1 031
订阅者
+124 小时
-17 天
-1230 天
帖子存档
#ရူးနေတဲ့ကြယ်
( အခန်းဆက်ဝတ္ထု )
အပိုင်း (၁၈)
********
"ကောင်မလေးတွေ... သမီးချယ်ကိုကားပေါ်လိုက်တင်ပေးလိုက်ကြပါအုံး "
ဒေါ်ထူးထူးမော်ရဲ့ စကားကြောင့် အလုပ်သမားကောင်မလေးနှစ်ယောက်က ပန်းသွေးချယ်ကိုတွဲပြီး ဟန်နေထူးရဲ့ကားပေါ်လိုက်တင်ပေးလိုက်ကြတယ်။
ဒီမြင်ကွင်းကို ဟန်နေထူးတစ်ချက်လှမ်းကြည့်လိုက်ပြီး ဘာမှမပြောဘဲ ကားရှိဆီကိုသွားလိုက်တယ်။ဟန်နေထူးကားနားရောက်တော့ ပန်းသွေးချယ်ကားခေါင်းခန်းထဲမှာထိုင်နေတာကိုတွေ့လိုက်ရတယ်။ဟန်နေထူးကားထဲဝင်ထိုင်လိုက်ချိန်မှာ ပန်းသွေးချက်က မပွင့်တပွင့်ပြုံးရင်း စကားစလိုက်တယ်။
"အားနာလိုက်တာ မောင်လေးရယ်...မချယ်ခြေထောက်က အကြောတွေ သိပ်မကောင်းလို့ ခဏခဏခြေချော်တတ်တယ် "
ပန်းသွေးချယ်ကမူနွဲ့နွဲ့နဲ့ အသံနဲ့ပြောရင်း လက်တစ်ဖက်နဲ့ ဆံပင်ရှည်တွေကို သပ်တင်လိုက်တယ်။သူမရဲ့ဟန်ပန်ပုံစံက တကယ့်ကို မိန်းမပီသသော မိန်းခလေးပုံစံမျိုးလေးပေါ့။
ဟန်နေထူးကားကိုခပ်ဖြည်းဖြည်းမောင်းနေရင်းမှ ပန်းသွေးချယ်ကို ကြည့်လိုက်ပြီး
"ကြော်ငြာဓါတ်ပုံတွေနဲ့ ပတ်သက်ပြီး သတင်းထောက်ကို မပန်း သွေးချယ်ပေးလိုက်တာလား ... ပြီးတော့ ခေါင်းစဉ်စာသားကရော ဘယ်သူ့အတွေးလဲ .."
မမျှော်လင့်ထားတဲ့ မေးခွန်းကြောင့်ပန်းသွေးချယ် မျက်လုံးပြူးသွားရတယ်။
"မပန်းသွေးချယ် မဖြေနိုင်လဲရပါတယ် ... အဲ့ဒီပုံတွေ ..ဗီဒီယိုတွေနဲ့ ပတ်သက်ပြီး ဘယ်မီဒီယာမှာမှ မတင်ဖို့ တင်ရင်တရားစွဲဖို့အတွက် လုပ်ဆောင်နေပါပြီ ...မပန်းသွေး ချယ်အနေနဲ့လဲ မပန်းသွေးချယ်ရဲ့အကောင့်မှာဖြစ်စေ ကျွန်တော့်ပုံတွေကိုတင်ခဲ့ရင် ဥပဒေအတိုင်းလုပ်ဆောင်မှာပါ ..ရှေ့နေ့ကတဆင့်ဆက်သွယ်လာပါလိမ့်မယ် ..."
ကြားလိုက်ရတဲ့ စကားတွေကြောင့် ပန်းသွေးချယ်အံ့ဩနေမိသလို မခံချင်စိတ်တွေလဲဖြစ်သွားရတယ်။
" နေပါအုံးမောင်လေး....အဲ့ဒီပုံတွေကစီးပွားရေးအရရိုက်တဲ့ပုံတွေ လေ ....ပြီးတော့မောင်လေးက အနုပညာရှင်တစ်ယောက်လေ ... ပုံတွေက အစ်မ မတင်လဲတခြားသူတွေတင်နေတာပဲလေ "
ဟန်နေထူး.ပန်းသွေးချယ်ကိုကြည့်လိုက်ပြီး
" အဲ့ဒီကြော်ငြာရှင်က ကျွန်တော့်အမေပါ ...အားလုံးကိုကျွန်တားမြစ်မှာပါ ... မပန်းသွေးချယ်ဘက်က ကျွန်တော်နဲ့ ပတ်သက်ပြီး ..... မဟုတ်မမှန်တဲ့ စကားတွေကို မပြောဖို့မေတ္တာရပ်ခံတာပါ ... ပြောတဲ့ကြားက မလိုက်နာရင်
တော့ တရားဥပဒေအရပဲစကားပြောပါတော့မယ် ... ဒီစကားတွေပြောချင်လို့ မပန်းသွေးချယ်ကို ကားနဲ့ခေါ်လာတာပါ...အမေ့ဆိုင်မှာ တစ်ခါတည်း ပြောလိုက်လို့ရပေမဲ့ ...ဆိုင်မှာလူတွေ များလို့ အခုလိုပြောရတာပါ... အခုတက္ကစီကားငှါးပေးလိုက်ပါမယ်ခင်ဗျာ ''
ဟန်နေထူးပြောရင်း ကားကိုတက္ကစီတွေရပ်ထားတဲ့နေရာမှာ ရပ်ပေးလိုက်တယ်။
ပန်းသွေးချယ်အံကိုတင်းတင်းကြိတ်လိုက်ပြီး ကားပေါ်ကဆင်းလိုက်တယ်။
ဟန်နေထူးကားပေါ်က ဆင်းလိုက်ပြီး တက္ကစီတစ်စီးငှါးပေးလိုက်ရင်း ကားပေါ်ကဆင်းနေတဲ့ ပန်းသွေးချယ်ကိုရပ်ကြည့်နေလိုက်တယ်။အများအမြင်မှာ သူက အကြင်နာတရားကင်းမဲ့တဲ့ ယောကျာ်းတစ်ယောက်ဖြစ်ချင်လဲဖြစ်နေပါလိမ့်မယ်။ဒါပေမဲ့ သေရေးရှင်ရေးကိစ္စမျိုးမှမဟုတ်ရင် တခြားသူကို ကိုယ့်ချစ်သူထက်ပိုပြီးဦးစားပေးစရာအကြောင်းမှမရှိတာ။ပန်းသွေးချယ်ကားပေါ်က ဆင်းသွားချိန်မှာ ဟန်နေထူးကားပေါ်တက်ပြီးမောင်းထွက်ခဲ့လိုက်တယ်။
~~~~~~
"ကိုယ်ဒီညနေ ယွန်းနဲ့သေချာစကားပြောချင်တယ် ... ယွန်း အမေလာကြိုမယ်ဆိုရင်လဲ အလုပ်မဆင်းခင်ခဏလောက်တွေ့ရအောင် .... ကိုယ်တောင်းဆိုတာကို ယွန်းလက်မခံဘူးဆိုရင် ယွန်းတို့အိမ်အထိလာခဲ့မှာ "
ရေးထားတဲ့စာကို ပို့ပြီးတာနဲ့ သေချာအောင်ဟန်နေထူးဖုန်း ခေါ်လိုက်တယ်။ကိုယ့်နံပတ်ကို မြင်ရင် ဖုန်းမကိုင်မှန်းသိပေမဲ့ ဖုန်းကိုကြည့်အောင်ခေါ် ပစ်လိုက်တာ ။လေးငါးရက်တစ်ပတ်လောက် သူမစိတ်တိုင်းကျ လွှတ်ထားပေးပြီးပြီမို့ ဒီထက်ပိုပြီး လွှတ်မထားနိုင်တော့ပါဘူး ။ ကိုယ့်ကို အထင်လွှဲနေတဲ့ ချစ်သူကို .ကျေနပ်အောင်ချော့ဖို့က ချစ်ရသူတစ်ယောက်ရဲ့ အလုပ်ပဲမဟုတ်လား ။ ကိုယ့်ချစ်သူကလဲ ကိုယ့်အပေါ် တကယ်ချစ်မှန်းသိနေတာမို့ မာနတွေထားဖို့လဲ ဟန်နေထူးသတိမရပါဘူး။ တစ်သက်တာအတွက်ရည်ရွယ်ပြီး ချစ်ခဲ့ရသူမို့ အလျှော့ပေးစရာရှိရင် ယောကျာ်းပီပီကိုယ့်ဘက်ကပဲ အလျှော့ပေးလိုက်ဖို့ ဟန်နေထူးအစကတည်းကဆုံးဖြတ်ပြီးသားပါပဲ။ စပြီးချစ်မိပြီဆိုကတည်းက ဒါတွေကိုပါလက်ခံနိုင်လို့ စတင်ခဲ့တဲ့အချစ်ပဲလေ။
~~~~
မြယွန်းမီအလုပ်ကနေ နာရီဝက်စောသိမ်းပြီး ထွက်လာခဲ့လိုက်တော့ တိုက်ရှေ့မှာဟန်နေထူးရဲ့ကားကရောက်နေခဲ့ပြီ။ မြယွန်းမီကားနားရောက်တာနဲ့ ဟန်နေထူးက ကားတံခါးကိုဆင်းပြီးဖွင့်ပေးလိုက်တယ်။
"ဗိုက်ဆာလား ယွန်း...တစ်ခုခုစားမလား "
ချစ်သူရဲ့ အေးစက်စက်မျက်နှာလေးကိုကြည့်ပြီး ဟန်နေထူး မေးလိုက်တယ်။
'"မစားပါဘူး...စကားပြောလို့ရမဲ့ အနီးဆုံးနေရာကိုပဲမောင်းပါ ...အမေက မထင်ရင်မထင်သလို အလုပ်ကို ရောက်လာတတ်လို့ပါ "
မြယွန်းမီ ပြောပြီးတာနဲ့ မျက်နှာကို တစ်ဖက်ကိုလွှဲပစ်လိုက်တယ်။
ချစ်သူရဲ့ အပြုအမူကြောင့် ဟန်နေထူးရင်ထဲမှာကျင်ခနဲ ဖြစ်သွားရတယ်။
လင်းမြတ်ဇင်ရဲ့နွမ်းဖျော့ဖျော့အသံကိုကြားလိုက်ရတော့ မေမိုးစက်စိတ်ထဲမှာ ငိုချင်သွားမိတယ်။နေ့တိုင်း တွေ့နေကြကနေ မတွေ့တာကြာနေတော့ ရင်ထဲမှာနာကျင်နေမိတယ်။ဒီလိုနွမ်းဖျော့ဖျော့ အသံလေးကိုကြားလိုက်ရတော့ချက်ချင်းပင် ပြေးတွေ့ချင်စိတ်ဖြစ်လာမိတယ်။
" ကိုလင်းလာစေချင်ရင် လာပါ့မယ် ..မိုးစက်ကြောင့် အန်တီစိတ်ညစ်မှာစိုးလို့မလာတာပါ "
"လွမ်းလိုက်တာကွာ "
ဖုန်းထဲကတဆင့် ကြားလိုက်ရတဲ့ အသံလေးကြောင့် မေမိုးစက်ရင်ထဲလှိုက်ခနဲ ခုန်လှုပ်သွားရတယ်။
''ဒီညနေလာခဲ့ရမလားဟင် "
