ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Anubhav Singh Bassi: Bas Kar Bassi (2023) ⭐TMDB: 67% User Score 🎬 #Bollywood #Comedy 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 24 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bas Kar Bassi (2023)အနူဘတ်ဆင်းဂ်ဘက်စီ ဒါကတော့ အိန္ဒိယရဲ့ သရုပ်ဆောင် ၊ Youtuber နဲ့ Stand-up Comedian ဖြစ်သူAnubhav Singh Bassi ရဲ့ talk show ပဲဖြစ်ပါတယ်။ ဘက်စီကတော့ Youtube မှာ ကြည့်ရှုသူပေါင်း ၂၀၀ မီလျံအထက်နဲ့Subscribers ၄ သန်းကျော်ရရှိထားပြီး Instagram မှာလဲဖော်လိုဝါပေါင်း ၃သန်းကျော် ရရှိထားသူဖြစ်ပါတယ်။ အခုတင်ဆက်ပေးထားတဲ့ Tallk show ထဲမှာဆိုရင်အမျိုးသားဥပဒေတက္ကသိုလ်မှဘွဲ့ရပြီးခါလူငယ်လေး ဘက်စီဟာ သည် အိပ်မက်တွေရည်မှန်းချက်တွေ တပွေ့တပိုက်နဲ့ သူငယ်ချင်းတွေနဲ့အတူဒေလီကိုသွားခဲ့တဲ့အကြောင်း .. ကြားထဲမှာ ဘယ်လိုအခက်အခဲတွေ တလွဲတွေရှိခဲ့လဲ..ပိုက်ဆံလိုနေချိန်မှာ ဘယ်လိုအလုပ်တွေ သူ့လက်ထဲရောက်လာခဲ့လဲဆိုတဲ့သူ့ရဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေနဲ့ အရှုံးအနိုင်ပွဲတွေကိုဟာသနှောပြီး ပြောပြထားတာပဲဖြစ်ပါတယ်ဗျ။ ( ဘာသာပြန်နဲ့အညွှန်းကိုတော့ CM Bollywood Team မှ ရေးသားထားပါတယ်...
Builder Boys (2024) ⭐IMDB: 6.7/10 (152 Votes) 🎬 #Bollywood #Comedy #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 2 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Builder Boys (2024)”ကန်ထရိုက်ကောင်လေးများ”===================================== အသစ်ထွက် ဂူဂျာရတ်စကားပြောဟာသဒရာမာရုပ်ရှင်ကောင်းလေးတစ်ခုကိုပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ အိမ်ခြံမြေ ပွဲစားလုပ်နေတဲ့ ဗီရာ့ဂျ်နဲ့ဆောက်လုပ်ရေးဆေဗယ်အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ချင်မိုင်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်။ သူတို့ထဲမှာ ချင်မိုင်က တခြားလူဆီမှာ လခစားလုပ်နေရတာဖြစ်ပြီးပွဲစားလေး ဗီရာ့ဂျ်ကတော့ တစ်နေ့နေ့မှာ သူငယ်ချင်းတွေနဲ့ပေါင်းပြီးကန်ထရိုက်တိုက်ဆောက်ဖို့ အင်မတန်စိတ်သန်နေသူဖြစ်ပါတယ်။ တစ်နေ့မှာ ဗီရာ့ဂျ်ဟာ သူ့ရဲ့ ကျောင်းနေဖက်ဖြစ်တစ်ယောက်ဖြစ်တဲ့ဘာဘလူနဲ့ အဆက်အသွယ်ရခဲ့ပြီး ဘာဘလူက သူ့အဖေရဲ့မြေကိုရောင်းပေးဖို့ အကူအညီတောင်းလာတဲ့အချိန်မှာတော့ ဗီရာ့ဂျ်ကဘာဘလူကိုပါ စည်းရုံးပြီး ကန်ထရိုက်တိုက် ဆောက်နိုင်ဖို့စိတ်ကူးကိုအကောင်အထည်ဖော်ဖို့ကြိုးစားပါတော့တယ်။ သူတို့သူငယ်ချင်းသုံးယောက် ကန်ထရိုက်တိုက် ဆောက်နိုင်သွားမှာလား၊ဘယ်လိုအလှည့်အပြောင်းတွေ ကြုံတွေ့ရမှာလဲဆိုတာကို ဒီရုပ်ရှင်ထဲမှာ အားလုံး မြင်ကြရမှာပါ…။ (ဒီဇာတ်လမ်းတွဲအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)...
10 Days of a Curious Man (2024) ⭐IMDB: 5.8/10 (951 Votes) 🎬 #Crime #Drama #Mystery #Thriller 🗓 2024 🎞 movie 🌎 #Turkey ⏰ 1 နာရီ 50 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2023တုန်းက ထွက်ရှိခဲ့တဲ့ 10 Days of a Good Man နဲ့ 10 Days of a Bad Man တို့ရဲ့ sequel ရုပ်ရှင်ကားကိုတင်ဆက် ပေးလိုက်ချင်ပါတယ်။ အရှေ့နှစ်ကားရဲ့ ဖြစ်ရပ်တွေအပြီးမှာတော့ ဆာဒစ်ဟာ ဘဲလက်ဆိုတဲ့မြို့လေးမှာ တစ်ကိုယ်တည်း အေးအေးဆေးဆေး စာလေးတွေရေးရင်း နေထိုင်နေပုံကနေ ဇာတ်လမ်းကိုစတင် ထားပါတယ်။ ရှေ့မှာသူကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို စာမူရေးပြီး ပုံနှိပ်တိုက် တွေကို ပေးပို့ခဲ့ပေမဲ့ အယ်ဒီတာဘက်ကသဘောမကျဘူးပေါ့လေ။ ဒီလိုနဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ခု ရေးမယ်ဆိုပြီး အကြံ ထုတ်နေတုန်း ဆာဒစ်ရဲ့ အိမ်ရှေ့နားမှာ ကြောင်လေးတွေကို အစာလာကျွေးနေကျအဘွားကြီးက အစာလာမကျွေးတော့တာကို သတိထားမိသွားပါတယ်။ အဘွားကြီး ဘာလို့မလာတော့လဲဆိုတာကို သွားစုံစမ်းရင်း ကြောင်စာတွေထောက်ပံ့နေကျဖြစ်တဲ့ မူတဲနာဆိုတဲ့ ကောင်မလေးရဲ့ပျောက်ဆုံးမှုကိုသိလိုက်ရပါတယ်။ တစ်ဖက်မှာလည်း ရပ်ကွက်ထဲမှာ အိမ်တွေကိုမီးလိုက်ရှို့နေတဲ့ လူတစ်စုလည်းရှိနေပြန်ပါသေးတယ်။ ဒီလိုနဲ့ စာမူရေးဖို့ ဇာတ်အိမ် ကုန်ကြမ်းရှာနေတဲ့ ဆာဒစ်တစ်ယောက် မူတဲနာဆိုတဲ့ကောင်မလေးရဲ့ ပျောက်ဆုံးမှုကို စတင်စုံစမ်းပါတော့တယ်။ Crime/mystery အမျိုးအစားဖြစ်တာကြောင့် မထင်မှတ်ထားတဲ့ ဇာတ်အလှည့်အပြောင်းတွေနဲ့ ဇာတ်လမ်းချိတ်ဆက်ပုံတွေကို ကောင်းကောင်းကြီးကြည့်ရှုရမှာပါ။ လူကောင်းရော လူဆိုးပါဖြစ်ခဲ့ပြီးတဲ့ ဆာဒစ်တစ်ယောက် လူပျောက်မှုကို စပ်စုမိတဲ့အခါမှာတော့ ဘာတွေဖြစ်ဦးမလဲဆိုတာ ဇာတ်ကားထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။...
