803
Підписники
+424 години
+167 днів
+4630 день
Архів дописів
တံခါးဝုန်းခနဲ့ ပွင့်သွားချိန်မှာ အခန်းထဲက မြင်ကွင်းကိုကြည့်ပြီး မမဆွေရဲ့ မျက်လုံးတွေ ပြာဝေသွားရပြီး သိုက်ထွန်းလက်ထဲမှာ အသင့်ကိုင်ထား ဓါးကိုဆွဲယူလိုက်ပြီး မိုးသူဇာကို ဓါးနဲ့ အဆက်မပြတ်ထိုးချပစ်လိုက်တယ်။
"အား.... " မိုးသူဇာရဲ့ နာကျင်စွာ အော်လိုက်တဲ့ အသံကြီးထွက်လာပြီးနောက် မိုးသူဇာက မယုံကြည်နိုင်တဲ့ မျက်လုံးတွေနဲ့ မမဆွေကို စိုက်ကြည့်နေတယ်။
"နင် ..နင်ကများ ...ငါ့ကို စည်းကျော်ရဲတယ်ပေါ့ "
မမဆွေရဲ့ အပြုအမူကြောင့် အားလုံး ကြက်သေသေနေမိကြတယ်။နောက်တော့ သိုက်ထွန်းမှာ ရဲထွန်းကို ချုပ်နှောင်ဖမ်းဆီးနေရာမှ သတိ၀င်လာပြီး မမဆွေကို ပြေးပြီး ဆွဲလိုက်တယ်။
မမဆွေလည်း သိုက်ထွန်းလာဆွဲတော့မှ အသိပြန်ဝင်လာပြီး ထိုင်ရာမှ ဆတ်ခနဲထရပ်လိုက်တယ်။မိုးသူဇာကတော့ မျက်လုံးကြီးပြူးကာ အသက်ပျောက်နေခဲ့ဖြစ်တယ်။ မမဆွေက မိုးသူဇာကို တစ်ချက်မျှ ငဲ့မကြည့်ဘဲ ပြတင်းပေါက်နားသို့ လျှောက်သွားလိုက်ပြီး ပြတင်းခန်းဆီးလိုက်ကာကို အားနဲ့ ဆွဲယူလိုက်ကာ မလုံမခြုံဖြစ်နေတဲ့ အလင်းချိုရဲ့ ခန္ဓာကိုယ်ကို ဖုံးအုပ်ပေးလိုက်ရင်းပွေ့ဖက်ဆွဲထူလိုက်တယ်။
အလင်းချို အသက်ရှူရပ်တန့်သွားသလိုဖြစ်နေမိပြီး မမဆွေ သို့မဟုတ် အမေ့မျက်နှာကို ငေးကြည့်နေမိတယ်။
"သိုက်ထွန်းနဲ့ ဒေါ်လုံး ကျွန်မပြောတာကို နားထောင်ပြီး .. ကျွန်မပြောတဲ့အတိုင်း လုပ်ပါ ..."
မမဆွေက ပြောရင်းနဲ့ အခန်းဝမှာ ချထားတဲ့ အိတ်ထဲက ဖုန်းကို ယူပြီး ခေါ်လိုက်တယ်။
"ငါပြောတာကို နားထောင် ..ငါ့ ကို ဘာမှ ပြန်မမေးနဲ့ ...မင်း ငါ့အိမ်ကို သိနေပြီမဟုတ်လား --- ခုချက်ချင်းလာပြီး အလင်းချိုကို လာခေါ် "
ပြောပြီးတာနဲ့ မမ ဆွေက ဖုန်းကို ချလိုက်ပြီး
" သိုက်ထွန်းနဲ့ ဒေါ်လုံးကို ကျွန်မ ပြောမယ် သေချာနားထောင်ပါ ...အလင်းချို မင်းလဲ ငါပြောတာနားထောင်ပါ ...ပြီးရင် အလင်းချိုကို လူတစ်ယောက်လာခေါ်လိမ့်မယ် ...အဲ့ဒီတော့ ဒီနေရာမှာ အလင်းချို မရှိခဲ့ဘူးလို့ သိထားပါ ... အလင်းချိုသွားတာနဲ့ သိုက်ထွန်းက မင်းဆရာဆီကို အကြောင်းကြားပါ... ဒီကောင့်ကို မင်းဆရာဆီ အပ်လိုက်... ပြီးရင် ဒေါ်လုံးက ရဲစခန်းကို ဖုန်းဆက်ပါ ... ရဲကစစ်မေးရင် ...အသံတွေကြားလို့ တက်ကြည့်တော့ ဒီလိုပုံအတိုင်း တွေ့ရတာလို့ ပြောပါ .... အလင်းချိုအကြောင်းကို လုံးဝမပြောပါနဲ့ ..."
မမဆွေက ပြောပြီးတာနဲ့ ဆေးလိပ်တစ်လိပ်ကို မီးညှိပြီးသောက်လိုက်တယ်။မမဆွေအလင်းချိုကို မကြည့်။မကြည့်တာမှ လုံးဝကို မကြည့်ပါ။ဆေးလိပ်ကို ဖိကိုက်ရင်း အခန်းနံရံများကိုသာ စူးစိုက်၍ ကြည့်နေတယ်။
"ဒေါ်လုံး ဘာလုပ်နေတာလဲ ... သူ့ကို ခေါ်သွားပြီး အဝတ်အစားတွေလဲ ပေးထားလိုက်လေ ... သိုက်ထွန်းလဲ လုပ်စရာရှိတာ အမြန်လုပ်တော့ "
~~~~~~
ဟန်သော်လင်းရဲ့ ကားလေးက လမ်းမထက်မှာ တရိပ်ရိပ်ပြေးနေတယ်။ကားနဲ့အပြိုင် ဟန်သော်လင်းရဲ့ စိတ်တွေလဲ အဆမတန် လှုပ်ရှား ခုန်လှုပ် နေတယ်။
~~~~~~
တိုက်ကြီးထဲကို ဟန်သော် လင်းဝင်လိုက်ချိန်မှာပဲ ဒေါ်လုံးက ဟန်သော်လင်းကို အခန်းတစ်ခန်းထဲကို ခေါ်သွားခဲ့တယ်။
ဟန်သော်လင်း အခခန်းထဲကို ရောက်တော့ မမဆွေ ထိုင်နေတာကို တွေ့လိုက်ရတယ်။
"မင်းဒီမှာ ခဏထိုင် ....ငါပြောတာကို နားထောင် ... အလင်းချို ဒဏ်ရာရထားတယ် ... သူ့ကို ခေါ်သွားပြီး စိတ်ချရတဲ့ ဆရာဝန်ဆီမှာ ပြလိုက် ...ပြီးတော့ အလင်းချိုကို ... တို့ဆီကို ရောက်မလားအောင် မင်းက တားဆီးပေးပါ "
"အလင်း ... အလင်း ဒဏ်ရာရထားတယ် ဟုတ်လား ....ခင်...ခင်ဗျားတို့အလင်းကို ဘာလုပ်လိုက်ကြ ဘာလဲ ...ခင်ဗျားတို့ကို ကျွန်တော်သတ်မယ်.."
"အလင်းချို ဒဏ်ရာရထာဆိုတဲ့ "စကားကြောင့် ဟန်သော်လင်း ထိုင်နေရာမှ ဆတ်ခနဲ ထရပ်ပြီး မေးလိုက်တယ်။
"မင်းပါးစပ်ကို ပိတ်ထားစမ်း ...အလင်းချိုဒီလိုဖြစ်တာ မင်းကြောင့်ဆိုတာသိရဲ့လား .. မင်းလိုကောင်က သူ့ကိုသွားပြီးပတ်သက်ခဲ့လို့ သူဒီအခြေအနေထိ ရောက်ခဲ့ရတာ ... ဒီမှာ ငွေယူသွား ...သူ့ဆေးစွဲနေလားပါ စစ်ပြီး ဆေးကုသပေးလိုက် ... အရေးကြီးဆုံးက အမှုဖြစ်နေတဲ့အချိန်အတွင်းမှာ သူ ငါ့ဆီကို လုံးဝမလာစေနဲ့ "
"အမှု ဟုတ်လား ... ဘာတွေလဲ ...ဘာတွေဖြစ်နေတာလဲ ...အလင်းချိုဘာဖြစ်လို့လဲ ...အခု အလင်း ဘယ်မှာလဲ "
ဟန်သော်လင်း စိုးရိမ်တကြီးနဲ့ မေးလိုက်မိတယ်။
"မိုးသူဇာကို ငါသတ်လိုက်တဲ့အမှုလေ "
"ဗျာ"
မမဆွေရဲ့ စကားကြောင့် ဟန်သော်လင်း ထိတ်လန့်တုန်လှုပ်သွားရတယ်။
"အေး ..ငါပြောတာနားထောင် ...မိုးသူဇာက ငါ့သမီးကို သတ်ဖို့လုပ်နေလို့ ငါက အရင် သူ့ကို သတ်လိုက်တာပဲ ... အလင်းချိုက ငါ့သမီးပဲ ... ငါက သူ့အမေ ဆိုတာကို သူသိပုံရတယ်...အဲ့ဒါကြောင့် ငါ့ဆီမှာ လာနေတဲ့ပုံပဲ ... မင်းကို ငါမှာချင်တာက ဒီအကြောင်းတွေကို ငါသိနေတာကို သူမသိစေနဲ့ အခြားဘယ်သူ့ကိုမှလဲ မပြောနဲ့ ... ရှင်းရှင်းပြောရရင် ... ငါ့ကို သူလာတွေ့တာမျိုးကို မဖြစ်အောင် မင်းက ထိန်းထားပေး ... ငါ့သမီးလေးကို ဆေးသမား ဘ၀က လွတ်အောင် မင်းပြန်လုပ်ပေးပါ ... လိုအပ်ရင် ငါမင်းကို ဆက်သွယ်မယ်.... မင်း သူ့ကို အမြန်ခေါ်သွားတော့... အခုသူအရမ်းလန့်နေပုံရတယ် ...
"ဘာ ...ဘာပြောတယ် နင်....နင်ကများ ငါ့ကို ပြန်ပြောရဲတယ်ပေါ့...အေးပါ အခုချိန်ကစပြီး ... နင့်ဘ၀ ဘယ်လိုဖြစ်မလဲဆိုတာ ကြည့်လိုက်ပေါ့ .... ဆေးအရင်ထိုးပေးရမလား ဒါမှမဟုတ် ကိုရဲထွန်းကို စိတ်တိုင်းကျ ပြုစုပေးမလားဆိုတာကို နင်ကိုယ်တိုင် ရွေးချယ်လို့ ရတယ်နော် ...ဟင်း ..ဟင်း "
မိုးသူက မပွင့်တပွင့်ရယ်လိုက်ရင်း အိတ်ထဲမှ ဘူးကိုထုတ်ယူလိုက်တယ်။
"သတ္တိရှိရင် လုပ်ကြည့်လေ ဒေါ်မိုးသူဇာ .. ကျွန်မက ငြိမ်ခံနေမယ် ထင်လို့လား ...ကဲဟာ...."အလင်းချိုက မိုးသူဇာကို ပြန်ပြောလိုက်ပြီး ခေါင်းကို ဆတ်ခနဲ မော့ကာ ရဲထွန်းဆို သူ့ရဲ့ မေးရိုးကို တိုက်ချပစ်လိုက်သလို့ ရဲထွန်းရဲ့လက်ထဲက ခပ်ကြမ်းကြမ်း ရုန်းထွက်လိုက်တယ်။ပြီးတော့ဘောင်းဘီအိတ်ထဲက အိတ်ဆောင် ဓါးလေးကို ဆွဲထုတ်လိုက်တယ်။
ရုတ်တရက်အလင်းချိုရဲ့ တုန့်ပြန်တိုက်ခိုက်မှုကြောင့် ရဲထွန်းမှာနောက်သို့ ယိုင်လဲသွားပြီး မိုးသူဇာလဲ ဒေါသတကြီးနဲ့ ရဲထွန်းကိုအော်လိုက်တယ်။
"ကိုရဲထွန်း ရှင်ဘာရပ် လုပ်နေတာလဲ ... သူ့ကို ဖမ်းလေ .."
"လာလေ ... ကျွန်မတကယ်မထိုးရဲဘူးထင်နေတာလား ... ဒေါ်လုံး ... ဒေါ်လုံးရေ..... အလင်းကို ကယ်ပါအုံး "
အလင်းချိုက အိတ်ဆောင် ဓါးကို ခပ်တင်းတင်းဆုပ်ကိုင်ကာ ချိန်ရွယ်ထားရင်းမှ ဒေါ်လုံးကို လှမ်း၍အော်ခေါ်လိုက်တယ်။
"ဟဲ့ကောင်မ နင့်ပါးစပ်ကို ပိတ်ထားစမ်း ... ဒီနေ့ နင့်ကိုငါသတ်ပြမယ် "
အလင်းချိုရဲ့ အပြုအမူကြောင့် မိုးသူဇာမှာ ဒေါသကိုမထိန်းနိုင်တော့ဘဲ အတင်းဝင်လုံးလိုက်တယ်။မိုးသူဇာက အတင်း၀င်လုံးတဲ့အခါ ရဲထွန်းကလည်း အလင်းချိုရဲ့ လက်ထဲက ဓါးကို အတင်းဝင်လုလိုက်တယ်။ လုံးလားထွေးလား အခြေအနေမှာ နှစ်ယောက်နဲ့တစ်ယောက်မို့ အင်အားချင်းမမျှဘဲ အလင်းချိုမှာ လက်ထဲက ဓါးကိုအလုခံလိုက်ရပြီး ရဲထွန်းက အလင်းချိုကို အတင်းချုပ်နှောင်ထားလိုက်တယ်။
"ဒုန်း ...ဒုန်း ...ဒုန်း"
"အလင်းချို .....တူမ ဘာဖြစ်နေကြတာလဲ တံခါးဖွင့်လေ.....တံခါဖွင့် ...."
အခန်းထဲမှာ ဝုန်းဝုန်းဒိုင်းဒိုင်း ဖြစ်နေသလို ခေါ်လုံးကလဲ အခန်းတံခါးကို တဒုန်းဒုန်းထုပြီး အခန်းပြင်ကနေ အော်ခေါ် နေတယ်။
"ကောင်မ ... အကြောတင်းနေတယ်ပေါ့ ...ကဲဟာ "
"ဖြန်း...ဖြန်း "
မိုးသူဇာက အလင်းချိုရဲ့ ပါးပြင်းကို ဘယ်ပြန်ညာပြန်ရိုက်ချလိုက်ရင်း အလင်းချိုရဲ့ အင်္ကျီတွေကိုပါ ဆွဲဖြဲပစ်လိုက်တယ်။
ဘီးလူးသရဲစီးနေသလိုဖြစ် နေတဲ့ မိုးသူဇာတို့ကိုကြည်ပြီး အလင်းချို ထိတ်လန့်ကြောက်ရွံ့နေမိပေမဲ့ အတင်းပြန်ရုန်းကန်ရင်း ခွန်အားရှိသလောက်ပြန်ပြီးခုခံပစ်လိုက်တယ်။
~~~~~
" ဒေါ်လုံး .. ဒေါ်လုံး ဒီမှာ ဘာလုပ်နေတာလဲ...အလင်းချို ဘယ်မှာလဲ.... "
" ဒုန်း"
" ဝုန်း "
"အထဲက ဘာသံတွေလဲ ဒေါ်လုံး... ဘယ်သူတွေလဲ ......"
မမဆွေတစ်ယောက် တိုက်ထဲကို အပြေးဝင်လာခဲ့ပြီး အလင်းချိုကို လိုက်ရှာရင်း အပေါ်ထပ်ကို ရောက်လာခဲ့တယ်။ပြီးနောက် အခန်းရှေ့မှာ ထိတ်ထိတ်လန့်လန့်နဲ့ရပ်နေတဲ့ ဒေါ်လုံးကို မြင်လိုက်ရတာမို့ မေးလိုက်ချိန်မှာပဲ အခန်းထဲက ဝုန်းဝုန်းဒိုင်းဒိုင်း အသံတွေကို ကြားလိုက်ရတယ်။
"အ ..ထဲမှာ ..မိုးသူဇာတို့ မိန်းခလေးကို ဘာလုပ်နေတာလဲ မသိဘူး....တံခါးလည်း ဖွင့်ခိုင်းလို့မရဘူး "
" ဘာ ...ဘာပြောတယ် ဒေါ်လုံး ...မိုးသူဇာဟုတ်လား..ကျွန်မ အခန်းထဲက အိမ်သော့တွေ မြန်မြန်သွားယူလေ ဒေါ်လုံး ....ဒီတိုင်းရပ်ကြည့်နေတာလား ...မိုးသူဇာ နင်တို့ ဘာလုပ်နေတာလဲ ... ခုချက်ချင်းရပ်လိုက်နော်...သိုက်ထွန်း ဒီကို မြန်မြန် လာခဲ့ပါအုံး...မိုးသူဇာ တံခါးဖွင့်ပေးစမ်း "
"ဒုန်း....ဒုန်း"
မမဆွေ တံခါးကို တဒုန်းဒုန်းထုလိုက်ရင်း ဒေါသတကြီးနဲ့ အော်ပစ်လိုက်တယ်။
မမဆွေရဲ့အသံကြောင့် ကားဆရာတစ်ဖြစ်လဲ သက်တော်စောင့် သိုက်ထွန်းက မမဆွေရှိရာကို အပြေးအလွှား တက်လာခဲ့လိုက်တယ်။
" တံခါးကို ကန်ဖွင့်ပေး ...မြန်မြန်ဖွင့်နော်...မြန်မြန် "
"မိုးသူဇာ ..တံခါးဖွင့်ပေးနော် ...."
~~~~~~
အပြင်မှ မမဆွေရဲ့အော်သံကြောင့် အလင်းချိုရဲ့ လည်ပင်းကို ညှစ်နေတဲ့မိုးသူဇာရလက်တွေ အနည်းငယ်အားပျော့သလိုဖြစ်သွားတယ်။ ရဲထွန်းကလည်း အပြင်က အသံတွေကြောင့် ဆေးထိုးအပ်ကိုကိုင်ထားရင်းနဲ့ လက်တွေက နောက်ကို ဆုတ်သွားပြီး မိုးသူဇာကို လှမ်းပြောလိုက်တယ်။
"မမိုး ... အခြေအနေမကောင်းဘူးထင်တယ် .... ရပ်လိုက်ကြရအောင် "
" ဘာပြောတယ် ...ဘာလို့ ရပ်ရမှာလဲ ..ဆက်လုပ် ... ဆေးထိုးအပ်ကိုင်ပြီး ဘာလုပ်နေတလဲ ထိုးလေထိုးလိုက်... ဒီကောင်မ ဟန်ဆောင်နေတာကို သိရင် မမဆွေလဲ ခွင့်လွှတ်မှာ မဟုတ်ဘူး....လုပ်စရာရှိတာကိုလုပ် ...ရှင်မလုပ်ဘူးလား ....ဖယ် ... ကျွန်မ လုပ်မယ် ...."
