uk
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

Відкрити в Telegram

Показати більше
803
Підписники
+424 години
+167 днів
+4630 день
Архів дописів
" ဟုတ်လား ..မသိပါဘူး ...သူ့ဘာသာရေးချင်တာရေးပါစေ ... လူဆိုတာဒီလိုပါပဲ....သူများကို မတရားပြောပြီးရင် မကြာခင်မေ့သွားကြတာပါပဲ " အေးတိအေးစက်နဲ့ ပြောနေတဲ့မြယွန်းမီကို.ကြည့်ပြီးမေမိုးစက်နားမလည်နိုင်ပါ။သိကျွမ်းခင်မင်လာကြတဲ့ (၂)နှစ်အတွင်းမှာ မေမိုးစက်ကသာ ကိုယ့်ဘ၀အကြောင်းကို ရှင်းပြပြောပြခဲ့ပေမဲ့ မြယွန်းမီကတော့ အမေနဲ့အတူနေတယ်ဆိုတဲ့အကြောင်းထက်ပိုပြီး ပြောပြတာမျိုးမရှိခဲ့။ယုတ်စွအဆုံး မြ ယွန်းမီဘယ်မြို့နယ်မှာနေတာလဲဆိုတာကိုပင် မေမိုးစက်မသိ ရိုးအမှန်။ "နင် မနေ့က ...ဘာပြဿနာတက်လို့လဲယွန်း ... " " ဒီလိုပါပဲ ... ထွေထွေထူးထူး မဟုတ်ပါဘူး " မေမိုးစက်အနားမှာ ဆက်နေနေရင်မေးခွန်းတွေ ထပ်ထွက်လာမှာစိုးတာကြောင့် မြယွန်းမီအခန်း ထဲကထွက်လာခဲ့လိုက်တယ်။စိတ်ထဲမှာ အနှောက်အယှက်ဖြစ်နေရင် အလုပ်က ဘယ်လိုမှအဆင်မပြေဘူး ။ အဲ့ဒါကြောင့် တော်ရုံဆို မြယွန်းမီ ဘာကိုမှမတွေးတာ။ မြယွန်းမီခေါင်းထဲမှာ တွေးနေတာက ဟာလာဟင်လင်းဖြစ်နေတဲ့ အိမ်အလွတ်ကြီးထဲမှာ မိသားစုတွေ ပျော်ပျော်ရွှင်ရွှင်အေးအေးချမ်းချမ်းနဲ့နေရအောင် အိမ်တွင်း အလှအပကို ဘယ်လိုပြင်ဆင်ပေးရမလဲဆိုတာတွေကို အချိန်ပြည့်တွေးနေခဲ့တာ။ဘာပဲဖြစ်ဖြစ်အလုပ်လုပ်နေရရင် မြယွန်းမီရဲ့ စိတ်တွေတည်ငြိမ်အေးချမ်းနေတတ်တယ်လေ။ ~~~~~ ဖုန်းမျက်နှာပြင်ကိုကြည့်နေ တဲ့ ပိုးအိခင်ရဲ့မျက်လုံးတွေက နဂါးမလေးတစ်ကောင်လိုမီးထတောက်လုမတတ် ကြောက်စရာကောင်းနေခဲ့တယ်။ "ဗီဒီယိုဖိုင်ကိုသေချာကြည့်ရင် အဲ့ဒီဟာမတမင်ဂွင်ဆင်တယ်ဆိုတာ ထင်ရှားနေတာပဲ ... ဒီမှာကြည့်ပါလား ... စာရွက်ကိုလှမ်းယူသလိုလိုနဲ့ကိုထူးပေါ် တမင်လှဲချလိုက်တာ ...ဒီလိုမိန်းမမျိုးတွေကြောင့် ယောကျာ်းတွေဖောက်ပြန်တာပေါ့ ...သူများမှာပိုင်ရှင်ရှိမှန်းသိလဲ ... ပိုင်ရှင်ရှိတာကိုမှ ပိုလိုချင်တယ်ဆိုတဲ့ ...အဆင့်မရှိတဲ့ အောက်တန်းစားသူခိုးမတွေ " ပျစ်ပျစ်နှစ်နှစ်ဝေဖန်ဆဲဆိုနေတဲ့ ပိုးအိခင်ကိုကြည့်ပြီး တေဇနှာခေါင်းကို မသိမသာရှုံ့လိုက်မိတယ်။ပိုးအိခင် မကျေမနပ်ပြောနေတဲ့စကားတွေက ကိုယ့်ချစ်သူရည်းစားကို တခြားအမျိုးသမီးတွေက လာမြူဆွယ်တဲ့အခါ ပြောသင့်ပြောထိုက်တဲ့ စကားတွေမှန်ပေမဲ့ ပိုးအိခင်နဲ့ ဟန်နေထူး ဘာမှမသက်ဆိုင်တာကို သိနေတဲ့တေဇတို့ အုပ်စုအတွက်ကတော့ ကြားရတာ စိတ်ပျက်စရာဖြစ်နေခဲ့တယ်။ ဒါပေမဲ့ ပိုးအိခင်ကတော့ မိဘချင်း ရင်းနှီးတာကို အခွင့်ကောင်းယူပြီး ဟန်နေထူးနဲ့ သူမက ချစ်သူရည်းစားတွေလို ပုံစံဖမ်းနေခဲ့တာ ။အွန်လိုင်းပေါ်မှာဆိုရင် ပိုးအိခင်ကလဲဖော်လိုဝါ သိန်းချီတဲ့ဆယ်လီတစ်ယောက်ပဲလေ။လိုင်းပေါ်မှာ သူမရဲ့ကောင်း သတင်းမှန်သမျှတင်ပြီး နာမည်ကြီးနေတဲ့သူ။ " ဒါနဲ့ ...ကိုထူးက ဘယ်သွားတာလဲ ကိုတေဇ ...ပိုးအိဆီကို ဖုန်းတွေဘာတွေတောင်မဆက်ဘူး " ပိုးအိခင်က မကျေမနပ်ပြောပြီး တေဇကိုလှည့်မေးလိုက်တယ်။ " နေထူး ဘယ်သွားလဲဆိုတာ ငါလဲသေချာမသိဘူး ...ဆိုင်သစ်ဖွင့်ဖို့ လုပ်ထားတဲ့ဆိုင်ကို.သွားမယ်လို့တော့ပြောတာပဲ ....သွားဖြစ်လား မသွားဖြစ်လားမသိဘူး " " မသိလဲနေပါတော့ ..ပိုးအိပြန်တော့မယ် ..." ဒေါက်ဖိနပ်သံပြင်းပြင်းနင်းပြီး ထွက်သွားတဲ့ပိုးအိခင်ကို ကြည့်ပြီး တေဇခေါင်းကို ခါယမ်းလိုက်မိတယ်။ ပိုးအိခင်ပုံစံက ဟန်နေထူးရဲ့ကော်ဖီဆိုင်ကို သူမရဲ့ ဆိုင်လို့ထင်နေပုံပင် ။ဆိုင်လာရင် ဘယ့်သူ့ကိုမှ ဂရုမစိုက်တဲ့ပုံမျိုးနဲ့လေ။ ~~~~ "ကော်ဖီဆိုင်တစ်ဆိုင်အတွက်ပြင်ဆင်ပေးရမယ် ....သူက ကော်ဖီဆိုင်မှာ စာအုပ်တွေပါထားချင်တာ ..ဆိုင်ကနှစ်ထပ်ကို အတတက်အဆင်းလှေကားတွေမှာပါ ....အလှဆင်ချင်တာ .. ဘယ်လိုလဲ ဒီအလုပ်အတွက် မြ ယွန်းမီလက်ခံမလား " သူဌေးရဲ့စကားကြောင့် မြ ယွန်းမီဝမ်းသာသွားမိတယ်။လက်ရှိ ပြင်ဆင်နေတဲ့တိုက်ခန်းကပြီးတော့မှာမို့နောက်ထပ် ကိုယ့်အတွက် ဆိုက်မရမှာကိုစိတ်ပူနေ ခဲ့ရတာ ။အဓိကက ငွေရဖို့ဆိုတာထက် အလုပ်ကိုအဆက်မပြတ်လုပ်ချင်နေတဲ့စိတ်ကြောင့်လို့ ပြောရမှာပဲ။ အခုလိုမျိုး သူဌေးက အလုပ်ဆိုက်တစ်ခုချက်ချင်းချိတ်ပေးတော့ မြယွန်းမီးကျေနပ်သွားမိတယ်။ "ရပါတယ် ဆရာ ... ကျွန်မကြိုးစားကြည့်ပါ့မယ် ... ပိုင်ရှင်က အချိန်ဘယ်လောက်ပေးလဲဆရာ ..." " ပိုင်ရှင်ဘက်ကတော့ဖြစ်နိုင်ရင် ...အချိန်တစ်လအတွင်းတဲ့ ... ဒါပေမဲ့ တစ်လအတွင်းတော့ မပြီးနိုင်ဘူးလို့ ဆရာညှိပေးထားပါတယ် .. ဒါဆို အလုပ်ကိုလက်ခံလိုက်ပြီနော် .. ပရိဘောဂတွေအတွက် တွဲဖက်ကို မေမိုးစက်ကိုပဲ တာဝန်ပေးလိုက်မယ် ..... နောက်ရက်မှာပိုင်ရှင်နဲ့တွေ့ပေးမယ် .... " "ဟုတ်ကဲ့ပါ ဆရာ " @@@@@@@@@@@@@@@ အပိုင်း ( ၄ ) ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ

"ဟုတ်ပါပြီလေ ... ထားလိုက်ပါတော့ ...ကျွန်တော့်ဘက်က တတ်နိုင်သလောက် ဖြေရှင်းကြည့်မယ် ..ဒီသတင်းအတွက် ကျွန်တော်လဲထိခိုက်နစ်နာရတယ်ဆိုတာကို ...ခင်ဗျားသူငယ်ချင်း ကိုပြောပြလိုက်ပါအုံး " "ဟုတ်ကဲ့ ... ကျေးဇူးတင်ပါတယ် ကိုဟန်နေထူး ..မိုးစက်ကို ပြန်ခွင့်ပြုပါအုံး " [ ] "ဟုတ်ကဲ့ပါ မိုးစက် ... နောက် တွေ့ရင်လဲခေါ်ပါနော်....ကျွန်တော်တို့ သူငယ်ချင်းတွေဖြစ်သွားပြီလို့ သက်မှတ်လိုက်ပါနော် " မေမိုးစက်က နှုတ်ဆက်စကားပြောတော့ တေဇတစ်ယောက်ယောင်ယမ်းပြီး မတ်တတ်ရပ်ကာ စကားတွေပြော လိုက်တယ်။ ~~~~ "ဘယ်လိုဖြစ်တာလဲ အမေ ... သူတို့က ဘာကိစ္စဖုန်းဆက်ရတာလဲ " တိုက်ခန်းထဲဝင်ဝင်ချင်းမှာပဲ နွမ်းလျမောပန်းနေပုံပေါက်နေတဲ့ မိခင်ကိုကြည့်ပြီး မြယွန်းမီမေးလိုက်တယ်။ " ညကသတင်းကိုတွေ့လို့ဆက်တာတဲ့လေ .. ဖုန်းနံပတ်ဘယ်လိုရသွားလဲမသိဘူး ...ဖုန်းနံပတ်တောင်သိသွားပြီဆိုတော့ အိမ်လဲသိသွားလောက်ပြီ ...အမေတို့ဘယ်လိုလုပ်ကြမလဲဟင် ... အိမ်ထပ်ပြောင်းကြမလားဟင် ... သမီး အစ်ကိုဆီဖုန်းဆက်ပြီး ဖုန်းနံပတ် လဲပြောင်းလိုက်တော့မယ် .." သွေးရူးသွေးတန်းဖြစ်နေတဲ့မိခင်ရဲ့ဘေးမှာ မြယွန်းမီဝင်ထိုင်လိုက်ပြီး "စိတ်ကိုထိန်းအုံး အမေ ...သမီးတို့က ဘာလို့အိမ်ပြောင်းရမှာလဲ ..သမီးတို့ ဘာအပြစ်လုပ်ထားလို့လဲ ..အားလုံးတရားရုံးမှာရှင်းပြီးသားကိစ္စတွေလေ ....အမေက ဘာကိုကြောက်နေတာလဲ " မြယွန်းမီဖျောင်းဖျစကားကိုပြောလိုက်ပေမဲ့ မိခင်ရဲ့မျက်နှာက ဒေါသနဲ့ မာထန်သွားပြီး "နင်က ဘာသိလို့လဲမြယွန်းမီရဲ့ ...သူတို့ကဒီလောက်အောက်တန်းကျတာ ...ကြောက်ရမယ်ဟဲ့ ..ကြောက်ရမယ် .... တော်ကြာနင့်အစ်ကိုကို လိုက်နှောက်ယှက်နေရင် ဘယ်လိုလုပ်မလဲ .....ဒင်းတို့နဲ့ မပတ်သက်ချင်ဘူး ... နင့်အစ်ကို ပြန်မလာခင် အိမ်ပြောင်းမှဖြစ်မယ် ... အိမ်ပြောင်းမှကိုဖြစ်မှာ '' အရူးတစ်ယောက်လို တတွတ်တွတ် ပြောဆိုရေရွတ်နေတဲ့မိခင်ကိုကြည့်ပြီး မြယွန်းမီစိတ်မကောင်းဖြစ်မိသလို စိတ်လဲတိုလာမိတယ်။ "တော်ပါတော့ အမေရယ် ....အမေ့သားကအသက်နှစ်ဆယ်အရွယ်လဲ မဟုတ်တော့ပါဘူး ... အသက် (၂၇) ဖြစ်နေပြီ ....ဒီအရွယ်မှာ အမေဘာမှလိုက်ပူနေစရာမလိုဘူး ...သူဖြစ်သူခံပဲ ...မိုက်မိုက်ရိုင်းရိုင်းပြောရရင်... မိန်းမတစ်ယောက်က သူ့ရှေ့မှာကိုယ်လုံးတီးချွတ်ပြလဲ သူစိတ်ပါမှဖြစ်မှာ... တစ်ခါခံခဲ့ရဖူးတာကို မမှတ်ဘဲ ဆက်မိုက်ရင်... သူ့ထိုက်နဲ့သူ့ကံပဲပေါ့...ဒီတစ်ခါထောင်ကျကျတန်းကျကျ သူ့ဘာသာခံလိမ့်မယ် " " ဘာပြောလိုက်တယ် မိယွန်း ...နင်ဘယ်လိုပြောလိုက်တယ် ....နင်အခုပြောနေတာ နင့်အစ်ကိုအရင်းခေါက်ခေါက်ဆိုတာကို သတိရရဲ့လားဟင် ....နင်အဲ့လောက်အကြင်နာတရားနည်းရလား ..တစ်ကိုယ်ကောင်းဆန်ရလားဟဲ့ ကျေးဇူးကန်းမရဲ့ ... နင်ဘွဲ့ရဖို့အတွက် ...နင့်ကိုငွေပို့ပေးခဲ့တာသိရဲ့လားကျေးဇူးကန်းမရဲ့ ...နင့်အစ်ကိုသာ မထောက်ပံ့ခဲ့ရင် ...နင်လမ်းဘေးမှာဈေးထိုင် ရောင်းနေရလောက်ပြီ " မညှာမတာပြောချလိုက်တဲ့ မိခင်ရဲ့ စကားလုံးတွေကြောင့် မြ ယွန်းမီနေရာက ထထွက်ခဲ့လိုက်တယ်။မိခင်နားမှာ ဆက်ထိုင်နေရင်လဲ သားအမိနှစ်ယောက် စကားများရုံပဲရှိမှာ။တစ်ခုခုဖြစ်တိုင်းပြောတတ်တဲ့ "ကျေးဇုးကန်းမ " ဆိုတဲ့ စကားကိုလဲမကြားချင်တော့ဘူး။မြယွန်းမီ တက္ကသိုလ်နောက်ဆုံးနှစ်တက်နေချိန်မှာ အချိန်ပိုင်း အလုပ်တွေလဲမလုပ်နိုင်တော့လို့ ၀င်ငွေကထိုးကျသွားခဲ့ရတယ်။နောက်ဆုံးနှစ်မို့ စာတွေကလဲခက်ခဲ၊ကျောင်းစရိတ်ကလဲအကုန်အကျများလာခဲ့တယ်။ဒီအချိန်မှာ နိုင်ငံခြားရောက်နေတဲ့အစ်ကိုဖြစ်သူဆီက ငွေပို့ပေးခဲ့လို့ အဲ့ဒီငွေနဲ့ မြယွန်းမီကျောင်းပြီးတဲ့အထိတက်ခဲ့ရသလို့ အဲ့ဒီအချိန်ကစပြီး မိခင်ရဲ့စကားလုံးတွေတိုင်းမှာ နင့်အစ်ကိုကျေးဇူးရှင်ဆိုတဲ့ စကားလုံးတွေ ပါလာခဲ့တာပဲ။ မိခင်ဖြစ်သူ အဲ့ဒီလိုပြောတိုင်း"အဲ့ဒီနိုင်ငံရောက်ဖို့ ဘယ်သူရှာထားတဲ့ငွေနဲ့ သွားခဲ့တာလဲ "လို့ စိတ်ပေါက်ပေါက်နဲ့ မြယွန်းမီမေးပစ်လိုက်ချင်ခဲ့တာ။ ပြောလိုက်ရင်တော့ မိဘရဲ့ မေတ္တာဆိုတာ သားသမီးတွေပေါ်မှာ ဆတူမျှတူထားတာတဲ့လေ။ကြာတော့ ဒီစကားတွေကိုမြယွန်းမီအယုံအကြည်မရှိချင်တော့တာ အမှန်ပဲ။သူမဘက်က မေတ္တာတွေ နားလည်မှုတွေဘယ်လောက်ပဲ ပေးခဲ့ပါစေ သားမှသားပဲဖြစ်နေခဲ့တဲ့မိခင်။သားကိုမကျနပ်တဲ့စိတ်တွေကို သမီးဖြစ်တဲ့သူမအပေါ် ပုံချခဲ့တဲ့မိခင်။ပြီးတော့ သူမဘက်က အနွံတာခံသည်းညည်းခံပြီး ချစ်ပေးခဲ့သလောက် သူမအပေါ် အနိုင်ကျင့်ရက်စက်လွန်းခဲ့တဲ့ အစ်ကို။သေချာတာက သူမရဲ့ ဆယ်ကျော်သက်အရွယ် တစ်လျှောက်လုံးက မိခင်နဲ့အစ်ကိုဖြစ်သူတို့အတွက် သဲအိတ်သာသာဖြစ်တည်မှုနဲ့ပဲရှင်သန်ခဲ့ရတာ။ရှေ့ဆက်ပြီးဒီလိုခံစားချက်မျိုးတွေနဲ့ မြယွန်းမီမရှင်သန်ချင်တော့ဘူး။ ~~~~~~~ ".ဟန်နေထူးက စီစီတီဗီက မှတ်တမ်းကိုတင်လိုက်တယ်သိလား...ဖြစ်စဉ်ကိုလဲသူရှင်းပြထားတယ် " "ဟုတ်လား " မေမိုးစက်က ဝမ်းသာအားရပြောလိုက်ပေမဲ့ မြယွန်းမီဘက်က ခေါင်းတစ်ချက်သာငြိမ့်ပြလိုက်ပြီး လုပ်လက်စအလုပ်ကိုပဲ အား ရုံစိုက်ပြီးလုပ်နေခဲ့တယ်။ "ဒါနဲ့ ယွန်းတို့နဲ့ မတည့်တဲသူတွေ ဘာတွေများရှိလားဟင် ... မေလေးဆိုတဲ့အကောင့်က .... မကောင်းတဲ့ မှတ်ချက်တွေပဲဝင်ရေးနေတယ် "

