803
Підписники
+424 години
+167 днів
+4630 день
Архів дописів
စာရေးသူ A Kyi Pnyu
#စံအိမ်ခေါ်သံ
( စ/ဆုံး )Links
၁
https://www.facebook.com/100067151540690/posts/714518460796532/
J
https://www.facebook.com/100067151540690/posts/714518804129831/
၃
https://www.facebook.com/100067151540690/posts/714519084129803/
၄
https://www.facebook.com/100067151540690/posts/714519330796445/
၅
https://www.facebook.com/100067151540690/posts/714519684129743/
၆
https://www.facebook.com/100067151540690/posts/714519970796381/
၇
https://www.facebook.com/100067151540690/posts/714520240796354/
၈
https://www.facebook.com/100067151540690/posts/714520624129649/
၉
https://www.facebook.com/100067151540690/posts/714520907462954/
၁ဝ
https://www.facebook.com/100067151540690/posts/714692707445774/
၁၁
https://www.facebook.com/100067151540690/posts/715256760722702/
၁၂
https://www.facebook.com/100067151540690/posts/715786084003103/
၁၃
https://www.facebook.com/100067151540690/posts/716328087282236/
" ဪ ...ညကအလုပ်လုပ်နေလို့မပြန်ဘဲအိပ်လိုက်တာလေ..,..ဘာလို့်မေးတာလဲ...ဘာလဲ...သခင်မလေးအိပ်နေတုန်းမှာ ကျုပ်ကလာသယ်ပြီး ဒီပန်းခြံမှာတကူးတကလာထားတယ်လို့်ထင်လို့်လား "
" ဘာ...ရှင်ဘာပြောလိုက်တယ် "
ဘုန်းသိင်္ခရဲ့ခပ်ရွှဲ့ရွှဲ့စကားကြောင့် ပန်းရိပ်ဖြူရဲ့မျက်လုံးအစုံကပြူးကျယ််သွားခဲ့ရပြိး ဘုန်းသိင်္ခကိုအလန့်တကြားနဲ့မော့ကြည့်လိုက်မိတယ်။
" ဟာဗျာ...ခင်ဗျားကြည့်ပြန်ပြီ...အဲ့ဒီလိုမျိုးမျက်လုံးပြူးကြီးတွေနဲ့မကြည့်စမ်းပါနဲ့ဗျာ....ကျုပ်ပြုံးတာကိုခင်ဗျားမကြိုက်ဘူးမဟုတ်လား...အဲ့ဒီလိုပဲလေ...ခင်ဗျားဒီလိုမျိုးကြည့်တာကိုလဲ ကျုပ်မကြိုက်ဘူး...ကျုပ်ညက ဒီမှာအိပ်တယ်ဆိုပေမဲ့ ...ကျောက်တောက်နားကဆောက်လက်စ နားနေဆောင်မှာပဲအိပ်တာဗျ ...ခင်ဗျားတို့တည်းခိုဆောင်ဘက်က်ို ထမင်းစားတုန်းခဏပဲလာတာပါဗျ "
" ရှင်ဘာပြောလိုက်တယ်....ရှင်ညတုန်းကကျောက်တောင်နားမှာ အိပ်တာပေါ့ဟုတ်လား...ဒါ..ဒါဆိုရင်...ကျွန်မ ကျောက်တောင်နားကိုလာတာတွေ့မိသေးလား "
" ဟင်...မတွေ့ပါဘူး ...ကျွန်တော်ကျောက်တောင်နားမှာပဲရှိနေတာပဲ ...အဲ့ဒီဘက်ကသရဲခြောက်တယ်ဆိုပြီးနာမည်ထွက်နေလို့် ...ညဘက်ဆိုဘယ်သူမှမလာကြဘူးလေ ...မင်းရောကိုယ်ပိုင်တဲ့နေရာအကြောင်းကိုသေချာမသိဘူးလား "
" ကျွန်မအပန်းဖြေစခန်းမှာ မအိပ်ဖူးဘူး ..... ညကမှအိပ်ဖူးတာ....သရဲခြောက်တယ်လို့သတင်းထွက်နေတဲ့နေရာမှာ ရှင်ကဘာလို့အိပ်တာလဲ မကြောက်ဘူးလား "
ပန်းရိပ်ဖြူက မယုံသင်္ကာတဲ့အကြည့်တွေနဲ့မော့ကြည့်လိုက်ပြီးတော့ ဘုန်းသိင်္ခကိုမေးလိုက်တယ်။
" မကြောက်ပါဘူးဗျာ..သူတို့လဲသူတို့အလုပ်လုပ်နေသလို....ကိုယ်လဲကိုယ့်အလုပ်ကိုယ်လုပ်နေရတာလေ...သက်မှတ်ထားတဲ့လအတွင်းမှာအလုပ်မပြီးရင် ကျုပ်တို့ကုမ္ပဏီနာမည်ပျက်မှာလေ....ကျုပ်ကပုံစံဒီဇိုင်းချပေးမှ ကျန်တဲ့လက်သမားတွေ...ပန်းရံဆရာတွေကအလုပ်ဆက်လုပ်ရမှာလေ ...ဒါကြောင့်လဲသရဲထက်ပိုပြီး အလုပ်ရှင်သူဌေးကိုကြောက်လို့်လေ....မင်းကရောဘယ်လိုဖြစ်ပြီး ပန်းခြံထဲရောက်နေရတာလဲ...မူးပြီးလျှောက်သွားတာလား...အင်း...မူးနေရင်လဲ ဒီအထိတော့မလျှောက်နိုင်လောက်ဘူးထင်တယ် ...ဘာဖြစ်တာလဲ "
ဘုန်းသိင်္ခရဲ့အမေးကို ပန်းရိပ်ဖြူဖြေမလို့ပြင်လိုက်ချိန်မှာပဲ သူမတို့လျှောက်လာရာတောင်ကုန်းအစပ်ကနေပြေးတက်လာကြတဲ့ စိုင်းမြတ်နဲ့အလွမ်းဆွတ်ကိုတွေ့လိုက်ကြရတယ်။
" ပန်းရိပ်...ဘယ်လိုဖြစ်ရတာလဲကွာ...လာ...လာ ..ကိုယ့်ကိုတွဲလိုက် ...ကိုယ်ဆိုင်ကယ်ယူလာခဲ့တယ် "
စိုင်းမြတ်ကပြောပြောဆိုဆိုနဲ့ဘုန်းသိင်္ခကိုတစ်ချက်ခပ်စူးစူးကြည့်လိုက်ပြီးတော့ ဘုန်းသိင်္ခဆွဲကိုင်ထားတဲ့ပန်းရိပ်ဖြူရဲလက်ကလေးကိုဆွဲယူလိုက်တယ်။ပြီးတော့ ပန်းရိပ်ဖြူရဲ့ကိုယ်လုံးလေးကိုစွေ့ခနဲပွေ့ချီလိုက်တယ်။
" အို...ကိုစိုင်းမြတ်လွှတ်ပါ. ..ပန်းရိပ်လျှောက်နိုင်ပါတယ် "
ပန်းရိပ်ဖြူကအတင်းငြင်းဆန်ပြီး ရုန်းထွက်လိုက်ပေမဲ့ စိုင်းမြတ်က လွှတ်မပေးဘဲ ခပ်တင်းတင်းဖက်ထားလိုက်ပြီး
" ဒီနားက ကုန်းဆင်းဆိုတော့ လဲမကျအောင်အောက်မှာ ကျောက်မာတွေ လုပ်ထားတာ...ပန်းရိပ်မှာ ဖိနပ်မပါဘူးလေ ... ကိုယ့်ကိုအားမနာပါနဲ့ ...ခဏဆို အောက်ရောက်တော့မှာပါ "
~~~~~~
အလွမ်းဆွတ်မှာ ပန်းရိပ်ဖြူနဲ့ စိုင်းမြတ်ကို ခပ်တွေတွေလိုက်ငေးကြည့်နေရင်းက နောက်ကနေဆင်းလိုက်သွားဖို့ပြင်လိုက်တယ်။ ဒီအခါ ဘုန်းသိင်္ခက အလွမ်းဆွတ်ရဲ့လက်ကို ခပ်မြန်မြန်ဖမ်းဆွဲလိုက်ပြီး
"ခဏလေးနေပါအုံး အလွမ်း...သူကဘာဖြစ်တာလဲ ....သူ့ကြည့်ရတာ အရက်မူးနေတဲ့ပုံလဲ မဟုတ်ပါဘူး "
ဘုန်းသိင်္ခရဲ့ အမေးကြောင့် အလွမ်းဆွတ်က ဘုန်းသိင်္ခကို ကြည့်လိုက်ပြီး
" အင်း ....ပန်းရိပ်ကအိပ်နေရင်းနဲ့ လမ်းထလျှောက်တတ်တဲ့အကျင့်ရှိတယ်....ကသစ်မြိုင်မှာတော့ ညဆိုရင်တံခါးတွေ့သော့ခတ်ထားတယ်လေ...ဒီမှာတော့ သော့ခတ်လို့မှမရတာ ...ကိုဘုန်းရော မနက်စာစားပြီးပြီလား ...လာစားလိုက်အုံးလေ "
အလွမ်းဆွတ်က ပြောပြီးတာနဲ့ ကုန်းဆင်းလမ်းလေးအတိုင်းအပြေးဆင်းလာခဲ့လိုက်တယ်။
~~~~~
"ပန်းရိပ်ရယ် ညကဆေးမသောက်လိုက်ဘူးလား....ကြည့်ပါအုံးကွာ ..တစ်ကိုယ်လုံးအေးစက်နေတာပဲ "
စိုင်းမြတ်စိတ်မကောင်းစွာပြောလိုက်ရင်း ပန်းရိပ်ဖြူရဲ့ လက်ဖဝါးလေးတွေကိုဆုပ်ကိုင်ဖျစ်ညှစ်လိုက်မိတယ်။ပန်းရိပ်ဖြူက စိုင်းမြတ်ဆုပ်ကိုင်ထားတဲ့ သူမရဲ့လက်တွေကို အသာ ရုန်းထွက်လိုက်ပြီး
"ပန်းရိပ် ရေချိုးလိုက်အုံးမယ် "
" ဪ ..အင်းပါ ... ပန်းရိပ်မနက်စာစားဖို့ ကိုယ်သွားပြင်ခိုင်းလိုက်အုံးမယ်နော် "
"ဟုတ်ကဲ့ ကျေးဇူးပါနော်ကိုစိုင်းမြတ် ... ဟိုလေ ....ပြီးတော့ ဒီအကြောင်းကို အဘွားကိုပြန်မပြောပါနဲနော် "
" အင်းပါ ပန်းရိပ်ရယ် ... စိတ်မပူပါနဲ့ ဝန်ထမ်းတွေကိုလဲ ကိုယ်ပြောခိုင်းလိုက်ပါ့မယ် ...စိတ်ပူမနေတော့နော် ..ရေလဲမြန်မြန်ချိုးနော် .."
