uk
Feedback
Botahtaung Scout Channel

Botahtaung Scout Channel

Відкрити в Telegram

BTH SC သည် BTH နဲ့ Downtown တဝိုက်မှ ခွေးလမ်းကြောင်းများ သိရှိနိုင်စေရန်၊ တော်လှန်ရေး အောင်နိုင်ရန်နဲ့ တော်လှန်ရေးအစုအဖွဲ့များ အထောက်အကူဖြစ်စေရန် မြေပြင်သတင်း၊ အချက်အလက်များ စုစည်းမျှဝေပေးလျက်ရှိပါသည်။ သတင်းပေးပို့ရန် @bo1000_informer

Показати більше
2 029
Підписники
+124 години
-17 днів
-3030 днів
Архів дописів
⚠️ ဗိုလ်တထောင်၊ ခွေးလမ်းကြောင်း * စခ SC ၁ စီး Landcruiserပုံစံ အမဲ ၁ စီး စခ SC ၁ စီး ကမ်းနားလမ်းအတိုင်း လင်းစတောင်းဘက်ကနေ ဗိုလ်တထောင်ဘုရားပွိုင့်မှာ ပွိုင့်မိနေ (မြို့ထဲဘက် ရှေ့ရှုမည့်ပုံရ) * 11:27 AM #RSG သတင်းပေးပို့ရန် @Bo1000_Informer

🟢 အင်အား ၃.၄ အဆင့် 📍 ရန်ကုန်မြို့မှ ၂ မိုင်ခန့်အကွာ 🕚 ည ၁၁နာရီ ၀၄မိနစ် ၁၆စက္ကန့် 👉 အသေးစိပ်ဖတ်ရှုရန်
🟢 အင်အား ၃.၄ အဆင့် 📍 ရန်ကုန်မြို့မှ ၂ မိုင်ခန့်အကွာ 🕚 ည ၁၁နာရီ ၀၄မိနစ် ၁၆စက္ကန့် 👉 အသေးစိပ်ဖတ်ရှုရန်

Repost from MMWeather
၁.၉.၂၀၂၆ ည​နေ ၆း၀၀ နာရီ ငမိုးရိပ် ​ရေမှတ် = 108.65 ပေ မဟူရာ ​ရေမှတ်. = 216.30 ပေ ပေါင်းလင်း ​ရေမှတ်. = 184.10 ပေ #ငမိုးရိပ်တမံရေပိုလွှဲမှ​ ​ရေ= 1.65' ​ကျော်​နေပါသည်။ #​ရေပိုလွှဲရေစီးဆင်းနှုန်း = 1167.50 Cusec #မဟူရာတမံ​ရေပိုလွှဲမှ​ရေ = 0.30' ​ကျော်​နေပါသည်။ #​ရေပိုလွှဲ​ရေထုစီးဆင်းနှုန်း= 15.28 Cusec #ပေါင်းလင်း ရေပြည့်မှတ်ရောက်ရန်= 5.90 ပေလို https://www.facebook.com/mynewadmin/posts/pfbid02AxZpDzU9Jt4fzDqADui7rmxdvypPr6ASTSu9w4YQLXDQGg6YSSA9hkADYnYafGeYl

Repost from Khit Thit Media
ရန်ကုန်မြို့တော်ခန်းမ၏ လုံခြုံရေး စိုးရိမ်၍ မြို့လယ် မဟာဗန္ဓုလပန်းခြံကားမှတ်တိုင်တွင် YBS ယာဉ်များ ရပ်နားခွင့်မပြုဟု ရန်ကုန်နယ်/လုံဝန်ကြီး ပြော ရန်ကုန်၊ စက်တင်ဘာ ၁ ရန်ကုန်မြို့လယ်ခေါင်ရှိ မဟာဗန္ဓုလပန်းခြံရှေ့ ကားမှတ်တိုင်တွင် YBS ယာဉ်များ ပြန်လည်ရပ်နားပြေးဆွဲခွင့် မပြုနိုင်ခြင်းမှာ ရန်ကုန်မြို့တော်ခန်းမအပါအဝင် အနီးဝန်းကျင်ရှိ အရေးကြီးအဆောက်အအုံများ၏ လုံခြုံရေးကို စိုးရိမ်ရခြင်းကြောင့်ဖြစ်ကြောင်း ရန်ကုန်တိုင်း နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ပြောဆိုသည်။ ယမန်နေ့က ကျင်းပသည့် ရန်ကုန်တိုင်း ကြံ့ဖွတ်လွှတ်တော်အစည်းအဝေးတွင် ကမာရွတ်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ကိုယ်စားလှယ် ကျော်လင်း၏ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံရှေ့ရှိ ကားမှတ်တိုင်တွင် YBS ယာဉ်လိုင်းများ ပြန်လည်ရပ်နားပြေးဆွဲခွင့်ပြုရေးနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ နယ်လုံဝန်ကြီးက ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ မဟာဗန္ဓုလပန်းခြံရှေ့ရှိ အဆိုပါကားမှတ်တိုင်သည် ရန်ကုန်မြို့၏ အချက်အချာကျသည့် မြို့လယ်ခေါင်တွင် တည်ရှိပြီး သမိုင်းဝင်ဆူးလေဘုရား၊ ရန်ကုန်မြို့တော်ခန်းမ၊ တရားလွှတ်တော်နှင့် မဟာဗန္ဓုလပန်းခြံတို့နှင့် အနီးကပ်တည်ရှိနေသည့်နေရာဖြစ်သည်။ ရန်ကုန်နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က အဆိုပါနေရာတွင် YBS ယာဉ်များ ရပ်နားခွင့်ပြုရန် မဖြစ်နိုင်ကြောင်း ပြောဆိုရာတွင် လုံခြုံရေးအခြေအနေကို အဓိကအကြောင်းပြချက်အဖြစ် ထည့်သွင်းပြောဆိုခဲ့သည်။ “မှတ်တိုင်နေရာက မဟာဗန္ဓုလပန်းခြံနှင့် ရန်ကုန်မြို့တော်ခန်းမရှေ့ မျက်နှာစာတွင် တည်ရှိသဖြင့် လုံခြုံရေးအခြေအနေအရသော်လည်းကောင်း၊ မြို့တော်ခန်းမရှေ့ မျက်နှာစာ ဥပစာရှေ့တွင် တည်ရှိသဖြင့် ခွင့်ပြုပေး၍ မရနိုင်ပါကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ YCDC မှ ကန့်ကွက်တင်ပြထားပါတယ်” ဟု ဗိုလ်မှူးကြီးဝင်းတင့်က လွှတ်တော်တွင် ပြောကြားသည်။ ယင်းပြောဆိုချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေးအခြေအနေကို အကြောင်းပြ၍ မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံကားမှတ်တိုင်တွင် YBS ယာဉ်များ ရပ်နားခွင့်မပြုတော့ခြင်းဖြစ်သည်။ ကမာရွတ်မြို့နယ် ကိုယ်စားလှယ် ကျော်လင်းကမူ အဆိုပါကားမှတ်တိုင်သည် ရန်ကုန်မြို့၏ မြို့လယ်အချက်အချာကျသည့်နေရာတွင် တည်ရှိပြီး အမိုးအကာပြည့်စုံကာ ကျယ်ဝန်းသန့်ရှင်းသပ်ရပ်သည့် ကားမှတ်တိုင်ဖြစ်သဖြင့် ခရီးသွားပြည်သူများ၊ ရုံးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် YBS ယာဉ်များ စီးနင်းရန် အထူးအဆင်ပြေသည့်နေရာဖြစ်ကြောင်း ထောက်ပြပြောဆိုသည်။ ထို့ကြောင့် အဆိုပါကားမှတ်တိုင်တွင် YBS ယာဉ်လိုင်းများ ပြန်လည်ရပ်နားပြေးဆွဲခွင့်ပြုသင့်ကြောင်း ၎င်းက တိုက်တွန်းခဲ့သည်။ မဟာဗန္ဓုလပန်းခြံရှေ့ရှိ အဆိုပါကားမှတ်တိုင်တွင် ယခင်က အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်များ ရပ်နားခဲ့သော်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာ သိမ်းယူပြီးနောက်ပိုင်းမှစတင်ကာ ယာဉ်များ ရပ်နားခွင့်မပြုတော့ခြင်းဖြစ်သည်။ ယင်းကားမှတ်တိုင်ကို အသုံးမပြုနိုင်တော့သည့်အတွက် ရန်ကုန်မြို့လယ်သို့ လာရောက်သွားလာသည့် ခရီးသွားပြည်သူများမှာ အနီးရှိ ပန်းဆိုးတန်းကားမှတ်တိုင်သို့ သွားရောက်ကာ YBS ယာဉ်များ စီးနင်းနေရကြောင်း သိရသည်။ သို့ရာတွင် ပန်းဆိုးတန်းကားမှတ်တိုင်တွင် အမိုးအကာလုံလောက်စွာ မရှိခြင်း၊ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခြင်းနှင့် ခရီးသည်များ စုပြုံနေခြင်းတို့ကြောင့် အများပြည်သူအနေဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရှိရသည်။ အထူးသဖြင့် YBS ယာဉ်များရောက်ရှိလာချိန်တွင် ခရီးသည်များ အလုအယက် ပြေးလွှားတိုးဝှေ့စီးနင်းရခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိနိုင်သည့်အန္တရာယ်များရှိသကဲ့သို့ လူစည်ကားမှုကို အခွင့်ကောင်းယူသည့် ခါးပိုက်နှိုက်မှုများ ဖြစ်ပွားနိုင်သည့်အန္တရာယ်လည်း ရှိနေကြောင်း သိရှိရသည်။

