ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Drinking Buddies (2013)
⭐IMDB: 6.1/10 (60 k Votes)
🎬 #Comedy #Drama #Romance
🗓️ 2013 🎞️ Movie
📺 #1080p #720p
💿 1.4 GB ⦿ 572.3 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 30 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Genre – Comedy, Drama, RomanceIMDB – 6.1/10
ဇာတ်ကားနာမည်လေးအတိုင်း အရက်သောက်ဖော်
သောက်ဖက် အကြောင်းလေးပါ ဒါပေမဲ့ ယောက်ျားလေးအချင်းချင်း
မိန်းကလေးအချင်းချင်း မဟုတ်ပဲ ယောက်ျားလေးနဲ့
မိန်းကလေး သောက်ဖော်သောက်ဖက်ပေါ့လေ။ ဘီယာ
ချက်စက်ရုံတစ်ခုမှာ တစ်ဦးတည်းသော မိန်းကလေးဖြစ်တဲ့
ပွဲစီစဉ်သူ စီမံခန့်ခွဲရေးက ကိတ်နဲ့ ဘီယာချက်တဲ့စက်ပိုင်းက
လုခ်တို့ဟာ အရမ်းခင်မင် အတူတူသောက်စား မူးရူး
ညတွေလည်း ပလူးပလဲနေကြတဲ့ ဘော်ဒါနှစ်ယောက်ဖြစ်
ကြပါတယ် ဒါပေမဲ့ လွန်ကျူးတာမျိုး ချစ်မိသွားတာမျိုး
မရှိခဲ့ပါဘူး။ ကိတ်မှာလည်း စတူဒီယို လုပ်နေတဲ့ ချစ်သူ
ခရစ်စ်ဆိုတာ ရှိသလို လုခ်မှာလည်း စာသင်တဲ့ကောင်မလေး
ဂျေးလ်ဆိုတာ ရှိကြပါတယ်။ ဒီလိုနဲ့ တစ်ရက် အလုပ်ပိတ်ရက်မှာ
နှစ်တွဲချိန်းကြပြီး ပင်လယ်ဘေးက အိမ်လေး အလည်အပတ်
ထွက်ခဲ့ချိန်မှာတော့ ကိုယ်စီ ကိုယ်စီ တွဲနေကြတာက
မှန်ကန်တဲ့လူ ဖြစ်မလား၊ ဘယ်သူက ကိုယ့်အတွက် မှန်ကန်မလဲ
စသဖြင့် အတွဲနှစ်တွဲကြားက ပြဿနာလေးတွေ အလုပ်က
ပြဿနာလေးတွေ အနောက်တိုင်း အချစ်ပြဿနာလေးတွေကို
ဖော်ပြထားတဲ့ ဟာသ ဒရမ်မာကားလေး တစ်ကားဖြစ်ပါတယ်။
ခေါင်းဆောင်နေရာက ကျွန်တော်တို့ မင်းသမီးအလန်းစား
Olivia Wilde သရုပ်ဆောင်ထားပြီး ချစ်စရာမင်းသမီးလေး
Anna Kendrick ကလည်း ပါဝင်ထားပါသေးတယ်။
မင်းသားတွေနေရာကတော့ သိပ်နာမည်မရှိလှတဲ့ Jake Johnson နဲ့
ဇာတ်ကားတော်တော်များမျာ အရံပါဝင်လေ့ရှိတဲ့ Ron Livinston
တို့ဖြစ်ပါတယ်။ သောက်သောက်စားစားနဲ့ သူငယ်ချင်းလေး
ပါပေါ့ဗျာ။ ဒါပေမဲ့ အဆုံးသတ်လေးကတော့ မထင်ထားတာ
မျိုးလေး မတ်ဆေ့ပေးထားပါတယ်။
Enough Said (2013)
⭐IMDB: 7.0/10 (65 k Votes)
🎬 #Comedy #Drama #Romance
🗓️ 2013 🎞️ Movie
📺 #1080p #720p
💿 1.4 GB ⦿ 689.0 MB
🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica
⏰ 1 နာရီ 33 မိနစ် 15 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Genre – Comedy, Romance, DramaIMDB – 7.0/10
အချစ်ကားလေးဆိုလို့ နုနုငယ်ငယ်လေးတွေ ဖလန်းဖလန်း
ထကြတဲ့ကားမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒါကိုက
ဇာတ်ကားနဲ့ ဒိုင်ယာလော့ခ်တွေကို ပိုပြီး စစ်မှန်စေတယ်လို့
ကျွန်တော်ကတော့ ခံစားရတယ်။ စိတ်ကူးယဉ်မဟုတ်ပဲ
လက်တွေ့လောကကို ပိုပြီး မြင်ရသလိုမျိုးပေါ့။ ဇာတ်လမ်း
ကတော့ အိမ်ထောင်ကွဲထားပြီး သမီးကိုယ်စီမွေးထားတဲ့
သက်လတ်ပိုင်းအရွယ်တွေရဲ့ ဘဝနေထိုင်မှုကို အသားပေးထား
တာမျိုးပါ။
အီဗာဆိုတဲ့အမျိုးသမီးကတော့ ကွာရှင်းထားတာ ၁၀ နှစ်ရှိနေပြီ
သမီးလေးကလည်း ကောလိပ်သွားတက်ရတော့မယ်
သူကိုယ်တိုင်ကလည်း သူများကိုနှိပ်နယ်ပေးရတဲ့ ပရော်ဖက်
ရှင်နယ် အနှိပ်သည်တစ်ယောက်ပေါ့လေ။ တစ်ဖက်က
အဲဘတ်ကကျ ကွာရှင်းထားတာ ၄ နှစ်လောက်ရှိပြီ သမီးကလည်း
ကောလိပ်သွားတော့မယ် သူကကျ ရိုးရာသမိုင်း
စာကြည့်တိုက်မှာ တီဗီအစီအစဉ် ထိန်းသိမ်းတာမျိုး လုပ်တဲ့လူ။
အီဗာက နှိပ်ပေးရင်းနဲ့ သူငယ်ချင်းရထားတာရှိတယ်
ယောက်ျားမကောင်းကြောင်း အင်မတန်ပြောလေ့ရှိတဲ့ ကဗျာ
ဆရာမ မယ်ရီအန်းပေါ့လေ။ ဒီလိုနဲ့ ပါတီတစ်ခုမှာ အီဗာနဲ့
အဲဘတ်တို့ တွေ့ခဲ့ကြပြီး နောက်ပိုင်း တွဲဖြစ်ခဲ့ကြပါတယ်
အဲဘတ်က လူဝကြီးဆိုပေမဲ့ အီဗာ့အတွက် အဆင်ပြေခဲ့တယ်။
အဲဒီမှာပဲ တစ်ရက်ကျ အီဗာဟာ ကိုယ့်ချစ်သူအဲဘတ်ရဲ့ အရင်မိန်းမ
ဆိုသူက ကိုယ်နှိပ်ပေးနေကြ ဘော်ဒါ မယ်ရီအန်းဖြစ်နေတာကို
သိလိုက်ရတဲ့အခါမှာတော့……
ဘာတွေ ဆက်ဖြစ်ကြမလဲ ပေါ့ပေါ့ပါးပါးနဲ့ လက်တွေ့ဆန်ဆန်လေး
ကြည့်ရမှာပဲ ဖြစ်ပါတယ်။ အနောက်တိုင်းရဲ့ အိမ်ထောင်ရေး
ပြဿနာတွေ၊ ကလေးပြုစုပျိုးထောင်ရေးလေးတွေ၊
သူတို့ဆီက လက်တွဲဖော်ဆိုတာ ဘယ်လိုမျိုးဆိုတာတွေ
သိရှိရစေမှာလည်း ဖြစ်ပါတယ်။ မင်းသမီးနေရာသရုပ်ဆောင်
Julia ကတော့ မင်းသမီးလေး Anna Kendrick ကို အသက်ကြီး
ထားတဲ့ပုံမျိုးပါ ချစ်စရာကောင်းအောင် သရုပ်ဆောင်ထားပါတယ်။
မင်းသားနေရာက James Gandofini ဆိုရင် နာမည်ကြီး
