uk
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
The Innsmouth School for Girls (2023) ⭐IMDB: 3.9/10 (126 Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 16 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဟော်ရာရုပ်ရှင်တွေချည်းရိုက်ခဲ့တယ်လို့ဆိုရမဲ့ တက္ကဆက်တောင်ပိုင်းသားဒါရိုက်တာ Joshua Kennedyရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ရော်ဘတ်တာဆိုတဲ့ မိဘမဲ့ကောင်မလေးတစ်ယောက် ပညာသင်ဆုရပြီး ပဟေဠိတွေပြည့်နေတဲ့ မိန်းကလေးကျောင်းကို ရောက်လာခဲ့ပါတယ်။ သူရောက်လာတဲ့အချိန်မှာပဲ ဆရာမတစ်ယောက်ပျောက်နေပြီး ဘယ်မှာမှရှာမရဖြစ်နေခဲ့။ ကျောင်းမှာရှိတဲ့ မိန်းကလေးတိုင်းကလည်း အသက်ရှင်ကျန်တဲ့ဆွေမျိုး တစ်ယောက်မှမရှိတဲ့ မိဘမဲ့တစ်ကောင်ကြွက်တွေချည်း။ ကျောင်းသူမိန်းကလေးတွေ တစ်ယောက်ပြီးတစ်ယောက် ပျောက်သွားပေမဲ့ ဘာရယ်ကြောင့်မှန်း အဖြေရှာမရခဲ့။ ဒီမှာပဲ ရော်ဘတ်တာတို့ သူငယ်ချင်းနှစ်ယောက်ပေါင်းပြီး အဖြေရှာကြရာကနေ ထင်မှတ်မထားတဲ့ အကြောင်းအရာတွေ တွေ့လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)
...

Nearing Death (2024) ⭐IMDB: 6.7/10 (68 Votes) 🎬 #Horror #Drama #Thriller 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 36 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Menjelang Ajal 2024Imdb 6.7 အသစ်ထွက်ရှိလာတဲ့အင်ဒိုသရဲကားကောင်းကိုတင်ဆက်ပေးထားပါတယ်သရဲကားကောင်းကောင်းရှာနေသူများအတွက်တော့ လက်မလွှတ်သင့်တဲ့ဇာတ်ကားပါပဲလို့ညွှန်းဆိုလိုက်ပါတယ် မိသားစု၄ယောက်ကို စားသောက်ဆိုင်လေးဖွင့် အလုပ်ကြိုးစားပြီးရှာဖွေကျွေးမွေးနေတဲ့ဆဲခါသားအကြီးဆုံးကို ကောလိပ်ပို့ချင်ပေမဲ့ သားဖြစ်သူကကျောင်းဆက်မတက်ဘဲဆိုင်ကယ်ပြင်ဆိုင်ဖွင့်မယ်ဆိုလို့ အိမ်ပေါ်ကနှင်ချထားတော့ အိမ်မှာသူနဲ့အငယ်လေးတွေပဲကျန်ခဲ့တာပေါ့ဒီလိုအားကိုးမရှိချိန် ထူးဆန်းတာတွေစဖြစ်လာခဲ့ပါတယ် ဇာတ်လမ်းကတော့ စားသောက်ဆိုင်ဖွင့်ထားကြတော့ သန့်ရှင်းမှုကအဓိကပဲမလားဒါကိုအပြင်ကလူတွေက ဆိုင်ကိုညစ်ပတ်နေတယ်လို့မြင်လာကြတယ် ပိုဆိုးတာကအခုလေးတင်ပူပူလောလောချထားတဲ့ထမင်းက ဝယ်သူဝယ်သွားပြီးတော့သိုးနေတယ်လို့ပြန်လာကွန်ပလိန်းတက်ကြတာပါပဲ စားသောက်ဖွယ်တွေကစပြီးပြောင်းလဲလာတဲ့သူတို့အိမ်မှာကပ်ရှားနေတာက ဘာများဖြစ်မလဲအစားအသောက်နဲ့တင်ပြီးမလာဘဲ ဘယ်လိုတွေဆက်လက်အန္တရာယ်ပေးသွားမယ်ဆိုတာကတော့ … ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ BpL ~ ToMo ~ Alex တို့ပဲဖြစ်ပါတယ်)
...

Talk Radio (1988) ⭐TMDB: 70% User Score 🎬 #Drama #Thriller 🗓 1988 🎞 video movie 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 49 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 1984 ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ Denver ရေဒီယိုလိုင်းမှ စကားဝိုင်းရှိုးတင်ဆက်သူAlan Berg ရဲ့ တကယ့်အဖြစ်အပျက်အပေါ် အခြေခံပြီးဒါရိုက်တာ Oliver Stoneမှရိုက်ကူးထားတာပါ။ IDMbမှာ Rating 7.2 နဲ့ Rotten Tomatoes မှာ 82% ရရှိထားတဲ့ drama thriller အမျိုးအစားရုပ်ရှင်ဖြစ်ပါတယ်။ အဲ့ခုနှစ်များဆီက ဂျူးလူမျိုးတွေ၊လူမည်းနဲ့ လိင်တူချစ်သူအသိုင်းအဝိုင်းတွေအပေါ် မြင်တဲ့ racist အမြင်တွေ၊ မူးယစ်ဆေးပြဿနာတွေ၊ ယိုယွင်းနေတဲ့လူ့အဖွဲ့အစည်းရဲ့ ရှက်ရွံ့စရာ၊ ဝမ်းနည်းစရာ၊ မသတီစရာ အဖြစ်အပျက်တွေကို အသားပေးဖော်ပြထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ စာအုပ်အနေနဲ့လည်း ဒီဇာတ်ကားရဲ့ အဓိကသရုပ်ဆောင် Eric Bogosianကပြဇာတ်အမျိုးအစား အဖြစ်ရေးသားထွက်ရှိထားပြီးပူလစ်ဇာရပြဇာတ်တစ်ပုဒ်လည်းဖြစ်ပါတယ်။ မြို့ရဲ့အအောင်မြင်ဆုံး ရေဒီယိုစကားဝိုင်းက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပါထုတ်လွှင့်ရဖို့ ကမ်းလှမ်းခံရတဲ့အချိန်မှာ ဖြစ်ပျက်တဲ့အဖြစ်ပျက်တွေကိုအခြေခံပြီး လူ့အဖွဲ့အစည်းအတွင်းတစ်ယောက်နဲ့တစ်ယောက်က အပြန်အလှန်ဆက်စပ်ပုံကို ထင်ဟပ်ပြထားတဲ့ဇာတ်ကားကောင်းဆိုရင်လည်းမမှားပါဘူး။ ရေဒီယိုရှိုးတင်ဆက်သူရဲ့ သာသာနဲ့နာနာနှပ်တတ်တဲ့ စကားတတ်မှု ၊ ဗဟုသုတကြွယ်မှုရဲ့ အကောင်းအဆိုးကို ဇာတ်အိမ်ခိုင်ခိုင်နဲ့ ရိုက်ကူးထားတဲ့ကားတစ်ကားဖြစ်ပြီး Eric Bogosian ရဲ့ ဇာတ်ကောင်ပိုင်နိုင်မှုကိုမျက်ဝါးထင်ထင်မြင်တွေ့ရမှာပါ။ ရသအမျိုးမျိုးပေးစွမ်းနိုင်တဲ့ကားကောင်းလေးမို့တင်ဆက်ပေးလိုက်ရပါတယ်။ ဒ့ါအပြင်ဇာတ်ကားနာမည်မှာလည်းတကယ့်အပြင်မှ ရှိုးရဲ့နာမည်လည်းဖြစ်ပါတယ်။
...

