ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Abandon (2002) ⭐TMDB: 48% User Score 🎬 #Drama #Mystery #Romance #Thriller 🗓 2002 🎞 movie 🌎 #Australia #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Abandon (2002) IMDb Rating (4.8) နာမည်ကြီးသရုပ်ဆောင်တွေပါဝင်ထားပြီး ဇာတ်ညွှန်းရေးသားသူနဲ့ဒါရိုက်တာကစတီဖန်ဂက်ဟန်(Stephen Gaghan)ဖြစ်ပါတယ်။ ရဲအရာရှိ ဝိတ်ဟန်ဒလာ(ဘင်ဂျမင်ဘရတ်)ကို လွန်ခဲ့တဲ့နှစ်နှစ်က ပျောက်သွားတဲ့ကောလိပ်ကျောင်းသား အမ်ဘရီလားကင်(ချာလီ ဟန်နမ်)ရဲ့အမှုကိုစုံစမ်းဖို့တာဝန်ပေးလိုက်ပါတယ်။ ဝိတ်ဒ်ကအမ်ဘရီရဲ့ရည်းစားကောလိပ်ကျောင်းသူကေတီဘာ့ခ်(ကေတီဟုမ်း) နဲ့သူငယ်ချင်းတွေကို မေးမြန်းစုံစမ်းရင်းတစ်ဖြည်းဖြည်းကေတီနဲ့ တော်တော်ရင်းနှီးလာပါတယ်။ ကေတီက အိပ်ပျော်ဖို့ခက်ခဲတာရယ် စိတ်ဖိစီးမှုရှိတာရယ်ကြောင့် ဒေါက်တာဒေ့ဗ်ဆီမှာသွားပြနေရပါတယ်။ကေတီက အမ်ဘရီ့ကိုအမြဲအိပ်မက်မက်နေတတ်ပါတယ်။ ကေတီ့အပြောအရ အမ်ဘရီပြန်လာပြီဆိုတာကိုဝိတ်ဒ်နဲ့ကေတီ့သူငယ်ချင်းဆမန်သာသိလိုက်ရပါတယ်။ အမ်ဘရီပြန်ရောက်လာတဲ့အခါရဲအရာရှိဝိတ်ဒ်ကိုရော သူငယ်ချင်းဟာရစ်ဆင်ကိုပါ မနာလိုဖြစ်နေပါတယ်။ ကြားထဲမှာဟာရစ်ဆင်ပျောက်သွားလို့ အမ်ဘရီကတစ်ခုခုလုပ်လိုက်တယ်ထင်ပြီး ကေတီက အမ်ဘရီ့ကျေးလက်အိမ်ထိလိုက်မေးပါတယ်။ အမှုအတွက်ရလာတဲ့ သက်သေခံပစ္စည်းတစ်ချို့ကို ကျွမ်းကျင်သူဆီမှာစစ်ခိုင်းတာမှာ ထူးဆန်းတဲ့အချက်တွေပေါ်လာပြန်ပါတယ်။ နှစ်နှစ်ကြာပြီးမှအမ်ဘရီဘာလို့ ပြန်ပေါ်လာသလဲ ဟာရစ်ဆင်ဘာဖြစ်သွားလဲဝိတ်ဒ်နဲ့ အမ်ဘရီတွေ့မလား? ကေတီနဲ့ပြန်ပေါင်းထုပ်မှာလား။ ရုပ်ရှင်က လှည့်စားချက်ကလေးတွေနဲ့ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ပြထားတဲ့အတွက် အဆုံးကျမှဇတ်ရည်လည်ပြီး ခေါင်းထဲစွဲကျန်စေမယ့်ဇာတ်ကားမျိုးဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက ကောလိပ်ကျောင်းတက္ကသိုလ်တွေရဲ့ အလေ့အထတစ်ချို့နဲ့ကျောင်းသူကျောင်းသားတွေရဲ့ကျောင်းသားဘဝ ပညာရေးနဲ့အလုပ်အကိုင်အခွင့်အလမ်းတွေကိုလည်းမြင်ရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။)...
Confrontation (2023) ⭐TMDB: 65% User Score 🎬 #Uncategorized #Drama 🗓 2023 🎞 movie 🌎 #Turkey ⏰ 1 နာရီ 20 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီ ရုပ်ရှင်ကတော့ တူရကီ ရုပ်ရှင်တစ်ကားဖြစ်ပြီး နာမကျန်းခြင်း နဲ့ သေခြင်းတရားကို လူသားတွေ ဘယ်လိုရင်ဆိုင်ကြလဲ မေးခွန်းထုတ်သွားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်း အကျဥ်းကတော့ ဟာတစ်စ် တို့ မိသားစုရဲ့ အမေ ဖြစ်သူဟာ ကာလရှည်ကြာ နာမကျန်းဖြစ်နေရာကနေ ဆုံးပါးသွားပါတယ်။ ဒါပေမဲ့ သူ့ အမေကို ပြုစုပေးခဲ့တဲ့ သူနာပြုက ဟာတစ်စ် အမေ ရဲ့ သေဆုံးမှုဟာ သူ့ကြောင့်ပါလို့ ဝန်ခံလာပါတယ်။ ဒီ ဝန်ခံချက်ကြောင့် ဟာတစ်စ် တို့ရဲ့ မိသားစုအတွင်းမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်လာပါတော့တယ်။ တစ်ဖက်မှာလည်း ကျန်ခဲ့တဲ့ မိသားစုဝင်တွေဟာ မိသားစုဝင်တစ်ယောက် သေဆုံးသွားခြင်းကို ဘယ်လို ဆက်လက် ရင်ဆိုင်ကြလဲ ဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဥရောပ ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်းပဲ ဖြည်းဖြည်းလေးလေးနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။...
The Aunts (2024) ⭐TMDB: 65% User Score 🎬 #Horror 🗓 2024 🎞 movie 🌎 # ⏰ 1 နာရီ 26 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Aunts (2024) Las Tias အမေဖြစ်သူဟာ သမီးဖြစ်သူရဲ့ စကားမပြောနိုင်ဖြစ်နေတာကို ကုသဖို့အတွက် တည်ငြိမ်အေးဆေးတဲ့ အိမ်အဟောင်းကြီးကို ပြန်လာခဲ့ပါတယ်။ မမျှော်လင့်ထားဘဲ သမီးလေးဟာ အတိတ်ကအကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ စကားတွေ ထပြောပြီးတော့ ဖုံးကွယ်ထားတဲ့အရာတွေဟာ ပြန်ပေါ်လာခဲ့တယ်။ ဒီလိုနဲ့ သူတို့မိသားစုဟာလည်း ထူးခြားဆန်းပြားတဲ့ဟာတွေ စကြုံလာရပါတော့တယ်။ ထူးခြားဆန်းပြားတာတွေက ဘာတွေလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ သည်းထိတ်ရင်ဖိုနဲ့ ရှုစားကြည့်လိုက်ကြပါအုန်း ခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Lin Thurein ဖြစ်ပါတယ်။)...
A Perfect Christmas Pairing (2023) ⭐IMDB: 5.3/10 (298 Votes) 🎬 #Comedy #Romance #TVMovie 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Perfect Christmas Pairing (2024) IMDb Rating (5.3) Christmas မှာ ကြည့်ဖို့ Rating 5.3 ရထားတဲ့ Holiday Romance ကားလေးကြည့်ရအောင် ထိပ်တန်းစားဖိုမှူး Grace က သူရဲ့ ဟင်းပွဲတွေမှာ bad reviews ရလို့ အလုပ်ကနေ ခနလောက်အနားယူဖို့ ဆုံးဖြတ်လိုက်ပြီး သူမရဲ့ မိသားစုဝင်တွေဆီကို သွားလည်ပါတယ်။ သူမမြို့ကိုသွားလည်ရင်းနဲ့ ခရီးသွားစာရေးဆရာ Asher နဲ့ စာအုပ်ဆိုင်လေးမှာတွေ့ကြရင်း သူတို့နှစ်ယောက်ခရစ်စမတ်ကာလလေးမှာ ဘာတွေဆက်ဖြစ်ကြလဲဆိုတာ တူတူကြည့်လိုက်ကြရအောင်။ အားလုံးဘဲ Merry Christmas ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mary ဖြစ်ပါတယ်။)...