" ဟုတ်တယ်လေ ...ရှင်တို့လိုလူမျိုးတွေက ... လူတွေစိတ်ဝင်စားတာကိုခံချင်တဲ့ရောဂါဖြစ်နေတာလေ... ထမင်းစားရေသောက်တဲ့ကိစ္စက အစ ....လူတွေသိအောင်လိုင်းပေါ်တင်နေတာလူစိတ်ဝင်စားတာခံချင်လို့မဟုတ်ဘူးလား ..တကယ်ဆို သတင်းလိမ်သတင်းတုတွေထွက်လာကတည်းက... ဆိုင်ထဲကစီစီတီဗီမှတ်တမ်းချပြလိုက်ရင်ပြီးပြီပေါ့ ...အခုတော့ ရှင်နာမည်ကြီးသထက်ကြီးဖို့... မိန်းမတစ်ယောက်ကိုအရှက်ခွဲပြီး အသုံးချနေတာလား " မြယွန်းမီရဲ့ စကားလုံးတွေက စက်သေနတ်နဲ့ပစ်နေသလို အဆက်မပြတ်ထွက်ပေါ်လာခဲ့တယ်။စကားတွေ အများကြီးမပြောချင်ဘူးဆိုပြီး တရစပ်ပြောနေတဲ့ မြယွန်းမီကိုကြည့်ပြီး မေမိုးစက်ပါမျက်လုံးပြူးပြီး အံ့ဩနေရတယ်။ဟန်နေထူးမှာလဲ မြယွန်းမီရဲ့ စွပ်စွဲချက်တွေအောက်မှာဖြေရှင်းချက်ပေးချိန်ပင်မရဖြစ်နေရတယ်။ "ဟေ့ ဒီမှာ ...မင်းပြောတာရပ်ပြီး ငါပြောတာကို နားထောင်အုံး ..ငါလဲ အဲ့ဒီလောက်ထိမစဉ်းစားမိလို့ ကွ ... နာမည်ကြီးဖို့အတွက် မိန်းမတစ်ယောက်ကို ခုတုံးလုပ်ရလောက်အောင် ငါအောက်တန်းကျတဲ့ယောကျာ်းမဟုတ်ဘူးကွသိရဲ့လား ..မင်းစိတ်ထင်တိုင်း စွပ်စွဲမနေနဲ့ ... စီစီတီဗီမှတ်တမ်းနဲ့ ဖြေရှင်းစေချင်တာမဟုတ်လား ..စိတ်ချဖြေရှင်းပေးမယ် " "တီ ....တီ ..တီ " ဟန်နေထူးရဲ့ စကားမဆုံးခင်မှာဘဲ မြယွန်းမီရဲ့ ဖုန်းကမြည်လာတာမို့ မြယွန်းမီဖုန်းကိုကိုင်လိုက်ပြီး အားလုံးကိုတိတ်တိတ်နေဖို့ အချက်ပြလိုက်တယ်။ဟန်နေထူးမှာ ပြောလက်စ စကားကိုရပ်ပြီး မြယွန်းမီရဲ့ အမိန့်အတိုင်းပါးစပ်ကိုပိတ်လိုက်ရတယ်။ "ဟယ်လို အမေ...ဘာဖြစ်လို့လဲဟင် " " သ...သမီးပြန်မလာသေးဘူးလား ...အမေ့ဆီကို ဟိုမိန်းမ သင်းသင်းကြူဖုန်းဆက်တယ် " ထစ်ထစ်ငေါ့ငေါ့ ထိတ်ထိတ်လန့်လန့်နဲ့ ပြောလိုက်တဲ့ မိခင်အသံကြောင့် မြယွန်းမီထိုင်နေရာက ဆတ်ခနဲထရပ်လိုက်မိပြီး "အမေ သတိထားနော် ... ဘာမှမဖြစ်ဘူးသိလား ... ဘာမှကြောက်စရာမလိုဘူး သမီးအခုပြန်လာနေပြီနော် " ဖုန်းပြောရင်းကနေ မြယွန်းမီ အလျင်အမြန်အပြင်ကိုထွက်လာခဲ့လိုက်တယ်။နှစ်အတော်ကြာ ငြိမ်သက်နေခဲ့တဲ့ မိခင်ရဲ့စိတ်သောကတွေ ပြန်လည်အသက်ဝင်လာမှာကို မြယွန်းမီအကြောက်ဆုံးပဲလေ။ သုံးယောက်လုံးကို လှည့်ကြည့်တာလဲမရှိသလို နှုတ်လဲမဆက်ဘဲ ဖုန်းပြောရင်းနဲ့ အခန်းပြင်ကိုထွက်သွားတဲ့မြယွန်းမီကို မေမိုးစက်အပါအ၀င် သုံးယောက်လုံး အကြောင်သားနဲ့ ကြည့်နေမိကြတယ်။ တစ်ဖက်လူကို အားနာရမှန်းမသိတဲ့မြယွန်းမီပုံစံကို ကြည့်ပြီး ဟန်နေထူးစိတ်ထဲတင်းခနဲ ဖြစ်သွားမိပြီး "ဒီမှာ ... ခင်ဗျားသူငယ်ချင်းက ဘာအထာလဲ ..သူပြောချင်တာ ပြောပြီးထွက်သွားရလား.... ဒီပြဿနာကိုကျွန်တော်က စလုပ်တာမဟုတ်ဘူးနော် ... ခင်ဗျား သူငယ်ချင်းက ...ကျွန်တော့်အပေါ်အရင်လဲကျလို့ ဖြစ်ရတာဗျ " ထွက်သွားတဲ့တစ်ယောက်ကိုဟောက်လို့မရတော့လဲ ကျန်ခဲ့တဲ့ တစ်ယောက်ကိုပဲ ဟန်နေထူး ငေါက်ငမ်းပစ်လိုက်တယ်။ ''ဟုတ်..ဟုတ်ကဲ့ ...မိုးစက် တောင်းပန်ပါတယ်နော်ကိုဟန်နေထူး....ကြည့်ရတာမ ယွန်းကသူ့အမေဖုန်းဆက်လို့ထင်တယ် ...ညကသတင်းကြောင့် ... သူ့အမေရှော့ရသလိုဖြစ်နေတယ်တဲ့...ကိုဟန်နေထူးကပဲ သည်းခံပေးပါနော် " "ဟုတ်သားပဲကွာ...မင်းကလဲ အေးဆေးပြောပါနေထူးရာ ...ဒီကိစ္စကသူနဲ့လဲဆိုင်တာမဟုတ်ဘူးလေ ...သူကဝင်ပြီးညှိနှိုင်းပေးရုံပါ " ကြားထဲကညောင်နာနာအသံနဲ့ ဝင်ပြောနေတဲ့တေဇကို ဟန်နေထူး ဘုကြည့်ကြည့်ပေးလိုက်တယ်။ "ကဲ .. ဒါဆို ...အခုကျွန်တော်ကဘာလုပ်ပေးရမှာလဲ ....ကာယကံရှင်က သူပြောချင်ရာကိုပြောပြီး ...လူကိုအဖက် တောင်မလုပ်ဘဲထွက်သွားတယ် " "ဟုတ်ကဲ့ ... အဲ့ဒီအတွက် မိုးစက်ကပဲတောင်းပန်ပါတယ်ရှင် ... ယွန်းကအဲ့ဒီလိုပဲ စကားသိပ်မပြောတတ်လို့ပါရှင် .. ရုံးမှာဆိုလဲဘယ်သူနဲ့မှ စကားသိပ်ပြောတာမဟုတ်ဘူး ... မိုးစက်တို့ သိလာတဲ့ (၂ )နှစ်အတွင်းမှာ ဒီနေ့သူစကားအပြောဆုံးပဲရှင့်...." "ဗျာ ...ခင်ဗျားသူငယ်ချင်းက ဘယ်လိုကြီးလဲ " "ဟုတ်တယ်ရှင့် .. သူကဘယ်သူနဲ့မှ ရောရောနှောနှောမနေဘဲ ...အေးအေးဆေးဆေးနေတတ်လို့ပါ ... မိုးစက်ပဲ ကြားထဲကနေ တောင်းပန်ပါတယ်နော် ..ဖြစ်နိုင်ရင် စီစီတီဗီမှတ်တမ်းရှိရင်... ကိုဟန်နေထူးဘက်ကပဲဖြေရှင်းပေးပါနော် ... ဒီကိစ္စအတွက် ယွန်းအမေစိတ်ထိခိုက်နေလို့ပါရှင်...ကူညီပေးပါနော် " "ဟုတ်ပါတယ် နေထူးရာ ...မင်းကလဲ ကူညီပေးလိုက်ပါကွာ ..အပန်းကြီးတာမှ မဟုတ်တာ " မနေနိုင်မထိုင်နဲ့ ထပ်ပြီး၀င်ပြောတဲ့တေဇကို ဟန်နေထူးမျက်လုံးပြူးနဲ့ တစ်ချက်ကြည့်လိုက်ပြီး စားပွဲခုံအောက်ကနေ ခြေထောက်ကို ပိတ်ကန်ပစ်လိုက်တယ်။ကန်ချက်ကပြင်းသွားပုံရတယ်။တေဇတစ်ယောက် မချိသွားဖြဲ အမူအရာနဲ့ငြိမ်ကျသွားတော့တယ်။ " ဒါနဲ့ ခင်ဗျားတို့နာမည်တွေ ပြောအုံးလေ ...ကျွန်တော်တို့နာမည်တွေကိုကျတော့ ...ခင်ဗျားတို့ကသိပြီး ...ခင်ဗျားတို့ကို ကျွန်တော်တို့မှ မသိတာ " ဒီမေးခွန်းကိုတော့ တေဇကျေနပ်သွားပုံပဲ။ခေါင်းတွေဘာတွေထောင်ပြီး မျက်လုံးတွေပါ ပြူးကျယ်လာတာကို ဟန်နေထူး တွေ့လိုက်ရတယ်။ "မိုးစက်ရဲ့ နာမည်ကမေမိုးစက်ပါ ..ခုနသူငယ်ချင်းနာမည်က မြ ယွန်းမီပါ ....မိုးစက်တို့တွေ မိကောင်းဖခင်သားသမီးတွေပါရှင် ...''

#ရူးနေတဲ့ကြယ် ( အခန်းဆက်ဝတ္ထု ) အပိုင်း ( ၃ ) ****** "မလန့်ပါနဲ့ ... အွန်လိုင်းပေါ်မှာပျံ့နေတဲ့နင့်သမီးအကြောင်းကို မသိလိုက်မှာစိုးလို့ လှမ်းပြောပြတာပါ ....တော်ကြာ နင့်သမီး တရားခွင်မှာအရှက်ကွဲနေမှ လူကြားမကောင်းဖြစ်နေအုံးမယ် ... နိုင်အောင်ထိန်းထားအုံးနော် " " ရှင်ဘာတွေ လာပြောနေတာလဲ ဒေါ်သင်းသင်းကြူ ... ကျွန်မတို့ဆီကို ရှင်တို့ဖုန်းဆက်စရာအကြောင်းကိုမရှိဘူး ...ရှင်တို့နဲ့ ကျွန်မတို့ ကြားမှာ... ပတ်သက်စရာအကြောင်းမရှိဘူးဆိုတာသိထားပါ ..ရှက်တတ်ရင်နောက်ထပ်ဖုန်းမဆက်ပါနဲ့ ...." "အမယ်လေးဟဲ့ ...ဆက်ချင်လွန်းလို့ ဆက်တယ်မထင်နဲ့ ... အရှက်မရှိတဲ့နင့်သမီးအကြောင်းကိုပြောပြချင်လွန်းလို့ဆက်တာဟဲ့ ...ငါတို့ကလဲ နင်တို့နဲ့ပတ်သက်ချင်စိတ်ကိုမရှိဘူးသိရဲ့လား ...ငါ့သမီးမှာ နင့်သားထက်သာတာတွေ ပုံလို့ ...နင့်သားလိုလူမျိုးကမိန်းမပျက်တွေနဲ့ပဲတန်တာ ..အဲ့ဒီလိုမိန်းမတွေနဲ့ပဲ ညားမှာ " "ဘာ ...တောက် " ကြားလိုက်ရတဲ့ စကားကြောင့် ဒေါ်မြစန္ဒာစိတ်တိုဒေါသထွက်သွားရပြီး တောက်တစ်ချက်ကို ခေါက်လိုက်ချိန်မှာပဲ တစ်ဖက်က ဖုန်းချသွားခဲ့တယ်။ဒေါ်မြစန္ဒာ မှာတော့ စိတ်တိုလွန်း၍ အသားတွေပါတဆတ်ဆတ်တုန်ပြီး ကျန်နေခဲ့တယ်။ ~~~~~~ မေမိုးစက် အတင်းခေါ်လို့သာ လိုက်လာခဲ့ရပေမဲ့ မြယွန်းမီ စိတ်ထဲမှာတော့ ဘယ်သူနဲ့မှ စကားရှည်ကြီးတွေပြောချင်စိတ်မရှိဘူး။ပြဿနာတွေကရှင်းလေရှုပ်လေဖြစ်မှာကိုလဲ ကြောက်ရသေးတယ်။ထစ်ခနဲရှိ ဝိုင်းပြောဝိုင်းသမမယ်ဆိုတဲ့ လူတွေကနည်းတာမဟုတ်ဘူး။မြယွန်းမီဆိုတဲ့ မိန်းမတစ်ယောက်ကို သိလဲမသိကြမြင်လဲမမြင်ဖူးကြဘဲ အများဆဲလို့လိုက်ဆဲ၊အများပြောလို့လိုက်ပြောနေကြသူတွေက သူတို့အတွက်လဲ အကျိုးမရှိကိုယ့်အတွက်လဲအကျိုးမရှိတဲ့ အလုပ်တွေကို အချိန်ကုန်ခံအလုပ်ရှုပ်ခံပြီးလုပ်နေကြတာလေ။ "ရောက်ပြီးယွန်း ... သီးသန့်ခန်းမှာချိန်းထားတာမို့ ... သတင်းတော့ မထွက်နိုင်ပါဘူး " " သတင်းမထွက်လို့တော့ မရဘူးလေ မိုးစက်ရဲ့ ... ဖြစ်နိုင်ရင် တို့တွေ စကားပြောတာကိုအွန်လိုင်းကတိုက်ရိုက်လွှင့်ပစ်ချင်တာ ...အဲ့ဒါမှ စိတ်ထင်ရာပြောနေကြတဲ့ ပါးစပ်ပေါက်တွေ ပိတ်ကုန်မှာပေါ့ " " အဲ့ဒါတော့ ဟုတ်တယ် ..ဒါပေမဲ့ ဟန်နေထူးက ခွင့်ပြုပါ့မလား " ~~~~~ "ဒေါက် ..ဒေါက် " "လာကြပြီထင်တယ် '' တံခါးခေါက်သံထွက်လာတာနဲ့ တေဇကစိတ်လှုပ်ရှားသံနဲ့ ပြောပြီး တံခါးသွားထဖွင့်လိုက်တယ်။တေဇစိတ်လှုပ်ရှားနေပုံက မသိရင် ကိုယ့်အတွက်စိတ်ပူနေတဲ့ပုံမျိုးနဲ့ တကယ်တမ်းကျတော့ တေဇဆိုတဲ့ကောင်စိတ်လှုပ်ရှားနေတာက ကိုယ့်ကိစ္စကြောင့်မဟုတ်ဘဲ ဆံပင်ရှည်ရှည်မချောလေးကြောင့်ဆိုတာ ဟန်နေထူးသိပြီးသား။ကောင်မလေးဖုန်းဆက်တယ်လို့ ပြောလိုက်တာနဲ့ "မင်းတစ်ယောက်တည်းမသွားနဲ့ ဟေ့ကောင် ....သူများတွေပိုပြီးအထင်လွဲကုန်မယ် ငါပါလိုက်မယ် " ဆိုပြီး ကိုယ်မခေါ်ရဘဲလိုက်လာ ခဲ့တဲ့ကောင်။လူရယ်လို့သိတတ်စကတည်းက သိလာကြတဲ့သူတွေဆိုတော့လဲ တေဇဘာတွေတွေးနေလဲဆိုတာ စကားတစ်ခွန်းပြောလိုက်ရုံနဲ့ ဟန်နေထူးသဘောပေါက်ပြီးသား၊၊ တံခါးဖွင့်ပေးလိုက်တာနဲ့ ရုပ်တည်ကြီးတွေနဲ့ ဝင်လာတဲ့မချောနှစ်ယောက်ကို ကြည့်ပြီး တေဇကထိုင်ဖို့ ညွှန်ပြနေတယ်။မိုးစက်ဆိုတဲ အမျိုးသမီးက ဆံပင်ရှည်တွေကို ဒီတိုင်းဖြန့်ချထားပြီး မျက်နှာကမိတ်ကပ်ပါးပါးလိမ်းပြီးနှုတ်ခမ်းနီးပါးပါးလေးဆိုးထားတယ်။စကပ်နဲ့ ကိုယ်ကျပ်အင်္ကျီကိုဝတ်ထားပြီး အပေါ်ကနေကုတ်အင်္ကျီလေးတစ်ထည်ထပ်ဝတ်ထားတဲ့သူမပုံစံက မရိုးလွန်းမဆန်းတဲ့ပုံ။တေဇဆိုတဲ့ကောင်တော့ ဆံရှည်မလေးကို မျက်လုံးအပြူးသားနဲ့ ငေးနေတာကိုတွေ့ရတယ်။သူတို့နှစ်ယောက်ဆီကအကြည့်ကို လွှဲလိုက်ပြီး ကိုယ့်ရှေ့တည့်တည့်မှာဝင်ထိုင်လိုက်တဲ့ သူမကိုမသိမသာနဲ့ ဟန်နေထူးကြည့်လိုက်မိတယ်။ကျောပိုးအိတ်ကိုလွယ်ပြီး ခရမ်းရောင်ရှပ်လက်ရှည်နဲ့ဘောင်းဘီရှည်ကိုဝတ်ဆင်ထားကာ ဆံပင်ရှည်တွေကိုခပ်တင်းတင်းစုစည်းထားတဲ့ သူမပုံစံက မိုက်တိမိုက်ကန်းဂျစ်ကန်ကန်နဲ့ ။မျက်နှာကလဲ အထူးတလည်ပြင်ဆင်ထားခြင်းမရှိဘဲ နေလောင်ခံအလှဆီတစ်မျိုးမျိုးသာလိမ်းထားပုံရတယ်။အေးအေးစက်စက်မျက်နှာကြီးနဲ့မော့ကြည့်လာပုံက ကိုယ့်ဆီကိုပါ အအေးဓါတ်တွေရိုက်ခတ်လာသလို ထင်လိုက်ရတယ်။ "ဒီမှာ ..လိုရင်းပဲပြောမယ်...လိုင်းပေါ်က သတင်းက ရှင်တင်လိုက်တာလား " " ဟ ..မင်းမေးပုံကလဲ ငါ့ကိုစွပ်စွဲလိုက်သလိုပဲ .. ငါက ဘာကိစ္စ တင်ရမှာလဲ ... အဲ့ဒီသတင်းကြောင့် ငါလဲစိတ်ညစ်နေရတာပဲကွ ...မင်းကိုဘယ်သူမှမသိပေမဲ့ ငါ့ကိုလူတိုင်းကသိတယ်ကွ .." "ဒီမှာ ရှင့်ကိုဘယ်သူသိသိမသိသိ စိတ်မဝင်စားဘူး ...အဲ့ဒီသတင်းကို ရှင်တင်တာမဟုတ်ဘူးဆိုရင်လဲ တစ်ခုခုတော့ဖြေရှင်းလေ ...ရှင့်ကော်ဖီဆိုင်မှာ စီစီတီဗီရှိတယ်မဟုတ်လား...ဒါမှမဟုတ် ရှင်ကိုယ်တိုင်က တမင်နာမည်ကြီးချင်လို့ မသိဟန်ဆောင်နေတာလား " " ဘာကွ ..မင်းဘာပြောလိုက်တယ် ... တမင်နာမည်ကြီးချင်လို့ ဟုတ်လား " သူမရဲ့ စကားလုံးတွေက ဟန်နေထူးရဲ့ သိက္ခာကိုစော်ကား လိုက်သလိုပါပင်။