The Lost Cave of the Arctic Sea (2024) ⭐TMDB: 70% User Score 🎬 #Adventure #Fantasy 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 27 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် တရုတ်သင်္ချိုင်းဖောက်တဲ့ရုပ်ရှင်ကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့…… ပင်လယ်ကျွန်းတစ်ကျွန်းပေါ်မှာ နန်ယွဲ့ရှေးဟောင်းသမိုင်းဝင်နေရာဟောင်းကို ရှာတွေ့ခဲ့ပါတယ်။ ဒီနေရာကနန်ယွဲ့အမတ်ချုပ်ကြီး လွီကြားတဲ့ ရတနာတွေဖွက်ထားတဲ့ နေရာဖြစ်တယ်လို့ ပြောနေကြပါတယ်…… တိုက်ဖွန်မုန်တိုင်းကြီး ကျရောက်ခါနီးမှာ ထူးခြားတဲ့ နားကြားစွမ်းရည်ရှိတဲ့ဝူဟိန်ကို နန်ယွဲ့သမိုင်းလေ့လာနေတဲ့ ကုလင်ကအကူအညီတောင်းခဲ့တဲ့အတွက် ကျွန်းပေါ်ကို ရောက်လာခဲ့ပါတယ်။ဒါပေမဲ့ အဲဒီမှာ လွီကျားတို့ခေတ်ထက် ပိုဝေးတဲ့သမိုင်းဝင်ဂူကြီးတစ်ခုကို တွေ့သွားတဲ့အခါစွန့်စားရေးခရီးစဉ်တစ်ခုကို စတင်ခဲ့ပါတော့တယ်…… တရုတ်သင်္ချိုင်းဖောက်ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း ပုံရိပ်ယောင်တွေတစ္ဆေတွေ မိစ္ဆာတွေ သင်္ချိုင်းထဲက ထူးဆန်းတဲ့အကောင်ကြီးတွေမျိုးစုံကို မြင်တွေ့ရမှာဖြစ်တဲ့အတွက်အသည်းငယ်သူတွေတော့ သတိလေးနဲ့ ကြည့်ကြပါလို့
...

Tales from the Hood 2 (2018) ⭐IMDB: 4.4/10 (2 k Votes) 🎬 #Comedy #Crime #Drama #Horror #Mystery #Thriller 🗓 2018 🎞 video movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ 1995 မှာထွက်ခဲ့တဲ့ Tales from the Hood ရဲ့ ဒုတိယမြောက်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ ဆင်းမ် ဆိုတဲ့လူကြီးကို လုံခြုံရေး စက်ရုပ်တစ်ရုပ်ရဲ့ AI ကို သင်ကြားပေးဖို့အတွက် ကုမ္ပဏီတစ်ခုကနေ ဖိတ်ခေါ်ခံရတာနဲ့စပါတယ်။ ဒီတော့ မစ္စတာ ဆင်းမ် ကလည်း လူမျိုးရေး၊ အကြမ်းဖက်မှု၊ လိုအင်ဆန္ဒ နဲ့ပတ်သက်တဲ့ ပုံပြင် လေးပုဒ်ကို စက်ရုပ်သင်ယူနိုင်ဖို့အတွက်ပြောပြပါတော့တယ်။ Horror ဆိုတော့ horror ဆန်တာလေးတွေပါသလို မထင်ထားတဲ့ twist လေးတွေလည်းပါတော့ စိတ်ဝင်စားဖို့ကောင်းနေပြန်ပါတယ်။ ကဲ ဒီလူကြီးပြောတဲ့ပုံပြင်ကို နားထောင်ချင်ကြတယ်ဆိုရင်တော့ ခံစားကြည့်ရှူလိုက်ကြပါဦးဗျာ။
...

Sorry, Charlie (2023) ⭐IMDB: 5.2/10 (679 Votes) 🎬 #Horror #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 15 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရာဇဝတ်မှုတစ်ခုမှ ရှင်သန်လွတ်မြောက်လာသူတစ်ဦးဖြစ်တဲ့ ရှားလော့ဟာ လုပ်အားပေးအနေနဲ့ တယ်လီဖုန်းပေါ်ကနေ အကူအညီလိုသူများကို ကူညီပေးနေရင်း စိတ်ဒဏ်ရာများကို ကျော်လွှားနေပါတယ်။ ရှားလော့အပါအဝင် တခြားအမျိုးသမီးငယ်လေးများကို အဓမ္မမှုကျူးလွန်ပြီး သတ်ပစ်တတ်သော ရာဇဝတ်ကောင်ကို ဖမ်းမိပြီဟု ရဲဌာနမှလည်း ကြေငြာချက်ထုတ်ထားပြီးဖြစ်ပါတယ်။ သို့သော်ရှားလော့ စိတ်ထဲတွင် တရားခံအစစ်ကို မဖမ်းမိသေးပဲ သူ့ရှေ့ကိုရောက်လာမည်ယုံကြည်နေရာမှ တစ်နေ့ သူယုံကြည်ထားသလို တရားခံက သူ့ရှေ့ကိုရောက်လာမလား ရှားလော့တစ်ယောက်စိတ်ဒဏ်ရာကြောင့် ထင်ယောင်ထင်မှားဖြစ်နေတာလား၊တရားခံပေါ်လာရင်ရော ရှားလော့တစ်ယောက် ရင်ဆိုင်နိုင်ပါ့မလား စသည်ဖြင့်သည်းထိပ်ရင်ဖို ကြည့်ရမည့်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။
...

