803
Підписники
+424 години
+167 днів
+4630 день
Архів дописів
#မုန်းမာန်
(အခန်းဆက် ဝတ္ထုရှည်)
အပိုင်း ( ၁၈ )
*****
"မေနှင်းအိမ်တို့ဆိုင်လား ခင်ဗျ "
သူ့ကိုကြောင်ကြည့်နေကြ သော အမျိုးသမီးင်္ကြီး နှစ်ယောက်ကို ဒုတိယအကြိမ်မြောက် ကိုချမ်းမေးလိုက်သည်။
မအေးနွယ်နှင့်မတူးမှာလည်း နှင်းအိမ်ကိုလာမေးသော ယောကျာ်းလေးအပေါင်းအသင်းက မရှိသလောက်ရှားသောကြောင့် ရုတ်တရက်အံ့ဩသွားမိကြခြင်းဖြစ်လေသည်။ဒုတိယအကြိမ်မြောက်မေးမြန်းသံကိုကြားလိုက်ရသောအခါ၌မူ မအေးနွယ်က ပြန်၍ဖြေလိုက်သည် ။
" ဟုတ်ပါတယ် ....နှင်းအိမ်သူငယ်ချင်းလား ....ထိုင်လေ နှင်းအိမ်ကို ခေါ်ပေးပါမယ်ကွယ် "
ပြောပြီးသည်နှင့် မအေးနွယ် နောက်ဘက်ခန်းထဲသို့ဝင်ခဲ့လိုက်သည်။မတူးကတော့ ဟင်းအိုးများတင်ထားသည့်နားတွင် ထိုင်လျက် မသိမသာ အကဲခတ်နေမိသည်။
~~~~~
"သမီး နှင်းအိမ် ... ဧည့်သည်တစ်ယောက် သမီးကိုလာမေးတယ် "
"ရှင် ...ဧည့်...ဧည့်သည်ဟုတ်လား အမေ ..ဟိုတစ်ခါလာတဲ့ ရှေ့နေကြီးလား "
မိခင်ကို နှင်းအိမ်အထိတ်တလန့်နှင့် မေးလိုက်မိသည်။
" မဟုတ်ပါဘူးကွယ် ...အခုက သမီးတို့ အရွယ်ကောင်လေးတစ်ယောက်ပါ ...သမီးသူငယ်ချင်းနေမှာပေါ့ "
" ကောင်လေးတစ်ယောက်ဟုတ်လား အမေ "
မိခင်ဖြစ်သူကို နှင်းအိမ်ဇဝေဇဝါနှင့် မေးလိုက်မိပြီးမှ တစ်စုံတစ်ခုကို စဉ်းစားမိပြီး အပြင်သို့ ထွက်ခဲ့လိုက်သည်။
~~~~
အပြင်သို့ရောက်သောအခါ နှင်းအိမ်စိတ်ကထင်သည် အတိုင်း ကိုချမ်းဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့ဩသွားရသည်။
'' ကိုချမ်း တကယ်လာတာပဲ ... နှင်းအိမ်တို့ တွေ့တာကြာနေပြီဆိုတော့ မလာတော့ဘူးထင်နေတာ "
နှင်းအိမ်က နှုတ်ဆက်လိုက်ရင်း ကိုချမ်းထိုင်နေသော စားပွဲဝိုင်းရှိခုံမှာဝင်ထိုင်လိုက်သည်။
"အလုပ်တွေမအား ဖြစ်နေတာရယ် ..ခရီးလဲသွားနေလို့ပါ ...."
" ထမင်းစားမှာမဟုတ်လား ..ဘာဟင်းနဲ့စားမလဲ ...ဒါမှမဟုတ် အကုန် မြည်းကြည့်မလား ... စက်ဘီးလိုက်စီးခွင့်ပေးတဲ့ ကျေးဇူးကိုဆပ်တဲ့အနေနဲ့ အခမဲ့ ဝန်ဆောင်မှုပေးပါမယ် "
နှင်းအိမ်၏ စကားကြောင့် ကိုချမ်းခေါင်းကို ခါယမ်းလိုက်ပြီး
"မဟုတ်တာ ... ပိုက်ဆံတော့ ပေးပါရစေ "
"ရပါတယ်ဟာ ....အရသာကောင်းရင်သာကြေငြာပေး....အခုချိန်က လခထုတ်ရက်မဟုတ်သေးတော့... သူငယ်ချင်းဖြစ်တဲ့အထိမ်းအမှတ်အနေနဲ့ပေါ့ ... ကို ချမ်းကို နှင်းအိမ်အမေနဲ့လဲ မိတ်ဆက်ပေးထားအုံးမယ် ...
နှင်းအိမ်က မိခင်ဖြစ်သူ၏ လက်ကို သွားဆွဲခေါ်လိုက်သည်။မအေးနွယ်နှင့်မတူးမှာ နှင်းအိမ်တို့ကို မသိမသိအကဲခတ်နေကြရာမှ နှင်းအိမ်ကလာဆွဲခေါ်သဖြင့် မအေးနွယ်မှာ သမီးဖြစ်သူနောက်သို့ ယောင်ဝါးဝါးနှင့်လိုက်ပါလာခဲ့ရသည်။
''အမေ .. သူက သမီးရဲ့ သူငယ်ချင်းအသစ်ပါ... နာမည်က ကိုချမ်းတဲ့ ..သူကစားသောက်ဆိုင်မှာအလုပ်လုပ်တာလေ...ကိုချမ်းလဲမှတ်ထားနော် ...ဒါက နှင်းအိမ်ရဲ့အမေလေ..နာမည်ကဒေါ်အေးအေးနွယ်.... အဖေတော့မရှိ တော့ဘူး ...ပြီးတော့ ဟောဟိုမှာ ရပ်နေတဲ့သူက ....နှင်းအိမ်ရဲ့ ကြီးတော် ကြီးကြီးတူးတဲ့ ... နှင်းအိမ်မရှိတုန်းဆိုင်လာခဲ့ရင်းလဲ ...တို့အမေက သဘောကောင်းပါတယ် "
" ဟုတ်ကဲ့ ...တွေ့ရတာဝမ်းသားပါတယ်ခင်ဗျ "
ကိုချမ်းက မတ်တတ်ရပ်လိုက်ပြီး ခါးကိုကိုင်းညွှတ်လျက် ရိုရိုကျိုးကျိုး နှုတ်ဆက်လိုက်သည်။
" တွေ့ရတာဝမ်းသာပါတယ်ကွယ် ... အန်တီတို့ဆိုင်က စားသောက်ဆိုင်ကြီးတွေလောက် တော့ မကောင်းပေမဲ့ ..မင်းသူငယ်ချင်းနှင်းအိမ်ရဲ့လက်ရာကို မြည်းကြည့်လေ ..အားနာစရာမလိုဘူးနော် ....ကောင်မလေးတွေ စားပွဲပြင်လိုက်ပါအုံး ... သမီးတို့သူငယ်ချင်းတွေ အေးအေးဆေးဆေးစကားပြောကြလေ ... လိုအပ်တာရှိရင်ပြောနော်သား "
"ဟုတ်ကဲ့ အန်တီ ..ကျေးဇူးတင်ပါတယ်ခင်ဗျ "
မအေးနွယ်ပြောပြီးသည်နှင့် မတူးရှိရာသို့ ပြန်လျှောက်လာခဲ့သည်။စိတ်ထဲမှာတော့ သမီးဖြစ်သူ၏ ဧည့်သည်ကောင်လေးကြောင့် ထူးဆန်းနေမိသည်။
"ကိုချမ်းစားနော် ...ဒါတွေ အကုန်လုံးက နှင်းအိမ်လက်ရာတွေချည်းပဲ သိလား "
"ဟုတ်လား ..မြည်းကြည့်လိုက်မယ်နော် "
ဟင်းပန်းကန်တစ်ချပ်ထဲမှ ဟင်းတစ်ဇွန်းကို ကိုချမ်းခပ်စားလိုက်သည်။
"ဟာ ....အရသာရှိလိုက်တာ ..နှင်းအိမ်ကတော်လှချည်းလား ....ဘာလဲ နှင်းအိမ်က ဟင်းချက်ဝါသနာပါတာလား "
ကိုချမ်း၏အမေးကြောင့် နှင်းအိမ်ခေါင်းကိုခါယမ်းလိုက်ပြီး
"ဟင့်အင်း ...ဝါသနာမပါပါဘူး .. အမေပင်ပန်းနေတာကို မကြည့်ရက်လို့ ချက်ပေးနေတာလေ ... နောက်ဆို အမေ့ကိုလဲထမင်းဆိုင် မဖွင့်ခိုင်တော့ဘူး ...နှင်းအိမ်လဲ စတိုးဆိုင်ဖွင့်မှာ "
" ဪ ....နှင်းအိမ်က အရောင်းပိုင်း ဝါသနာပါတာပေါ့ "
ကိုချမ်း၏အမေးကြောင့် နှင်းအိမ်တွေခနဲဖြစ်သွားမိပြီး
"ဟင့်အင်း အရောင်းပိုင်းလဲဝါသနာမပါဘူး ထင်တယ် ...ဒီလိုပဲ စတိုးဆိုင်ကြီးတစ်ဆိုင်လောက်ပိုင်ဆိုင်ချင်ရုံပါ ...ကဲပါ ထမင်းစားလိုက်အုံး ..."
~~~~~
"အမေ ကိုချမ်းပြန်တော့မယ်တဲ့ ...သမီးကားဂိတ်လိုက်ပို့ပေးလိုက်အုံးမယ်နော် "
နှင်းအိမ်က မိခင်ဖြစ်သူဆီမှ ခွင့်တောင်းလိုက်သည်။ကိုချမ်းကလဲနှုတ်ဆက်လိုက်သည်။
"ပြန်ခွင့်ပြုပါအုံး အန်တီ ...ကြိးကြီး .."
"ဘာသတင်းရမှာပဲ ....ခုတလော လမင်းနဲ့ ပပစိုးတို့ ပွဲစားဆိုလား လုပ်နေကြတာလေ ... အတော်လေး ၀င်ငွေကောင်းတယ်ထင်တယ်... ကားတွေဘာတွေတောင် ဝယ်လိုက်ပြီ ကြားတယ် "
"ဟယ် ..ဟုတ်လား ...လမင်း ဝယ်လိုက်တာလား ..၀မ်းသာလိုက်တာ အစ်မရယ် .."
"သူတစ်ယောက်တည်းပိုင်လား .. နှစ်ယောက်ပိုင်လားတော့ မသိဘူး ... ကားပေါ်မှာတော့ နှစ်ယောက်တစ်တွဲတွဲပဲ ...ကောင်းပါတယ် ပပစိုးတို့ကပိုက်ဆံရှိတော့... လမင်းကံကောင်းတာပေါ့ .."
ဒေါ်ကြီးတူး၏စကားများကို နားမထောင်ချင်တော့သောကြောင့် နှင်းအိမ်မီးဖိုခန်းထဲသို့ ဝင်ခဲ့လိုက်သည်း။
" ဒီဆိုင်က မေနှင်းအိမ်တို့ဆိုင်လားခင်ဗျာ "
နှင်းအိမ်နာမည်ကို မေးပြီး ဝင်လာသော ခပ်ချောချောလူငယ်လေး၏အမေးကို မတူးနှင့်မအေးနွယ်တို့ ဖြုန်းခနဲပြန်မဖြေနိုင်ဘဲ ကြည့်နေမိကြလေသည်။
@@@@@@@@@@@@@@@@@@@@@@@@@@
အပိုင်း ( ၁၈ ) ဆက်ရန်
#ဧကြည်ဖြူ
" ဒေါ်သုန်ကြောင့် အမေလဲစိတ်ညစ်နေပြီ ... သူကဘာလို့များ သမီးကိုလာပတ်သက်ချင်နေရတာလဲ မသိဘူး.....သူတကယ်ပဲ သမီးကို သံယောဇဉ်ရှိနေလို့လား ... အမှန်တိုင်းပြောရရင် သမီးကိုသူတို့နဲ့ မပတ်သက်စေချင်ဘူး ...သူတို့နာမည် သူတို့အကြောင်းကို တွေးလိုက်ရုံနဲ့ အမေ့ရင်ထဲမှာ မီးတွေတောက်နေသလို ခံစားရတယ် "
" နှင်းအိမ်သိပါတယ်အမေရယ် .. နှင်းအိမ်တောင်းပန်ပါတယ်နော် "
နှင်းအိမ်က မိခင်ဖြစ်သူကို ခပ်တင်းတင်းဖက်ရင်း တောင်းပန်စကားဆိုလိုက်မိသည်။
~~~~~
လမင်းဆိုင်သိမ်းပြီး အိပ်ရာဝင်ချိန်တွင် ည(၁၁)နာရီထိုးနေလေပြီ။ဆိုင်အလုပ်သမားများကို ည(၉)နာရီဆိုလျှင်
ပြန်ခွင့်ပေးပြီး ကိုးနာရီခွဲလောက်အထိတော့ ဆိုင်ကိုဖွင့်ထားရသည်။မနက် (၆) နာရီမှ ည (၁၀)နာရီကျော်အထိ လမင်းမှာ မနားရ။ဆိုင်ကအစုံတင်ထားသောကြောင့် အရောင်းသွက်သည်။ တကယ်ဆိုလျှင် အလုပ်သမားလေးယောက်လောက်လိုအပ်သည်။လမင်းက လုပ်အားခချွေတာချင်သောကြောင့် သုံးယောက်ပဲငှားထားသည်။လိုအပ်သမျှကို လမင်းတစ်ယောက်တည်းနိုင်အောင်လုပ် သည်။မီခင်ဖြစ်သူလည်း ဈေးကူရောင်းပေးနေသောကြောင့်သာလမင်းမှာ အသက်ရှူချောင်နေရခြင်းဖြစ်သည်။မဟုတ်လျှင် ထမင်းစားချိန်ပင် ရမည်မထင်မိ။ဘကျော်နှင့် ကြီးစန်းတို့က ဆိုင်ကို လမင်းနှင့် လုံးဝလွှဲထားပြီး ဘုရားသွားကျောင်းတက်ဖြင့် ပျော်မွေ့နေကြလေပြီ။ဆိုင်ကို တိုးတက်အောင်လုပ်ဖို့က လမင်း၏ တာဝန်လုံးလုံးဖြစ်နေပြီ ။
"သား..လမင်း ....အိပ်ပြီလား "
'"မအိပ်သေးဘူး အမေ .... ဝင်ခဲ့လေ "
အခန်းပြင်မှ မိခင်ဖြစ်သူ၏ အသံကြောင့် လမင်းအိပ်ရာပေါ်လှဲနေရာမှထထိုင်လိုက်သည်။လမင်း၏ အခန်းတံခါးကပိတ်လေ့မရှိသောကြောင့် မိခင်ဖြစ်သူကို ဝင်ခဲ့ဖို့ပြောလိုက်သည်။အသက်ကြီးသော လူကြီးများနှင့် နေရသောကြောင့် လမင်းဘယ်တော့မှ အခန်းတံခါးကိုပိတ်ထားလေ့မရှိပါ။တစ်ယောက်ယောက်လှမ်းခေါ် လျှင် အလွယ်တကူ ကြားနိုင်သိနိုင်ဖို့ တံခါးကို လမင်းအမြဲဖွင့်တားရသည်လေ။
'' အမေ မအိပ်သေးဘူးလား...ဘာလိုချင်လို့လဲဟင် "
လမင်းက မိခင်ကို မေးလိုက်သည်။
မိတုတ်က သားဖြစ်သူကို ကြည့်ရင်း ခုတင်ဘေးက ခုံမှာဝင်လိုက်သည်။
"အမေ နှင်းအိမ်တို့ကို လွမ်းလို့ပါ သားလေးရယ် ... သူတို့နဲ့ အတူတူ နေရရင်ကောင်းမယ်...အမေက ပြောတယ် ...အတူတူနေချင်ရင် သားနဲ့နှင်းအိမ်လက်ထပ်ရင် အတူတူနေလို့ ရတယ်တဲ့ ...သားလေး နှင်းအိမ်ကိုယူလိုက်ပါလား ..ပြီးရင် အမေတို့တူတူနေ ကြမယ်လေ "
" ဗျာ "
မိခင်၏ စကားကြောင့် လမင်းလန့်သွားမိသည်။
"အမေ ဒီစကားတွေကို နှင်းအိမ်နဲ့ မေနွယ့်ကို သွားပြောလိုက်သေးလားဟင် "
" မပြောရသေးဘူး ... မနက်ဖြန်မှ သွားပြောမလို့လေ "
" တော်သေးတာပေါ့ အမေရယ် ...သွားမပြောရဘူးနော် ..မေနွယ်စိတ်ဆိုးသွားလိမ့်မယ် ... ကျွန်တော့်မှာ လုပ်စရာအလုပ်တွေ အများကြီးရှိသေးတယ် အမေ .... ကျွန်တော် အိမ်ထောင်ပြုလို့မရသေးဘူး ...အမေသတိရရင် သူတို့ဆီသွားလည်လေ အမေ ...အတူတူတော့ နေလို့မရလို့ပါ အမေရယ်နော် "
သားဖြစ်သူ၏ စကားကြောင့် မိတုတ်ထိုင်နေရာမှ ဝုန်းခနဲထရပ်လိုက်ပြီး
"အဲ့ဒါဆိုလဲ ပပစိုးကိုလဲ မယူရဘူးနော် ကြားလား....သားနဲ့ပပစိုးကကြိုက်နေတယ်လို့ လူတွေပြောနေကြတယ် အမေသဘောမတူဘူး...သားကနှင်းအိမ်နဲ့ပဲ ယူရမှာ..."