မိုးသူဇာက ဒေါသတကြီးပြောလိုက်ပြီး ရဲထွန်း လက်ထဲက ဆေးထိုးအပ်ကို လှမ်းယူလိုက်တယ်။အလင်းချိုမှာ ရိုက်နှက်ခံထားရတာမို့ ရုန်းကန်နိုင်ခြင်း မရှိတော့တဲ့ အခြေအနေဖြစ်နေတယ်။
"ဝုန်း "
"မိုးသူဇာ ...နင် ...နင်ဘာလုပ်တာတာလဲ.....ကဲဟာ "
ဧကြည်ဖြူ
"သံယောဇဉ် ကမ်းပါး"
အပိုင်း (၄၀ )
********
"အသားမနာချင်ရင် နင့်ပါးစပ်ကို ပိတ်ထားစမ်း အလင်းချို ... ရုပ်လေးသနားကမားနဲ့ မာယာများတဲ့ကောင်မ ... နင် ဘာတွေ ကြံစည်နေလဲဆိုတာ ငါမသိဘူးထင်နေလို့လား...မမဆွေလို လူမျိုးကိုပဲ နင်ညာလို့ရမယ် ...ငါ့ကို ညာလို့ရမယ်ထင်နေလား ... နင့်အကောင်နဲ့ ပေါင်းပြီး ငါ့တို့ကို ဒုက္ခပေးမယ်ပေါ့လေ ဟုတ်လား ....ကိုရဲထွန်း သူ့ကို ချုပ်ထားလိုက် "
" ဘာတွေပြောနေတာလဲ မမမိုး...မမမိုးပြောနေတာတွေ အလင်းချို ဘာမှနားမလည်ဘူး "
" နားမလည်ဘူးဟုတ်လား ...နားမလည်ရင် နားလည်အောင် ပြောပြရမှာပေါ့ ...ပေးစမ်းနင့်အိတ် ....နင်နဲ့ တတွဲတွဲလုပ်နေတဲ့ အောင်အောင်ဆိုတဲ့ကောင်က အကုန်ပြောပြီးပြီ ...နင့်ကိုယ်နင်လည်လှပြီထင်နေတာလား "
မိုးသူဇာက အလင်းချိုရဲ့ အိတ်ကို ဆောင့်ဆွဲယူလိုက်ပြီး ကြမ်းပြင်ပေါ်ကို သွန်ချပစ်လိုက်တယ်။အိတ်ထဲက ထွက်ကျလာတဲ့ ပစ္စည်းတွေထဲက ဆေးလိပ်ဘူးကို ကောက်ယူပြီး အထဲကဆေးလိပ်တွေကို စားပွဲပေါ်ကို သွန်ချပစ်လိုက်တယ်။
"မသိရင်ဆေးစွဲနေတာပုံမျိုးပေါ့လေ ...လူရှေ့ရောက်ရင် လမ်းဘေးဆိုင်က ဝယ်ထားတဲ့ ဆေးလိပ်လေး တစ်လိပ်လောက်သောက်ပြလိုက် .. အရက်လေးငုံပြလိုက် ... ဘားထဲသွားပြီး အ.ယောင်ပြလိုက်နဲ့ ...ဘာလဲ နင့် လုပ်ရပ်တွေကို ငါသိနေလို့ အံ့ဩနေတာလား ..."
မိုးသူဇာရဲ့စကားများကြောင့် အလင်းချိုမှာ မိုးသူဇာ ပြောသလိုပင် အံ့သြတုန်လှုပ်သွားမိတယ်။အလင်းချို ဘက်က ပိပိရိရိဟန်ဆောင်ခဲ့လို့ ဟန်သော်လင်း တောင် မရိပ်မိခဲ့ဘူးလေ။ချစ်သူ သူနေမခရှေ့မှာဆိုရင်တော့ အလင်းချို ပုံမှန်အနေအထားနဲ့ပဲ နေခဲ့လိုက်တယ်။တော်ကြာ ဒီအရှုပ်အထွေးတွေကို နေမခသိသွားရင်း မရရတဲ့နည်းနဲ့ တားမြစ် မယာဆိုတာ အလင်းချို သိတယ်လေ။
"ဘာတွေများ အကြံထုတ်နေပြန်ပြီလဲ မိန်းမလည်မရဲ့...ငါ့တို့တွေကို ထောင်ထဲထည့်မယ်ဆိုပြီး စိတ်ကူးယဉ်နေတာလား ...ဒီမှာ နင်သိထားဖို့က နင်သိချင်နေတဲ့ ဆေးအဝင်အထွက်က ငါတို့ကိုင်တာမဟုတ်ဘူး...နင့်ကောင်ဟန်သော် လုပ် အကုန်လုပ်တာ သိရဲ့လား ... နင် ထောင်ထဲထည့်ချင်သပဆိုရင် နင့်ကောင်ကို ထည့်လိုက်လေ...ဒါနဲ့ ငါနဲ့ ဟန်သော်လင်း ပတ်သက်နေတယ်ဆိုတာကို နင်ဘယ်တုန်းကသိတာလဲ ပြောစမ်း......နင်ကများ ဟိုကောင့် အမေကိုတောင် သွားတွေ့လိုက်သေးတယ်ပေါ့လေ ... နင် ဘာတွေဆက်လုပ်ဖို့ကြံစည်ထားလဲ ပြောစမ်း "
မိုးသူဇာက အလင်းချိုရဲ့ မေးဖျားကို လက်နဲ့ ခပ်ကြမ်းကြမ်းဆွဲမော့ပြီး မေးလိုက်တယ်။ရဲထွန်းက အလင်းချိုရဲ့ ခန္ဓာကိုယ်ကို ခပ်တင်းတင်းချုပ်ကိုင်ထားပေးတယ်။ ရဲထွန်း ဖမ်းချုပ်ထားတဲ့ကြားကနေ မျက်နှာထားတင်းတင်းနဲ့ ပြန်မော့ကြည့်နေတဲ့ အလင်းချိုကို ကြည့်ပြီး မိုးသူဇာ ဒေါသတွေ ထိန်းမရအောင် ဖြစ်လာမိတယ်။ကိုယ့်ဘက်က သူမကို ဖျက်ဆီးနိုင်ပြီလို့ ထင်ပြီး မိုးသူဇာပျော်နေမိချိန်မှာ သူမက ကိုယ်တွေကို ထောင်ဖမ်းနိုင်ဖို့အတွက် ပြန်လှည့်စားနေတာကို သိလိုက်ရတော့ အံ့ဩ ထိတ်လန့် စိတ်နဲ့အတူ သတ်ပစ်ဖို့အထိပင် မိုးသူဇာဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့ သူမရဲ့ နောက်ကွယ်မှာ ဘယ်သူများ ရှိနေမလဲဆိုတဲ့ စိုးရိမ်စိတ်ကြောင့် မိုးသူဇာ သိသမျှကို ကြိတ်မှိတ် မျိုသိပ်ခဲ့ရတာ။ ဒီကြားထဲမမဆွေက မသိမသာနဲ့ အလင်းချိုတို ကာကွယ်ပေးနေတဲ့အခါ မိုးသူဇာဘက်ကအခွင့် အရေးမရဘဲ ဖြစ်နေခဲ့ရတာ။ အဓိကက ဒီပြဿနာတွေက မိုးသူဇာကြောင့် ဖြစ်ပေါ်လာခဲ့တာမို့ အလင်းချိုရဲ့ အကြောင်းအရင်းအမှန်ကို မမဆွေသာသိသွားခဲ့ရင် အလင်းချိုနဲ့ ဟန်သော်လင်းတင်မဟုတ်ဘဲ မိမိကိုပါ အပြတ်ရှင်းပစ်မှာကို မိုးသူဇာ သိပြီးသားလေ။ဒါကြောင့်လဲ အလင်းချိုရဲ့ အကြံအစည်တွေကို သိပေမဲ့ မမဆွေကို မပြောဘဲ ကိုယ့် ဘာသာဖြေရှင်းဖို့ မိုးသူဇာ ကြိုးစားခဲ့တာ။
"ငါမေးတာ ဖြေလေး ... ငါနဲ့ ဟန်သော်လင်း ပတ်သက်နေတာကို နင်ဘယ်လို သိသွားတာလဲ .. နင့်ကောင်က မူးယစ်ဆေးဝါးရောင်းတဲ့ သူ့ဆိုတာကိုရော သိသွားပြီမဟုတ်လား ...ဒါတင်မကသေးဘဲ နင့်ကောင်က လူပွဲစားလုပ်တာကို ရော သိရဲ့လား ပြောလေ "
အလင်းချို အံကိုတင်းတင်းကြိတ်ကာ မိုးသူဇာကို ကြည့်လိုက်ပြီး လေသံခပ်မာမာနဲ့ ပြန်ပြောလိုက်တယ်။
"ဟုတ်တယ် ..ကျွန်မ အကုန်သိတယ် ... ဟန်သော်လင်းကို ရှင်ဖျက်ဆီးနေတာတွေ ... ကောက်ကျစ်ယုတ်မာနေတာတွေကို ကျွန်မအကုန်သိတယ် ... တဆိတ်ရှိ ငွေကို အကြောင်းပြမယ် ... ကလေးတွေအတွက်ဆိုပြီး မသိရင် ရှင်ကပဲ သူတော်ကောင်းမကြီးလိုလိုနဲ့ သူ့ကို ဒီလိုဘ၀ရောက်အောင် ရှင်လုပ်ခဲ့တာတွေ အကုန်သိတယ် ...ဘယ်လိုသိတာလဲ ပြောပြရအုံးမလား ... ထက်ပိုင်ဆိုတဲ့ ဆေးသမားပိုင်လုံးကောင်ရောက်လာကတည်းက ရှင်တို့တွေ ကျွန်မအပေါ်မှာ ယုတ်မာဖို့ ကြံစည်နေတာတွေကို ကြားလဲကြားခဲ့တယ် ...မြင်လဲမြင်ခဲ့တယ် ...ကျွန်မက ရှင့်တို့အပေါ်မှာ ဘာအပြစ်တွေများ လုပ်မိလို့ ကျွန်မကို ဒီလောက်အထိလုပ်ဖို့ကြံစည်ရတာလဲ ... ကျွန်မ မရှိရင်ရော ဟန်သော်လင်းကို ရှင်ရမယ်များ ထင်နေတာလား ဒေါ်မိုးသူဇာ...သူများ မိသားစုတွေကို စိတ်ဆင်းရဲသောကရောက်အောင် လုပ်ပြီး ရှင်တို့ဘ၀တွေ အေးချမ်းပျော်ရွှင်ရမယ်ထင်နေတာလား...ရှင့်တို့လိုလူတွေအတွက် ဒီတစ်သက်လုံး ပျော်ရွှင်မှုရမှာမဟုတ်ဘူး သိရဲ့လား ...ရှင်တို့နဲ့ ထိုက်တန်တာက ထောင်ထဲမှာ သေတဲ့အထိ နေသွားဖို့ပဲ သိရဲ့လား "
ဒေါ်မြမြဦးက မမဆွေကို ကြည့်လိုက်ပြီး အသံတုန်တုန်နဲ့ ပြန်မေးလိုက်တယ်။
မမဆွေက တံခါးဘောင်ကို အားပြုကာ ယိုင်နဲ့နဲ့ ရပ်နေရာမှ ဒေါ်မြမြဦး နားကို ဒယိမ်းဒယိုင်နဲ့ လျှောက်သွားလိုက်ပြီး ဒေါသတကြီးနဲ့ပြောလိုက်မိတယ်။
"ဟုတ်တယ် ...ကျွန်မကေသီချိုပဲ .. အဒေါ့်သား သက်ဦးဘယ်မှာလဲ ... ကလေးကိုစောင့်ရှောက်နိုင်တယ်ဆိုပြီး ခေါ်သွားတဲ့ အဒေါ် သား ဘယ်မှာလဲ ..."
ဒေါ်မြမြဦးက ဘာမှ ပြန်မဖြေဘဲ မမဆွေရဲ့ မျက်နှာကို မျက်လုံးပြူးကြီးနဲ့ ပဲစိုက်ကြည့်နေတယ်။
" ဘာ..ဘာဖြစ်တာလဲ ... ဘာဖြစ်လို့လဲ ငါ့ညီမ..မေမေကြီးက နေမကောင်းဘူး.. ပြောစရာရှိရင် ကျွန်မကို ပြောပါ "
ဒေါ်လေးစန်းက မမဆွေအတွက် ကော်ဖီသွားဖျော်နေရာမှ ပြန်ရောက်လာပြီး င ဒေါ်မြမြဦးကို ဒေါသတကြီးနဲ့ ပြောနေတဲ့ မမဆွေကို လှမ်းပြောလိုက်တယ်။
မမဆွေ ဘာမှပြန်မဖြေနိုင်တော့ဘဲ အခန်းထဲမှ ငိုရင်း ပြေးထွက်လာခဲ့မိတယ်။
~~~~~~
"မမဆွေမရှိဘူးလား ဒေါ်လုံး "
"မဆွေတော့ ပြန်မရောက်သေးဘူး ...အလင်းချိုပဲရှိတယ် "
အိမ်ဖော် ဒေါ်လုံးရဲ့ စကားကြောင့် မိုးသူဇာ စိတ်ထဲမှာလှိုက်ခနဲ ပျော်သွားမိတယ်။အဆင်ပြေချင်တော့ ဒီနေ့မှ မိုးသူဇာမှာ ဧည့်သည်လည်းပါလာတယ်လေ။ဒီအိမ်မှာက မမဆွေရယ် မမဆွေ သွားလေရာ တကောက်ကောက်ပါတတ်တဲ့ ကားဆရာနဲ့ အိမ်ဖော် ဒေါ်လုံးပဲရှိတာလေ။ မမဆွေမရှိဘူးဆိုတော့ မိုးသူဇာစိတ်တိုင်းကျ ဖန်တီးလိုရတာပေါ့။
" အလင်းချို ဘယ်မှာလဲ ဒေါ်လုံး...အပေါ်ထပ် အလုပ်ခန်းထဲမှာလား ...ကျွန်မတို့ အလုပ်ကိစ္စ စကားပြောစရာရှိလို့ ဒေါ်လုံးကို မခေါ်ဘဲ အပေါ်ကို တက်မလာပါနဲ့ ... လာလေ ကိုရဲထွန်း အပေါ်ထပ်မှာ စကားသွားပြောကြတာပေါ့ "
ဒေါ်လုံးကို ပြောပြီးတာနဲ့ မိုးသူဇာက အတူပါလာတဲ့ ရဲထွန်းကိုခေါ်လိုက်ပြီး လှေကားရှိရာကို လျှောက်သွားလိုက်တယ်။
~~~~~~
"အလင်းချို ...တို့တွေ ဝင်လာလို့ရတယ် မဟုတ်လား "
အခန်းဝက အသံကြောင့် အလင်းချို မော့ကြည့်လိုက်မိတော့ မိုးသူဇာနဲ့အတူ ယောကျာ်းတစ်ယောက်ကို တွေ့လိုက်ရတာမို့ စိတ်ထဲမှာ လန့်ပြီး ဆတ်ခနဲ တုန်သွားမိပေမဲ့ ဟန်မပျက်ပြန်ပြီး နှုတ်ဆက်လိုက်တယ်။
"မမဆွေဆီလာတာလား မမမိုး ...ခဏစောင့်လေ ...တော်ကြာ ပြန်ရောက်လာတော့မှာပါ "
"စောင့်ရမှာပေါ့...ဒါနဲ့ ဒီနေ့ အေးဆေးပဲလား ...မင်းကို မမရဲ့မိတ်ဆွေနဲ့မိတ်ဆက်ပေးချင်လို့လေ ... ကိုရဲထွန်း၀င်လာခဲ့လေ "
မိုးသူဇာက ရဲထွန်းကိုအခန်းထဲကို ခေါ်လိုက်တယ်။
"တံခါးကို လော့ချလိုက်ကိုရဲ "
မိုးသူဇာရဲ့ စကားကြောင့် ရဲထွန်းက တံခါးကိုလော့ချလိုက်လိုက်တယ်။
အလင်းချိုမှာ မိုးသူဇာတို့ရဲ့ အပြုအမူကြောင့် လက်ထဲက ဘောပင်လ်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ထားလိုက်ရင်းမှ အသံမာမာနဲ့ မေးလိုက်တယ်။
"ဒါဘာလုပ်တာလဲ မမမိုး .. ဘာကိစ္စ တံခါးကို သော့ပိတ်လိုက်ရတာလဲ "
" မင်းအကြောင်း မင်းသိရင် ငါ့ကို ဒီလိုတောင် မေးစရာမလိုဘူးလေ အလင်းချို ... သူက မင်းနဲ့ ပျော်ချင်တယ်ဆိုလို့ခေါ်လာပေးတာလေ ...ဒါနဲ့ ဒီနေ့တော့ မင်းအ အခြေအနေကောင်းနေပါလား...ငါတို့မှာတော့ မင်းကြောင့် အလုပ်ပျက်အကိုင်ပျက်နဲ့ဖြစ်နေရတာ...ကဲ ကိုရဲထွန်း စလိုက်ကြတာပေါ့ "
"မမမိုး... ရှင် ဒါဘာလုပ်တာလဲ ....ရှင်တို့ အနားကိုကပ်မလာနဲ့နော် "
@@@@@@@@@@@@@@@@@@@@@
အပိုင်း( ၄၀) ဆက်ရန်
ဧကြည်ဖြူ
အလင်းချိုမှ နှုတ်မှ ထွက်လာတဲ့စကားကြောင့် မမဆွေ အထိတ်တလန့်နဲ့ အလင်းချိုကို မော့ကြည့်လိုက်မိတယ်။အလင်းချိုကမူ ခပ်အေးအေးပင် အိတ်ထဲက ဆေးလိပ်ဘူးကို ထုတ်ပြီး ဆေးလိပ်သောက်ဖို့ ဟန်ပြင်နေတယ်။အလင်းချိုရဲ့ မျက်နှာကို မမဆွေမျက်လုံးအပြူးသားနဲ့ ငေးကြည့်နေမိပြီး နှုတ်မှ လွတ်ခနဲ မေးလိုက်မိတယ်။
"အလင်းချို ...မင်း..မင်းမိဘတွေနဲ့ ဘာလို့အတူမနေတာလဲ "
အလင်းချိုက မမဆွေရဲ့မျက်နှာကို ဖျက်ခနဲ မော့ကြည့်လိုက်ပြီး
"မခေါ်လို့လေ ...ခေါ်ရင် အတူသွားနေမှာပေါ့ ..."
"မ...မခေါ်ဘူး ဟုတ်လား ... မိ ...မိဘရင်း မဟုတ်ဘူးလား ... ဘာလို့ မခေါ်တာလဲ...."မမဆွေ ထစ်ထစ်ငေါ့ငေါ့နဲ့ မေးလိုက်မိတော့ အလင်းချိုက မဲ့ပြုံးလေးတစ်ချက်ပြုံးလိုက်ပြီး
"ဘာလို့ မခေါ်တာလဲဆိုတာတော့ အလင်းလဲ ဘယ်သိပါ့မလဲ ... သားသမီးထက် သူ့တို့ ချစ်သူတွေက ပိုအရေးကြီးလို့နေမှာပေါ့.....ကဲပါ ရေခဲသုပ်စားလိုက်အုံးမယ်နော် ...ခဏလေးစောင့်ပါ..ဒါပြီးရင် မမဆွေသွားမယ့်ဆီကို အမြန်ဆုံးသွားကြတာပေါ့ "
အလင်းချိုက ပြောရင်း ရေခဲသုပ်ကို ဇွန်းနဲ့ ခပ်စားလိုက်တယ်။
မမဆွေ မှာကြောင်တောင် တောင် မျက်လုံးတွေနဲ့ အလင်းချိုရဲ့ မျက်နှာကိုငေးကြည့်နေမိမြဲ။
"သွားမယ်လေ မမဆွေ ."