Shrek (2001) ⭐TMDB: 77% User Score 🎬 #Adventure #Animation #Comedy #Fantasy #Family 🗓 2001 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Shrek (2001) IMDb Rating (7.9) / Rotten Tomatoes (88%) ဇာတ်လမ်းအကျဉ်း Dulocဆိုတဲ့ မြို့တော်ကြီးမှာ အကြင်နာတရားခေါင်းပါးပြီး တရားမမျှတမှုမရှိတဲ့ တရားသူကြီး Farquaadက Fairy Tale(နတ်သမီး ပုံပြင်)တွေကို မနှစ်သက်တဲ့အပြင် သူ့တို့တိုင်းပြည်မှာရှိနေတဲ့ Fairy Taleတွေထဲက သက်ရှိဇာတ်ကောင်တွေ အားလုံးကို တိုင်းပြည်အစွန်ဖျားက ရွှံဗွက်တောကြီးဆီကို နယ်နှင်ဒဏ်ပေးလိုက်ပါတယ်။ အဲ့ဒီမှာလည်း…. Shrek(အစိမ်းရောင် ဘီလူးကြီး)က လူသူကင်းရှင်းစွာနဲ့ ၁ယောက်တည်း ပျော်ရွှင်စွာ နေထိုင်နေပါတယ်။ သူ့နေရာဆီကို နယ်နှင်ဒဏ်ပေးခံရတဲ့သူတွေ အများကြီးလဲ ရောက်လာရော… သူ့ရဲ့ပျော်ရွှင်မှုတွေ ပျက်သွားတဲ့အတွက် တရားသူကြီး Farquaadဆီကို နယ်နှင်ဒဏ် ပြန်ရုတ်သိမ်းပေးဖို့ သူနဲ့အတူ Donkey (ပါးစပ်ပိတ်တာကလွဲလို့ ကျန်တာအကုန်လုပ်မယ့် စကားအရမ်းများတဲ့ မြည်း)က Dulocမြို့ကို လမ်းပြပီး သွားမှာပါ။ တရားသူကြီး Farquaadကလည်း Cookie(စကားပြောတတ်တဲ့ လူပုံစံမုန့်)လေးကို နှိပ်စက်ပီး ကျန်ရှိနေသေးတဲ့ Fairy Taleတွေထဲက ဇာတ်ကောင်တွေရဲ့ နေရာကို မေးနေပါတယ်။ အဲ့ဒီအချိန်မှာ သူတပည့်တွေက သူရှာခိုင်းထားတဲ့ Magic Mirror (Snow Whiteထဲက Evil Queenရဲ့ မှော်မှန်)ကို သယ်လာပါတယ်။ အဲ့မှော်မှန်ကြီးကို “သူ့ရဲ့တိုင်းပြည်က တရားအမျှတဆုံးနဲ့ အေးချမ်းသာယာတဲ့ တိုင်းပြည်ဖြစ်ပီလား”လို့ မေးပါတယ်။ မှော်မှန်ကြီးက “Farquaadက ဘုရင်မှ မဖြစ်သေးပဲနဲ့ (သူက မင်းမျိုးမင်းနွယ်လဲ မဟုတ်တဲ့အတွက်) ဘုရင်ဖြစ်ချင်ရင် မင်းသမီး၁ယောက်ယောက်ကို လက်ထပ်မှရမယ်”ဆိုပီး မင်းသမီး၃ယောက်ကို ဘယ်သူ့ကြိုက်လဲဆိုကာ သူ့မှော်မှန်မှာ ပြသ၍ ရွေးချယ်ခိုင်းပါတယ်။ အဲ့ဒီထဲကမှ Fionaဆိုတဲ့ မင်းသမီးကို ရွေးချယ်လိုက်ပါတယ်။ (သူမက Farawayတိုင်းပြည်မှ ဘုရင့်သမီးဖြစ်ပီးတော့ အစောင့်နဂါးကြီးရှိတဲ့ ရဲတိုက်ကြီးထဲမှာ သူမကို လာကယ်မယ့် သူရဲကောင်းကို စိတ်ကူးယဉ်ရင်း ဖမ်းခံထားရပါတယ်။) “မင်းသမီးက ညမှာဖြစ်တဲ့ကိစ္စလေး၁ခုကပဲ…”ဆိုပီး မှော်မှန်ကြီးက Farquaadကို သတိပေးပြောဆိုဖို့ ကြိုးစားပါသေးတယ်။ Dulocမြို့ကို မကျေနပ်ချက်တွေနဲ့အတူရောက်လာတဲ့ Shrekနဲ့ Donkeyကို Farquaadက ဖမ်းခိုင်းပါတယ်။ သူတို့ကို လာဖမ်းတဲ့ ရဲမက်တွေကို အမိုက်စား Fightingနည်းတွေနဲ့ Smack Downတွေ ကျွေးပါတယ် tongue emoticon ဒါနဲ့နောက်တော့ Fionaမင်းသမီးကို ကယ်ပေးနိုင်ရင် Farquaadက နယ်နှင်ဒဏ်ကို ရုတ်သိမ်းပေးမယ်ဆိုပီး Shrekနဲ့ အပေးအယူလုပ်ပါတယ်။ Shrekကလဲ အပေးအယူကို လက်ခံလိုက်ပါတယ်။ Shrekနဲ့ Donkeyက Fionaမင်းသမီးလေးကို နဂါးကြီး လက်ထဲက ကယ်နိုင်မလား? တကယ်လို့ ကယ်နိုင်ခဲ့ရင် Shrekဆိုတဲ့ဘီလူးကြီးကို မင်းသမီးလေးက သူ့ရဲ့ သူရဲကောင်းအဖြစ် ချစ်နိုင်မလား? Shrekက Fionaကို နယ်နှင်ဒဏ်နဲ့ အလဲလှယ်လုပ်ရင် Farquaadရဲ့ ကြင်ယာအဖြစ် သိမ်းခြင်းကိုပဲ ခံရမလား? ဘာတွေဆက်ဖြစ်မလဲဆိုတာကို… ဒီဇာတ်ကားရဲ့ အောင်မြင်မှုကဆိုရင်ဖြင့် Shrek 2(2004), Shrek the Third (2007), Shrek Forever After (2010)ဆိုတဲ့ နောက်ဆက်တွဲကားတွေကို ဖြစ်ပေါ်လာစေပါတယ်။ Holiday specials ၂ခု Shrek the Halls (2007)နဲ့ Scared Shrekless(2010)လဲ ရှိပါသေးတယ်။ ပီးတော့ ဇာတ်လမ်းအခွဲဖြစ်တဲ့ Puss in Boots(2011)ကဆိုရင်လဲ ပရိသတ် တခဲနက်အားပေးမှုတွေနဲ့ အောင်မြင်ထားပါတယ်။ အညွှန်းကို The biggest Animation Cartoon Fans (MM) https://www.facebook.com/groups/865029533533369/ မှ #Admin Thiha Maungက ရေးပေးထားတာ ဖြစ်ပါတယ်။...