Repost from RSN WEB
🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ယခု ရက်သတ္တပတ် [Aug 24 - 30, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ
🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ယခု ရက်သတ္တပတ် [Aug 24 - 30, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၇ ခု ခွဲ၍ ဖော်ပြထားသည်။ ▪️အဖမ်းအဆီးဖြစ်စဉ်များ
· ယခု ရက်သတ္တပတ်ထဲ မတရား ဖမ်းဆီးခံခဲ့ရသူတို့အနက် မြို့နယ် ၉ မြို့နယ် မှ လူ ၂၆ ဦး၏ ဖြစ်စဉ်ကို သိရှိလိုက်ရသည်။ ရွှေပြည်သာ၊ အင်းစိန်၊ လှည်းကူး၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ တောင်ဒဂုံ၊ သင်္ဃန်းကျွန်း၊ ဒေါပုံ၊ စမ်းချောင်းမြို့နယ်တို့ဖြစ်သည်။ ကားလမ်းမဘေးရှိနေစဉ်/သွားလာနေစဉ် ရမ်းသမ်းဆွဲဖမ်းခံရသူ ၂၄ ဦး နှင့် နေအိမ်ထိရှာဖွေဖမ်းဆီးခံရသူ ၂ ဦး တို့ဖြစ်သည်။ · ထို့ပြင် ဩဂုတ်လ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့ကလည်း ၉ ဦး ဖမ်းဆီးခံခဲ့ရသည်။ ကားလမ်းမဘေးရှိနေစဉ်/သွားလာနေစဉ် ရမ်းသမ်းဆွဲဖမ်းခံရသူ ၈ ဦး နှင့် အလုပ်ဖြင့်မျှားပြီး ဖမ်းဆီးခံရသူ ၁ ဦးတို့ဖြစ်သည်။
———— ▪️မင်းအောင်လှိုင် ရန်ကုန်ရောက်နေ
· ဩဂုတ်လ ၂၉ ရက်တွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရန်ကုန်မြို့သို့ ရောက်ရှိနေခဲ့သည်။ ထိုနေ့ မနက်ပိုင်းက ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့ထဲ ရှိနေခဲ့ပြီး ထိုနေရာမှ ကားဖြင့် ဝင်လာပုံရသည်။ တွံတေးမြို့ထဲ ဝင်လည်ပြီးနောက် ရန်ကုန်-တွံတေး ကားလမ်းမနှင့် ရန်ကုန်မြစ်တို့ကိုပါ လှည့်ပတ်ကြည့်သွားသည်ဟု စစ်တပ်မှ သတင်းထုတ်ပြန်ထားသည်။
———— ▪️YMBA ပြန်ပေးဆွဲဖြစ်စဉ်မှ သံသယရှိသူများကို ဖမ်းထားဟု ဆို
· စစ်တပ်၏ YMBA အသင်း ဗဟိုအတွင်းရေးမှူးကို ထိုးကြိတ်ပြန်ပေးဆွဲဖို့ လုပ်ခဲ့သည့်ဖြစ်စဉ်မှ သံသယရှိသူ ၄ ဦးကို ဖမ်းထားကြောင်း စစ်တပ်မှ သတင်းထုတ်ပြန်ခဲ့သည်။ စရဖဟု မိမိကိုယ်ကို ဆိုပြီး ဝင်ဖမ်းဖို့ ကြိုးစားသည်ဟု ဆိုသည်။ YMBA အသင်းကမူ ၎င်းဖြစ်စဉ်မှာ အသင်းနှင့် မဆိုင်ပဲ အဆိုပါဗဟိုအတွင်းရေးမှူးကို ပုဂ္ဂိုလ်ရေးရန်ငြိုးထားမှုကြောင့်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
———— ▪️အမေရိကန်သံတမန် သေဆုံးမှု သံသယရှိသူကို ထောင် ၁ နှစ်ချ
· အမေရိကန်သံတမန် သေဆုံးမှု ပတ်သက်ပြီး သံသယရှိသူ ထိုင်းအမျိုးအသမီးကို စစ်တပ်မှ ထောင်ဒဏ် ၁ နှစ်ချမှတ်လိုက်သည်ဟု သိရသည်။ လဝက ဥပဒေချိုးဖောက်မှုဖြင့် ထောင်ချခြင်းဖြစ်ပြီး လူသတ်မှုနှင့် ပတ်သက်ပြီး တရားမစွဲသေးကြောင်း သိရသည်။ လွန်ခဲ့သည့် မေလ ၁၁ ရက်နေ့က ကမာရွတ်မြို့နယ် Sakura Residence ၌ အဆိုပါ အမေရိကန်သံတမန် ဓားဒဏ်ရာများဖြင့် သေဆုံးနေခဲ့ခြင်းဖြစ်သည်။
———— ▪️ဝမ်းရောဂါ ပျံ့နှံ့နေဆဲ
· ရန်ကုန်မြို့ထဲ ဝမ်းပျက်ဝမ်းလျှောရောဂါ ပျံ့ပွားမှုကြောင့် သေဆုံးသူများ တိုးလာသော်လည်း စစ်တပ်က သတင်းမထုတ်ပြန်ပဲ ချန်လှပ်ထားကြောင်း People's Spring မှ သိရှိရသည်။ ရောဂါဖြစ်ပွားသူ ၄၀၀ ကျော်ရှိပြီး သေဆုံးသူ မရှိဟု စစ်တပ်က သတင်းထုတ်ပြန်ထားသော်လည်း တကယ့်လက်တွေ့တွင် ၁၀၀၀ ကျော် ရောဂါဖြစ်ပွားနေပြီး ၅ ဦး သေဆုံးထားပြီဟု ဆိုသည်။ မြို့နယ်အချို့ရှိ လမ်းဘေးဈေးဆိုင်များကိုလည်း ပိတ်ခိုင်းထားဆဲဖြစ်ကြောင်း သိရသည်။
———— ▪️စမ်းချောင်း အုပ်ကြီးများ ပြန်လွတ်လာ
· စည်ပင်ထံမှ ခွင့်ပြုချက်မရပဲ တိုက်ဆောက်လုပ်ထားသည့်ကိစ္စဖြင့် ဖမ်းဆီးထားသည့် စမ်းချောင်းမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို စစ်တပ်မှ ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။
———— ▪️ဧည့်စစ်လူရှာဖြစ်စဉ်များ
· ယခု သီတင်းပတ်အတွင်း ဧည့်စစ်လူရှာဖြစ်စဉ်များအနက် ကမာရွတ်၊ စမ်းချောင်းနှင့် လှိုင်သာယာမြို့နယ်တို့ထဲ ဝင်သွားခဲ့သည်ကို သိရှိခဲ့ရသည်။
31 Aug 2026 #RangoonScoutNetwork #YGN_weekly