အလင်းချိုရဲ့ စကားသံကို ကြားလိုက်ရတော့မှ မမဆွေ သတိပြန်ဝင်လာမိပြီး ထိုင်နေရာကနေ ဖျတ်ခနဲ ထရပ်လိုက်မိတယ်။
" နေ ... နေအုံး ..မင်း ကားငှါးပြီး အိမ်ကို ပြန်နှင့် အလင်းချို ... တို့ ...တို့မှာ အရေးကြီးကိစ္စပေါ်လာလို့ ... မင်းဘယ်မှမသွားနဲ့နော် .. ငါတို့ ပြန်လာမှ အိမ်ကိုပြန်ပါ "
အလင်းချိုကို ပြောပြီးတာနဲ့ ကားရှိရာဆီကို မမဆွေ အပြေးတစ်ပိုင်းနဲ့ ထွက်လာခဲ့မိတယ်။
~~~~~
" ဒီအိမ်ဖြစ်နိုင်တယ် မမဆွေ "
ဟိုဒီမေးမြန်းလာခဲ့ပြီးတဲ့နောက်မှာ ကားလေးကလိပ်စာထဲက အိမ်ရှေ့ကိုရောက်လာခဲ့တယ်။ကားဆရာရဲ့ စကားကြောင့် ခပ်မှောင်မှောင်ခပ်နွမ်းနွမ်း အိမ်ကို မမဆွေ လှမ်းကြည့်လိုက်မိတယ်။အိမ်က ခြံနဲ့ဝန်းနဲ့ သပ်သပ်ရပ်ရပ် ဆိုပေမဲ့ အောက်ထပ်ကအခန်းမှောင်မှောင်ကို ကြည့်လိုက်မိပြီး မမဆွေရင်ထဲ အောင့်တက်လာမိတယ်။ကားရပ်လိုက်တာနဲ့ မမဆွေကားပေါ်ကနေ ခြေလှမ်းတုန်တုန်နဲ့ ဆင်းလိုက်တယ်။ပိတ်ထားတဲ့ ခြံတံခါးဝကနေ လှမ်းခေါ်လိုက်တော့ အောက်ထပ်ကနေ အမျိုးသမီးတစ်ယောက် ထွက်လာတာကို တွေ့လိုက်ရတယ်။အမျိုးသမီးရဲ့ မျက်နှာကို မမဆွေ သေချာကြည့်နေမိတယ်။အချိန်တွေကြာခဲ့ပြီဆိုပေမဲ့ ကိုသက်ဦးရဲ့ အစ်မတွေကို သေချာကို မှတ်မိနေဆဲပါပင်။ကိုသက်ဦးမရှိချိန်မှာ ငှါးနေတဲ့အခန်းထိလိုက်လာပြီး ရန်လုပ်ခဲ့တဲ့ ယောင်းမတွေရဲ့ မျက်နှာကို တစ်သက် ဘယ်မေ့ပါ့မလဲ။သူများယောကျာ်းကိုခိုးတာလည်းမဟုတ်ရပါဘဲ လူပျိုအပျိုယူကြတာကို သားအမိသုံးယောက်လုံး သူတို့သား၊ သူတို့မောင် မရှိချိန်ရောက်လာပြီး သတ်ပုတ်ရန်လုပ်ခဲ့ကြတာလေ။ ဘယ်မေ့နိုင်ပါ့မလဲ။သေချာတာက ရှေ့မှာရပ်နေတဲ့ အမျိုးသမီးရဲ့ မျက်နှာက ယောင်းမတွေရဲ့ မျက်နှာနဲ့ တစ်စက်လေးမှကို မတူပေ။အမျိုးသမီးရဲ့ မျက်နှာကိုကြည့်ပြီး မမဆွေ စိတ်ထဲ အနည်းငယ် စိတ်ပေါ့ပါးသွားမိတယ်။ပြီးတော့ အမျိုးသမီးကို လှမ်းမေးလိုက်တယ်။
"ဟို ... အလင်းချိုရဲ့ ဒေါ် လေးဆိုတာများလား "
အလင်းချိုရဲ့နာမည်ကို ကြားလိုက်ရတဲ့အခါ ခပ်စောစောက ကြောင်တောင်တောင်နဲ့ကြည့်နေမိတဲ့ ဒေါ်လေးစန်း ဝမ်းသာအားရနဲ့ ခေါင်းကို ငြိမ့်ပြလိုက်ပြီး
"ဟုတ်ပါတယ် ... ဘာကိစ္စများလဲရှင် ... တူမလေးတော့ မရှိဘူး ... မေမေကြီးတော့ရှိပါတယ် "
~~~~~
မမဆွေမှာ အမျိုးသမီးရဲ့ နောက်ကနေ အိမ်ထဲ လိုက်ဝင်ခဲ့ပြီး အမျိုးသမီးဝင်သွားရာ အခန်းဝမှာ ရပ်ကြည့်နေလိုက်မိတယ်။
"မေမေကြီး ဧည့်သည့်လာတယ်...."
ဒေါ်လေးစန်းက အခန်းထဲကို အသံလှမ်းပေးလိုက်ပြီးနောက် ကိုလှည့်ကာ မမဆွေကိုပါ ပြောလိုက်တယ်။
" မေမေကြီးက လမ်းသိပ်မလျှောက်နိုင်လို့ ...အထဲကိုဝင်တွေ့လိုက်ပါနော် "
အမျိုးသမီးရဲ့ စကားကြောင့် မမဆွေ အခန်းထဲကို ၀င်လိုက်တဲ့အခါ ရုတ်တရက် လူမှာ အသက်ရှူရပ်တန့် သလိုပင် ဖြစ်သွားမိတယ်။
" ဘုတ် "
ခုတင်ပေါ်တွင်ထိုင်ကာ လှမ်းကြည့်နေတဲ့ အမျိုးသမီးကြီးကို တွေ့လိုက်ရချိန်မှာတော့ မမဆွေ တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားရပြီး လက်ထဲက ပိုက်ဆံအိတ်က အောက်ကိုဘုတ်ခနဲ ပြုတ်ကျသွားတော့တယ်။
"ဟဲ့ ...မိစန်း ... ဘယ်သူတဲ့တုန်း ..."
အသံကိုပါ ကြားလိုက်ရချိန်မှာတော့ မမဆွေ မတ်မတ်ပင် မရပ်နိုင်အောင် ဖြစ်သွားရပြီး အခန်းတံခါးဘောင်ကို အားပြုကာကိုင်လိုက်ရင်းမှ တုန်တုန်ယင်ယင်နဲ့ မေးလိုက်မိတယ်။
"ကို .. ကိုသက်ဦးရဲ့ အမေလား "
" အေးလေ ...ငါက သက်ဦး အမေပဲ...ဒါနဲ့ ညည်းကဘယ်သူတုန်း ..."
ဒေါ်မြမြဦးရဲ့ အဖြေကြောင့် မမဆွေမှာ တံခါးဘောင်ကို အားပြုရပ်နေရာမှ ခွေလဲကျမတတ် ဖြစ်သွားရတယ်။
"အ ...အလင်းချိုက ကို...ကိုသက်ဦးနဲ့ ကေ.... ကေသီချိုရဲ့သမီးလား ...."
"ဟဲ့ ... ညည်းက ဘယ်သူတုန်း ....ဘာကိစ္စ ဒါတွေ လာမေးနေရတာလဲ ... နေ ... နေပါအုံး ...ညည်း...ညည်းက ဘယ်သူလဲ ...ကေ..ကေသီချိုလား "
"သူ့လုပ်နေတဲ့ သူဋ္ဌေးမက တစ်ဖက်မှာ မိန်းခလေးတွေကို စပွန်ဆာတွေနဲ့ ချိတ်ပေးနေတယ်လို့ နာမည်ကြီးနေတာ...ဒါတွေကို မင်းမသိဘူးမဟုတ်လား ...ကိုယ့်ကောင်မလေး ဘယ်မှာဘာအလုပ်လုပ်လဲဆိုတာတော့ မင်းသိသင့်တယ်... "
ဟန်သော်လင်းရဲ့ စကားကြောင့် နေမခ ဒေါသထောင်းခနဲ ထွက်သွားမိပြီး ဟန်သော်လင်းကို မျက်နှာထားတင်းတင်းနဲ့ ကြည့်လိုက်မိပြီး
" ဘာ ..ဘာပြောတယ်ကွ ... ဒါကို ခုမှလာပြောရလား ... မင်းကသိသိနဲ့ ဘာလို့မထားတာလဲ "
" ငါလဲ သိတာမကြာသေးဘူး ... စသိကတည်းက သူ့ကို အလုပ်ထွက်ခိုင်းနေတာပဲ ... သူ့က မင်းစကားကိုတောင် နားမထောင်တာ...ငါ့စကားကိုရော နားထောင်မတဲ့လား"
စကားဆုံးတာနဲ့ ဟန်သော် လင်းက လေပူကြီးကို မှုတ်ထုတ်လိုက်သလို နေမခလဲ သက်ပြင်းချလိုက်တယ်။နှစ်ယောက်သားကြားမှာ ပြန်လည်တိတ်ဆိတ်သွားကြပြီးနောက် ဟန်သော်လင်းက ထိုင်နေရာကနေ ထလိုက်တယ်။
"ငါသွားတော့မယ် ... မင်းလုပ်နိုင်မယ်လို့ ငါယုံတယ် "
ပြောပြီးတာနဲ့ ဟန်သော်လင်း ဆိုင်ပြင်ကို ထွက်ခဲ့လိုက်တယ်။ခုချိန်လောက်ဆို မမမိုးနဲ့ မမဆွေဆိုတဲ့ မိန်းမလည်တွေက ပန်းသော်လင်းကို ချောက်ချဖို့အတွက် စီစဉ်နေလောက်ပြီပေါ့။ သူ့ဘက်က ဒီမိန်းမတွေကို ပြန်ချောက်ချဖို့ဆိုတာ အလင်းချိုကိုပါ ထိခိုက်မှာ စိုးရိမ်နေရလို့ ဒီတိုင်း ကြည့်နေရတာလေ။
~~~~~~~
" ဘာဖြစ်နေတာလဲကွာ ...အဲ့ဒီအလုပ်က ကိုယ့်ထက် အရေးပါနေတာလား ...ဘာဖြစ်လို့ ပြောသမျှစကားတိုင်းကို ငြင်းဆန်နေရတာလဲ အလင်းချို .... မင်းအဲ့လို ဆက်လုပ်နေမယ်ဆိုရင် ကိုယ်တို့ လက်ထပ်တော့မယ်လို့ အိမ်ကိုဖွင့်ပြောလိုက်တော့မယ် "
အေးတိအေးစက်ပုံစံဖြစ်နေတဲ့ အလင်းချိုကို ကြည့်ပြီး နေမခ အားမလိုအားမရနဲ့ ပြောလိုက်မိတယ်။
"ပြောလိုက်ရင်တော့ .. အလုပ်ကထွက်မှာပါဆို ...အလုပ်ကထွက်ဖို့အရေးကို ဘာလို့ နေ့ရွေ့ညရွေ့ရွေ့နေရတာလဲ... အလုပ်ရှင်ကို ပေးရမဲ့အကြွေးရှိနေတာလား .. အကြွေးရှိရင်လဲပြော ကိုယ်ဆပ်ပေးမယ် "
"အကြွေးကရှိတယ် ..ကိုနေဆပ်ပေးလို့မရပါဘူး ..အလင်းဘာသာဆပ်မယ် "
"ဘာလို့လဲ ....ဘာလို့ ကိုယ်ကဆပ်ပေးလို့မရတာလဲ...ချစ်သူချင်းကို မာနထားနေတာလား ... မင်းနော် ကိုယ့်ကိုစိတ်တိုအောင်လုပ်နေတာလား ... မင်းပုံစံက ဘာလဲ ...ကိုယ်ပြောသမျှ ဘာတစ်ခုမှလက်မခံဘဲ မင်းလုပ်ချင်ရာတွေလုပ်နေတော့မှာလား..."
နေမခစိတ်တိုတိုနဲ့မေးလိုက်တော့ အလင်းချိုက ခေါင်းကို အသာခါယမ်းပြရင်း အောက်ကိုငုံ့ချပစ်လိုက်တယ်။ ဒီလိုပုံစံကို မြင်တော့လဲ နေမခစိတ်ထဲမကောင်း။အလင်းချိုရဲ့ ခန္ဓာကိုယ်လေးကို အသာဆွဲယူသိမ်းဖက်လိုက်မိတယ်။သူမ ဘာတွေဖြစ်နေလဲဆိုတာကို နေမခသေချာမသိပေမဲ့ စိတ်ထဲမှာ သူမကိုအကြွင်းမဲ့ယုံကြည်နေမိတယ်။သူချစ်ရတဲ့ ဒီမိန်းခလေးက ဘယ်လိုလူစားမျိုးတွေကြားမှာပဲ ရှင်သန်နေနေ သူမရဲ့စိတ်ဓါတ်က တည်ကြည်ခိုင်မာတယ်ဆိုတာကို နေမခယုံကြည်တယ်။နောက်ဆုံး တစ်ဖက်လူက လုပ်ကြံတာမျိုးမဟုတ်ရင် ဘယ်လိုနည်းနဲ့ပဲ သိမ်းသွင်းခံရပါစေ ပါသွားမဲ့သူမျိုးမဟုတ်ဘူးဆိုတာလဲ ယုံတယ်။ ဒါပေမဲ့ နေမခ အနေနဲ့ အလင်းချိုကို ယုံပေမဲ့ တစ်ဖက်က မမြင်ရတဲ့ကံကြမ္မာကိုရော ၊ သူဌေးမဆိုတာကိုရောမယုံနိုင်ဘူးလေ။
"အင်းပါကွာ ...မင်းပြောသလိုပဲ ဒီလကုန်အထိတော့ အလုပ်လုပ်ခွင့်ပေးလိုက်မယ် ဟုတ်ပြီလား ... လကုန်ပြီးရင်တော့ ဆက်မလုပ်တော့နဲ့နော် " အလင်းချိုရဲ့ကိုယ်လုံးလေးလေးကို ခပ်ဖွဖွဖက်ရင်း နေမခလိုက်လျော စကားဆိုလိုက်ရပြန်တယ်။
~~~~~~
"အရေးကြီးပါတယ်ဆိုမှ မင်းက အေးရာအေးကြောင်း အအေးဆိုင်ထိုင်ချင်သေးတာလား အလင်းချို ...ပြီးတော့ ထိုင်တော့လဲ ဒီလိုဆိုင်မျိုးမှာ...ငါဒီလို ဆိုင်မျိုးမှာ ထိုင်လေ့မရှိဘူး သိရဲလား "
ခုံမှာထိုင်ချလိုက်ရင်းနဲ့ မမဆွေ မကျေမနပ်ပြောလိုက်တယ်။ ဒီလို လမ်းဘေး အအေးဆိုင်မျိုးမှာ မမဆွေ မထိုင်တာ နှစ်တွေကြာခဲ့ပြီ။ပြောရရင် သမီးလေးနဲ့ ခွဲခွါပြီးချိန်ကစလို့ပေါ့။အခုလည်း အလင်းချိုကကားပေါ်က ဆင်းဆင်းချင်းမှာဆိုးဆိုးဆက်ဆက် နဲ့ ဆိုင်ထဲဝင်ချလာလို့ မမဆွေလဲ ယောင်ဝါးဝါးနဲ့ နောက်ကနေ လိုက်ဝင်ခဲ့ရတာ။ ဒီနေ့အဖို့မှာ.အလင်းချိုကို မျက်စိအောက်က အပျောက်ခံလို့မဖြစ်တဲ့အခြေအနေမဟုတ်လား။မဟုတ်ရင်ကိုဂျင်မီဆီကရမယ့် ငွေတွေက လမ်းစပျောက်သွားမယ်လေ။ အဲ့ဒီငွေရပြီးရင်တော့ တစ်နေရာမှာ သွား ခိုအောင်းနေဖို့ ဆုံးဖြတ်ပြီးသားလေ။မဟုတ်ရင် မိုးသူဇာဆိုတဲ့ အရူးမကြောင့် နေထိုင်ရတာ မျက်ခုံးခပ်လှုပ်လှုပ်ဖြစ်နေပြီမဟုတ်လား။အလင်းချိုကို မိုးသူဇာ စိတ်တိုင်းကျလုပ်ခွင့်ပေးလိုက်တာထက် ကိုဂျင်မီဆီကို ပို့ပေးလိုက်တာက ပိုအဆင်ပြေနိုင်တယ်လေ။ ပြီးရင် မိုးသူဇာနဲ့ ဟန်သော်လင်းကိုပါ အပြတ်ရှင်းပစ်ပြီး နောက်တစ်နေရာမှာ နာမည်အသစ်နဲ့ ဘဝသစ်ကို ပြန်စရမှာပေါ့။
"ကဲ..ဘာမှာမှာလဲ မြန်မြန်မှာ .. အချိန်မရှိဘူး "
မမဆွေ စိတ်မရှည်သလိုပြောလိုက်တော့ အလင်းချိုက ခေါင်းကို ငြိမ့်ပြလိုက်ပြီး အနားမှာ ရပ်စောင့်နေတဲ့ စားပွဲထိုးလေးကို မှာလိုက်တယ်။
" ရေခဲသုပ်ရတယ်မဟုတ်လား ...ရေခဲသုပ်တစ်ပွဲပေး... မြေပဲနဲ့ ယိုတွေလုံးဝမထည့်ဘူးနော် ... အချိုရည်နဲ့နို့ဆီပဲ ဆမ်းပေးပါ "
ဧကြည်ဖြူ
" သံယောဇဉ် ကမ်းပါး "
အပိုင်း (၃၉)
*******
"အလင်းချိုကိစ္စကို အသာထား ...သူက အခုဆိုရင် ငါတို့လက်ခုပ်ထဲကရေပဲ... ဘာမှ အရေးမကြီးဘူး...ဟန်သော်လင်းကို ရှင်းဖို့ကို အရင်လုပ်ပါမိုးသူဇာ..သူက ငါ့တို့တွေကို သေတွင်းထဲပို့နိုင်တဲ့သူဟဲ့"
"စိတ်ချပါမမဆွေ .. သူတို့နှစ်ယောက်လုံးကို အလွတ်မပေးပါဘူး ... မကြာခင် သူတို့တွေ မိုးသူဇာ အကြောင်းကို သိစေရမယ် "
" အေးလေ ဒါဆိုလဲ ပြီးတာပဲ...ဒီတစ်ပတ်အတွင်းပဲ အဆုံးသတ်လိုက်တော့ "
~~~~
"အလင်းချို မင်းဘာတွေလုပ်နေတာလဲ...တစ်နေ့တစ်နေ့ ဒီလိုပဲ နေနေ မှာလား "
အခန်းထဲသို့၀င်လိုက်တဲ့အခါ စားပွဲခုံပေါ်တွင်ခေါင်းကို မှောက်တင်ကာ ငြိမ်သက်နေတဲ့အလင်းချိုကိုကြည့်ပြီး မမဆွေစိတ်တိုသွားမိတယ်။ ကိုယ်စခဲ့တဲ့ ဇာတ်ဆိုပေမဲ့ လတိုလေးအတွင်းမှာ ဒီအခြေအနေထိ ဖြစ်သွားတာကိုတော့ မမဆွေစိတ်ထဲမှာ ဘ၀င်မကျမိ။ မိုးသူဇာဆိုတဲ့ မိန်းမက ကမ်းကုန်အောင် ယုတ်မာဖို့ ကြံစည်နေချိန်မှာ အလင်းချိုပုံစံက ဒီလိုဖြစ်နေတာမျိုးကို စိတ်ထဲမှာ မကျေမနပ်ဖြစ်နေမိတယ်။ဒီပွဲမှာ နှစ်ယောက်သား အင်အားမတူဘဲ အလင်းချို ဘက်ကတစ်ဖက်သတ် ခံနေရတာကို စိတ်ထဲမကောင်းဖြစ်နေမိတာပဲလား ဒါမှမဟုတ် အတူနေလာခဲ့တဲ့ ရက်တွေမှာ သံယောဇဉ်တွယ်မိသွားလို့လားဆိုတာကိုတော့ ကိုယ်တိုင်လည်းမတွေးတတ်တော့။သေချာတာက ဒီမိန်းခလေးဘဝ အဖက်ဆယ်လို့မရအောင် ပျက်စီးသွားမှာမျိုးကိုတော့ မဖြစ်စေချင်မိတာ သေချာနေတယ်။
"အလင်းချို ထစမ်း...မင်းအလုပ် လာလုပ်တာမဟုတ်ဘူးလား ... မင်းပုံစံက ဘယ်လိုဖြစ်နေတာလဲ ...ဒီလိုပဲ နေတော့မှာလား..."
