ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
The Back-up Plan (2010) ⭐IMDB: 5.3/10 (53 k Votes) 🎬 #Comedy #Romance 🗓 2010 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Backup Plan (2010) မမကြီး Jennifer Lopez နဲ့ Hawaii Five-0 မင်းသား Alex O’Loughlin တို့ပါဝင်သရုပ်ဆောင်ထားတဲ့အချစ်ဟာသရုပ်ရှင်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ဇိုဝီဟာ ဘယ်ယောက်ျားကိုမှ အလွယ်တကူမယုံတတ်တဲ့ပြဿနာရှိတဲ့အပြင်သူနဲ့အရမ်းနီးစပ်လာရင်လည်း ပြန်ပထုတ်တတ်တဲ့အကျင့်ရှိသူပါ။ယောက်ျားတော့မလိုချင်ပေမဲ့ ကလေးတော့လိုချင်ပြီးမိသားစုတစ်ခုလိုချင်တဲ့အတွက် သုက်ရည်ဘဏ်ကနေ အလှူရှင်ရှာပြီး သန္ဓေတည်အောင်လုပ်ခဲ့ပါတယ်။ ဒီလိုလုပ်ခဲ့တဲ့နေ့မှာတင် စတန်နဲ့ တွေ့ခဲ့ပြီး ဇိုဝီရဲ့အချစ်အပေါ်ခံစားချက်တွေပြောင်းလဲလာခဲ့ပါတယ်။ဒါပေမဲ့ သိပ်မကြာခင်မှာပဲ သူ့မှာကိုယ်ဝန်ရှိနေတာသိလိုက်ရပြီးဇိုဝီကဒီကိစ္စကို စတန်ကိုပြောပြမလားစတန်ကရော ဒီအကြောင်းကိုသိရင် ဆက်နေမှာလားဆိုတာ..။ Comedy Romance ဇာတ်ကားလေးမလို့ အပျင်းပြေကြည့်လို့ကောင်းပါတယ်။...
The Crocodile Hunter: Collision Course (2002) ⭐TMDB: 55% User Score 🎬 #Action #Adventure #Comedy #Family 🗓 2002 🎞 movie 🌎 #Australia #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Crocodile Hunter: Collision Course (2002) IMDb Rating (5.4) / Rotten Tomatoes (53%) သဘာဝတောရိုင်းတိရိစ္ဆာန်များအပေါ် တန်ဖိုးထားချစ်ခင်မှုနှင့် စွန့်စားခန်းတွေကိုရိုက် ပြသထားတဲ့ ရသစုံရစေမယ့် ရုပ်ရှင်ဖြစ်ပါတယ်။ တကယ်ကောင်းတဲ့ရိုက်ကူးမှုတွေနှင့် သဘာဝတွေစီကို ခြေတစ်လှမ်းခြင်းစီ သွားနေတဲ့ Steve Irwin နှင့် ဇနီး Terri Irwin တို့ရဲ့ စွန့်စားခန်းက ရယ်ရမယ့် ဇာတ်လမ်လေးတွေနဲ့ ရောယှက်ပြီး ပရိသတ်ကို ရင်ခုန်ပျော်စေမှာပါ။ ရုပ်ရှင်ထဲမှာ CIA ရဲ့ အရေးကြီးဒေတာများပါဝင်သွားတဲ့ ဂြိုဟ်တုတစ်လုံး ကျသွားပြီး ဒေတာတစ်စိတ်တစ်ပိုင်း ကြောင့်ပဲ စတင်လာတဲ့ ပြဿနာတွေကို ရင်ဆိုင်ရပါတော့တယ်။ Magda Szubanski က ကြမ်းတမ်းတဲ့ လယ်သမားတစ်ယောက်ဖြစ်ပြီးတော့ သရုပ်ဆောင်ပီပြင်လှပါတယ်၊ Steve ရဲ့သဘာဝတောရိုင်းတိရိစ္ဆာန်များကို ထိန်းသိမ်းရတဲ့ အခက်အခဲများနှင့် သူ၏ “Crikey!” catchphrase များသည် ရုပ်ရှင်ကို ပိုမိုပေါ့ပါးစေစွာကြည့်လို့ကောင်းစေပါတယ်။ ဇာတ်လမ်းဇာတ်ကွက်များအပေါ်မှာ အလေးထားမှုနည်းသော်လည်း Steve Irwin ၏ မတက်မကျအတိုးမပျက် သဘာဝကို အားကျပြီးသွားချင်တဲ့ စိတ်နှင့် ဇာတ်လမ်းထဲမှာ ရိုးသားမှုတွေအပြည့်နဲ့ပဲရိုက်ထားတော့ ကြည့်ဖို့အတွက် ဆွဲဆောင်နေတော့တာပဲ။ သဘာဝကိုထိန်းသိမ်းကာကွယ်ဖို့အရေးပါကြောင်း ရိုက်ကူးပြသထားပေမယ့်လည်း အလွန်ကြည့်လို့ကောင်းတဲ့ဇာတ်ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။)...
A Little Red Flower (2020) ⭐IMDB: 6.7/10 (952 Votes) 🎬 #Drama #Family 🗓 2020 🎞 movie 🌎 #China ⏰ 2 နာရီ 10 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကင်ဆာဝေဒနာရှင်တွေရဲ့ ဘဝနဲ့ ဝေဒနာရှင်တွေရဲ့မိသားစုတွေကြုံတွေ့ရတဲ့ ဘဝကိုပုံဖော်ရိုက်ကူးထားတဲ့ကားကောင်းလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကျဉ်းကတော့ ဝေယိဟန်ဆိုတဲ့ဦးနှောက်ကင်ဆာအဆင့် ၂ ခံစားနေရသူကအကျိတ်ခွဲထုတ်ပြီးပေမယ့်လည်း ဘဝကြီးကိုမျှော်လင့်ချက်မဲ့ကာ အရှုးပေးဖို့ကြိုးစားနေသူပေါ့…အသက်နဲ့ မလိုက်အောင် အပေါင်းသင်းမိတ်ဆွေလည်းမထား မိတ်ဖွဲ့ဖို့လည်းမကြိုးစားဘဲဖုန်းတစ်လုံးပဲ အဖော်ပြုနေသူတစ်ယောက်ပေါ့ဒါပေမယ့် မိသားစုရဲ့တွန်းအားနဲ့ ဆရာဝန်ရဲ့အကြံပေးချက်ရယ် နောက်ပြီးကင်ဆာဝေဒနာရှင်စုစည်းရာဂရုကိုတည်ထောင်ထားတဲ့ဝူရှောင်မိန်ရဲ့ အကူအညီနဲ့ဝေယိဟန်တစ်ယောက် မာရှောင်ယွမ်နဲ့အမှတ်မထင်ဆုံခဲ့ရာကနေသူ့ဘဝမှာမကြုံဖူးတဲ့ အတွေ့အကြုံတွေ မခံစားဖူးတဲ့ခံစားချက်တွေ နောက်ပြီးမမျှော်လင့်ရဲတဲ့ အနာဂတ်ဘဝတွေ ကိုစိတ်ကူးပုံဖော်တတ်လာခဲ့တယ်… ဝေယိဟန်နဲ့မာရှောင်ယွမ်တို့ဘာတွေကြုံတွေ့ရမယ်ဆိုတာရယ်…ကင်ဆာဝေဒနာရှင်နဲ့ သူတို့မိသားစုတွေဘယ်လိုခက်ခဲပြီး ဘယ်လိုဒုက္ခတွေရင်ဆိုင်ရတယ်ဆိုတာရယ်နောက်ပြီးဘယ်လိုဖေးမပေးသင့်တယ်ဆိုတာအတွေးလေးတစ်စရမှာပါ…ဒီကားလေးက အဓိကပေးချင်တာကတော့မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်ကာအသက်ရှင်နေသေးတာကိုက ကံကောင်းခြင်းတစ်ခု ဆိုတာပါပဲ...