"အေးပါကွယ် ... ဒါပေမဲ့အလုပ်ဆိုက်ထဲကို ရုံးကကားနဲ့ပဲသွားလိုက်ပါ ....ပြီးတော့ ဒီရက်ပိုင်းထဲတော့ အပြင်ဆိုင်တွေ သွားမထိုင်နဲ့အုံးပေါ့...စာချင်တာရှိရင် ကောင်လေးတွေပဲဝယ်ခိုင်းလိုက်ပါ " "ဟုတ်ကဲ့ " သူဌေးရဲ့စကားကို ခေါင်းငြိမ့်ပြလိုက်ပြီး ရုံးခန်းထဲကနေ မြ ယွန်းမီခပ်မြန်မြန်ထွက်လာခဲ့လိုက်တယ်။မတော်တဆချော်လဲလိုက်တဲ့အဖြစ်က ဒီလောက်အထိတောင် အမှုကြီးသွားသတဲ့လေ။တစ်ယောက်ယောက်ကို ထိခိုက်နာကျင်အောင် လုပ်မိလိုက်တာမျိုးဆိုရင်လဲ ထားပါတော့။အလုပ်မဟုတ်တာကို ရေးကြီးခွင်ကျယ်လုပ်တတ်ကြသူတွေကြောင့် စိတ်အတော်လေးအနှောက်အယှက်ဖြစ်ရတာတော့အမှန်ပင်။ ~~~~~ "ယွန်း ... နင်ဘာလုပ်ချင်လဲပြော ....ဒီသတင်းဖြန့်တဲ့သူကို တရားစွဲချင်လား...သတင်းမှန်ကို ပြောဖို့အတွက် ဟန်နေထူးနဲ့ ဆွေးနွေးကြည့်မလား ..." "စိတ်ရှုပ်လိုက်တာ ... အဲ့ဒီလူနဲ့ ထပ်တွေ့ရအုံးမှာလား ...ဒီအလိမ်သတင်းကို သူကိုယ်တိုင်တင်ထားတာဆိုရင် ဘယ်လိုလုပ်မလဲ ...သူလိုလူက နာမည်ကြီးဖို့ဆိုရင်ဘာမဆိုလုပ်မဲ့သူမျိုးပဲ " "ဘာပဲဖြစ်ဖြစ် စကားပြောကြည့်ရမှာပေါ့ ...သူလုပ်တာသေချာရင်သူ့ကိုတရားစွဲမှာပေါ့ ... လိုလိုမယ်မယ် သူ့ဖုန်းနံပတ်ကိုမိုးစက်စုံစမ်းထားတယ် ... အလုပ်ပြီးရင်တွေ့ရအောင် ချိန်းလိုက်မယ်လေ ...သူပဲနာမည်ကြီးပြီး လူရာဝင်တာမဟုတ်ဘူး ...ယွန်းလဲ အလုပ်မှာအရေးပါပြီးအရာရောက်တဲ့လူတစ်ယောက်ပဲဟာ " မေမိုးစက်မှာ မနေ့ည သတင်းတွေတက်လာကတည်းက စိတ်မကောင်းဖြစ်ပြီး ဒေါသတွေထွက်နေခဲ့တာ။စိတ်ပူပြီး မြယွန်းမီဆီဖုန်းတွေဆက်တော့လဲ မရွှေယွန်းကလုံးဝကို မကိုင်ခဲ့တာလေ။ ဒီကိစ္စကြောင့် ကာယကံရှင်က အိပ်ပျော်လားမပျော်လားမသိဘူး။ မေမိုးစက်မှာ တစ်ညလုံးအိပ်မပျော်နိုင်ဘဲ ပို့စ်တွေအောက်မှာ အဖြစ်မှန်တွေကို လိုက်ရေးနေခဲ့တာ မနက်သုံးနာရီကျော်မှအိပ်ရတယ်။ပြီးတော့ မနက်လင်းတာနဲ့ ရုံးကို အပြေးလာပြီး ရုံးထဲကလူတွေ့ကို လိုက်ရှင်းပြရသေးတယ်။ကိုယ့်လိုပဲ မျက်မြင်သက်သေဖြစ်ခဲ့တဲ့ မချောသုံးယောက်ကတော့ မြယွန်းမီးနေရာမှာ သူတို့မဟုတ် လို့ မကျေမနပ်ဖြစ်နေကြပုံပင်။ကူရှင်းပြဖို့ခေါ်တာကို မျက်နှာသေလေးတွေနဲ့။မဟောက်စဖူး မေမိုးစက်ဟောက်ဟမ်းလိုက်မှ ငြိမ်ကျသွားကြတာ။ မြယွန်းမီလို ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်တဲ့သူမျိုးက ဒီကိစ္စကို ထူးပြီးခံစားနေမှာမဟုတ်တာကို မေမိုးစက်သိနေပေမဲ့ ဒီကိစ္စက မြယွန်းမီရဲ့ကိုယ်ကျင့်သိက္ခာကို ထိခိုက်နေတာမို့ ကြားထဲက သည်းမခံနိုင်ဖြစ်နေရတာ။မေမိုးစက်တို့ လုပ်နေရတဲ့အလုပ်က လုပ်ငန်းကြီးတွေ။ မြယွန်းမီဆိုတာက အိမ်တစ်အိမ်ရဲ့အိမ်တွင်းပိုင်းပြင်ဆင်မှုမှာ အထူးကျွမ်းကျင်တဲ့သူ။လုပ်သက်သုံးလေးနှစ်အတွင်းမှာ နာမည်ရလာတဲ့အင်ဂျင်နီယာမလေးတစ်ယောက်။လုပ်ငန်းရှင်သူဌေးတွေနဲ့ အလုပ်အပ်တဲ့သူဌေးတွေကြားမှာ အထင်သေးစရာဖြစ်သွားရင် ရှေ့ဆက်ဘယ်လိုလုပ်မလဲ။ ဒါကြောင့်မို့ ကာယကံရှင်လက်ခံခံမခံခံ ဒီကိစ္စကိုကူညီဖြေရှင်းပေးဖို့ မေမိုးစက်ကတော့ ဆုံးဖြတ်ချက်ချထားပြီးသားဖြစ်တယ်။ ~~~~ ဒေါ်မြစန္ဒာတစ်ယောက် စိတ်ညစ်ညစ်နဲ့တစ်နေကုန် အိပ်ရာထဲခွေအိပ်နေခဲ့တာ။ ထမင်းဆာရမှန်းလဲမသိ။သားသမီးအပူဆိုတာ ဘယ်အပူနဲ့မှကိုမတူတာ။ ခဲမှန်ဖူးတဲ့စာသူငယ်မို့ နောက်ထပ်ခဲမှန်မှာကို သေမလောက်ကိုကြောက်နေခဲ့မိတာ။ သားရှင်အဖြစ်နေခဲ့တုန်းကလဲ သားအတွက်ပူရတဲ့အပူက ပြောပြလို့ပင်မရ။ ကိုယ့်သားလေး အချုပ်တွေထောင်တွေကျမှာစိုးလို့ ရင်ကော့ပြီးအားလုံးကို ရင်ဆိုင်ခဲ့ရတာ။ ဒီအပူတွေငြိမ်းလို့မှ မအေးချင်သေးဘူး ။ အပူမီးက စလာပြန်ပြီလေ။ "တီ ..တီ ..တီ " ရုတ်တရက်ထမြည်လာတဲ့ ဖုန်းသံကြောင့် ဒေါ်မြစန္ဒာလန့်သွားမိတယ်။အသိတစ်ယောက်ယောက်ကများ သမီးဖြစ်သူအကြောင်းကို ပြောလာလေမလားလို့ ရင်ထဲပူသွားရပြီး ဖုန်းကို မရဲတရဲကောက်ကိုင်လိုက်တယ်။ "ဟယ်လို " "ဘယ်လိုလဲ မြစန္ဒာ ... နင့်သမီးကကဲလှချည်းလားဟဲ့...အရှက်တရားလဲမရှိပါလား ... ငါ့သမီးကို နင်ချိုးချိုးဖဲ့ဖဲ့ပြောခဲ့တာတွေ မှတ်မိသေးရဲ့လား ... ငါ့သမီးက နင့်သမီးလို ယောကျာ်းမြင်တိုင်းငမ်းငမ်းတက်နေတာမဟုတ်ဘူးနော် ... နင့်သမီးအတွက်လဲ တရားရင်ဆိုင်ဖို့ ငွေတွေဘာတွေကြိုရှာထားအုံးနော် " ဖုန်းကိုင်လိုက်တာနဲ့ တစ်ဖက်က ရင့်ရင့်သီးသီးပြောလာတာမို့ ဒေါ်မြစန္ဒာအသားတွေ တဆတ်ဆတ်တုန်အောင် ဒေါသထွက်သွားရပြီး " နင် ..နင်ဘယ်သူလဲ ..ဘာမဟုတ်တာတွေလာပြောနေတာလဲ " " ငါတယ်သူလဲဆိုတာကို တကယ်ပဲမသိတာလား ...မသိချင်ယောင်ဆောင်နေတာလား မြစန္ဒာရဲ့ ..ငါကပန်သွေးချယ်ရဲ့အမေ သင်းသင်းကြူလေ .. ဘာလဲမေ့နေတာလား ..." "ဘာ ....ရှင်က ဘာကိစ္စကျွန်မဆီကိုဖုန်းဆက်ရတာလဲ " @@@@@@@@@@@@@@@@@@@@@@@@@@@ အပိုင်း (၃) ဆက်ရန် #AKyiPhyu #ဧကြည်ဖြူ .

ပန်းသွေးချယ်တစ်ယောက်နှုတ်ခမ်းကိုမဲ့ကာ မကျေမချမ်းနဲ့ ပြောလိုက်တယ်။ ဒေါ်သင်းသင်း ကြူကလဲ ဖုန်းမျက်နှာပြင်ကို ကြည့်ကာ သမီးနည်းတူခပ်မဲ့မဲ့ပြုံးလိုက်တယ်။ ~~~~~~~ မြယွန်းမီအိပ်ရာကနိုးတာနဲ့ မနက်စာအတွက်ချက်ပြုတ်ပြီးတော့ ရေးမိုးချိုးလိုက်တယ်။ အားလုံးပြင်ဆင်ပြီးလို့ မနက်အဆာပြေစာ စားဖို့ပြင်ပြီးသွားတော့လဲ မိခင်ကြီးရဲ့အရိပ်အယောင်ကို မတွေ့ရတာမို့ မိခင်ကြီးရဲ့ အခန်းဆီကိုသွားလိုက်တယ်။ "အမေ မထသေးဘူးလား ... မနက်စာလဲပြင်ပြီးပြီ ..သမီးစားပြီး အလုပ်သွားတော့မယ် ..." ဒီအချိန်ထိ အိပ်လေ့မရှိတဲ့ မိခင်ကသူမကိုစိတ်ဆိုးပြီး အခန်းထဲကထွက်မလာတာကို သိတာမို့ မြယွန်းမီ ခေါ်နှိုးလိုက်တယ်။တစ်ခဏအတွင်းမှာပဲ အခန်းထဲကခြေသံကိုကြားလိုက်ရပြီး တံခါးက ဝုန်းခနဲပွင့်သွားခဲ့တယ်။တံခါးပွင့်ပွင့်ချင်းမှာပဲ မိခင်ကြီးရဲ့ဒေါသ မျက်နှာကို မြယွန်းမီမြင်လိုက်ရတယ်။ "အလုပ်သွားမယ်ဟုတ်လား...ဒီမျက်နှာကြီးနဲ့ အလုပ်သွားမယ်ပေါ့ ဟုတ်လား ...ညည်းမရှက်ဘူးလား ... ညည်းမှာအရှက်မရှိဘူးလား.....အလုပ်ထဲက လူတွေက ညည်းကို ဘယ်လောက်အထင်သေးကြမလဲ ... ပညာတတ်အင်ဂျင်နီယာမက ... လူပုံအလယ်မှာယောကျာ်းတစ်ယောက်ကို အတင်းဝင်ဖက်သတဲ့လေ " " အမေ ... တော်ပါတော့အမေရယ် ...အမေပြောမှ သမီးမှာ သိက္ခာတစ်စက်မှမရှိတော့ဘူး .... ဘယ်သူတွေ ဘာပြောပြောသမီး မဟုတ်တဲ့အတွက် ဂရုမစိုက်ဘူး ... အမေလဲဂရုမစိုက်နဲ့ ...အွန်လိုင်းပေါ်မှာ... အဲ့ဒီလိုပြောဆိုနေတဲ့သူအများစုကလေ အွန်လိုင်းကိုသူတို့ရဲ့စိတ်ထွက်ပေါက်အဖြစ် သုံးနေကြတာ ... ကိုယ်လဲသေချာမသိ... ကိုယ်နဲ့လဲမဆိုင်တဲ့သတင်းတွေမှာ လိုက်ဆဲဆိုနေကြတာက ..သူတို့အိမ်မှာကြုံနေရတဲ့ နာကျင်မှုတွေကိုစိတ်ဖြေနေကြတာ ...ထွက်ပေါက်ပေးနေကြတာ ...သူတို့တွေကြောင့် လိုက် ခံစားနေရင်... ခံစားနေတဲ့သူကရူးနေလို့ပဲ " "ဘာ ....ဘာအေ့...ညည်းက ကျုပ်ကိုအရူးလို့ပြောတာပေါ့ ဟုတ်လား " ပေါ့စေလိုလို့ ပြောလိုက်မှ အခြေအနေပိုဆိုးသွားတဲ့ မိခင်ကို ကြည့်ပြီး မြယွန်းမီအဆာပြေစာလဲ စားချင်စိတ်မရှိတော့ပါ။ကျောပိုးအိတ်နဲ့ ထမင်းချိုင့်ကိုဆွဲပြီး အလုပ်သွားဖို့ပဲပြင်လိုက်တယ်။ " မြယွန်းမီ....ညည်း ဒါဘာအချိုးလဲ ... မအေကို ဂရုမစိုက်တဲ့ သဘောလား .... မသွားနဲ့ ... ဘယ်အလုပ်ကိုမှမသွားနဲ့...ညည်းခြေ ထောက်ကိုရိုက်ချိုးပြီး ငါပဲရှာကျွေးမယ် ... မြယွန်းမီ '' ~~~~ တိုက်ခန်းတံခါးဝကို ကျောမှီရပ်ပြီး မြယွန်းမီငြိမ်သက်နေမိတယ်။တချို့သောကိစ္စတွေက မိခင်ကြီးဘက်ကနားလည်ပေးနိုင်ခြင်းမရှိတာကို စိတ်ထဲမှာ အနာကျင်ရဆုံးပင်။ဒေါသကြီးတတ်တဲ့မိခင်ကို အေးအေးဆေးဆေးအကျိုးအကြောင်းရှင်းပြဖို့ရာလဲ စိတ်ကမပါတော့။ထစ်ခနဲဆို ဆွေးနွေးတိုင်ပင်ဖို့ မတွေးဘဲ ဒေါသနဲ့အော်ငေါက်ပြီး လက်အရင်ပါတတ်တဲ့ အကျင့်ကိုလဲမြ ယွန်းမီကမကြိုက်။ဒီလိုနဲ့ပဲ ကြာလေသားအမိနှစ်ယောက်ကြားမှာ ဝေးကွာလာလေဖြစ်ခဲ့ရခြင်းပင်။ ~~~~~ ရုံးထဲကို စ၀င်လိုက် ကတည်းကလုပ်ဖော်ကိုင်ဖက်တွေရဲ့ အကြည့်တွေက မြယွန်းမီထံကို မသိမသာရော သိသိသာသာပါ ကျရောက်လာခဲ့တယ်။မြယွန်းမီကတော့ ဒါတွေကိုဂရုမစိုက်ပါ။ရုံးထဲရောက်တာနဲ့ သူဋ္ဌေးအခန်းထဲကို တန်းဝင်သွားလိုက်တယ်။ "ဒီမှာ မီးဖိုခန်းအတွက်ပုံကြမ်းပါ ဆရာ.. ပိုင်ရှင်တွေစိတ်တိုင်းကျ လက်ဆေးဘေစင်နားမှာ ထားချင်တဲ့စင်တွေအတွက်ပါ ...သေချာလေးပုံကြမ်းဆွဲပေးထားပါတယ်..ဆရာကြည့်ကြည့်ပါအုံး " " အဆင်ပြေရဲ့လား .. မြယွန်းမီ " " ဟုတ်ကဲ့ ပြေပါတယ်ဆရာ ... မီးဖိုခန်းက သိပ်မကျယ်တော့... သူတို့ထားချင်တဲ့ပစွည်းဆိုက်အချို့ကို နည်းနည်းလေးပြင်လိုက်ရတာပေါ့ ... သုံးရက်အတွင်း စာရင်းအားလုံကို အပြီးတင်ပေးပါမယ်ဆရာ ...သူတို့သက်မှတ်ထားတဲ့ရက်အတွင်းပြီးပါတယ်ဆရာ " ပုံကြမ်းကိုချပြီး သူမသေချာရှင်းပြနေပေမဲ့ သူဋ္ဌေးကပုံကြမ်းကိုမကြည့်ဘဲ သူမမျက်နှာကို သေချာကြည့်နေပြီး ထပ်ပြောလာတယ်။ "အလုပ်ကိစ္စအဆင်ပြေလား မေးတာမဟုတ်ဘူး မြယွန်းမီ ... အွန်လိုင်းပေါ်က ဓါတ်ပုံကိစ္စကြောင့် မင်း အဆင်ပြေရဲ့လားမေးတာ ....မင်းလိုအပ်ရင် ရုံးကနေ ကားတစ်စီးထုတ်ပေးထားမယ် ... အဲ့ဒီကားနဲ့ အသွားအပြန်လုပ်ပေါ့ " သူဌေးရဲ့စကားကြောင့် မြယွန်းမီ အံ့ဩသွားမိသလို စိတ်လဲ ရှုပ်သွားရတယ်။ဘယ်သူ့ကိုမှ ဘာမှ မရှင်းပြချင်တဲ့သူမအတွက် ဒီကိစ္စကတော်တော်လေးတော့ စိတ်ဒုက္ခပေးတာအမှန်ပဲ။ " အဲ့ဒီကိစ္စက လုပ်ကြံသတင်းပဲဆရာ .... သူတို့ပြောသလို မဟုတ်တဲ့အတွက် ကျွန်မဘက်က အေးအေးဆေးဆေးပါပဲ ... ဘယ်သူတွေဘယ်လိုထင်ထင် ဂရုမစိုက်ပါဘူး ..." "အင်းပါ ...ဆရာလဲသိပါတယ်... မေမိုးစက်လဲ ရှင်းပြထားပါတယ် ...ဆရာက မင်းကို မယုံကြည်လို့ မေးတာမဟုတ်ပါဘူးကွယ်....ဟန်နေထူးက မိန်းခလေးပရိသတ်တွေအရမ်းများလို့ ...အစွန်းရောက်တဲ့ပရိသတ်တွေက မင်းကိုအန္တရာယ်ပေးမှာစိုးရိမ်လို့ပါ....ဒီကိုအလာမှာရော ဘာအန္တရာယ်ကြုံရသေးလဲ " သူဋ္ဌေးရဲ့အမေးကြောင့် မြယွန်းမီ ခေါင်းကိုခါယမ်းလိုက်ပြီး "ဟင့်အင်း ဘာမှမဖြစ်ပါဘူး ဆရာ .. စိတ်မပူပါနဲ့ "