ပါးစပ်နဲ့ ပြောနေရုံနဲ့ ခေါင်းထောင်မလာတဲ့ အလင်းချိုကိုကြည့်ပြီး မမဆွေတစ်ယောက် စိတ်မရှည်တော့တာမို့ အလင်းချိုရဲ့ ခေါင်းကို လက်နဲ့ ဆွဲမော့ပစ်လိုက်တယ်။ အလင်းချိုရဲ့ ဦးခေါင်းက
ဆတ်ခနဲ မော့လာပြီး မီးဝင်းဝင်းတောက်တော့မတတ် မျက်လုံးတွေနဲ့ စူးစူးရဲရဲ ကြည့်နေတာကို မြင်လိုက်ရတာကြောင့် မမဆွေလန့်ဖျပ်သွားမိတယ်။ ဆေးများကြောင်သွားပြီလားလို့ တွေးလိုက်မိတာကြောင့် မမဆွေခြေလှမ်းတွေကို နောက်ကိုကမန်းကတန်း ပြုန်ဆုတ်လိုက်ပြီး အခန်းပြင်ကိုခပ်မြန်မြန်ပြန်ထွက်ခဲ့လိုက်ရတယ်။
" ဒေါ်လုံး ... ဒေါ်လုံး လာပါအုံး ...သံပရာရည်ဖြင့်ဖြစ်ဖြစ် လုပ်ပေးပါလား ... ပြီးရင် အလင်းချိုကိုတိုက်လိုက် ... အထဲမှာ သူ့ကို သွားကြည့်လိုက်အုံး နေများမကောင်းတာလားလို့....သူ့အနားကိုလဲ အရမ်းကပ်မသွားနဲ့အုံးနော် ...အသံပေးပြီးမှာသွား... "
အလင်းချိုကိုကြည့်ပြီး ကြောက်သွားမိပေမဲ့ ဒီအတိုင်း ပစ်မထားရက်တာမို့ ဒေါ်လုံးကို ခေါ်ကာ အခန်းထဲဝင်ကြည့်ခိုင်းလိုက်ရပြန်တယ်။
~~~~~
နေမခမျက်နှာထားတင်းတင်းနဲ့ပဲ ခုံမှာဝင်ထိုင်လိုက်တယ်။အလင်းချို ဘက်ကဘယ်လောက်ပဲ ရိုးသားတယ်ပြောပြော မြွေမြွေချင်း ခြေမြင်တာမို့ ဒီလူသားရဲ့ မျက်ဝန်းအကြည့်တွေနဲ့ အပြုအမှုတွေထဲမှာ ကိုယ့်ချစ်သူကို နှစ်သက်မြတ်နိုးနေတာတွေကို နေမခ မြင်နေရတယ်လေ။လူ့စိတ်ဆိုတာကလည်း ခက်သားလား။ ကိုယ့်ချစ်သူကို အခြားတစ်ယောက်ကပါ လာချစ်ခင်နေတာမျိုးကို ဘယ်လိုမှ လက်ခံလို့မရဘူးလေ။
"ဘာကိစ္စရှိလို့လဲ ....အလုပ်ထဲထိတောင် လိုက်လာတယ်ဆိုတော့ အရေးကြီးကိစ္စလား ...မင်းနဲ့ငါ့ကြားမှာ ဒီလိုကိစ္စတွေ မရှိပါဘူး " သက်တူရွယ်တူတွေပဲမို့ နေမခ ခပ်ဆတ်ဆတ်လေသံနဲ့ မေးလိုက်တယ်။
ဟန်သော်လင်းက နေမခကို တစ်ချက်ကြည်လိုက်ပြီး
"အလင်းအကြောင်း ပြောမလို့ ... မင်း သူ့ကို အလုပ်ထွက်ခိုင်းလိုက်တော့ ... သူက မထွက်ဘူး ပြောလဲ မင်းရအောင် ထွက်ခိုင်း ... "
ဟန်သော်လင်းရဲ့ စကားကြောင့် နေမခစိတ်ထဲထင့်သွားမိပေမဲ့ ကိုယ့်ချစ်သူရဲ့ ကိစ္စကို အခြားသူက လာပြီး ပြောနေတာကို သဘောမကျတာမို့
"သူ့ဘာသာ အလုပ်လုပ်နေတာကို ဘာကိစ္စထွက်ခိုင်းရမှာလဲ ... "
" ဘာကိစ္စလဲလို့ မေးနေမဲ့အစား အလင်းကို အလုပ်ကသာ ထွက်ခိုင်းလိုက်တော့ ...မင်းပြောရင် သူနားထောင်မှာပဲ .... သူက မင်းစကားလောက်ကိုပဲ အရေးထားတာ "
ဒီကောင့်ကို တစ်လျှောက်လုံးမကြည်လာသမျှ ဒီစကားတစ်ခွန်းနဲ့တင် နေမခစိတ်ထဲကျေနပ်မိသွားတယ်။ ဒါပေမဲ့ ခက်တာက ဟိုမယ်မင်းကြီးမက သူပြောသလိုမျိုး ကိုယ့်စကားကို နားထောင်တာမှ မဟုတ်တာလေ။ ကိုယ်ပြောသမျှသာနားထောင်ရင် ခုလောက်ဆိုရင် သူမနဲ့ နေမခတို့ အလုပ်တူတူလုပ်နေရလောက်ပြီးလေ။ပြောရရင် ဘာကြောင့်ရယ်မသိ အလင်းချိုရဲ့ အလုပ်ကို နေမခကိုယ်တိုင်လဲ သဘောမကျမိဘူးဖြစ်နေတာ။ အဲ့ဒါကြောင့်လဲ အလင်းချိုကို အလုပ်က ထွက်ဖို့ပြောနေတာ ဘယ်နှစ်ကြိမ်မြောက် မှန်းပင် မမှတ်မိနိုင်တော့ဘူး။
" မင်းကို ယုံလိုက်မယ် ... ဖြစ်နိုင်ရင် မနက်ပြန်ကစပြီး မသွားခိုင်းနဲ့တော့ ဘယ်လိုလဲ ..."
ဟန်သော်လင်းကပြောပြီးတော့ နေမခဆီကတုန့် ပြန့်စကားကို စောင့်နေတယ်။
" သူက အကြောင်းမရှိဘဲပြောလို့ ရတဲ့သူမဟုတ်ဘူး ... ပြီးတော့ အရင်လို ငါပြောသမျှကို နားထောင်တာမဟုတ်ဘူး ....အဲ့ဒီတော့ ဘာကြောင့်လဲဆိုတာကိုပြော "
နေမခရဲ့ အမေးကြောင့် ဟန်သော်လင်း စိတ်မရှည်ချင်တော့ စိတ်တိုတိုနဲ့ ဆွဲထိုးချင်စိတ်ပါ ပေါက်လာတဲ့အထိပဲ။
"အို ..ဒီလိုဖြစ်စရာလား မမဆွေရယ် .. အဲ့ဒီကောင် ဘာမှ မဖော်ခင် မိုးတို့ဘက်က အရင်ဦးအောင် လုပ်တာပေါ့ မမဆွေရယ် ..."
" နင်ပြောတော့ လွယ်လိုက်တာ မိုးသူဇာရယ်...သူ့ကို ချောက်ချဖို့ လွယ်မလား ...ပြီးတော့ နင်ပဲ သူ့ကိုချစ်တယ်ဆို ....."
"အို ကိုယ်ချစ်လဲ သူမှမချစ်ဘဲ ... သူ့များကိုပေးမဲ့အစား ထောင်ထဲကို ထည့်တာဖြစ်ဖြစ် လုပ်ရမှာပဲ...ဒါမှ မလုံလောက်ရင်တော့ ထုံးစံအတိုင်းပေါ့ "
"အမယ်လေး ...အမယ်လေး ပြောတာ လွယ်လိုက်တာ မိုးသူဇာရယ် ...နင်တကယ် ကြောက်ဖို့ကောင်းတဲ့သူပဲ ...ဒါနဲ့ သူက နင်နေတဲ့ တိုက်မှာနေနေတုန်းပဲလား .. အလင်းချိုကို ကြည့်ရတာတော့ ဘာမှ သိပုံမရဘူးနော် .. တစ်နေ့တစ်နေ့ သောက်လိုက်စားလိုက် အလှလေးပြင်လိုက်နဲ့ လေ ... ဒီကောင်မလေး အခြေအနေက ငါတို့ ဖြစ်စေချင်တာထက်ကို ပိုဆိုးနေတာဟဲ့ ...ခုလဲ အခန်းထဲမှာ ဆေးလိပ်ခိုးသောက်နေမှာသေချာတယ်..."
" ကောင်းတာပေါ့ မမဆွေရယ် အဲ့ဒီဟာမကို ဆေးစွဲရုံတင်မကဘူး ပျက်ပါပျက်စီးစေချင်တာ .....ရှင်းရှင်းပြောရရင်... သူ့ကို ကိုဂျင်မီတို့လိုလူမျိုးတွေရဲ့ အငယ်အနှောင်းနေရာ တောင် မဖြစ်စေချင်ဘူး ... အဲ့ဒီအစား လုံးဝပျက်စီးသွားစေချင်တာ ...အဲ့ဒါမှ ဟန်သော်လင်းဆိုတဲ့ကောင်လဲ ခံစားရမှာ...အဲ့ဒီကောင်အခု တိုက်ခန်းမှာ မနေတော့ဘူး...ကြည့်ရတာ သူ့ဟာမကို ဘာမှပြောပုံမရဘူး ....ပြောလို့လဲ မရဘူးလေ ... မိုးတို့အကြောင်းကို ပြောရင် ...သူ့အကြောင်းတွေပါ့အကုန်ပြောရမှာလေ"
မိုးသူဇာပြောနေပုံကို ကြည့်ပြီး မမဆွေတစ်ယောက် သက်ပြင်းကို မသိမသာချလိုက်မိတယ်။
@@@@@@@@@@@@@@@@@
အပိုင်း ( ၃၉ ) ဆက်ရန်
ဧကြည်ဖြူ
"သမီးအလင်းချို လာပြီလား ... ဟင် ... မောင်နေမခ ပါ ပါတာလား "
"ဒေါ်လေး နေကောင်းတယ်နော် "
ဒေါ်လေးစန်းက တံခါး၀က ဆီးကြိုနေပြီး နေမခကိုပါ မြင်လိုက်တော့ အံ့ဩသွားပုံရတယ်။
ဟန်သော်လင်းက ပြုံးပြုံးရွှင်ရွှင်နဲ့ ဒေါ်လေးစန်းကို နှုတ်ဆက်လိုက်ပေမဲ့ နေမခက မျက်နှာတည်ကြီးနဲ့ ရှိနေတာမို့ အလင်းချိုက နေမခကိုကြည့်လိုက်ပြီး အနားကပ်ကာ ခပ်တိုးတိုးပြောလိုက်တယ်။
"နှုတ်ဆက်လိုက်လေ ..." လို့ ပြောပြီး အိမ်ထဲကို ဝင်ခဲ့လိုက်တယ်။
~~~~~
ဒေါ်မြမြဦးက သူ့ရှေ့မှာထိုင်နေကြတဲ့ နေမခနဲ ဟန်သော်လင်းကို ကြည့်နေရင်းကနေ မြေးဖြစ်သူကို လှမ်းကြည့်တယ်။
အဘွားဖြစ်သူရဲ့အကြည့်တွေကို ရိပ်မိ နေတဲ့ အလင်းချိုက အဘွားဖြစ်သူနားမှာ ဝင်ထိုင်လိုက်ပြီး
" သမီးနဲ့ နေမခက ချစ်သူတွေ ဖြစ်နေပြီ အဘွားရဲ့ ...အဲ့ဒါကြောင့် သမီးချစ်ခင်ရတဲ့သူတွေကို... သမီးတို့အကြာင်းကို အသိပေးဖို့ အိမ်ထဲခေါ်ခဲ့လိုက်တာ .. "
ရုတ်တရက်ပြောချလိုက်တဲ့ အလင်းချိုရဲ့ စကားကြောင့် အားလုံးအံ့သြသွားမိကြတယ်။ အထူးသဖြင့် နေမခမှာ ရှက်ကိုးရှက်ကန်းနဲ့ မျက်နှာမထားတတ်အောင် ဖြစ်နေတယ်။
~~~~~
"ကိုလင်း အိမ်ကို တန်းပြန်နော် " အလင်းချိုက နှုတ်ဆက်စကားပြောလိုက်တော့ ဟန်သော်လင်းက ပြုံးပြလိုက်ပြီး ကားကို မောင်းထွက်ခဲ့လိုက်တယ်။
ဟန်သော်လင်းရဲ့ ကားထွက်သွားတော့ အလင်းချိုက နေမခရဲ့ လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး
"အလင်းက ဒေါ် လေးစန်းနဲ့ အဘွားအပေါ်ကို သံယောဇဉ်ဖြစ်မိသလိုမျိုး ကိုလင်းအပေါ်မှာလဲ ဆွေမျိုးသားချင်း တစ်ယောက်လိုသံယောဇဉ်ဖြစ်မိတယ် ... ကိုလင်းကလဲ အလင်းပေါ်မှာ သူ့ညီမတစ်ယောက်လိုပဲ အမြဲ ရိုးသားခဲ့တယ် ကိုနေ... အလင်းတို့လေးယောက်လုံးက ဘ၀တူတွေပါ ... အလင်းကိုချစ်တယ်ဆိုရင် သူတို့သုံးယောက်ကိုလဲ မမုန်းပါနဲ့နော် ... ကိုနေကိုချစ်တဲ့အချစ်က သူ့တို့တွေကိုချစ်တဲ့ အချစ်ထက်ပိုတယ်ဆိုတာတော့ယုံပါ "
အလင်းချိုက ပြောရင်းကနေ နေမခမျက်နှာကို မော့ကြည့်လိုက်တယ်။
နေမခက အလင်းချိုရဲ့ လက်ဖျားလေးတွေကို ဆုပ်ညှစ်လိုက်ပြီး နှစ်ကိုယ်ကြားရုံ လေသံနဲ့ ပြောလိုက်တယ် ။
"အလင်းချို မင်းနော် ...စကားတွေ တော်တော်တတ်လာတယ် .. အရင်ကနဲ့ တခြားစီပဲ ... မင်းပြောတာကို ကိုယ်ယုံပါတယ်... ဒါပေမဲ့ သု့နဲ့ နှစ်ယောက်တည်းတော့ ခဏခဏ မတွေ့နဲ့ကွာ "
" အင်းပါ ... ကိုနေလဲ ပြန်တော့လေ ...အန်တီနွယ်တို့မျှော်နေလောက်ပြီ "
" အိမ်ကို လိုက်ခဲ့ပါလားကွာ ...အမေတို့ကို ပြောပြချင်နေပြီ ..."
အိမ်ပြန်ဖို့ အရေးကို နေမခမှာ အလင်းချိုရဲ့ လက်ကို မလွှတ်ဘဲ ပေကပ်ပြီး နေနေတာမို့ အလင်းချိုက နေမခ ကိုယ်လုံးကြီးကို တွန်းပြီးကားပေါ်ကို အတင်းတက်ခိုင်းလိုက်တယ်။
~~~~~
ကားလေးက လမ်းပေါ်မှာ တရိပ်ရိပ်ပြေးနေတယ်။ကားမောင်းနေရင်းကနေ ဟန်သော်လင်းရဲ့ နှုတ်ခမ်းတွေ ပြုံးနေမိသလို ၊ မျက်လုံးဆီကလဲ မျက်ရည်စက်တွေ စီးကျလာခဲ့တယ်။
~~~~~~
"ဘယ်လိုလဲ အလင်းချို ...မင်းအဘွားနေ သိပ်မကောင်းဘူဆို ... မမဆွေပြောတာကို မင်းလက်မခံသေးဘူးလား ... ငွေတွင်းကို လက်လွတ်ခံမလို့လား "
မိုးသူဇာက မေးရင်းနဲ့ အလင်းချို ဘေးနားမှာ ဝင်ထိုင်လိုက်တယ်။
မိုးသူဇာက ဘေနားလာထိုင်တာမို့ အလင်းချိုက ဆိုဖာခုံပေါ်မှာ လျော့ရိလျော့ရဲ ထိုင်နေရာမှခန္ဓာကိုယ်ကို ပြန်မတ်လိုက်ပြီး မိုးသူဇာ မျက်နှာကို ခပ်စူးစူးပြန်ကြည့်ကာ ဖြေလိုက်တယ်။
" ငွေတော့ လိုချင်တာပေါ့ မမမိုးရယ် ...ဒါပေမဲ့ ပြောသလောက် မလွယ်ဘူးလေ ... သူက ကျွန်မကို သိပ်ချစ်တာလေ... ဒီအကြောင်းတွေကိုသာ သူသိသွားရင် မလွယ်ဘူးလေ "
အလင်းချိုရဲ့ စကားကြောင့်မိုးသူဇာက ခပ်မဲ့မဲ့ တစ်ချက်ပြုံးလိုက်ပြီး
"မင်းက အချစ်ကိုကိုးကွယ်နေတာလား ... ယောကျာ်းတွေကို ယုံကြည်နေတာလား အလင်းချို ... ယောကျာ်းတွေအကြောင်းကို မင်း ဘာသိလို့လဲ ... မင်းရဲ့ချစ်သူဆိုတဲ့ကောင်ကို မင်းယုံကြည်ရင် မှားသွားလိမ့်မယ် "မိုးသူဇာက အလင်းချိုကို မျက်နှာထားတင်းတင်းနဲ့ ပြောလိုက်တယ်။
"ကဲ ..ကဲ ယောက်ျားတွေအကြောင်းကို ပြောမနေနဲ့ကြနဲ့တော့ ... အလုပ်ကိစ္စပြောရအောင် မိုးသူဇာ ...အလင်းချိုက အလုပ်ခန်းထဲကိုသွားပြီး မနေ့က ဆိုင်ကပို့ထားတဲ့ စာရင်းကို စစ်ပေးအုံး ...ဆေးလိပ်တွေသောက်ပြီး အိပ်မနေနဲ့နော်...အလုပ်အရင်လုပ်အုံး ...သွား...သွား "
အလင်းချိုနဲ့ မိုးသူဇာတို့နှစ်ယောက်ကြားသို့ မမဆွေက ၀င်ပြောလိုက်ပြီး အလင်းချိုကို အလုပ်ခန်းထဲ သွားနေဖို့ကို ပြောလိုက်တာမို့ အလင်းချိုက ဆိုဖာခုံမှထပြီး ယိုင်နဲ့ နဲ့ ပုံစံနဲ့ လျှောက်လာခဲ့တယ်။
~~~~~~~
"ကဲ ဘယ်လိုတွေဖြစ်ကုန်ပြီလဲ မိုးသူဇာ ...ညည်းအေ ငါဒီလောက် သတိပေးထားတံကြားကနေ ... သူက ဖော်ကောင် လုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ ... မီးခိုး ကြွက်လျှောက်ပေါ်ကုန်ရင် အစ်ကိုကြီးက ငါ့ကိုပါ စွန့်ပစ်မှာဟဲ့ ...သူတို့လောကမှာ ချစ်တာတွေ မေတ္တာတွေမရှိဘူး.....နင်ရောငါရော အသက်နဲ့ ခန္ဓာ အိုးစားကွဲသွားလိမ့်မယ် သိရံ့လား "
မမဆွေက မိုးသူဇာကို လေသံမာမာနဲ့ ပြောလိုက်တယ်။
"ဟို ..အယ် ... သူဋ္ဌေးက .ဒီရပ်ကွက်မှာ.ငွေတောင်းခိုင်းလိုက်လို့ပါ ကိုလင်း ... "အလင်းချိုက အသံတုန်တုန်နဲ့ ပြန်ဖြေလိုက်ပြီး တစ်ဖက်ကို လှည့်ကာ "အောင်အောင် ပြန်တော့နော် ... " လို့ ခပ်တိုးတိုးပြောလိုက်တယ်။
"သူဘယ်သူလဲ အလင်း "
အလင်းချိုက ဟန်သော်လင်း မေးတာကို မဖြေဘဲ ကားဆီကိုလျှောက်လာခဲ့ပြီး ကားရှေ့ခန်းကို ဖွင့်ကာ ဝင်ထိုင်လိုက်တယ်။
~~~.