"ဗျာ... အမေဘာတွေပြောနေတာလဲ ..သွားအိပ်တော့နော် အမေ "
မိခင်ဆီမှ မထင်မှတ်ထားသော စကားများကိုကြားလိုက်ရသောကြောင့် လမင်းလန့်သွားမိတာ အမှန်ပင်။ကိုယ်တောင် မစဉ်းစားခဲ့ဖူးသည်ကို မိခင်ဖြစ်သူကစဉ်းစားနေသည်လေ။
~~~~~
" မြို့သစ်တွေဘက်မှာ မြေကွက်တွေ အရောင်းအဝယ် တစ်အားဖြစ်နေတယ် လမင်းရဲ့ ....စရံချပြီးလက်လွှဲရောင်းတာတောင် သိန်းချီပြီးကျန်တယ် ... တို့တောင် ဟိုနေ့ကတစ်ကွက် ဝယ်ပြီးပြန်ထုတ်လိုက်တာတာ တော်တော်လေးကျန်တယ် ... အဲ့ဒါလမင်းလဲရင်းကြည့်ပါလား ... မနိုင်ရင် တို့နှစ်ယောက်တစ်ဝက်စီပေါ့...မြေကွက်တွေ ဆင်းကြည့်ဖို့မလိုဘူး ...လူမနေသေးတဲ့အကွက်တွေကို မြေပုံကြည့်ပြီး အရောင်းအဝယ်လုပ်ကြတာ ... တစ်ချို့တွေ တော်တော်ထောနေကြပြီ "
ပပစိုး၏ စကားကို လမင်း စိတ်ဝင်စားမိသည်။ သို့ သော်လည်း စုဆောင်းထားသောငွေလေးဆုံးရှုံးသွားမှာလည်း ကြောက်မိသည်။
" ဘာတွေစဉ်းစားနေတာလဲ လမင်းရဲ့ ... မနက်ဖြန် ပွဲစားနဲ့ ချိန်းထားတယ် ....တစ်ကွက် ဝယ်ပြီး အမြတ်ရတာနဲ့ ချက်ချင်းပြန်ထုတ်ရောင်းမယ်ကွာ ..သုံးလေးရက်နဲ့ ဆယ်ဂဏန်းလောက်ကျန်မှာ "
" ဆယ်သိန်းလား "
" အေးလေ ...တို့ဆို တစ်နေ့ကမှ သိန်း(၂၀) နဲ့ ဝယ်လိုက်တဲ့ မြေကွက်ကို မနေ့က (၃၀) နဲ့ ပြန်ရောင်းလိုက်တယ်....."
သုံးလေးရက်နှင့် ဆယ်သိန်း တောင်မြတ်သည်ဆိုသောစကားကြောင့် လမင်းရင်တွေပင် တဒိန်းဒိန်းခုန်လာမိသည်။
"လုပ်မယ်ဗျာ ...."
" အိုကေ တို့နှစ်ယောက် အကျိုးတူ ပူပေါင်းကြတာပေါ့ ..မင်းရဲ့ဆိုင်ထက်တော့ အမြတ်ငွေသာစေရမယ်စိတ်ချ "
~~~~~~
''အေးနွယ်ရေ နင် လမင်း သတင်းကိုကြားသေးလား "
" ဘာသတင်းလဲ အစ်မတူး "
မတူး၏ အရင်းမရှိအဖျားမရှိ မေးလိုက်သောစကားကြောင့် မအေးနွယ် ပြန်မေးလိုက်မိသည်။
" ဟုတ်တယ် နှင်းအိမ်ကအရိုင်းအစိုင်းပဲ ....လူယုတ်မာရဲ့သွေးပါနေတာကို ဒီလောက်တော့ရိုင်းမှာပေါ့ .. တစ်ခါတည်း ပြောခဲ့မယ်နော် ...အမွေတွေ အကုန်မပေးနိုင်ဘဲနဲ့ မဆက်သွယ်ပါနဲ့ .. တော်ရုံ နေနိုင်စားနိုင်ရုံငွေလောက်ကတော့ မလိုချင်ဘူး "
ပြောပြီးသည်နှင့် နှင်းအိမ် နေရာမှထထွက်ခဲ့လိုက်သည်။ရင်ထဲတွင်တော့ ဦးမြင့်မောင်ကို မုန်းတီးလွန်း၍ ကြိတ်မနိုင်ခဲမရ ဖြစ်နေမိသည်။ သူ၏သားဆိုသူအတွက် ဆတ်ဆက်ထိမခံဖြစ်နေပုံက နှင်းအိမ်၏ဒေါသကိုပိုစွပေးနေသလိုပင်။
~~~~~
နှင်းအိမ်ဒေါသထွက်ထွက်နှင့် ဆိုင်ထဲမှထွက်လာခဲ့ပြီး ဆိုင်ပြင်ခြံဝသို့ရောက်သောအခါ ကောင်းကင်ထက်က နေမင်းက အလာတုန်းကထက်ပို၍ပူပြင်းနေခဲ့လေပြီ။နှင်းအိမ် အိတ်ထဲမှထီးအဟောင်းလေးကို ထုတ်ပြီးဖွင့်လိုက်သည်။အရေးထဲ မျက်ရည်က ပေါက်ခနဲကျလာပြန်သည်။ နှင်းအိမ်တို့နှင့် အဆက်အသွယ် ဖြတ်ချင်လို့ ပေးသည့်ပိုက်ဆံကို ယူလိုက်တဲ့ "လေ။ သူကတစ်ပြန်ပြောရသေးသည်။စိတ်ရှိတိုင်းသာဆိုလျှင် စိတ်ရှိလက်ရှိ ရိုက်နှက်ပစ်ခဲ့လိုက်ချင်သည်။ထီးကို ခပ်ငိုက်ငိုက်ဆောင်းရင်း အံကိုခပ်တင်းတင်းကြိတ်လျက် လမ်းမကြီးအတိုင်း ပြန်လျှောက်ခဲ့သည်။
~~~~~
စက်ဘီးကိုယူပြီးခပ်ဖြည်းဖြည်းတွန်းရင်းလမ်းလျှောက်သွားသော သူမနောက်မှ ကိုချမ်းခပ်ခွာခွာလိုက်ခဲ့သည်။အခန်းနံပတ် (၄ )ထဲက သူမ ထွက်လာတာကို တွေ့လိုက်ရတော့ ပိုက်ဆံ ပြန်ပေးပြီး တစ်ချက်လောက်ဆူငေါက်ဖို့ လုပ်ထားခဲ့သော်လည်း ရုတ်တရက် အခန်းထောင့်အကွယ်မှာ ငိုနေတာကို မြင်လိုက်ရတော့ ရင်ထဲမှာသနားမိသွားသည်။သူ့ချစ်သူနှင့်စကားများတာလားလို့ အခန်းဝန်ဆောင်မှုကို စုံစမ်းကြည့်လိုက်သောအခါ အခန်းထဲတွင် သူမနှင့်အတူ ရှိခဲ့သူများမှာ အသက်ကြီးကြီး လူများဖြစ်သည်။ကြည့်ရသည်မှာ မိသားစုပြဿနာဖြစ်မည်ထင်သည်။တကယ်ဆိုလျှင် သူတို့ဘာသာ ဘာပြဿနာဖြစ်ဖြစ် ကိုချမ်းနှင့်မဆိုင်ပါ။မဆိုင်သော်လည်း ယခုတော့စက်ဘီးကို အသာတွန်းရင်း သူမနောက်မှ လိုက်လာခဲ့မိလေသည်။
~~~~~
" ဟိတ် ... ကားဂိတ်သွားမှာလား ..လာလေ ငါနဲ့လိုက်ခဲ့ ... ငါလဲ ကားဂိတ်သွားမှာ "
စက်ဘီးကိုဘေးနားမှာရပ်ပြီး ပြောလိုက်သောအသံကြောင့် နှင်းအိမ် ဖျတ်ခနဲမော့ကြည့်လိုက်မိသည်။ထိုအခါ ခပ်စောစောက စက်ဘီးနဲ့လူကို မြင်လိုက်ရတာမို့ နှင်းအိမ်ဝမ်းသာသွားမိသည်။
" လိုက်လို့ရလားဟင် ... ကျေးဇူးပါပဲ "
သည်နေရာမှ မြန်မြန်သွားချင်နေပြီမို့ သူ့စက်ဘီးနောက်သို့ နှင်းအိမ် မြန်မြန်ဆန်ဆန်တက်ထိုင်လိုက်သည်။
~~~~~
"ဘယ်ကို ပြန်မှာလဲ "
စက်ဘီးကိုရပ်လိုက်ပြီးသည်နှင့် ကိုချမ်းမရဲတရဲဖြင့်မေးလိုက်မိသည်။
"သင်္ဃန်းကျွန်းဈေးဘက်ပြန်မှာ .."
" သင်္ဃန်းကျွန်းဈေးလား .. ဝေးတာပဲ.. အဲ့ဒီဘက်ကိုတစ်ခေါက်နှစ်ခေါက်တော့ ရောက်ဖူးတယ်..အဲ့ဒီနားမှာ ဘုရားရှိတယ်လေ ..ဆယ်တန်းတုန်းက သူငယ်ချင်းတွေနဲ့ လာဖူးတယ် "
ကိုချမ်းကစကားမရှိ စကားရှာပြီးပြောလိုက်မိသည်။
"ဘာလဲ ယက္ခညီနောင်ဆီမှာ... ဆယ်တန်းအောင်ဖို့လာဆုတောင်းတာလား "
"ဟင် ဘာပြောတာလဲ ..မင်းပြောတာကို နားမလည်းဘူး ''
သူမပြောတာကို နားမလည်တာကြောင်း ကိုချမ်းပြန်မေးလိုက်မိသည်။
"ဘာမှမဟုတ်ပါဘူး နောက်တာ ..ငါ့ကို တင်ခေါ်လာခဲ့ပေးလို့ ကျေးဇူးတင်ပါတယ် ... ပိုက်ဆံဘယ်လောက်ပေးရမလဲ "
" ရပါတယ် ခုနပေးပြီးပြီပဲ...မင်းနဲ့ငါ ဘော်ဒါတွေဖြစ်သွားပြီလို့မှတ်လိုက်လေ ...ငါ့နာမည်ကကိုချမ်းတဲ့..အသက်က (၂၂ )ပြည့်တော့မယ် ...စားသောက်ဆိုင်မှာ အလုပ်လုပ်နေတယ် ...မင်းကရော "
" ငါနာ့မည်က မေနှင်းအိမ်တဲ့ ... ဒီဇင်ဘာမှာအသက် (၂၂)ပြည့်မယ် ... ငါနဲ့ နင်နဲ့ အသက်လဲတူ ..အလုပ်လဲတူတယ် ....ဒါပေမဲ့ ငါကနင့်လို စားသောက်ဆိုင်မှာတော့ အလုပ်လုပ်တာမဟုတ်ဘူး ...ငါ့အမေရဲ့ထမင်းဆိုင်မှာ အချက်အပြုတ်လုပ်တာ "
နှင်းအိမ်၏ စကားကြောင့် ကိုချမ်း အံ့ဩသွားမိပြီး
"မင်းက အချက်အပြုတ်ကျွမ်း တယ်ပေါ့ ...အထင်ကြီးသွားပြီ ...အလုပ်ပိတ်ရက်မှာ မင်းတို့ဆိုင်မှာ ထမင်းလာစားအုံးမယ် ..လိပ်စာနဲ့ ဖုန်းနံပတ်ပေးခဲ့လေ "
" ငါတို့ဆိုင်က အိမ်ဆိုင်လေးနော် .. နင်အလုပ်လုပ်နေတဲ့ဆိုင်က အစားအသောက်တွေလောက် ကောင်းမှာမဟုတ်ဘူး "
" မင်းကလဲ ...ငါ့ကို အလကားကျွေးရမှာစိုးလို့လား "
"မဟုတ်ပါဘူး ပြောပြတာပါ ... ပေးလေနင့်ဖုန်း "
နှစ်ယောက်သား စကား ပြောနေစဉ်မှာပင် ကားရောက်လာသောကြောင့် နှင်းအိမ် ဘက်(စ်)ကားပေါ် အပြေးတက်ခဲ့လိုက်သည်။
နှင်းအိမ်ကားပေါ်သို့ တက်သွားသောအခါ ကိုချမ်းတစ်ယောက်တည်းစက်ဘီးတစ်စီးနှင့် ကားဂိတ်တွင် ခပ်ငေါင်ငေါင်ကျန်ခဲ့မိသည်။
~~~~~~
" သမီး အဆင်ပြေခဲ့လား ...သူတို့နောက်ထပ်လာပတ်သက်နေအုံးမှာလား ... အမေ သူတို့နဲ့ မဆုံချင်တော့ဘူး သမီးရယ် "
မအေးနွယ် သမီးဖြစ်သူကို ပြောလိုက်သည်။
"စိတ်ချပါ အမေ .. သူတို့ ထပ်မလာပါဘူး ...မသကာသမီးဖုန်းကို ဆက်ရုံပဲရှိမှာပါ "
" နှင်းအိမ် အဆင်ပြေပါတယ် ....ဘာမှလဲ မလိုချင်ဘူး ..အဘွားတို့နဲ့.ဒီအတိုင်း ဘာမှမပတ်သက်ဘဲနေချင်တယ်...အဲ့ဒါက နှင်းအိမ်အတွက်အဆင်ပြေဆုံးပါပဲ ... ရှေ့ဆက်ပြီး အမေ့ကိုစိတ်ဆင်းရဲအောင် လုပ်နေမယ်ဆိုရင် နှင်းအိမ် ဒီတက်ပိုပြီးသည်းခံမှာမဟုတ်ဘူးဆိုတာကို ပြောချင်လို့လာခဲ့တာပါ "
"မင်း ..မင်း ငါ့အမေကိုဘယ်လိုပြောနေတာလဲ ..မင်းစကားပြော တာ မိုက်ရိုင်းလှချည်လားကွ "
ရုတ်တရက် ဒေါသတကြီး ထပြောလိုက်သူကို နှင်းအိမ်ဖျတ်ခနဲ မော့ကြည့်ရက်မိပြီး
"ရိုင်းတယ်လို့ ပြောရအောင် ကျွန်မက ဘာတွေများစော်ကားမိလို့လဲ .....ဒီစကားလောက်တော့ ပြောခွင့်မရှိဘူးလား ...ဦးလေးဆိုရင်ရော ....ဦးလေးလိုလုပ်ခဲ့တဲ့သူရဲ့ အဆက်အနွယ်တွေနဲ့ ပတ်သက်ချင်ပါ့မလား ...ဒီမှာ ကျွန်မတို့ သုံးယောက်ပဲ စကားပြောချင်တယ် ..ရှေ့နေကြီးရော ..ဟိုဘက်က အဒေါ်ပါ အပြင်ထွက်သွားပေးပါ ... ."
