အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ
رفتن به کانال در Telegram
نمایش بیشتر
1 031
مشترکین
اطلاعاتی وجود ندارد24 ساعت
-37 روز
-1230 روز
آرشیو پست ها
" ကျွန်တော်လဲအောင်တယ် အန်တီနွယ်..လမင်းနဲ့ နှင်းအိမ်လို ဂုဏ်ထူးတော့ မပါဘူး "
" အောင်ဖို့အဓိက ... ဒီနေ့ အန်တီနွယ်က အိမ်မှာမုန့်လုပ်ကျွေးမယ်နော် ....လမင်းရော ...သူရပါသူငယ်ချင်းတွေခေါ်လာခဲ့ကြနော် ... "
"သမီး စာမေးပွဲအောင်တာကို အဘိုးတို့ကိုလဲ အကြောင်းကြားရအောင် အမေ "
" အေးပါကွယ် ... မနက်ကျမှ ဦးကျော်တို့ဆိုင်ကနေဖုန်းသွားဆက်ပေါ့ "
"ဟုတ်ကဲ့ အမေ ...အဘွားတို့ကို ရန်ကုန်ခေါ်လိုက်မယ်နော် "
နှင်းအိမ်ကပျော်ရွှင်စွာပြောနေချိန်မှာ လမင်းသည်မိခင်၏မျက်နှာကို လှမ်းကြည့်လိုက်မိလေသည်။
~~~~~~
" ခရီးသွားမလို့ ဟုတ်လားလမင်း ... ဘယ်ကိုသွားမှာလဲ ...ဘာကိစ္စလဲ ဦးကျော်တို့ခိုင်းတာလား...သားအမေက ခွင့်ပြုရဲ့လား "
အေးနွယ်စိုးရိမ်စိတ်နှင့် လမင်းကို မေးခွန်းများတရစပ်မေးလိုက်မိသည်။
"ဘကျော်တို့ ခိုင်းတာမဟုတ်ပါဘူး မေနွယ် .. သူငယ်ချင်းတွေနဲ့ ဘုရားဖူးသွားမလို့ပါ ..အမေ့ကိုလဲ ပြောပြီးသွားပြီး ... လေးငါးရက်ပဲကြာမှာပါ ...အမေ့ကို ကြည့်ပေးထားပါနော် မေနွယ် "
" အေးပါကွယ် ....မေနွယ် ကြည့်ထားပေးပါ့မယ် ... ဘယ်နေ့သွားမှာလဲ ခရီးက "
" သဘက်ခါ မေနွယ် "
" အေးပါ ... မေနွယ် မုန့်ဖိုးပေးလိုက်အုံးမယ် "
"ဟင့်အင်း မေနွယ် ... ပိုက်ဆံကို ဘကျော်တို့ ပေးထားပါတယ် "
လမင်းက ငြင်းဆန်လိုက်သည်။
"မဟုတ်တာကွယ် ...ဦးကျော်တို့ ပေးတာက ပေးတာပဲလေ .. သား ခရီးသွားမှာကို မေနွယ်ကမုန့်ဖိုးလေးနည်းနည်းပါးပါးတောင် မပေးရဘူးလားကွယ် " .
ဘယ်သောအခါမှ အပျော်အပါးကို မမက်ဘဲ အမြဲတမ်းအလုပ်ကို ဦးစားပေးတတ်သော လမင်းကခရီးထွက်မည်ဆိုသောကြောင့် အေးနွယ် အံ့ဩမိပြီး လမင်းကမယူသော မုန့်ဖိုးကို ဇွတ်ပင်ပေးလိုက်ရသည်။
~~~~
"ဟဲ့ လမင်း ..နင်ဘယ်သူတွေနဲ့ သွားမှာလဲ ... "
လမင်းအိမ်ပေါ်တက်ခါနီးမှာ အနောက်ကနေ ခပ်မာမာလေသံနှင့်မေးလိုက်သော နှင်းအိမ်၏ အသံကြောင့် အိမ်ပေါ်တက်လက်စခြေထောက်ကို ရပ်တန့်ပြီး နှင်းအိမ်ကို လှည့်ကြည့်လိုက်မိသည်။
" ငါ့သူငယ်ချင်းတွေနဲ့ သွားမှာ ... ဘယ်သူတွေလဲဆိုတာတော့ ပြောပြလဲ နင်သိမှာ မဟုတ်ဘူး ..."
"ဘာလို့ မသိရမှာလဲ ဒီနားတစ်ဝိုက်မှာ ငါမသိတဲ့သူမရှိဘူး ....ဘာလဲ ... ပပစိုးတို့နဲ့သွားမှာမဟုတ်လား "
" နင်မသိတဲ့သူတွေပါဆိုဟာ ... ဘာဖြစ်နေတာလဲ "
လမင်းစိတ်မရှည်တော့တာမို့ အသံခပ်ဆတ်ဆတ်နှင့် ပြန်အော်လိုက်မိသည်။
"ဘာမှမဖြစ်ပါဘူး ... မေတုတ်ကိုတစ်ယောက်တည်းထားခဲ့ပြီး ...အပျော်ခရီးထွက်နိုင်တယ်နော် ... သူများအလှည့်တုန်းကတော့ နာရီဝက်လောက်ကားစီးသွားရင်ရောက်တဲ့နေရာကို... ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့လေ ... အေးလေ ဘယ်တူမလဲပိုက်ဆံရှိတဲ့ မမနဲ့ဆိုတော့လဲ ... "
နှင်းအိမ်မကျေမနပ်ပြောပြီး ချာခနဲ ပြန်လှည့်ထွက်ခဲ့လိုက်သည်။
"ဟာ ...ဒီအရူးမ ဘာတွေ ပြောသွားတာလဲ " လမင်းပြန်ပြောလိုက်သော်လည်း နှင်းအိမ်ကမကြားတော့ပေ။ခြေသံပြင်းပြင်းနှင့် ထမင်းဆိုင်ဘက်သို့ ပြန်ကူးသွားလေပြီ။လမင်းလည်း အထူးတလည်ရှင်းပြချင်စိတ်မရှိသောကြောင့် လှမ်းခေါ် မနေတော့ပါ။ လမင်းကို လူတကာကပပစိုးနှင့် အထင်လွှဲစနောက်နေသည်ကိုလည်းလိုက်ရှင်းပြမနေချင်တော့ပါ။ပပစိုးက ဘကျော်မိတ်ဆွေ၏ သမီးဖြစ်သည်။လွန်ခဲ့သောနှစ်ကမှ ကားလမ်းမတန်းသို့ အိမ်ပြောင်းလာခဲ့ကြခြင်းဖြစ်သည်။ပပစိုးက လမင်းတို့ထက် အသက်ကြီးပြီး ဘွဲ့ရပြီးသားလည်းဖြစ်သည်။ကားလမ်းမတန်းရှိသူတို့တိုက်၏ မြေညီထပ်မှာပဲ စတိုးဆိုင်အကြီးကြီး ဖွင့်ထားသည်။ဘကျော်တို့ဆိုင်သို့ မကြာခဏလာရင်းနှင့် လမင်းနှင့် ရင်းနှီးခဲ့ခြင်းဖြစ်သည်။စကားအပြောအဆို ပွင့်လင်းပြိ စိတ်သဘောထားလည်းကောင်းသူမို့ လမင်းကလည်း ပပစိုးကို ခင်သည်။ပပစိုး၏ မိဘများသည်လည်း ဘကျော်တို့၏ မွေးစာသားလိုဖြစ်နေသော လမင်းကိုခင်ကြသည်။လမင်းက အချိန်အားရင်အားသလို ပပစိုးတို့ဆိုင်တွင်သွားကူညီပေးခဲ့သည်။အကြောင်းက သည်မျှသာဖြစ်သည်။သည်ထက်မပိုခဲ့။သို့သော်လည်း တစ်ဆိတ်ကိုတစ်အိတ်လုပ်သူများကြောင့် စကားကကားပြီး လမင်းနှင့်ပပစိုးပဲချစ်သူတွေဖြစ်နေကြသကဲ့သို့ လျှောက်ပြောနေကြခြင်းဖြစ်သည်။
~~~~~
ခေါင်းထက်က တစ်ထွာထွာသာသာရှိသော ဆံပင်များကိုနှင်းအိမ်လက်နှင့် အတင်းဆောင့်ဆွဲနေမိသည်။တစ်သက်လုံးကထားခဲ့သောဆံပင်တိုတိုကို ခုမှပင်မုန်းမိသလိုလိုဖြစ်မိသည်။ဆံပင်ရှည်ရှည်တွေလိုချင်နေမိသလိုလို။
"သမီး ဘာဖြစ်လို့လဲ ...ခေါင်းကိုက်လို့လား ... အပေါ်မှာသွားနားချင်နားလေကွယ် ..."
မိခင်၏အသံကိုကြားမှ နှင်းအိမ်သတိဝင်လာပြီး
"မဟုတ်ပါဘူး အမေ .....ခေါင်းမကိုက်ပါဘူး ... လူပါးတုန်း သမီး အဝတ်တွေသွားလျှော်လိုက်အုံးမယ် "
မိခင်ရှေ့မှာ ရပ်မနေချင်သောကြောင့် နောက်ဖေးရေချိုးခန်းဆီသို့ နှင်းအိမ်ထွက်လာခဲ့သည်။ရေချိုးခန်းထဲရောက်သည်နှင့် ဇလားထဲတွင် စိမ်ထား သော အဝတ်များကို တဘုံးဘုံးနှင့် ရိုက်လျှော်ပစ်လိုက်သည်။
~~~~~
"လမင်းတို့က ညကရထားနဲ့သွားတာလား ...ပပစိုးတို့နဲ့ သွားတာတော့ မဟုတ်ပါဘူး ... မနက်ကအငယ်ကောင်ဆီထမင်းချိုင့် သွားပို့ရင်း ပပစိုးကိုသူ့ဆိုင်မှာတွေ့ပါတယ် "
#မုန်းမာန်
(အခန်းဆက်ဝတ္ထုရှည် )
အပိုင်း ( ၁၃ )
********
"အမေ.... စုဘူးကြီးကိုင်ပြီးဘာတွေစဉ်းစားနေတာလဲ ....စုဘူးဖောက်မလို့လား.... ပိုက်ဆံလိုနေလို့လား "
မိခင်ကို မေးလိုက်ရင်း မိခင်၏အနားတွင် လမင်းထိုင်ချလိုက်သည်။
"အေးနွယ်တို့က သူ့အမတို့နဲ့တွေ့ခဲ့တယ်တဲ့လေ ....အမေလဲ အမေ အေးကြည်ကိုသတိရလို့ပါ သားရယ်... အမေနေမှကောင်းရဲ့လားမသိဘူး ... မေမေကြီးတို့ကလဲ အမေ့ကိုအလုပ်တအားခိုင်းတာလေ ... အမေဘာများဖြစ်နေပြီလဲ မသိဘူး ..အီး..ဟီးဟီး "
ပြောရင်းဖြင့် တအီးအီးနှင့် ငိုချလိုက်သော အမေ့ကိုကြည့ပြီး လမင်းရင်ထဲမှာလည်း ဆို့နင့်လာသည်။ငိုနေသော အမေ့ကို လမင်း ခပ်တင်းတင်းပွေ့ဖက်လိုက်မိသည်။
"မြို့သားကုန်းကို ပြန်ချင် တယ် ...မြို့သာကုန်းကို ဘယ်လိုပြန်မလဲ သားသိလား...အမေအေးကြည်နဲ့ မောင်မောင်တို့အိမ်ကလူတွေကိုအမေ့သားလေးက မောင်မောင်ထက်ပိုပြီးချောတယ်ဆိုတာကိုလဲ ပြချင်တယ် ...ပြီးရင် အမေ အေးကြည်ကို အမေတို့အိမ်ကို ခေါ်ခဲ့ကြမယ်လေ ... အမေ့ကို နှင်းအိမ်နဲ့ပေးတွေ့ရမယ် ...ဒါပေမဲ့မေမေကြီးတို့ကိုလဲကြောက်တယ် ...သူတို့က အမေ့ကိုပါးရိုက်တယ် .. တံမြက်စည်းတွေနဲလဲကျောကုန်းတွေကို ရိုက်သေးတယ် '"
"အမေရယ် ...တော်ပါတော့ဗျာ ..မပြောပါနဲ့တော့နော် ....အဲ့ဒီလောက်အရိုက်ခံခဲ့ရတာတောင် မောင်မောင်ဆိုတဲ့လူကို တွေ့ချင်နေသေးတာပဲလား "
လမင်းအံကိုတင်းတင်းကြိတ်ပြီး မိခင်ကိုမချိတင်ကဲမေးလိုက်မိသည်။အမေကတော့ ကလေးငယ်လေးတစ်ယောက်လို ငိုနေဆဲပါပင်။
~~~~~~
"ရပါတယ် သမီးရယ် သွားအိပ်တော့ ... အဲ့ဒီလောက်လဲ မဟုတ်ပါဘူး ...ဇက်ကြောတွေနည်းနည်းတင်းနေရုံပါပဲ "
အေးနွယ် ပြောလိုက်သော်လည်း နှင်းအိမ်က မိခင်၏နောက်ဘက်တွင် ဒူးထောက်၍ ထိုင်ပြီးလျှင်မိခင်ပခုံး တလျှောက်ကို အသာအယာ နှိပ်ပေးနေသည်။
"အမေအသက်က သုံးဆယ်ခြောက်နှစ်ပဲရှိသေးတာနော် ...အမေချစ်သူထားဖူးလားဟင် "
" ကောင်မလေး ဘာတွေလာမေးနေတာလဲ ...သ..သမီးမှာ ချစ်ရမဲ့သူရှိနေပြီလားဟင် "
နှင်းအိမ်၏အမေးကြောင့် အေးနွယ် အံ့ဩတုန်လှုပ်သွားမိပြီး ပြန်မေးလိုက်မိသည်။
နှင်းအိမ်က ခေါင်းကိုခါယမ်းလိုက်ပြီး
"မဟုတ်ပေါဘူး အမေရယ် ... အမေ ဦးမျိုးကိုချစ်လားဟင်....တကယ်လို့ ဦးမျိုးကို အမေချစ်တယ်ဆိုရင် သမီး သဘောတူပါတယ်... ကြီးကြီးတူးကပြောတယ်...ဦးမျိုးက အမေ့ကိုချစ်နေတာကြာနေပြီးတဲ့ ... "
အေးနွယ် အံ့ဩစိတ်နှင့် သမီးဖြစ်သူနှင်းအိမ်ကိုကြည်လိုက်မိသည်။နှင်းအိမ်၏ပုံစံသွင်ပြင်သည် တည်တည်ငြိမ်ငြိမ်နှင့် အတည်ပေါက် ပြောနေပုံရသည်ကို အေးနွယ် တွေ့လိုက်ရသည်။
"ဘာလို့ ဒီလိုစကားတွေ ပြောရတာလဲ ....သမီတစ်ယောက်လုံး ရှိနေတာကို ...အမေကဘာလို့ အိမ်ထောင်ပြုရမှာလဲ ..ပြီးတာ့ ယောကျာ်းတွေက အကျင့်ကောင်းတာမဟုတ်ဘူး "
" အဲ့ဒီလိုလဲ မဟုတ်ပါဘူးအမေရယ် ....အဘိုးနဲ့ ဘဘတို့လို လူကောင်းတွေလဲရှိမှာပါ ..ပြီးတော့လေ ... တကယ်လို့သမီးအိမ်ထောင်ကျသွားရင် ... အမေတစ်ယောက်တည်း ကျန်ခဲ့ရမှာ မဟုတ်လား ...အရင်က ဦးမျိုးကို ပြောဆိုခဲ့မိတာတွေကိုလဲ သမီးတောင်းပန်ပါတယ် "
မျက်နှာနွမ်းနွမ်းလေးနှင့်ပြောနေသော သမီးဖြစ်သူကိုကြည့်ပြီး အေးနွယ် သက်ပြင်း မသိမသာ ချလိုက်မိသည်။
" ကဲပါ ...ဘာတွေပြောနေမှန်းမသိတော့ဘူး ...သွားအိပ်တော့ .... အမေ့အတွက်က ..ငါ့သမီးရှိရင် ပြည့်စုံပြီးသားပဲ "
~~~~~~
"အေးနွယ် ... ကလေးတွေ ပြန်မလာသေးဘူးလားဟယ် ..ကြာလိုက်တာ... ငါက စျေးရောင်းသွားရအုံးမှာလေ "
မိတုတ်က ဆိုင်ရှေ့မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေရင်းမှ အေးနွယ်ကို လှမ်းပြောလိုက်သည်။
"လာမှာပေါ့ မိတုတ်ရယ်.. ကျောင်းမှာက လူတွေအများကြီးကို...မနည်း တိုးဝှေ့ကြည့်ရမှာလေ `
အေးနွယ်လည်းပြောသာပြောလိုက်ရသည် မိတုတ်ကဲ့သို့ စိတ်များလှုပ်ရှားနေသောကြောင့် ဟင်းချက်နေရသည်ပင် စိတ်ကမပါ။
"ငါ့သားလေးလဲ အောင်ရင်ကောင်းမယ်အေ...သူ့အစ်မကတော့ ပညာရေးကံမပါရှာဘူး ... ငါ့သားကို သူ့အဖေလိုပင်ပင်ပန်းပန်းအလုပ်တွေမလုပ်စေချင်ဘူး "
မတူးသည်လည်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။နံနက်ခင်းသည် လင်းအရုဏ်မလာသေးဘဲ ပတ်ဝန်းကျင်တစ်ခုလုံးက လမ်းမီးများနှင့်မှိန်ပျပျရှိနေဆဲ။ မိတုတ်၊အေးနွယ်နှင့်မတူးတို့ ရင်ထဲတွင် မျှော်လင့်ချက်များနှင့် လင်းလက်တောက်ပ၍နေသည်၊၊
"လာပြီဟဲ့ အေးနွယ် ... ဟီး ..ဟီး ..ငါ့သားက စာမေးပွဲအောင်မှာပါ ...သားလေး .. အောင်လား ..စာမေးပွဲအောင်တယ် မဟုတ်လား "
အပြေးတစ်ပိုင်းနှင့် လာနေကြသောကလေးများဆီသို့ မိတုတ်အပြေးသွားပြီး မေးလိုက်သည်။လမင်းကလည်းမိခင်ဆီကို ပြေးသွားလိုက်ပြီး
" အောင်တယ် အမေ .. သား အောင်မှာပါလို့... အမေ့ကိုပြောထားပြီးသားပဲ ...အခုက သေချာအောင် သွားထပ်ကြည့်တာ ."