Killington (2024) ⭐TMDB: 20% User Score 🎬 #Comedy #Horror 🗓 2024 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဆယ်နှစ်တာပေါင်းလာတဲ့သူငယ်ချင်လေးယောက်ဖြစ်ကြတဲ့ Darcy, Emily , LuLu , Leggy တို့တစ်သိုက်အားလပ်ရက်အတူတူခရီးထွက်လာကြရင်း ဘယ်လိုအဖြစ်ဆိုးတွေနဲ့ကြုံလာရမလဲ မနာလိုစိတ်ဟာအရမ်းကြောက်ဖို့ကောင်းသလို ဒီမနာလိုစိတ်ကြောင့်ပဲ ဘယ်လိုအဖြစ်ဆိုးတွေကိုဖြစ်စေမလဲဆိုတာကို Horror, Comedyဆန်ဆန်ကြည့်ရှုရမှာပဲဖြစ်ပါတယ်...
Shrek 2 (2004) ⭐TMDB: 73% User Score 🎬 #Action #Adventure #Comedy #Animation #Family #Fantasy #Romance 🗓 2004 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Shrek 2 (2004) IMDb Rating (7.4) / Rotten Tomatoes (89%) ဇာတ်လမ်းအကျဉ်း Dulocဆိုတဲ့ မြို့တော်ကြီးမှာ အကြင်နာတရားခေါင်းပါးပြီး တရားမမျှတမှုမရှိတဲ့ တရားသူကြီး Farquaadက Fairy Tale(နတ်သမီး ပုံပြင်)တွေကို မနှစ်သက်တဲ့အပြင် သူ့တို့တိုင်းပြည်မှာရှိနေတဲ့ Fairy Taleတွေထဲက သက်ရှိဇာတ်ကောင်တွေ အားလုံးကို တိုင်းပြည်အစွန်ဖျားက ရွှံဗွက်တောကြီးဆီကို နယ်နှင်ဒဏ်ပေးလိုက်ပါတယ်။ အဲ့ဒီမှာလည်း…. Shrek(အစိမ်းရောင် ဘီလူးကြီး)က လူသူကင်းရှင်းစွာနဲ့ ၁ယောက်တည်း ပျော်ရွှင်စွာ နေထိုင်နေပါတယ်။ သူ့နေရာဆီကို နယ်နှင်ဒဏ်ပေးခံရတဲ့သူတွေ အများကြီးလဲ ရောက်လာရော… သူ့ရဲ့ပျော်ရွှင်မှုတွေ ပျက်သွားတဲ့အတွက် တရားသူကြီး Farquaadဆီကို နယ်နှင်ဒဏ် ပြန်ရုတ်သိမ်းပေးဖို့ သူနဲ့အတူ Donkey (ပါးစပ်ပိတ်တာကလွဲလို့ ကျန်တာအကုန်လုပ်မယ့် စကားအရမ်းများတဲ့ မြည်း)က Dulocမြို့ကို လမ်းပြပီး သွားမှာပါ။ တရားသူကြီး Farquaadကလည်း Cookie(စကားပြောတတ်တဲ့ လူပုံစံမုန့်)လေးကို နှိပ်စက်ပီး ကျန်ရှိနေသေးတဲ့ Fairy Taleတွေထဲက ဇာတ်ကောင်တွေရဲ့ နေရာကို မေးနေပါတယ်။ အဲ့ဒီအချိန်မှာ သူတပည့်တွေက သူရှာခိုင်းထားတဲ့ Magic Mirror (Snow Whiteထဲက Evil Queenရဲ့ မှော်မှန်)ကို သယ်လာပါတယ်။ အဲ့မှော်မှန်ကြီးကို “သူ့ရဲ့တိုင်းပြည်က တရားအမျှတဆုံးနဲ့ အေးချမ်းသာယာတဲ့ တိုင်းပြည်ဖြစ်ပီလား”လို့ မေးပါတယ်။ မှော်မှန်ကြီးက “Farquaadက ဘုရင်မှ မဖြစ်သေးပဲနဲ့ (သူက မင်းမျိုးမင်းနွယ်လဲ မဟုတ်တဲ့အတွက်) ဘုရင်ဖြစ်ချင်ရင် မင်းသမီး၁ယောက်ယောက်ကို လက်ထပ်မှရမယ်”ဆိုပီး မင်းသမီး၃ယောက်ကို ဘယ်သူ့ကြိုက်လဲဆိုကာ သူ့မှော်မှန်မှာ ပြသ၍ ရွေးချယ်ခိုင်းပါတယ်။ အဲ့ဒီထဲကမှ Fionaဆိုတဲ့ မင်းသမီးကို ရွေးချယ်လိုက်ပါတယ်။ (သူမက Farawayတိုင်းပြည်မှ ဘုရင့်သမီးဖြစ်ပီးတော့ အစောင့်နဂါးကြီးရှိတဲ့ ရဲတိုက်ကြီးထဲမှာ သူမကို လာကယ်မယ့် သူရဲကောင်းကို စိတ်ကူးယဉ်ရင်း ဖမ်းခံထားရပါတယ်။) “မင်းသမီးက ညမှာဖြစ်တဲ့ကိစ္စလေး၁ခုကပဲ…”ဆိုပီး မှော်မှန်ကြီးက Farquaadကို သတိပေးပြောဆိုဖို့ ကြိုးစားပါသေးတယ်။ Dulocမြို့ကို မကျေနပ်ချက်တွေနဲ့အတူရောက်လာတဲ့ Shrekနဲ့ Donkeyကို Farquaadက ဖမ်းခိုင်းပါတယ်။ သူတို့ကို လာဖမ်းတဲ့ ရဲမက်တွေကို အမိုက်စား Fightingနည်းတွေနဲ့ Smack Downတွေ ကျွေးပါတယ် tongue emoticon ဒါနဲ့နောက်တော့ Fionaမင်းသမီးကို ကယ်ပေးနိုင်ရင် Farquaadက နယ်နှင်ဒဏ်ကို ရုတ်သိမ်းပေးမယ်ဆိုပီး Shrekနဲ့ အပေးအယူလုပ်ပါတယ်။ Shrekကလဲ အပေးအယူကို လက်ခံလိုက်ပါတယ်။ Shrekနဲ့ Donkeyက Fionaမင်းသမီးလေးကို နဂါးကြီး လက်ထဲက ကယ်နိုင်မလား? တကယ်လို့ ကယ်နိုင်ခဲ့ရင် Shrekဆိုတဲ့ဘီလူးကြီးကို မင်းသမီးလေးက သူ့ရဲ့ သူရဲကောင်းအဖြစ် ချစ်နိုင်မလား? Shrekက Fionaကို နယ်နှင်ဒဏ်နဲ့ အလဲလှယ်လုပ်ရင် Farquaadရဲ့ ကြင်ယာအဖြစ် သိမ်းခြင်းကိုပဲ ခံရမလား? ဘာတွေဆက်ဖြစ်မလဲဆိုတာကို… ဒီဇာတ်ကားရဲ့ အောင်မြင်မှုကဆိုရင်ဖြင့် Shrek the Third (2007), Shrek Forever After (2010)ဆိုတဲ့ နောက်ဆက်တွဲကားတွေကို ဖြစ်ပေါ်လာစေပါတယ်။ Holiday specials ၂ခု Shrek the Halls (2007)နဲ့ Scared Shrekless(2010)လဲ ရှိပါသေးတယ်။ ပီးတော့ ဇာတ်လမ်းအခွဲဖြစ်တဲ့ Puss in Boots(2011)ကဆိုရင်လဲ ပရိသတ် တခဲနက်အားပေးမှုတွေနဲ့ အောင်မြင်ထားပါတယ်။ (အညွှန်းကို The biggest Animation Cartoon Fans (MM) မှ #Admin Thiha Maungက ရေးပေးထားတာ ဖြစ်ပါတယ်။)...
