်ပင်မပြည့်သေးသော မင်းပိုင်ဦးအပါအဝင်ကျွန်မနှင့်အတူ အိမ်အလုပ်သမားများအားလုံး ဧည့်ခန်းထဲမှ ထွက်ခဲ့ကြသော်လည်း ဒေါ်မာလာတင်နှင့်လူယုံတော်ကြီး ဦးသက်အောင်မှာမူ ဧည့်ခန်းထဲတွင် ရဲမှူးနှင့်အတူ ကျန်ရစ်ခဲ့လေသည်။ *** ငယ်စဥ်ကပင်မိဘနှစ်ပါးဆုံးပါးသွားခဲ့ပြီး ဆွေမျိုးရင်းချာမရှိသော ကိုကျော်စွာဦး၏ နောက်ဆုံးခရီးသည် တိတ်တိတ်ဆိတ်ဆိတ်ပင် ပြီးဆုံးသွားခဲ့လေသည်။ ------------ ရက်လည်ပြီးခါစ အိမ်ကြီးထဲတွင် ဟိုယခင်ကထက်ပင် ပို၍တိတ်ဆိတ်ခြောက်ကပ်နေလေသည်။ အိပ်ပျော်နေသော သူဌေးကြီး၏ မျက်နှာကို ကျွန်မ ကရုဏာသက်စွာငေးကြည့်နေမိသည်။သမီးဖြစ်သူကို ဆုံးရှုံးပြီး သုံးလမပြည့်ခင်မှာပင် သားမက်ဖြစ်သူသည်လည်း သမီးကဲ့သို့ အဖြစ်ဆိုးနှင့် လူ့လောကမှ ထွက်ခွါသွားရသည်ကို သိသောနေ့မှစ၍ သူဌေးကြီး၏ကျန်းမာရေးအခြေအနေသည် မသိမသာဆိုးရွားလာလေသည်။အိမ်သူအိမ်သားများမှာလည်း သီဟထွန်းရှိန်မှလွဲ၍ ကျန်လူများမှာ သူဌေးကြီးဦးထွန်းရှိန်အား ဖုတ်လေသည့်ငပိ ရှိသည်ဟုပင် ထင်မှတ်ထားပုံမရကြပါလေ။ဧည့်သည်ဖြစ်သူ မင်းပိုင်းဦးပင်လျှင် တစ်နေ့ကိုနှစ်ကြိမ်လောက်ဝင်တွေ့တတ်သေးလေသည်။သူဌေးကတော် ဒေါ်မာလာတင်နှင့်သမီးဖြစ်သူကေသီတို့မှာမူ အသုဘကိစ္စမပြီးခင်ကတည်းကပင် သားအမိနှစ်ယောက် ကားတစ်စီးနှင့်အပြင်ထွက်သွားလိုက် ၊ပြန်လာလိုက်ဖြင့် သူတို့အလုပ်နှင့်သူတို့ရှုပ်နေကြလေသည်မို့ လာကြည့်ဖို့နေနေသာသာ သတိရကြဟန်ပင်မရှိကြပါချေ။မိသားစုကံနည်းပါးလှသော သူဌေးကြီးကိုကြည့်ပြီး ကျွန်မကိုယ်ချင်းစာသနားမိလေသည်။ကျွန်မသည်လည်း မိဘနှစ်ပါးလုံးမရှိကြတော့ဘဲ ဦးလေးဖြစ်သူ၏အိမ်တွင်နေရသည်ဖြစ်၍ သူဌေးကြီးကဲ့သို့ပင် အထီးကျန်ခဲ့ရသည်မဟုတ်လား။ထို့ကြောင့်ပင်လျှင် ရန်ကုန်မြို့ကြီးနှင့် ဝေးကွာလှသော ဤစိန်ပန်းမြိုင်အိမ်ကြီးသို့ ရောက်ရှိခဲ့ခြင်းဖြစ်လေသည်။ ကျွန်မ သူဌေးကြီး၏ခုတင်ဘေး ခုံပေါ်တွင်ထိုင်နေရာမှထရပ်လိုက်ပြီး သူဌေးကြီး၏ စာကြည့်ခန်းဘက်သို့ထွက်ခဲသည်။ စာကြည့်ခန်းဝသို့ရောက်သောအခါ တံခါးကိုအသာဆွဲဖွင့်လိုက်သည်။သူဌေးကြီး၏စာကြည့်ခန်းထဲသို့ ရတီချိုနှင့်သူဌေးကြီးမှလွဲ၍ မည်သူမှဝင်လေ့မရှိဟု မိလုံး​ပြောဖူးသည်။ယခုအခါ သူဌေးကြီးရောရတီချိုပါ စာကြည့်ခန်းထဲ မဝင်နိုင်တော့သည်မို့ စာကြည့်ခန်းသည်အမြဲတိတ်ဆိတ်ခြောက်ကပ်နေသည်။တစ်ခါတစ်ရံ၌မူ မိလုံးက အခန်းသန့်ရှင်းရေးဝင်လုပ်လေ့ရှိသော်လည်း စာကြည့်ခန်းထဲ၌ ကြာကြာမနေရဟုဆိုသော