စိုင်းမြတ်စိတ်ပူပန်စွာမှာခဲ့လိုက်ပြီး အခန်းပြင်ကိုပြန်ထွက်ခဲ့လိုက်တယ်။အခန်းပြင်ကို ရောက်တဲ့အခါ အလွမ်းဆွတ်နဲ့ မျက်နှာချင်းဆိုင်တည့်တည့်တိုးတာမို့ စိုင်းမြတ်ရင်တွေ ဒိန်းခနဲဆောင့်ခုန်သွားရတယ်။
" အလွမ်း "
==================================
အပိုင်း(၁၅)ဆက်ရန်
A Kyi Phyu
#ဧကြည်ဖြူ
" အင်း..ဟင်း ..ဟင်း "
အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်မှာ ရုတ်တရက်ညည်းညူသံကြီးကိုကြားလိုက်ရတာမို့ ပန်းရိပ်ဖြူုတစ်ကိုယ်လုံးအေးစက်တောင့်တင်းသွားရပြီး လူကအသိကင်းမဲ့သလိုဖြစ်နေမိတယ်။ရှေ့ကသွားနေတဲ့အမျိုးသမီးက ရုတ်တရက်ဆိုသလိုတောင်နံရံတစ်နေရာကိုလက်ညှိုးထိုးပြနေခဲ့တယ်။အမျိုးသမီးလက်ညှိုးထိုးပြနေတဲ့ဆီကို ပန်းရိပ်ဖြူကြောက်ကြောက်လန့်လန့်နဲ့လှမ်းကြည့်လိုက်မိတယ်။ဒီအခါမှောင်မည်းနေတဲ့တောင်နံရံကြီးကိုသာတွေ့နေရပြီး ငိုကြွေးနေတဲ့အသံကိုသာကြားနေခဲ့ရတယ်။ဒီအချိန်မှာပဲ အမျိုးသမီးက ရုတ်တရက်ဆိုသလိုသူမဘက်ကိုလှည့်ကြည့်လာခဲ့ပြီးစကားတွေပြောလာတယ်။သိုပေမဲ့အမျိုးသမီးပြောနေတဲ့စကားသံတွေကို ပန်းရိပ်ဖြူလုံးဝမကြားရဘဲဖြစ်နေသလို လူရုပ်မပေါ်တော့တဲ့အမျိုးသမီးရဲ့မျက်နှာမည်းမည်းကြီးကိုသာ အသက်မဲ့နေသူလို တောင့်တောင့်ကြီးကြည့်နေခဲ့မိတယ်။အမျိုးသမီးကစိတ်မရှည်တဲ့ပုံစံနဲ့ သူမကိုကြည့်နေခဲ့ပြီး လက်ယပ်ခေါ်ပြန်တယ်။ဒီအခါ ပန်းရိပ်ဖြူရဲ့ခြေအစုံကသံမှိုနဲ့အစွဲခံထားရသလို တုတ်တုတ်မှမလှုပ်နိုင်ခဲ့ဘဲရှိနေခဲ့တယ်။အမျိုးသမီးက လက်ယပ်ခေါ်လို့မရတဲ့အဆုံးမှာငိုညည်းသံတွေထွက်နေတဲ့တောင်နံရံဆီကိုလက်ညှိုးညွှန်ပြပြန်တယ်။သို့ပေမဲ့မှောင်မှောင်မည်းမည်းထဲမှာ ပန်းရိပ်ဖြူဘာကိုမှသေချာမမြင်ရဘဲရှိနေခဲ့တယ်။ဒီအခါမှာတော့အမျိုးသမီးကစိတ်မရှည်တော့ဟန်နဲ့ သူမကိုလှည့်ကြည့်လာခဲ့ပြိး သူမဆီကိုဝုန်းခနဲပြေးချလာကာ သူမကိုအတင်းဆောင့်တွန်းပစ်လိုက်တယ်။အေးစက်စက်လက်ကြီးနဲ့ဆောင့်တွန်းခံလိုက်ရချိန်မှာတော့ ပန်းရိပ်ဖြူကြောက်လန့်တကြားနဲ့ထအော်လိုက်မိတယ်။
" အား "
ပန်းရိပ်ဖြူငယ်သံပါအောင်အော်ဟစ်လိုက်မိပြီးတော့ လဲကျသွားရာကနေအတင်းကုန်းထလိုက်မိတယ်။
" မမလေး....မမလေး "
ပန်းရိပ်ဖြူအတင်းလူးလဲပြီးထလိုက်တဲ့အခါ သူမရှေ့မှာ တူညီဝတ်စုံနဲ့လူနှစ်ယောက်ရှိနေတာကိုတွေ့လိုက်ရတယ်။ပြီးတဲ့အခါမှာ ပတ်ဝန်းကျင်တစ်ခုလုံးကလဲ မနက်ခင်းရဲ့အရုဏ်ဦးအလင်းရောင်နဲ့ထိန်ထိန်လင်းနေတာကိုတွေ့လိုက်ရတယ်။သူမလဲကျလိုက်စဉ်အချိန်ခဏလေးမှာ ချက်ချင်းကြီးပြောင်းလဲသွားခဲ့တဲ့အခြေအနေကို ပန်းရိပ်ဖြူဘယ်လိုမှနားမလည်နိုင်အောင်ဖြစ်သွားမိပြီး ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက်ကြည့်လိုက်မိတယ်။
" ဟင် "
တွေ့မြင်လိုက်ရတဲ့ပတ်ဝန်းကျင်အနေအထားကြောင့် ပန်းရိပ်ဖြူဆွံအသွားခဲ့မိတော့တယ်။သူမခပ်စောစောကလဲကျခဲ့တာက အပန်းဖြေစခန်းရဲ့အနောက်ဘက်ကကျောက်တောင်နံရံနားမှာဖြစ်ပေမဲ့ ခုလက်ရှိသူမရောက်နေတဲ့နေရာကတော့ အပန်းဖြေစခန်းရဲ့အရှေ့ဘက်က တောင်ကုန်းပန်းခြံလျှောက်လမ်းလေးမှာဖြစ်နေခဲ့တယ်။ဖြစ်ပျက်နေသမျှတွေကို ပန်းရိပ်ဖြူနားမလည်နိုင်တော့ဘဲနေရာမှာကြောင်တောင်တောင်နဲ့ထိုင်နေမိတယ်။ဒီအချိန်မှာပဲ သူမရှိရာဆိကိုလျှောက်လာတဲ့ဘုန်းသိင်္ခကိုတွေ့လိုက်ရတယ်။
" ဘာဖြစ်တာလဲ "
မြေပြင်ပေါ်မှာခြေဆင်းကာလှဲထိုင်နေတဲ့ပန်းရိပ်ဖြူကိုကြည့်ပြီး ဘုန်သိင်္ခကအံ့ဩသွားကာဝန်ထမ်းလေးတွေကိုမေးလိုက်တယ်။
" ဟို ..ကျွန်တော်တို့ သန့်ရှင်းရေးလုပ်ဖို့လာတော့ ...မမလေးကဒီနေရာမှာအိပ်နေတာကိုတွေ့တာဆရာ....အဲ့ဒါနဲ့မမလေးကိုနှိုးလိုက်တာပါ...တစ်ယောက်ကိုတော့ မမလေးအလွမ်းဆီကိုသွားအကြောင်းကြားခိုင်းလိုက်ပါတယ် "
ကြားလိုက်ရတဲ့စကားတွေကြောင့် ဘုန်းသိင်္ခကပန်းရိပ်ဖြူရှိတဲ့ဆီကိုအမြန်သွားလိုက်ပြီး
" ကဲ ..အမိ...ဒီမှာ ဒီလိုပဲဆက်ထိုင်နေလို့မကောင်းဘူးနော်...ဝန်ထမ်းတွေမင်းကိုကြည့်နေကြတယ်...သွားကြရအောင် ကျုပ်လိုက်ပို့ပေးမယ်...အလွမ်းဆွတ်ကိုစောင့်နေတာပဲဖြစ်ဖြစ်...ခင်ဗျာလူကိုစောင့်နေတာပဲဖြစ်ဖြစ် ကြာအုံးမယ်ထင်တယ် ...ဒီနေရာနဲ့တည်းခိုဆောင်ကအဝေးကြီးဗျ....ပြီးတော့ ဒီနေရာကကားတွေဆိုင်ကယ်တွေမောင်းလို့ရတဲ့နေရာမဟုတ်ဘူး "
ဘုန်းသိင်္ခကပြောပြီးတော့ ပန်းရိပ်ဖြူကိုဆွဲထူမလိုက်တယ်။ဘုန်းသိင်္ခပြောတဲ့စကားက မှန်နေတာမို့ ပန်းရိပ်ဖြူမငြင်းနိုင်တော့ဘဲ ဘုန်းသိင်္ခဆွဲခေါ်ရာနောက်ကိုလိုက်ပါလာခဲ့မိတယ်။အပန်းဖြေစခန်းရဲ့ကျောက်တောင်နဲ့ ပန်းခြံနေရာဆိုတာက အဝေးကြီးမှအဝေးကြီးလေ။ပန်းခြက အပန်းဖြေစခန်းအဝင်လမ်းနဲ့အနီးဆုံးနေရာမှာရှိနေတဲ့ ဆင်ခြေလျောတောင်ကုန်းလေးပေါ်မှာပြုလုပ်ထားတာ။အနောက်ဘက်ကျောက်တောင်နဲ့မပြောနဲ့အပန်းဖြေစခန်းရဲ့အလယ်မှာရှိတဲ့ တည်းခိုဆောင်တွေနဲ့တောင်အတော်လေးကိုလှမ်းတယ်လေ။
" ဘာလဲ....ခြေထောက်နာတာ .
သက်သာအောင် ညကဝိုင်တွေအများကြိးသောက်ပြီးအိပ်လိုက်တာလား...ကိုယ့်ကိုယ်ကိုမူးတတ်မှန်းသိရင် အဲ့ဒီလောက်မသောက်နဲလေ...အခုရောလမ်းလျှောက်နိုင်ရဲ့လား ....တောင်ကုန်းပေါ်ကဆင်းပြီးရင်တော့ ဆိုင်ကယ်စီးလို့ရပါပြီး ...မလျှောက်နိုင်ရင်ပြောလေ...ရုပ်ရှင်တွေထဲကလိုကျုပ်ကုန်းပိုးသွားပါ့မယ်...သခင်မလေးကပိန်တော့နိုင်ပါတယ် "
ဘုန်းသိင်္ခက စကားတွေပြောနေခဲ့ပေမဲ့ ပန်းရိပ်ဖြူဘာမှမပြောဘဲ သူမကိုလက်မောင်းရင်းကနေတွဲကာ ထိန်းဖက်ပြီးလမ်းလျှောက်နေတဲ့ ဘုန်းသိင်္ခကိုမော့ကြည့်လိုက်မိတယ်။
" ရှင်မနေ့တုန်းက... ဘာလို့်ကသစ်မြိုင်ကိုမပြန်တာလဲ "
#စံအိမ်ခေါ်သံ
(အခန်းဆက်ဝတ္ထု )
အပိုင်း(၁၄)
akyiphyu
*********
" ဂီး "
တည်းခိုဆောင်အပေါ်တည့်တည့်ပေါ်ကနေ ထွက်ပေါ်လာခဲ့တဲ့ ငှက်ဆိုးထိုးသံကြောင့် စိုင်းမြတ်နဲ့အလွမ်းဆွတ်တို့နှစ်ယောက်သား သတိဝင်လာခဲ့မိကြပြီး လူချင်းခွါလိုက်ကြတယ်။
" အ ..အလွမ်း...သွား..သွားတော့မယ်နော် "
" အလွမ်း...နေ...နေပါအုံးကွာ "
စိုင်းမြတ်ရဲ့နုညံ့ညင်သာတဲ့ ခေါ်သံကိုကြားလိုက်ရပေမဲ့ အလွမ်းဆွတ်တိုးတိတ်စွာနှုတ်ဆက်လိုက်ပြီးတော့ သူမအခန််းရှိရာဆီကိုပြေးထွက်လာခဲ့လိုက်တယ်။စိုင်းမြတ်က နေရာမှာငူငူကြီးထိုင်ကျန်နေခဲ့တယ်။
အလွမ်းဆွတ်အခန်းထဲရောက်လာတော့ မှန်တင်ခုံရှေ့မှာထိုင်ချလိုက်မိပြီး ကြည်နူးရင်ခုန်စွာပြုံးလိုက်မိတယ်။ပြီးတော့ သူမရဲ့နှုတ်ခမ်းဖူးဖူးလေးကို လက်နဲ့အသာတို့ထိလိုက်မိတယ်။၊ပါးလွလွဂါဝန်အဖြူအောက်က သူမခန္ဓာကိုယ်လေးက ရှိုက်ဖို့ကြီးငယ်အသွယ်သွယ်နဲ့အလှကြီးလှနေတာကိုတွေ့လိုက်ရတော့ အလွမ်းဆွတ် ကျေကျေနပ်နပ်နပ်ပြုံးလိုက်မိတယ်။စခန်းသာမြို့က ယောကျ်ားသားတိုင်းလိုလိုပါးစပ်ဖျားမှာ ရေပန်းစားနေခဲ့တဲ့ အလွမ်းဆွတ်ဆိုတဲ့သူမက စိုင်းမြတ်ဆိုတဲ့ သူ့ကိုမှရင်ခုန်ခဲ့မိတာလေ။စိုင်းမြတ်တစ်ယောက် ပန်းရိပ်ဖြူအပေါ်မှာ သည်းသည်းလှုပ်ဂရုစိုက်ပြတာမြင်တိုင်း ရင်နာခဲ့ရသမျှ ဒီနေ့ညမှာတော့ ချစ်ရသူဆီက ရင်ခုန်ကြည်နူးစရာအယုအယတွေကို အလွမ်းဆွတ်ရရှိခဲ့လေပြီ။ပန်းရိပ်ဖြူကို အရှုံးကြီးရှုံးနေခဲ့တယ်ဆိုတဲ့ ရင်တွင်းကခံစားချက်ကြီးကလဲ ဒီနေ့ညမှာတော့ လုံးလုံးပျောက်ကွယ်သွားခဲ့ပါလေပြီ ။အလွမ်းဆွတ်မျက်နှာလေးကိုချယ်သလိုက်ပြီး လက်ကနာရီလေးကိုငုံ့ကြည့်ကာစက္ကန့်တံလေးကိုလိုက်ရေတွက်နေမိတယ်။စက္ကန့်တံလေးက တစ်ချက်ချင်းရွေ့လျားနေခဲ့တယ်။အလွမ်းဆွတ်နာရီလေးကိုစိုက်ကြည့်ရင်း သူမရဲ့ဆံပင်ရှည်တွေကို ညင်သာစွာဖြီးသင်လိုက်တယ်။
" ဒေါက်...ဒေါက် "
တံခါးခေါက်သံတိုးတိုးလေးက ထွက်ပေါ်လာခဲ့တယ်။တံခါးခေါက်သံကြောင့် အလွမ်းဆွတ်ပြုံးလိုက်မိပြီး ထိုင််နေရာကထရပ်လိုက်တယ်။ပြီးးတော့ကိုယ်ပေါ်ကဂါဝန်ကို ရင်ဘတ်လောက်နားထိခပ်ဇြည်းဖြည်းဆွဲချလိုက်တယ်။အားလုံးပြီးသွားတော့ အလွမ်းဆွတ်မှန်ထဲကိုပြန်ကြည့်လိုက်ပြီး ပြုံးလိုက်ကာ တံခါးဆီကိုလျှောက်သွားလိုက်တယ်။
လက်ချောင်းရှည်ရှည်သွယ်သွယ်လေးးတွေနဲ့ တံခါးကိုအလွမ်းးဆွတ်ဖွင့်လိုက်တဲ့အခါမှာတော့ တံခါးဝမှာ
စိုင်းမြတ်ရပ်နေတာကိုတွေ့လိုက်ရတယ်။
" ကို..ကိုစိုင်းမြတ် "
အလွမ်းဆွတ်အံ့ဩဟန်လေးနဲ့စိုင်းမြတ်ကိုခေါ်လိုက်ချိန်မှာပဲ စိုင်းမြတ်တစ်ယောက်အခန်းထဲကိုဝင်လာခဲ့ပြီးတော့ တံခါးကိုပြန်ပိတ်လိုက်တယ်။
" ဟို..ဟို ...ကိုစိုင်းမြတ်ဘာလို့်လဲဟင် "
" အလွမ်းရယ် ..ကိုယ့်ကိုခွင့်လွှတ်ပါနော် "
အလွမ်းဆွတ်ရဲ့မေးသံလေးမဆုံးခင်မှာပဲ စိုင်းမြတ်ဆီက တိုးတိတ်တိတ်တောင်းပန်သံနဲ့အတူ စိုင်းမြတ်ရဲ့လက်တွေက အလွမ်းဆွတ်ကိုယ်လေးကိုတင်းတင်းပွေ့ဖက်လိုက်ပြီး ရင်ခွင်ထဲဆွဲသွင်းလိုက်တယ်။
" အို..ကိုစိုင်းမြတ် "
အလွမ်းဆွတ်ငြင်းသံလေးနဲ့ပြောလိုက်ပေမဲ့ စိုင်းမြတ်ရင်ခွင်တွင်းကနေရုန်းမထွက်မိဘဲ အလိုက်သင့်ပြန်ဖက်တွယ်လိုက်မိတယ်။နှစ်ဦးသားခန္ဓာကိုယ်ချင်းပူးကပ်သွားချိန်မှာ ခန္ဓာကိုယ်ထဲကသွေးတွေကဆူပွက်လာသလိုခံစားလိုက်ရပြီး နှလုံးသားတွေကပေါက်ကွဲလုမတတ်ခုန်လှုပ်နေခဲ့တယ်။တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်က ရင်ခုန်သံတွေကိုပိုပြီးတွန်းအားပေးနေခဲ့ပြိး စိုင်းမြတ်ရဲ့အနမ်းကြမ်းကြမ်းတွေက အလွမ်းဆွတ်မျက်နှာလေးအနှံ့ကိုကျရောက်လာခဲ့တယ်။
