ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
The Cleaner (2022) ⭐TMDB: 0% User Score 🎬 #Action #Crime #Drama #Thriller #TVMovie 🗓 2022 🎞 tv movie 🌎 #Thailand ⏰ 1 နာရီ 27 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Cleaner (2023) IMDb Rating (7.8) နာမည်ကျော် Crime drama series တွေဖြစ်တဲ့ The Cleaner တို့ The Cleaning Ladyတို့နဲ့ plotခပ်ဆင်ဆင် ထိုင်းမူဘီလေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။ မကြာသေးခင်က ဇာတ်သိမ်းသွားတဲ့ အချစ်ရဆုံးချစ်သူဇာတ်လမ်းတွဲထဲက ဗိုလ်ကလေးခွန်ချတ်နေရာက သရုပ်ဆောင်ခဲ့တဲ့ Mean Phiravichကို main leadအဖြစ်နဲ့ မြင်တွေ့ရမယ့် ဇာတ်ကားကောင်းလေးဖြစ်လို့ အခုပဲ ရှုစားလိုက်ရအောင်ပါ။ သာမန်လူအနေနဲ့တော့ သေခြင်းတရားဆိုတာ မှောင်မိုက်နက်ရှိုင်းပြီး မှန်းဆမရတဲ့အရာဆိုပေမဲ့ အလောင်းဖျောက်တဲ့သူအတွက်တော့ သေခြင်းတရားဆိုတာ ပျောက် ကွယ်သွားတာသက်သက်ပဲတဲ့။ မတရားမှုတွေ လုပ်နေတာကို ရပ်ကြည့်မနေနိုင်တဲ့ သူနာပြုအကူဝေးတစ်ယောက် ဆေးရုံရဲ့ ဆေးဝါးမသမာမှုပရောဂျက်အကြောင်းကို လိုင်းပေါ်တင်လိုက်ရာကနေ လက်ရှိအလုပ်လည်းပြုတ်ပြီး ဆေးလောကရဲ့ဘလက်လစ်တင်တာပါခံလိုက်ရပါတယ်။ ဒီလိုနဲ့ အလုပ်သစ်ရှာနေတုန်းမှာ ကြေးစားတစ်ယောက်က အလောင်းရှင်းလင်းရေးအလုပ်အတွက်ကမ်းလှမ်းလာခဲ့ပြီး သူပထမဆုံးရှင်းရတဲ့အလောင်းကတော့ သူ့ကို အလုပ်ဖြုတ်ခဲ့တဲ့ ဆေးရုံပိုင်ရှင်ရဲ့သားပါပဲ။ ဒါပေမဲ့ လူတွေသိထားကြတဲ့ သာမန်ဘဝကဝေးဆိုတာကတော့ ဘာလာလာပြင်တတ်တဲ့ တောက်တိုမယ်ရ အိမ်တော်ထိန်းဝေးပါပဲ။ ဘာပဲပျက်ပျက် တစ်ရုံးလုံးက လာလာပြင်ခိုင်းနေတဲ့ ခိုင်းဖတ်လေးဝေးဖြစ်နေတာပေါ့။ ဒီလို လာလာအကူအညီတောင်းတဲ့ထဲ ဖိုင်ဆိုတဲ့ကောင်မလေးလည်းအပါအဝင်ပေါ့။ သူ့ရဲ့လက်ရှိအလုပ်နဲ့ အချစ်ရေးဟာ ပြဒါးတစ်လမ်း သံတစ်လမ်းဆိုပေမဲ့ ဝေးတစ်ယောက် ဖိုင်နဲ့အချစ်ခရီးကို ရှေ့ဆက်ဖို့ရွေးချယ်လိုက်ရာကနေ ပြဿနာတွေတက်လာ ချိန်မှာတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mary Christ ဖြစ်ပါတယ်။)...
Home Sweet Christmas (2024) ⭐TMDB: 53% User Score 🎬 #Drama #TVMovie #Comedy #Romance 🗓 2024 🎞 movie 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 *”Home Sweet Christmas”* ဇာတ်လမ်းမှာ Candace Cameron Bure က Sophie အဖြစ် သရုပ်ဆောင်ပြီး Cameron Mathison က Sam အဖြစ်ပါဝင်ထားပါတယ်။ Sophie ဟာ တရားလွှတ်တော်မှာ အောင်မြင်တဲ့ ရှေ့နေတစ်ဦးဖြစ်ပြီး မိသားစု အိမ်ယာခြံတစ်ခုကို အမွေဆက်ခံရတဲ့အခါ သူ့ရဲ့မွေးရပ်မြေကိုပြန်လာရပါတယ်။ အဲဒီမှာ သူ့ရဲ့ငယ်ဘဝသူငယ်ချင်း Sam နဲ့ပြန်လည်တွေ့ဆုံပြီး ချစ်ခြင်းမေတ္တာနဲ့ ခရစ်စမတ်မုဒ်ကို ပြန်လည်တွေ့ရှိသွားကြပါတယ်။ ဒီဇာတ်လမ်းဟာ ခရစ်စမတ်ပွဲတော်ရဲ့ ပျော်ရွှင်မှုနဲ့ ချစ်ခြင်းမေတ္တာကို ပေါင်းစပ်ထားတဲ့ အေးချမ်းတဲ့ဇာတ်လမ်းဖြစ်ပြီး မိသားစုနဲ့အတူ ကြည့်ရှုဖို့ အကောင်းဆုံးဖြစ်ပါတယ်။...