Repost from Khit Thit Media
အင်းစိန်ထောင်တွင် အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းတပ်ကြပ်အောင်ကိုဦးနှင့် တပ်ကြပ်ကျော်လှတို့က နိုင်ငံရေးအကျဉ်းသားများကို အကြောင်းမဲ့ အပြင်သို့ ထုတ်၍ ရိုက်နှက်မှုများ တောက်လျှောက်လုပ်နေ ရန်ကုန်၊ ဩဂုတ် ၃၁ ရန်ကုန်တိုင်း၊ အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများကို အကြောင်းပြချက်မရှိဘဲ အကျဉ်းဆောင်များမှ အပြင်သို့ ခေါ်ထုတ်ကာ ရိုက်နှက်နှိပ်စက်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း အကျဉ်းထောင်အတွင်းမှ သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ လတ်တလော အင်းစိန်အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများအပေါ် ကိုယ်ထိလက်ရောက် အနိုင်ကျင့်ရိုက်နှက်မှုများ ပြန်လည်တိုးမြှင့်ဖြစ်ပွားလာနေပြီး အကျဉ်းထောင်ဝန်ထမ်းများဖြစ်သည့် တပ်ကြပ်အောင်ကိုဦးနှင့် တပ်ကြပ်ကျော်လှတို့က နိုင်ငံရေးအကျဉ်းသားများကို အကြောင်းမဲ့ ခေါ်ထုတ်၍ ရိုက်နှက်မှုများ တောက်လျှောက်လုပ်ဆောင်နေကြောင်း သိရှိရသည်။ အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများသည် မည်သည့်အကြောင်းပြချက်ဖြင့် ခေါ်ဆောင်သွားမည်ကိုပင် ကြိုတင်မသိရှိရဘဲ အကျဉ်းဆောင်များမှ သီးခြားခေါ်ထုတ်ခံရပြီးနောက် ကိုယ်ထိလက်ရောက် ရိုက်နှက်အနိုင်ကျင့်ခံရမှုများ ဖြစ်ပွားနေကြောင်း သတင်းရင်းမြစ်က ဆိုသည်။ “အင်းစိန်ထောင်မှာ နိုင်ကျဉ်းတွေကို ရိုက်နှက်မှုတွေ တောက်လျှောက်ထပ်ဖြစ်လာတယ်။ အထဲက နိုင်ငံရေးအကျဉ်းသားတွေကို အကြောင်းမဲ့ အပြင်ခေါ်ထုတ်ပြီး ရိုက်နှက်တာတွေ လုပ်နေတယ်။ တပ်ကြပ်အောင်ကိုဦးနဲ့ တပ်ကြပ်ကျော်လှတို့က ဒီလိုရိုက်နှက်မှုတွေ ဆက် တိုက်လုပ်နေတယ်လို့ အထဲက သတင်းပို့လာတာပါ” ဟု အကျဉ်းထောင် သတင်းရင်းမြစ်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ အင်းစိန်အကျဉ်းထောင်သည် စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုကို ဆန့်ကျင်သည်ဟု စွပ်စွဲဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားအများအပြားကို ထိန်းသိမ်းထားသည့် အကျဉ်းထောင်ဖြစ်ပြီး ထောင်တွင်း၌ နိုင်ငံရေးအကျဉ်းသားများအပေါ် ရိုက်နှက်ညှဉ်းပန်းခြင်း၊ တိုက်ပိတ်ခြင်းနှင့် အခြားဖိနှိပ်မှုများ ဖြစ်ပွားနေခြင်းဖြစ်သည်။ ယခုကဲ့သို့ အကျဉ်းသားများကို အကြောင်းမဲ့ အကျဉ်းဆောင်ပြင်ပသို့ ခေါ်ထုတ်ပြီး ရိုက်နှက်မှုများ ဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် အင်းစိန်အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ၏ ကိုယ်ခန္ဓာလုံခြုံရေးနှင့် အသက်အန္တရာယ်အတွက် စိုးရိမ်မှုများ မြင့်တက်လာနေကြောင်း သိရှိရသည်။ “ထောင်ထဲမှာရှိတဲ့သူတွေက ညှဉ်းပန်းနှိပ်စက်ခံနေရတာအရမ်းကို ဆိုးနေတယ်။ အခုလို အကြောင်းမဲ့ခေါ်ထုတ်ပြီး ရိုက်နှက်တာတွေ ဖြစ်နေတဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေအားလုံး စိုးရိမ်နေရတဲ့ အခြေအနေပါ။ ဘယ်သူကို ဘယ်အချိန် ခေါ်ထုတ်ပြီး ဘာလုပ်မလဲဆိုတာ မသိနိုင်ဘူး” ဟု အခြားအကျဉ်းထောင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောဆိုသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကလည်း မင်းအောင်လှိုင်၏ သက်တမ်းရက် ၁၀၀ ကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စနစ်တကျဖိနှိပ်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း အစီရင်ခံစာ ထုတ်ပြန်ထားသည်။ PPNM ၏ မှတ်တမ်းများအရ ရက်ပေါင်း ၁၀၀ အတွင်း ထောင်တွင်း နိုင်ငံရေးအကျဉ်း သားများနှင့် ပတ်သက်သည့် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် စုစုပေါင်း ၂၁ ခုကို လက်လှမ်းမီသမျှ မှတ်တမ်းတင်နိုင်ခဲ့ပြီး ယင်းတို့အနက် ထောင်တွင်းသေဆုံးမှု ၅ ခု၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် တိုက်ပိတ်ဒဏ်ခတ်ခံရမှု ၆ ခု၊ မတရားအမှုထပ်တိုးခြင်းနှင့် ပြန်လည်ဖမ်းဆီးခံရမှု ၃ ခု ပါဝင်ကြောင်း သိရှိရသည်။ အဆိုပါ ၂၁ ဖြစ်စဉ်သည် PPNM အနေဖြင့် သတင်းအချက်အလက် လက်လှမ်းမီသမျှသာ မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်ပြီး မြေပြင်ရှိ အမှန်တကယ် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်များမှာ ယခုထက်ပိုမိုများပြားနိုင်ကြောင်း PPNM က သတိပေးထားသည်။ PPNM ၏ ထုတ်ပြန်ချက်အရ မကွေး၊ သာယာဝတီ၊ အင်းစိန်၊ ကျိုက်မရော၊ အိုးဘိုနှင့် ဒိုက်ဦးအကျဉ်းထောင်များတွင် ထောင်တွင်းစည်းကမ်းထိန်းသိမ်းရေးကို အကြောင်းပြချက်အဖြစ် အသုံးချကာ နိုင်ငံရေးအကျဉ်းသားများ၏ ပစ္စည်းနှင့် စာအုပ်များ သိမ်းဆည်းခြင်း၊ တိုက်ပိတ်ဒဏ်ခတ်ခြင်း၊ နံပါတ်တုတ်နှင့် ရာဘာတုတ်များဖြင့် ရိုက်နှက်ခြင်း၊ နေပူထဲတွင် ရည်ရွယ်ချက်ရှိရှိ ပုံစံထိုင်ခိုင်းခြင်းနှင့် ရေ၊ အစားအသောက်များ ဖြတ်တောက်ခြင်းတို့ကို ကျူးလွန်ခဲ့ကြောင်း ဖော်ပြထားသည်။ ထို့ပြင် ပြည်၊ သာယာဝတီ၊ ပေါင်းတည်နှင့် အိုးဘိုအကျဉ်းထောင်များတွင် ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်ခြင်းနှင့် ပြင်းထန်သည့်ရောဂါဝေဒနာများခံစားနေရသော နိုင်ငံရေးအကျဉ်းသားများကို အချိန်မီ ဆေးရုံသို့ လွှဲပြောင်းကုသပေးခြင်း မရှိခြင်းတို့ကြောင့် နိုင်ငံရေးအကျဉ်းသားများ အသက်ဆုံးရှုံးခဲ့ရကြောင်း PPNM က မှတ်တမ်းတင်ထားသည်။