~~~~~~~~~~~~~~~
" ဘုတ် ..ဘုတ် "
ခုတင်ကို နှစ်ချက်ဆင့်ကာ ရိုက်ပုတ်လိုက်တဲ့အသံကြောင့် ပန်းရိပ်ဖြူအိပ်ချင်မူးတူးနဲ့ခုတင်ပေါ်ကထထိုင်လိုက်မိတယ်။ဒီအခါမှာတော့ ညမီးရောင်ပြာလဲ့လဲ့အောက်မှာအခန်းကတိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။ပန်းရိပ်ဖြူတစ်ခန်းလုံးအနှံဟိုဒီလိုက်လံဝေ့ဝဲကြည့်လိုက်တယ်။
" အမယ်လေး "
အခန်းဝမှာကျောခိုင်းရပ်နေတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရတာမို့ ပန်းရိပ်ဖြူအလန့်တကြားအော်လိုက်မိတယ်။သို့ပေမဲ့အသံကပြင်ပကိုထွက်မလာခဲ့ဘဲ လည်ချောင်းထဲမှာတိမ်ဝင်ပျောက်ကွယ်သွားခဲ့တယ်။အမျိုးသမီးကမလှုပ်မယှက်ကျောခိုင်းရပ်နေရာက သူမဘက်ကိုလှည့်ကြည့်လာခဲ့ပြီး လက်ယပ်ခေါ်လာတယ်။
" ဟင့်အင်း...ဟင့်အင်း "
ပန်းရိပ်ဖြူစိတ်ထဲကငြင်းဆန်လိုက်ပေမဲ့ ခြေထောက်တွေက ခုတင်အောက်ကိုဖွဖွနင်းလိုက်ပြီးအမျိုးသမီးခေါ်ရာဆီကိုလျှောက်သွားလိုက်မိတယ်။အမျိုးသမီးက ရှေ့ကနေလျှောက်သွားခဲ့ပြီး တည်းခိုဆောင်ရဲ့အပြင်ဘက်ဆီကိုထွက်သွားခဲ့တယ်။ပန်းရိပ်ဖြူစိတ်ထဲကငြင်းဆန်နေခဲ့မိပေမဲ့ နှုတ်ကအားစေးထည့်ခံထားရသလို ဘာမှပြန်မပြောနိုင်ခဲ့ဘဲ အမျိုးသမိးရဲ့နောက်ကနေတိတ်ဆိတ်ငြိမ်သက်စွားနဲ့လိုက်ပါသွားနေခဲ့မိတယ်။အမျိုးသမီးကလဲ သူမကိုတစ်စက်မှလှည့်မကြည့်ဘဲနဲ့ရှေ့ကနေသွားနေခဲ့ပြီး အပန်းဖြေစခန်းဝန်းရဲ့နယ်နိမိတ်အဆုံးဖြစ်တဲ့ကျောက်တောင်ကြီးရှိရာကိုတရွေ့ရွေ့သွားနေခဲ့တယ်။တဖြည်းဖြည်းကျောက်တောင်ကြီးနားကိုရောက်လာခဲ့တာနဲအမျှ မီးအလင်းရောင်တွေကလဲလျော့ပါးးလာခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကလဲ ချောက်ချားစရာကောင်းလောက်အောင်တိတ်ဆိတ်နေခဲ့တယ်။
စာရေးသူ A Kyi Pnyu
#စံအိမ်ခေါ်သံ
( စ/ဆုံး )Links
၁
https://www.facebook.com/100067151540690/posts/714518460796532/
J
https://www.facebook.com/100067151540690/posts/714518804129831/
၃
https://www.facebook.com/100067151540690/posts/714519084129803/
၄
https://www.facebook.com/100067151540690/posts/714519330796445/
၅
https://www.facebook.com/100067151540690/posts/714519684129743/
၆
https://www.facebook.com/100067151540690/posts/714519970796381/
၇
https://www.facebook.com/100067151540690/posts/714520240796354/
၈
https://www.facebook.com/100067151540690/posts/714520624129649/
၉
https://www.facebook.com/100067151540690/posts/714520907462954/
၁ဝ
https://www.facebook.com/100067151540690/posts/714692707445774/
၁၁
https://www.facebook.com/100067151540690/posts/715256760722702/
၁ ၂
https://www.facebook.com/100067151540690/posts/715786084003103/
ဘုန်းသိင်္ခရှိနေတာကိုတွေ့လိုက်ရတယ်။
" ဒီမှာ...ဒီမှာ "
ပန်းရိပ်ဖြူခေါ်သံကြောင့် ဘုန်းသိင်္ခလှည့်ကြည့်လိုက်တယ်။ဒီအခါ သူ့ကိုလက်ယပ်ခေါ်နေတာကိုတွေ့လိုက်ရတာမို့ ပန်းရိပ်ဖြူရှိရာဆီကိုလျှောက်သွားလိုက်တယ်။
" ကျွန်တော် ဘာလုပ်ပေးရမလဲ သခင်မလေး....ကျွန်တော့်ကိုဘာခိုင်းချင်လို့လဲ "
ဘုန်းသိင်္ခက ခပ်ရွှဲ့ရွှဲ့မေးလိုက်တယ်။
" ရှင်ဘာဖြစ်နေတာလဲ...လာမရွှဲ့စမ်းနဲ့ .,.,သခင်မလေးလို့လဲခေါ်စရာမလိုဘူး ....ရှင့်ကြောင့်ခုလိုဖြစ်တာ ..ကျွန်မကို ရှင်ပဲလိုက်ပို့ပေး...ရှင့်ဆိုင်ကယ်ဘယ်မှာလဲ "
ပန်းရိပ်ဖြူရဲ့စကားကြောင့် ဘုန်းသိင်္ခမသိမသာပြုံးလိုက်မိပြီး
" ကျွန်တော်ကြောင့်ပဲဖြစ်ဖြစ်...တခြားလူကြောင့်ပဲဖြစ်ဖြစ် ...ဒီလောက်ကတော့ ကျွန်တော်ကူညီပေးနိုင်ပါတယ်...ဒါနဲ့ ကျွန်တော့်ကိုယုံကြည်လို့်လား "
ဘုန်းသိင်္ခရဲ့ခပ်ရွှဲ့ရွှဲ့အမေးကြောင့် ပန်းရိပ်ဖြူနှုတ်ခမ်းလေးကိုမဲ့ပစ်လိုက်ပြီး
" ယုံတာမယုံတာထက်...သိတဲ့သူထက်စာရင်..မသိတဲ့သူကပဲ..ကျွန်မအတွက် ပိုပြီးအဆင်ပြေနိုင်လို့လေ ...ကဲပါ ရှင့်ဆိုင်ကယ်သွားယူပြီး ကျွန်မကိုလိုက်ပို့ပေးစမ်းပါ...ဪ...ပြီးတော့ တစ်ခါတည်းကြိုပြောထားမယ်နော်...ကျွန်မကိုကူညီပေးလို့ဆိုပြီး ...ကျေးဇူတင်တဲ့အနေနဲ့ ပိုက်ဆံတွေဘာတွေရမယ်လို့တော့မထင်နဲ့နော်....ကျွန်မမှာဘာပိုက်ဆံမှမရှိဘူးနော် ....တော်ကြာသူဌေးသမီးကိုကူညီပေးရတယ်ဆိုပြီးမျှော်လင့်နေမှာစိုးလို့်ကြိုပြောထားတာ "
စကားကိုအမြဲရိုက်ပေါက်ဖြစ်အောင်ပြောတတ်တဲ့ပန်းရိပ်ဖြူကို ဘုန်းသိင်္ခမျက်မှောင်ကုတ်ပြီး ကြည့်လိုက်မိတယ်။အသက်နဲ့မလိုက်အောင် မဆင်မခြင်ပြောတတ်တဲ့အကျင့်နဲ့ဘယ်လိုများရှင်သန်နေထိုင်နေလဲတော့သမိဘူး။သူမနဲ့ဘုန်းသိင်္ခဆုံခဲ့တဲ့အချိန်တိုင်းမှာ ပြောသမျှစကားလုံးတွေကတစ်ဖက်လူ အမြင်ကပ်သွားစေမဲ့စကားမျိုးတွေကိုပဲ ပြောခဲ့တာလေ။ဘုန်းသိင်္ခစိတ်ပျက်ပျက်နဲ့ခေါင်းကိုယမ်းခါလိုက်ပြိး ဆိုင်ကယ်ရပ်ထားတဲ့ဆီကိုပဲလျှောက်သွားလိုက်တယ်။
" ကဲ ..အမိတက်...တက်လို့်ရတယ်မဟုတ်လား ..."
ဆိုင်ကယ်ကို ပန်းရိပ်ဖြူရဲ့ဘေးမှာရပ်လိုက်ပြီး ဘုန်းသိင်္ခမေးလိုက်တယ်။ပန်းရိပ်ဖြူကဘာမှပြန်မပြောဘဲ မျက်နှာလေးရှံ့မဲ့ပြီး ဆိုင်ကယ်ပေါ်ကိုတက်ဖို့ကြိုးစားလိုက်တယ်။ခြေထောက်ကို တော်တော်နဲ့မလှမ်းနိုင်ဖြစ်နေတဲ့ ပန်းရိပ်ဖြူကိုကြည့်ပြီး ဘုန်းသိင်္ခစိတ်မရှည်တော့တာမို့ ပန်းရိပ်ဖြူကိုယ်လုံးလေးကို ဆွေ့ခနဲ့ပွေ့ချီလိုက်ပြီး ဆိုင်ကယ်ပေါ်တင်လိုက်တယ်။
" ဟင်...ရှင်...ရှင် ဒါဘာလုပ်တာလဲ...ကျွန်မအသားကိုဘာလို့်ထိတာလဲ "
" သခင်မလေးရေ...ကျွန်တော်က သခင်မလေးလိုအလုပ်မအားဘူးဗျ ...ကျောက်နံရံတွေမှာ အလှပြပစ္စည်းတွေထားဖို့ .. ...ဇိုင်းတွေကို သုံးရက်အကွင်း အပြီးဆွဲပေးရမှာ ...ဒီနေ့သခင်မလေးကြောင့် ကျွန်တော့်အလုပ်ချိန်တွေတော်တော်ပုပ်သွားပြီ...ကြည့်ရတာ ဒီညတော့အချိန်ပိုဆင်းမှရတော့မယ်ထင်တယ် "
ဘုန်းသိင်္ခက လေသံမာမာနဲ့ပြန်ပြောလိုက်တော့မှ ပန်းရိပ်ဖြူဘာမှမပြောတော့ဘဲ နှုတ်ပိတ်နေလိုက်တယ်။
" ဒီမှာ..ဒီမှာ ...ရှင့်ကိုမေးအုံးမယ်...."
" ဟမ်း...ဘာမေးမှာလဲ ...မေးလေ "
ဘုန်းသိင်္ခက ဆိုင်ကယ်မောင်းနေရင်းကပြန်အော်မေးလိုက်တယ်။
" ဟိုလေ...ဟို...ရှင်ခုနတုန််းက တကယ်ပဲ...အမျိုူသမီးတစ်ယောက်ကိုမတွေ့တာလား.."
" အင်း..မတွေ့ပါဘူး...အော်သံကြားတာနဲ့ပြေးလာလိုက်တော့ မြွေကြီးကိုတွေ့တာပဲ "
ဘုန်းသိင်္ခရဲ့အဖြေကြောင့် ပန်းရိပ်ဖြူတွေခနဲဖြစ်သွားမိတယ်။
" ဒါဆိုလဲ ပြီးတာပဲလေ..ကျွန်မအမြင်မှားတာဖြစ်မှာပေါ့....ခုကိစ္စကိုဘယ်သူ့ကိုမှသွားမပြောပါနဲ့...."
" ဟုတ်ကဲ့ပါဗျာ "
ဘုန်းသိင်္ခပြန်ပြောလိုက်ပေမဲ့ ပန်းရိပ်ဖြူဘာမှပြန်မပြောတော့ဘဲ ငြိမ်သက်နေခဲ့မိတယ်။
~~~~~~~~~~~~~~
ဘုန်းသိင်္ခဆိုင်ကယ်ကိုရပ်လိုက်ချိန်မှာပဲ တည်းခိုးဆောင်ထဲကအပြေးထွက်လာတဲ့ စိုင်းမြတ်နဲ့ဆုံလိုက်ရတယ်။
"ဘယ်လိုဖြစ်ရတာလဲ ပန်းရိပ်ရယ်... ကိုယ်အခုပဲ ရောက်တာ..ဒီမှာ အလွမ်းဆွတ် ပြောပြလို့ ပန်းရိပ်ဆီကိုလာမလို့ ထွက်လာတာ....ကိုယ့်ကို မစောင့်ဘဲ ဘာလို့ထွက်လာတာလဲ ... တော်သေးတာပေါ့ ...ဘာမှမဖြစ်လို့.....ခြေထောက်က အဆင်ပြေလား ...ဒီပုံအတိုင်းဆိုရင်တော့ ကိုယ်တို့ပြန်မှဖြစ်တော့မယ် ..."
စိုင်းမြတ်ရဲ့ စကားကြောင့် ပန်းရိပ်ဖြူမျက်နှာပျက်သွားမိပြီး
"ဟင့်အင်း ...မပြန်ပါဘူး ...ဒီည ဒီမှာပဲအိပ်မှာ...ဒီကိုလာဖို့ဘယ်လောက်ခက်ခဲလဲဆိုတာ...ကိုစိုင်းမြတ်လဲ သိသားနဲ့ "
" ဟင်း ..ခက်ပါလားပန်းရိပ်ရယ် ...ကဲပါကွာ..ဒါဆိုလဲပန်းရိပ်သဘောပါ ..ကဲပါ...ကိုယ့်လက်ကို အားပြုလိုက်နော် "
စိုင်းမြတ်က ပန်းရိပ်ဖြူရဲ့ ပခုံးနှစ်ဖက်ကနေဖေးမထိန်းပေးလိုက်ပြီး ဆိုင်ကယ်ပေါ်ကနေဆင်းစေလိုက်တယ်။ပြီးတော့ ပန်းရိပ်ဖြူပခုံးလေးကို ဖေးမဖက်တွဲလိုက်ပြီး တည်းခိုဆောင်ဆီကို ခေါ်သွားလိုက်တယ်။
သူ့ကိုနှုတ်ဆက်ဖော်တောင်မရဘဲ စိုင်းမြတ်နောက်ကိုပါသွားတဲ့ ပန်းရိပ်ဖြူကိုကြည့်ပြီး ဘုန်းသိင်္ခဟက်ခနဲတစ်ချက်ရယ်လိုက်မိတယ်။မယ်မင်းကြီးမက သူယုံချင်တဲ့သူကိုကျတော့လဲ ယုံကြည်နေတယ်မဟုတ်ပါလား။
#စံအိမ်ခေါ်သံ
(အခန်းဆက်ဝတ္ထု )
အပိုင်း(၁၃)
akyiphyu
*********
" အား "
ပန်းရိပ်ဖြူပြေးဖို့ ကြိုးစားလိုက်ပေမဲ့ ဘယ်လိုမှမလွှတ်နိုင်မှန်းသိလိုက်တာမို့သံကုန်ခြစ်ကာအော်လိုက်မိတယ်။အော်လိုက်ပြီးတဲ့နောက်မှာ ပန်းရိပ်ဖြူကိုယ့်ကိုယ်ကိုမထိန်းနိုင်တော့ဘဲ ပုံရက်သားလဲကျသွားခဲ့ရတော့တယ်။
အော်သံကြောင့် ဘုန်းသိင်္ခက ပန်းရိပ်ဖြူူကျန်နေခဲ့တဲ့ကျောက်တောင်နားဆီကိုအမြန်ပြေးသွားလိုက်တယ်။ပန်းရိပ်ဖြူဆီအရောက်မှာ မြင်လိုက်တဲ့မြင်ကွင်းကြောင့် ဘုန်းသိင်္ခမျက်လုံးတွေပါ ပြာဝေသွားရတယ်။လူကထိတ်လန့်တုန်လှုပ်သွားပေမဲ့ ဘုန်းသိင်္ခတွေဝေနေချိန်မရဘဲ လက်ထဲမှာကိုင်ရွယ်ထားတဲ့တုတ်နဲ့ပန်းရိပ်ဖြူရှေ့က စပါးကြိးမြွေကြိးကိုအမြန်ဖယ်ရှားပစ်လိုက်ရတယ်။မြွေကြီးကရှုူးခနဲအသံထွက်လာပြီး ခေါင်းထောင်ထလာတယ်။ဘယ်လိုမှရှောင်လို့မရတဲ့အဆုံးမှာ မလုပ်ချင်ပေမဲ့လဲ မြွေကြီးကိုကိစ္စတုံးပေးလိုက်ရတော့တယ်။
" ပန်းရိပ်ဖြူ...ပန်းရိပ်ဖြူ...သတိထားလေ...."