Today Again (2023) ⭐IMDB: 6.0/10 (133 Votes) 🎬 #Comedy #Drama #Romance 🗓 2023 🎞 movie 🌎 #Italy ⏰ 1 နာရီ 42 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Today Again (2023) IMDb Rating (6.8) အခုခေတ်နည်းပညာတွေကို သဘောမကျတဲ့ အူကြောင်ကြောင် စိုးရိမ်လွယ်တဲ့ 19 နှစ်အရွယ်ကောင်လေး Marco က သူငယ်ချင်းတွေနဲ့ သူ့တစ်ယောက်တည်းကမ္ဘာမှာ အေးဆေးနေတတ်တဲ့သူဖြစ်တယ်။ ဒါပေမဲ့ ကံကြမ္မာက သူ့ကို Aria လို့ခေါ်တဲ့ ပစ္စုပ္ပန်ကိုပဲတွေးပြီး ဘဝကို သွက်သွက်လက်လက်နေထိုင်တတ်တဲ့ ကောင်မလေးနဲ့တွေ့အောင်လုပ်ပေးခဲ့ပြီးနောက်မှာတော့ သူ့ဘဝ အများကြီးပြောင်းလဲလာခဲ့တယ်။ Aria က စာညံ့တဲ့ Marco ကို အထက်တန်းစာ သင်ပေးရင်း သူတို့နှစ်ယောက်အတူတူ အချင်းချင်းရဲ့ကြောက်ရွံမှုတွေကို နှစ်သိမ့်ပေးပြီး သံယောဇဥ်တွယ်လာခဲ့ကြတယ်။ ဒီဇာတ်လမ်းလေးက ကိုယ့်ကိုယ်ကိုယ် ရှာဖွေတွေ့ရှိမှု၊ ချစ်ခြင်းမေတ္တာနဲ့ “နေ့တစ်နေ့ချင်း ဖြတ်သန်းဖို့” ရဲ့ အရေးပါမှုကို ဖော်ပြထားပြီး ရယ်စရာအလွဲတွေနဲ့ နှလုံးသားနွေးထွေးမှုတွေပါ ရသစုံအောင်ပေးစေမယ့်အီတလီ အချစ်ဟာသ ဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)...
Christmas with the Singhs (2024) ⭐TMDB: 56% User Score 🎬 #Comedy #Family #Romance #TVMovie 🗓 2024 🎞 movie 🌎 #UnitedStatesofAmerica #Canada ⏰ 1 နာရီ 24 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Christmas with the Singhs ဇာတ်ကားလေးကတော့ ခရစ်စမတ်ရဲ့ ပျော်ရွှင်ဖွယ်အချိန်တွေနဲ့ မတူကွဲပြားတဲ့ ရိုးရာယဉ်ကျေးမှုတွေကို ပေါင်းစပ်ပြီးရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ကားပါ။ အဓိကဇာတ်ဆောင် Anuja Joshi နဲ့ Benjamin Hollingsworth တို့ရဲ့ ခရစ်စမတ် အတူဖြတ်သန်းရင်း မိသားစုအကြား နားလည်မှုလွဲတာတွေကို တဖြည်းဖြည်းနဲ့ဖြေရှင်းတာကို ပေါ့ပေါ့ပါးပါးရိုက်ကူးဖော်ပြထားပါတယ်။ ရုပ်ရှင်ကတော့ ဟာသ၊ ချစ်ခြင်းမေတ္တာနဲ့ မိသားစုတန်ဖိုးကို ပျော်ရွှင်စရာပုံစံလေးနဲ့ရိုက်ထားပြီ ပေါ့ပေါ့ပါးပါးနဲ့ စိတ်ချမ်းသာစေမှာပါ ။ ကြည့်ရင်း ပျော်စရာကောင်းတဲ့ ခရစ်စမတ်ရဲ့ အလှတွေကိုလည်းရိုက်ကူးထားတဲ့အတွက်ကြောင့် မိသားစုနဲ့နွေးထွေးစွာကြည့်လို့ရမယ့်ဇာတ်ကားလေးပါ။...
La belle bleue (2023) ⭐IMDB: 5.1/10 (9 Votes) 🎬 #Drama #Comedy 🗓 2023 🎞 movie 🌎 #France ⏰ 1 နာရီ 39 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 La Belle BleueIMDb (5.4/10)======================== ဒီကားလေးကတော့ ၂၀၂၃ ခုနှစ်ကမှ ရိုက်ကူးထားတဲ့ ပြင်သစ်ကားလေးပါ။ လူငယ်တစ်ယောက် တိုက်ခန်းမှာ One night stand ဖို့online ကနေ ငယ်ရွယ်သွက်လက်တဲ့ စော်လေးနဲ့ Date တာကနေဇာတ်လမ်းကို စပါတယ်။ အခုခေတ်မှာ ဖြစ်တတ်တဲ့ relationship မျိုးကိုကောင်းကောင်းရိုက်ပြထားတဲ့အပြင် ဇာတ်လမ်းနဲ့သရုပ်ဆောင်ကောင်းတာကြောင့်လဲ ရုပ်ရှင်က အသိအမှတ်ပြုခံထားရပါတယ်။ One Night Stand တယ်ဆိုတာ အလွယ်လေးပြီးသွားမယ့် ကိစ္စလား၊ဘာတွေဆက်ဖြစ်နိုင်သလဲ သိရအောင် ရုပ်ရှင်လေးကို ရှုစားလိုက်ရအောင်...
