uk
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Abducted by My Teacher: The Elizabeth Thomas Story (2023) ⭐IMDB: 5.8/10 (557 Votes) 🎬 #Crime #Drama #TVMovie #Thriller 🗓 2023 🎞 tv movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ ကလေးတွေအတွက်ပညာပေးကားတစ်ကားလို့ပြောရမလား လူတိုင်းကြည့်သင့်တဲ့ဇာတ်လမ်းတစ်ခုလို့ပြောရမလားပါပဲ ဇာတ်လမ်းလေးကတော့ မဖြစ်သင့်တာတွေမဖြစ်ရအောင်ကြိုတင်ကာကွယ်ရမဲ့ဟာတွေ ကလေးတစ်ယောက်အတွက် မိသားစုဆိုတာ ဘယ်လောက်အရေးပါလည်းဆိုတာတွေကိုဖော်ပြထားတာပဲဖြစ်ပါတယ် ဇာတ်လမ်းလေးအကျဉ်းချုပ်ပြောရရင်တော့ အသက်၁၅နှစ်အရွယ်ကျောင်းသူလေးနဲ့ အသက်၅၀ကျော်ဆရာတို့ မေတ္တာလွန်ပြီး မဖြစ်သင့်တာတွေဖြစ်တဲ့ဇာတ်လမ်းလေးပေါ့ မေတ္တာလွန်တယ်ဆိုတာထက် ရွံစရာလို့ပြောရမလားပါပဲ အဲလစ်ဇဘက်ဆိုတဲ့မိန်းကလေးက မိသားစုထဲမှာ ၁၅နှစ်တည်းနဲ့ အရွယ်နဲ့မလိုက်အောင်ကို မသားစုအခြေနေကြောင့်ရင့်ကျက်နေသူတစ်ယောက်ပါ သူ့ဘဝလေးက အဖေနဲ့ညီအစ်မတွေရှိနေပေမဲ့ အဖေဖြသ်သူကအလုပ်ကြောင့်မအား ညီအစ်မဖြစ်သူတွေကလည်းတစ်ယောက်တစ်မျိုးဆိုတော့ သူကိုယ်တိုင်ကပဲ အဖေမရှိရင် မိသားစုကိုကြည့်ရတာပါ အဲဒါကြောင့်ပဲ သူ့မှာစကားပြောဖော်မရှိ ရင်ဖွင့်ဖော်မရှိဖြစ်နေရာက ကျောင်းအသစ်မှာ ဆရာတစ်ယောက်ဖြစ်သူနဲ့တွေ့ပါတော့တယ် စစချင်းမှာတော့အင်မတန်သဘောကောင်းပြီး ကာကွယ်သယောင်လုပ်ပေးခဲ့လို့သူယုံခဲ့ရတယ် ဆရာက အချိန်ကြာလာတာနဲ့အမျှပြောင်းလဲလာပြီး သူနဲ့ချစ်ကျွမ်းဝင်သလိုတွေဖြသ်လာပါတော့တယ် ဒီလိုနဲ့ကျောင်းထဲမှာပဲမဖြစ်သင့်တာတွေဖြစ်ရာကနေ အမြင်မတော်လို့ကျောင်းသူတစ်ယောက်ကရဲတိုင်ပါတော့တယ် အဲဒါကြောင့်ပဲ ကလေးမဖြစ်သူကိုဆရာဖြစ်သူကပြန်ပေးဆွဲပြီး ဒုက္ခပေါင်းစုံနဲ့သူနဲ့တူတူနေခိုင်းခဲ့ပါတယ် အဲ့လိုတွေကြောင့် သူ့ခံစားခဲ့ရတဲ့ဒဏ်ရာတွေကရောပျောက်ကင်းနိုင်ပါ့မလား ပြန်ပေးဆွဲခံရာကနေရောဘယ်လိုတွေကြောင့်လွတ်မြောက်သွားမလဲဆိုတာတွေအပြင် လူ့လောက လူ့သ‌ဘာဝကိုသေချာဖော်ပြပေးထားလို့ အေးအေးဆေးဆေးလေးကြည့်လို့ကောင်းမဲ့ရုပ်ရှင်လေးဖြစ်ပါတယ်
...

Dandelion (2024) ⭐IMDB: 5.4/10 (291 Votes) 🎬 #Drama #Romance #Music 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 55 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရိုးရိုးရှင်းရှင်း romance ကားတစ်ကား ကို ကြည့်ချင်တယ် ဆိုရင်တော့ ဒီ Dandelion ကားလေးကို ညွှန်းပါရစေ ဇာတ်လမ်း အရကတော့ မိဘကို ပြုစုစောင့်ရှောက်နေရလို့ သူ့အိမ်မက် ဖြစ်တဲ့ အဆိုတော် ဘဝ ကို စွန့်လွှတ်ရမလို ဖြစ်နေတဲ့ ဒန်ဒီလီယွန် က သူ့အတွက် နောက်ဆုံးအနေနဲ့ ဖျော်ဖြေပွဲရှိတဲ့ ဒါကိုတာ တောင်ပိုင်း ကို ခရီးထွက်လာတယ်။ ဖြစ်ချင်တော့ သူဝင်ဖျော်ဖြေတဲ့ ပွဲက ဆိုင်ကယ်ပြိုင်ပွဲနဲ့ တွဲပြီး လုပ်တဲ့ပွဲ ဖြစ်နေတော့ သူ့အနေနဲ့ ဖျော်ဖြေပွဲရင် “နောက်လဲ မလာတော့ဘူး လာလည်း မနောက်ဘူး” ဆိုတဲ့အခြေအနေ ရောက်နေတဲ့အချိန်မှာ ကာစီ(Casey) ဆိုတဲ့ ဂစ်တာသမားလေးနဲ့ တွေ့သွားပါလေရော….. အိမ်မက်ကို လက်တွေ့ဘဝကြောင့် လက်လွှတ်ထားတဲ့ ကာစီ နဲ့ အိမ်မက်ကို ဆက်မက်ချင်တဲ့ ဒန်ဒီလီယွန် တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ပိတ်ကားပေါ်မှာ ဆက်လက် ကြည့်ရှုခံစားကြပါဦးနော်
...