"သမီးရော ... သမီးအောင်ရဲ့လားဟင် "
ငြိမ်သက်တိတ်ဆိတ်နေသောသမီးဖြစ်သူကို အေးနွယ်စိုးရိမ်စိတ်နှင့် မေးလိုက်မိသည်။
"သမီးအောင်ပါတယ် အမေရဲ့ .... ဂုဏ်ထူးတစ်ခုပဲပါလို့ စိတ်တိုနေတာ "
" အမယ်လေး တော်သေးတာပေါ့ သမီးရယ် ...ငါ့သမီးက ငြိမ်နေတော့ အမေဖြင့်စိတ်ပူသွားတာပဲ ... သူရလည်း အောင်တယ် မလား "
" ဖြစ်ခဲ့သမျှတွေကို မေ့လိုက်တော့ ငါ့ညီမ ..အိမ်ကိုပြန်လာပြီး အဖေနဲ့အမေ့ကို လာတွေ့အုံး ..... အမေကငါ့ညီမကို သိပ်သတိရနေတယ်... အဖေလဲပါးစပ်ကထုတ်မပြောပေမဲ့ ငါ့ညီမကိုအတော်လေး သတိရနေပုံပဲ ... ဒါနဲ့ ဟိုအဘွားကြီး ဒီကိုရောက်လာသေးတာလား "
ကိုဖိုးအောင်၏အမေးကို အေးနွယ် ခေါင်းငြိမ့်ပြလိုက်မိသည် ။
" လောလောဆယ်တော့ အဘွားကြီးလာတော့မှာမဟုတ်ဘူး ... ဟိုလူယုတ်မာ ကားမှောက်လို့ ဆေးရုံရောက်နေတယ်လေ...ကဲပါ ဒါတွေထားလိုက်.. ညီမတို့အစ်ကိုနဲ့ တစ်ခါတည်း လိုက်ခဲ့မှာလား "
အစ်ကိုဖြစ်သူ၏ အမေးကြောင့် သမီးလေးနှင်းအိမ်ကိုအေးနွယ်ကြည့်လိုက်မိသည်။နှင်းအိမ်ကလည်း မိခင်ကို မော့ကြည့်လိုက်သည်။သားအမိနှစ်ယေက် မျက်လုံးချင်းဆုံခိုက်တွင် အတန်ကြာစိုက်ကြည့်နေမိကြလေသည်။
~~~~~~~
"မေနွယ်တို့ ခရီးသွားမလို့ လမင်း ..ညဘက်ကျရင် သူရကိုလာအိပ်ခိုင်းထားတယ် ... သားလဲ ကြည့်ပေးတားအုံးနော် "
" ဟုတ်ကဲ့ပါမေနွယ် ... ဘယ်ကိုသွားကြမှာလဲ မေနွယ် "
လမင်းသိချင်စိတ်ဖြင့် မေးလိုက်မိသည် ။
" နှင်းအိမ်ရဲ့ အဘိုးနဲ့အဘွားဆီကို ခဏပြန်မလို့ပါ "
" ဪ ...ဟုတ်ကဲ့ "
လမင်းခေါင်းကို အသာငြိမ့်ပြလိုက်မိပြီး နှင်းအိမ်ကို လှမ်းကြည့်လိုက်မိသည်။နှင်းအိမ်သည် မျက်နှာထားတည်တည်နှင့်ငြိမ်သက်နေသည်။စာမေးပွဲပြီးသွားကတည်းက သူတို့ နှစ်ယောက် သိပ်ပြီး မတွေ့ဖြစ်တာကြောင့် ထင်သည်။ နှစ်ယောက်သားအရင်ထက် ပိုစိမ်းသွားသလို ခံစားရသည်။
~~~~~
"အေးနွယ်တို့ရန်ကုန်မှာပဲ နေမယ် အမေ ... ဒီမှာမနေချင်ဘူး.."
အေးနွယ်၏စကားကြောင့် ဖခင်ကြီးသည် မျက်နှာထားတင်းတင်းနှင့် စကားဝိုင်းမှ ထထွက်သွားသည်။မိခင်ဖြစ်သူ ဒေါ်ရီကတော့ သမီးဖြစ်သူ၏ ခံစားချက်ကို သိနေသောကြောင့် ဘာမျှဝင်မပြောဘဲ နေသည်။အစ်ကိုဖြစ်သူ ဖိုးအောင်က ညီမငယ်ကို ကြည့်လိုက်ပြီး
"ငါ့ညီမသဘောပါပဲ ...မကြာခဏ တော့ ပြန်လာပေါ့ဟာ ....ငါ့ညီမရသင့်ရထိုက်တာကိုလဲ အစ်ကိုခွဲပေးမှာပါ "
အစ်ကိုဖြစ်သူ၏ စကားကြောင့် အေးနွယ်ခေါင်းကိုခါယမ်းလိုက်မိသည်။
" အေးနွယ် ဘာမှမလိုချင်ပါဘူး အစ်ကို ....တစ်ဝမ်းတစ်ခါးအတွက်တော့ အေးနွယ်တို့ရှာစားတတ်နေပါပြီ ..."
"နင့်က ငယ်သေးတယ် ငါ့ညီမရဲ့ ..... တူမလေးရှေ့ရေးကလဲ ရှိသေးတယ် ... အဖေတို့စီစဉ်ပေးတဲ့ အတိုင်းပဲလက်ခံလိုက်ပါ ..."
~~~~~
မိဘများကိုထားခဲ့ပြီး ရန်ကုန်သို့ပြန်ရမည်ဆိုတော့လည်း အေးနွယ်ရင်ထဲမကောင်းမိ။ဖခင်ကြီးက အေးနွယ်ကို စကားသိပ်မပြောသော်လည်း သမီးလေးနှင်းအိမ်ကိုတော့ စကားပြောရှာသည်။အေးနွယ်တို့ ပြန်ဖို့အတွက်ပြင်ဆင်နေချိန်တွင် ဖခင်ကြီးသည် သူ၏အခန်းထဲသို့ ဝင်သွားသည်မှာ အေးနွယ်တို့ကားဂိတ်သွားဖို့ အဆင်သင့်ဖြစ်ချိန်အထိ အခန်းထဲမှ ထွက်မလာတော့ချေ။အေးနွယ်တို့သားအမိ ဖခင်ကြီး၏ အခန်းရှေ့တွင် ထိုင်ချလိုက်ကြပြီ အခန်းထဲသို့ မှန်း၍ ကန်တော့လိုက်ကြသည်။
" အဘိုး သမီးပြန်တော့မယ်နော် အဘိုးကို ကန်တော့ခဲ့ပါတယ်...နောက်လဲထပ်လာလည်ပါ့မယ် အဘိုး "
သမီးနှင်းအိမ်က သူ့အဘိုးကို နှုတ်ဆက်နေသည်။
"သ..သမီးတို့သွားတော့မယ်နော် အဖေ " အေးနွယ်ရှိုက်သံကို ထိန်းပြီး နှုတ်ဆက်လိုက်ချိန်တွင် အခန်းထဲမှ ရှိုက်သံလိုလိုကြားလိုက်ရသည်။အဖေငိုနေမှန်းသိလိုက်ရသောအခါ အေးနွယ်စိတ်မထိန်းနိုင်တော့ဘဲ ငိုချလိုက်မိသည်။
နှင်းအိမ်က.ငိုနေသောမိခင်ကို ခပ်ဖွဖွဖက်လိုက်မိသည်။အဘွားလည်း မျက်နှာကိုတစ်ဖက်သို့လှည့်ကာ ငိုနေပုံရလေသည်။
@@@@@@@@@@@@@@@@@@@@@@
အပိုင်း (၁၃) ဆက်ရန်
#ဧကြည်ဖြူ
" အေးနွယ် ..သမီး .... ဘွားလေး တောင်းပန်ပါတယ်ကွယ် ..ကလေးဘယ်မှာလဲ ... ဘွားလေးမသေခင် တွေ့သွားချင်လို့ပါကွယ် "
ဒေါ်သုန်က ဆိုင် အလုပ်သမားလေးများကို စူးစူးစိုက်စိုက်လိုက်ကြည့်ရင်း မေးလိုက်သည်။
မျက်နှာပြောင်တိုက်လှသော ဒေါ်သုန်ကိုကြည့်ပြီး အေးနွယ်ရင်ထဲမှ ဒေါသများထိန်းချုပ်၍မရတော့ပါချေ။
" ရှင်တို့မှာ လူအသိစိဓါတ်ရှိရင် ကျွန်မတို့ဆီကို မလာသင့်ဘူးနော် ... ဒီကလေးက ရှင်တို့နဲ့ဘာမှမဆိုင်ဘူး ..."
" ဘာပြောတယ် အေးနွယ် ... ဘာကိစ္စမဆိုင်ရမှာလဲ ...ငါတို့ရဲ့သွေးသား ..ငါ့ရဲ့မြေးအရင်းခေါက်ခေါက်လေ ....ကလေးက ငါတို့နဲ့လဲ ဆိုင်တယ်ဟဲ့ အေးနွယ်ရဲ့ "
" တော်တော့ ပါးစပ်ပိတ်ထားလိုက်တော့ ....အခုချက်ချင်းဆိုင်ထဲက ထွက်သွားနော် ....ထွက်သွား ...``
~~~~~
ဆိုင်ထဲမှ အမေ့ရဲ့ ဒေါသတကြီး အော်သံကြောင့် ဟင်းအိုးကို ချပြီး နှင်းအိမ်အပြေးထွက်ခဲ့မိသည်။
" အမေ ...အမေဘာဖြစ်တာလဲ "
နှင်းအိမ်၏ အမေခေါ်သံကြောင့် ဒေါ်သုန်သည်တုန်တုန်ယင်ယင်နှင့် နှင်းအိမ်နားသို့ လျှောက်သွားကာ နှင်းအိမ်၏လက်များကို ဆုပ်ကိုင်လိုက်သည်။
" မြေးလေး ... သူ ..သူကငါ့မြေးမလေးလား အေးနွယ် ... မြေးလေး ...အဘွားမြေးလေး ... ဒီအရွယ်တောင် ရောက်နေပြီလားကွယ် "
မိမိလက်ကိုဆွဲယူပြီး ငိုသံနှင့် မေးနေသောဧည့်သည်အဘွားကြီးကို နှင်းအိမ် ကြောင်တောင်တောင်နှင့် ကြည့်နေမိသည်။
အေးနွယ်က နှင်းအိမ်ကို ဖက်တွယ်ထားသော ဒေါ်သုန်၏လက်များကို အတင်းဆွဲဖယ်ပစ်လိုက်ပြီး နှင်းအိမ်ကို အပေါ်ထပ်သို့ တက်ခိုင်းလိုက်သည်။
" ထွတ်သွား...အခုချက်ချင်းထွက်သွားလို့ ...နှင်းအိမ် အပေါ် မှာသွားနေစမ်း.... ပြောတာကြားလာ ..."
"နင် ဒီလိုမလုပ်နဲ့ အေးနွယ် ... ကလေးက ငါ့မြေးငါ့သွေးသားလေ ....နင် ဒီလိုတော့မရက်စက်ပါနဲ့ အေးနွယ် ...သေခါနီး ဒီအဘွားကြီးက ညည်းကိုရှိခိုးပြီး တောင်းပန်ပါတယ်အေ ....`
'' မြေးဟုတ်လား ...ဒီကိစ္စတွေကို ကျွန်မသမီးကို ဘယ်လိုရှင်းပြရမှာလဲ ..အမှန်တိုင်းပြောပြလိုက်ရမှာလား ပြောပါအုံး...အရှက်မရှိလာရဲတယ်နော် ... ဒီမှာကားဆရာ...ဒီအဘွားကြီးကို ပြန်ခေါ်သွားပါ ... မသွားရင် သက်ဆိုင်ရာနဲ့ တိုင်ရလိမ့်မယ် "
အဘွားင်္ကြီးဒေါ်သုန်၏ဘေးနားတွင် ခပ်ရို့ရို့ရပ်နေသော ကားသမားဖြစ်ပုံရသည့်လူကို အေးနွယ်ပြောလိုက်သည်။ထိုလူကလည်း အဘွားကြီးကိုဖျောင့်ဖျခေါ်ယူနေလေသည်။အဘွားကြီးဒေါ်သုန်သည် အားမတန်မာန်လျှော့ကာပြန်လိုက်သွားသော်လည်း အေးနွယ်ကို ကြည့်လိုက်ပြီး
" ဒီမှာ မိအေးနွယ် ... ငါပေးခဲ့ကျွေးခဲ့လို့ ညည်းလူဖြစ်ခဲ့တာပါ ... ငါ့မြေးကိုမရရအောင်ခေါ် ပြမယ်ဆိုတာ ညည်းမှတ်ထားလိုက် ... ညည်းထွက်ပြေးမယ်မကြံနဲ့နော် ကြားလား "
" မပြေးပါဘူး ...ပြေးစရာလဲမလို ပါဘူး ...သတ္တိရှိရင် ထပ်လာခဲ့ကြည့်လိုက် ...."
အေးနွယ်လည်းဘာကိုမှ ကြောက်မနေတော့ဘဲ ဒေါ်သုန် မျက်နှာကို တည့်တည့်ကြည့်ပြီး ပြန်ပြောလိုက်သည်။အေးနွယ်အကြောက်ဆုံးနေ့ကို ရောက်လာပြီဆိုမှတော့ ရင်ဆိုင်ဖို့ရန်သတ္တိရှိရတော့မည်ပေါ့။
~~~~~~
အမေ့မျက်နှာကို ကြည့်လိုက်ပြီး ပြောလာမည့်စကားကို နှင်းအိမ်နားစွင့်နေမိသည်။
"ဒီအကြောင်းတွေကို အမေ တကယ်မပြောချင်ဘူး သမီး.... ဒါတွေကိုမပြောချင်လို့ မိဘတွေကို တောင် အဆက်အသွယ်ဖြတ်ခဲ့ရတာ ... အမေအစိုးရိမ်ဆုံးကဘာလဲသိလား ...ဒီအကြောင်းတွေကို သမီးသိသွားမှာကိုပဲ ..အခုတော့ အမေစိုးရိမ်နေသလိုဖြစ်လာပြီး ...ဖြစ်နိုင်ရင် အမေမပြောချင်ဘူး ...."