The Weight of Water (2001) ⭐TMDB: 56% User Score 🎬 #Crime #Drama #Mystery #Thriller 🗓 2001 🎞 movie 🌎 #France #UnitedStatesofAmerica ⏰ 1 နာရီ 56 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The weight of water ဇာတ်ကားဟာ ၂၀၀၀ ခုနှစ်မှာထွက်ရှိထားတဲ့ Thriller/Mystery အမျိုးအစားလေးဖြစ်ပါတယ်။ IMDb 5.8 ရရှိထားပြီး သည်းထိတ်ရင်ဖိုနှစ်သက်တဲ့ ပရိသတ်ကြီးတို့အကြိုက်ဖြစ်မှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဓာတ်ပုံဆရာမ တစ်ယောက်ဖြစ်တဲ့ ဂျင်းဟာ သူ့ရဲ့ခင်ပွန်း သောမတ်စ်နဲ့အတူ ပိတ်ရက်မှာ ခရီးအတူတူသွားကြပါတယ်။ သောမတ်စ်ရဲ့ညီနဲ့ သူ့ကောင်မလေးတို့လည်း လိုက်ပါလာကြပြီး ၁၈၇၃ ခုနှစ်မှာဖြစ်ခဲ့တဲ့လူသတ်မှုကို စုံစမ်းကြပါတော့တယ်။ ဒီဇာတ်လမ်းမှာတော့ လူတွေမှာရှိတဲ့ အမှောင်ဘက်အခြမ်းကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ရိုက်ပြထားတာကိုတွေ့ရမှာပါ။ အလိုရမ္မက် ဒေါသတွေဟာ လူတစ်ယောက်ကို ဘယ်လိုပြောင်းလဲနိုင်ကြောင်း၊ တဏှာမီးဟာ ဘယ်လိုပူလောင်နိုင်ကြောင်းကို ပြသပေးသွားတာဖြစ်လို့ Channelmyanmar ပရိသတ်ကြီးတို့ ရှုစားဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်
...

Fury 12 Hours (2024) ⭐TMDB: 90% User Score 🎬 #Action #Mystery 🗓 2024 🎞 tv series 🌎 #China ⏰ 1 နာရီ 23 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တခါတုန်းက Kusk ဆိုတဲ့မြို့လေးမှာ မြို့တွင်းမြို့ပြင်ကိုမောင်းနှင်နေတဲ့ဘတ်စ်ကားကိုစီးနေကျ လေကျွင်းဆိုတဲ့လူတစ်ယောက်ရှိတယ်။သူကတော့ တရုတ်တန်းလိုနေရာမှာစတိုးဆိုင်ဖွင့်ထားတာဖြစ်ပြီးမိသားစု တစုလုံး ပျောက်ဆုံးနေခဲ့တဲ့သူတစ်ယောက်ပါရှာဖွေရင်းနဲ့ မိန်းမနဲ့သမီးဖြစ်သူအလောင်းကိုတွေ့ရှိခဲ့ပေမဲ့ သားဖြစ်သူကိုမတွေ့သေးတာကြောင့် (၁၀) နှစ်ကြာတဲ့အထိမလျှော့သောဇွဲနဲ့သားဖြစ်သူအလောင်းကိုရှာဖွေနေခဲ့သူ တစ်ဦးပေါ့။ Kusk ဆိုတာကတော့ အလွန်ရိုင်းတဲ့မြို့လေးဖြစ်ပြီးအဲ့မှာမိဘတွေကို သတ်ဖြတ်ပြီးကျန်နေခဲ့တဲ့သားသမီးတွေကိုခေါ်ယူပြီးလူသားမဆန်သတ်ဖြတ်တဲ့အရှေ့တောင်အာရှမှာ အကြီးမားဆုံးပြစ်မှုကျူးလွန်တဲ့အဖွဲ့ သူပုန်အဖွဲ့ရှိတယ်။ လွန်ခဲ့တဲ့ (၁၀) နှစ်တည်းကအစိုးရနဲ့ ပစ်ခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုခဲ့ပေမဲ့သူပုန်အဖွဲ့ သတင်းပြန်ကြားရေးဌာနမှာလုပ်ခဲ့တဲ့လင်ဝမ်ဆိုတဲ့မိန်းကလေးကသူတို့ရဲ့လျှို့ဝှက်ထိပ်တန်း သတင်း ကဒ်လေးကိုခိုးယူထွက်ပြေးခဲ့တာကြောင့်သူပုန်အဖွဲ့က သူ့ကိုလိုက်လံဖမ်းဆီးဖို့ကြိုးစားခဲ့တာပေါ့။ မြို့ထဲမှာရှိတဲ့လူတွေအကုန်လုံးကို တစ်ယောက်မကျန်သတ်ဖြတ်ပြီးသူ့ကို လိုက်လံဖမ်းဆီးခဲ့တယ်။ဒီလိုနဲ့လေကျွင်းဆီမှာ လင်ဝမ်ကရောက်သွားခဲ့ပြီးလေကျွင်းကအဆုံးထိ သူ့ကိုကာကွယ်ပေးရာကနေဘယ်လိုတွေဆက်ဖြတ်လာကြမလဲ။ ဒီသူပုန်အဖွဲ့ကကောဘယ်လိုတွေ ဆိုးဆိုးရွားရွား သတ်ဖြတ်ကြလဲဆိုတာကိုဒီဇာတ်လမ်းလေးထဲမှာ ဖော်ကျူးထားတာကြောင့်အက်ရှင်ကားကိုကြိုက်တဲ့ ပရိသတ်များအတွက်CM ကနေဒီဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။
...