Parents for Christmas (2024) ⭐TMDB: 0% User Score 🎬 #Drama #Family 🗓 2024 🎞 tv movie 🌎 # ⏰ 1 နာရီ 17 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အမ်မာနဲ့ ဘေလီတို့ကတော့ မိဘမဲ့ဂေဟာမှာနေကြရတဲ့ မိဘမဲ့ကောင်မလေးနှစ်ယောက်ပါ။ ခရစ္စမတ်အားလပ်ရက်ရာသီမှာ ဂေဟာက ကလေးအများစုကို မွေးစားသွားကြပေမဲ့ သူတို့ကိုတော့မွေးစားမဲ့မိဘမရှိတာ သုံးနှစ်ကျော်သွားခဲ့ပါပြီ။ ခရစ္စမတ်ကာလလေးကို အိမ်အစစ်မှာဖြတ်သန်းချင်တဲ့ သူတို့ရဲ့အိပ်မက်လေးကလည်း ပျောက်ကွယ်ပြီး စိတ်မပျော်ရွှင်ဖြစ်နေခဲ့ကြပါတယ်။ ခရစ္စမတ်ကာလမရောက်ခင်မှာ ဂေဟာကို အရီဇိုးနားဆိုတဲ့ ခပ်ဆိုးဆိုးကောင်မလေးတယောက် ရောက်လာပြီး အမ်မာတို့နဲ့ အဖွဲ့ကျသွားခဲ့ပါတယ်။ ဒီလိုနဲ့ မွေးစားမခံရတဲ့ သူတို့သုံးယောက်အတွက် ဂေဟာမှူးပက်ထရစ်က မွေးမြူရေးခြံကိုခေါ်သွားပေးဖို့ ကတိပေးခဲ့တာကနေစပြီး သူတို့သုံးယောက်ရဲ့ အနာဂတ်ကိုပြောင်းလဲပေးမဲ့ ကိစ္စတွေဆက်တိုက်ဖြစ်လာခဲ့ပါတော့တယ်။ အမ်မာ၊ ဘေလီနဲ့ အရီဇိုးနာတို့ရဲ့ ခရစ္စမတ်ဆုတောင်းဖြစ်တဲ့ အိမ်အစစ်လေးမှာ မိသားစုနဲ့အတူဖြတ်ကျော်ဖို့ဆိုတာရော တကယ်ဖြစ်လာမလားဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။...
Porch Pirates (2024) ⭐TMDB: 30% User Score 🎬 #Comedy #Drama #Family 🗓 2024 🎞 movie 🌎 # ⏰ 1 နာရီ 46 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကတော့ Comedy Crime Family အမျိုးအစားဖြစ်ပါတယ်။ ခရစ်စမတ်ကာလအတွင်း မိသားစုနဲ့ကြည့်လို့ကောင်းမဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ခရစ်စမတ်လက်ဆောင်တွေကို ခိုးယူနေတဲ့ သူခိုးအဖွဲ့တစ်ခုကို ဂျက်ခ်တိုင်လာ မားကို့စ်ဖာနန်ဒက်တို့စုံထောက်နှစ်ယောက်ဖမ်းဖို့ကြိုးစားတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဇာတ်လမ်းအချိုးအကွေးလေးနဲ့ ကြည့်ရှုရမဲ့ခရစ်စမတ်ဇာတ်ကားကောင်းတစ်ခုပါ...
Debbie Macomber's Joyful Mrs. Miracle (2024) ⭐IMDB: 6.8/10 (689 Votes) 🎬 #Comedy #Romance #TVMovie 🗓 2024 🎞 tv movie 🌎 #Canada ⏰ 1 နာရီ 24 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အရွယ်ရောက်ပြီး ညီအစ်ကို မောင်နှမ သုံးယောက် (Lamothe-Kipnes၊ Dowden၊ Lloyd-Jones) သည်် သူတို့ရဲ့ ကွယ်လွန်သွားတဲ့ အဖွားရဲ့ ဆန္ဒကို ဖြည့့််် ဆည်းဖို့အတွက် ခရစ္စမတ်တွင် သူတို့ရဲ့ငယ်ဘဝက အိမ်လေးကို ပြန်လာပြီးတော့ ကုမ္ပဏီအတွက််ဆက်ခံသူအသစ်ကို ရွေးဖို့အတွက် မစ္စစ် Miracle လို့လည်းလူသိများတဲ့ Annie Merkel အိမ်ခြံမြေစီမံကိန်းရေးဆွဲသူအဖြစ်ပါဝင်ပြီး မိသားစုအတွက်် သူတို့ရဲ့ သံယောဇဉ်ကြိုးတွေပြန်အဆင်ပြေသွားစေဖို့အတွက် သူ့ရဲ့လှည့်ကွက်လေးတွေကိုသုံးပြီးတော့ ညီကိုမောင်နှမများပြန်လည်အဆင်ပြေရန််ကြိုးပမ်းပေးပါတော့တယ်။ Rachel Boston၊ Pascal Lamothe-Kipnes၊ Tanner Novlan၊ Matthew James Dowden နှင့် Max Lloyd-Jones တို့ ပါဝင်သရုပ်ဆောင်ထားသည်။...
The Legend of Hercules (2014) ⭐IMDB: 4.3/10 (57 k Votes) 🎬 #Action #Adventure #Fantasy 🗓 2014 🎞 movie 🌎 #UnitedStates #Bulgaria #Germany #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Legend of Hercules (2014) မင်းသားချော Kellan Lutz ရဲ့ တောင့်တင်းတဲ့ ဘော်ဒီပုံစံတွေနဲ့ ရိုက်ကူးထားတဲ့ ဟာကျူလီရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ဝေဖန်ရေးဆရာတွေအကြိုက်မဟုတ်ပေမယ့် ရောမခေတ်အက်ရှင်ဇာတ်ကြမ်းကြိုက်သူတွေအတွက်တော့ အဆင်ပြေမယ့်ကားဖြစ်ပါတယ်။ ဒဏ္ဍာရီလာ ဟာကျူလီဇာတ်လမ်းကို ပုံဖော်ထားတာဖြစ်ပြီး ဟာကျူလီတယောက် ဘယ်လောက်ထိ အားကောင်းမောင်းသန်တယ်ဆိုတာ ကြည့်ကြရမှာပါ။ 300 ဇာတ်ကားဆန်ဆန် ရှယ်မိုက်တဲ့တိုက်ပွဲခန်းတွေနဲ့ ကြည့်ပျော်တဲ့အက်ရှင်ကားမလို့ 4K Quality ထိ တင်ဆက်လိုက်ပါတယ်။...