ပန်းရိပ်ဖြူရဲ့လက်မောင်းနှစ်ဖက်ကို ဘုန်းသိင်္ခအတင်းလှုပ်ယမ်းပြီးခေါ်လိုက်တော့မှ ပန်းရိပ်ဖြူပြန်ပြိးသတိဝင်လာခဲ့တယ်။
" ရှင်...ရှင်ဘာလုပ်တာလဲ .,..ဖယ်နော်...ကျွန်မကိုလွှတ်...ရှင်တို့တွေအားလုံးပေါင်းပြီး ကျွန်မကိုလုပ်ကြံနေကြတာလား "
ပန်းရိပ်ဖြူသတိဝင်လာတာနဲ့ ဘုန်းသိင်္ခကိုအော်ဟစ်ပြောဆိုလိုက်တယ်။
" ဟာဗျာ...ခင်ဗျားအတော်လေးအမြင်ကပ်ဖို့ကောင်းတဲ့မိန်းမပဲ ...ဒီလိုမှန်းသီရင် လာမကူညီပါဘူး...ခင်ဗျားဘာသာမြွေပဲပေါက်ခံရရ....မျိုပဲမျိုခံရရ ...ဘာပဲဖြစ်ဖြဖြစ်ဒီတိုင်းကြည့်နေလိုက်ရမှာ "
ဘုန်းသိင်္ခပြောရင်းနဲ့ မြွေကိုတုတ်နဲ့သွားထိုးကြည့်လိုက်တယ်။
" မြွေ...မြွေကြီးကဘယ်ကရောက်လာတာလဲ "
သူမနဲ့မလှမ်းမကမ်းမှာရှိနေတဲ့မြွေအေ*သကြီးကိုကြည့်ပြီး ပန်းရိပ်ဖြူထိတ်လန့်တုန်လှုပ်စွာနဲ့မေးလိုက်မိတယ်။
" ဟ...ဘယ်ကရောက်လာတာလဲတော့ ဘယ်သိမလဲဗျ...ခင်ဗျားအော်သံကြားလို့ ကျွန်တော်ပြေးလာကြည့်တော့ မြွေကြီးကိုတွေ့တာပဲ ...မြွေကအဆိပ်ရှိတဲ့မြွေတော့မဟုတ်ပါဘူး ...မသကာလူကိုမျိုရုံပေါ့ "
" ရှင်...ရှင်ဘယ်လိုပြောလိုက်တာလဲ...ဟိုအမျိုးသမိးရော...အမျိုးသမီးကဘယ်ရောက်သွားလဲ "
ပန်းရိပ်ဖြူရဲ့အမေးကြောင့် ဘုန်းသိင်္ခခေါင်းကိုခါယမ်းလိုက်ပြီး
" ဘယ်အမျိုးသမီးကိုပြောတာလဲ ...အမျိုးသမီးဆိုလို့ခင်ဗျားတစ်ယောက်တည်းပဲရှိတာ ....ဒီနားကိုဘယ်သူမှမလာသေးဘူး...ခင်ဗျားခြေထောက် ...ကျွန်တော့်ကိုပြပါအုံး..."
" အို...ရတယ် မကြည့်နဲ့...အပန်းဖြေစခန်းကဝန်ထမ်းတွေကိုပဲခေါ်ပေး "
ပန်းရိပ်ဖြူက သူမခြေထောက်တွေကိုထိကိုင်ဖို့ကြိုးစားလိုက်တဲ့ ဘုန်းသိင်္ခရဲ့လက်တွေကို ခပ်တင်းတင်းဖယ်ရှားပစ်လိုက်ပြီး အသံမာမာနဲ့ပြောလိုက်တယ်။ဘုန်းသိင်္ခလဲ ဘာမှပြောမနေတော့ဘဲ ဖုန်းပဲဆက်ပေးလိုက်တယ်။ဘုန်းသိင်္ခမြွေကိုရှင်းထုတ်ဖို့်လုပ်နေတော့ ပန်းရိပ်ဖြူမှာ အခြေအနေကိုနားမလည်နိုင်သေးဘဲ တုတ်တုတ်မလှုပ်တဲ့မြွေကြီးကိုပဲ မျက်လုံးအပြူးသားနဲ့ငေးကြောင်ကြည့်နေမိတယ်။
~~~~~~~~~~~~
" ပန်းရိပ် .....ဘယ်လိုဖြစ်တာလဲ ...ထလို့ရရဲ့လား ..."
အလွမ်းဆွတ်ကိုမြင်တော့ ပန်းရိပ်ဖြူပိုပြီးစိတ်ညစ်သွားမိသလိုဖြစ်သွားတယ်။အထူးသဖြင့် အလွမ်းဆွတ်နောက်မှာပါလာတဲ့ဝန်ထမ်းတွေရဲ့မျက်နှာအမူအရာတွေက အလွမ်းဆွတ်ကိုတော့ တလေးတစားပုံစံတွေနဲ့ကြည့်နေကြပြီး မိမိကိုကြည့်နေကြတဲ့ပုံစံတွေကတော့ စိတ်ပျက်နေတဲ့အကြမျိုးတွေဆိုတာကိုပန်းရိပ်ဖြူရိပ်မိလိုက်တယ်။
" ငါ့ကိုလက်ကိုင်တု*တ်ရှည်ရှည်တစ်ချောင်းလောက်ယူပေးပါအလွမ်းဆွတ်...ဝန်ထမ်းတွေလဲပြန်သွားလို့်ရပါပြီ "
" တု/တ်ကလမ်းလျှောက်ဖို့လား...ဆိုင်ကယ်နဲ့သွားမလား ..ငါလိုက်ပို့ပေးမယ်လေ...ဒါမှမဟုတ်အောင်မောင်းကိုရှာပေးရမလား...ရေတံခွန်ဘက်သွားမယ်လို့တော့ပြောသွားတယ်....သူ့ဖုန်းနံပတ်တော့ငါ့မှာမရှိဘူး...နင့်မှာရှိလား "
အလွမ်းဆွတ်က ပန်းရိပ်ဖြူကိုမေးလိုက်တယ်။
" ရတယ်...မလိုဘူး...ငါ့ကိုတုတ်ရှည်ရှည်တစ်ချောင်းပဲယူလာခဲ့ပေး "
ပန်းရိပ်ဖြူလေသံတင်းတင်းနဲ့ပြောလိုက်ရင်း တစ်ခါလာရင် တစ်ခါပြဿနာဖြစ်တဲ့မိမိကိုယ်ကို ပန်းရိပ်ဖြူစိတ်တိုနေမိတယ်။တကယ်ဆိုရင် လှလှပပနဲ့အပန်းဖြေစခန်းဝန်းအနှံ့ကို လျှောက်သွားနေရမှာလေ။အခုတော့ ညကျရင် အပြင်ထွက်ဖို့စီစဉ်ထားတာလေးပါပျက်ရတော့မယ်ထင်ပါရဲ့။ဒါဆိုရင်တော့ အပန်းဖြေ စခန်းကိုလာရတာအလကားဖြစ်သွားပြီပေါ့ ။
" ဒီမှာ တု/တ် ..နင်အဆင်ပြေရဲ့လားပန်းရိပ် "
" ရတယ် ကိစ္စမရှိဘုး...နင်သွားတော့ "
အလွမ်းဆွတ်ကိုပြန်ခိုင်းလိုက်ပြီး တု..တ်ကိုအားပြုပြီး ပန်းရိပ်ဖြူထရပ်လိုက်တယ်။
" အား "
တု.တ်ကိုအားပြုပြီးရပ်လိုက်ပေမဲ့ ခြေကျင်းဝတ်တစ်ခုလုံးက နာကျင်သွားတာကြောင့် ပန်းရိပ်ဖြူ ဆတ်ခနဲပြန်ုထိုင်ချလိုက်ရတယ်။သူများအားမကိုးချင်တာကြောင့် တင်းခံနေရပေမဲ့ ခြေဖမိုးတစ်ခုလုံးက ရောင်တက်လာကာ ခြေထောက်ကအတော်လေးကိုနာကျင်နေတာ။ပန်းရိပ်ဖြူ ဟိုဒီဝေ့ဝဲကြည့်လိုက်မိတော့ မလှမ်းမကမ်းက ကျောက်တောင်နားမှာ ခဲတံတစ်ချောင်းနားမှာညှပ်လို့် အလုပ်တွေရှုပ်နေတဲ့
ဘွားအေကြီးနဲ့မိဘနှစ်ပါးရယ်စိုင်းမြတ်ရယ်ပဲရှိတာ။အခုချိန်မှာ အနီးဆုံးလူဖြစ်တဲ့ အလွမ်းဆွတ်ကိုခေါ်ရင်ရပေမဲ့ ခေါ်ချင်စိတ်မရှိဘူးဖြစ်နေတယ်။အငုံစိတ်လို့ပဲပြောပြော မိမိထက်အစစအရာရာသာနေတဲ့ အလွမ်းဆွတ်နဲ့ ပန်းးရိပ်ဖြူမျက်နှာချင်းလဲမဆိုင်ချင်သလို သူ့ဆီကလဲ အကူအညီမယူချင်ဘူး။အထူးသဖြင့် သူဌေးသမီးဖြစ်တဲ့မိမိထက်ပိုပြီး အလွမ်းဆွတ်ကို အလုပ်သမားတွေကလေးစားနေတာချစ်ခင်နေတာတွေကိုမြင်ရတော့ စိတ်ထဲမှာပိုပြီးဒေါသထွက်မိတယ်။
" ဟင် "
ပန်းရိပ်ဖြူနေရာကထဖို့ကြိုးစားနေတုန်းမှာပဲ ခပ်လှမ်းလှမ်းကလှမ်းမြင်လိုက်ရတဲ့မြင်ကွင်းကြောင့် မျက်လုံးတွေပြူးကျယ်သွားရပြီး ရင်တွေပါတလှပ်လှပ်တုန်လာခဲ့တယ်။လူတစ်ယာက် သူမရှိရာဆိကို စူးစူးရဲရဲစိုက်ကြည့်နေခဲ့တာ။တိတိကျကျပြောရမယ်ဆိုရင်အမျိုးသမီးတစ်ယောက် ခပ်လှမ်းလှမ်းကျောက်တုံးတွေနာကနေ သူမကိုရပ်ကြည့်နေခဲ့တာ။ကြည့်နေတာမှမလှုပ်မယှက်ကိုကြည့်နေခဲ့တာ။အမျိုးသမီးကိုကြည့်ရင်း ပန်းရိပ်ဖြူအသားတွေတဆတ်ဆတ်တုန်ယင်လာမိတယ် ။နေရာကနေအမြန်ပြေးထဖို့ကြိုးစားနေမိပေမဲ့ မတ်တတ်ရပ်ဖို့တောင်မနည်းကြိုးစားနေရတယ်။ဒီအချိန်မှာပဲ အမျိုးသမီးက လက်ယပ်ပြီးခေါ်နေတာကို ပန်းရိပ်ဖြူမြင်လိုက်ရတယ်။
" ဟင့်အင်း....မလာနဲ့....မလာနဲ့ "
ပန်းရိပ်ဖြူအသံကုန်အော်ဟစ်ပြီးတားမြစ်လိုက်ပေမဲ့ အမျိုးသမီးက သူမရှိရာဆီကိုတစ်ဟုန်ထိုးပြေးချလာတာကိုတွေ့လိုက်ရတယ်။
==================================
အပိုင်း(၁၃)ဆက်ရန်
A Kyi Phyu
#ဧကြည်ဖြူ
စာရေးသူ A Kyi Pnyu
#စံအိမ်ခေါ်သံ
( စ/ဆုံး )Links
၁
https://www.facebook.com/100067151540690/posts/714518460796532/
J
https://www.facebook.com/100067151540690/posts/714518804129831/
၃
https://www.facebook.com/100067151540690/posts/714519084129803/
၄
https://www.facebook.com/100067151540690/posts/714519330796445/
၅
https://www.facebook.com/100067151540690/posts/714519684129743/
၆
https://www.facebook.com/100067151540690/posts/714519970796381/
၇
https://www.facebook.com/100067151540690/posts/714520240796354/
၈
https://www.facebook.com/100067151540690/posts/714520624129649/
၉
https://www.facebook.com/100067151540690/posts/714520907462954/
၁ဝ
https://www.facebook.com/100067151540690/posts/714692707445774/
၁၁
https://www.facebook.com/100067151540690/posts/715256760722702/
" အေး...ဘာပဲဖြစ်ဖြစ်..ပေးပြီးတဲ့ကတိကိုတော့မဖျက်နိုင်ဘူး....မြေးလေးကိုစိတ်မချရင်အစောင့်အရှောက်များများထည့်ပေးလိုက်ရုံပဲရှိတယ်....အဲ့ဒီတော့ ငါစီစဉ်ပေးလိုက်မယ် ...မင်းတို့လဲ ဒီအကြောင်းကိုထပ်မပြောကြနဲ့တော့ "
မိခင်ကြီးရဲ့စကားကြောင့် ဦးဘိုထွန်းလဲဘာမှမပြောတော့ဘဲ အိမ်ဘက်ကိုသာပြန်လာခဲ့လိုက်တယ်။
~~~~~~~~~~~~~
" သူတို့တွေက ဘယ်သူတွေလဲအလွမ်း "
အပန်းဖြေးစခန်းတစ်ဝန်းလုံးကို လိုက်ပြီးစစ်ဆေးနေတဲ့ လူတစ်စုကိုကြည့်ပြီး သန္တာအောင်ကမေးလိုက်တယ်။လူစုက သူမတို့အလုပ်လုပ်နေတဲ့နေရာထိလိုက်လာပြိးစစ်ဆေးသလိုလုပ်နေတာလေ ။
" ဟုတ်ကဲ့....ဘာမှမဟုတ်ပါဘူးမသန္တာ..လုံခြုံရေးအတွက်စစ်ဆေးနေတာပါ ....အရေးကြီးလူတစ်ယောက်အပန်းဖြေစခန်းမှာ လာနားမလို့်ပါ "
" ဪ ...ဟုတ်လား "
သန္တအောင်ကခေါင်းတငြိမ့်ငြိမ့်နဲ့နားထောင်ပြီးတော့ သူမလုပ်စရာရှိတာကိုဆက်လုပ်နေခဲ့တယ်။အလွမ်းဆွတ်မှာတော့မနေ့ညတုန်းက ကြီးတော်ကြိးပြောလိုက်တဲ့စကားကို နားထောင်မှာကြားယောင်ပြီး ရင်ထဲနာကျင်နေမိတယ်။
" သမီးအလွမ်း....ဒီတစ်ရက်နှစ်ရက်အတွင်းမှာ....သမီးပန်းရိပ်အပန်းဖြေစခန်းမှာညအိပ်လာလည်မှာမို့ ဘွားကြေးဥရဲ့လူတွေအခန်းတွေစစ်ဆေးဖိုလာလိမ့်မယ်....မောင်စိုင်းမြတ်လဲပါမှာမို့ သမီးပန်းရိပ်နဲ့ကပ်လျက်အခန်းမှာစီစဉ်ပေးထားလိုက် "
ဘာပဲဖြစ်ဖြစ် ကျေးဇူးရှင်တွေရဲ့ခိုင်းစေမှုကြောင့်ဆိုတော့လဲ အလွမ်းဆွတ်မငြင်းနိုင်ပါဘူး။ဒါကြောင့် ဒီနေ့မှာသူမကိုယ်တိုင်ပဲ အခန်းနှစ်ခန်းလုံးကို ပြင်ဆင်ခိုင်းခဲ့တယ်။
~~~~~~~~~~~~
အပန်းဖြေစခန်းထဲမှာပန်းရိပ်ဖြူကိုမြင်လိုက်ရတော့ ဘုန်းသိင်္ခဖြုန်းခနဲအံ့ဩသွားမိတယ်။သူတို့တွေအပန်းဖြေစခန်းမှာ အလုပ်ဝင်လာတာနှစ်လကျော်ခဲ့ပြီဖြစ်ပေမဲ့ ပန်းရိပ်ဖြူတစ်ခါမှကိုမလာခဲ့ဘူးလေ။ဘုန်းသိင်္ခကြည့်နေစဉ်မှာပဲ ပန်းရိပ်ဖြူကလဲ သူမကိုကြည့်နေတဲ့ဘုန်းသိင်္ခကိုတွေ့မြင်သွားတယ်။
" ရှင်ဘာကြည့်နေတာလဲ ....ဘာသဘောနဲ့ကြည့်တာလဲ "
ပန်းရိပ်ဖြူကဘေးပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်လိုက်ပြီးတော့ ဘုန်းသိင်္ခကို လေသံမာမာနဲ့မေးလိုက်တယ်။ပြီးးတော့ မသိမသာနဲ့နောက်ကိုပြန်ဆုတ်လိုက်တယ်။
" ကျွန်တော်အလုပ်လုပ်နေတဲ့နေရာကို လူတစ်ယောက်ရောက်လာလို့်ကြည့်တာလေ...ဒါကထူးဆန်းလို့လား "
" လူတွေနေတဲ့နေရာကို လူရောက်လာတာဘာထူးဆန်းလို့လဲ...ကိုယ့်အလုပ်ကိုယ်ဆက်လုပ်စမ်းပါ....ကျွန်မကိုလိုက်မကြည့်နဲ့ ...တစ်ယောက်တည်းဆိုပြီး ယီးတီးယားတားတော့လာမလုပ်နဲ့နော် ...ကျွန်မကိုဘာအောက်မေ့နေလဲ...ကျွန်မက ဒီအပန်းဖြေစခန်းရဲ့ပိုင်ရှင်ပဲသိရဲ့လား..."