Once Upon a Time in Hong Kong (2021) ⭐IMDB: 5.5/10 (299 Votes) 🎬 #Action #Crime #History #Thriller 🗓 2021 🎞 movie 🌎 #HongKong #China ⏰ 1 နာရီ 47 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးက ဟောင်ကောင်မှာတစ်ချိန်က အစိုးရအပြောင်းအလဲ စနစ်တွေကြားမှာပြည်သူတွေလုံးပါးပါးခံစားခဲ့ရတဲ့ကာလက ဘဝတချို့ကိုဇာတ်ကားအဖြစ်ရိုက်ထားတာပါ… ဒီကားလေးက ကိုလိုနီလက်အောက်ခံကာလမှာ ဟောင်ကောင်ဟာစီးပွားရေးလုပ်ငန်းတစ်ဟုန်ထိုး တိုးတက်နေခဲ့ချိန်ပေါ့… ဒါပေမယ့်ဟောင်ကောင်ရဲ့ စီးပွားရေးက လောင်းကစားနဲ့ ဘိန်းလုပ်ငန်းဖြစ်နေတာပဲ….နောက်ပြီးကလပ်လုပ်ငန်းနဲ့ မိန်းမကိစ္စပါ ပါလာတာပေါ့… လက်သည်ပျောက်တဲ့အလောင်းတွေ၊ လက်သည်မရှိတဲ့ အမှုတွေ၊ အမှုတောင်မဖွင့်လိုက်ရတဲ့ အမှုတွေ၊ အဖက်ဖက်က ဒုက္ခတွေနဲ့ ဆီးကြိုနေတဲ့ဘဝကြီးမှာကိုယ့်ဘာသာ အဆုံးစီရင်တာက နောက်ဆုံးထွက်ပေါက်ဖြစ်လာခဲ့တဲ့ ကာလကိုတကယ့်ဖြစ်ရပ်ထက်နည်းနည်းလေးလျှော့ပီးရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ် ငွေသာလျှင်အမိငွေသာလျှင်အဖဖြစ်လာပြီး ငွေမျက်နှာနဲ့ လူသားချင်းစာနာမှုတွေပျက်ပြားပြီးလုပ်ချင်ရာလုပ် ဖြစ်ချင်ရာဖြစ်နေခဲ့ပါတယ်… ဒါကို မကြည့်နိုင်သူတစ်ဦးကအမှန်တရားကို ဖော်ထုတ်ဖို့မပြောနဲ့ မေးမြန်းတာမျိုးဖြစ်ဖြစ်စုံစမ်းတာမျိုးဖြစ်ဖြစ် လုပ်မိရင်တောင် တစ်ခါတည်းဆုံးမခံရတဲ့ကာလ၊ဘိန်းလို မှောင်ခိုပစ္စည်း အရောင်းအဝယ်လုပ်ရင်တော့ ငွေမျက်နှာကြောင့် ၉ပုံ ၁ ပုံသာဖမ်းပြီး စခန်းကနေ ဝယ်လက်အထိ ခိုးပို့ပေးတဲ့ ကာလ၊အမှန်တရားအတွက် သက်သေလိုက်ပေးမယ်ဆိုရင်တောင် နောက်နေ့ အလောင်းပေါ်သူကပေါ်မိုးလင်း တံခါးလာခေါက်ပြီး ခြေဖြတ်ခံလက်ဖြတ်ခံရတဲ့ကာလမျိုးကိုဘယ်လိုပုံဖေါ်ထားလဲဆိုတာကိုဆက်လက်ခံစားကြည့်လိုက်ကြရအောင်...
Whispers in the Wind (2024) ⭐IMDB: 5.6/10 (41 Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 36 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Whispers in the Wind (2024) IMDb Rating (5.6) ဂျပန်နိုင်ငံမှာနေထိုင်တဲ့ ဟန်နာဆိုတဲ့ဖိလစ်ပိုင်သူလေးဆရာမလေးဟာ တစ်ရက်မှာဆူနာမီဖြစ်ပေါ်ခဲ့ပြီး သူ့ချစ်သူအီမီးက သေသွားပြီး သူက အသက်ရှင်လျက်ကျန်နေခဲ့ပါတယ်။ တစ်ရက်မှာ ရန်ဆိုတဲ့ ဖိလစ်ပိုင်သားကလည်း သူ့အဖေမသေခင် ၀ေးကွာနေတဲ့သူ့အမေကိုရှာဖို့မှာခဲ့တာကြောင့် ဂျပန်မှာနေတဲ့သူ့အမေကို လာရှာရာ ဟန်နာနဲ့တွေ့ဆုံခဲ့ပါတယ်။ ရန် အမေကို ဂျပန်မှာနေတာကြာတဲ့ ဟန်နာကလည်းလိုက်ရှာပေးရင်း နောက်ဆုံးမှာသူ့အမေနဲ့ ဆုံခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် သူ့အမေအိမ်ကိုရောက်တော့ ဖြစ်ပျက်နေတဲ့အခြေအနေတွေက ထင်ထားသလိုမဟုတ်ဘဲ ဟန်နာ ဟာထင်ယောင်ထင်မှားဖြစ်နေတဲ့ အမှန်တရားကိုတွေ့ရမှာပါ။ ဒီတော့ ဘယ်လိုအမှန်တရားမျိုးလည်းဆိုတာ စိတ်လှုပ်ရှားစွာကြည့်ရှုကြပါဦး… (အညွှန်းနဲ့ဘာသာပြန်ကတော့ Son Gohan ဖြစ်ပါတယ်။)...