နှင်းအိမ်က ဦးမြင့်မောင်ကို အသံမာမာနဲ့ ပြန်ပြောလိုက်ရင်း ရှေ့နေကြီးနဲ့ ဒေါ်သုန်၏ဘေးတွင် ရှိနေသောအမျိုးသမီးကြီးကို အပြင်သို့ထွက်ခိုင်းလိုက်သည်။
." ရပါတယ် အေးဆေးစကားပြောကြပါ ..."
ရှေ့နေကြီးနှင့် အမျိုးသမီးကြီး အပြင်သို့ထွက်သွားသည်နှင့် နှစ်ယောက်လုံးကို နှင်းအိမ် မျက်နှာချင်းဆိုင်းကြည့်လိုက်သည်။
''မြေးလေးမှားနေပြီနော် ... အဘွားက ငါ့မြေးတိုကို ဒုက္ခပေးဖို့လုပ်နေတာမဟုတ်ပါဘူးကွယ် .. မြေးလေးကို ချမ်းချမ်းသာသာနေစေချင်လို့ပါကွယ် "
ဒေါ်သုန်က လေသံအေးနှင့် ပြောလိုက်သည်။
" နှင်းအိမ်ဘက်က မလိုအပ်ဘူးလို့ပြောပြီးပါပြီ ...အဘွားလဲ မိန်းမသားဖြစ်ပြီး ကိုယ်ချင်းစာပေးပါလား ....အဘွားရဲ့သားက နှင်းအိမ်အမေ့အတွက် လူယုတ်မာတခ်ယောက်ပါ ... အဘွားသားရဲ့လုပ်ရပ်တွေက အမေ့အတွက်တော့ ပြန်မတွေးချင်တဲ့ကိစ္စတွေပါ .. သူ့ရဲ့ တဏှာစိတ်ကြောင့် ဆယ့်ရှစ်နှစ်တောင်မပြည့်သေးတဲ့ မိန်းခလေးကဘယ်လောက် ဒုက္ခရောက်ခဲ့ရလဲသိကြရဲ့လား .... စက်ဆုပ်ရွံရှာစရာကောင်းလှတဲ့ ဒီအဖြစ်တွေကို ပြန်မတွေးချင်လို့ ..မိဘတွေနဲ့တောင် မဆက်သွယ်ဘဲ ဒုက္ခတွေကို ရင်ဆိုင်ပြီးနေခဲ့တာလေ ...အဲ့ဒီလိုလူက ရှင်တို့ကိုတွေ့ချင်ပါ့မလား ....ဒီကိစ္စတွေအားလုံးကနှင်းအိမ်ကြောင့်ဖြစ်နေရတာမို့ ...အမေ့ကို အားနာလွန်းလို့...နှင်းအိမ်အသက်တောင်မရှင်ချင်ဘူး သိကြရဲ့လား "နှင်းအိမ်ပြောရင်းမှ ဝမ်းနည်းလာသောကြောင့် ငိုချလိုက်မိသည်။
ဒေါ်သုန်နှင့်ဦးမြင့်မောင်က ငိုနေသော နှင်းအိမ်ကိုကြောင်ငေးပြီး ကြည့်နေမိကြသည်။
"ရှင်တို့တွေအတွက်တော့ စိတ်အာသာပြေရုံ ... ကိုယ့်စိတ်ကျေနပ်ရရုံပြုလုပ်လိုက်တဲ့ ကိစ္စတွေက ... တစ်ဖက်လူအတွက် ဘဝတစ်သက်တာလုံး လူဖြစ်ရှုံးသွားတာကို သိကြရဲ့လား .. ပြောလေ .. ပြောစမ်းပါအုံး ဦးမြင့်မောင် ..ရှင့်မှာ ပိုက်ဆံတွေရှိရဲ့နဲ့ အပျော်မယ်တွေကြိုက်သလောက် ခေါ်လို့ရရဲ့နဲ့ မလုပ်သင့်တာကို ဘာလို့လုပ်ရတာနဲ့ ... ရှင်ရဲ့ တဏှာစိတ်ကြောင့် လူဖြစ်ခဲ့ရတဲ့ ကိုယ့်ကိုယ်ကို မုန်းလွန်းလို့ တစ်ခါတစ်ခါ အသက်တောင်မရှင်ချင်ဘူး သိရဲ့လား ...ဒါကို ဘာလို့ လာပတ်သက်နေကြတာလဲ "
နှင်းအိမ်ပြောလည်ပြောရင်း ငိုလည်းငိုမိလေသည်။
ဦးမြင့်မောင်က ငိုနေသော နှင်းအိမ်ကို ကြည့်လိုက်ပြီး
" ဒီမှာ ..မင်းကြီးကြီးကျယ်ကျယ် စကားတွေ လာပြောမနေနဲ့ ...ငါကလဲ မင်းတို့နဲ့ မပတ်သက်ချင်ပါဘူး ... ငါ့အမေရဲ့ ဆန္ဒမို့သာ ..ဒီနေရာကို ငါလိုက်လာခဲ့ရတာကွ ....ဒီမှာ တွေ့လား ငါ့ခြေထောက်ကို ... မင်းတို့သားအမိရဲ့ပယောဂကြောင့် ငါ့ခြေထောက်တစ်ဖက်လဲဖြတ်လိုက်ရပြီး .. ငါ့ရဲ့သားကလဲ ငါနဲ့ အဝေးဆုံးကို ထွက်သွားပြီ ....အေး မင်းတို့နဲ့ ပတ်သက်လာရင် ငါ့အတွက်လဲ အိပ်မက်ဆိုးပဲ သိရဲ့လား ...မင်းကို ငါ့အမေပေးတဲ့ပိုက်ဆံကိုယူပြီး ငါတို့ရဲ့ရေစက်ဆိုးကို ဖြတ်ရအောင် "
ဦးမြင့်မောင်၏ နှုတ်မှ ထွက်လာသော စကားများကြောင့် နှင်းအိမ် အံ့ဩလွန်း၍ ကြက်သေသေသွားမိသည်။
ဒေါ်သုန်က သားဖြစ်သူကို ကြည့်လိုက်ပြီး အသံမာမာနှင့် အော်လိုက်သည်။
"မြင့်မောင် မင်းပါးစပ်ကိုပိတ်ထားစမ်း "
နှင်းအိမ် ဦးမြင့်မောင်ကို စူးစူးရဲရဲစိုက်ကြည့်လိုက်ပြီး
"ဘဝတော့ မပျက်သေးဘူးမဟုတ်လား ... ဘယ်လို ထပ်လုပ်ရင် ဦးလေးဘ၀ပျက်မှာလဲ ... ဒီမှာ အဘွား ...နှင်းအိမ်ကို အဘွားပိုင်ဆိုင်သမျှ အကုန်ပေးမယ်ဆိုရင် အဘွားအဖြစ် အသိအမှတ်ပြုပေးမယ် ...စည်းစိမ်အကုန်မပေးနိုင်ရင် ထပ်ပြီးမဆက်သွယ်ပါနဲ့ ... အဘွားကိုတော့ သနားပါတယ် ... သားလူယုတ်မာကြောင့် ဒုက္ခများနေရတယ် ... ဝဋ်ဆိုတာ ဒီလောက်နဲ့တော့ မပြီးဘူးနော် .... အိမ်ကထွက်သွားတဲ့ သားကိုလဲလိုက်ရှာလိုက်ကြပါအုံး ....တော်ကြာ အဖေ့ရဲ့ဝဋ်ကြွေးတွေကို သားက ဆပ်နေရအုံးမယ် "
" မင်း .. မင်း လူလေးလက်တောက်လောက်နဲ့ ရိုင်းစိုင်းလှချည်းလား "
ဦးမြင့်မောင် ဒေါသတကြီးနှင့် ထပြောလိုက်သည်။
ရှူးရှူးရှားရှား ဖြစ်သွားသော ဦးမြင့်မောင်ပုံစံကို ကြည့်ပြီး နှင်းအိမ်း ပြန်တုံ့ပြန်လိုက်သည်။
#မုန်းမာန်
(အခန်းဆက်ဝတ္ထု )
အပိုင်း ( ၁၇ )
********
" ကဲ...ရောက်ပြီ အမိ "
" ရောက်ပြီလား ... ရော့ "
စက်ဘီးရပ်လိုက်သည်နှင့် စက်ဘီးပေါ်ကနေ နှင်းအိမ် ဖျတ်ခနဲ ခုန်းဆင်းလိုက်ပြီး တစ်ထောင်တန်တစ်ရွက်ကို စက်သီးသမားလက်ထဲသို့ထည့်ပေးလိုက်ကာ ခြံထဲသို့ ပြေးဝင်ခဲ့လိုက်သည်။စားသောက်ဆိုင်သာဆိုသည် ခြံနှင့်ဝန်းနှင့် ဖြစ်သည်။ခြံထဲတွင်လည်း သီးသန့်စားပွဲဝိုင်းလေးများခင်းကျင်းထားသည်ကို တွေ့လိုက်ရသည်။
~~~~~
လက်ထဲသို့ ထိုးထည့်ပေးသွားသော တစ်ထောင်တန်ကိုကြည့်ရင်း စိတ်တိုသလိုလိုဖြစ်သွားမိသည်။ကျေးဇူးတင်စကားတစ်ခွန်းမျှပြောမသွားဘဲ ပိုက်ဆံပေးသွားပုံက လူကိုစော်ကားလိုက်သလိုပင်။ပြန်ပေးဖို့ မော့ကြည့်လိုက်တော့ မျက်စိရှေ့မှာမရှိတော့။ပြေး သွားလိုက်တာမှ လှစ်ခနဲ။ဆိုင်အ၀င်အ၀က ဧည့်ကြိုနှင့် စကားပြောနေတာကို တွေ့လိုက်ရသောကြောင့် စက်ဘီးကို လုံခြုံရေးဝန်ထမ်းဆီပေးလိုက်ပြီး အမြန်လိုက်သွားလိုက်သည်။အနားရောက်တော့ မရှိပြန်တော့။
"ခုနတစ်ယောက် ဘယ်ရောက်သွားလဲ ... သူ ဘယ်အခန်းကိုမေးတာလဲ "
" ရှင် ... ဟုတ်ကဲ့ ဘယ်သူ့ကိုမေးတာလဲ သူဋ္ဌေး"
ဧည့်ကြိုမလေးက ယောင်ဝါးဝါးနှင့် ပြန်မေးသည်။စိတ်တိုနေသည်ဆိုကာမှ ဧည့်ကြို ကောင်မလေး၏အခေါ်အဝေါ် ကြောင့်ပိုပြီး စိတ်တိုသွားရသည်။
"သူဋ္ဌေးလို့ မခေါ်နဲ့လို့ ပြောထားတယ်လေ ...ကိုချမ်းလို့ပဲခေါ် .. ခုန မင်းနဲ့စကားပြောနေတဲ့ ဆံပင်စည်းထားတဲ့မိန်းခလေးကိုပြောတာ... မျက်လုံးပြူးပြူးနဲ့ ခေါင်းကဆံပင်တွရှုပ်ပွနေတဲ့တစ်ယောက်လေ.... အင်္ကျီအနီလေးနဲ့ "
" ဪ ... ဟုတ်ကဲ့ ... ဟို ..ဟို သိပြီး..သန့်စင်ခန်းဘယ်မှာလဲလို့မေးတာ အစ်ကိုချမ်း "
" ဟမ် ..ဘာပြောတယ် သန့်စင်ခန်းနေရာမေးတာဟုတ်လား "
ကြားလိုက်ရသော စကားကြောင့် တိုနေသာစိတ်ကို ကိုချမ်းပြန်မျိုချလိုက်ရသည်။ဘာပဲဖြစ်ဖြစ်ကိုယ့်ဆိုင်ကိုလာရောက်အားပေးသူဆိုတော့လည်း ပြဿနာကိုပုံကြီးမချဲ့ချင်တော့ပါ။
~~~~~~
သန့်စင်ခန်းထဲရှိ မှန်ရှေ့တွင် နှင်းအိမ်ရပ်လိုက်ပြီး ချွေးပြန်နေသောမျက်နှာကို ပေါင်ဒေါပြန်ရိုက်လိုက်သည်။စည်းထားသော ဆံပင်များကို ပြန်ချကာသပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်လိုက်သည်။ပြင်ဆင်ပြီးသွားသောအခါ အိမ်ကထွက်လာတုန်းကလောက် ကြည့်မကောင်းတော့သော်လည်း ခပ်စောစောကလို ဆံပင်စုတ်တိစုတ်ဖွာ၊ ချွေးပြန်နေသောမျက်နှာထက်စာလျှင် အတော်လေးကြည့်ကောင်းသွားသည်။
သန့်စင်းခန်းထဲက ထွက်လာပြီးတော့ ဘာပ်သွားလို့သွားရမှန်းမသိ။စားသောက်ဆိုင်ဆိုပြီး အပြင်အဆင်က ဆိုင်ထဲမှာစားပွဲဝိုင်းများခင်းကျင်းထားခြင်းမဟုတ်။ဆိုင်ထဲစ၀င်လိုက်ကတည်းက သီးသန့်ခန်းလေးများနှင့်ဖြစ်သည်။ဖုန်းဆက်ပြီးပြောစဉ်က အခန်း (၄)ဟု ပြောသွားသော်လည်း အခန်းလေးကို ဘယ်လိုရှာရမှန်းမသိ။စင်္ကြန်လမ်းမှာ ကြောင်တောင်တောင်နှင့် ရပ်နေမိသည်။တစ်သက်နဲ့တစ်ကို ယ်ဒီလိုဆိုင်မျိုးကို ပထမဆုံးအကြိမ် ရောက်ဖူးတာလေ။ထိုအချိန်မှာပင် စားပွဲပန်းကန်များကို လက်တွန်းလှည်းလေးပေါ် တင်တွန်းလာသော စားပွဲထိုးတစ်ယောက်ကို တွေ့လိုက်ရသည်။
"ဒီမှာရှင့် ...အခန်း (၄) က ဘယ်နားမှာလဲ "
"ဟုတ်ကဲ့ .. မင်္ဂလာပါရှင် .. အခန်း (၄)က အပေါ်ထပ်မှာပါရှင် ... ခဏလေးပါနော် ...လိုက်ပို့ခိုင်းဖို့အတွက် တစ်ယောက်ခေါ်ပေးပါမယ် "
" ဟုတ်ကဲ့ ကျေးဇူးပါရှင် "
~~~~~~~~
"ဒီအခန်းပါရှင် "
"ဒေါက် ....ဒေါက် "
လမ်းညွှန်ပေးသူလေးက အခန်းတံခါးကို အရင်ခေါက်လိုက်ပြီး တံခါးကိုခပ်ဖြည်းဖြည်းဖွင့်လိုက်သည်။ ပွင့်သွားသော တံခါးမှ အခန်းတွင်းသို့ နှင်းအိမ်လှမ်းဝင်လိုက်သည်။
" မြေးလေးလာပြီလား ...ဘာနဲ့လာတာလဲ ...ကားငှါးစီးခဲ့ရလားကွယ် "
အခန်းထဲသို့ နှင်းအိမ်ဝင်လိုက်သည်နှင့် ဒေါ်သုန်သည် ထိုင်ခုံမှနေ တုန်တုန်ချိချိဖြင့်လှမ်း၍ နှုတ်ဆက်လေသည်။အဘွားကြီး ဒေါ်သုန်နှင့်အတူ သူ၏ဘေးတွင် အသက်ခပ်ရွယ်ရွယ်ခပ်နွမ်းနွမ်းပုံစံနှင့် အမျိုးသမီးတစ်ယောက်ပါသည်။ပြီးလျှင် နှင်းအိမ်တို့အိမ်သို့ လာခဲ့သောရှေ့နေနှင့် အမျိုးသားကြီးတစ်ယောက်ကို တွေ့လိုက်ရသည်။ထိုလူကြီးသည် နှင်းအိမ်ကို မကြည့်ဘဲ မျက်နှာကိုဘေးသို့ခပ်စောင်းစောင်းလွှဲထားလေသည်။ထိုလူကြီး၏ပုံစံကိုကြည့်၍ နှင်းအိမ်စိတ်ထဲတွင် ဒေါသစိတ်ကဝင်ရောက်လာပြီး မျက်နှာထားတင်းတင်းနှင့်ပင် ခုံတွင် ဝင်ထိုင်လိုက်သည်။
"ငါ့မြေးလေးက လှလာလိုက်တာကွယ် ... ခုနေတဲ့နေရာမှာ နေခိုင်းရမှာတောင် စိတ်မချတော့ဘူး "
ဒေါ်သုန်က ပြောလျက်မှ နှင်းအိမ်၏လက်များကိုလှမ်းယူဆုပ်ကိုင်လိုက်သည်။နှင်းအိမ်က ဒေါ်သုန်လက်ထဲမှသူမလက်ကို ပြန်ရုန်းထွက်လိုက်ပြီး
"ပြောစရာရှင်းစရာရှိတာကို ဒီမှာပဲ အပြီးရှင်းဖို့ နှင်းအိမ်လာခဲ့တာ ပါ ...အိမ်ကိုလာပြီးအမေ့ကို စိတ်ဆင်းရဲအောင် ထပ်ပြီးဒုက္ခမပေးကြပါနဲ့ ...."
