fa
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

رفتن به کانال در Telegram
803
مشترکین
+424 ساعت
+167 روز
+4630 روز
آرشیو پست ها
" အရေးတကြီး သုံးစရာလေးရှိလို့ပါ ... " ကေဇင်ကျော် ဆောင့် ဆောင့် အောင့်အောင့်နဲ့ပြန်ဖြေလိုက်တယ်။ "မင်းက ငါ့ကို ငွေထုတ်တဲ့စက်လို့ ထင်နေတာပဲ ..." မြတ်ဘုန်း ငွေတစ်ထပ်ကို ကေဇင်ကျော် ရှေ့ကို ချပေးလိုက်ပြီး စိတ်တိုတိုနဲ့ ပြောလိုက်တယ်။ ဒါပေမဲ့ ထူးထူးဆန်းဆန်း ကေဇင်ကျော်ဆီက မကျေမနပ်ပြောဆိုသံ ထွက်မလာဘဲ ငွေထုပ်ကိုကောက်ယူပြီး ခြေသံပြင်းပြင်းနဲ့ ပြန်ထွက်သွားတာမို့ မြတ်ဘုန်း အံ့သြသွားမိတယ်။ခုရက်ပိုင်းမှာ ကေဇင်ကျော်တို့သားအမိဆီက ဆူပူပြော်ဆိုသံတွေ မကြားရတာက ထူးတော့ ထူးဆန်းနေတယ်လို့ မြတ်ဘုန်း တွေးလိုက်မိတယ်။ သားအမိနှစ်ယောက်ပေါင်းပြီး ဘာတွေများ ကောက်ကျစ်ဖို့ကြံနေကြမလဲလို့ ဆိုတာ မပြောနိုင်ဘူး။ကေဇင်ကျော်နဲ့ လက်ထပ်ပြီးကတည်းက ပြောင်းလဲသွားတဲ့ ဒေါ်ဌေးဌေးမူ။အရင်ကဆို "သား" ဆိုတဲ့ အခေါ်အဝေါ်ကို ပါးစပ်ဖျားကမချတဲ့ ဒေါ်ဌေးဌေးမူ တစ်ယောက် နောက်ပိုင်းမှာ မြတ်ဘုန်းကို မြင်ရင် မျက်စောင်းတခဲခဲနဲ့ ဖြစ်နေတတ်တာကို မြတ်ဘုန်း သိတယ်။ပြီးတော့ ငွေတောင်းလို့ ရရင် တစ်မျိုး ၊ မရရင် တစ်မျိုး ခုနှစ်ခေါ် ချိုးရှစ်ခေါက်ချိုးမျက်နှာမျိုး အမြဲလိုလို သုန်မှုန် နေတတ်ပြန်တယ်။အနီရင့်ပေါ်ကို အနိုင်ယူမိခဲ့သမျှ မြတ်ဘုန်း ဝဋ်တွေလည်နေခဲ့ပြီထင်ပါရဲ့ ။ ***** " ဘယ်လို ဖြေရမလဲ ...ပေါ့ပါးခြင်းနဲ့ ဘ၀ ... ဘယ်ကို သွားမလဲ အတိအကျမသိတဲ့ ခရီးသည်တစ်ဦးရဲ့ ညနေများ " ဖုန်းခေါ်သံကြောင့် ဖုန်းကို ကြည့်လိုက်တော့ မသိတဲ့ ဖုန်းစိမ်းတစ်လုံးကို အနီရင့် တွေ့လိုက်ရတယ်။တစ်ခါတစ်ရံ စာဖတ်ပရိသတ် တွေဆီက ဖုန်းလာတတ်တာမို့ အနီရင့် ဖုန်းကို ကောက်ကိုင်လိုက်တယ်။ " ဟယ်လို ... အမိန့်ရှိပါ ရှင် " "ဟယ်လို ... အနီရင့်ဆိုတာများလား " " ဟုတ်ပါတယ်ရှင် " " ကျွန်မ နှင်းသီရိရဲ့သူငယ်ချင်းပါရှင် ..နှင်း..နှင်းသီရိလေ အိပ်ဆေးတွေ သောက်လိုက်လို့ ဆေးရုံတင်လိုက်ရတယ် " "ရှင် " ကြားလိုက်ရတဲ့ စကားကြောင့် အနီရင့် ထိတ်လန့်တုန်လှုပ်သွားမိတယ်။ " အသက်အန္တရာယ်တော့ မရှိတော့ပါဘူး ...အဒါသူက အစ်မကို တွေ့ချင်လို့တဲ့ ...ကျွန်မ လိပ်စာပို့ပေးလိုက်မယ်နော် ... ကျေးဇူးပြုပြီး လိပ်စာအတိုင်း လာခဲ့ပေးပါနော် " တစ်ဖက်က ပြောချင်ရာပြောပြီး ဖုန်းချသွားတယ်။ အနီရင့် ထိုင်ခုံပေါ်မှာ အသက်မဲ့သူလို ငူငူငိုင်ငိုင်နဲ့ ထိုင်နေမိတယ်။ " တွီ " ဖုန်းထဲကို မက်ဆေ့ ၀င်သံကြားလိုက်ရတာမို့ အနီရင့် ဖုန်းမက်ဆေ့ကို ကြည့်လိုက်တော့ ဆေးရုံမဟုတ်တဲ့ လိပ်စာတစ်ခုကို တွေ့လိုက်ရတယ်။ ******* လိပ်စာထဲကအတိုင်း ကားကို ရပ်ခိုင်းပြီး အနီရင့် ကားပေါ်ကနေ ဆင်းလိုက်တယ်။ခြံနဲ့ဝန်းနဲ့ သပ်သပ်ရပ်ရပ် အိမ်တစ်လုံးကို တွေ့လိုက်ရတယ်။ ဆေးရုံဆေးခန်းမဟုတ်တာတော့ သေချာလှတယ်။အနီရင့် ဖုန်းဆက်လိုက်တော့ အိမ်ထဲကနေ မိန်းမချောလေးတစ်ယောက် ထွက်လာတယ်။နှင်းသီရိတော့ မဟုတ်ဘူး။နှင်းသီရိရဲ့ သူငယ်ချင်းဆိုသူဖြစ်မယ်ထင်ပါရဲ့။ " အစ်မ ၀င်လေ ...နှင်း အထဲမှာရှိတယ် " မိန်းမချောလေးက တံခါးဖွင့်ပေးပြီး အိမ်ထဲကို ခေါ်တယ်။ အနီရင့် မဝံ့မရဲ့နဲ့ နောက်ကနေလိုက်ဝင်လာခဲ့မိတယ်။ " နှင်း ဒီအခန်းထဲမှာ ရှိတက် အစ်မ ...၀င်သွားလိုက်ပါနော် " မိန်းခလေးပြတဲ့ အခန်းတံခါးကို အနီရင့် အသာတွန်းဖွင့် ကြည့်လိုက်မိတယ်။ "ဟင် " အမြဲတမ်း လှပကျော့ရှင်းနေတဲ့ သူမရဲ့ပုံစံက တစ်ပတ်အတွင်းမှာ ပိန်ကျသွားပြီး လူကလည်း အင်အားကုန်ခမ်း နေတဲ့ပုံနဲ့ အိပ်ရာပေါ်မှာ ခွေခွေလေးလဲ နေရှာတယ်။ " အချိန်မီ သိလိုက်လို့ပေါ့ အစ်မရယ်....ဆေးရုံသွားတာ အချိန်မီသွားလို့ ကံကောင်းသွားတာ .. သူ့မိသားစုတွေကိုတောင် အကြောင်း မကြားဘူး စိတ်ပူနေကြမှာစိုးလို့ ..အဲ့ဒါ နှင်းက အစ်မကို တွေ့ချင်တယ်ပြောလို့ လှမ်းခေါ်လိုက်တာ ...နှင်းရေဒီမှာ နင်တွေ့ချင်တဲ့ အစ်မရောက်နေပြီလေ ...." မိန်းမချောလေးရဲ့ စကားအဆုံးမှာ နှင်းသီရိ မျက်လုံးလေးဖွင့်ကြည့်လာတာကို တွေ့လိုက်ရတယ်။ " အစ်မ ...အစ်မလာတယ်နော် ..နှင်းက အစ်မ မလာဘူးထင်နေတာ " အနီရင့်ကို မြင်တော့ နှင်းသီရိက လေသံပျော့လေးနဲ့ နှုတ်ဆက်လာပြီး မျက်ရည်တွေပြည့်နေတဲ့ မျက်ဝန်းတွေနဲ့ လှမ်းကြည့်တယ်။ပြီးတော့ ပါးပြင်ပေါ်ကို မျက်ရ.ည်တွေ တလိမ်လိမ့် စီးကျလာတယ်။နှင်းသီရိကိုကြည့်ပြီး အနီရင့် ဘာလုပ်လို့ လုပ်ရမှန်းမသိ။ ခုတင်ဘေးမှာ ယောင်နနနဲ့ရပ်နေမိတယ်။ "နှင်း သေသွားချင်တယ် ...တကယ်ကို သေပစ်လိုက်ချင်တာပါ " " နှင်း ...နှင်းရေ ... ခြံရှေ့မှာ ကိုလင်းရိပ်ရောက်နေတယ် " အနီရင့်နဲ့နှင်းသီရိ စကားမပြောရသေးခင်မှာပင် နှင်းသီရိရဲ့သူငယ်ချင်းမလေး အခန်းထဲကိုဝင်လာပြီး ပြောလိုက်တဲ့ စကားကြောင့် နှင်းသီရိရဲ့ မျက်နှာလေးက ဝင်းခနဲ ဖြစ်သွားသလို အနီရင့်ရဲ့ခန္ဓာကိုယ်လေးမှာ ယိမ်းယိုင်သွားတာမို့ အခန်းနံရံကို ကမန်းကတန်းကို လှမ်းကိုင်လိုက်ရတယ်။ "အနီရင့် ပြန် ...ပြန်တော့မယ် ...နောက်ကထွက်ပေါက်ရှိလား ဟင် " အနီရင့် တုန်တုန်လှုပ်လှုပ် နဲ့ မေးလိုက်တော့ နှင်းသီရိ သူငယ်ချင်းမလေးက အနီရင့်ရဲ့လက်ကို လှမ်းဆွဲပြီး " လာ...လာ ... ကျွန်မအခန်းထဲမှာ ခဏဝင်နေလိုက်နော် ..." *****

သူမကပြောရင်း ပါလာတဲ့ ချိုင့်ကို ထမင်းစားခန်းဘက်ကို ယူသွားပြီး ပန်းကန်တွေ ထဲလှယ်ထည့်နေတယ်။ အနီရင့်ကတော့ အာစေးမိထားသူတစ်ယောက်လို ဘာမှ ပြန်မပြောနိုင်ဘဲ ထမင်းစားခန်းဝမှာ ငူငူ ချည်းရပ်နေမိတယ်။ "ဟင်းကို အစပ်မပါအောင် ချက်ခဲ့တယ် မမ ...ငါးလဲကြော်လာတယ်...နောက် စားချင်တာရှိရင်လဲ ဖုန်းဆက်နော် မမ ... တစ်နေ့တစ်ခေါက်တော့ ညီမလေးလာမှာပါ ... " စကားသံတွေကို နားထောင်ပြီး အနီရင့် ငိုချင်လာမိတယ်။ရိုးသားဖြူစင်တဲ့သူတွေကို လိမ်ညာနေမိတယ်ဆိုတဲ့ အသိက အနီရင့်ကို ပူလောင်နေစေတယ်။အနီရင့်မှာ ပြောစရာစကားတွေ ပျောက်ဆုံးနေခဲ့တယ်။ " ဆိုင်ဘက်ကို လမ်းလျှောက်လိုက်အုံး မလား မမ ... နောက်နေ့ အဝတ်တွေ လျှော်မထားနဲ့ နော် ..ညီမလေးလာမှ လျှော်ပေးမယ် " " ရ ...ရပါတယ် ညီမရယ် ... အဝတ်ကလဲ မများပါဘူး ...ပြီးတော့ စက်နဲ့ လျှော်တာမို့ အပန်းမကြီးပါဘူး...မမ မနက်ဖြန်မှ အမေ့ဆီကို လာခဲ့မယ်နော် ..." လင်းရိပ်ရဲ့ ညီမဖြစ်သူ ပြန်သွားမှ အနီရင့် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဆိုဖာပေါ်ကို အရုပ်ကြိုးပြတ်လဲချလိုက်မိတယ်။ခပ်စောစောက ဒေါ်ဌေးဌေးမူတို့ရှေ့မှာ နေရတာထက် ပိုပြီး လင်းရိပ်ရဲ့ ညီမရှေ့မှာ အနေရခက် အသက်ရှူရကြပ်သလို ခံစားနေခဲ့ရတယ်။ မလုံမလဲ စိတ်တွေက ကိုယ့်လိပ်ပြာကိုယ် ပြန်ချောက်လန့်နေသလို ခံစားနေရတယ်။ ******* လင်းရိပ် အနီရင့် မျက်နှာကို မသိမသာ အကဲခတ်နေမိတယ် ။ခုတလောမှာ အနီရင့် မျက်နှာ သိပ်မကောင်းတာကို လင်းရိပ် သိတယ်။ ဒါပေမဲ့ ဘယ်လိုမေးရမလဲ ။ ဘယ်လိုဖျောင်းဖျ နှစ်သိမ့်ပေးရမလဲ လင်းရိပ်သေချာမသိပါ။ ပြီးတော့ ဒီနေ့အဖို့မှာ အနီရင့်ရဲ့မျက်နှာက အရင်နေ့တွေထက် ပိုပြီး ညှိုးရော်နေတာကို လင်းရိပ် သတိထားလိုက်မိတယ်။ကိုယ်ဝန်ကိစ္စကိုအိမ်ကိုပြောပြလိုက်တာကို မကြိုက်လို့များလားလို့ လင်းရိပ်တွေးလိုက်မိပြန်တယ်။ ဒါလဲ မဖြစ်နိုင်လောက်ဘူးလို့တော့ ထင်နေမိတယ်။ " နေမကောင်းဘူးလား .." လင်းရိပ် မေးရင်းနဲ့ အနီရင့်ဘေးမှာ ဝင်ထိုင်လိုက်တယ်။ပြီးတော့ အနီရင့်ရဲ့ မျက်နှာလေးကို စေ့စေ့ကြည့်ပြီး ထပ်မေးလိုက်တယ်။ " ခုတလော ဘာဖြစ်နေတာလဲ ... မင်းကိုကြည့်ရတာ လန်းလန်းဆန်းဆန်း မရှိသလိုဘဲ ...ဘာတွေ အလိုမကျ ဖြစ်နေတာလဲ ...ဘာလဲ ကော်ဖီဆိုင်မဖွင့်ရလို့ စိတ်တို့နေတာလား ဟုတ်တယ် မဟုတ်လား .." လင်းရိပ်က အနီရင့်ရဲ့မျက်နှာကို အနီးကပ်စိုက်ကြည့်ပြီး စနောက်လိုက်တော့ အနီရင့် ရင်တွေ လှိုက်ခနဲ ခုန်သွားမိတယ်။ပြီးတော့ အလိုလို ပြုံးမိသွားတယ်။ "ပေါက်ကရတွေ တော်တော်ပြော " အနီရင့်ရဲ့ မျက်နှာမှာ အပြုံးကို တွေ့လိုက်ရတော့မှ လင်းရိပ် စိတ်ထဲမှာပါ ပျော်ရွှင်လာမိတယ်။ " ဘာပဲဖြစ်ဖြစ် ..အကြောင်း တစ်ခုခု ရှိရင် ကျွန်တော်ကို ဖွင့်ပြောနော် ..." လင်းရိပ်ကပြောရင်းနဲ့ အနီရင့်ရဲ့ မျက်နှာလေးကို ငေးကြည့်နေမိတယ်။အနီရင့်ကို လင်းရိပ် စသိတုန်းကတည်းက အနီရင့် ပျော်ပျော်ရွှင်ရွှင် မျက်နှာပေးနဲ့သာလိကာမလေးလို နေတတ်တဲ့သူမဟုတ်မှန်းသိတယ်။ ဒါပေမဲ့ အဲဒီအချိန်တွေတုန်းက သိချင်တာကို သိရမှ ကျေနပ်တတ်တဲ့သူ။ ကြည်ကြည်လင်လင် မျက်နှာလေး သူတစ်ပါးကို ကူညီတတ်တဲ့သူမျိုးပေါ့။ ခုလို မှိုင်တွေ ငေးမောနေတာမျိုးကို တွေရခဲတယ်။ဖြစ်နိုင်ရင် အနီရင့်ကို အရင်လို တက်ကြွပြီး သတ္တိတွေ ပြည်ဝနေတဲ့သူ့အဖြစ်ပဲ မြင်တွေ့ချင်မိတယ်။ " ဆေးရုံ ရက်ချိန်းသွားရင် ကျွန်တော်လိုက်ပို့မယ်နော် ...တစ်ယောက် တည်း မသွားနဲ့ " လင်းရိပ်ဆီက စကားကို ကြားရတော့ အနီရင့် ငိုချင်စိတ်တွေ တားဆီးမရအောင်ဖြစ်လာမိတယ်။ လင်းရိပ်လို သွေးမတော်သားမစပ်သူက အနီရင့်နဲ့ ကလေးအတွက်စိုးရိမ်(ပူပန်ပေးနေပေမဲ့ ကာယကံရှင်ကလေးအဖေနဲ့ သွေးသားရင်းချာတွေကတော့ ကလေးကို သတ်ပစ်ဖို့ အကြောင်းတွေကိုပဲ တွင်တွင် ပြောနေကြတယ်လေ။ " ဟင် ... ဘာ ...ဘာဖြစ်လို့လဲ ...မင်း ဘာဖြစ်လို့လဲ " စကားပြောနေရင်း ကနေ ရုတ်တရက် မျက်ရည်တွေ ရစ်ဝဲလာတဲ့ အနီရင့်ကို ကြည်ပြီး လင်းရိပ်စိုးရိမ်တကြီးနဲ့ မေးလိုက်မိတယ်။ မေးလိုက်မှအနီရင့်က ရှိုက်ကြီးတငင် ငိုချလိုက်တာမို့ လင်းရိပ် ဘာလုပ်လို့ လုပ်ရမှန်းမသိဘဲ ဖြစ်သွားမိတယ်။ထိုင်ရမလို ထရမလိုနဲ့ ယောင်အအ ဖြစ်နေမိပြီးမှ အနီရင့်ရဲ့ ပခုံးလေးနှစ်ဘက်ကို ခပ်ဖွဖွ ဆုပ်ကိုင်လိုက်ပြီး ကိုယ်တိုင် မသိလိုက်ခင်မှာဘဲ ရင်ခွင်ထဲကို ဆွဲသွင်းလိုက်မိတယ်။ အနီရင့် စိတ်လွတ်လက်လွတ်ငိုနေမိပြီးမှ သတိဝင်လာမိပြီး လင်းရိပ်ရဲ့ရင်ခွင်ထဲကနေ ကမန်းကတန်း ရုန်းထွက်လိုက်မိတယ်။ "သွား ...သွားအိပ်တော့မယ် " အနီရင့် အထစ်ထစ်အငေါ့ငေါ့နဲ့ ပြောလိုက်ပြီး အိပ်ခန်းထဲကို ၀င်လာခဲ့လိုက်တယ်။' ပြောပြီးတာနဲ့ ထွက်သွားတဲ့ အနီရင့်ကို ကြည့်ပြီး လင်းရိပ် ထိုင်ခုံမှာ ငူငူငိုင်ငိုင်နဲ့ ကျန်နေခဲ့မိတယ်။ ***** "ငွေနည်းနည်းလောက်ပေးပါ ကိုဘုန်း...ကေဇင် အသုံးလိုလို့ပါ " အဝတ်လဲဖို့ပြင်နေတဲ့ မြတ်ဘုန်းမှာ ကေဇင်ကျော်ရဲ့ စကားကြောင့် ဆတ်ခနဲ နောက်ကို လှည့်ကြည့်လိုက်ပြီး မေးလိုက်မိတယ်။ "ဟိုနေ့က ပေးထား ပိုက်ဆံ ကရော " မြတ်ဘုန်းရဲ့ အမေးကြောင့် ကေဇင်ကျော်စိတ်ထဲ ထောင်းခနဲ ဒေါသ ဖြစ်သွားမိတယ်။