မေမိုးစက်မေးလိုက်တော့ လင်းမြတ်ဇင်မဖြေနိုင်ပါ။ သူ့စိတ်ထဲမှာ မေမိုးစက်ကို တမ်းတလွမ်းဆွတ်နေမိပေမဲ့ မိခင်ဖြစ်သူနဲ့ ထပ်ဆုံမှာကိုလဲ စိုးရိမ်နေမိတယ်။သူမလေးဆီကို ဖုန်းဆက်တာတောင် ဒီလိုအလုပ်သွားချိန်မှ ဆက်ရဲတဲ့အဖြစ်။မိခင်ကြီးက တစ်ခုခုထပြီး သောင်းကျန်းလိုက်မှာကိုပဲ စိတ်ထဲမှာပူပင်နေမိတယ်။
" ဒီနေ့တော့ မလာနဲ့အုံးနော် ...အိမ်မှာ ညီမလေးကိစ္စလဲရှိလို့ ..အမေစိတ်သိပ်မကြည်သေးဘူး မိုးစက်ရယ် "
"ဟုတ်ကဲ့ပါ ကိုလင်း...အဆင်ပြေတဲ့ ရက်မှ တွေ့မယ်လေနော် "
~~~~~~~
"ပိုးအိက အဲ့ဒီလိုပြေတာလား ..အန်တီဆီကိုလဲ သမီးအကြောင်း တွေ ဘာတွေလာပြောသွားမှန်း ကိုမသိဘူး ''
ဒေါ်ထူးထူးမော်က ပန်းသွေးချယ်ကို ကြည့်ပြီး အံ့အားတသင့်နဲ့ ပြောလိုက်တယ်။
" ဟုတ်လား အန်တီ ... ချယ့်ကိုလဲ လာပြောသွားတာစုံနေတာပဲ ...သူနဲ့ကိုထူးကို အန်တီကသဘောတူထားလို့ ဝင်မရှုပ်နဲ့ဆိုတာတွေရော..ပြီးတော့ပြောသွားသေးတယ် .. ကိုထူးနဲ့ အန်တီမော်တို့ ပေါ်မှာ သူတို့ကျေးဇူးတွေရှိလို့ .အန်တီတို့က မလွန်ဆန်နိုင်တာတွေရောပဲ ''
ပန်းသွေးချယ် မျက်နှားအမူအရာကို သေချာဂရုစိုက်ပြီး မုသားစကားတွေဆိုလိုက်တယ်။
"ဟုတ်လား.....ဒီအကြောင်းတွေသာ သူ့အဖေသိသွားရင် စိတ်ဆိုးတော့မှာပဲ .. နဂိုကတည်းကမှ သူ့အဖေက အန်တီသဘောတူထားတာကို ကြည်တာမဟုတ်ဘူး ...သူက သူ့သားကြီးကို စိတ်တိုင်းကျလွတ်လွတ်လပ်လပ် ရွေးချယ်စေချင်တာလေ ...အန်တီကတော့ သားကိုမိန်းမလည်တွေနဲ့တွေ့မှာစိုးရိမ်မိလို့ အကြောင်းသိတဲ့သူတွေဖြစ်တဲ့ ...သူငယ်ချင်းရဲ့သမီးဆိုပြီး သဘောတူထားမိတာ ''
"ပိုးအိလေးက ဘယ်လိုဖြစ်သွားတာလဲ မသိပါဘူးအန်တီရယ်...ချယ်လဲအန်တီ့ကိုချစ်ခင်လို့သာ ကြောငြာရိုက်လိုက်တာပါ ..ပိုးအိက ချယ့်ကိုပြောသွားတာစုံနေတာပဲ....ဟိုလူဒီလူတွေနဲ့လဲ စွပ်စွဲသွားသေးတယ် "
" အန်တီတော့ ဘယ်လိုပြောရမှန်းကို မသိတော့ပါဘူးကွယ် ... သူဒီလောက်ရိုင်းစိုင်းမယ်လို့ အန်တီမထင်ထားခဲ့မိတာ...အဲ့ဒါကြောင့်လဲ သားကပြောတာ...ပိုးအိက သားရဲ့ ကော်ဖီဆိုင်က ဝန်ထမ်းလေးတွေကို သူ့အလုပ်သမားတွေလို့ ထင်ရအောင် ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံတာတဲ့လေ ...တကယ်အဲ့လောက်ထိဖြစ်လိမ့်မယ်လို့ မထင်ခဲ့မိတာ "
ဒေါ်ထူးထူးမော်က မကျေမချမ်းနဲ့ ပြောနေတာကိုကြည့်ပြီး ပန်းသွေးချယ် မသိမသာလေး ကြိတ်ပြုံးလိုက်မိတယ်။ပြီးတော့ သူမကိုချောက်ချဖို့အတွက် ဦးအောင်ကြိုတင်လာပြောသွားတဲ့ ညီမဖြစ်သူကိုလဲစိတ်ထဲက လှောင်လိုက်မိတယ်။
"ချယ်ပြန်တော့မယ်နော် အန်တီ..."
"ဪ ..ခဏလေးနေပါအုံးသမီးရဲ့ ... ခဏနေရင် သားကအန်တီဆိုင်ကို လာလိမ့်မယ် ...သားပြန်မှ သမီးလိုက်သွားပေါ့ "
ဒေါ်ထူးထူးမော် ပြောနေချိန်မှာပဲ ဟန်နေထူးကဆိုင်ထဲကို ၀င်လာခဲ့တယ်။
" အမေ ဒီမှာထမင်းချိုင့်...သားတော့မစားတော့ဘူးနော် .. တေဇ တို့နဲ့ ချိန်းထားလို့ပါ "
ဟန်နေထူးက အိမ်ကထမင်းချက်အဒေါ်ကြီးထည့်ပေးလိုက်တဲ့ ထမင်းချိုင့်ကိုဆွဲကာ ဝင်လာခဲ့ရင်း ပန်းသွေးချယ်ကို မြင်လိုက်ရတာမို့ မျက်နှာကွက်ခနဲ ပျက်သွားမိတယ်၊၊
ဟန်နေထူး မျက်နှာပျက်သွားတာကိုလဲ ပန်းသွေးချယ်က မြင်ဖြစ်အောင်မြင်လိုက်တယ်၊၊
"ဪ ....သားပြန်မယ်ဆိုရင် ..သမီးချယ်ကိုလမ်းကြုံခေါ်သွားလိုက်ပါအုံး "
"ဗျာ ..ဟို ..."
ဟန်နေထူးနှုတ်ဖျားက ငြင်းဆန်ဖို့ပြင်လိုက်ချိန်မှာပဲ ပန်းသွေးချယ်က ခပ်သွက်သွက် ၀င်ဖြေလိုက်တယ်။
"ချယ်မလိုက်တော့ပါဘူး အန်တီ...အလုပ်ကိစ္စလေးလဲရှိလို့ ၀င်စရာလေးရှိလို့ပါ "
ပြောပြောဆိုဆိုနဲ့ ပန်းသွေး ချယ်ကမန်းကတန်းထပြီး ပြန်ဖို့ပြင်လိုက်ရာက
" အား "
ကမန်းကတန်းထလိုက်တာမို့ ခြေချင်းဝတ်ခေါက်ပြီး လဲကျသွားတဲ့နောက်မှာ ပန်းသွေးချယ် အသံထွက်အောင်ပင်ညည်းညူလိုက်တယ်။လူကလဲ ချော်လဲတဲ့နေရာကနေ လုံးဝမထနိုင်တဲ့ ပုံမျိုးလုပ်ပစ်လိုက်တယ်။.
"ဟယ် သမီး....ခြေခေါက်သွားတာလား ထနိုင်ရဲ့လား ..ဟဲ့ကောင်မလေးတွေ ထူပေးကြပါအုံး.."
ဒေါ်ထူးထူးမော်စိုးရိမ်တကြီးနဲ့ ပြောလိုက်ရင်းပြေးထူလိုက်တယ်။
"ကံကောင်းလို့ပေါ့ သမီးရယ် ... ခြေထောက်က မထောက်နိုင်တော့ဘူး မဟုတ်လား ....ကဲပါ သားရယ် မင်းအစ်မကိုလိုက်ပို့ပေးလိုက်ပါအုံး ..."
"ရ..ရပါတယ်အန်တီ ...ချယ်ကားငှားပြီးပြန်မှာပါ "
ပန်းသွေးချယ်က ဟန်ဆောင်ပြုံးနဲ့ ငြင်းဆန်လိုက်တယ်။
ဒေါ်ထူးထူမော်က ပန်းသွေး ချယ်ကို စိုးရိမ်တကြီးနဲ့ကြည့်လိုက်ပြီး
"တစ်ယောက်တည်းမပြန်ရပါဘူးကွယ် ... သားလိုက်ပို့ပေးပါလိမ့်မယ်...သားရေးမင်းအစ်မကို အိမ်အထိလိုက်ပို့ပေးလိုက်ပါအုံး "
@@@@@@@@@@@@@@@.
အပိုင်း( ၁၈ ) ဆက်ရန်
" အင်း ..ဟုတ်တယ် ...ဒီနားမှာ တိုက်ခန်းတစ်ခန်းလိုက်ပြရင်း လမ်းကြုံနေလို့ပါ ... အိမ်တန်းပြန်မှာလား ..ရုံးသွားအုံးမှာလား `
ထူးထူးခြားခြား မိခင်ကြီးရဲ့ အသံကနုညံ့ပျော့ပြောင်းနေတာကို မြယွန်းမီသတိထားလိုက်မိတယ်။
"တို့သွားတော့မယ်နော် မိုးစက် '
မြယွန်းမီက မေမိုးစက်ကို နှုတ်ဆက်လိုက်တော့ ဒေါ်မြစန္ဒာ ခပ်စူးစူးတစ်ချက်လှမ်းကြည့်ပြီး တစ်ဖက်ကို မျက်နှာလွှဲလိုက်တယ်။
~~~~~~
မောင်းထွက်သွားတဲ့ ကားနောက်ကနေ ဟန်နေထူးကားကို မောင်းပြီးလိုက်ခဲ့လိုက်တယ်။ဖုန်းဆက်လဲမကိုင်၊ စာပို့လဲ စာမပြန်တဲ့ ချစ်သူကိုဟန်နေထူး စာတွေပို့ပြီး အမျိုးမျိုးရှင်းပြခဲ့ပြီးပြီ။ ဘာတုံ့ပြန်မှုမှမလာတော့ဟန်နေထူးရင်ထဲနေမထိထိုင်မသာဖြစ်နေမိတယ်။အလုပ်မှာလဲ စိတ်ကမပါ။ လိုင်းပေါ်ကကြောငြာပုံတွေမှာ ရေးထားတဲ့ "အချစ်နဲ့တခ်နေ့တာ " ဆိုတဲ့စာသားအတွက်လဲ ဖြေရှင်းဖို့ အချိန်မပေးနိုင်သေးဘူး။နှလုံးသားက မီးတွေလောင်မြှိုက်နေသလိုခံစားနေရပြီး ပူလောင်နေမိတယ်။
~~~~~~~
"ကိုလင်း .."