Repost from MMWeather
Meteoblue (ICON Model) ၏ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့ ထုတ်ပြန်သော မိုးရေချိန်ပြမြေပုံများ၊ 850 hPa လေစီးကြောင်း ပြမြေပုံများ၊
+2
Meteoblue (ICON Model) ၏ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့ ထုတ်ပြန်သော မိုးရေချိန်ပြမြေပုံများ၊ 850 hPa လေစီးကြောင်း ပြမြေပုံများ၊ အိန္ဒိယမိုးလေဝသဌာန (IMD) နှင့် ထိုင်းမိုးလေဝသဌာန (TMD Weather Advisory No. 8) တို့၏ မိုးလေဝသ ထုတ်ပြန်ချက်များအရ ဩဂုတ်လ ၃၀ ရက်မှ စက်တင်ဘာလ ၅ ရက်နေ့အထိ (၇ ရက်အတွင်း) ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်/ခရိုင်များအလိုက် ခန့်မှန်းမိုးရေချိန် ဇယား (mm)၊ မိုးလေဝသ ဆန်းစစ်ချက်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ခန့်မှန်းချက် ဖြစ်ပါသည်။ (ဩဂုတ်လ ၃၀ ရက် ညနေ ၄ နာရီ update) ======   ၁။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်များအလိုက် နေ့စဉ်နှင့် စုစုပေါင်း ခန့်မှန်းမိုးရေချိန်ဇယား (mm) ** ဇယားပုံတွင်ကြည့်ပါရန် ** (၇ ရက် စုစုပေါင်း ခန့်မှန်းမိုးရေချိန် အများဆုံးမှ အနည်းဆုံးအလိုက် High to Low Sorted ပြုလုပ်ထားပါသည်) ၂။ ရန်ကုန်တိုင်းအပေါ် သက်ရောက်နိုင်သည့် မိုးလေဝသ အခြေအနေ ဆန်းစစ်ချက် 📌 မုတ်သုံလေအရှိန်နှင့် လေဖိအားနည်းရပ်ဝန်း သက်ရောက်မှု - အိန္ဒိယမိုးလေဝသဌာန (IMD) နှင့် ထိုင်းမိုးလေဝသဌာန (TMD Weather Advisory No. 8) တို့၏ ထုတ်ပြန်ချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းရှိ အားကောင်းသော လေဖိအားနည်းရပ်ဝန်း Well-Marked Low Pressure Area နှင့် မုတ်သုံမြောင်တန်းတို့ ပေါင်းစပ်မှုကြောင့် ကပ္ပလီပင်လယ်ပြင်နှင့် မုတ္တမကွေ့အတွင်း အနောက်တောင်မုတ်သုံလေ အလွန်အားကောင်းလျက် ရှိပါသည်။ 📌 ရက်အလိုက် မိုးအား ပြောင်းလဲမှု Rain Trend: 💡 ဩဂုတ် ၃၀ - စက်တင်ဘာ ၁ ရက် (မိုးအားကောင်းချိန်) - မုတ္တမကွေ့မှ တိုက်ရိုက်တိုးဝင်လာသော မုတ်သုံမိုးတိမ်ထုများကြောင့် ရန်ကုန်တိုင်းတစ်ဝှမ်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ခေတ္တရေကြီးရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နိုင်ပါသည်။ 💡 စက်တင်ဘာ ၂ - ၅ ရက် (မိုးအားလျော့ချိန်) - 850 hPa လေစီးကြောင်း မြေပုံများအရ အနောက်တောင်မုတ်သုံလေ အရှိန် တဖြည်းဖြည်း လျော့ပါးလာမည်ဖြစ်ရာ မိုးရွာသွန်းမှု ပမာဏနှင့် အကြိမ်ရေ ပြန်လည်လျော့နည်းသွားနိုင်ပါသည်။   ၃။ ငမိုးရိပ်ဆည်ဝန်းကျင် မိုးရွာသွန်းနိုင်မှုနှင့် သဘာဝဘေးအန္တရာယ် သတိပေးချက် 💡⚠️ ငမိုးရိပ်ဆည် တဝိုက် မိုးရွာသွန်းနိုင်မှုနှင့် ရေကြီးနိုင်ခြေရှိကြောင်း သတိပေးချက် - ရန်ကုန်တိုင်း မြောက်ပိုင်း (လှည်းကူး၊ တိုက်ကြီး၊ မှော်ဘီ) ဒေသများတွင် ၇ ရက်အတွင်း စုစုပေါင်း မိုးရေချိန် 109mm မှ 211mm ခန့် ရွာသွန်းရရှိနိုင်ပါသည်။ ငမိုးရိပ်ဆည်သည် ရေပြည့်အမှတ်သို့ ရောက်ရှိ၍ ရေပိုလွှဲ Spillway မှ ရေစတင်ကျော်ကျနေပြီဖြစ်ရာ အထက်ပိုင်းမှ မိုးရေထပ်မံစီးဝင်မှုနှင့်အတူ လှည်းကူးမြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့/မြောက်) မြို့နယ်များနှင့် ငမိုးရိပ်ချောင်း ဘေးတစ်လျှောက်ရှိ မြေနိမ့်ပိုင်း ကျေးရွာ/ရပ်ကွက်များ၌ ချောင်းရေ ရုတ်တရက် လျှံတက်ပြီး အသေးစားရေကြီးရေလွှမ်းမိုးမှု ဖြစ်ပေါ်နိုင်သည်ကို အထူးသတိပြု ကြိုတင်ပြင်ဆင်ထားကြရန် လိုအပ်ပါသည်။ ဧရာဝတီတိုင်း လေးမျက်နှာဒေသမှ ရေကြီးမှုကဲ့သို ဆိုးရွားမည်မဟုတ်ပါ သို့သော် ရေကြီးတတ်သော အနိမ့်ပိုင်းရပ်ကွက်နေပြည်သူများ၏ လျှပ်စစ်ပစ္စည်းများ၊ ရေစိုမခံနိုင်သောပစ္စည်းများကို အိမ်အမြင့်ပိုင်းသို့ ယာယီပြောင်းရွှေ့ထားကြပါရန် အကြံပြုပါသည်။ 💡⚠️ ပင်လယ်ကမ်းရိုးတန်းအနီး မြို့နယ်များ (တောင်ပိုင်း/အရှေ့တောင်ပိုင်း) သတိပေးချက် - ပင်လယ်ကမ်းရိုးတန်းနှင့် မုတ္တမကွေ့အနီးရှိ သုံးခွ၊ သံလျင်၊ ကျောက်တန်း၊ ခရမ်း မြို့နယ်များသည် မုတ်သုံလေတိုက်ရိုက်ကျရောက်ရာ ဇုန်အတွင်း တည်ရှိသဖြင့် မိုးအလွန်များမည် ဖြစ်သည်။ ပင်လယ်ရေထွက်ပေါက် နီးစပ်သည့်အပြင် ဒီရေမြင့်တက်ချိန်နှင့် မိုးကြီးမှု ပေါင်းစပ်ပါက စက်တင်ဘာ ၁ ရက်အထိ ဒီရေ/မိုးရေ ပေါင်းစပ်၍ရေကြီးခြင်း၊ မိုးသက်လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ 💡⚠️ မြို့ပြ ရေစီးရေလာ သတိပေးချက် - ရန်ကုန်မြို့တွင်း (အနောက်ပိုင်းနှင့် အရှေ့ပိုင်းမြို့နယ်များ) တွင် မိုးခဏခဏ သည်းထန်စွာ ရွာသွန်းနိုင်သဖြင့် လမ်းမကြီးများပေါ် ခေတ္တမျှ ရေလျှံခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် သစ်ပင်သစ်ကိုင်းများ ကျိုးကျနိုင်ခြင်းတို့အား သတိပြုရန် လိုအပ်ပါသည်။

⚠️မင်္ဂလာတောင်ညွန့်၊ စတုတ္ထခွေးလမ်းကြောင်း (၄) ရဲခွေး DC ၁ စီး ရဲခွေး Jeep ၁ စီး စစ်ခွေး ဆေးရုံကား ၁ စီး ဘူတာကြီးလမ်းဆုံဘက်မှ ဖဆပလမှတ်တိုင်ဖြတ် zoo ဘက်သွား 2:43 PM သတင်းပေးပို့ရန် @MGTN_Scout_News

⚠️မင်္ဂလာတောင်ညွန့်၊ တတိယခွေးလမ်းကြောင်း (၃) စစ်ခွေး DC ၁ စီး၊ မီးလုံးပါ Alphard အမည်း ၁ စီး ဘူတာကြီးလမ်းဆုံဘက်မှ ဖဆပလမှတ်တိုင်ဖြတ် zoo ဘက်သွား 2:42 PM သတင်းပေးပို့ရန် @MGTN_Scout_News

⚠️မင်္ဂလာတောင်ညွန့်၊ ဒုတိယခွေးလမ်းကြောင်း (၂) စစ်ခွေး DC အစီးများ ဘူတာကြီးလမ်းဆုံဘက်မှ ဖဆပလမှတ်တိုင်ဖြတ် zoo ဘက်သွား 2:42 PM သတင်းပေးပို့ရန် @MGTN_Scout_News

⚠️ မင်္ဂလာတောင်ညွန့်၊ ပထမခွေးလမ်းကြောင်း (၁) ဘဲဥဆိုင်ကယ် ၁ စီး ရဲခွေး Jeep ၁ စီး ရဲခွေး saloon ၁ စီး Land cruiser ၂ စီး Alphard ၁ စီး မြို့ထဲဘက်ကနေ ဖဆပလမှတ်တိုင်ဖြတ် zoo ဘက်သွား 2:42 PM သတင်းပေးပို့ရန် @MGTN_Scout_News

⚠️ မင်္ဂလာတောင်ညွန့် (ရန်ကုန်ဘူတာကြီး) - ရဲ‌ခွေး DC အပြာကောင် ၁ စီး အံစာတုံးအထူးကားအပြာ ၁ စီး၊ မီးတန်းတင်ထား Alphard အမည်း ၁ စီး ရဲခွေး DC ဖြူပြာ ၁ စီး ရန်ကုန်ဘူတာကြီး မြို့ပတ်ဂိတ်နဲ့ နယ်ဝေးခရီးသွားဂိတ်ကြား ၇၈ ဘက်စ် စကားဂိတ်ကြား ရပ်ထားဆဲ - စစ်ခွေး DC ၁ စီးပါ ကားတွေကြား ထပ်တိုးရပ်ထား 12:20 - 1:36 PM သတင်းပေးပို့ရန် @MGTN_Scout_News

⚠️ မင်္ဂလာတောင်ညွန့် - ကျောက်တံတား (ပန်းဆိုးတန်းတံတား) စစ်ခွေး single cab ၁ စီး ပန်းဆိုးတန်းတံတားပေါ် အမိုးဘက်အခြမ်း တံတားမှ ဗိုလ်ချုပ်လမ်းပေါ်ဆင်းသည့် လှေကားအခြမ်းနား ရပ်ထားပြီး စစ်ခွေး ၄ ကောင် ကားနားနဲ့အမိုးအောက်နား လမ်းသွားလမ်းလာတွေကို လိုက်ကြည့်နေ 1:35 PM သတင်းပေးပို့ရန် @MGTN_Scout_News

Repost from RSN WEB
▪️မင်းအောင်လှိုင် ရန်ကုန်ရောက်နေ ယနေ့ ဩဂုတ်လ ၂၉ ရက်တွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရန်ကုန်မြို့သို့ ရောက်ရှိနေသည်။ မနက်ပိုင်းက ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့ထဲ ရှိနေခဲ့ပြီး ထိုနေရာမှ ကားဖြင့် ဝင်လာပုံရသည်။ တွံတေးမြို့ထဲ ဝင်လည်ပြီးနောက် ရန်ကုန်-တွံတေး ကားလမ်းမနှင့် ရန်ကုန်မြစ်တို့ကိုပါ လှည့်ပတ်ကြည့်သွားသည်ဟု စစ်တပ်မှ သတင်းထုတ်ပြန်ထားသည်။ 29 Aug 2026 #RangoonScoutNetwork