ဧကြည်ဖြူ " ရင်ဘတ်ပေါ်ကနှင်းဆီ " အပိုင်း (၁၉ ) ******** " ဒေါက် ...ဒေါက် .." "ဒေါက်...ဒေါက် ..." တံခါးခေါက်သံတွေက အနီရင့်ရဲ့နားထဲမှာ မိုးခြိမ်းသံတွေလို့ ကျယ်လောင်လှတယ်။အနီရင့် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်လာသလို ခြေဖျားလက်ဖျား တွေလည်း အေးစက်လာတယ်။ခုချိန်မှာ တံခါးဖွင့်ပေးဖို့ရာ မဝံ့မရဲ ဖြစ်နေပေမဲ့ မဖွင့်ပေးမချင်းတံခါးကိုခေါက်နေမဲ့ပုံရတာမို့ အနီရင့် ကတုန်ကယင်နဲ့ တံခါးကို ထဖွင့်လိုက်ရတယ်။ " ဟင် " တံခါးဝမှာ ရပ်နေတဲ့သူတွေကိုကြည့်ပြီး အနီရင့် အံ့သြထိတ်လန့်သွားမိတယ်။မှတ်မှတ်ရရ အနီရင့်တိုက်ခန်းကို အိမ်တက်လုပ်ချိန်မှာ တစ်ကြိမ်တစ်ခါပဲရောက်ဖူးကြတဲ့သူတွေ မဟုတ်လား။ " အန်တီဌေး ... မကေဇင် ...." အနီရင့် တံခါးဖွင့်ပေးလိုက်တာနဲ့ တစ်ပြိုင်နက် ဒေါ်ဌေးဌေးမူနဲ့ ကေဇင်ကျော်က တိုက်ခန်းထဲကို ဝင်လာပြီး ဟိုဒီကို ဝေ့ဝဲကြည့်လိုက်တယ်။ " နင်ယောကျာ်း အလုပ်သွားပြီလား " " ဟုတ်ကဲ့ ...ဘာကိစ္စရှိလို့လဲ အန်တီဌေး " အနီရင့် အိမ်ကို သက်သက်အလည်လာမဲ့သူတွေ မဟုတ်နိုင်တာမို့ အနီရင့် ပွင့်ပွင့်လင်းလင်းပဲ မေးလိုက်တယ်။ " အေး...လိုရင်းပဲပြောမယ်...နင့်မှာ မောင်မြတ်ဘုန်းနဲ့ ရတဲ့ ကိုယ်ဝန်ရှိနေတယ်ဆို...အဲ့ဒီလို စိတ်ရှုပ်စရာတွေကို မလိုချင်ဘူး ...အဲ့ဒါကြောင့် ကိုယ်ဝန်ကိုဖျက်ချလိုက်ပါ ... ကုန်ကျ စရိတ် အားလုံး ငါတို့ကုန်ကျခံပေးမယ် " "ရှင် " ဒေါ်ဌေးဌေးမူဆီက ကြားလိုက်ရတဲ့စကားကြောင့် ပထမတော့ အနီရင့် ထိတ်လန့် တုန်လှုပ်မိသွားတယ်။နောက်တော့ တစ်မုဟုတ်ချင်းဒေါသတွေထွက်လာမိတယ်။ ဒါပေမဲ့ အနီရင့် စိတ်ကို ထိန်းပြီး ပြောလိုက်တယ်။ " အန်တီဌေး ပြောတာ နားမလည်ဘူး ...အန်တီ ဌေး ဘာတွေပြောနေတာလဲ " အနီရင့် မေးလိုက်တော့ ဒေါ်ဌေးဌေးမူက မဲ့ပြုံးတစ်ချက်ပြုံးလိုက်တယ်။ကေဇင်ကျော်ကတော့ မိခင်ဖြစ်သူရဲ့ဘေးမှာ မျက်နှာထားတင်းတင်းနဲ့ထိုင်နေတယ်။ " ဒီမှာ အနီရင့် ...ငါတို့ အတိအကျ သိလို့ လာခဲ့တာ ... နင်သာ လူလိုသိရင် ဒီကလေးကို မမွေးသင့်ဘူးဆိုတာ သိရဲ့လား ... ငါ့သမီး နေရာက စဉ်းစားကြည့်အုံး " ဒေါ်ဌေးဌေးမူက ဒေါသသံနဲ့ ပြောတယ်။ "မိဘဆိုတဲ့ အရှိန်အဝါကို ပြလိုက်တာ "လို့ အနီရင့်စိတ်ထဲက ပြောလိုက်မိတယ်။သူ့သားသမီးတော့ စိတ်ဆင်းရဲဒုက္ခအရောက်မခံနိုင်ဘူး။သူများသားသမီးတော့ ဘာဖြစ်ဖြစ် ဆိုတဲ့ မိဘဝါဒီအစွဲကြီးလှတဲ့ ဒေါ်ဌေးဌေးမူကို အနီရင့် အံ့ဩတကြီးနဲ့ကြည့်နေမိတယ်။ဖြစ်နိုင်ရင် သားအမိနှစ်ယောက်လုံးကို တိုက်ခန်းထဲက ချက်ချင်း နှင်ထုတ်လိုက်ချင်ပေမဲ့ အနီရင့် စိတ်ကို အတတ်နိုင်ဆုံးထိန်းထားလိုက်တယ်။ " ဒီလိုမဟုတ်တဲ့ စကားတွေ ပြောမယ်ဆိုရင် ပြန် ကြပါတော့ရှင် ...အနီရင့်ရဲ့အိမ်ထောင်ရေး ပြိုကွဲအောင် ဒုက္ခလာမပေးကြပါနဲ့ ...ပြန်ကြပါတော့နော် " " ပြန်မှာပါ ...ငါတို့ကလဲ လာချင်လွန်းလို့ လာတယ် မထင်နဲ့ ...သတင်းက အတိအကျသိပြီးသား ...အဲ့ဒီတော့ တစ်ပတ်အတွင်း ပြဿနာကိုဖြေရှင်းလိုက်ပါ ...အဲ့ဒီလိုမှ မလုပ်ဘူးဆိုရင် တို့တွေက ငြိမ်ခံနေမှာ မဟုတ်ဘူး ...ဒီကိစ္စကို နင့်အဖေကိုရော ...နင်လုပ်နေတဲ့ အလုပ်မှာရော ... နင့်ယောကျာ်းအမျိုးတွေဆီကိုပါ ဒီသတင်းကို လိုက်ပြောရမှာပဲ ...အဲ့ဒီတော့ စဉ်းစားပေါ့ " " ဘယ် ..ဘယ်လို ... ဘာပြောတယ် ...အန်တီဌေး ...အန်တီဌေးတို့ လွန်လှချည်လား ...သွား ...ခုချက်ချင်းသွားကြပါတော့ .. အနီရင့်အိမ်ကို နောက်ထပ် ဘယ်တော့မှမလာကြပါနဲ့ " ***** နှင်းသီရိ အခန်းတံခါးဝမှာ ငြိမ်သက်စွာရပ်ပြီး အထဲက အသံတွေကို နားထောင်နေမိတယ်။နားထောင်နေရင်းမှ ကြားလိုက်ရတဲ့ စကားသံတွေကြောင့် နှင်းသီရိ ရင်ထဲမှာ တလှိုက်လှိုက်ခုန်ပြီး ပျော်ရွှင်လာမိတယ်။ပြီးတော့ တိုက်ခန်းထဲက လူတွေ ပြန်ထွက်မလာခင်မှာ အောက်ကို အလျင်အမြန်ပင်ပြန်ဆင်းလာခဲ့လိုက်တယ်။ ******* "ဒေါက် ...ဒေါက် " ထွက်ပေါ်လာတဲ့ တံခါးသံကြောင့် အနီရင့်မှာ ထိတ်လန့် ချောက်ချားသွားပြီး ဆိုဖာပေါ်ကို ထိုင်ရက် လဲကျသွားမိတယ်။ " ဒေါက် ...ဒေါက် '' တံခါးခေါက်သံက တပ်မံ ထွက်ပေါ်လာတယ်။ အနီရင့် တံခါးကို တစ္ဆေသရဲတစ်ကောင်လို ကြည့်နေမိတယ်။ "ဒေါက် ..ဒေါက် " " မမ ...မမနီ ...အိပ်နေတာလား " တံခါးခေါက်သံနဲ့အတူ လင်းရိပ်ရဲ့ ညီမ အသံကို ကြားလိုက်ရမှ အနီရင့် ထိတ်လန့်စိတ်တွေ ပြေလျော့သွားပြီး တံခါးပေါက်ကို ယိုင်တိုင်တိုင်နဲ့ ထလာခဲ့မိတယ်။ " မမ ... နေမကောင်းလို့လား " လင်းရိပ်ရဲ့ညီမက မေးရင်းနဲ့ အနီရင့်ကို ပြုံးစစနဲ့ ကြည့်နေတယ်။ပြီးတော့ သူမရဲ့ အကြည့်တွေက အနီရင့်ရဲ့ ဝမ်းဗိုက်လေးဆီကို ရောက်နေတာတွေ့လိုက်ရတာမို့ အနီရင့် ခန္ဓာကိုယ်လေး ဆတ်ခနဲ တုန်သွားမိတယ်။စိတ်ထဲကလည်း မလုံမလဲစိတ်နဲ့ အပြစ် လုပ်ထားသူတစ်ယောက်လို ခံစားနေရတယ်။ " အမေတော့ အရမ်းပျော်နေတယ် မမရဲ့ .... အစ်ကို ပြောတာကို ကြားကြားချင်း မမဆီကို ပြေးလာချင်တာ ...အမေ့ကို ဆေးရုံရက်ချိန်း သွားပြရနေရသေးလို့ ချက်ချင်းမလာဖြစ်တာ "

လင်းရိပ်စကားကြောင့် အနီရင့် ရှက်ပြီး ခေါင်းကို ငုံ့လိုက်မိတယ်။ လင်းရိပ်ကလည်း သူ့ဘာသာပြောပြီးမှ ရှက်သွားမိတယ်။ " ဘာပဲဖြစ်ဖြစ်ပြောလိုက်တော့မယ် ...ဒါမှ အမေနဲ့ညီမလေးက မင်းကို ဂရုစိုက်မှာပေါ့ " လင်းရိပ်က ကော်ဖီခွက်ကို မော့သောက်ရင်း အရှက်ပြေ ပြောလိုက်တယ်။ ******** နှင်းသီရိက လင်းရိပ်ဆိုင်ထဲကို ဝင်သွားတာကြည့်ပြီး အံလေးကို ကြိတ်ထားမိတယ်။တိုက်ခန်းတစ်ခန်းစာအပြည့် လျှပ်စစ်ပစ္စည်း အရောင်ဆိုင်။မီးလုံး ၊ မီးကြိုး၊ ပလပ်ပေါက်ကနေ လျှပ်စစ်ထမင်းပေါင်းအိုးနဲ့ လျှပ်စစ်ပစ္စည်းမျိုးစုံ အရောင်းဆိုင်ကြီးက နှင်းသီရိကို လှောင်ပြောင်သလို ကြည့်နေတယ်။နှင်းသီရိ ရဲ့ စိတ်ထဲမှာ အခံရခက်လှတဲ့စိတ်နဲ့ ဒေါသတွေပါ ထွက်လာမိတယ်။လုပ်ချင်တာကို လုပ်ရမှ ကျေနပ်တဲ့ နှင်းသီရိ ။ လိုချင်တာကို ရမှကျေနပ်တဲ့ နှင်းသီရိ ။ချစ်သူလင်းရိပ်က သူမဖုန်းဆက်ရင် ကိုင်ပေမဲ့ စကားကို အချိန်ကြာကြာမပြော ။တွေ့ဖို့ချိန်းရင်လည်း မလာ။ဒါတွေအတွက် နှင်းသီရိ ခံပြင်းဒေါသထွက်နေမိသလို မရလေ ပိုလိုချင် လေဆိုတဲ့ စိတ်က နှင်းသီရိမှာဖြစ်ပေါ်နေတယ်။ခုချိန်မှာ နှင်းသီရိ စဉ်းစားနေမိတာ တစ်ခုပဲရှိတယ်။အဲ့ဒါက လင်းရိပ်ရဲ့ အိမ်ထောင်ရေးကို ဖျက်ဆီးပစ်ဖို့ အတွေးပဲ။ ***** " ဒေါက် ...ဒေါက် ...ဒေါက် ' စာရေးနေတုန်းမှာ ကြားလိုက်ရတဲ့ တံခါးခေါက်သံကြောင့် အနီရင့်ဆတ်ခနဲ တုန်လှုပ်သွားမိတယ်။ ==================== အပိုင်း ( ၁၉ ) ဆက်ရန် ဧကြည်ဖြူ