Visfot (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Crime #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 11 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Visfot (2024) “တစ်ရက်တာ ကံကြမ္မာ”Genre – Crime, Thriller မင်းသား Fardeen Khan နဲ့ Riteish Deshmukh တို့ပါဝင်ထားတဲ့ အသစ်စက်စက် ဟင်ဒီစကားပြော လျှို့ဝှက် သည်းထိတ်ရင်ဖိုမှုခင်းကားကောင်းလေးကို တင်ဆက်ပေးသွားမှာပါ။ ရှိုအစ်ဆိုတာ မကောင်းတဲ့လောကထဲကနေ ရုန်းထွက်လာပြီး ကားမောင်းစားကာအမေအိုကြီးကို လုပ်ကျွေးနေသူတစ်ယောက်ပါ။ ဘာသာမတူပေမဲ့ငယ်စဉ်ကတည်းက ချစ်ရတဲ့ လပ်ကီးဆိုတဲ့ ချစ်သူလေးလည်း ရှိပြီးလက်ထပ်ဖို့ ကြိုးစားနေသူပေါ့။ တစ်ညမှာတော့ သူ့ဆီကို မြေအောက်လောကထဲက ဘော်ဒါတစ်ယောက်ကကားထဲကို ဂျတ်ကတ်တစ်ထည် ထားသွားခဲ့ပါတယ်။အိမ်မှာ အမှုမဲ့ အမှတ်မဲ့ သိမ်းထားပြီးနောက် မိခင်ဖြစ်သူကြောင့်ဝါယာရှော့ခ်ရပြီး အိမ်မီးလောင်သွားတဲ့အခါ ဂျက်ကတ်က ပျောက်သွားပါတယ်။ အဲဒီမှာတင် လူဆိုးဘော်ဒါကို ရှိုအစ်တစ်ယောက် ဘယ်လိုဖြေရှင်းမလဲ အကျပ်ရိုက်ပြီးကောင်မလေးဆီ အကူအညီ သွားတိုင်ပင်ရာကနေ ကောင်မလေးဖက်ကလည်းပြဿနာတစ်ခု ပါလာတဲ့အခါ ပြဿနာနှစ်ခုနဲ့ စုံတွဲတစ်တွဲ တစ်ရက်တည်းမှာတင်ဘယ်လိုတွေ တိုင်ပတ်ကြမလဲဆိုတာ ရင်တထိတ်ထိတ် ကြည့်ရမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)
...

The Legend of Shushan (2024) ⭐TMDB: 0% User Score 🎬 #Comedy #Fantasy 🗓 2024 🎞 tv series 🌎 #China ⏰ 1 နာရီ 25 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လျောက်ပုဖန်ဆိုတဲ့ကောင်လေးဟာ သူ့အသံကြားတာနဲ့ လူတိုင်းကကံဆိုးကြတဲ့အတွက် ဝေးဝေးကရှောင်ရတဲ့လူတစ်ယောက်ဖြစ်ပါတယ်။သူ့ဘေးမှာ ဘယ်သူမှမရှိတဲ့အတွက် အထီးကျန်နေတဲ့လျောက်ပုဖန်ဟာ ရှူရှန်းတောင်မှာအစွမ်းပညာကျင့်ကြံဖို့ ဆရာရှာဖို့ ထွက်လာခဲ့ပါတယ်။ ရှူရှန်းတောင်ပေါ်မှာ တပည့်ယောကျာ်းလေးတွေပဲရှိတဲ့ရှင်းရှို့ဂိုဏ်းနဲ့တပည့်မိန်းကလေးတွေပဲ ရှိတဲ့ ရွှမ်ယင်းဂိုဏ်း ၂ ဂိုဏ်းရှိပါတယ်။ဂိုဏ်းချုပ် ၂ ယောက်ဟာ အတိတ်က ရန်ငြိုးတွေကြောင့်တပည့်တွေလည်း မတည့်ဖြစ်နေပါတယ်။ ရှင်းရှို့ဂိုဏ်းချုပ်ရဲ့တွက်ချက်မှုအရ လျောက်ပုဖန်ဟာ မိစ္ဆာလောင်းရဲ့ ခန္ဓာဖြစ်ပြီးသွေးလထွက်တဲ့ ညမှာ မိစ္ဆာကြီး ဖြစ်သွားနိုင်တယ်တဲ့။ မိစ္ဆာမဖြစ်အောင် ဖြေရှင်းဖို့ နည်းလမ်းကတော့ ချစ်ရသူကိုရှာတွေ့ဖို့ဖြစ်ပြီး ချစ်ရသူရဲ့ ကိုယ်ပေါ်မှာ မှဲ့ကြီးတစ်လုံးပါကြောင်း သိခဲ့ရပါတယ်။ ချစ်ရသူကို ရှာဖို့အတွက်ရှင်းရှို့ဂိုဏ်းက ဆရာတပည့်တွေ ဘယ်လို ဟာသမျိုးတွေ လုပ်ခဲ့သလဲ……လျောက်ပုဖန်ကို ကယ်တင်ပေးနိုင်မဲ့ ချစ်ရသူကရော ဘယ်သူ ဖြစ်နေမလဲ……ဆိုတာကို သိရအောင် ရုပ်ရှင်ကိုပဲဆက်ကြည့်လိုက်ရအောင်နော်။
...

Kaos (2024) ⭐IMDB: 7.5/10 (7 k Votes) 🎬 #Comedy #SciFi #Fantasy #Drama 🗓 2024 🎞 tv series 🌎 #UnitedKingdom ⏰ 56 မိနစ် 22 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb – 7.5, RT 72% အသီးသီးရရှိထားတဲ့ Netflix Dark Comedy, Fantasy Series တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Greek Mythology ကို ခေတ်ပေါ်ပုံစံနဲ့ ပြန်လည်စိတ်ကူးပုံဖော် ရိုက်ကူးပြထားတာ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပြီး ကြည့်လို့ကောင်းပါတယ်။ သိကြတဲ့အတိုင်း Mount Olympus က နတ်ဘုရားတွေထဲမှာ Zeus ဟာ King of the Gods (နတ်ဘုရားတွေရဲ့ ဘုရင်တစ်ပါး) ပေါ့။ ကျန်တဲ့ နတ်ဘုရားတွေက သု့လက်အောက်က ကျရာတာဝန်တွေကို အသီးသီးထမ်းဆောင်ရင်း လူသားတွေကို အုပ်ချုပ်ကြတယ်။ ဒီနတ်ဘုရားတွေ အထူးသဖြင့် Zeus ကို ဖီဆန်သူကတော့ Prometheus ပေါ့။ ဒီစီးရီးမှာ Zeus ကို ဖြုတ်ချမဲ့ Prometheus ရဲ့လုပ်ကြံမှုကြီးကို Prometheus ကိုယ်တိုင်က ဇာတ်ကြောင်းပြောကြတဲ့ ပုံစံနဲ့ အဆင့်ဆင့်ရိုက်ကူးပြထားပါတယ်။ File size…(800 Mb)/(400 Mb)Quality….Webrip 1080p / 720pFormat… mp4Duration…. 02:01:00Genre… Dark Comedy, Comedy, Drama, FantasySubtitle….Myanmar Subtitle (Hardsub)Encoder….GarfieldTranslated by Act Molemy Season 1 Episode 1 720p  –Telegram/Yoteshin/gdtot/Megaup/Streamwish Episode 2 720p  –Telegram/Yoteshin/gdtot/Megaup/Streamwish Episode 3 720p  –Telegram/Yoteshin/gdtot/Megaup/Streamwish Episode 4 720p  –Telegram/Yoteshin/gdtot/Megaup/Streamwish စီစန်၁မှာ အပိုင်း ၈ ပိုင်းထွက်ရှိထားပြီး ကျန်အပိုင်းများကိုလည်း အမြန်ဆုံးဆက်လက်တင်ဆက်ပေးသွားပါ့မယ်
...