" အို မြေးလေးရယ် စကားကိုအဲ့လို ရိုင်းရိုင်းမပြောရဘူးလေ ... အဲ့ဒါကြောင့် မြေးလေးကိုအဲ့ဒီနေရာမှာ မထားချင်တာကွယ် ... မြေးလေးအတွက် ပိုကောင်းတဲ့နေရာကို အဘွားစီစဉ်ပေးနိုင်ပါတယ်... မြေးလေးသာ အဘွားကိုလက်ခံရင် သိပ်ကောင်းမှာပဲ "
"အိုကေ...သိပြီ ရတယ် ..ရှင်းပြမနေနဲ့တော့ .... ငါလဲ အဲ့ဒီဆိုင်ကိုသွားမှာ ...လာ...စက်ဘီးပေါ်တက် "
@@@@@@@@@@@@@@@@@@@@@@@@
အပိုင်း ( ၁၇ ) ဆက်ရန်
#ဧကြည်ဖြူ
" နင်တို့ကလဲ သူငယ်ချင်းအချင်းချင်းကို စိမ်းလိုက်ကြတာဟာ ... ခင်ခင်မင်မင်နေကြပါလား ...တကယ်ဆို နင်တို့နှစ်ယောက်က မွေးကတည်းက အတူတူကြီးပြင်းလာခဲ့ကြတာတဲ့ ... အဲ့ဒါကို ဘာဖြစ်လို့မတည့်ဖြစ်နေကြတာလဲ ...ကဲပါ ..အခုဆိုင်ထဲ ခဏဖြစ်ဖြစ်လိုက်ဝင်လေဟာ "
ကိုသူရ၏ စကားကြောင့် နှင်းအိမ်မဲ့ပြုံးလေးပြုံးလိုက်မိသည်။ သူဋ္ဌေးဖြစ်ဖို့ကြံရွယ်နေသူက နှင်းအိမ်ကို အဖက်တောင်မလုပ်တာကို ဘယ်သူတွေက သိမှတဲ့လဲ။
" တော်ပါပြီ ကိုသူရရယ် ....နှင်းအိမ်ချိန်းထားတာလဲ အချိန်နီးနေလို့ပါ ....သွားမယ်နော်...လိုင်းကားနဲ့သွားရမှာ ကိုသူရရဲ့ "
လမင်းတို့ဆိုင်ရှေ့သို့ ရောက်လာသောအခါနှစ်ယောက်သားနှုတ်ဆက်လိုက်ပြီး နှင်းအိမ်က ကားလမ်းမဆီသို့ ထွက်ခဲ့လေ သည်။
~~~~.~
သူရဆိုင်ထဲသို့ဝင်လာသည်နှင့် သူရနားသို့ လမင်းလျှောက်သွားလိုက်ပြီး မေးလိုက်မိသည်။
" ခုနနှင်းအိမ်မဟုတ်လား ..သူဘယ်သွားတာ .. ပြင်ဆင်ထားလိုက်တာလဲလွန်ရော.. သူ့မှာ ရည်းစား ရှိနေပြီလား "
လမင်း၏ အမေးကြောင့် သူရက လမင်းကိုမျက်မှောင်ကြုတ်ကြည့်လိုက်ပြီး
"မသိဘူးလေးကွာ ... ငါ့က မြို့ထဲမှာ အလုပ်သွားဆင်းနေရတာ သူနဲ့မှ သိပ်မတွေ့ဖြစ်တာ ...ရှိချင်လဲရှိမှာပေါ့ .. မင်းသိချင်ရင် ကိုယ်တိုင် မေးကြည့်ပေါ့ ...ပြင်သွားတာတော့ဟုတ်ပ ..ဆံပင်အမြဲစည်းထားတဲ့သူက ဆံပင်တောင်ဖားလျားချသွားသေးတယ်..ကောင်လေးနဲ့ သွားတွေ့တယ်ထင်တာပဲ "
" ကျွတ်စ် အသက်ကဘယ်လောက်ရှိသေးလို့လဲ "
လမင်းစိတ်ပျက်လက်ပျက်နှင့် ခပ်တိုးတိုးရေရွတ်လိုက်မိသည်။
"ဘာပြောတာလဲ လမင်း "
နားစွန်းနားဖျား ကြားသော သူရက လမင်းကို ပြန်မေးလိုက် သောကြောင့် လမင်းခေါင်းကိုခါ ပြလိုက်မိသည်၊၊
~~~~~
လူသွားလူလာနည်းလှသော လမ်းထဲတွင် နှင်းအိမ်တစ်ယောက်တည်းလမ်းလျှောက်လာခဲ့မိသည့်အတွက် နောင်တရနေမိသည်။ကပ်စေးနှဲပြီး ကားမငှါးလာခဲ့တာ။ ယခုတော့ စီးလေ့မရှိသော ဒေါက်ဖိနပ်ကြောင့်လဲ ပါမည်ထင်သည်။ခြေထောက်များက အတော်လေးညောင်းချိနေလေပြီ။ကြည့်ရသည်မှာ သူတို့သူဌေးမှန်းသိအောင် ကိုယ်ပိုင်းကားများသာဝင်ထွက်သွားလာသောနေရာရှိဆိုင်သို့ချိန်းခြင်းဖြစ်မည်။သည်လိုနေရာမျိုးတွေကို မရောက်ဖူးသော နှင်းအိမ်ကလည်း ကိုယ်တွေရပ်ကွက်လို မေးလို့ မြန်းလို့ရမည်ထင်ပြီး လာခဲ့မိသည်လေ။လမ်းလျှောက်လာတာ နာရီဝက်ပြည့်တောမည်။သူတို့ ချိန်းသော စားသောက်ဆိုင်က အရိပ်အယောင်တောင်မမြင်ရသေး။လမ်းပေါ်မှာလဲ ကိုယ်ပိုင်ကားများပဲ ဖြတ်သွားဖြတ်လာလုပ်နေသည်ကို တွေ့ရသည်။ကိုယ်ရဲ့ လှလှပပနေနိုင်သောပုံစံကို တွေ့မြင်သွားအောင် ပြမည်ဟု ရည်ရွယ်ပြီးအလှအပများပြင်ဆင်ခဲ့သော်လည်း ယခုတော့ တစ်ကိုယ်လုံးချွေးဒီးဒီးကျ၍ ကြောင်ချီးရုပ်ပင်ပေါက်နေလောက်ပြီ။ ဆိုင်မှာဖြောင့်စက်ဆွဲပြီးဖားလျားချလာခဲ့ သောဆံပင်ကိုလည်း ပူလွန်းလှ၍ လက်တွင်ဝတ်ထားသော လက်ပတ်ကြိုးနှင့်စည်းလိုက်ရသည်။သည်မျှဝေးသောနေရာကို မှ ရွေးထားသောလူများကို စိတ်ထဲမှ ဒေါသများထွက်လာမိသည်။
" တီ ..တီ ...တီ '
မောနေရသည့်ကြားထဲ ဟွန်း သံကြောင့် လမ်းပလက်ဖောင်းဘေးသို့ ကပ်လိုက်ရင်း အသံလာရာဆီကို နှင်းအိမ်လှမ်းကြည့်လိုက်မိသည် ၊၊
"ဟယ် ...စက်ဘီးတော့ "
ဟွန်းတီးနေသည်မှာ ကားမဟုတ်ဘဲ စက်ဘီးတစ်စီးဖြစ်နေ၍ နှင်းအိမ်ဝမ်းသာသွားမိပြီး အသံလေးပါ ထွက်သွားရသည်။စက်ဘီးနင်းလာသူမှာ နှင်းအိမ်တို့အရွယ်လောက်ရှိမည့် ကောင်လေးတစ်ယောက်။ဝတ်ဆင်ထားသည်မှာ အင်္ကျီအဖြူလက်ရှည်နှင့် ဘောင်းဘီအနက်ရောင်။နှင်းအိမ် ဝမ်းသာသွားမိပြီး စက်ဘီးနင်းလာသောလမ်းကြောင်းရှေ့မှာ ပိတ်ရပ်လိုက်သည်။
" ကျွီ....."
" မင်း ..မင်းဘာလုပ်တာလဲကွ ... ငါ့ဆီက ငွေညှစ်ချင်လို့လား "
စက်ဘီးဘရိတ်ညှစ်လိုက်၍ ထွက်ပေါ်လာသောအသံနှင့် ဒေါသတကြီးပြောလိုက်သောအသံကိုပါ နှင်းအိမ်ကြားလိုက်ရသည်။သို့သော်လည်း ပြဿနာမရှိ။ရွယ်တူ ကောင်လေးလောက်တော့ နှင်းအိမ်ကြောက်စရာမလို။ပြီးတော့ သူဝတ်ထားသော အဝတ်အစားများကိုကြည့်ရုံနှင့် နှင်းအိမ်ကို အကူအညီပေးနိုင်မည့်သူဆိုတာ သေချာသည်လေ။
"ဟိတ် မေးနေတယ်လေ ..မင်းဒါ ဘာလုပ်တာလဲလို့ "
" အကူအညီတောင်းချင်လို့ပါ ... နင်ကဝိတ်တာမဟုတ်လား ...(....) စားသောက်ဆိုင်ကို သိရင် လမ်းညွှန်ပေးပါလားဟင် ... ဟို ...ပြီး..ပြီးတော့ အပန်းမကြီး ရင် စက်ဘီးနောက်ကလိုက်စီးလို့ ရမလား ... ဒီလမ်းထဲကို တက္ကစီတွေမလာလို့ပါ...စက်ဘီးလိုက်စီး ခပေးမှာပါ ....လမ်းမလျှောက်နိုင် တော့လို့ပါ "
နှင်းအိမ်က တတွတ်တွတ်ပြောနေသော်လည်း သူကနှင်းအိမ်ပုံစံကို အံ့ဩသလို ကြည့်နေ၏။နှင်းအိမ်ကိုစူးစမ်းသလို ကြည့်နေသောသူ့ကို နှင်းအိမ်ပြန်ကြည့်လိုက်မိရင်း သန့်ပြန့် ချောမောသော ရုပ်ရည်သွင်ပြင်ကို သတိထားလိုက်မိသည်။ထိုအခါမှပင် နှင်းအိမ်ကို ကြည့်နေသော သူ့အကြည့်များကို သဘောပေါက်သွားမိပြီး
"ဒီမှာ ...နှင်းအိမ်က နင့်ကိုဇာတ်လမ်းရှာတာမဟုတ်ဘူးနော် ....စက်ဘီးပေါ်တင်ခေါ်မသွားရင်လဲရတယ် ...ဆိုင်နေရာပဲပြောပြ "
နှင်းအိမ် အသံမာမာနှင့် ပြောလိုက်သောအခါမှ သူ့ဆီကစကားသံကိုကြားလိုက်ရသည်။
"အသိလား ...မမစိုး သူငယ်ချင်းတွေထဲက တစ်ချို့တော့သူတို့နဲ့ သိကြမယ်ထင်တယ်...ဘာလဲ .. လမင်းက ချမ်းမြေ့ကုမ္ပဏီမှာအလုပ်လုပ်ချင်လို့လား ...ဆိုင်ကိုဘယ်လိုလုပ်မလို့လဲ ''
"မဟုတ်ပါဘူး မမစိုးရယ် .. ဒီလိုပဲ ကုမ္ပဏီကနာမည်ကြီးလို့ စိတ်ဝင်စားလို့ပါ...ဆိုင်မှာပဲလုပ်မှာပါ ...ဆိုင်ကိုတိုးချဲ့နိုင်အောင်ကြိုးစားမှာပါ "
''အဲ့ဒါကောင်းတာပေါ့..ဘကျော်တို့လဲပြောတယ် .. ဆိုင်အတွက်ငွေလိုရင်ပြောလေ...မမစိုးတို့လဲ ဆိုင်ခွဲလေးတွေဖွင့်ချင်နေတာ ...လမင်းရဲ့ ဆိုင်ထဲမှာရင်းနှီးမြှုပ်နှံမယ်လေ "
ပပစိုးက လမင်း၏မျက်နှာကို ခပ်ပြုံးပြုံးကြည့်လျက်ပြောလိုက်သည်။လမင်းက ပပစိုးထက် သုံးလေးနှစ်မျှငယ်သော်လည်း လမင်း၏ဇွဲနှင့် အရည်အချင်းကို ပပစိုးတို့မိသားစုက တွေ့မြင်နေရသည်။ပပစိုး၏ မိဘနှစ်ပါးသည်လည်း သူတို့၏တစ်ဦးတည်းသော သမီးလေးဖြစ်သည့် ပပစိုးကိုလမင်းနှင့်ဆိုလျှင် စိတ်ချ ကြသည်။သို့အတွက်လည်း လမင်းတစ်ယောက် သူတို့အိမ်သို့ ဝင်ထွက်နေသည်ကို မသိဟန် ပြုလျက် လွှတ်ပေးထားကြခြင်းဖြစ်သည်။
~~~~~~
"မဖြစ်နိုင်တာတွေ လာမပြောနဲ့ .... ဒီဇာတ်လမ်းက မပြီးနိုင်တော့ဘူးလား ... ကျွန်မတို့ကို လာမရှုပ်ဖို့ သူတို့ကိုပြောထားပြီးသားလေ "
ရှေ့တွင် ထိုင်နေသော ရှေ့နေဆိုသူကို မအေးနွယ်စိတ်တိုတိုနှင့် ပြောလိုက်မိသည်။
"ဟုတ်ကဲ့ ခင်ဗျ ... ကျွန်တော်အမှုသည် ဒေါ်သုန်က ကျန်းမာရေးအခြေအနေလဲသိပ်မကောင်းတာမို့ ကလေးကိုခဏတာတွေ့ခွင့် တောင်းရုံပါ ..ပြီးတော့ ဒီကလေး ရသင့်ရထိုက်တာတွေကို လွှဲပြောင်းပေးမှာပါ "
"ဘာမှမလိုချင်ဘူး ...သူတို့နဲ့လဲမပတ်သက်ချင်လို့ပါရှင် ... တောင်းပန်ပါတယ် "
နှင်းအိမ်လှေကားဝတွင် ရပ်လျက် အိမ်ထဲမှစကားများကို နားထောင်နေမိသည်။တည်ငြိမ်နေပြီဖြစ်သော မိခင်၏ဘ၀လေးကို ထပ်ပြီး နှောက်ယှက်လာကြပြန်ပြီလေ။နှင်းအိမ်တံခါးကိုတွန်းဖွင့်လျက် အထဲသို့ လှမ်းဝင်လိုက်သည်။
'' သမီးပြောလိုက်မယ် အမေ...အမေဆိုင်မှာ သွားနေလိုက်လေ "
သမီးဖြစ်သူ၏ စကားကြောင့် မအေးနွယ် မျက်နှာထားတင်းတင်းနှင့်ထိုင်နေရာမှ ထလိုက်သည်။သည်ကိစ္စသည် သမီးနှင့်ပတ်သက်နေသောကိစ္စဖြစ်သည်။သို့အတွက် သမီးဖြစ်သူ၏ စိတ်တိုင်းကျဆုံးဖြတ်ဖို့ ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။
မိခင်ဖြစ်သူ အောက်ထပ်သို့ဆင်းသွားသည်နှင့် ရှေ့နေဆိုသူကို နှင်းအိမ် ခပ်တိုးတိုးပြောလိုက် သည်။
" ဒီကိစ္စက အပြတ်မရှင်းမချင်း ပြီးမဲ့ကိစ္စ မဟုတ်တော့ .. ကျွန်မကို သူတို့နဲ့တွေ့ရအောင် ချိန်းပေးပါ ...သူတို့အိမ်ကို ကျွန်မ မသွားနိုင်ပါဘူး ... ကျွန်မတို့အိမ်ကိုလဲ သူတို့ကို လာခွင့်မပြုဘူး ....အဲ့ဒီတော့.. ရန်ကုန်မြို့ထဲက အဆင်ပြေတဲ့နေရာမှာ ချိန်းပေးပါ ..သူရဲသား ဦးမြင့်မောင်နဲ့ပါ တွေ့ချင်တယ်လို့ ပြောပေးပါ "
" ဟုတ်ကဲ့ စိတ်ချပါခင်ဗျာ...တွေ့ဖို့ရက်ရတာနဲ့ ကျွန်တော် အကြောင်းကြားပေးပါ့မယ် ...."