ကေဇင်ကျော် တစ်ယောက် မြတ်ဘုန်းရဲ့ခန္ဓာကိုယ်ကြီးကို လှုပ်ခါယမ်းပြီး ဒေါသတကြီးမေးလိုက်ပေမဲ့ မြတ်ဘုန်းကတော့ အိပ်ပျော်သွားခဲ့လေပြီ ။ကေဇင်ကျော်မှာ မြတ်ဘုန်းဆီက ကြားလိုက်ရတဲ့ စကားကြောင့် တစ်ကိုယ်လုံး ဆတ်ဆတ်တုန်အောင် ဒေါသတွေထွက်လာမိတယ်။လူမှာထိုင်မရ ထမရနဲ့ ဘာလုပ်လို့ လုပ်ရမှန်းပင်မသိပါလေတော့။ကေဇင်ကျော် နေရာမှာ ဆက်ရပ်နေနိုင်စွမ်းမရှိတော့ဘဲ မိခင်ဖြစ်သူရဲ့အိပ်ခန်းဘက်ကို ထွက်လာခဲ့မိတယ်။ ******** " အမေ ...အမေ " ဒေါ်ဌေးဌေးမူမှာ အိပ်မယ်မှမကြံသေး အခန်းပြင်မှ သမီးဖြစ် သူကေဇင်ကျော်ရဲ့ အသံကြောင့် အိပ်ရာကနေ အသာထပြီး အခန်း အပြင်ကို ထွက်လာခဲ့ လိုက်တယ် ။ " ဟဲ့ ...ဘာဖြစ်လို့တုန်း ...ညကြီးမိုးချုပ် " " အမေ ... ဟင့် ...ဟင့် .ဟီး " " ဟဲ့ ...ဟဲ့ ... ဘာဖြစ်တာတုန်း ...တော်ကြာ နင့် အဖေ ကြားသွားမှဖြင့် ...လာ ..လာ မီးဖိုခန်းဘက်ကို သွားရအောင် " မေးလိုက်မှ ဟီးခနဲ ငိုချလိုက်တဲ့ ကေဇင်ကျော်ကြောင့် ဒေါ်ဌေးဌေးမူက ကေဇင်ကျော်ရဲ့ လက်ကို ဆွဲပြီး မီးဖိုခန်းဘက်ကို ထွက်လာခဲ့တယ်။ " ဘာဖြစ်တာလဲ မိကေဇင် ...မထိတ်သာ မလန့်သာ ရှိလိုက်တာဟယ် ... ဟိုကောင် မြတ်ဘုန်း ဘာပြဿနာရှာပြန်ပြီလဲအေ " ကေဇင်ကျော်မှာ မိခင်ဖြစ်သူရဲ့ အမေးကို တော်တော်နဲ့ မဖြေနိုင်ဘဲ အားပါးတရ ငိုရှိုက်နေမိတုန်းပင်။ " ငိုနေလို့ ပြီးမှာ မဟုတ်ဘူး မိကေဇင် ... ဘာဖြစ်တာလဲ ပြောအုံး " " အ ...အနီရင့်ဆီမှာ ကိုဘုန်းနဲ့ ရတဲ့ ကိုယ်ဝန်ရှိနေတယ်တဲ့ အမေရဲ့ " " ဘာ .... ဘာပြောတယ် ... ဘယ်သူပြောတာလဲ " ကေဇင်ကျော်ရဲ့ စကားကြောင့် ဒေါ်ဌေးဌေးမူ ထိတ်လန့်တုန်လှုပ်စွာနဲ့ မေးလိုက်မိတယ်။ " ကိုဘုန်းပြောတာ အမေ ... သူမူးပြီး ပြောနေတာ " " မူးပြီး ပြောတာ ဟုတ်လား ...ဒါ ...ဒါဆို သေချာပါ့မလား အေ " "သေချာတာပေါ့ အမေရယ် ... ဒီကိစ္စကို မူးနေလို့ ပြောတာပေါ့ ...မမူးဘဲ ပြောမလား ... အနီရင့်ချက်ချင်း လက်ထပ်လိုက်လို့ သမီးစိတ်ထဲ တစ်မျိုးထင်နေခဲ့မိတာ " " ဒါ ...ဒါဆို ...ညည်း ယောကျာ်းက ညည်း ဆီမှာ ကိုယ်ဝန်မရှိတာ သိရင် ထွက်သွားမှာပဲ ..." ဒေါ်ဌေးဌေးမူက တုန်တုန်လှုပ်လှုပ်နဲ့ ပြောလိုက်တယ်။ " ရှင် ....ဒါ ..ဒါဆို ဘယ်လိုလုပ်ကြမလဲ အမေ " ဒေါ်ဌေးဌေးမူက ခဏလောက်စဉ်းစားလိုက်ပြီးမှ ကေဇင်ကျော်ကို ပြောလိုက်တယ်။ " ဒီလိုလုပ် ...ဒီကိစ္စကို အမေတို့ သိတယ်ဆိုတာကို မြတ်ဘုန်း မသိစေနဲ့ ... ဟန်မပျက်အောင်နေ ...အမေတို့ လုပ်ရမှာက ..အနီရင့်ဆီကို သွားဖို့ပဲ...မင်္ဂလာဆောင်တုန်းက အနီရင့်ကို တွေ့တယ်မဟုတ်လား ... ဗိုက်ကလဲ ဘာမှမသိသာဘူး ...ကြည့်ရတာ ... လအတော်နုသေးပုံပဲ ... ကိုယ်ဝန်ကို ဖျက်ချပစ်ဖို့ သွားပြောရမယ် " " ဖြစ် ...ဖြစ်ပါ့ မလား အမေ " " ဟဲ့ ... မဖြစ်ဖြစ်အောင် ပြောရမှာပေါ့ ... ညည်းသာ စိတ်ကို နိုင်အောင်ထိန်းထား ... ခုရက်ပိုင်း မြတ်ဘုန်းက ပြောတာဆိုတာတွေ ဆင်ခြင် ...လောလောဆယ် .. အနီရင့် ကိစ္စကို အရင်ရှင်းရမယ် ... မနက်ကျရင် ... နင့်ယောကျာ်း အလုပ်သွားတာနဲ့ အနီရင့်ဆီကို သွားကြမယ် ...အခုတော့ သွားအိပ်တော့ " ***** " ဘာတွေလုပ်နေတာလဲ လင်းရိပ် " အနီရင့်က အိပ်ချင်မူးတူးနဲ့ ထလာရင်း နောက်ဖေးမီးဖိုချောင်မှာ အလုပ်ရှုပ်နေတဲ့ လင်းရိပ်ကို မေးလိုက်တယ်။ "မနက်စာအတွက် လုပ်နေတာပါ ... နေ့လယ်စာ ဟင်းလဲချက်ပေးခဲ့တယ်...ထမင်းကို အချိန်မှန် စားနော် ... နေလို့ ထိုင်လို့ မကောင်းရင်လဲ ဖုန်းဆက်လိုက် ... ကျွန်တော် ပြန်လာလို့ရတယ် ...ဆိုင်က ကောင်လေးတွေက စိတ်ချရပါတယ် ...မင်းလဲ ဆိုင်ကို လာခဲ့အုံးလေ..." လင်းရိပ်က ဖွင့်တာတစ်ပတ်မပြည့်သေးတဲ့ ဆိုင်ကို လာကြည့်ဖို့ အနီရင့်ကို နေ့တိုင်း ခေါ်ပေမဲ့ အနီရင့်က ဖွင့်တဲ့ရက်ကပဲ သွားပြီး ကျန်တဲ့ရက်တွေမှာ မရောက်ဖြစ်ခဲ့။ " အင်းပါ လင်းရိပ်ရယ်...လာပါ့မယ် ... နေ့လယ်စာမချက်ခဲ့ပါနဲ့ ...အနီရင့် ကိုယ့်ဘာသာချက်ပါ့မယ် ..." " ရပါတယ်ကွာ ...ထမင်းချိုင့်ထည့်ဖို့ ချက်ရင်း ချက်လိုက်တာပဲ ...မင်းက ညနေစာချက် ... ကျွန်တော်က မနက်စာ ချက်တယ် ...ညီတူညီမျှပေါ့ ...ပြီးတော့ မင်းက ညနက်ထိ စာတွေ ရေးနေတော့ မနက်စောစော မထပါနဲ့ကွာ ...အိပ်ရေးဝအောင်အိပ် ...အဲ့ဒါမှ ကျန်းမာမှာ ...." လင်းရိပ်က ပြောရင်း မနက်အဆာပြေစာ စားဖို့ ပြင်နေတယ်။အနီရင့် လင်းရိပ်ကို ကျောခိုင်းပြီး ရေချိုးခန်းထဲကို ဝင်လာခဲ့တယ်။ " ချော်လဲနေမယ် ...သတိထားအုံးနော် " လင်းရိပ်ရဲ့ သတိပေးသံက ရေချိုးခန်းထဲ အထိ ရောက်လာတယ်။အနီရင့် မချိပြုံးလေးပြုံးလိုက်မိတယ်။ဘာမှမဆိုင်တဲ့ အနီရင့်ကိုတောင် ဒီလောက် ဂရုစိုက်နေတဲ့ လင်းရိပ်။ သူ့ချစ်သူကိုများဆို ဘယ်လောက်တောင် ဂရုစိုက်ရှာမလဲလို့ တွေးလိုက်မိတယ်။ ******** " မင်းကို ပြောစရာရှိတယ် " မုန့်စားနေရင်း လင်းရိပ်က အနီရင့်ကို ပြောလိုက်တယ်။ " ပြောလေ လင်းရိပ် " " ဟို ..ဒီလိုလေ ...ကိုယ်ဝန်ရှိနေပြီလို့ အမေတို့ကို ပြောလိုက်တော့မယ် " " ဟင် ... လက်ထပ်တာ တစ်လကျော်ရုံပဲ ရှိသေးတာကို ပြောလို့ ဖြစ်ပါ့မလား " " လက်မထပ်ခင်ကတည်းက အတူနေနေကြတာလို့ ပြောလိုက်မယ်လေ "

ကြည့်ရတာ အငြိုးအတေးလည်း ရှိပုံမရဘူး။ ဒီလိုမိန်းခလေးမျိုးကို ထားရစ်ခဲ့တဲ့ အနီရင့်ရဲ့ ချစ်သူဆိုတဲ့လူကို လင်းရိပ် နားမလည်နိုင်ဘူး ။ ဆယ်နှစ်နီးပါး ချစ်ခဲ့ကြတယ်ဆိုပြီး အနီရင့်လိုမိန်းခလေးမျိုးပေါ်မှာ သံဃောစဉ် မတွယ်ခဲ့မိဘူးလား။အနီရင့်အကြောင်းကို တွေးမိပြန်တော့ ချစ်သူနှင်းသီရိ အကြောင်းကိုပါ လင်းရိပ်တွေးလိုက်မိတယ်။ လင်းရိပ် မမျှော်လင့်ထားခဲ့တဲ့ အဖြစ်က နောက်ကျမှ ဖြစ်လာခဲ့တယ်။အနီရင့်က နားလည်ပေးတယ်လို့ ဘယ်လောက် ပြောပြော လင်းရိပ် အနေနဲ့ စောင့်စည်းရမဲ့အကြောင်းတွေရှိတယ်လေ။လင်းရိပ်ဘက်ကသာ စိတ်အလိုကိုလိုက်ပြီး ချစ်သူနဲ့ ပြန်ဆက်သွယ်နေမယ်ဆိုရင် လင်းရိပ်ရော အနီရင့်ရော ချစ်သူနှင်းသီရိပါ သုံးယောက်လုံး လူအထင်သေးခံရတဲ့ဘ၀ကို ရောက်ကြမှာပဲ။ ဒါကို လင်းရိပ်က စဉ်းစားချင့်ချိန်နိုင်ပေမဲ့ ချစ်သူနှင်းသီရိက မိုက်ရူးရဲဆန်ချင်တယ်။ချစ်သူနှင်းသီရိရဲ့ ဇွတ်လုပ်တတ်တဲ့ အကျင့်ကို သိလို့ လင်းရိပ် လန့်နေမိတာတော့ အမှန်ပဲ။တစ်နေ့တစ်ခေါက် လင်းရိပ်ရဲ့ အလုပ်ကို မှန်မှန်လာတတ်တဲ့ နှင်းသီရိ ။ဖုန်းကနေ နေ့တိုင်းစာတွေ ပို့နေတဲ့ ချစ်သူ။ချစ်သူနဲ့ ပတ်သက်ပြီး လင်းရိပ်ရဲ့ ရင်ထဲမှာလည်း ရင်ကွဲမတတ်ခံစားနေရပါတယ်။ ဒါပေမဲ့လည်း လင်းရိပ်က ယောကျာ်းတစ်ယောက်မဟုတ်လား။ လင်းရိပ် ယောကျာ်းပီပိသသသိက္ခာရှိရှိနဲ့ ကိုယ့်တာဝန်ကို ကျေပွန်ချင်တယ်။အချစ်ရေးထက် မိသားစုအရေးက လင်းရိပ် အတွက် ပိုပြီး အရေးကြီးတယ်မဟုတ်လား။ " ဒုန်း " "အား ....." လင်းရိပ်မှာ လက်တော့ကို ရှေ့ချပြီး အတွေးများနေတုန်း အနီရင့်ရဲ့ အခန်းထဲက ဒုန်းခနဲ အသံနဲ့ အတူ အနီရင့်ရဲ့အော်သံကို ကြားလိုက်ရတာမို့ လင်းရိပ် စိုးရိမ်စိတ်နဲ့ အနီရင့်ရဲ့ အခန်းရှိရာကို ပြေးသွားမိတယ်တယ်။ လင်းရိပ် အခန်းတံခါးကိုဖွင့်ပြီး ၀င်လိုက်တော့ မှန်တင်ခုံရှေ့က ဖင်ထိုင်ခုံက ကြမ်းခင်းပေါ်ကို လဲကျနေသလို အနီရင့်ကလည်း ကြမ်းပြင်ပေါမှာ ခွေခွေလေးလဲကျနေတယ်။ " အနီရင့် ..အနီရင့် မင်းဘာဖြစ်တာလဲ ...." လင်းရိပ်ရင်တစ်ခုလုံး ပူလောင်သွားသလို ခံစားလိုက်ရပြီး အနီရင့်အနီးမှာ ဒူးထောက် ထိုင်ချလိုက်ပြီး နှုတ်ကလည်းမေးရင်း လက်ကပါ အနီရင့် ခန္ဓာကိုယ်လေးကို ပွေ့ထူလိုက်တယ်။ " ဘာဖြစ်တာလဲ ...မူးလဲတာလား ...ဆေးရုံသွားကြမလား " " ရ...ရပါတယ် လင်းရိပ်ရဲ့ ...မူးလဲတာမဟုတ်ပါဘူး ...အိပ်မပျော်လို့ စာအုပ်ဖတ်မလို့ စာအုပ် တက်ယူတာပါ " အနီရင့်က အခန်းထောင်က စာအုပ်စင်ကို လက်ညှိုးထိုးပြရင်းလင်းရိပ်ကို ဖြေလိုက်တယ်။ " ဟာကွာ ...ကိုယ့်ကိုယ်ကို ဂရုစိုက်မှပေါ့ ...အမြင်တွေ မတက်ပါနဲ့ ဆို ....စာအုပ်လိုချင်ရင် ကျွန်တော့်ကို လှမ်းခေါ်လိုက်ပါလား ... အခု ဘာဖြစ်သွားသေးလဲ ...ဗိုက်ထဲက ရောနေသာရဲ့လား ..." လင်းရိပ် သူကိုယ်တိုင်မသိလိုက်ဘဲ အနီရင့်ရဲ့ ခန္ဓာကိုယ်လေးကို ပွေ့ချီပြီး ခုတင်ပေါ်ကို တင်ပေးလိုက်မိတယ်။ " မင်း အဲ့လိုလုပ်နေရင် တစ်ယောက်တည်း ထားခဲ့ရမှာတောင် စိတ်မဖြောင့်တော့ဘူး ... နေ့ခင်း နေ့လယ် အဖော်ရအောင် အဖော်တစ်ယောက်လောက် ခေါ်ထားမလား " " ရပါတယ် လင်းရိပ်ရယ် ...မတော်တဆဖြစ်သွားတာပါ ...နောက်ဆို အနီရင့် သတိထားပါ့မယ် ....အခုလည်း အနီရင့် ဘာမှ မဖြစ်ပါဘူး ...လင်းရိပ် လုပ်စရာရှိတာ သွားလုပ်ပါ " " အင်းပါ ... ညဘက် ထရင်လည်း ကျွန်တော့်ကိုနှိုးလိုက်ပါ ဟုတ်လား...အခုလဲ အိပ်တော့ ... စာမဖတ်နဲ့တော့ " လင်းရိပ်က ရေဘူးနဲ့ ဖန်ခွက်ကို အိပ်ရာဘေးက ခုံပေါ်မှာ နေရာ သေချာချပေးပြီး ပြန်ထွက်ခဲ့တယ်။ ကျန်ခဲ့တဲ့ အနီရင့်မှာတော့ တထိတ်ထိတ်ခုန်နေတဲ့ ရင်အစုံကိုလက်နဲ့ အသာဖိထားလိုက်မိရင် တုန်လှုပ်နေမိတယ်။ဟုတ်တယ် အနီရင့် ကြောက်နေမိတယ်။အနီရင့်က အပြောင်းအလဲမြန်တတ်တဲ့ သူတစ်ယောက်မဟုတ်ဘူး။ လူတစ်ယောက်ကို လေးစားအားကိုးမိရာကနေ ချစ်ခြင်းမေတ္တာ ဖြစ်ပေါ်လာမှာကို အနီးရင့် စိုးထိတ်ပူပန်နေမိတယ်။ပိုင်ရှင် ရှိတဲ့သူကို အနီရင့် ချစ်လို့ မဖြစ်ဘူး ။အချိန်တန်ရင် ပိုင်ရှင်ဆီကို ပြန်ပေးရမယ့် အရာကိုအနီရင့် သံယောစဉ်တွယ်လို့ မဖြစ်ဘူးဆိုတာကို အနီရင့် သိတယ်။ ကိုဘုန်းနဲ့တုန်းကလည်း ဒီလိုပဲ အနီရင့် သံယောစဉ်တွယ်ခဲ့မိတာ။အနီရင့် အနေနဲ့ နောက်ထပ်အချစ်ကို မလိုချင်တော့ပါဘူး။ ****** " ကိုဘုန်း ရှင် သောက်လာပြန်ပြီလား ..ကေဇင့် အပေါ် ဘာလို့ ဒီလိုရက်စက်ရတာလဲ ပြော " ထုံးစံအတိုင်း အရက်မူးလာတဲ့ မြတ်ဘုန်းကို ကေဇင်ကျော်ကပဲ ထုရိုက်ရင်းမေးလိုက်တယ်။ " ဟာ ...ဘာဖြစ်နေတာလဲ ... ဖယ်စမ်းပါကွာ...ငါအိပ်ချင်နေပြီ " မြတ်ဘုန်းက အာလေးလျှာလေးသံကြီးနဲ့ ပြောလိုက်ရင်း ကေဇင်ကျော်ကို တွန်းဖယ်ပြီး ခုတင်ပေါ်ကို ပစ်လဲချလိုက်တယ်။ပြီးတော့ မြတ်ဘုန်းမူးမူးနဲ့ ယောင်ယမ်းပြီး ပြောနေမိတယ်။ " နီ ...နီရယ် ကိုဘုန်း တောင်းပန်ပါတယ်...ကိုဘုန်းရဲ့ ကလေးကို စောင့်ရှောက်ပါနော် ... တစ်နေ့ကျရင် နီနဲ့ ကိုဘုန်းရဲ့သားလေးဆီကို ...ကိုဘုန်း ပြန်လာခဲ့မှာပါနော် ...နီ ...နီ ..." ကေဇင်ကျော်မှာ မြတ်ဘုန်းမူးမူးနဲ့ ပြောနေတဲ့ စကားတွေကို နားထောင်ပြီး သွေးပျက်မတတ် ထိတ်လန့် သွားမိတယ်။ " ကိုဘုန်း ရှင် ...ရှင် ဘာတွေပြောနေတာလဲ ...အနီရင့်မှာ ရှင့်နဲ့ ရတဲ့ ကိုယ်ဝန်ရှိနေတာလား ... ဟုတ်လား ပြောလေ "