ဖော်လိုဝါတွေတိုးပြီး သတင်းကိုမျှဝေတဲ့သူတွေက မနည်းမနော။ဒီသတင်းဒီလောက်ထိကြီးသွားရတဲ့အကြောင်းက သူ့ကြောင့်ဆိုတာထက် ဟိုအမျိုးသမီးကို လှောင်ချင်ပြောင်ချင်ရှုံ့ချချင်လို့ကို ဒီလောက်ပျံ့နှံ့ပြီးသတင်းကြီးသွားရတာ။ "သတင်းက ချဲ့ကားရေးထားတာ ပါ မာမီရာ ... သူကသူ့အလုပ်စာရွက်ဆိုလား ..အဲ့ဒါကိုလုတာ....ကျွန်တော်ကလဲလန့်ပြီး ရှောင်လိုက်ရာက နှစ်ယောက်လုံးလဲကျသွားတာ .. ဖြစ်စဉ်ကဒါပဲ..." သူရှင်းပြလိုက်တာတောင် မိခင်ကသိပ်ပြီး ယုံချင်ပုံမရ။ မိခင်ယုံကြည်သွားအောင် သူ့ပခုံးတစ်ဖက် လက်သီးနဲ့အထိုးခံလိုက်ရတာကိုသာပြောလိုက်ရင် ဘယ်လိုများဖြစ်သွားမလဲမသိပေ။ "ကဲပါ မာမီရာ ..ဘာသောကမှဖြစ်မနေနဲ့ ...ဒီသတင်းကိုတင်တဲ့သူက သူ့အကောင့်ကိုလူသိများစေချင်လို့တင်တာ ...အဲ့ဒီလိုသတင်းတွေ တွေ့တိုင်းလိုက်ယုံနေရရင်နေစရာကိုရှိမှာမဟုတ်ဘူး " " ဒါဆိုလဲ ပြီးတာပဲလေ ... ဒါပေမဲ့ ပြောစရာရှိတာကိုတော့ ထပ်ပြောရအုံးမယ် ... မိန်းမလည်မိန်းမနန့်တွေနဲ့တော့ မာမိသားကိုသဘောမတူနိုင်ဘူးနော် ...တကယ်တော့ သားအတွက်ပိုးအိလေးကအသင့်တော်ဆုံးပဲ ..ဟုတ်တယ်မဟုတ်လား ကိုမင်းဟန်...ရှင်လဲရှင့်သားကို ပြောအုံးလေ " သူမတစ်ယောက်တည်း ပြောနေရုံနဲ့ အားမရဘဲ ယောကျာ်းဖြစ်သူကိုပါ စစ်ကူခေါ်နေတဲ့ မိခင်ကို ကြည့်ပြီး ဟန်နေထူးပြုံးချင်သွားမိတယ်။တစ်ဦးတည်းသော သားဖြစ်တဲ့သူ့ကို မိဘနှစ်ပါးလုံးက ချစ်ခင် အလိုလိုက်ကြပေမဲ့ မိန်းမကိစ္စနဲ့ပတ်သက်လာရင် မိခင်က နည်းနည်း စိတ်ပူတတ်တယ်။ဖခင်ကြီးကတော့ မိခင်နဲ့မတူဘဲ သူ့ကို လွတ်လပ်ခွင့် အပြည့်အဝပေးထားပြီး ယုံကြည်မှုရှိပြီးသားပင်။ "တော်ပါတော့ မော်ရယ် ..မင်းပြောနေတာတွေ ..ကိုယ်တောင် အလွယ်ရနေပြီ ..ကိုယ်ကတော့ ရှင်းတယ် .....သားရွေးချယ်လိုက်တဲ့မိန်းခလေးက လွတ်လပ်တဲ့သူဖြစ်ဖို့ပဲ ..ကျန်တာကတော့ ငါ့သားကိုချစ်ဖို့ပဲအရေးကြီးတာ ...အိမ်ထောင်ရေးဆိုတာက အချစ်မပါဘဲလဲတည်ဆောက်လို့ အဆင်မပြေနိုင်ဘူး ..အနည်းဆုံးတော့ တစ်ဘ၀လုံးအတူနေသွားရမဲ့သူကို ကိုယ့်နှလုံးသားထဲက လက်ခံနိုင်မှဖြစ်မှာ " " ပြောပြန်ပြီလား ဒီအချစ်... အချစ်ကဘာလဲ ..ရှပ်ပြောသလိုဆိုရင် ပိုးအိကချမ်းလဲချမ်းသာတယ် ..ချောလဲချောတယ်...သားကိုလဲ သဘောကျနေတယ်လေ .. အဲ့ဒါလဲ အချစ်မဟုတ်လို့ဘာလဲ ..." မိဘနှစ်ပါးအပြိုင်အဆိုင်ပြောဆိုနေကြချိန်မှာ ဟန်နေထူးအသာလစ်ထွက်ခဲ့လိုက်တယ်။ရှေ့ဆက်နေရင် မြှားဦးကသူ့ဘက်လှည့်လာတော့မှာလေ။အမေဆိုတာကလဲ စကားပြောလိုက်ရင် ပိုးအိဆိုတဲ့နာမည်မပါရင် မပြီးဘူး။ ပိုးအိကလဲ မိခင်ကြီးပြောသလို လှပါတယ်။ချောပါတယ်။ငွေကြေးလဲ ချမ်းသာပါတယ်။ ဒါပေမဲ့ အချစ်ဆိုတာကို ဟန်နေထူးမခံစားဖူးသေးဘူး ။ ဘ၀မှာ အောင်မြင်ပျော်ရှင်မှုတွေနဲ့ပဲနေချင်တာ ။ပျော်ပျော်ပါးပါးခရီးတွေသွားလိုက်အလုပ်တွေလုပ်လိုက်နဲ့ပဲနေချင်တာ။အချိန်တန်လို့ မဖြစ်မနေ အိမ်ထောင်ပြုရမယ်ဆိုတော့မှ ထယူလိုက်ရုံပေါ့ ။ ပိုးအိလဲ အဲ့ဒီအချိန်ထိစောင့်နိုင်ရင်စောင့်ပေါ့။ ဒါက သူ့ရဲ့ဆုံးဖြတ်ချက်ပဲ။ ~~~~ "မိချယ်လာကြည့်စမ်း ... ဒါ ဟို ကောင်လင်းမြတ်ဇင်ရဲ့ ညီမ မဟုတ်လား ...လာကြည့်စမ်း " ဒေါ်သင်းသင်းကြူက ဖုန်းကြည့်နေရင်းမှ သမီးဖြစ်သူကို လှမ်းအော်ပြောလိုက်တယ်။ မိခင် ရဲ့အသံကြောင့် ပန်းသွေးချယ်က မိခင်လက်ထဲက ဖုန်းကိုယူကြည့်လိုက်ပြီး " အစစ်ပဲ အမေရေ ....အဲ့ဒါဟို ကောင့်ညီမအမှန်ပဲ ... သူကဘယ်လိုဖြစ်ရတာလဲ ..အရှက်နည်းလှချည်လား...သူလိုအညိုအမည်းရုပ်ဆိုးမကများ ဟန်နေထူးလိုလူမျိုးကိုမှန်းတယ်တဲ့လား ...အရှက်မရှိပုံကတော့ " ပန်းသွေးချယ်က ဖုန်းထဲကပုံတွေကိုကြည့်ပြီး မဲ့မဲ့ရွှဲ့ရွှဲ့နဲ့ပြောလိုက်တယ်။ ဒေါ်သင်းသင်းကြူကလဲ မျက်နှာကိုမဲ့လိုက်ပြီး "အဲ့ဒါပြောတာပေါ့ ..၀ဋ်ဆိုတာ လည်တတ်ပါတယ်လို့ ... အခုလောက်ဆိုရင် သိပ်ကိုကြီးကျယ်တဲ့ မြစန္ဒာဆိုတဲ့မိန်းမတော့ ... လင်တရူးသမီးကြောင့်အရှက်ဖြန်းဖြန်းကွဲနေလောက်ပြီပေါ့ ...ကျေနပ်လိုက်တာ .." "နေအုံး အမေ ...အကောင့်မှာ အမေပုံတင်ထားဖူးလား ..သမီးမှတ်ချက် ဝင်ရေးမလို့ " ပန်းသွေးချယ်က မှတ်ချက်တွေကိုလိုက်ဖတ်ရင်း မိခင်ကိုမေးလိုက်တယ်။ "နေအုံး သမီး ...ဒီအကောင့်မှာက ပုံအစစ်တွေတင်ထားတာ...အမေ့မှာ ပုံမတင်တဲ့အကောင့်အတုရှိတယ်...အကောင့်တုကနေ ဝင်ရေးပစ်လိုက်စမ်း ...သားမိသုံးယောက်လုံးဘယ်လောက်ထိ အောက်တန်းကျပြီးယုတ်မာလဲဆိုတာကို လူတွေသိအောင်ရေးပစ်လိုက် '' "စိတ်ချ အမေ ... သူတို့မိသားစုလဲ သမီးစိတ်ဆင်းရဲရသလိုစိတ်ဆင်းရဲစေရမယ် ...ပန်းသွေးချယ်က ဘယ်လောက်အညှိုးကြီးလဲဆိုတာကို သိစေရမယ် ..ဒါနဲ့ သူတို့မိသားစုဘယ်မှာနေတာလဲဆိုတာကိုပါ သိအောင်စုံစမ်းရမယ် " " ဟုတ်တယ် ..အမေလဲ ဒင်းတို့ကို မကျေနပ်ဘူး ... ဟိုအယုတ်တမာကောင်တော့... ဒီနိုင်ငံမှာမရှိဘူးကြားတယ် ..သမီးရောသူ့သတင်းကြားသေးလား " "သမီးတို့ကိစ္စတွေပြီးကတည်းက ... သူ့သားကို အဘွားကြီးကိုယ်တိုင် ကိုရီးယားကိုပို့လိုက်တယ်လို့ သတင်းတော့ကြားတာပဲ ... ဒီနိုင်ငံမှာ မရှိတာတော့ သေချာတယ်...ပြန်လာရဲပြန်လာကြည့် အိမ်ထောင်ကျနေရင်လဲ ... သူ့အိမ်ထောင်ကို ရအောင်ခွဲပစ်မှာ ..သူတို့ကပန်းသွေးချယ်ကို ပေါ့သေးသေးမှတ်နေတာ "