လင်းမြတ်ဇင်ဆိုင်တံခါးပိတ်နေချိန်မှာ မျက်နှာငယ်လေးနဲ့ ရောက်လာတဲ့ဟန်နေထူးကို ကြည့်ပြီး အံ့ဩသွားရတယ်။
"ကိုလင်းနဲ့ စကားခဏလောက် ပြောချင်လို့ ...အချိန်ရမလာမသိဘူး "
ဟန်နေထူးရဲ့အမေးကို လင်း မြတ်ဇင်ခေါင်းငြိမ့်ပြလိုက်ပြီး နှစ်ယောက်သား ကားပေါ်တက်ကာ ဆိုင်တစ်ခုဆီသို့ ထွက်ခဲ့လိုက်ကြတယ်။
~~~~~~
"နေ့ခင်းကပဲဆိုင်ကို ပန်းသွေးချယ်ဆိုတဲ့အမျိုးသမီးလာသွားသေးတယ် ... ကြည့်ရတာ အစ်ကို့ဆိုင်မှန်းတော့သိပုံမရဘူး...ငါ့ညီကညွှန်လို့လာတာလို့ ပြောသွားတယ်... ပြီးတော့ ငါ့ညီကိုသူ့ကောင်လေးလို့ ပြောသွားတာပဲ "
"ဗျာ ..မဟုတ်ပါဘူး ကိုလင်းရယ် ...ကျွန်တော်နဲ့ဘာမှမဆိုင်ပါဘူး...မေးထူးခေါ် ပြောရုံ အဆင့်ထက်မပိုပါဘူး "
လင်းမြတ်ဇင်ရဲ့ စကားကို ဟန်နေထူးပျာပျာသလဲရှင်းပြလိုက်မိတယ်။သူ့ဘက်က ပေါ့ပေါ့ဆဆတွေးထားမိတဲ့ကိစ္စက ဒီလောက်ထိပြဿနာကြီးမားလာရတာကိုလဲ စိတ်တိုသွားမိတယ်။
"သူ့အကြောင်းကိုသိနေတော့ ငါ့ညီပြောတာကို ယုံပါတယ်... ဒါပေမဲ့ အမေနဲ့ ညီမလေးကတော့ သူနဲ့ပတ်သက်ပြီး နည်းနည်းအကဲဆတ်ကြတယ် ... အဲ့ဒီလိုဖြစ်အောင်လဲ အစ်ကိုကလုပ်ခဲ့မိတယ်လေ.... သူ့အကြောင်းတွေကိုတော့ သိပ်မပြောချင်ဘူး ... ငါ့ညီလဲ သေချာစဉ်းစားဆုံးဖြတ်ပါ "
" ဟာ....သူနဲ့ကျွန်တော်ပတ်သက်စရာအကြောင်းလဲမရှိပါဘူးကိုလင်းရာ ... ကျွန်တော်တောင်းပန်ပါတယ်ကိုလင်း ... ကျွတော်ဘာလုပ်ရမလဲဗျာ....ကိုလင်းညီမက ဖုန်းတောင်မကိုင်ဘူး "
ဟန်နေထူးမျက်နှာပူပူနဲ့ပဲ လင်းမြတ်ဇင်ကိုပြောလိုက်မိတယ်။သူ့မှာ လောလောဆယ်အားကိုးနိုင်တာကလဲ လင်းမြတ်ဇင်တစ်ယောက်ပဲရှိတယ်လေ။ မေမိုးစက်နဲ့ ရင်းနှီးနေတယ်ဆိုပေမဲ့ သူစိမ်းမိန်းမတစ်ယောက်ကြောင့် ပြဿနာဖြစ်နေချိန်မှာ တခြားမိန်းခလေးတစ်ယောက်နဲ့ရောနှော ပတ်သက်နေတာမျိုးလို့ မမြင်စေချင်မိတာလဲ ပါတယ်။
" အချိန်ခဏစောင့်ပါအုံး ...လောလောဆယ်တော့စိတ်ဆိုးနေလို့ပါ ..အဓိကကတော့ အဲ့ဒီ အမျိုးသမီးနဲ့ပြန်ပတ်သက်ရမှာကို ကြောက်နေလိုဖြစ်နေတာပါ ...ငါ့ညီဘက်ကသာ ကင်းကင်းရှင်းရှင်းနေပြနိုင်ရင် ပြန်အဆင်ပြေမှာပါ "
"ဟုတ်... ဟုတ်ကဲ့ပါ ကိုလင်း ..."
~~~~~
"အမေပြောသလို သမီးလက်ခံပါတယ် ..သူနဲ့လဲမဆက်သွယ်ပါဘူး ...အမေ့ဘက်ကလဲ သမီးအိမ်ထောင်ရေးကိုမလောပါနဲ့နော်...အဲ့ဒါလေးတော့ သမီးတောင်းဆိုပါရစေ "
မြယွန်းမီ မိခင်နဲ့မျက်နှာချင်းဆိုင်မှာထိုင်လိုက်ပြီး သူမဆန္ဒကို ပြောလိုက်တယ်။
"အမေကလဲ ဇွတ်မလုပ်ပါဘူး သမီးရယ် ... မောင်ချစ်ဦးက အရက်မသောက်ဆေးလိပ်မသောက်နဲ့ ရိုးသားတဲ့လူငယ်လေးတစ်ယောက်မို့ လေ့လာကြည့်စေချင်တာပါ...နည်းနည်းပါးပါး လေ့လာကြည့်တော့ မမှားဘူးပေါ့ ... သမီးကို ဟိုဟာတွေနဲ့ ပြိုင်ဘက် လိုမဖြစ်စေချင်ဘူး...သမီးလဲသူတို့အကြောင်းသိတာပဲ ..သူတို့သမီးနာမည်ကိုဖျက်မှာကို အမေအကြောက်ဆုံးပဲ "
ခါတိုင်းနဲ့မတူဘဲ လေသံအေးလေးနဲ့ပြောနေတဲ့ မိခင်ဖြစ်သူကို မြယွန်းမီသနားကြင်နာစွာငေးကြည့်နေမိတယ်။မိခင်ကြီးမှာ တစ်ရက်နှစ်ရက်အတွင်းမှာ မျက်တွင်းတွေ ချောင်ကျပြီး နွမ်းလျနေပုံက ရှိရင်းစွဲအသက်ထက်ပို၍အိုစာနေ ပုံပင်။
"အမေလေ့လာစေချင်ရင် လေ့လာကြည့်ပါ့မယ် အမေ ...ဒါနဲ့ အမေညဘက်တွေရော အိပ်ရဲ့လားဟင် "
" အင်း အိပ်ပါတယ်အေ...ဒါနဲ့ ညည်းအစ်ကိုနောက်ကျနေသလိုပဲ ဖုန်းဆက်ကြည့်အုံးမှပါ "
ပြောပြောဆိုဆိုနဲ့ ဖုန်းကိုကိုင်ကာ ဝရတာဘက်ကိုလျှောက်သွားတဲ့ မိခင်ကိုကြည့်ပြီး မြယွန်းမီ လေးလေးပင်ပင်နဲ့ သက်ပြင်းချလိုက်မိတယ်။သူမတို့အပေါ်စိုးရိမိစိတ်တွေပုံမှန်ထက်ပိုပြီးလွန်ကဲနေတဲ့ မိခင်ကြီးကို ကြည့်ပြီး မြယွန်းမီရင်ထဲမှာလဲ စိုးရိမ်စိတ်တွေ ဝင်နေမိတယ်။
~~~~~~~
"ကိုယ်တောင်းပန်ပါတယ် မိုးစက်ရယ် ..ညဘက်တွေ ဖုန်းဆက်ချင်ပေမဲ့ ... အခုဆိုအမေက ညဘက်တွေသိပ်မအိပ်လို့ပါ "
"ရပါတယ် ကိုလင်းရယ် ...မိုးစက်နားလည်ပါတယ် ... အန်တီ့စကားကိုနားထောင်ပြီး... ခဏလောက်မတွေ့ဘဲနေကြမယ်လေ... မိုးစက်စောင့်နေပါ့မယ် .. ဖုန်းလဲကိုလင်းအားတဲ့အချိန်မှဆက်ပါ ...."
"ဒီတလောဆိုင်ကို မလာဖြစ်တော့ဘူးပေါ့နော်"
#ရူးနေတဲ့ကြယ်
(အခန်းဆက်ဝတ္ထု )
အပိုင်း(၁၇)
********
"ဒီဆိုင်ကနင့်ဆိုင်လား ...ကိုထူးက ညွှန်းထားလို့ လာစားကြည့်တာ .. အခုတော့ ရောက်လက်စနဲ့ စားသွားကြည့်ရမှာပေါ့ ... ငါ့မိတ်ဆွေတွေကို အကောင်းဆုံးလုပ်ပေး...ကောင်လေးကညွှန်းလို့သာလာလိုက်ရတာ ဆိုင်ကတော့လမ်းဘေးဆိုင်သာသာပါပဲ "
အနားကိုကပ်ပြီး ခပ်တိုးတိုးပြောလိုက်တဲ့ ပန်းသွေးချယ်ရဲ့ စကားကို လင်းမြတ်ဇင်ဘာမှပြန်မပြောဘဲ ခါးကိုညွှတ်လျက်ကြိုဆို ဟန်ပြလိုက်ပြီး ချက်ပြုတ်ခန်းဆီကိုဝင်ခဲ့လိုက်တယ်။လင်းမြတ်ဇင် ဝင်သွားပြီးတဲ့အခါ စားပွဲထိုးကောင်လေးတစ်ယောက် ပန်းသွေးချယ်တို့ရှိရာ ဝိုင်းဆီကို လျှောက်သွားလိုက်တယ်။လင်းမြတ်ဇင်ကတော့ စားသုံးသူတွေကိုလဲ လှမ်းမကြည့်တော့ဘဲ သူ့အလုပ်သူအေးဆေးတည်ငြိမ်စွာ လုပ်နေလိုက်တယ်။
ပန်းသွေးချယ်မှာ ရောက်လာတဲ့ အစားအသောက်ကိုစားနေရင်းနဲ့ မျက်လုံးတွေကလင်းမြတ်ဇင်ရှိရာကို လှမ်းကြည့်နေလိုက်တယ်။ အရင်ထက်ပိုပြီးကြည့်ကောင်းနေတဲ့ လင်းမြတ်ဇင်ကိုကြည့်ပြီး ပန်းသွေးချယ်ရင်ထဲမကျေမနပ်ဖြစ်နေမိတယ်။
"ပန်း ငေးလှချည်းလား ... စားဖိုမှူးလေးက အလန်းလေးနော် "
အဖော်ပါလာတဲ့ သူငယ်ချင်းရဲ့ စကားကြောင့် ပန်းသွေးချယ် တစ်ချက်ပြုံးလိုက်ပြီး
"သူက တို့ရဲ့ရည်းစားဟောင်းလေ ... အဲ့ဒီတုန်းကဆို တို့ဘာပြောပြောတစ်ခွန်းပဲ ခိုင်းလို့အရမ်းကောင်းတာပေါ့ ..."