ဧကြည်ဖြူ "ရင်ဘတ်ပေါ်က နှင်းဆီ " အပိုင်း (၁၈ ) ******* " အစ်မ...ခဏလေး တံခါးဖွင့်ပေးပါနော် ...နှင်းက အစ်မကို နှောက်ယှက်ဖို့ လာတာ မဟုတ်ပါဘူးရှင် " လူတင်လှတာမဟုတ် ။အသံလေးကလည်း ချိုသာလိုက်တာလို့ အနီရင့် စိတ်ထဲက တွေးလိုက်မိတယ်။အနီရင့် တံခါးကို ဖွင့်လိုက်တယ်။ တွေ့တွေ့ချင်းမှာပဲ "လှလိုက်တာ "လို့ အနီရင့်စိတ်ထဲကနေ ရေရွတ်လိုက်မိတယ်။ " နှင်း ခဏထိုင်လို့ရမလားရှင် ." အသံချိုချိုအေးအေးလေးနဲ့မေးလာတဲ့ အသံ။အနီရင့်မှာ ငြင်းဆန်နိုင်စွမ်းအားမရှိပါလေ။ "ဟုတ် ...ဟုတ်ကဲ့ ...ထိုင်ပါရှင် " " နှင်းနာမည်က နှင်းသီရိပါ ... အစ်မက နှင်းကို သိလား မသိလားတော့ နှင်းမသိပါဘူး ...နှင်း ကတော့ အစ်မကို သိတာ မကြာသေးပါဘူး " သူမရဲ့ စကားကို အနီရင့်ခေါင်းမငြိမ့် မိသလို ခေါင်းလည်းမခါမိဘူး။ "နှင်း ...နှင်းက ကိုလင်းရိပ်ရဲ့ ချစ်....ချစ်သူပါ ..." ပြောရင်း သူမက ငိုတယ်။ငိုနေတဲ့ သူမကို ကြည့်ပြီး အနီရင့် ထိတ်ထိတ်ပျာပျာဖြစ်သွားမိတယ်။ " နှင်း နှင်းတို့ရဲ့ ချစ်သူသက်တမ်း လေးနှစ်ကျော်နေပါပြီရှင် ...လွန်ခဲ့တဲ့ လကမှ စကားများပြီး လမ်းခွဲသလို ဖြစ်သွားကြတာပါ ...တကယ်တမ်းက နှစ်ယောက်လုံး မပြတ်ကြပါဘူး ..မောင် ...မောင် ဒီလို ရုတ်တရက်ကြီး အိမ်ထောင်ပြုလိုက်မယ်လို့ နှင်း လုံးဝမထင်မိဘူး " ပြောနေရင်း သူမထပ် ငိုတယ်။အနီရင့်ကတော့ ဆွံ့အနေသူတစ်ယောက်လို နှုတ်ဆိတ်နေမိတယ် ။ " ဒီလောက် အချိန်လေးတွင်းမှာ မောင် လက်ထပ်လိုက်တယ်ဆိုတာကို နှင်း မယုံကြည်နိုင်ဘူး ...နှင်းတို့ ချစ်သူဖြစ်နေတဲ့ အတောအတွင်းမှာ မောင်က နှင်းအပေါ် သစ္စာမဖောက်ဆိုတာ နှင်းယုံကြည်တယ် ....ဘာ ... ဘာတွေ ဖြစ်ကုန်တာလဲရှင် ...နှင်းက နှောက်ယှက်ချင်လို့ လာတာ မဟုတ်ပါဘူး ... ရင်ကွဲမတတ် ခံစားနေရလို့ ရောက်လာတာပါရှင် .. မောင်သာ မရှိရင် နှင်းသေးမှာပါ ...မောင်လည်း နှင်းလို့ ခံစားနေရမယ်ဆိုတာ နှင်းသိနေပါတယ်..." သူမရဲ့ စကားအတိုင်းပဲ ရင်ကွဲမတတ် ငိုကြွေးနေတဲ့ သူမကို ကြည့်ပြီး အနီရင့် နောင်တ အကြီးအကျယ် ရနေမိတယ်။သူမ ပြောနေတဲ့စကားတွေကိုလည်း အနီရင့် ယုံကြည်ပါတယ်။အရင်ကလင်းရိပ် ပုံစံနဲ့ လက်ရှိ လင်းရိပ်ရဲ့ ပုံစံကို ကြည့်ရင် လင်းရိပ် ဘယ်လောက် ခံစားနေရတယ်ဆိုတာကို အနိုရင့် ကိုယ်တိုင်လည်း မြင်နေရတယ်လေ။ ဒါပေမဲ့ ဒီလို တိုက်ရိုက် လာပြောတော့ အနီရင့်က ဘာလုပ်ရမှာလဲ။စိတ်ဆိုးရမှာလား ။အမှန်တွေကို ပြောပြပြီးသူမကို တောင်းပန်ရမလား။ ဇာတ်လမ်းဇာတ်ကွက်တွေကို စိတ်ကူးယဉ်ရေးသားနေတဲ့ အနီရင့်မှာ ဒီအခြေအနေကို ဘယ်လိုတုံ့ပြန်ရမလဲ မစဉ်းစား မတွေးတောတတ်ဘဲ နေရာမှာ ငူငူချည်း ထိုင်နေမိတယ်။ " နှင်း ဒီကို ဘယ်လို ရောက်လာပြီး ... ဘာတွေ ပြောနေမိမှန်း မသိတော့ ပါဘူးရှင် ...နှင်းတောင်းပန်ပါတယ်နော် ...နှင်းကို ခွင့်လွှတ်ပါရှင် ...နှင်း...နှင်း ပြန်ပါတော့မယ် " သူ့ဘာသာ ပြောပြီး သူ့ဘာသာ ထပြန်သွားတဲ့ နှင်းသီရိကို ကြည့်ပြီး အနီရင့် ဘာမှ ပြန်မပြောနိုင်ခဲ့ပါဘူး။နေရာမှာ တင် ကြက်သေသေလို့ နှုတ်ဆိတ်နေခဲ့မိတယ်။ ***** " ဆိုင်နေရာလဲ အဆင်ပြေတယ် ..ပြီးတော့ လက်လီလက်ကား နှစ်မျိုးလုံးရောင်းမှာဆိုတော့ အဆင်ပြေမှာပါ...လောလောဆယ် ကျွမ်းကျင်ဝန်ထမ်း နှစ်ယောက်ပဲ ခန့်ထားမယ် ...ဆိုင့်ဖွင့်ပြီးမှ အခြေအနေကို ကြည့်မယ် .. ပစ္စည်းတွေကိုတော့ အန်ကယ် ချိတ်ပေးတဲ့ ဆီကနေပဲ တိုက်ရိုက်သွင်းမှာ ... အနီရင့်က ကျွန်တော် တင်ပြတဲ့ စာရင်းတွေကိုပဲ စစ်ကြည့်လေ ..." လင်းရိပ်က အာပေါက်အောင် ရှင်းပြပြောပြနေပေမဲ့ အနီရင့်က ဆိုဖာခုံပေါ်မှာ မလှုပ်မယှက်ချည်း ထိုင်ပြီး တစ်စုံတစ်ရာကို တွေးနေပုံရတယ်။ လင်းရိပ် ပြောနေတာတွေကိုလည်း ကြားပုံမရ။ " ဟိတ် ... နေမကောင်းတာလား ... ဘာတွေ စဉ်းစားနေတာလဲ " လင်းရိပ်က အနီရင့်ရဲ့ နဖူးကိုး လက်ဝါးလေးနဲ့ အသာ ပုတ်လိုက်မှ အနီရင်လည်း သတိပြန်ဝင်လာတယ်။ " ဟင် ... ဘာလဲဟင် လင်းရိပ် ... ဘာပြောလိုက်တာလဲ " အနီရင့် အလန့်တကြားနဲ့ လင်းရိပ်ကို ပြန်မေးလိုက်မိတယ်။ " နေမကောင်းလို့လား ...မင်းကို ကြည့်ရတာ မလန်းဘူး ...ကိုယ်လဲမပူပါဘူး .. ဘယ်နေရာက နေလို့ မကောင်းတာလဲ...ဆေးရုံကိုသွားသင့်ရင် သွားရအောင် " လင်းရိပ်က မေးရင်း အနီရင့် နဖူးကို အသာစမ်းလိုက်တယ်။ အနီရင့်မှာ လင်းရိပ်ကို ကြည့်ပြီး ငိုချင်လာသလို ဖြစ်သွားမိတယ်။ လင်းရိပ်ရဲ့ ချစ်သူလာသွားတဲ့ အကြောင်းကို ပြောရင် ကောင်းမလားလို့ စဉ်းစားလိုလ်မီပေမဲ့ နှုတ်က မထွက်ပြန်ဘူး။ " ကိုယ်တော့ မပူဘူး ...နေလို့မကောင်းရင် စောစောအိပ်လိုက်တော့ လေ ....စာလဲ နောက်နေ့မှ ရေးလေ...ဆိုင်ရဲ့အခင်းအကျင်းကိုတော့ နောက်နေ့မှ အတူလိုက်ကြည့်တော့ " " အင်းပါ ... အနီရင့် သွားအိပ်တော့မယ်နော် " အိပ်ခန်းထဲကို၀င်သွားတဲ့ အနီရင့်ရဲ့ နောက်ကျောပြင်ကို လင်းရိပ် ငေးကြည်နေမိတယ်။အတူနေရတဲ့ အချိန်တွေ သိပ်မများ သေးဘူး ဆိုပေမဲ့ အနီရင့် ရဲ့ စိတ်ဓါတ်ကို လင်းရိပ်တဖြည်းဖြည်း ပိုသိလာခဲ့ရတယ်။ အနီရင့်က ဖွဲ့ကာနွဲ့ကာ မပြောတတ်ပေမဲ့ လူတိုင်းအပေါ်မှာ စေတနာထားတယ်။စိတ်ဆိုးစိတ်ကောက်လည်း ခဏအတွင်း စိတ်ပြေတတ်တဲ့ မိန်းခလေးမျိုး။အနီရင့်ကို

" ဟုတ်လား ...အစ်ကို့ကို ဘာမှ မပြောဘူး " ညီမဖြစ်သူရဲ့ စကားကြောင့် လင်းရိပ် စိတ်ထဲတစ်မျိုးဖြစ်သွားမိတယ်။ သူ့အနေနဲ့ အနီရင့်ကို ကျေးဇူးတင်မိပေမဲ့ မိန်းမဆီက ချူစားရတဲ့ ဘ၀မျိုးကို အဖြစ်မခံနိုင်ပါ။ပြီးတော့ လင်းရိပ် အနီရင့်ကို ကူညီပေးရခြင်းမှာ ခင်မင်ရင်းစွဲသံယောစဉ်နဲ့ နှမချင်းကိုယ်ချင်းစာနာမိလို့ ရိုးသားစွာကူညီပေးခြင်းပါပင် ။ အနီးရင့်ဆီက ဘာကိုမှ မျှော်ကိုးပြီး ကူညီပေးခဲ့တာမဟုတ်။လုပ်ငန်းကိစ္စ လုပ်ဖို့အတွက်မှာပင် အလုပသမား အလုပ်ရှင် အနေအထားနဲ့ ကြိုးစားလုပ်ရန် လင်းရိပ်က ဆုံးဖြတ်ထားပြီးသားပင်။ ****** နှင်းသီရိ အံတကြိတ်ကြိတ်နဲ့ ကြိတ်မနိုင်ခဲမရဖြစ်နေမိတယ်။"လွတ်တဲ့ငါးကြီးတယ်" လို့ပဲ ပြောရ မလား။ အမှန်တကယ် လက်လွတ်ဆုံးရှုံးလိုက်ရပြီဆိုမှ နှင်းသီရိ ချစ်သူကို အဆုံးရှုံးမခံချင်ဖြစ်လာမိတယ်။ချစ်သူက မိမိကို ဂရုတစိုက် ရှိခဲ့သလိုမျိုး အခြားသူတစ်ယောက်ကို ဂရုစိုက်ပေးနေမှာ မျိုးကို နှစ်သိရိ မလိုလား။ဒီခေတ်ဒီခါကြီးမှာ အိမ်ထောင်ပြုတာ သိပ်ကို လွယ်သလို အိမ်ထောင်ကွဲတာလည်း သိပ်ကိုလွယ်ကူတာ။နှင်းသီရိရဲ့ ဗိုက်ကိစ္စကိုလည်း ကိုလ်ည်း လူမသိသူမသိ ဖြေရှင်းလို့ရတဲ့နေရာတွေပါမှပေါ။နှင်းသီရိလည်း ကိုယ့်ကိစ္စကိုယ်ရှင်း ။ချစ်သူ လင်းရိပ်ကလည်း သူ့အိမ်ထောင်ကို ဖြေရှင်းနိုင်ရင် နှင်းသီရိတို့ ရံ့ ချစ်ခရီးက ရှေ့မဆက်နိုင်စရာ အကြောင်း မရှိဘူး။သေချာတာက လင်းရိပ်က နှင်းသီရိကိုချစ်နေတုန်းပဲဆိုတာကို လင်းရိပ်ရဲ့ မျက်ဝန်းတွေကို ကြည့်ပြီး နှင်းသီရိ သိနေတယ်။ နှင်းသီရိလမ်းမပေါ်မှာရပ်နေရင်း မျက်နှာချင်းဆိုင်က တိုက်ခန်းကိုလှမ်းကြည့်နေမိတယ်။ချစ်သူလင်းရိပ်နောက်ကို လိုက်ချောင်းရင်း သိလာခဲ့ရတဲ့တိုက်ခန်း။ ရိုးရိုးသာမန်ရပ်ကွက်တစ်ခုက တိုက်ခန်းမို့ သိပ်တော့ အထင်ကြီးစရာမရှိလှဘူး။ပြီးတော့ ချစ်သူလက်ထပ်လိုက်တယ်ဆိုတဲ့မိန်းမက သာမန်မှ သာမန်မိန်းမတစ်ယောက်သာ။ရုပ်ရည် အလှအပရော ခန္ဓာကိုယ် အလှအပ ပါ နှင်းသီရိကို နည်းနည်းလေးမှ မမီတာ အသိသာချည်းပင်။ဒီလိုမိန်းမမျိုးကို ချစ်သူလင်းရိပ်က တစ်လအတွင်း ပြောင်း ချစ်သွားတယ်ဆိုတာ အဓိပ္ပါယ်ကို မရှိ ။ ဒါကို ချစ်သူရဲ့ မျက်လုံးတွေကို ကြည့်ရင် အလွန်ပင် သိသာလှတယ်။ ***** အနီရင့် စာရေးခုံမှထလိုက်ပြီး အညောင်းပြေအညာပြေ လမ်းလျှောက်လိုက်ရင်း အိမ်ရှေ့ ၀ရံတာကိုတွက် လာခဲ့တယ်။ ၀ရံတာကိုရောက်တော့ ဟိုကြည့် ဒီကြည့် လိုက်ကြည့်လိုက်တယ်။ " ဟင် " အနီရင့် ဟိုဒီ လိုက်ကြည့်နေရင်းက လမ်းတစ်ဖက်ခြမ်းကနေ အနီရင့်ကို လှမ်းကြည့်နေတဲ့ အမျိုးသမီးတစ်ယောက်ကို ကြည့်ပြီး ရင်တွေ ဒိန်းခနဲ ခုန်သွားမိတယ်။စိမ်းဖန့်ဖန့်ရောင် ၀မ်းဆက်လေးနဲ့ သိပ်ကို လှတဲ့ မိန်းမတစ်ယောက်။ဖြောင်စင်းနေတဲ့ ရွှေအိုရောင် ဆံပင်ရှည်လေးတွေက လေအဝှေ့မှာ ယိမ်းနွဲ့နေကြတယ်။သူမရဲ့အလှအပက တစ်ခါ မြင်ရုံနဲ့ မှတ်မိလွယ်တဲ့ အလှမျိုး။သူမကို ကြည့်ပြီး အနီရင့် ချက်ချင်း မှတ်မိသွားတယ်။ဒီမိန်းခလေးကို အနီရင့်သိတယ်။ လင်းရိပ်ဓါတ်ပုံပြဖူးတဲ့ လင်းရိပ်ရဲ့ချစ်သူဆိုတဲ့ မိန်းခလေး။သူမကို ကြည့်ပြီး အနီရင့် မင်သက်နေမိတယ်။သူမကလည်း အနီရင့်ကို လှမ်းကြည့်နေတယ်။နှစ်ယောက်သား အတော်ကြာ အကြည့်ချင်းဆုံနေပြီးကြတဲ့ နောက်မှာ သူမ ကားလမ်းကို ကူးလာတယ်။ပြီးတော့ အနီရင့် တို့တိုက်အောက်ကိုရောက်လာတယ်။အနီရင့်တို့တိုက်ခန်းလှေကားတွေမှာ သော့မရှိဘူး။အနီရင့် ရင်ခုန်သံတွေ တဒိန်းဒိန်းမြန်လာတယ်။ သူမများ အနီရင့်အိမ်တံခါးကို လာခေါက်ခဲ့ရင် အနီရင့် ဘာလုပ်ရမလဲ ။ ဘာတွေ ပြောရမလဲ။ အနီရင့် တစ်ကိုယ်လုံးဆတ်ဆတ် တုန်လာရုံမက အာခေါင်ထဲမှာပါ ပူပြီး ခြောက်လာတယ်။ " ဒေါက်... ဒေါက်...ဒေါက် " တံခါးခေါက်သံက အနီရင့်ရဲ့ နားထဲမှာ ဗုံးတစ်လုံးကွဲသံလို ကျယ်လောက်လှတယ်။ မသိရင် အနီရင့် အဖြစ်က မယားကြီးသိသွားလို့ တုန်လှုပ်ချောက်ချားနေတဲ့ မယားငယ်တစ်ယောက်ရဲ့ပုံစံနဲ့ တူနေသေးတယ်။ ''ဒေါက် ...ဒေါက်...ဒေါက် " တံခါးခေါက်သံက ဒုတိယ အကြိမ် ထပ်မံထွက်ပေါ်လာတယ် ။အနီရင့် ဆက်ပြီးရပ်နေရန် အင်အားမရှိလေတော့။တံခါး၀ဆီကို ခြေတုန်လက်တုန်နဲ့ လျှောက်လာမိတယ်။ " ဒေါက် ...ဒေါက် " ================= အပိုင်း ( ၁၈ ) ဆက်ရန် ဧကြည်ဖြူ နောက်ကျသွားလို့ တောင်းပန်ပါတယ် (မျက်စိဆေးရုံသွားပြရင်း ထိုင်ရေးခဲ့တာ)