ဟန်သော်လင်း စကားတစ်ခွန်းမှ မပြောဘဲ ကားကိုမောင်းလာခဲ့ရင်း တစ်ချက်တစ်ချက်အလင်းချိုဘက်ကို မသိမသာ စောင်းငဲ့ကြည့်မိတယ်။အလင်းချိုက မျက်လုံးအစုံကို မှိတ်ထားပြီး ဆိုဖာခုံကိုလျော့ရိလျော့ရဲ မှီထိုင်ကာ လိုက်ပါလာတယ်။
"အလင်း ကျွန်တော်တို့ စကားခဏလောက် ပြောရအောင် ."
ဟန်သော်လင်း ပြောလိုက်တော့ အလင်းချို မျက်လုံးကို ဖျတ်ခနဲ ဖွင့်ကြည့်လိုက်ပြီး " ပြောလေ ... ကားရပ်လို့ရတဲ့ နေရာမှာ သွားပြောရအောင် "
ဟန်သော်လင်း ကားကို လူရှင်းတဲ့ နေရာမှာ ရပ်လိုက်ပြီးနောက် အလင်းချို ဘက်ကို လှည့်ကြည့်လိုက်တယ်။
" အလင်း ဘာတွေလုပ်နေတာလဲ ... ဟိုတစ်ယောက်နဲ့ အဆင်ပြေတယ် မဟုတ်လား ...အလင်းမှာ ပြဿနာတွေရှိရင် ကျွန်တော့်ကို ပြောပြပါ ... နေမခမသိအောင် ကျွန်တော် ဖြေရှင်းပေးပါ့မ
ယ် "
ဟန်သော်လင်း ပြောနေတာတွေကိုနားထောင်ပြီး အလင်းချိုက ပြုံးလိုက်မိတယ်။ ဒါပေမဲ့ ပြုံးနေတဲ့ အလင်းချိုရဲ့ ပါးပြင်ပေါ်ကို မျက်ရည်တစ်စက်က ပေါက်ခနဲ ကျလာတာကို မြင်လိုက်ရတော့ ဟန်သော်လင်း လန့် သွားမိတယ်။
" အလင်း ...မင်း ... မင်း ဘာဖြစ်လို့လဲ ...ဘာပြဿနာဖြစ်လို့လဲ .."
ဟန်သော်လင်း မေးလိုက်တော့ အလင်းချိုက ခေါင်းကို ခါယမ်းပြလိုက်ပြီး ဟန်သော်လင်းရဲ့ လက်တစ်ဖက်ကို ဆွဲယူလိုက်တယ်။
" ကိုလင်းကို ပျော်စေချင်တယ် ... အလင်းလဲပျော်ချင်တယ် ..."
အလင်းချိုရဲ့ စကားကြောင့် ဟန်သော်လင်း အလင်းချိုရဲ့ မျက်နှာလေးကို နားမလည်နိုင်စွာ ငေးကြည့်နေမိတယ်။
"အလင်းရယ် အလုပ်ကထွက်ပြီး နေမခနဲ့လက်ထပ်လိုက်ပါလားဟင် ... လက်မထပ်ချင်သေးဘူးဆိုရင်လဲ ... တခြားအလုပ် ပြောင်းလုပ်ပါလား .."ဟန်သော်လင်း ပြောလိုက်တော့ အလင်းချိုခေါင်းလဲ မငြိမ့်မိသလို ၊ ခေါင်းလဲမခါမိဘူး။
~~~~~~
" အိမ်ထိ လိုက်ခဲ့လေ ကိုလင်း .. အိမ်မှာထမင်းစားသွားလေ "
ဟန်သော်လင်းက ကားကို ရပ်ကွက်ထိပ်မှာ ရပ်လိုက်တာမို့ အလင်းချိုက ကားပေါ်က မဆင်းဘဲ ပြောလိုက်တယ်။
"ဟို ... မလိုက်တော့ပါဘူး အလင်းရယ် ... ဟိုတစ်ယောက်မြင်သွားရင် ပြဿနာရှာနေအုံးမယ် "
" မဟုတ်တာ ကိုလင်းရယ် ... အိမ်ကို လိုက်ခဲ့ ...ဒေါ်လေး စန်းကို ဖုန်းဆက်လိုက်အုံးမယ် ... အိပ်မှာထမင်းစားသွား ..ကိုလင်းလာရင် အဘွားလဲ ပျော်တာသိတယ်မဟုတ်လား "
~~~~~
ချိန်းထားရင်တောင် လွဲအုံးမယ်ဆိုတာမျိုးပေါ့ ။ဟန်သော်လင်းရဲ့ ကားက လမ်းသွယ်ထဲကို ကွေ့ဝင်ဖို့လုပ်လိုက်တဲ့ အချိန်မှာပဲ နေမခရဲ့ ကားကို တွေ့လိုက်ရတာမို့ နှစ်ယောက်သား လန့်တော့ လန့်သွားမိကြတယ်။ ဒါပေမဲ့ အလင်းချိုက ကားပေါ်ကနေ ခပ်တည်တည်ပဲ ဆင်းလိုက်ပြီး နေမခရှိရာဆီကိုလျှောက်သွားလိုက်တယ်။ကားပေါ်ကဆင်းလိုက်ပြီးတော့ ဟန်သော်လင်းကိုပါ ခေါ်လိုက်တယ်။
"ကိုလင်း ဆင်းလေ "
ဟန်သော်လင်းကို ပြောလိုက်ပြီးတော့ နေမခရဲ့ မှုန်တေတေ ဖြစ်နေတဲ့မျက်နှာကို တစ်ချက်လှမ်းကြည့်လိုက်မိတယ်။နေမခက ဒေါသ မျက်လုံးတွေနဲ့လှမ်းကြည့်နေတာကို အလင်းချိုတွေ့လိုက်ရသလို ဟန်သော်လင်းလဲတွေတယ်။
"ကိုနေ ဒီနေ့စောသားပဲ ...အိမ်ထဲဝင်အုံး...ကိုလင်းကို ညနေစာထမင်းကျွေးမလို့လေ ... ကိုနေပါ ထမင်းစားသွားနော် ..လာလေ "
အလင်းချိုကနေမခလက်ကို ဆွဲကိုင်ပြီး ပြောလိုက်တယ်။ နေမခက အလင်းချိုရဲ့ လက်ကို အတင်းဖျစ်ညှစ်လိုက်ပြီး နားနားကပ်ကာ အံကိုကြိတ်သံနဲ့ပြောလိုက်တယ်။ "အလင်း မင်းနော် ... အဲ့ဒီကောင်ကားနဲ့ ဘာလို့ ပြန်လာတာလဲ ...ကိုယ့်ကိုယ်စိတ်တိုအောင် လုပ်နေတာလား "
နေမခရဲ့ ပုံစံကိုရိပ်မိတဲ့ ဟန်သော်လင်းက အနားကို လျှောက်လာပြီး နေမခကို တည့်တည့်ကြည့်ကာ ပြောလိုက်တယ်။
"လမ်းမှာ ကားငှါးနေတာတွေ့လို့ ခေါ်လာတာ ... ငါတို့က ရိုးရိုးသားသားသူငယ်ချင်းတွေ ... မင်းမဟုတ်တာတွေ လျှောက်တွေးမနေနဲ့ .. မင်းလုပ်တာနဲ့ သူ့လက်ကျိုးတော့မယ်ကွ "
ဟန်သော်လင်း ပြောလိုက်တော့မှ နေမခက အလင်းချိုရဲ့ လက်ကို အတင်းဖျစ်ညှစ်ထားမိတဲ့ သူ့လက်ကို လွှတ်လိုက်ဓိတယ်။ပြီးတော့ နေမခနဲ့ဟန်သော် လင်းတို့တစ်ယောက်နဲ့ တစ်ယောက် ခပ်စူးစူး ခပ်စိမ်စိမ်းမျက်လုံးတွေနဲ့ စိုက်ကြည့်နေမိကြတယ်။သူတို့နှစ်ယောက်ကို ကြည့်ပြီး အလင်းချိုက လေသံခပ်မာမာနဲ့ဝင်ပြောလိုက်တယ်။
" အဲ့ဒီမှာ ဘာရပ်လုပ်နေကြတာလဲ ... အိမ်ထဲဝင်ကြလေ .. ဘာလဲ နှစ်ယောက်သားရန် ဖြစ်ကြမလို့လား ... နှစ်ယောက်လုံးကို ပြောထားမယ်နော် ... အလင်းကို စိတ်ညစ်အောင်လုပ်ရင် အဝေးကြီးကို ထွက်ပြေးပစ်လိုက်မှာ ... ဘာမှတ်နေလဲ နှစ်ယောက်လုံး အိမ်ထဲဝင်ကြ ...တော်ကြာ ဘေးလူတွေ မြင်ပြီး အလင်းကို အထင်သေးအောင် လုပ်နေကြတာလား "
အလင်းချို စကားကြောင့် နှစ်ယောက်သား မကြည်မလင်မျက်နှာတွေနဲ့ အလင်းချိုနောက်က လိုက်လာခဲ့ကြတယ်။
~~~~~
သူမရဲ့ အမျိုးတွေကို မမေ့ခဲ့တာ အမှန်ပင်။ဒါကြောင့်လဲ သူမကို မေ့နိုင်ဖို့ နေမခအမြဲကြိုးစားခဲ့တယ်။နောက်ဆုံးတော့လဲ ဘယ်လိုပဲ ကြိုးစားခဲ့ ကြိုးစားခဲ့ နှလုံးသားရဲ့ ဆန္ဒကို မလွန်ဆန်နိုင်ခဲ့ဘူးလေ။စက်ရုပ်တစ်ရုပ်လိုရှင်သန်နေရတာကို နေမခကိုယ်တိုင် စိတ်ပျက်ကြောက်ရွံ့လာခဲ့မိတယ်။
"ဒီနေ့လဲ ကားဂိတ်ထိပဲ ပို့ပေးရမှာလား ...ဒီလကုန်ထိပဲ လုပ်တော့နော် ....လကုန်ရင် အမေတို့ကို ကိုယ်တို့နှစ်ယောက် အဆင်ပြေနေပြီဆို တဲ့ အကြောင်းကို ဖွင့်ပြောလိုက်တော့မယ်လေနော် .. အခုလဲ အမေတို့က ရိပ်မိနေပုံရပါတယ်...ဒါပေမဲ့ ကိုယ်ဖွင့်ပြောတာကိုပဲ စောင့်နေပုံရတယ် " နေမခ လေသံပျော့လေးနဲ့ ပြောလိုက်တော့ အလင်းချိုခေါင်းလဲမခါ၊ ခေါင်းလဲမငြိမ့်ဘဲ နေမခကို ခပ်ငေးငေးကြည့်နေတယ်။
"ဘာကြည့်နေတာလဲ ...ကိုယ်ပြောတာကြားရဲ့လား "နေမခက သူ့ကို ခပ်ငေးငေးကြည့်နေတဲ့ အလင်းချိုရဲ့ ပါးပြင်ကို ခပ်ဖွဖွဆွဲလိမ်ပြီး ပြောလိုက်တယ်။
"ကိုနေကို ပြောစရာရှိတယ် "
" တီ ...တီ ..တီ "
အလင်းချိုပြောလိုက်ချိန်မှာပဲ ဘေးကဖြတ်မောင်းသွားတဲ့ ကားဆီက ကားဟွန်းသံကြောင့် အလင်းချိုရဲ့ စကားကို နေမခမှာ သေချာမကြားလိုက်ဘဲ ဖြစ်သွားရပြီး အလင်းကို ပြန်မေးလိုက်တယ်။
"ဟင် ... အလင်း ဘာပြောလိုက်တာလဲ "
နေမခ ထပ်မေးလိုက်တော့ အလင်းချိုခေါင်းကို ခါယမ်းလိုက်ပြီး နေမခပခုံးကို မှီကာ မျက်လုံးတွေကို မှိတ်ထားလိုက်တယ် ။
~~~~.~~~~
"အေးမြနွယ် ခုတလော ညည်းသားကို ကြည့်ရတာ မရိုးဘူးနော် "
ဘွားချိုပြောလိုက်တော့ ဒေါ်အေးမြနွယ်က အထည်တွေကို ပါကင်ပိတ်နေရင်းကနေ ပြုံးလိုက်တယ် ။
"အန်တီမြေးက ချစ်သူရှိနေပြီလေ ... ဘယ်လို ရိုးမှာလဲ "
"ဟဲ့ ဟုတ်လား ...နင်က ဘယ်လိုသိလဲ ...ဒါနဲ့ ဘယ်သူများလဲ ..စံမဒီတော့မဟုတ်ဘူးထင်တယ်နော် "
" ဟာ အဘွားကလဲ ... မမစံနဲ့ စေ့စပ်ပွဲတောင် ဖျက်လိုက်တာကို ...သမီးအထင်တော့ မမလင်းနဲ့ပဲနေမှာ ...ဟိုတစ်နေ့က ကိုကိုဖုန်းပြောနေတုန်းမှာအလင်းဆိုပြီး ပြောလိုက်တာကို သမီးကြားလိုက်တယ် "
" ဘယ်.. ဘယ်လို ... အလင်းချိုလေးနဲ့ လား ...တကယ်လား ... တို့ကိုလဲဘာမှမပြောဘူး "
သဲသဲစကားကြောင့် ဘွားချိုက အံ့ဩဝမ်းသာစွာ ပြောလိုက်တယ်။
"အဘွားကလဲ ရည်းစားထားတာကို ဘယ်သူက အိမ်ကိုပြောမှာလဲ ... ဟုတ်တယ်မဟုတ်လား အမေ .. မမလင်းနဲ့ ကိုကို့ကို သဘောတူတယ်မဟုတ်လား အဘွား " .