အေးနွယ်ခေါင်းကိုအောက်သို့ငုံ့လျက် သမီးကိုပြောလိုက်မိသည်။
"ဒီကိစ္စက သမီးနဲ့ပတ်သက်နေတယ်ဆိုတော့ ပြောပြပါအမေ ...သမီးက ကလေးမဟုတ်တော့ပါဘူး ... အမေ့ကိစ္စပဲဖြစ်ဖြစ် သမီးအကုန်သိချင်တယ် ..အဖေကတကယ်ပဲ သေသွားတာလား ...ဒါမှမဟုတ် ဘယ်လိုလူမျိုးမလို့ အမေပုန်းနေတာလဲ ပြောပြပေးပါ "
မိခင်၏ လက်ကိုဆုပ်ကိုင်ပြီး နှင်းအိမ်မေးလိုက်သည်။
"ဟုတ်ပါတယ် ... ဘယ်သူ့ကိုမှ မပြောရင်တောင် သမီးကိုတော့ ပြောပြရမယ်ဆိုတာ အမေသိပါတယ် ... ဒါပေမဲ့ ဒီအကြောင်းတွေကိုသိသွားရင်..သမီးရင်ထဲမှာဘာမှမခံစားပါဘူးလို့ ကတိပေးရမယ် ... အဲ့ဒီလိုကတိပေးနိုင်မှ အမေပြောပြမယ် "
နှင်းအိမ်ခေါင်းကို အခါခါ ငြိမ့်လိုက်မိပြီး
" ဟုတ်ကဲ့ပါ အမေ ...သမီးကတိပေးပါတယ် "
~~~~~~~
" အမေရယ်. "
အမေ့ဆီမှ မယုံနိုင်စရာ စကားများကို ကြားလိုက်ရသောအခါ အမေ့ကိုသနားလွန်း၍ အမေ့ကိုဖက်ပြီး နှင်းအိမ်ငိုလိုက်မိသည်။ ထို့အတူ ရင်ထဲတွင်နာကြည်းမုန်းတီးမှုများနှင့်ရွံရှာစက်ဆုပ်စိတ်များဝင်ရောက်လာလေသည်။
" ဟိုအဘွား ထပ်လာခဲ့ရင် .. သမီးရှင်းပေးပါ့မယ်... အမေဘာမှ စိတ်မပူပါနဲ့ ... "
နှုတ်ခင်းကို ဖိကိုက်၍ ငိုနေသောအမေ့ကိုနှင်းအိမ်နှစ်သိမ့်ပေးလိုက်မိသည်။ပြီးလျှင့် ကျေးဇူးတင်စိတ်ဖြင့် အမေ့မျက်နှာကို နှင်းအိမ်ကြည့်မိသည်။အသက်အရွယ်ငယ်ငယ်လေးတွင် အမေကသတ္တိရှိရှိနှင့် နှင်းအိမ်ကိုမွေးထုတ်ခဲ့သည်လေ။ထိုစဉ်က အမေသာကိုယ်ဝန်ကို ဖျက်ချခဲ့လျှင် နှင်းအိမ်ဆိုတာ လူ့လောကကြီးမှာ ဘယ်ရှိမှာလဲ။
#မုန်းမာန်
(အခန်းဆက် ဝတ္ထုရှည် )
အပိုင်း (၁၂ )
********
" ဦးကျော်တို့ဆိုင်မှာ ဈေးသွား ရောင်းမှာဟုတ်လား...သားအမေက ခွင့်ပြုလို့လား "
အေးနွယ်စိတ်ပူပြီး မေးလိုက်မိသည်။ မိတုတ်က သူ့သားကိုဦးကျော်တို့ ခေါ်သွားမှာစိုးရိမ်နေသည်လေ။
"ကျွန်တော် သေချာပြောပြထားတယ်မေနွယ် ...အပြင်မှာအလုပ်ထွက်လုပ်ရင် အမေ့ကိုစိတ်မချလို့ ..ဘကျော်တို့ဆိုင်မှာဆိုတော့ အမေ့ကို မြင်နေရတယ်လေ .. ဆိုင်ကို အမေလာချင်ရင်လဲ လာလို့ရနေတာပဲ "
" အေးပါလမင်းရယ် အဆင်ပြေရင်ပြီးတာပဲ ....သားအမေကလေ သားပြောတာပဲ နားထောင်တာ ..မေနွယ်တို့ပြောရင့်ရတာမဟုတ်ဘူး ..."
" ဟုတ်တယ် ... အမေက ချော့ပြောမှရတာ ...အမေ့ကို ကြည့်ပေးထားပါအုံးနော် မေနွယ် ... အဝတ်တွေလိုက်လျှော်နေရင်လဲ ကျွန်တော့်ကို ပြောပါနော် ....အဲ့ဒီအဝတ်လျှော်တဲ့အလုပ်ကို မလုပ်နဲ့ပြောလဲ လိုက်လုပ်နေတာပဲ... ဘယ်လိုတားရမှန်းကို မသိတော့ဘူး "
" အေးပါသားရယ် ...မင်းအမေက အလုပ်ကိုအားလပ်ချိန်ကိုမပေးချင်ဘူးဖြစ်နေတာ ..သူက အချိန်ပြည့်ငွေပဲရှာချင်နေတာလေ...သားစိတ်မပူပါနဲ့ ..... မေနွယ်သေချာကြည့်ထားလိုက်ပါ့မယ် "
" ဟုတ်ကဲ့ မေနွယ် ... ဒါဆို ကျွန်တော်သွားအိပ်တော့မယ် မေနွယ် ..."
မေနွယ့်ကို နှုတ်ဆက်ပြီး အိမ်ဘက်သို့လမင်းပြန်ခဲ့လိုက်သည်။နေ့ခင်းကျောင်းကပြန်လာပြီးကတည်းက နှင်းအိမ်၏အရိပ်ယောင်ကိုမတွေ့ရသောကြောင့် အိမ်ပေါ်ထပ်ကို နားစွင့်လိုက်မိသေးသည်။အပေါ်ထပ်ဆီမှအသံများကတိတ်ဆိတ်လျက်။ သည်တစ်ခါတော့ သူမတော်တော်လေးစိတ်ဆိုးသွားပုံရသည်။
~~~~.~~~
တစ်မနက်လုံး လမင်းတို့ အိမ်ဘက်ဆီသို့ နှင်းအိမ်အကဲခတ်နေသော်လည်း အိမ်တံခါးပိတ်ထားပြီး တိတ်ဆိတ်နေသည်ကိုသာတွေ့ရသည်။မနေနိုင်သည့်အဆုံးတွင် အမေ့ကို လှမ်းမေးလိုက်မိသည်။
"လမင်းဘယ်သွားလဲ အမေ "
"လမင်းက ဦးကျော်တို့ဆိုင်မှာ ဈေးသွားကူရောင်းတယ် ... မနက် ခြောက်နာရီကနေ ညခုနစ်နာရီအထိတဲ့လေ ...အမေ့သမီးရော ဘာလုပ်ချင်လဲ ... "
" သမီးလဲ ဒီတိုင်းတော့ မနေချင်ပါဘူး ..အမေ့ဆိုင်ကိုပဲ ဝိုင်းကူမယ်လေ "
သမီးဖြစ်သူ၏ စကားကြောင့် အေးနွယ် မျက်လုံးပြူးသွားမိသည်။စိတ်ဆတ်သော သမီးနှင့် ဆိုင်သို့လာသောဧည့်သည်များ အဆင်မပြေဖြစ်မည်ကိုစိုးရိမ်သွားမိသောကြောင့် ဖြစ်သည်။ဆိုင်ဆိုသည်မှာလည်းလူပေါင်းစုံ လူအမျိုးမျိုးလာကြသည်မဟုတ်လား။ မလုပ်နှင့်ပြောလျှင် ပိုလုပ်မည်စိုးသောကြောင့် လောလောဆယ်တော့ အေးနွယ်ခေါင်းငြိမ့်လိုက်ရသည်။
~~~~~~~
"အမေဘာတွေပြောနေတာလဲ ....အေးနွယ်....အေးနွယ်က သူ့ချစ်သူနဲ့လိုက်သွားတာမဟုတ်ဘူးလာ "
သာဖြစ်သူရဲ့ ထိတ်လန့် အံ့ဩသွားသောမျက်နှာကို ကြည့်ပြီး ဒေါ်ရီမျက်ရည်အဝဲသားနှင့် ခေါင်းကိုခါယမ်းပြလိုက်မိသည်။
" အမေဗျာ ..ဒီကိစ္စတွေကို အရင်ကတည်းက ဘာလို့မပြောတာလဲ ... အဲ့ဒီလူယုတ်မာကို ကျွန်တော်သွားသတ်မယ် ....ခုချက်ချင်းဖြူးကိုသွားမယ် "
"ဟဲ့ ... ဟဲ့ ..ငါ့သားရယ် ...အမေတောင်းပန်ပါတယ် ....မသွားပါနဲ့ ..မင်းမှာလဲ သားသမီးတွေနဲ့လေ ဖိုးအောင်ရဲ့ "
ပြောဆိုနေရင်းမှ ဝုန်းခနဲ ထရပ်ကာ အိမ်ပြင်သို့ထွက်ရန်ပြင်လိုက်သော သားဖြစ်သူဖိုးအောင်ကို ဒေါ်ရီအတင်းဖမ်းဆွဲတားလိုက်ရသည်။
" တကယ်ဆို အမေပြောခဲ့သင့်တယ် ...ကျွန်တော်တို့က သူ့တို့သားအမိကို ကျေးဇူးရှင်အမှတ်နဲ့ ကိုးကွယ်နေမိတာ ... ဘယ်လောက် ခံပြင်းစရာကောင်းလဲ ... ဒီလူယုတ်မာကြီးအသက်မရှင်သင့်ဘူး "
" မင်းတို့သားအဖတွေရဲ့ ဒေါသကိုသိလို့ ..ဒုက္ခရောက်မှာစိုးလို့ အမေမပြောခဲ့တာပါ ... မင်းညီမလေးကိုလဲ အရှက်တကွဲမဖြစ်စေချင်ဘူး ...အခုဆိုမင်းတို့အဖေက မင်းညီမလေးကို အမိုက်မဆိုပြီးနာမည်တောင် အပြောမခံဘူးလေ ... အမေတို့လဲ အသက်ကြီးနေပါပြီးကွယ် ပြဿနာတွေမဖြစ်ပါစေနဲ့တော့ .. မင်းညီမလေးကိုသာရှာပြီးတော့ကြည့်ရှုစောင့်ရှောက်ပေးပါ ...မင်းတို့အဖေလဲ အခုတော့ သူ့သမီးကို တွေ့ချင်နေပါပြီ "
"ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို ဒီတိုင်းတော့ မထားနိုင်ဘူး အမေ ... ဟိုလူယုတ်မာကြီးရှိတဲ့ ဖြူးမြို့ကို ကျွန်တော်သွားမယ်... ပြီးတော့ ညီမလေးကို ရှာမယ် ...တောက် "
ဖိုးအောင်တစ်ယောက် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လျက် တောက်တစ်ချက်ကို ခပ်ပြင်းပြင်းခေါက်လိုက်သည်။
~~~~~~
"အမေ ... ဧည့်သည်တွေက အမေ့ကို တွေ့ချင်လို့တဲ့ "
နောက်ဘက်ခန်းထဲမှာ ဟင်းချက်နေသော အမေ့ကို နှင်းအိမ်ဝင်ပြောလိုက်သည်။ဆိုင်ရှေ့ကို ကားကြီးတစ်စီးထိုးရပ်လာပြီး သူဌေးမကြီးဖြစ်ပုံရသော အဘွားကြီးသည် အမေ့နာမည်ကို မေးနေသောကြောင့် နှင်းအိမ်လဲ ယောင်နနနှင့်ပင် အမေ့ကို ခေါ်ပေးလိုက်သည်။
"ဘယ်သူတွေလဲ သမီး ... ဒီမှာ ဟင်းအိုးက တန်းလန်းကြီးနဲ့ကွယ် ....ဟင်းအိုးကို သမီးလာကြည့်ထားလိုက်အုံး "
သမီးကိုပြောပြီးအေးနွယ် အပြင်သို့ထွက်ခဲ့သည်။
~~~~~~~
မြင်လိုက်ရသော မြင်ကွင်းကြောင့် အေးနွယ်ထိတ်လန့် တုန်လှုပ်သွားမိသည်။
" ဘာ ....ဘာလာလုပ်တာလဲ ..ဘာကိစ္စလဲ ... ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ "
အေးနွယ်၏မေးသံအဆုံးတွင် ဒေါ်သုန်ကအေးနွယ်ကို ကြည့်လိုက်ပြီး
" ကြီးကြီးတူးယောကျာ်း ဘဘရေခဲကလေ အရက်ဒီလောက်သောက်နေတဲ့ အရက်သမားကြီးကိုများလာပြောနေတယ် ...နှင်းအိမ်အမေကို ဘယ်သူနဲ့မှ မပေးစားဘူး ...လာမပြောနဲ့ နော် ကြီးကြီးတူး ...နှင်းအိမ် စိတ်ဆိုးမှာ "
" အေးပါအေ.... မပြောဘူး ...မပြောတော့ဘူး ..."
တဖြည်းဖြည်းနှင်းအိမ် တကယ်စိတ်တိုလာမှန်းသိတော့ မတူး အမြန်ပြန်ခဲ့ရသည်။
~~~~~~
"ကြီးကြီးတူးက စနေမှန်းသိရဲ့နဲ့ သမီးဘာလို့ ဒေါသတကြီးနဲ့ ပြန်ပြောနေရတာလဲ ... အဲဒီလို ရိုင်းတာကို အမေမကြိုက်ဘူးလို့ ပြောထားတယ်လေ "
အေးနွယ်သမီးကို ခပ်ငေါက်ငေါက်ဆူလိုက်သည်။
နှင်းအိမ်ကမိခင်မျက်နှာကိုကြည့်ပြီး ခေါင်းကိုငုံ့ထားလိုက်မိသည်။နှင်းအိမ် မျက်လုံးထဲမှာတော့ မိခင်၏ ရှက်ပြုံးလေးပြုံးနေသည့် မျက်နှာကိုပဲ မြင်ယောင်နေမိသည်။
"နောက်တစ်ပတ်ဆိုရင် စာမေးပွဲဖြေရတော့မှာနော် သမီး ..မဟုတ်တာတွေလျှောက်တွေးမနေနဲ့ ...အမေလဲဘယ်တော့မှ အိမ်ထောင်မပြုပါဘူး သမီးရယ် ...အမေ့အတွက် ငါးသမီးရှိရင် ပြည့်စုံနေပါပြီ...ဦးမျိုးကိုလဲ ရန်သွားမလုပ်နဲ့နော် ....အမေအရှက်မကွဲချင်ဘူး "
မျက်နှာလေးညှိုးသွားသော သမီးဖြစ်သူကို အေးနွယ်ပြန်ချော့လိုက်ရသည်။ဆံပင်ကတိုတိုရှပ်အင်္ကျီနှင့်ဆိုတော့ ယောက်ျားလေးလိုဖြစ်နေသော သမီးကိုကြည့်လိုက်မိပြီး
" ဆံပင်အရှည်မထားတော့ဘူးလား သမီး...ဆယ်တန်းဖြေပြီးရင် ဆံပင်အရှည်ထားပါလား "
"မထားချင်ဘူး ခေါင်းရှုပ်တယ်အမေရဲ့ ...."
~~~~~~
" နှင်းအိမ် နင်ဖြေနိုင်လား....ဒီနေ့စာမေးပွဲနောက်ဆုံးနေ့ဆိုတော့ ... ငါတို့ ရင်ပြင်သွားကြမလား ... လမင်းကို မတွေ့သေးဘူး ..သူဘာလို့ ကြာနေတာလဲ မသိဘူး "
သူရကနှင်းအိမ်ကိုမေးရင်း လမင်းကိုလိုက်ရှာလိုက်သည်။ကျောင်းရှေ့မှာတော့ ကျောင်းသားများ ကိုယ့်အစုနှင့်ကိုယ် ဟိုဒီသွားကြဖို့ တိုင်ပင်နေကြသည်။နှင်းအိမ်ကလည်း သူငယ်ချင်းများနှင့် လျှောက်လည်ချင်နေသည်။သို့သော်လည်း လမင်းတို့မပါလျှင် မိခင်ကမလွှတ်မှာကို သိသောကြောင့် လမင်းထွက်အလာကို စောင့်နေမိသည်။
"ဟိုမှာ လမင်းလာပြီဟ ..."