ကေဇင်ကျော်က စိတ်တိုတိုနဲ့ မြတ်ဘုန်းရဲ့ခန္ဓာကိုယ်ကြီးကို တွန်းထိုးပြီးပြောလိုက်တယ်။ "ဒါလေး မူးတာ ဘာဖြစ်လို့လဲ ...မင်းကို ပိုက်ဆံမပေးလို့လား ပြော ...မင်းပြောတော့ ... လက်ထပ်ရင် ပြီးရောဆို ... လက်ထပ်ပြီးရင် ကိုဘုန်းစိတ်ကြိုက် ပျော်သလိုနေဆို ...ဘာလဲ အခုမှ နောင်တရနေတာလား ....သည်းမခံနိုင်တော့ဘူးလား ...မင်းသဘောပဲနော် ....ငါကတော့ အဆင်သင့်ပဲ " မြတ်ဘုန်းရဲ့ စကားတွေကြောင့် ကေဇင်ကျော် ဆတ်ဆတ်ခါအောင် နာကြည်း ဒေါသထွက်မိပေမဲ့ မခံချင်စိတ်နဲ့ စကားများ ရန်ဖြစ်ခဲ့ရင် လူကြီးမိဘတွေနဲ့ မောင်ဖြစ်သူပါ ပါလာမှာစိုးတာကြောင့် ဒေါသစိတ်ကို ချုပ်တည်းထားလိုက်ရတယ်။မနက်လင်းမှ ဖခင်နဲ့ မောင်ငယ်ဖြစ်သူ အိမ်မှာ မရှိချိန်မှာ မြတ်ဘုန်းကို ပြောဆို သောင်းကျန်းရန် တေးမှတ်ထားလိုက်တယ်။ ***** " ဘာဖြစ်လာပြန်ပြီလဲ သားကြီးရယ် ...မင်းကြည့်ရတာ တစ်ရက်မှ ပျော်ပျော်ရွှင်ရွှင်မတွေ့ရဘူး " ထမင်းစားခန်းမှာ မှိုင်မှိုင်တွေတွေနဲ့ ထိုင်နေတဲ့ သားဖြစ်သူ မြတ်ဘုန်းကို ကြည့်ပြီး ဒေါ်ကေသီပြောလိုက်တယ်။မြတ်ဘုန်းက ထမင်းစားပွဲခုံပေါ် လက်ထောက်၍ မှိုင်တွေနေရာမှာ " ဗိုက်ဆာတယ် အမေ ... စားစရာတစ်ခုခုလုပ်ပေးပါ " " ဟင် ... မနက်ကိုးနာရီကျော်နေပြီ ..သား ဘာမှ မစားရသေးဘူးလား ...ကေဇင်ကျော်တို့ သားအမိက ဘာမှမလုပ်ထားဘူးလား " " လုပ်ထားမှာပေါ့ အမေ ... သားမစားချင်လို့ ထွက်လာတာပါ " အမှန်တကယ်တော့ နံနက် အဆာပြေစားရန် မြတ်ဘုန်း ထမင်းစားခန်းထဲဝင်လိုက်ချိန်မှာ ကေဇင်ကျော်တို့ သားအမိက မြတ်ဘုန်းကို ပြောဆိုနေတာကြောင့် စကားများပြီး ထွက်လာခဲ့ခြင်းပင်။ဒေါ်ဌေးဌေး မူကိုယ်တိုင်ကပါ ပြောဆိုနေတာကြောင့် မြတ်ဘုန်း ပြန်မပြောချင်တာနဲ့ မိဘအိမသို့ ကူးလာခဲ့ခြင်းပင်။မြတ်ဘုန်း ထွက်လာတော့ ကေဇင်ကျော်က ပြောဆိုပြီး နောက်ကလိုက်လာတာမို့ "မင်း ငါ့မိဘအိမ်အထိ လိုက်ပြီး ပြောဆိုနေမယ်ဆိုရင် ...ငါ ဒီကနေ အပြီးထွက်သွားတော့မှာ ...ဘာပဲဖြစ်ဖြစ် တစ်သက်လုံးပြန်လာမှာမဟုတ်ဘူး " လို့ မြတ်ဘုန်းက လေသံခပ်မာမာနဲ့ ပြောခဲ့လိုက်တာမို့ မိမိတို့ အိမ်အထိ ကေဇင်ကျော် လိုက်မလာခြင်းပင်။မြတ်ဘုန်းနောင်တရနေမိတယ်။ အစစအရာရာအတွက်ကို နောင်တတွေရနေမိတာ။ ချစ်ရသူ နီမှာ မြတ်ဘုန်းရဲ့ရင်သွေးလေး ရှိနေသလို ကေဇင်ကျော်ဆီမှာလည်း မြတ်ဘုန်းရဲ့ ရင်သွေးလေးရှိနေမှန်း သိသိနဲ့ မြတ်ဘုန်းရင်ထဲမငြိမ်းချမ်းနိုင်ပါ။"မကိုခင်မှ ဥကိုခင်မယ် " ဆိုတဲ့ စကားလိုပင် မြတ်ဘုန်း အနေနဲ့ ကေဇင်ကျော် အပေါ် တဏှာ သက်သက် ပတ်သက်ခဲ့တာမို့ ကလေးနဲ့ ပတ်သက်ပြီးတော့လည်း မြတ်ဘုန်း ဘယ်လိုမှ မခံစားရပါ။ အခုချိန်မှာ မြတ်ဘုန်းခံစား နေရတာက အနီရင့်ရဲ့ဗိုက်ထဲမှာရှိတဲ့ မြတ်ဘုန်းရဲ့ ကလေးက အခြားတစ်ယောက်ကို ဖခင်အဖြစ်သတ်မှတ်လိုက်မှာကို မြတ်ဘုန်း မလိုလား။မနှစ်သက်ပါ။ဒါနဲ့ပဲ ဒီလိုအခြေအနေမျိုးမှာ မြတ်ဘုန်း ဘာမှမတတ်နိုင်တော့ ။အရာရာက လွန်ခဲ့ပြီ။ " အမေ ... သား ကွာရှင်းလိုက်ရင် အမေတို့ ဘယ်လိုနေမလဲ ဟင် ..." ဒေါ်ကေသီမှာ မြတ်ဘုန်းရဲ့ အမေးကြောင့်ထိတ်လန့် တုန်လှုပ်သွားရပြီး " ဘာ ..ဘာပြောတယ် သားကြီး " လို့ ပြန်မေးလိုက်ပြီး ရင်ဘတ်ကို လက်နဲ့ ဖိထားလိုက်ရတယ်။တကယ်တော့ သားကြီး မြတ်ဘုန်းက မင်္ဂလာမဆောင်ခင်ကလည်း ဒေါ်ကေသီကို ဒီလိုပဲ မေးခဲ့တာကို ဒေါ်ကေသီက လျစ်လျူရှုခဲ့မိတာ။ အဲ့ဒီမတိုင်ခင်က သားဖြစ်သူကိုယ်တိုင်က ကေဇင်ကျော်နဲ့ တတွဲတွဲလုပ်နေခဲ့ပြီး ကေဇင်ကျော်လေးကလည်း လိမ္မာရေးချားရှိတာမို့ အဆင်ပြသွားလောက်မှာပဲလို့ ခပ်ပေါ့ပေါ့ တွေးခဲ့တာ။ မင်္ဂလာပွဲပြီးမှ ကေဇင်ကျော်ရော သူ့မရဲ့မိခင် ဒေါ်ဌေးဌေးမူပါ အကျင့်စရိုက် ပုံစံတွေ ပြောင်းသွားတာကို ဒေါ်ကေသီကိုယ်တိုင်သိမြင်နေရတာမို့ သားကြီးရံ့ စကားကို ထူးပြီးတော့လည်း မအံ့သြတော့ပါ။ပြောရရင် ဒေါ်ကေသီ ကိုယ်တိုင်ကပင် ဒီလိုမျိုး အခြေအနေကို မသိစိတ်ထဲမှ ဖြစ်စေချင်နေမိတယ်လို့ပင် ပြောရလေမလား ။ " သား ခံစားနေရတာတွေကို အမေသိပါတယ်ကွယ် ...ဒါပေမဲ့ အချိန်မတန်သေးဘူးသားရယ်.. လက်ထပ်တာ နှစ်လမပြည့်သေးဘူး ကွာရှင်းကြမယ်ဆိုရင် နှစ်ဘက်လုံး ဂုဏ်သိက္ခာတွေ ထိခိုက်ကြမယ်သား ... နည်းနည်းလောက်တော့ တောင့်ခံ ကြည့်ပါအုံး သားရယ် ... မတတ်နိုင်တဲ့အဆုံးတော့ သားသဘောအတိုင်းပါပဲ " မြတ်ဘုန်း ထမင်းစားပွဲမှာ ခေါင်းငိုက်စိုက်ချရင်း မိခင်ရဲ့ ပြောစကားတွေကို တိတ်ဆိတ်စွာနားထောင်နေမိတယ်။ ******* " ဒီလကုန်ကစပြီး ...သားအလုပ်ကထွက်ပြီး လျှပ်စစ်ပစ္စည်းဆိုင်ဖွင့်ဖို့ လုပ်ထားလို့ အလုပ်နည်းနည်း များလိမ့်မယ် ... နေရတာ အဆင်မပြေရင် ကြိတ်ပြီး မခံစားဘဲ ဖွင့်ပြောပါနော် အမေ ... သားကြိုးစားသမျှက အမေအတွက် ပဲမို့ အချိန်နည်းနည်းလောက်ပဲ စောင့်ပေးပါနော် " လင်းရိပ်က အလုပ်သွားခါနီး မိခင်ဖြစ်သူဆီကို ဝင်တွေ့ရင်း ပြောလိုက်တယ်။ " အေးပါ သားရယ် ...အမေနေရတာ သက်သာပါတယ် ...ဆေးရုံသွားမယ်ဆိုရင်လဲ အရင်လို ပင်ပင်ပန်းပန်း သွားစရာမှ မလိုတော့တာ ..." " အမေအတွက် စိတ်မပူပါနဲ့ အစ်ကို ....ညီမလေး အမေ့ကို ဂရုစိုက်ပါတယ်...မမနီကလည်း တစ်နေ့တစ်ခေါက်တော့ အမေ့ကို လာကြည့်တယ် ... ဆေးဖိုးဆိုပြီး ပိုက်ဆံလဲပေးတယ် ...မယူဘူး ပြောလဲ မရဘူး "

ဧကြည်ဖြူ "ရင်ဘတ်ပေါ်ကနှင်းဆီ " အပိုင်း ( ၁၇ ) ******** နှင်းသီရိရဲ့ အဆက်မပြတ် ပြောနေတဲ့စကားတွေကို နားထောင်ပြီး လင်းရိပ် ဆွံ့အနေမိတယ်။မျှော်လင့်တကြီးနဲ့မေးနေတဲ့ နှင်းသီရိရဲ့ မျက်ဝန်းတွေကို ကြည့်ပြီး လင်းရိပ်ရင်ထဲမှာ ဆို့နင့်လာရတယ်။ " ခ ...ခဏလေးပါ နှင်း ...အခု အလုပ်ဝင်ရတော့မှာမို့ ညနေမှဆုံရအောင်.... ညနေ နှင်းတို့ ဆိုင်ရှေ့ကို လာခဲ့ပါ့မယ်" မပြန်ချင့် ပြန်ချင်နဲ့ပြန်သွားတဲ့ချစ်သူရဲ့ ကျောပြင်ကို ကြည့်ပြီး လင်းရိပ်ရဲ့ရင်ထဲမှာ ကြေကွဲဆို့နင့်စွာခံစားနေရတယ်။ ******** " မဖြစ်နိုင်ဘူး ....မောင်ညာပြောနေတာမဟုတ်လား....နှင်းကို မုန်းသွားလို့ မောင်တမင် ညာပြောနေတာမဟုတ်လား ..." နှင်းသီရိက ခါးခါးသီးသီး ငြင်းဆန်ရင်းနဲ့ ငိုနေတယ်။ လင်းရိပ်က ငိုနေတဲ့ နှင်းသီရိကို ကြည့်ပြီး ခေါင်းကို ငိုက်စိုက်ချထားမိတယ်။ " ဘယ်သူလဲ ... ဘယ်သူနဲ့ ဒီလောက်မြန်မြန် လက်ထပ်လိုက်တာလဲ ....မောင်ပြောတော့ နှင်း တစ်ယောက်တည်းကို ချစ်တာပါဆို ..." လင်းရိပ် ဘာမှပြန်မပြောမိ ။ နှုတ်ဆိတ်လျက် ငြိမ်သက်နေမိတယ်။ ***** အလုပ်က ပြန်ရောက်ကတည်းက ဆိုဖာခုံမှာ ငြိမ်ငြိမ်သက်သက် ထိုင်နေတဲ့ လင်းရိပ်ကို ကြည့်ပြီး အနီရင့် စိတ်ထဲမကောင်းဖြစ်နေမိတယ်။အနီရင့်ကြောင့် အခြားသူတွေ စိတ်ဆင်းရဲနေတာကို အနီရင့်မလိုလား။ ဒါပေမဲ့ ခုချိန်မှ အနီရင့်လည်း ဘာလုပ်လို့ လုပ်ရမှန်းမသိပါ။ အစကတည်းက ဖြစ်ချင်ရာဖြစ်ဆိုပြီး ဖခင်ဖြစ်သူရှိရာကို လိုက်သွားမိရင် ကောင်းသားလို့ တွေးနေမိတယ်။ "လင်းရိပ် ထမင်းစားမလား ..." အနီရင့် မဝံ့မရဲ မေးလိုက်တော့ လင်းရိပ်က ခေါင်းမော့ကြည့်လာတယ်။ " အင်း စားမယ်လေ ...မင်းရော စားပြီးပြီလား " " ဟင့်အင်း " " ဒါဆိုလာလေ ...စားရအောင် ... " လင်းရိပ်က ပြောပြီး ထမင်းစားခန်းဘက်ကို ရှေ့က ထွက်ခဲ့တယ်။ထမင်းစားခန်းထဲ ရောက်တော့ လင်းရိပ်ကပဲ ဦးဆောင်ပြီးထမင်းဝိုင်းကို ပြင်လိုက်တယ်။ " ဖယ်...ဖယ် လင်းရိပ် ...အနီရင့် လုပ်ပါ့မယ် " အနီရင့်မှာ လင်းရိပ်ကို အားနာလှတာမို့ ပြောရင်း လင်းရိပ်ကို တွန်းဖယ်လိုက်တယ် ။ " ရပါတယ်ကွာ ...မင်းက ဒီမှာ ထိုင်စောင့်နေ .... ကျွန်တော် ဒါတွေ ကျွမ်းပါတယ် " လင်းရိပ်က အနီရင့်ရဲ့လက်လေးကိုဆွဲပြီး ခုံမှာထိုင်ခိုင်းလိုက်တယ်။ ပြီးတော့ သူက ဟင်အိုးတွေကို ပြန်နွေးတယ်။ လင်းရိပ်ကို ကြည့်ပြီး အနီရင့်မှာ အားနာသထက် အားနားနေမိတယ် ။သာမန်ကာလျှံကာ မဟုတ်ဘဲ စေတနာ အပြည်အ၀နဲ့ ကူညီလုပ်ဆောင်ပေးနေတဲ့ လင်းရိပ်ကိုကြည့်ပြီး အနီရင့်ကိုယ့်ကိုယ်ကို အပြစ်ရှိနေသလို ခံစားနေရတယ်။အနီရင့်ကြောင့် လင်းရိပ်တို့ ချစ်သူနှစ်ဦး ပြန်မဆုံရတာကိုလဲ အနီရင့်မှာ အားနာတာထက်ပိုပြီး စိတ်မကောင်းကြီးစွာ ခံစားနေမိတယ်။ "လင်းရိပ် " အနီရင့်က လင်းရိပ် ကို လှမ်းခေါ်လိုက်တယ်။ လင်းရိပ်က အနီရင့်ကို လှည့်ကြည့်လိုက်ပြီး "ပြောလေ ... ဘာလိုချင်လို့လဲ " လို့ မေးလိုက်တယ်။ " ဟို ..ဟိုလေ ...အနီရင့်ကို အားနာစရာ မလိုဘူးနော် ...အနီရင့် နားလည်တယ် ... ခုလောက်နဲ့တင် လင်းရိပ်ကို ကျေးဇူးတင်လှပါပြီ..." အနီရင့်ရဲ့ စကားကြောင့် လင်းရိပ်က မျက်မှောင်ကုတ်ပြီး ကြည့်လိုက်ရင်း "ကျွန်တော်က ဘာကို အားမနာရမှာလဲ " လို့ပြန်မေးလိုက်တယ်။ လင်းရိပ် အမေးကြောင့် အနီရင့် ထစ်ထစ်ငေါ့ငေါ့နဲ့ ပြန်ဖြေလိုက်တယ်။ " အယ် ...ဟို ...ဟိုလေ ....လင်းရိပ်ရံ့ အချစ်ရေးကို ပြောတာ ...အနီရင့်ကို အားနားဖို့မလိုဘူးနော် .. လိုအပ်ရင် လင်းရိပ် ကောင်မလေးကို အနီရင့်လိုက်ရှင်းပြပေးမယ်လေ " " ဘာများလဲလို့ ... အဲ့ဒါတွေ မင်းလိုက် တွေးမနေပါနဲ့ကွာ ... ကျန်းမာရေးကိုပဲ ဂရုစိုက်ပါ ... နောက်လကျရင် ဆိုင်ဖွင့်ဖို့အတွက် ပြင်ဆင်ရအုံးမှာ မဟုတ်လား " ပြီးတော့ လင်းရိပ်နဲ့ အနီရင့်တို့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ထမင်းစားကြတယ်။ လင်းရိပ်က ထမင်းစားရင်း သူ့ကိုအကဲခတ်ကြည့်နေတဲ့ အနီရင့်ရဲ့ အကြည်တွေကို မသိဟန်ဆောင်ရင်း ဟင်းတွေကို အနီရင့်ရဲ့ပန်းကန်ထဲကို ခပ်ထည့်ပေးရင်း ဘာမှမဖြစ်သလို ပြောလိုက်တယ်။ " မနက်ကျရင် ဟင်းကိုကျွန်တော် ချက်သွားပေးမယ် ...နေ့ခင်းနေ့လယ် ကျရင် ...ထမင်းပဲ စားနော် ...လက်ဖက်သုတ်တွေ စားတာ ... ကော်ဖီသောက်တာတွေ ရှောင်နော်...မင်း ကော်ဖီကြိုလ်မှန်းသိပါတယ် ...ဒါပေမဲ့ တစ်နှစ်လောက်တော့ သည်းခံနော် ... အရမ်းသောက်ချင်ရင်တော့ နည်းနည်းပဲ သောက်ပေါ့ " အနီရင့် မျက်ရည်ဝဲလာမိတယ်။သူ့ရင်က ဝေဒနာကို မျိုသိပ်ပြီး အနီရင့်ကို စေတနာအပြည့်နဲ့ ပြောနေတဲ့ လင်းရိပ်ကို ကြည့်နေရတာ အနီရင့် အပြစ်ရှိသလို ခံစားနေရပြီး အနေရခက်လှပါတယ်။ ******** "ကိုဘုန်း ရှင်အရမ်းလွန်နေပြီနော်...ကေဇင့် မိသားစုကို ရှင်အရေးမစိုက်တာလား ..." " ဟ ...အရေးမစိုက်ရအောင် ငါက ဘာတွေ လုပ်နေလို့လဲ ပြော" မြတ်ဘုန်းက ခန္ဓာကိုယ် ဒယိမ်းဒယိုင်နဲ့ ခုတင်ပေါ်ကို လှဲချလိုက်ရင်း ကေဇင်ကျော်ကို ပြန်ပြောလိုက်တယ်။ " ဘာတွေလုပ်လို့လဲ ဟုတ်လား...အရည်တွေ အမြဲသောက်နေတာလေ... ဉာဉ့်နက်သန်းခေါင်မှ ပြန်လာပြီး အမြဲမူးလာတာလေ "