Boy Kaldag (2024) ⭐IMDB: 4.3/10 (20 Votes) 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 38 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Boy Kaldag (2024) အားလပ်ရက် ရာသီအတွက်အထူးထွက်လာတဲ့ Vivamax ရဲ့ဇာတ်လမ်းအသားပေးဇာတ်ကားသစ်ဖြစ်ပါတယ်။ မင်းသမီးဇာတ်တွေမှာ အရံအပို့နေရာကပါလေ့ရှိတဲ့ Benz Sangalang ကိုခေါင်းဆောင်မင်းသားနေရာကပွဲထုတ်ထားတာပါ။ ဒတ်စ်ဟာ သူမတူအောင်ကြီးမားတဲ့ ယောက်ျားအင်္ဂါကြီးကိုပိုင်ဆိုင်ပြီး အဲ့ဒီအင်္ဂါကြီးကြောင့်ပဲ တစ်သက်လုံးဒုက္ခရောက်ခဲ့ရတဲ့အတွက် ကျိန်စာသင့်နေတယ်လို့ ယူဆမိလာတဲ့အထိဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီအင်္ဂါကြီးနဲ့ထိတွေ့ဆက်ဆံဖူးသူမှန်သမျှဟာ ရက်ပိုင်းအတွင်းသေဆုံးလေ့ရှိတဲ့အတွက်ကြောင့်ပါပဲ။ တစ်နေ့တော့ဘွဲ့ရပြီးစ အလုပ်လက်မဲ့ဖြစ်နေတဲ့ သူတို့သူငယ်ချင်းသုံးယောက်ဟာ တစ်တော့ရဲ့ လော်အသားပေးထရန်းတစ်ခုကို ဝင်ဂျွိုင်းပြီးတင်လိုက်ရာကနေ သူ့ရဲ့ ဧရာမလော်ကြီးကြောင့်နေ့ချင်းညချင်းနာမည်ကြီးသွားပါတော့တယ်။ အဲ့ဒီချိန်မှာ Sssshhh! ဆိုတဲ့ adult talk show က Host ဖြစ်သူ Salome Salvi ကဧည့်သည်အဖြစ်ဖိတ်ခေါ်ခဲ့ပြီး သူ့ကိုအင်တာဗျူးရင်း သူ့ဘ၀ဇာတ်ကြောင်းကိုပရိ သတ်တွေနဲ့မိတ်ဆက်ပေးခဲ့ရာကနေ သူကျောင်းတုန်းကတည်းကကြိတ်ကြွေခဲ့တဲ့ ခရပ်ရှ်လေးနဲ့ပြန်ဆုံခဲ့တဲ့နောက်မှာတော့..။ Dark Comedy အမျိုးအစားဖြစ်ပြီး အကြောင်းအရာကိုက အခွီအနှောက်ဖြစ်တဲ့အတွက် တကားလုံး သဘာ၀ကျကျနဲ့ရယ်နေရတာပါ။ ဒါ့အပြင်ပိုအားရစရာကောင်းတာကတော့ Angeli Khang တို့ Azi Acosta တို့လို Vivamax ရဲ့ဂန္ဓဝင်မမကြီးတွေအပြင် ဖန်သားပြင်ထက်မှာ မတွေ့ရတာ ကြာနေတဲ့ တစ်ခြားသော vivamax မင်းသမီးတွေအများကြီးကပါ cameo ပါဝင်ထားပါသေးတယ်။ ရှုစားကြည့်ပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)...
Runt (2024) ⭐IMDB: 6.6/10 (367 Votes) 🎬 #Adventure #Family #Comedy #Drama 🗓 2024 🎞 movie 🌎 #Australia ⏰ 1 နာရီ 32 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ခုတခေါက်တင်ဆက်ပေးမယ့် ရုပ်ရှင်ကားလေးကတော့ IMDB Rating 7 ထိ ရထားတဲ့ Family/Adventure အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်… ကြည်နူးစရာ ကြေကွဲစရာ ဝမ်းသာစရာ ဝမ်းနည်းစရာတွေကို ပေါင်းစပ်ရိုက်ကူးထားတဲ့ ရသစုံကားလေးဖြစ်လို့ ရုပ်ရှင်ချစ် ပရိသတ်တွေ သဘောကျနှစ်ခြိုက်မယ့်ကားလေးဖြစ်ပြီး ချစ်စရာ အာဝုလေးတွေလည်းပါလို့ အာဝုချစ်သူပရိသတ်များလည်း လက်လွှတ်ဖို့မသင့်တဲ့ရုပ်ရှင်ကားလေးတစ်ကားဖြစ်ပါတယ်… ဩစတေးလျနိုင်ငံ Upson Downs မြို့ငယ်လေးက Shearers မိသားစုဟာ အခြားမြို့ခံများနည်းတူ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုကြသူတွေဖြစ်ပါတယ်… ရေရှားပါးသဖြင့် ချောင်းရေကိုသာ အဓိကအားကိုးနေရတဲ့ မြို့ကလေးဟာ ဓနရှင်သူဌေးကြီး Earl ရဲ့ ကုပ်သွေးစုပ်မယ့်အကြံနဲ့ တည်ဆောက်ခဲ့တဲ့ ရေကာတာကြောင့် ရှားရှားပါးပါးမိုးရေကိုသာ မျှော်ကိုးရပါတော့တယ်… ထို့နောက်မှာတော့ ရေရှားပါးကာ စိုက်ပျိုးရေးမဖြစ်ထွန်းဘဲ တိရစ္ဆာန်များစားကျက်ရှားပါးလာမှုကြောင့် စားဝတ်နေရေးကျပ်တည်း လာတဲ့ Upson Downs အရပ်က Shearers မိသားစုအပါအဝင် ဒေသခံလယ်သမားမိသားစုများဟာ သူဌေးကြီး Earl အဖို့ ၎င်းတို့ရဲ့ လယ်မြေတွေကိုဈေးချိုချိုနဲ့ ဝယ်ယူပြီး ချမ်းသာသည်ထက် ချမ်းသာအောင် အမြတ်ထုတ်စရာ သားကောင်များဖြစ်လာပါတော့တယ်… တချိန်တည်းမှာပဲ စီးပွားရေးကျဆင်းကာ ဘဏ်ကြွေးတွေဆင့်ဆင့် လာတဲ့ မိသားစုအကျပ်အတည်းကို သိပြီး ကူညီချင်စိတ်အပြည့် ရှိနေတဲ့ Shearers မိသားစုရဲ့ သမီးငယ်လေး Annie ဟာ အခက်အခဲကို ဖြေရှင်းဖို့ နည်းလမ်းတွေစဉ်းစားနေခဲ့ပါတယ်… Woolarama ပွဲတော်ရက်မှာတော့ Annie နဲ့ သူ့ခွေးလေး Runt တို့ဟာ အစီအစဉ်မရှိဘဲ ခွေးပြိုင်ပွဲဝင်ဖြစ်သွားရာမှ Runt ရဲ့အစွမ်းအစနဲ့ မိသားစုအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ လမ်းစမြင်သွားတဲ့ Annie ဟာ… Shearers မိသားစုကို သူဌေးကြီး Earl လက်ကကယ်တင်နိုင်ကြမလား Shearers မိသားစုတို့ ဘယ်လိုဖြစ်သွားမလဲ…… Upson Downs မြို့ကလေးက လယ်မြေတွေရော သူဌေးကြီး Earl လက်ထဲပဲ အကုန်ရောက်သွားမလားဆိုတာ ကိုတော့ Runt ဆိုတဲ့ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားလိုက်ကြပါဦးခင်ဗျာ...
Last Shift (2014) ⭐IMDB: 5.8/10 (25 k Votes) 🎬 #Horror #Mystery 🗓 2014 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Last Shift (2014) IMDb Rating (5.8) / Rotten Tomatoes (100%) ရဲအရှာရှိပူပူနွေးနွေးဖြစ်ခါစ ဂျက်စီကာလော်ရန်ဆိုတဲ့ကောင်မလေးဟာ သူ့ရဲ့ပထမဆုံးအလုပ်ဆင်းတဲ့ညမှာတင် ရဲဌာနအဟောင်းတစ်ခုကိုစောင့်ကြပ်ဖို့ တာ၀န်ပေးခံခဲ့ရပါတယ်။ ဖြစ်ချင်တော့ အဲ့ဒီညမှာပဲ မူမမှန်တဲ့ဖြစ်ရပ်တွေအပြင် ဆိုးဆိုးဝါးဝါးလူသတ်မှုဖြစ်ရပ်တစ်ခုကိုကြားလိုက်ရတဲ့အခါ အဲ့ဖြစ်ရပ်က ဘာလဲ တရားခံကရော တစ်ကယ်သေသွားတာလား? ဆုံးသွားတဲ့အဖေဖြစ်သူနဲ့ရော ဘယ်လိုဆက်စပ်နေသလဲ? စတာတွေကို ခြောက်ခြားဖွယ်ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Aung Kyaw ဖြစ်ပါတယ်။)...
Another Happy Day (2023) ⭐IMDB: 5.1/10 (97 Votes) 🎬 #Comedy #Drama 🗓 2023 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2023 မှာထွက်ရှိထားတဲ့ Comedy, Drama ရုပ်ရှင် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ဒါရိုက်တာ Nora Fiffer ရိုက်ကူးကာ Lauren Lapkus, Jean Eile, Marilynn Dodds Frank တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ Joanna ဟာ ကလေးမီးဖွားပြီး အလုပ်ကနေ ခွင့်ယူထားတဲ့ အမေသစ်တစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာကျောင်းဆင်းတစ်ယောက်ဖြစ်ပြီး ကုမ္ပဏီတစ်ခုမှ Graphic ဆွဲနေတဲ့ Joanna ဟာ သူ့ရဲ့ ကလေးထိန်းကျောင်းရေးပိုင်း မှာတော့ မကျွမ်းကျင်ပါဘူး။ အဲဒီအပြင်ကို ခွင့်ယူထားတဲ့အလုပ်ကနေ အထုတ်ခံလိုက်ရတဲ့အတွက် အဖော်တစ်ယောက် ပြင်းပြင်းထန်ထန် လိုချင်နေတဲ့ Joanna တစ်ယောက် တစ်မြို့ထဲ နေပါတယ်ဆိုတဲ့ သူသေချာမသိတဲ့ အဒေါ်ကို သွားရှာပါတော့တယ်...