Dahmer (2002) ⭐TMDB: 53% User Score 🎬 #Crime #Drama #Horror #Thriller 🗓 2002 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dahmer (2002) IMDb Rating (5.6) / Rotten Tomatoes (73%) အမေရိကန်နိုင်ငံတစ်ခုလုံးကိုသာမက ကမ္ဘာကိုပါတုန်လှုပ်သွားစေခဲ့တဲ့ကွင်းဆက်လူသတ်သမား ဂျက်ဖရီဒါးမားအကြောင်း ရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်နာမည်ကြီးဇတ်ကားဖြစ်ပါတယ်။ ဂျက်ဖရီဒါးမားကို ၁၉၆၀ခုနှစ်မှာမီဝေါကီး ဝစ္စကွန်ဆင်ပြည်နယ်မှာမွေးဖွားခဲ့ပါတယ်။သူက အသက်၁၈ နှစ်အရွယ်မှာပထမဆုံးလူသတ်မှုကိုကျူးလွန်ခဲ့ပါတယ်။ ဂျက်ဖရီဒါးမားဟာ ၁၉၇၈ ကနေ ၁၉၉၁ အတွင်း အရွယ်ရောက်ပြီးယောကျာ်းနဲ့ ယောကျာ်းလေးငယ်ပေါင်း (၁၇) ယောက်ကိုသတ်ခဲ့ပါတယ်။ ဒါးမားကသူ့ရဲ့သားကောင်တွေကို ဂေးဘားတွေစျေးဝယ်စင်တာတွေဘတ်စကားမှတ်တိုင်တွေမှာရှာပြီးလိင်ကိစ္စဒါမှမဟုတ် ပိုက်ဆံနဲ့ဖျားယောင်းပြီးသူ့အခန်းကိုခေါပြီး သတ်ဖြတ်ပါတယ်။ အလောင်းကောင်နဲ့မဖွယ်မရာလုပ်ပြီးတဲ့အခါလောင်းကိုတစ်စစီဖျက်ပြီး စွန့်ပစ်ပါတယ်။ ဦးခေါင်းတွေလိင်အဂ်ါတွေနဲ့ကိုယ်ခန္ဓာအစိပ်အပိုင်းတစ်ချို့ကို အမှတ်တရပစ္စည်းအဖြစ်နဲ့သိမ်းထားတတ်ပါတယ်။ လူသားကိုလည်းစားကြည့်သလို တစ်ချို့သူတွေကိုတော့ခေါင်းကိုDrillနဲ့ဖောက်ပြီးဇွန်ဘီးလိင်ကျွန်လုပ်ပြီးမှသတ်ဖြတ်ပါတယ်။ သူရဲ့သားကောင်တွေကိုသတ်တာနဲ့အလောင်းဖျက်တဲ့ဖြစ်စဥ်အဆင့်ဆင့်မှာ ဓါတ်ပုံမှတ်တမ်းတင်တတ်ပါသေးတယ်။သူဟာ ၁၉၈၁ – ၁၉၈၂ နဲ့ ၁၉၈၆ မှာလည်း အများပြည်သူရှေ့မဖွယ်မရာပြမှုတွေနဲ့ဖမ်းခံရပါတယ်။ ၁၉၉၂မှာဖမ်းခံရပြီး လူသတ်မှု(၁၅)မှုအတွက် စွဲချက်တင်ခံရပြီးထောင်ဒဏ် ၉၅၇နှစ် ပြစ်ဒဏ်ချမှတ်ခံရပါတယ်။ အရက်စွဲနေတဲ့အပြင် လိင်စိတ်မူမမှန်တာရှိနေပြီး လိင်တူချင်းတပ်မက်ရာမှလိုအင်မပြည့်တဲ့အတွက် ဒေါသအလျောက်လူစသတ်မိပြီး လူသတ်တာကိုစွဲလမ်းသွားရာက တစ်ဆင့်ထက်တစ်ဆင့် လူမဆန်တဲ့ဖြစ်ရပ်တွေနဲ့ဆန်းပြားတဲ့အမူအကျင့်တွေကိုလုပ်လာတာဖြစ်တယ် ။ သူရဲ့တိုက်ခန်းကိုရှာဖွေတဲ့အခါသူ့ရဲ့အအေးခန်းသေတ္တာထဲကလူခေါင်းပြတ်တွေနှလုံးတွေကတော့လုပ်သက်(၁၇)နှစ်ရှိတဲ့ရဲတွေကိုတောင်ကြောက်ရွံ့တုန်လှုပ်ပြီး တစ်သက်တာမေ့မရတဲ့မြင်ကွင်းဖြစ်သွားစေခဲ့ပါတယ်လို့ ရဲတွေကပြောပြခဲ့ပါတယ်။ သူ့ကိုလွှတ်ပေးရင်တောင် သူကဒီလိုပဲဆက်သတ်နေမှာပဲလို့သူကရဲတွေကိုဖြေခဲ့ပါတယ်။ထောင်ကျပြီး (၂)နှစ်ကြာတဲ့အခါမှာ ထောင်သားတစ်ယောက်ကရိုက်သတ်တဲ့အတွက် ၁၉၉၄ မှာ ဂျက်ဖရီဒါးမားသေဆုံးခဲ့ပါတယ်။ ဂျက်ဖရီဒါးမားနဲ့ပါတ်သက်လို့စာအုပ်တွေလည်းထွက်ထားသလိုရုပ်ရှင်နဲ့တီဗွီစီးရီးစ်မတွေလည်းထွက်ရှိထားပါတယ်။ Dahmer( 2002) ရုပ်ရှင်ကတော့အစောဆုံးထွက်လာတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ဒီဇတ်ကားက ဂျက်ဖရီဒါးမားအဖြစ်သရုပ်ဆောင်တဲ့ Jeremy Renner( ဂျယ်ရမ်မီရမ်းနား) ကိုအောင်မြင်တဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်စေခဲ့ပါတယ်။ “ယောကျာ်းလေးတွေပဲ ဘာစိတ်ပူစရာရှိလဲ ထောင်အပြင်တန်းမရှိဘူး“ပြောတတ်ကြပေမယ့် လိင်စိတ်မူမမှန်သူတွေရှိနေတတ်တာကို ဒီဇတ်ကားကမီးမောင်းထိုးပြထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။)...
Aankhen (2002) ⭐TMDB: 64% User Score 🎬 #Bollywood #Crime #Drama #Thriller 🗓 2002 🎞 movie 🌎 #India ⏰ 2 နာရီ 38 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Aankhen (2002) IMDb Rating (7.4) / Rotten Tomatoes (71%) Bollywood Thriller/Comedy ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါ့မယ်။ မင်းသားကြီး Amitabh Bachchan၊ Akshay Kumer၊ Arjun Rampal၊ Paresh Rawal တိုနဲ့ မင်းသမီးချော Sushmita Sen တို့ပါဝင်သရုပ်ဆောင်ထားပြီး (8 Nominations) လည်းရထားပါသေးတယ်။ ဇာတ်ကားလေးကတော့ ဘဏ်နေဂျာတစ်ယောက်ဖြစ်တဲ့ မစ္စတာ ရဂျ်ပွတ် ဟာတစ်နေ့မှာတော့ အလုပ်ကနေထုတ်ခံလိုက်ရပါတယ်။ သူ့ဘဝတစ်ခုလုံးကို ဘဏ်မှာပဲမြှပ်နှံထားတဲ့ ရဂျ်ပွတ် ဟာဘဏ်ကိုစိတ်အနာကြီးနာပြီး ပြန်ပြီးလက်စားခြေဖို့ဆုံးဖြတ်လိုက်ပြီး နည်းလမ်းပေါင်းစုံစဉ်းစားပါတော့တယ်။ ဒီလိုနဲ့ တစ်ကမ္ဘာလုံးမှာတစ်ခါမှမလုပ်ဖူး မဖြစ်ဖူး မကြုံဖူးတဲ့ပုံမျိုးနဲ့ ဘဏ်ဓားပြတိုက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲဒီမှာပဲ မျက်မမြင်သုံးယောက်ကိုလိုက်ရှာပြီး အဲဒီမျက်မမြင်သုံးယောက်ကိုလေ့ကျင့်ပေးမယ့်ဆရာမနဲ့ပေါင်းပြီးတော့ ဘဏ်ကိုနေ့ခင်းကြောင်တောင်ကြီး ဓားပြတိုက်ဖို့အစီအစဉ်ဆွဲပါတော့တယ်။ ဒီလိုနဲ့ ဘဏ်ကိုဓားပြတိုက်ရင်း ဘယ်လိုအခက်အခဲတွေ၊ ဘယ်လိုလေ့ကျင့်မှုတွေနဲ့ ဘယ်လိုစီစဉ်သွားမလဲဆိုတာကိုကြည့်ရှုရင်းနဲ့ သူလေ့ကျင့်ပေးထားတဲ့ မျက်မမြင်သုံးယောက်ကရော သူစီစဉ်သလိုဖြစ်ပါ့မလား ဆိုတာကိုတော့ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ မင်းသားကြီး Amitabh Bachchan ကိုယ်တိုင်းအဓိကပါဝင်သရုပ်ဆောင်ထားတာဆိုတော့ ပြောစရာမလိုတော့ဘူးပေါ့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Leo ဖြစ်ပါတယ်။)...