Soprano စီးရီးထဲမှာ Tony Soprano နေရာ ပွဲကြမ်းထား
သလောက် ဒီထဲမှာတော့ သဘောကောင်းပြီး ကြင်နာ
တတ်တဲ့လူဝကြီးအနေနဲ့ သဘာဝကျကျ ပါဝင်ထားပါတယ်။
Days of Daisy (2022)
⭐IMDB: 5.0/10 (136 Votes)
🎬 #Comedy #Romance #Drama
🗓️ 2022 🎞️ Movie
📺 #1080p #720p #480p
💿 1.2 GB ⦿ 732.3 MB ⦿ 354.1 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 34 မိနစ် 57 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Daisyဟာ West High school ရဲ့သာမန် စာကြည့်တိုက်မှူးတစ်ယောက်ပါ။ ဒါပေမဲ့ကျောင်းမှာရှိတဲ့ ပန်းချီဆရာမဟာကျောင်းရဲ့ ထောက်ပံ့မှုမရှိခြင်း ၊ ကလေးတွေစိတ်မဝင်စားခြင်း စတဲ့အကြောင်းပြချက်တွေနဲ့ နှစ်ဝက်မှာတင် အလုပ်ထွက်သွားခဲ့တဲ့ပါတယ်။ ဒါနဲ့ပဲ ပန်းချီသင်ပေးမယ့်ဆရာမ မရှိတော့တာကြောင့် ဆောက်တည်ရာမရ ဖြစ်နေတဲ့ ကလေးတွေကို ကူညီပေးချင်တဲ့ စိတ်တစ်ခုနဲ့ Daisy တစ်ယောက်ဟာပန်းချီဆရာမနေရာကို ပန်းချီမဆွဲတတ်ဘဲနဲ့ ရောက်လာပါတော့တယ်။ Personal life မှာလဲ Pressure တွေအရမ်းများနေတဲ့ သူ့ရဲ့ဘဝထဲကို လွတ်လပ်စွာနေတတ်သူ Jack Palmer ဆိုတဲ့ ဓာတ်ပုံဆရာတစ်ယောက် ရောက်လာသောအခါ…..။
Life of Crime (2013)
⭐IMDB: 5.8/10 (20 k Votes)
🎬 #Comedy #Crime
🗓️ 2013 🎞️ Movie
📺 #1080p #720p
💿 1.2 GB ⦿ 510.4 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 38 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Tim Robbins နဲ့ Jennifer Aniston တို့ အဓိက
ပါဝင်ထားတဲ့ Comedy ဇာတ်ကားလေး တစ်ခုနဲ့
မိတ်ဆက်ပေးချင်ပါတယ်….
ဇာတ်လမ်းအစမှာတော့ အိမ်ခြံမြေလုပ်ငန်းရှင် ဖရန့်ခ်ဒေါ်ဆင်ရဲ့
မိန်းမ မစ်ကီဒေါ်ဆင်ကို ပြန်ပေးဆွဲဖို့ တိုင်ပင်နေကြတဲ့
ရာဇဝတ်သား ၂ ယောက်ရဲ့ ဇာတ်ဝင်ခန်းနဲ့ စထားပါတယ်.
သူ့မိန်းမကိုယ်တိုင်တောင်မသိတဲ့ ဖရန့်ခ်ဒေါ်ဆင်ရဲ့ လျှို့ဝှက်
ချက်တွေကို သိထားတဲ့ သူတို့ ၂ယောက်ကတော့ ဖရန့်ခ်ရဲ့မိန်းမကို
ပြန်ပေးဆွဲငွေညှစ်တာက လွယ်လွယ်လေးပိုက်ဆံရမယ့် အလုပ်လို့
ထင်ထားခဲ့တာပါ.ဒါပေမယ့် သူတို့မသိတာက ဖရန့်ခ်မှာ သူတို့
မထင်ထားတဲ့ မယ်လနီဆိုတဲ့ အငယ်အနှောင်း ရှိနေပြီး.