လမင်းဆီကို သူရပြေးသွားပြီး အကျိုးအကြောင်း ပြောလိုက်သည်။လမင်းက ခေါင်းကို ယမ်းခါလိုက်ပြီး
" မသွားပါဘူး ...စာမေးပွဲရက်အတွင်းမှာ အမေ့ကိုဘာမှဝိုင်းမကူခဲ့ရဘူး ... အိမ်မှာအလုပ်တွေ ပုံနေတာပဲ ... မနက်ဖြန်ကစပြီး အလုပ်ဆင်းရမှာမို့ ဒီနေ့အိမ်အလုပ်တွေ အပြီးလုပ်ရမှာ...အမေတို့လဲမျှော်နေလိမ့်မယ် .... အိမ်ပဲပြန်ကြမယ် "
လမင်းက သူရကိုပြောသလိုနှင့် နှင်းအိမ်ပါကြားအောင် ပြောလိုက်သည်။
နှင်းအိမ်ဘာမှ မပြောတော့ဘဲ ကားလမ်းတစ်ဖက်ခြမ်းကိုကူးခဲ့လိုက်
သည်။ရင်ထဲမှာတော့ မကျေနပ်။နှင်းအိမ်ဖြစ်ချင်လုပ်ချင်သမျှကို ငြင်းပယ်တတ်သော လမင်းကို လုံးဝမကျေနပ်။
"နှင်းအိမ်စိတ်ဆိုးသွားပြီထင်တယ် လမင်း "
" ထားလိုက်ပါ ...သူကအမြဲ စိတ်ဆိုးနေတာပဲဟာ ....ဒီလောက်ပင်ပန်းနေတာကို နားဖို့မတွေးဘဲ ပျော်ပါးဖို့ပဲတွေးနေတယ်... "
" တိုးတိုးပြောပါ လမင်းရာ...ကြားသွာလို့ မိုးမီးလောင်နေအုံးမယ် "
သူရက လမင်းကို အထိတ်တလန့်နှင့်တားမြစ်လိုက်သည်။လမင်းကတော့ ဆောင့်ဆောင့်အောင့်အောင့်နှင့်ထွက်သွားသောနှင်းအိမ်ကို ကြည့်ပြီး ကားလမ်းကို အမြန်လိုက်ကူးလိုက်သည်။တော်ကြာနေ သူ့အပေါင်းအသင်းများနှင့် လစ်ထွက်သွားမှဖြင့် မေနွယ်စိတ်ပူနေရအုံးမည်လေ။
@@@@@@@@@@@@@@@@@@
အပိုင်း ( ၁၂ ) ဆက်ရန်
#ဧကြည်ဖြူ
ကောင်မလေးများစျေးလာဝယ်လျှင်အမေမကြိုက်။မိန်းခလေးများက လမင်းကိုကြည့်လျှင်လည်း မကြိုက်။ရှင်းရှင်းပြောရလျှင် လမင်းနားသို့ကပ်သော မိန်းခလေးမှန်သမျှကို အမေကကြည့်မရဖြစ်တတ်သည်။ ရန်တွေ့လွှတ်တတ်သည်။တစ်လောကလုံးမှာ အမေကြည့်လို့ရသည်မှာ နှင်းအိမ်တစ်ယောက်ပဲရှိမည်ထင်သည်။တစ်လောကလုံးနှင့် မတည့်သည့်နှင်းအိမ်ကလည်း အမေနှင့် အဆင်ပြေတာကိုတော့ လမင်း အံ့ဩမိသည်။သည်အချက်လေးတစ်ချက်နှင့်ပင်လမင်းလည်း နှင်းအိမ်၏ဆိုးဒဏ်ကို တော်တော်များများသည်းခံပေးခဲ့ရသည်လေ။
~~~~~
"ဘာပြောတယ် မြင့်မောင် ... အေးနွယ်တို့ကို တွေ့ပြီးဟုတ်လား "
ဒေါ်သုန်၀မ်းသာအားရနှင့် မေးလိုက်သည်။
"ဟုတ်တယ် အမေ...ရန်ကုန်မှာ တွေ့တာတဲ့ ... အေးနွယ်ကိုလည်း သူတို့မမြင်ဖူးတော့ အတိအကျမပြောနိုင်ပေမဲ့ အေးနွယ်တို့ သားအမိဖြစ်ဖို့သေချာတယ် ....ဒီရက်ပိုင်းထဲမိမိနေမကောင်းဖြစ်နေလို့ အမေ ..မိမိနေကောင်းတာနဲ့ ကျွန်တော်ရန်ကုန်သွားပေးပါ့မယ် "
" အေး ... မြန်မြန်သွား ...တွေ့ရင် ငါ့မြေးကိုရအောင်ခေါ်လာခဲ့ "
" ဪ ... ကျွန်မက ဟုတ်မှဟုတ်ပါ့မလားဆိုပြီး ရှင်တို့ကိုသံသယ၀င်နေပေမဲ့ ဘာမှမမေးဘဲ စောင့်ကြည့်နေခဲ့တာ ...ရှင်က တကယ်လူယုတ်မာပဲ ကိုမြင့်မောင် "
အခန်းထဲသို့ ရုတ်တရက်ဝင်ရောက်လာသော ဇနီးဖြစ်သူခင်မိမိကိုကြည့်ပြီး ဦးမြင့်မောင် ထိတ်လန့်တုန်လှုပ်သွားမိလေသည်။။
" မ ..မဟုတ်ဘူး မိမိ ... အစ်ကို ရှင်းပြပါ့မယ် .."
"တော်ပါတော့ ...ရှင့်မျက်နှာကိုလဲ မကြည့်ချင်ဘူး လူယုတ်မာကြီးရဲ့ ...ရှင့်တို့သားအမိတွေ ပြောနေ လုပ်နေတာတွေကို...ကျန်းမသားအကုန်သိတယ် လူယုတ်မာကြီးရဲ့ ...ရှင်မရှက်ဘူးလားဟင် "
" ဘာ ... ဘာပြောတယ်မိမိ ... သား....သားကသိနေတယ်ဟုတ်လား ... ဘယ်တုန်းကသိတာလဲ ပြောစမ်း .."
ဇနီးဖြစ်သူကို ဦးမြင့်မောင် မေးလိုက်သည်။သားသည် သူ့ဘဝ၊သူ့မျှော်လင့်ချက်ဖြစ်သည်။သားစိတ်ထိခိုက်သွားမှာကိုတော့ သူမလိုလား။ သားဖြစ်သူကြောင့်ပင် အေးနွယ်ကိုရှာသည့်ကိစ္စကို ဦးမြင့်မောင်အချိန်ဆွဲနေခဲ့ခြင်းဖြစ်သည်။ဇနီးဖြစ်သူခင်မိမိကို ဦးမြင့်မောင်ချစ်သည်။ထို့အတူ သားဖြစ်သူကိုလည်း ဦးမြင့်မောင်ဘ၀တစ်ခုလုံးပေးဆပ်ရဲသည့်အထိချစ်သည်။အေးနွယ်နှင့် ဖြစ်ခဲ့သောကိစ္စသည် အသွေးအသားဆန္ဒကြောင့် မှားယွင်းခဲ့မိခြင်းသာဖြစ်သည်။မိခင်ကြီး၏ဆန္ဒကြောင့်သာ အေးနွယ်တို့ကို ရှာနေရခြင်းဖြစ်သည်။ရင်ထဲတွင် ဘာခံစားချက်မှ မရှိ။မမြင်ရသော သမီးဆိုသောသံယောဇဉ်ကြိုးသည် လက်ရှိ မြင်နေရသော သားဆိုသည့် သံယောဇဉ်ကြိုးကို မထိုးဖောက်နိုင်ပါလေ။
"တဆိတ်ရှိ ရှင်တို့သားအမိတွေ တိုးတိုးကြိတ်ကြိတ်နဲ့ တိုင်ပင်နေ တာကို မရိပ်မိဘဲနေမလား ... ရှင်တို့ကအရှက်မရှိ ကလေးကိုလိုက်ရှာချင်သေးတယ်ပေါ့. ဟုတ်လား ...ရှာရဲရင် ရှာကြလေ ... ရှင်နဲ့လည်း မပေါင်းနိုင်တော့ဘူး "
" ဒီမှာ ...ခင်မိမိ ညည်းပါးစပ်ကို ပိတ်လိုက်တော့ ...လူပဲ တစ်ခါတလေတော့ မှားမှာပဲ အေ့ ...ညည်းတို့သားအမိကို ငါ့သား ဘယ်လိုထားခဲ့လဲ...ဒီလောက်ကိစ္စလေးကိုမှ ညည်းတို့က နားလည်မပေးနိုင်ဘူးလား ..ကလေးကိုတွေ့ချင်တာလဲ ငါပဲတွေ့ချင်တာ...ဘာပဲဖြစ်ဖြစ် သူလဲ ငါ့မြေးပဲဟဲ့ ...ပြောလက်စနဲ့ တစ်ခါတည်းပြောလိုက်မယ် ...ငါ့မြေးကိုတွေ့ရင် ဒီမှာခေါ်ထားမှာ ...မကျေနပ်တဲ့သူ မနေနဲ့ "
အော်ဟစ်သောင်းကျန်းနေသော ချွေးမဖြစ်သူကို ဒေါ်သုန်ထ အော်ပစ်လိုက်သည်။
" အမေဘာတွေပြောနေတာလဲ ...တော်ပါတော့အမေ .... သူတို့ကို အမေရှာချင်ရှာမရှာချင်နေ ... ကျွန်တော်ကတော့ မရှာဘူး...."
ဦးမြင့်မောင် မိခင်ကို ပြန်အော်လိုက်သည်။ထိုအခါ ဒေါ်သုန် ဒေါသတကြီးနှင့် ထသောင်းကျန်းလေသည်။
"မြင်မောင် မင်း...မင်း ... မင်းလဲ ဆင်း ... ငါ့အိမ်မှာမနေကြနဲ့ ... ခုချက်ချင်းထွက်သွားကြ ....သွားကြ ...တစ်ယောက်မှ မနေကြနဲ့ "
~~~~
နှင်းအိမ်လှေးကားမှ ဆင်းလာခဲ့ရင်း မိခင်နှင့်ဒေါ်ကြီးမတူးတို့ ခပ်တိုးတိုးစကားပြောနေကြသည်ကို မသိမသာအကဲခတ်နေမိသည်။မမြင်စဖူး အမေ့မျက်နှာပေါ်က ရှက်သလိုပြုံးနေသောအပြုံးကို နှင်းအိမ်တွေ့မြင်နေရသည်။နှင်းအိမ် ခပ်မြန်မြန်ပဲ လှေကားကဆင်းသွားလိုက်ပြီး အမေတို့ နားကို လျှောက်သွားလိုက်သည်။
" အမေနဲ့ ကြီးကြီးတူးဘာတွေပြောနေတာလဲ.. နှင်းအိမ်သိတယ်နော်....ဆေးဆိုင်ကဦးမျိုးအကြောင်းပြောနေမဟုတ်လား ...ကြီးကြီးတူးနော် ...အောင်သွယ်မလုပ်နဲ့ ... အမေကနှင်းအိမ်နဲ့ပဲ တစ်သက်လုံးနေရမှာ "
"ဟဲ့ ..နှင်းအိမ်ရဲ့နင့်အမေက အခုမှ အသက်သုံးဆယ်ကျော်ပဲရှိသေးတာလေ ... ညည်းကနားလည်ပေးလိုက်ပေါ့ နှင်းအိမ်ရယ် ..အချိန်တန်တော့ ညည်း အိမ်ထောင်ပြုရင် ညည်းအမေတစ်ယောက်တည်း ဖြစ်နေမှာပေါ့ "
မတူးက လေသံချိုလေးနှင့် နှင်းအိမ်ကိုပြောလိုက်သည်။
"မဖြစ်ဘူး ..မဖြစ်ဘူး ..ဘယ်တော့မှမဖြစ်ဘူး ...နှင်းအိမ်လဲယောကျာ်းမယူဘူး ...ယောကျာ်းတွေက အကျင့်ကောင်းတာမဟုတ်ဘူး ... မေတုတ်ရဲ့မောင်မောင်ဆိုလဲ အကျင့်မကောင်းဘူး....နှင်းအိမ်အဖေတောင် သေသွားလို့ပေါ့ "
" အမယ်လေးဟဲ့ ...ယောက်ျားမုန်းသူကြီးနဲ့ လာတွေ့နေတယ် ....ငါ့ယောကျာ်းဆို ဘယ်လောက်ကောင်းလဲ ..ငါ့ကိုတစ်သက်လုံး ရှာကျွေးလာခဲ့တာ "
" အဲ့ဒါကလေ ဒီလိုအမေရဲ့ ... သမီးသူငယ်ချင်းတွေက စာမေးပွဲအတွက် ... ယက္ခညီနောင်ဆီမှာသွားဆုတောင်းမယ်ဆိုလို့ ... သိချင်လို့ လိုက်သွားမလို့ပါ ...သမီးတစ်ယောက်တည်းဆို မသွားပါဘူး "
" ကဲ ဟုတ်ပါပြီ ထားလိုက်ပါတော့ ...နေ့လယ်က ကောင်လေးတွေနဲ့ ရန်ဖြစ်သေးတယ်ဆို... ဘာလို့ဖြစ်တာလဲ "
" အဲ့ဒါကလည်း သူတို့ကအရင်လိုက်စတာအမေရဲ့ ...သမီးကို တွေ့တာနဲ့ ဘောပြားမလို့လိုက်လိုက်ခေါ်တာ ... ပြီးတော့ သမီး မုန့်ထုတ်ကိုလိုက်လုလို့ ပြန်လုပ်ပစ်လိုက်တာ ....အလကားပါ အမေရယ် ... အဲ့ဒီကောင်တွေက အဆင့်မရှိတဲ့ကောင်တွေပါ ... သမီးကိုမယှဉ်နိုင်ပါဘူး "
" ဟဲ့ ..ဟဲ့ သမီးရယ် ကျောင်းသားချင်းချင်းကို ကွယ်...ဘာလို့အဲ့ဒီလိုစကားကြမ်းကြမ်းတွေပြောရတာလဲ.... သူတို့က ခင်လို့မင်လို့ စတာနေမှာပါ..နောက်ကိုအဲ့ဒီလိုတွေမလုပ်နဲ့ ... မပြောပါနဲ့ သမီးရယ် "
သမီးလေး၏ နှုတ်မှစကားလုံးကြမ်းကြမ်းများထွက်လာသောကြောင့် အေးနွယ် အလန့်တကြားဟန့်တားလိုက်မိသည်။
"ဟင့်အင်း ပြောမှာပဲအမေ....သူတို့လိုကောင်တွေက သမီးကိုစ စရာလား ..... လူတွေကစုတ်စုတ် ပြတ်ပြတ်နဲ့ ရွံစရာကောင်တွေ...တန်ရာတန်ရာမနေကြဘူး ..ပြီးတော့အမေပဲပြောတယ်လေ ... သမီးအသားကို အထိမခံအကိုင်မခံနဲ့ ဆို "
" ကဲ တော်ပါတော့ နှင်းအိမ်ရယ် အမေပဲမှားပါတယ်အေ...သားမွေးထားတဲ့သူက ရန်ပွဲလိုက်မရှင်းရဘူး ...သမီးမွေးထားတဲ့သူက ရန်ပွဲလိုက်ရှင်းနေရတာ ..ကဲ ... လာ ထမင်းလာစားတော့ ..."
ပြောမနိုင်တော့သည့်အဆုံး ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ပြီး အေးနွယ်အောက်ထပ်သို့ ပြန်ဆင်းခဲ့လိုက်သည်။
~~~~~~
" အမေနော် အဝတ်တွေလိုက်မလျှော်ရဘူးလို့ ကျွန်တော် ပြောထားတယ် မဟုတ်လား ... ကျွန်တော်စာမေးပွဲပြီးရင် အမေဈေးလဲမရောင်းရတော့ဘူး .... ကျွန်တော်အလုပ်လုပ်မှာ...အခုအမေပိုက်ဆံမလောက်ဘူးဆိုရင်လဲ ဘကျော်တို့ဆိုင်မှာ....အချိန်ပိုင်းသွားလုပ်ပေးမယ် "
လျှော်ရမည့်အဝတ်များကို ကော်ဇလားထဲ ထည့်စိမ်နေရင်းမှမိခင်ကို လမင်းလှမ်းပြောလိုက်သည်။မိတုတ်က သားဖြစ်သူကိုလှမ်းကြည့်လိုက်ပြီး
"မလုပ်ရဘူး ... သားလေးဘာအလုပ်မှ လုပ်စရာမလိုပါဘူး .... သားအဖေမောင်မောင်လဲ ဘာအလုပ်မှမလုပ်ဘူး.....သူ့ဖိနပ်ကအစအမေကတိုက်ပေးခဲ့တာသားရဲ့... ပြောရင်းနဲ့သတိရလိုက်တာ မြို့သာကုန်းကိုပြန်ချင်လိုက်တာ သားရယ် "
" ဒီအကြောင်းတွေ ပြောပြန်ပြီးလား အမေ ...အဲ့ဒီအကြောင်းတွေ မပြောနဲ့တော့လို့ ကျွန်တော်ပြောထားတယ် မဟုတ်လား ..."
စကားပြောနေရင်းမှ မျက်နှာညှိုးသွားသော မိခင်ကို ကြည်ပြီး လမင်းအသံမာမာနှင့် ထပြောလိုက်မိသည်။ငယ်စဉ်ကတည်းက အကြိမ်ထောင်ပေါင်းများစွာကြားခဲ့ရသော အကြောင်းများကိုလမင်းနားမထောင်ချင်တော့ပါ။ကိုယ်ဝန်ကိုဖျက်ချခိုင်းတာ၊ အမေ့ကိုဝိုင်းရိုက်ကြတာ၊ ရေကန်ထဲခုန်ချဖို့သွားခဲ့တာ အား လုံးကို လမင်းရင်ထဲမှာရော၊အသည်းထဲမှာပါစွဲမြဲအောင် မှတ်မိနေပြီဖြစ်ပါသည်။မိခင်ဆီမှ သည်အကြောင်းများကို ကြားရသောအခါတိုင်းရင်ထဲတွင် နာကြည်းမုန်းတီးမှုများသည် လည်း ခိုင်မာသည်ထက်ပို၍ ခိုင်မာလာခဲ့သည်။
~~~~.