Like Girls (2024) ⭐TMDB: 0% User Score 🎬 #Comedy 🗓 2024 🎞 movie 🌎 #Romania ⏰ 1 နာရီ 38 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ ဟာသကားကိုမှ အေးအေးဆေးဆေး ဒရာမာခန်းလေးတွေနဲ့ ကြည့်ရမယ့် ကားမျိုးပါ။ ဇာတ်လမ်းအကျဉ်း ************* ဆီဗီယာ .. ဆယ်လာနဲ့ ရိုဇာနာဆိုတဲ့ သူငယ်ချင်းသုံးယောက်ဟာ အရမ်းချစ်ကြတဲ့ သူငယ်ချင်း သုံးယောက်ဖြစ်ပါတယ်။ ဆီဗီယာရဲ့ ယောက်ျားဖြစ်သူက ဖောက်ပြန်နေတာကို သိသွားပြီးတဲ့ နောက်မှာ သူတို့ သူငယ်ချင်းသုံးယောက်ဟာ ဘဝရဲ့ အသစ်အဆန်း အတွေ့အကြုံတွေကို ရှာဖွေကြရင်းနဲ့ သူတို့ အချင်းချင်းကြားမှာ ရှိတဲ့ သူငယ်ချင်း သံယောဇဉ်ကို အသားပေးထားတာကို ဒီကားထဲမှာ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားက ခက်ခဲတဲ့အချိန်တွေမှာ တစ်ယောက်အနား တစ်ယောက် ရှိနေပေးတတ်ပြီး စည်းလုံးတဲ့ သူငယ်ချင်းသုံးယောက် အကြောင်းကို ဟာသဆန်ဆန် ရိုက်ကူးထားတဲ့ကားလို့ ပြောလို့ ရမယ် ထင်ပါတယ်။ ( ဘာသာပြန်နဲ့ အညွှန်းကတော့ BZW ပဲ ဖြစ်ပါတယ်။...
Extraordinary Rescue (2023) ⭐TMDB: 0% User Score 🎬 #Action 🗓 2023 🎞 movie 🌎 #China ⏰ 1 နာရီ 35 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက် CMကတင်ဆက်ပေးမယ့်ဇာတ်ကားကောင်းလေးကတော့actionကားဖြစ်တဲ့ Extraordinary rescue ဖြစ်ပါတယ် ဇာတ်ကားထဲမှာ ကျန်းချိန်က ထရိန်နင်နည်းပြတစ်ယောက်ဖြစ်ပါတယ်သာမန်လည်ပတ်နေတဲ့ လုံခြုံရေးကုမ္ပဏီတစ်ခုအထင်နဲ့အလုပ်လက်ခံပြီး ထရိန်နင်သွားပေးရာကနေ ပြသနာတွေစလာခဲ့ပါတော့တယ် Demiဆိုတဲ့သတင်းထောက်မလေးကလည်း ဒုက္ခသည်အကြောင်းတွေစုံစမ်းရင်းအစီစဉ်တင်ဆက်ရာကနေ ကျန်းချိန်ရဲ့ပြသနာတွေထဲကိုပါ ရောပါလာခဲ့ပါတယ် ပြသနာရဲ့နောက်ကွယ်ကကြိုးကိုင်ကိုလိုက်စုံစမ်းရင်းနဲ့ဘယ်လိုအသက်အန္တရာယ်မျိူးတွေကြုံရမလဲသူတိုတွေအကုန်လုံးလွတ်မြောက်နိုင်ကြမလားဆိုတာကိုတော့စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်...
The Age of Adaline (2015) ⭐IMDB: 7.2/10 (215 k Votes) 🎬 #Drama #Fantasy #Romance 🗓 2015 🎞 movie 🌎 #Canada #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Age of Adaline (2015) IMDb Rating (7.2) ဒီရုပ်ရှင်ကတော့ မင်းသမီး Blake Lively ကို အလှပဆုံးမြင်တွေ့ရမယ့်ဇာတ်ကားဖြစ်ပြီးHarrison Ford , Michiel Huisman တို့လိုမင်းသားတွေနဲ့ တွဲဖက်ရိုက်ကူးထားပါတယ်။ အချစ်ဒရမ်မာဆိုပေမယ့် သဘာဝလွန်စွမ်းအားနဲ့တွဲဖက်ရိုက်ကူးထားတာကြောင့်တခြားရိုမန့်ကားတွေနဲ့မတူဘဲ အရသာတမျိုးနဲ့လူကြိုက်များကြတဲ့ကားပါ။ ဇာတ်လမ်းကတော့…၁၉၃၀ ဝန်းကျင်ကာလမှာအစပြုပါတယ်…Adaline ဆိုတဲ့ မိန်းမလှလေးတယောက်ဟာ ယာဉ်မတော်တဆမှုဖြစ်ပြီး ကောင်းကင်ကစွမ်းအားတခုကိုရရှိသွားပါတယ်…ဒါကတော့ အသက်မကြီးလာတော့တာပါပဲ။သူမဟာ အမြဲတမ်း ၂၉နှစ် အရွယ်တိုင်းရှိနေပြီးတော့ ခေတ်အဆက်ဆက်ကိုဖြတ်သန်းပါတော့တယ်။ ဒါပေမယ့် သူမဘဝဟာ အေးချမ်းနေတာတော့မဟုတ်ပါဘူးသူမ အသက်မကြီးလာတာကို သတိထားမိသွားကြတဲ့ စစ်ဆေးစမ်းသပ်ချင်သူတွေလက်ထဲက လွတ်အောင်ပြေးရင်းလွှားရင်းနဲ့သူမရဲ့မိသားစုဘဝကိုပါ ဖုံးကွယ်ထားခဲ့ရပါတော့တယ်။ သူမဟာ ခေတ်အဆက်ဆက်မှာ အသက်မကြီးခဲ့တာကြောင့် ဇာတ်မြုပ်ဖုံးကွယ်ခြင်းကိုသာ တွင်တွင်သုံးခဲ့ပြီးသူမရဲ့ သမီးလေးကစလို့ ချစ်ရသူတွေပါမကျန် အဆက်ဖြတ်ရင်းနဲ့ ရင်နာတဲ့လမ်းကိုသာရွေးချယ်ခဲ့ရသူပါ။ ဒါပေမယ့် တချိန်မှာတော့ သူမအရမ်းချစ်ရတဲ့ချစ်သူတယောက်ကို ထပ်ရခဲ့ပြန်ပါတယ်…ဒီတယောက်နဲ့တော့ သူမဘဝကို အမြဲတမ်းမြုပ်နှံတော့မယ်လို့ တွေးလိုက်ပြီးမိဘအိမ်တွေထိရောက်သွားတဲ့အခါမှာတော့….တကယ့်ရှော့ရစရာအဖြစ်အပျက်ကြီးက စောင့်ကြိုနေပါတော့တယ်။ လူတိုင်း အသက်အရွယ်မကြီးရင့်ဘဲ အရွယ်တင်နုပျိုချင်ကြတယ်မဟုတ်လား?ဒါပေမယ့် တစ်ကယ်တမ်း အဲ့လိုဖြစ်ခဲ့မယ်ဆိုရင် ပျော်ရွှင်နိုင်မယ် ထင်ပါသလား?” ရှင်သန်ခြင်းမှာလဲ နာကျင်ခြင်းတွေအမြဲရှိနေပါတယ်။...