"ဟယ် ဟုတ်လား... အဲ့ဒါကိုဘာလို့ လမ်းခွဲလိုက်ကြတာလဲ "
အတူပါလာတဲ့ နှစ်ယောက်က နှမြောတသဟန်နဲ့ တအံ့တဩ မေးလိုက်ကြတယ်။
" အဲ့ဒီတုန်းကသူကအလုပ်မှမရှိတာ ...သင်တန်းတွေတက်ရင်း အလုပ်ရှာနေတုန်းမို့ လမ်းခွဲလိုက်တာပေါ့ ..သူလဲ အဲ့ဒီကနေ စိတ်ညစ်ပြီး နိုင်ငံခြားထွက်သွားတာပဲ''
ဟုတ်တာရောမဟုတ်တာတွေကို ပါးစပ်အရသာခံပြီးပန်းသွေးချယ်ပြောလိုက်တယ်။ သူမတို့လို အသက်အရွယ်မှာ အပေါင်းအသင်းတွေကြားရည်းစားဘယ်လောက်ထားနိုင်လဲဆိုတာက ဂုဏ်ယူဝံ့ကြွားစရာ ဖြစ်နေခဲ့တာလေ။
"ဒါဆိုလဲ အခုချိန်ပြန်ချိတ်လိုက်ပါလား ပန်းရဲ့ ...မဆိုးဘူးနော် "
" နေပါကွာ ...သူကတို့အခုပြန်အီရင်ပြန်ပါလာလိမ့်မယ် ..ဒါပေမဲ့ သိတယ်မဟုတ်လား ... တို့က မီးဖိုချောင်ဝင်ရတာကို သိပ်မုန်းတာလေ .. "
ပန်းသွေးချယ်ရယ်သွမ်းသွေးကာ ပြောလိုက်ပြီး လင်းမြတ်ဇင်ရှိရာကိုလှမ်းကြည့်လိုက်တယ်။
လင်းမြတ်ဇင်ကတော့ ပန်းသွေးချယ်ရှိရာဆီကို ယောင်လိုမှလှမ်းမကြည့်ဘဲ ကိုယ့်အလုပ်ကိုယ်လုပ်နေခဲ့တယ်။
~~~~~~
"အဲ့ဒီလိုတွေ ဖြစ်ခဲ့တာလား ... ကျွန်တော်လဲ သူနဲ့ မျက်မှန်းတန်းမိရုံပါမိုးစက်ရယ် ...ကြော်ငြာရိုက်ဖြစ်တာကလဲ အမေကအကူအညီတောင်းနေတာနဲ့ ရိုက်ဖြစ်လိုက်တာပါ "
မေမိုးစက် သက်ပြင်းကိုချလိုက်မိပြီး
" မိုးစက်လဲ အခုပြဿနာဖြစ်နေတယ်ကိုထူး...ယွန်းတို့အမေက အဲဒီတစ်ယောက်ကြောင့် စိတ်ဒဏ်ရာဖြစ်နေပုံရတယ်....ကိုထူးလဲ သူ့ကိုရှောင်ပါ ..မဟုတ်ရင်တော့ ယွန်းနဲ့ဝေးသွားလိမ့်မယ် ..ယွန်းက အပေါ် ယံကြည့်ရင်အေးတိအေးစက်နိုင်ပေမဲ့ အရမ်းခံစားလွယ်တယ် ..ပြီးတော့ နောက်တစ်ချက်က ယွန်းကသူ့အမေကို သနားပြီးချစ်နေတာ ...ဘာပဲဖြစ်ဖြစ် သူ့အမေစိတ်ဆင်းရဲအောင်လုပ်မှာ မဟုတ်ဘူး "
" ဟုတ်ကဲ့ ..ကျေးဇူးပါမိုးစက်ရယ် "
~~~~~~
"ဟင် ..ပိုးအိပါလား ... မချယ်ဆီလာလည်တာလား "
ပိုးအိရဲ့ ဒေါသမျက်နှာကို မြင်ရဲ့သားနဲ့ ပန်းသွေးချယ်အပြုံးနဲ့ မေးလိုက်တယ်။
" ဒါဘာသဘောလဲမချယ် .... ဘယ်အချိန်တုန်းက ကိုထူးတို့အန်တီမော်တို့နဲ့ရင်းနှီးသွားရတာလဲ ..."
ပိုးအိက ဖုန်းကိုကိုင်လှုပ်ရင်းမေးလိုက်တယ်။
"ဖြည်းဖြည်းပြောပါ ပိုးအိရယ် ..မချယ်လဲ တမင်တကာသွားရောတာမဟုတ်ပါဘူးနော် ..အန်တီမော်က အရင်ကမ်းလှမ်းတာပါကွယ် ..ပြီးတော့ ကိုထူးကပြောတယ် ...ပိုးအိနဲ့သူနဲ့ က ဘာမှမပတ်သက်ပါဘူးတဲ့လေ "
ပန်းသွေးချယ်က ခပ်လောင်လောင်အမူအရာနဲ့ ပြောလိုက်တာမို့ ပိုးအိတစ်ယောက် ဒေါသထွက် သွားရပြီး
"မချယ်က တကယ်ကိုအရှက်မရှိတဲ့ မိန်းမပဲနော် ..သိပ်လှတဲ့ ခန္ဓာကိုယ်ရှိတာနဲ့ ယောကျာ်းတိုင်းက မချယ်ကိုကြိုက်မယ်လို့ထင်မနေနဲ့ ...တဏှာရူးတဲ့သူတွေသာ မချယ်လိုမိန်းမမျိုးကိုကြိုက်မှာသိရဲ့လား.... လက်ရှိခိုးတွဲနေတဲ့အဘိုးကြီးနဲ့လူမသိအောင်လဲ သိုသိုသိပ်သိပ်နေပါအုံး ..တော်ကြာမယားကြီးရှိနေလို့ ကျော်မကောင်းကြားမကောင်းတွေဖြစ်နေအုံးမယ် ...ကိုယ့်အဆင့်ကိုယ်သိပြီးနေပါ ..နောက်ဆို အိမ်ကို့လဲလာစရာမလိုဘူး "
ပိုးအိစိတ်ဆိုးမာန်ဆိုးနဲ့ပြောပြီးပြန်ထွက်ခဲ့လိုက်တယ်။ပန်းသွေး ချယ်ကတော့ ခပ်ရွှဲ့ရွဲ့ပြုံးကာ ကျန်နေခဲ့တယ်။
~~~~~
မြယွန်းမီးနဲ့ မေမို့စက်တို့ အလုပ်ပြီးလို့ ထွက်လာကြချိန်မှာ တိုက်ရှေ့မှာ အငှါးကားတစ်စီးရပ်ထားပြီး ကားပေါ်မှာဒေါ်မြစန္ဒာကိုတွေ့လိုက်ရတာမို့ နှစ်ယောက်သား ထိတ်လန့်သွားမိကြတယ်။ မေမိုးစက်မှာ ခန္ဓာကိုယ်လေးပါ ဆတ်ခနဲတုန်သွားရပြီးနောက်သို့ တွန့်သွားရတယ်။ခပ်လှမ်းလှမ်းမှာလဲ ဟန်နေထူးရဲ့ကားကိုတွေ့လိုက်တာမို့ မိခင်ကြီးရှိရာဆီကို မြယွန်းမီ ခပ်မြန်မြန်လျှောက်သွားလိုက်ရတယ်။
"အမေ သမီးကိုလာကြိုတာလား "

ကားကကျွီခနဲထိုးရပ်သွားတာနဲ့တစ်ပြိုင်နက် ဟန်နေထူးရဲ့မျက်နှာက မြယွန်းမီဘက်ကို ချက်ချင်းလှည့်ပစ်လိုက်ပြီး စိုးရိမ်စိတ်နဲ့မေးလိုက်မိတယ်။
"ကိုယ့်ကို စိတ်ဆိုးနေတာလား ယွန်း .. မနေ့ညက ကြော်ငြာသတင်းကြောင့်လား ... ကိုယ်တောင်းပန်ပါတယ်ယွန်းရယ် ... အဲ့ဒါကလေ အမေဆိုင်အတွက်မဖြစ်မနေရိုက်လိုက်ရတာမို့ပါ...ကိုယ်တောင်းပန်ပါတယ်နော် "
" ကျွန်မတို့ လမ်းခွဲကြစို့ကိုဟန် နေထူး ... အိမ်ကသဘောတူတဲ့သူကိုလက်ခံဖို့ဆုံးဖြတ်လိုက်ပါပြီ "
"ဘာ...ဘာပြောလိုက်တယ်ယွန်း... "
ဟန်နေထူး အထိတ်တလန့်နဲ့ပြန်မေးလိုက်မိတယ်။
"ကျွန်မပြောတာကို မကြားလိုက်တာလား ကိုဟန်နေထူး...ရှင်နဲ့ ကျွန်မရှေ့ဆက်ဖို့ မဖြစ်နိုင်ပါဘူး ... ကျွန်မရှင်နဲ့မပတ်သက်ချင်တော့ဘူး "
" ယွန်း...ယွန်းရယ်ပြောရက်လိုက်တာကွာ ... ကိုယ်ဘယ်လိုရှင်းပြရမှာလဲကွာ ... မနေ့ကကိစ္စကို ယွန်းစိတ်ဆိုးနေတာလား...အဲ့ဒါက ...."
"တော်လိုက်တော့ ဘာမှမကြားချင်ဘူး ... ရှင့်ပါးစပ်က ထွက်လာသမျှ ဘာစကားကိုမှမကြားချင်တော့ဘူး သိရဲ့လား ...ရှင့်ကို ဒီထက်ပိုပြီးမမုန်းစေချင်ရင် ကျွန်မနဲ့ လာမပတ်သက်နဲ့တော့ .."
ဒေါသတကြီးပြောဆိုပြီး ကားပေါ်က ဖျတ်ခနဲဆင်းချသွားတဲ့ မြယွန်းမီကြောင့် ဟန်နေထူးအံ့အားသင့်နေမိစဉ်မှာပဲ မြယွန်းမီက အငှားကားတစ်စီးကိုတားပြီး တက်စီးသွားလိုက်တယ်။ဟန်နေထူးလဲ အငှါးကားနောက်ကနေ သူကားကိုအမြန်မောင်းလိုက်ခဲ့တယ်။
~~~~~
"ခဏလေးပါ မိုးစက်ရယ်...ယွန်းကို ခဏလေးခေါ်ပေးလို့မရဘူးလား ''
" ကိုထူး ဘာအပြစ်လုပ်မိလဲသိလား ...ကိုထူးက သူတို့မိသားစုရဲ့ ရန်သူတော်နဲ့မှချစ်ကြည်နူးနေတဲ့ ပုံတွေတင်ခဲ့တာလေ...မသိရင်နှစ်ယောက်သား တကယ့်သမီးရည်းစားတွေလိုပဲ..."