~~~~~
သပ်သပ်ရပ်ရပ်ဖြစ်သွားသော ဆိုင်၏အခင်းအကျင်းကို ကြည့်ပြီး လမင်းကျေနပ်နေသည်။တိုးတက်လာသော ခေတ်ရေစီးကြောင်းထဲမှာ အမှီလိုက်နိုင်အောင် လမင်းကြိုးစားနေရသည်။ရည်းမှန်းချက်တွေကို လုပ်ဆောင်နိုင်ဖို့အတွက် မကြိုးစားနိုင်အားသေးဘဲ ကျေးဇူးတရားတွေကျေပွန်ဖို့ အရင်ကြီးစားရပေမည်။တွက်ကြည့်လျှင် လူငါးယောက်၏နေ့စဉ်စရိတ်သည် မသေးလှ။ လမင်းနှင့်မိခင်ဖြစ်သူကလွဲပြီးကျန်လူများမှာ အသက်ကြီးရင့်ကုန်ကြပြီ။ အားလုံးအတွက် လမင်းကြိုးစားမှ ဖြစ်မည်။
"ကျွန်တော် ..မမစိုးတို့ဆီက ငွေ နည်းနည်းယူထားတယ် ဘကျော် ...ဆိုင်ထဲမှာလိုအပ်သမျှ ထပ်ဖြည့်လိုက်တယ် "
" အေးပါကွာ ... ငါ့သား အဆင်ပြေအောင်သာလုပ် ... ငွေက ဘဏ်ထဲမှာဘကျော်တို့ ပိုက်ဆံနည်းနည်းရှိပါတယ် ...ယူသုံးလေကွာ "
ဦးကျော်တို့ကဆိုင်၏အလုံးစုံကို လမင်းလက်ထဲသို့ ၀ကွပ်အပ်လိုက်ပြီဖြစ်သောကြောင့် လမင်းက ဆိုင်ကို ခေတ်နဲ့အညီ ပြုပြင်ပြောင်းလဲလိုက်သည်။နှစ်ထပ်အိမ်ကြီး၏ အိမ်အောက်ထပ်တစ်ထပ် လုံးတွင် ပစ္စည်းအပြည့်ဝယ်ထည့်လိုက်သည်။ဘာလာမေးမေး မရှိဘူးဆိုတာမျိုးမရှိရလေအောင် ကုန်ခြောက်ကနေ မီးဖိုချောင်သုံးပစ္စည်းမျိုးစုံလည်းတင်ထားလိုက် သည်။အရောင်းအကူအတွက် အလုပ်သမားသုံးယောက်ခေါ်ထားရသည်။အရောင်းသမားများကို ချိုချိုသာသာပြောတတ်အောင် သင်ရသည်။ဆိုင်ကို သည်ထက် မက တိုးချဲ့နိုင်ဖို့ လမင်းကြိုးစားရအုံးမည်။
~~~~~
" နှင်းအိမ်...နင်ဘယ်သွားမလို့လဲ "
တနဂ်နွေရက်ကြီးမှာ မပြင်စဖူး အလှတွေပြင်ထားပြီး၊အ၀တ်အစားသပ်သပ်ရပ်ရပ်နှင့် လှလှပပဝတ်စားထွက်လာသောနှင်းအိမ်ကိုတွေ့ပြီး သူရမေးလိုက်သည်။
"ကမ္ဘာအေးဘက်သွားမလို့ပါ ... ကိုသူရကဘယ်လဲ ... ဒီနေ့ အလုပ်မသွားဘူးလား "
" ဒီနေ့ ပိတ်ရက်လေ ...လမင်းတို့ဆိုင်ကိုသွားမလို့ ... နင်ရောသူနဲ့ တွေ့ဖြစ်ရဲ့လား "
ကိုသူရ၏ အမေးကြောင့် နှင်းအိမ်ခေါင်းယမ်းပြလိုက်ပြီး
"မတွေ့ဖြစ်ပါဘူး ..သူလဲသူ့ဆိုင်နဲ့ သူလေ... နှင်းအိမ်လဲဈေးသွားမဝယ်ဖြစ်ဘူးလေ...."
အဘိုးတို့ပေးသော ငွေနှင့် စတိုးဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး အမေတို့နှင့် မနီးမဝေးတွင်နေမည်ဟု စိတ်ကူးထားမိသည်။အမေသည် နှင်းအိမ်အတွက် သူ၏ငယ် ရွယ်နုငယ်လှသော ဘ၀ကိုပေးခဲ့ပြီးပြီလေ။နှင်းအိမ်လည်း အသက်နှစ်ဆယ်ပြည့်ခဲ့ပြီမို့ အမေ့ပျော်ရွှင်မှုအတွက် တလှည့်ကြည့်ပေးရအုံးမည်လေ။
~~~~~~
စတိုးဆိုင်ထဲသို့ ဝင်တော့မည့်နှင်းအိမ်၏ ခြေလှမ်းများသည် စတိုးဆိုင်ထဲမှ မြင်ကွင်းကြောင့် ရပ်တန့်သွားမိသည်။စတိုးဆိုင်ထဲတွင်တော့ လမင်းနှင့်ပပစိုးတို့ ရယ်ကာမောကာနှင့်စကားပြောနေကြသည်။နှင်းအိမ်တို့နှင့်ဆိုလျှင် အမြဲရုပ်တည်ကြီးနှင့်နေသူ။ မအားလပ်ဟု အကြောင်းပြလျက် စကားပင် ကောင်းကောင်းမပြော။နှင်းအိမ်ကို မဆိုထားနှင့်အမေ့ကိုပင် အရင်လို အလုပ်သွားပြန်ချိန်များတွင် ဝင်ပြီး နှုတ်ဆက်ခြင်းမရှိတော့ ။ဆယ်စုနှစ်ကျော်သံယောဇဉ်သည် သည်မျှလောက် ပေါ့တန်ခဲ့သည်လေ။နှင်းအိမ် မြင်ကွင်းကို ကျောခိုင်းပြီး ချာခနဲလှည့်ထွက်ခဲ့မိသော်လည်း အမျိုးအမည်မသိ သော ခံစားချက်များနှင့် ရင်ထဲလေးလံသွားမိလေသည်။
~~~~~~
" ဒါဆို ..သားတို့တစ်မိသားစုလုံး ဦးကျော်တို့ဆိုင်ကို ပြောင်းကြတော့မှာပေါ့ဟုတ်လား.... မေနွယ်တို့တော့ ပျင်းကျန်နေခဲ့တော့မှာပဲ "
မအေးနွယ်ဝမ်းသာဝမ်းနည်းဖြင့် ပြောလိုက်မိသည်။
"ဘကျော်တို့က အသက်ကြီးလာတော့ ..ညရေးညတာဆိုနှစ်ယောက်တည်း စိတ်မချလို့ပါမေ နွယ် ... ဒီမှာလဲ အမေနဲ့အဘွားကို စိတ်မချ ... ဟိုမှာလဲ ဘကျော်တို့ကိုစိတ်မချနဲ့ မို့ပါ .... ပြီးတော့ ဒီလထဲ ဘကျော်ကကျန်းမာရေးလဲ သိပ်မကောင်းဘူးဖြစ်နေလို့ "
"အင်းပါ လမင်းရယ် ...သားလဲ အလုပ်တွေ တအားမလုပ်နဲ့ ကိုယ့်ကိုယ်ကို ဂရုစိုက်အုံး.... မနက်ဖြန်ပြောင်းကြမှာပေါ့ ... "
" ဟုတ်ကဲ့ပါ မေနွယ် ''
ဆိုင်ထဲတွင် လမင်းနှင့်အမေပြောနေသော စကားသံများကို နှင်းအိမ်ကြားနေရပါလေသည်။သို့သော်လည်း ဆိုင်ပြင်သို့ထွက်မကြည့်မိတော့ပါ။ ထွက်ကြည့်တော့လည်း သူနှင့်နှင်းအိမ်ကြားမှပြောစရာစကားမှမရှိတာ။ ကိုယ့်အပေါ် ငယ်သူငယ်ချင်းသံယောဇဉ်ပင် မထားချင်သောသူကို နှင်းအိမ်လည်း တွေ့ချင်စိတ်မရှိတော့ပါ။
" သမီးရေ နှင်းအိမ် .. ဒီမှာ လမင်းတို့က ..မနက်ဖြန် ဘကျော်တို့ဆီကို ပြောင်းမှာတဲ့ ...သမီးရဲ့မေတုတ်နဲ့ ဘွားကြည်ကို ..သွားကူ သိမ်းပေးလိုက်အုံးလေ "
မိခင်၏အသံက နှင်းအိမ်ဟင်းချက်နေသော နောက်ဖေးခန်းထဲအထိ ၀င်ရောက်လာသည်။
"ဟုတ်ကဲ့ အမေ ..... ဟင်းအိုးကျက်ရင် သွားလိုက်မယ် "
နှင်းအိမ် အမေ့ကိုအသံပြန်ပေးလိုက်သည်။လူကတော့ အပြင်ကို ထွက်မသွားသေးဘဲ ရပ်နေမိသည်။
" အဲ့ဒါဆို ကျွန်တော်ဆိုင်ကို ပြန်လိုက်အုံးမယ် မေနွယ် ..."
လမင်းနှုတ်ဆက်ပြီးထွက်သွားသောအသံကိုကြားလိုက်ရပြီး အတန်ကြာမှ နှင်းအိမ်အပြင်သို့ထွက်လာခဲ့သည်။
မအေးနွယ် သမီးဖြစ်သူကို လှမ်းကြည့်လိုက်မိသည်။သမီး၏ မျက်နှာလေးသည့် မှုန်မှိုင်းအေးစက်နေသည်ဟု မအေးနွယ်ထင်မိသည်။သမီးကို မအေးနွယ် လွှတ်ခနဲ မေးလိုက်မိသည်။
"သမီးနဲ့လမင်း ရန်ဖြစ်ထားတာလား "
" မဖြစ်ပါဘူးအမေ ...သမီးတို့ကလေးတွေ မဟုတ်တော့ဘူးလေ ...ကိုယ့်အလုပ်နဲ့ ကိုယ်ဆိုတော့.. စကားသိပ်မပြောဖြစ်ကြတော့တာပါ "
~~~~~~~
"မငိုပါနဲ့ မေတုတ်ရယ် ..အဝေးကြီးမှ မဟုတ်တာ ..မေတုတ် သတိရရင်.. နှင်းအိမိတို့ဆီလာလို့ရတာပဲ "
အိမ်မပြောင်းချင်သဖြင့် ငိုနေသောမေတုတ်ကို နှင်းအိမ်မနည်းချော့နေရသည်။
"ဟင့်အင်း ... နှင်းအိမ်နဲ့ အေးနွယ် ပါ မေတုတ်တို့နဲ့ လိုက်ခဲ့လေ .... သူတို့ဈေးဆိုင်က အကျယ်ကြီးပဲဟာ .. မေတုတ်ကမပြောင်းချင်ဘူး.. သားကပြောင်းရမယ်ပြောနေလို့ ..သားလေးစိတ်ဆင်းရဲမှာစိုးလို့ ပြောင်းရမှာ ...နှင်းအိမ်တို့နားမှာပဲ နေချင်တယ် ....လိုက်ခဲ့နော် သမီးလေး "
တငိုငိုတရယ်ရယ်နှင့်ဖြစ်နေသော သမီးဖြစ်သူကိုဒေါ်အေးကြည်စိတ်မကောင်းစွာကြည့်နေမိသည်။သားဆိုသည်မှာလည်း မည်မျှပင်လိမ္မာစေကာမူ သမီးမိန်းခလေးနှင့်တော့ ကွာသည်လေ။မိန်းခလေးဆိုတာက ကြင်ကြင်နာနာယုယုယယနှင့်ပြောတတ်ဆိုတတ်သည်။သည်ကြားထဲနှင်းအိမ်ကလည်း မေတုတ်ဟုပါးစပ်ဖျားမှမချဘဲ အလုပ်လေးလာဝိုင်းကူပေး၊ အလှတွေလာလာပြင်ပေးဆိုတော့ မိတုတ်က နှင်းအိမ်ကိုသားဖြစ်သူလမင်းကိုချစ်သကဲ့သို့ချစ်ရှာသည်။
" နှင်းအိမ်တို့တော့ လိုက်လို့မရဘူးလေ မေတုတ်ရဲ့ ... နှင်းအိမ်တို့အိမ်မှာမေတုတ်နေခဲ့မလား ... လမင်းကို ပြောပေးမယ်လေ "
နှင်းအိမ်၏အမေးကြောင့် မိတုတ်ငြိမ်ကျသွားသည်။နှင်းအိမ်ကို ချစ်ပါသော်လည်း ဝမ်းနှင့် လွယ်မွေးထားရသော သားဖြစ်သူ ထက်တော့ မပိုနိုင်သည်လေ။
~~~~~
"သူတို့ကို လမင်းသိလို့လား ... သူတို့မိသားစုပိုင်တဲ့ ကုမ္ပဏီတွေ တော်တော်များတယ်...အဲ့ဒီထဲမှာ တည်းခိုခန်းတွေနဲ့စားသောက်ဆိုင်တွေလဲပါတယ်လမင်းရဲ့ ...."