"သားလိုချင်တယ်ဆိုလို့သာ ...အိုးအိမ်ဘက်က ဘကျော်သူငယ်ချင်းဆီမှာအကူအညီတောင်းလိုက်ရတာ ... သူတို့လဲ ရန်ကုန်လောက်ပဲ စာရင်းသိတာတဲ့သားရဲ့ ...စားမေးပွဲအတွက်မဖြစ်မနေလိုအပ်နေတာလားသား...သူတို့က အချိန်နည်းနည်းကြာမယ်ပြောနေလို့ "
ဘကျော်၏စကားကြောင့် လမင်းသက်ပြင်းချလိုက်မိသည်။
"ရပါတယ်ဘကျော်ရဲ့ ... သိရရင်ပြီးတာပဲ အချိန်ကြာလည်းရပါတယ် "
လမင်း၏ အေးစက်စက်ဖြစ်သွားသော မျက်နှားကို ဦးကျော်ကြည့်လိုက်ပြီး
"သားလမင်း ..ဘကျော်ကို အမှန် တိုင်းပြောစမ်း ... သားသိချင်နေတာက မြို့သားကုန်းကဘယ်နေရာမှာရှိလဲဆိုတာသိချင်နေတာ မဟုတ်လား...သားရယ် မင်းအမေမိတုတ်ပြောနေတာတွေသာ အမှန်တွေဆိုရင် ...သွားတွေ့လည်းစိတ်မကောင်းစရာပဲဖြစ်လိမ့်မယ်ထင်တယ်...သားတို့သာလက်ခံရင် ... ငါ့သားကို ဘကျော်တို့
က အမွေစားအမွေခံအဖြစ်မွေးစာမှာပါ ..ဘကျော်တို့မှာ ချမ်းချမ်းသာသာကြီးမဟုတ်ပေမဲ့ .....အေးအေးဆေးဆေး လုပ်ကိုင်စားလို့တော့ရပါတယ်...ငါ့သား ဆယ်တန်အောင်ရင် တက္ကသိုလ်တက်ဖို့လည်းမပူနဲ့ "
ဘကျော်ပြောနေတာကို လမင်း ငြိမ်သက်ပြီးနားထောင်နေမိသည်။သူ့အပေါ်ထားသော ဘကျော်နှင့်ကြီးစန်းတို့၏ စေတနာမေတ္တာကိုလမင်းယုံကြည်ပါသည်။သို့သော်လည်း ငယ်စဉ်ကတည်းက မိခင်သင်ပေးထားခဲ့သည့် စိတ်ဓါတ်က သူ့ရင်ထဲတွင် အမြစ်တွယ်နေပြီဖြစ်သည်။ဘကျော်နှင့်ကြီးစန်းက သူ့အပေါ် သံယောဇဉ်ရှိသလို သူကလည်း ဘကျော်တို့အပေါ် ချစ်ခင်ပါသည်။သို့သော်လည်း ဘကျော်တို့ဆီမှ ဘာလို့မှ မမျှော်ကိုး၊မလိုချင်ပါ။ကျောင်းပိတ်ရက်များနှင့်အားသည်အချိန်များတွင် ဘကျော်တို့ကို သူလာကူညီပေးခြင်းသည်လည်း မေတ္တာသက်သက်သာဖြစ်သည်။ဘကျော်တို့ ပေးနေသော သူ့ကျောင်းစရိတ်များအတွက် နိုင်သမျှအင်အားနှင့် ပြန်ပေးဆပ်နေခြင်းသာဖြစ်သည်။ဖြစ်နိုင်လျှင် လမင်းငွေရှာချင်နေပါပြီ။ မိခင်ဖြစ်သူ ပင်ပင်ပန်းပန်းဈေးရောင်းနေသည်ကိုမကြည့်ရက်။အမေနှင့်အတူ ဈေးလိုက် ရောင်းပေးပြန်တော့လည်း အမေကမကြိုက်။လမင်းစျေးရောင်းနေချိန်
#မုန်းမာန်
(အခန်းဆက်ဝတ္တုရှည်)
အပိုင်း(၁၁)
********
စူပုတ်နေကြသောမျက်နှာများကိုကြည့်ပြီး နှစ်ယောက်သားရန်ဖြစ်လာကြပြန်ပြီမှန်းအေးနွယ်သိလိုက်သည်။ သူရကိုကြည့်လိုက်ပြန်တော့လည်း မျက်နှာငယ်လေးနှင့်။
"ကလေးတွေအဝတ်အစားလဲပြီးရင်ထမင်းစားကြမယ် ...လမင်း
အဝတ်အစားလဲပြီးရင်လာခဲ့နော်... သားအမေကဘူတာဘက်သွားတယ် ...သူရလဲ ဒီမှာပဲထမင်းစားသွားလိုက် ..."
"သမီးမစားသေးဘူး ...အိမ်စာတွေ
ပါလာလို့ လုပ်လိုက်အုံးမယ် "
သမီး၏ အဖြေစကားကြောင့် အေးနွယ်သက်ပြင်းသာချလိုက်မိသည်။အလုပ်သမားကောင်မလေးကို လမင်းနှင်သူရအတွက် .ထမင်းပြင်ခိုင်းလိုက်သည်။နေ့လယ်ခင်းဆိုင်လူကျချိန် ဖြစ်နေသောကြောင့် ရှည်ရှည်ဝေးဝေးပြောမနေတော့ဘဲ လွှတ်ထားလိုက်ရသည်။သူရကအလိုက်တသိနှင့် စားပွဲကူထိုးပေးနေချိန်မှာအဝတ်အစားလဲပြီးပြန်ရောက်လာသောလမင်းက ပန်းကန်များ၀င်ဆေးနေသည်။
"ကလေးတွေ ထမင်းလာစားကြတော့... အဲ့ဒါတွေထားလိုက်...ထမင်းစားပြီးစာကျက်ရအုံးမယ်လေ "
"ရပါတယ်မေနွယ် ... လူကျနေတုန်းလေးဝိုင်းကူပေးတာပါ "
အေးနွယ်အော်လိုက်သော်လည်း လမင်းတို့ကလုပ်မြဲ ဆက်လုပ်နေကြသည်။ ဒါကလည်း နေ့စဉ်ထုံးစံလိုဖြစ်နေသည်ကိစ္စပင်။နေ့လယ် (၁၂) နာရီကျောင်းလွှတ်ချိန်နှင့် ထမင်းဆိုင် လူကျချိန်က ချိန်ကိုက်ထားသလိုပါပင်။အေးနွယ်၏ ထမင်းဆိုင်က သန့်ရှင်းသပ်ရပ်မှုနှင့်အရသာ ကောင်းမွန်မှုများကြောင့် အရောင်းသွက်သည်။ဆိုင်တွင် ကောင်မလေးနှစ်ယောက်ပါ ခေါ်ထားရသေးသည်။ထမင်းဆိုင်နှင့်ပဲ ရှာဖွေစားသောက်လာခဲ့သော အေးနွယ်အတွက် ယခုလက်ရှိနေရာကိုလည်း အပိုင်ဝယ်လိုက်နိုင်ပြီဖြစ်သည်။သိပ်မကျယ်သော မြေကွက်ပေါ်မှာ နှစ်ထပ်အိမ်လေးဆောက်ပြီး အောက်ထပ်မှာ ထမင်းဆိုင်ဖွင့်လိုက်သည်။မိတုတ်တို့သားအမိကို အေးနွယ်ဘေးမှ အိမ်ကိုငှားအောင်မနည်း ခေါ်ခဲ့ရသည်။သည်နေရာက ဦးကျော်၊ ဒေါ်စန်းတို့နှင့် နီးသွားသောကြောင့် မိတုတ်ကမပြောင်းချင်။မနည်း ခေါ်ခဲ့ရခြင်းဖြစ်သည်။မိတုတ်ကိုရော လမင်းကိုပါ အေးနွယ်စိတ်မချ၊ မထားခဲ့နိုင်ပါ။အေးနွယ်တို့သားအမိနှစ်ယောက်တည်းလည်း မနေရဲသလိုဖြစ်နေသည်။ပြီးတော့ အေးနွယ် အတွက်တော့ လမင်းကလည်း သားတစ်ယောက်လို ဖြစ်နေခဲ့သည်လေ။လမင်းနှင့်နှင်းအိမ်မတည့်တာကိုတော့ အေးနွယ်လည်းဘာမှမတတ်နိုင်။ဘာပဲဖြစ်ဖြစ် မောင်နှမများမဟုတ်တော့လည်း သူတို့ မတည့်ကြသည်ကို အေးနွယ်၏ စိတ်မှကျေနပ်သလိုဖြစ်ရသည်။နှစ်ယောက်သားတပူးတွဲတွဲနေပြီး အရွယ်မတိုင်ခင်တစ်ခုခုဖြစ်သွားမှာကိုတော့ အေးနွယ်စိုးရိမ်မိသည်လေ။ ကိုယ်တိုင်ခံစားခဲ့ရသော အတွေ့အကြုံများကြောင့် သမီးလေးအတွက် စိတ်ပူမိသည်မှာလည်းအမှန်။ဒါကြောင့်လဲ သမီးလေးက ယောကျာ်းလိုလိုမိန်းမလိုလိုဖြစ်နေသည်ကို အေးနွယ် သည်အတိုင်းလွှတ်ထားလိုက်ခြင်းဖြစ်သည်။
" ဒီနေ့ကျူရှင်က ဘယ်အချိန်လဲ သားတို့ ...နှင်းအိမ်ကိုလဲ ခေါ်သွားကြအုံး ."
" ဒီနေ့ကျူရှင်က ညနေပိုင်းမှအန်တီနွယ် ...."
လမင်းနှင့် သူရထမင်းစားနေတုန်း အေးနွယ်မေးလိုက်သောအခါ သူရကပြန်ဖြေသည်။လမင်းကတော့ ဘာမျှမပြောဘဲ ထမင်းသာစားနေသည်။အရပ်ရှည်ရှည် အသားဖြူဖြူနှင့် သိသိသာသာကို ချောမောကြည့်ကောင်းလာသော လမင်းကိုကြည့်ပြီး သမီးလေးအတွက် အေးနွယ်စိတ်ပူမိသည် ။ဆယ်ကျော်သက်အရွယ်လေးဆိုတော့ လမင်းကြောင့် ရင်ခုန်စိတ်လှုပ်ရှားမှာကို ပူပန်မိသည် ။အေးနွယ် အနေနှင့် လမင်းကို ဘယ်လောက်ပဲချစ်ချစ် သမီးလေးကို ပညာတတ်ဘွဲ့ရဖြစ်စေချင်သည်။မိမိလိုငယ်ငယ်ရွယ်ရွယ်နှင့်ဒုက္ခမရောက်စေချင်မိ။ဒါကြောင့်လဲ သူတို့ကိုကျောင်းသွားချိန်သာ အတူသွားခိုင်းသည်။သူတို့တွေချည်းပဲလွှတ်ပြီးစာတောင် အတူမကျက်ခိုင်း။လမင်းကလည်း သူ့အမေမိတုတ်အတိုင်း မာနခဲဆိုတော့ သည်အတွက်တော့စိတ်ချရသည်။
~~~~~~
လူပါးချိန်မှာ အေးနွယ်အိမ်ပေါ်သို့တက်လာခဲ့သည်။အိမ်ပေါ်သို့ ရောက်သည်နှင့် သမီး၏ စာကျက်သံကိုကြားလိုက်ရသည်။သမီးလေးနှင်းအိမ်က အများအမြင်မှာ မိန်းမဆိုးလေးတစ်ယောက်လိုဖြစ်နေသော်လည်း စာနှင့်ပတ်သက်လာလျှင် ပြောစရာမလို။အမေကိုလည်းချစ်သည်။စာကျက်နားလျှင် ဆိုင်မှာလည်းဝင်ကူသည်။အလုပ်လုပ်လျှင်လည်း မအေထက်တောင်လျှင်မြန်ဖျက်လက်နေတတ်သေးသည်။ခက်သည်မှာ လုပ်ချင်ရာကို ဇွတ်လုပ်တတ်သောစိတ်နှင့် တစ်ခါတစ်ခါ တစ်ဖက်သားကို အနိုင်ယူချင်သောစိတ်ဖြစ်သည်။ သမီး၏ထိုအကျင့်ကိုတော့ အေးနွယ်လည်းမကြိုက်။တစ်ခါတစ်ခါ သမီးလေးကိုကြည့်ပြီး မာန်မာနကြီးသောစကားပြောလျှင်အထက်စီးဆန်လှသောဒေါ်သုန်ကိုမြင်ယောင်ပြီး အေးနွယ်ရင်ထဲပူလောင်ရသည်။တွေးလိုက်ရုံနှင့်ပင် ရွံရှာမုန်းတီးစိတ်များဖြစ်ပေါ်လာမိသည်။ဖြစ်နိုင်လျှင် ဒီတစ်သက်ထိုသူများနှင့် သမီးကိုမတွေ့စေချင်၊ မဆုံစေချင်ပါ။
" အမေ ဘာရပ်လုပ်နေတာလဲ ..သမီးဗိုက်ဆာနေပြီ .လမင်း သူ့အိမ်ပြန်သွားပြီလား "
" ဟင် ..အင်း ...ပြန်သွားပြီ ... "
သမီး၏မေးသံကိုကြားမှ အေးနွယ် အသိဝင်လာပြီးခေါင်းငြိမ့်ပြလိုက်ပြီး သမီးဘေးမှာ၀င်ထိုင်ရင်းမေးလိုက်မိသည်။
"ဒါနဲ့ သမီးကအိမ်ကိုတန်းမပြန်ဘဲ ဘုရားထဲသွားမလို့ဆို...အမေ့ကို မပြောဘဲ ဘုရားထဲဘာသွားလုပ်မလို့လဲ "
မိခင်၏ အမေးကြောင့် နှင်းအိမ် လက်ထဲက ဘောပင်လ်ကိုချလိုက်ပြီး
" ဪ မိတုတ်ဆုံးတာ (၇) နှစ်တောင်ပြည့်ပြီလား ... တိုက်တိုက်ဆိုင်ဆိုင်ကျွန်မလဲ မိတုတ်အကြောင်းပြောချင်လို့လာခဲ့တာ ဒေါ်ကြီးရဲ့ ... ကျွန်မအရင်တစ်ပတ်ရန်ကုန်သွားတုန်းကလေ ...ဘူတာကြီးမှာမိတုတ်နဲ့တူတဲ့သူကိုတွေ့ခဲ့တယ်...မိတုတ်နဲ့ တကယ်ကိုတူတာ ဒေါ်ကြီးရဲ့ ... ကျွန်မက ခေါ်ဖို့ အနားကိုသွားတော့ ရထားပေါ်တက်သွားလို့ မမီလိုက်ဘူးရယ်တော့ "
" တော် ..တော်ပါတော့ဘုတ်ဆုံရယ် ...ငါ့သမီးလေးကို သတိရလိုက်တာဟယ် ... ငါ့သမီးလေးသေရတာ ငါ့ကြောင့်ဟဲ့ ... ငါ့ကြောင့်ပါဘုတ်ဆုံးမရဲ့ ...မအေဖြစ်ပြီး ငါမကာကွယ်ပေးနိုင်ခဲ့လို့ ဒီလိုဖြစ်ရတာ "
ပြောရင်းဖြင့် ဒေါ်အေးကြည် က ငိုချလိုက်သောကြောင့် ဘုတ်ဆုံးသနားစိတ်ဖြင့် ကြည့်နေမိလေသည်။
~~~~~~~
"လမင်းရေ ... မုန့်စားဆောင်မှာ နှင်းအိမ်ရန်ဖြစ်နေတယ်တဲ့ကွ ....လာ ..လာ သွားဆွဲရအောင် .."