Black Bags (2023) ⭐IMDB: 5.6/10 (431 Votes) 🎬 #Thriller 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 28 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်က Thriller ရုပ်ရှင်အမျိုးအစားဖြစ်ပေမဲ့ သွေးထွက်သံယိုတွေနဲ့ ကြမ်းတမ်းနေတာမျိုးမဟုတ်ဘဲ အေးအေးလူလူနဲ့ ကျောထဲကစိမ့်လာစေတဲ့ Thriller အမျိုးအစား ဖြစ်တာမို့လို့ အဲဒီလိုရုပ်ရှင်မျိုးသဘောကျတဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအစကိုတော့ တက်စ် မက်ကာသီဆိုတဲ့ ကိုယ်ဝန်သည် အမျိုးသမီးလေးတစ်ယောက်နဲ့ စထားပါတယ်။ သူနဲ့သူ့အမျိုးသားက ကိုယ်ပိုင်အိမ်ခြံဝန်းခပ်ကျယ်ကျယ်ကိုမှ ဈေးသက်သက်သာသာနဲ့ နေချင်တဲ့သူတို့ရဲ့အိပ်မက်အတိုင်း ဘွန်းန်ဆိုတဲ့နယ်မြို့လေးမှာနေကြပေမဲ့ အမျိုးသားဖြစ်သူက အလုပ်ကိစ္စနဲ့ ခရီးအမြဲထွက်နေရလို့ အိမ်မှာမရှိတာများပါတယ်။ အဲဒီလို အိမ်ကျယ်ကြီးမှာ တစ်ယောက်တည်းနေရတဲ့ တက်စ်က ကိုယ်ဝန်က အချင်းပါးတဲ့ပြဿနာကြောင့် မြို့ပေါ်ကို နှစ်ပတ် တစ်ခါတက်ပြီး ဆေးညွှန်းသွားယူရပါတယ်။ သွားတဲ့အခါတိုင်း အမျိုးသားဖြစ်သူက စိတ်မချဘူးဆိုတာကြောင့် ကိုယ်တိုင်ကားမမောင်းဘဲ ဘတ်စ်ကားစီးရာကနေ ဇာတ်လမ်းစတာ ဖြစ်ပါတယ်။ ဗိုက်တစ်လုံးနဲ့ ဆေးတွေထည့်ထားတဲ့အိတ်ကိုသယ်ပြီး ကားစီးတဲ့တက်စ်တစ်ယောက် ကားပေါ်မှာ ဘေးချင်းကပ်ထိုင်တဲ့ အမျိုးသမီးနဲ့ စကားပြောရင်း ခင်မင်သွားပါတယ်။ သူတို့ဆင်းရမယ့်နောက်ဆုံးဂိတ်ကိုရောက်တဲ့အခါ ဘေးနားက အမျိုးသမီးက အိပ်ပျော်နေတဲ့အတွက် သူ့ဘာသူအောက်ဆင်းပြီး ကားဗိုက်ထဲကခရီးဆောင်အိတ်ကိုယူကာ အိမ်ပြန်လာပါတော့တယ်။ ဒါပေမဲ့ အိမ်ပြန်ရောက်ပြီးမကြာခင်မှာပဲ သူ့အိမ်တံခါးကို ဘဲ လ်လာတီးလို့ ထွက်ဖွင့်ပေးတဲ့အခါမှာ သူနဲ့ကားပေါ်မှာခင်ခဲ့တဲ့ အမျိုးသမီးဖြစ်နေပါတယ်။ အဲဒီအမျိုးသမီးက သူ့ရဲ့ခရီးဆောင်အိတ်ကို တက်စ်က မှားယူ သွားတဲ့အတွက် သူ့အိတ်ကို ပြန်လာယူတာလို့ပြောပါတယ်။ သူတို့ရဲ့ ချွတ်စွပ်ဆင်တူနေတဲ့ အိတ်အမည်းနှစ်လုံးထဲမှာမှ တက်စ်ရဲ့ အမှားကြောင့် မတော်တဆမှားယူမိခဲ့တာလား… အိတ်လေးတစ်ခါမှားယူမိတာနဲ့ ဘယ်လိုပြဿနာတွေတက်လာမလဲ ဆိုတာကို ဒီရုပ်ရှင်မှာ မမြန်လွန်း မနှေးလွန်းတဲ့ ဇာတ်ရှိန်နဲ့တကွ စောင့်ကြည့်ရမှာဖြစ်ပါတယ်။...