Repost from Khit Thit Media
“လှိုင်သာယာမှာ ဟိုတယ်တွေ၊ တည်းခိုခန်းတွေ၊ ဘားတွေကို တရုတ်တွေကပဲ ဖွင့်ထားတာတွေရှိတယ်။ အပြင်ကကြည့်ရင် ဧည့်သည်မရှိသလောက်ပဲ။ သူတို့လူတွေပဲ အတွင်းမှာနေကြတယ်။ အပြင်လူတွေကိုလည်း လွယ်လွယ်နဲ့ ဝင်ခွင့်မပေးဘူး။ တံခါးပိတ်ပြီး သူတို့အချင်းချင်းပဲ အလုပ်လုပ်ကြတာ။ ဟိုတယ်၊ တည်းခိုခန်းလိုင်စင်ယူထားပြီး အတွင်းမှာ အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းတွေ လုပ်နေကြတာပါ။ သက်ဆိုင်ရာ စစ်တပ်၊ ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကလည်း မသိဘဲမနေပါဘူး။ လိုင်းကြေးပေးပြီး လုပ်ကိုင်နေကြတာလို့ သိရတယ်” ဟု အခြေအနေကို သိရှိထားသည့် သတင်းရင်းမြစ်တစ်ဦးက ရှင်းပြသည်။ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ ထွက်ခွာလာသော ယင်းတရုတ်နိုင်ငံသားများသည် ငွေကြေးအမြောက် အမြား အသုံးပြုကာ ရန်ကုန်မြို့ရှိ အဆင့်မြင့်အိမ်ရာများတွင် အခြေချနေထိုင်လာကြောင်းလည်း သိရှိရသည်။ FMI အိမ်ရာ၊ အောင်ဇေယျအိမ်ရာ၊ နဝဒေးအိမ်ရာ၊ ကျန်စစ်မင်းအိမ်ရာနှင့် ထီးလှိုင်ရှင်အိမ်ရာတို့တွင် နေအိမ်နှင့် မြေကွက်များကို စျေးနှုန်းမြင့်မားစွာပေး၍ ဝယ်ယူခြင်း သို့မဟုတ် ငှားရမ်းခြင်းများ ပြုလုပ်ကာ အခြေစိုက်နေထိုင်ပြီး လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေကြောင်း သတင်းရင်းမြစ်များက ပြောဆိုသည်။ ဖမ်းဆီးအရေးယူခြင်းမခံရစေရန်အတွက် ယင်းအွန်လိုင်းငွေလိမ်လည်မှုကွန်ရက်များက နယ်မြေခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အိမ်ရာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ နယ်မြေခံ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များထံ လစဉ်ငွေကြေးအမြောက်အမြား ပေးဆောင်နေကြသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။ လှိုင်သာယာမြို့နယ်သာမက တာမွေနှင့် ဗဟန်းမြို့နယ်များတွင်လည်း ယင်းအွန်လိုင်းငွေလိမ်လည်မှုကွန်ရက်များ အခြေစိုက်လုပ်ကိုင်နေကြောင်း သိရှိရသည်။ ယင်းလုပ်ငန်းများတွင် ယခင်က ပါဝင်လုပ်ကိုင်ခဲ့ဖူးသူတစ်ဦးက “တာမွေမှာလည်း အမည်ခံ ကျားဖြန့်ဟိုတယ်တွေ လုပ်ငန်းတွေအများကြီးရှိတယ်။ လှိုင်သာယာမှာဆို Mandarin Hotel၊ လှိုင်သာယာဟိုတယ်၊ L.C Hotel တွေအပြင် FMI အိမ်ရာ၊ အောင်ဇေယျအိမ်ရာ၊ နဝဒေးအိမ်ရာ၊ ကျန်စစ်မင်းအိမ်ရာ၊ ထီးလှိုင်ရှင်အိမ်ရာတွေမှာ အခြေချနေကြတယ်။ သူတို့က ရပ်ကွက်နဲ့ အိမ်ရာအုပ်ချုပ်ရေးတာဝန်ရှိသူတွေကို လစဉ်ငွေအမြောက်အမြား ပေးကြတယ်လို့ သိရတယ်” ဟု ပြောဆိုသည်။ ရန်ကုန်တိုင်းရှိ စစ်တပ်အရာရှိကြီးများမှအစ လ၀က အရာရှိများ၊ မြို့နယ်နှင့် အိမ်ရာအုပ်ချုပ်ရေးတာဝန်ရှိသူများအထိ ယင်းအွန်လိုင်းငွေလိမ်လည်မှုကွန်ရက်များနှင့် ဆက်နွှယ် သည့် တရုတ်နိုင်ငံသားများထံမှ ငွေကြေးအမြောက်အမြား ရရှိနေကြောင်း၊ အချို့မှာ ယင်းငွေကြေးများဖြင့် တန်ဖိုးမြင့်မြေကွက်များနှင့် အိမ်ခြံမြေများကို ဝယ်ယူလာကြသည်ဟုလည်း သိရှိရသည်။ ယင်းအပြင် ယခင်က ဗဟန်းမြို့နယ်၊ ကမ္ဘာအေးလမ်းမပေါ်ရှိ Golden Butterfly Hotel တွင် အခြေစိုက်လုပ်ကိုင်ခဲ့သည်ဟု နာမည်ထွက်ခဲ့သော အွန်လိုင်းငွေလိမ်လည်မှုနှင့် လောင်းကစားကွန်ရက်များသည် ယခုအခါ ရန်ကုန်တိုင်း၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းမပေါ်ရှိ New Aye Yar Hotel သို့ ပြောင်းရွှေ့ကာ အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းနှင့် ကာစီနိုအပါအဝင် လောင်းကစားဝိုင်းများ ပြန်လည်ဖွင့်လှစ်လုပ်ကိုင်နေကြောင်း သိရှိရသည်။ Golden Butterfly Hotel တွင် အွန်လိုင်းငွေလိမ်လည်မှုနှင့် တရားမဝင်လောင်းကစားလုပ်ငန်းများ အကြီးအကျယ်လုပ်ကိုင်နေသည်ဟု သတင်းများပေါက်ကြားပျံ့နှံ့ခဲ့ပြီးနောက် ၂၀၂၆ ခုနှစ် ဧပြီလအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ကြောင်း၊ ယင်းနောက် လအတန်ကြာ လုပ်ငန်းများ ရပ်တန့်သွားခဲ့သော်လည်း ယခုအခါ New Aye Yar Hotel တွင် ပြန်လည်အခြေစိုက်လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။ New Aye Yar Hotel အတွင်းရှိ ပထမထပ်သို့ တက်ရောက်ပြီး ဓာတ်လှေကားမှ ထွက်သည်နှင့် ကာစီနိုလောင်းကစားရုံသို့ ရောက်ရှိနိုင်ကြောင်း၊ ဟိုတယ်အတွင်း အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများကို ဒုတိယထပ်နှင့် တတိယထပ်များတွင် လုပ်ကိုင်နေကြောင်း သိရှိရသည်။ “အခုဖွင့်ထားတဲ့ ကာစီနိုဝိုင်းတွေမှာ သာမန်လောင်းကစားပုံစံမျိုးမဟုတ်ဘဲ ဖဲလိမ်တာ၊ အံစာလိမ်တာတွေရှိတယ်လို့ သိရတယ်။ လာကစားတဲ့သူတွေထံကနေ နေ့စဉ်ငွေအမြောက် အမြား ရယူနေကြတာ။ အခုတစ်ခါ ထူးခြားတာက လေးကောင်ဂျင်ဝိုင်းပါ ထည့်သွင်းဖွင့်လှစ်ထားတယ်လို့ သိရတယ်” ဟု အခြေအနေကို သိရှိထားသူတစ်ဦးက ပြောသည်။ ယင်းလောင်းကစားရုံများရှိနေသည်ကို သာမန်ပြည်သူများပင် သိရှိပြီး လာရောက်ကစားနေကြသဖြင့် သက်ဆိုင်ရာအာဏာပိုင်များက မသိရှိနိုင်စရာအကြောင်းမရှိကြောင်း၊ သို့သော် လစဉ်လိုင်းကြေးများ ပေးဆောင်ထားခြင်းကြောင့် အရေးယူမှုမရှိဘဲ လုပ်ငန်းများ ဆက်လက်လည်ပတ်ခွင့်ရရှိနေသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