Plancha (2022) ⭐IMDB: 5.4/10 (633 Votes) 🎬 #Comedy 🗓 2022 🎞 movie 🌎 #France #Monaco ⏰ 1 နာရီ 38 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါတင်ဆက်ပေးမဲ့ ကားလေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းပြေစေမဲ့ ဟာသကားလေးဖြစ်ပါတယ်….. အိဗ်ရဲ့ အသက်၅၀ပြည့်မွေးနေ့ဆင်နွှဲဖို့ ဂရိသွားဖို့ စီစဉ်ထားပေမဲ့ လေယာဉ်ခရီးစဉ်ဖျက်သိမ်းသွားတာကြောင့် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဖြစ်သွားတာလေးကို ဟာသလေးနှောပြီ တင်ဆက်ထားတာပါ….. ဒုတိယအရွယ်ကျော်လို့ တတိယအရွယ်ရောက်ရင်လည်း သူ့အရွယ်နဲ့သူပျော်စရာလေးတွေ ရှိပါလားဆိုတဲ့ အသိလေးဝင်သွားလောက်တဲ့အထိ တင်ဆက်ပေးထားတာမို့ ခံစားကြည့်ရှုလိုက်ကြပါဦးလို့
...

Murder at Honeymoon Hotel (2016) ⭐TMDB: 33% User Score 🎬 #Comedy #Crime #Mystery #Thriller 🗓 2016 🎞 movie 🌎 #China ⏰ 1 နာရီ 33 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2016 ခုနှစ်က တောင်ကိုရီးယား-တရုတ် ပူးပေါင်းရိုက်ကူးထားတဲ့ရယ်ရခက်ခက် ငိုရခက်တဲ့ ဟာသ လူသတ်သမားကားလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းလေးကို အကြမ်းဖြင်းမိတ်ဆက်ပေးရမယ်ဆို..ဟိုတယ် ဧည့်ကြိုလေး ဝူတကျစ်ဟာ ကိုယ်ဝန်ဆောင်ဇနီးအသစ်စက်စက်လေးကို ဟန်နီးမွန်းမပို့နိုင်လို့သူအလုပ်လုပ်တဲ့ ဟိုတယ်မှာပဲ ပျားရည်စမ်းဖို့ စဉ်းစားခဲ့တာပေါ့… တိုက်တိုက်ဆိုင်ဆိုင် ရုပ်ရှင်မင်းသမီးဆိုသူကသူဟန်နီးမွန်းဖို့ကြံထားတဲ့ အခန်းကိုမှ ရွေးတည်းခဲ့တယ်လေ…ဒီမင်းသမီးက ထူးတော့ ထူးဆန်းတယ်…ညကြီးအချိန်မတော် ကွန်ဒိုတိုက်ခန်းထဲရောက်သွားပြီးတော့…နောက်နေ့မှာ မန်နေဂျာလည်းမပါ…အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ မန်နေဂျာကို ပိုက်ဆံပေးပြီး…မှတ်ပုံတင်မအပ် စာရင်းလည်းမသွင်းတဲ့အပြင်..ဟိုတယ်တောင် အနောက် အရေးပေါ် အခန်းကနေ ဝင်ပြီးတည်းတာနော်… ဒီမင်းသမီးက ဒီဟိုတယ်မှာ ပလတ်စတစ်ဆာဂျရီနဲ့ တွေ့ဖို့ကြံထားတာဖြစ်ပြီး…တိုက်တိုက်ဆိုင်ဆိုင် အဲ့ ဆာဂျရီက ဝူတကျစ်ရဲ့ တစ်ရွာတည်းသားမ်ဝမ်ရဲ့ လက်ရှိယောက်ျားဖြစ်နေပြီး လောင်းကစားအကြွေးရှုံးလို့ ထွက်ပြေးနေရသူပေါ့… ကဲမင်းသမီးနဲ့ ဆာဂျရီနဲ့တွေ့ဖြစ်မှာလား…ဝမ်ဝမ်ကရော ဘာလို့ ဟိုတယ်ရောက်နေတာလဲ…ဝူတကျစ်ရော သူ့ဟန်နီးမွန်းအခန်း မင်းသမီးဆီက တောင်းလို့ရမှာလား…ဇာတ်ကားလေးက အလင်းပြပါလိမ့်မယ်
...

Puffin Rock and the New Friends (2023) ⭐IMDB: 6.8/10 (119 Votes) 🎬 #Animation #Family #Adventure 🗓 2023 🎞 movie 🌎 #UnitedKingdom #Ireland ⏰ 1 နာရီ 21 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပက်ဖင်းကျောက်ဆောင်ကျွန်းပေါ်က အူနာနဲ့ ဘာဘာဆိုတဲ့ ပက်ဖင်းငှက်မောင်နှမရဲ့ စွန့်စားခန်းတွေအကြောင်းတင်ဆက်ထားတဲ့ Puffin Rock ရဲ့ 2023 ကထွက်ရှိခဲ့တဲ့ ရုပ်ရှင်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားမှာတော့ ရာသီဥတုပြောင်းလဲမှုတွေကြောင့် အူနာ တို့နေတဲ့ ပက်ဖင်းကျောက်ဆောင်ကို တခြား ပက်ဖင်းငှက်မျိုးစိတ်တွေလာရောက်ခိုလှုံလာကြပါတယ်။ အသစ်ရောက်လာတဲ့ ပက်ဖင်း ငှက်အုပ်ထဲမှာ အစ်ဇဘယ်နဲ့ ရွှေရစ်ငှက် ဖီးနစ်ဆိုတဲ့ ငှက်ကလေးနှစ်ကောင်ပါလာကြပြီး အူနာတို့နဲ့ သူငယ်ချင်းတွေဖြစ်သွားကြပေမဲ့လည်း အစ်ဇဘယ်ကတော့ မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ အိမ်အဟောင်းကိုပဲ လွမ်းနေရှာပါတယ်။ တစ်နေ့မှာတော့ မြေကျင်းထဲက ပက်ဖင်းငှက်ဥလေးတစ်လုံးပျောက်သွားတဲ့အတွက် အူနာတို့ သူငယ်ချင်းတစ်သိုက်ရော ၊ အရွယ်ရောက်ငှက်တွေပါလိုက်ရှာကြပေမဲ့ မုန်တိုင်းကလည်းကပ်လာနေတဲ့အခါမှာ အူနာတို့ရဲ့ ငှက်ဥပျောက်ရှာပုံတော်ခရီးက ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။
...