Moana (2016) ⭐IMDB: 7.6/10 (401 k Votes) 🎬 #Adventure #Animation #Comedy #Family #Fantasy #Musical 🗓 2016 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Moana (2016) IMDb Rating (7.6) / Rotten Tomatoes (95 %) Disney ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ၅၆ ခု မြောက် Animation ဇာတ်ကား အဖြစ်ထွက်ရှိခဲ့ပြီးအောင်မြင်ကျော်ကြားလူကြိုက်များခဲ့တဲ့ကာတွန်းကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့…တီဖီတီဟာ ကျွန်းကို စောင့်ရှောက်တဲ့ နတ်သမီးတစ်ပါးဖြစ်ပြီးကျွန်းတွေ၊ အသက်ဝိညာဉ်တွေစတဲ့ အရာအားလုံးကို ဖန်ဆင်းထားသူဖြစ်ပါတယ်။တီဖီတီရဲ့ နှလုံးသားဟာ ကျောက်စိမ်းတုံးလေးတစ်ခုအနေနဲ့ရှိပြီးအသက် ဝိညာဉ်တွေ ဖန်ဆင်းရာမှာ အသုံးပြုနိုင်ပါတယ်။အဲဒါကို လူသား နတ်ဘုရားဖြစ်တဲ့ မာဝီ က သူ့ရဲ့ စွမ်းအားတွေ၊ ဝိညာဉ်တွေ မြှင့်တင်ဖို့နဲ့မှော်ငါးမျှားချိတ်ကြီး ဖန်တီးဖို့အသုံးပြုခဲ့ပြီးမီးတောင် ချော်ရည်မိစ္ဆာကောင်ကြီး တီခါနဲ့ ကြုံရပြီးတဲ့နောက်တီဖီတီရဲ့ နှလုံးသားရော၊ မှော်ငါးမျှားချိတ်ကြီးရော သမုဒ္ဒရာထဲမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်တွေက ထောင်စုနှစ်တစ်ခုကြာခဲ့ပြီဖြစ်ပြီးလက်ရှိကာလမှာတော့ တီဖီတီ ဖန်ဆင်းထားတဲ့ မိုတန်နူဝီကျွန်းသူကြီး တွီရဲ့ အမေ တာလာဟာ သူ့မြေး မိုအာနာ အပါအဝင်ကျွန်းပေါ်က ကလေးတွေကို ကျွန်းနဲ့ပတ်သက်တဲ့ ဒဏ္ဍာရီတွေ ဒီအကြောင်းတွေကို ပုံပြင်အဖြစ်ပြောပြလေ့ရှိပါတယ်။တီဖီတီရဲ့ နှလုံးသားဖြစ်တဲ့ ကျောက်စိမ်းတုံးလေး ပျောက်ဆုံးနေတဲ့အတွက်ကျွန်းမှာ အန္တရာယ်တွေကျရောက်နိုင်တယ်လို့ တာလာက မကြာခဏ သတိပေးခဲ့ပါတယ်။ တစ်ရက်မှာ မိုအာနာဟာ ကမ်းတင်နေတဲ့ လိပ်လေးတစ်ကောင်ကိုတွေ့ခဲ့ပြီး စင်ရော်တွေဝိုင်းနေတာကြောင့် ရေထဲပြန်မဆင်းရဲ ဖြစ်နေတာကိုမိုအာနာကယ်ဆယ်ခဲ့တာကို သမုဒ္ဒရာကြီးက အသိအမှတ်ပြုတဲ့အနေနဲ့ တီဖီတီရဲ့ နှလုံးသားကို ပေးခဲ့ပါတယ်။ မိုအာနာ့လက်ထဲက ကျောက်စိမ်းတုံးကို သူ့အဖေကသိမ်းသွားခဲ့ပါတယ်။ဒါပေမဲ့လည်း မိုအာနာရဲ့ အဘွားတာလာက ယူခဲ့ပြီးအဲဒီ အရာဟာ ကျွန်းသခင်မတီဖီတီရဲ့ ပျောက်ဆုံးနေတဲ့ နှလုံးသားဖြစ်တယ်လို့မိုအာနာကိုပြောပြခဲ့ပါတယ်။ ဒီ့နောက်တော့ မိုအာနာတို့ကျွန်းမှာ အုန်းပင်တွေပျက်စီး၊ငါးတွေဖမ်း မမိနဲ့တစ်ကျွန်းလုံး ဒုက္ခရောက်နေတာမို့ ကျွန်းကိုကျော်ပြီး အစာရှာထွက်ဖို့မိုအာနာစိတ်ကူးခဲ့ပေမယ့် ဒေါသကြီး၊ စည်းကမ်းကြီးတဲ့ သူ့အဖေက လက်မခံခဲ့ပါဘူး။ မျိုးနွယ်တစုလုံးဒုက္ခရောက်နေတဲ့အခါမှာ နောက်ဆုံးတော့ မိုအာနာဟာ သူ့အချစ်တော် ဝက်ပေါက်လေး ပူးဝါးကိုခေါ်ပြီးသူ့အဘွားတာလာ ညွှန်ကြားတဲ့အတိုင်း လူသားနတ်ဘုရားမာဝီကိုရှာဖို့ သမုဒ္ဒရာထဲကို ထွက်သွားခဲ့ပါတော့တယ်။ မိုအားနာတယောက် ခက်ခဲကြမ်းတမ်းတဲ့ပင်လယ်ကြီးကို ကျော်ဖြတ်ပြီးသူမရဲ့ရည်မှန်းချက်တွေ အောင်မြင်သွားမလားဆိုတာ…….။ မိုအာနာအဖြစ် Auli’i Cravalho က သူမရဲ့ အနုပညာဘဝအစအဖြစ် ပါဝင်ခဲ့ပြီးမာဝီအဖြစ် Dwayne Johnson မှ သရုပ်ဆောင်ထားပေးပါတယ်။...
Hu Laoshi's Wake (2024) ⭐TMDB: 0% User Score 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 4 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပရလောကသားတွေကို မမြင်ဖူးလို့ မရှိဘူးလို့ထင်လား…တကယ်မရှိတာလား…ရှိပြီး မမြင်ရတာလားမသိပေမယ့်… ၁၉၂၀ ခုနှစ်က ဆင်းရဲသားရွာလေးကတော့…မမြင်ဖူးတဲ့ ပါးစပ်ရာဇဝင်ထဲက ကြောင်မိစ္ဆာကြောင့် အလုပ်အကိုင်ရှားပါးနေတယ်…ဒီထဲမှာ ဆင်းရဲလို့ ငွေရှင်တွေလက်အောက် အလုပ်လုပ်နေရပြီး…ငွေရှင်ရဲ့ ခေါင်းပုံဖြတ် အနိုင်ကျင့်တာကို ခံနေရတဲ့ မိသားစုတွေလည်းရှိတာပေါ့… လောင်စစ်တို့မိသားစုလည်း ဒီလို ဖိနှိပ်ခံဆင်းရဲသားမိသားစုတွေထဲက တစ်မိသားစုအပါအဝင်ပေါ့…လောင်စစ်ခဗျာ လုပ်အားခကို နေ့ရွေ့ညရွေ့နဲ့ အချိန်မှီမရတဲ့ဒုက္ခအပြင်…ဈာပနမှာ အလောင်းစောင့်ဖို့ပါ လိမ်လည်ပြီးစေခိုင်းခံရပြန်သေးတယ်… ဒီလောကကြီးမှာ မမြင်ရတဲ့ ပရလောကသားတွေက ကြောက်ဖို့ကောင်းတာလား….ပရလောကသားတွေကိုကြောက်နေတဲ့ လူသားတွေကပဲ ကြောက်ဖို့ကောင်းတာလား….အလောင်းစောင့်တဲ့ညမှာ ဘယ်လိုကိစ္စတွေနဲ့ ကြုံတွေ့ရမယ်ဆိုတာတော့…ဇာတ်လမ်းအဆုံးလေးကို စောင့်မျှော်ကြည့်ကြတာပေါ့...