Repost from Khit Thit Media
ရန်ကုန်ရောက် ကျားဖြန့်တရုတ်များက ၁၂/ မှတ်ပုံတင်များကို ငွေကျပ် သိန်းရာထောင်ချီပေး၍ ပြောင်းလဲကိုင်ဆောင်ပြီး ဟိုတယ်နှင့် လောင်းကစားဝိုင်းများကို အမည်ပေါက်နေရာအနှံ့ ပေါ်ပေါ်တင်တင် ဖွင့်လှစ်လာ ရန်ကုန်၊ ဩဂုတ် ၂၉ ရန်ကုန်ရောက် ကျားဖြန့် တရုတ်များက ရန်ကုန်တိုင်း အခြေပြု ၁၂/ နိုင်ငံသားမှတ်ပုံတင်များကို ငွေကျပ် သိန်းရာထောင်ချီပေး၍ ပြောင်းလဲကိုင်ဆောင်နေကြပြီး ရန်ကုန်တိုင်းအတွင်း နေရာအနှံ့အပြား ကျားဖြန့်ဟိုတယ်များနှင့် လောင်းကစား၀ိုင်းများကို ပေါ်ပေါ်တင်တင် ဖွင့်လှစ်လာနေကြောင်း တပ်သတင်းရင်းမြစ်များနှင့် စီးပွားရေးအသိုင်းအ၀ိုင်းထံမှ သိရှိရသည်။ မြဝတီနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများမှ ရန်ကုန်မြို့သို့ ပြောင်းရွှေ့ရောက်ရှိလာသော အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်သည့် တရုတ်နိုင်ငံသားများက ရန်ကုန် တိုင်းအခြေပြု ၁၂/ နိုင်ငံသားမှတ်ပုံတင်များကို ငွေကျပ် သိန်းရာနှင့်ချီမှ သိန်းထောင်နှင့်ချီအထိ ငွေကြေးပေး၍ ပြောင်းလဲကိုင်ဆောင်လာကြပြီး၊ ဟိုတယ်များ၊ ဘာသာစကားသင်တန်းကျောင်းများကို အမည်ခံဖွင့်လှစ်ကာ အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေသည့်အပြင် လောင်းကစားနှင့် ကာစီနိုဝိုင်းများကိုလည်း ရန်ကုန်မြို့နေရာအနှံ့အပြားတွင် ပေါ်ပေါ်တင်တင် ဖွင့်လှစ်လာနေခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်၍ ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် တရုတ်နိုင်ငံသားများသည် နည်းလမ်းမျိုးစုံဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။ ယင်းတရုတ်နိုင်ငံသားများသည် ယခင်က ကရင်ပြည်နယ်အခြေပြု ၃/ မှတ်ပုံတင်နှင့် ရှမ်း ပြည်နယ်အခြေပြု ၁၃/ မှတ်ပုံတင်များ ကိုင်ဆောင်ထားခဲ့ကြသော်လည်း ယခုနောက်ပိုင်းတွင် ရန်ကုန်တိုင်းအခြေပြု ၁၂/ နိုင်ငံသားမှတ်ပုံတင်များနှင့် သန်းခေါင်စာရင်းများကို ငွေကြေး အမြောက်အမြားပေး၍ ပြောင်းလဲရယူကိုင်ဆောင်လာကြကြောင်း ရန်ကုန်အခြေစိုက် စီးပွားရေးအသိုင်းအဝိုင်းက ပြောသည်။ “မြန်မာစကားတောင် မတတ်တဲ့ တရုတ်တွေပါ။ အဓိကပြောချင်တာက ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေတဲ့ တရုတ်တွေဟာ ထန်းတပင်၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံမြို့သစ်လို ရန်ကုန်ဆင်ခြေဖုံးဒေသတွေကနေ ၁၂/ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းတွေ ရယူကိုင်ဆောင်လာကြတယ်။ အရင်တုန်းကတော့ ၃/ နဲ့ ၁၃/ မှတ်ပုံတင်တွေ ကိုင်ထားကြတာ။ အခုတော့ ၁၂/ မှတ်ပုံတင်တွေနဲ့ ဟိုတယ်ပိုင်ရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေဆိုပြီး မှတ်ပုံတင်လာကြတယ်” ဟု ရန်ကုန်အခြေစိုက် စီးပွားရေးအသိုင်းအဝိုင်းမှ သတင်းရင်းမြစ်တစ်ဦးက ပြောဆိုသည်။ ရန်ကုန်မြို့တွင် ယင်းတရုတ်နိုင်ငံသားများက ဟိုတယ်၊ ဘာသာစကားသင်တန်းကျောင်း၊ ကွန်ပျူတာသင်တန်းကျောင်းနှင့် အခြားတရားဝင်စီးပွားရေးလုပ်ငန်းများကို အမည်ခံဖွင့်လှစ်ပြီး အတွင်းပိုင်းတွင် အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေကြောင်း ရန်ကုန်မြို့ရှိ ယင်းလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ခဲ့ပြီးနောက် လုပ်ငန်းခွင်မှ ထွက်ခွာလာသူများက ပြောသည်။ မြဝတီမြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများကို စစ်တပ်က နှိမ်နင်းမှုများပြုလုပ်ပြီးနောက် ယင်းလုပ်ငန်းများနှင့် ဆက်နွှယ်သည့် တရုတ်နိုင်ငံသားအများအပြားသည် ရန်ကုန်မြို့သို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ကြောင်း၊ အထူးသဖြင့် လှိုင်သာယာမြို့နယ်တွင် မြဝတီဘက်မှ ရောက်ရှိလာသူများ ပြန်လည်အခြေစိုက်နေထိုင်လာကြောင်း သိရှိရသည်။ ၎င်းတို့သည် ရန်ကုန်မြို့အတွင်း နေရာများခွဲဝေ၍ အခြေစိုက်ကာ တရားဝင်စီးပွားရေးလုပ်ငန်းများကို ဗန်းပြဖွင့်လှစ်ပြီး အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများကို ခြေရာဖျောက် ဆက်လက်လုပ်ကိုင်နေကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ အထူးသဖြင့် ဟိုတယ်များ၊ KTV များ၊ ဘားများကို ဖွင့်လှစ်ခြင်း၊ ကွန်ဒိုတိုက်ခန်းများ ငှားရမ်းခြင်းတို့ ပြုလုပ်ကာ တရုတ်စာသင်တန်း၊ ကွန်ပျူတာသင်တန်း၊ ကိုရီးယားဘာ သာစကားသင်တန်း စသည့် အမည်အမျိုးမျိုးဖြင့် လုပ်ငန်းလိုင်စင်များ လျှောက်ထားပြီး အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများကို လုပ်ကိုင်နေကြောင်း သိရှိရသည်။ လက်ရှိ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အတွင်းရှိ တရုတ်နိုင်ငံသားများပိုင်ဆိုင်သည်ဟုဆိုသော Mandarin Hotel၊ လှိုင်သာယာဟိုတယ်နှင့် L.C Hotel တို့သည် ဟိုတယ်လုပ်ငန်းလိုင်စင်ဖြင့် ဖွင့်လှစ်ထားသော်လည်း ပုံမှန်လာရောက်တည်းခိုသည့် ဧည့်သည်များ အလွန်နည်းပါးကြောင်း၊ ဟိုတယ်အတွင်းတွင် ယင်းအွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေကြောင်း သိရှိရသည်။

Repost from MPANews
ရွှေပြည်သာတွင် အိမ်တိုင်ရာရောက် ဝင်ဖမ်းခြင်းနှင့် လမ်းပေါ် လူငယ်များ ဆက်တိုက် ပျောက်ဆုံးနေ၍ မြို့ခံများ စိုးရိမ် ထိတ်လန့် 28
ရွှေပြည်သာတွင် အိမ်တိုင်ရာရောက် ဝင်ဖမ်းခြင်းနှင့် လမ်းပေါ် လူငယ်များ ဆက်တိုက် ပျောက်ဆုံးနေ၍ မြို့ခံများ စိုးရိမ် ထိတ်လန့် 28 Aug 2026 By Cherry May / MPA ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်အတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက နေအိမ်များနှင့် အဆောင်များထဲအထိ ဝင်ရောက်၍ စစ်မှုထမ်းရန် လူငယ်များကို လိုက်လံ ဖမ်းဆီးနေသည့်အပြင် လမ်းပေါ်တွင် လူငယ်လူရွယ်များ ဆက်တိုက် ပျောက်ဆုံးနေမှုများ ဖြစ်ပေါ်နေသဖြင့် မြို့ခံ ပြည်သူများအကြား ထိတ်လန့် စိုးရိမ်မှုများ ကြီးထွားလျက် ရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်က ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်တွင် အလုပ်လုပ်ကြသည့် လူငယ် ၃ ဦးမှာ အလုပ်မှအပြန် ၆၅ လိုင်း ဘတ်စ်ကား စီးနင်းခဲ့ပြီးနောက် ယနေ့အထိ အစအန မရဘဲ ပျောက်ဆုံးသွားခဲ့သည်ဟု သိရသည်။ သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/12366/

🟥 သာကေတ အရပ်ဝတ် ၆ ကောင်ခန့် Fortune Plaza အနီး မင်းနန္ဒာလမ်းမပေါ်မှာ စောင့်ပြီး ဖြတ်သွားဖြတ်လာတွေကို ခေါ်စစ်နေ။ ရခယူနီဖောင်းမပါပဲ ရခဝန်ထမ်းကဒ်ပြပြီး မူယစ်ဆေးစစ်တာဆိုပြီး အတင်းခေါ်စစ်နေတာဖြစ်။ စက်ဘီးနဲ့ သွားလာနေသူတွေကိုလည်း သူတို့စက်ဘီးနဲ့ ကန့်လန့်ခံ တားပြီး အတင်းဆွဲခေါ်ပြီး စစ်နေ။ အဲ့အုပ်စုကို ကွပ်ကဲနေတဲ့ ဗိုလ်ကြီးဆိုတဲ့ကောင် သုမနလမ်းထဲက Honda Fit အစိမ်းနုရောင်ကားပေါ်မှာ ရှိနေတယ်လို့ သိရ။ 2:00 PM 📬 @Inform_RSN