"ဗျာ... မိုး ..မိုးစက်ပြောတာ ကျွန်တော်နားမလည်ဘူး ...မနေ့ကပုံတွေကလဲ အမေ့ရဲ့အထည်ဆိုင်အတွက်ရိုက်ခဲ့တာပါ .."
" ကိုထူးဘယ်လိုပြောပြော ယွန်း ကမာနကြီးတာ သိတယ်မဟုတ်လား ...ကိုထူးမနေ့ကတွဲရိုက်ခဲ့တဲ့ သူက ဘယ်သူလဲဆိုတာမိုးစက် ပြောပြမယ် "
မေမိုးစက်ရဲ့စကားတွေကို ဟန်နေထူးနားမလည်နိုင်ဘဲ နားထောင်နေမိတယ်။
~~~~
ဆိုင်ထဲကိုဝင်လာတဲ့ ဧည့်သည်ကိုကြည့်ပြီးလင်းမြတ်ဇင် ထိတ်လန့်စွာကြည့်နေမိသလို့ ဆိုင်ထဲဝင်လာတဲ့ပန်းသွေးချယ်ကလဲ လင်းမြတ်ဇင်ကို အံ့ဩတကြီးနဲ့ ကြည့်နေမိတယ်။
@@@@@@@@@@@@@@@@@@@@@@@
အပိုင်း (၁၇) ဆက်ရန်
A Kyi Phyu
#ဧကြည်ဖြူ
"သူ ....သူကပန်းသွေးချယ်ဆိုတဲ့ မိန်းမပဲ မိုးစက် ... အခုဟန်နေထူးနဲ့ သတင်းထွက်တဲ့မိန်းမက ... တို့အစ်ကိုနဲ့ ပြဿနာဖြစ်ခဲ့တဲ့ မိန်းမပဲ "
"ဘာ .. ဘာပြောတယ်ယွန်း ..."
မြယွန်းမီရဲ့ စကားအဆုံးမှာ မေမိုးစက်ထိတ်လန့်တုန်လှုပ်သွားမိပြီး ဖုန်းကိုပြန်ကြည့်လိုက်မိတယ်။ဖုန်းထဲမှာမြင်လိုက်ရတာက ရှိုက်ဖို့ကြီးငယ်အသွယ်သွယ်နဲ့ လှပတဲ့အမျိုးသမီးတစ်ယောက် ။သတင်းရဲ့ခေါင်းစဉ်မှာရေးထားတဲ့ "အချစ်နဲ့တစ်နေ့တာ " ဆိုတဲ့ ခေါင်းစဉ်နဲ့လိုက်ဖက်အောင် သူမ ရဲ့ မျက်လုံးတွေက ညှို့ဓါတ်အပြည့်နဲ့ ရီဝေချို မြနေခဲ့တယ်။ဒီလိုသိပ်လှတဲ့ အမျိုးသမီးကို သရဲတစ္ဆေတစ်ကောင်ကိုတွေ့လိုက်ရသလို မေမိုးစက်အထိတ်တလန့်နဲ့ ကြည့်နေမိတယ်။
" ယွန်း ...ယွန်း ... ကိုဟန်နေထူးကို ဖုန်းဆက်လိုက်ရမလား "
မေမိုးစက်တုန်တုန်ယင်ယင်နဲ့ ထပ်မေးလိုက်တော့ မြယွန်းမီ ခေါင်းကို ဆတ်ခနဲခါယမ်းလိုက်တယ်။
"မလိုတော့ဘူးမိုးစက် ... ဒီကိစ္စမှာ ဖြေရှင်းချက်မလိုဘူး....သူနဲ့တို့ကြားမှာ ပြီးသွားပြီ ... ဆောရီးနော်မိုးစက် ...တို့ဒီည မင်းဆီမှာ အိပ်လို့မရတော့ဘူး....အမေလာခေါ်နေပြီတဲ့ ...မင်းနဲ့တို့ အစ်ကိုကိစ္စကို အေးဆေးသွားရင်တို့ကူညီပါ့မယ် "
"အင်း ..အင်းပါယွန်းရယ် ရ ..ရပါတယ် "
~~~~~
အငှါးကားရဲ့ခေါင်းခန်းထဲမှာ အစ်ကိုဖြစ်သူလင်းမြတ်ဇင်လိုက်ပါလာခဲ့ပြီး နောက်ခန်းထဲမှာ တော့ မျက်နှာထားတင်းတင်းနဲ့ ထိုင်နေတဲ့မိခင်ဖြစ်သူကို တွေ့လိုက်ရတယ်။မြယွန်းမီ ကားတံခါးကို ဆွဲဖွင့်ပြီးဝင်ထိုင်လိုက်တယ်။
~~~~~~
"ကဲ ..ဘယ်လိုလဲမြယွန်းမီ ... ညည်းဘာပြောချင်လဲပြော ... ညည်းကို ငါဘာပြောခဲ့လဲ...ညည်း အခု ဘာပြောမလဲပြော "
ဒေါ်မြစန္ဒာရဲ့အသံဟိန်းခနဲ ထွက်လာချိန်မှာ လင်းမြတ်ဇင်ကဧည့်ခန်းထိုင်ခုံမှာ အပြစ်ရှိသူတစ်ယောက်လို ငြိမ်သက်စွာထိုင်နေခဲ့တယ်။
မြယွန်းမီကမိခင်နဲ့ မျက်နှာချင်း ဆိုင်မှာထိုင်နေရင်းက အစ်ကိုဖြစ်သူကိုလဲ တစ်ချက်လှမ်းကြည့်လိုက်မိတယ်။ပြီးမှ မိခင်ဖြစ်သူကို ကြည့်လိုက်ပြီး တစ်လုံးချင်းပြောလိုက်တယ်။
"ဘာမှလုပ်စရာမလိုပါဘူး အမေ ...သူနဲ့ သမီးလဲဘာမှလွန်လွန်ကျူးကျူးမဖြစ်ထားပါဘူး...ပြီးတော့အဲ့ဒီမိန်းမကိုအမေကမုန်းတာ ... သမီးကရွံတာပါ ...အဲ့ဒီမိန်းမနဲ့ပတ်သက်နေတဲ့သူဆိုရင်..အမေကတွဲခိုင်းရင်တောင် သမီးမတွဲပါဘူး ...အခုချိန်ကစပြီးသမီးကို ဒီအကြောင်းမပြောပါနဲ့တော့ အမေ ...သမီးဗိုက်ဆာတယ် ထမင်းစားချင်တယ် "
မြယွန်းမီပြောပြီးတာနဲ့ ထမင်းစားခန်းဆီကို ဝင်ခဲ့လိုက်တယ်။ မြယွန်းမီရဲ့နောက်ကနေ လင်းမြတ်ဇင်တစ်ယောက် အမြန်ထလိုက်လာခဲ့လိုက်တယ်။
.~~~~
တစ်ညလုံးဖုန်းပိတ်အိပ်ခဲ့ပြီး မနက် (၅)နာရီထိုးခါနီးမှ မြယွန်းမီနိုးလာခဲ့တယ်။အိပ်ရာကနိုးတာနဲ့ မြယွန်းမီရေမိုးချိုးပြီး အလုပ်သွားဖို့ပြင်ဆင်လိုက်တယ်။မီးဖိုခန်းထဲ ရောက်တော့အစ်ကိုဖြစ်သူချက်ပြုတ်နေတာကို တွေ့လိုက်ရတယ်။သူမ၀င်သွားတော့ အစ်ကိုဖြစ်သူကမော့ကြည့်လာပြီး ခပ်တိုးတိုးလှမ်းပြောတယ်။
"မိုးစက် အဆင်ပြေရဲ့လားယွန်း ... ညကလဲ ဖုန်းပိတ်ထားတယ် "
ခပ်တိုးတိုးမေးသံကြောင့် မြယွန်းမီခေါင်းကို ငြိမ့်ပြလိုက်ပြီး
"ပြေပါတယ် ... ဒီရက်ထဲတော့ ဆိုင်ကိုလာရဲမှာမဟုတ်ဘူး .. ဖုန်း ဖွင့်ထားဖို့အလုပ်ရောက်ရင် ပြောလိုက်ပါ့မယ် "
~~~~~~~
မြယွန်းမီအလုပ်သွားဖို့ထွက်လာချိန်မှာ ဧည့်ခန်းမှာပြင်ဆင်ပြီး ထိုင်နေတဲ့ မိခင်ကိုတွေ့လိုက်ရတာမို့ လန့်သွားမိတယ်။
''ညည်းအလုပ်ကို ငါလိုက်ပို့မယ် "
"ရှင် "
မိခင်ရဲ့ စကားကို မြယွန်းမီ ပါးစပ်အဟောင်းသားနဲ့ နားထောင်လိုက်မိတယ်။
" ဘာဖြစ်တာလဲ ..ငါကအလုပ်လိုက်ပို့မယ်လို့ပြောတာ မကြားဘူးလား "
, " ကြား...ကြားပါတယ် အမေ ...ဒါပေမဲ့ ဘာလို့လိုက်ပို့မှာလဲအမေ...သမီးက အသိဉာဏ်မရှိတဲ့သူမဟုတ်ပါဘူး...အမေအဲ့ဒီလိုလုပ်နေရင် သမီးစိတ်ဖိစီးတယ်...သမီးအေးအေးဆေးဆေး အလုပ်သွားပါရစေ အမေ ... သမီးအတွက် စိတ်ချပါ "
ပြောပြီးတာနဲ့ မြယွန်းမီ ကားဂိတ်ကိုထွက်ခဲ့လိုက်တယ်။
~~~~~~
အလုပ်ကိုအရင်နေ့တွေကထက်စောထွတ်ခဲ့ပေမဲ့ လမ်းထိပ်မှာဟန်နေထူးရဲ့ ကားရပ်ထားတာကိုတွေ့လိုက်ရတာမို့ မြယွန်းမီစီတ်ထဲရှုပ်ထွေးသွားရတယ်။ပြဿနာဆိုတာက မရှင်းရင်လဲမပြီးတဲ့အရာမို့ ရှင်းရှင်းလင်းလင်းဖြစ်အောင်ဖြေရှင်းရမယ်ဆိုတာကို သိလိုက်တယ်။မြယွန်းမီ အိမ်လမ်းတစ်လျှောက်ကိုမျှော်ကြည့်လိုက်ပြီး ဟန်နေထူးရဲ့ကားနားကိုလျှောက်သွားလိုက်တယ်။
" ယွန်း ... တစ်ညလုံး ဖုန်းတွေလဲပိတ်ထားတယ် ...ကိုယ့်ကိုစိတ်ဆိုးနေတာလားဟင် ...ညကလဲဖုန်းတစ်ညလုံးဆက်ပြီး ယွန်းတို့အိမ်ရှေ့မှာလာစောင့်နေခဲ့သေးတယ် "
ကားပေါ်ကဆင်းလာပြီး တတွတ်တွတ်ပြောနေတဲ့ ဟန်နေထူးကိုဘာမှပြန်မပြောဘဲ မြယွန်းမီကားပေါ်ကိုတက်လိုက်တယ်။ဟန်နေထူးကလဲ ကားပေါ်ကိုပြန်တက်လိုက်ပြီး မြယွန်းမီမျက်နှာကို ကြည့်လိုက်ပြီး လက်ကလေးကို လှမ်းကိုင်လိုက်တယ်။မြယွန်းမီက ဟန်နေထူးလက်ကိုရှောင်လိုပြီး
"အေးဆေးစကားပြောလို့ရမဲ့နေရာကို မောင်းပါ "
~~~~~~