" ငါ မလိုက်ဘူးကွာ ...မင်းဘာသာသွားချင်သွား...သူပြဿနာဖြစ်တိုင်းလိုက်ရှင်းပေးနေရအောင် ကလေးလဲမဟုတ်တော့ဘူး ....စာမေးပွဲကဖင်နားကပ်နေပြီ စာကျက်ရမှန်းမသိဘူး ...အားအားရှိရန်ပဲဖြစ်နေတယ်... ယောကျာ်းလိုလိုမိန်းမလိုလိုနဲ့ ဘာမှန်းကိုမသိဘူး "
" မင်းကလဲကွာ .... မင်းမသွားရင်လဲနေကွာ ငါသွားလိုက်မယ် "
လမင်းကိုပြောမရသောအခါ သူရတစ်ယောက်တည်း မုန့်စားဆောင်ဘက်သို့ ပြေးထွက်ခဲ့သည်။ သူတို့သုံးယောက်မှာ သူကအသက်ပိုကြီးတော့ သူပဲနှစ်ယောက်ကြားကို ပြေလည်အောင်ညှိပေးနေရသည်။နှင်းအိမ်ဆိုသည်မှာလဲ လမင်းပြောတာလည်းမလွန်။ယောက်ျားလိုလို မိန်းမလိုလိုနှင့် ရန်ဖြစ်လိုက်လျှင်လည်း ယောကျာ်းလေးများနှင့်သာဖြစ်တတ်သည်။ကံကောင်းထောက်မ၍ ကျောင်းရုံးခန်းသို့မရောက်ခြင်းဖြစ်သည်။ ဖြစ်သမျှကောင်တိုင်းကတော့ နှင်းအိမ် လက်ချက်မခံရသူ မရှိသလောက် ရှားသည်။
~~~~~~
" နှင်းအိမ် ဘယ်သွားမလို့လဲ "
ကျောင်းဝကအထွက်တွင် နှင်းအိမ်က ကားလမ်းလိုက်မကူးဘဲ ကျောင်းဘေးလမ်းမဘက်သို့သွားရန်ဟန်ပြင်နေသောကြောင့် သူရကလှမ်းမေးလိုက်သည်။လမင်းကတော့ ဘာမှမပြောဘဲ နှင်းအိမ်ကို လှမ်းကြည့်နေလိုက်သည်။
နှင်းအိမ်ကလည်း ခပ်တည်တည်ပင်
" နှင်းအိမ်ဘုရားထဲခဏသွားမလို့ အစ်ကိုသူရ ...အမေ့ကို သွားပြော ပေးနော် ..."
"ဟဲ့ ..ဟဲ့ နှင်းအိမ်မသွားနဲ့လေ ... အန်တီနွယ်စိတ်ပူနေလိမ့်မယ် "
သူရက ပြောလိုက် သော်လည်း နှင်းအိမ်မကြားဟန်ဆောင်ပြီး လျှောက်သွားလေသည်။နှင်းအိမ်ပုံစံကို ကြည့်ပြီး လမင်းစိတ်တိုသွားမိပြီး နောက်ကပြေးလိုက်က ကျောပိုးအိတ်ကနေ ဆောင့်ဆွဲလိုက်သည်။
" နင်တော်တော်ပြောရခက်နေတယ်ဟုတ်လား နှင်းအိမ် ... မေနွယ်စိတ်ပူနေလိမ့်မယ် အခုအိမ်ပြန်ရမယ် .....အိမ်ရောက်ပြီးမှ နင့်ဘာသာသွားချင်ရာသွား..."
လမင်းကပြောရင်း နှင်းအိမ်လက်ကိုဆောင့်ဆွဲပြီး ခေါ်ခဲ့ သည်။
"ဟဲ့ လမင်း ..နင် ငါ့ကိုလွှတ်နော် ..ငါစိတ်တိုလာပြီး "
လမင်းဆွဲထားသော လက်ကို နှင်းအိမ်အတင်းရုန်းဖယ်ပြီး ပြောလိုက်သော်လည်း လမင်းက လက်ကိုမလွှတ်ပေးဘဲမျက်ထောင့်နီနှင့်တစ်ချက်ကြည့်လိုက်သည်။လမင်း၏ သည်လို အကြည့်ကိုမြင်တော့ နှင်းအိမ် ကြောက်ပြီး ငြိမ်သွားမိသည်။ငယ်ငယ်တုန်းကတော့ နှင်းအိမ်က လမင်းကိုအနိုင်ရခဲ့သော်လည်း ဆယ်တန်းသို့ရောက်လာသောအခါ လမင်းနှင့်သူရမှာ အရပ်ကြီးများရှည်လာကြပြီး နှင်းအိမ်မှာ ပိန်ပိန် သေးသေးလေး ဖြစ်နေသောကြောင့် လမင်းတကယ်စိတ်တိုနေပြီဆိုလျှင် နှင်းအိမ်ကြောက်သည်။လမင်း၏ လက်သီးတစ်ချက်နှင့်ပင် နှင်းအိမ်သတိလစ်သွားနိုင်သည်လေ။
@@@@@@@@@@@@@@@@@@@@@@@
အပိုင်း (၁၁ ) ဆက်ရန်
#ဧကြည်ဖြူ
အေးနွယ်က သက်ပြင်းရှည်ကြီးကိုချရင်းမိတုတ်၏ဘေးတွင် ဝင်ထိုင်လိုက်သည်။မိတုတ်သဘောပေါက်နားလည်အောင် အေးနွယ်လည်းမည်သို့ရှင်းပြရမည် မသိတော့ပါချေ။ဒေါ်စန်းတို့ကလည်း လမင်းလေးကိုချစ်လွန်း၍ ဟိုဟာဝယ်ပေးသည်ဟာ ဝယ်ပေးလုပ်ရုံမျှမက သူတို့ဆိုင်သို့ပါခေါ်သွားတတ်သည်။မိတုတ်ကလည်း သားနှင့်ပတ်သက်လာလျှင်ခပ်သည်းသည်းမဟုတ်လား။
"မိတုတ်ရယ် ဒေါ်စန်းတို့ကလဲ သားလေးလမင်းကိုချစ်လို့ပေးတာပါဟယ် ..ပြီးတော့ နင်ပင်ပင်ပန်းပန်းနဲ့ ဈေးရောင်းနေရတော့... ကလေးစရိတ်သက်သာအောင် သူတို့ကပေးတာပါ ... သားလေးကို သူတို့ကလုမယူပါဘူးဟယ်.... မိ တုတ်ဈေးရောင်းနေချိန် သူတို့က သားလေးကို ကြည့်ပေးထားတာလေ.... ဒီမှာကြည့်လမင်းလေးရဲ့ ဖိနပ်တွေ : အင်္ကျီတွေကတော်ရုံလူမဝယ်နိုင်တဲ့ဟာတွေလေ... သူဋ္ဌေးတွေမှ ဝယ်နိုင်တာ ...ဒီလိုဟာတွေကို နင့်သားလေးဝတ်ရတာ ဘယ်လောက်ကောင်းလဲ .... နင့်သားလေးကို ပေးလိုက်ရတာလဲမဟုတ်ဘူးလေ "
"မသိတော့ပါဘူး အေးနွယ်ရယ် ...မိတုတ်သားလေး ဒီလို ဝတ်ရစားရတာကိုသဘောကျပေမဲ့ မ်ားသူများပေးတာတွေကို မယူစေချင်လို့ပါ "
မိတုတ်ခေါင်းကိုတဖြင်းဖြင်း ကုတ်လျက် အေးနွယ်ကို ပြန်ပြောလိုက်ပြီးသားလေး၏ပါးပြင်ကို နမ်းလိုက်သည်။
~~~~
" အေးနွယ် ထိုင်အုံး .. နင်းကို အစ်မတူးပြောစရာရှိလို့ "
ဆိုင်သိမ်းပြီးနောက် အိမ်ထဲသို့ဝင်ရန် ပြင်နေသော အေးနွယ်ကို မတူးလှမ်းခေါ်လိုက်သည်။မတူးခေါ်သံကြောင့် အေးနွယ်က အိမ်ပေါ် မတက်သေးဘဲ ခုံမှာဝင်ထိုင်လိုက်သည်။
" ပြောလေအစ်မ ..ဘာပြောမလို့လဲ ...."
အေးနွယ်၏ မျက်နှာကို မတူးတစ်ချက်စိုက်ကြည့်လိုက်ပြီး
"ငါပြောတာကို နင်စိတ်တော့မတိုနဲ့နော် အေးနွယ် ...ငါက နင့်ကို အေးအေးဆေးဆေးနေစေချင်လို့ပါ "
" ဪ ပြောပါအစ်မရဲ့ ....အေးနွယ်က အစ်မကိုစိတ်ဆိုးစရာလား "
" ဒီ ...ဒီလိုပါအေ ... ဆေးဆိုင်ပိုင်ရှင်လူပျိုကြီးကိုမျိုးက နင့်ကိုမေတ္တာရှိလို့တဲ့... နင်သာလက်ခံရင်လက်ထပ်ချင်တယ်တဲ့လေ ... အိမ်ကလဲသူ့အပိုင်တဲ့ ... လူပျိုကြီးသာခေါ်တာ အသက်ကလဲသိပ်မကြီးသေးပါဘူးဟယ်... သုံးဆယ်ကျော်ကျော်လေးပါ "
မတူး၏ စကားကြောင့်အေးနွယ်အံ့ဩသွားမိသည်။အေးနွယ် ဆေးသွားဝယ်လျှင် ခပ်တည်တည်ကြီးနှင့်ဈေးထရောင်းတတ်သူက အေးနွယ်ကို ကြိုက်နေသည်ဆိုသောကြောင့်.အံ့ဩမိခြင်းပါပင်။သည်နားတစ်ဝိုက်မှာတော့ အေးနွယ်ကို ကြိုက်သည်ဆိုကာ ရိသဲ့သဲ့လုပ်သူများနှင့်သာအေးနွယ်ကြုံနေရသည်လေ။ အေးနွယ်ခေါင်းကို ခပ်သွက်သွက်ခါယမ်းပစ်လိုက်သည်။
"ဒီဘ၀မှာတော့ အေးနွယ်အတွက် အချစ်ဆိုတာ သမီးလေးနဲ့တင်လုံလောက်ပါတယ်အစ်မတူးရယ်....အေးနွယ်ဒီတစ်သက်အိမ် ထောင်မပြုတော့ပါဘူး "
" အေးပါ....နင့်စိတ်ကို ငါလဲသိပါတယ်...သူကလဲ ငါတို့ရင်းနှီးမှန်းသိနေတော့ ငါ့ကိုပြောခိုင်းတာ ... ငါကတော့ နင့်ကိုချမ်းချမ်းသာသာနေစေချင်လို့ပါအေးနွယ်ရယ် ... နင့်အသက်ကအစိတ်တောင်မပြည့်သေးဘူးနော်....ရှေ့လျှောက်ဘ၀ခရီးက အများကြီးကျန်သေးတာပဲ "
"အေးနွယ် မကြောက်ပါဘူးအစ်မရယ် ..အေးနွယ်ဘ၀မှာ အမှောင်ဆုံးအချိန်တွေကို ဖြတ်သန်းခဲ့ပြီးပါပြီ ....ရှေ့လျှောက်သမီးလေးလဲကြီးလာတော့မှာလေ ...သမီးလေးအတွက် အိမ်ပိုင်လေးတစ်လုံး ရအောင်အေးနွယ်ကြိုးစားရအုံးမယ် "
အေးနွယ် အားမာန်အပြည့်နှင့် ပြောလိုက်သည်။ သည်ဘ၀မှာတော့ အေးနွယ်အတွက်အချစ်ကံရော၊အိမ်ထောင်ရေးကံပါ မရှိချင်တော့ပါ။
~~~~~~~
"မြင့်မောင်ရဲ့ နင်ဒီလောက်တောင် အသုံးမကျဘူးလား ... အခုဆိုဘယ်လောက်ကြာနေပြီလဲ ..အေးနွယ်ကငယ်ငယ်လေးပဲ ရှိသေးတာမ သူအိမ်ထောင်တွေဘာတွေပြုအုံးမှာပေါ့ ..မွေးထားတာကသမီးလေးဟဲ့...တကယ်လို့များပထွေးဆိုတဲ့ကောင်က နင့်လိုကောင်မျိုးဆိုဘယ်လိုလုပ်မလဲ .. တွေ့အောင်မရှာနိုင်ဘူးလား ... ငါလဲ သေခါနီးနေပါပြီ ...မသေခင် ငါ့မြေးမလေးကိုတွေ့သွားချင်တယ်...ငါ့မြေးမလေးအတွက်လဲ ငါကိုယ်တိုင် အမွေပေးခဲ့ချင်တာ "
မိခင်ဖြစ်သူ၏ စကားကြောင့် မြင့်မောင်ခေါင်းကို ခပ်လေးလေး ခါယမ်းလိုက်ရင်း
"ကျွန်တော်လဲ ရှာနေတာပဲ အမေ..မိမိသိသွားမှာလဲ ကြောက်ရသေးတယ် ... ဒီကိစ္စသာမိမိသိသွားရင် ကွာရှင်းဖို့ပြောလိမ့်မယ် အမေ .."