" တူပအေ...ညည်းတို့အစ်ကိုသာ ဟိုလိုလို ဒီလိုလို မဟုတ်ရင် ပြီးတာပဲ "
~~~~~
ဟန်သော်လင်း ရှေ့ဆက်လုပ်ရမယ့်အစီအစဉ်တွေကို စဉ်းစားရင်း စိတ်လေလေနဲ့ ကား လျှောက်မောင်းလာခဲ့တာ သတိဝင်လာချိန်မှာ ကားက ရပ်ကွက်ဟောင်းဆီကို ရောက်မှန်းမသိ ရောက်လာခဲ့တယ်။ဟန်သော်လင်းအနေနဲ့ ခလုတ်ထိမှ အမိတတာတော့ မဟုတ်ဘူး ။ သူလုပ်နေရတဲ့ လောက က လူတွေက ကောက်ကျစ်ယုတ်မာသူတွေချည်းပဲမို့ တကယ်လို့များဆိုတဲ့ စိတ်နဲ့ နောက်ဆုံးအနေနဲ့ပဲဖြစ်ဖြစ် ရောက်လာခဲ့တယ်ပဲပြောရမလား။ သူက အရင် စိန်ခေါ်ခဲ့ပြီးပြီးမို့ ဒီပွဲကသူတို့သေရင်သေ ၊ သူတို့ မသေရင် သူအသေပေါ့ ။ ဒီလိုမဖြစ်ခင်ကြားမှာတော့ အလင်းချိုကို နေမခလက်ထဲကို သေချာအပ်နှံထားခဲ့ပြီး သူရှာထားသမျှတွေကို ကလေးတွေကို ပေးနိုင်ဖို့ စီစဉ်ရမယ်။ပြီးတော့ မိုးသူဇာအပါအ၀င် ဘယ်သူမှ မသိအောင်ဝယ်ထားခဲ့တဲ့ မြို့ပြင်တစ်နေရာက မြေကွက်လေးကိုလဲ ပိုင်ရှင်အစစ်အမှန်ဆီကို ရောက်စေဖို့ ကြိုးစားရအုံးမယ်။ဒီကြားထဲမှာ ကံကောင်းထောက်မ ခဲ့ရင်တော့ အမေ့မျက်နှာကို ငေးကြည့်ပြီး စကားတွေ ပြောချင်မိပါတယ်။
ရပ်ကွက်လမ်းထဲကို ကားကွေ့ပြီး ဝင်ဖို့အရေးကို ဟန်သော်လင်း တွေဝေနေမိတုန်းမှာပဲ ရှေ့တည့်တည့်က လျှောက်လာတဲ့သူကို ကြည်ပြီး ဟန်သော်လင်း အံ့ဩသွားမိတယ် ။အလင်းချိုကတော့ သူ့ကားကို မြင်ပုံမရဘူး ။ ကားလမ်းတစ်ဘက်ခြမ်းကို လှမ်းကြည့်နေတယ်။အလင်းချိုပုံစံက အရင်နေ့တွေကလို စကပ်တိုတိုအင်္ကျီအကျပ်နဲ့ မဟုတ်ဘဲစကပ်ရှည်ရှည်နဲ့ ကိုယ်ကျပ်အင်္ကျီပေါ်ကနေလက်ရှည် တစ်ထည်ကို ထပ်ဝတ်ထားတယ်။ မျက်နှာကတော့ .ပြင်ဆင်ခြယ်သထားပြီး ဆံပင်တွေကို ခပ်မြင့်မြင့်စည်းထားတယ်။သူမ ဒီရပ်ကွက်ဘက်ကို ဘာကိစ္စ လာတာလဲ။ သူမဘာတွေ လုပ်နေတာလဲ ဟန်သော် လင်းလဲမသိတော့။ထက်ပိုင်ဆိုတဲ့ကောင်ကိုတော့ အရိပ်အယောင်တောင် မတွေ့ရအောင် ဟန်သော်လင်းဖြေရှင်းထားပြီးပြီလေ။ဟန်သော် လင်းကြည့်နေတုန်းမှာပဲ အလင်းချိုနားကို ခပ်ရွယ်ရွယ်ကောင်တစ်ယောက် ရောက်လာပြီး နှစ်ယောက်သား စကားတွေပြောနေကြတာကို တွေ့လိုက်ရတယ်။နှစ်ယောက်သားကို ကြည့်ရတာ အခုမှ သိကြပုံမဟုတ်ဘဲ အဲ့ယောကျာ်းက အလင်းချိုကို စောင့်နေတဲ့ပုံမျိုးကိုတွေ့လိုက်ရတယ်။
ဟန်သော်လင်းကားကို မောင်းသွားလိုက်ပြီး ကားလမ်းကူးသွားဖို့ပြင်နေကြတဲ့ အလင်းချိုတို့ရဲ့ ရှေ့တည့်တည့်မှာရပ်လိုက်တယ်။
"အလင်း '' ဟန်သော်လင်း ခေါ်လိုက်တော့ အလင်းချိုက ဖျတ်ခနဲလှည့်ကြည့်လာပြီး ဟန်သော်လင်းကို မြင်တော့ အလင်းချိုရဲ့ မျက်နှာ ကွက်ခနဲပျက်သွားတာကို တွေ့လိုက်ရတယ်။သူကားပေါ်က ဆင်းလိုက်ပြီး အလင်းချိုဆီကို လျှောက်သွားလိုက်တယ်။
"အလင်း ... ဘယ်ကိုလာတာလဲ ..." ဟန်သော်လင်းက အသံခပ်ဆတ်ဆတ်နဲ့ မေးလိုက်ပြီး အလင်းချိုဘေးက ကောင်ကို စူးစူးဝါးဝါးစိုက်ကြည့်လိုက်တယ်၊
ဧကြည်ဖြူ
"သံယောဇဉ် ကမ်းပါး "
အပိုင်း(၃၈)
*******
" သတ်လေ...သတ်လိုက်စမ်းပါ ...ငါသေရင် မင်းလဲ ထောင်ကျ...အဲ့ဒါမှ မင်းဟာ မလေးကို ဘယ်သူမှ မကယ်နိုင်ဘဲ သူ့ဘ၀ပျက်စီးမှာ "
မိုးသူဇာက ဂရုမစိုက်တဲ့ဟန်ဖြင့်ပြောက ဟန်သော်လင်းရဲ့ ရှေ့ကို ခေါင်းကိုထိုးပေးလိုက်တယ်။
မိုးသူဇာရဲ့ စကားနဲ့ အပြုအမူကြောင့် ဟန်သော် လင်းရဲ့လက်တွေလေထဲမှာ ရပ်တန့်သွားရပြီး မိုးသူဇာရဲ့မျက်နှာကိုတည့်တည့်ကြည့်လိုက်ကာ အံကိုတင်းတင်းကြိတ်လိုက်မိတယ်။
" ဟုတ်တယ်ခင်ဗျားလို မိန်းမယုတ်ကို သတ်မယ့်အစား ... ကျုပ်ကိုယ်တိုင် ထောင်ထဲထည့်ပြမယ် ...ထမင်းသာ ဝအောင်စားထား ဒေါ်မိုးသူဇာ "
ဟန်သော်လင်းက မိုးသူဇာကို ဆောင့်တွန်းပစ်လိုက်ပြီး အခန်းပြင်ကို ပြန်ထွက်ခဲ့လိုက်တယ်။
~~~~
"စကားကို အေးဆေးပြောပါဗျာ... ကျွန်တော်ဘာကောင်လဲ အစ်ကိုသိသလို ... အစ်ကို့အကြောင်းကိုလဲ ကျွန်တော် အကုန်သိတယ် ... ကျွန်တော်လဲ ငွေရဖို့အတွက် သူတို့ခိုင်းတာကို လုပ်ခဲ့တာပါ...အစ်ကို့ကောင်မလေးကို ကျွန်တော် မဖျက်ဆီးဘူး ....ဆေးလိပ်နဲ့ အရက်တွေလဲ သူ့ဘာသာလိုက်သောက်တာ..."
"ဟေ့ကောင် မင်းအသားမနာချင်ရင်...အပိုတွေပြောမနေနဲ့ ... နောက်ထပ် သူ့နားမှာ မင်းကိုထပ်တွေ့ရင် ငါ့အဆိုးမဆိုနဲ့ "
"ဒီမှာ အစ်ကို ... ဘ၀တူချင်းမို့ ပြောပြလိုက်မယ် ... အစ်ကို မပြော်လဲ ကျွန်တော့်တာဝန်က ပြီးသွားပြီဗျ... သူနဲ့ ထပ်တွေ့စရာအကြောင်း မရှိတော့ဘူး ....အဘွားကြီးက သူ့ကို ရောင်းစားဖို့ကြံနေပြီ ...အိမ်တွေခြံတွေ ဝယ်ပေးမယ်ဆိုပြီး မက်လုံးတွေပေးနေတာလေ.. "
" ဘာ ...ဘာပြောတယ်ကွ.....ဒီမိန်းမယုတ်တွေကတော့ ...တောက် ... "
ထက်ပိုင်ရဲ့ စကားကြောင့် ဟန်သော်လင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပြီး တောက်တစ်ချက်ခပ်ပြင်းပြင်းခေါက်လိုက်မိတယ်။
~~~~~~~
ဟန်သော်လင်း ကားကို ရပ်တန့်လိုက်ပြီး ရှေ့ကမြင်ကွင်းကို မမှိတ်မသုန်စိုက်ကြည့်နေမိတယ်။အလင်းချို ဖုန်းဆက်ပြီးပြောတုန်းက သူရင်နာနာနဲ့ပဲ ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။အလင်းချိုပျော်နေရင် ဟန်သော်လင်းလည်း ပျော်ပါတယ်။ညနေတိုင်း သူမကို အိမ်ပြန်ပို့ပေးရတဲ့ အလုပ်ကို မလုပ်ရတော့ပေမဲ့ သူမရှိတဲ့နေရာတွေကို တိတ်တဆိတ် သွားလာနေမိမြဲ။ပြုံးနေတဲ့ သူမရဲ့မျက်နှာလေးကို ငေးကြည့်ပြီ ဟန်သော်လင်း ရင်နာနာနဲ့ပဲ ကျေနပ်ခဲ့ပါတယ်။အချိန်အားတိုင်း သူမနောက်လျှောက်လိုက်ခဲ့ခြင်းကပဲ သူမရဲ့ အကြောင်းတွေကို သိလာစေခဲ့တာ မဟုတ်လား ။ နေမခနဲ့လဲ အဆင်ပြေပုံရရဲ့နဲ့ သူမပုံစံတွေ မူမမှန်ဖြစ်နေတာကို ဟန်သော်လင်းစိုးရိမ်နေမိတယ်။အလုပ်ကထွက်ဖို့ ပြောခဲ့ပေမဲ့ ဘာကြောင့်မှန်းမသိပေကပ်နေတဲ့ သူမကို ဟန်သော်လင်းဘယ်လို တားမြစ်ရမလဲ မစဉ်းစားတတ်တော့ပေ။ ဒီတော့ ဟန်သော်လင်းမှာလုပ်စရာတစ်ခုပဲရှိပါတော့တယ်။ သူ့အကြောင်းတွေအားလုံးကို အလင်းချိုကို ဖွင့်ပြောလိုက်ဖို့ပါပင်။
~~~~
"အလင်း ...မင်းရဲ့အလုပ်ကို ကိုယ်သဘောမကျဘူးလို့ ပြောနေတယ်လေ... အလုပ်ကထွက်လိုက်ပါတော့ ဆိုကွာ ....အိမ်မှာ အမေတို့နဲ့ အလုပ်တူတူလာလုပ်ချင်လုပ် ... ဒါမှမဟုတ် ဆိုင်မှာ လာလုပ်ပါဆို...မင်းနော် အရင်ကလို မဟုတ်ဘူး ... ပြောစကားလဲ နားမထောင်ဘူး...ပြီးတော့ ဒါတွေက ဘာတွေလဲ .. အလှတွေလဲ ပြင်သလားမမေးနဲ့ "
နေမခက ပြောပြောဆိုဆိုနဲ့ အလင်းချိုရဲ့ မျက်နှာကို လက်နှစ်ဖက်နဲ့ ဖျစ်ညှစ်ပြီး ပြောလိုက်တယ်။ ဒီစကားတွေက နေ့တိုင်းပြောလဲပြောပြောပဲဆိုတာ နေမခသိသိနဲ့ ထပ်ပြောနေမိတာ။ နေမခမှာလဲ တကယ်ချစ်မိပြီဆိုတော့ ဟိုအရင်ကလို မဆူရက်မငေါက်ရက်။ဒါကို သိလိုလည်းထင်ပါရဲ့ အလင်းချိုက အရင်ကနဲ့မတူဘဲ နေမခပြောသမျှစကားတွေကို တစ်ခုမှကို မနာခံဘူး။ အလုပ်ထွက်လို့ ပြောရင် မထွက်ဘူးဆိုပြီး ရန်တွေ့တယ်။စိတ်တိုလို့ ဆူမိငေါက်မိရင် တစ်နေကုန် ဖုန်းမကိုင်တော့ဘူး။ အလုပ်သွားရင်လဲ အလုပ်ထိလိုက်ပို့ခွင့်မရဘဲ ကားဂိတ်ထဲပဲ ပို့ခွင့်ပေးတယ်။ညနေဘက်ကတော့ နေမခတို့ဆိုင်က ညနေခြောက်နာရီမှ ပိတ်တာဆိုတော့ အချိန်က မတူတော့ ပြောလို့မရဘူး။ သူမအလုပ်နောက်ကျတဲ့အခါမျိုးမှာ အလုပ်နားက ကားဂိတ်မှာ လာကြိုပေးလို့ ပြောတာကိုပဲ နေမခ မှာကျေနပ်နေရတာ။
"မိန်းခလေးပဲ အလှပြင်မှာပေါ့ ...မျက်နှာပြောင်ကြီးနဲ့ နေရမှာလား ...သူကျတော့ အလုပ်သွားလုပ်တာနဲ့ မတူဘဲ မင်းသားသွားလျှောက်တာကျနေတာပဲ " အလင်းချိုက ခပ်စွာစွာလေး ပြန်ပြောလိုက်ရင်း နေမခရဲ့ ဆံပင်တွေကို ဆွဲဖွပစ်လိုက်တယ်။
"ဟာ ..ဟေ့ ... ဟေ့ မလုပ်နဲ့ လေကွာ ...ကိုယ်တို့က မင်းတို့ မိန်းခလေးတွေလိုအပြင်ထွက်ရင် ဘီးတွေဘာတွေ ပါတာမဟုတ်ဘူးကွ " နေမခမှာ ခေါင်းကို ငဲ့ကာတိမ်းကာ ရှောင်လိုက်ရင်း အလင်းချိုရဲ့ လက်လေးတွေကို ဖမ်းဆွဲယူလိုက်တယ်။နေမခရင်ထဲမှာရှိတဲ့ စိတ်အလိုမကျမှုတွေက အလင်းချိုမချော့ရပါဘဲ ပြေပျောက်သွားရပြန်တယ်။ ပြောရမယ်ဆိုရင် ဟိုခပ်ငယ်ငယ်ကတည်းကသူမက နေမခရင်ထဲမှာ နေရာယူခဲ့တယ်လို့ပဲ ပြောရမလား။ လူကိုတွေ့ရင် အူကြောင်ကြောင်ပုံစံလေးနဲ့ ရယ်ပြပြုံးပြတတ်တဲ့ဒီကောင်မလေးကို နေမခအမြင်ကပ်ကပ်နဲ့ ခင်မင်ခဲ့မိတယ်လေ။နိုင်ငံခြားကို ထွက်သွားခဲ့ပေမဲ့လည်း တစ်နေ့မှ မေ့လို့မရခဲ့။ဒါပေမဲ့ သူမကို မေ့လို့မရခဲ့သလို အကျင့်မကောင်းတဲ့
မမဆွေရဲ့ အမေးကြောင့် ထက်ပိုင်မချိုမချဉ်ပြုံးလိုက်ပြီး "အဲ့ဒါတော့ မရဘူးဗျ ... ပါးလေးနမ်းတာတောင် ကျွန်တော့်ကို ပါးပြန်ချမလို့ ရွယ်တာဗျ...လက်ကိုင်ပခုံးဖက်တာလောက်တော့ အေးဆေးပဲ...ဘာလဲ အဲ့ဒီအဆင့်ထိ ရောက်အောင် ကြိုးစားရမှာလား ... ဟန်သော်လင်းဆိုတဲ့လူကိုလဲ ကြည့်ထားအုံးဗျ ... တော်ကြာ ကျွန်တော့်ကို လာသတ်နေအုံးမယ် ... မမမိုးကလဲဗျာ ...ဘာလို့များ အဲ့ဒီလိုကောင်ကို သဘောကျနေလဲ မသိဘူး.....ဒါပေမဲ့ စိတ်ချပါ ငွေသာများများရရင် ဟန်သော်လင်းမကလို့ ဘာကောင်ဖြစ်ဖြစ် မကြောက်ပါဘူးဗျာ "
ထက်ပိုင်ရဲ့ စကားကို ကြားတော့ မမဆွေစိတ်ထဲမှာ ကျေနပ်သွားမိတယ်။
"နိုး....နိုး ဒီအခြေလောက်ဆိုရပါပြီဆရာရယ် ... မင်းအတွက် ဘောက်ဆုကောင်းကောင်းချဖို့ မိုးသူဇာကို ပြောလိုက်ပါ့မယ် "
"အိုဗျ ကျေးဇူးပါမမဆွေ "
အလင်းချိုတစ်ယောက် အခန်းထဲမှာ အိပ်ပျော်နေလောက်ပြီးမို့ မမဆွေနဲ့ထက်ပိုင်တို့ အလင်းချို အကြောင်းကို ပြောနေကြပြီး ကိုယ့်တွက်ကိန်းနဲ့ကိုယ်ပြုံးနေမိကြတယ်။
~~~~
" ဒေါက် ...ဒေါက်...ဒေါက် "
" မမမိုး တံခါးဖွင့်ပေးနော် ...ခင်ဗျား အထဲမှာရှိတာ ကျွန်တော်သိတယ် "
ဟန်သော်လင်း အခန်းတံခါးကို လက်သီးနဲ့ ခပ်ပြင်းပြင်းထုပြီး ပြောလိုက်တယ်။ခဏနေတော့ အထဲက ခြေသံကို ကြားလိုက်ရပြီး အခန်းတံခါးက ပွင့်လာတယ်။ခပ်ဟဟပွင့်လာတဲ့ တံခါးကို ဟန်သော်လင်းဆောင့်တွန်းလိုက်ပြီး အခန်းထဲကို ၀င်ခဲ့လိုက်တယ်။ အခန်းထဲရောက်တာနဲ့ ခုံတစ်လုံးကို ကောက်ယူလိုက်ပြီး နံရံကပ်မှန်ကို ရိုက်ခွဲပစ်လိုက်တယ်။
ဟန်သော်လင်း ဒေါသထွက်နေသလောက် မိုးသူဇာကတော့ ဆိုဖာခုံပေါ်မှာ ခြေထောက်ကိုချိတ်ပြီး ဟန်မပျက်ထိုင်နေတယ်။
"မင်းက ငါ့အိမ်ထဲထိ ၀င်လာပြီး ရမ်းကားရဲတယ်ပေါ့လေ... ရဲခေါ်ပြီး မင်းကို ခုချက်ချင်းဖမ်းခိုင်းလိုက်လို့ရတယ်သိရဲ့လား "
မိုးသူဇာရဲ့ စကားကြောင့် ဟန်သော်လင်း ဒေါသကို မထိန်းနိုင်တော့ဘဲ မိုးသူဇာကို လက်ပြန်ရိုက်ချဖို့အတွက် လက်ကိုရွက်လိုက်တယ်။မိုးသူဇာကတော့ မမှုဘဲ ဟန်သော်လင်းရဲ့မျက်နှာကို ခပ်တင်းတင်းပဲစိုက်ကြည့်နေတယ်။
"ခင်ဗျားက မိန်းမယုတ် ...တကယ့်ကို ကြောက်စရာကောင်းတဲ့မိန်းမပဲ ...ကျုပ်တုန်းကလဲ အကူအညီပေးသလိုလိုနဲ့ ကျုပ်ကိုနွံထဲဆွဲနှစ်ခဲ့တယ်... ဒါပေမဲ့ ဒီတစ်ခါတော့ ခင်ဗျားတအားလွန်သွားပြီ ...ခင်ဗျားကို ကျုပ် ကိုယ်တိုင် ထောင်ထဲထည့်ပြမယ် "
"ဟား ...ဟား ရယ်စရာကောင်းလိုက်တာဟာ ...ငါက ယုတ်မာတာမဟုတ်ဘူးကွ ...မင်းတို့တွေကိုယ်တိုင်က စိတ်ဓါတ်မခိုင်မာတာ သိရဲ့လား...ဟုတ်တယ် မင်းဟာမလေးကို ပျက်စီးစေချင်လို့ ငါခိုင်းခဲ့တယ် ...ဒါပေမဲ့ ငါက အဲ့ဒီကောင်ကို ငွေးပေးပြီးပဲခိုင်းခဲ့တာ...မင်းဟာမလေး ကိုယ်တိုင်က စာရိတ္တမကောင်းလို့ ပျက်စီးတာလေ ... ငါက သူ့လက်ကိုဆွဲပြီး ဟိုကောင့် ဆီကို ပို့ခဲ့တာမဟုတ်ဘူး "
"ဘာဗျ ...ခင်ဗျား ခင်ဗျား ... မိန်းမယုတ် ... ခင်ဗျားကို သတ်မယ် "
" ဒုန်း "
"ဂွမ်း "
@@@@@@@@@@@@@@@@@
အပိုင်း (၃၈ ) ဆက်ရန်
ဧကြည်ဖြူ
အိမ်မှာလဲပြောပြီးပြီ..မင်းပြောသလို ပြောတာတော့ မဟုတ်ဘူးပေါ့ ...စံကနေမခကို မောင်လေးတစ်ယောက်လိုပဲ သံယောဇဉ်ဖြစ်မိတာပေါ့ ...တကယ်တမ်း အိမ်ထောင်ဖက်အဖြစ် ရွေးရတော့မယ်ဆိုတော့ စိတ်ထဲမပါလို့ပါ ဘာညာဆိုပြီးတော့ ပြောလိုက်ရတာပေါ့ကွာ "
မစံရဲ့ စကားကြောင့် နေမခကျေးဇူးတင်စွာနဲ့ ကြည့်လိုက်မိတယ်။
"ကျေးဇူးတင်ပါတယ် မစံ "
" ဟုတ်ပါပြီ ... တို့ကလဲ ပြတ်သားသား ငြင်းလိုက်တဲ့ မင်းကို ကျေးဇူးတင်ပါတယ်...မဟုတ်ရင် နှစ်ယောက်လုံးစိတ်ဆင်းရဲနေရမှာပဲလေ... ကဲပါ ဒါတွေထားလိုက်ပါ ... အလုပ်ကိစ္စပြောရအောင် ... ဆိုင်က ရောင်းအားသွက်တာလဲ မင်းလဲ အသိပဲလေ ... အဲ့ဒီတော့ ဆိုင်ခွဲဖွင့်ဖို့အတွက် စဉ်းစားထားတာကြာပြီ ... ပါးပါးတို့ကိုလဲ ပြောပြီးသွားပြီ ....ဆိုင်သစ်ကို တို့သွားမယ် ...မင်းကတော့ ဒီဆိုင်မှာပဲ အလုပ်ဆက်လုပ်ပါ ....မစံကတော့ ဒီနေ့ကစပြီး ဆိုင်ခွဲဖွင့်ဖို့အတွက် ကြိုးစားလိုက်အုံးမယ် ... ဒီဆိုင်ရဲ့ ကိစ္စအဝဝကိုတော့ မင်းကိုအပ်လိုက်ပြီနော် .. ဒီထက်တိုးတက်အောင်မင်းလုပ်နိုင်မယ်ဆိုတာ ယုံကြည်ပါတယ် ... ."