ပြီးတော့ သမီးတွေ့ဖူးတဲ့မိန်းမတွေထဲမှာ မိုးစက်ကရိုးသားပြီးစိတ်သဘောထားကောင်းတဲ့သူပါ...ပြောရရင်အမေ့သားလိုလူမျိုးနဲ့ မတန်တဲ့ ဖြူစင်ရိုးသားတဲ့မိန်းခလေးပါ ...အမေလုပ်လိုက်တာ သူ ဘယ်လောက်ရှက်သွားမလဲ ...အမေ့သားရော မိုးစက်ကိုပြန်လိုက်မပို့လိုက်ဘူးမဟုတ်လား .. သူ့ဆီကိုသမီးလိုက်သွားမယ် "
မြယွန်းမီ မိခင်ကိုပြောပြီးတာနဲ့ကျောပိုးအိတ်ကိုယူကာ အလျင်အမြန်ထွက်ခဲ့လိုက်တယ်။
~~~~~
"ဒေါက် ..ဒေါက် "
"မိုးစက် ..မိုးစက် .. တို့ပါ ...ခဏလေးတံခါးဖွင့်ပါအုံး "
မြယွန်းမီတံခါးကိုခေါက်လိုက်ပြီး မိုးစက်ကိုခေါ်လိုက်တယ်။ခဏအကြာမှာ အခန်းတံခါးပွင့်လာခဲ့ပြီး မျက်နှာတစ်ခုလုံးမို့အစ်နီရဲနေတဲ့ မေမိုးစက်ကိုတွေ့လိုက်ရတယ်။ မေမိုးစက်ကိုကြည့်ကာ မြယွန်းမီရင်ထဲဆို့နင့်သွားရတယ်။
"မိုးစက်ရယ် တို့တောင်းပန်ပါတယ်နော် ... အမေကကိုလင်းနဲ့ ပတ်သက်ပြီး စိတ်ဒဏ်ရာလိုဖြစ်နေလို့ပါ...အဲ့ဒီအချိန်တုန်းက တို့အမေသိပ်ကိုစိတ်သောကရောက်ခဲ့လို့ပါ "
" မိုးစက်နားလည်ပါတယ် ယွန်းရယ် ... အန်တီကိုလဲ နားလည်ပါတယ်...မိုးစက်စိတ်မကောင်းဖြစ်မိရုံပါ ....အန်တီလက်ခံအောင် မိုးစက်ဘယ်လိုနေရမလဲဟင် "
"မိုးစက်ရယ်...အမေကကိုလင်းနဲ့ ပတ်သက်ရင် စိတ်ခံစားချက်နည်းနည်းပြင်းနေတာပါ...နောက်တော့ တဖြည်းဖြည်းပြောင်းလဲလာမယ် ထင်ပါတယ် "
မေမိုးစက်ကိုအားပေးစကားပြောလိုက်ရင်း မြယွန်းမီကိုယ်တိုင်လဲစိတ်မောစွာပင့်သက်တွေချလိုက်မိတယ်။ပြီးနောက်နှစ်ယောက်သားအခန်းထဲမှာငြိမ်သက်စွာ ထိုင်နေမိကြတယ်။
~~~~
နှစ်ယောက်သား ကိုယ်စီငြိမ်သက်နေမိကြတာအချိန်ဘယ်လောက်ကြာသွားတယ်မသိ ။သတိပြုမိကြချိန်မှာ အပြင်မှာ အတော်လေးကို မှောင်နေပေပြီ။မြယွန်းမီမိုးစက်ကိုလှည့်ကြည့်လိုက်မိပြီး
" တို့ ဒီနေ့ ....မိုးစက်အခန်းမှာအိပ်သွားမယ်နော် ရတယ်မဟုတ်လား "
"ကျေး....ကျေးဇူးတင်ပါတယ် ယွန်းရယ် "
"အဲ့ဒါဆို ...တို့အိမ်ကိုဖုန်းဆက်ပြောလိုက်အုံးမယ်နော် "
မြယွန်းမီပြောရင်း အိတ်ထဲမှာ ဖုန်းကိုရှာကြည့်လိုက်တော့မတွေ့ ။လောလောလောလောနဲ့ ထွက်လာခဲ့တာမို့ ဖုန်းကကျန်ခဲ့ပုံပင်။
"တို့ရဲ့ဖုန်းကျန်ခဲ့လို့ ဖုန်းခဏငှားပါအုံးနော်မိုးစက် "
" ဖုန်းဟုတ်လား...ခဏနော်ယွန်း...ဖုန်းကအားကုန်နေလို့ ပိတ်နေတာ ခဏလေးအားသွင်းလိုက်အုံးမယ် "
ဖုန်းကို မိနစ်အနည်းငယ်အကြာ အားသွင်းပြီးချိန်မှာတော့ မိုးစက်က ဖုန်းပါဝါကိုပြန်ဖွင့်လိုက်တယ်။
"ဟင် ..ကို..ကိုလင်းဖုန်းတွေခေါ်ထားတယ် ..ကိုဟန်နေထူးရောပဲ... ယွန်းဖုန်းကိုဆက်လို့မရလို့ ထင်တယ် "
မေမိုးစက်က အသံတုန်တုန်နဲ့ ပြောရင်း ဖုန်းကိုမြယွန်းမီဆီကမ်းပေးလိုက်တယ်။ မြယွန်းမီဖုန်းကို လှမ်းယူလိုက်ပြီးအိမ်ကိုအရင် ဆက်လိုက်တယ်။
"ဟယ်လို ... ယွန်းပါ "
"အင်း ညီမလေး ...အမေနဲ့ ပြောလိုက်အုံးနော် "
ကြားလိုက်ရတဲ့အစ်ကိုဖြစ်သူရဲ့တိုးလျတဲ့အသံကြောင့် မြယွန်းမီရင်တထိတ်ထိတ်နဲ့ ဖုန်းကို နားထောင်နေလိုက်ရတယ် ။
"ဟယ်လို အမေ "
" မိယွန်း .. ညည်းအခုဘယ်မှာလဲ ...ညည်းနဲ့ ဟန်နေထူးဆိုတဲ့ကောင် ပြတ်သွားပြီးလား "
"ရှင် ...အမေ ဘာပြောတာလဲ "
မိခင်ဆီကကြားလိုက်ရတဲ့ စကားတွေကြောင့် မြယွန်းမီ အံ့ဩနားမလည်နိုင်ဘဲ ပြန်မေးလိုက်မိတယ်။
"ညည်းဘာအူတူတူလုပ်နေတာလဲ မြယွန်းမီ ... လိုင်းပေါ်မှာ ဟန်နေထူးဆိုတဲ့လူယုတ်မာကောင်ရဲ့ သတင်းကို ညည်းရှာကြည့်လိုက်အုံး ညည်းအခုအဆောင်မှာမဟုတ်လား ... ငါလာကြိုမယ် "
"ရှင် ... "
မြယွန်းမီဖုန်းကိုင်ထားရင်း နားမလည်နိုင်ဘဲကြောင်အနေမိတယ်။ မေမိုးစက်ကအနားရောက်လာပြီး အသံပေးလိုက်မှ မြယွန်းမီသတိဝင်လာမိတယ် ။
''ယွန်း ... ယွန်း ..ဘာဖြစ်လို့လဲဟင် .. အန်တီဘာပြောလို့လဲ "
" မသိဘူးမိုးစက် .... ဟန်နေထူးသတင်းတဲ့ ... ဘာသတင်းလဲ တို့လဲမသိဘူး...ဒီနေ့တို့နဲ့ ချိန်းထားတာလဲ သူရောက်မလာဘူး "
"ဟင် ဟုတ်လား ...ဖုန်းပေး မိုးစက်ရှာပေးမယ် "
မေမိုးစက်က သူမခံစားနေရတဲ့ ဝေဒနာကိုဂရုမစိုက်အားဘဲဖုန်းကိုယူကြည့်လိုက်တယ်။ ခဏအကြာမှာ မေမိုးစက်ရဲ့မျက်လုံးတွေ ပြူးကျယ်သွားရပြီး
" ကို ...ကိုထူးနဲ့အမျိုးသမီးတစ်ယောက်ရဲ့ သတင်းပဲယွန်းရဲ့...ကြောငြာရိုက်တာလား...ဘာလားမသိဘူး .. အမျိုးသမီးက အနုပညာရှင်ထဲကတော့ မဟုတ်ဘူး....အသစ်ထင်တယ် "
မေမိုးစက်ရဲ့ စကားကြောင့် မြယွန်းမီစိတ်ထဲတင်းခနဲဖြစ်သွားရပြီး ဖုန်းကိုယူကြည့်လိုက်တယ်။
" ဟင် "
ဖုန်းကိုကြည့်လိုက်မိတဲ့ မြယွန်းမီရဲ့ မျက်လုံးအစုံမှာ ပြူးကျယ်သွားရပြီး လက်တွေပါတဆတ်ဆတ်တုန်ကာဖုန်းမှာ လက်ထဲကပြုတ်ကျသွားရတော့တယ်။ မေမိုးစက်က ဖုန်းကိုအချိန်မီလှမ်းဖမ်းလိုက်တာကြောင့်သာ ဖုန်းမှာ ကျမကွဲသွားရခြင်းဖြစ်တယ်။
"ယွန်း...ယွန်း....သတိထားအုံးလေ .. မင်းသမီးအသစ်နဲ့ ကြော်ငြာရိုက်တာနေမှာပါ ....မီဒီယာတွေကဒီလိုပဲလူစိတ်ဝင်စားအောင်လျှောက်ရေးထားတာနေမှာပါ...ကိုထူးဆီ ဖုန်းဆက်ကြည့်လိုက်လေယွန်း "
ကြက်သေသေနေတဲ့ မြယွန်းမီကို မိုးစက်လှုပ်ခေါ်ပြီး ပြောလိုက်တယ်။
#ရူးနေတဲ့ကြယ်
(အခန်းဆက်ဝတ္ထု )
အပိုင်း(၁၆)
****==
" နင် ... နင်ကမိယွန်းတို့ရုံးက မဟုတ်လား ... နင်ဘယ်လိုမိန်းခလေးလဲ သိက္ခာမဲ့လှချည်းလားဟင် ..ငါ့သားကိုဘာဒုက္ခပေးမလို့လဲ...ငါ့သားဆီကဘာတွေချူစားမလို့လဲ မိန်းမလည်မရဲ့ "
ဒေါ်မြစန္ဒာဒေါသတကြီးနဲ့ ပြောလိုယ်ပြီး မေမိုးစက်ကိုနောက်တစ်ချက်ရိုက်ရန်ရွယ်လိုက်ချိန်မှာပဲ လင်းမြတ်ဇင်သတိဝင်လာခဲ့ပြီး မိခင်ရဲ့ရှေ့မှာပိတ်ရပ်လိုက်တယ်။
"တော်...တော်ပါတော့အမေ...သူ့ကို ကျွန်တော်ခေါ်လာခဲ့တာပါ...ကျွန်တော်ကိုသူ့ဝိုင်းကူနေတာပါ "
"မင်းပါးစပ်ကို ပိတ်ထားစမ်းလင်းမြတ်ဇင် ... မင်းမှာအမှတ်မရှိဘူးလား.... မိန်းမတွေကိုဘာထင်နေလဲ ....သူ့တို့ကြည်ဖြူရင်အခန်းထဲခေါ်သွင်းပြီး သူတို့မကျေနပ်ရင် နင့်ကိုထောင်ထဲထည့်မှာသိရဲ့လား ...''