A Novel Noel (2024) ⭐IMDB: 6.6/10 (877 Votes) 🎬 #Romance #TVMovie 🗓 2024 🎞 tv movie 🌎 #Canada ⏰ 1 နာရီ 25 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Novel Noel (2024) IMDb Rating (6.6) ခရစ္စမတ်နားနီးပြီးဆိုတော့ ခရစ္စမတ်ဇာတ်ကားအသစ်စက်စက်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ November 21 တုန်းကမှထွက်ရှိထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ။ ထုံးစံအတိုင်း Romance ဇာတ်ကားလေးဖြစ်ပြီး ဇာတ်အိမ်ခိုင်ခိုင်မာမာလေးနဲ့ Rating လည်းအသင့်အတင့်နဲ့ ကြည်လို့ကောင်းတဲ့ဇာတ်ကားလေးတစ်ကားပါ။ ဇာတ်လမ်းလေးကတော့ နယူးယောက်မြို့ရဲ့ စာအုပ်ထုတ်ဝေရေးကုမ္ပဏီတစ်ခုမှာ အောင်မြင်တဲ့အယ်ဒီတာတစ်ယောက်ဖြစ်တဲ့ ဟာပါ ဆိုတဲ့မိန်းကလေးဟာ အလုပ်မှာမွန်းကြပ်ပြီး သူ့ရဲ့အတွေးအခေါ် အိုင်ဒီယာတွေကို တဖန်ပြန်ပြီးခံစားမိလာအောင် ခရစ္စမတ်အားလပ်ရပ်ကို စိန့်အိုဗ်စ် ဆိုတဲ့မြို့လေးတစ်မျိုးကိုထွက်လာခဲ့ပါတယ်။ အဲဒီမှာပဲရွက်ပုန်းသီးစာရေးဆရာ ဆော်ရာ နဲ့တွေ့ဆုံခဲ့ပြီး အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ဘယ်လိုမျိုးလှလှပပဖန်တီးကြမလဲဆိုတာကိုတော့ ရင်ခုန်ခံစားကြည့်လိုက်ကြပါဦးလို့ တိုက်တွန်းလိုက်ပါတယ်။ (ဒီဇာတ်ကားလေးကို အညွှန်းရေးပြီးဘာသာပြန်ပေးထားတာကတော့ Loe ပဲဖြစ်ပါတယ်။)...
Banel & Adama (2023) ⭐IMDB: 6.3/10 (668 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #France #Senegal #Mali #Qatar ⏰ 1 နာရီ 27 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ အာဖရိကမှာရိုက်ထားပေမယ့်အာဖရိက အချစ်ကားလို့လည်း အသေအချာ ပြောလို့မရ။ ရိုးရာယဥ်ကျေးမှုကို အသားပေးထားတာလဲ မဟုတ်ပြန်။ထူးထူးခြားခြား ဒီကြားထဲက ရိုးရာယဥ်ကျေးမှု နဲ့ လူငယ်နှစ်ေယာက်ရဲ့ချစ်ခြင်းကြားက ပဋိပက္ခကို စိတ်၀င်စားဖို့ကောင်းအောင် ဖော်ပြပေးထားတာမျိုးပါ။ လက်တွေ့ ဘ၀မှာလည်း အခုအချိန်ထိ ဖြစ်လေ့ဖြစ်ထရှိတဲ့ လွဲမှားတဲ့ရိုးရာယဉ်ကျေးမှု အချို့ကြောင့် ပတ်၀န်းကျင်၊မိသားစုနဲ့ ချစ်ရတဲ့ သူတွေ ဒုက္ခကြုံကြရပါတယ်။ ဒီကားထဲကအလွန်ချစ်ကြတဲ့ ဇနီးမောင်နှံနှစ်ဦးဖြစ်တဲ့ ဘက်နဲ နဲ့ အက်ဒမာလည်းဒီလို ရိုးရာယဉ်ကျေးမှု ကြောင့် ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေကိုဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ။ ရိုးရာကို တွန်းလှန်နိုင်မလား။ သူတိူ့ချစ်ခြင်းပဲ ပြိူကွဲသွားမလားဆိုတာကို စိတ်၀င်တစားကြည့်ရင်းတွေးစရာ ဆွေးစရာလေးတွေ ပေးသွားမယ့် ကားကောင်းလေးတစ်ကားဖြစ်တာကြောင့် အခုပဲ ကြည့်ရှုလိုက်ကြရအောင်...
Three Wiser Men and a Boy (2024) ⭐IMDB: 7.0/10 (1 k Votes) 🎬 #Comedy #Drama #TVMovie 🗓 2024 🎞 tv movie 🌎 #Canada #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Three Wiser Men and a Boy (2024) IMDb Rating (7.0) ဒီဇင်ဘာလခရစ်စမတ်ပွဲတော်ရက်လည်းနီးလာပါပြီ ဘာကျွေးကြမလဲ ဘာတွေလက်ဆောင်ပေးကြမလဲဆိုပြီး ကြိုပျော်တဲ့သူတွေလည်းကြိုပျော်ကုန်ကြပါပြီ ။ ဒီအချိန်မှာ ခရစ်စမတ်အကြောင်းအထူးပြုရိုက်ထားတဲ့ ဇာတ်ကားလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ လုခ် ဘရန်နာ( အင်ဒရူးဝေါ့ကာ) တေလာဘရန်နာ( တိုင်လာဟိုင်းစ်)နဲ့စတီဖန်ဘရန်နာ(ပေါလ်ကမ်ဘဲလ်)တို့က ညီအကိုသုံးယောက်ဖြစ်ပါတယ်။ လုခ်ကမီးသတ်ဌါနအကြီးအကဲဖြစ်ပြီးသူနဲ့သူ့ဇနီးကယ်ရိုလင်းမှာချစ်စရာကောင်းတဲ့သားလေးသောမတ်စ်ရှိပါတယ်။ သောမတ်စ်က ကျောင်းမှာ ခရစ်စမတ်အတွက်ကပြမယ့် ပြဇာတ်ထဲမှာပါနေပါတယ်။ စတီဖန်မှာချစ်သူ ဆူဇီ ရှိပြီးစတီဖန်ကစိတ်ဖိစီးမှုလျော့ချနိင်မယ့်နည်းလမ်းတွေအကြောင်းရေးတဲ့စာရေးဆရာဖြစ်ပါတယ်။ တေလာကတော့ ဂိမ်းတွေကိုဖန်တီးသူဖြစ်ပြီး သူ့ရဲ့ဂိမ်းကိုအပြတ်လာဝယ်ပေမယ့်မရောင်းလိုက်တဲ့အခါ ငွေကြေးပြတ်လပ်ပြီးနေတဲ့ တိုက်ခန်းကပါထွက်ပေးရတဲ့ အခြေအနေဆိုက်နေပါတယ်။ သူတို့အမေဘာဘရာ(မာဂရက်ကောလင်း)ကသူတို့ကို သူ့အိမ်မှာညစားဖို့ခေါ်လိုက်ပါတယ်။ မထင်မှတ်ထားတဲ့ဟာကသူ့အမေကသူတို့ကို ချစ်သူရွိုင်နဲ့မိတ်ဆက်ပေးလိုက်တာပါ။ နေစရာပျောက်နေတဲ့တေလာတိုက်တွန်းတာနဲ့ ညီအကိုသုံးယောက်နဲ့သောမတ်စ်တို့ဘာဘရာ့အိမ်မှာ တစ်ပါတ်နေဖို့အကြောင်းဖန်လာပါတယ်။ သောမတ်စ်ဆီကိုကွတ်ကီးမုန့်တွေဝယ်လာပို့တဲ့တေလာကကျောင်းကစန္ဒယားဆရာမလေးနဲ့ရင်းနှီးသွားပါတယ်။ မထင်မှတ်ပဲ တေလာနဲ့စတီဖန်ကြောင့်ကျောင်းက ခရစ်စမတ်အထိမ်းအမှတ်ပြဇာတ် အခင်းအကျင်းနဲ့အဝတ်အစားတွေကိုဖျက်ဆီးသလိုဖြစ်သွားပါတယ်။ သူတို့ငယ်ကတည်းကြောက်ရတဲ့ကြောက်ရတဲ့ကျောင်းအုပ်ကြီးက သူတို့ညီအကိုသုံးယောက်ကိုပြဇာတ်ကိုအောင်မြင်အောင်ပြန်လုပ်ဖို့ တာဝန်ပေးလိုက်ပါတယ်။ ညီအကိုသုံးယောက်ဘာတွေလုပ်ကြမလဲပြဇာတ်ကအောင်မြင်မလား ဘယ်သူတွေကသူတို့ကိုကူညီမလဲ ညီအကိုနှစ်ယောက်ရဲ့အချစ်ရေးနဲ့မိခင်ကြီးရဲ့အချစ်ရေး အဆင်ပြေမလားဆိုတာတော့ဆက်ကြည့်ရှုနိုင်ပါတယ်။ အတွေးအခေါ်ပါတဲ့ဒိုင်ယာလော့တွေကလည်း ဆွဲဆောင်မှုရှိပါတယ်။ မိသားစုရဲ့ ခရစ်စမတ်ရိုးရာကိုလည်းတွေ့ရမှာဖြစ်သလိုခရစ်စမတ်မှာလုပ်တတ်ကြတဲ့အနောက်နိုင်ငံတွေရဲ့ ရိုးရာလေးတွေကိုပါသိရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်က ၂၀၂၂ ကရိုက်ကူးခဲ့တဲ့ ThreeWise Men and a Boy ဇာတ်ကားရဲ့အဆက်ဖြစ်ပါတယ်။ ဒါရိုက်တာက တယ်ရီအင်ဂရမ်ဖြစ်ပါတယ်။ Hallmark Channel ကထုတ်လွှင့်တာဖြစ်ပြီးချန်နယ်ပရိသတ်တွေကြိုက်ကြတဲ့မိသားစုဇာတ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ khin sakar khin ဖြစ်ပါတယ်။)...
Gabriel's Inferno: Part Three (2020) ⭐IMDB: 6.5/10 (2 k Votes) 🎬 #Romance #Drama 🗓 2020 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Gabriel’s Inferno: Part III ************************* Gabriel’s Inferno ဆိုတဲ့နာမည်ကိုတော့ မသိတဲ့သူ တော်တော်လေးနည်းမယ်လို့ထင်ပါတယ်… ကနေဒါလူမျိုး စာရေးဆရာတစ်ယောက်ရဲ့ လက်ရာဖြစ်တဲ့ ဒီဇာတ်လမ်းဟာဆိုရင်…. တက္ကသိုလ်တစ်ခုရဲ့ ပါမောက္ခဖြစ်သူ ဂေဘရီယယ် အန်မာဆင်န် နှင့် ဘွဲ့လွန်ကျောင်းသူလေး ဂျူလီယန် တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ကျောရိုးပြုပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်… အခုဇာတ်လမ်းက နောက်ဆုံးထွက်ရှိထားတဲ့ အပိုင်းဖြစ်ပြီး အရှေ့မှာ Gabriel’s Inferno 1 နဲ့ 2 ဆိုပြီး ၂ ပိုင်းထွက်ထားပြီးသား ဖြစ်ပါတယ်…. ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ပြီးခဲ့တဲ့ Gabriel’s Inferno မှာ အခက်အခဲတွေအများကြီး ကျော်ဖြတ်ပြီးတဲ့နောက် ဂေဘရီယယ် နဲ့ ဂျူလီယန် ဟာ ချစ်သူရည်းစားဘ၀ကိုရောက်ရှိသွားခဲ့ပါတယ်… ဒီလိုနဲ့ အရာအားလုံးအဆင်ပြေနေပြီလို့ ထင်ရတဲ့အချိန် ရောက်ခါမှ ရုတ်တရက်ဆိုသလို ဂျူလီယန် ရဲ့ ရည်းစားဟောင်းဖြစ်သူ ဆိုင်မွန် ရောက်လာပြီး သူမနဲ့အတူနေခဲ့စဉ်က ရိုက်ထားတဲ့ Sex Tape တွေကို ဖြန့်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်လာခဲ့အခါမှာတော့…… ဒီတစ်ကားလုံးမှာ အချစ်ပါရဂူကြီး ဂေဘရီယယ် ရဲ့ ဂျူလီယန် ကို ကာကွယ်ပေးပုံတွေ ပြုစုယုယပုံတွေကို တ၀ကြီးခံစားကြရမှာပါ… ဒါ့အပြင် အရင်ထွက်ထားတဲ့ အပိုင်းတွေလိုမျိုး ပါးကလေး/လက်ကလေးကိုင်ရုံအဆင့် မဟုတ်တော့တဲ့အတွက် ရာသီဥတုအေးအေးမှာ တစ်ယောက်တည်း စောင်ခြုံပြီးကြည့်တာအကောင်းဆုံးလို့ပဲ အကြံပေးလိုက်ပါရစေဗျာ …. (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thar Htet ပဲဖြစ်ပါတယ်...