The Convenience Store Manager Who I Hate-Rin Hachimitsu (FSDSS-820-Decensored) ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 2 နာရီ 5 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rin Hachimitsu ဆိုတာ ကြည့်ပြီးတာနဲ့ တမ်းတမ်းစွဲသွားစေလောက်တဲ့ရှိုက်ကြီးဖိုငယ်အသွယ်သွယ်ကို ပိုင်ဆိုင်ထားသူမျက်ဝန်းမျက်ဖန်လှလှနဲ့ တမူထူးခြားစွာလှပတဲ့ JAV မင်းသမီးလေးပါပဲ။ FSDSS-820-Decensored ဒီဇာတ်လမ်းထဲမှာတော့ သူမရဲ့ သရုပ်ဆောင်စွမ်းရည်တချို့ကိုပါမြင်တွေ့နိုင်ပြီးတော့ JAV ဇာတ်ကားတွေရိုက်ကူးနေကျစတိုးဆိုင်တစ်ခုမှာ ဇာတ်လမ်းဆင်ထားပါတယ်။ JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့ ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။(Dark Side Production မှ တင်ဆက်သည်။)...
Once Upon a Time in China (2024) ⭐TMDB: 65% User Score 🎬 #Drama #Mystery 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 21 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 1920-1930 ခုနှစ်ဝန်းကျင်လောက်က ရှန်ဟိုင်းမြို့ကြီးမှာ ဖြစ်ပါတယ်။မြစ်ကမ်းစပ်မှာ သေတ္တာတစ်လုံးတွေ့ပြီး အထဲမှာ အမျိုးသမီးအလောင်းတစ်လောင်းတွေ့တဲ့အတွက် ရှာဖေးလမ်းရဲစခန်းက တိုင်ကြားမှုကို လက်ခံရရှိခဲ့ပါတယ်။ အင်္ဂလန်က ပညာသင်ပြီး ပြန်လာတဲ့ အမျိုးသမီးစုံထောက်အသစ်စီးမာနန်ကဒီအမှုပို ဦးဆောင်စစ်ဆေးဖို့ တာဝန်ယူခဲ့ပါတယ်။ အထက်က ၅ ရက်အတွင်းအမှုဖော်နိုင်ရမယ်ဆိုတဲ့ ဖိအားကြောင့် စီးမာနန်၊လော်ချုံးနဲ့ ချန်ခယ်တို့ဟာ အမှုကို ဖြေရှင်းဖို့ သဲလွန်စတွေကို လိုက်ရှာပါတော့တယ်။ အလောင်းကို စစ်လိုက်တော့ သတ်ဖြတ်ပုံသတ်ဖြတ်နည်းက ထူးခြားနေတာကိုတွေ့ရှိရပါတယ်။ သေသူရဲ့ ရင်ဘတ်ကို ခွဲစိတ်ဓားနဲ့ သပ်သပ်ရပ်ရပ်ခွဲပြီးနှလုံးကို ထုတ်ထားတာဖြစ်ပါတယ်။ ဒီလို ရက်စက်တဲ့လူသတ်နည်းမျိုးကို လုပ်နိုင်တဲ့လူက ရှန်ဟိုင်းမှာသိပ်မရှိလှပါဘူး။ မြစ်ဘေးမှာ သေတ္တာထဲက အမျိုးသမီးအလောင်းတွေ ဆက်တိုက်တွေ့ရတဲ့အခါမှာတော့……စီးမာနန်တို့တစ်တွေ တရားခံအစစ်ကို ရှာတွေ့နိုင်မလား……တရားခံအစစ်က ဘယ်သူဖြစ်လိမ့်မလဲ……တရားခံက ဘယ်လိုအကြောင်းကြောင့် အမျိုးသမီးတွေကိုပဲ သတ်ဖြတ်ရတာလဲ……ဆိုတာကို ရုပ်ရှင်နဲ့အတူ အဖြေရှာလိုက်ရအောင်နော်။...
Unhinged (2020) ⭐IMDB: 6.0/10 (81 k Votes) 🎬 #Action #Horror #Thriller 🗓 2020 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Unhinged (2020) IMDb Rating (6.0) မင်းသားကြီး Russell Crowe နဲ့ မင်းသမီး Caren Pistorius တို့ရဲ့ သွေးအေးဖိုက်တာကားပါ။Action/Thriller လို့ ပြောပေမယ့် ဆိုက်ကို ဟော်ရာ ကားလိုပဲ ခံစားရပါတယ်။ ဇာတ်လမ်းကတော့ ကားလမ်းမ ပေါ်က ရန်ပွဲတစ်ခုကနေ စတာပဲ။လမ်းပေါ်မှာ ကားသမားချင်း ကတော်ကဆ ဖြစ်ကြတာကို ခဏခဏ ကြုံဖူးကြမယ်ထင်ပါတယ်။စကားများရုံရှိတယ်၊ ရိုက်ကြတာ ရှိမယ်၊ သေကြေကုန်တဲ့အထိ ရှိဖူးပါတယ်။ဒါပေမယ့် ဒီတစ်ခါ ဖြစ်တာကတော့ အဲဒါထက်အများကြီးဆိုးပါတယ်။သည်းထိပ်ရင်ဖိုကြိုက်တဲ့အတွက်တော့ လုံးဝလက်လွတ်မခံသင့်တဲ့ရုပ်ရှင်ကားကြီးပါပဲ။...
New York Stories (1989) ⭐TMDB: 62% User Score 🎬 #Comedy #Drama #Romance 🗓 1989 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 5 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 New York Stories (1989) ~ IMDb – 6.4/10, Rotten Tomatoes – 76% ~ New York Stories ကို အမေရိကရဲ့ ထိတ်ထိတ်ကြဲ ဒါရိုက်တာတွေဖြစ်တဲ့ Martin Scorsese, Francis Ford Coppola နဲ့ Woody Allen တို့ သုံးယောက်တွဲ ရိုက်ထားတယ်။ ဒီ Anthology Film မှာ Life Lessons, Life Without Zoë, Oedipus Wrecks ဆိုတဲ့ ဇာတ်လမ်း၃ခုပါတယ်။ ဒီသုံးခုလုံးမှာ တူညီတာဆိုလို့ နယူးယောက်မှာ ဇာတ်အိမ်တည်ထားတဲ့အချက်ပဲရှိတယ်။ ထိတ်ထိတ်ကြဲဒါရိုက်တာကြီးတွေချည်း ရိုက်တာပေမဲ့ အများကြီးတော့ မမျှော်လင့်ထားစေချင်ဘူး။ ပထမဆုံးဇာတ်လမ်းဖြစ်တဲ့ Life Lessons ကိုတော့ Martin Scorsese က ရိုက်ထားတယ်။ ဇာတ်လမ်းကိုတော့ ဒီမတိုင်ခင် သူ့ကို The Color of Money (1986) မှာ ဇာတ်ညွှန်းရေးပေးခဲ့တဲ့ Richard Price က ရေးပေးထားတယ်။ သူတို့၂ယောက်က The Color of Money မှာ အတွဲညီသလို ဒီမှာလည်းညီတယ်ပြောရမယ်။ တကယ်လို့သာဆို ဒီဇာတ်နဲ့ ဒီဇာတ်ကောင်တွေက စကောဆေးစိထက် ကော်ပိုလာ့ဟန်နဲ့ သွားတူမယ်။ ဇာတ်အကြောင်းအရာကတော့ ဂျက်ဆန်ပေါလော့လို Abstract Expressionism ပန်းချီဆရာတစ်ယောက်ရဲ့ နယူးယောက်က ဘဝနဲ့ သူ့ရူးသွပ်မှုအကြောင်း ရိုက်ပြထားရုံပဲ။ မင်းသားကိုတော့ Nick Nolte ကို သုံးထားတယ်။ ဒီကားပြီးတဲ့နောက်ထွက်တဲ့ Cape Fear မှာလည်း သူ့ကို ထပ်ထည့်ရိုက်ခဲ့သေးတယ်။ နယူးယောက်စတိုရီဆိုတာနဲ့ အလိုက်ဖက်ဆုံးဇာတ်လမ်းလည်းဟုတ်တယ်။ Life Without Zoë ကတော့ ကော်ပိုလာနဲ့ သူ့သမီးဆိုဖီယာကော်ပိုလာက ဇာတ်ညွှန်းရေးထားပြီး ကော်ပိုလာက ရိုက်ထားတယ်။ ဇာတ်တော့ စိတ်ဝင်စားစရာကောင်းမလိုလေးနဲ့ နည်းနည်းဆန်းပြားမလိုလေးနဲ့ အားရစရာမကောင်းဆုံး ဇာတ်ဖြစ်သွားတယ်။ သူတို့သားအဖ၂ယောက်တွဲလုပ်ရင် အကျိုးမပေးတာတော့ အမှန်ပဲ။ ၁၂နှစ်သမီးလေးရယ် သူ့အဖေနဲ့အမေရဲ့ အရှုပ်တော်ပုံတွေရယ် အကြောင်းပေါ့။ ကော်ပိုလာရိုက်တယ်လို့ မထင်အောင် စုတ်ပြတ်တယ်လို့ ပြောချင်ပေမဲ့လည်း ကော်ပိုလာက မထော်မနန်း လုပ်ချင်တာလုပ်တဲ့ဘဲဖြစ်သလို သူ့သမီးဇာတ်ကိုပဲရိုက်ချင်လို့ ပိုမထော်မနန်းလုပ်ချလိုက်လားတော့ မသိဘူး။ စုတ်ပြတ်ပေမဲ့လည်း မထော်မနန်းလုပ်တတ်တဲ့ ကော်ပိုလာရဲ့စရိုက်နဲ့ချိန်ကြည့်ရင် ဖြစ်တတ်ပါတယ်လို့ တွေးရမယ့်ဇာတ်ပဲ။ ဒီထဲက အညံ့ဆုံးဇာတ်လည်းဟုတ်တယ်။ Adrien Brody အတွက်တော့ ဒီဇာတ်လမ်းက သူ့အတွက် ပထမဆုံးပွဲဦးထွက်ရုပ်ရှင်ဖြစ်ခဲ့တယ်။ Oedipus Wrecks ကိုတော့ ဝူဒီအယ်လန်ကိုယ်တိုင် ရေးပြီး ရိုက်ပြီး သရုပ်ဆောင်ထားတယ်။ ဒီဇာတ်အတွက်စကားကတော့ ဝူဒီအယ်လန်ကတော့ ဝူဒီအယ်လန်ပဲ။ ဒီဇာတ်နဲ့ ခုနောက်ပိုင်းထိ သူရိုက်နေတဲ့ဇာတ်တွေနဲ့ သူ့ဟန်က သူ့ဟန်အဖြစ်မြင်သာထင်နေတုန်းပဲ။ အယ်လန်ဟာ ပိုစတာမြင်ရင်တောင် သူ့ကားလို့ အလိုလိုသိစေမယ့်ဘဲပီသစွာပဲ ဒီနယူးယောက်စတိုရီရဲ့ ပိုစတာကလည်း သူ့ဟန်လို့ မြင်သာတယ်။ ဇာတ်ကတော့ တကျီကျီနားပူ လူကြားသူကြားထိပါနားပူ လိုက်အရှက်ခွဲနေတဲ့ အမေကြောင့် တိုင်ပတ်နေတဲ့ အသက်၆၀အရွယ် လူကြီးတစ်ယောက်ရဲ့ အဖြစ်ပေါ့။ အသက်သာ ၆၀ဖြစ်လာတယ် သူ့ကိုကလေးလို့ထင်နေသေးတဲ့ သူ့အမကြောင့် သူတိုင်ပတ်ရပုံတွေကိုပြထားတယ်။ ဝူဒီအယ်လန်ရဲ့ဇာတ်လို့ မြင်သာထင်သာရှိတဲ့ဇာတ်ပါပဲ။ ပုဂ္ဂလိက အမြင်အရဆိုရင်တော့ ဒီဇာတ်က ဒီထဲ ကျွန်တော့်အကြိုက်ဆုံးဇာတ်ပဲ။ ဝူဒီအယ်လန် ပရိသတ်ဖြစ်နေတာကြောင့်လည်းပါပါလိမ့်မယ်။ နယူးယောက်စတိုရီဆိုတဲ့ နာမည်နဲ့လိုက်ဖက်တဲ့အရသာတော့ ပေးနိုင်တယ်မမြင်ဘူး။ အဲဒီအရသာကို သူတို့ထဲ စကောဆေးစိတစ်ယောက်ပဲ ပေးနိုင်ခဲ့တာပါပဲ။ ဝူဒီ့ဇာတ်မှာ သရုပ်ဆောင်တွေအဖြစ် သူကိုယ်တိုင်ပါထားသလို သူ့အချစ်တော် Mia Farrow နဲ့ Julie Kavner တို့လည်းပါဝင်ထားတယ်။ Kirsten Dunst ရဲ့ ပွဲဦးထွက်ဇာတ်လမ်းလည်းဟုတ်တယ်။ New York Stories ကို ဒါရိုက်တာကြီး၃ယောက်ရဲ့ လက်ရာတွေကို တစ်ကားတည်းကြည့်ရမယ့် မျှော်လင့်ချက်ကြီးနဲ့တော့ ကြည့်လို့မဖြစ်ပါဘူး။ ပုဂ္ဂလိက အမြင်အရတော့ ဒီထဲ ကိုယ့်ဟန်ကိုယ်ထိန်းထားနိုင်တာ ဝူဒီအယ်လန်ပဲရှိတယ်။ သူတို့၃ယောက်ကို ချစ်လို့ပဲ ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ ဒီလို ထိတ်ထိတ်ကြဲ၃ယောက်တွဲရိုက်ထားတဲ့ ရုပ်ရှင်က မရှိသလောက်ရှားတယ်မဟုတ်လား။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...
The President's Barber (2004) ⭐TMDB: 71% User Score 🎬 #Comedy #Drama #Family #Political #History 🗓 2004 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 56 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The President’s Barber (2004) ****************************** IMDb… 7 သရုပ်ဆောင်ကြီး Song Kang Ho နဲ့ Moon So Ri တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ သမ္မတနဲ့ တစ်ရပ်ကွက်ထဲမှာ နေထိုင်ရင်း သမ္မတရဲ့ ဆံသဆရာ ဖြစ်လာတဲ့ ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဆံပင်ညှပ်ဆိုင်လေး ဖွင့်ရင်း လုပ်ကိုင်စားသောက်နေတဲ့ သာမန် အညတရ ဆံသဆရာ ဆောင်းဟန်မိုရဲ့ ဆံပင်ညှပ်ဆိုင်ကို ရုတ်တရက်ဆိုသလိုပဲ ဗဟို ထောက်လှမ်းရေး ဌာနက အရာရှိ တစ်ဦး ရောက်ရှိလာပြီး ဆောင်းဟန်မိုဟာ ဒီရပ်ကွက်ထဲမှာ အချိန်အတော်ကြာ နေလာတဲ့သူ ဖြစ်တာကြောင့် မြောက်ကိုရီးယားသူလျှိုကို ဖမ်းပေးရမယ်ဆိုပြီး အမိန့် ထုတ်သွားခဲ့တယ်။ အဲဒီ အမိန့်အတိုင်းအတိုင်းလည်း သူလျှိုကို အမိအရ ဖမ်းဆီးပေးနိုင်ခဲ့တဲ့ အပြင် ရိုးသားကြိုးစားတယ်ဆိုပြီး သမ္မတကြီးက ဆောင်းဟန်မိုကို အိမ်ပြာတော်မှာ ရာထူးတစ်နေရာပေးလိုက်တော့တယ်။ အဲဒီအချိန်ကစလို့ ဆောင်းဟန်မိုတို့ မိသားစုရဲ့ဘဝဟာ အမှတ်မထင် တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့တယ်။ အိမ်ပြာတော်အထိ ခြေဆန့်နိုင်ခဲ့တဲ့ သာမန် ဆံသဆရာ တစ်ယောက်ရဲ့ဘဝဟာ ရှေ့လျှောက် ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာ ဆက်လက် ရှူစားလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအကျဉ်းကို Treasure Htet မှ ရေးသားပေးထားပါတယ်။)...