မစံ စကားကြောင့် နေမခ ရင်ထဲ လှိုက်ခနဲ ပျော်မိသွားတယ်။ဘယ်လိုပဲဖြစ်ဖြစ် နှစ်ယောက်သား မျက်နှာချင်းဆိုင်တွေ့နေရမှာကို မျက်နှာပူမိတယ်လေ။ပြီးတော့ မစံနဲ့ အလုပ်အတူ ဆက်လုပ်နေရင် အလင်းချို စိတ်ခုသွားမှာကိုလည်း စိတ်ထဲက စိုးရိမ်နေခဲ့မိတာလေ။
"စိတ်ချပါ မစံ ... တစ်နေ့ထက်တစ်နေ့ ပိုပြီး တိုးတက်လာအောင် ကျွန်တော်ကြိုးစားပါ့မယ် "
ကတိတွေရဲရဲပေးပြီး ပြုံးနေတဲ့ နေမခ မျက်နှာကြည့်ပြီး စံမဒီရင်ထဲမှာ ဆစ်ခနဲတော့ ဖြစ်သွားမိတယ်။နေမခနဲ့သိလာခဲ့တဲ့ နှစ်တွေကြာလာခဲ့ပေမဲ့ အသက်ဝင်လှတဲ့ နေမခရဲ့အပြုံးကို အခုမှပထမဆုံးမြင်ဖူးတာလေ။ဟိုအရင်ကလို နှုတ်ခမ်းတွေပဲ အတင်း ပြုံးနေတာမဟုတ်ဘဲ မျက်လုံးတွေက အစပြုံးနေခဲ့တာလေ။ဒီလိုဆိုတော့လဲ နေမခကို အချစ်နဲ့ ပတ်သက်ရင် အေးတိအေးစက်နိုင်တယ်လို့ စံမဒီထင်ထားခဲ့မိတာက မှားနေခဲ့တာပေါ့လေ။
~~~~.~
"မင်း ဆေးလိပ်တွေအရမ်းသောက်နေတယ်နော် အလင်းချို ..." မမဆွေက ပြောရင်းအလင်းချိုကို အကဲခတ်သလို ကြည့်လိုက်တယ်။အလင်းချိုက မျက်လုံးတွေ မှေးစင်းနေရာကနေ တစ်ချက်လှမ်းကြည့်တာကို တွေ့လိုက်ရတယ်။
"ဒါနဲ့ ... မင်းက အိမ်ငှားနေတာဆို .. မင်း အိပ်ပိုင်နဲ့ မနေချင်ဘူးလား ...မမဆွေပြောတာကိုသာ မင်းလက်လိုက်ရင်.. မင်းရောမင်းမိဘတွေကိုပါ အိမ်နဲ့ ရာနဲ့ ထားနိုင်မှာကွ"
မမဆွေက အလင်းချိုးကိုသွေးတိုးစမ်းသလိုမျိုး ပြောလိုက်တယ်။အလင်းချို ပုံစံက ထက်ပိုင် ရောက်လာပြီတဲ့နောက်မှာ မမဆွေတို့ လိုချင်တဲ့ ပုံစံမျိုး မသိမသာဖြစ်လာပြီလေ။အထူးသဖြင့် မိုးသူဇာ လိုချင်တဲ့ပုံစံမျိုးပေါ့။
"မမဆွေက ဘာခိုင်းမှာလဲ ...ဘာလဲ ဟိုလူကြီးရဲ့ မယားငယ်အဖြစ် နေခိုင်းမလို့လား ..."
"အိုကွယ် .. မင်းရဲ့စကားတွေက ကြမ်းလိုက်တာကွယ် ... .မယားငယ် မဟုတ်ပါဘူးကွယ် ... ကိုဂျင်မီကလဲ ရန်ကုန်ကိုတစ်ခါတလေမှ လာတာ....ကျန်တဲ့အချိန်တွေမှာ မင်းစိတ်ကြိုက်နေလို့ရတယ် ...တရား၀င်ယောကျာ်းမယူရင်ရပြီ ....မင်း ဘာအလုပ်မှမလုပ်ရဘဲ စားလိုက်သွားလိုက်နဲ့ အေးအေးဆေးဆေး နေရမှာနော် " မမတွေက အလင်းချိုးက မက်လုံးတွေပေးပြီး မြူဆွယ်လိုက်တယ်။ တစ်နေ့တစ်ခြား အလင်းချိုပုံစံကို ကြည့်ရတာတော့ မမဆွေတို့ စီစဉ်ထားတဲ့ အတိုင်းဖြစ်မှန်းမသိဖြစ်လာခဲ့ပြီလေ။
" ကဲပါ သေချာစဉ်းစားအုံးပေါ့ ... နောက်အပတ်ကစပြီး တို့ရဲ့မန်နေဂျာလဲ ပြန်ရောက်မှာမို့ မင်းတို့တွေ ဆိုင်တွေကို သွားစရာမလိုတော့ပါဘူး "
"ဟုတ်ကဲ့ ..ရပါတယ် မမ ဆွေ ...သွားရမယ်ဆိုလဲသွားပါမယ် .. ဆိုင်မှာနေရတာကို အလင်းလဲပျော်နေပါပြီရှင် "
အလင်းချိုက အာလေးလျှာလေးသံနဲ့ ပြောလိုက်တော့ အလင်းချိုကို မမ ဆွေ တစ်ချက်ငဲ့ကြည်လိုက်မိတယ်။ မျက်နှာပြင်တစ်ခုလုံး ဆေးရောင်းစုံခြယ်သထားတဲ့ အလင်းချိုရဲ့ မျက်နှာက လိုအပ်တာထက် ပိုပြီး နီရဲနေသလို ၊ မျက်လုံးတွေကလဲ မှေးစင်းနေတယ်။နှုတ်ခမ်းတွေကလဲ မပွင့်တပွင့်ပြုံးလို့။ အလင်းချိုပုံစံကို ကြည့်ပြီးမမဆွေသက်ပြင်းမောကို ချလိုက်မိပြီး နှုတ်ကလွတ်ခနဲ ပြောလိုက်မိတယ်။
"စောစောစီးစီး သတိလေးဘာလေးထားပါအုံး အလင်းချို ...အဲဒီမှာ တရေးလောက် အိပ်ချင် အိပ်လိုက်....''ပြောပြီး မမဆွေ စိတ်ရှုပ်ရှုပ်နဲ့ အခန်းပြင်ကို ထွက်ခဲ့လိုက်တယ်။ဒီလိုဖြစ်စေချင်လို့ ကြံစည်ခဲ့ကြတယ်ဆိုပေမဲ့ တကယ်တမ်းမြင်ရတော့လည်း ရင်ထဲမှာဘာလို့မှန်းမသိ မမဆွေအလိုမကျ ဖြစ်နေမိတယ်။ပြီးတော့ ထက်ပိုင်လို ကောင်လေးက မြူဆွယ် ဖြားယောင်းတာကို အလွယ်တကူ ပါလာတာကိုလဲ စိတ်တိုမိပြန်တယ်။
~~~~
"ဟေ့ ထက်ပိုင် ..မင်းလဲတော်ရုံတန်ရုံပဲ လုပ်ပါဟ ....ခုကြည့်အုံး ... အစောကြီးရှိသေးတယ် သူ ခေါင်းမထူနိုင်တော့ဘူး ...ဒါနဲ့ မင်းတို့ အခြေအနေကရော အတူတူ နေပြီးကြပြီလား " မမဆွေက ထက်ပိုင်ကိုကြည့်ပြီး မေးလိုက်တယ်။
"ဖြေလေလေကွာ.... မဖြေရင် အလုပ်မသွားရဘူးနော်" နေမခကရုပ်တည်ကြီးနဲ့ ထပ်ပြောလိုက်တယ်။
အလင်းချိုခေါင်းကို မော့လိုက်ကာ နေမခရဲ့ မျက်နှာကို ကြည့်လိုက်မိတယ်။ နေမခက အလင်းချိုရဲ့ မျက်နှာကို စိုက်ကြည့်ပြီး အဖြေကို စောင့်နေတယ်။နေမခက အကြည့်စူးစူးတွေနဲ့ ဇွတ်မေးနေတော့ အလင်းချို အယောင်ယောင် အမှားမှားနဲ့ ခေါင်းငြိမ့်လိုက်မိလေသလား မသိတော့။သေချာတာကတော့ ဘယ်လိုပဲတင်းထားပါစေ ခေါင်းခါဖို့ရန်ဆန္ဒမရှိဘူးဆိုတာပါပဲ။ နေမခရဲ့ လက်အစုံက အလင်းချိုရဲ့ကိုယ်လုံးလေးကို ခပ်ဖွဖွဆွဲယူပြီး ဖက်လိုက်ချိန်အထိ အလင်းချိုမှာ စိတ်နဲ့လူ မကပ်နိုင်သေးပါ။မယုံကြည်နိုင်ခြင်း၊ ရင်ခုန်ခြင်း၊ ပျော်ရွှင်ခြင်းစတဲ့ စိတ်ခံစားချက်တွေနဲ့ လူက လေထဲမှာ လွင့်မျောနေသလို ခံစားနေရတယ်။
"ဒီနေ့ကစပြီး ... ဘယ်သူနဲ့မှမပတ်သက်ရတော့ဘူးနော် ... ကိုယ်ပြောတာကိုကြားလား "နေမခဆီက အသံကိုကြားလိုက်ရတော့မှ အလင်းချိုသတိဝင်လာမိပြီး နေမခရဲ့ရင်ခွင်ထဲကနေ ဖျတ်ခနဲ ရုန်းထွက်လိုက်မိတယ်။
"ဘာဖြစ်လို့လဲ ... ကိုယ်ပြောတာ လက်မခံနိုင်ဘူးလား ..ကိုယ်လဲဘယ်သူနဲ့မှမပတ်သက်ဘူး ... မစံနဲ့လဲပြတ်ပြတ်သားသား ဖြေရှင်းလိုက်ပါပြီ "
နေမခရဲ့ စကားတွေကြောင့် အလင်းချို စိတ်ထဲမှာ ပြုံးလိုက်မိတယ်။အပိုင်တွက်ထားပုံက အဖြေတောင် သေချာမပေးရသေးဘူး ။ အမိန့်က အရင်ထုတ်တာပဲ။
"ဘယ်သူနဲ့မှ မရှုပ်ပါဘူး...ဒါပေမဲ့ လူပဲလေ အပေါင်းအသင်းတော့ ရှိမှာပဲ..."
အလင်းချိုက ခပ်ဆတ်ဆတ်လေးပြန်ပြောလိုက်တော့ ဒီတစ်ခါ အံ့သြသွားရသူက နေမခပါပင်။အလင်းချိုရဲ့ ပုံစံက အရင်တုန်းက ပုံစံနဲ့မတူ ရဲ့ရင့်လာတယ်ပြောရမလား။ပွင့်ပွင့်လင်းလင်းပြောတတ်တယ်ပြောရမလား။ပြီးတော့ ဘယ်သူဘာပြောပြော အရင်ကလိုမတုန်မလှုပ်ပုံစံမျိုးမဟုတ်တော့ဘဲ ပြန်တုန့်ပြန်တတ်လာတယ်။ဒီလိုပြောင်းလဲလာတဲ့ အလင်းချိုရဲ့ ပုံစံကို နေမခလဲ သဘောကျပါတယ်။ဒါပေမဲ့ အမြင်လည်း ကပ်မိသလိုပဲ။အမြင်းကပ်ကပ်နဲ့ သဘောကျနေမိတာမျိုးပေါ့။
"သူစိမ်းယောကျာ်းလေးတွေနဲ့ လျှောက်မသွားနဲ့နော် ...ဆေးလိပ်တွေဘာတွေ သောက်တာမျိုးတွေလဲ မလုပ်နဲ့ ... "
နေမခရဲ့ စကားကြောင့် အလင်းချို ခန္ဓာကိုယ်လေးဆတ်ခနဲ တုန်သွားမိတယ် ။ဒါကို နေမခ မရိပ်မိအောင် အမြန်ထိန်းလိုက်ပြီး ဟန်မပျက် ပြန်ပြောလိုက်တယ်။
"အမိန့်တွေကို နောက်နေ့မှ ဆက်ပြောပါတော့ အလုပ် နောက်ကျတော့မယ် .. နင်ရောအလုပ်မသွားဘူးလား"
"နင် ဟုတ်လား..ဘာနင်လဲ ... ဟိုတစ်ယောက်ကိုကျတော့ ကိုလင်းလို့ခေါ်တာမဟုတ်လား ... ကိုယ်ကိုယ်လဲ ကိုကိုဖြစ်ဖြစ် ခေါ်လေ "
မာနကြီးတစ်ခွဲသားနဲ့ နေတတ်တဲ့ နေမခဆီက ကလေးဆန်တဲ့ ပုံစံကို တွေ့လိုက်ရတော့ အလင်းချိုသဘောတကျနဲ့ ငေးကြည့်နေမိတယ်။
"ကဲပါ ကိုနေမခရယ် ....အလုပ်ကိုလိုက်ပို့မယ်ဆိုရင်လဲ လိုက်ပို့ပါတော့နော် ... အလုပ် နောက်ကျရင် သူဌေမက ကြည်မှာမဟုတ်ဘူး "
~~~~
"သွားတော့မယ်နော် " အလင်းချိုက နေမခကို နှုတ်ဆက်လိုက်ပြီး ခြံဝကလူခေါ်ဘဲလ်ကိုနှိပ်လိုက်တယ်။
နေမခက ခြံ၀မှာရပ်နေတဲ့ အလင်းချိုကို တစ်လှည့်၊ခြံကြီးကို တစ်လှည့်ကြည့်ပြီး စိတ်ထဲမှာ ဘ၀င်မကျသလို ခံစားနေရတယ်။အလုပ်ရှင်က အမျိုးသမီးဆိုတာကို နေမခကိုယ်တိုင် မြင်ဖူးထားလိုသာပေါ့။မဟုတ်ရင် ရုံးမဟုတ်၊ ဆိုင်မဟုတ်တဲ့ ဒီလို နေရာမျိုးကနေ အလင်းချိုကို အလုပ် ချက်ချင်းထွက်ခိုင်းမိမလားဘဲ။ ဘာပဲဖြစ်ဖြစ် ကိုယ်တိုင်အလုပ်အထိုင်ကျသွားရင်တော့ အလင်းချိုကို အလုပ်ကထွက်ခိုင်းရမယ်လို့ နေမခစိတ်ထဲတွေးနေမိတယ်။
~~~~-.
အလုပ်ကိုရောက် ရုံးခန်းထဲဝင်ဖို့ရန် နေမခတွန့်ဆုတ်နေမိတယ်။ မစံနဲ့ မျက်နှာချင်းဆိုင်ဖို့ မျက်နှာပူနေမိတာတော့ အမှန်ပဲ။ဆိုင်ပြင်မှာမစံရဲ့ကားကရှိနေပြီမို့ ရုံးခန်းထဲမှာ မစံရှိနေမှာသေချာတယ်လေ။
"ဘာလုပ်နေတာလဲ ကိုနေ ..၀င်လေ"
ရုံးခန်း၀မှာ နေမခတွေဝေနေမိတုန်းမှာပဲ မစံက ရုံးခန်းထဲကထွက်လာပြီး ပြောလိုက်တာမို့ နေမခ ခေါင်းကို ငုံ့ပြီး ရုံးခန်းထဲကို ဝင်ခဲ့လိုက်တယ်။
"ကိုနေ ဒီမှာ ခဏထိုင်အုံး ..စကားပြောရအောင် .."
နေမစအလုပ်စားပွဲကို၀င်ထိုင်ဖို့အလုပ်မှာ စံမဒီရဲ့ ခေါ်သံကြောင့် ဧည့်သည်တွေ ထိုင်ဖို့အတွက် ထားတဲ့ ခုံမှာဝင်ထိုင်လိုက်ပြီး စံမဒီရဲ့ မျက်နှာကို မဝံ့မရဲကြည့်ကာ ပြောလိုက်မိတယ်။
"ဟုတ်ကဲ့ ....ပြောပါ မစံ .."
"မစံကို မျက်နှာပူနေတာလား ကိုနေ "
မစံရဲ့ အမေးကြောင့် နေမခ အားနာစွာနဲ့ မစံကိုကြည့်လိုက်မိတယ်။
"အားနာနေတယ်ဆိုရင်တော့ အားနာစရာမလိုဘူးလို့ပဲ ပြောပါရစေ ... ဘာဖြစ်လို့လဲဆိုတော့ မင်းကဘာမှ မတောင်းဆို ...ဘာမှ နှုတ်မလွန်ပါဘဲ တို့က တို့သဘောနဲ့တို့ စီစဉ်ခဲ့မိတာကို.....ဒါကလဲ တို့နှစ်ယောက်ပူပေါင်းပြီး စီးပွားရေးလုပ်ရင် ဆိုတဲ့ အတွေးနဲ့ စိတ်တိုင်းကျ စီစဉ်ခဲ့မိတာပါ ...မင်းအပြစ်လဲ မဟုတ်ပါဘူး ..ညတုန်းက မင်းလာသွားပြီးတော့ တို့လဲ သေချာစဉ်းစားမိပါတယ် ... ပြီးတော့ ဒီမနက်ပဲ ပါးပါးတို့ကို ဖုန်းဆက်ပြီးပြောလိုက်ပြီ ...