Seondal: The Man Who Sells the River (2016) ⭐IMDB: 6.6/10 (907 Votes) 🎬 #Comedy #History #Adventure 🗓 2016 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 1 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ ဂျိုဆွန်းခေတ်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။မြန်မာပရိသတ်အနေနဲ့ ရင်းနှီးပြီးသား မင်းသားချောလေး ယူဆောင်ဟို (YooS0ungHo) ရဲ့အောင်မြင်တဲ့ဇာတ်ကားလေး တစ်ကားပါ ။ဒီဇာတ်ကားမှာ ယူဆောင်ဟိုက တရုတ်ပြည်ကို ကျွန်အဖြစ် ရောင်းစားခံရပြီးစစ်ပွဲမှာ မသေခဲ့ပဲထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ကင်အီနွန်းအဖြစ် သရုပ်ဆောင် ထားပါတယ်…. ကင်အီနွန်းက သူနဲ့အတူလွတ်မြောက်လာတဲ့တခြား နှစ်ယောက်ရယ်ပေါင်းပြီးညီအစ်ကိုလို ချစ်ချစ်ခင်ခင်ပျော်ရွင်စွာနေထိုင်နေကြတယ်…သူတို့ရဲ့အသက်မွေးကျောင်းကတော့ လူလိမ်တပါတ်ရိုက် ရိုက်စားပေါ့ဗျာ… ကင်အီနွန်းရဲ့ ရိုက်စားအကွက်တွေက လှလွန်းတော့“ မုသားသခင်”ရယ်လို့ဆိုပြီး နာမည်ကျော်ပေါ့…သူကလည်းအတင့်ရဲချက်ကမ်းကုန် ဘုရင့်ဘဏ္ဍာတိုက်တောင်မနေရဘူး ရအောင်ဖောက်တယ် ။ဒါကြောင့် ဘုရင့်တရားရုံးကလည်း အလိုရှိနေတဲ့ ထိပ်တန်းလူလိမ်လေး။တစ်ခါမှတော့ ဆောဒယ်ဆောင်းရဲ့ဆေးရွက်ကြီးတွေ ဖျောင်ဖို့ကြိုးစားရင်းမအူမလည်သူတို့ရဲ့ညီငယ်လေး အသက်ပေးသွားရတယ်…. ဆောဒယ်ယောင်း ဆိုတာကလည်း ဘုရင့်ဆွေတော်မျိုးတော် ဦးရီးတော် လောဘကြီးသူကိုယ့်အတွက်သာကိုယ်ကြည့်ပြီး ဂျိူဆွန်းနိုင်ငံသားများကို တရုတ်သို့ ကျွန်အဖြစ်ရောင်းစားဆေးရွက်ကြီးတွေလုပ်နဲ့ တရုတ်ကိုတော့အသေဖားနေတဲ့လူကြီးပေါ့…ငွေကြေးအင်အားကလည်းတောင့်တင်း တရုတ်ကိုလည်းပိုင်ဆိုတော့ဘုရင်ကတောင် မနိုင်လို့ လက်မှိုင်ချနေရတဲ့ လူလည်ကြီးမုသားသခင် ကင်အီနွန်းကလည်း ညီငယ်အတွက် ဆောဒယ်ယောင်းကိုလက်စားချေဖို့သူ့ကျွမ်းကျင်တဲ့အတတ်ပညာနဲ့ မြစ်ကြီးကိုလိမ်ရောင်းဖို့ ကြံစည်တဲ့အခါတော့မှာတော့မုသားသခင်ကပဲ လိမ်ရောင်းနိုင်မလား ဘယ်လိုလိမ်ရောင်းကြမလဲ မြစ်တစ်စင်းကို ဝယ်ချင်လာအောင် ဘယ်လိုများဆွဲဆောင်ကြမလဲဆောဒယ်ယောင်းလို သူများကတုံးပေါ် ထိပ်ကွက်နေတဲ့လူလည်ကြီးကရော အညာခံမိမလားအလိမ်ပေါ်သွားလေမလား ဆိုတာကတော့ ဇာတ်ကားမှာပဲ ဆက်လက်ရှုစားကြည့်ကြပါ...
I Still Believe (2020) ⭐IMDB: 6.5/10 (14 k Votes) 🎬 #Drama #Music #Romance #Biography 🗓 2020 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 56 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 I Still Believe (2020) IMDb Rating (6.5) အချစ်ဇာတ်လမ်းတွေထဲမှာ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတွေက ပိုလို့ထိရှဆွေးရပါတယ်။အချစ်ကို စိတ်ကူးယဉ်နေတာလို့ ပြောလို့မရတဲ့ ဖြစ်ရပ်မှန်ထဲက အချစ်ရဲ့တန်ဖိုးတွေ စံနှုန်းတွေကလူသားတွေရှင်သန်နေကြတဲ့ အကြောင်းချင်းရာထဲက တစ်ခုပါပဲ။ အမေရိကန်အဆိုတော် တေးရေးဆရာ Jeremy Camp နဲ့ သူ့ချစ်သူ Mellisa Lynn Henning-Camp တို့ရဲ့ဘဝဇာတ်ကြောင်းကို ကျောရိုးထားပြီး ရိုက်ကူးပုံဖော်ထားတဲ့ ဒီရုပ်ရှင်ကားကလဲဖြစ်ရပ်မှန်တခုမလို့ သိပ်ကောင်းတဲ့အချစ်ဇာတ်လမ်းတပုဒ်ဖြစ်ခဲ့ပါတယ်။ မင်းသားချော KJ Apa နဲ့ မင်းသမီးချော Britt Robertson တို့အဓိကပါဝင်ထားပြီးMusical Romance ဇာတ်လမ်းလေးမလို့ နူးနူးညံ့ညံ့ကြိုက်တတ်တဲ့ပရိတ်သတ်တွေသေချာပေါက်အကြိုက်တွေ့မယ့်ဇာတ်ကားလေးဖြစ်ပါတယ်။...
I Love You, Beth Cooper (2009) ⭐TMDB: 60% User Score 🎬 #Adult #Adventure #Comedy #Romance 🗓 2009 🎞 movie 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 I Love You, Beth Cooper (2009) မင်းသမီးချော Hayden Panettiere ရဲ့အလန်းစားပုံစံကိုမြင်တွေ့ရမယ့် ကျောင်းသားဘဝ အချစ်ဟာသ ဇာတ်ကားလေးပါ။မင်းသား Paul Rust ရဲ့ အူကြောင်ကြားစတိုင်တွေကလဲ ဒီကားကို ပိုလို့ရယ်ရစေပါတယ်။ ဇာတ်လမ်းကတော့…စာဂျပိုး FA လေး ဒန်းနစ်ဟာ သူ့ရဲ့အူကြောင်ကြားရုပ်မှအားမနာ ကျောင်းမှာ အချောဆုံး အလှဆုံး အလန်းဆုံးဖြစ်တဲ့Cheerleader Team ခေါင်းဆောင် ဘတ်ကူးပါးကို ကြိတ်ကြိုက်နေတာကြာပါပြီ။ဖွင့်မပြောရဲ ဖွင့်မပြောရဲနဲ့ နေလာရင်းနဲ့ သူ့ဘော်ဒါနဲ့ တိုက်တွန်းချက်နဲ့ နောက်ဆုံးမှာတော့ ဖွင့်ပြောလိုက်ပါတော့တယ်…ဘယ်နေရာမှာလဲဆိုတော့ လူစုံတက်စုံတက်ရောက်တဲ့ ကျောင်းရဲ့ ဘွဲ့နှင်းသဘင်မှာ စင်ပေါ်ကနေ ရည်းစားစကားပြောချလိုက်တာပါ။ဒါနဲ့တင် အားမရသေးဘဲ တစ်ကျောင်းလုံးက ကျောင်းသားတွေမကောင်းကြောင်းအပြင်ဘတ်ကူးပါးရဲ့ လက်ရှိရည်းစားမကောင်းကြောင်းတွေပါ ပြောချလိုက်ပါတယ်။ ဒီလိုအူကြောင်ကြား အလွဲလွဲအချောချော် ဒန်းနစ်နဲ့ အလန်းစားကောင်မလေး ဘတ်ကူးပါးတို့ ဘယ်လိုရှေ့ဆက်တွေ့ကြမလဲဆိုတာ….ပေါ့ပေါ့ပါးပါး ဟာသနှောပြီး ကြည့်ကြရမယ့် ကျောင်းသားဟာသအချစ်ဇာတ်ကားလေးပဲဖြစ်ပါတယ်။...