Derailed (2002) ⭐TMDB: 51% User Score 🎬 #Action #Thriller 🗓 2002 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အက်ရှင်မင်းသားကြီးဗန်ဒိန်းရဲ့ ကားဟောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဗန်ဒိန်းက လျှို့ဝှက်အေးဂျင့်တစ်ယောက်။ နားရက်မှာပဲ သူ့ကိုတိတ်တဆိတ်တာဝန်ပေးလာတာကလူတစ်ယောက်ကို မြူးနစ်ဆီ ရထားနဲ့ခေါ်သွားဖို့။ရထားပေါ်ကျမှ သူခေါ်လာတဲ့လူက လူချည်းသက်သက်မဟုတ်ဘဲ လူပေါင်းသန်းနဲ့ချီပြီးသေကြေပျက်စီးစေနိုင်တဲ့အရာတစ်ခုကို သယ်လာမှန်းသိလိုက်ရပြီး အဲဒီအရာနောက်ကိုလိုက်နေတဲ့လက်မရွံ့အဖွဲ့ကလည်း ရထားကို ပြန်ပေးဆွဲတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်။)...
The Count of Monte-Cristo (2024) ⭐IMDB: 7.7/10 (20 k Votes) 🎬 #Action #Adventure #Drama #History #Romance #Thriller 🗓 2024 🎞 movie 🌎 #France #Belgium ⏰ 2 နာရီ 58 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Count of Monte-Cristo (2024) IMDb Rating (7.7) / Rotten Tomatoes (100%) ကမ္ဘာကျော်ပြင်သစ်စာရေးဆရာကြီး အဲလက်ဇ်ဇန်ဒရာဒူးမတ်စ်ရဲ့ နာမည်ကျော်၀တ္ထုကို ပြင်သစ်တွေ ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၈၀ လောက်က၀တ္ထုဆိုပေမယ့်လည်း ကမ္ဘာတစ်ဝှမ်းမှာ ဘာသာစကားပေါင်းများစွာနဲ့ ဘာသာပြန်ဆိုခံခဲ့ရပြီး adaptation များစွာရှိတဲ့ အလွန်အောင်မြင််ခဲ့တဲ့၀တ္ထုပါ။ TV series တွေ Movie တွေ Musical တွေ များစွာရှိတဲ့အပြင် ဂျပန်မှာအရမ်းလူကြိုက်များတာကြောင့် Manga နဲ့ Anime တွေပါထွက်ရှိထားပါတယ်။ ဒီ၀တ္ထုကတော့ ပြင်သစ်စစ်ဘုရင်ကြီးနပိုလီယမ် အယ်လာဗ်ကျွန်းကို ပထမအကြိမ်ပြည်နှင်ဒဏ်ပေးခံရချိန် ၁၈၁၅ ၀န်းကျင်မှာဇာတ်အိမ်တည်ထားပါတယ်။ နပိုလိုယမ် ကျွန်းကထွက်ပြေးလာချိန်မှာ အပ်ဒ်မွန်ဒန်းတစ်စ်ဆိုတဲ့ လူငယ်လေးက ဆုံးခါနီးသူ့ကပ္ပတိန်ရဲ့စေခိုင်းမှုအရ နပိုလီယမ်နဲ့အတူပြည်နှင်ခံရတဲ့ ဗိုလ်ချုပ်ကြီးဘာထရန်ဆီ အထုပ်တစ်ခုပို့ဆောင်ပေးလိုက်ပါတယ်။ ဒီဗားရှင်းမှာတော့ ဒန်တစ်စ်က ရေနစ်နေတဲ့ အမျိုးသမီးတစ်ယောက်ကို ကပ္ပတိန်အမိန့်ကိုဆန့်ကျင်ပြီး ကယ်တင်လိုက်ရာက စပါတယ်။ ဖြစ်ချင်တော့ အဲ့အမျိုးသမီးဆီမှာ နပိုလီယမ်ရဲ့စာတစ်စောင်ရှိနေပြီး သင်္ဘောကပ္ပတိန်ဒန်ဂလာစ်က အဲ့တာကိုသိသွားပါတယ်။ သူတို့မာဆေးကိုပြန်ရောက်တော့ ဒန်ဂလာစ်က သင်္ဘောပိုင်ရှင်ကို ဒန်တစ်စ်ရဲ့ အမိန့်မနာခံမှုအကြောင်း ပြောတော့ ပိုင်ရှင်က အမျိုးသမီးငယ်ကိုကယ်ခဲ့တဲ့ ဒန်တစ်စ်ကို ချီးကျူးပြီး ကပ္ပတိန် ခန့်အပ်လိုက်ပါတယ်။ သူ့ရဲ့ချစ်သူမာဆီဒတ်နဲ့ လက်ထပ်ချင်တဲ့အိမ်မက်လည်း ပြည့်သွားပြီမို့ ချစ်သူနှစ်ယောက် အပျော်ကြီးပျော်နေတာပေါ့။ ဒါပေမယ့် သူတို့လက်ထပ်ပွဲနေ့မှာ မနာလိုဖြစ်နေတဲ့ ဒန်ဂလာစ်ရဲ့ တိုင်တန်းမှုကြောင့် ဥပဒေအရာရှိဒယ်ဗီဖော့တ်ရဲ့ လက်မှတ်နဲ့ နပိုလီယန်ထောက်ခံသူလို့ယူဆရတဲ့ အပ်ဒ်မွန်ဒန်တစ်စ်ကို ဖမ်း၀ရမ်းနဲ့အတူ အဖမ်းခံလိုက်ရပါတယ်။ ဖြစ်ချင်တော့ အရာရှိက ဒန်တစ်စ်ကယ်ခဲ့တဲ့အမျိုးသမီးရဲ့ အစ်ကိုဖြစ်နေပြီး သူ့ဂုဏ်သတင်းထိခိုက်မှာစိုးတာကြောင့်သူ့အသိဖြစ်တဲ့အပြင် ဒန်တစ်စ်ရဲ့ သူငယ်ချင်းဖာနန်ဒယ်မောဆဲကို ဒန်တစ်စ်အပြစ်ရှိကြောင်းထွက်ဆိုပေးဖို့တစ်ဖက်လှည့်နဲ့တိုက်တွန်းပါတယ်။ ဖာနန်ကလည်း ဒန်တစ်စ်ရဲ့ဇနီးလောင်းမာဆီဒတ်ကို တစ်ဖက်သတ်ချစ်နေသူဖြစ်တာကြောင့် အချစ်အတွက်သူငယ်ချင်းကိုသစ္စာဖောက်ကာ ဗီဖော့တ်နဲ့ပေါင်းကြံပါတော့တယ်။ ကိုယ့်ကိုယ်ကျိုးအတွက် ဂုဏ်သတင်းအတွက် အချစ်အတွက် အခြားတစ်ယောက်ကို ထိုးချလိုက်ကြတဲ့ လူသုံးယောက်ကြောင့် အပ်ဒ်မွန်က ဘ၀ပျက်ပြီး ၂၂ နှစ်အရွယ်မှာတင် ချတိုဒိစ်ကျွန်းမှာ အကျဉ်းချခံလိုက်ရပါတော့တယ်။ လေးနှစ်အကြာမှာ ထောင်ဖောက်ဖို့ကြိုးစားရင်း သူ့အခန်းကို မှားရောက်လာတဲ့ ဖာသာဖာရီယာနဲ့တွေ့ခဲ့ပါတယ်။ ဖာရီယာက ပထမခရူးဆိတ်စစ်ပွဲတုန်းက သူရဲကောင်းတွေရဲ့ နောက်ဆုံးကျန်ရစ်သူကာဒီနယ်စပါတာရဲ့ တပည့်ဖြစ်ပြီး ဒန်တစ်စ်ကို သူတို့လွတ်ဖို့ကြိုးစားနေတဲ့နှစ်တွေအတွင်း သိသမျှသင်ပေးခဲ့ပါတယ်။ ဒန်တစ်စ်လွတ်လာတော့ သူ့ချစ်သူမာဆီဒတ်က ဖာနန်နဲ့လက်ထပ်ပြီး အခြားကိုပြောင်းသွားပြီဆိုတာသိလိုက်ရတဲ့အပြင် ဖခင်ဆုံးသွားတာပါသိတော့ စိတ်အနာနာကြီးနာသွားပြီး ဖာရီယာပြောခဲ့တဲ့ ကမ္ဘာပေါ်မှာမရှိဖူးသေးတဲ့ အကြီးမြတ်ဆုံးရတနာတစ်ပါးကိုသွားရှာပါတော့တယ်။ အဲ့ဒီမှာ ကမ္ဘာကြီးကို လက်ဖဝါးပေါ်တင်ပြီး ကစားနိုင်သွားတဲ့ ယောကျာ်းတစ်ယောက်ရဲ့ ပုံပြင်စပါတယ်။ မွန်တီခရစ်စတိုမြို့စားကြီးအနေနဲ့ ပြန်လာခဲ့ပြီး သူ့အပေါ်မှားယွင်းစွာချောက်ချခဲ့တဲ့ လူသုံးယောက်ကို လက်စားချေမယ့် အစီအစဉ်ကိုစတင်အကောင်အထည်ဖော်ပါတော့တယ်။ Rating ကလည်း IMdb 7.7/10 နဲ့ Rotten tomotoes 100% ရရှိထားပြီး Budget EUR 42.9 million နဲ့ 2024 အတွက်ပြင်သစ်ရဲ့ အကုန်အကျအများဆုံးရုပ်ရှင်ဖြစ်တာမို့ ကြည့်မိလို့နောင်တမရပါဘူးနော်။ သစ္စာဖောက်မှု၊ ကလဲ့စားနဲ့ ချစ်ခြင်းတွေကို အလှပဆုံးပုံဖော်ထားတဲ့ Adaptation ကောင်းတစ်ပုဒ်ဖြစ်တဲ့အပြင် ဘာသာပြန်ကိုလည်း အတတ်နိုင်ဆုံးတော့ အကောင်းဆုံးဖြစ်အောင် လုပ်ပေးထားတာမို့ ရှုစားကြည့်လိုက်ကြပါဦးရှင့်။ (အညွှန်းနဲ့ဘာသာပြန်ကတော့Phu Thet Khinဖြစ်ပါတယ်။)...