American Wedding (2003) ⭐TMDB: 62% User Score 🎬 #Comedy #Romance 🗓 2003 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ American Pie Saga တို့လိုပဲ ၂၀ ရာစုအစောပိုင်းက ထွက်ရှိခဲ့တဲ့ အဖိုးတန် လိင်အသားပေး ဟာသဇာတ်မြူးဖြစ်ပါတယ်။ လိင်အသားပေး ရွတ်နောက်နောက် အသုံးအနှုန်းတွေ၊ ဇာတ်ဝင်ခန်းတွေ၊ လုံးဝမထင်မှတ်ထားတဲ့ ဟာသဇာတ်ဝင်ခန်းတွေ လှိုင်လှိုင်ပါဝင်တဲ့ ဟာဒယအပြည့်နဲ့ အတိတ်ကို လွမ်းဆွတ်ရင်း အူတက်အောင် ခွီရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းဂျင်မ်နဲ့ မီရှယ်ဟာ ပူပူနွေးနွေး ကျောင်းလည်းပြီး ဘွဲ့လည်းရထားပြီး အချစ်ဆိပ် အထွတ်အထိပ် တက်နေတဲ့အချိန်မှာ နှစ်ယောက်သား လက်ထပ်ဖို့ လုပ်ကြပါတော့တယ်။ ဒီလိုနဲ့ နှစ်ဘက်မိဘတွေကိုလည်း အသိပေးပြီး သူငယ်ချင်းမိတ်ဆွေတစ်သိုက်နဲ့ စည်ကားသိုက်မြိုက်စွာ မင်္ဂလာပွဲကျင်းပဖို့ ပြင်ဆင်ကြပါတော့တယ်။ ဂျင်မ်ရဲ့ ဘော်ဒါတွေကလည်း သတို့သားအရံတွေ လုပ်ဖို့ သဘောတူပြီး ဘော်ဒါတွေထဲက စတိဗ်နဲ့ ပေါလ်ဟာ သတို့သမီးအရံတဖြစ်လည်း မီရှယ့်ရဲ့ ညီမဖြစ်တဲ့ ခေးဒန်းစ်ကို ဖောင်းဒိုင်းရဖို့အတွက် နှစ်ယောက်သား အပြိုင်အဆိုင် ကြံစည်အားထုတ်ရာကနေ သောက်တလွဲလူသားတွေ စုနေတဲ့ မင်္ဂလာပွဲကြီးက ဘယ်လိုသောက်တလွဲဇာတ်တွေနဲ့ ငါးပါးမှောက်ကြမလဲဆိုတာကို အူတက်အောင်ခွီရင်း ကြည့်ရမှာဖြစ်လို့ အစာတွေနှင့် ရေတွေမသီးအောင် သတိထားကြည့်ကြဖို့ အကြုံပြုချင်ပါတယ်။ ဘာသာပြန်လက်စွမ်းပြထားတဲ့သူကတော့ ကျွန်တော် Matteo ဖြစ်ပါတယ်။
...

Ali G Indahouse (2002) ⭐TMDB: 61% User Score 🎬 #Comedy 🗓 2002 🎞 movie 🌎 #France #Germany #UnitedKingdom ⏰ 1 နာရီ 27 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sacha Baron Cohen၊ Martin Freeman နဲ့ Rhona Mitra တို့အပြင် တခြားနာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်ထားတဲ့ Comedy/ Drama ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံရဲ့ ဘဏ္ဍာရေးဝန်ကြီးနဲ့ ဒုတိယဝန်ကြီးချုပ်က ဝန်ကြီးချုပ်ကို ဖြုတ်ချဖို့ အကြံအစည်နဲ့ ရပ်ကွက်ထဲက အလုပ်မရှိအကိုင်မရှိ ရက်ပ်ရွတ်ပြီး အလေလိုက်နေတဲ့ အလီ ဂျီ ကို သူတို့ပါတီရဲ့ ကိုယ်စားလှယ်အနေနဲ့ မြေတောင်မြှောက်ပေးလိုက်ကာ သူ သောက်တလွဲလုပ်တာတွေကို လိုက်မထိန်းဘဲ တမင်လွှတ်ထားလိုက်တဲ့အခါ အလီ ဂျီတစ်ယောက် လွှတ်တော်နဲ့ အစိုးရအဖွဲ့ကို ဘယ်လိုတွေ မွှေမလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦး။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။
...