Sarangadhariya (2024) ⭐IMDB: 8.6/10 (3 k Votes) 🎬 #Action #Bollywood 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 19 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sarangadhariya(2024)”တုနှိုင်းမမှီ”============================ IMDb ratings 8.6 ရထားတဲ့ တေလဂူးစကားပြောမိသားစုရာမာရုပ်ရှင်ကောင်းလေးတစ်ခုကိုချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ခရစ်ရှ်နာဟာ သားနှစ်ယောက်၊ သမိးတစ်ယောက်ရှိတဲ့ ဖခင်တစ်ယောက်ဖြစ်ပါတယ်။သမီးဖြစ်သူဟာ လိမ္မာတဲ့ထဲပါပေမဲ့ သူ့ရဲ့ သားနှစ်ယောက်ကတော့ အလုပ်မရှိအကိုင်မရှိအလေလိုက်နေကြသူတွေဖြစ်ပြီး ရံဖန်ရံခါဆိုသလို ပြဿနာလည်းရှာတတ်ပါသေးတယ်။ ဒါပေမဲ့ အဲဒါကလွဲရင် သူတို့မိသားစုဟာ နွေးထွေးတဲ့မိသားစုတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခု ပေါ်ပေါက်လာတဲ့အခါမှာတော့မိသားစုဝင်အချင်းချင်း သံသယတွေပွားကြပြီး ပြဿနာတွေဖြစ်လာပုံကိုဒီရုပ်ရှင်ထဲမှာ ပုံဖော်ပြထားတာပဲဖြစ်ပါတယ်။ မိသားစုတွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ အကြောင်းအရာတွေကို ပုံစံခွက်ထဲကနေစိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားတဲ့ရုပ်ရှင်လေးဖြစ်တဲ့အတွက် ချန်နယ်မြန်မာဘောလိဝုဒ်အဖွဲ့သားတွေကနေ ပရိသတ်တွေအတွက် ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်
...

Shivam Bhaje (2024) ⭐IMDB: 8.5/10 (3 k Votes) 🎬 #Bollywood #Crime #Drama #Action #Mystery #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 2 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Shivam Bhaje(2024) ကံကြမ္မာအလှည့်အပြောင်း IMDb-8.8/10 အိန္ဒိယရဲ့ ရန်သူတော်ကြီးတွေဖြစ်တဲ့ တရုတ်နဲ့ပါကစ္စတန်တို့က အိန္ဒိယနိုင်ငံအလုံးစုံပျက်သုဉ်းရေး ၊ကမ္ဘာ့မြေပေါ်ကပါ ပျောက်သွားရေးထိလုပ်ကြဖို့စစ်ဆင်ရေးကြီးတစ်ခုကို လျှို့ဝှက်ကြံစည်နေကြတတဲ့အချိန်…….။ ချန်ဒူဆိုတာကတော့ ချေးငွေကုမ္ပဏီတစ်ခုက ဝန်ထမ်းတစ်ယောက် ‌။ယူတော့ပြုံးပြုံးတောင်းတော့မုန်းဆိုတဲ့ ကာစတန်မာအမျိုးမျိုးကြား အနု ၊အကြမ်းမျိုးစုံနဲ့ ဖြေရှင်းရတဲ့အခါတွေလည်းရှိနေတတ်တယ် ။ သူ့အားနည်းချက်တွေက ခွေးအရမ်းကြောက်တာ နဲ့ အရှင်သီဝကိုရိုသေကိုင်းရှိုင်းလွန်းတဲ့ အဖေ ဘုရားကျောင်းထဲမှာပဲ သူခိုးဖမ်းရင်းသေခဲ့ရလို့ ဘုရားကိုမယုံတာပဲ ။တစ်နေ့မှာတော့ ချေးငွေလိုက်တောင်းရင်းကောင်မလေးတစ်ယောက်ကိုတွေ့ပြီးသူဆုံးဖြတ်လိုက်တာက သူ့အတွက်သာဆို ဘာမဆိုလုပ်ပေးမယ်တဲ့….။ ဒီလို ရိုးရိုးရှင်းရှင်းဘဝလေးမှာ ရှင်သန်နေတဲ့သူတစ်ယောက်နဲ့ နိုင်ငံနဲ့ချီတဲ့ကိစ္စကြီးဘယ်လိုပတ်သက်ဆက်နွှယ်လာမလဲ သူကရော တကယ်သာမန်လူတစ်ယောက်ပဲလားအခက်အခဲတွေကြားက သူ့ရဲ့ ဘယ်လိုလုပ်နိုင်စွမ်းတွေပေါ်လာမလဲဆိုတာကတော့….. အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲ ဖြစ်ပါတယ်
...

Tales from the Hood (1995) ⭐TMDB: 63% User Score 🎬 #Crime #Drama #Horror #Thriller 🗓 1995 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ 1995 ခုနှစ်ကထွက်ထားတဲ့ Horror , anthology ရုပ်ရှင်လေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အသုဘအိမ်တစ်ခုမှာ အဖိုးကြီးတစ်ယောက်ကလူသေတွေရဲ့ ဇာတ်လမ်းတိုလေးတွေကို ပုံပြင်ပုံစံပြောပြတာကို ရိုက်ပြ‌ထားတာပါ။ ဒီကားထဲမှာ သွေးသံတရဲရဲ ရိုင်းစိုင်းတဲ့စကားလုံးတွေပါဝင်တာကိုတော့မကြည့်ခင်သတိထားစေချင်ပါတယ်။
...