ခြံထဲမှာ သစ်ပင်တွေ အလှပန်းတွေနဲ့ အလှဆင်မယ် ဆိုင်ရဲ့ နေရာအနှံ့မှာ စာအုပ် စင်တွေနဲ့ စာအုပ်တွေထားမယ် ...ဖတ်ချင်ရင်ယူဖတ်လို့ရတယ် ..လိုချင်ရင် ၀ယ်သွားလို့ရတယ်...ဆိုင်ထဲမှာ ဓါတ်ပုံရိုက်လို့ကောင်းအောင်ပြင်ဆင်ပေးထားမယ် " အရင်ရက်တွေကနဲ့ မတူဘဲ တက်တက်ကြွကြွ ဖြစ်နေတဲ့ အနီရင့်ကို ကြည့်ပြီး လင်းရိပ်စိတ်ချမ်းသာမိသလို ဖခင်ရဲ့ရှေ့မှာကလေးဆန်ဆန်ပြောနေတဲ့ အနီရင့်ပုံစံ ကို ကြည့်ပြီး ပြုံးလိုက်မိတယ်။ လင်းရိပ်ပြုံးလိုက်သလို ဦးသက်အောင်လည်း သမီးဖြစ်သူကိုကြည့်ပြီး ပြုံးလိုက်တယ်။ " ငါ့သမီးကတော့ သူ့စာအုပ်တွေရောင်းစွံအောင် ဆိုင်ဖွင့်ချင်နေတာကို ဟား ...ဟား " ဦးသက်အောင်က ပြောပြီး ရယ်လိုက်တယ်။ လင်းရိပ်လည်း လိုက်ရယ်တော့ အနီရင့်က လင်းရိပ်ကို မျက်စောင်းတစ်ချက်ဒိုင်းခနဲထိုးလိုက်တယ်။ " အဲဒီလို မဟုတ်ပါဘူး ဖေဖေရဲ့ ...သမီးက လူငယ်လေးတွေ လည်ရင်းပတ်ရင်း စာပါ ဖတ်စေချင်လို့ပါ " " ဟုတ်ပါပြီ ...သမီးရဲ့ စိတ်ကူးက တကယ်ကောင်းပါတယ် ...အဆင်လဲ ပြေနိုင်ပါတယ် ...ဒါပေမဲ့ ဆိုင်အတွက်နေရာရှာရ ...ဆိုင် ပြင်ဆင်ရနဲ့ ပြီးတော့ ဆိုင်ရဲ့ ၀န်ထမ်းတွေလဲ ရှာရမယ် ...နောက်ဆုံး သမီး ပြောသလို ခြံထဲမှာ သစ်ပင်ပန်းမန်းတွေနဲ့ အလှဆင်ဖို့ဆိုရင် ဥယျာဉ်မှူးတစ်ယောက်ပါ လိုလာပြီ ....ပြောရတာ လွယ်တယ်သမီးရဲ့ ....ဖေဖေကတော့ မောင်လင်းရိပ်က အရောင်းပိုင်း ကျွမ်းကျင်တယ်ဆိုတော့ ဒီထက် အဆင်ပြေတာလေး လုပ်စေချင်တယ် ...လိုအပ်တဲ့ ငွေရင်းကို ဖေဖေ စိုက်ထည့်ပေးထားမယ် ...မောင်လင်းရိပ်က ကိုယ်တိုင် လုပ်ရမဲ့သူဆိုတော့ မောင်လင်းရိပ် လုပ်ချင်တဲ့အလုပ်ကိုပဲ လုပ်စေချင်တယ် " ဦးသက်အောင်က သမီးဖြစ်သူရဲ့ ရှေ့ရေးအတွက် စိတ်ချရအောင်စီမံပေးချင်မိတယ်။ " ဟုတ်ကဲ့ပါ အန်ကယ် ...ကျွန်တော်နဲ့ နီ အတူတိုင်ပင်လိုက်ပါ့မယ် " " တိုင်ပင်ကြပါ ...လိုအပ်တာမှန်သမျှ ဖေဖေ့ကို ပြော ကြားလား သမီး ...ဖြစ်နိုင်ရင် သမီးတို့နှစ်ယောက်လုံး ဖေဖေက ခေါ်သွားချင်တာ ..မောင်လင်းရိပ်ရဲ့ မိသားစုကရှိသေးတော့ မခေါ်ရက်လို့ ..." ဦးသက်အောင်က ပြောနေရင်း သမီးနဲ့ သမက်ကို ကြည့်လိုက်မိတယ်။ ဦးသက်အောင်ရဲ့ စိတ်ထဲမှာ တူမဖြစ်သူ ကေဇင်ကျော်ကို ကြည့်ပြီး သမီးအတွက် စိတ်မအေးနိုင်အောင်ဖြစ်နေမိတယ်။ မြတ်ဘုန်းနဲ့ ကေဇင်ကျော်တို့ကြောင့် သမီးရဲ့ အိမ်ထောင်ရေးကို ထိခိုက်မှာကို ဦးသက်အောင် စိတ်ထဲက ပူပန်နေမိတယ်။ ***** "လင်းရိပ် ဘာဖြစ်လို့လဲ " အနီရင့်က ထိုင်ခုံမှာ တွေတွေဝေဝေနဲ့ ထိုင်နေတဲ့ လင်းရိပ်ကို မေးလိုက်တယ်။ " ကျွန်တော် စိတ်မလုံဘူး အနီရင့်ရယ် .. အနီရင့်နဲ့ အန်ကယ်က အလုပ်အတွက် အစစအရာရာလိုက် ကူညီပေးနေတော့ ကျွန်တော် မျက်နာပူမိတယ် " လင်းရိပ်က အနီရင့်ကို ခပ်တိုးတိုးပြန်ဖြေလိုက်တယ်။ " မဟုတ်တာတွေ တွေးပြန်ပြီ လင်းရိပ်ရယ် ... လင်းရိပ် အခုဆိုင်မှာ လုပ်နေသလိုပဲလေ ဘာကွာလို့လဲ ...အနီရင့်တို့ကငွေစိုက်ထုတ်ပေးမယ် ...လင်းရိပ်က လုပ်ငန်းကို အောင်မြင်အောင် လုပ်ရမယ် ... ရလာတဲ့ အကျိုးအမြတ်ကို ခွဲယူကြမယ် ...တကယ်လို့ အနီရင့်တို့တွေ တစ်ချိန်ချိန် ကိုယ်လမ်းကိုယ်လျှောက်ကြမယ်ဆိုရင်လဲ အလုပ်က အလုပ်ပဲလေ ... နော်ဆို ကလေးအတွက် ပုံမှန်ဝင်ငွေရှိမှ ဖြစ်မှာလေ ဒီအတောအတွင်း အနီရင့်လဲ အလုပ်နဲ့ပတ်သက်တာတွေ သင်ယူမှာပါ ....ကလေးမွေးပြီးရတော့ လင်းရိပ် လွတ်လပ်ခွင့်ပြန်ရမှာပါ " ပြောပြီးတာနဲ့ အနီရင့်က အိမ်ရှေ့ ၀ရံတာဘက်ကို ထွက်လာခဲ့တယ်။မနက်ဖြန်မနက်စောစောမှာ ဖခင်ဖြစ်သူ မိသားစုလည်း ပြန်တော့မှာမို့ အနီရင့်စိတ်ထဲ ဟာတာတာကြီးဖြစ်နေမိတယ်။အလိုလိုနေရင်း ဝမ်းနည်းသလိုလည်း ခံစားနေရတယ်။ ၀ရံတာဘက်ကို ထွက်သွားတဲ့ အနီရင့်ရဲ့ ကျောပြင်ကို ကြည့်ပြီး လင်းရိပ် စိတ်မကောင်းဖြစ်မိသွားတယ်။ သူ့အနေနဲ့ ကိုယ့်အားနည်းချက်နဲ့ ကိုယ် ဆတ်ဆတ်ထိမခံနိုင် ဖြစ်နေမိတာက အနီရင့်ကို စိတ်ထိခိုက်သွားစေလားလို့လည်းတွေးလိုက်မိတယ်။ လင်းရိပ် ဝရံတာဆီကို ထွက်လိုက်လာခဲ့တယ်။ အနီရင့်ရဲ့ နားကိုရောက်တော့ လင်းရိပ်မှာ ဘာပြောလို့ ပြောရမှန်းမသိ။ " ကျွန်တော်တို့ လမ်းလျှောက်ရင်း စာအုပ်ဆိုင်ဘက်ကို သွားကြမလား ... မနက်ဖြန် အလုပ် ပြန်ဆင်းရမှာဆိုတော့ အိမ်ကို သွားလည်ရအောင်လေ " လင်းရိပ် စကားမရှိ စကားရှာပြီး ပြောလိုက်တယ်။ လင်းရိပ်ပြောလိုက်တော့ အနီရင့်ရဲ့ မျက်နှာလေး ပြန်ပြီး ကြည်လင်လာတယ်။ " သွားကြမယ်လေ ... မုန်းဝယ်ပြီး အန်တီတို့နဲ့ သွားစားရအောင် " ******** လင်းရိပ် အရောင်းဆိုင်ရှေ့ကို ရောက်ခါနီးမှာ ဆိုင်ရှေ့မှာရပ်နေတဲ့သူကို မြင်ပြီး နှလုံးခုန်သံတွေ အဆမတန်မြန်ဆန်လာတယ်။ခြေလှမ်းတွေကလည်း ယိမ်းယိုင်လာတယ်။ နှင်းသီရိကလည်း လင်းရိပ်ကို မြင်လိုက်တာမို့ လင်းရိပ်ဆီကို အပြေးတစ်ပိုင်းနဲ့ သွားလိုက်တယ်။ " မောင် နှင်းကို ရှောင်နေတာလားဟင် ...နှင်းကို ခွင့်မလွှတ်နိုင်ဘူးလား ... နှင်းကို မချစ်တော့ဘူးလား ...နှင်းကတော့ မောင်ကလွဲပြီး ဘယ်သူ့ကိုမှ မချစ်နိုင်လို့ မောင့်ဆီကို ပြန်လာခဲ့တာလေ..." ===================== အပိုင်း (၁၇) ဆက်ရန် ဧကြည်ဖြူ

လင်းရိပ် ရေဘူးကို ပြန်ပိတ်လိုက်ရင်း အနီရင့်ကိုကြည့်လိုက်မိတယ်။မုန့်တွေကို တစ်ခုပြီးတစ်ခုယူစားနေတဲ့ အနီရင့်ရဲ့ပုံစံက ကလေးလေးတစ်ယောက်လိုပဲ လို့လင်းရိပ်ထင်လိုက်မိတယ်။မိန်းမတွေကို ပြုစုယုယပေးရတဲ့ အလုပ်ကို လင်းရိပ် ကျွမ်းကျင်တယ်။ဘယ်လိုမိန်းမကို ဘယ်လို ပြုစုပေးရင် ငွေဘယ်လောက် ရနိုင်လဲဆိုတာကို လင်းရိပ်က အထာသိတယ်။ ပါးနပ်တယ်။ရေသန့်ဘူးတစ်ဘူးဖောက်ပေးလိုက်ရင် ငွေဘယ်လောက်ဆိုတာက အစ လင်းရိပ်တို့ လောကမှာ အတာရှိတယ်။ ဒါပေမဲ့ ဒီနေ့အဖို့မှာတော့ အနီရင့်ဆီက ဘာမျှော် လင့်ချက်မှမထားဘဲ လင်းရိပ်စိတ်က အလိုလို လုပ်ပေးချင်နေမိတာ။ လင်းရိပ် အနီရင့်ကို သနားနေမိတယ်။ငွေအတွက် အပူအပင်ကင်းကင်းနေနိုင်ပေမဲ့ ရင်ဖွင့်စရာ အဖော်တစ်ယောက် တောင် မရှိတဲ့ အနီရင့် ဘ၀လေးကို လင်းရိပ် ကရုဏာသက်နေမိတယ်။စတွေ့တွေ့ချင်းက ထူးထူးဆန်းဆန်း ကြုံခဲ့ရတဲ့ ဒီမိန်းခလေးနဲ့ ဒီလောက်ထိရေစက်ပါလိမ့်မယ်လို့ လင်းရိပ် လုံးဝ တွေးမထင်ထားခဲ့မိတာတော့ အမှန်ပဲ။ ခုတော့လည်း သူမက လင်းရိပ်ဦးစားပေးရမယ့်စာရင်းထဲမှာ ပါလာခဲ့ပြီ။ ခုန လင်းရိပ်ဟော်တယ်ထဲက ထွတ်သွားတုန်းက ချစ်သူနှင်းသီရိဆီကို တကယ့်ကို သွားချင်ဇောနဲ့ ထွက်ခဲ့တာပဲ။ ဒါပေမဲ့ ဟော်တယ်ရဲ့အဝကို ရောက်တာနဲ့ အနီရင့်ရဲ့ မျက်နှာကို မြင်ယောင်လာပြီးတော့ လင်းရိပ် ရှေ့ကို ခြေဆက်မလှမ်းနိုင်ဖြစ်ခဲ့ရတယ်။ ဒါကြောင့်မို့ ချစ်သူနှင်းသီရိကို ဖုန်းဆက်ပြီး တောင်းပန်လိုက်တယ်။ ဖုန်းထဲမှာ ချစ်သူရဲ့ ငိုသံတွေကို ကြားပေမဲ့ လင်းရိပ်လုပ်ချင်တာထက် (လုပ်သင့်တာကိုပဲ ရွေးချယ်ခဲ့တယ်။ဘဝပေးအခြေအနေမကောင်းလို့ မလုပ်သင့်တဲ့အလုပ်တွေကိုတောင် လုပ်နေရတဲ့ ဘ၀မှာ လင်းရိပ် ကိုယ့်သိက္ခာကို ကိုယ်တန်ဖိုးထားချင်တယ်။ အနီရင့်နဲ့ သူ့ရဲ့ မင်္ဂလာပွဲက ဟန်ဆောင်မင်္ဂလာပွဲဖြစ်ပေမဲ့ အများအမြင်မှာ တကယ့် မင်္ဂလာပွဲပဲမို့ တစ်လပဲ ဟန်ဆောင် ဆောင် ၊ တစ်နှစ်ပဲဟန်ဆောင်ဆောင် ဒီကာလအတွင်းမှာတော့ လင်းရိပ် ကိုယ့်ကိုယ်ကို အိမ်ထောင်သည် တစ်ယောက်အဖြစ် သက်မှတ်ပြီး သိက္ခာရှိရှိနေချင်တယ်။ ****** " အန်တီ့ သားလုပ်ပုံကောင်းသေးရဲ့လား....မနေ့က မနက်ထဲက ထွက်သွားတာ ဒီမနက်ထိ ပြန်မလာဘူး ...ဖုန်းဆက်တော့လည်း စက်ပိတ်ထားတယ်...အိမ်က လူကြီးတွေကို သူ လုံးဝ မလေးစားဘူး အန်တီ " မနက်မိုးလင်းမယ်မှမကြံသေးဘူး ။အိမ်ကို ရောက်လာပြီး အပေါ်ထပ် အောက်ထပ်တစ်အိမ်လုံး အနှံ့ သူ့ယောကျာ်း မြတ်ဘုန်း ကိုလိုက်ရှာပြီး မတွေ့တော့ ပြောဆိုနေတဲ့ ကေဇင်ကျော်ကို ကြည့်ပြီး ဒေါ်ကေသီစိတ်တိုနေမိတယ်။ " နေပါအုံး ကေဇင်ရယ် မိုးမလင်းသေးပါဘူး ...တော်ကြာမှလာပြောပါသမီးရယ် ... နင့်ယောက္ခထီးအိပ်တုန်းမို့ပါ " ဒေါ်ကေသီက တောင်းတောင်းပန်ပန်နဲ့ ပြောလိုက်မှ ကေဇင်ကျော် တစ်ယောက် ဆောင့် ဆောင့်အောင့်အောင့်နဲ့ သူတို့အိမ်ဘက်ကို ပြန်သွားခဲ့တယ်။ ကျန်ခဲ့တဲ့ ဒေါ်ကေသီမှာ ခုံပေါ်ကို စိတ်ပျက်လက်ပျက်နဲ့ ထိုင်ချလိုက်ရင်း အပြောင်းလဲကြီး ပြောင်းလဲသွားတဲ့ ချွေးမဖြစ်သူကို အံ့ဩ မယုံကြည်နိုင်အောင် ဖြစ်နေမိပြီး မိမိအမှားတွေအတွက်ပါ နောင်တ အကြီးအကျယ် ရနေမိတယ်။ ******++ " ဘယ်လိုလဲ တွေ့ခဲ့လား နင့်ယောကျာ်းကို " ဒေါ်ဌေးဌေးမူက မျက်နှာ စူပုတ်ပြီး ၀င်လာတဲ့ သမီးဖြစ်သူကို မေးလိုက်တယ်။ " မတွေခဲ့ပါဘူး အမေရယ် ... မလာဘူးတဲ့ " " ဟုတ်လား ...ဒါဆို အဲ့ဒီကောင်ဘယ်သွားလဲ ...ဟိုဟာမ အိမ်းမှာများ သွားအိပ်တာလား" မိခင်ဖြစ်သူရဲ့ အပြောကို သဘောပေါက်တဲ့ ကေဇင်ကျော်က ခေါင်းကို ခါယမ်းလိုက်ပြီး " မဟုတ်တာ အမေရယ် ...ဟိုက မနေ့ကမှ လက်ထပ်တာလေ .." " မသိသူအေ ... ညည်း ယောကျာ်းက အရင်က အနီရင့်မှ အနီရင့်ဖြစ်ခဲ့လေ " " အခုလဲ အနီရင့်ပဲ အမေရဲ့ "ဟု ကေဇင်ကျော် စိတ်ထဲကနေ ပြောလိုက်မိတယ်။နှစ်ယောက်သား ခိုးကြောင်ခိုးဝှက်ချစ်နေတုန်းကတော့ အနီရင့်ကို အမျိုးမျိုး လိမ်ညာပြီး မိမိအနားမှာပဲ အချိန်ကုန်ခဲ့တဲ့ ကိုဘုန်း ။တကယ်တမ်း လက်ထပ်ဖို့ပြောတော့ အင်းမလှုပ် အဲမလုပ်။နောက်ဆုံးတော့ ကေဇင်ကျော်မှာ မိခင်ဖြစ်သူ အကြံပေးတဲ့အတိုင်း မရှိတဲ့ကိုယ်ဝန်ကို အရှိလုပ်ပြီး လီဆယ်ခဲ့ရတာ။ သေချာတာက ကိုဘုန်းက ကိုယ်ဝန်ကြောင့် လက်ထပ်တာမဟုတ်ဘဲ တိုင်မယ်တောမယ်ပြောလို့ လက်ထပ်ခဲ့တာမှန်း ကေဇင်ကျော်သိတယ် ။ဒါပေမဲ့လည်း ကေဇင်ကျော်မှာ ကိုဘုန်း ကိုလက်လွတ်ဆုံးရှုံးမခံနိုင်လေတော့ သိသိချည်းနဲ့ ကေဇင်ကျော် ရှေ့တိုးခဲ့မိတာ။ကိုဘုန်း တစ်ယောက်ကတော့ ကေဇင်ကျော်လိမ်ညာထားတဲ့ ကိုယ်ဝန်ကို စိတ်ဝင်စားဖို့နေနေသာသာ ကိုယ်ဝန်နဲ့ ပတ်သက်ပြီး တစ်ခွန်း တစ်လေမှပင် မဟခဲ့။မမေးခဲ့ပါဘူး။ ******** " သမီးရဲ့ စိတ်ကူးက ဘာလဲ ...သမီးက ဘာလုပ်ချင်တာလဲဆိုတာ အရင်ပြော " ဦးသက်အောင်က သမီးဖြစ်သူ အနီရင့်ကို ကြည့်ပြီး မေးလိုက်တယ်။ " ဒီလိုလေ ဖေဖေ ... သမီးက ကော်ဖီဆိုင်ပုံစံမျိုးလေး ဖွင့်ချင်တာ ..ကော်ဖီဆိုင်ဆိုပေမဲ့ ကော်ဖီတစ်မျိုးတည်း မဟုတ်ဘဲ ...ပျော်ရည်မျိုးစုံနဲ့ အဆာပြေစာမျိုးစုံ ရတဲ့ဆိုင်မျိုး ဖွင့်ချင်တာ...ဆိုင်ကို တိုက်ခန်းကျဉ်းလေးထဲမှာ မဖွင့်ဘဲခြံကျယ်ကျယ်ထဲမှာ ဖွင့်မယ် ...