Amor en toda la cara (2024) ⭐IMDB: 6.7/10 (66 Votes) 🎬 #Comedy #Romance 🗓 2024 🎞 movie 🌎 #Spain ⏰ 1 နာရီ 37 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb – 6.7/10 ၂၀၂၄ ခုနှစ်​ကမှ ထွက်​ရှိခဲ့တဲ့​ စပိန်​စကားပြော Comedy ဟာသ​ရုပ်​ရှင်​တစ်​ခု​ဖြစ်​ပါတယ်။ ရုပ်ရှင်​ရဲ့ အင်္ဂလိပ်နာမည်က Love​ All Over Your Face ဖြစ်​ပါတယ်။ ဇာတ်​ကား​ရဲ့ ထူး​ခြား​ချက်​က scene အားလုံး​ကို Video Call, FaceTime နဲ့ Zoom အစရှိတဲ့ ဗီဒီယို​မြင်​ကွင်း​တွေကနေ ပုံဖော်​ထား​ခြင်း​ဖြစ်​ပါတယ်။ ဇာတ်လမ်း​အကျဥ်းကတော့ ဒန်​နီ ဟာ စပိန်​နိုင်​ငံကနေပြီး အမေရိကန်​ပြည်ထောင်​စု​ LA မှာ အလုပ်​လုပ်​နေတဲ့ စပိန်​နိုင်ငံ​သားဖြစ်​ပြီး အန်နာကတော့ မက္ကဆီကို​နိုင်​ငံကနေ LA ကိုလာပြီး သရုပ်​ဆောင်​ဖြစ်​ဖို့​ ကြိုး​စား​နေသူဖြစ်ပါတယ်။ ဒန်​နီနဲ့ အန်နာတို့ တွဲ​ပြီးမကြာခင်မှာ ဒန်​နီ​တစ်​ယောက်​ ဗီဇာသက်တမ်းတိုးဖို့ စပိန်​နိုင်ငံ​ မက်ဒရစ်မြို့ကို ပြန်​သွားခဲ့ရပါတယ်။ ကိစ္စ​ပြီးလို့ LA ပြန်​မယ်လုပ်တုန်းမှာ Covid ရောဂါ​ကပ် စတင်​ဖြစ်​ပွား​လာခဲ့တဲ့အတွက် အမေရိက​ကို ပြည်ဝင်ခွင့်မရဘဲ စပိန်​မှာပဲ နေနေရပါတော့တယ်။ ဒီလို​နဲ့ ဒန်​နီနဲ့ အန်နာ​တို့​ဟာ လူချင်းတွေ့ခွင့်မရဘဲ video call နဲ့သာ ဆက်​သွယ်​နေရာက​နေ​ ဘယ်​လို​အဖြစ်​အပျက်တွေ ကြုံဆုံရမလဲ ဆိုတာ​ကို ကြည့်​ရှုရမှာပါ။ ကိုဗစ်​ကာလကို အခြေခံ​ဇာတ်​အိမ်​တည်​ထားတာ ဖြစ်​တဲ့အတွက်​ ကြည့်​ရှု​ရတာ ရင်း​နှီး​မှုရှိပြီး ဇာတ်​အိမ်​ကလည်း​ ပေါပေါ့ပါးပါးဖြစ်တဲ့အတွက် ကြည့်​ပျော်​တဲ့ဇာတ်ကားလေး ဖြစ်​ပါတယ်။ လိင်​ပိုင်း​ဆိုင်ရာ​ပြကွက်အချို့ ပါဝင်​တဲ့အတွက် အသက်မပြည့်သေးသူများ ကြည့်​ရှုရန် မသင့်တဲ့ အခန်း​တချို့​ရှိပါတယ်။ ကိုဗစ်​ရောဂါ​ဖြစ်​ပွား​နေခဲ့တဲ့ လွန်​ခဲ့တဲ့​ လေး၊ ငါးနှစ် အချိန်​ကာလကို​ ပြန်​ပြောင်း​သတိရ​လိုသူများ မဖြစ်​မနေကြည့်ရှူသင့်တဲ့ ဟာသကားလေးဖြစ်ပါတယ်။
...

The Clean Up Crew (2024) ⭐IMDB: 4.3/10 (499 Votes) 🎬 #Action #Crime #Thriller 🗓 2024 🎞 movie 🌎 #Ireland #UnitedStatesofAmerica #UnitedStates ⏰ 1 နာရီ 35 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ အဲလက်စ်နဲ့ မက်ခ်ဂန်တို့ အတွဲဟာ အခင်းဖြစ်ပွါးရာမှာ ကျန်ခဲ့တဲ့ သွေးတွေကို သန့်ရှင်းရေးလုပ်ရတဲ့ သန့်ရှင်းရေးအဖွဲ့ကပါ သူတို့အဖွဲ့မှာ ရှာအိုဟန်ဆိုတော့ အဖွဲ့ခေါင်းဆောင်ရယ် ချာလီဆိုတဲ့ဆေးအမြဲသုံးနေတဲ့လူနှစ်ယောက်ပါတယ် တနေ့သူတို့မှုခင်းတစ်ခုကိုသွားရာကနေ သေတ္တာတစ်ခုကိုတွေ့ခဲ့တယ် အဲ့သေတ္တာကိုဖွင့်ကြည့်ရမှာတော့ ယူရို၂မီလီယံကို တွေ့ခဲ့တယ် အဲ့တော့ အဲ့ပိုက်ဆံသေတ္တာက ဘယ်ကရောက်လာတာလဲ ပြီးတော့ အဲ့ပိုက်ဆံနောက်ကိုလိုက်နေတဲ့ လူဆိုးအဖွဲ့စည်းတစ်ခုလည်းရှိပါသေးတယ် အဲဒီတော့ဘာတွေဘယ်လိုဖြစ်သွားမှာလဲ အဲလ်လက်စ်တို့ကရော ပိုက်ဆံတွေဘာလုပ်မှာလဲ နောက်ဆုံးမှာရော သူတို့ကိုလိုက်နေတဲ့သူတွေနောက်ကနေလွတ်မြောက်သွားမလားဆိုတာကတော့ ကြည့်ရှုလိုက်ကြပါဦးရှင်
...

Greedy People (2024) ⭐IMDB: 6.1/10 (3 k Votes) 🎬 #Comedy #Crime #Mystery 🗓 2024 🎞 movie 🌎 #UnitedStatesofAmerica #UnitedStates ⏰ 1 နာရီ 53 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပင်လယ်ကမ်းစပ်မြို့လေးကို တာဝန်ကြောင့် ပြောင်းရွှေ့လာခဲ့တဲ့ ဝေလ်နဲ့ သူ့ဇနီးပေ့ဂျ်တို့၊ ကိုယ်ဝန်ရှိနေပြီဖြစ်တဲ့ ဇနီးဖြစ်သူနဲ့ ဘဝတစ်ခုကို ကောင်းကောင်းမွန်မွန်အစပြုချင်တဲ့အတွက်ကြောင့် ဒီမြို့လေးကို တစ်ခါတည်းပြောင်းရွှေ့လာကြတဲ့သူတွေဖြစ်ပါတယ်။ လူသစ်,စိတ်သစ်,နေရာသစ်,အလုပ်သစ်မှာနေထိုင်ရင်း ဝေလ်ဟာ အလုပ်စဝင်တဲ့ပထမဆုံးရက်မှာပဲ တိုင်ကြားချက်တစ်ခုကို ဖြေရှင်းဖို့သွားရင်းနဲ့ မတော်တဆဖြစ်ကာ လူသတ်မိသွားပါတော့တယ်။ ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ မသိဖြစ်နေတဲ့အချိန်မှာ မမျှော်လင့်ဘဲ ဝေလ်နဲ့ သူ့လုပ်ဖော်ကိုင်ဖက်ဖြစ်သူ တယ်ရီတို့ဟာ အိမ်ထဲမှာ ဒေါ်လာ၁သန်းငွေသားတွေအပြည့်ထည့်ထားတဲ့ ခြင်းတစ်ခုကို တွေ့သွားကြပါတယ်။ ဒီလိုနဲ့ ပိုက်ဆံကိုမြင်ပြီးနောက် လောဘစိတ်ရယ်, လူသတ်မှုကို အမှုမပတ်ဖို့အတွက် နှစ်ယောက်သား အကြံထုတ်ရင်း ဒေါ်လာတစ်သန်းကို ခွဲယူကြပြီး ဒီလူသတ်မှုကိုတော့ တခြားတစ်ယောက်က သတ်တဲ့ပုံစံနဲ့ထားခဲ့မယ်ဆိုပြီး လုပ်ကြပါတော့တယ်။ ဒီလိုနဲ့ ဒီအမှုကိစ္စကြီးရဲ့နောက်ကွယ်မှာ ဘယ်လိုရှုပ်ထွေးမှုတွေ ရှိနေဦးမလဲ …….. လောဘကြောင့်နဲ့ ဝေလ်တို့ ဘယ်လိုကိစ္စတွေ ကြုံတွေလာရဦးမလဲ….. ဆိုတာတွေကို ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲဖြစ်ပါတယ်)
...