Killer Ex (2024) ⭐IMDB: 3.8/10 (42 Votes) 🎬 #Action 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 36 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Killer Ex (2024)*****************အပျင်းပြေကြည့်လို့ကောင်းမဲ့ Killer Ex ဆိုတဲ့ ဘက်ဂျက်အက်ရှင်ဇာတ်ကားလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဘက်ဂျက်ဆိုတဲ့အတိုင်းပဲ မင်းသားမင်းသမီးတွေကနာမည်မကြီးသလို ရိုက်ချက်တွေ အက်ရှင်ခန်းတွေက ဇာတ်ကားကြီးတွေလောက်တော့ သိပ်မကောင်းပေမဲ့ သူ့ဟာနဲ့သူတော့ အပျင်းပြေကြည့်လို့ကောင်းတဲ့ အခြေအနေမှာ ရှိပါတယ်။ ဒီဇာတ်ကားမှာအဓိကပေးချင်တဲ့ Message ကတော့ လူတိုင်းမှာအတိတ်တွေရှိပြီး အဲ့ဒီအတိတ်တွေကတစ်ခါတစ်လေမှာ ကိုယ့်ဆီမှာပြန်လိုက်လာတတ်တဲ့အတွက် တတ်နိုင်သလောက် မကောင်းတဲ့အတိတ်တွေကို မဖန်တီးဖို့ပြောချင်တာပဲဖြစ်ပါတယ်။...
Hitpig (2024) ⭐IMDB: 5.0/10 (583 Votes) 🎬 #Adventure #Animation #Comedy #Family #Action 🗓 2024 🎞 movie 🌎 #UnitedKingdom #Canada #UnitedStates #Ukraine #Japan ⏰ 1 နာရီ 25 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ အသစ်ထွက်ရှိထားတဲ့ Animation Comedy ကားလေးဖြစ်ပါတယ်။ မိသားစုနဲ့အတူဖြစ်စေ ကလေးငယ်လေးတွေအကြိုက်ဖြစ်စေ အပျော်သက်သက် ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ရမယ့် ဇာတ်ကားလေးတစ်ကားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဟစ်ပစ်ဆိုတဲ့ ကြေးစားမုဆိုးဝက်ကလေးတစ်ကောင်က ပိုင်ရှင်ဆီကနေ ထွက်ပြေးသွားတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ပြန်လိုက်ဖမ်းပြီး ပို့ပေးကာ ပိုက်ဆံရှာနေတဲ့ကောင်လေးဖြစ်ပါတယ်။ တစ်နေ့မှာတော့ ငယ်ငယ်ကတည်းက ပြဇာတ်ရုံမှာအဖမ်းခံထားရတဲ့ ပစ်ကယ်ဆိုတဲ့ဆင်မလေး လွတ်မြောက်သွားတဲ့အခါ ဆင်မလေးကိုပြန်ဖမ်းပြီးပို့ပေးဖို့အတွက် ပိုင်ရှင်ဖြစ်သူက ဟစ်ပစ်ကိုအလုပ်အပ်လိုက်ပါတယ်။ ဒီလိုနဲ့ ဟစ်ပစ်ဟာ ဆင်မလေးကိုလိုက်ရှာဖို့အတွက် မစ်ရှင်တစ်ခုကိုစတင်လိုက်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ ဒီတိရစ္ဆာန်ကောင်လေးတွေကြားက အလွဲအချော်လေးတွေ၊ ဟာသလေးတွေကို ပျော်ပျော်ပါးပါးနဲ့ရယ်မောရင်းကြည့်ရမယ့် ကြည့်ပျော်ရှုပျော်ရှိတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။...
Mungkin Esok Lusa Atau Nanti (2024) ⭐TMDB: 60% User Score 🎬 #Drama #Romance 🗓 2024 🎞 tv mini series 🌎 #Indonesia ⏰ 1 နာရီ 58 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mungkin Esok Lusa Atau Nanti (2024) ************************************* အင်ဒိုနီးရှားနိုင်ငံရဲ့ရွာငယ်လေးတစ်ခုမှာ အထက်တန်းကျောင်းအတူတက်ခဲ့ကြတဲ့ အာဒစ်နဲ့ကန်မွန်နင်းတို့နှစ်ဦးဟာ အရွယ်ရောက်တဲ့တစ်နေ့မှာ ကံကြမ္မာက ပြန်တွေ့ခွင့်ပေးခဲ့ရင် လက်ထပ်ကြမယ်လို့ ကတိထားခဲ့ကြပါတယ်။ ဘာသာရေးနဲ့သစ္စာတရားကိုအလေးထားတဲ့ကန်မွန်နင်းဟာ ချစ်သူလုံးဝမထားဘဲ အာဒစ်နဲ့ပြန်ဆုံရမယ့်အချိန်ကိုသာ စောင့်စားနေခဲ့ပါတယ်။ တူရကီမှာပညာသွားသင်ရင်း တစ်နေ့မှာတော့ နိုင်ငံရပ်ခြားကိုရောက်မှ တူရကီကို လာလည်တဲ့အာဒစ်နဲ့ပြန်ဆုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ကတိနဲ့သစ္စာကို အလေးမထားတဲ့အာဒစ်ဟာ တခြားမိန်းကလေးနဲ့လက်ထပ်တော့မှာဖြစ်နေတာကြောင့် ကန်မွန်နင်းတစ်ယောက်စိတ်ပျက်ဝမ်းနည်းခဲ့ရပါတော့တယ်။ Mungkin Esok Lusa Atau Nanti ဟာ တူရကီရဲ့အလှအပရှုမျှော်ခင်းတွေကို မြင်တွေ့နိုင်မယ့် Romance အချစ်ကားလေးဖြစ်ပါတယ်။ (အညွှန်းကို JULY မှ ရေးသားထားပါတယ်)...