#ရူးနေတဲ့ကြယ် (အခန်းဆက်ဝတ္ထု ) အပိုင်း ( ၂ ) ***** "ဘာဖြစ်လို့လဲ အမေ ..သမီးဘာလုပ်မိလို့လဲ " " ဘာလုပ်မိလို့လဲဟုတ်လား ...နင်ဘာလုပ်ခဲ့လဲကို မသိဘူးလား ...ဒီမှာကြည့်လေ နင်ဘာလုပ်ခဲ့လဲဆိုတာကို " မျက်စိရှေ့ကိုရောက်လာတဲ့ဖုန်းကိုကြည့်ပြီး မြယွန်းမီ မျက်လုံးပြူးသွားမိတယ်။ဖုန်းမျက်နှာပြင်မှာ သူမမြင်လိုက်ရတာကကော်ဖီဆိုင်မှာ ညနေကဖြစ်ခဲ့တဲ့ဓါတ်ပုံတွေဖြစ်နေခဲ့တယ်။ ဓါတ်ပုံတွေက သူမတို့နှစ်ယောက်ဖက်ရက်သားလဲကျနေတဲ့ပုံနဲ့ သူမမျက်နှာကို ကွက်ကွက်ကွင်းကွင်းထင်ထင်ရှားရှား ရိုက်ထားတဲ့ပုံတွေ။ရေးထားတဲ့စာသားကလဲ "လူအများကြီးရှေ့မှာတောင် ဟန်နေထူးကိုအတင်းဝင်ဖက်တဲ အရှက်နည်းလှတဲ့အမျိုးသမီး "တဲ့လေ။အောက်က မှက်ချက်တွေကိုဝင်ဖတ်ကြည့်လိုက်တဲ့အခါ ခေါင်းတွေကွဲထွက် မတတ်ဖြစ်သွားရတယ်။ အကြောင်းအရင်းမှန်ကိုမသိကြဘဲ ပြောဆို၊ ဆဲဆိုထားလိုက်ကြတာများ မြယွန်းမီဘ၀က အပျက်မလောက်တောင်အဆင့်မရှိတဲ့ပုံမျိုး။မှတ်ချက်ပေါင်းထောင်ချီကြားထဲမှာ အကောင်းဘက်က မြင်ပြီးရေးသားသူက ငါးယောက်ပင်ပြည့်မယ်မထင်။မိန်းမအချင်းချင်းကို ကိုယ်ချင်းမစာ ပြောထားတဲ့စကားလုံးတွေက ဖတ်ရင်းနဲ့ရှက်ပြီး သတ်သေချင်စိတ်ပေါက်အောင် အောက်လုံး ဆန်တဲ့စကားလုံးတွေချည်းပဲ။ "နင် အဲ့လောက်တောင် အရှက်နည်းရလား မြယွန်းမီရဲ့ .... အဲ့ဒီကောင်ကို အဲ့လောက်တောင်ကြိုက်နေတာလား...ညီမဖြစ်သူကလဲအစ်ကိုလမ်းစဉ်အတိုင်းပါပဲလား ... ပတ်ဝန်းကျင်က နင့်ကိုဘယ်လိုတွေပြောနေလဲ နင်မြင်တယ်မဟုတ်လား ...နင်တို့ တွေ ငါ့ကိုဒုက္ခပေးဖို့လူဖြစ်လာကြတာလား မြယွန်းမီရဲ့ .. ပြောစမ်း ....ပြောလေ ... နင်အဲ့ဒီလောက် လင်လိုချင်နေရင် ..ငါရှာပြီးပေးစားမယ် ... အရှက်မရှိတဲ့ဟာမ ..ကဲဟယ် ..အရှက်မရှိအုံး ...အရှက်မရှိချင်အုံး ..ကဲဟယ် ...ကဲဟယ်...." "ဘုံး ..ဘုံး ..." ကျောပြင်ပေါ်ကိုတဘုံးဘုံးကျရောက်လာတဲ့ ရိုက်ချက်တွေကို မရှောင်တိမ်းဘဲမြယွန်းမီအံကိုတင်းတင်းကြိုက်ထားလိုက်မိတယ်။အားရအောင်ရိုက်ပြီးသွားတဲ့အခါ အမေကဆိုဖာခုံမှာသွားထိုင်ပြီးငိုနေပြန်တယ်။မြယွန်းမီမတ်မတ်ရပ်လိုက်ပြီး မိခင်ကိုကြည့်လိုက်တယ်။ "အမေက အဲ့ဒါတွေကိုယုံတာပဲလား ...အွန်လိုင်းပေါ်မှာ မြင်နေတွေ့နေရတာတွေကို အမှန်လို့ထင်နေတာလား ...သမီးကိုအဲ့ဒီလောက်တောင်အထင်သေးနေတာပေါ့လေ ...အမေကိုယ်တိုင်က ယုံကြည်နေရင်တော့ သမီးဘာမှ ရှင်းပြမနေတော့ဘူး ... လူပုံအလယ်မှာ ယောကျာ်းတစ်ယောက်နဲ့ မတော်တဆဖက်မိတာ အဲ့ဒီလောက် အပြစ်ကြီးသွားလား ... ဖြစ်စဉ်အစအဆုံးကိုသိသိနဲ့ သူလိုရာကိုရေးတင်တဲ့သူရယ်...ဖြစ်စဉ်အစအဆုံးကိုမသိကြဘဲ ဝေဖန်ချင်သလိုဝေဖန်နေကြတဲ့သူတွေကို ဂရုကိုမစိုက်ဘူး ...ကိုယ့်လိပ်ပြာကိုယ်လုံတယ် ...." "ပြောတာလွယ်လှချည်လား မြယွန်းမီရဲ့ ... လူတွေနဲ့နေပြီး လူတွေကိုဂရုမစိုက်ရအောင် နင်ကဘာကောင်မလဲ ...ပြောလိုက်ရင်တော့မိုးလားကဲလား...နောက်ဆုံးတော့လဲ အစ်ကိုအချိုးအတိုင်းပဲလာတာ " " တော်ပါတော့ အမေ ...အမေ့သားနဲ့မနှိုင်းပါနဲ့ ... သမီးအမေ့ကိုဘာတွေ ဒုက္ခပေးဖူးလို့လဲ ... ပွေရှုပ်နေလို့လား ပြောပါအုံး ..." "ပြောလိုက်ရင် တစ်ခွန်းမှမခံဘဲ မအေကို ပြန်ပြောဖို့ပဲတတ်တယ် ... လိမ္မာပါတယ် သိပ်ကို လိမ္မာတယ် ... လူသိရှင်ကြား အရှက်ကွဲအောင် လုပ်တာပဲရှိတာ " မိခင်ရဲ့ နှုတ်ကနောက်ဆက်တွဲထွက်လာတဲ့ စကားလုံးတွေကို ကျောခိုင်းပြီးမြယွန်းမီ အခန်းထဲကို၀င်လာခဲ့လိုက်တယ်။ တစ်လောကလုံးကလူတွေ သူမကို ဘယ်လိုထင်ထင်မြယွန်းမီဂရုကိုမစိုက်တာ။ မိခင်ကိုယ်တိုင်က ဒါကြီးကိုတကယ်လို့ ထင်တာကတော့ ရင်နာစရာကောင်းလှတယ်။တကယ်ဆိုမိဘက ကိုယ့်သားသမီးစိတ်ကို အနည်းအကျဉ်းတော့သိထားရမယ်မဟုတ်လား။ ယုံကြည်ပေးနိုင်ရမယ်မဟုတ်လား။မြယွန်းမီမျှော်လင့်မိတာဒီလောက်ပဲ ဒီထက်မပိုဘူး။ ပြီးတော့ အစ်ကိုဖြစ်သူနဲ့ နှိုင်းယှဉ်တာကိုလဲ သူမအမုန်းဆုံးပဲ။ အစ်ကိုက ဘယ်လိုလူမျိုးလဲဘာတွေလုပ်ခဲ့လဲဆိုတာကိုသိသိနဲ့ အနှိုင်းယှဉ်ခံအပြောခံနေရတာကို လုံးဝကိုမကြိုက်တာ။ ဒီလိုကိစ္စတွေကြောင့်ပဲ မိခင်နဲ့သူမကြားမှာလဲ မပြေလည်မှုတွေအမြဲဖြစ်နေခဲ့ရတယ်။ပြဿနာတစ်ခုဖြစ်လာရင် မမေးမမြန်းဘဲဒေါသအရင်ဖြစ်တတ်တဲ့ မိခင်ရဲ့စိတ်ကိုမြယွန်းမီ မကြိုက်ဘူး။အကျိုးအကြောင်းစုံကို အေးအေးဆေးဆေးရှင်းပြလို့မရတဲ့အခါ မိခင်နဲ့ဆက်ဆံရေးက အေးစက်နေခဲ့တာနှစ်တွေအတော်ကြာခဲ့ပြီ။သက်ပြင်းမောကိုချပြီး အိပ်ရာပေါ်ကို ခြေပစ်လက်ပစ်လှဲချလိုက်မိတယ်။သူမအတွက်တော့ အွန်လိုင်းပေါ်က အရှက်ခွဲတဲ့သတင်းထက် မိခင်ရဲ့ရိုက်ချက်တွေကပဲ ရင်ကိုပိုနာကျင်စေတယ်။ ~~~~ "ဘယ်လိုဖြစ်ရတာလဲ သားငယ် ...မင်းတို့ဟာက လူလယ်ခေါင်ကြီးမှာ မေမေဖြင့်သတင်းတက်လာတော့ လန့်သွားတာပဲ...ကောင်မလေးပုံကြည့်ရတာဆယ်ကျော်သက်အရွယ်လဲ မဟုတ်ပါဘူး .. '' မိခင်ရဲ့အမေးစကားကို မဖြေခင် ဟန်နေထူးသက်ပြင်းကိုအရင်ချလိုက်မိတယ်။သူ့မှာ မနေ့ကဖြစ်ခဲ့တဲ့ကိစ္စက ရှင်းလို့ကိုမပြီးတာ။ ဆက်လိုက်ကြတဲ့ဖုန်းတွေကလဲ ဖုန်းတောင်နားချိန်မရဘူး။အွန်လိုင်းပေါ်မှာလဲ သတင်းတွေက ပလူပျံနေတာပဲ။အေးတိအေးစက်မျက်နှာနဲ့ အမျိုးသမီးခမျာလဲ အပြောခံထားရတာ ရစရာကိုမရှိဘူး။ကာယကံရှင်ကတော့ ဘယ်လိုနေမယ်မသိဘူး။ သတင်းတင်တဲ့ အကောင့်ကတော့ နာရီပိုင်းအတွင်းကို

မြယွန်းမီတံခါးကိုခေါက်လိုက်တယ်။ ဒီအချိန်က သူမပြန်လာနေကြအချိန်မို့ သိပ်တော့မခေါက်လိုက်ရဘဲ အထဲကခြေသံကိုကြားလိုက်ရတယ်။နောက်တော့ သစ်သားတံခါးဖွင့်သံ။သစ်သားတံခါးပွင့်သွားတော့ အခန်းဝမှာ အမေ့မျက်နှာကိုမြင်လိုက်ရပြီး သံဘာချာတံခါးရဲ့သော့ကို ဖွင့်နေတယ်။အမေသော့ဖွင့်ပြီးသွားတာနဲ့ မြယွန်းမီသံဘာချာတံခါးကို ဆွဲဖွင့်လိုက်တယ်။တံခါးဖွင့်ပေးပြီးတာနဲ့ အမေကအိမ်ထဲကိုပြန်ဝင်သွားတယ်။ မြယွန်းမီတံခါးတွေကိုပြန်ပိတ်ပြီး အိမ်ထဲကိုဝင်လိုက်ချိန်မှာပဲ ဧည့်ခန်းဝမှာ မျက်နှာထားတင်းတင်းကြီးနဲ့ရပ်နေတဲ့ မိခင်ကိုတွေ့လိုက်ရတာမို့ လန့်သွားမိတယ်။ "အ ..အမေ ... ဘာဖြစ်လို့လဲ ...." " ဖြန်း " မြယွန်းမီရဲ့ အမေးစကားပင်မဆုံးလိုက်ရပါ။မိခင်ကြီး ဒေါ်မြစန္ဒာရဲ့ လက်ဝါးတစ်ဖက်က မြ ယွန်းမီရဲ့ပါးပြင်ပေါ်ကိုအရှိန်ပြင်းပြင်းနဲ့ကျရောက်လာခဲ့တယ်။သူမ အံ့ဩထိတ်လန့်စွာမိခင်ကိုမော့ကြည့်လိုက်မိပြီး အထစ်ထစ် အငေါ့ငေါ့နဲ့ မေးလိုက်မိတယ်။ "ဘာ ..ဘာဖြစ်လို့ရိုက်တာလဲ အမေ ...သမီးဘာလုပ်မိလို့လဲ " " ဘာလုပ်မိလို့လဲဟုတ်လား ... နင်လုပ်ခဲ့တဲ့အပြစ်ကို နင်မသိဘူးလား မြယွန်းမီ " @@@@@@@@@@@@@@@@@@@@@@@@ အပိုင်း(၂) ဆက်ရန် #AKyiPhyu မင်္ဂလာပါရှင် #ရူးနေတဲ့ကြယ် အခန်းဆက်ဝတ္ထုကို Kpay (or ) Wave 1000 Ks ဖြင့်ဝယ်ယူဖတ်ရှုလို့ရပါတယ်။ *အထူးပြောချင်တာက 1000 Ks ပေးသည်ဖြစ်စေ / မပေးသည်ဖြစ်စေ မည်သူမဆိုဝင်ရောက်ဖတ်ရှု/share / Copy (ကလောင် အမည်ပြောင်းခွင့်မပြုပါ ) ပြုလုပ်လို့လဲရပါတယ် ၀တ္ထုက ရေးပြီးသားမဟုတ်ဘဲ နေ့စဉ်ရေးသားပြီး အကောင့် /p age မှာ public နဲ့ တစ်ပြိုင်တည်းတင်ပေးသွားမှာဖြစ်ပါတယ်။နေ့စဉ်တင်ပေးသွားမှာဖြစ်ပြီး တစ်ခါတစ်ရံအလုပ်တာဝန်များကြောင့် ရက်ပျက်တာမျိုးလဲ ရှိနိုင်ပါတယ်။ဖတ်ရှုအားပေးကြသူများကို ကျေးဇူးအထူးတင်ရှိပါတယ်။ (၀တ္ထုကရေးပြီးသား မဟုတ်ပါဘူးရှင် နေ့စဉ် ရေးပြီးတာနဲ့ လိုင်းပေါ်တင်သွားမှာဖြစ်ပါတယ် ) Kpay 09773745413 Lai Lai win Wave Lae Lae win #ဧကြည်ဖြူ #AKyiPhyu အဓိက ပြောချင်တာက နောက်နောင် ဝတ္ထုများကို A Kyi Phyu Page မှာပဲ တင်ပေးမှာ ဖြစ်ပါကြောင်း ... ဖတ်သူများအနေဖြင့်လဲ Page ကို Like /comment /share များဖြင့် ကူညီပေးကြဖို့ မေတ္တရပ်ခံပါတယ် စာဖတ်သူရှိမှ ရေးဖို့ အားရှိတဲ့ စာရေးသူတွေရဲ့ဘ၀လေးတွေကို အားပေးဖတ်ရှုပေးကြသူများကို ကျေးဇူးအထူးတင်ရှိပါတယ်

ရယ်ကျဲကျဲမျက်နှာနဲ့ ပြောလိုက်တဲ့တေဇကို ဟန်နေထူး ဝုန်းခနဲ ၀င်လုံးလိုက်တယ်။တေဇ ကလဲ ဒါကိုသိတော့ ခပ်မြန်မြန်ရှောင်တိမ်းလိုက်တယ်။ဟန်နေထူးတို့သူငယ်ချင်းတွေက တစ်ယောက်နဲ့တစ်ယောက် ပြောမနာဆိုမနာသူငယ်ချင်းတွေဆိုတော့ အားလုံးစုမိပြီးဆိုရင် ဝုန်းဒိုင်းကြဲနေကြတာပဲ။ သူငယ်ချင်းအားလုံးပေါင်း (၅)ယောက်ရှိတယ်။(၅) ယောက်လုံး အလယ်တန်းကတည်းက ကျောင်းအတူတက်ခဲ့ကြတဲ့ ငယ်သူငယ်ချင်းတွေ။ကျောင်းတွေပြီးလို့ ဘွဲ့ကိုယ်စီရပြီး အလုပ်တွေကိုယ်စီနဲ့ဖြစ်နေကြပေမဲ့ အားလုံးအခင်အမင်မပျက် ရှိနေကြဆဲပဲ။ အထူးသဖြင့် အနုပညာပိုင်းမှာ ဝါသနာပါကြတဲ့ ဟန်နေထူးနဲ့တေဇကတော့ ပိုပြီး တွဲဖြစ်တာပေါ့။ဟန်နေထူးက ကိုယ်ပိုင်ကော်ဖီဆိုင်ဖွင့်ပြီး အွန်လိုင်းကနေခရီးသွားဘလော့တွေ တင်လေ့ရှိသလို လူမှုရေးပိုင်းတွေမှာလဲ အမြဲတမ်းလိုက်ကူညီတတ်တော့ အွန်လိုင်းသုံးသူတိုင်း ဟန်နေထူးကို မသိတဲ့သူမရှိလောက်အောင် နာမည်ကြီးတယ်။ အသက်ကလဲ(၂၅)၊ရုပ်ကလဲဖြောင့်ပြီး ဘော်ဒီကလဲမိုက်တော့ ဟန်နေထူးကိုမင်းသားတင်ရိုက်ချင်သူတွေ ။ကြေငြာရိုက်ဖို့ငှားချင်သူတွေနဲ့ မော်ဒယ်အဖြစ်ငှားချင်သူတွေဝိုင်းဝိုင်းလည်နေတာ။ဟန်နေထူးကတော့ သရုပ်ဆောင်ပညာကို မတတ်ကျွမ်းတာမို့ မင်းသားအဖြစ်ကိုတော့ ငြင်းလေ့ရှိပြီး ကြော်ငြာတွေနဲ့ မော်ဒယ်တစ်ယောက်အဖြစ်တော့ အလုပ်တွေလက်ခံခဲ့တယ်။တေဇကျတော့ မိဘတွေရဲ့ ရွှေဆိုင်လုပ်ငန်းတွေမှာ ဝိုင်းကူလုပ်ရင်း အဆိုတော်ဖြစ်လာခဲ့သူ။ မိဘတွေက တေဇရဲ့ဝါသနာကို သိပ်သဘောမကျကြပေမဲ့ နာမည်လေးရလာချိန်မှာတော့ သူတို့လဲလက်ခံအားပေးလာကြတယ်။ လက်မခံအားမပေးလို့ကလဲ မဖြစ်ဘူးလေ။တကယ်ဆို အသက် (၂၅) နှစ်ဆိုတဲ့ အရွယ်ကကိုယ့်ဘဝကိုယ်ကျောင်းပြီး ကိုယ်လမ်းကိုယ်လျှောက်ရမဲ့အရွယ်ကိုတောင် ရောက်နေခဲ့ပြီလေ။ "ဒါနဲ့ နေထူး ... ဟိုလာတောင်းပန်တဲ့ ကောင်မလေးကချစ်စရာလေးနော် ... သူ့ကိုယ်သူပြောသွားတာတော့ မိုးစက်ဆိုလားပဲ .." "အေး ..ဟုတ်တယ်ကွ ... အဲ့တစ်ယောက်ချစ်စရာလေးနော် " " ဟုတ်တယ်ဟေ့ ..ငါတို့လဲ ထောက်ခံတယ် " တေဇအပါအဝင် ကျန်တဲ့ သုံးယောက်ကပါ အသံပြဲကြီးတွေနဲ့ ဝိုင်းပြီး ထောက်ခံပြောဆိုနေကြတယ်။သူတို့ဘာတွေပြောနေပါစေ ဟန်နေထူး မျက်လုံးထဲမှာတော့ ဘောင်းဘီရှည်နဲ့ ရှပ်အင်္ကျီလက်ရှည်ကိုတွဲဝတ်ထားပြီး ဆံပင်ရှည်တွေကို ခပ်တင်းတင်း စုချည်ထားတဲ့ အေးတိအေးစက်မျက်နှာကိုသာမြင်ယောင်လိုက်မိတယ်။ဒီလို မြင်ယောက်လိုက်မိတာနဲ့ အထိုးခံလိုက်ရတဲ့ ပခုံးကနာကျင်လာပြီး ဒေါသတွေပါ အလိုလိုထွက်လာမိတယ်။ "ဒါနဲ့ ...ဘယ်ကနေဘယ်လိုစဖြစ်သွားကြတာလဲ ... ပြီးတော့ဘာဘာညာညာတွေ ဖြစ်သွားသေးလား " " ဟေ့ကောင်တွေ ...ဘာကိုစဖြစ်လို့ ဘာဘာညာညာတွေဖြစ်ရမှာလဲ " ဟန်နေထူး ဒေါသမပြေသေးဘဲ လက်သီးနဲ့ ရွယ်ရင်းပြန်မေးလိုက်တယ်။ "မင်းကလဲ စိတ်ကြီးပဲ...ငါတို့က ရိုးရိုးလေးမေးတာပါဟ ...မင်းတို့နှစ်ယောက် ဘယ်လိုဖြစ်ပြီးလဲကျသွားကြတာလဲ...ပြီးတော့ ဘာညာဆိုတာက ..ဟိုကွာ ..မင်းတို့အချင်းချင်းနမ်းမိသွားကြသေးလားမေးတာ..ရုပ်ရှင်တွေထဲကလို လေကွာ .... " " ဘာ" တေဇရဲ့ စကားမဆုံးခင်းမှာ သူထအော်ပစ်လိုက်တယ်။ ဒါတော့ဒီကောင်တွေနည်းနည်းများသွားပြီ။ "ဟေ့ကောင် မင်းအော်မနေနဲ့ ...လိုင်းပေါ် လေးဘာလေးလဲ ဖွင့်ကြည့်အုံး ...မင်းတို့နှစ်ယောက်ပုံကို ဓါတ်ပုံတွေဘာတွေ ရိုက်ယူသွားပြီးလိုင်းပေါ်တင်နေအုံးမယ် " "ဟာ..ဟေ ... ဟုတ်တယ်ဟ " ကျော်စွာပြောမှ သူသတိရပြီး ဖုန်းကို အမြန်ဖွင့်ကြည့်လိုက်မိတယ်။ ~~~~ မြယွန်းမီကားပေါ်ကဆင်းလိုက်တော့ လမ်းမီးတွေပင်လင်းနေခဲ့ပြီ။ ကားဂိတ်နဲ့ အိမ်က နည်းနည်းလှမ်းတာမို့ ဆယ့်ငါးမိနစ်လောက်တော့ လမ်းလျောက်ရအုံးမယ်။ခပ်မှိန်မှိန်မီးအလင်းရောင်တွေအောက်မှာ မြ ယွန်းမီစိတ်အေးလက်အေးလမ်းလျှောက်လာခဲ့တယ် ။တစ်ချက်တစ်ချက်တော့ ညနေက အဖြစ်အပျက်ကိုသတိရပြီး စိတ်အလိုမကျသလိုဖြစ်မိတယ်။တကယ်ဆို အိမ်ကိုသာတန်းပြီး ပြန်ခဲ့လိုက်ရင် ဒီလိုအရှက်ရစရာအဖြစ်နဲ့ကြုံရမှာမဟုတ်ဘူး ။အခုတော့ အားနာစိတ်နဲ့လိုက်သွားမိရာက ပြဿနာတက်ရတာ။ အဲ့ဒါကြောင့်ပြောတာပေါ့ အားနာစိတ်ကမကောင်းဘူး ။အပေါင်းအသင်းမင်တော့လဲ ဒုက္ခရောက်ပါရော။မြယွန်းမီ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်လိုက်မိရင်း ခေါင်းကိုခါယမ်းလိုက်မိတယ်။နောက်ဆိုရင်တော့ ဆင်ခြင်ရမှာပေါ့လေ။ ~~~~ တိုက်ခန်းအောက်ကိုရောက်တော့ လှေကားတံခါးကိုဖွင့်ပြီး မြ ယွန်းမီတက်ခဲ့လိုက်တယ်။တိုက်ခန်းတွေရဲ့ထုံးစံအတိုင်း လှေကားတွေက မှောင်မှောင်မည်းမည်း ။မြယွန်းမီတို့အခန်းက နှစ်လွှာမှာဆိုတော့ သိပ်မတက်ရလို့တော်သေးတာ။နှစ်လွှာကိုရောက်တော့ အခန်းရှေ့မှာမီးထွန်းထားတယ်။ ဒီတစ်တိုက်လုံးမှာအပေါ်ထပ်က အခန်းတွေတော့ မီးထွန်းလားမသိပေမဲ့ နှစ်လွှာအထိကတော့ သူမတို့ အခန်းရှေ့မှာပဲ မီးထွန်းထားတာ။ ငွေကိုစစ်စစ်ပေါက်ပေါက်သုံးတတ်တဲ့မိခင်က မီတာဖိုးချွေတာဖို့အတွက် အိမ်ထဲကမီးပွင့်တွေကို အိပ်ချိန်ရောက်ရင်ပိတ်ပစ်တတ်ပေမဲ့ အခန်းရှေ့ကမီးကိုတော့ မနက်လင်းမှပဲပိတ်တာ။ " ဒေါက်..ဒေါက် "