Swan Song (2024) ⭐IMDB: 9.6/10 (10 Votes) 🎬 #Drama #Music #Short #Comedy 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 43 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb – 7.6/10 Swan Lakeဆိုတာ ရုရှားဂီတစာဆိုကြီး Pyotr Ilyich Tchaikovskyရဲ့ ဘဲလေးပြဇာတ်တစ်ပုဒ်ပေါ့။ ဘဲလေးအကမှာတော့ ထင်ရှားတဲ့ပြဇာတ်တွေထဲက တစ်ခုအဖြစ် အမျိုးမျိုးဖျော်ဖြေကပြကြတာပေါ့။ ဒီရုပ်ရှင်ကတော့ ကနေဒါရဲ့ နာမည်အကျော်ကြားဆုံး ဘဲလေးအကမယ်ဟောင်း Karen Kainတာဝန်ယူဦးစီးပြီး အဓိကဘဲလေးမယ်အဖြစ် ရုရှား-လစ်သူယေးနီးယားဘဲလေးမယ် Jurgita Droninaကပြခဲ့တဲ့ ကမ္ဘာ့အဆင့်ဖျော်ဖြေတဲ့ပွဲရဲ့ Swan Lakeပြဇာတ်မှာ နောက်ကွယ်က ဖြစ်ရပ်တွေကိုရိုက်ကူးပုံဖော်ထားတဲ့ မှတ်တမ်းရုပ်ရှင်တစ်ပုဒ်ပါပဲ။ ကမ္ဘာ့အဆင့်ပွဲတစ်ခုဖြစ်တဲ့အတွက် သူတို့တွေ ခက်ခက်ခဲခဲကြိုးစားကြပုံတွေ၊ အဲဒီခေတ်အနေအထားမှာ ဘဲလေးအကမယ်တွေကြားက လူမျိုးရေးခွဲခြားမှုနဲ့ အဆင်မပြေမှုတွေ၊ တစ်မူထူးခြားစွာတင်ဆက်ပြချင်တဲ့အတွက် ဘဲလေးအကအစဉ်အလာတွေကနေ ဖောက်ထွက်ဖို့ကြိုးစားကြပုံတွေကို ခံစားကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)
...

Queen of the Damned (2002) ⭐TMDB: 61% User Score 🎬 #Fantasy #Horror #Romance 🗓 2002 🎞 movie 🌎 #Australia #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Vampire ကြိုက်သူတွေအတွက်British Vampire ဇာတ်ကားလေးပါ တစ်ချိန်ကအင်အားကြီးခဲ့တဲ့ Vampire လက်စတတ်ဟာ နှစ်ပေါင်းများစွာအိပ်ပျော်နေရာကနေ ဂီတသံတွေကြောင့်နိုးထလာခဲ့တယ်သူဟာ သွေးစုပ်ဖုတ်ကောင်တို့သဘာဝ အမှောင်ရိပ်ထဲမှာပဲမရှင်သန်ချင်သူ လူတွေနဲ့ယှဥ်တွဲပြီး ဝါသနာကြီးခဲ့တဲ့ဂီတကို ထုတ်ဖော်ပြချင်သူ မျိုးနွယ်စုရဲ့စည်းမျဥ်းတွေကိုချိုးဖောက်ပြီး လူရှေ့ရုပ်လုံးထွက်ပြ သူ့ဝေဒနာတွေကို ဂီတနဲ့ဖောက်ခွဲပစ်တဲ့အခါ….. တစ်ချိန်ကကမ္ဘာမှာအင်အားအကြီးဆုံးအရက်စက်ဆုံး Vampireတွေရဲ့ထိပ်ခေါင်ဘုရင်မကြီး အကာရှာရုပ်ထုကိုအသက်ဝင်လာအောင် သူ့ဂီတက နှိုးလိုက်တဲ့နောက်မှာတော့ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ ကိုယ်တိုင်ပဲခံစားကြည့်ရှုလိုက်ကြပါနော်
...

When in Rome (2024) ⭐IMDB: 6.4/10 (365 Votes) 🎬 #Comedy #Drama #Romance 🗓 2024 🎞 movie 🌎 #Denmark #Italy #Sweden ⏰ 1 နာရီ 40 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပရိသတ်ကြီးခံစားနိုင်ဖို့ ဒိန်းမတ်စကားပြော အချစ်ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ဂါဒါနဲ့ ခရစ်တိုဖာဆိုတဲ့ ဒိန်းမတ်စုံတွဲဟာ အိမ်ထောင်သက် ၄၀ နှစ်ပတ်လည်မှာ သမိုင်းဝင် ရောမမြို့ကို ဟန်းနီးမွန်းထွက်လာပါတယ် ဂါဒါက တစ်ချိန်က ရောမမြို့မှာ ပန်းချီသင်ခဲ့ဖူးပေမယ့် အကြောင်းတစ်ခုကြောင့် ပန်းချီဆက်မဆွဲဖြစ်ဘဲ ခရစ်တိုဖာနဲ့ လက်ထပ်ခဲ့တာဖြစ်ပြီး ခရစ်တိုဖာကတော့ ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းသူပါ ရိုမန့်တစ်ဆန်ဖို့ မျှော်လင့်ထားတဲ့ ရောမမြို့မှာ မထင်မှတ်ထားဘဲ အတိတ်စာမျက်နှာက တတိယလူတစ်ယောက်နဲ့ ပြန်တွေ့ချိန်မှာတော့ … CM ပရိသတ်ကြီး ခံစားကြည့်ရှုပေးပါဦး
...