သူ့မိန်းမ မစ်ကီ့ကိုလည်း ကွာရှင်းဖို့ထိ စီစဉ်ထားပြီး
ဖြစ်နေခဲ့တယ်ဆိုတာပါပဲ.
တကယ့်တကယ် မစ်ကီကို ပြန်ပေးဆွဲချိန်မှာတော့ ဖရန့်ခ်
အနေနဲ့က သူ့မိန်းမကို ဒေါ်လာ ၁ သန်း ပေးပြီး ပြန်အရယူဖို့
စိတ်ကူးမရှိသလို သူ့အငယ်အနှောင်း မယ်လနီကလည်း
တခြားအကြံအစည် တစ်ခုရှိနေပါတယ်.
ငွေအရလွယ်ဖို့ ပြန်ပေးဆွဲမိကာမှ မြွေပွေးခါးပိုက်ပိုက်မိတဲ့
အဖြစ်ကြုံရတဲ့သူတို့၊ မစ်ကီကို ဖမ်းထားရင်း ကြုံတွေ့ရတဲ့
အလွဲများ၊ တစ်ဖက်က ဖရန့်ခ်ရဲ့ မီးခဲဖင်ခုထိုင်မိသလို
ကြံရာမရဖြစ်ပုံများနဲ့ ဘာတွေ ဆက်ဖြစ်ကြမလဲ စတာတွေကို
ဟာသနှော တင်ဆက်ထားတဲ့ ဇာတ်လမ်းလေးကို
CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်.
When Will You Get Married? (2015)
⭐IMDB: 7.2/10 (311 Votes)
🎬 #Comedy #Romance #Drama
🗓️ 2015 🎞️ Movie
📺 #720p #1080p
💿 923.7 MB ⦿ 2.2 GB
🌎 #Indonesia
⏰ 1 နာရီ 55 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb – 7.2/10
ဇာတ်လမ်းအညွှန်း
ဒီဇာတ်လမ်းမှာ ဟိုတယ်တစ်ခုလုံးကို စီမံခန့်ခွဲပေးနေတဲ့
မန်နေဂျာမလေး ဒင်ဒါ ဟာ အသက် ၃၃နှစ်အရွယ်အပျိုကြီးမမ၊
တစ်ကိုယ်တည်း တောက်ပနေတဲ့ထက်မြက်တဲ့မိန်းမတစ်ယောက်
ဖြစ်ပါတယ်။ ဒါပေမဲ့ “မိန်းကလေးဆိုတာ သီးချိန်တန်သီး
ပွင့်ချိန်တန်ပွင့်ရမယ်၊ အသက်၂၀လောက်ဆိုရင်ကို လက်ထပ်
သင့်နေပြီနော်” ဆိုပြီး ရှေးရိုးစွဲ မိဘနှစ်ပါးရဲ့ ဖိအားပေးခံနေရပါတယ်။
မိဘတွေရဲ့ မင်္ဂလာနှစ်ပတ်လည်ပွဲကျင်းပဖို့ ဒင်ဒါ့ကို ပွဲစီမံခိုင်းမယ်၊
ဒါပေမဲ့ ကောင်လေးတော့ အိမ်ခေါ်လာရမယ် ဆိုတဲ့ မိခင်စကား
ကြောင့် ဒင်ဒါတစ်ယောက် အကြံထုတ်ရတော့တာပေါ့။အကြံကတော့
ချစ်သူရည်းစားဟန်ဆောင်ပေးမယ့် ကောင်လေးတစ်ယောက်ကို
ငှါးဖို့ပါပဲ။ ကောင်လေးဟန်ဆောင်ပေးမယ့်သူက သရုပ်ဆောင်
အလုပ်ကို စိတ်အားထက်သန်မှုရှိတဲ့ သရုပ်ဆောင် ဆာထရီယို
ဖြစ်ပါတယ်။ ဒရာမာကင်း ဒရာမာကွင်း မိဘနှစ်ပါးနဲ့ ဟန်ဆောင်