ဘွားချိုမှာ မြေးဖြစ်သူရဲ့ အပြုအမူကြောင့် ကြောင် အမ်းအမ်းဖြင့် နေမခရဲ့ ကျောပြင်ကို ခပ်ဖွဖွပွတ်သပ်ပေးလေတယ်။နေမခက အဘွားဖြစ်သူကို ပွေ့ဖက်လိုက်ပြီးနောက် ညီမငယ်လေးနားမှာ ဝင်ထိုင်လိုက်ကာညီမငယ်လေးရဲ့ ပခုံးကို ပွေ့ဖက်လိုက်ပြန်တယ်။
နေမခရဲ့ အပြုအမူကြောင့် ဘွားချိုနဲ့ဒေါ်အေးမြနွယ်မှာ တစ်ယောက်မျက်နှာကို တစ်ယောက်လှမ်းကြည့်မိတယ်။
" မြေးကြီး ပျော်စရာတစ်ခုခုရှိတာလား ...အဘွားတို့ကိုလဲ ပြောအုံးလေကွယ် "
မနေနိုင်တော့တဲ့အဆုံးမှာ ဘွားချို ကမေးလိုက်တယ်။
ဘွားချိုမေးလိုက်တော့ နေမခက ညီမငယ်လေးရဲ့ ခေါင်းကို ခပ်ဖွဖွပွတ်သပ်လိုက်ပြီး ဖြေလိုက်တယ်။
"ကျွန်တော်နဲ့ မစံ စေ့စပ်ဖို့ကိစ္စကို ဖျက်သိမ်းလိုက်ပြီး အသွား "
" ဘယ်.... ဘယ်လို မြေးကြီး ...ဘာဖြစ်လို့လဲ.... မမြင့်မော်တို့နဲ့ ပြဿနာဖြစ်လို့လား"
ဘွားချိုက စိုးရိမ်တကြီးနဲ့ မေးလိုက်တယ်။ဒေါ်အေးမြနွယ်ကတော့ ဘာမှဝင်မပြော။ သားဖြစ်သူရဲ့ မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်နေမိတယ်။
" ဘွားမြင့်တို့နဲ့ ဘာပြဿနာမှ မဖြစ်ပါဘူး .... ကျွန်တော် မစံကိုတောင်းပန်ခဲ့ပါတယ် ... ဒီကြားထဲ အလုပ်ပြောင်းဖြစ်ချင်လဲ ပြောင်းဖြစ်မယ် ထင်တယ်"
ဘာပဲပြောပြော နေမခမျက်နှာပြုံးနေတာကြောင့် ဘွားချိုရော ဒေါ်အေးမြနွယ်တို့မှာ စိတ်ချမ်းသာရတာတော့ အမှန်ပင်။ အရင်နေ့တွေကဆိုရင် အလုပ်ကပြန်လာတာနဲ့ အရယ်အပြုံးမရှိတဲ့နေမခရဲ့ ပုံစံကြောင့် တစ်အိမ်သားလုံး မပျော်ရွှင်နိုင်ဖြစ်ခဲ့ရတယ်လေ။
~~~~~
"ကားပေါ်တက်လေ... အလုပ်ကို လိုက်ပို့ပေးမယ် "
ရုတ်တရက် ရှေ့ကပိတ်ရပ်ပြီး ပြောလိုက်တဲ့ နေမခကြောင့် အလင်းချို အံ့ဩတုန်လှုပ်မိသွားပြီးမှ မျက်နှာကို ချက်ချင်းပြန်တင်းပစ်လိုက်တယ်။
"ရပါတယ် ... မလိုဘူး ... သူများအထင်မခံနိုင်ဘူး..."
"အရေးကြီးတာ ပြောစရာရှိလို့......ကားပေါ်တက်မှာလား ..မတက်ဘူးလား...မတက်ရင်းအတင်းဆွဲတင်မှာနော်-"
နေမခက အလင်းချိုရဲ့ မျက်နှာကိုခပ်စူးစူး တစ်ချက် စိုက်ကြည့်ပြီး ပြောလိုက်တယ်။
အလင်းချိုမှာ နေမခရဲ့ အကြည့်နဲ့ အပြောကြောင့် ကားနောက်ခန်းကို လက်တုန်တုန်နဲ့ လှမ်းကိုင်လိုက်မိတယ်။အလင်းချိုစိတ်ကို ဘယ်လိုပဲတင်းထားတင်းထား နေမခရှေ့ကိုရောက်ရင် စိတ်က အလိုလိုကို ပျော့ကျ သွားတော့တာလေ။ တကယ် ဆိုသူနဲ့ အလင်းချိုက အသက်အရွယ်အားဖြင့်လဲ လေးငါးလပဲကွာတာလေ။ကြောက်စရာအကြောင်းလဲမရှိ၊ ရှိန်စရာလဲမလို။ ဒါကိုပဲ အလင်းချိုမှာ သူနဲ့ဆုံတာနဲ့ အယောင်ယောင် အမှားမှားပဲ ဖြစ်နေတော့တာ။
"ဪ...ရှေ့ခန်းက တက်လေကွာ.."နေမခက ပြောပြောဆိုဆိုနဲ့ အလင်းချို လက်ကိုဆွဲပြီး ကားရှေ့ခန်းတံခါးကို ဖွင့်ပေးလိုက်တယ်။
~~~~~~
ကားလေးက လမ်းမထက်မှာ ခပ်မှန်မှန်ပြေးနေတယ်။နှစ်ဦးသားကြား တိတ်ဆိတ်နေပြီး နေမခက အလင်းချို ဘက်ကို ငဲ့ကြည့်လိုက်ကာ စကားစလိုက်တယ်။
"အလုပ်က ဘယ်အချိန် ၀င်ရမှာလဲ ...စကားခဏလောက် ပြောလို့ရတယ် မဟုတ်လား "
အလင်းချို အယောင်ယောင် အမှားမှားနဲ့ ခေါင်းကို ငြိမ့်ပြလိုက်တယ်။
"ကိုယ် အလုပ်ထွက်တော့မှာ "
" ဟုတ်ကဲ့ ...ဟင် ... ဘာ...ဘာဖြစ်လို့လဲ ... ဆိုင်က အရောင်းအဝယ်ကောင်းတယ် မဟုတ်လား "အလင်းချိုက ယောင်နနနဲ့ ခေါင်းငြိမ့်ပြလိုက်မိပြီးမှ ပြန်မေးလိုက်မိတယ်။ခုလို သူပြောတော့လဲ အလင်းချိုမှာ စိတ်ပူသွားရပြန်တယ်။
" အင်း ... အရောင်းအဝယ်ကောင်းတယ်လေ ....ဒါပေမဲ့မျက်နှာပူလို့လေ .... စေ့စပ်ပွဲ ပျက်သွားတာကို့ မျက်နှာပြောင်တိုက်ပြီး အလုပ်ဆက်မလုပ်ချင်ပါဘူး ...သူဌေးက ဘာပြောမလဲတော့ မသိသေးဘူး"
"ဘယ် ... ဘယ်လို....စေ့ .... စေ့စပ်ပွဲပျက်သွားတယ်ဟုတ်လား..ဘာလို့လဲ " အလင်းချို ထစ်ထစ်ငေါ့ငေါ့ နဲ့မေးလိုက်မိသလို နှလုံးခုန်သံများလည်း စည်းချက်မမှန်ဖြစ်လာတယ်။
"ဘာလို့ရမှာလဲ ... ကိုယ်မချစ်တဲ့သူနဲ့ လက်မထပ်ချင်လို့ပေါ့ ..." ပြောရင်းနဲ့ နေမခက ကားကို လမ်းဘေးမှာ ထိုးရပ်လိုက်တယ်။ပြီးနောက် အလင်းချို ဘက်ကို မျက်နှာကို လှည့်လိုက်ပြီး အလင်းချို ရဲ့ မျက်နှာလေးကို ရွှန်းရွှန်းစားစားကြည့်လိုက်တယ်။
အလင်းချိုကလည်း နေမခရဲ့ မျက်နှာကို သတိလက်လွတ်နဲ့ ငေးနေမိတယ်။နှစ်ယောက်သား အတော်ကြာကြာ အကြည့်ချင်းဆုံနေမိကြတယ်။ပြီးနောက် နေမခက အလင်းချိုရဲ့လက်ကို ဖျတ်ခနဲဆွဲယူလိုက်ကာ သူ့ရင်ဘတ်မှာကပ်လိုက်ပြီးတော့ ခပ်တိုးတိုးပြောလိုက်တယ်။
"မင်းကလွဲပြီး ဘယ်သူ့ကိုမှ မချစ်ဘူး ဘယ်သူနဲ့မှ လက်မထပ်ချင်ဘူး... မင်းကိုပဲချစ်တယ် မင်းနဲ့ပဲ လက်ထပ်ချင်တာ...မင်းရော ကိုယ်နဲ့ စိတ်တူတယ်မဟုတ်လား "
နေမခရဲ့ နှုတ်ကထွက်လာတဲ့စကားလုံးတွေက အစီစဉ်တကျမရှိသလို ပြောပုံကလည်း အမြင်ကပ်ချင်စရာပင်။ အလင်းချိုရဲ့ စိတ်ကို အပိုင်တွက်ထားပုံမျိုးနဲ့။ ဒါပေမဲ့လည်း အလင်းချိုရင်ထဲမှာတော့ နှလုံးသားက ပေါက်ကွဲလုမတတ် တဒိန်းဒိန်းခုန်လှုပ်နေခဲ့တယ်။ရုတ်တရက် ဖြစ်ပေါ်လာခဲ့တဲ့ အခြေအနေကို မယုံကြည်နိုင်သလိုဖြစ်နေမိဆဲ။စိတ်ထဲမှာ အိပ်မက်မက်နေတာများလို့တောင် ထင်နေမိတယ်။
ဧကြည်ဖြူ
အပိုင်း (၃၇)
"သံယောဇဉ် ကမ်းပါး "
******
"ကိုနေ ...ဘာဖြစ်လို့လဲ .. ဘာအရေးကြီးလို့လဲ "
စံမဒီက ခြံတံခါးကိုဖွင့်လိုက်ပြီး စိုးရိမ်တကြီးနဲ့ မေးလိုက်တယ်။
" လာလေ အိမ်ထဲဝင်ရအောင် "
စံမဒီက အိမ်ထဲဝင်ဖို့ခေါ်လိုက်တော့ နေမခခေါင်းကိုခါယမ်းပြလိုက်မိတယ်။အိမ်ထဲမှာက စံမဒီရဲ့အဘွားနဲ့အတူ စံမဒီရဲ့ အဒေါ် မိသားစုကရှိနေတယ်။နေမခအနေနဲ့ အိမ်ထဲထိ ဝင်ပြီးပြောဖို့ရန်လဲ တွန့်ဆုတ်ခြင်းမရှိပါ။သို့ပေမဲ့ မစံကို လေးစားရပေမယ်။ ဒီကိစ္စက မစံနဲ့သူ့ရဲ့ ကိစ္စဖြစ်တာမို့ နှစ်ယောက်သား အရင်ဦးစွာ ဆွေးနွေးရပေမယ် မဟုတ်ပါလား။ နေမခ စိတ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်တယ်။ပြီးနောက် ကိုယ်စိတ်ကို အကြိမ်ကြိမ်အဖန်ဖန် ပြန်ဆန်းစစ်မိပြန်တယ်။စိတ်က ပြောင်းလဲမသွားပေ။သေချာသည်ထက်ပင် ပို၍သေချာလာလေတယ်။
"အိမ်ထဲမ၀င်တော့ဘူး မစံ ...အပြင်မှာပဲ ခဏလောက် စကားပြောရအောင် " လို့ နေမခပြောလိုက်ပြီးနောက် စံမဒီရဲ့ရှေ့တွင် ဒူးထောက်ကာ ထိုင်ချလိုက်တယ်။
"ကိုနေ မင်း.... မင်း... ဘာ ... ဘာလုပ်တာလဲ "
နေမခရဲ့ အပြုအမူကြောင့် စံမဒီမှာအံ့ဩတုန်လှုပ်သွားပြီး အထစ်ထစ်အငေါ့ငေါ့နဲ့ မေးလိုက်တယ် ။
ခြံထဲရှိမီးအလင်းရောင်က နေမခရဲ့ မျက်နှာပြင်ပေါ်ကို လင်းတစ်ဝက်မှောင် တစ်တက်ဖြင့် ကျရောက်နေလေတယ်။နေမခ ဒူးကိုထောက်ကာ စံမဒီရဲ့မျက်နှာမော့ကြည့်လိုက်ပြီးလေးနက်တည်ကြည်တဲ့ သွင်ပြင်နဲ့ စကားကို စလိုက်တယ်။
"စေ့စပ်ပွဲကို ဖျတ်သိမ်းပေးဖို့ တောင်းဆိုပါရစေမစံ...ကျွန်တော့်ကိုခွင့်မလွှတ်ပါနဲ့ ....မစံစိတ်ထဲ
ရှိသလိုကျွန်တော့်ကို ပြောဆိုပါ...ကြိုက်သလို အပြစ်ပေးပါ "
နေမခရဲ့ စကားအဆုံး၌ စံမဒီ တစ်ယောက်ကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်စွာရပ်နေမိတယ်။နေမခရဲ့ စကားသံက တည်ကြည် ပြတ်သားစွာ ထွက်ပေါ်လာတယ်။သူရဲ့ဆုံးဖြတ်ချက်အတွက် နောက်တွန့်သွားမယ့်ဟန်မျိုး မရှိ။ဘယ်လို အခက်အခဲမျိုးကို ဖြစ်ဖြစ် ကျော်လွှားသွားမယ်ဟန်ပန်အပြည့်။စံမဒီအံကို ခပ်တင်းတင်းကြိတ်လိုက်မိတယ်။ ဟိုနိုင်ငံမှာနေကတည်းက နေမခရဲ့စိတ်ကို ရိပ်မိခဲ့ပေမဲ့ အနေနီးစပ်သွားခဲ့ရင် အချစ်ဖြစ်ပေါ်လာမယ်လို့ပင် ယုံကြည်ခဲ့မိတယ်။တီတီတာတာစကားလေးတွေ ပြောပြီး ယုယကြင်နာစွာ ဆက်ဆံပေးခဲ့ရင် သူ့ စိတ်တွေ စံမဒီဘက်ကိုယိမ်းယိုင်လာလိမ့်မယ်လို့ ယုံကြည်ခဲ့မိတယ်။ဆယ့်ရှစ်နှစ်အရွယ် ကောင်လေးတစ်ယောက်အဖြစ်မှ နှစ်ဆယ့်ခြောက်နှစ်အရွယ်အထိ သူ့ရဲ့ချစ်ခြင်းကတည်မြဲလွန်းလှ၏။သူရဲ့ချစ်ခြင်းမှာ တဏှာမပါ။ နီးစပ်မှုလဲ မပါ။ချစ်ခြင်းမေတ္တာ စစ်စစ်သာ ဖြစ်ပေလိမ့်မယ်။
"ဒီစကားပြောဖို့အတွက် ညကြီးမိုးချုပ် ရောက်လာခဲ့တာပေါ့လေ ... နောက်တစ်ရက်ကို ရွေ့ဆိုင်းလို့တောင် မရဘူးလား "စကားသံတွင် ငိုသံမပါအောင် ထိန်းပြီး စံမဒီမေးလိုက်တယ်။
နေမခဘာမှပြန်မဖြေမိ။ခေါင်းကိုသာငုံ့ထားလေတယ်။
"မင်းရောက်နေတဲ့ နေရာ .... မင်းရဲ့ မာနတွေ သိကွာတွေ..ကိုပါခဝါချပစ်လောက်ရအောင်အထိ သူ့ကိုချစ်တာပေါ့လေ "စံမရဲ့ မေးသံတွင် နာကျင်ခံခက်သော ခံစားမှုနဲ့အတူ အံ့ဩမယုံကြင်နိုင်ခြင်းတွေပါဝင်နေခဲ့တယ်။
စံမဒီမေးသမျှကို နေမခက ဆိတ်ဆိတ်နေခြင်းဖြင့် ဝန်ခံနေခဲ့လေတယ်။နောက်ဆုံး၌ နေမခနှုတ်မှ စကားတစ်ခွန်းသာ ထွက်ကျလာခဲ့လေတယ်။
" ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ...အလုပ်ကထွက်ဆိုလဲ ထွက်ပါ့မယ် ..."
"ကောင်းပြီလေ .... မင်းပြန်ပါတော့ ... တို့ကလဲ ကိုယ့်ကိုလက်မခံနိုင်ပါဘူး ဆိုတဲ့လူကို အတင်းဆွဲထားမယ်သူမဟုတ်ပါဘူး .....အလုပ်ကိစ္စက တို့နဲ့ မဆိုင်ပါဘူး ..ပါးပါးကိစ္စပဲ ... ဒါပဲမဟုတ်လား မင်းပြန်ပါတော့ "
~~~~
နှစ်လချီပြီး မွန်းကြပ်ပိတ်ဆို့နေခဲ့ရတဲ့ နေမခရဲ့ စိတ်တွေငှက်မွှေးလေးလို ပေါ့ပါးသွက်လက်နေခဲ့တယ်၊၊ကားကို ရပ်ကွက်ထဲမောင်းဝင်လာခဲ့ပြီးနောက် လမ်းသွယ်လေးနားရောက်တဲ့အခါ ကားကို ခဏတာမျှ ရပ်တန့်လိုက်မိတယ်။ဖြစ်နိုင်ရင် အလင်းချိုတို့အိမ်အထိအရောက်သွားပစ်ချင်လိုက်မိတယ်။သို့ပေမဲ့ အချိန်ကောင်းမဟုတ်။ချစ်ရသူကို ပတ်ဝန်းကျင်က အထင်သေးမှာမျိုးကို မဖြစ်စေရပါ။ဒီတစ်ညတော့ အောင့်အည်းသည်းခံရပေလိမ့်မယ်။လမ်းသွယ်ထိပ်၌ ကားကို ရပ်တန်းခဲ့ပြီးနောက် နေမခ ကားကို ပြန်မောင်းထွက်လာခဲ့တယ်။
~~~~~~~
"သားကြီး နောက်ကျလိုက်တာကွယ် "
မိခင်ဖြစ်သူက တံခါးဖွင့်ပေးရင်းကနေ ပြောလိုက်တယ်။ညီမငယ်လေးက ဆိုဖာမှာ ထိုင်းရင်းနဲ့ .မဝံ့မရဲနဲ့လှမ်းကြည့်နေတယ်။ ဘွားချိုလဲ အရင်လို ဘုရားခန်းထဲမှာ ဘုရားရှိခိုးမနေနိုင်ဘဲ အိမ်ပြန်နောက်ကျတဲ့ မြေးဖြစ်သူကို စိတ်ပူစွာ စောင့်နေရှာတယ်။
နေမခက အိမ်တံခါးကို ပြန်ပိတ်လိုက်ပြီးနောက် မိခင်ကို ခပ်တင်းတင်း ပွေ့ဖက်လိုက်တယ်။
ဒေါ်အေးမြနွယ်မှာ သားဖြစ်သူရဲ့ ထူးထူးဆန်းဆန်း အမှုအရာကြောင့် အံ့ဩတကြီးနဲ့ သားကိုကြည့်နေမိတယ်။
နေမခက မိခင်ကို ပွေ့ဖက်၍ ဧည့်ခန်းဆိုဖာတွေရှိရာသို့ လျှောက်လာခဲ့ပြီးနောက် အနီးကိုရောက်တဲ့အခါ တအံ့တဩနဲ့ ကြည့်နေတဲ့ အဘွားဖြစ်သူကိုပါ ဖက်လိုက်တယ်။