"တော်..တော်ပါတော့အမေရယ် ... ကျွန်တော်သူနဲ့ မပတ်သက်တော့ပါဘူး...သူ့ကိုဘာမှမပြောပါနဲ့တော့... ပြန်လွှတ်လိုက်ပါတော့ ... အမေပြောချင်ရိုက်ချင်ရင်ကျွန်တော့်ကိုပြောပါရိုက်ပါ "
လင်းမြတ်ဇင် မိခင်ရဲ့ခြေအစုံကို ဖက်ပြီးတောင်းပန်လိုက်တယ်။ မေမိုးစက်လဲ လင်းမြတ်ဇင်ရဲ့နောက်နားမှာထိုင်ချလိုက်ပြီး
''မိုး..မိုးစက်က မိကောင်းဖခင်သားသမီးပါအန်တီ....မိုးစက်မိန်းမလည်လဲမဟုတ်ပါဘူး....ကိုလင်းမြတ်ဇင်ကိုလဲ ဒုက္ခမပေးပါဘူး....ကိုလင်းမြတ်ဇင်ကို တကယ်ချစ်တာပါရှင် ....မိုးစက် အကြောင်းတွေကိုလဲအန်တီစုံစမ်းလို့ရပါတယ် ... မိုးစက်ရဲ့ မိသားစုက တောင်ငူမှာနေတာပါရှင် ''
ငိုရှိုက်ရင်းတောင်းပန်နေတဲ့ မေမိုးစက်ကိုကြည့်ပြီး လင်းမြတ်ဇင်ရင်ထဲမှာ မချိအောင်သနားနေမိတယ်။မေမိုးစက်ကိုရိုက်လိုက်တဲ့ မိခင်ဖြစ်သူရဲ့မဆင်မခြင်အပြုအမူကမှားနေတယ်ဆိုတာ သိပေမဲ့ သူနဲ့ပတ်သက်ပြီးစိတ်သောကတွေခံစားခဲ့ရတဲ့မိခင်ကို အပြစ်မတင်ရက်ဖြစ်နေမိတယ်။ ချစ်ရသူနဲ့ မိခင်ကြားမှာလင်းမြတ်ဇင်ရင်တွေကွဲမတတ်ပင်ခံစားနေရတယ်။
"ဒီမှာမိန်းခလေး ... သားသမီးချင်းစာနာလို့ မင်းကိုသတိပေးလိုက်မယ်...နောက်ဘယ်တော့မှဆိုင်ကိုမလာပါနဲ့ ငါ့သားနားကိုလဲထပ်မလာနဲ့ ကြားလား ...မင်းတို့လိုမိန်းမလည်တွေကြောင့် ငါ့သားကိုဘဝပျက်မခံနိုင်ဘူး ...သွားတော့ ...ခုချက်ချင်းသွားတော့ "
ဒေါ်မြစန္ဒာရဲ့ရင့်သီးလှတဲ့ စကားတွေကြောင့်လင်းမြတ်ဇင်ကို မေမိုးစက်ကြည့်လိုက်မိတဲ့အခါ လင်းမြတ်ဇင်ရဲ့မျက်ရည်တွေ ပြည့်နေတဲ့မျက်ဝန်းတွေကို တွေ့လိုက်ရတာမို့ မေမိုးရင်ထဲပို၍နာကျင်သွားရကာ စလင်းဘက်အိတ်လေးကို ယူလိုက်ပြီး ဆိုင်ပြင်ကိုထွက်လာခဲ့လိုက်တယ်။
~~~~~~~
မေမိုးစက်ဆိုင်ပြင်ကိုရောက်သွားတဲ့အခါမှ လင်းမြတ်ဇင်က မိခင်ကိုကြည့်လိုက်ပြီး
"အမေရယ် ....သူကပန်းသွေး ချယ်လိုမိန်းမမျိုးမဟုတ်ပါဘူး ...တကယ်လို့ ကျွန်တော့်ကို ဘယ်မိန်းခလေးနဲ့မှ မတွဲစေချင်ဘူးဆိုရင်လဲ ...တစ်သက်လုံး ကျွန်တော်တစ်ယောက်တည်းပဲနေသွားပါ့မယ်... တစ်ဖက်သား မိန်းခလေးကိုတော့ ဒီလိုမျိုးမလုပ်ပါနဲ့နော် အမေ ....တခြားလူတွေက အမေ့ကို မိန်းမဆိုးကြီးအဖြစ်မြင်သွားတာကို ကျွန်တော်မလိုချင်ဘူး...ကျွန်တော့်ဘဝကို အမေကယ်ခဲ့တာပါ...အမေ့ကျေးဇူးတွေကို ကျွန်တော်တစ်သက်လုံးမမေ့ပါဘူး ...အမေ့စကားကို ကျွန်တော်နားထောင်မှာပါ "
လင်းမြတ်ဇင် မိခင်ရဲ့ခြေအစုံကိုဖက်ပြီး တောင်းပန်လိုက်တယ်။ ဒေါ်မြစန္ဒာမှာသားဖြစ်သူရဲ့ အပြုအမူကြောင့် မတ်မတ်ရပ်လျက်မှငြိမ်သက်နေခဲ့တယ်။
~~~~
"ဒုန်း ..ဒုန်း..."
" မိယွန်း.....မိယွန်း...ထစမ်း... "
မှေးခနဲအိပ်ပျော်မလိုဖြစ်နေချိန်မှာအခန်းတံခါးကိုထုသံနဲ့အတူဆူဆူညံညံအသံတွေကြောင့် မြ ယွန်းမီ အလန့်တကြားနဲ့ ထထိုင်လိုက်မိပြီး အခန်းတံခါးကို ထဖွင့်ပေးလိုက်တယ် ။မြယွန်းမီအခန်းတံခါးကိုဖွင့်လိုက်ချိန်မှာတော့ အခန်းဝမှာ မိခင်ဖြစ်သူကိုတွေ့လိုက်ရတာမို့ စိုးရိမ်စိတ်နဲ့ မေးလိုက်မိတယ်။
" အမေ .. ဘာ ...ဘာဖြစ်လို့လဲ "
" ဘာဖြစ်လို့လဲဟုတ်လား ...ညည်းတို့ရုံးက မေမိုးစက်ဆိုတဲ့ဟာမလေ .. နင့်အစ်ကိုနဲ့ဆိုင်မှာ နှစ်ယောက်တည်းသိရဲ့လား ...သူက ဘာလဲ မိန်းမလည်လား ... နင့်အစ်ကိုဆီကဘာတွေချူစားအုံးမလို့လဲ မသိဘူး "
"ရှင် ..မိုး... မိုးစက်ဟုတ်လား အမေ...သူနဲ့အစ်ကိုဆိုင်မှာလား ...အမေ့သူ့ကိုဘာလုပ်လိုက်သေးတာလဲ "
မြယွန်းမီ မိခင်ကိုအထိတ်တလန့်နဲ့မေးလိုက်မိတယ်။
"အေး...ဘာလုပ်လိုက်လဲဆိုတော့ ပါးရိုက်ပစ်လိုက်တယ်... မိန်းခလေးဖြစ်ပြီး သိက္ခာမရှိလို့ ရိုက်ပစ်လိုက်တာ "
"အမေရယ် ဒုက္ခပါဘဲ ..အမေဘာလို့ အဲ့ဒီလောက်ထိဖြစ်နေရတာလဲ ... ဒီကိစ္စက အမေ့သားပါလို့ ဖြစ်တာလေ..ပြီးတော့ သူကမိန်းမကောင်းလေးပါ အမေရယ် ..အမေ့မျက်လုံးထဲမှာ မိန်းခလေးတိုင်းကို ဟိုပန်းသွေးချယ်ဆိုတဲ့မိန်းမနဲ့ ဘာလို့လိုက်နှိုင်းနေရတာလဲ ...လောကမှာပန်းသွေးချယ်လိုမိန်းမတွေရှိသလို... မိန်းမကောင်းလေးတွေလဲအများကြီးပါ ..အမေဘာလို့ ခွဲခြားမမြင်နိုင်ရတာလဲ ...