The Summer with Carmen (2023) ⭐IMDB: 6.8/10 (787 Votes) 🎬 #Comedy 🗓 2023 🎞 movie 🌎 #Greece ⏰ 1 နာရီ 46 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းအမျိုးအစားလေးကတော့ Comedy/ Romance ဖြစ်ပြီး အေသင်မြို့ရဲ့ Queer Beach မှာ အခင်ဆုံးသူငယ်ချင်းနှစ်ယောက် ရုပ်ရှင်ဇာတ်ညွှန်းတစ်ခုကို အတူတူရေးကြဖို့အတွက် လွန်ခဲ့တဲ့နွေရာသီတွေမှာ ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြတဲ့ပုံစံမျိုး ရိုက်ကူးထားတာဖြစ်ပါတယ်။ Demosthenes နဲ့ Nikitas တို့က ဒရမ်မာကျောင်းတစ်ခုမှာ အတူတူတက်ရင်း သူငယ်ချင်းဖြစ်လာရာကနေ Demosthenes က သရုပ်ဆောင်လောကမှာ မအောင်မြင်တဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် ဝန်ကြီးဌာနတစ်ခုမှာ ဝန်ထမ်းလုပ်နေရသူပါ။ Nikitas ကလည်း လူရွေးပွဲတွေ ဝင်ပြိုင်သော်ငြား သူ့ကို ဘယ်သူကမှ မရွေးချယ်ကြတဲ့အတွက် ဒါရိုက်တာဘက်ကို လိုင်းပြောင်းနေတဲ့သူပါ။ သူတို့နှစ်ဦးသားရဲ့ ရည်းစားဟောင်းနဲ့အတွေ့အကြုံတွေ၊ မိသားစုအခက်အခဲတွေ၊ ကာမန်လို့ခေါ်တဲ့ လမ်းဘေးခွေးလေးတစ်ကောင်ကို ခေါ်ယူမွေးလိုက်ပုံတွေ စတာတွေကိုမြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။
...

Where Your Heart Belongs (2022) ⭐IMDB: 5.5/10 (834 Votes) 🎬 #Family #Romance #TVMovie #Comedy 🗓 2022 🎞 tv movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မက်ကင်ဇီ ဆူလီဗန်က အမေဖြစ်သူဆုံးသွားကတည်းက သူ့မွေးရပ်မြို့ကလေးကို မပြန်ဖြစ်တော့ပဲ အတိတ်က စိတ်ဒဏ်ရာတွေကို ပြန်မခံစားချင်တာကြောင့် နယူးရော့ခ်မြို့မှာ အခြေချကာ အောင်မြင်တဲ့ ဈေးကွက်ရှာဖွေရေးမားကတ်တင်းပညာရှင်အဖြစ် လုပ်ကိုင်နေတဲ့ အချောအလှလေးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ သူမရဲ့အခင်ဆုံးသူငယ်ချင်းက မင်္ဂလာဆောင်တော့မှာဖြစ်ပြီး မင်္ဂလာပွဲကို မွေးရပ်မြို့ကလေးမှာ ပြန်လုပ်ချင်တဲ့အတွက် သူမကို ပွဲစီစဉ်ကူဖို့ အကူအညီတောင်းလို့ မွေးရပ်မြို့ကလေးကို ပြန်လာရပါတော့တယ်။ အဲဒီအချိန်မှာ အထက်တန်းတုန်းက သူမကို သဘောကျခဲ့တဲ့ အဆက်ဟောင်း ဒေလန်ဟာ အရင်လိုမဟုတ်တော့ပဲ ရင့်ကျက်ခန့်ညားလာကာ သူတို့နှစ်ယောက်သား အတူတူ မင်္ဂလာပွဲစီစဉ်ဖို့ အကြောင်းဖန်လာပါတော့တယ်။ ဒီတော့ မက်ကင်ဇီတစ်ယောက် ဒေလန်နဲ့ ပြန်အဆင်ပြေသွားမလား၊ အမေဖြစ်သူဆုံးသွားတုန်းက ရခဲ့တဲ့ စိတ်ဒဏ်ရာကို ကုစားနိုင်ပါ့မလားဆိုတာကို ချစ်စရာအလွဲအမှားလေးတချို့နဲ့ ကြည်နူးဖွယ်ကြည့်ရှုရမယ့် romance comedy ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။
...

Double Ismart (2024) ⭐IMDB: 3.5/10 (991 Votes) 🎬 #Action #Bollywood #SciFi #Thriller #ScienceFiction 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 39 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Double iSmart 2024 (ဒဘယ်လ်အိုင်စမတ်) ယခုတစ်ခါမှာတော့ မင်းသားကြီး Sanjay Dutt ရဲ့ ခပ်ကြမ်းကြမ်းသရုပ်ဆောင်ချက်တွေနဲ့အတူ ခပ်မိုက်မိုက်ကြည့်ရှုရမယ့်တေလ်ဂူအက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ အိန္ဒိယရဲ့ အန္တရာယ်အရှိဆုံးနဲ့ အလိုချင်ဆုံးအဖြစ် ထုတ်ပြန်ခံထားရတဲ့ လူမိုက်ကျွဲကြီး၊ကျွဲကြီးဟာ မူးယစ်ဆေးနဲ့ပတ်သတ်ရင် ဘုရင်တစ်ဆူလိုဖြစ်နေရုံသာမကဘဲအာရှရဲ့ အကြီးမားဆုံး လက်နက်ရောင်းဝယ်ရေးအထိပါ တိုးချဲ့လုပ်ကိုင်လာခဲ့ပေမယ့်ဥပဒေဘက်တော်သားတွေအနေနဲ့ ကျွဲကြီးဟာ ဘယ်လိုပုံစံလဲဆိုတာကိုတောင် မသိကြပါဘူး။ ဒီလိုမျိုးအင်အားကြီးလှတဲ့ကျွဲကြီးရဲ့ဘဝဟာ တစ်ရက်မှာတော့ ဂြိုဟ်ဆိုးဝင်ပါတော့တယ်။သူ့မှာ ကုသလို့မရတဲ့ ဦးနှောက်အကျိတ်ဖြစ်နေပြီး ဒေါက်တာတွေက ၃လပဲအသက်ရှင်တော့မယ်လို့ ပြောတဲ့အခါမှာတော့ သူဟာအသက်ဆက်ရှင်သန်နိုင်ဖို့အတွက် နည်းလမ်းရှာပါတော့တယ်။ ဒီလိုနဲ့ နည်းလမ်းရှာရင်း မှတ်ဉာဏ်ရွှေ့ပြောင်းတဲ့နည်းလမ်းတစ်ခုပဲရွေးချယ်စရာဖြစ်လာတဲ့အခါမှာတော့ သူ့ရဲ့မှတ်ဉာဏ်တွေကို ကူးပြောင်းဖို့ခန္ဓာကိုယ်ရှာတဲ့အခါမှာ မှုခင်းတွေကို ဖြေရှင်းနိုင်ဖို့အတွက်သေဆုံးသွားတဲ့ရဲတစ်ယောက်ရဲ့ မှတ်ဉာဏ်တွေကို ကူးပြောင်းထည့်ပေးထားတဲ့လူဆိုးလေးအိုင်စမတ်ဆိုတဲ့သူက သူ့အတွက် တစ်ခုတည်းသောရွေးချယ်စရာဖြစ်လာတဲ့နောက်မှာတော့ …….ကျွဲကြီးနဲ့ အိုင်စမတ်တို့ ဘယ်လိုတွေ တွေ့ကြုံရမလဲ ……. သူတို့နှစ်ယောက်ရဲ့နောက်ကြောင်းတွေမှာရော ပတ်သတ်မှုတွေရှိနေလား …….ဆိုတာတွေကို ကြည့်ရှုရမယ့် အက်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)
...