မမစိုးခေါ် ပပစိုး၏စကားကြောင့် လမင်းအံကိုမသိမသာ ကြိတ်လိုက်မိသည် ။
'' ဒါနဲ့ သူတို့နဲ့ ပတ်သက်တဲ့ အသိမိတ်ဆွေတွေဘာတွေ...မမစိုးတို့မသိဘူးလား "
#မုန်းမာန်
(အခန်းဆက် ဝတ္ထုရှည် )
အပိုင်း (၁၆)
*********
"ကျောင်းတက်ဖို့ကိစ္စလေ ..နင်အဝေးသင်ပဲတက်မှာလား "
" ဟုတ်တယ် အဝေးသင်ပဲတက်မှာ ..သူရရောပဲလေ ..နင်ကတော့ ဒေးတက်မှာမဟုတ်လား "
လမင်း၏အမေးကို နှင်းအိမ်ကခေါင်းခါပြလိုက်ပြီး
"ဟင့်အင်း ... ငါလဲ နင်တို့နဲ့ အတူတူလိုက်တက်မလို့လေ ... အဝေးသင်တက်တော့ အလုပ်လုပ်လို့လဲရတယ် "
" ငါတို့နဲ့ ဘာလို့လိုက်တက်မှာလဲ ....မေနွယ်က ကျောင်းထားနိုင်တာပဲဟာ ....ငါတို့နဲ့ နင်က အခြေအနေမှမတူတာ "
လမင်း၏စကားကြောင့် နှင်းအိမ်နှုတ်ခမ်းကို တစ်ချက်ဖိကိုက်လိုက်မိပြီး
"ဘာအခြေအနေမတူတာလဲ ....ငါ့အမေလဲ မီးဖိုနားတစ်နေကုန်တစ်နေခန်းချက်ပြုတ်ပြီးမှ... ငါ့ကို ကျောင်းထားပေးရမှာလေ .. အဲ့ဒါကို ငါကလှလှပပလေးဝတ်စားပြီး ကျောင်းသွားတက်နေရမှာလား...နင့်စကားပြောတာက တစ်မျိုးကြီးပဲလမင်း ... ဘာကိုမကျေမနပ် ဖြစ်နေတာလဲ ...ဘကျော်တို့ ဆိုင်မှာ ငါဈေးလာဝယ်ရင်လဲ ...နင်ရှောင်ထွက်သွားပြီး ..အခြားသူနဲ့ရောင်းခိုင်းတယ်...နင်က ဘာဖြစ်နေတာလဲ ...နင့်ကိုငါက ဘာလုပ်နေလို့လဲ "
နှင်းအိမ်ပြောရင်းမှ ဒေါသ ထွက်လာမိပြီး အသံမာမာနှင့် ပြောလိုက်သည်။
" နင်ကလဲ ဘာတွေပြောနေတာလဲ ..နင့်ကိုငါကဘာလို့ ရှောင်ရမှာလဲ ... ငါ့မှာလုပ်စရာတွေ အများကြီးရှိတယ် ... ဒါကြောင့်သူငယ်ချင်းတွေကို ဦးစားမပေးနိုင်ဘူး ..."
လမင်း၏စကားကြောင့် နှင်းအိမ်ရင်ထဲတင်းခနဲဖြစ်သွားမိပြီး ဘာမျှပြောမနေတော့ဘဲချာခနဲလှည့်ပြန်ခဲ့သည်။
နှင်းအိမ်ပြန်သွားသည်ကို လမင်း တိတ်ဆိတ်စွာရပ်ကြည့်နေမိသည်။
~~~~~~~
"ခေတ်တွေက ပြောင်းလာပြီလေ... ကျွန်တော်တို့ ဆိုင်ကိုဒီတိုင်းရောင်းနေလို့တော့ မဖြစ်ဘူး ဘဘနဲ့ကြီးကြီး ... လက်လီရော လက်ကားပါရအောင် ဆိုင်ကိုတိုးချဲ့သင့်တယ်ထင်တယ် ..ခုဆို ဆိုင်ပြိုင်တွေကလဲ ... တစ်ဆိုင်ပြီးတစ်ဆိုင်ပေါ်လာကြပြီးလေ "
လမင်းပြောသည်ကို ဦးကျော်တို့ ဇနီးမောင်နှံကနားထောင်နေပြီးနောက်
"ဘကျော်တို့က အသက်ကြီးကြပါပြီကွာ ....ဘကျော်တို့မှာ ဆွေမျိုးသားချင်းလဲရှိတာမဟုတ်ဘူး ... အဲ့ဒီတော့ ငါ့သားလုပ်နိုင်တယ်ဆိုရင် လုပ်သာလုပ် ..သားကို ဘကျော်တို့ယုံတယ် ... ဘကျော်တို့ လင်မယားကတော့ ခရီးတွေထွက်ရင်း အေးအေးဆေးဆေး နေချင်နေပြီ ..ဘကျော်တို့က သားကို အမွေစားအမွေခံအဖြစ် စာချုပ် အခိုင်အမာနဲ့မွေးစားချင်တယ် ... ကံကြမ္မာဆိုတာ ပြောလို့ရတာမဟုတ်ဘူး ...သားကိုသိန်းရာချီ အမွေမပေးနိုင်ပေမဲ့ ဘဘတို့ရဲ့ အိမ်လေးကိုတော့ ငါ့သားကိုရစေချင်တာ ...ဆိုင်ကလဲ ငါးသားလက်ထဲကိုလွှဲလိုက်ပြီပဲ ... ငါ့သား စိတ်ကြိုက်သာလုပ် "
ဘကျော်၏စကားကြောင့် လမင်းရင်ထဲမှာ တင်းကြပ်သွားသလိုတော့ခံစားလိုက်ရသည်။ယခုအခါ ဘကျော်တို့၏ကုန်စုံဆိုင်လေးက အပြိုင်အဆိုင် ဆိုင်ကြီးများကြားမှာ ကြိုးစားရုန်းကန်နေရသော အခြေအနေဖြစ်သည်။ဘကျော်နှင့်ကြီးစန်းတို့၏ အသက်များသည်လည်း ခုနစ်ဆယ်နားနီးနေကြပြီ။လောက်လောက်လားလားလား အားကိုးစရာဆွေးမျိုးသားချင်းများလည်းမရှိကြ။ ဒါကိုသိသိနှင့်ထားပစ်ခဲ့ပြီးလမင်းထွက်သွားလျှင် လမင်းလောက်လူမဆန်သည့်သူရှိမည်မထင်။ကျောင်းသားဘဝတစ်လျှက်လုံး ဘကျော်တို့၏ အကူအညီ အထောက်အပံ့များနှင့်နေခဲ့ရသည်လေ။သို့သော်လည်း လူကြီးလေးယောက်လုံးကို လမင်း တာဝန်ယူစောင့်ရှောက်ရမည်ဆိုလျှင် လမင်း၏ရည်ရွယ်ချက်များ မှေးမှိန် ဝေဝါးသွားမည်ကိုလည်းစိုးရိမ်မိသည်။လမင်းအတန်ကြာ တွေဝေနေမိသည်။ဘကျော်နှင့်ကြီးစန်းက လမင်းကိုမျှော်လင့်တကြီးကြည့်နေကြရှာသည်။လမင်းမည်သို့ ခေါင်းခါရမည်နည်း။
~~~~~
ဦးမျိုးအောင်သည် သူ့ရှေ့တွင်ထိုင်နေသော နှင်းအိမ်ကို မျက်နှာချင်းဆိုင် မကြည့်ရဲဘဲ မျက်နှာကို အောက်သို့ ငုံ့တားလိုက်သည်။
" ဦးလေးအသက်က ဘယ်လောက်ရှိပြီလဲ "
နှင်းအိမ်က ခပ်ရဲရဲမေးလိုက်သည်။
"လေး ... လေးဆယ့်ငါးနှစ်ပါ ."
"အမေက လေးဆယ်ဆိုတော့ လိုက်ဖက်ပါတယ် ....ဒါပေမဲ့ နှင်းအိမ်ကျောင်းပြီးမှ ဦးလေးကိုခွင့်ပြုပေးမယ် .... ကျောင်းပြီးဖို့က တစ်နှစ်ပဲကျန်တော့တာပါ ...ဦးလေးစောင့်နေပေးနိုင်မလား ..အမေကတော့ နှင်းအိမ်ကို ငဲ့ပြီးငြင်းနေမှာပဲ....ဦးလေးသာ စိတ်မပြောင်းဘဲ အမေ့ကိုချစ်နေမယ်ဆိုရင် ...နှင်းအိမ်ကျောင်းပြီးတာနဲ့ ဦးလေးနဲ့ အမေ့ကိုလက်ထပ်ပေးမယ် ...ကြားထဲမှာရှုပ်ရှုပ်ယှက်ယှက်တော့ မလုပ်နဲ့နော် ဦးလေး .. နှင့်အိမ်အကြောင်း သိတယ်မဟုတ်လား "
" အေး..အေးပါသမီးရယ် "
ဦးမျိုးအောင်ကို ပြောပြီးသည်နှင့် နှင်းအိမ်ရင်ထဲပေါ့ပါးသွားမိသည်။ဦးမျိုးအောင်နဲ့ပတ်သက်ပြီး အမေ့ရင်ထဲမှာ ခံစားချက်ရှိရှိနှင့် နှင်းအိမ်ကိုငဲ့ပြီးမျိုသိပ်ထားသည်ကို နှင်းအိမ်သိသည်။တစ်ယောက်ကလည်း မတုန်မလှုပ်ကျောက်ဆစ်ရုပ်၊ တစ်ယောက်ကလည်း ဆိုင်တွင်ထမင်းလာစား၊ ထိုင်ငေး ၊ပြီးလျှင်ထပြန်။သူတို့နှစ်ချီ သည်လိုနေနေကြသောအခါ ကြားထဲမှ နှင်းအိမ်ကပင် မိခင်ကိုရောဦးမျိုးအောင်ကိုပါ သနားလာမိသည်။ထိုအတွက် နှင်းအိမ်ကပဲ အကောင်းဆုံးနည်းလမ်းကိုစဉ်းစားလိုက်သည်။အမေသာ ဦးမျိုးအောင်နှင့်လက်ထပ်လိုက်လျှင် မီးဖိုနားတွင်ထမင်းဟင်းချက်ရသောဘဝမှ အမေ လွှတ်မြောက်သွားမည်။နှင်းအိမ်ကတော့
"ဟို ..ဟို .. မ ..မသိဘူး သမီးရဲ့ ... သူ...သူတို့အိမ်ပြောင်းသွားကြပြီ "
" ဪ "
မိခင်ကြီး၏ စကားကြောင့် မိတုတ်ငိုင်ကျသွားသည်။လမင်းက မိခင်ဖြစ်သူကို ကြည့်လိုက်ပြီး
" အိမ်ကိုသွားကြမယ်လေ အမေ .. ပြီးရင် ကျွန်တော်ဘကျော်တို့ ဆိုင်ကိုသွားရအုံးမယ် "
ပြောပြီးသည်နှင့် အဘွားဖြစ်သူ၏ အိတ်ကို ဆွဲယူလိုက်ပြီးအိမ်ဘက်သို့ လမင်းပြန်ခဲ့လိုက်သည်။မျက်လုံးထဲမှာတော့ မိခင်၏ ညိုးလျမှိုင်ငေးသွားသော မျက်နှာကိုသာ မြင်ယောင်နေမိလေသည်။
~~~~~~~
ည(၇)နာရီကျော်တွင် နှင်း အိမ်တို့ ဆိုင်ပိတ်သည်။ထိုအချိန်ထိ လမင်းပြန်လာသည်ကို မတွေ့ရ။နှင်းအိပ်သတိထားမိသလောက် လမင်းတစ်ယောက် သူ့အဘွား ရောက်လာပြီးကတည်းက ညဆိုလျှင်ကိုးနာရီကျော်မှ ပြန်လာတတ်သည်။မနက်ဆိုလျှင် ခြောက်နာရီမထိုးခင်ထသွားသည်။နှင်းအိမ်မှာ သူနှင့်ပြောစရာကိစ္စရှိ၍ ချောင်းနေသော်လည်း မဆုံဖြစ်။ဘကျော်တို့ ဆိုင်သို့လိုက်သွားလျှင်ရသော်လည်း ဆိုင်တွင် ဝယ်သူများ အမြဲစည်ကားနေသောကြောင့် စကားပြောဖို့အခွင့် အရေးမရ။ယနေ့တော့ လမင်းနှင့်
ရအောင်တွေ့မည်ဟု နှင်းအိမ် ဆုံးဖြတ်ထားလိုက်သည်။
" အမေ ...သမီးမေတုတ်တို့အိမ်သွားလိုက်အုံးမယ် ... လမင်းကို ကျောင်းကိစ္စပြောစရာရှိလို့ "
" ဪ ..အေး..အေး ... အမေလိုက်ခဲ့ရအုံးမလား "
မအေးနွယ် သမီးကိုမေးလိုက်ရင်း မသိမသာအကဲခတ်လိုက်မိသည်။
" ရတယ် အမေ .. ခဏလေးပါ လမင်းပြန်ရောက်နေသံလဲကြားတယ် "
" အင်းပါ ....အကြာချည်းမနေနဲ့နော် သမီးမိုးချုပ်နေပြီမို့ "
" ဟုတ်ကဲ့ပါ အမေ "
သမီးဖြစ်သူအောက်ထပ်သို့ ဆင်းသွားသည်နှင့် မအေးနွယ်လည်း ခြေကိုဖော့နင်းပြီးအိမ်ရှေ့ဝရံတာဆီသို့ထွက်ခဲ့ လေသည်။
~~~~~~~
"လမင်း ..လမင်းရေ.. အိမ်ရှေ့ကို ခဏထွက်ခဲ့အုံး "
လမင်းတို့အိမ်၀တွင်ရပ်ပြီး နှင်းအိမ်လှမ်းခေါ်လိုက်သည်။
"ဘယ်သူလဲ ....နှင်းအိမ်လား အိမ်ပေါ်တက်လေကွယ် ..လမင်းရေ သားလေး .. သားကိုနှင်းအိမ်ခေါ်နေတယ် "
မိတုတ်သည် ဘုရားရှိခိုးနေသော မိခင်ကြီးကိုယက်ခတ်ပေး နေရာမှ အိမ်ဝမှနှင်းအိမ်အသံကိုကြားပြီး လမင်းကိုလှမ်းခေါ်လိုက်သည်။မိခင်၏ခေါ်သံကြောင့် လမင်းအိမ်ရှေ့သို့ထွက်လာခဲ့လိုက်သည်။
" နှင်းအိမ်လာလေ အိမ်ပေါ်တက် "
" ငါ မတက်တော့ဘူး ...နင့်ကို ပြောစရာရှိလို့လာခဲ့တာ "
" ဟုတ်လား... ပြောလေဘာကိစ္စလဲ "
နှင်းအိမ်ကို အိမ်ပေါ်သို့ ခေါ်မရသဖြင့် လမင်းက အိမ်အောက်သို့ ဆင်းလာပြီး နှင်းအိမ်ကိုမေးလိုက်သည်။
@@@@@@@@@@@@@@@@@@@@@@
အပိုင်း (၁၆ ) ဆက်ရန်
#ဧကြည်ဖြူ
" ဟုတ်လား ..အင်း..အင်း
သားဖြစ်သူ၏ စကားကြောင့် မိတုတ်ကခြေထောက်များကို ဆတ်ခနဲဆတ်ခနဲခါလိုက်ပြီး ထမင်းဆိုင်ထဲသို့ ဝင်လိုက်လေသည်။ ပြီးလျှင် မအေးနွယ်ကို လှမ်း၍ မေးလိုက်သည်။
" အေးနွယ်ရေ ..ငါ့သားက ငါ့အတွက်လက်ဆောင်ပါလာတယ်တဲ့....အဲ့ဒါနင့်ဆီမှာလား "
မိတုတ်၏ အမေးကြောင့် မအေးနွယ် မှာကြောင်တောင် တောင်ဖြစ်နေစဉ် ဆိုင်ဝကို ကျောခိုင်းကာထမင်းစားနေသော ဒေါ်အေးကြည်သည် အနောက်သို့လှည့်ကြည့်လိုက်ပြီးလျှင်
"သ ..သမီး ...မိတုတ် "
ခေါ်သံကြောင့် မိတုတ်မှာ ရုတ်တရက်ကြောင်အလျက်ဖြင့် ယခင်ကနှင့်ခြားနားလှစွာ ပိန်လှီအိုမင်းနေရှာပြီးဖြစ်သော မိခင်ကို မမှတ်မိနိုင်ဘဲ ခပ်ကြောင်ကြောင်ကြည့်နေမိသေးသည်။အတန်ကြာ သောအခါမှ ခြေထောက်များကို တဆတ်ဆတ်ခါလိုက်ပြီး
"အမေအေးကြည်တော့ ... မိတုတ်ရဲ့အမေပဲ ...အီး ..ဟီးဟီး ..အမေ ဘာလို့ ပိန်သွားတာလဲတော့ ...အမေ့ကို သူတို့ထမင်းမကျွေးကြဘူးလားဟင် ....အီး ..ဟီး..ဟီး "
မိတုတ်သည် ရှိုက်ကြီးတငင် ငိုလျက် မိခင်ကိုပြေးဖက်လိုက်သည်၊၊ ဒေါ်အေးကြည်သည်လည်း သမီးဖြစ်သူကိုပွေ့ဖက်လျက် ချုံးပွဲချငိုလိုက်လေသည်။