Clean Sweep (2023) ⭐IMDB: 6.5/10 (1 k Votes) 🎬 #Drama #Crime #Thriller 🗓 2023 🎞 tv series 🌎 #Canada #Ireland ⏰ 51 မိနစ် 24 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မှုခင်းဒရာမာကောင်းကောင်းလေးတွေကိုကြိုက်နှစ်သူတွေအတွက် 2023 တုန်းကထွက်ရှိထားတဲ့ Series ကောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်အိမ်ကိုဖြည်းဖြည်းချင်းတည်ဆောက်သွားပြီး အဆုံးသတ်ကျမှ ထကြမ်းပြတဲ့အကွက်မျိုးတွေနဲ့ရိုက်ကူးထားတဲ့အတွက် Episode 6 ပိုင်းလုံးကိုဖြည်းဖြည်းချင်းဇိမ်ပြေနပြေအေးဆေး ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီ Series ကောင်းလေးရဲ့နာမည်ကတော့ Clean Sweep ဖြစ်ပြီး IMDb Rating 6.5 အထိရရှိထားပါတယ်။ ရှယ်လီဆိုတဲ့အမျိုးသမီးတစ်ယောက်က ကလေး ၃ ယောက်နဲ့ ခင်ပွန်းနဲ့အတူတူပျော်ရွှင်စရာကောင်းတဲ့မိသားစုဘ၀လေးကို ပိုင်ဆိုင်ထားပါတယ်။ဒါပေမယ့် လူ့ဘ၀ကြီးကမပြည့်စုံဘူးဆိုတဲ့ အတိုင်း ငွေကြေးဆိုင်ရာစိတ်ညစ်စရာလေးတွေကတော့ရှိ နေပါတယ်။အဲ့ဒါကြောင့် သူ့ယောက်ျားဖြစ်သူကစုံထောက်ရာထူး တိုးဖို့ဒုန်းစိုင်းနေပြီး သူကလည်းအချိန်ပိုင်း အလုပ်လုပ်ကိုင်ချင် နေပါတော့တယ်။ ဒါပေမယ့် တစ်နေ့မှာတော့ရှယ်လီ့ဘ၀ထဲကို ကြမ္မာဆိုးကြီးတစ်ခုက ရောက်ရှိလာပါတော့တယ်။အဲ့ဒီကြမ္မာဆိုးကတော့ သူနဲ့အရင် တုန်းက သိကျွမ်းခဲ့တဲ့လူတစ်ယောက်က သူ့ကိုမရမကလိုက်ရှာပြီး လိုက်ပတ်သတ်နေတာပါပဲ။ဒီလိုနဲ့ သူတို့ကြားကကိစ္စတွေကို ဖြေရှင်းဖို့အတွက် မိုတယ်တစ်ခုမှာ ချိန်းလိုက်ကြပြီး အခြေ အနေတွေ ထိန်းမနိုင်သိမ်းမရဖြစ်လာကာ ရှယ်လီကအဲ့ဒီလူကို သတ်မိလိုက်ပါတော့တယ်။ လက်ရာခြေရာတွေ တတ်နိုင်သလောက်ဖျောက်ပြီးထွက်ပြေး လာခဲ့ပေမဲ့ အဲ့ဒီအမှုကိုကိုင်ရတာသူ့ယောက်ျားဖြစ်နေတဲ့ အခါမှာတော့ သူလူသတ်ထားတဲ့အမှုပေါ်သွားမလား လက်ရှိ မိသားစုဘ၀မပိုင်ဆိုင်ခင် သူ့အတိတ်ကဘ၀ကရောဘယ်လိုတွေ ဖြစ်ခဲ့လို့ ဒီလိုအရာတွေဖြစ်လာရတာလဲဆိုတာကို စိတ်ဝင်စားစရာ ကောင်းစွာကြည့်ရှုရမဲ့ Series ကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။
...

Cheena Trophy (2023) ⭐IMDB: 7.1/10 (727 Votes) 🎬 #Bollywood #Comedy #Drama #Family 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Cheena Trophy (2023)”ချစ်လက်ဆောင်” ဖခင်လက်ထက်က စတင်လုပ်ကိုင်ခဲ့တဲ့ မုန့်တိုက်လေးကိုဆက်လက်အမွေခံရင်း ရုန်းကန်နေရတဲ့ ရာဂျက်ရှ်ဆိုတဲ့အမျိုးသားတစ်ယောက်ရှိပါတယ်။ စားသုံးသူတချို့ သူ့မုန့်စားမိလို့ ဝမ်းပျက်ဝမ်းလျှောဖြစ်လို့ဖြေရှင်းရတာတင်မက လုပ်ငန်းလိုင်စင်ယာယီပိတ်သိမ်းခံရပြီးမုန့်ကို စစ်ဆေးကြည့်လို့ မုန့်မှာ ဘာပြဿနာမှမရှိတဲ့တိုင်အောင်နစ်နာသူက စွဲချက်တင်လို့ လုပ်ငန်းလိုင်စင်ပြန်ရအောင်ကြိုးစားလို့မှမဆုံးသေးခင် ဘဏ်ကနေလည်းချေးငွေပြန်မဆပ်နိုင်ရင် ပိုင်ဆိုင်သမျှ သိမ်းတော့မယ့်အဖြစ်ကို ကြုံနေရပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ ချန်ချောင်ဆိုတဲ့ တရုတ်မလေးတစ်ယောက် ရောက်လာပြီးရွာလေးကို တမျိုးတဖုံပြောင်းလဲစေခဲ့ပါတော့တယ်။ဒုက္ခပင်လယ်ဝေနေတဲ့ ရာဂျက်ရှ် တစ်ယောက်အတွက်ရောဘယ်လိုပြောင်းလဲလာမလဲ ဒီတရုတ်မလေးရဲ့ နောက်ခံဇာတ်ကြောင်းကရောဘယ်လိုလာဦးမလဲဆိုတာ စိတ်ဝင်တစားစောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်ခင်ဗျ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျာ။)
...