ဧကြည်ဖြူ "ရင်ဘတ်ပေါ်က နှင်းဆီ " အပိုင်း ( ၁၆ ) ******** နှင်းသီရိက သူငယ်ချင်းဖြစ်သူရဲ့ အဆောင်ရှေ့က ခုံတန်းလေးမှာ သူငယ်ချင်းနဲ့ အတူထိုင်ရင်း လင်းရိပ်ကိုစောင့်နေလိုက်တယ်။ လင်းရိပ် လာမယ်ဆိုတာကို နှင်းသီရိ ယုံကြည်နေတယ်။ လင်းရိပ်ရဲ့ အချစ်ကို နှင်းသီရိ ယုံကြည်တယ်။ တစ်ယောက် အမှားတွေ တစ်ယောက်တောင်းပန်ပြီး "ပြန်တွဲကြရအောင်"လို့ ပြောရင် လင်းရိပ်လက်ခံမယ်ဆိုတာကို နှင်းသီရိ ယုံတယ်။တကယ်တော့ လင်းရိပ်က နှင်းသီရိအတွက် နောက်ဆုံး အားကိုးရာမြက်တစ်ပင်ပဲ။ ဒီမြက်ပင်ကို နှင်းသီရိအမိအရ ဆွဲကိုင်ဖို့ ဆုံးဖြတ်ထားတယ်။နှင်းသီရိ မနေ့ကပဲ ကိုထက်နဲ့ အဆက်အသွယ် ရခဲ့တယ်။ ကိုထက်က နှင်းသီရိကို ခါချလိုက်ပြီ။ ဘယ်လိုမှ ကပ်လို့မရတော့ဘူး။ရှေ့ဆက်တိုးရင် အရှက်ကွဲမယ်တဲ့။ ဒီထက်ဆိုးရင် ကိုထက် ရောနှင်းသီရိပါ ထောင်နန်းစံရမယ်တဲ့လေ။နှင်းသီရိက ဆီးစစ်တံကိုထုတ်ပြလိုက်တော့ ငွေထုတ်ပေးတယ်။"ဖျက်ချချင်းချ ... မွေးချင်မွေးသူနဲ့မဆိုင်ဘူးတဲ့လေ " ။ပြီးတော့ ပြောသွားသေးတယ်။နှင်းသီရီမှာ ချစ်သူရှိတာရော စပွန်ဆာတွေရှိတာရောသူသိတယ်တဲ့။ "သူကနွားမဟုတ်ဘူး"တဲ့လေ။ " နှင်းမှာရည်းစားတွေရှိခဲ့တာမှန်ပေမဲ့ ...ကိုထက်ကိုပဲ ယုံပြီး ပုံအပ်ခဲ့တာပါ "လို့ နှင်းသီရိ သေမတတ် ရှင်းပြခဲ့တယ်။ ဒါပေမဲ့ သူကလက်မခံဘူး။ ခါးခါးသီးသီးကို ငြင်းတယ်။ သူ့မိသားစုသူ့အိမ်ထောင်ရေးကို အပြိုကွဲမခံနိုင်ပါဘူးတဲ့။နှင်းသီရိ ဘာလုပ်ရမလဲ။ သူပေးတဲ့ ငွေကိုယူပြီး ဆေးရုံကိုသွားရမလား။ ဒါမှမဟုတ် မိသားစုရဲ့ အဝေးဆုံးကို ထွက်ပြေးသွားရမလား ။ ကိုယ့်ကိုယ်ကိုပဲအဆုံးစီရင်လိုက်ရမလား ။ ဘာကိုမှ နှင်းသီရိ မဆုံးဖြတ်နိုင်တော့ဘူး။ ဒီလိုအချိန်မှာ နှင်းသီရိ သတိရမိတာ မောင့်ကိုပဲ ။မောင်က နှင်းသီရိကိုသိပ်ချစ်တယ်။ပြီးတော့ နှင်းသီရိကိုတန်ဖိုးလည်းထားတယ်။မောင်နဲ့ တွဲခဲ့တဲ့ ချစ်သူသက်တမ်း သုံးနှစ်ကျော်လေးနှစ်အတွင်းမှာ မောင်က နှင်းသီရိကို ပါးလေးနမ်းရုံ လက်ကလေးကိုင်ရုံကလွဲပြီး မကျူးလွန်ခဲ့ဘူး။မောင့်ကို ပြန်တောင်းပန်ပြီး နှင်းသီရိတို့ရဲ့ ချစ်ခရီးလမ်းကို ပြန်လျှောက်မယ်။ပြီးရင် အမြန်ဆုံး လက်ထပ်ကြမယ်။ ဒါဆိုရင် နှင်းသီရိရဲ့ ဗိုက်ထဲက လစွန်းရုံပဲရှိသေးတဲ့ ဗိုက်ပြဿနာက အလိုလိုပြေလည်သွားမှာပဲ။ဒါက နှင်းသီရိရဲ့ တွက်ကိန်းပဲ။ မောင်နဲ့ အတူနေရရင် နှင်းသီရိဘ၀ချမ်းချမ်းသာသာ မနေရရင်တောင် စုတ်စုတ်ပြတ်ပြတ် ဆင်းဆင်းရဲရဲနဲ့ မနေရဘူးဆိုတာ နှင်းသီရိ သိတယ်။ဒါကို သိသိနဲ့ နှင်းသီရိက လောဘတက်မိပြီး ကိုထက်နဲ့ တွဲခဲ့မိလို့ အခုလို ပြဿနာတွေရှုပ်ကုန်တာ။ ***** " ဒေါက် ...ဒေါက် " ခပ်တိုးတိုးတံခါးခေါက်သံကြောင့် အနီရင့်ရဲ့ ရင်ထဲ ဒိန်းခနဲ ဆောင့်ခုန်သွားတယ်။ပြီးတော့ ခြေဖျားလက်ဖျားတွေပါ အေးစက်လာတယ်။"ဒုက္ခပါပဲ ... ဖေဖေထင်တယ် ...လင်းရိပ်ကို မေးရင် ငါဘယ်လိုဖြေရမလဲ " အနီရင့် ထိတ်ထိတ်လန့်လန့်နဲ့ တိုးတိုးလေး ရေရွတ်မိရင်း လိမ်ညာပြောဖို့ရန် အမြန်စဉ်းစားရတယ်။ " ဒေါက် ...ဒေါက် " တံခါးခေါက်သံက ထပ်မံထွက်ပေါ်လာတယ်။အနီရင့် ဆက်ထိုင်မနေရဲတော့ဘဲတံခါးပေါက်နားကို တုန်တုန်ယင်ယင်နဲ့ ထလာခဲ့တယ်။ တံခါးကို ဖွင့်ဖွင့်ချင်းမှာ မြင်လိုက်ရတဲ့ မျက်နှာကြောင့် အနီရင့်ကိုယ်ကိုယ်တိုင်မသိလိုက်ခင်မှာပဲ လှိုက်ခနဲ ဝမ်းသာပျော်ရွှင်မိသွားတယ်။ " အိပ်နေတာလား ... ကျွန်တော်သွားတာ နာရီဝက်လောက်တောင် မရှိသေးဘူး... ချက်ချင်းကြီးအိပ်ပျော်သွားတာလား " " မ ...မအိပ်ပါဘူး ... ရုပ်ရှင်ကြည်နေတာ ...ဒါနဲ့ လင်းရိပ်က မြန်လှချည်လား ...စကားရော ပြောခဲ့ရဲ့လား " " အင်း ...မသွားတော့ဘူးလေ... ဒီနေ့က ကျွန်တော်တို့ရဲ့ မင်္ဂလာဦးနေ့မဟုတ်လား ...ပြီးတော့ ကျွန်တော်က အိမ်တောင်သည်ဖြစ်သွားပြီလေ " " ဒါ...ဒါပေမဲ့ ...ဒီပွဲက ကျွန်မတို့အတွက် အစစ်အမှန်မှ မဟုတ်တာ " " ကျွန်တော်တို့အတွက် အစစ်အမှန်မဟုတ်ပေမဲ့ အများအမြင်မှာ ကျွန်တော်က အိမ်ထောင်ရှိတဲ့သူ ဖြစ်သွားပြီးလေ ...ကဲပါကွာ ...ထားလိုက်ပါ ...ဒီမှာ မင်းအတွက် မုန့်ဝယ်လာခဲ့တယ် .. အတူစားရအောင် " အနီရင့် မုန့်စားနေရင်းကနေ လင်းရိပ်ရဲ့ ကြေကွဲရိပ်တွေ လွှမ်းနေတဲ့ မျက်ဝန်းတွေကို ဖျတ်ခနဲ မြင်လိုက်ရတာမို့ စိတ်မကောင်းဖြစ်သွားမိတယ်။ပြီးတော့ လင်းရိပ်ရဲ့စိတ်ဓါတ်ကိုလည်း ပိုပြီး လေးစားသွားမိတယ်။ " ဆေးရော သောက်ပြီးပြီလား ...အခုနောက်ပိုင်း သိပ်မအန်တော့ဘူးမဟုတ်လား " လင်းရိပ်က ပြောနေရင်းကနေ ရေသန့် တစ်ဘူးကို သွားထယူလိုက်ပြီး အဖုံးကို ဖွင့်လိုက်တယ်။ပြီးတော့ ဖန်ခွက်တစ်လုံးကိုပါ ယူလာပြီး အနီရင့်ရှေ့မှာ ချပေးလိုက်တယ်။ လင်းရိပ် ဖန်ခွက်ထဲကို ရေငှဲ့ထည့်ပေးနေတဲ့ အချိန်မှာ အနီရင့်က လင်းရိပ်ကို ကျေးဇူးတင်စွာ ကြည့်လိုက်မိတယ်။အနီရင့် ကိုဘုန်းနဲ့ တွဲနေတုန်းကဆို ဒီအလုပ်တွေကို အနီရင့်ပဲ လုပ်ပေးခဲ့ရတာလေ ။

ခမ်းခမ်းနားနားဖြစ်အောင်စီစဉ်ခဲ့တာပေါ့။ပြီးတော့ သမက်ဖြစ်သူရဲ့ သန့်ပြန့် ကြည်လင်တဲ့ ရုပ်ရည်နဲ့ မိသားစုကလည်း ရိုးရိုးအေးအေးပုံ ပုံတွေမို့ ဦးသက်အောင် အကျေနပ်ကြီး ကျေနပ်နေမိတယ်။ ***** မင်္ဂလာပွဲပြီးလို့ လူကြီးမိဘတွေကို ကန်တော့ပြီးတာနဲ့ လက်ဖွဲ့တွေကို အနီရင့်ရဲ့ တိုက်ခန်းကိုပို့ပြီး အနီရင့်နဲ့လင်းရိပ်မှာ ဟိုတယ်ကို တန်းလာခဲ့ရတယ်။တကယ်တော့ ဒီအစီအစဉ်ကလည်း လင်းရိပ်နဲ့ အနီရင့်တို့စီစဉ်ခဲ့တဲ့ထဲမှာ မပါဘူး။အနီရင့်ရဲ့ဖခင်က သူတို့မိသားစုတည်းတဲ့ ဟော်တယ်မှာ သမီးနဲ့ သမက်အတွက် ဟော်တယ်ခန်းပါ စီစဉ်ပေးခဲ့တာ။အနီရင့်နဲ့လင်းရိပ်မှာ မငြင်းသာဘဲ ဟော်တယ်ကိုလိုက်ပါခဲ့ရတယ်။ ******** ငှားထားတဲ့ ဟော်တယ်ခန်းက သားနားလွန်းလှတယ်။ခက်တာက အိပ်စရာ ခုတင်က နှစ်ယောက်အိပ်ခုတင်တစ်လုံးတည်းရှိတယ်။ လင်းရိပ်နဲ့ အနီရင့်တို့ နှစ်ယောက်ထိုင် ဆိုဖာခုံမှာ ဘေးချင်းကပ် ထိုင်နေမိကြတယ်။ " မင်းနားချင် သွားနားတော့လေ ...တစ်နေကုန် ပင်ပန်းထားတာ မဟုတ်လား..." လင်းရိပ်က အနီရင့်ကို ပြောလိုက်တယ်။ " လင်းရိပ်ကရော " "ဒီမှာပဲ အိပ်လိုက်မယ်လေ " လင်းရိပ်က ဆိုဖာခုံကို လက်နဲ့ပုတ်ရင်း ပြန်ဖြေလိုက်တယ်။ " ဆိုဖာက တိုတိုလေး ...လင်းရိပ် အရပ်ကြီးနဲ့ ဘယ်လို အိပ်မလဲ " " ရပါတယ်ကွာ ... အိပ်တတ်ပါတယ် ...ဒါနဲ့ ဒီမှာ မင်းရဲ့ ဆေးတွေ ကျွန်တော် ယူလာတာ ...ဆေးသောက်လိုက်အုံး " လင်းရိပ်က သူ့ကျောပိုးအိတ်ထဲက ဆေးတွေကို ထုတ်ပြီး အနီရင့်ကို ကမ်းပေးလိုက်တယ်။ အနီရင့်က လင်းရိပ်ကို ကျေးဇူးတင်စွာ လှမ်းကြည့်ပြီး ဆေးတွေကို ယူလိုက်တယ်။ " ကဲ့ပါ ...အဲ့ဒီမှာတော့ မအိပ်ပါနဲ့ လင်းရိပ်ရယ် ...ဒီခုတင်ပေါ်မှာပဲ လာအိပ်ပါ... အလယ်က ခွခေါင်းအုံးတွေ ချထားလိုက်လို့ရပါတယ် ...လင်းရိပ်ကို အနီရင့် ယုံကြည်ပြီးသားပါ " " အင်း ... အင်းပါ " အနီရင့်နဲ့ လင်းရိပ်တို့ အိုးတိုးအမ်းတမ်းနဲ့ စကားပြောနေကြတုန်း မှာ လင်းရိပ်ဖုန်းက မြည်လာတာမို့ လင်းရိပ်က ဖုန်းကို လှမ်းယူပြီး ကြည့်လိုက်တယ် ။ " ဟင် " ဖုန်းမျက်နှာပြင်ပေါ်မှာ ပေါ်နေတဲ့ နံပတ်ကိုကြည့်လိုက်ပြီး လင်းရိပ် ကြက်သေသေသွားမိတယ်။ " ဘာဖြစ် လို့လဲ လင်းရိပ် ...ဖုန်းကိုင် လိုက်လေ " အနီရင့်က ငိုင်တွေသွားတဲ့ လင်းရိပ်ကို လှမ်းပြောလိုက်မှ လင်းရိပ် သတိဝင်ပြီး ဖုန်းကို ကောက်ကိုင်လိုက်တယ်။ " ဟယ်လို " လင်းရိပ် တုန်တုန်ယင်ယင်နဲ့ ထူးလိုက်မိတယ်။ " မောင် ... မောင်ဘယ်မှာလဲဟင် ...အဆောင်မှာလား ...မောင့်ကို နှင်းတွေ့ချင်တယ် ...နှင်းအခု အပြင်မှာ မောင်...သူငယ်ချင်းရဲ့ အဆောင်မှာ ရောက်နေတယ် ...နှင်းကို လာတွေ့ပါနော် မောင် ... မောင်မလာမချင်း နှင်းစောင့်နေမှာနော် " ပြောပြီးတာနဲ့ နှင်းသီရိက ဖုန်းချသွားတယ် ။လင်းရိပ် ဘာမှ ပြန်ပြောခွင့် မရလိုက်။လင်းရိပ်မှာ ဖုန်းကို ကိုင်ပြီး ကြောင်တောင်တောင်နဲ့ ထိုင်နေမိတယ်။ " လင်းရိပ် ...ဘာဖြစ်လို့လဲ ...ဘယ်သူဖုန်းဆက်တာလဲ ....အိမက ဆက်တာလား " အနီရင့်က လင်းရိပ်ရဲ့ ပခုံးကို ပုတ်ပြီး မေးလိုက်မှ လင်းရိပ်သတိဝင်လာပြီး နာရီကို ကြည့်လိုက်တော့ ည (၈ ) နာရီ ထိုးပြီးသွားပြီ။ " ဟို ... ဟို ...ကျွန်တော့် ကောင်မလေး ဖုန်းဆက်တာ ...အရေးကြီး ကိစ္စရှိလို့တဲ့ ခဏလောက် တွေ့ချင်လို့တဲ့ " လင်းရိပ် အနီရင့်ကို အားတုံ့အားနာနဲ့ ဖြေလိုက်တယ်။ အနီရင့်မှာ လင်းရိပ်ရဲ့ အဖြေကြောင့် ထိတ်လန့်အံ့သြသွားမိပြီး လင်းရိပ်ကို မေးလိုက်တယ်။ " လင်း ...လင်းရိပ် ပြောတော့ လမ်းခွဲ လိုက်ကြပြီဆို " " ဟုတ် ...ဟုတ်တယ် ... လမ်းခွဲလိုက်ကြပြီး ...ဒါပထမဆုံး သူပြန်ဆက်တာ ....ကျွန်တော်ဘာလုပ်ရမလဲ ဟင် ...အနီရင့် ဆုံးဖြတ်ပါ " လင်းရိပ်က အနီရင့်ကို ကြည့်ပြီး ပြောလိုက်တယ်။ အနီရင့်ကို မျှော်လင့်တကြီးနဲ့ ကြည့်နေတဲ့ လင်းရိပ်ရဲ့ မျက်ဝန်းတွေကို ကြည့်ပြီး အနီရင့် ဆုံးဖြတ်ချက်ကိုချလိုက်တယ်။ " သွားလေ ...သွားလိုက်ပါ လင်းရိပ်ရယ် ...အနီရင့် နားလည်ပါတယ် ..." အနီရင့်က ပြောရင်း လင်းရိပ်ရဲ့ ကျောပိုးအိတ်လေး ကို ယူပြီး လင်းရိပ်ဆီကို ကမ်းပေးလိုက်တယ်။ လင်းရိပ်က အနီရင့်ကို ကျေးဇူးတင်စွာ တစ်ချက်ကြည့်လိုက်ပြီး ကျောပိုးအိတ်လေးကို လှမ်းယူလိုက်တယ်။ပြီးတော့ ဟော်တယ်ခန်းရဲ့ အပြင်ကို လှမ်းထွက်လာခဲ့တယ်။ အခန်းထဲမှာတော့ အနီရင့် တစ်ယောက်တည်း ဆိုဖာခုံပေါ်မှာ ငူငူချည်း ထိုင်ပြီး ကျန်နေခဲ့တယ်။ ===================== အပိုင်း (၁၆ ) ဆက်ရန် ဧကြည်ဖြူ