Goodrich (2024) ⭐TMDB: 57% User Score 🎬 #Comedy #Drama 🗓 2024 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb – 6.3/10 RT – 78% (6.2/10) ဇာတ်လမ်းအကျဉ်း အန်ဒီဂွတ်ရစ်ချ် (Michael Keaton) ဟာ ပန်းချီပြခန်းလေးတစ်ခုကို ဦးစီးနေတဲ့ အလုပ်စွဲနေသူတစ်ဦးဖြစ်ပါတယ်။မိသားစုကိုလဲ ဂရုမစိုက်သလို အငြင်းလဲ အင်မတန်သန်သူဖြစ်ပါတယ်။ အဲဒါတွေကြောင့်ပဲ ပထမအိမ်ထောင်နဲ့ကွဲကွာခဲ့ရပြီး ဒုတိယလက်ရှိအိမ်ထောင်နဲ့လဲ အဆင်မပြေလှပါ။ တစ်ညမှာတော့ လက်ရှိဇနီးက ဆေးဖြတ်စခန်း (ရုပ်ရှင်ထဲကအသုံးအနှုန်းကတော့ ပြန်လည်ထူထောင်ရေးစခန်း)ကနေ ဖုန်းလှမ်းဆက်ပြီး ရက်ပေါင်း ၉၀ စခန်းဝင်မယ့်အကြောင်းကို ပြောပြချိန်မှာတော့ သူတစ်သက်နဲ့တစ်ကိုယ် မလုပ်ဖူးတာတွေ စလုပ်ရပါတော့တယ်။ တစ်ချိန်တည်းလိုလိုမှာပဲ နဂိုကတည်းက ယိုင်နဲ့နေတဲ့ ပန်းချီပြခန်းကလည်း အကျပ်အတည်းတွေ ရင်ဆိုင်နေရပြီး ရုန်းကန်နေရပါတယ်။ လက်ရှိအိမ်ထောင်နဲ့မွေးထားတဲ့ အမွှာနှစ်ယောက်ကို ကြည့်ပေးဖို့ ပထမအိမ်ထောင်နဲ့ရထားတဲ့ လက်ရှိကိုယ်ဝန်ဆောင်နေတဲ့သမီး ဂရေ့စ် (Mila Kunis) ကို အကူအညီတောင်းရပါတော့တယ်။ နောက်ဆုံးမှာတော့ဇာတ်လိုက်ကြီး အန်ဒီတစ်ယောက် သမီးဂရေ့စ် တစ်သက်လုံးမရဘူးတဲ့ အဖေအဖြစ် ပြောင်းလဲသွားနိုင်မလား ၊ ပန်းချီပြခန်းလုပ်ငန်းလေးကို အသက်ပြန်ဆက်နိုင်မလား၊ ဆေးစွဲနေတဲ့ ဇနီးကကော အိမ်ပြန်လာပါ့မလားဆိုတာတွေကို ရှုစားကြည့်ပါ။ မသိသူမရှိလောက်တဲ့ ဝါရင့်မင်းသားကြီး Michael Keaton ဦးးဆောင်ပါဝင်ထားပြီး Mila Kunis, Carmen Ejogo တို့က ဇာတ်ရံပေးထားပါတယ်။ အညွှန်းနဲ့ ဘာသာပြန် Tlone ဖြစ်ပါတယ်...
Action U.S.A. (1989) ⭐TMDB: 53% User Score 🎬 #Action #Thriller #Crime 🗓 1989 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Actionကြိုက် CMပရိတ်သတ်တွေအတွက် Action USAဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာတော့ 90s action ဇာတ်ကားတို့ရဲ့ ရသနဲ့ညီစွာ ရင်ထိတ်စရာ စတန့်ပြကွက်တွေ ပစ်ခတ်ခန်းတွေ ပေါက်ကွဲခန်းတွေကို အားရပါးရကြည့်ရှုကြမှာပဲဖြစ်ပါတယ်။ ကလေးတွန် အော့ဇ်ဘွန်းနဲ့ အဲလ် မက်ကင်နွန်တို့ဆိုတာကတော့ FBI အေးဂျင့်နှစ်ယောက်ပါ။ တစ်နေ့မှာတော့ သူတို့လိုက်နေကြတဲ့ ဖရန့်ကီ နာဗာရိုရဲ့ စိန်သူခိုး ဘီလီ ရေးက အသတ်ခံလိုက်ရတဲ့အပြင် သူ့ရဲ့ ကောင်မလေး ကာမန်ကိုပါ အစိုးရမျက်မြင်သက်သေအနေနဲ့ ကြေးစားလူသတ်သမားတွေဆီကနေ ကာကွယ်ပေးဖို့ ဖြစ်လာခဲ့ပါတယ်။ သူလုပ်ချင်ရာလုပ်ပြီး အမြဲပြဿနာအိုးထဲကျနေတဲ့ ကာမန်တစ်ယောက်ကို ကလေးနဲ့ အဲလ်တို့နှစ်ယောက် ဘယ်လိုမျိုး ကယ်တင် ကာကွယ်သွားကြမလဲ။ ဘုနဲ့ဘောက် အော့ဇ်ဘွန်းနဲ့ ကာမန်တို့ကြားမှာရော ဘယ်လိုဇာတ်လမ်းမျိုးလေးတွေ ဖြစ်လာကြမလဲ။ အဆုံးမှာ ကလေးတွန်နဲ့ အဲလ်တို့ သူတို့ရဲ့တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်သွားနိုင်ကြမလားဆိုတာကို ကြည့်ရှုခံစားပေးကြပါဦးခင်ဗျ။...