Riki-Oh: The Story of Ricky (1991) ⭐TMDB: 68% User Score 🎬 #Action #Comedy #Thriller #Crime #ScienceFiction 🗓 1991 🎞 Series 🌎 #HongKong #Japan #USA ⏰ 1 နာရီ 33 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Riki-Oh: The Story of Ricky (1991) IMDb Rating (7.1) / Rotten Tomatoes (90%) ဒီဇာတ်ကားက မင်းသား Louis Fan ရဲ့အကောင်းဆုံးအက်ရှင်ကားလို့ဆိုကြပြီးတကယ်လဲ အရမ်းကြမ်းတဲ့ ဟောင်ကောင်အက်ရှင်ဖိုက်တာကားဖြစ်ပါတယ်။ Ricky Ho: The story of Ricky ဆိုတဲ့အတိုင်း ရစ်ကီဟိုဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ဇာတ်လမ်းတစ်ပုဒ်ပေါ့ဒီဇာတ်ကားက ၁၉၉၁ခုနှစ်မှာ ရိုက်ကူးထားတယ်ဆိုပေမယ့် ဇာတ်ကားထဲမှာအခြေတည်ထားတာ ၂၀၀၁ခုနှစ်ပါဇာတ်လမ်းကတော့ ၂၀၀၁ခုနှစ်မှာ ထောင်တွေက အစိုးရပိုင်မဟုတ်တော့ပဲ ပုဂ္ဂလိကတွေကိုလွှဲပေးထားပြီးငွေရှင်အရင်းရှင်တွေခြယ်လှယ်တဲ့ခေတ်ပုံစံကို တင်ဆက်ထားပါတယ်။ အဲ့ဒီပုဂ္ဂလိကထောင်တစ်ခုကို ရစ်ကီဟိုတစ်ယောက် လူသတ်မှုနဲ့ရောက်လာပါတယ်။ထောင်တွေရဲ့ထုံးစံအတိုင်းကြီးနိုင်ငယ်ညှင်းတွေရှိနေသလိုအခုသူရောက်သွားတဲ့ထောင်မှာ လေးပိုင်းပိုင်းပြီး အဖွဲ့လေးဖွဲ့ခွဲထားပါတယ်။အရှေ့ဆောင် အနောက်ဆောင် တောင်ဖက်ဆောင်မြောက်ဖက်ဆောင်စသည်ဖြင့်ပေါ့။ အဆောင်တစ်ခုချင်းဆီမှာဒိတ်ဒိတ်ကြဲသိုင်းကျွမ်းတဲ့ခေါင်းဆောင်တွေအုပ်ချုပ်တယ်။ရစ်ကီဟိုဆိုတာကလဲ ခေသူမဟုတ် သေချာလေ့ကျင့်ထားတဲ့သိုင်းသမား စိတ်ကလဲမဟုတ်မခံ။အဲ့မှာ ဗိုလ်ကျအနိုင်ကျင့်မှုတွေနဲ့မဟုတ်မခံနဲ့သွားတွေ့တော့တာပဲ။ ပြီးတော့ ထောင်ကလဲ ထောင်ကိုဗန်းပြပြီးနောက်ကွယ်မှာမဟုတ်တရုတ်လုပ်တာတွေရှိနေပြန်တော့ရစ်ကီဟိုလိုမဟုတ်မခံနဲ့ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာ….။ ဒီဇာတ်ကားက Extreme Violence အမျိုးအစားပါသွေးထွက်သံယိုတွေတစ်ကားလုံးပြည့်နှက်နေပါတယ်လို့တော့ ကြိုသတိပေးပါရစေ။
...