Shin Godzilla (2016) ⭐IMDB: 6.8/10 (40 k Votes) 🎬 #Action #Adventure #Fantasy #ScienceFiction #Horror #Drama #SciFi 🗓 2016 🎞 movie 🌎 #Japan ⏰ 2 နာရီ 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကိုးရီးယား ကားတွေ အင်္ဂလိပ်ကားတွေ ကြီးဘဲ တွေ့နေရတယ့် ကြားက ဒီဂျပန်ကားလေးကို ကြည့်ကြည့်လိုက်ပါ ရသတစ်မျိုး ပေးနိုင်မှာပါ။ ဒီကားလေးရဲ့အကြောင်းကို စပြီးမိတ်ဆက်ပေးပါမယ်။ ဒီကားကို ၂၀၁၆ ခုနှစ်က စဖြန့်ချီခဲ့ပြီး ဒါရိုက်တာ Hideaki Anno နဲ့ Shinji Higuchi တို့နှစ်ယောက်ရိုက်ကူးထားတယ့် ကားဖြစ်ပါတယ်။နှစ်ယောက်လုံး က annime ဖန်တီးသူနဲ့အထူးပြုလုပ်ချက်တွေ ဖန်တီးကြတဲ့ ဒါရိုက်တာတွေပါ။ IMDb ၆.၉ ၊ Rotten Tomatoes ၈၄% ၊Roger Ebert ၃.၅/ ၄ ရရှိထားတယ့်ကားဖြစ်ပါတယ်။ Toho productionကနေ ၂၀၁၄ မှာဒီကားကိုစပြီ မိတ်ဆက်ခဲ့ပြီး ၂၀၁၆မှာ ဖြန်ချီခဲ့ပြီး Budget ကန်ဒေါ်လာ ၁၅မီလီယံ နဲ့ရိုက်ကူးခဲ့ပြီး Box office မှာ ၇၇.၉ မီလီယံ ပြန်လည်ရရှိခဲ့ပါတယ်။ဒီဇတ်ကားရဲ့ အကြောင်းက ဂေါ်ဇီလာကြီး မြို့ထဲဝင်လာတယ်ပေါ့ (Overtine ကြော်ငြာမဟုတ်ပါ) ဂျပန်နိုင်ငံထဲကို မြစ်ထဲက ဂေါ်ဇီလာ တက်လာတာကနေဇတ်လမ်းအပျိုးထားပါတယ်။ ဂေါ်ဇီလာအဆင့်ဆင့်ပြောင်းလဲ ပုံကို animation ကောင်းကောင်းနဲ့ ရိုက်ပြထားပါတယ်။ တော်တော်မိုက်တယ်ဂေါ်ဇီလာ ရေထဲကနေ ကုန်းပေါ်တက်လာတယ့် အချိန်မှာ ကုန်ပေါ်မှာ ဘယ်လိုတွေပြောင်းလဲသွားတယ်ဆိုတာ သဘာဝဆန်ဆန် စဉ်းစားပြီးရိုက်ထားတာပါ။ ဂေါ်ဇီလာရဲ့ ဇီဝစရိုက် သဘာဝတွေကိုပါ တစ်ဆင့်ခြင်းပြထားတာတွေ့ရပါတယ်။အပြင်မှာ ဂေါ်ဇီလာတစ်ကယ်ရှိခဲ့လားမသိပေမယ့် ဒီထဲမှာတော့ သက်ရှိ ဂေါ်ဇီလာ တစ်ကောင်အလားတွေ့ရပါတယ်။ ဂေါ်ဇီလာဝင်လာတော့ ဂျပန်နိုင်ငံ ရဲ့စနစ်ကျတယ့် အရေးပေါ်ကယ်ဆယ်ရွှေ့ပြောင်းရေးအစီစဉ်တွေ ကို စည်းစနစ်တစ်ကျ လုပ်ဆောင်သွားတာတွေ့ရပါတယ်။ သဘာဝကပ်ဘေး တွေ့တာနဲ့ချက်ချင်း အစိုးရတာဝန်ယူထားတယ့် လူကြီးပိုင်း တွေ ကိုယ်တွယ်ဖြေရှင်းပုံအဆင့်ဆင့်က အားရကျေနပ်စရာတကယ်ကောင်းပါတယ်။ ဒုတိယကမ္ဘာစစ်ရဲ့ဆိုးကျိုးက ဂျပန်နိုင်ငံကို အခုထိအောင်ရိုက်ခိုက်နေပြီးနိုင်ငံရဲ့ စစ်တပ်အင်အားကို လိုသလိုသုံးခွင့်မရတယ့်အကျိုးဆက်တွေ ကိုလဲ မီးမှောင်းထိုးပြထားပါတယ်။နောက်ဆုံး ဂျပန်မဟာမိတ် ဖြစ်တယ့် အမေရိကန်ကို အကူညီလှမ်းတောင်းရပါတယ်။ အဲ့ဒီမှာ ပြည်ပကိုအားမကိုးဘဲ ကိုယ်အားကိုယ်ကိုးပြီး လုပ်ချင်တယ့်ဘုကလန့် အစိုးရအရာရှိတစ်ယောက်က စပြီးဖောက်ထွက်ဖို့လုပ်ပါတယ်။ သူက အစိုးရဝန်ကြီးဌာနတွေ က ကြောင်တောင်တောင် ၊ထူူးထူးဆန်းဆန်း ၊ ထူးခြားတယ့်ပင်ကိုယ်စရိုက် ရှိတယ့် သူတွေ ကိုစုလိုက်ပြီး အဖွဲ့တစ်ခုဖွဲ့ပြီး ဂေါ်ဇီလာကို ပြန်တိုက်ဖို့စီမံကိန်း စလုပ်ပါတယ်။ ဘယ်လိုမှလုပ်လို့မရ ဝန်ကြီး ချုပ်အစိုးရအဖွဲ့တွေအားလုံးသေသွား ကုလသမဂ္ဂ ဦးဆောင်တယ့် နိုင်ငံတကာ အဖွဲ့တွေကတစ်ယောက်တစ်ပေါက် ဝိုင်း ဆေးထိုးကြတယ်။ နောက်ဆုံး ဘယ်လိုမှမတက်နိုင်တယ့် အဆုံး တိုကျိုကို နူဗုံးကျဲချဖို့သဘောတူလိုက်ရပါတယ်။ အဲ့ဒီအချိန်မှာ လူထူးခြားတွေ စုထားတယ့် အဖွဲ့က တန်ပြန်တိုက်ဖို့အစီစဉ်ဘယ်လိုတွေ လုပ်ပြီး ၊ ဂေါ်ဇီလာကြီးကိုရောရပ်တန့်နိုင်မှလား တိုကျိုပြာကျသွားမှလားဆိုတာ ဇတ်ကားထဲမှာ အားလုံးကို ကိုယ်တိုင်ခံစားကြည့်လိုက်ပါ။ ဒီကားက ၁၉၉၅ တုန်းကရိုက်ခဲ့တယ့် အင်္ဂလိပ် ဂေါ်ဇီလာကားလိုဘဲ ငွေကြေးအကုန်အကျ အများကြီးသုံးပြီ ရိုက်ခဲ့တာပါ။ Animation သုံးထားပုံတွေ ကလမ်းကောင်းပါတယ်၊ ဝေဖန်ရေးဆရာတွေကတော့ animation တွေအရမ်းသုံးထားပြီးကြည့်လို့ကောင်းတယ့် ဇတ်ကားပေမယ့် ဇာတ်လမ်းပိုင်းမှာတော့ အမေရိကန်တစ်ယောက်ထက် ဂျပန်တစ်ယောက် ပိုပြီးခံစားတက်လိမ့်မယ်လို့ရေးထားခဲ့ပါတယ်။ တစ်ခြား ဂျပန်ကားတော်တော်များများက အခုတီဗီမှာလာနေတယ့် ဂျပန်ဇတ်လမ်းတွဲတွေ ကခံစားလို့မရတာများပါတယ် တစ်ခြားဟာတွေ အားလုံးကောင်းပြီး ဇတ်လမ်းပိုင်းက over ဖြစ်သလိုလို တွေ တော့ရှိပါတယ်။ ဒီကားမှာတော့ အလိုတွေ သိပ်မတွေ့ရပါဘူး။ဒီကားကို ဂျပန်နိုင်ငံမှာ promotion လုပ်တော့ ကြော်ငြာ ပိုစတာက ၃၈၉ပေရှည်အောင်လုပ်ထားခဲ့ပါတယ်။ ခြုံပြီးပြောရရင် ဒီကားကကြည့်လို့ကောင်းတယ့်ကားထဲမှာပါပါတယ်။...