" ဘုတ် "
" အမယ်လေး "
ပန်းရိပ်ဖြူမှာဘုန်းသိင်္ခကိုပြောဆိုရရင်းနဲ့ နောက်ကိုတဖြည်းဖြည်းနောက်ပြတ်ဆုတ်ခဲ့ရာ နောက်ကသစ်တုံးတစ်တုံးကိုတိုက်မိပြီးလဲကျသွားရတော့တယ်။
" ဟော့ဗျာ...ဘယ်လိုဖြစ်ရတာလဲ သူဌေးမရယ်..."
ဘုန်သိင်္ခမှာ ပန်းရိပ်ဖြူကိုကြည့်ပြီး ရယ်ချင်ပေမဲ့မရယ်အောင်ထိန်းလိုက်ရင်း ပန်းရိပ်ဖြူနားကိုလျှောက်သွာလိုက်တယ်။
" ထနိုင်ရဲ့လား...ကျွန်တော်ထူပေးရမလား "
" မလာနဲ့...မလာနဲ့...ကျွန်မနားကိုမလာနဲ့နော်....အဲ့ဒီနားမှာပဲရပ်နေ..."
ပန်းရိပ်ဖြူကအသံမာမာနဲ့အော်လိုက်ပြိး သူမအိတ်ထဲကတစ်စုံတစ်ရာကိုထုတ်ယူလိုက်တယ်။ဒီအခါသူမလက်ထဲပါလာတာက ခလုတ်ဓ**ါးတစ်ချောင်းဖြစ်နေခဲ့တယ်။ပန်းရိပ်ဖြူရဲ့အပြုမူကြောင့်ဘုန်းသိင်္ခအံ့ဩသွားရသလို စိတ်လဲတိုသွားမိတယ်။ကိုယ်အလုပ်လုပ်နေတဲ့နေရာကို သူမဘာသာရောက်လာခဲ့ပြီး လူကိုရန်သူလိုဆက်ဆံနေတဲ့ပုံက အတော်လေးအမြင်ကပ်စရာကောင်းနေခဲ့တယ်။သူမကိုကြည့်ရင်း ဘုန်းသိင်္ခစိတ်အချဉ်ပေါက်လာမိတယ်။
" ဒီမှာ သခင်မလေး...ကျွန်တော်အလုပ်လုပ်နေတဲ့ဆီကို သခင်မလေးကအရင်ရောက်လာခဲ့တာနော်....လူကိုသူခိုးလိုလိုဂျပိုးလိုလိုမဆက်ဆံစမ်းပါနဲ့...ရုပ်ရှင်ရိုက်တာလဲတော်ရုံတန်ရုံပဲရိုက်စမ်းပါဗျာ...သိပ်ပိုလွန်းနေတယ်...ကိုယ့်ကိုယ်ကိုကမ္ဘာ့အချမ်းသာဆုံးသူဌေးလို့များထင်နေတာလား....ကဲပါလေထားလိုက်စမ်းပါ....ကျွန်တော်သွားလိုက်ပါ့မယ် ဟုတ်ပြီလား..."
ဘုန်းသိင်္ခပြောပြီးတာနဲ့ နေရာကနေချာခနဲလှည့်ထွက်လာခဲ့လိုက်တယ်။
~~~~~~~~~~~~~~
ဘုန်းသိင်္ခထွက်သွားတော့ နေရာမှာ ပန်းရိပ်ဖြူတစ်ယောက်တည်းကျန်နေခဲ့တော့တယ်။ပန်းရိပ်ဖြူအားတင်းပြီး ထရပ်လိုက်တယ်။ဒီအခါညာဘက်ခြေကျင်းဝတ်ကမခံမရပ်နိုင်အောင်နာကျင်သွားရတာမို့ ပန်းရိပ်ဖြူလွှတ်ခနဲအော်လိုက်မိတယ်။ပန်းရိပ်ဖြူရောက်နေတဲ့နေရာက အပန်းဖြေစခန်းရဲ့နယ်နိမိတ်အဆုံးဖြစ်တဲ့ ကျောက်တောင်ကြီးနားမို့ တော်ရုံနဲ့ဘယ်သူမှမလာကြတဲ့နေရာ။အချိန်ကလဲ စောသေးတော့ စိုင်းမြတ်လဲရောက်လာနိုင်သေးမှာမဟုတ်ဘူး။တော်ရုံဆိုရင် ပန်းရိပ်ဖြူဒီလောက်ထိစိတ်ပူနေမိမှာမဟုတ်ပေမဲ့ ခြေထောက်ကလမ်းမလျှောက်နိုင်လောင်အောင် နာကျင်နေတော့ စိတ်ထဲတစ်မျိုးကြီးဖြစ်လာမိတယ်။ဒီအချိန်ကျမှပဲ မိမိနောက်ကိုအမြဲလိုက်ကြည့်နေတဲ့ အောင်မောင်းကိုပါသတိရသွားမိတယ်။သူမမှာဖုန်းပါလာခဲ့ပေမဲ့ဆက်စရာလူကလဲ
" သမီးသိချင်သိတာရှိသေးတယ်အဘွား...တကယ်လို့များ...သမီးတို့တွေမရှိတော့ရင် ...အဘွားနှင်းမြရဲ့အမွေတွေကိုဘယ်သူရမှာလဲ...အမေနဲ့အလွမ်းဆွတ်ရမှာလား "
" အင်း...မပြောကောင်းမဆိုကေားင်းသမီးရယ်...အဘွားသိသလောက်တော့ ...သမီးတို့မောင်နှမနှစ်ယောက်မရှိရင်တော့ ..သမီးတို့အမေပန်းမြိုင်တော့နည်းနည်းပါးပါးရမယ်...ကျန်တာတွေကိုရောင်းချပြိး မိဘမဲ့ကျောင်းတွေကိုလှူဒါန်းရမှာလေ .....ဒီအမွေတွေက အလွမ်းဆွတ်တို့နဲ့မှမဆိုင်တာ "
" ဟင်...ဟုတ်လား...ဒါဆိုရင်...သမီးမရှိရင်လဲ...အမေ့အမျိုးတွေက အမွေလုလို့မရနိုင်ဘူးပေါ့ "
ပန်းရိပ်ဖြူခပ်တွေတွေစဉ်းစားရင်း အဘွားဖြစ်သူကိုမေးလိုက်တယ်။
" ဟုတ်တယ်လေမြေးရဲ့ အဘွားတော့ အဲ့ဒီလိုသိထားတာပဲလေ....ဘာလဲမြေးလေးက အမွေတွေဆုံးရှုံးမှာကြောက်နေတာလား ...မစိုးရိမ်ပါနဲ့သမီးရယ်...အဘွားပိုင်တာအကုန်လုံးကိုလဲ ငါ့မြေးကိုပဲပေးမှာပါ ... "
အဘွားဖြစ်သူရဲ့စကားကြောင့် ပန်းရိပ်ဖြူသဘောကျစွာပြုံးလိုက်ပြီး
" ဒါဆိုရင်...စခန်းသာမှာသမီကအချမ်းသာဆုံးဖြစ်သွားမှာပေါ့နော် ....သမီးမှာကိုယ်ပိုင်ပိုက်ဆံတွေရှိလာရင်တော့ သမီးသုံးချင်တာတွေသုံးပစ်လိုက်မယ် "
" ဪ ...ဟဲ့...ဒီကောင်မလေးကတော့ အမွေကဘယ်ဆီနေမှန်းမသိသေးဘူး ...သုံးဖို့ကိုအရင်တွေးနေတယ် ...ဒီလိုဆိုရင်မဖြစ်ပါဘူး...မောင်စိုင်းမြတ်နဲ့ကိစ္စကို အမြန်စီစဉ်မှရမယ်ထင်တယ်စောရီရေ "
ဘွားကြေးဥက မြေးဖြစ်သူကိုကြည့်ပြီး ဒေါ်စောရီကိုခပ်တိုးတိုးပြောလိုက်တယ်။
~~~~~~~~~~~~~
" ဘယ်လို....မဖြစ်နိုင်ဘူး...အမေခွင့်မပြုနိုင်ဘူးပန်းရိပ်...သမီးပြောတော့ သမီးကိုလုပ်ကြံချင်တဲ့သူတွေရှိတယ်ဆို..ဒါနဲ့နဲ့များ အပန်းဖြေစခန်းမှာ ...မကြောက်မလန့်နဲ့သွားအိပ်မလို့်လားပြောပါအုံး...သမီးအဖေကလဲခွင့်ပြုမှာမဟုတ်ဘူး "
ဒေါ်ပန်းမြိုင်မှာ သမိးဖြစ်သူရဲ့စကားကကြောင့် အထိတ်တလန့်နဲ့ တားမြစ်ပြောဆိုလိုက်မိတယ်။
" သမီးကြောက်တာနဲ့ဒီအတိုင်းပဲနေသွာရမှာလား အမေ...အပန်းဖြေစခန်းမှာ ဝန်ထမ်းတွေလဲအများကြီးရှိနေတာပဲ ဘာကြောက်စရာလိုလဲ ...အမေတို့ပြောတော့ ....ရေတံခွန်တောင်အပန်းဖြေစခန်းနေရာတွေကို သမီးအမွေရမှာဆို...ဒါပေမဲ့ ဘာတစ်ခုမှလဲ သမီးမှာတောင်းဆိုပိုင်ခွင့်မရှိပါလားအမေ...အားလုံးက အလွမ်းဆွတ်အပိုင်တွေလိုပဲ သူကပဲ စီမံအုပ်ချုပ်နေတာမဟုတ်လား "
" ဘာ...ဘယ်လိုပြောလိုက်တယ်သမီး...အလွမ်းဆွတ်အလုပ်လုပ်နေတာလဲ သမီးအတွက်ပဲလေ... သူရှိနေလို့သာ အစစအရာရာအားကိုးနေရတာလေ... ငွေပေးရင်အလုပ်သမားမရှားပေမဲ့ စိတ်ချရတဲ့သူရှားတယ်ဆိုတာ သမီးသိရဲ့လား....ဒါတွေကသမီးအတွက်ပြောနေတာပဲလေ....အဲ့ဒီမှာညအိပ်ခဲ့ရင် ...သမီးစိတ်တွေပိုဆိုးသွားမှာကိုစိုးရိမ်လို့အမေတို့ကတားနေခဲ့ကြတာ.... "
" ရပါတယ်အမေ...ပန်းရိပ်အတွက် မစိုးရိမ်ပါနဲ့....ဘယ်နေရာမှမလုံခြုံမဲ့အတူတူတော့ ....သတ္တိရှိရှိရင်ဆိုင်ကြည့်ဖို့ဆုံးဖြတ်ထားပါတယ်....အမေတို့်စိတ်မချရင် ...အောင်မောင်းတို့ကိုလဲ လိုက်ခိုင်းလို့ရတယ်....သမီးလက်ခံတယ် "
ပန်းရိပ်ဖြူရဲ့စကားကြောင့် ဒေါ်ပန်းမြိုင်မျက်နှာမကောင်းစွာနဲ့သမီးဖြစ်သူ အခန်းထဲကထွက်လာခဲ့လိုက်တယ်။၏
~~~~~~~~~~~~~
ဦးဘိုထွန်းက မိခင်ဖြစ်သူကိုကြည့်လိုက်ပြီး
" သမီးကစိတ်အတက်အကျမြန်တဲ့ရောဂါရှိနေတာကို အမေလဲသိနေတာပဲ...ဘာလို့ ဒီကိစ္စကိုသဘောတူလိုက်ရတာလဲ....ပြီးတော့ မောင်စိုင်းမြတ်နဲ့ကိစ္စကို ကျွန်တော်တို့ဘက်ကသဘောမတူထားဘူးနော်...."