ရည်းစားလေး သရုပ်ဆောင်ရူး ဆထရီယိုတို့ကြား ဒင်ဒါတစ်ယောက်
ဘာတွေကြုံရမလဲ၊ ဒင်ဒါရဲ့ လက်မထပ်ရသေးဖို့အရေးရော
အောင်မြင်နိုင်ပါ့မလား၊ ပျော်ရွှင်ဖွယ်ဇာတ်သိမ်းလေးဖြစ်သွားမလား
ဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။
drama ၊ romance ၊ comedy ဇာတ်လမ်းမျိုး ဖြစ်တာကြောင့်
ရယ်ရယ်မောမော ကြည်ကြည်နူးနူး ကြည့်ရှုကြရမယ့်အပြင်
rating လည်းမြင့်တဲ့ အင်ဒိုနိရှားဇာတ်လမ်းလေးပဲဖြစ်ပါတယ်။
( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ် )
The Meg (2018)
⭐IMDB: 5.6/10 (181 k Votes)
🎬 #Action #Horror #SciFi #ScienceFiction #Thriller
🗓️ 2018 🎞️ Movie
📺 #720p #1080p #4K
💿 1.2 GB ⦿ 2.2 GB ⦿ 5.8 GB
🌎 #UnitedStates #China #UnitedStatesofAmerica
⏰ 1 နာရီ 53 မိနစ် 59 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Meg 2018 ရုပ်ရှင်ကားဟာ ကမ္ဘာအကြီးဆုံး ငါးမန်းမျိုးနွယ်ဖြစ်တဲ့ Megalodon ဆိုတဲ့အကောင်ကြီးကရေအောက် လေ့လာရေးစခန်းကို တိုက်ခိုက်တဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်
နာမည်ကျော် အက်ရှင်မင်းသား Jason Statham က ခေါင်းဆောင် ပါဝင်ထားပြီးတရုတ်မင်းသမီးချောလေး Li Bingbing လဲ ပါဝင်သရုပ်ဆောင်ထားပါတယ်
ဇာတ်လမ်း ပုံစံကတော့…မာနာဝမ် ဆိုတဲ့ ရေအောက်လေ့လာရေး သုတေသန အဖွဲ့ဟာရေအောက် အနက်ဆုံးကြမ်းပြင်ထိ လေ့လာရေးအဖွဲ့ကို ရေငုတ်ယာဉ်ငယ်တစ်စင်းနဲ့ စေလွှတ်ပြီးမျိုးစိတ်အသစ်များကို လေ့လာစေခဲ့ပါတယ်….အဲ့ဒီ အနက်ဆုံးရေအောက်ကြမ်းပြင်ဆိုတာ ကြောက်မက်ဖွယ်ကောင်းတဲ့နှစ်ချို့ သတ္တဝါကြီးတွေ ကျက်စားရာဒေသ ဖြစ်ပြီးတော့အမျိုးအမည်မသိ သတ္တဝါ အချို့ ရဲ့ တိုက်ခိုက်မှုကိုခံလိုက်ရတဲ့ ရေငုတ်ယာဉ်ငယ်ဟာလေ့လာရေး စခန်းနဲ့ အဆက်အသွယ်ပြတ်သွားပါတော့တယ်။
ဒီပြသနာတွေကိုဖြေရှင်းဖို့အတွက် ဂျိုးနက်စ်ဆိုတဲ့ တလောကလုံးကို အဆက်ဖြတ်ပြီးထိုင်းနိုင်ငံမှာ အနားယူနေတဲ့ ရေအောက်ကယ်ဆယ်ရေးကျွမ်းကျင်သူကို သွားပင့်ရပါတော့တယ်