Gabriel's Inferno: Part Two (2020) ⭐IMDB: 6.4/10 (2 k Votes) 🎬 #Romance #Drama 🗓 2020 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 47 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Gabriel’s Inferno: Part II (2020) ******************************** ဒီကားလေးကတော့ Gabriel’s Inferno ဆိုတဲ့ အချစ်ဇာတ်လမ်းလေးရဲ့ နောက်ဆက်တွဲ ထွက်ထားတဲ့ကားလေးပဲဖြစ်ပါတယ်...
Roxana (2024) ⭐IMDB: 4.2/10 (51 Votes) 🎬 #Action #Horror 🗓 2024 🎞 movie 🌎 #Malaysia ⏰ 1 နာရီ 38 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Roxana 2024 ယခုတစ်ခါမှာတော့ မလေးရှား အက်ရှင်ဟော်ရာကားကောင်းလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်။ ရိုဇယ်နာရဲ့ကောင်လေးဖြစ်သူ အာမန်ရဲ့ လက်ဝှေ့ပြိုင်ပွဲမှာအနိုင်ရတဲ့အထိန်းအမှတ်အနေနဲ့ပါတီလုပ်ဖို့အတွက် အာမန်တို့သူငယ်ချင်းတွေ စီစဉ်ကြရင်း မတော်တဆအာမန်တစ်ယောက် လူသတ်မိပါတော့တယ်။ ဒီအမှုကနေ ရှောင်နိုင်ဖို့အတွက်နဲ့ အမှုဖြစ်ရာနေရာကနေ ထွက်ပြေးဖို့လုပ်ကြပါတော့တယ်။ဒီအချိန်မှာပဲ အလောင်းနဲ့ ရွှေလဲဖို့လုပ်နေတဲ့ လူနာတင်ကားမောင်းသူ လူနှစ်ယောက်ဟာရောက်ရှိလို့လာပြီးတော့ အလောင်းကို ယူသွားပါတယ်။ အဲဒီနောက်မှာ အလောင်းကို လက်ခံရယူလိုက်တဲ့သူဟာဒီအလောင်းကို အသုံးပြုပြီးတော့ ဂျင်ကို ခေါ်ဖို့လုပ်တဲ့အခါမှာတော့ …….အာမန်တို့ သူငယ်ချင်းအုပ်စုတွေ မှုခင်းနေရာကနေ ထွက်ပြေးလာရင်း ဘာတွေတွေ့ကြုံရမလဲ ……အလောင်းကနေ ဂျင်ကိုခေါ်ဖို့ လုပ်ရာကနေရော ဘယ်လို ခြောက်ခြားဖွယ်ရာတွေဖြစ်လာမလဲ …….ဆိုတာကို ကြည့်ရှုရမယ့် အက်ရှင်ဟော်ရာဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo~ Star~ KKKZ~ Yunni တို့ပဲဖြစ်ပါတယ်)...
Black Cab (2024) ⭐IMDB: 4.2/10 (1 k Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #France #UnitedKingdom ⏰ 1 နာရီ 27 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Black Cab (2024) IMDb Rating (4.2) / Rotten Tomatoes (36%) ဒီတစ်ခေါက်ကတော့ Black Cab ဆိုတဲ့ ၂၀၂၄ ထွက် Horror ရုပ်ရှင် တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ရန်ဖြစ်ထားခါစ စုံတွဲတစ်တွဲဟာ ညစာစားပြီး တက္ကစီ နဲ့ ပြန်ရင်း တက္ကစီ ဆရာ ရဲ့ ပြန်ပေးဆွဲတာကို ခံလိုက်ရတာနဲ့ စ ထားပါတယ်။ စုံတွဲထဲက ကောင်မလေးဟာ ကိုယ်ဝန်သည် ဖြစ်နေပြီး သူတက္ကစီထဲ မဝင်ခင်မှာလည်း ကားနောက်ခန်းမှာ မိန်းမတစ်ယောက်ကို ဖြတ်ခနဲ မြင်လိုက်ရပါတယ်။ တက္ကစီသမားဟာ သူတို့ကို ဖမ်းခေါ်လာပြီး မေဘယ်ဟေး ဆိုတဲ့ နေရာကို သူတို့ကို ခေါ်သွားပါတယ်။ တက္ကစီသမားရဲ့ အကြံကဘာလဲ? ကားနောက်ခန်းမှာ ဖျက်ခနဲ မြင်လိုက်ရတဲ့ မိန်းမ ကရောဘယ်သူလဲ? သူတို့ကိုမှ ဘာလို့ ပြန်ပေးဆွဲရတာလဲ? ဆိုတဲ့ မေးခွန်းတွေနဲ့အတူ စိတ်ဝင်စားစွာ ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Marco ဖြစ်ပါတယ်။)...