Extraordinary Rescue (2023) ⭐TMDB: 0% User Score 🎬 #Action 🗓 2023 🎞 movie 🌎 #China ⏰ 1 နာရီ 35 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက် CMကတင်ဆက်ပေးမယ့်ဇာတ်ကားကောင်းလေးကတော့actionကားဖြစ်တဲ့ Extraordinary rescue ဖြစ်ပါတယ် ဇာတ်ကားထဲမှာ ကျန်းချိန်က ထရိန်နင်နည်းပြတစ်ယောက်ဖြစ်ပါတယ်သာမန်လည်ပတ်နေတဲ့ လုံခြုံရေးကုမ္ပဏီတစ်ခုအထင်နဲ့အလုပ်လက်ခံပြီး ထရိန်နင်သွားပေးရာကနေ ပြသနာတွေစလာခဲ့ပါတော့တယ် Demiဆိုတဲ့သတင်းထောက်မလေးကလည်း ဒုက္ခသည်အကြောင်းတွေစုံစမ်းရင်းအစီစဉ်တင်ဆက်ရာကနေ ကျန်းချိန်ရဲ့ပြသနာတွေထဲကိုပါ ရောပါလာခဲ့ပါတယ် ပြသနာရဲ့နောက်ကွယ်ကကြိုးကိုင်ကိုလိုက်စုံစမ်းရင်းနဲ့ဘယ်လိုအသက်အန္တရာယ်မျိူးတွေကြုံရမလဲသူတိုတွေအကုန်လုံးလွတ်မြောက်နိုင်ကြမလားဆိုတာကိုတော့စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်...
A secretary with indecent L cup and a sweet face appears-Himeka Iori (JUQ-720-Decensored) ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 1 နာရီ 59 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Himeka Iori ကိုတော့ ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့မှမလိုက် ဝိတ်ကြီးတာကြောင့် JAV မင်းသမီးတွေထဲ တန်းမှတ်မိနိုင်ပါတယ်… သူမရဲ့အလှအပဘာညာတွေ တန်းမြင်နိုင်ပေမယ့် တကယ်တမ်း စွဲလမ်းမိနေမှာကတော့ သူမရဲ့ဂရုဏာသက်စရာမျက်နှာပေးလေးပါပဲ။ JUQ-720-Decensored ဒီဇာတ်လမ်းထဲမှာလဲ ခင်ပွန်းဖြစ်သူရဲ့သစ္စာဖောက်မှုကို ပြန်လည်ပေးဆပ်ရတဲ့ ဂရုဏာသက်စရာ မိန်းမလှလေးအဖြစ် သူမကိုလိုက်ဖက်စွာ မြင်တွေ့ရမှာပါ။ JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့ ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။ (Dark Side Production မှ တင်ဆက်သည်။)...
Gabriel's Redemption: Part One (2023) ⭐IMDB: 5.4/10 (403 Votes) 🎬 #Romance #Drama 🗓 2023 🎞 movie 🌎 # ⏰ 1 နာရီ 52 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Gabriel’s Redemption: Part I (2023) *********************************** ဒီကားလေးကတော့ အရှေ့မှာ Gabriel’s Inferno (Part- 1,2.3) နဲ့ Gabriel’s Rapture (Part- 1,2.3) ဆိုပြီး စုစုပေါင်း ၆ ပိုင်း ထွက်ရှိထားပြီး ဒီကားလေးကို ကြည့်မယ်ဆိုရင်တော့ ရှေ့ကကားလေးတွေကို ကြည့်ပြီးမှ ကြည့်ဖို့တိုက်တွန်းပါရစေ။ ဒီကားထဲမှာတော့ ဂေဘရီရယ်တစ်ယောက် ကလေးယူချင်စိတ်ပြန်ဖြစ်လာပေမဲ့ ဂျူလီယာက ဘွဲ့လွန်ကျောင်းတစ်ဖက်နဲ့ဖြစ်နေပြီး ပညာရေးကို မစွန့်လွတ်နိုင်တဲ့အခြေအနေရောက်နေပါတယ်။ မိသားစုတစ်ခု နှစ်ယောက်အတူထူထောင်လိုက်ရင် ကလေးတစ်ဖက်နဲ့ သူမပြုစုချင်တဲ့ချင်တဲ့ စာတမ်းတွေ မပြီးမြောက်ဘဲ ဘွဲ့လွန်ကျောင်းကနေထွက်ရမယ့်အဖြစ်နဲ့ကြုံမှာကို သူမအကြောက်ကြီးနေခဲ့တယ်။ တစ်နေ့မှာ ဂျူလီယာရဲ့စာတမ်းကို ပါမောက္ခ ဂေဘရီရယ်တစ်ယောက် ဖတ်ကြည့်ပြီး ဒန်တေးရဲ့ဇာတ်လမ်းအပေါ် အမြင်မတူကြရာကနေ အခြေခံကာ ဂျူလီယာတို့ လင်မယား လက်ထပ်ပြီး ပထမဆုံးရန်ပွဲလေးကို နွှဲလိုက်ရပါတော့တယ်။ စာတမ်းပို့ချဖို့ အီတလီကိုသွားကြတဲ့အခါမှာလည်း ကတ်သရင်းတစ်ယောက်ဟာ ဂျူလီယာ့ကို မနာလိုဝန်တိုစိတ်နဲ့ အသရေဖျက်လိုဖျက်၊ အိမ်ထောင်ရှိနေပြီဖြစ်တဲ့ ဂေဘရီရယ်ကို သွေးဆောင်လိုဆောင်နဲ့ ဂေဘရီရယ်နဲ့ ဂျူလီယာတို့လင်မယားကို အမျိုးမျိုးစိတ်ဒုက္ခလိုက်ပေးနေခဲ့ပါတယ်။ အမှောင့်အဖျက် ကတ်သရင်းတစ်ယောက် ဂျူလီယာ့ကို ဘယ်လိုနှောင့်ယှက်မလဲ.. သူကိုယ်တိုင်လည်း ဘာတွေကြုံတွေ့ရဦးမလဲ.. သူ့ကိုဘယ်လိုအရာတွေက စောင့်ကြိုနေလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။ အချို့ဇာတ်ဝင်ခန်းလေးတွေမှာတော့ ပရိသတ်အချို့ သဘောကျကြတဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းရဲ့ ကျန်ရှိနေသေးတဲ့ အခြေအနေတင်းမာမှုလေးတွေကိုလည်း ဟိုတစ်စဒီတစ်စ မြင်တွေ့ရဦးမှာဖြစ်ပါတယ်။...