လင်းမြတ်ဇင်က မေမိုးစက်ရဲ့ ပခုံးလေးကိုခပ်ဖွဖွလေးဖက်ခေါ်ပြီးပြောလိုက်တယ်။ မေးမိုးစက်ကလဲ လင်းမြတ်ဇင်ရဲ့ မျက်နှာကို မော့ကြည့်လိုက်မိတယ်။နှစ်ဦးသား အကြည့်ချင်းဆုံမိကြခိုက်မှာ ရင်ခုန်သံတွေဒိန်းခနဲဆောင့်ခုန်သွားကြပြီး မေမိုးစက်ရဲ့နဖူးပြင်လေးကို လင်းမြတ်ဇင် ခပ်ဖွဖွလေးငုံ့နမ်းလိုက်မိတယ်။ မေမိုးစက်ကလဲ လင်းမြတ်ဇင်ရဲ့ ခန္ဓာကိုယ်ကိုခပ်ဖွဖွပြန်ဖက်လိုက်မိတယ်။
ဒီအချိန်မှာပဲ ဆိုင်ရှေ့တံခါးမကြီးက ရုတ်တရက်ပွင့်လာခဲ့ပြီး ဆိုင်ထဲကို ဒေါ် မြစန္ဒာဝင်ရောက်လာခဲ့တယ်။
"သားကြီး တစ်ယောက်တည်းလား ..ဟင် "
မေးရင်းဝင်လာခဲ့တဲ့ ဒေါ်မြစန္ဒာမှာ လင်းမြတ်ဇင်နဲ့အတူမေမိုးစက်ကိုမြင်လိုက်ရတာမို့ အံ့ဩသွားရသလို လင်းမြတ်ဇင်တို့နှစ်ယောက်လဲ မိခင်ကို ကြည့်ကာ ထိတ်လန့်တုန်လှုပ်သွားမိကြတယ်။
ဒေါ်မြစန္ဒာမှာ တစ်ခဏတော့ ကြောင်အနေပြီမှ သတိပြန်ဝင်လာခဲ့ပြီး လင်းမြတ်ဇင်တို့နားကို လျှောက်သွားလိုက်ပြီး လင်းမြတ်ဇင်ကို ဆောင့်တွန်းပစ်လိုက်တယ်။ပြီးတော့ မေမိုးစက်ရဲ့လက်ကိုဆောင့်ဆွဲပစ်လိုက်ပြီး ပါးပြင်ကို ဖြန်းခနဲရိုက်ချပစ်လိုက်ကာ နှုတ်မှလဲ စိတ်ဆိုးမာန်ဆိုးနဲ့ ပြောဆိုလိုက်တယ်။
"ဖြန်း "
"ညည်း ...ညည်းဘယ်လိုမိန်းမလဲ ....အရှက်နည်းလှချည်းလား ... ယောကျာ်းလေးတစ်ယောက်တည်းရှိတဲ့နေရာကို လာရလားဟဲ့ ... "
@@@@@@@@@@@@@@@@@@@@@
အပိုင်း (၁၆) ဆက်ရန်
A Kyi Phyu
#ဧကြည်ဖြူ
" ခဏလေးပါသားရယ် ... ဓါတ်ပုံရိုက်တာဘာကြာမှာလဲ ...ပြီးတော့သွားပါ့ ..ကဲ သွားပါ အဝတ်အစား သွားလဲလိုက်ပါအုံး ...အမေက အမေ့ဆိုင်ကို သမီးပန်းသွေးချယ်လို့ မြန်မာဆန်ဆန်လေးနဲ့ သဘာ၀ကျကျလှတဲ့သူနဲ့ပဲရိုက်ချင်လို့ပါ "
ရိုက်ကူးရေးတွေလဲရောက်လာတာမို့ ဟန်နေထူးမိခင်ကိုဘာမှပြန်မပြောတော့ဘဲ ရေငုံနှုတ်ပိတ်နေလိုက်ရတယ်။
~~~~~
"ဘာလဲ ချစ်သူနဲ့ချိန်းထားလို့ စိတ်ညစ်နေတာလား မောင်လေး
ဓါတ်ပုံရိုက်နေရင်းက ခပ်တိုးတိုးမေးလာတဲ့ ပန်းသွေးချယ်ရဲ့မေးခွန်းတွေကိုမဖြေဘဲ ဟန်နေထူးနှုတ်ဆိတ်နေလိုက်တယ်။ပန်းသွေးချယ်အဝတ်အစားလဲနေချိန်မှာ ချစ်သူဆီကိုဖုန်းဆက်ပြီးအကျိုးအကြောင်းကိုရှင်းပြလိုက်ရသေးတယ်။ဆိုင်ထဲမှာဓါတ်ပုံတွေရိုက်နေချိန်မှာ ဟန်နေထူး စိတ်ညစ်နေသလောက် ပန်းသွေးချယ်က ဝတ်စုံတွေအမျိုးမျိုးလဲပြီး သူမရဲ့ ဖွံ့ထားတဲ့အလှတွေကို ပြသနေခဲ့တယ်။ဓါတ်ပုံရိုက်နေချိန်မှာပဲ လိုတာထက်ပိုပြီး အသားချင်းပူးကပ်ထိကပ်နေခဲ့တာကို ဟန်နေထူးသတိထားမိတယ်။တစ်ချက်တစ်ချက် မျက်နှာချင်းဆိုင်ပြီး ရိုက်ကြချိန်မှာမလိုအပ်ပါဘဲ သူမရဲ့ရင်အစုံကို ဟန်နေထူးရှေ့ကိုကော့ထားတာကိုလဲ ဟန်နေထူးသိရှိနေခဲ့တယ်။မိန်းမတစ်ယောက်နဲ့ ကြာမျက်လုံး၊အထိအတွေ့တွေနဲ့ အတင်းလိုက်ကပ်နေတဲ့ ပန်းသွေးချယ်ကို ဟန်နေထူးသတိထားရှောင်တိမ်းနေရတယ်။
"ဆောရီးနော် မောင်လေး ...မချယ်က သရုပ်မဆောင်တတ်သေးတော့ မောင်လေးကိုအနှောက်ယှက်ဖြစ်စေရင်တောင်းပန်ပါတယ်နော် "
ပန်းသွေးချယ်ကညုတုတုလေသံလေးတောင်းပန်လိုက်ပြီး မျက်လုံးရွဲကြီးတွေနဲ့ ဟန်နေထူး ကိုကြည့်လိုက်တယ်။
~~~~~
"ဘုရားမရောက်ဖြစ်တာကြာပြီး ... ဘုရားသွားမလားဟင် "
" ဟုတ် ....သွားမယ်လေ ရွှေတိဂုံသွားမလား .."
တိုင်ပင်သလိုလေသံနဲ့ ပြောလာတဲ့ လင်းမြတ်ဇင်ကို မေမိုးစက်ခေါင်းငြိမ့်ပြလိုက်တယ်။
" ဒါဆို ကားငှားသွားမယ်လေ "
~~~~~
ဘုရားပေါ် ရောက်တော့ ရင်ပြင်တော်ပေါ်မှာ လူတွေများနေတာမို့ မေမိုးစက်ကပဲလင်းမြတ်ဇင်လက်ကို အရင်ဆွဲကိုင်ပစ်လိုက်တယ်။ သူ့ဘာသာ ရှက်နေတာနဲ့ လူချင်းကွဲမလိုပင်ဖြစ်နေရပြီလေ။ဘုရားရှိခိုးတော့လဲ ၀ယ်လာတဲ့ ဘုရားပန်းစည်းတွေကို အတူပူးချည်ပြီးလှူခဲ့လိုက်ကြတယ်။လူအုပ်စုကြားထဲမှာတစ်ယောက် လက်ကိုတစ်ယောက်ဆွဲပြီး လျှောက်သွားနေရင်း ကိုယ်စီရင်ခုန်သံတွေမြန်နေမိခဲ့ကြတယ်။
ဘုရားပေါ်ကပြန်ဆင်းလာခဲ့ကြတော့လဲ လက်တွဲမဖြုတ်မိကြပါ။နှစ်ဦးသားကြားမှာ လင်းမြတ် ဇင်ဘက်ကလဲ ချစ်စကားမဆိုခဲ့မိသလို ၊ မေမိုးစက်ဘက်ကလဲ ချစ်စကားမဆိုမိပါဘဲ နှစ်ယောက်သားနှုတ်ဆိတ်လျက်လက်ချင်းတွဲကာကန်တော်ကြီးထဲကသစ်သားတံတားပေါ် လမ်းလျှောက်ဖြစ်ခဲ့ကြတယ်။လက်ချင်းခပ်တင်းတင်းဆုပ်ကိုင်ထားမိတဲ့သူတို့နှစ်ယောက်ရဲ့ကြားမှာ နှလုံးသားကလဲနွေးထွေးနေခဲ့တယ်။
"ဒီကနေပြန်ကြရအောင်နော် .. ဒီနေ့ဆိုင်ကို သန့်ရှင်းရေးလုပ်မယ်လို့ အမေ့ကိုပြောထားခဲ့လို့ "
လင်းမြတ်ဇင်က မေမိုးစက်ရဲ့ လက်ကလေးတွေကို သူ့လက်နှစ်ဖက်နဲ့ အုပ်ကိုင်ရင်းပြောလိုက်တယ်။
"ဆိုင်သန့်ရှင်းရေးလား ...ကိုလင်းတစ်ယောက်တည်းလားဟင် .. အန်တီရောလာမှာလား "
" ဒီနေ့ဆိုင်ပိတ်တော့ ကိုယ်တစ်ယောက်တည်းပေါ့ မိုးစက်ရဲ့ ... အမေကတော့ ဥပုသ်စောင့်မယ်ထင်တယ်မလာလောက်ပါဘူး "
"ဟယ် .. ဟုတ်လား ...အဲ့ဒါဆိုမိုးစက်ဝိုင်းကူလုပ်ပေးမယ်လေ ကိုလင်း "
မေမိုးစက်ရွှင်ရွှင်မြူးမြူးအသံလေးနဲ့ ပြောလိုက်မိတယ်။
"ဟာ ..မဟုတ်တာကွာ ..ပင်ပန်းပါတယ်..မလုပ်ရပါဘူး "
လင်းမြတ်ဇင်ဆီက စိုးရိမ်တကြီး တားမြစ်သံလေးပေါ်ထွက်လာတော့ မေမိုးစက်ကြည်နူးသွားရပြီး
"လုပ်နိုင်ပါတယ် ကိုလင်းရဲ့ ... မိုးစက်လုပ်နေကြပါနော် ...ကိုလင်းကို ဝိုင်းကူးမယ်နော် ..နော် "
မေမိုးစက်အတင်းဇွတ်ပြောလိုက်တော့ လင်းမြတ်ဇင်က မေမိုးစက်ရဲ့ ခေါင်းလေးကို ဖွဖွပုတ်လိုက်ပြီး
"သဘော ...သဘောဟုတ်ပြီလား ... တားလဲမရဘူးမဟုတ်လား "
လင်းမြတ်ဇင်ရဲ့ စကားကြောင့် နှစ်ယောက်သားကြည်နူးစွာရယ်လိုက်မိကြတယ်။
~~~~~
မြယွန်းမီလက်ထဲက နာရီကိုကြည့်ပြီး စိတ်တိုလာမိတယ်။ချိန်းထားတာက မနက် (၉)နာရီ။ အခု အချိန်က နေ့လယ် (၁)နာရီကျော်နေပြီ။ချစ်သူသက်တမ်းသုံးလေးလအတွင်းမှာ ဒီနေ့လိုအဖြစ်က ဒါပထမဆုံးပဲ။ထွက်လာဖို့ အဆင်မပြေသေးတဲ့ အကြောင်းကို ဖုန်းဆက်ပေမဲ့ ဘာကြောင့်လဲဆိုတာကိုလဲသေချာမရှင်းပြဘူး။စိတ်မပူဖို့ အကြောင်းကိုပဲပြောနေတော့ လူကစိတ်မပူတော့ဘဲ စိတ်တိုလာမိတယ်။ဖြစ်ချင်ရာဖြစ်ဆိုပြီး စိတ်တိုကာဖုန်းကိုပါ အသံပိတ်ပြီး မြယွန်းမီအိပ်ပစ်လိုက်တယ်၊၊
~~~~
"မိုးစက်ရယ် ခုံတွေမ မပါနဲ့ကွာ ပင်ပန်းနေပါ့မယ် .."
"ရပါတယ်ကိုလင်းရဲ့ ... မိုးစက် လုပ်နေကြတွေပါ "
လင်းမြတ်ဇင်ရဲ့စိတ်ပူတဲ့ စကားကို မေမိုးစက်ကငြင်းဆန်လိုက်ပြီး ခုံတွေကိုမလိုက်တယ်။
"ဟာကွာ ပြောလို့လဲမရပါလား ...ခဏနေအုံး ဘာစားချင်လဲ ဖျော်ရည်အရင်သောက်မလား ....ကိုယ်ပြင်လိုက်အုံးမယ် "