ဒေါ်မာလာတင်၏အမိန့်ကြောင့်စာကြည့်ခန်းလေးသည်လည်းသူ၏ပိုင်ရှင်ကဲ့သို့ အထီးကျန်လှလေသည်။ ကျွန်မ တံခါးကိုခပ်ဖြည်းဖြည်းဖွင့်ပြီးဝင်ခဲ့လိုက်သည်။ပြီးနောက် စာအုပ်စင်များကြား လျှောက်ကြည့်ရင်း စင်ပေါ်မှစာအုပ်တစ်အုပ်ကိုဆွဲယူဖတ်ကြည့်လိုက်သည်။ " သန်းခေါင်ယံလူသတ်သမားများ" ဆိုသော စာအုပ်ခေါင်းစဥ်ကြောင့် ရင်ထဲ၌ ထိတ်ခနဲလှုပ်ရှားသွားမိပြီး အတွင်းစာမျက်ကို ဖတ်ကြည့်လိုက်မိလေသည်။ " ရှပ်...ရှပ်...ရှပ် " " ကျွီ....ကျွီ..... " စာအုပ်ဖတ်နေစဥ်မှာပင် တရှပ်ရှပ်ခြေသံနှင့်အတူ အရာဝတ္တုတစ်ခုကို တရွတ်ဆွဲနေသော အသံမျိုးကိုကြားလိုက်ရသည်မို့ ခေါင်းနားပန်းတွေ ကြီးသွားသလိုခံစားလိုက်ရသည်။နေ့ခင်းကြောင်တောင်ဖြစ်၍ ​ကြောက်စရာမဟုတ်သော်လည်း ဤအခန်းထဲတွင် ကျွန်မတစ်ယောက်တည်းရှိနေသည် မဟုတ်ပါလား ။ပြီးလျှင် ဤစိန်ပန်းမြိုင်အိမ်ကြီး၌ လူနှစ်ယောက်တောင် အစိမ်းသေသေထားကြသည်လေ။ကျွန်မသည် မည်သို့ပင် လူမမာများကြားလူသေများကြား၌ အလုပ်လုပ်ခဲ့ရသူဖြစ်သော်လည်း မိန်းမသားပီပီ ထိတ်လန့်ကြောက်ရွံ့စိတ်ကတော့ ဖြစ်ပေါ်မိသည်ပင်။ "ရှပ်...ရှပ်...ရှပ် " " ကျွီ......ကျွီ..." အသံများသည် ဆက်လက်၍ ထွက်ပေါ်လာပြန်သည်။ကျွန်မ၏ နှလုံးခုန်သံများသည်လည်း သိသိသာသာပင်မြန်ဆန်လာလေသည်။ကျွန်မကြောက်ရွံ့စိတ်ကိုထိန်းရင်း အသံကြားရာ စာကြည့်ခန်း၏ အတွင်းဘက် ချောင်းကျသောနေရာဆီသို့ သတိနှင့်လျှောက်လာခဲ့သည်။ထိုအတွင်းဘက်တွင် အခန်းတစ်ခန်းရှိသေးသည်။သို့သော်ထို့အခန်းသည် သွားလေသူ ရတီချို၏သီးသန့်စာဖတ်ခန်းဖြစ်၍ ​ကျော်စွာဦးမှအပ မည်သူမျှဝင်ခွင့်မရှိဟု မိလုံးပြောဖူးသည်။ ကျွန်မ ထိတ်လန့်စိတ်နှင့်အတူ တရွေ့ရွေ့လျှောက်ခဲ့သည်။အခန်းသည် ပြန်လည်တိတ်ဆိတ်သွားပြန်လေသည်။ကျွန်မလည်း အသက်ပင်ရဲရဲမရှူဝံ့ဘဲ စာအုပ်စင်များ​ကြားမှလမ်းလေးအတိုင်းလျှောက်လာခဲ့ရင်း အတွင်းခန်း၏တံခါးနားသို့ ရောက်ရှိလာခဲ့​လေ​သည်။အခန်းတံခါးသည် ခပ်ဟဟပွင့်နေသည် ။အခန်းထဲ၌အနည်းငယ်မှောင်နေပြီ ထိုအမှောင်ရိပ်ထဲတွင် ကုန်းကုန်းကွကွဖြင့်လှုပ်ရှားယိမ်းထိုးနေသော မည်းမည်းအရာကြီးတစ်ခုကိုတွေ့လိုက်ရလေသည်။မြင်လိုက်ရသော မြင်ကွင်းကြောင့် ကျွန်မမှာထိတ်လန့်တုန်လှုပ်ကာ နှုတ်ဖျားမှအသံပင် ထွက်မလာဘဲ လက်ထဲမှစာအုပ်မှာ ကြမ်းပြင်ပေါ်သို့ ဘုတ်ခနဲပြုတ်ကျသွားလေသည်။အသံကြောင့် အရိပ်မည်းကြီးသည် ကျွန်မရှိရာသို့ ဖျတ်ခနဲ လှည့်ကြည့်လာလေ၏။ကျွန်မ ကြောက်လန့်တကြားနှင့်ခြေလှမ်းများ​