လက်မှတ်ရဖို့အတွက် တန်းစီနေကြတဲ့ ပရိသတ်အုပ်စုထဲမှာ ရုတ်တရက် ဆူဆူညံညံလှုပ်လှုပ်ရှားရှားဖြစ်သွားတာမိုဟန်နေထူးတို့လဲ ခေါင်းတွေမော့ကြည့်လိုက်မိကြတယ်။ ဒီအချိန်မှာပဲ လူအုပ်ကြားထဲမှာ ကုန်းကုန်းကွကွဖြစ်နေတဲ့ မြယွန်းမီကိုဟန်နေထူးတို့တွေ့လိုက်ရတယ်။ "ဘာဖြစ်တာလဲ " ဒုတိယအကြိမ်မြောက်ဟန်နေထူးမေးလိုက်စဉ်မှာပဲ စာရွက်တစ်ရွက်က ဟန်နေထူးရဲ့ခြေဖမိုးပေါ်ကျလာတယ်။ဟန်နေထူးလဲ ခြေထောက်ပေါ်ကျလာတဲ့ စာရွက်ကိုကောက်ယူကြည့်လိုက်မိတယ်။ ဒီအချိန်မှာပဲ မြယွန်းမီတစ်ယောက်ဟန်နေထူးရဲ့ရှေ့ကိုရောက်လာပြီး ဟန်နေထူးလက်ထဲက သူမရဲ့ပုံကြမ်းစာရွက်ကို မြင်လိုက်ရတာမို့ အတင်းပြန်ဆွဲယူလိုက်တယ်။ရုတ်တရက်မြယွန်းမီရဲ့ အပြုအမူကြောင့်ဟန်နေထူး လန့်ပြီးရှောင်လိုက်မိတယ်။ဟန်နေထူးကအရှောင် မြယွန်းမီက အလှမ်းမို့ မြယွန်းမီမှာအရှိန်ကိုမထိန်းနိုင်တော့ဘဲ ဟန်နေထူးကိုယ်ပေါ်ကို လဲကျသွားရတော့တယ်။ဟန်နေထူးမှာလဲ သူ့ပေါ်လဲကျလာတဲ့မြယွန်းမီကြောင့် သူပါမထိန်းနိုင်တော့ဘဲ နှစ်ယောက်သားဖက်ရသားပုံစံမျိုးနဲ့လဲကျသွားတော့တယ်။ဖြုန်းစားကြီးမို့ သူတို့နှစ်ယောက်ရဲ့အဖြစ်ကို အားလုံးပါးစပ်အဟောင်းသားတွေနဲ့ ကြည့်နေမိကြပြီးမှ သူတို့တွေရဲ့ အချစ်တော်ကို မိန်းမတစ်ယောက်က ရုတ်တရက်ကြီးဝင်လုံးတာကို မြင်လိုက်ကြရတော့ အားလုံးစိတ်တိုဒေါသထွက်သွားကြပြီး အသံတွေစည်စည်ညံသွားတော့တယ်။ "ဘယ်သူလဲ ..ဘာကြီးလဲ " " ဘာလုပ်တာလဲ" "ဘာလဲ .. ဒီမိန်းမကဲလှချည်းလား ..ပေါ်တင်ကြီး " တစ်ယောက်တစ်ပေါက်နဲ့ ဆူညံပြောဆိုသံတွေရဲ့အလယ်မှာ ဟန်နေထူရဲ့ခန္ဓာကိုယ်ပေါ်မှာ မျက်နှာချင်းဆိုင်လဲကျနေတဲ့မြယွန်းမီမှာမျက်နှာဘယ်နားထားရမှန်းမသိဖြစ်ပြီး ရှက်စိတ်နဲ့အတူ ဒေါသစိတ်တွေပါဖြစ်လာမိတယ်။ဟန်နေထူးမှာလဲ ကြောင်ကြောင် အအနဲ့ဘာလုပ်ရမှန်းမသိဖြစ်ပြီး သူ့အပေါ်လဲကျနေတဲ့ မြယွန်းမီကို ပြူးကြောင်ကြောင်နဲ့ ကြည့်နေမိတယ်။ ဒီအခြေအနေကို မြယွန်းမီ ကြာရှည်သည်းခံနိုင်စွမ်းမရှိတော့ဘဲ အခုချိန်ထိဟန်နေထူးလက်ထဲမှာ ဆုပ်ကိုင်ထားဆဲဖြစ်တဲ့ သူမရဲ့ပုံကြမ်းစာရွက်ကို ဆွဲလုယူပြီး ဟန်နေထူးရဲ့ပခုံးစွန်းတစ်ဖက်ကို လက်သီးနဲ့ထိုးချမိရက်သားဖြစ်သွားတော့တယ်။ "အား ....ဟာ ...မင်း ..မင်း ဘာလုပ်တာလဲကွ ...မင်းကအရင်ငါ့အပေါ်လဲကျလာတာလေ " ပခုံးကိုဘလိုင်းကြီးအထိုးခံလိုက်ရတာမို့ ဟန်နေထူးစိတ်တိုပြီးပြောလိုက်ပေမဲ့ မရွှေချောကသူ့ကိုလှည့်တောင်မကြည့်ဘဲလူအုပ်ထဲ အတင်းတိုးဝင်သွားခဲ့တယ်။ဟန်နေထူး လဲနေရာမှကုန်းထလိုက်ပြီး သူမနောက်ကို အမှီလိုက်ဖို့ပြင်လိုက်ချိန်မှာပဲ သူရှေ့ကိုဆံပင်ရှည်ရှည်နဲ့မိန်းမချောလေးတစ်ယောက်ရောက်လာပြီး "တောင်း....တောင်းပန်ပါတယ်ကို ဟန်နေထူး...မိုးစက်သူငယ်ချင်းက သူ့အလုပ်စာရွက်ပျက်စီးသွားမှာစိုးရိမ်လို့ ဖြစ်သွားရတာပါရှင် ... တောင်းပန်ပါတယ်နော် " သူမကလဲ တောင်းပန်စကားပြောပြီးတာနဲ့ လှစ်ခနဲပြန်ပြေးထွက်သွားတယ်။ကျန်ခဲ့တဲ့ သူ့မှာသာ မျက်နှာချင်းဆိုင်ကလူအုပ်ကြီးကို ကြည့်ပြီး မခံချိမခံသာနဲ့.ဒေါသစိတ်ကိုမျိုသိပ်လိုက်ရတယ်။အရေးထဲ တေဇနဲဘော်ဒါတွေကလဲ ပြုံးစိစိမျက်နှာထားတွေနဲ့ ကြည့်နေကြလို့ သူရှုတင်းတင်းမျက်နှာထားနဲ့ ပြန်ကြည့်ပေးလိုက်တယ်။သူ့ကိုဒီတိုင်းရပ်ကြည့်နေခဲ့ကြတဲ့ ဒီကောင်တွေနဲ့ပွဲပြီးမှ စာရင်းရှင်းဖို့ကိုပါ စိတ်ထဲကတွေးထားလိုက်တယ်။ ~~~~~ "အမယ်လေး ဖြည်းဖြည်းသွားပါ ယွန်းရယ် ...နောက်ကပြေးလိုက်ရတာ အသက်ထွက်တော့မယ် " မြယွန်းမီနောက်ကို မေမိုးစက်အမီပြေးလိုက်ရင်း အော်လိုက်တယ်။ မေမိုးစက်ရဲ့ မောကြီးပန်းကြီးခေါ်သံကြောင့် မြယွန်းမီရပ်စောင့်နေလိုက်ပြီး "ဘာလို့လိုက်လာတာလဲ ... တို့က ပြန်တော့မှာလေ " "ပြန်တော့မလို့လား ..ရုံးမလိုက်တော့ဘူးလား " " မလိုက်တော့ပါဘူး ...ရုံးကိုလဲ ညနေက ဖုန်းဆက်ပြီးပြီ ...သွားပြီနော် " မြယွန်းမီပြောပြီးတာနဲ့ ကားဂိတ်ကို ဆိုက်လာတဲ့ လိုင်းကားပေါ်ကို ပြေးလွှားတက်ခဲ့လိုက်တယ်။ ကားဂိတ်မှာ မေမိုးစက်တစ်ယောက်တည်း ဘယ်လိုပုံစံနဲ့ကျန်ရစ်ခဲ့လဲဆိုတာကို လှည့်မကြည့်ဖြစ်တော့။ကြည့်စရာလဲလိုမယ်မထင်ပါဘူး။ ဒီလိုစိမ်းစိမ်းပြတ်ပြတ် ပြောဆိုဆက်ဆံတတ်မှန်းသိလို့ မခင်မင်တော့ရင်လဲ အကောင်းသား။ နောက်ကလိုက်ခဲ့ပါလို့ သူမခေါ်ခဲ့တာမှမဟုတ်တာ။ဖြစ်နိုင်ရင် မြယွန်းမီဘယ်သူနဲ့မှကို ခင်မင်ရင်းနှီးချင်စိတ်မရှိဘူး။ စကားတွေလဲ အများကြီးမပြောချင်ဘူး။မြယွန်းမီဘ၀မှာ အချစ်ခင်ရဆုံးလူသားနှစ်ယောက်ကြောင့် လူတွေကိုတော်တော်လေးကို စိတ်ကုန်စိတ်ပျက်နေပြီး ရင်းရင်းနှီးနှီးပေါင်းသင်းဆက်ဆံရမှာကို ထိတ်လန့်နေမိတယ်။ ~~~~ "မင်းတို့ကွာ နေနိုင်လိုက်တာ .. တစ်ယောက်မှကို လာမထူကြဘူးနော် " ပွဲပြီးသွားတာနဲ့ ဟန်နေထူးတို့အုပ်စု ကော်ဖီဆိုင်အပေါ်ထပ်ကနားနေခန်းဆီကို တက်ခဲ့ကြပြီး အခန်းထဲရောက်တာနဲ့ အားလုံးကို ကြည့်ပြီး ဟန်နေထူးမကျေမနပ်ပြောပစ်လိုက်တယ်။ "ဆွဲတော့ဆွဲမလိုပဲ နေထူးရာ ... ဒါပေမဲ့မင်းတို့ဟာက လဲကျသွားတာလား ... ရည်းစားဟောင်းတွေ ပြန်တွေ့လို့ ဖက်နေကြတာလား မသဲကွဲလို့ပါကွာ " " ဘာကွ ... မင်းဘာပြောလိုက်တယ် ... "