" အမယ်လေး ငါ့သမီးလေး ... ကံကောင်းလို့ မသေကောင်းမပျောက်ကောင်းကွယ် ...သမီးသာဒီလိုအသက်ရှင်နေမှန်းသိရင် အမေ့လိုက်ရှာမှပေါ့ မိတုတ်ရဲ့ ...ညည်းတော်တော်ရက်စက်တယ် ... ထွက်ပြေးမယ်ဆိုရင်လဲ ဒီအမေကိုပါ ခေါပါလားအေ "
လမင်းသည် ဘွားအေနှင့်မိခင်ကိုကြည့်ပြီး ပါးပြင်ပေါ်သို့စီး ကျလာသော မျက်ရည်စများကို တစ်ဖက်သို့လှည့်ကာသုတ်နေမိသည်။
မအေးနွယ်နှင့်နှင်းအိမ်မှာတော့ ဘာမျှနားမလည်နိုင်ဘဲ မြင်ကွင်းကို ကြောင်ငေး၍ကြည့်နေမိကြလေသည်။
~~~~~
"တော်သေးတာပေါ့ လမင်းရယ် .. ဘွားအေနဲ့ရှောရှောရှူရှူနဲ့တွေ့ခဲ့လို့ပေါ့ကွယ် ...အဲ့ဒီလိုသွားမှာဖြင့်လဲ မေနွယ်တို့ကိုပြောမသွားဘူး "
" ပြောသွားပြီးမှ ..မတွေ့ဘဲပြန်လာရင်စိတ်မကောင်းဖြစ်မှာစိုးလို့ ....ကြိုပြီးပြောမသွားတာပါ မေနွယ် ... ကျွန်တော်တောင်းပန်ပါတယ် "
" တောင်းပန်စရာမလိုပါဘူးကွယ် ....မေနွယ်ကစိုးရိမ်လို့ပါ "
နှင်းအိမ်သည် မိခင်ဖြစ်သူ၏ ဘေးနားတွင်ရပ်လျက်မှ လမင်းတို့ မြေးအဘွားသုံးယောက်ကို ကြည့်နေမိသည်။ပြုံးနေသော လမင်း၏ မျက်နှာလေးကိုနှင်းအိမ်မသိမသာခိုးကြည့်လိုက်ပြီး နှင်းအိမ်ပါ လိုက်၍ပြုံးလိုက်မိသည်။မျက်နှာချင်းဆိုင်မိသည်နှင့် နှစ်ယောက်သားမတည့်ကြသော်လည်း တစ်နေကုန်နေ၍ တစ်ခေါက်တလေမျှမတွေ့ရလျှင် သတိရမိသည်လေ။တွေ့ကြပြန်တော့လည်း အလကားနေရင်းမာနကြီးသော၊ နှင်းအိမ်ပြောသမျှကို ခေါင်းခါ ငြင်းဆန်တတ်သော၊ နှင်းအိမ်ထက်ပိုပြီး တခြားအပေါင်းအသင်းမိတ်ဆွေများကို ဦးစားပေးတတ်သော လမင်းကို နှင်းအိမ်ကြည့်မရတာတော့ အမှန်ပင်။ငယ်ငယ်တုန်းကဆိုလျှင် အတူကစားကြဖို့နှင်းအိမ်က ခေါ်သည့်အခါတိုင်း အကြောင်းအမျိုးမျိုးပြကာ ငြင်းဆန်တတ်သောလမင်းကို နှင်းအိမ်စိတ်တိုတိုနှင့် ထုခဲ့ရိုက်ခဲ့ရန်လုပ်ခဲ့သည်သာ။ ထို့မှ အထက်တန်းတက်သောအခါ လူကောင်ထွားလာသော လမင်းကို နှင်းအိမ်ရန်မလုပ်ရဲတော့ပေ။နှင်းအိမ်ကတော့ သူနှင့်ဆော့ကစားချင်၊ သွားချင်လာချင်လွန်း၍ သူ့နားကပ်ခဲ့သော်လည်း မာနကြီးတစ်ခွဲသားနှင့်နေလေ့ရှိပြီး နှင်းအိမ်ကိုအဖက်မတန်သလိုမျိုးဆက်ဆံလေ့ရှိသော လမင်းကို တစ်ခါတစ်ရံ၌ နှင်းအိမ်လည်းမုန်းမိလေသည်။
"အမေ့ကို ပြောစရာရှိတယ် ... ဈေးထဲမှာအမေဈေးသွားမရောင်းရတော့ဘူး ... ဈေးရောင်းမယ်ဆိုရင် အိမ်ရှေ့မှာပဲရောင်းရမယ် "
လမင်းက မီခင်ဖြစ်သူကို ပြောလိုက်သည်။ထိုအခါ မိတုတ်သည် သားဖြစ်သူကိုကြည့်လိုက်ပြီးလျှင်
"ဟောတော့.... အိမ်ရှေ့မှာရောင်းရင်ပိုက်ဆံသိပ်မရဘူး သားရဲ့ ... ဈေးထဲမှာသွားရောင်းမှ သားအတွက်ပိုက်ဆံစုလို့ရမှာလေ ....ပိုက်ဆံရမှ အမေတို့လဲ အိမ်ဝယ်ရမယ်လေ "
လမင်းက မိခင်၏လက်ကိုဆွဲယူကိုင်လိုက်ပြီး
" အိမ်ဝယ်ဖို့ ကျွန်တော့်ဘာသာရှာပါ့မယ် ..အမေက အိမ်ရှေ့မှာပဲအေးအေးဆေးဆေးဈေးထိုင်ရောင်း...ပြီးတော့ဟော့ဒီလို အင်္ကျီအဟောင်းအစုတ်တွေကို အကုန်လွှတ်ပစ်ရမယ်..လုံး၀မ၀တ်ရတော့ဘူး "
"မိတုတ်တို့ကတော့ ပျော်စရာကြီး ကွာ ..အမေလဲရောက်လာပြီး ....သားကလဲအားကိုးရပြီ "
မအေးနွယ်သည် လမင်းနှင်မိတုတ်တို့သားအမိကို ကြည့်ပြီး ကြည်နူးပျော်ရွှင်စွာပြောလိုက်မိသည်။လမင်းသည် မိတုတ် အတွက်တော့ မွေးရကျိုးနပ်သောကလေးပါပင်။မိတုတ်အတွက်ငယ်ငယ်ကတော့သား၊ကြီးလာတော့ အားဖြစ်ခဲ့ပြီလေ။ ထို့အတူသမီးလေး နှင်းအိမ်သည်လည်း မအေးနွယ်အတွက် ထီးဖြစ်နေခဲ့ပြီလေ။ယခုဆိုလျှင် မအေးနွယ်မှာ တော်ရုံတန်ရုံဟင်းဆိုလျှင် ၀င်ချက်စရာမလို။နှင်းအိမ်သာချက်သည်။အကူ ခေါ်ထားသောနှစ်ယောက်ကိုလည်း နှင်းအိမ်သာ စီမံလေသည်။ထိုသို့အားကိုးရနေပြီဖြစ်သော သမီးဖြစ်သူအတွက် အေးနွယ်လည်း ကျေနပ်ဝမ်းဝမ်းမြောက်မိသည်လေ။
" အမေ... မောင်မောင်ရောဟင် ...မောင်မောင့်ကို မတွေ့ဘူးလား "
အားလုံးပျော်ရွှင်ရယ်မောနေကြချိန်မှာ မိတုတ်ကမိခင်ကြီးကို ရုတ်တရက် ထမေးလိုက်လေသည်။မိတုတ်၏အမေးကြောင့် ဒေါ်အေးကြည်မှာ ဖြုန်းခနဲဘာပြောရမှန်းမသိဖြစ်သွားပြီး လမင်း၏မျက်နှာကို လှမ်းကြည့်လိုက်သည်။လမင်းက မသိမသာ ခေါင်းယမ်းပြလိုက်သောအခါမှ
အံကိုတင်းတင်းကြိတ်လျက်မှ ပြောနေသောမြေးဖြစ်သူကို ကြည့်ပြီး ဒေါ်အေးကြည်ရင်မောစွာ သက်ပြင်းချလိုက်မိသည်။
~~~~~~
နံနက်ခင်းခြောက်နာရီ။ရန်ကုန်ဘူတာကြီးမှ ထွက်လာသော မြို့ပတ်ရထားသည် သင်္ဃန်းကျွန်းဘူတာသို့ဆိုက်ရောက်လာသည်။
လမင်းသည် လက်တစ်ဖက်တွင်အဘွား၏ အဝတ်အစားအသုံးအဆောင်အိတ်ကိုဆွဲပြီး လက်တစ်ဖက်မှအဘွား၏ လက်ကိုဆွဲလိုက်သည်။လူများရှုပ်ထွေးစည်ကားနေသောမြင်ကွင်းသည် ဒေါ်အေးကြည်အတွက်စိမ်းသက် လွန်းနေသည်မှာတော့အမှန်။ရထားပေါ်သို့ စတင်ပြီးတက်စဉ် ကတည်းက ဟိုလူသည်လူများ က ကြောင်ကြောင်ငေးငေးဖြစ်နေသော ဒေါ်အေးကြည်ကိုတွန်းတိုက်သွားကြသည်လေ။
"လာ အဘွား ....သိပ်မဝေးပါဘူး "
အဘွား၏လက်ကိုဆွဲပြီး ဘူတာလမ်းကြားလေးအတိုင်း လမင်း၀င်လာခဲ့သည်။
~~~~~
"ဟယ် လမင်း ...သားပြန်လာပြီလား ...ဧည့်သည် ပါလာတာလား.. အိမ်မှာ သားအမေမှမရှိတာ ဆိုင်ကိုဝင်အုံး ....မေနွယ် မနက်စာပြင်လိုက်မယ်နော် "
ဆိုင်ရှေ့ကအမေ့အသံကြောင့် နှင်းအိမ်ဟင်းချက်နေရင်းမှဆိုင်ပြင်သို့ ထွက်ကြည့်လိုက်သည်။နှင်းအိမ်ဆိုင်ပြင်သို့ ရောက်သောအခါလမင်းနှင့်အတူ အမျိုးသမီးကြီးတစ်ယောက်ကို တွေ့လိုက်ရသဖြင့် အံ့ဩသွားမိလေသည်။
"မေနွယ် .... အဘွားကိုမေနွယ်တို့ ဆိုင်မှာထားခဲ့မယ်နော် ..ကျွန်တော်...အမေ့ဆီလိုက်သွားလိုက်အုံးမယ် "
လမင်းကနှင်းအိမ်ကို တစ်ချက်ကြည့်လိုက်ပြီး မအေးနွယ်ကို မှာကြားက ဈေးဘက်သို့အပြေးထွက်ခဲ့သည်။မအေးနွယ်က ထမင်းပွဲပြင်လိုက်ပြီး ဒေါ်အေးကြည်ကို ထမင်းစားဖို့ရန် ခေါ်လိုက်သည်။
" အဒေါ်အဆာပြေစာစားလိုက်ပါအုံး ...လမင်းက သူ့အမေကိုသွားခေါ်တာထင်တယ်...ဒီနဲ့သိပ်မဝေးပါဘူး "
မအေးနွယ်မှာ လမင်းနှင့်အတူပါလာသူမို့သာ ဧည့်ခံနေရသော် လည်း အကြောင်းအရာအဖြစ်အပျက်များကို စိတ်ထဲမှသိချင်နေမိပြီဖြစ်သည်။လမင်းကလည်းဘာမှမပြောသွားသောကြောင့်အူလည်လည်နှင့်ဧည့်ခံနေရလေသည်။ထို့အတူနှင်းအိမ်သည်လည်းကြောင်တောင်တောင်နှင့် ငေးကြည့်နေမိလေသည်။
"ထမင်းတစ်ပွဲက ဘယ်လောက်လဲကွဲ့ ....ဈေးများရင်တော့မစားတော့ပါဘူး"
ဒေါ်အေးကြည်သည်သူမရှေ့တွင်ရှိနေသော ထမင်းပွဲကိုကြည့်ရင်းမှမေးလိုက်သည်။
ဒေါ်အေးကြည်၏အမေးကြောင့် မအေးနွယ်ဖြုန်းခနဲမဖြေနိုင်ဖြစ်သွားမိလေသည်။မိခင်၏အခြေအနေကိုရိပ်မိသောနှင်းအိမ်ကအနားသို့ခပ်သွက်သွက်လျှောက်သွားလိုက်ပြီး
"အဘွားက လမင်းရဲ့ဧည့်သည်မဟုတ်လား ....လမင်းနဲ့ မေတုတ်က ထမင်းကိုလပေးနဲ့စားတာ အဘွား ...အဘွားစားတာကိုလဲ အဲ့ဒီထဲမှာမှတ်ထားလိုက်ပါ့မယ် "
"ဟင် ... သူတို့က ကိုယ့်ဘာသာမချက်စားကြဘူးလား ...အဘွား သမီးကထမင်းတောင် မချက်နိုင်တဲ့အခြေအနေဖြစ်နေပြီလားကွယ် "
"ရှင်.. အဘွား ဘာပြောတာလဲ "
ဒေါ်အေးကြည်၏ အပြောကို နှင်းအိမ်နားမလည်နိုင်ဘဲ မေတုတ်ဆီကရထားသောအကျင့်အတိုင်း ခေါင်းကိုသာကုတ်လိုက်မိလေသည်။
~~~~~~~
" ကန်စွန်းရွက်တွေရမယ်..ချဉ်ပေါင်ရွက်တွေရမယ် .. အသီးအရွက်တွေစုံတယ်နော်... လာဝယ်ကြပါအုံးတော် ... "
ဈေးတန်းထဲသို့ရောက်သောအခါ အော်ဟစ်စျေးရောင်းနေသော မိခင်ကိုကြည့်ပြီးလမင်းရင်ထဲဝမ်းနည်လာမိသည်။လူတစ်ယောက်မှာရှိသင့်ရှိထိုက်သည့် အသိဉာဏ်အပြည့်အဝမရှိရှာသောအမေသည် သားသမီးနှင့် ပတ်သက်လျှင် အသိဉာဏ်ရှိသူများထက်ပို၍ အသိဉာဏ်ပိုပြည့်ခဲ့သည်လေ။ လွယ်အိတ်စုတ်ကြီးကိုလွယ်လျက်ရှပ်အင်္ကျီအဟောင်းအစုတ်နှင့်ထဘီခပ်နွမ်းနွမ်းကိုဝတ်ထားသောအမေ။သားအတွက်ဆိုလျှင်ဖြင့် အဝတ်အစားလှလှမြင်လျှင် ဝယ်လာတတ်သောအမေ။ထိုသို့ အမေနှင့်ပတ်သက်၍ တစ်ခါတစ်ရံ အပေါင်းအသင်းများကြားတွင် လမင်းရှက်ရွံ့အားငယ်သလိုဖြစ်ခဲ့ဖူးသည်လေ။ထိုအတွက် ယခုအခါ၌ ရင်ထဲပို၍နာကျင်ရလေသည်။ဟင်းရွက်စည်းများကို ကိုင်လျက်ဈေးဝယ်လာသူများကို လိုက်လံငေးကြည့်ကာ ၀ယ်သူကိုခေါ်နေသော မိခင်ကိုကြည့်ပြီး လမင်းခေါင်းကို အောက်သို့ငုံ့ချလိုက်မိသည်။ထိုအခါ မျက်ဝန်းအိမ်မှမျက်ရည်ပေါက်များသည် ခြေဖမိုးပေါ်သို့ ပေါက်ခနဲပေါက်ခနဲကျသွားလေသည်။
"ဟယ် ...သားလေးလမင်း ...ငါ့သားလေးပြန်လာပြီ...ပျော်ခဲ့လား..ပျော်ခဲ့လား သားလေး ..ဘုရားတွေအများကြီးတွေ့ခဲ့လား "
မိတုတ်သည် အော်ဟစ်ဈေးရောင်းနေရင်းမှ သားဖြစ်သူကို မြင်လိုက်ရသောကြောင့် ကန်စွန်းရွက်စည်းကြီးကို ကိုင်လျက် သားဆီသို့ပြေးသွားလိုက်သည်။အနားသို့ ရောက်သောအခါ မျက်ရည်များသုတ်နေသော သားဖြစ်သူကို တွေ့လိုက်ရသောကြောင့်
"ဟင် ..သားငိုနေတာလား ... ငါ့သားကိုဘယ်သူလုပ်တာလဲ ... ငါ့သားကိုဘယ်သူ ရန်လုပ်တာလဲ ..မိတုတ်အကြောင်း သိသွားမယ်နော် ...ငါ့သားကို လာမထိနဲ့ "
" မ ..မဟုတ်ပါဘူး အမေ.... ကျွန်တော်ငိုနေတာမဟုက်ပါဘူး ... မျက်လုံးထဲ အမှုန်ဝင်သွားလို့ပါ ...အမေ့အတွက် လက်ဆောင်ပါလာတယ် ... ဈေးဗန်းသိမ်းပြီး ပြန်ကြရအောင်နော် "
" လက်ဆောင် ဟုတ်လား ..ဘာလက်ဆောင်လဲ.. ဟီး..ဟီး ..ပျော်စရာကြီး ..ငါ့သားက ငါ့အတွက် လက်ဆောင်ဝယ်လာတယ်တော့ "
~~~~~~
လမင်းက ကုန်စိမ်းထုပ်ကို အိမ်ရှေ့က ဈေးခုံပေါ်မှာချလိုက်ရင်း မိခင်ကိုလှမ်းပြောလိုက်သည်။
" လက်ဆောင်က မေနွယ်တို့ဆိုင်ထဲမှာ အမေရဲ့...ဆိုင်ထဲသွားကြည့်လေ "
#မုန်းမာန်
( အခန်းဆက်ဝတ္တုရှည်)
အပိုင်း (၁၅)
*****
"မင်း....မင်း ...."