အင်မတန် ချေနေတဲ့ ဂျိုးနက်စ်က ပိုက်ဆံဘယ်လောက်ပေးပေးဖျင်မကြွဘူး မလိုက်ဘူးဆိုပေမယ့် အဲ့ဒီပျောက်သွားတဲ့ လေ့လာရေး ရေငုတ်ယာဉ်ငယ်ထဲမှာသူ့ Ex ပါ ပါသွားတာကို သိလိုက်ရတဲ့နောက်မှာတော့ ဒါကိုတော့မလွန်ဆန်နိုင်တော့ဘဲဖျင်ကြွပြီး ကယ်ဆယ်ရေးလုပ်ဖို့ ပြသနာနေရာကို လိုက်သွားပါတော့တယ်…
ဂျိုးနက်စ်တစ်ယောက် ပင်လယ်ရေအောက်ကြမ်းပြင်မှာ ဒုက္ခရောက်နေတဲ့သူတွေကို ဘယ်လို ကယ်တင်မှာလဲမမြင်ရတဲ့ သတ္တဝါကြီးတွေကရော ဘာကောင်ကြီးတွေဖြစ်နေမလဲဆိုတာ…….။
The Meg (2018)
⭐IMDB: 5.6/10 (181 k Votes)
🎬 #Action #Horror #SciFi #ScienceFiction #Thriller
🗓️ 2018 🎞️ Movie
📺 #720p #1080p #4K
💿 1.2 GB ⦿ 2.2 GB ⦿ 6.1 GB
🌎 #UnitedStates #China #UnitedStatesofAmerica
⏰ 1 နာရီ 53 မိနစ် 59 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Meg 2018 ရုပ်ရှင်ကားဟာ ကမ္ဘာအကြီးဆုံး ငါးမန်းမျိုးနွယ်ဖြစ်တဲ့ Megalodon ဆိုတဲ့အကောင်ကြီးကရေအောက် လေ့လာရေးစခန်းကို တိုက်ခိုက်တဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်
နာမည်ကျော် အက်ရှင်မင်းသား Jason Statham က ခေါင်းဆောင် ပါဝင်ထားပြီးတရုတ်မင်းသမီးချောလေး Li Bingbing လဲ ပါဝင်သရုပ်ဆောင်ထားပါတယ်
ဇာတ်လမ်း ပုံစံကတော့…မာနာဝမ် ဆိုတဲ့ ရေအောက်လေ့လာရေး သုတေသန အဖွဲ့ဟာရေအောက် အနက်ဆုံးကြမ်းပြင်ထိ လေ့လာရေးအဖွဲ့ကို ရေငုတ်ယာဉ်ငယ်တစ်စင်းနဲ့ စေလွှတ်ပြီးမျိုးစိတ်အသစ်များကို လေ့လာစေခဲ့ပါတယ်….အဲ့ဒီ အနက်ဆုံးရေအောက်ကြမ်းပြင်ဆိုတာ ကြောက်မက်ဖွယ်ကောင်းတဲ့နှစ်ချို့ သတ္တဝါကြီးတွေ ကျက်စားရာဒေသ ဖြစ်ပြီးတော့အမျိုးအမည်မသိ သတ္တဝါ အချို့ ရဲ့ တိုက်ခိုက်မှုကိုခံလိုက်ရတဲ့ ရေငုတ်ယာဉ်ငယ်ဟာလေ့လာရေး စခန်းနဲ့ အဆက်အသွယ်ပြတ်သွားပါတော့တယ်။
ဒီပြသနာတွေကိုဖြေရှင်းဖို့အတွက် ဂျိုးနက်စ်ဆိုတဲ့ တလောကလုံးကို အဆက်ဖြတ်ပြီးထိုင်းနိုင်ငံမှာ အနားယူနေတဲ့ ရေအောက်ကယ်ဆယ်ရေးကျွမ်းကျင်သူကို သွားပင့်ရပါတော့တယ်