နားထောင်လားနားမထောင်လားမသိဘူး မေမိုးစက်ကစကားတွေ တတွတ်တွတ်လိုက်ပြော။ မြယွန်းမီတာဝန်ကျတဲ့နေရာဆိုသူမက လျှောက်လိုက်။ အလုပ်ထဲမှာကလဲ မြယွန်းမီနဲ့ဆိုအလုပ်တွဲလုပ်ချင်သူ သိပ်မရှိတာကို သူဌေးကလဲသိနေတော့ အလုပ်တာဝန်ခွဲဝေ တဲ့အခါ သူမတို့နှစ်ယောက်က အလိုလိုတွဲဖက်တွေဖြစ်လာခဲ့ကြတာပေါ့။ဒီလို မြယွန်းမီကို အပေါင်းအသင်းဖွဲ့နိုင်တဲ့ မေမိုးစက်ကို အလုပ်ထဲကလူတွေ အံ့ဩဘနန်းဖြစ်ကြရတာတော့ အမှန်ပဲ။ "ယွန်း ဒီမှာဖျော်ရည်ရပြီ..သောက်လိုက်အုံး " ပုံကြမ်းလဲအပြီး မေမိုးစက် အသံကိုလဲ ကြားလိုက်ရတာမို့ မြ ယွန်းမီဖျော်ရည်ခွက်ကို ယူလိုက်ချိန်မှာပဲ ဟေးခနဲအော်သံတွေနဲ့အတူဆယ်ကျော်သက်အရွယ် ကောင်မလေးတွေဆိုင်ဝဆီကိုပြေးထွက်သွားကြတယ်။ပြေးထွက်သွားကြသူတွေထဲက တစ်ယောက်သောသူက မြယွန်းမီရဲ့လက်ကို ဝင်တိုက်သွားတာမို့ အအေးခွက်ပါ မှောက်ကျသွားရတော့တယ်။ "ဟာ " "ဟယ် ဒုက္ခပါပဲ..မှောက်ကုန်ပြီ...ယွန်း နင့်လက်ဖယ်လိုက် .. ဖယ် ..ဖယ် .." မေမိုးစက်က တစ်ရှူးစကိုယူပြီး ဖိတ်ကျသွားတဲ့ ဖျော်ရည်တွေကိုလျင်လျင်မြန်မြန်နဲ့သုတ်လိုက်တယ်။မြယွန်းမီကပြေးထွက်သွားကြတဲ့ ကောင်မလေးတွေကို အူကြောင်ကြောင်နဲ့လိုက်ကြည့်နေမိပြီးမှ အထိတ်တလန့်နဲ့ မေးလိုက်မိတယ်။ " ဘာဖြစ်ကြတာလဲ....မီးလောင်လို့လား " "အေး ဟုတ်တယ်...မီးလောင်တာတော့မီးလောင်တာပဲ ... ဒါပေမဲ့ ကောင်မလေးတွေရဲ့ နှာခေါင်းမှာ လောင်တဲ့မီးပေါ့ဟယ် ... ဟိုမှာကြည့်ပါလား " မေမိုးစက်က ပါးစပ်ကပြောရင်း ဆိုင်ဝကိုညွှန်ပြလိုက်တာမို့ မြယွန်းမီက ဆိုင်ဝကိုလှမ်းကြည့်လိုက်မိတယ်။ဆိုင်ဝကခြံထဲမှာကားနှစ်စီးထိုးရပ်လာပြီး ကားထဲကနေဆင်းလာကြတဲ့ ခပ်ချောချော၊စတိုင်ခပ်မိုက်မိုက်ယောကျာ်းလေးငါးယောက်ကို မြင်လိုက်ရတယ်။ပြေးသွားတဲ့ ကောင်မလေးတွေက အဲ့ဒီအုပ်စုကို ဝိုင်းရံပြီးကျွတ်ကျွတ်ညံနေကြတာ။ "အဲ့ဒါဘာဖြစ်တာလဲ ...ဘယ်သူတွေလဲ " မြယွန်းမီက နားမလည်နိုင်တာမို့ မေမိုးစက်ကိုပြန်မေးလိုက်မိတယ်။ "ဟန်နေထူးနဲ့သူ့ဘော်ဒါတွေလေဟယ် ... ဟန်နေထူးကို နင်မသိဘူးလား " "ဟန်နေထူးကဘယ်သူလဲ ....မင်းသားလားအဆိုတော်လား " "ဟယ် ယွန်းရယ်...ဟန်နေထူးက မြန်မာပြည်ရဲ့ဆယ်လီစာရင်းဝင် မော်ဒယ်လေ...မင်းသားမဟုတ်ပေမဲ့ မင်းသားတွေထက် နာမည်ကြီးတယ်...ချောတယ်မိုက်တယ်လေဟယ်.. ဟိုမှာကြည့်ပါလား ..သူတို့အဖွဲမှာ သူကအချောဆုံးပဲလေ ....သူ့ဘေးနားကတစ်ယောက်က အခုတလော နာမည်ကြီးလာတဲ့ အဆိုတော် တေဇလေ ... ဒီဆိုင်ကဟန်နေထူးရဲ့ဆိုင်လေ ... ဒီနေ့ ဒီဆိုင်မှာ တေဇရဲ့ သီချင်းခွေလက်မှတ်ထိုးပွဲရှိတယ်လေ " မေမိုးစက်တရှည်တလျားရှင်းပြနေတာကိုနားထောင်ပြီး မြယွန်းမီ မျက်မှောင်ကုတ်လိုက်မိပြီး "ဒီလိုပွဲရှိမှန်းသိသားနဲ့ ဘာလို့ဒီဆိုင်ကိုလာရတာလဲ မိုးစက် ..." " အဲ...အံ့ဒါက ..မိုးစက်လဲမသိလိုက်လို့ပါယွန်းရယ် ... ဟိုမမတွေလေ သူတို့ကညွှန်းတာနဲ့ မိုးစက်လဲလိုက်လာခဲ့မိတာ .. ပြီးတော့ အလုပ်ဆိုက်နဲ့လဲအနီးဆုံးဖြစ်နေလို့လေ...ပြီးတော့ ဒီကိုရောက်မှ မိုးစက်လဲသိတာ " မြယွန်းမီရဲ့ မကျေမနပ်ဖြစ်သွားတဲ့မျက်နှာကြောင့် မေမိုးစက်ကပျာကသီရှင်းပြလိုက်ရင်း ဘေးဝိုင်းကိုကြည့်လိုက်တော့ အတူပါလာတဲ့ မချောသုံးယောက်က မရှိတော့ဘဲ ကောင်လေးသုံးယောက်သာမှုန်တေတေမျက်နှာတွေနဲ့ ထိုင်နေတာကိုတွေ့လိုက်ရတယ်။မြန်လိုက်တဲ့မိန်းမတွေ။ ကိုယ်ပြောတာတောင် နောက်ကျနေသေးတယ်။ဒီခေတ်ကလေးတွေများ တကယ်မနိုင်ဘူး။မေမိုးစက်တို့လို့ နှစ်ဆယ်ကျော်အစိတ်ပိုင်းအရွယ်တွေမှာ သူတို့လိုနှစ်ဆယ်ကျော်စလေးတွေနဲ့ ပြိုင်လဲမပြောရဲဘူး။ခေတ်မမီတဲ့ အပျိုကြီးမမတွေ ပစိပစပ်များတယ်ဆိုပြီး အပြောခံရမှာလေ။ မေမိုးစက်အဖြစ်က ကလေးမလေးတွေနဲ့ မြ ယွန်မီရဲ့ကြားမှာ အဆင်ပြေအောင်လိုက်ညှိနေရတာ။ကောင်မလေးတွေရှေ့ကျတော့ မေမိုးစက်လဲ ကောင်မလေးတွေနဲ့အတူ လိုက်ကဲရတာပေါ့။မြယွန်းမီ ရှေ့ကျတော့လဲ သူမအကြိုက်လိုက်နေရတာပေါ့။တွေးကြည့်ရင် မေမိုးစက်အဖြစ်က သိပ်တော့မလွယ်လှဘူး။ " ခေါင်းတွေတောင်မူးလာပြီး တို့ပြန်နှင့်လိုက်မယ် " မြယွန်းမီက ပုံကြမ်း စာရွက်တွေ ထည့်ထားတဲ့ဖိုင်ကို ကောက်ယူရင်း မတ်တတ်ထရပ်လိုက်တယ်။ "အယ် ....နေအုံးလေယွန်းရဲ့...မိုးစက်လဲလိုက်မှာပေါ့ .. ခဏလေးပဲ စောင့် ဒီမှာရှင်းပေးခဲ့လိုက်အုံးမယ် " မေမိုးစက်က မြယွန်းမီကို တားလိုက်ရင်း ငွေရှင်းဖို့လုပ်နေချိန်မှာပဲ ပြယွန်းမီထထွက်လာခဲ့လိုက်တယ် ။မထွက်လို့လဲမဖြစ်တော့ဘူး။ ဆိုင်ထဲမှာလူကများသထက်များလာနေပြီလေ။ ကောင်မလေးတွေကြားကနေ မြယွန်းမီတိုးထွက်လာခဲ့ရင်း ရုတ်တရက်ဆိုသလိုပဲ အရှိန်နဲ့ဝင် ရောက်လာတဲ့ ကောင်မလေးတစ်ယောက်နဲ့ ၀င်တိုက်မိသွားတယ်။တိုက်တာကအရှိန်ပါတာ့ မြယွန်းမီမှာ ဟပ်ထိုးလဲမလိုဖြစ်သွားရပြီး လက်ထဲကဖိုင်တွဲကလျောခနဲလွင့်ထွက်သွားတယ်။လွင့်ထွက်သွားတာမှ ဖိုင်တွဲထဲမှာညှပ်ထားတဲ့စာရွက်တွေက တစ်နေရာ။ ဖိုင်တွဲကတစ်နေရာစီကိုကျသွားခဲ့တာ။လွင့်ကျသွားတဲ့ စာရွက်တွေကို မြယွန်းမီအသည်းအသန်လိုက်ကောက်ရင်း လူအုပ်ကြားထဲကိုရောက်မှန်းမသိရောက်လာခဲ့တယ်။ "နည်းနည်းလောက်ဖယ်ပေးကြပါအုံး ." "ဘာလဲ ..ဘာဖြစ်တာလဲ "

#ရူးနေတဲ့ကြယ် (အခန်းဆက်ဝတ္ထု ) အပိုင်း (၁) ******* (နိဒါန်း ) မင်းဘက်ကလက်သီးဆုပ်ထားသ၍ တခြားသူရဲ့နွေးထွေးတဲ့လက်တစ်စုံအကြောင်းကို သိရမှာမဟုတ်ဘူး .....။ ~~~~~ " တို့ကပင်မှည့်တစ်ခွက်ပဲ " လက်ထဲကပုံကြမ်းကိုအပြီးသတ်ဆွဲနေတာမို့ မြယွန်းမီ ခေါင်းကို မော့မကြည့်အားဘဲ သောက်ချင်တာကိုမှာလိုက်တယ်။ "ယွန်းရယ် ကိတ်လေးဘာလေးလဲစားပါအုံးဟဲ့ ..အလုပ်လုပ်နေရင်း အားပြတ်နေပါအုံးမယ် " မေမိုးစက်က ထပြောလိုက်ပေမဲ့မြယွန်းမီခေါင်းကိုခါလိုက်ပြီး "မစားတော့ပါဘူး ...တို့ကဘာပဲစားစား ထမင်းမစားရရင်မနေနိုင်လို့တော်ရုံဆိုမုန့်တွေဘာတွေမစားတတ်တာကို မိုးစက်လဲသိသားနဲ့ ... " " အဲ့ဒါပြောတာပေါ့ ထမင်းကိုသိပ်မချစ်ပါနဲ့ဆို... ဒီလိုဆိုင်မျိုး အထိလာပြီး ကိတ်လေးလောက်တော့စားမှတန်မှာပေါ့...နင်ဘာစားစားသူဌေးက အကုန်စုရှင်းမှာပဲဟာ '' မေမိုးစက်က အခြားသူတွေမကြားအောင် မြယွန်းမီအနားကိုကပ်ပြီး အဘွားအိုလေးလိုပွစီပွစိပြောလိုက်တယ်။မေမိုးစက်ရဲ့ အမူအရာကိုကြည့်ပြီး မြယွန်းမီက ပခုံးကိုတွန့်ပြလိုက်တယ်။ မြယွန်းမီဆိုတာက ဒီလိုပါပဲ။လုပ်ချင်တာကို ဘယ်သူ့ကိုမှဂရုစိုက်မနေဘဲ လုပ်တတ်တဲ့သူမျိုး။ဒါပေမဲ့ မြယွန်းမီးမှာခံယူချက်တစ်ခုတော့ရှိတယ်။လူတိုင်းမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတယ်ဆိုပေမဲ့ ကိုယ့်ရဲ့လွတ်လပ်ခွင့်က တခြားသူကို အနှောက်အယှက်ဖြစ်စေတာမျိုးကိုတော့ လက်မခံ တက်ဘူး။မြယွန်းမီဂျစ်ကျတယ်ဆိုတာက ရန်ကုန်မြို့ရဲ့အကောင်းဆုံးစားသောက်ဆိုင်ကြီးမှာ ရောက်နေရင်တောင် သူမစိတ်မပါရင်ရေသန့်တစ်ဘူးပဲသောက်တတ်တဲ့သူမျိုး။အခုလဲ ရွှေလိပ်ပြာလိုမျိုးနာမည်ကြီးကော်ဖီဆိုင်ကိုရောက်နေတာကို လမ်းဘေးအအေးဆိုင်မှာ မှာသောက်သလိုပဲမှာနေတာ။ရွှေလိပ်ပြာဆိုင်ဆိုတာက ကော်ဖီ၊အအေးနဲ့ကိတ်မျိုးစုံရတဲ့ဆိုင်။ဒီဆိုင်မှာလူငယ်လူရွယ်တွေနဲ့ ဆယ်ကျော်သက်လေးတွေပဲ အများဆုံးလာတတ်ကြတာမို့ လူငယ်ကြိုက်အစားအစာမျိုးစုံရတယ်။ ဒါကိုဒီထဲကမှ မြယွန်းမီက ဘာကိုမှ စိတ်ကြိုက်မတွေ့ဘူးဖြစ်နေတာ။ ဟုတ်တယ် မြယွန်းမီက အစားအသောက်ဆိုရင် ထမင်းနဲ့ ဟင်းလောက်ပဲကြိုက်တတ်။ ဒီလို အကြိုက်ကလဲ ရှင်သန်နေထိုင်ခဲ့ရတဲ့ ဘဝနဲ့လဲအနည်းငယ်ဆိုင်မယ်ထင်ပါတယ်။မြယွန်းမီ လူရယ်လို့သိတတ်စကတည်းက ဖခင်ဖြစ်သူကလောကကြီးထဲမှာမရှိတော့ဘဲ မိခင်ဖြစ်သူကပဲ မြယွန်းမီတို့ မောင်နှမကို ရှာဖွေကျွေးမွေးခဲ့တာ။ မိန်းမသားဖြစ်တဲ့မိခင်ရဲ့ လုပ်အားနဲ့ပဲနေထိုင်စားသောက်ခဲ့ရတော့ မြယွန်းမီတို့ဘဝကဆင်းဆင်းရဲရဲကြီးမဟုတ်ပေမဲ့ ဘယ်အရာကိုမဆို မြယွန်းမီတို့မှာ အတိုင်းအတာနဲ့ စည်းကမ်းနဲ့ပဲ သုံးစွဲနေထိုင်ခဲ့ရတယ်။ လိုအပ်ရင်သုံး မလိုအပ်ရင်မဖြုန်းနဲ့ဆိုတဲ့ မိခင်ဖြစ်သူရဲ့ စည်းကမ်းတွေအောက်မှာကြီးပြင်းခဲ့ရသူပီပီ မြယွန်းမီပုံစံက သက်တူရွယ်တူတွေကြားမှာ ပုံစံမတူဘဲကွဲပြားနေခဲ့တယ်။ အထူးသဖြင့်မြယွန်းမီက ခင်မင်ခင်တွယ်တာတတ်တဲ့စိတ်သိပ်မရှိဘူး။ လုပ်ဖော်ကိုင်ဖက်တွေနဲ့လဲ ခေါ် ခေါ် ပြောပြောပဲရှိတာ။အရောင်တဝင်ပြောဟယ်ဆိုဟယ်နဲ့ ရင်းရင်းနှီးနှီးနေလေ့မရှိဘူး။မေးရင်ဖြေတယ်။ ခေါ်ရင်ထူးတယ်။ သူ့မမှာအာလပသလ္လာပပြောတတ်တဲ့အကျင့်မရှိဘူး။ မညှာမတာပြောရရင် မြယွန်းမီက လူမှုရေးမသိတတ်သူပေါ့။ဒီနေ့ခေတ်စကားနဲ့ပြောရရင် ခပ်ချေချေနေသူတစ်ယောက်ပေါ့။တကယ်တမ်းကျတော့ မြယွန်းမီက မာနကြီးတတ်သူတစ်ယောက်မဟုတ်ဘဲ လူတွေရဲ့အတွင်းစိတ်တွေကိုကြောက်ပြီးရှောင်နေသူသာဖြစ်တယ်။ ဒါပေမဲ့ သူမကိုဘယ်သူတွေကဘယ်လိုထင်ထင် မြယွန်းမီက ဂရုတစိုက်နဲ့လိုက်ရှင်းပြနေတတ်တဲ့သူတော့ မဟုတ်ဘူး။ လုပ်ဖော်ကိုင်ဖက်တွေက သူမကို ခေါ်ချင်ခေါ် မခေါ်ချင်နေ ဂရုစိုက်နေတာမျိုးလဲမရှိဘူး။တစ်ဖက်လူက ခေါ်ခေါ် မခေါ်ခေါ် အလုပ်နဲ့ ပတ်သက်ပြီး ပြောစရာခိုင်းစရာရှိရင်တော့ ပြောပစ်ခိုင်းပစ်တတ်တယ်။ဒါကြောင့်လဲ ကျောင်းတက်ခဲ့တုန်းကရော၊အခုအလုပ်ထဲမှာရော မြယွန်းမီမှာအပေါင်းအသင်းသူငယ်ချင်းရယ်လို့ မရှိဘူး။ ဒီထဲမှာမှထူးထူးခြားခြားလို့ပဲပြောရမလား မေမိုးစက်ကတော့ မြယွန်းမီ ကိုတွေ့တွေ့ချင်းမှာကတည်းက ခင်မင်သွားခဲ့တာ။မေမိုးစက်က မြယွန်းမီထက် အသက်ခြောက်လကျော်လောက်ကြီးတယ်။သူတို့နှစ်ယောက်က ပုံစံချင်းအဆင်အပြင်ချင်းကလည်းတစ်ခြားစီရယ်။မြ ယွန်းမီကရှပ်နဲ့ ဘောင်းဘီရှည်အမြဲဝတ်ပြီး အလုပ်မှအလုပ်ဖြစ်နေသူ။လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနေတတ်ပြီး ဘေးမှာရှိတဲ့သူတွေကို ဂရုမစိုက်တတ်တဲ့သူ။မေမိုးစက်ကျပြန်တော့ မြယွန်းမီနဲ့ လုံး၀ကြီးဆန့်ကျင်ဘက်ဖြစ်နေသူလို့ပြောရမှာပဲ။လူပုံက မိန်းမဆန်ဆန်။စကားပြောလိုက်တာမှလဲ တခြားသူနဲ့စကားမပြောရရင် တစ်ယောက်တည်းသီချင်းညည်းနေတတ်တဲ့သူမျိုး။ပေါင်းသင်းဆက်ဆံရေးမှာလဲ ကုမ္ပဏီသူဌေးကအစ သန့်ရှင်းသမားအထိမသိတဲ့သူမရှိဘူး။တစ်ယောက်ယောက်ကို ကူညီပေးဖို့လဲအမြဲအဆင်သင့်ရှိနေတတ်သူမျိုးပေါ့။ ဒီလိုအကျင့်စရိုက်ရှိတဲ့ သူမတို့နှစ်ယောက် သူငယ်ချင်းတွေဖြစ်သွားရတဲ့ အကြောင်းအရင်းက မေမိုးစက်ကြောင့်ပဲဆိုတာတော့ ခန့်မှန်းမိမယ်ထင်ပါရဲ့။ လွန်ခဲ့တဲ့ (၂)နှစ်က လက်ရှိကုမ္မဏီမှာပဲစတွေ့ခဲ့ကြပြီး အေးတိအေးစက်နိုင်လှတဲ့မြယွန်းမီကို မေမိုးစက်ကခင်မင်သွားပြီးတစ်ဖက်သက်သူငယ်ချင်းအဖြစ်အတင်းလိုက်မိတ်ဆက်ခဲ့တာပဲပြောရမလား။ မြယွန်းမီက

" ငွေ .. ငွေတွေပါလားကွယ် ... " အဘွားအိုက ငွေထုတ်ကိုကြည်လျက် အသံတုန်တုန်ဖြင့် ပြောလေသည်။ "ဟုတ်ပါတယ် အဘွား ..မေရီက အဘွားတို့အတွက် စုပေးထားတဲ့ငွေတွေပါ ... ယူထားလိုက်ပါနော် " ~~~~~ ကျောပိုးအိတ်အဟောင်းလေးကို လွယ်လျက် လမ်းမကြီးအတိုင်း ဘူတာရုံဘက်သို့ ဘီနာထွက်လာခဲ့သည်။အတန်ကြာလျှောက်လာမိသောအခါ ဘူတာရုံသို့သွားသော ဖြတ်လမ်းကို တွေ့လိုက်ရလေသည်။ဘီနာက ထိုလမ်းဟောင်းလေးထဲသို့ ချို့ကွေ့ဝင်လိုက်လေသည်။ @@@@@@@@@@@@@@@@@@@@@ ပြီးပါပြီ ဧကြည်ဖြူ (အစမှအဆုံး ဖတ်ရှူပေးကြတဲ့အတွက် ကျေးဇူးတင်လျက်ပါ ) KPay 09773745413 lai lai win Wave 09773745413 lae lae win