Rough Diamonds (2023) ⭐IMDB: 7.1/10 (5 k Votes) 🎬 #Drama #Crime #Thriller 🗓 2023 🎞 tv series 🌎 #Belgium ⏰ 54 မိနစ် 33 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ တင်ဆက်ပေးမဲ့ဇာတ်လမ်းတွဲလေးက ပုံမှန်မြင်တွေ့နေ့ကျမဟုတ်တဲ့ ဂျူးတွေအဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲလေးပါ…..ကိန်းကြီးကန်းကြီးနိုင်ပြီး အရာရာစနစ်တကျနဲ့ ယဉ်ကျေးမှုမြင့်မားလှတဲ့ ဂျူးတွေရဲ့ သဘာဝကိုလည်း လေ့လာနိုင်ဦးမှာပါ…. ဒီကားလေးထဲမှာ နိုအာဟာ ဝုဖ်ဆန်းစိန်ကုမ္ပဏီမိသားစုရဲ့ သားတစ်ယောက်ပါ သူ့မှာ ညီအစ်ကို ၃ယောက်နဲ့ အစ်မတစ်ယောက်ရှိနေပါတယ်…….သူက သူ့အဖေနဲ့ အဆင်မပြေလို့ ပုံစံခွက်ထဲကနေရုန်းထွက်ပြီး လန်ဒန်မှာ အိမ်ထောင်ကျနေတဲ့သူပါ သားလေးလည်းတစ်ယောက်ရှိပါတယ်…..တနေ့ကျ သူ့ညီက ကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားပါတော့တယ် အဲဒါနဲ့ သူလည်း နှစ်ရှည်လများခွဲခွာနေတဲ့ မိသားစုဆီတခေါက်ပြန်ရောက်လို့လာတော့တာပေါ့….. အဲဒီမှာပဲ သူထွက်သွားတုန်းက အခြေအနေနဲ့ အခုလက်ရှိဖြစ်နေတဲ့ အခြေအနေတွေ ဘာဆိုဘာမှမဆိုင်တော့ဘဲ သူ့ညီ ဘာလို့ အဆုံးစီရင်ခဲ့ရတယ်…..ဂုဏ်သိက္ခာကြီးမားလှတဲ့ သူ့မိသားစုကရော ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရမလဲ…..လန်ဒန်မှာရှိတဲ့ သူ့မိသားစုကရော ဘယ်လိုပုံစံမျိုးလဲ ဆိုတာတွေကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါဦးလို့
...

Line Walker (2016) ⭐IMDB: 6.0/10 (2 k Votes) 🎬 #Action #Crime #Drama #Mystery #Thriller 🗓 2016 🎞 movie 🌎 #China #HongKong ⏰ 1 နာရီ 49 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Line Walker (2014) ဆိုတဲ့ဟောင်ကောင် Actionဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။Cast တွေကလည်း နာမည်ကြီးတွေ သုံးထားပြီးဇာတ်လမ်းကလည်း Plot Twist လေးနဲ့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ Line Walker ဆိုတာကတော့ ကြိုးတန်းပေါ်လမ်းလျှောက်နေသူလို့ပြောလို့ရပါတယ်။ဒီဇာတ်ကားလေးထဲမှာ လူဆိုးဂိုဏ်းတွေထဲဝင်ရောက်ပြီး အသွင်ယူထောက်လှမ်းနေကြတဲ့အေးဂျင့်တွေရဲ့ အကြောင်းကို သိထားတဲ့တစ်ယောက်တည်းသောသူ သေဆုံးသွားတဲ့အခါမှာအသွင်ယူအေးဂျင့်တွေ အကြောင်းပျောက်ပျက်ကုန်ပြီးတာဝန်ထမ်းဆောင်နေဆဲ အေးဂျင့်တွေကြိုးတန်းပေါ်လမ်းလျှောက်သူတွေလို ရဲလဲပြန်မဖြစ်နိုင်လူဆိုးဂိုဏ်းထဲမှာပဲအခြေမပျက်ဆက်နေဖို့ဘေးကြပ်နံကျပ်အခြေအနေထဲကိုရောက်နေပါတယ်။ အဲဒါကြောင့် ဗဟိုထောက်လှမ်းရေးဌာနကလျှို့ဝှက်အေးဂျင့်တွေကို ပြန်လည်စုစည်းဖို့ ကြိုးစားတဲ့အချိန်မှာBlack Jack ဆိုတဲ့ နာမည်နဲ့ အေးဂျင့်တစ်ယောက်ပြန်ပေါ်လာပါတယ်။ဖျက်ထားခံရတဲ့ သူ့ရဲ့ အချက်အလက်တွေကပြန်ယူဖို့မဖြစ်နိုင်တဲ့အတွက် သူတို့ အေးဂျင့်ဖြစ်ကြောင်း ဘယ်လိုစုံစမ်းမလဲ။မူးယစ်ဆေး ရောင်းဝယ်ရေး ဂိုဏ်း တစ်ခုကကြားဝင်နေတာကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို ကြည့်ရမှာပါ။
...

Line Walker 2: Invisible Spy (2019) ⭐IMDB: 6.2/10 (947 Votes) 🎬 #Action #Crime #Drama #Thriller 🗓 2019 🎞 movie 🌎 #China #HongKong #Myanmar(Burma) ⏰ 1 နာရီ 38 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Yangonမှာလာရိုက်တဲ့အခန်းတွေပါပြီးမြန်မာသရုပ်ဆောင်တွေပါဝင်ခွင့်ရတဲ့ Line Walker 2ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးဟာ2019 aug 7ရက်မှာ ထွက်ရှိထားတာဖြစ်ပြီး Box officeမှာUS $85.7millionဝင်ငွေရရှိထားတဲ့ ဟောင်ကောင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်.. မင်းသားကြီး Louis Koo,Nick Cheung,Francis Ngတို့အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်းကတော့နိုင်ငံတကာအကြမ်းဖက်အဖွဲ့အစည်းတစ်ခုဟာကလေးငယ်တွေကိုဖမ်းဆီးပြီး စနစ်တကျလေးကျင့်ပေးကာနိုင်ငံတကာရဲဌာနတွေမှာစပိုင်ရဲအရာရှိတွေအဖြစ် တာဝန်ထမ်းဆောင်စေပါတယ်… လက်ထောက်စခန်းမူးယိနဲ့ အရာရှိချိန်တို့ ဟက်ကာယောင်ခယ်ရီကိုဖမ်းမိချိန်မှာတော့ သူမရဲ့အကြမ်းဖက်အဖွဲ့ကို ဟက်ပြီးရထားတဲ့ဒေတာအချက်အလက်တွေအရ ရဲဌာနမှာစပိုင်ရဲအရာရှိတွေအမြောက်အများရှိနေတာကိုသိလိုက်ရတဲ့အခါ….လုံခြုံရေးအရာရှိချင်က ဒီဟက်ကာယောင်ခယ်ရီရဲ့အမှုကိုလက်လွဲယူရချိန်မှာ ဘာတွေဆက်ဖြစ်လာလဲ…ဘယ်သူက စပိုင်ရဲအရာရှိဖြစ်နေမလဲ..အကြမ်းဖက်သမားတွေကိုနှိမ်နင်းနိုင်ပါ့မလား…ဇာတ်ကားတစ်ခုလုံးကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါကိုယ့်နိုင်ငံမှာလာရိုက်ထားတဲ့အခန်းတွေကလည်းရေလည်မိုက်ပါတယ်
...