The Deliverance (2024) ⭐IMDB: 5.1/10 (7 k Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူဖြူအမျိုးသမီးနဲ့ လူမည်းအမျိုးသားက မွေးဖွားလာတဲ့ ‌ သွေးနှော လူမည်းအမျိုးသမီး အက်ဘနီကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားပါတယ်။ အက်ဘနီကိုယ်တိုင်က မူးယစ်‌ဆေးစွဲလို့ ပြုပြင်ထိန်းသိမ်းရေးအရာရှိ စောင့်ကြည့်တာကို ခံနေရတဲ့ကာလမှာ အမျိုးသားဖြစ်သူကလည်း ကလေးတွေနဲ့သူ့ကိုထားခဲ့ပြီး အီရတ်ကို ထွက်သွားကာ အဆက်အသွယ် ပြတ်သွားပါတယ်။ အဲဒီလိုနဲ့ ကလေးတွေကို ကိုယ်တိုင်ပျိုးထောင်မယ်၊ ဘဝသစ်စမယ်ဆိုပြီး ပြောင်းရွှေ့လာတဲ့ အိမ်သစ်ကို ရောက်ပြီးကာမှ ကလေးတွေမှာ တစ်ခုပြီး တစ်ခု ထူးဆန်းတဲ့အဖြစ်အပျက်တွေ ဖြစ်လာပါတယ်… ကိုယ်တိုင်က ဆေးစွဲခဲ့ပြီး အရင်တုန်းက သောင်းကျန်းခဲ့တဲ့ ပြစ်မှုဟောင်းတွေ ရှိတာကြောင့် ကလေးတွေမှာဖြစ်ပျက်နေတဲ့အရာတွေက သူလုပ်တာ မဟုတ်ဘဲ ထူးဆန်းတဲ့အရာတစ်ခုခုကြောင့်ဆိုတာကို ဘယ်သူကမှ မယုံကြည်ခဲ့ကြပါဘူး… အဲဒီလိုနဲ့ ကိုယ့်ရင်သွေးတွေကို မွေးစားဖို့ပေးလိုက်ရတော့မလို အခြေအနေဖြစ်နေရာကနေ ဒီအိမ်မှာစွဲကပ်နေတဲ့နတ်ဆိုးဆိုတာကို ဘယ်လိုရင်ဆိုင်မလဲ..သားသမီးတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ပြန်နေရပါ့ မလားဆိုတာကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်နိုင်တဲ့ ‌ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်… ဒီရုပ်ရှင်ကားက အပြင်ကလက်တွေ့ဖြစ်ရပ်မှန်ပေါ် အခြေတည်ပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့၊ ကိုယ်ဟာ အချစ်ခံရတဲ့သူတစ်ယောက်ဆိုတာကို ယုံကြည်နိုင်ဖို့… အစရှိတဲ့ လူမှုရေးပြဿနာတွေ၊ အရှုပ်အထွေးတွေနဲ့ပတ်သက်ပြီး ဖြေရှင်းသင့်တဲ့နည်းလမ်းမျိုးကို ဘာသာရေးဆန်ဆန် Message တွေ ပေးထားတဲ့ ဇာတ်ကားတစ်ကားပုံစံ ပိုပေါက်တဲ့အတွက် Jump scenes တွေ ပါဝင်ပြီး ခြောက်လှန့်တာကိုပဲ ဦးစားပေးထားတဲ့ သဲထိတ်ရင်ဖိုသရဲ ဇာတ်လမ်းမျိုးတွေကြည့်ချင်တဲ့ပရိသတ်အတွက်တော့ အနည်းငယ် မျှော်လင့်ချက်နဲ့မကိုက်တာမျိုးဖြစ်နိုင်ကြောင်း အသိပေးလိုက်ရပါတယ်
...

Shake Hands with the Devil (2007) ⭐TMDB: 72% User Score 🎬 #Action #Drama #History #War 🗓 2007 🎞 movie 🌎 #Canada #Rwanda ⏰ 1 နာရီ 53 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကနေဒီယန်ဗိုလ်ချုပ်ဖြစ်တဲ့ ရိုမီယိုဒလဲရ်ဟာ အာဖရိကန်နိုင်ငံ ရဝမ်ဒါပြည်နယ်မှာ အပစ်အခတ်ရပ်စဲထားတဲ့ ပြည်တွင်းစစ်ကို ကုလသမ္မဂအဖွဲ့ရဲ့စေလွှတ်မှုအရ ဘက်မလိုက်ငြိမ်းချမ်းရေးထိန်းသိမ်းမှုစစ်ဆင်ရေးအတွက် ရောက်ရှိသွားခဲ့ပါတယ်…… ရဝမ်ဒါမှာ ဖြစ်ပွားလာတော့မဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကို တားဆီးရင်း အပြစ်မဲ့တဲ့ပြည်သူတွေကို ကိုယ်စွမ်းရှိသမျှ ဖြောင့်မတ်မှန်ကန်စွာ အဆုံးထိ ကာကွယ်ခုခံပေးတဲ့ ဖြစ်ရပ်မှန်အကြောင်းအရာကို စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်ထားတာဖြစ်တဲ့အတွက် သေချာပေါက် ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။
...