Repost from MMWeather
Meteoblue (ICON Model) မှ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့ ထုတ်ပြန်သော နေ့စဉ်မိုးရေချိန်ပြမြေပုံများ၊ 850 hPa လေစီးကြောင်းပြမြေပုံ နှင့် ထိုင်းမိုးလေဝသဌာန (TMD Weather Advisory No. 4 / Weather Chart) တို့၏ တိကျသော ကာလအလိုက် ထုတ်ပြန်ချက်များအရ ဩဂုတ်လ ၂၈ ရက်မှ စက်တင်ဘာလ ၃ ရက်နေ့အထိ (၇ ရက်အတွင်း) မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ခန့်မှန်းမိုးရေချိန် ဇယား (mm)၊ မိုးလေဝသဆန်းစစ်ချက်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ခန့်မှန်းချက် ဖြစ်ပါသည်။ (ဩဂုတ်လ ၂၈ ရက်၊ နေ့လည် ၁၂၀၀ နာရီ UPDATE) ====== 📌မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် နေ့စဉ်နှင့် စုစုပေါင်း ခန့်မှန်းမိုးရေချိန်ဇယား (mm) (၇ ရက် စုစုပေါင်း မိုးရေချိန် အများဆုံး ရရှိနိုင်သည့် ဒေသမှ အနည်းဆုံး ဒေသအလိုက် High to Low Sorted ပြုလုပ်ထားပါသည်) 📌မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်သည့် မိုးလေဝသ အခြေအနေနှင့် သဘာဝဘေး ဆန်းစစ်ချက် 🔶 850 hPa လေစီးကြောင်းနှင့် မုတ်သုံမြောင်တန်း (Monsoon trough) အခြေအနေ - မုတ်သုံမြောင်တန်းသည် မြန်မာနိုင်ငံ အထက်ပိုင်း၊ ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် ဗီယက်နမ်မြောက်ပိုင်း တုံကင်ပင်လယ်ကွေ့အတွင်းရှိ အားကောင်းသော လေဖိအားနည်းဆဲလ် (Active Low Pressure Cell) သို့ ဆက်သွယ်တန်းလျက် တည်ရှိနေပါသည်။ ထို့ကြောင့် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ အနောက်တောင်မုတ်သုံလေသည် ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း အားအလွန်ကောင်းနေမည် ဖြစ်ရာ တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ဆက်လက် ရွာသွန်းနိုင်ပါသည်။ 🔶 ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ် ရေကြီးမှု အခြေအနေ သုံးသပ်ချက် - ငဝန်မြစ် တာကျိုးမှုကြောင့် ရေကြီးနေသော လေးမျက်နှာမြို့နယ်နှင့် မြစ်ဝကျွန်းပေါ် အလယ်ပိုင်းဒေသများတွင် ၇ ရက်အတွင်း စုစုပေါင်း မိုးရေချိန် 100mm မှ 203mm ခန့် ဆက်လက် ရွာသွန်းပါမည်။ စစ်ကိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မုတ်သုံမြောင်တန်းဖြတ်သန်းမှုကြောင့် မိုးဆက်လက် ရွာသွန်းပြီး စီးဆင်းလာမည့် အထက်မြစ်ရေများကြောင့် ငဝန်မြစ်နှင့် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်ဝန်းကျင်တွင် ဆက်လက်ရှိနေနိုင်နေဦးမည် ဖြစ်သည်။ ထို့ကြောင့် လေးမျက်နှာဒေသ ရေကြီးမှုသည် ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး ရေကျဆင်းမှု အလွန်နှေးကွေးနေမည်ဖြစ်ရာ ဘေးလွတ်ရာတွင် သတိပြု နေထိုင်ကြရန် အကြံပြုလိုပါသည်။   📌သဘာဝဘေးအန္တရာယ် သတိပေးချက်များ ⚠️တောင်ကျရေနှင့် မြေပြိုမှုအန္တရာယ် - စစ်ကိုင်းအထက်ပိုင်း၊ ကချင်၊ ရှမ်းမြောက်၊ ကရင်၊ မွန်နှင့် ရခိုင်ပြည်နယ်ရှိ တောင်ခြေဒေသများတွင် မိုးစွဲရွာသွန်းမှုကြောင့် တောင်ကျရေ ရုတ်တရက် လျှံတက်စီးဆင်းခြင်း (Flash Flood) နှင့် မြေပြိုခြင်း (Landslides) တို့ ဖြစ်ပေါ်နိုင်သဖြင့် ချောင်းအနီးနှင့် တောင်စောင်းဒေသတွင်နေသူများ အထူးသတိပြုရန် လိုအပ်ပါသည်။ ⚠️ပင်လယ်ပြင် သတိပေးချက် - မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် လှိုင်းကြီးမည်ဖြစ်ပြီး မုန်တိုင်းဒီရေနှင့် လှိုင်းအမြင့် ၈ ပေမှ ၁၂ ပေ (2.4 meters to 3.6 meters) အထိ မြင့်တက်နိုင်သဖြင့် ကမ်းနီး/ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ သတိပြုကြရန် အကြံပြုအပ်ပါသည်။

Repost from RSN WEB
🆕 DAILY HIGHLIGHTS (22-27 AUG 2026) •••••••••••••••®••••••••••••••• 💥 စစ်ရေးထူးခြားသတင်းများ ရှမ်းပြည်နယ်တွင် RCSS နှင့် စစ
🆕 DAILY HIGHLIGHTS (22-27 AUG 2026) •••••••••••••••®••••••••••••••• 💥 စစ်ရေးထူးခြားသတင်းများ
ရှမ်းပြည်နယ်တွင် RCSS နှင့် စစ်တပ် တိုက်ပွဲဖြစ် – KT
———— 🟢 နိုင်ငံခြားရေးထူးခြားသတင်းများ
ဗီယက်နမ်သမ္မတက မင်းအောင်လှိုင်ကို တရားဝင် ခရီးစဉ် ဖိတ်ခေါ်ဟုဆို – MPA
———— 💵 စီးပွားရေးထူးခြားသတင်းများ
ကမ္ဘာ့ရွှေဈေးတက်၊ ပြည်တွင်းရွှေဈေး တကျပ်သားကို ကျပ် ၁၀၃ သိန်း ကျော်လာ – DVB
———— ⌛ ရာထူးကြီးအပြောင်းအရွှေ့
NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကို CRPH ဖျက်သိမ်း – MPA မင်းအောင်လှိုင်က ပြည်ထောင်စုအင်္ဂါစဉ်စာရင်းကို နေရာ ၅၀ အထိ တိုးချဲ့ကာ ကာကွယ်ရေးဦးစီး ချုပ်ကို အဆင့် ၆ သို့ တိုးမြှင့် – KT
———— ☢️ နျူကလီးယား
မြန်မာမှာ နျူကလီးယားဓာတ်အားပေးစက်ရုံကို လာမယ့်နှစ်မှာ ဆောက်ဖို့ ရုရှားမျှော်လင့် – BBC
———— ➕ အခြားထူးခြားသတင်းများ
KBZ Bank၊ AYA Bank၊ Htoo Hospitality နှင့် Parami University ဆိုက်ဘာတိုက်ခိုက်ခံရပြီး ဒေတာအချက်အလက်များ ရရှိထားသည်ဟု The Crew ဟက်ကာအဖွဲ့ က ကြေညာ – KT ကမ္ဘောဇဘဏ် ဆိုက်ဘာ တိုက်ခိုက်ခံရမှု မရှိဟု ငြင်းဆို – KT ပြည်ပရောက် မြန်မာများက KBZ-Pay၊ Wave Money ၊ AYA Pay၊ CB Pay၊ Mobile Banking အသုံးပြု၍ ငွေလွှဲ၊ ငွေယူမှုများကို ဩဂုတ် ၂၈ ရက်နေ့ နောက်ဆုံးထား ပိတ်ပင်ရန် စစ်တပ်ဗဟိုဘဏ် ညွှန်ကြား – KT
#RangoonScoutNetwork