"မင်းက ပြောလိုက်ရင်ဒါပဲ ... မင်း မရှာနိုင်ရင် ငါ့ဘာသာရှာမယ်...သူတို့အမျိုးတွေရှိတဲ့ ရွာဘက်တွေနဲ့ ...ပဲခူးတိုင်းတစ်တိုင်းလုံးကို ငါရှာမယ် .. မင်းကမင်းမိန်းမမိမိမရိပ်မိအောင်ရန်ကုန်နဲ့မန္တလေးဘက်မှာရှာ ''
" ဟုတ် .. ဟုတ်ကဲ့ပါအမေ "
~~~~.~~
" ဒေါ်ကြီးအေးကြည် .... ဒေါ်ကြီးအေးကြည်ရှိလား "
" ဟဲ့ ..ဘယ်သူတုန်း အိမ်ထဲဝင်လာခဲ့လေ "
ခြံဝမှ လှမ်းခေါ်နေသူကို ဒေါ်အေးကြည်လှမ်းခေါ်လိုက်သည်။
" ဒေါ်ကြီးနေမကောင်းဘူးလား .... ဒီနေ့ဈေးရောင်းလဲမထွက်ဘူး "
"ကောင်းပါတယ်ဟယ် .. ငါ့သမီးလေး (၇) နှစ်ပြည့်အတွက် ဘုန်းကြီးကျောင်းဆွမ်းပို့သွားမလို့ ဈေးရောင်းမထွက်တာပါ "
အေးနွယ်က လမင်းရဲ့လက်ကိုဆွဲပြီး ဆိုင်ထဲသို့ခေါ်ခဲ့လိုက်သည်။အေးနွယ်နှင့်မိတုတ်က နှစ်ခန်းတွဲအိမ်မှာ တစ်ခန်းစီငှါးနေကြပြီး အခန်းရှေ့မျက်နှာစာတွင် ထမင်းဆိုင်လေးဖွင့်ထားခြင်းဖြစ်သည်။မိတုတ်ကတော့ ထုံးစံအတိုင်း ဈေးပဲရောင်းသည်။သို့သော်လည်း အေးနွယ်ပြောထား၍ ရပ်ကွက်တွေထဲလိုက်မရောင်းတော့ဘဲစျေး၌သာ နေရာ သက်သက်မှတ်မှတ်နှင့် ထိုင်ရောင်းလေသည်။အလုပ်နှင့် ပတ်သက်၍ အေးနွယ်ကမိတုတ်ကို အကြံပေးနိုင်သော်လည်း တကယ်တမ်း အလုပ်လုပ်သည့်နေရာတွင် မိတုတ်ကို အေးနွယ်လိုက်မမီပါ။မိတုတ်က နံနက်သုံးနာရီကျော်ကထပြီးကုန်စိမ်းများယူပြီး နံနက်ဆယ်နာရီကျော်ထိစျေးထဲတွင်ဈေးရောင်းသည်။ပြန်လာလျှင် သူ့အိမ်အလုပ်နှင့်အေးနွယ်ကိုလဲဝိုင်းကူသေးသည်။နေ့လယ်ခင်းခဏတစ်ဖြုတ်နားချိန်တွင် အနီးအနားအိမ်များမှ အဝတ်အထည်များကို လက်ခစားနှင့်ယူလျှော်သေးသည်။သည်ကြားထဲ နေ့လယ်နေ့ခင်းရထားလာလျှင် ဘူတာထဲအပြေးအလွှားသွားလိုက်သေးသည်။ညနေကျတော့ဘူတာသံလမ်းဘေးတွင် ဈေးရောင်းပြန်သည်။ညနေရုံးဆင်းချိန်ဆိုတော့ ဘူတာသံလမ်းဘေးတွင် မိတုတ်လိုစျေးသည်းများနှင့် သံလမ်းဘေးတစ်လျှောက်ညနေဈေးလေးသဖွယ်ဖြစ်နေလေသည်။ အေးနွယ်တို့နေသောအိမ်ကလှမ်းကြည့်လျှင် သံလမ်းဘေးကဈေးလေးကို တစွန်းတစ်စမြင်နေရသည်။အေးနွယ်တို့ နေရာကတော့ ဘူတာအဆင်းရပ်ကွက်ထဲသို့ သွားသောလမ်းကြားလေးထဲတွင်ဖြစ်သည်။ယခင်နေခဲ့သောလေးခန်းတွဲအခန်းက အညှော်နံ့မခံနိုင်ဟုဆိုကာ အိမ်ရှင်ကိုတိုင်သောကြောင့် ဈေးဆိုင်တန်းများရှိသော လမ်းကြားလေးထဲသို့ ပြောင်းခဲ့ရခြင်းဖြစ်သည်။အေးနွယ်တို့နေခဲ့သော အခန်းတစ်ခန်းကိုမူမတူးတို့ကို ငှားနေခိုင်းလိုက်သည်။မတူး၏သမီးလေးမှာ ကိုးနှစ်ကျော်ဆယ်နှစ်ထဲသို့ရောက်လာပြီဖြစ်သောကြောင့် ဘူတာထဲတွင်မနေစေချင်သောကြောင့် ကြိုပေးရသောလစာကို အေးနွယ်ပဲစိုက်ထုတ်ပေးလိုက်သည်။ဖြစ်နိုင်လျှင် သည်ထက်မကပင်အေးနွယ်ကူညီပေးချင်ပါသည်။သို့သော်လည်း သမီးလေး၏နောင်ရေးအတွက် အေးနွယ်စုရဆောင်းရအုံးမည်လေ။သည်ကြားထဲတွင် ဟင်းဖိုးသက်သာအောင်အေးနွယ်နိုင်သမျှပေးကမ်းသည်။အေးနွယ် မပေးကမ်းရသည်မှာ မာနခဲမိတုတ်တို့သားအမိသာရှိသည်။မိတုတ်က သူ့အိမ်တွင်ထမင်းဟင်းမချက်၊ အေးနွယ်ဆိုင်မှာပဲစားသည်။စားပြီးသည်နှင့်လည်း ပိုက်ဆံ ချက်ချင်းပေးတတ်သည်။ဟင်းလေးဘာလေးပိုထည့်ပေးလျှင် လက်ခံသော်လည်း ပိုက်ဆံမယူဘဲကျွေးလျှင် ဘယ်သောအခါမှစားလေ့မရှိ။ သူလည်းမစားသလို ကလေးလိုလည်းမစားခိုင်း။ယုတ်စွအဆုံး မိတုတ်တို့မာနကြီးပုံက ဘေးလူများက လမင်းလေးကိုချစ်၍ ကစားစရာအရုပ်များ ဝယ်ပေးလျှင်လည်းလက်မခံ။ အထူးသဖြင့် ကုန်စုံဆိုင်ပိုင်ရှင် ဦးကျော်တို့ဇနီးမောင်နှံကို မိတုတ်က ကြည့်မရဆုံးဖြစ်လေသည်။အမှန်တကယ်တော့ ဦးကျော်တို့ဇနီးမောင်နှံကလည်း သူတို့မွေးစားချင်လျှင် မွေးစားဖို့ကလေးများစ္စာရှိသော်လည်း လမင်းမှလမင်း။လမင်းကို လာလာချောင်းပြီး ဟိုဟာဝယ်ပေးသည်ဟာဝယ်ပေး နှင်ချစ်နေကြရှာသည်။လမင်းလေးကျောင်းစတက်တုန်းကဆိုလျှင် ကျောင်းစိမ်းအဝတ်အစား ၊ ဖိနပ်နှင့် လွယ်အိတ်ကအစဝယ်ပေးရှာသည်။ ထိုပစ္စည်းများကို မာနခဲမိတုတ်က မယူသောကြောင့် အေးနွယ်မှာ ကြားထဲမှ မနည်းချော့မော့ပြောရသေးသည်။လူဆိုသည်မှာလည်း သူ့ကံ တရားသူ့မေတ္တာရေစက်နှင့်လာသည်လေ။
~~~~~~
" အမေပြောထားတွေကို မှတ်ထားလားသမီး.. ဘယ်သူပဲဖြစ်ဖြစ် သမီးပါးကိုလာနမ်းတာပဲဖြစ်ဖြစ် ..ခေါင်းတွေမျက်နှာတွေ... ရင်ဘတ်တွေလက်တွေနဲ့ ဗိုက်တွေဘယ်နေရာကိုဖြစ်ဖြစ်အကိုင်မခံအထိမခံရဘူးနော် .. တစ်ယောက်ယောက်ကလာထိလာကိုင်ရင် အမေ့ကိုချက်ချင်းပြောရမယ်နော် ကြားလား ... မုန့်ဝယ်ကျွေးမယ် ...ကစားစရာဝယ်ပေးမယ်ဆိုပြီးခေါ်ရင်လဲဘယ်သူခေါ်ခေါ်မလိုက်ရဘူးနော်.. ကျောင်းမှာလဲ အမေပြောသလိုပဲနေရမယ်နော်...တစ်ခုခုဖြစ်ရင် ဆရာမကိုသွားပြောရမယ်ကြားလား "
သားအမိနှစ်ယောက်အိပ်ရာဝင်ချိန်မှာ သမီးလေး၏ ခန္ဓာကိုယ်အနှံ့ကို လက်နှင့် ထောက်ပြက အေးနွယ်သင်ကြားနေမိသည်။သည်စကားများကို သမီးလေးနားလည်ကာစအရွယ်ကတည်းကပင်လျှင် အေးနွယ်ပြောပြခဲ့သည်။ကိုယ်တိုင်က ဘ၀ဆိုးခဲ့သူဖြစ်သောကြောင့် သမီးလေးအတွက် အေးနွယ်စိတ်ပူမိသည်။ကျောင်းမှာစာသင်ချိန်မှလွဲပြီး သမီးလေးကိုမျက်စိအောက်က အပျောက်မခံခဲ့။ဆိုင်သို့ ထမင်းလာစားသောသူများက သမီးလေးကို ချီဟယ်ပွေ့ဟယ်လုပ်လျှင်လည်းအေးနွယ်မကြိုက် ။သမီးလေးကို မထိမကိုင်ဖို့ အားမနားတမ်းပြောပစ်လိုက်သည်။ထိုသို့ကိစ္စများသည် အားနာရမည့်ကိစ္စမဟုတ်သည်မှန်း အေးနွယ်ဘဝနှင့်ရင်း၍ သိခဲ့ပြီးပြီလေ။သမီးလေးကိုဖြင့် အေးနွယ်လိုဘ၀မျိုးဘယ်သောအခါမှ မရောက်စေရ။ယုတ်စွအဆုံး အေးနွယ်ကိုစိတ်ခံစားမူလွန်ကဲနေသည်ဟု ပြောချင်လည်းပြောကြပါစေ။ အေးနွယ်ကတော့ သမီးလေးကို အဝတ်အစားဆင်သည်မှအစ ယောက်ျားလေးတစ်ယောက်လို သာဆင်ပေးခဲ့သည်။သမီးလေး၏ အနာဂတ်ခရီးလမ်းဖြောင့်ဖြူးသာယာဖို့ အေးနွယ်အစွမ်းကုန်ကြိုးစားဖို့လဲဆုံးဖြတ်ထားသည်။
~~~~~
သားလေးလမင်းကို တင်းတင်းပွေ့ဖက်လိုက်ရင်း မိတုတ်ခေါင်းကို ခါယမ်းလိုက်သည်။မိတုတ်သားလေးအတွက် ဘာမဆို မိတုတ်ကိုယ်တိုင်ပဲ ဝယ်ပေးချင်သည်။သူများ ဝယ်ပေးတာကို မိတုတ်မလိုချင်။မိတုတ်မစားရမဝတ်ရလျှင်လည်းရသည်။သားလေးလိုအပ်သမျှ ပူဆာသမျှကို မိတုတ်ပိုက်ဆံဖြင့်သာဝယ်ပေးချင်သည်။
#မုန်းမာန်
(အခန်းဆက် ဝတ္ထုရှည် )
အပိုင်း (၁၀)
**********
" လမင်းရဲ့အရုပ်ကို ဘာလို့ယူရတာလဲ သမီး...သူများပစ္စည်းကို မယူရဘူးလို့ ပြောထားတယ်လေ ... အမေပြောတာကို မမှတ်ထားဘူးလား ..အမေ့ကို မချစ်ဘူးလား ပြောလေ "
အေးနွယ်မေးလိုက်သောအခါ သမီးလေးကမျက်လုံးလေးဝင့်ကြည့်လာပြီး
"မေမေ့ကိုချစ်ပါတယ်....သူ့အရုပ်ကို လိုချင်လို့ဟုတ်ပါဘူး...သူက သမီးကို မခေါ်ဘဲအရုပ်နဲ့ပဲဆော့နေလို့...အရုပ်ကိုလုပစ်လိုက်တာ "
လမင်းကို မျက်စောင်းလေးထိုးကြည့်ပြီးပြောနေသော သမီးလေး၏ခေါင်းလေးကို အေးနွယ် ခပ်ဖွဖွလေးပွတ်လိုက်မိသည်၊၊ဘာမဆိုဆတ်ဆတ်ထိမခံဖြစ်နေသောသမီးလေး၏ အကျင့်စရိုက်သည် မွေးရာပါအကျင့်စရိုက်ပေလား သို့မဟုတ်လျှင် အေးနွယ်ပဲဆုံးမလွန်နေမိသည် လားမသိတော့ပါချေ။
"နောက်ဆို အဲ့ဒီလိုမလုပ်ရဘူးနော် သမီး .... သူများမပေးချင်တာကို မယူရဘူးနော် ... သမီးလေးက သူများမပေးချင်တာကို လုယူရင်း ...အမေတို့ရဲ့ဟင်းအိုးတွေကို သူများတွေလာလုယူလိမ့်မယ် သမီးလေးရဲ့ ..."
အေးနွယ်တတ်သလောက်မှတ်သလောက် ဆုံးမစကားပြောလိုက်သောအခါ သမီးလေးကမျက်လုံးပြူးလေးနှင့်မော့ကြည့် နေသည်။မျက်လုံးပြူးပြူး၊ပါးဖောင်းဖောင်း၊ နှုတ်ခမ်းပါးပါးလေးနှင့် ချစ်စရာသမီးလေး၏ပါးပြင်ကို အေးနွယ်နမ်းရှုပ်လိုက်သည်။ဒုက္ခပင်လယ်ဝေနေသောဘ၀တွင် သမီးလေးသည်သာ အေးနွယ်၏ပျော်ရွှင်အေးချမ်းရာ သုခဘုံလေးဖြစ်ခဲ့သည်။လွန်ခဲ့သောငါးနှစ်လုံးလုံးခုံတန်းရှည်လေးပေါ် ဟင်းလေးငါးမယ်တင်ရောင်းသော အခြေအနေမှ ယခုကဲ့သို့အိမ်ရှေ့တွင်ပင်မိုးကာစကို အမိုးလုပ်ထားပြီး စားပွဲဝိုင်းလေးငါးဝိုင်းနှင့်လူလူသူသူဆိုင်လေးဖြစ်လာသည်အထိ ကြိုးစားရုန်းကန်ခဲ့ရသည်။ဒီအတောအတွင်းအေးနွယ်တို့လိုမိန်းမသားများအတွက် အန္တရာယ်အမျိုးမျိုးနှင့်လည်းရင်ဆိုင်ခဲ့ရသည်။မိတုတ်နှင့်အစ်မတူးတို့သာမရှိလျှင်တော့ အေးနွယ်သည်မျှသတ္တိရှိပါ့မည်လားမသေချာချေ။အမူးသမားရန်လည်းကြောက်ရ။ တဏှာရူးသမားရန်လည်း ကြောက်ရနှင့် ညဘက်အိပ်စက်ချိန်များတွင် တုတ်၊ ဓါးလက်နက်အမျိုးမျိုးကို အိပ်ရာဘေးတွင် ထားအိပ်ခဲ့ရသည်။ယခုကဲ့သို့ လုံလုံခြုံခြုံအိမ်လေးနှင့် နေရသောအခါမှသာအေးနွယ်တို့မှာ ညဘက်စိတ်ချက်ချအိပ်နိုင်ပေတော့သည်။
~~~~~
" သားခိုးထားတာမဟုတ်ပါဘူးအမေရဲ့...ဘကျော်နဲ့ ကြီးကြီးစန်းပေးထားတာပါ "
လမင်းက အရုပ်လေးများကိုပိုက်လျက် မိခင်ကိုပြောလိုက်သည်။
"သူများပစ္စည်းအလကားမယူရ ဘူးလို့ပြောထားတယ်လေ ...သား မမှတ်ထားဘူလား ...အမေလဲမယူဘူး... သားလဲမယူရဘူးကြားလား ....ကြာလာရင်သူများပေးတာကိုပဲလိုချင်စိတ်ဖြစ်တတ်တယ်လို့ အဖေမသေခင်ပြောသွားခဲ့တယ် .. အဲ့ဒါကိုသားသိလား"
မိတုတ်သားဖြစ်သူကိုကြည့်ပြီး ပြောလိုက်သည်။လမင်းလေးက နားလည်သည်နားမလည်သည်တော့မသိ။မိခင်ပြောတာကိုခေါင်းတငြိမ့်ငြိမ့်နှင့် နားထောင်နေသည်။လမင်းရောနှင်းအိမ်ပါ မူလတန်းစတက်နေပြီဖြစ်သောကြောင့် ပြောလျှင်တော့ နားထောင်တတ်နေကြပြီဖြစ်သည်။ကလေးကနားထောင်တတ်နေပြီဖြစ်သလို မိတုတ်ကလည်းသားဖြစ်သူကို သူငယ်ချင်းတစ်ယောက်ပမာ သူသိသမျှအကုန်ပြောသည်သာ။တစ်ခါတလေ သေဆုံးသွားပြီးဖြစ်သော ဖခင်အကြောင်းပြောသည်။တစ်ခါတလေတော့ မိခင်ဒေါ်အေးကြည်အကြောင်းပြောသည်။ထိုမှ မောင်မောင်နှင့် မေမေကြီးတို့မိသားစုအကြောင်းများကို ပြော ပြသည်။ထိုအကြောင်းများ ပြောလို့ဝလျှင် ဈေးထဲမှလူများအကြောင်းပြောသည်။လမင်းလေးကလည်း မိခင်ပြောသမျှကို နားလည်သကဲ့သို့ လူကြီးလေး တစ်ယောက်လို နားထောင်နေတတ်သည်။တစ်ခါတလေဆို လမင်းက သူသိချင်တာကိုထမေးတတ်ပြန်လေသည်။
" မေမေပြောတဲ့မောင်မောင်က သားသားဖေဖေလားဟင် ... ဘာလို့သားတို့ကိုလာမခေါ်တာလဲဟင် ... ကျောင်းမှာဆိုရင် သားသူငယ်ချင်းတွေမှာ ဖေဖေတွေရှိကြတယ် ..သားနဲ့ နှင်းအိမ်မှာတော့ဖေဖေလဲမရှိဘူး ...ဖေဖေ့ကို သွားခေါ်ကြမလားဟင်မေမေ "
သားငယ်၏စကားကြောင့် မိ တုတ် လျှော်လက်စအဝတ်များကို ဘုတ်ခနဲပစ်ချလိုက်ပြီး