The Umbrella Fairy (2024) ⭐IMDB: 5.1/10 (18 Votes) 🎬 #Animation #Fantasy 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 35 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အရာဝတ္ထုတွေက ဘာအတွက် တည်ရှိနေတာလဲ…ဒီမေးခွန်းလေးကို ဒီကားလေးက ဖြေပေးသွားပါလိမ့်မယ်…ရှော့ပင်ထွက်တဲ့အခါ ငါကမဝယ်ချင်သူ ပစ္စည်းကလှမ်းခေါ်နေလို့ ဝယ်ပါလို့ပြောနေလို့ဆိုတာ မှန်လောက်တယ်…ဘာလို့လဲဆိုတော့ ပစ္စည်းတွေက ပိုင်ရှင်နားနေတာကြာတဲ့အခါစိတ်ဝိညာဉ်လေးတွေဖြစ်လာပြီး အသက်ရှိသွားကြတယ်… သူတို့ သခင်နဲ့အတူရှိချိန်မှာ သခင်နဲ့အတူ နေ့ရက်တိုင်းကိုတာဝန်ကျေဖြတ်သန်းပေးပြီး သေသွားတဲ့အခါသူတို့ပိုင်ရှင်စိတ်ဆန္ဒကို ဖြည့်ဆည်းပေးရင်းကျန်ရစ်သူတွေအတွက် အမှတ်တရအဖြစ် ဆက်နေပေးသွားကြတယ်တဲ့… ဇာတ်လမ်းလေးကတော့ …ရှေးဟောင်း အမှတ်တရပစ္စည်းခန်းမမှာ စုဝေးနေတဲ့ ခေတ်အဆက်ဆက်ကပစ္စည်းတွေနဲ့အတူ အဲ့ပစ္စည်းတွေမှာ ရှိနေတဲ့စိတ်ဝိညာဉ်လေးတွေရဲ့ အကြောင်းကို နောက်ခံပြု ဇာတ်လမ်းဆင်ထားတာပေါ့… ဒီခန်းမထဲကို နောက်ဆုံးရောက်လာတဲ့ စိတ်ဝိညာဉ်နှစ်ယောက်ကတော့ကျောက်စိမ်းနက်တစ်တုံးတည်းကနေ ခွဲပြီး လုပ်ခဲ့တဲ့နောက်ဆုံးမင်းဆက်ဘုရင့်သမီးတော်ရဲ့ ထီးတော်မိုးနဲ့နောက်ဆုံးမင်းဆက်ရဲ့ တိုက်ပွဲကျစစ်သူကြီးရဲ့ ကျောက်စိမ်းနက်ဓားပဲပေါ့… ထီးတော်မိုးရဲ့ စိတ်ဝိညာဉ်လေးက ပျော့ပျောင်းသလောက်ကျောက်စိမ်းနက်ဓားကတော့ သွေးစာနေတဲ့ ဓားတစ်ချောင်းပီပီ ခက်ထန်တယ်…ချင်တိုက်ဆိုတဲ့ ထီးတော်မိုး စိတ်ဝိညာဉ်က ခန်းမထဲကတခြားစိတ်ဝိညာဉ်တွေနဲ့ တည့်အောင်ပေါင်းဖို့ကြိုးစားပေမယ့်… ဝမ့်ကွေးဆိုတဲ့ ကျောက်စိမ်းနက်ဓား စိတ်ဝိညာဉ်ကတော့သူဟာ ဒီမှာပိတ်လှောင်ခံရမှာမဟုတ်ဘူးဆိုတဲ့အတွေးနဲ့ ခန်းမက ထွက်ပြေးခဲ့တယ်…ချင်တိုက်လည်းဝမ့်ကွေးကို ပြန်ရှာဖို့ကြိုးစားတာပေါ့… ချင်တိုက်ရဲ့ ဝမ့်ကွေးရှာပုံတော်ခရီးမှာ အဓိကကူညီသူကတော့ ခန်းမကအလုပ်သမားလေး ယွမ်မော့ပါပဲ…ယွမ်မော့က လူသားဆိုပေမယ့် ငယ်စဉ်တည်းကစိတ်ဝိညာဉ်တွေကို မြင်တွေ့နေခဲ့တာကြောင့်…မိတ်ဆွေမရှိတဲ့အပြင် ခန်းမထဲမှာ ပိတ်မိနေခဲ့တဲ့ လူသားကောင်လေးပေါ့.. ကဲ ချင်တိုက်လေးတစ်ယောက် ဝမ့်ကွေးကို ရှာနိုင်မှာလား…ဒီကြားထဲ ဘာကိစ္စတွေဖြစ်ဦးမှာလဲ…ယွမ်မော့လေးကရော စိတ်ဝိညာဉ်တွေဘာလို့မြင်နိုင်တယ်ဆိုတာ သိနိုင်မှာလား…ဝမ့်ကွေးကရော ဘာလို့ ထွက်ပြေးသွားခဲ့ရတာလဲ…ဇာတ်လမ်းလေးထဲ အဖြေအတူရှာကြည့်ကြရအောင်
...

Bel-Air (2022) ⭐IMDB: 6.4/10 (14 k Votes) 🎬 #Drama 🗓 2022 🎞 Series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 47 မိနစ် 26 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bel Air ဟာ Season 3 ခု ထွက်ထားပြီး အခု Season 1 မှာတော့ West Philly က ဘတ်စကတ်ဘောကစားတဲ့နေရာမှာ ဆရာတစ်ဆူဖြစ်တဲ့ ကောင်လေး Will Smith ဟာ သူ့မြို့မှာ ပြဿနာရှာမိပြီး ရှောင်တိမ်းဖို့လိုအပ်လာရာမှ အဒေါ်ဖြစ်သူတို့မိသားစုရှိတဲ့ Bel Air ကို အမေက ပို့လိုက်ပါတော့တယ်။ Will ဟာ Bel Air ကိုရောက်ပြီး မြို့အသစ် ကျောင်းအသစ်မှာ အံဝင်ခွင်ကျမဖြစ်သေးတဲ့အပြင် ဝမ်းကွဲညီအကိုဖြစ်တဲ့ Carton နဲ့ ပါ အဆင်မပြေတော့ Bel Air မှာနေရတာ ငရဲလို ခံစားနေရတယ်။ ဒါ့အပြင် သူချစ်မြတ်နိုးတဲ့ ဘတ်စကတ်ဘောကို ပြဿနာဖြစ်ပြီးကတည်းက ကစားတာရပ်ထားတော့ ပြန်ကစားတဲ့အခါမှာ အဆင်မပြေဖြစ်နေတယ်။ သူဘတ်စကတ်ဘောကို သေချာပြန်ပြီးဆော့နိုင်ဖို့ ကျောင်းက ဘတ်စကတ်ဘောအသင်းထဲကို ဝင်ပါဖို့ကြိုးစားရင်း ပြဿနာတစ်ခုပြီးတစ်ခုဖြစ်ရာမှ သူဘတ်စကတ်ဘောကို သေချာပြန်ကစားနိုင်ပါ့မလား။ နေရာအသစ်မှာရော အံဝင်ခွင်ကျ ဖြစ်လာနိုင်ပါ့မလား။ ဝမ်းကွဲညီအကိုဖြစ်တဲ့ Carton နဲ့ရော ဆက်ဆံရေးက အဆင်ပြေလာပါ့မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါဦး….. File size…(1 GB)/(550 Mb)Quality….Webrip 1080p / 720pFormat… mp4Duration…. 00:51:00Genre… Coming of Age, DramaSubtitle….Myanmar Subtitle (Hardsub)Encoder….GarfieldTranslated by Morana Season 1 Episode 1 720p  –Telegram/Yoteshin/gdtot/Megaup/Streamwish Episode 2 720p  –Telegram/Yoteshin/gdtot/Megaup/Streamwish ကျန်အပိုင်းများကိုလည်း အမြန်ဆုံးဆက်လက်တင်ဆက်ပေးသွားပါ့မယ်
...