The Singer (2020) ⭐IMDB: 6.5/10 (81 Votes) 🎬 #Drama #Historical #Music #Mystery #History 🗓 2020 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 59 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Singer (2020) ***************** ၂၀၂၀ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Singers ဆိုတဲ့ ဇာတ်ကားလေးကတော့ ဂျိုဆွန်းခေတ်မှာ နယ်တကာလှည့်ပြီး သီချင်းဆိုဖျော်ဖြေတဲ့ အဆိုရှင်တွေရဲ့ ဘဝကို ရိုက်ကူးပုံဖော်ထားတဲ့ Musical film လေးပဲဖြစ်ပါတယ် .. ။ ဇာတ်လမ်းအကျဉ်းကတော့ .. ဂျိုဆွန်းခေတ်ရဲ့လမ်းပေါ်က အဆိုရှင် ဟာ့ဂယူနဲ့ ဇနီးဖြစ်သူဂန်နန်, သမီး ချောင်းလေးတို့မိသားစုဟာ ပြည်သူတွေကို သီချင်းနဲ့ဖျော်ဖြေပေးပြီး အသက်ဝမ်းကြောင်းပြုကာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကို ဖြတ်သန်းနေတဲ့ မိသားစုလေးဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ဆင်းရဲတဲ့ပြည်သူတွေကို ဖမ်းဆီးပြီး အတင်းအဓမ္မ အစေခံအဖြစ် ရောင်းစားတဲ့အဖွဲ့က .. ဇနီးဖြစ်သူ ဂန်နန်နဲ့ သမီး ချောင်းလေးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဒီကိစ္စကို ဟာ့ဂယူ သိသိချင်း လိုက်ရှာမှာ သမီးဖြစ်သူကို ပြန်တွေ့ခဲ့ပေမဲ့ ဇနီးဖြစ်တဲ့ ဂန်နန်ကို မရှာနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ချောင်းလေးက ထိတ်လန့်မှုကြောင့် မျက်စိကွယ်သွားခဲ့ပါတယ် ဟာ့ဂယူကလည်း ချောင်းလေးနဲ့အတူ နယ်တကာလှည့်ပြီး ဂန်နန်ကို ရှာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီတော့ ဂန်နန်ကို ရှာတဲ့အချိန် ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ပြီး ဒီအခက်အခဲတွေကိုလည်း ဘယ်လိုမျိုး ဖြတ်ကျော်ခဲ့သလဲ။ ဇနီးဖြစ်သူကိုရော ပြန်ရှာတွေ့နိုင်ပါ့မလားဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ပါဦး .. (အညွှန်းကို Estel မှ ရေးသားထားပါတယ်)...
Shark Warning (2024) ⭐IMDB: 3.5/10 (223 Votes) 🎬 #Action #Drama #Thriller #Horror 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Shark Warning (2024) ************************ ငါးမန်းကားတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက် အသစ်ထွက်ရှိလာတဲ့ Shark Warning ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ Jaw လောက်တော့မကြမ်းပေမဲ့သူ့အနေအထားနဲ့သူရှိတဲ့အတွက် အပျင်းပြေတော့ ကြည့်လို့ကောင်းမဲ့ဇာတ်ကားဖြစ်ပါတယ်။ ဒါရိုက်တာကလည်း Wanda Vision တို့ Hawkeye တို့လို Marvel Series တွေကိုရိုက်ကူးခဲ့တဲ့ Jimmy Gadd ဖြစ်တဲ့အတွက် ရိုက်ချက်တွေကတော့ လက်ခံလို့ရတဲ့အနေအထားမှာရှိတယ်လို့ပြောလို့ရပါတယ်။ ဒီဇာတ်ကားရဲ့အဓိကဇာတ်ကောင်ကတော့ အယ်လန်လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ သူကလွန်ခဲ့တဲ့နှစ် ၂၀ တုန်းက သူ့မွေးရပ်မြေရဲ့ကမ်းခြေမှာ ညီဖြစ်သူ ဒန်နီနဲ့ ရေကစားနေတုန်း ငါးမန်းတစ်ကောင်ရောက်ချလာပြီး ဒန်နီ့ကိုဆွဲသွားပါတော့တယ်။ အဲ့ဒီအဖြစ်အပျက်ကြောင့် ညီဖြစ်သူကို ဆုံးရှုံးခဲ့ရပြီး သူ့စိတ်ထဲမှာတော့ ဒါတွေအားလုံးဖြစ်ရတဲ့ အဓိကတရားခံက ကလေးပဲရှိသေးတဲ့သူတို့ကိုမကြည့်ပေးဘဲ ဘီယာသောက်ဖို့ထွက်သွားတဲ့ သူ့ဦးလေးရွန်ကြောင့်ဆိုပြီး အပြစ်တင်နေခဲ့ပါတော့တယ်။ ဒီလိုနဲ့ နောက်နှစ် ၂၀ အကြာမှာတော့ အယ်လန်က မွေးရပ်မြေကို အကြောင်းပြချက် မယ်မယ်ရရမရှိပဲနဲ့ ပြန်လာခဲ့ပါတော့တယ်။ တိုက်ဆိုင်ချင်တော့ အဲ့ဒီအချိန်မှာ ငါးမန်းတစ်ကောင်ရှိနေတယ်ဆိုပြီး သတင်းကြားခဲ့ရလို့ သွားကြည့်တဲ့အခါမှာ ငယ်ငယ်တုန်းက သူ့ညီကိုသတ်ခဲ့တဲ့ငါးမန်းပဲဖြစ်နေတဲ့အတွက် အယ်လန်တစ်ယောက်အဲ့ဒီငါးမန်းကိုပြန်သတ်ဖို့ကြိုးစားရင်း သူ့ဦးလေးနဲ့ သူ့ကြားကအငြိုးတွေရော ပြေနိုင်ပါ့မလားဆိုတာတွေနဲ့ အဲ့ဒီမြို့ရဲ့တခြားသော စိတ်ဝင်စားစရာဇာတ်လမ်းဇာတ်ကွက်တွေကိုကြည့်ရှုရမဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းကို Saw Lay မှ ရေးသားထားပါတယ်)...
Ballistic (2024) ⭐IMDB: 2.3/10 (134 Votes) 🎬 #Action #Crime #Thriller 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 37 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဘက်ခ် ဟာ သူ့ညီမကို သတ်ပြီး သူတိုမိသားစုကို ပျက်စီးစေခဲ့တဲ့ လူသတ်သမားကို ပြန်လက်စားချေဖိုစိတ်နဲ့ ရှင်သန်နေထိုင်လာခဲ့ပါတယ်။ အဲ့ဒီနောက် လူသတ်သမား လျှော့ရက်နဲ့ ထောင်က လွတ်လာတဲ့ အခါမှာတော့ ဘက်ခ်ဟာ ညီမဖြစ်သူအတွက်လက်စားချေဖို ကြိုးပမ်းပါတော့တယ်။ ဒီလူသတ်သမားကလည်း တစ်ခြားသူမဟုတ်ဘဲ သူတိုမြိုမှာ ဒုစရိုက် ပေါင်းစုံလုပ်တဲ့ အဖွဲခေါင်းဆောင် ဘွတ်ချ် ဖြစ်နေပါတယ်။ ဒီတော့ ခေါင်ကို ဖြိုဖိုဆိုတာ သူ့ဘေးနားမှာဝိုင်းနေတဲ့ တပည့်တွေကလည်း ရှိသေးတော့ ဘက်ခ်အတွက် လွယ်တဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ဒါဆို ဘက်ခ်ဟာ သူတစ်ချိန်လုံးစောင့်ဆိုင်းခဲ့ရတဲ့ သွေးကြေးကို ရယူဖိုဖြစ်နိုင်မလား၊ ဘယ်လိုတွေကြိုးပမ်းသွားမလဲ ဆိုတာနဲ့ ဘဝနဲ့ရင်းပြီး လက်စားချေတာကရော သူ့အတွက် တကယ်မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်မလားဆိုတာ ရှုစားနိုင်မှာဖြစ်ပါတယ်။...