" ဟေ့...တော်စမ်းဘိုထွန်း...မြေးလေးက သွားချင်နေတာက်ို မင်းတို့မမြင်ဘူးလား...ဒီထက်တော့အခြေအနေဆိုးလာစရာလဲမရှိပါဘူး...ဆိုးလာခဲ့ရင်လဲ...ငါ့စည်းစိမ်ကုန်သွားပါစေ ကုမယ်...မင်းတို့ဟာက ငါမပြောချင်လို့ကြည့်နေတာ...ဘယ့်နှယ် ငါ့မြေးကိုစိတ်ပူတာအကြောင်းပြပြီး အမျိုးမျိုးချုပ်ချယ်နေသလိုပါပဲလား.....ဘာလဲငါ့မြေးလေး ...အသက်နှစ်ဆယ့်ခြောက်နှစ်မပြည့်ခင်မှာ တစ်ခုခုလွဲချော်သွားရင် ...အမွေတွေကိုလှူလိုက်ရမှာကို စိုးရိမ်နေကြတာလား "
" ဗျာ ...အမေဘယ်လိုပြောလိုက်တာလဲ....ကျွန်တော်တို့အတွက် ...ငွေထက်သမီးကိုစိုးရိမ်လို့ပြောနေတာပါ....သမီးကအခုချိန်ထိ အိမ်မက်ဆိုးတွေမက်နေသေးပြီး...ညညတွေမှာလမ်းထလျှောက်နေတတ်တယ်....အမေအဲ့ဒါတွေကိုသိသိနဲ့အဲ့ဒီလိုစကားမျိုးပြောရလား ....မတော်လို့် ဟိုမှာညအိပ်ရင်းနဲ့ တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ ....ပြီးတော့ အမေ့တူနဲ့တူမကိုလဲကျွန်တော်မယုံဘူး....စခန်းသာမှာ ကျွန်တော်တို့မိသားစုမရှိရင် ....အမွေတွေကိုဆက်ခံပိုင်ခွင့်ရှိတဲ့သူတွေက အမေ့တူမနဲ့တူပဲမဟုတ်လား.... ဘယ်လိုပဲဖြစ်ဖြစ်...ဦးလှထွန်းနဲ့ဒေါ်ကြာဖြူက ဘွားကြေးဥရဲ့တူနဲ့တူမဆိုတာ စခန်းသာတစ်မြို့နီးပါးကသိတယ်မဟုတ်လား....ပြောရမယ်ဆိုရင်...ကသစ်မြိုင်ကိုအမွေဆက််ခံပိုင်ခွင့်ရှိနေသူတွေထဲမှာ သူတို့တွေလဲပါနေခဲ့တာပဲ ....သမီးပန်းရိပ်အကြောက်လွန်နေမှာစိုးလို့သာ ....ကျွန်တော်တို့ဘာမှ မပြောတာ ...သူတို့တွေကိုလဲယုံရတာမဟုတ်ဘူး..."
ဦးဘိုထွန်းကချက်နဲ့လက်နဲ့ရှင်းပြလိုက်တော့ ဘွားကြေဥတစ်ယောက်တွေဝေသွားခဲ့ရတယ်။
#စံအိမ်ခေါ်သံ
(အခန်းဆက်ဝတ္ထု )
အပိုင်း(၁၂ )
akyiphyu
*********
" ပန်းရိပ် ဒီနေ့ဘယ်သွားချင်လဲ....ရေတံခွန်တောင်ဘက်သွားချင်တယ်ဆိုရင်လဲ ...ကျွန်တော်လိုက်ပို့ပေးလို့ရတယ်လေ "
စိုင်းမြတ်ရဲ့စကားကြောင့် ပန်းရိပ်ဖြူခေါင်းလေးကိုခါယမ်းပြလိုက်ပြီး
" ပန်းရိပ်ကရေတံခွန်တောင်မှာ ညအိပ်ချင်တာ...အဘွားတို့ကခွင့်မပြုဘူးလေ..အဲ့ဒါ ရအောင်ပြောပေးပါလားဟင် ကိုစိုင်းမြတ်....တစ်ညလောက်ပဲဖြစ်ဖြစ် ရေတံခွန်တောင်မှာအိပ်ချင်တာပါ...ပြောတော့လဲ ရေတံခွန်တောင်အပန်းဖြေစခန်းက ပန်းရိပ်အပိုင်ဆိုပြီးတော့... တစ်ညလောက်တောင်အိပ်ခွင့်မရတာကို ပန်းရိပ်ကစိတ်တိုတာ "
" ဪ ..ဒါကတော့ ဘွားကြေးဥတို့ကစိတ်မချလို့်နေမှာပါ....တစ်ရက်လောက်တော့ ကျွန်တော်ရအောင်ပြောပေးပါ့မယ် "
" တ...တကယ်လားဟင်ကိုစိုင်းမြတ်...တကယ်ပြောပေးမှာလား "
ပန်းရိပ်ဖြူဝမ်းသာအားရနဲ့မေးလိုက်မိတယ်။
" တကယ်ပြောတာပါပန်းရိပ်ရဲ့....ပန်းရိပ်သွားရင် ကျွန်တော်လဲအဖော်လိုက်ခဲ့ပေးမှာပေါ့ ...ပြီးတော့ ဟိုမှာဝန်ထမ်းတွေလဲ အများကြီးရှိတာပဲလေ ...နောက်တစ်ပတ်ထဲမှာသွားရအောင် ကျွန်တော်ပြောပေးပါမယ် "
" ကျေး...ကျေးဇူးပါကိုစိုင်းမြတ် "
ပန်းရိပ်ဖြူဝမ်းသာစိတ်နဲ့ပြောလိုက်ရင်း စိုင်းမြတ်ကိုအားကိုတကြီးနဲ့ကြည့်လိုက်မိတယ်။တည်ကြည်တဲ့မျက်နှာထားသွင်ပြင်နဲ့ ပိရိသေသပ်စွာစေ့ထားတဲ့နှုတ်ခမ်းတွေကိုကြည့်ပြီး ပန်းရိပ်ဖြူရဲ့မယုံမရဲဖြစ်နေတဲ့စိတ်တွေက အနည်းငယ်ပြေလျော့ချင်လာခဲ့တယ်။
~~~~~~~~~~~~
" အဘွားကိုမေးစရာရှိလို့ "
" အမယ်...ထူးထူးဆန်းဆန်းပါလားကွယ်...ဘာမေးမှာလဲမေးလေ "
ပန်းရိပ်ဖြူက ဘွားအေကြီးရဲ့အခန်းထဲကိုဝင်လာပြီး ခပ်တိုးတိုးမေးလိုက်တာမို့ ဘွားကြေးဥက မြေးဖြစ်သူကိုပြန်ဖြေလိုက်တယ်။
" ဟိုလေ...ကိုစိုင်းမြတ်အကြောင်းကို အဘွားသိလားဟင်...သူကဘယ်လိုလူမျိုးလဲ..သူ့မိဘတွေကရော "
မြေးဖြစ်သူရဲ့အမေးကြောင့် ဘွားကြေးဥကမသိမသာပြုံးလိုက်ပြီး
" မောင်စိုင်းမြတ်က အဘွားမိတ်ဆွေရဲ့မြေးပါကွယ်...မျိုးရိုးလဲကောင်းတယ်....သူတို့မိသားစုတွေက ငွေကြေးသိပ်မချမ်းသာကြပေမဲ့ ပညာတတ်မျိုးရိုးတွေမြေးရဲ့ ....မောင်စိုင်းမြတ်တို့အဘိုးအဘွားတွေကလဲ...တရားသူကြီးတွေကျောင်းဆရာတွေပဲလေ ....မြေးကဘာလို့်မေးတာလဲ...တကယ်လို့်များ မောင်စိုင်းမြတ်ကို မြေးလေးစိတ်ဝင်စားတယ်ဆိုရင်...အဘွားသဘောတူတယ်နော်...မောင်စိုင်းမြတ်ကမြေးလေးရဲ့ကိစ္စတွေတော်တော်များများကိုလိုက်ရှင်းပေးနေရတော့ ...မြေးလေးအကြောင့်ကိုလဲ အကုန်သိတယ်လေ..."
" ဟာ...အဘွားကလဲ...ပန်းရိပ်ကရိုးရိုးသားသားမေးတာပါ...အဲ့ဒီကိစ္စတွေကို ပန်းရိပ်မစဉ်းစားသေးပါဘူး ...အမေတို့ကလဲ ပန်းရိပ်ကိုအိမ်ထောင်မပြုစေချင်ဘူးထင်တယ် ...ချစ်သူမထားရဘူးလို့မှာထားတယ်လေ "
" အိုကွယ်တော်စမ်းပါ....သူကမျိုးဆက်ပြတ်စေချင်နေတာထင်တယ်....ဒီအရွယ်မှချစ်သူမထား...အိမ်ထောင်မပြုရင်...ဘယ်အရွယ်မှပြုရမလဲ ...မြေးလေးအမေကိုတော့ အဘွားကအကြောကိုမတည့်ဘူး "
ဘွားအေဖြစ်သူရဲ့စကားကြောင့် ပန်းရိပ်ဖြူနှာခေါင်းကိုရှုံ့လိုက်မိပြီး
" အဘွားကလဲ ...အမေ့ကိုဆိုရင်အကောင်းမပြောဘူး....အဘွားနဲ့အမေကဘာလို့မတည့်တာလဲဟင် ..."
" အမယ်လေးမြေးရယ်...ဒီအကြောင်းကိုပြောရရင်အရှည်ကြီးပဲ ....အဲ့ဒီတော့ငါ့မြေးနားလည်အောင်လိုရင်းပဲပြောပြမယ်....အဓိကအဆင်မပြေတဲ့အကြောင်းက လူကြီးတွေကစတာ....မြေးတို့အမေကထင်းရှူးမြိုင်မှာနေတာ...မြေးတို့အဘွားကဒေါ်နှင်းမြိုင်က မျိုးရိုးစဉ်ဆက်ချမ်းသာတာလေ...မြေတွေဆိုတာလက်ညှိုးထိုးမလွဲပိုင်ခဲ့တာ...ဒါပေမဲ့မြေးတို့အဘိုးဘက်က ရုပ်ရည်ချောမောတာတာကလွဲလို့ ငွေကြေးမချမ်းသာဘူး...ဒီကြားထဲ ရုပ်ကချောတော့ မိန်းမတအားရှုပ်တာ...တိတ်တိတ်ပုန်းယူထားတဲ့မယားငယ်လဲရှိတယ်....အလွမ်းဆွတ်အမေကမြေးလေးတို့အဘိုးရဲ့နောက်မိန်းမကမွေးတာလေ...အဖေကရှုပ်သလို သမီးတွေကလဲ ....ယောက်ျားတွေတရုန်းရုန်းနဲ့အလုပ်တွေတွဲလုပ်နေလို့ အဘွားကသဘောမကျတာ...အလုပ်တူတူလုပ်ကြတာကထားပါ...အဘွားလဲမြေးတို့အဘိုးမကျန်းမာကတည်းကကိုယ်တိုင်စိးပွားရှာခဲ့ရတာ...ဒါပေမဲ့မြေးတို့အမေကလိုတာထက်ပိုတယ်...ငွေနဲ့ပတ်သက်ရင်စည်းကမ်းလဲမရှိဘူး....ထင်သလိုစိတ်ကြိုက်သုံးစွဲတာ...ဒါကြောင့်လဲ မြေးတို့အဘွားမနှင်းမြိုင်က.... သူ့မြေးတွေဖြစ်တဲ့မြေးတို့မောင်နှမကိုပဲ အမွေတွေလွဲပြောင်းပေးခဲ့တာ...မြေးလေးနှစ်ဆယ့်ခြောက်နှစ်ပြည့်မှာ မောင်နှမနှစ်ယောက်အညီအမျှခွဲယူရမယ်ဆိုပြီး စာချုပ်စာတမ်းတွေနဲ့ရှေ့နေရုံးမှာထားခဲ့တာပေါ့ ...မိန်းမဆိုတာ ငွေမရှာနိုင်ရင်နေပါစေ...အသုံးအစွဲမကြီးရဘူး...ဣန္ဒြေသိက္ခာရှိရှိနေတတ်ရတယ်...ပြီးတော့မခုတ်တတ်တဲ့ကြောင်လိုမျိုး...ဟန်ဆောင်နေတတ်တဲ့အုံ့ပုန်းပုံစံမျိုးကို အဘွားကကြည့်မရဘူးလေ...ပြောရရင်အလွမ်းဆွတ်လိုပုံစံမျိုးပေါ့ "
"အို...အဘွားကလဲ အမေ့ကိုအဲ့ဒီလောက်တော့မပြောပါနဲ့နော့်...ဘာပဲဖြစ်ဖြစ်သမီးရဲ့အမေလေ...အဘွားကအဲ့ဒီလိုပြောတော့ သမီးကစိတ်မကောင်းဖြစ်တာပေါ့ "
" အေးပါကွယ်...ငါ့မြေးမကြိုက်ရင် မပြောတော့ပါဘူး...ဒါနဲ့ငါ့မြေးက ဘာတွေသိချင်သေးလဲ "
ပန်းရိပ်ဖြူ ဘွားအေဖြစ်သူကိုမော့ကြည့်လိုက်ပြီး
" ဆောရီး ကိုဘုန်း...ဒီအကြောင်းတွေကို အလွမ်းပြန်မပြောချင်လို့ပါ...ပြီးတော့ ပန်းရိပ်အကြောင်းကိုလဲ မပြောချင်ဘူး....ဘာပဲဖြစ်ဖြစ်သူနဲ့ကင်းကင်းနေတာကောင်းပါတယ်...သူနဲ့ပတ်သက်လို့ပြဿနာတစ်ခုခုဖြစ်ရင် အမေပန်းမြိုင်တို့က နားလည်ပေးပေမဲ့ ....ဘွားကြေးဥကသူ့မြေးကိုထိလို့်မရဘုး ...အဲ့ဒါကြောင့် အလွမ်းဘာမှမပြောပါရစေနဲ့ "
အလွမ်းဆွတ်ရဲ့အဖြေစကားကြောင့် ဘုန်းသိင်္ခအားနားသွားရပြီး
" ရပါတယ် အလွမ်းရဲ့...ကျွန်တော်ကလဲ...ဘာရယ်မဟုတ်မေးလိုက်မိတာပါ...အလွမ်းမဖြေချင်ရင်မဖြေလို့ရပါတယ် "
"ဟုတ်ကဲ့ပါကိုဘုန်း...အလုပ်နဲ့ပတ်သက်တာမှန်သမျှကို ကြိုက်တာမေးလို့ရပါတယ်နော် "
ဘုန်းသိင်္ခနဲ့အလွမ်းဆွတ် စကားတပြောပြောနဲ့ကားမောင်းလာရင်းက ကားလေးကရေတံခွန်တောင်အပန်းဖြေစခန်းကိုရောက်ရှိလာခဲ့တော့တယ်။
==================================
အပိုင်း(၁၂ )ဆက်ရန်
A Kyi Phyu
#ဧကြည်ဖြူ
စာရေးသူ A Kyi Pnyu
#စံအိမ်ခေါ်သံ
( စ/ဆုံး )Links
၁