King of Dallas (2024) ⭐IMDB: 6.1/10 (89 Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 AD 2022ခုနှစ်မှာ ဗိုင်းရက်စ်တစ်မျိုးကြောင့် ကမ္ဘာ့လူဦးရေရဲ့ ၉၉.၉၉ရာခိုင်နှုန်းဟာသေဆုံးသွားခဲ့ကြပြီးတော့ ထူးဆန်းတဲ့သွေးအမျိုးအစားကိုပိုင်ဆိုင်ထားကြတဲ့ လူမည်းအနည်းစုသာ ကမ္ဘာပေါ်မှာအသက်ရှင်ကျန်ရစ်ခဲ့ပါတယ် ဒီလိုနဲ့ ၂၀၉၇ခုနှစ် အရောက်မှာတော့ အဲဒီကျန်ရှိတဲ့လူမည်းအနည်းစုဟာလည်း Pure, Bronze နဲ့ Vantaဆိုပြီး အသားအရောင်ကြောင့် သုံးဂိုဏ်း ကွဲသွားပြီးတော့ အချင်းချင်းစစ်ဖြစ်တော့မယ့်အခြေအနေပါ အဲဒီထဲကမှ Vanta ဂိုဏ်းရဲ့ဘုရင့်သားဖြစ်တဲ့ အော့တေးဗီးယက်စ်ဟာ Pureဂိုဏ်းသူတစ်ယောက်နဲ့ချစ်ကျွမ်းဝင်ပြီး ကလေးမွေးလာတဲ့ အခါမှာတော့ ကလေးကBronze ဂိုဏ်းသားတွေရဲ့အသား အရောင်လိုမျိုးဖြစ်နေပါတယ် ဒါကြောင့် အချင်းချင်းပြဿနာ မဖြစ်ရလေအောင်ဆိုပြီး အော့တေးဗီးယက်စ်ရဲ့ဇနီးနဲ့သမီးဖြစ်သူကို သုတ်သင်လိုက်ကြပါတယ်.. ဒါကြောင့်အော့တေးဗီးယက်စ်ဟာ Vanta ဂိုဏ်းကထွက်ပြီး တားမြစ်နယ်မြေထဲမှာသွားနေနေခဲ့တာပါ ဒါပေမယ့် အသားအရောင်ခွဲခြားမှုကြောင့် တစ်နေ့တစ်ခြားတင်းမာလာတဲ့ ဂိုဏ်း၃ဂိုဏ်းရဲ့ပြဿနာဟာပိုမိုးကြီးထွားလာပြီး ဦးဆောင်သူမဲ့နေတဲ့ Vantaရဲ့တာဝန်တွေဟာ အော့တေးဗီးယက်စ်ပခုံးပေါ်ရောက်လာချိန်မှာတော့ အော့တေးဗီးယက်စ်တစ်ယောက် ဒီပြဿနာတွေကိုဘယ်လိုကိုင်တွယ်မလဲ ဘာတွေကြုံတွေ့ရမလဲဆိုတာကို ရှုစားလိုက်ကြပါဦး...
Gabriel's Rapture: Part Three (2022) ⭐IMDB: 5.9/10 (553 Votes) 🎬 #Romance 🗓 2022 🎞 movie 🌎 #UnitedStates ⏰ 2 နာရီ 13 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Gabriel’s Rapture: Part III (2022) ********************************* နာမည်ကျော်စာရေးဆရာ Sylvain Reynard ရဲ့ Best Selling Novels Series တွေကို ပြန်ရိုက်ကူးထားတာဖြစ်ပြီး ဒီတစ်ခါမှာတော့ part 3 ကို တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်ကောင်တွေဖြစ်တဲ့ ဂေဘရီရယ်နဲ့ ဂျူလီယာကိုတော့ အားလုံးရင်းနှီးပြီးသား ဖြစ်မယ်လို့ထင်ပါတယ်။ အပိုင်းနှစ်မှာ ဂေဘရီရယ် ရက်ရက်စက်စက် ထားခဲ့တာ ခံခဲ့ရပြီး အသည်းကွဲသွားတဲ့ ဂျူလီတစ်ယောက် သူငယ်ချင်းပေါလ်နဲ့ ပါမောက္ခကတ်သရင်းတို့ရဲ့ ကူညီမှုတွေကြောင့် ပြန်အဆင်ပြေစပြုလာပါပြီ။ ကျောင်းဆက်တက်ဖို့ ဘော်စတွန်ကို ပြောင်းခဲ့ရာမှ ဂေဘရီရယ်ဆီက မက်ဆေ့တွေကို အမှတ်မထင် ရှာတွေ့ခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့ ပြန်ဆုံကြမလား။ ဂေဘရီရယ် ဘာလို့ ဒီလောက်ရက်စက်ခဲ့ရလဲဆိုတာကို ကြည့်ရှူခံစားရမှာပါ။...
Gabriel's Rapture: Part Two (2022) ⭐IMDB: 5.8/10 (639 Votes) 🎬 #Romance 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Gabriel’s Rapture: Part II (2022) ********************************* နာမည်ကျော်စာရေးဆရာ Sylvain Reynard ရဲ့ Best Selling Novels Series တွေကို ပြန်ရိုက်ကူးထားတာဖြစ်ပြီး Gabriel’s Infernoဆိုပြီး (၃)ကားရှေ့မှာ ထွက်ရှိပြီးဖြစ်ပါတယ်…. Gabriel’s Rapture ဆိုပြီးနောက်ထပ် ၃ကားထွက်လာပြီး အခုက ကတော့ Part 2 ဖြစ်ပါတယ်.. ရှေ့ (၄)ကားလည်းတင်ထားပြီးသားဖြစ်ပါတယ်… ဇာတ်ကောင်တွေဖြစ်တဲ့ ဂေဘရီရယ်နဲ့ ဂျူလီယာကိုတော့ အားလုံးရင်းနှီးပြီးသားဖြစ်မယ်လို့ထင်ပါတယ်။ ဒီအပိုင်းမှာတော့ ဂျူလီယာတစ်ယောက် ဟားဗတ်ကို ဝင်ခွင့်ရသွားပေမဲ့ မမျှော်လင့်ထားတဲ့ တိုင်စာတစ်ခုကြောင့် အကုန်ပျက်စီးမလိုဖြစ်နေတာကို သူတို့အတူ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ထုံးစံအတိုင်း စောင်ကိုက်ပြီး ကြည့်ရှူခံစားကြရမှာပါ။ မင်းသားနဲ့ မင်းသမီးရဲ့ chemistry မိချက်ကတော့ အင်မတန်အားရစရာပါပဲ...