The Founder (2016) ⭐IMDB: 7.2/10 (187 k Votes) 🎬 #Biography #Drama #History 🗓 2016 🎞 movie 🌎 #USA #UnitedStates #Greece #UnitedStatesofAmerica ⏰ 1 နာရီ 55 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Founder (2016) IMDb Rating (7.2) / Rotten Tomatoes (80 %) ဒီဇာတ်ကားကတော့ ကမ္ဘာပေါ်မှာ မသိသူမရှိအောင် နာမည်ကြီးတဲ့McDonald’s ဟမ်ဘာဂါဆိုင် တည်ထောင်သူ Ray Kroc အကြောင်းရိုက်ကူးထားတဲ့ဖြစ်ရပ်မှန် Biography ရုပ်ရှင်ကားကြီးဖြစ်ပါတယ် အသက်၅၂နှစ်အရွယ် ယောကျာ်းတစ်ယောက်အောင်မြင်မှုရဖို့ဘယ်လိုကြိုးစားခဲ့ရတယ်ဆိုတာကိုရိုက်ကူးတင်ဆက်ထားတာပါ…. အောင်မြင်ဖို့အတွက် အသက်အရွယ်တွေက အဓိကမကျနေပါဘူးဆိုတာKFC နဲ့ McDonald တည်ထောင်သူတွေကိုကြည့်ရင် အားကျမိမှာမလို့ဒီလိုဇာတ်ကားတွေကို လူတိုင်းကြည့်ရှုသင့်ပါတယ်။...
Feather Christmas (2024) ⭐IMDB: 5.6/10 (101 Votes) 🎬 #Family #Comedy #Romance 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 34 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ခရစ်စမတ်ရာသီရောက်လာပြီဆိုတော့ ရင်ဘတ်ထဲမှာ နွေးခနဲကျန်ရစ်ခဲ့စေမယ့် ခရစ်စမတ် ကားကောင်းလေးတစ်ကား ညွှန်းပေးချင်ပါတယ်။ တိကုဆရာဝန် Martin ဟာ Single Father တစ်ဦးဖြစ်ပါတယ်။ ဒီနှစ်မှာလည်း သားအဖနှစ်ယောက် ခရစ်စမတ်ကို ထုံးစံအတိုင်းပဲ ဖြတ်သန်းဖိုပြင်ဆင်နေတုန်း Mrs.Lay ဆိုတဲ့ အိမ်မွေးကြက်မလေးတစ်ကောင် နေမကောင်းလို ဆေးခန်းလာပြရာကနေ Robin တို သားအမိနဲ့ ဆုံစည်းဖိုဖန်လာ ပါတယ်။ အဲ့နောက်မှာ ကလေးအချင်းချင်း ခင်မင်သွားကြပြီး ဘဝခရီးသွားဖော်မဲ့နေတဲ့ သူတိုနှစ်ယောက်လည်း မြန်မြန်ဆန်ဆန်ပဲ ရင်းနှီးသွားကြပါတယ်။ ဒါပေမယ့် ရင်းနှီးတာကနေ နီးစပ်ဖို့ဆိုတာတော့ အိမ်ထောင်ပျက်စီးထားရသူအတွက် အတားအဆီးတွေ မာနတွေနဲ့ အထင်သေးမခံလိုစိတ်တွေက ကာရန်တားဆီးထားပါတယ်။ အကြီးဆုံးအတားအဆီးကတော့ မိဘဖြစ်လာပြီဆိုရင် သားသမီးက တစ် သားသမီးက နှစ်ဖြစ်လာတဲ့အတွက် ကိုယ့်ဘဝနဲ့ ပျော်ရွှင်မှုကို ဦးစားမပေးနိုင်တော့တာပါပဲ။ ဒီကားလေးမှာလဲ နှလုံးသားနဲ့ နှလုံးသွေးကဖြစ်လာတဲ့ ရင်နှစ်သည်းချာအတွက်ဆိုတဲ့ကိစ္စတွေအကြား လွန်ဆွဲပွဲနဲ့ ဒါကိုဘယ်လို တွေးခေါ်ခံယူပြီး ဖြေရှင်းသွားမလဲဆိုတာကို ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။...