https://www.facebook.com/100067151540690/posts/714518460796532/
J
https://www.facebook.com/100067151540690/posts/714518804129831/
၃
https://www.facebook.com/100067151540690/posts/714519084129803/
၄
https://www.facebook.com/100067151540690/posts/714519330796445/
၅
https://www.facebook.com/100067151540690/posts/714519684129743/
၆
https://www.facebook.com/100067151540690/posts/714519970796381/
၇
https://www.facebook.com/100067151540690/posts/714520240796354/
၈
https://www.facebook.com/100067151540690/posts/714520624129649/
၉
https://www.facebook.com/100067151540690/posts/714520907462954/
၁ဝ
https://www.facebook.com/100067151540690/posts/714692707445774/
အလွမ်းဆွတ်မှာရှေ့ကမြင်ကွင်းကြောင့် လှမ်းလက်စခြေလှမ်းတွေပါ ရပ်တန့်သွားရတယ်။ပြုံးပျော်နေကြတဲ့နှစ်ယောက်သားကိုကြည့်ပြီး အလွမ်းဆွတ်ရင်တွေမီးမြိုက်ခံနေရသလို ပူလောင်နေမိတယ်။ကားဆီကိုသွားမဲ့ခြေလှမ်းတွေက တုံ့ဆိုင်းကာနေခဲ့မိတယ်။
စိုင်းမြတ်တစ်ယောက် ပန်းရိပ်ဖြူဘက်ကကားတံခါးကိုပိတ်ပေးလိုက်ပြိး ပြန်လှည့်အလာမှာ သူတို့်ကိုလှမ်းကြည့်နေတဲ့ အလွမ်းဆွတ်ကိုတွေ့လိုက်ရတာမို့ အသာလှမ်းပြုံးပြလိုက်တယ်။သူပြုံးပြလိုက်တော့ ရှက်ဝံဝဲမျက်နှာလေးနဲ့ပြန်ပြုံးပြတာကိုတွေ့လိုက်ရတယ်။ စိုင်းမြတ်ခေါင်းကိုအသာဆတ်ပြကာနှုတ်ဆက်လိုက်ပြီး ကားပေါ်ကိုတက်ကာ မောင်းထွက်ခဲ့လိုက်တယ်။
ထုံးစံအတိုင်း သူမကိုမြင်တော့ ခပ်ယောင်ယောင်ပြုံးပြကာထွက်သွားတဲ့စိုင်းမြတ်ကြောင့် အလွမ်းဆွတ်မှာမျက်ရည်တွေရစ်ဝဲနေတဲ့ကြားကနေ ရင်ခုန်သံတွေမြန်ဆန်သွားရပြန်တယ်။ဒီလိုပါပဲ နေ့တိုင်းလိုလို ကားဂိုထောင်မှာအကြည့်ချင်းဆုံ၊ လူချင်းဆုံပြီး အပြုံးလေးတစ်ပွင့်နဲ့ကျေနပ်နေခဲ့ရတာလေ။အလွမ်းဆွတ်ဘဝက အချစ်ရေးမှာတော့ သူဌေးသမီးလေးပန်းရိပ်ဖြူကိုမယှဉ်နိုင်ခဲ့ပါဘူးလေ။
" အလွမ်း မသွားသေးဘူးလား....ကျွန်တော်ဒီနေ့ အလွမ်းရဲ့ကားနဲ့လိုက်ခဲ့ချင်လို့် "
ရုတ်တရက်အနားကိုရောက်လာပြီး ပြောလိုက်တဲ့ဘုန်းသိင်္ခကြောင့် အလွမ်းဆွတ်သတိပြန်ဝင်လာခဲ့မိပြီး
" ရပါတယ် ကိုဘုန်း...လိုက်ခဲ့လေ... "
အလွမ်းဆွတ်ဆီက တုံ့ပြန်စကားကိုကြားလိုက်ရတဲ့အခါ ဘုန်းသိင်္ခက အလွမ်းဆွတ်ရဲ့ကားထဲကိုဝင်ထိုင်လိုက်တယ်။အလွမ်းဆွတ်မှာ ဘုန်းသိင်္ခကိုခွင့်ပြုလိုက်ပြီးတော့မှ ဒီနေ့မသန္တာအလုပ်မဆင်းတာကိုသတိရသွားမိပြီး အခက်တွေ့သွားရတော့တယ်။ခုချိန်မှ ဘုန်းသိင်္ခကို မလိုက်နဲ့လို့ပြောလို့ကလဲ အားနာစရာဖြစ်သွားမယ်။ကြီးတော်ဖြစ်တဲ့ သူဌေးကတော်ဒေါ်ပန်းမြိုင်ကလဲ မနက်စောစောကတည်းက လင်မယားနှစ်ယောက်လုံးအတူထွက်သွားကြတာ။ပြောပြီးမှတော့ စိတ်ရှုပ်ရှုပ်နဲ့ပဲ အလွမ်းဆွတ်ကားပေါ်တက်ထိုင်လိုက်ရတယ်။
~~~~~~~~~~~~~~~~
ကားလေးက စခန်းသာမြို့ရဲ့ မြို့ပတ်လမ်ကတဆင့် ရေတံခွန်တောင်လမ်းမကြီးအတိုင်း ပုံမှန်အမြန်နှုန်းနဲ့မောင်နှင်လာခဲ့တယ်။
" အလွမ်းက ကျောင်းဘယ်မှာတက်တာလဲဗျ "
ဘုန်းသိင်္ခက တိတ်ဆိတ်မှုကိုဖြိုခွဲလိုက်ပြိး စကားစပြောလိုက်တယ်။
" အထက်တန်းထီတော့ စခန်းသာမြို့မှာတက်ခဲ့တာပါ...တက္ကသိုလ်ကိုတော့ မန္တလေးမှာသွားတက်ခဲ့တာပါ ကိုဘုန်း "
" ဪ ...ဒါဆို ...အလွမ်းကစခန်းသာမြို့သူစစ်စစ်ပေါ့ " .
ဘုန်းသိင်္ခရဲ့စကားကြောင့် အလွမ်းဆွတ်ကဘုန်းသိင်္ခကိုကြည့်လိုက်ပြီး
" မြို့သူစစ်စစ်ဆိုက စခန်းသာမှာပဲမွေးတာကိုပြောတာလား ..အဲ့ဒီလိုဆိုရင်တော့ မဟုတ်ဘူးလို့ပြောရမလားပဲ....အလွမ်းကအသက်ရှစ်နှစ်လောက်မှ စခန်းသာကိုရောက်လာခဲ့တာပါ ...အလွမ်းရဲ့အမေက ...အမေပန်းမြိုင်ရဲ့ညီမပါ..အလွမ်းအမေက ...သူနိုင်ငံခြားသွားမလို့ဆိုပြီး အလွမ်းကိုအမေပန်းမြိင်ဆီမှာထားခဲ့တာလေ ..ပြောရရင်တော့... အလွမ်းက စခန်းသာမြို့သူအစစ်တော့မဟုတ်ဘူးပေါ့ ...ဒါပေမဲ့ငယ်ငယ်ကတည်းကနေလာခဲ့တာဆိုတော့ မြို့သူစစ်စစ်လဲဖြစ်နေပါပြီ "
အလွမ်းဆွတ်ရဲ့အသံလေးကပြောရင်းနဲ့အသံလေးတိမ်ဝင်သွားတာကြောင့် ဘုန်သိင်္ခစိတ်မကောင်းစွာအလွမ်းဆွတ်ကိုကြည့်လိုက်မိပြီး တောင်းပန်စကားပြောလိုက်မိတယ်။
" ဆောရီးပါဗျာ..ကျွန်တော်ကအလိုက်မသိမေးလိုက်မိသလိုဖြစ်သွားတယ် "
" ရပါတယ် ကိုဘုန်း....အလွမ်းအတွက်တော့..... အမေပန်းမြိုင်တို့မိသားစုကပဲ အလွမ်းရဲ့မိသားစုပါပဲ ....အမေရင်းကိုခုချိန်ပြန်တွေ့လဲမမှတ်မိတော့ပါဘူး...မှတ်မိသလောက်ပြောရရင်....အလွမ်းရဲ့အမေရင်းကအမေပန်ူးမြိုင်နဲ့ရုပ်ချင်းဆင်တာတော့ မှတ်မိနေတယ် ...ကျန်တာတွေတော့မမှတ်မိတော့ပါဘူး "
" ဟုတ်ကဲ့ ...ကျွန်တော်မေးမိတာအားနာလိုက်တာဗျာ ...မေးလက်စနဲ့သိချင်တာလေးနည်းနည်းလောက်ထပ်မေးခွင့်ပြုပါအုံး....တနေ့က အလွမ်းလုပ်နေတဲ့ကလေးပုံတွေကလေ....သူဌေးတို့ရဲ့ကလေးလား "
ဘုန်းသိင်္ခရဲ့အမေးကြောင့် အလွမ်းဆွတ်က ဘုန်းသိင်္ခကိုအသာငဲ့စောင့်ကြည့်လိုက်မိတယ်။
" ဟုတ်ပါတယ်...အမေပန်းမြိုင်တို့ရဲ့သားအငယ်ဆုံးလေးပါ....လွန်ခဲ့တဲ့ဆယ့်ခြောက်နှစ်ကျော်က မိသားစုအပန်းဖြေထွက်ကြရင်း .... ဓ**ါးပြတိုက်ခံရပြီးပျောက်ဆုံးသွားခဲ့တာပါ...မောင်လေးအထွန်းက အလွမ်းတို့နဲ့နှစ်နှစ်ပဲငယ်ပါတယ်..."
" ဪ ....ဒါဆိုရင်ပန်းရိပ်ဖြူရဲ့မောင်အရင်းပေါ့ ..သူကရောသူ့မောင်ကိုလိုက်မရှာဘူးလား ...ကျွန်တော်တွေ့ရသလောက်တော့ ...ကသစ်မြိုင်မှာအလုပ်အားနေတဲ့သူဆိုလို့် ...သူပဲရှိတာလေ "
" အင်း..သူကရှာချိန်လဲမရပါဘူး...ပြီးတော့ သူကမောင်လေးအထွန်းကိုသတိမရပါဘူး "
" ဗျာ....ဘယ်လိုသတိမရတာလဲ...ကိုယ့်မောင်လေးကိုမလွမ်းဘူးလို့ပြောတာလား....အသက်တွေကြီးလာလိုငယ်ငယ်ကအကြောင်းတွေကိုသတိမရတာကိုပြောတာလား "
" ဒါ...ဒါက....သားငယ်လေးရဲ့ပုံတွေပါလား သမီးလွမ်း...သမီးကိုဘယ်သူလုပ်ခိုင်းထားတာလဲ....ဘယ်နေရာမှာသုံးဖို့အတွက်တဲ့လဲ "
ကြီးတော်ဖြစ်သူရဲ့စကားကြောင့် အလွမ်းဆွတ်က ပုံတွေကိုအထပ်လိုက်ပြန်စီလိုက်ပြီး
" အဖေဘိုခိုင်းထားတာပါ အမေပန်းမြိုင်....ရေတံခွန်တောင်ကြားအပန်းဖြေစခန်ဝန်းတစ်လျှောက်မှာ အသစ်လဲကပ်ဖို့တဲ့...အရင်ပုံဟောင်းတွေလဲ ဖြုတ်လိုက်တာကြာပြီမဟုတ်လား "
အလွမ်းဆွတ်ရဲ့စကားကြောင့် ဒေါ်ပန်းမြိုင်က သားဖြစ်သူရဲ့ပုံတစ်ပုံကိုကောက်ယူလိုက်ပြီး
" အေးအေးဆေးဆေးလုပ်ပါ သမီးလွမ်း....တော်ကြာသမီးရဲ့ကျန်းမာရေးလဲ ထိခိုက်နေပါအုံးမယ်.....အမေပန်းမြိုင်တို့ရှာလာခဲ့ကြတာ ...နှစ်တွေလဲကြာနေခဲ့ပါပြီလေ"
" ဟုတ်ကဲ့ပါအမေပန်းမြိုင်...သမီးအတွက်မစိုးရိမ်ပါနဲ့...သမီးတို့အထွန်းလေးကိုတွေ့အောင်ရှာကြမယ်လေ...သူအသက်ရှင်လျက်ရှိနေမယ်ဆိုရင်...တစ်နေ့နေ့တော့ ကသစ်မြိုင်စံအိမ်ကိုပြန်လာမှာပါအမေပန်းမြိုင်..."
" အမေတို့လဲ ...အဲ့ဒီလိုပဲမျှော်လင့်နေပါတယ်ကွယ်...တစ်နေ့နေ့တော့ ...သားငယ်လေး အမေတို့ဆီကိုပြန်လာမှာ....အမေလဲယုံကြည်နေမိတယ် ..ကဲ..ကဲ ..သမီးလဲအိမ်တော့ ....မို့းချုပ်နေပြီ "
ဒေါ်ပန်းမြိုင်စိတ်မကောင်းစွာပြောပြီးတော့ အလွမ်းဆွတ်ရဲ့အခန်းထဲကထွက်လာခဲ့လိုက်တယ်။
~~~~~~~~~~~~
" ကိုထွန်း....သားငယ်လေးပုံတွေကို အပန်းဖြေစခန်းနားမှာလိုက်ကပ်ခိုင်းထားတယ်ဆို "
ဒေါ်ပန်းမြိုင်ရဲ့အမေးကြောင့် ဦးဘိုထွန်းကလက်ထဲကအရက်ဖန်ခွက်ကိုချလိုက်ပြီးတော့
" အမေကလိုက်ကပ်ခိုင်းထားတယ်မြိုင်...အမေ့သဘောကို မဆန့်ကျင်ချင်ဘူး..."
" မြိုင်လဲမဆန်ကျင်ပါဘူး ကိုထွန်းရယ်....အားလုံးကမြိုင်ကြောင့်ဖြစ်ခဲ့တာမဟုတ်လား...ဒါပေမဲ့ ခရီးသွားတွေလားအောင်ကြိုးစားနေတဲ့အချိန်မှာ...အလုပ်ကိုထိခိုက်မှာစိုးလို့်ပါ.....မြိုင်တို့သားလေးအထွန်းကို... တစ်နိုင်ငံလုံးပတ်ပြီးရှာခဲ့တာပဲ...သားလေးကိုပြန်တွေ့ရင်...မြိုင်ကအပျော်ဆုံးလူဖြစ်မှာပါ "
" အင်းပါကွာ...ဒါတွေကိုထွန်းသိပါတယ်...အမေကလဲ မြိုင့်ကိုအပြစ်ပြောတာမဟုတ်ပါဘူး...သူ့မြေးလေးကိုဘော်ဒီတောင်ပြန်မတွေ့ရလို့် စိတ်မကောင်းဖြစ်နေတာပါ...."