စာရေးမရဲ့ စကားကြောင့် နှင်းသီရိ ဘာပြောလို့ပြောရမှန်းမသိဖြစ်သွားမိတယ်။ရဲမင်းထက်ရဲ့ ကုမ္ပဏီက ပြည်ပအလုပ်အကိုင်ရှာဖွေပေးတဲ့ အေဂျင်စီမို့ စာရေးမက နှင်းသီရိကို အလုပ်လာရှာသူ့အမှတ်နဲ့ ပြောနေခြင်းဖြစ်တယ်။ " ဒီ ...ဒီလိုပါ ...ကျွန်မက ...ဒီက သူဋ္ဌေး ကိုရဲမင်းထက်နဲ့ တွေ့ချင်လို့ပါ ..." " ဪ ... ဆရာနဲ့တွေ့ချင်တာလား ...ဆရာက သူဇနီး နေမကောင်းဖြစ်နေလို့ တောင်ကြီးကို ပြန်သွားပါတယ်...ဒီလကုန်ပြီးမှ ပြန်လာမှာပါ " " ရှင် " ကြားလိုက်ရတဲ့ စကားကြောင့် နှင်းသီရိ ခေါင်းထဲမှာ သွေးတွေ ဒိန်းခနဲ ဆောင့်တိုးသွားပြီး လူက မိုက်ခနဲ ဖြစ်သွားမိတယ်။လုံးဝမထင်မှတ်ထားခဲ့တဲ့ အဖြေ။နှင်းသီရိကိုယ်တိုင် အထပ်ထပ်အခါခါ မေးခဲ့ပြီး "လူပျိုကြီး "ပါဆိုတဲ့ စ ကားကြောင့် ယုံမှတ်ပြီး နှင်းသီရိရဲ့တစ်ဘ၀လုံးကို ပုံအပ်ခဲ့တာလေ။ " သူ ...သူဌေးရဲ့ ဖုန်းနံပတ်လေးများ ရနိုင်မလား ဟင် " နှင်းသီရိ တုန်တုန်ရီရီနဲ့ ပြောလိုက်မိတယ်။ " တောင်းပန်ပါတယ်ရှင် .. ဆရာကို အရင်ပြောပြပြီး ဖုန်းနံပတ်တောင်းပေးမှာမို့ အစ်မရဲ့ ဖုန်းနံပတ်လေး ပေးထားခဲ့လို့ရပါတယ် " နှင်းသီရိ ခေါင်းငိုက်စိုက်ချပြီး ရုံးထဲက ပြန်ထွက်လာခဲ့မိတယ်။လမ်းတစ်လျှောက်လုံး နှင်းသီရိမှာ အသိစိတ် ကင်းမဲ့နေသူလို လမ်းပေါ်မှာ ဦးတည်ရာမဲ့ လျှောက်သွားနေမိတယ်။ ***** ကေဇင်ကျော်မှာ မင်္ဂလာပွဲထဲမှာထိုင်နေရင်း ကြိတ်မနိုင်ခဲမရ ဖြစ်နေမိတယ်။အစတုန်းကတော့ မင်္ဂလာပွဲကို ခန်းမမှာတောင် မဆောင်နိုင်ဘဲ ဘုန်းကြီးကျောင်းမှာ အကျဉ်းရုံးတဲ့ပွဲဆိုပြီး လှောင်ပြောင်ချင်လို့ ရောက်လာခဲ့တာ။ ဒါပေမဲ့ ရောက်လာတော့ ထင်ထားတာနဲ့ တခြားဝီကို ဖြစ်နေခဲ့တာ။ စည်လိုက်တဲ့ မင်္ဂလာပွဲဆိုတာ ဘုန်းကြီးကျောင်းရှေ့မှာ ကားတွေဆိုတာ အပြည့်ပဲ။တစ်ယောက်တည်း ကုပ်ကုပ်လေး နေတတ်တဲ့ အနီရင့်ရဲ့ မိတ်ဆွေအပေါင်းအသင်းတွေဆိုတာ ဘယ်က ပေါ်လို့ ပေါ်လာမှန်းကို မသိဘူး။ လာတဲ့ ဧည်သည်တွေထဲမှာ ကေဇင်ကျော်သိတဲ့ အနုပညာရှင်တွေ ပါသလို ၊ ကေဇင်ကျော်မသိတဲ့ အနုပညာရှင်တွေလဲ အများကြီး လာကြတယ်။မှန်တာပြောရရင် အနီရင့် စာရေးတာကို ကေဇင်ကျော် လုံးဝအထင်မကြီးခဲ့တာအမှန်ပဲ။အနီရင့်ရေးတဲ့ ၀တ္ထုကို ရုပ်ရှင်ရိုက်တယ်ဆိုတဲ့ သတင်းကို ကြားခဲ့ပေမဲ့လုံးဝကို အထင်မကြီးခဲ့တာ။အနီရင့်ကလည်း သူ့အကြောင်းတွေကို သိပ်ပြီး ထုတ်ပြောလေ့မရှိတာမို့ ကေဇင်ကျော်တို့ တစ်မိသားစုလုံး အနီရင့်ကို အထင်သေးခဲ့ကြတာ။ ဒီအုပ်စုထဲမှာ မြတ်ဘုန်းရံ့အမေ ဒေါ်ကေသီလည်း ပါတယ် ပြောရမှာပဲ။ ခုတော့ လာတဲ့ ဧည့် ပရိတ်သတ်ကိုကြည့်ပြီး ကေဇင်ကျော် အလိုမကျ ဖြစ်နေမိတယ်။ဒီကြားထဲ သတိုးသားလောင်းကလည်း ကေဇင်ကျော်ထင်ထားသလို ပုံဆိုးပန်းဆိုးပုံမျိုးမဟုတ်ဘဲ ကိုဘုန်းထက် ပိုပြီး ရုပ်ရည်သားနားနေပုံက ရုပ်ရှင်မင်းသားတွေထက်တောင် ကြည့်ကောင်းနေတာကိုလည်း ကေဇင်ကျော် မကျေမနပ်ဖြစ်နေမိတယ်။ပြီးတော့ မိမိ မင်္ဂလာဆောင်ဖိတ်တုန်းကတော့ လက်ဖွဲ့ငွေပဲ ပို့ ပေးပြီး သူ့သမီး မင်္ဂလာပွဲကို ကျတော့ မိသားစုလိုက် လာပြီး လိုလေသေးမရှိအောင် လုပ်ပေးနေတဲ့ အနီရင့်ရဲ့ဖခင်ကိုလည်း မကျေနပ်မိ။ " အမေ သမီးတို့ ပြန်ရအောင် " " အေး ...ပြန်ကြမယ် ... ငါက အစကတည်းက လာချင်တာမဟုတ်ဘူး ...နင့် အဘွားနဲ့ နင့်အဖေကို သွားခေါ်လိုက်အုံးမယ် " " အဘွားတို့ ပြန်မလိုက်လည်း ထားခဲ့ ...သမီးတို့ ဘာသာပြန်ကြရအောင် " ******* အနီရင့် ဧည်သည်တွေကို ဧည့်ခံရင်း ခေါင်းတွေပါ တရိပ်ရိပ် မူးလာတယ်။မင်္ဂလာပွဲက အနီရင့်နဲ့လင်းရိပ် စီစဉ်ထားသလို သာမာန်ပွဲသေးလေးမဟုတ်ဘဲ စည်စည်ကားကားကြီးကို ဖြစ်နေတာ။ အထူးသဖြင့် အနီရင့်ရဲ့ ဖခင်ဖြစ်သူမှာ သူ့ရဲ့ မိတ်ဟောင်း ဆွေဟောင်း တွေက အစ ဖိတ်ထားခဲ့တာ။ " ဒီလောက်များတဲ့ ဧည့်သည်တွေကို ဘယ်သူ ဖိတ်လိုက်တာလဲဟင် " အနီရင့်က လင်းရိပ်နားကို ကပ်ပြီး မေးလိုက်တယ်။ " မသိဘူးလေ ... မင်းရဲ့ စာပေမိတ်ဆွေတွေ ဒီလောက်များမယ် မထင်ခဲ့ဘူး " " အင်း ... ဟုတ်တယ် သူ တို့ကိုတော့ဖိတ်လိုက်တယ် ...တော်ကြာ ဗိုက်ထွက်လာမှ တစ်မျိုးထင်နေကြမှာစိုးလို့ " " မင်း နေလို့ အဆင်ပြေရဲ့လား ....သံပရာရည်ဖြစ်ဖြစ် သောက်မလား ...ခဏလောက်ထိုင်နေအုံး အရမ်းလှုပ်ရှားနေလို့ မဖြစ်ဘူးထင်တယ် " လင်းရိပ်က အနီရင့် နဖူးပေါ်က ချွေးစေးလေးတွေကို ကြည့်ပြီး ကြင်ကြင်နာနာနဲ့ ပြောလိုက်သလို လက်ကလည်း လက်ကိုင်ပ ဝါလေးကို ယူပြီး အနီရင့်ရဲ့ နဖူးပြင်ပေါ်က ချွေးစလေးတွေကို သုတ်ပေးလိုက်တယ်။ ဒီမြင်ကွင်းကို ကြည့်ပြီး အနီရင့်ရဲ့ ဖခင်ဖြစ်သူ ဦးသက်အောင်က ကျေနပ်နေမိတယ်။သူ့စိတ်ထဲမှာ တစ်ချိန်လုံး သမီးဖြစ်သူအတွက် စီတ်ပူပြီး နေခဲ့ရတာ။ သူသိသလောက် မြတ်ဘုန်းနဲ့ သမီးဖြစ်သူ အနီရင့်တို့ လူငယ်ချင်း မေတ္တာမျှ နေတယ်လို့ သိထားတာ။ရုတ်တရက် မြတ်ဘုန်းနဲ့တူမဖြစ်သူ ကေဇင်ကျော်တို့ လက်ထပ်ကြမယ်ဆိုတော့ သမီးဖြစ်သူ အတွက် ဦးသက်အောင် သိပ်ကို စိတ်ပူခဲ့ရတာ။ သမီးဖြစ်သူတော့ ခဲမနဲ့တူမရဲ့ အနိုင်ကျင့်တာကိုခံရပြန်ပြီလို့ တွေးပြီး စိတ်ပူခဲ့ရတာ။ ခုလို သမီးက အိမ်ထောင်ပြုတော့မယ်ဆိုတော့ ဦးသက်အောင် ဇနီးနဲ့ သားကိုပါ ခေါ်ချလာပြီး သမီးရဲ့ မင်္ဂလာပွဲကို

မြတ်ဘုန်း စိတ်မထိန်းနိုင်ဘဲ လင်းရိပ်ရဲ့ မျက်နှာကို ထိုးချပစ်လိုက်တယ်။ လင်းရိပ်မှာ ရုတ်တရက် အထိုးခံလိုက်ရတာမို့ ရှောင်ချိန်မရလိုက်ဘူး ။လင်းရိပ်စိတ်တို သွားပေမဲ့ ပြန်မတုံ့ပြန်မိ ။တော်ကြာ ရုန်းရင်းဆန်ခတ် ဖြစ်ရင် ဘေးအခန်းတွေ သိသွားမှာကို တွေးလိုက်မိလို့ စိတ်ကို လျှော့လိုက်ရတယ်။ လင်းရိပ်က မိခင် နှလုံးရောဂါသည်နဲ့ နေနေကြမို့ ဒေါသကို ချက်ချင်းထိန်းလိုက်နိုင်တယ်။ " ဘယ်သူလဲ လင်းရိပ် ...ဟင် ...ရှင် ...ရှင် ဘာလာလုပ်တာလဲ ကိုဘုန်း " အနီရင့်က အခန်းပြင် ကိုထွက်လာမေးလိုက်ရင်း မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အလန့်တကြားနဲ့ မေးလိုက်တယ် ။ " အနီရင့် မင်းက ဒီပိုင်းလုံးကောင်နဲ့ လက်ထပ်မှာဆို ဟုတ်လား ...မင်း ရူးနေပြီလား .... ကိုယ်ဝန်ကြောင့် လက်ထပ်မှာဆိုရင် လက်မထပ်နဲ့ ... ငါ မင်းကို တစ်သက်လုံး ထောက်ပံ့ စောင့်ရှောက်ပေးနိုင်တယ် " " ဘာပြောတယ် ရှင်ရူးနေတာလား ကိုဘုန်း... သွား...ခုချက်ချင်း ဒီက ထွက်သွား " အနီရင့် ဒေါသတကြီးနဲ့ အော်လိုက်တယ်။ " အနီရင့် ...မအော်နဲ့ လေ စိတ်ကို ထိန်းအုံး .." လင်းရိပ်က ဒေါသတကြီး ဖြစ်ပြီး တဆတ်ဆတ် တုန်ယင်နေတဲ့ အနီရင့်ရဲ့ ခန္ဓာကိုယ်လေးကို လှမ်းထိန်းပြီး ခပ်တိုးတိုး ပြောလိုက်တယ်။ " ဟေ့ကောင် ပိုင်းလုံးကောင် ဖယ်စမ်း ... အနီရင့်ကို မထိနဲ့ ကဲကွာ ..." မြတ်ဘုန်းက ဒေါသတကြီးနဲ့ လင်းရိပ်ကို ဆောင့်ဆွဲပြီး ထိုးဖို့ဟန်ပြင်လိုက်တယ်။ " ဟင် ...ကိုဘုန်း ရှင် ဒါဘာလုပ်တာလဲ ...ကဲဟာ " " ဖြန်း " လက်ရွယ်နေတဲ့ မြတ်ဘုန်းရဲ့ မျက်နှာပြင်ကို အနီရင့်က ဦးအောင် ချပစ်လိုက်ပြီး မြတ်ဘုန်းကို မောင်းထုတ်လိုက်တယ်။ " ထွက်သွား ..အခုချက်ချင်း ထွက်သွား ...လင်းရိပ်က ပိုင်းလုံးကောင် မဟုတ်သလို ကိုဘုန်းလို လူယုတ်မာလဲ မဟုတ်ဘူး ...အနီရင့် ဘဝကို လာမနှောက်ယှက်နဲ့ ... ကိုယ့်အရှက်ကို မခွဲချင်လို့ အေးအေးဆေးဆေးနေနေတာကို ...အနီရင့်ကို စိတ်လာဆွရင် ကိုဘုန်းတို့ တစ်မိသားစုလုံးကိုပါ အရှက်ခွဲ ပစ်မှာ " အနိုရင့်ရဲ့ ဒေါသတကြီးနဲ့ ပြောလိုက်တဲ့ စကားကြောင့် မြတ်ဘုန် ကြောင်အပြီး ကြည့်နေမိတယ်။အနီရင့်ဟာ မြတ်ဘုန်း တစ်ခါမှ မမြင်ဖူးခဲ့တဲ့ ပုံစံနဲ့ ကျားရိုင်းမလေးလို မြတ်ဘုန်းကို ရန်လိုနေတဲ့ အကြည့်တွေနဲ့ ကြည်နေခဲ့တယ်လေ။ " လင်းရိပ် ... ရှင့်နှုတ်ခမ်းက သွေးတွေက ဘာဖြစ်တာလဲ ရှင့်ကို သူထိုးလိုက်တာလား ဟင် ... ဟုတ်လား .." လင်းရိပ်ရဲ့ မျက်နှာကို ကြည့်ပြီး စိုးရိမ်တကြီး ပြောနေတဲ့ အနီရင့်ကို ကြည့်ပြီး မြတ်ဘုန်း ခေါင်းကို ငိုက်စိုက်ချလို့ ပြန်ထွက်လာခဲ့တယ်။ ****** " ရှင်က ဘာလို့ ပြန်မထိုးတာလဲ...." အနီရင့်က လင်းရိပ်ရဲ့ နှုတ်ခမ်းထောင့်ကို ဆေးလိမ်းပေးရင်းပြောလိုက်တယ်။ " သူထိုး ကိုယ်ထိုးနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ကုန်ရင် ပတ်ဝန်းကျင်က ကြားသွားမှဖြင့် ...ပြီးတော့ အဲ့ဒါမင်းရဲ့ ချစ်သူ မဟုတ်လား ...." " ချစ်သူ ဟုတ်လား ... ဘာချစ်သူလဲ ...လူတစ်ယောက်ကို အထင်သေးသွားပြီ ဆိုရင် အချစ်ပါ ပျောက်ဆုံးသွားတာထင်တယ် ... အနီရင့်ချစ်ခဲ့တဲ့ ကိုဘုန်းက သေဆုံးသွားပြီ ...အခုကိုဘုန်းက အနီရင့်နဲ့ ဘာမှမဆိုင်တဲ့သူပဲ " အနီရင့်ကိုကြည့်ပြီး လင်းရိပ် ချစ်သူနှင်းသီရိကို သတိရသွားမိတယ်။ချစ်သူနှင်းသီရိလည်း လင်းရိပ်ကို အထင်သေးသွားတာမို့ အခုချိန်လောက်ဆို လုံးဝကို မုန်းမေ့သွားပြီထင်ပါရဲ့။ လင်းရိပ် ဘက်ကရော ချစ်သူအပေါ် ဘယ်လို သဘောထားနေမိလည်း ဆိုတာကိုတော့ လင်းရိပ်မသိပါ။ တတ်နိုင်သမျှ ချစ်သူရဲ့ အကြောင်းကို လင်းရိပ်မေ့ပစ်ဖို့ကြိုးစားနေမိတာတော့ အမှန်ပါပင်။ " အဖေက ပြန်လာမယ်လို့ ပြောတယ် လင်းရိပ် ...ဘယ်လိုလုပ်ကြမလဲ ဟင် " အနီရင့်ရဲ့ မေးသံကို ကြားမှ လင်းရိပ် အတွေး အိမ်ထဲက ရုန်းထွက်ပြီး အနီရင့်ကို ပြန်ဖြေလိုက်တယ်။ " ဘယ်လိုလုပ်ရမလဲ ...ဒီအတိုင်း ဟန်မပျက်နေလေကွာ ...မင်းက စာရေးဆရာမပဲဟာ ...အိုက်တင်တွေ ဘာတွေ မရဘူးလား " " လင်းရိပ် ရှင်နောက်မနေနဲ့ ... တော်ကြာ အဖေရိပ်မှသွားမှာ စိုးတယ် ... အဖေသာ အဖြစ်မှန်တွေကို သိသွား ရင် ဘာတွေဖြစ်ကုန်မလဲ မသိဘူး " " မသိအောင်တော့ ဂရုစိုက်ရမှာပေါ့ ...ကျွန်တော်တောင် အမေတို့ ယုံကြည်အောင် ပြောနိုင်သေးတာပဲ ...ဘာပဲဖြစ်ဖြစ် ကျွန်တော့် မိသားစုက မင်းကို ချစ်ကြတယ်ကွ...မင်းနဲ့ လက်ထပ်တော့မယ်လို့ ပြောလိုက်တော့ သူတို့ အရမ်းဝမ်းသာနေကြတာ " အနီရင့်နဲ့လင်းရိပ်ရဲ့ကြားမှာ ပြန်လည် တိတ်ဆိတ်သွားတယ်။ " မင်္ဂလာပွဲပြီးရင်တော့ ... ဆိုင်ဖွင့်ဖို့ အတွက် သေချာလေးလုပ်ကြရအောင် ... ဒီကြားထဲလဲ ဆိုင်နေရာကို လင်းရိပ် အဆင်ပြေမယ်ထင်တဲ့ နေရာမှာပဲ ရှာလိုက်နော် " ****** နှင်းသီရိ မဝံ့မရဲနဲ့ ရုံးခန်းထဲကို ဝင်လာခဲ့တယ်။ " မင်္ဂလာပါ ...ကြိုဆိုပါတယ်ရှင် " တံခါးဖွင့် ဖွင့်ခြင်းမှာ အသံချိုချိုလေးနဲ့ နှုတ်ဆက်လိုက်တဲ့ ၀န်ထမ်းမလေးကြောင့် နှင်းသီရိ ကြောက်စိတ်တွေတော့ ပြောလျော့ သွားမိတယ်။ ' " ဘာအကူအညီ ပေးရမလဲရှင် .. ဘယ်နိုင်ငံကို သွားချင်တာလဲရှင် ...တတ်ကျွမ်းတဲ့သူနဲ့ ဆွေးနွေးလို့ရပါတယ် " " ရှင် ... ဟို .... ဟို "