" အမယ်လေး မောင်မောင်ရဲ့ ....မင်းမွှေးခဲ့တဲ့မီးလေ ...အခုဘယ်လိုရှင်းမလဲ...သူ့ကို စန္ဒာတို့သားအမိတွေ့သွားလို့မဖြစ်ဘူး သိရဲ့လား "
ဒေါ်ခင်မမက မြေးဖြစ်သူ မောင်မောင်ကို ဒေါသတကြီးနှင့်ပြောလိုက်သည်။မောင်မောင်က လမင်းကို ကြည့်လျက်နှုတ်မှအထစ်ထစ်အငေါ့ငေါ့နှင့် အသံတစ်ပိုင်းတစ်စသာထွက်နိုင်ပြီး တုန်လှုပ်ချောက်ချားစွာ ရပ်နေမိလေသည်။
"သူက မင်းနဲ့ တွေ့ရမှပြန်မယ်တဲ့ ... မင်းတစ်ခုခုလုပ်လေ မောင်မောင် .. တော်ကြာ စန္ဒာတို့ ပြန်လာတော့မယ် ...သူဘာလို့ချင်လို့လာတာလဲမေးလိုက် "
တုန်လှုပ်ချောက်ချားလျက် ကြက်သေသေနေသော သားဖြစ်သူကို ဒေါ်နုနုကသတိပေးလိုက်သည်။ထိုအခါမှ မောင်မောင်သည် သတိဝင်လာပြီးလျှင် လမင်းထိုင်နေရာဆီသို့ တိုးကပ် သွားလိုက်ပြီး
'' မင်း...မင်းက မိတုတ်ရဲ့သားဟု တ်လား...မင်း ဒီကိုဘာလာလုပ်တာလဲ ... မင်းကို ငါတို့မလိုအပ်ဘူး ..ကံကောင်းလို့အသက်ရှင်ခဲ့ရင်လဲ မင်းတို့ဘ၀နဲ့ မင်းတို့နေသင့်တယ် .. ငါတို့ကို လာမနှောက်ယှက်သင့်ဘူး..... မင်းငါတို့ဆီက ဘာလိုချင်လို့ လာရှာတာလဲ ငွေလား "
ဦးမောင်မောင်၏ နှုတ်မှ ထွက်လာသော စကားလုံးများသည် လမင်း၏ နှလုံးသားကို ခပ်ကြမ်းကြမ်း ရိုက်ချပစ်လိုက်သလိုပါပင် ။လမင်းလက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။
" အပြစ်လုပ်ထားတဲ့သူတွေက ဒီလို လွယ်လွယ်ပြောထွက်ရဲကြသားပဲ ...ကြိုဆိုမဲ့သူမရှိပေမဲ့ ဒီကိုလာခဲ့မိတဲ့အတွက် ကျွန်တော် နောင်တမရပါဘူး...မဟုတ်ရင် လူတစ်ယောက်ရဲ့တဏှာစိတ်ကြောင့် လူဖြစ်လာခဲ့တဲ့ကျွန်တော်က... ဘုမသိဘမသိနဲ့ မိဘကျေးဇူးဆိုတဲ့လူတွေရဲ့ စည်းကမ်းဘောင်တွေအောက်မှာပိတ်မိပြီး ဦးမောင်မောင်လိုလူမျိုးကို ရှိခိုးအိပ်နေမိအုံးမယ် ...အခုတော့ရှင်းသွားပါပြီ ... ဘာလဲ ကျွန်တော့်ကိုထပ်ပြီးသတ်ပစ်ဖို့တွေးနေကြတာလား ... ကျွန်တော့်မျက်နှာကို သေချာမှတ်ထားလိုက်ကြပါအုံး ....မကြာခင်တစ်မိသားစုလုံးဆီကို ပြန်လာခဲ့မယ် ... ဦးမောင်မောင်ရဲ့ဇနီးနဲ့ သားကိုလဲ ကြိုတင်ပြောပြချင်ပြောပြထားလိုက်ပါ.... ဒီတခေါက်တော့ငွေမတောင်းသေးပါဘူး .. ဉာဏ်ရည်မပြည့်ဝရှာတဲ့ မိန်းခလေးတစ်ယောက်ကို အနိုင်ကျင့်ရဲတဲ့ လူတွေကိုသိချင်ရုံမြင်ဖူးချင်ရုံသက်သက်လာခဲ့တာပါ ...နောက်တစ်ခေါက်ထပ်တွေ့ရင်တော့ တစ်မိသားစုလုံးဆီက ကျွန်တော်တို့သားအမိရသင့်ရထိုက်တဲ့ အကြွေးတွေကို တောင်းမှာပါ ...ကျွန်တော့်အမေကိုရိုက်နှက်ပြီး ကိုယ်ဝန်ကို ဖျက်ချခိုင်းခဲ့ကြတဲ့ အဘွားတို့နှစ်ယောက်လဲ အသက်ရှည်ရှည်နေကြပါနော် ... ကျွန်တော်ကျိန်းသေလာတွေ့ အုံးမှာမို့ပါ....သွားခွင့်ပြုကြပါအုံး "
လမင်းကျောပိုးအိတ်ကို လွယ်လိုက်ပြီးနောက် အားလုံး၏ရှေ့မှ ခြေသံပြင်းပြင်းနင်းလျက် ထွက်လာခဲ့သည်။
ဒေါ်ခင်မမတို့ သုံးယောက်သားမှာ ဘာမျှပြန်မပြောနိုင်ကြဘဲ ပါးစပ်အဟောင်းသားနှင့် ကျန်ခဲ့ကြလေသည်။ပြီးနောက် ပထမဦးဆုံး သတိဝင်လာသူမှာ ဒေါ်ခင်မမပင် ဖြစ်ပါလေသည်။
" မောင်မောင် ... စန္ဒာတို့ သားအမိကိုဖုန်းဆက်ပြီးခေါ်လိုက် ...ခုချက်ချင်းပြန်ဖို့ပြင် .. နုနုက အလုပ်သမားတွေကို ပစ္စည်းတွေ အမြန်သိမ်းခိုင်းလိုက် ကြားလား ..ဒီကိစ္စ ဘယ်သူမှသိလို့မဖြစ်ဘူး ...ချမ်းမြေ့ကုမ္ပဏီတွေရဲ့ ပိုင်ရှင်သူဋ္ဌေးက ... စိတ်မနှံ့တဲ့ မိန်းမတစ်ယောက်နဲ့ ကလေးတစ်ယောက်မွေးခဲ့တယ်ဆိုတဲ့သတင်းက လုပ်ငန်းရှင်တွေကြားမှာပျံ့သွားရင် ဘာတွေဖြစ်ကုန်မလဲ ...ရှယ်ယာရှင်တွေသာ နှုတ်ထွက်သွားရင် တွေးတောင်မတွေးရဲဘူး ....မင်းအဲ့ဒီကောင်လေးကို ဒီတိုင်းလွှတ်ထားလို့မဖြစ်ဘူးထင်တယ်နော် မောင်မောင် "
"ဟုတ်..ဟုတ်ကဲ့ပါ အဘွား ..."
ဒေါ်ခင်မမသည် အသက် အရွယ် ရှစ်ဆယ်ကျော်စပြုလာပြီဖြစ်သော်လည်း ခင်းပွန်းဖြစ်သူနှင့် သမက်ဖြစ်သူရှိစဉ်ကတည်းကပင် တစ်အိမ်လုံးကို သြဇာညောင်းလာခဲ့သူပီပီ ယောကျာ်းနှင့်သမက်ဖြစ်သူ မရှိကြတော့သည့်အခါတွင်လည်း တစ်မိသားစုလုံးသည် ဒေါ်ခင်မမ အာဏာစက်အောက်တွင်သာတည်ရှိလေသည်။
~~~~~~
ရပ်ကွက်ကအထွက်တွင် အဘွားက အနောက်သို့မျှော်ကြည့်လျက် မျက်ရည်ကျလေသည်။
"နုနုတို့မိသားစုတွေအားလုံး မနေ့ညနေကပဲ ပြန်သွားကြတယ်လို့ သန်းဆင့်ပြောတယ် ....လူလေးနဲ့ ဘာပြဿနာဖြစ်ခဲ့သေးလဲ "
ဘွားအေကြီး၏ အမေးကို လမင်းက ခေါင်းခါပြလိုက်သည်။
" မဖြစ်ပါဘူ အဘွား ...ဘာမှစိတ်မပူပါနဲ့ ... အိမ်ရောက်ရင်သာ အဘွားကိုအမေက ဦးမောင်မောင်အကြောင်းမေးခဲ့ရင် ...သေသွားပြီလို့သာ ဖြေပေးပါအဘွား ... သူလိုလူယုတ်မာအကြောင်းကို အမေကသတိတရနဲ့ ပြောနေတာကို ကျွန်တော်မကြိုက်ဘူး "
" အို ...အဲ့ဒီလိုမပြောနဲ့လေလူလေး..ဘာပဲဖြစ်ဖြစ်သူက လူလေးရဲ့ မိဘပဲလေ ....အဲ့ဒီလိုတွေ ရိုင်းရိုင်းစိုင်းစိုင်းမပြောရဘူး လူလေး "
" အဘွားမှားနေပြီ ...သူကမုဒိမ်းသမားပါ ... ကျွန်တော့်အမေ့ကို စော်ကားပြီး တာဝန်မယူခဲ့တဲ့မုဒိမ်းကောင်ပါ ...မုဒိမ်းကောင်မှ သူကျူးလွန်ခဲ့တဲ့အပြစ်ကိုတောင် အပြစ်လို့ မယူဆထားတဲ့ လူယုတ်မာကြီးပါ ... သူ့ကိုဥပဒေအရ အရေးမယူနိုင်ရင် ကျွန်တော်ကိုယ်တိုင်အပြစ်ပေးမှာပါ "
"လူလေးရယ် ... အဲ့ဒီလိုတွေမပြောပါနဲ့ကွယ် "
"တော်.....တော်လိုက်စမ်း..မင်းပါးစပ်ကို ပိတ်ထားလိုက်စမ်း ... ပြီးခဲ့တာတွေလာမပြောနဲ့ ..မင်းအခု ဘာလို့ဒီကိုလာတာလဲ ...ပိုက်ဆံလိုချင်လို့လား ...မင်းအမေကပိုက်ဆံတောင်းခိုင်းလိုက်တာလား ...မင်းဘယ်လောက် လိုချင်လဲပြော ... မင်းလိုသလောက်ကို ပေးလိုက်မယ် ...ငါတို့မိသားစုနဲ့ ဘယ်တော့မှလာမပတ်သက်နဲ့ "
ဒေါ်နုနု၏နှုတ်မှထွက်လာသော စကားများကြောင့် လမင်းတစ်ကိုယ်လုံး အသားများပင်တဆတ်ဆတ်တုန်ယင်လာသည်။
" မပတ်သက်နဲ့ဟုတ်လား .. ကျွန်တော်က ဦးမောင်မောင်ရဲ့သား.. အဘွားတို့ရဲ့မြေးလေ ...ဘာလို့မပတ်သက်ချင်တာလဲ ..ရှက်လို့လား... ကျွန်တော့်အမေကြောင့်ရှက်လို့လား ...ဒါဆိုရင် ကျွန်တော့်အမေ့ကိုစော်ကားပြီး တာဝန်မယူခဲ့တဲ့ အဘွားတို့ရဲ့သား လူယုတ်မာကြီးနဲ့ပတ်သက်နေကြတာကိုကျတော့မရှက်ဘူးလား ...ဦးမောင်မောင်ကိုခေါ်ပေးပါ ... ကျွန်တော်သူနဲ့တွေ့ချင်တယ်...သူနဲ့မတွေ့
ရမချင်း ဒီနေရာကနေလုံးဝမပြန်နိုင်ဘူး "
လမင်းပြတ်သားစွာပြောလိုက်ပြီး ခုံမှာဆက်ထိုင်နေလိုက်သည်။
" နုနု ညည်းသားဆီကိုဖုန်းဆက်စမ်း ... ဒီကိစ္စကို စန္ဒာနဲ့ငါ့မြေးမသိစေနဲ့ "
လမင်းအတွက် အရာရာကမထူးတော့ပြီဖြစ်သောကြောင့် ဆိုဖာခုံမှာ မလှုပ်မယှက်ထိုင်နေလိုက် သည်။
~~~~.
" အ ..အမေ ....ဘာတွေဖြစ်ကုန်တာလဲ ..ဘာတွေဖြစ်ကုန်တာလဲဗျာ ...."
မောင်မောင်က မိခင်ဖြစ်သူ၏လက်ကိုဆွဲကိုင်လိုက်ရင်း တုန်လှုပ်ချောက်ချားစွာ မေးလိုက်သည်။
"စန္ဒာတို့သားအမိရော ...ဘယ်မှာကျန်ခဲ့လဲ "
"ကြီးလှတို့ဘက်မှာနေခဲ့ကြတယ်... ဒါနဲ့ အမေဖုန်းထဲက ပြောတာတွေကို ကျွန်တော်နားမလည်နိုင်ဘူး "
" နားမလည်နိုင်ရင် မင်းကိုယ်တိုင် သွားကြည့်လိုက်... ဟိုအရူးမမိတုတ်က ငါတို့ကိုအရူးလုပ်သွားတာမောင်မောင်ရဲ့ မင်းသိရဲ့လား..."
မောင်မောင်က တုန်တုန်လှုပ်လှုပ်နှင့်ပင် ဧည့်ခန်းထဲသို့ဝင်လာခဲ့လိုက်သည်။ဧည့်ခန်းသို့ မောင်မောင်တစ်ယောက်လှမ်းဝင်လိုက်ချိန်မှာတော့သူ့ထံသို့ ဖျတ်ခနဲ မော့ကြည့်လာသော လမင်းကိုတွေ့ပြီး နေရာတွင် ကျောက်ရုပ်ကြီးလို ငြိမ်သက်သွားရလေသည်။
@@@@@@@@@@@@@@@@@@@@@@
အပိုင်း (၁၅) ဆက်ရန်
#ဧကြည်ဖြူ