" အဲ့ဒါတော့ဟုတ်ပါတယ်ကိုထွန်းရယ်....ရှင်တဲ့သတင်းလဲမကြားရ...ခန္ဓာကိုယ်လဲပြန်မရဘူး....ပြန်တွေးလိုက်ရင်....ရင်နာရတယ်....မြိုင်တို့လဲမြို့နယ်တိုင်းကသက်ဆိုင်ရာတွေမှာသတင်းပို့ပြီးစုံစမ်းခဲ့တာပဲလေ ...ကိုထွန်းရောဘယ်လိုထင်မိလဲ...သားလေးကအသက်ရှင်လျက်ရှိနေနိုင်သေးတယ်မဟုတ်လားဟင် "
ဒေါ်ပန်းမြိုင်က မျက်ရည်အဝဲသားနဲ့မေးလိုက်တော့ ဦးဘိုထွန်းရီဝေနေတဲ့မျက်လုံးတွေနဲ့ဇနီးဖြစ်သူကိုကြည့်လိုက်ပြီး
" ကိုထွန်းတို့် ဒီလောက်ရှာနေတာတောင်မတွေ့ဘူးဆိုတော့ ...သားလေးကဒီလောကကြီးထဲမှာမရှိတော့ဘူးလို့ပဲထင်တယ်....တွေးလို့ရသလောက်တော့ ....အမှုဖြစ်တုန်းကနွေရာသီလေ...အဲ့ဒီအချိန်တွေမှာ မနက်လင်းအားကြီးတွေမှာမုဆိုးတွေတောပစ်ထွက်တတ်တယ်မဟုတ်လား...ကိုယ်ထင်တာကတော့...မုဆိုးတစ်ယောက်ယောက်က ...တောထဲလျှောက်ပြေးနေတဲ့သားငယ်လေးကိုသားကောင်ထင်လို့ပစ်လိုက်မိတာဖြစ်မယ်...ပစ်လိုက်ပြီးမှလူမှန်းသိလို့ ဖျောက်ဖျက်ပစ်လိုက်တာလို့ထင်မိတယ် "
ဦးဘိုထွန်းကအံကိုတင်းတင်းကြိတ်ကာဖြေလိုက်ရင်း အရက်ဖန်ခွက်ိကိုမော့သောက်လိုက်တယ်။ဦးဘိုထွန်းကိုကြည့်ပြီး ဒေါ်ပန်းမြိုင်ကသက်ပြင်းရှည်ကြီးကိုချလိုက်တယ်။
" ကိုထွန်းခံစားနေရသလို ..မြိုင်လဲခံစားနေရပါတယ်ကိုထွန်းရယ်...အသက်တွေလဲရလာပြီမို့ အရက်ကိုလျှော့သောက်ပါ...သမီလေးရဲ့ရှေ့ရေးကရှိသေးတယ်မဟုတ်လား...မပြောကောင်းမဆိုကောင်း ဒီအချိန်မှာသာ ....မြိုင်တို့တွေတစ်ခုခုဖြစ်သွားရင်...သမီးလေးဒုက္ခရောက်သွားလိမ့်မယ်ကိုထွန်း....ဘာမဆိုသမီးလေးအတွက်ငဲ့ပါနော် "
" အင်းပါ မိန်းမရယ်...ကိုယ့်ခေါင်းထဲမှာ သမီးအကြောင်းကိုအမြဲတွေးပါတယ်...အရက်ကိုလဲတဖြည်းဖြည်ချင်းဖြတ်နေပါပြီ ...ကဲပါကွာ မြိုင်အရင်အိပ်နှင့်နော် "
" အင်းပါ...ကိုထွန်းလဲ ...ဒါကုန်ရင်တော်တော့နော်...သွားထပ်မယူနဲ့တော့နော် "
ဒေါ်ပန်းမြိုင်ရဲ့စကားကိုဦးဘိုထွန်းကခေါင်းငြိမ့်ပြလိုက်တယ်။ဒေါ်ပန်းမြိုင်က ပြတင်းပေါက်တံခါးတွေကိုလိုက်ပိတ်ပြီး အိပ်ဖို့ပြင်လိုက်တယ်။
~~~~~~~~~~~~~~
" ဟာ...ပန်းရိပ် ...ကျွန်တော်နဲ့လိုက်ခဲ့မလို့လား "
စိုင်းမြတ်ရုံးသွားခါနီးမှာ သူ့ကားနားမှာရပ်နေတဲ့ ပန်းရိပ်ဖြူကိုတွေ့လိုက်ရတာမို့ အံ့ဩတကြီးနဲ့မေးလိုက်မိတယ်။
" အင်း...ဟုတ်တယ်...ဒီနေ့တော့ ..တခြားသူမောင်းတဲ့ကားကိုစီးချင်လို့လေ...ကိုယ်တိုင်ကားမောင်းချင်စိတ်မရှိလို့်ပါ ...ပန်းရိပ်လိုက်လို့်ရတယ်မဟုတ်လား"
" ရတာပေါ့ ပန်းရိပ်ရယ်....ရှေ့ခန်းကစီးမလား...နောက်ခန်းကစီးမလား ပန်းရိပ်သဘောနော် "
" ရပါတယ်...ပန်းရိပ်ရှေ့ခန်းကပဲစီးပါမယ်ကိုစိုင်းမြတ် "
ပြောပြောဆိုဆိုနဲ့ပဲ ပန်းရိပ်ဖြူ ကားရှေ့ခန်းမှာဝင်ထိုင်ဖို့ပြင်လိုက်တယ်။ဒီအခါ စိုင်းမြတ်က ပန်းရိပ်ဖြူဘက်ကကားတံခါးကိုအပြေးဖွင့်ပေးလိုက်တယ်။
#စံအိမ်ခေါ်သံ
(အခန်းဆက်ဝတ္ထု )
အပိုင်း(၁၁)
akyiphyu
*********
အေးစက်စက်မျက်နှာထားနဲ့ခုံမှာဝင်ထိုင်လိုက်တဲ့ ချွေးမဖြစ်သူကို ဘွားကြေးဥကလဲ ခပ်တင်းတင်းပဲ ပြန်ကြည့်လိုက်ပြီး မေးလိုက်တယ်။
"ကဲ ..ဘာကိစ္စများပြောချင်လို့ ....အိမ်ကိုမလာစဖူးလာရတာလဲပြော "
" ဟုတ်ကဲ့ အမေ ... သမီးပန်းရိပ်ရဲ့ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီးပြောချင်လို့ပါ အမေ...သမီးကနေမကောင်းဘူးဆိုတာ...အမေလဲသိသလို မောင်စိုင်းမြတ်လဲ သိနေတယ် အမေ ... ကျွန်မရှင်းရှင်းပဲပြောပါမယ်အမေ ....မောင်စိုင်းမြတ်လို ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်က ...သမီးပန်းရိပ်လို စိတ်ကျန်းမာရေးသိပ်မကောင်းတဲ့သူကို စိတ်ဝင်စားပါ့မလား အမေရယ်...သမီးလေးပန်းရိပ်ခမျာ .. အတန်းပညာကိုလဲ အိမ်မှာပဲ ဆရာခေါ် သင်ခဲ့ရတဲ့ကလေးပါ.....ဒါတောင်သူ့စိတ်က မထင်ရင်မထင်သလို ထသောင်းကျန်းတတ်လို့ ...စာရေးတတ်ဖတ်တတ်ရုံပဲသင်ခဲ့ရတာပါ....စိတ်ကလဲ သိပ်ကျန်းမာနေတာမဟုတ်သလို ... သူများထက် ထူးပြီး လှပချောမောနေတဲ့ မိန်းကလေးမျိုးလဲမဟုတ်ပါဘူး....ကုန်ကုန်ပြောရရင် သမီးပန်းရိပ်မှာစည်းစိမ်ချမ်းသာတွေပဲ ရှိတာပါအမေ....ဒီလိုအချိန်မျိုးမှာသမီးပန်းရိပ်ကို လက်ထပ်ချင်တယ်ဆိုတဲ့သူကသမီးလေးကိုချစ်လို့မဟုတ်ဘဲ ...သမီးလေးပိုင်ဆိုင်မဲ့စည်းစိမ်ချမ်းသာတွေကို မက်လို့ပဲနေမှာပါ....ဒါ့ကြောင့်မို သမီးရဲ့အိမ်ထောင်ရေကိုမလောစေချင်ဘူး....သမီးလေးကသူ့ဘာသာအေးအေးချမ်းချမ်းရှိနေတာကို ဒုက္ခမများစေချင်ပါဘူး ...အဲ့ဒါကြောင့် အမေစီစဉ်နေတာကို ရပ်ပေးဖို့လာပြောတာပါ "
ဒေါ်ပန်းမြိုင်ရဲ့စကားအဆုံးမှာ ဘွားကြေးဥတစ်ယောက်ဒေါသအကြီးအကျယ်ထွက်သွားရတော့တယ်။
" ဪ ...ညည်းပြောပုံက ...ဘွားအေဖြစ်တဲ့ငါကရော ဒါတွေက်ိုမစဉ်းစားမိဘူးထင်နေတာလားပြောစမ်းပါအုံး ....မောင်စိုင်းမြတ်ရဲ့ အကြောင်းကို ညည်းကဘယ်လောက်သိလို့ ...လာပြောနေရတာလဲ....မောင်စိုင်းမြတ်က မြေးလေးပန်းရိပ်ကိုမေတ္တာရှိနေတာကိုသိလို့...ငါကလဲဒီကိစ္စကိုပြောနေရတာ...အေး...ပြီးတော့ မြေးလေးပန်းရိပ်က ငါ့ရဲ့နောက်ဆုံးမျိုးဆက်ဖြစ်မှာကို စိုးရိမ်တယ်,...အခုဆိုရင် ပန်းရိပ်အသက်ကလဲမကြာခင်မှာ နှစ်ဆယ့်ခြောက်နှစ်ပြည့်တော့မှာ ...အဲ့ဒီတော့ ဦးထွန်းခိုင်နဲ့ဒေါ်ကြေးဥရဲ့မျိုးဆက်မပြတ်ရေးအတွက်ပါ....မြေးလေးပန်းရိပ်ကိုအိမ်ထောင်ချပေးဖို့ ပြင်ဆင်ရမယ်...တစ်သက်လုံးအိမ်ထောင်မပြုခိုင်းဘဲတော့ထားလို့မရဘူး "
ယောက္ခမဖြစ်သူရဲ့စကားကြောင့် ဒေါ်ပန်းမြိုင်သက်ပြင်းရှည်ကြီးကိုချလိုက်မိတယ်။
" ကျွန်မကလဲ ...သမီးပန်းရိပ်ကိုတစ်သက်လုံးအိမ်ထောင်မပြုခိုင်းတာမဟုတ်ပါဘူးအမေ...ဘာပဲဖြစ်ဖြစ် အလိမ်အညာတွေများတဲ့လောကကြီးမှာ...သမီးပန်းရိပ်ကိုတကယ်ချစ်တဲ့သူနဲ့ပဲဆုံစေချင်ပါတယ်....အိမ်ထောင်ပြုမယ်ဆိုရင်လဲ...သူချစ်တဲ့သူနဲ့ပဲအိမ်ထောင်ပြုစေချင်ပါတယ် ...သမီးကိုယ်တိုင်က သူ့မှာချစ်သူရှိနေပြီလို့ ဖွင့်ပြောလာခဲ့ရင်...သမီးချစ်သူကို ကျွန်မကိုယ်တိုင်ခေါ်တွေ့မှာပါ အမေ ..သမီးပန်းရိပ်စိတ်ချမ်းသာဖို့ကပဲ အဓိကပါ...အဲ့ဒါလေးပြောချင်လို့လာခဲ့တာပါ....ကျွန်မပြန်တော့မယ် "
ဒေါ်ပန်းမြိုင်ကပြောပြီးတာနဲ့ထိုင်နေရာက ထလိုက်တယ်။
" ဒီမှာ ပန်းမြိုင်....ညည်းပြောတာလဲ ကျုပ်စောင့်ကြည့်လိုက်မယ်ဟုတ်ပြီလား...မြေးလေးပန်းရိပ်နဲ့မောင်စိုင်းမြတ်တို့ နှစ်ဦးသဘောတုမေတ္တာရှိသွားကြရင်တော့...ညည်းဘက်ကစကားပြောင်းဖို့မစဉ်းစားနဲ့နော်...ငါကလဲ...ငါ့မြေးလေးနှစ်ဆယ်ခြောက်နှစ်ပြည့်တဲ့နေ့အထိစောင့်နေတာပါ ....ညည်းတို့ကိစ္စတွေပြီးသွားရင် ...ငါ့မြေးကိုငါ့အိမ်မှာပဲခေါ်ထားမှာ "
ဘွားကြေးဥရဲ့စကားကြောင့် ဒေါ်ပန်းမြိုင်ခပ်မဲ့မဲ့တစ်ချက်ပြုံးလိုက်မိပြီး
" အမေ့တူနဲ့တူမက ဘယ်လောက်ထိ စိတ်ချရလို့လဲအမေ...တကယ်လို့များ သမီးပန်းရိပ်ပြောနေသလိုပဲ...သမီးပန်းရိပ်နောက်ကို တစ်ယောက်ယောက်ကအမြဲနောက်ယောင်ခံလိုက်ပြီး လုပ်ကြံဖို့ကြိုးစားနေတာဆိုရင် ....အဲ့ဒီလုပ်ကြံတဲ့သူတွေက ကျွန်မဘက်ကအမျိုးတွေပဲတော့မဖြစ်နိုင်ပါဘူး အမေ...တကယ်ဆိုရေတံခွန်တောင်ကြားကမြေတွေက ကျွန်မအမေတစ်ဦးတည်းပိုင်ဆိုတာ...စာချုပ်စာတမ်းအပြည့်အစုံရှိပြီးသားပါ....အမေတို့ညီအစ်မအမွေခွဲစဉ်ကတည်းက...ဒေါ်လေးက ထင်ရှူးမြိုင်ကမြေတွေကိုပဲယူခဲ့တာပါ....ဘယ်လိုပဲရှင်းရှင်း...ရေတံခွန်တောင်ကြားကမြေနေရာတွေက ...ဒေါ်လေးတို့နဲ့မပတ်သက်ပါဘူး...ဒေါ်လေးတို့မိသားစု စခန်းသာကိုပြောင်းလားတယ်ဆိုတာကလဲ...သူတို့အတွက် စခန်းသာမှာအလုပ်အကိုင် ပိုပြီးအဆင်ပြေလို့် ပြောင်းလာခဲ့တာပါ ..သတိထားရမယ်ဆိုရင်တော့ အမေ့အမျိုးတွေကိုပဲပိုပြီး သတိထားရမယ်ထင်တယ် "
ဒေါ်ပန်းမြိုင်ကပြောပြီးတာနဲ့ လှည့်ထွက်လာခဲ့လိုက်တယ်။
~~~~~~~~~~~~~
" အလွမ်းဆွတ်...ဘာတွေလုပ်နေတာလဲသမီး...မိုးချုပ်နေပြီအိပ်တော့လေ "
ဒေါ်ပန်းမြိင်က ပြောရင်းနဲ့ အလွမ်းဆွတ်ဘေးနားမှာ ဝင်ထိုင်လိုက်တယ်။ဒီအခါမှပဲ အလွမ်းဆွတ်ဘာတွေလုပ်နေတယ်ဆိုတာကို ဒေါ်ပန်းမြိုင်တွေ့လိုက်ရတော့တယ်။ဒေါ်ပန်းမြိုင် တုန်ဃင်နေတဲ့လက်အစုံနဲ့ဗီနိုင်းပုံတစ်ပုံကောက်ကိုင်လိုက်မိတယ်။