I Am Sam (2001) ⭐TMDB: 76% User Score 🎬 #Drama 🗓 2001 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 2 နာရီ 12 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 I Am Sam (2001) IMDb 7.6 နဲ့ ဆုတော်တော်များများရရှိထားတဲ့ ကားကောင်းလေးတစ်ကားပါပဲနော်။ ဇာတ်လမ်းလေးကတော့ ဦးနှောက်ဖွံ့ဖြိုးမှုနည်းတာကြောင့် ခုနှစ်နှစ်သားမှတ်ဉာဏ်ပဲရှိတဲ့ ဆမ်ဆိုတဲ့ လူတစ်ယောက်က သူ့ခုနှစ်နှစ်သမီးလေးအတွက် ဖခင်ကောင်းတစ်ယောက်ဖြစ်လာနိုင်ရဲ့လား၊ သူ့သမီးလေးကို ပျိုးထောင်နိုင်တဲ့ စွမ်းရည်ရှိရဲ့လားဆိုတာ တရားရုံးမှာ တရားရင်ဆိုင်ရတဲ့အကြောင်းလေးပါ။ ဆမ်ရဲ့ရှေ့နေ ရီတာပြောတာက လူတစ်ယောက်ရဲ့ ဉာဏ်ရည်အတိုင်းအတာက သူ့ရဲ့ချစ်နိုင်စွမ်းအပေါ်သက်ရောက်မှုမရှိဘူးတဲ့။ ဒါပေမယ့် တစ်ဖက်မှာကျ ကိုယ်တိုင်က ၇ နှစ်သားမှတ်ဉာဏ်ပဲရှိတဲ့ ဖခင်တစ်ယောက် ကော်ဖီတောင်ဖျော်တတ်ဖို့အကြာကြီးကြိုးစားခဲ့ရတဲ့ ဖခင်တစ်ယောက်က သမီးကို လူလားမြောက်လာအောင် လူ့အဖွဲ့အစည်းထဲက လူတစ်ယောက်ဖြစ်လာအောင် ဘယ်လိုများပျိုးထောင်နိုင်မှာလဲပေါ့။ တစ်ဖက်က တရားရုံးရှေ့နေက ပြောတယ် လူစီက အရာအားလုံးနဲ့ထိုက်တန်တယ် ဒါပေမယ့် အဲ့တာကို မင်းပေးနိုင်ရဲ့လားတဲ့။ ဖခင်မေတ္တာကို ကွက်ကွက်ကွင်းကွင်းမြင်ရမယ့် ကားလေးပါနော်။ ရိုးရိုးဖခင်တစ်ယောက်တောင် မဟုတ်ပဲ ခုနှစ်နှစ်သားဉာဏ်ရည်နဲ့ ဖခင်တစ်ယောက်ပေါ့။ Cast တွေအနေနဲ့က ဆမ်အဖြစ် Sean Penn , ရှေ့နေမမရီတာအနေနဲ့က Michelle Pfeiffer လူစီအနေနဲ့ကတော့ အားလုံးသိကြတဲ့ Elle Fanning ရဲ့အစ်မ Dakota Fanning ပါ။ သူ့အစ်မရဲ့ ၃ နှစ်အရွယ်ငယ်ဘ၀အတွက်ကို ညီမလေး Elle ကသရုပ်ဆောင်ထားတာပါတဲ့။ဒီကားနဲ့ စပေါက်ခဲ့တဲ့အပြင် ဆုပါရခဲ့တာမို့ သရုပ်ဆောင်ကတော့ ပြောစရာမလိုပါဘူး။ ကြည့်မိလို့ နောင်တရမယ့်ကားမျိုး မဟုတ်လို့ ကြည့်ကြည့်လိုက်ကြပါနော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။)...
People I Know (2002) ⭐TMDB: 53% User Score 🎬 #Crime #Drama #Mystery #Thriller 🗓 2002 🎞 movie 🌎 #Germany #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 People I Know (2002) IMDb Rating (5.4) / Rotten Tomatoes (45%) အီလိုင်ဝါးမန်းဟာ ကြော်ငြာပြန်ကြားပေးရတဲ့သူပါ သူဟာအသက်အရွယ်ရလာတာနဲ့အမျှ အလုပ်အကိုင်တွေလည်းပါးလာပါတယ်။ သူ့မှာ ဆီးသွားရင်သွေးပါတတ်တဲ့ရောဂါလည်းရှိပြီး အရက်နဲ့မူးယစ်းဆေးစွဲနေသူပါ ကယ်ရီလော်နာဆိုတာကတော့ အော်စကာဆုရနာမည်ကြီးသရုပ်ဆောင်တစ်ဦးပါ။ ကယ်ရီလော်နာကပဲ အီလိုင့်ဆီကိုအလုပ်အပ်တဲ့ တစ်ဦးတည်းသောအလုပ်ရှင်ပါ ကယ်ရီလော်နာ ရှုပ်ခဲ့သမျှပြဿနာတွေကိုလည်း အကုန်လိုက်ရှင်းပေးရပါတယ်။ တစ်နေ့မှာ ကယ်ရီဟာ သူနဲ့ပက်သက်ခဲ့တဲ့ဂျေလီဟော့ပါဆိုတဲ့မော်ဒယ်တစ်ယောက်အဖမ်းခံရတဲ့ကိစ္စကို အီလိုင့်ကိုတာဝန်ဖြေရှင်းခိုင်းရာက အီလိုင့်ရဲ့ ဆိုးနေတဲ့ဘဝအပေါ် ကြီးမားတဲ့သက်ရောက်မှုကြီးဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Rubyjane ဖြစ်ပါတယ်။)...
Mrit (2023) ⭐IMDB: 4.2/10 (32 Votes) 🎬 #Bollywood #Horror 🗓 2023 🎞 movie 🌎 #India ⏰ 55 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mrit 2023 စံအိမ် ဒီကားကတော့ အေးအေးလေးနဲ့ကို ချောက်ချားစရာတွေအပြည့်နဲ့ပါ လူမိသွားမလားဆိုတဲ့ ခံစားချက်ကိုလည်းဇာတ်ကားထဲကညဘက်ရောက်လာတိုင်းခံစားရမှာပဲဖြစ်ပါတယ် မြို့မှာတက်နေရင်း ရွာကအမေခေါ်လို့ ရိုမာတစ်ယောက် မွေးရပ်မြေပြန်ဖို့အကြောင်းဖန်လာခဲ့တယ်ရည်းစားလေးကိုပါ မိဘတွေနဲ့မိတ်ဆက်ပေးချင်တာကြောင့်လိုက်ခဲ့ဖို့ခေါ်တော့သူ့ကောင်လေးချီရာ့ဂ်ကလည်း ရာဇဝတ်ဂိုဏ်းနဲ့ ခြေရှုပ်မိထားတာကြောင့်အတူလိုက်ခဲ့ဖို့ဖြစ်လာပါတယ် ရွာဆိုတော့ ဖုန်းလိုင်းလည်းမကောင်းဘူးပေါ့ ငှက်တွန်သံတွေနဲ့အေးချမ်းပေမဲ့အိမ်ထဲစဝင်တည်းက ချီရာ့ဂ်က ထူးဆန်းတဲ့အနံ့ရခဲ့ပါတယ် ထူးထူးဆန်းဆန်းသူပဲရနေတဲ့အနံ့ပါ အိမ်က ခြံစောင့် အိမ်ဖော်တွေကလည်းအပြောကတော့ဖော်ရွေပေမဲ့ မျက်နှာစိမ်း အကြည့်စိမ်းတွေနဲ့ပဲကြည့်ကြတာပါစပ်စုတတ်တဲ့ချီရာ့ဂ်ဖို့ ညဘက်ရောက်တိုင်း ဒီအနံ့ကိုလိုက်ရှာရင်းတိတ်ဆိတ်ငြိမ်သက်နေတဲ့အိမ်ကြီးမှာသူဘာတွေကြုံတွေ့သွားမယ်ဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ပဲဖြစ်ပါတယ်...