Cliffhanger (1993) ⭐TMDB: 65% User Score 🎬 #Action #Adventure #Thriller 🗓 1993 🎞 movie 🌎 #France #Italy #UnitedStatesofAmerica ⏰ 1 နာရီ 53 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sylvester Stallone ရဲ့ အောင်မြင်တဲ့ ရုပ်ရှင်ကားတွေအကြောင်းကို ပြောမယ်ဆိုရင် Cliffhanger ကိုလည်း ချန်လှပ်ထားလို့ မရပါဘူး။ မင်းသားဆို ဗလတောင့်တောင့်၊ ရုပ်ကြမ်းကြမ်းနဲ့မှ ပရိသတ်နှစ်ထောင်းအားရဖြစ်ကြတဲ့ ဟောလိဝုဒ်အက်ရှင်ကားတွေဟာလည်း ၉၀ ခုနှစ်များရဲ့ အမှတ်တရတွေလို့ ပြောရမယ်ဆိုရင်လည်း မမှားပါဘူး။ အားလပ်ရက်များမှာ အမှတ်တရပြန်ကြည့်ဖြစ်ကြမယ့် ရုပ်ရှင်စာရင်းတွေထဲမှာလည်း Cliffhanger က တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ရော်ကီတောင်တန်းကယ်ဆယ်ရေးရဲ့ ရိန်းဂျား နှစ်ယောက်ဖြစ်ကြတဲ့ ဂေ့ဘ်ဝေါ်ကာ (Sylvester Stallone) နဲ့ ဟဲလ်တက်ကာ (Michael Rooker) တို့နှစ်ယောက်ဟာ သူတို့ကိုသွေးကွဲသွားစေမယ့် အဖြစ်ဆိုးကြီးဖြစ်မလာခင်အထိ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့ကြပါတယ်။ တစ်ရက်မှာတော့ ရည်းစားနဲ့အတူတောင်တက်ရင်း ဒဏ်ရာရကာ အခက်အခဲတွေ့နေတဲ့ ဟဲလ် နဲ့ ဆယ်ရာ တို့စုံတွဲကို ဂေ့ဘ် နဲ့ ဂျက်ဆီတို့ စုံတွဲက ကယ်ဆယ်ဖို့ ဖြစ်လာခဲ့ပါတယ်။ ရာသီဥတုအခြေအနေကြောင့် ချောက်ကမ်းပါးပေါ် ကြိုးသွယ်တန်းပြီး ကယ်ဆယ်ရတဲ့ အခြေအနေမှာ ဟဲလ်က တစ်ဖက်ခြမ်းကို ချောချောမွေ့မွေ့ ရောက်သွားနိုင်ခဲ့ပေမယ့်။ ဆယ်ရာကတော့ ကြိုးသိုင်းကလစ်ပြုတ်ထွက်ပြီး ပြုတ်ကျမလိုဖြစ်နေတာကြောင့် နှစ်ယောက်ဒဏ်မခံနိုင်တဲ့ကြိုးပေါ်ကို ဂေ့ဘ်ကိုယ်တိုင် တက်ရောက်ကယ်ဆယ်ခဲ့ရပါတယ်။ ဆယ်ရာကို အမိအရဖမ်းဆုပ်ထားနိုင်ခဲ့ပေမယ့် ဆက်ပြီးတော့ တွဲခိုကာလှမ်းမတက်နိုင်ခဲ့တဲ့ဆယ်ရာဟာ ကံမကောင်းအကြောင်းမလှဘဲ ဂေ့ဘ်လက်ကနေပဲ ချောက်ထဲကို ကျသွားခဲ့ပါတယ်။ အပြစ်ရှိစိတ်ရဲ့ဖိအားပေးမှုကြောင့် ဂေ့ဘ်ဟာ ရိန်းဂျားအလုပ်ကိုရော အားလုံးကိုပါ ရှောင်တိမ်းခဲ့ပါတယ်။ ၁ နှစ်ကြာပြီးတဲ့နောက် သူ့ရဲ့ကျန်ခဲ့တဲ့ပစ္စည်းတွေကိုလိုချင်တာကလည်း တစ်ကြောင်း၊ သူ့ရဲ့ရည်းစားဂျက်ဆီကိုလည်း သူနဲ့တပါတည်း ခေါ်ခဲ့ဖို့ သိမ်းသွင်းချင်တာကြောင့် ရော်ကီတောင်တန်းကယ်ဆယ်ရေးဆီကို ပြန်လာခဲ့ပါတယ်။ သူထင်မှတ်ထားသလိုဖြစ်မလာခဲ့ဘဲ သူ ရှောင်တိမ်းခဲ့တဲ့တောင်တက်သမားဘဝကသူ့ဆီကို တစ်ဖန်ပြန်ရောက်လာခဲ့ပါတော့တယ်။ ဂျက်ဆီကလည်း သူနဲ့အတူလိုက်ဖို့ ငြင်းဆန်ခဲ့တဲ့အပြင်. တောင်ပေါ်မှာ ဒုက္ခရောက်နေတဲ့အဖွဲ့ကို ကူညီဖို့ ရာသီဥတုဆိုးရွားနေတဲ့ကြားက ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ ဟဲလ်ကို ပါဝင်အားဖြည့်ဖို့ ဂျက်ဆီက ဂေ့ဘ်ကို နားချခဲ့ပါတယ်။ သူ့ရဲ့အပြစ်ရှိစိတ်ကို ကုစားနိုင်ဖို့အတွက်အပြင် အချစ်ဆုံးသူငယ်ချင်းဖြစ်သူ ဟဲလ်နဲ့ ဆက်ဆံရေးကို ပြန်လည်ရယူနိုင်ဖို့ ဒီအဖွဲ့ကို ကယ်ဆယ်မယ့်ဂေ့ဘ်ဟာ သူ့ကို စောင့်ကြိုနေတဲ့အန္တရာယ် နဲ့ ပြဿနာအရှုပ်အထွေးတွေကိုတော့ ကြိုမမြင်နိုင်ခဲ့ပါဘူး...
Christmas in the Spotlight (2024) ⭐IMDB: 5.8/10 (601 Votes) 🎬 #Romance 🗓 2024 🎞 movie 🌎 #India #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Christmas in the Spotlight (2024) IMDb Rating (7.6) နာမည်ကြီးအဆိုတော်ဖြစ်တဲ့ ဘို၀င်ဆိုက်စ်နဲ့ ဘောလုံးမှာနာမည်ကျော်ကြားတဲ့ ဂွန်ဇိုတို့စပြီးတွဲခုတ်ကြတဲ့အခါ သူတို့ရဲ့အချစ်ဇာတ်လမ်းဟာလူသိခံလို့မရပဲဖြစ်နေပါတယ်။ သူတို့တွဲနေရင်းနဲ့ ရှေ့တိုးရမလားနောက်ဆုတ်ရမလားဆုံးဖြတ်ချက်တွေဝေဝါးလာတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ရိုမန့်တစ်ဆန်ဆန်ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Aung Kyaw ဖြစ်ပါတယ်။)...
Gabriel's Rapture (2021) ⭐IMDB: 5.7/10 (1 k Votes) 🎬 #Romance 🗓 2021 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 36 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Gabriel’s Rapture: Part I (2021) ********************************* အိပ်ရာခန်းများပါဝင်တာမို့ မိသားစုနဲ့အတူမကြည့်သင့်ပါခင်ဗျ…. ဒီဇာတ်လမ်းကတော့ သူ့ရှေ့မှာ Gabriel’s Inferno (Part – 1,2,3) ဆိုပြီး သုံးကားထွက်ထားတာရဲ့ နောက်ထွက်လာတဲ့ ကားသစ်တစ်ခုပါ။ Romance လေး ပေါ့ပေါ့ပါးပါးကြည့်ချင်တယ်ဆိုတဲ့ လူတွေကတော့ ဒီကားကို စကြည့်လည်း အချိတ်အဆက်မိမိနဲ့ ကားကောင်းတစ်ကားဖြစ်တာ ခံစားမိမှာပါ။ ပိုမိုက်တဲ့ခံစားချက်တွေကိုမှ ကြုံချင်တာဆိုရင်တော့ သူ့အရင်ထွက်ထားပြီးသား သုံးကားကို အရင်ကြည့်ပြီး ဒီဇာတ်ကားကို ပြန်ကြည့်လိုက်ပါ။ “ဒီကောင်ကွာ ဒီကောင်မကွာ” ဆိုပြီးရေရွတ်နေရလောက်အောင် ခံစားရမှာပါ။ ဒီအပိုင်းမှာတော့ ဂောဘရီရယ်ဆိုတဲ့ ပရော်ဖက်ဆာတစ်ယောက်နဲ့ ဂျူလီယာဆိုတဲ့ ကျောင်းသူလေးရဲ့ အချစ်ဇာတ်လမ်းဖြစ်ပြီး နှစ်ယောက်လုံးရဲ့ အတိတ်အဖြစ်အပျက် ကိုယ်စီတွေက သူတို့နှစ်ယောက်ရဲ့ လက်ရှိအချစ်ရေးခရီးလမ်းမှာ ဆူးငြှောင့်ခလုတ်လေးတွေ ဖြစ်လာတာကို ရိုက်ကူးထားတဲ့ကားတစ်ကားဖြစ်ပါတယ်။ ဒိုင်ယာလော့တွေက ချစ်သူနှစ်ယောက် နှစ်ကိုယ်ကြားပြောတဲ့ အပြောအဆိုတွေနဲ့ ဖွဲ့နွဲ့ထားတဲ့အတွက် ရင်သပ်ရှုမောလေးခံစားရမှာဖြစ်ပါတယ်...