Amazon Bullseye (2024) ⭐IMDB: 5.7/10 (66 Votes) 🎬 #Adventure #Comedy 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 53 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Amazon Bullseye (2024) *************************** Exterme Job မှ မင်းသားကြီး Ryu Seong-Ryong , Jin Sun-Kyu တို့နဲ့အတူGo Kyoung-Pyo တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင် ဟာသကားသစ်ကြီးကိုတင်ဆက်ပေးလိုက်ပါတယ်။ – ဇာတ်လမ်းအကျဉ်း – ဂျိုဂျင်ဘုံး (Ryu Seung-Ryong) ကတော့ မြားပစ်ကစားသမားဟောင်းတစ်ဦးဖြစ်ပြီးလက်ရှိမှာတော့ ကုမ္ပဏီတစ်ခုမှာ ဝင်ရောက်လုပ်ကိုင်နေသူပါ။အလုပ်ထဲမှာ ဂျင်ဘုံးရဲ့ စွမ်းဆောင်ရည်ကလည်း မကောင်းတော့ အထက်လူကြီး(Go Kyoung-Pyo) က အမေဇုန် ထာဂါအူရီနိုင်ငံရဲ့ ရွှေတွင်းတည်ဆောက်ပြုပြင်ခွင့်ပရောဂျက်ကို ရအောင် ယူလာဖို့ ဖိအားပေးပါတော့တယ်။ ထာဂါအူရီ ရွှေတွင်းတည်ဆောက်ပြုပြင်ခွင့်ကို ရနိုင်ဖို့အတွက် သတ်မှတ်ချက်ကတော့ထာဂါအူရီရဲ့ ကိုယ်စားပြု မြားပစ်အသင်းကို ဆုတံဆိပ်ရအောင် လေ့ကျင့်သင်ကြားပေးဖို့ပါပဲ။ကုမ္ပဏီကပေးတဲ့ နောက်ဆုံးအခွင့်အရေးကို ဆုပ်ကိုင်ပြီး အမေဇုန်တောကြီးဆီ ထွက်ခွာလာတဲ့ဂျင်ဘုံးတစ်ယောက် ကံကောင်းထောက်မစွာပဲ ဘုရားပေးတဲ့ မြားပစ်စွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ထာဂါအူရီစစ်သည်တော် ၃ ဦးနဲ့ တွေ့လိုက်ရပါတယ်။ အဲဒီလိုနဲ့ ဂျင်ဘုံးလည်း ထာဂါအူရီစကားပြန် ပန်းရှစ် (Jin Sun-Kyu) နဲ့အတူ မြားပစ်စစ်သည်တော်၃ ဦးကို ခေါ်ဆောင်ကာ ကိုးရီးယားမှာ ကျင်းပပြုလုပ်မဲ့ ကမ္ဘာ့မြားပစ်ချန်ပီယံပြိုင်ပွဲကြီးမှာပါဝင်ယှဉ်ပြိုင်ဖို့အတွက် ကိုးရီးယားဆီ ဦးတည်ခရီးနှင်လာတဲ့အခါမှာတော့…. မြားပစ်နည်းပြချုပ် ဂျိုဂျင်ဘုံး ဦးဆောင်လေ့ကျင့်ပေးတဲ့ ထာဂါအူရီမြားပစ်အသင်းကတကယ်ပဲ ဆုတံဆိပ်ဆွတ်ခူးသွားနိုင်မလား…။ဘာသာစကားမတူညီကြတဲ့ နည်းပြချုပ်နဲ့ ကစားသမားတွေကြားမှ စကားပြန်အလွဲအချော်လေးတွေနဲ့အတူ ဟာသလေးနှောပြီး ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအကျဉ်းကို Hnin Wai Oo မှ ရေးသားပေးထားပါတယ်။)...
Love’s Hour 19.03 (2023) ⭐TMDB: 0% User Score 🎬 #Comedy 🗓 2023 🎞 movie 🌎 #Turkey ⏰ 1 နာရီ 38 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေးမှာတော့ တူရကီနိုင်ငံရဲ့ နာမည်ကြီးဘောလုံးအသင်း တစ်သင်းဖြစ်တဲ့ ဘက်ဆီတာ့အသင်းကိုစထောင်ခဲ့တဲ့ ဘက်ဆီတာ့မြို့မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်တွေကို ဟာသဇာတ်မြူးဆန်ဆန်ကြည့်ရှုကြရမှာပါ။ ဘက်ဆီတာ့မြို့သားတွေရဲ့ အသင်းအပေါ်အားပေးတဲ့ စိတ်ဓာတ်တွေ၊ စည်းလုံးမှုတွေ၊ ရူးသွပ်မှုတွေ၊ ကူညီတတ်တဲ့စိတ်ထားနဲ့ ဘက်ဆီတာ့အသင်းပရိသတ် အိုတာတစ်ယောက် သူမြင်မြင်ချင်းချစ်မိသွားခဲ့တဲ့ ချစ်ရသူ အက်စလီနဲ့ အချစ်လမ်းကြောင်းလေး ဖြောင့်ဖြူးမလား စတာကို ရယ်ရယ်မောမောပေါ့ပေါ့ပါးပါးကြည့်ရှုလိုက်ကြပါဦး။...
Hansel & Gretel: Witch Hunters (2013) ⭐IMDB: 6.1/10 (220 k Votes) 🎬 #Action #Fantasy #Horror 🗓 2013 🎞 movie 🌎 #Germany #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စုန်းမတွေကို သတ်ဖို့ အကောင်းဆုံးနည်းက မီးရှို့တာပဲ Hanel and Gretel ဆိုပြီး တောထဲမှာ လမ်းပျောက်ပြီး သကြားလုံးတွေနဲ့ အိမ်မှာ စုန်းမတစ်ယောက် ဖမ်းဆီးခြင်းကို ခံရတဲ့ ပုံပြင်လေးကို ကျွန်တော်တို့ ပုံပြင်အဖြစ်ရော ဇာတ်လမ်းတွေ အဖြစ်ပါ ကြားဖူး မြင်ဖူးကြမှာပါ ဒီတစ်ခါမှာတော့ အဲဒီ ပုံပြင်ကိုပဲ အခြေတည်ရိုက်ကူးထားပြီး Marvel က ကျွန်တော်တို့နဲ့ ရင်းနှီးပြီးသား Haekeye မင်းသား Jeremy Renner ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ ငယ်စဥ်မှာ မိဘတွေရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ Hansel နဲ့ Gretel ဟာ တောထဲမှာ မျက်စိလည် လမ်းမှားပြီး စုန်းမ တစ်ယောက်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ် စုန်းမကို မီးဖိုထဲ တွန်းချ ထွက်ပြေးခဲ့တဲ့ နောက်မှာတော့ စုန်းမုဆိုးတွေ အဖြစ် အသက်မွေးဝမ်းကြောင်းပြုပြီး နေထိုင်ခဲ့ပါတယ် ဒီလိုနဲ့ ကြီးလာတဲ့အခါမှာ နာမည်ကြီး စုန်းမုဆိုးတွေ ဖြစ်လာပြီး အော့စ်ဘာ့ဂ်ဆိုတဲ့ မြို့လေးမှာ ကလေးတွေ အများကြီး စုန်းမတွေ ဖမ်းဆီးနေတာကြောင့် သူတို့ကို အလုပ်အပ်လာပါတယ် အဲဒီအချိန်မှာ အကြီးစား စုန်မတွေရဲ့ အကြံကို သိလိုက်ရပြီး သူတို့ တားဆီးအနိုင်ယူနိုင်မှာလား သူတို့ရဲ့ မိဘတွေက ဘာလို့ စွန့်ပစ်သွားတာလဲဆိုတာကိုရော သူတို့ သိရမှာလား ဆိုတာကို ကြည့်ရှု ခံစားလိုက်ပါ...
Palayam PC (2024) ⭐IMDB: 5.2/10 (131 Votes) 🎬 #Bollywood #Drama #Family 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 57 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Palayam PC (2024)“တာဝန်” အသစ်ထွက်ရှိလာတဲ့ မလေယာလမ် မှုခင်းရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဒီကားမှာဆိုရင် အမှုစုံစမ်းစစ်ဆေးရေးကိုချည်း အသားပေးတာမဟုတ်ဘဲရဲတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာဘဝကိုလည်း ဟာသဆန်ဆန်ပုံဖော်ထားတာ တွေ့ရမှာပါ ချန်ဒရေတာဆိုတဲ့ ရဲအရာရှိတစ်ဦးဟာ ဘာမှမမက်မမောဘဲအစွဲအလမ်းခံယူချက်သိပ်မရှိတဲ့လူဖြစ်ပြီး ဟီးရိုးရဲတွေနဲ့ ဆန့်ကျင်ဘက်ပါပဲ ရဲဆိုပေမဲ့ ဇနီးသည်အတွက် ဈေးခြင်းတောင်းဆွဲဈေးဝယ်ပေးလိုက်၊သားဖြစ်သူကိုအချိန်ပေးလိုက်နဲ့ အေးအေးလူလူ ရှိလှတဲ့ chill guy တစ်ဦးပါ ဒါ့အပြင် တွေ့ကရာလူကိုလည်း ပိုက်ဆံအလကားပေးရလောက်အောင်သဘောကောင်းပြီး ညဂျူတီပုံမှန်ထမ်းဆောင်နေတဲ့ ဘဝကနေတကယ့်တာဝန်ကြီးကြီးတစ်ခုအဖြစ် အမျိုးသမီးတစ်ယောက်ကိုကာကွယ်ပေးရဖို့ဖြစ်လာတဲ့အခါ ဘယ်လိုဇာတ်လမ်းတစ်ပုဒ် ဖြစ်လာမှာလဲ ဆိုတာကတော့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်...