မက်ဂန်းတို့အုပ်စုသည် သွေးရူးသွေးတန်းဖြင့် အော်ဟစ် ပြေးလွှား လျက်ရှိစဉ်မှာပင် မီးများသည် ပို၍ပြင်းထန်စွာ လောင်ကျွမ်းလာလေတော့သည်။ "ဟဲ့ကောင်ကြီး ...လူသတ်သမားကြီး မက်ဂန်း ... ရှင်တို့သူဌေးကို သွားကယ်ကြလေ ... ဘာလုပ်နေကြတာလဲ ....အခုလောက်ဆို ရှင်တို့ သူဋ္ဌေးရဲ့ ခန္ဓာကိုယ်တစ်ခုလုံး မီးကင်းပြီးသားဖြစ်သွားလောက်ပြီ သိရဲ့လား ... မီးကင်ထားတဲ့အသားနဲ့ အရက်နဲ့ မြည်းကြလေ ... မကောင်းဘူးလား .." " ဟင် ... မေရီ ... မင်း ....မင်းက မီးတွေ လိုက်ရှို့နေတာလား ... မင်းတို့ ဘာလုပ်နေကြတာလဲ အဲ့ဒီအရူးမကို ဖမ်းကြစမ်း " မက်ဂန်းသည် ဒေါသတကြီးဖြင့် အော်ဟစ်လျက် မေရီကိုဖမ်းခိုင်းလေသည်။ "သူ့ကို ထားလိုက်တော့ ဆရာ ... ပြေးဖို့ အချိန်မရှိတော့ဘူး ... လှေကားလဲ မီးစွဲသွားပြီး ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ " " ဟား ဟား ဟား ..လာဖမ်းကြလေ ဘာလုပ်နေကြတာလဲ ..ရှင်တို့တွေ ကျွန်မတို့ကို သက်ဖို့ တိုင်ပင် နေကြတာမဟုတ်လား လူသတ် သမားတွေရဲ့ ... ကျွန်မက ရှင်တို့ ကို ဘာများ လုပ်မိလို့လဲ ... ကျွန်မ မောင်လေးကို ဆေးကုပေးချိန်လွန်း ကျွန်မသိတာလေးကို ပြောမိတာလေ... အဲ့ဒီအတွက် ဆုလာဘ်က သေဒဏ်တဲ့လား ..အီး ဟီးဟီး .....ဟား...ဟား ခုတော့ အားလုံးတူတူသေကြမယ်လေ... ပျော်စရာမကောင်းဘူးလား ..." မေရီသည် အရှိန်အဟုန်ဖြင့် တောက်လောင်နေသော မီးတောက်များကြားတွင် စိတ်လွတ်သွားပြီးနောက် ငိုလိုက်ရယ်လိုက်ဖြင့် မီးတောက်လောင်နေသော သစ်ချောင်းများကို ဆွဲကိုင်လျက် မက်ဂန်းတို့လူစု နောက်သို့ လျှောက်လိုက်နေလေသည်။အဆုံးတွင် မေရီ၏ ခန္ဓာကိုယ်တစ်ခုလုံးမီးစွဲလောင်ပြီးလျှင် သွေးရူးသွေးတန်း ပြေးလွှားနေရာမှ ပြိုလဲကျသွားလေတော့သည်၊၊ မက်ဂန်းတို့လူစုသည်လည်း သွေးရူးသွေးတန်းဖြင့် ပြေးလွှားနေကြပြီးလျှင် ပြတင်းမှတဆင့် အောက်သို့ခုန်ချဝံ့သူများလည်း ခုန်ချကြလေသည်။သို့ရာတွင် အောက်ထပ်၌လည်း မီးများလောင်ကျွမ်းလျက်ရှိသောကြောင့် ပြတင်းမှ ခုန်ချသွားသူများသည်လည်း အသက်ရှင်ရန် အခွင့်အရေးနည်းပါးလှလေသည်။ မလ်ဂန်းသည် ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ပြေးလွှားနေရာမှ အခန်း၀နားတွင် တစ်ကိုယ်လုံး မီးလောင်ကျွမ်းလျက်လဲကျနေသော သူဌေးမင်း၏ ခန္ဓာကိုယ်ကြီးကို ကြည့်ကာ သွေးရူးသွေးတန်းဖြင့် မီးဟုန်းဟုန်းတောက်လောင်လျက်ရှိသော လှေကားဆီသို့ပြေဆင်းသွားလေရာ အဆီများဖြင့် ပြည့်နေသော မက်ဂန်း၏ ခန္ဓာကိုယ်ကြီးသည် မီးထဲသို့ ဝုန်းခနဲ ပြိုလဲကျသွားလေတော့သည်။ ~~~~~~ "မီးတွေ ...လောင်နေတယ် ... ပြေးကြလေ ..ဘာလုပ်နေကြတာလဲ ...တော်ကြာ အလုပ်ရုံတွေကိုပါ မီးစွဲပြီးအကုန်ပေါက်ကွဲကုန်တော့မှာ ...." ဘီနာသည် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။အားလုံး ရုတ်ရုတ်သဲသဲဖြင့် အလုအယက်ပြေးလွှားကြလေတော့သည်။ ဘီနာသည် တိုက်ကြီးဆီမှလွင့်စင်ကျလာသော မီးစွဲလောင်နေသည့် သစ်ချောင်းများကို ကောက်ယူလျက် အလုပ်ရုံများဆီသို့ ပစ်ထည့်သည်။ အားလုံးသည် မီးဟုန်းဟုန်း တောက်လောင်နေသော တိုက်ကြီးနှင့် မီးများစွဲလောင်နေသော စက်ရုံများကို မီးငြိမ်းရန်မကြိုးစားကြဘဲ ကိုယ်စီကိုယ်စီ အသက်ရှင်သန်ရေးအတွက် လွတ်ရာသို့ ထွက်ပြေးကြလေသည်။ ~~~~~~~ နှင်းကွဲစပြုနေသော နေခြည်နုနု နံနက်ခင်း အောက်တွင် စက်ရုံဝန်းကြီးတစ်ခုလုံးသည် မီးခိုးငွေ့များပင် တလူလူ ထွက်လျက်ရှိသေးလေသည်။ "သူဌေးနဲ့ သူ့တပည့်တွေအကုန် မီးထဲပါသွားတာတဲ့လေ ... " "ဟုတ်တယ်လေ ...အားလုံးလိုလို သေကုန်ကြတာလေ ... တောထဲက တိုက်ပျက်ကြီးမှာ အစောင့်ချထားတဲ့ လူမိုက် တချို့ပဲ ကျန်တာလေ ... ဒါပေမဲ့ အဲ့ဒီကောင်တွေလဲ ... အကုန်ထောင်ကျမှာပဲ ..." "ဟုတ်တယ် .... တောထဲက တိုက်ပျက်ကြီးထဲမှာ လူတွေကို ဖမ်းထားတဲ့လေ.... ဒါနဲ့ မေရီ ဆိုတဲ့ ကောင်မလေးကို သိတယ် မဟုတ်လား ...သူလဲမီးထဲပါသွားတာတဲ့ ... သူ့အဘွားနဲ့ သူ့မောင်လေးတော့ သနားစရာပဲ " "ဒါနဲ့ ... အသတ်ခံထားရဲတဲ့ အလောင်းတွေလဲ တွေ့တယ်တဲ့... " "ဘာပဲဖြစ်ဖြစ် မီးကိုပဲ ကျေးဇူးတင်ရမှာပဲ ... မဟုတ်ရင် သူဋ္ဌေးနဲ့ သူတပည့်တွေ ငါ့တို့မြို့သူမြို့သားတွေကို အနိုင်ကျင့်နေတာကြာပြီလေ ...." မြို့သူမြို့သားများ၏ တစ်ယောက်တစ်ပေါက် အသံများသည် ပျံ့လွင့်လျက်ရှိပေသည်။ ဘီနာသည် မီးခိုးများ တလူလူ ထွက်နေဆဲဖြစ်သော မီးလောင်ပြင်ကို ငေးမောကြည့်နေမိစဉ်မှာပင် ပြိုကျပျက်စီးနေသော တိုက်ပျက်ကြီးပေါ်မှ လက်ပြနေသော မိန်းခလေးတစ်ယောက်၏ သဏ္ဍာန်ကို ခပ်ဝါးဝါး မြင်တွေ့လိုက်ရလေသည်။ ~~~~~~~ မြေအရောင်းအဝယ်စာချုပ်တွင် လက်ဗွေနှိပ်ပေးလိုက်ပြီးနောက် ဘီနာငွေထုတ်ကိုလှမ်း၍ယူလိုက်လေသည်၊၊ရက်တစ်ရာအတွင်းမှာပင် ဘီနာတို့၏ ဘိုးဘွားပိုင်မြေကို လက်ဝယ်ပြန်လည်ရရှိခဲ့ပြီးသည့်နောက်တွင် တန်ရာတန်ကြေးပေးဝယ်သူ၏ လက်သို့ ရောင်းချလိုက်ခြင်းဖြစ်လေသည်။ မြေရောင်းရသည့် ငွေများကို တဝက်စီခွဲ၍ သိမ်းလိုက်ပြီးနောက် မြို့သို့ ပြန်ရန်အတွက် ဘီနာပြင်ဆင်လိုက်သည်။ ~~~~~ ငွေများထည့်ထားသော အိတ်လေးကို အဘွားအိုလက်ထဲ သို့ ဘီနာထည့်ပေးလိုက်သည်။

ဧကြည်ဖြူ "ဘီနာ '' ဇာတ်သိမ်းပိုင်း ****** "ဝုန်း " "ဟေ့ ...ဘာဖြစ်တာလဲ " ဘီနာ့အခန်းထဲမှ ဝုန်းခနဲအသံကြောင့် အစောင့်သည် အခန်းဝမှ လှမ်း၍မေးလေသည်။ ဘီနာသည် အသံကို မထွက်စေဘဲ ငြိမ်၍နေလိုက်သည်။ထိုအခါ အစောင့်သည် လက်တစ်ဖက်မှ ဓါတ်မီးကိုထိုးလျက် တစ်ဖက်မှ သံတုတ်ကိုကိုင်ကာ အခန်းထဲသို့၀င်လာလေသည်။ဘီနာသည် ကြမ်းပြင်ပေါ်တွင် တုတ်တုတ်မျှမလှုပ်ဘဲ ငြိမ်နေလိုက်သည်။ "ဟေ့ကောင်း ... ဟေ့ကောင် ထစမ်း ဘာဖြစ်တာလဲ ... သေနေပြီလား ..ဒုက္ခပဲ ...သူဌေးလာရင် ပြဿနာတော့ တက်တော့မှာပဲ " အစောင့်သည် ညည်းညည်းညူညူနှင့် ပြောလိုက်ပြီးလျှင် ခါးကိုကိုင်းကာဘီနာ၏ နှာခေါင်းဝသို့ လက်ဖြင့် တေ့ကြည့်လိုက်လေသည်။ ဘီနာက အခွင့်အရေးကို လက်လွှတ်မခံဘဲ အစောင့်၏ လက်ထဲမှ သံကို ဆွဲလုယူလိုက်ပြီးလျှင် အစောင့်ဖြစ်သူကို နှစ်ချက်ဆင့်၍ရိုက်ချပစ်လိုက်သည်။ အစောင့်ထံမှ ညည်းညူသံတစ်ချက်သာထွက်လာပြီး ငြိမ်သက်သွားလေသည်။ဘီနာသည် သံတုတ်နှင့် ဓါတ်မီးကို ကိုင်ဆွဲလျက် ဒယိမ်းဒယိုင်ဖြင့် အပြင်သို့ထွက်လာခဲ့လေသည်။ မည်းမှောင်းနေသော မြေအောက်ထပ်တွင် အခန်းများစွာ ရှိနေသည်။သို့သော်လည်း အခန်းများအားလုံးသည် မှောင်အတိကျလျက် တိတ်ဆိတ်ငြိမ်သက်လွန်းနေသည် ။ မတရားဖမ်းဆီးခံထားရသူများသည် အသတ်ခံလိုက်ကြရပြီလား ။ မဟုတ်လျှင် တောထဲရှိ လူသတ်ကုန်း သဖွယ်အိမ်အိုဟောင်းကြီးတွင်ပင် ရှိနေကြလေသည်လား။တစ်ခန်းပြီးတစ်ခန်း ဘီနာလိုက်၍ ဖွင့်ကြည့်သည်။ ~~~~~~~ "အင်း ... အင်း...ဟင်း ... ဟင်း ... ကယ် ..ကယ်ကြပါအုံး ... ကျွန်မပြေးလေးကို ကယ်ပေးကြပါရှင် " အခန်းတစ်ခန်းဆီမှ ညည်းညူသံကြောင့် ဘီနာအပြေးသွားပြီး ကြည့်လိုက်ဘေအခါ သော့ခတ်ထားသော အခန်းထဲမှ ညည်းညူသံများကို ကြားလိုက်ရလေသည်။လက်ထဲမှ သံတုတ်ဖြင့်သော့ကို သုံးလေးချက်ရိုက်၍ ဖွင့်လိုက်သောအခါ သော့မှာပြုတ်ထွက်သွားလေသည်။ ထိုအခါ အခန်းထဲတွင် အဘွားအိုတစ်ယောက်နှင့် ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသောကြောင့် မေရီ၏အဘွားနှင့် မောင်ပင်ဖြစ်လိမ့်မည်ဟု ဘီနာတွက်ဆလိုက်မိလေသည်။မေရီက သည်အကြောင်းများကို အားလုံးသိသွားသောကြောင့် ဘီနာရှိရာ အချုပ်ခန်းဆီသို့ အရောက်လာခဲ့ပြီးလျှင် ဓါးမြှောင်နှင့် မီးခြစ်ကို ပေးခဲ့ခြင်းဖြစ်ပေလိမ်မည်။ "အဘွား ...အဘွားလမ်းလျှောက်နိုင်လား ...ကောင်လေးရော လမ်းလျှောက်နိုင်လား " မြေအဘွားနှစ်ယောက်ကို ဘီနာ့က အသံခပ်တိုးတိုးဖြင့် မေးလိုက်သည်။ " လျှောက်...လျှောက်နိုင်ပါတယ်ကွယ် ..." ဘီနာတို့သုံးယောက်သားလှေကားရှိရာဆီသို့မှန်းဆ၍ လျှောက်လာခဲ့သည်။ဘီနာသည် သွားနေရင်းမှ ခန္ဓာကိုယ်ပေါ်ရှိ အင်္ကျီစကို ဆုတ်ဖြဲလိုက်ပြီးလျှင် မီးရှို့၍ စတိုခန်းကဲ့သို့ ရှုပ်ပွနေသော အခန်းထဲရှိပစ္စည်းများကို မီးရှို့လိုက်လေသည်။ "ဟဲ့ ...ဟဲ့ ...ဘာလို့ မီးရှို့ရတာလဲကွယ် " အဘွားအိုကြီးသည် ဘီနာ၏ အပြုအမူကြောင့် အထိတ်တလန့်ဖြင့် မေးလေသည်။ "သွား ... သွား အဘွား ..မြန်မြန်သွား .... " ~~~~~ မေရီသည် မီးအိမ်ထွန်းညှိရန်ထားသော ရေနံဆီများကို့ တစ်ခန်းလုံးသို့ လိုက်ဖြန်းလိုက်ပြီးလျှင် မီးလင်းဖိုရှိ ကြိုတင်ပြင်ဆင်ထားသော ထင်းမီးတစ်ချောင်းကို ယူပြီးလျှင် မီးလောင်လွယ်သော ခန်းဆီးစများကို စ၍ရှို့လိုက်သည်။မီးသည် ဟုန်းခနဲထ၍ တောက်လောင်လေသည်၊၊ မီးတောက် အားကြီးလာသည်နှင့် မေရီသည် မီးတုတ်နှင့်ရေနံဆီဘူးကိုကိုင်ကာ အခန်းထဲမှလျင်မြန်စွာ ထွက်ခဲ့လေသည်။ အခန်းထဲရှိ ခုတင်ထက်တွင် သူဌေးမင်းသည် အရက်သေစာ သောက်စားထားပြီးလျှင်စည်းစိမ်ယစ်လျက် လောကကြီးကို မေ့လျော့လျက်ရှိလေသည်။မေရီသည် အခန်းပြင်သို့ရောက်လျှင် တံခါးကို အပြင်မှ သော့ပိတ်လိုက် ကြိုတင်ကြံစည်ထားခဲ့သည့်အတိုင်း အောက်ထပ် လှေကားထိပ်မှစ၍ ဘူးထဲရှိ ရေနံဆီများကို လောင်း၍ မီးရှို့ပစ်စ်လိုက်သည် ။ အကယ်၍ လှေကားထိပ်ကို အရင်မရှို့ဘဲ မေရီ ထွက်ပြေးလျှင် လွတ်ကောင်းလွတ်နိုင်မည်မှန်း မေရီသိပါသည်။ထို့အတူ မေရီတို့ကို သတ်ရန်အတွက် အပေါ်ထပ်ရှိအခန်းတစ်ခန်းထဲတွင် စုရုံးလျက် စောင့်နေကြသော မက်ဂန်းတို့အုပ်စုသည်လည်း လွတ်မြောက်သွားနိုင်သည်မဟုတ်ပါလား ။မေရီသည် အံကိုတင်းတင်းကြိတ်လျက် ရေနီဆီဘူးကို မကိုင်လျက် အပေါ်ထပ်အနှံ့လိုက်၍ဖြန်းပက်လိုက်ပြီး မီးတုတ်နှင့် မီးများကိုလောင်ကျွမ်းစေလေသည်။ ~~~~ "ဖျစ် ....ဖျစ် ..ဖျစ် " " ဖောင်း ... ဖောင်း " "ဝုန်း ...ဝုန်း " "ဟာ... ဘာသံတွေလဲ ... ညှော်နံတွေလဲ ရနေတယ် ...ဘာဖြစ်တာလဲ ထွက်ကြည့်ကြစမ်း ." မက်ဂန်းတို့လူမိုက်အုပ်စုသည် လူသတ်ရန်အတွက် သူဋ္ဌေးမင်း ပျော်ပါးပြီးသည့်အချိန်ထိစောင့်ဆိုင်နေစဉ်မှာပင် ဆူဆူညံညံအသံများနှင့် ညှော်နံ့များကြောင့် ဝရုန်းသုန်းကားဖြင့် အခန်းပြင်သို့ ထွက်၍ကြည့်ကြလေသည်။ "ဟာ ... မီး ...မီး ...မီးတွေလောင်နေတယ် ဆရာမက်ဂန်း .." " ဘာ...မီးလောင်နေတယ်ဟုတ်လား " "ဟုတ်တယ် ဆရာ ... သူဌေး အခန်းမှာ တော်တော်လောင်နေတယ် ..." " ဟာ ...အောက်ထပ်က ကောင်တွေ ဘာလုပ်နေလဲ ...မီးလောင်နေတာ မသိကြဘူးလား " "ဝုန်း ...ဒုန်း "