" အမယ်လေး ..သွားရှာလို့မဖြစ်ဘူးသားရဲ့ ....မောင်မောင်က မိန်းမယူသွားပြီလို့အမေအေးကြည်ပြောတယ် ..ပြီးတော့ မေမေကြီးတို့က သားလေးကိုသတ်ပစ်ဖို့လုပ်နေလို့ အမေကထွက်ပြေးလာခဲ့ရတာ ...မောင်မောင်လဲ အကျင့်မကောင်းဘူး ....သားကိုသတ်ပစ်မှ အမေ့ကိုခေါ်မယ်တဲ့လေ ...အဲ့ဒါကြောင့် အမေကသားကိုပဲခေါ်ပြီး ထွက်ပြေးလာတာ...မောင်မောင်နဲ့ အမေအေးကြည်တို့ကို အမေလဲမခေါ်ဘူး ... သားလဲမခေါ်ရဘူးနော် ကြားလား "
"မိတုတ်ရယ် ... ကလေးကို ဘာတွေ ပြောနေပြန်ပြီလဲ ...အဲ့ဒါတွေမပြောပါနဲ့ဆိုဟယ် "
တစ်ဖက်ခန်းမှ မိတုတ်နှင့် လမင်းပြောနေသည်ကိုအေးနွယ်ကြားပြီး ဝင်ပြောလိုက်ရသည်။
" အေးပါအေးနွယ်ရယ် နောက်မပြောတော့ပါဘူးဟယ် ..သားလေးက မောင်မောင့်ကိုသူ့အဖေဆိုပြီး ခေါ်ခိုင်းနေလို့လေ ....အဲ့ဒါကြောင့် ရှင်းပြနေရတာ "
" အေးပါ အဲ့ဒီအကြောင်း
.တွေကို နေ့တိုင်းရှင်းပြနေဟုတ်လား ...သမီးလေးနှင်းအိမ်တောင် မောင်မောင့်အကြောင်း အလွတ်ရနေပြီ တကယ်တည်း ....ထမင်းစားကြမယ် အဝတ်တွေမြန်မြန်လျှော်...သားလေးလမင်းလာခဲ့ ...မေနွယ်တို့နဲ့ ထမင်းစားကြမယ် ..ပြီးရင် စာကျက်ရမယ်နော် "
ပဲခူးရထားဆိုက်လာသောကြောင့် မိ တုတ်တစ်ယောက်ဘူတာထဲသို့ ထွက်သွားသည်။သားလေးလမင်းကိုတော့ အေးနွယ်ခေါ်ထားလိုက်ပြီး သမီးလေးနှင်းအိမ်နှင့်အတူ သိပ်ထားလိုက်သည်။အေးနွယ်တို့ဘဝတွေတိုးတက်ဖို့အတွက် တစ်ယောက်နှင့်တစ်ယောက်ဖေးကူသွားရပေမည်။
~~~~~~~
" အေးနွယ်ရေ...မိတုတ်စျေးသွား ရောင်းလိုက်အုံးမယ် ...သားလေးကို ထားခဲ့လို့ ရရဲ့လားဟင် "
ဈေးရောင်းထွက်ဖို့ပြင်နေရင်းမှ မိတုတ်မေးလိုက်သည်။
" ရပါတယ် မိတုတ်ရယ် ..မနိုင်ရင် အစ်မတူးကို အကူအညီလှမ်းတောင်းလိုက်မယ် ....မိတုတ်ဈေးသိမ်းလာရင်သာ ... ငါးတွေဘာတွေပေါပေါလောလောရရင်ဝယ်လာခဲ့ပေးနော် "
" အေးပါ စိတ်ချ ... ဝယ်လာခဲ့ပေးပါ့မယ် "
~~~~~
"ငါ့အရုပ်ပြန်ပေး ..ငါ့အရုပ်ပြန်ပေးလို့ ပြောတာမကြားဘူးလား....နင် ငါ့ကိုလာမခေါ်နဲ့...နင်နဲ့အတူမဆော့ချင်ဘူး "
" ပေးဘူးဟာ ..ပေးဘူး..မပေးတော့ဘာဖြစ်လဲ...ကဲဟယ် .. ငါနဲ့အတူမဆော့ချင်အုံး "
" ဒေါက် "
" အား ... အမေရေ သားခေါင်းကိုနှင်းအိမ်ခေါက်ပြန်ပြီ ....အီးဟီး ..ဟီး "
နှင်းအိမ်၏ လက်သေးသေးလေးက လမင်းခေါင်းပေါ်သို့ ဒေါက်ခနဲ ကျရောက်သွားသည်နှင့်တစ်ပြိုင် လမင်းသည် အော်ဟစ်ငိုလျက် ထမင်းဆိုင်တွင်းသို့ ပြေးဝင်သွားလေသည်။လမင်း၏ ငိုသံကြောင့် ထမင်းဆိုင်တွင်းမှ ပြေးထွက်လာသူမှာ မိတုတ်မဟုတ်ဘဲ အေးနွယ်ဖြစ်လေသည်။ဆိုင်ထဲသို့ပြေးဝင်လာသော လမင်းကို အေးနွယ်ကလှမ်းဖက်လိုက်ပြီး
"သားလေးလမင်းဘာဖြစ်လို့လဲ ....သားကိုနှင်းအိမ်လုပ်လိုက်ပြန်ပြီလား "
" အီး ..ဟီး ဟုတ်တယ်မေနွယ် ...နှင်းအိမ်ကသားခေါင်းကို ခေါက်တယ်.....သားရဲ့ အရုပ်ကိုလဲ သူယူထားတယ် ...သားသူနဲ့မဆော့ချင်ဘူး ..သူကညစ်လဲညစ်ပတ်တယ် "
" အေး ... အေးပါသားလေး လမင်းရယ် ... မေနွယ် နှင်းအိမ်ကိုပြန်ရိုက်ပေးမယ်ဟုတ်လား...မငိုနဲ့တော့နော်သားလေး ...တော်ကြာ သားအမေပြန်လာတော့မှာ မေနွယ်တို့အိမ်ကပဲစောင့်နေနော် "
လမင်းလေးကို အေးနွယ်ချော့မော့လိုက်ပြီး တုတ်သေးသေးလေးတစ်ချောင်းကို ကောက်ယူကာ ဆိုင်ရှေ့သို့ပြန်ထွက်ခဲ့သည်။ဆိုင်ရှေ့တွင်တော့ ဂျစ်ကန်ကန်စူပုတ်ပုတ်မျက်နှာလေးနှင့် ရပ်နေသော သမီးငယ်လေးကိုတွေ့လိုက်ရသည်။အသက်ငါးနှစ်နှင့်မလိုက်အောင် တကယ့်ကိုဆတ်ဆတ်ထိမခံသော သမီးငယ်ကိုကြည့်ပြီး အေးနွယ်သက်ပြင်းချလိုက်မိသည်။အေးနွယ်ပဲ အဆုံးမလွန်လို့လား။ သို့မဟုတ်လျှင် ဘိုးအေကြီးနှင့်တူနေလေသည်လားမသိ။ လူသေးသေးလေးနှင့်ဆိုင်လာသမျှ ဈေးဝယ်သူများနှင့်လည်း မတည့်။အစ်မတူး၏ သမီးနှင့်သားဖြစ်သော ခင်လေး၊သူရတို့နှင့်လည်း မတည့်။လမင်းဆိုလျှင်တော့ သူ့အနိုင်ကျင့်ရာလူလုံးလုံးဖြစ်နေခဲ့သည်။ထို့ကြောင့်လည်း အရွယ်ကြီးလာသည်နှင့်အမျှ လမင်းက နှင်းအိမ်နှင့်မခေါ်ချင်မပြောချင်၊မကစားချင်ဖြစ်နေသည်။နှစ်ယောက်သားမှာ ညအိပ်ချိန်မှလွှဲပြီး အတူတူရှိတက်ကြသော်လည်း တစ်စက်လေးမှကိုမတည့်ကြ။ တစ်ယောက်က အရွယ်နှင့်မလိုက်မာနကြီးအခြေကြီး။ တစ်ယောက်ကလည်း အရွယ်နှင့်မလိုက်လက်မြန်ခြေမြန်ဆတ်ဆတ်ကြဲဒေါသအိုး။ သည်နှစ်ယောက်ကို အတူထိန်းရသည်မှာက တကယ့်ကို မလွယ်လှပါချေ။
" နှင်းအိမ် ...ဒီကိုလာအုံး ...မြန်မြန်လာ ..အမေခေါ်နေတာကြားလား "
လက်ထဲကအရုပ်ကို ဘုတ်ခနဲပစ်ချပြီး နှုတ်ခမ်းကိုစူထော်ကာလျှောက်လာသော သမီးငယ်လေးကိုကြည့်ပြီး အေးနွယ်လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်မိသည်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@
အပိုင်း (၁၀ ) ဆက်ရန်
#ဧကြည်ဖြူ
ဒေါ်သုန်သည် ဒေါသသံနှင့် မေးပြီး ရင်ရင်တို့အိမ်လေးအနှံ့သို့လိုက်ကြည့်သည်။ဒေါ်ရီမှာတော့ ရင်ရင်တို့ အိမ်ရှေ့ခန်းတွင် အရုပ် ကြိုးပြတ်ထိုင်ချမိလိုက်လေသည်။
"ဟေ့ ကလေးမ ... သူ ဘယ်အချိန်ထွက်သွားတာလဲ ... ဘယ်ကိုသွားမယ်ပြောသွားသေးလဲ "
ရင်ရင့်အားအသံမာမာနှင့် ဒေါ်သုန် မေးလိုက်သည်။
ရင်ရင်ခေါင်းကို ခါယမ်းလိုက်ပြီး
"မနေ့က သွားတာပါ ....ဘယ်ကိုသွားမယ်ဆိုတာတော့ မပြောသွားပါဘူးရှင် ... ရင်ရင်တို့က အိမ်ကို ပြန်တယ်ပဲထင်တာပါ "
ဒေါ်သုန်သည် အံကိုတင်းတင်းကြိတ်လျက် တင်းမာခက်ထန်သောမျက်နှာဖြင့် ရင်ရင့်ကိုကြည့်လိုက်ပြီး
"မင်း မလိမ်နဲ့နော် ...သိရင် အမှန်တိုင်းပြောစမ်း .....မင်းလိုချင်သလောက်ငွေပေးမယ်...ကလေးမအမေရောသိလား "
" မ ..မသိပါဘူးရှင်....တကယ်မသိတာပါ ..အမေကစျေးရောင်းသွားပါတယ် .. အမေလဲဘာမှမသိပါဘူး "
ဒေါ်သုန်တစ်ယောက် ကြိတ်မနိုင်ခဲမရနှင့် ငွေစကားပြောနေသော်လည်း ဒေါ်ရီသည်ခေါင်းငိုက်စိုက်ချက်လျက် ငိုနေမိလေသည်။
ရင်ရင်သည်လည်း ဒေါ်သုန်၏ မျက်နှာထားတင်းတင်းင်္ကြီးကိုကြည့်ပြီး ကြောက်ကြောက်လန့်လန့်နှင့်ပြန်ဖြေလိုက်မိသည်။အမှန်တကယ်လည်း အေးနွယ်သည် ဘာမျှပြောမသွားခဲ့ပါချေ။အေးနွယ်တို့သားအမိဘာဖြစ်နေကြသည်ကိုလည်း ရင်ရင်တို့မှမသိတာ။
~~~~~~
" ကဲ ..အခုဘယ်လိုလုပ်ကြမလဲ အရီ ...မသိရင်တော့ ထားလိုက်တော့ ...သိပြီးမှတော့ ငါ့သွေးသားကို ဒီတိုင်းမထားနိုင်ဘူး ...မတွေ့တွေ့အောင်လိုက်ရှာပြီး ကလေးကိုရအောင်တောင်းမှာ ...တစ်နိုင်ငံလုံးအနှံ့ရှာရင်လည်းရှာရပါစေ ... ညည်းဘက်က အမျိုးတွေရှိတဲ့နေရာတွေ အကုန်ပြော ... ငါ မတွေ့တွေ့အောင်လိုက်ရှာမယ် "
ဒေါ်ရီသည် ပါးပြင်ပေါ်မှမျက်ရည်များကိုသုတ်လိုက်ပြီး ဒေါ်သုန်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။
" ဒိမှာ ဒေါ်ဒေါ် ... ဒီကိစ္စမှာကျွန်မမှားသွားခဲ့တာ ... ကျွန်မကကျွန်မကလေးကို မစွန့်လွှတ်နိုင်သလို ...သမီးလေးကလည်းသူ့ကလေးကိုမစွန့်လွှတ်နိုင်ဘူးဆိုတာမတွေးခဲ့မိဘူး ... အဖြစ်မှန်တွေကိုသိပြီးယောကျာ်းနဲ့သားဝင်ပါခဲ့ရင် ဒုက္ခရောက်မှာကိုပဲ တွေးပူနေခဲ့မိတယ် ... သမီးလေးအတွက်တော့ မတွေးခဲ့မိဘူး.... ဒေါ်ဒေါ်ကရော သားလူယုတ်မာအတွက်တာဝန်ယူချင်စိတ်ရှိတာမဟုက်ဘဲ ကလေးကိုပဲလုယူချင်တာမဟုတ်လား ....ကျွန်မသမီးလေးအတွက် ရောဒေါ်ဒေါ်စိတ်ပူလို့လား ပြောပါ အုံး "
"ဘာပြောတယ် အရီ ...ညည်းဘယ်လိုပြောလိုက်တာလဲ .... စိတ်ပူလို့ပဲ ညည်းတို့မိသားစုကို ငါကြည့်ရှုထောက်ပံ့ခဲ့တာမဟုတ်လား "
" အရင်တုန်းကသာ ဒီလိုစကားပြောရင် ....ကန်တော့မိအုံးမှာပဲဒေါ်ဒေါ် ... သေချာစဉ်းစားကြည့်တော့ ဒီတစ်နယ်လုံးကပစ္စည်းတွေကိုပေါချောင်ကောင်းရဖို့ ကျွန်မယောကျာ်းကို လူမိုက်ငှါးထားခဲ့တာမဟုတ်လား ... ကျွန်မပြောလိုက်မယ်နော် ....ကျွန်မသမီးက သူ့ကလေးကိုမပေးချင်လို့ ရှောင်ထွက်သွားတာကို ဒေါ်ဒေါ်တို့လိုက်မရှာပါနဲ့ ....တကယ့်လို့သမီးကိုလိုက်နောက်ယှက်ရင် ဒီကိစ္စတွေအားလုံးကို ကိုငွေမိုးကိုဖွင့်ပြောပစ်မယ် ..ပြီးတော့ မြင့်မောင်ကိုလဲ ဒီတိုင်းထားမှာမဟုတ်ဘူးနော် ... နောက်ကို ကျွန်မတို့မိသားစုနဲ့ လာမပတ်သက်ပါနဲ့တော့ ...ကျွန်မတို့ကောက်လို့ရတဲ့ ကုန်ကို ဘယ်ကုန်သည်ဘယ်ပွဲရုံကို တင်ပို့ပို့ဒေါ်ဒေါ်တို့ ၀င်ရှုပ်စရာမလိုတော့ဘူး...အခုလဲအိမ်ရော က်တာနဲ့ ဒေါ်ဒေါ့်ပစ္စည်းတွေသိမ်းပြီး ချက်ချင်းပြန်ပါ "
" ဘာ ...ဘာပြာတယ်အေ့ မီရီ .... ညည်း ... ညည်းကများငါ့ကို ဒီလိုပြောရဲတယ်ပေါ့လေ ... ငါမွေးတဲ့ မျောက်က ငါ့ကိုပြန်ခြောက်တာပေါ့လေ "
ဒေါ်ရီသည်လည်းသမီးဇောဖြင့် ဘာကိုမှဂရုမစိုက်တော့ပါချေ။ယခင်ကတော့ဒေါ်သုန်သည် ကျေးဇူးရှင်တစ်ယောက်ဖြစ်ခဲ့သလို ငယ်ကြောက်လိုလဲဖြစ်နေခဲ့ရသည်လေ။ယခုတော့ ဒေါ်ရီမကြောက်တော့ပါ။သည်ရေစက်ဆိုးကို ဖြတ်နိုင်သမျှဖြတ်တော်ပစ်ရပေမည်။ ဖြစ်နိုင်လျှင် သားကြီး၏ အိမ်ထောင်ရေးကိုပင်လျှင် ဖျက်ဆီးပစ်လိုက်ချင်သည်။အနေတည်တံ့သော ချွေးမဖြစ်သူနှင့် ရိုးသားအေးဆေးပုံရသော ချွေးမဖြစ်သူ၏မိဘများကြောင့်သာ ဒေါ်ရီစိတ်ကိုလျှော့ချထားရခြင်းဖြစ်သည်။
~~~~~~
ဟင်းချက်စရာအမယ်များကို ခြင်းထဲစီထည့်ထားလိုက်ပြီး ဟင်းစချက်ဖို့ အေးနွယ်ပြင်လိုက်သည်။ဟင်းခွက်လေးငါးဆယ်မျိုးလောက်ကတော့ အေးနွယ်ချက်နေကြပင် မဟုတ်လား။အိမ်မှာနေတုန်းကလည်း တော်ရုံ အလှူအတန်းအတွက်တော့ဖြင့် အေးနွယ်ပဲချက်ခဲ့ရသည်။အေးနွယ်သုံးလေးတန်းအရွယ်ကစပြီး မိခင်ကြီးကို ထမင်းဟင်းများချက်ကူနိုင်ခဲ့သည်။ သည့်အတွက်တော့ မိခင်ကြီးကိုအေးနွယ် ကျေးဇူးတင်မိသည်။ပညာလည်း မစုံ၊ အပြင်အလုပ်လည်းမလုပ်ဖူးသော အေးနွယ်အတွက် အချက်အပြုတ်သာမတတ်ခဲ့လျှင်လည်း အေးနွယ်လည်းမိတုတ်လိုဈေးလှည့်ရောင်းရပေမည်။မအော်ရဲ၊မပြုရဲ ၊ ရှက်တတ်ပုံနှင့်တော့ ဈေးရောင်းလျှင် ထမင်းပင်နပ်မှန်ပါ့မည်လား မသိချေ။ ထမင်းဟင်းချက်ရောင်းသောအလုပ်သည်သာ အေးနွယ်.နှင့်သင့်တော်သော၊ကျွမ်းကျင်သောအလုပ်ဖြစ်သည်။အရှေ့ဆီမှရောင်နီကမလာသေးချေ။ခပ်မှိန်မှိန်လျှပ်စစ်မီးသီးအလင်းရောင်အောက်တွင် ယနေ့ထမင်းဆိုင်စထွက်ရန် အေးနွယ်ပြင်ဆင်နေခြင်းဖြစ်သည်။ခပ်စောစောက အေးနွယ်နှင့်အတူ မိတုတ်လည်းဝိုင်းကူနေရင်းမှ