အင်မတန် ချေနေတဲ့ ဂျိုးနက်စ်က ပိုက်ဆံဘယ်လောက်ပေးပေးဖျင်မကြွဘူး မလိုက်ဘူးဆိုပေမယ့် အဲ့ဒီပျောက်သွားတဲ့ လေ့လာရေး ရေငုတ်ယာဉ်ငယ်ထဲမှာသူ့ Ex ပါ ပါသွားတာကို သိလိုက်ရတဲ့နောက်မှာတော့ ဒါကိုတော့မလွန်ဆန်နိုင်တော့ဘဲဖျင်ကြွပြီး ကယ်ဆယ်ရေးလုပ်ဖို့ ပြသနာနေရာကို လိုက်သွားပါတော့တယ်…
ဂျိုးနက်စ်တစ်ယောက် ပင်လယ်ရေအောက်ကြမ်းပြင်မှာ ဒုက္ခရောက်နေတဲ့သူတွေကို ဘယ်လို ကယ်တင်မှာလဲမမြင်ရတဲ့ သတ္တဝါကြီးတွေကရော ဘာကောင်ကြီးတွေဖြစ်နေမလဲဆိုတာ…….။
Life of Crime (2013)
⭐IMDB: 5.8/10 (20 k Votes)
🎬 #Comedy #Crime
🗓️ 2013 🎞️ Movie
📺 #1080p #720p
💿 1.2 GB ⦿ 529.6 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 41 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Tim Robbins နဲ့ Jennifer Aniston တို့ အဓိက
ပါဝင်ထားတဲ့ Comedy ဇာတ်ကားလေး တစ်ခုနဲ့
မိတ်ဆက်ပေးချင်ပါတယ်….
ဇာတ်လမ်းအစမှာတော့ အိမ်ခြံမြေလုပ်ငန်းရှင် ဖရန့်ခ်ဒေါ်ဆင်ရဲ့
မိန်းမ မစ်ကီဒေါ်ဆင်ကို ပြန်ပေးဆွဲဖို့ တိုင်ပင်နေကြတဲ့
ရာဇဝတ်သား ၂ ယောက်ရဲ့ ဇာတ်ဝင်ခန်းနဲ့ စထားပါတယ်.
သူ့မိန်းမကိုယ်တိုင်တောင်မသိတဲ့ ဖရန့်ခ်ဒေါ်ဆင်ရဲ့ လျှို့ဝှက်
ချက်တွေကို သိထားတဲ့ သူတို့ ၂ယောက်ကတော့ ဖရန့်ခ်ရဲ့မိန်းမကို
ပြန်ပေးဆွဲငွေညှစ်တာက လွယ်လွယ်လေးပိုက်ဆံရမယ့် အလုပ်လို့
ထင်ထားခဲ့တာပါ.ဒါပေမယ့် သူတို့မသိတာက ဖရန့်ခ်မှာ သူတို့
မထင်ထားတဲ့ မယ်လနီဆိုတဲ့ အငယ်အနှောင်း ရှိနေပြီး.
သူ့မိန်းမ မစ်ကီ့ကိုလည်း ကွာရှင်းဖို့ထိ စီစဉ်ထားပြီး
ဖြစ်နေခဲ့တယ်ဆိုတာပါပဲ.
တကယ့်တကယ် မစ်ကီကို ပြန်ပေးဆွဲချိန်မှာတော့ ဖရန့်ခ်
အနေနဲ့က သူ့မိန်းမကို ဒေါ်လာ ၁ သန်း ပေးပြီး ပြန်အရယူဖို့
စိတ်ကူးမရှိသလို သူ့အငယ်အနှောင်း မယ်လနီကလည်း
တခြားအကြံအစည် တစ်ခုရှိနေပါတယ်.
ငွေအရလွယ်ဖို့ ပြန်ပေးဆွဲမိကာမှ မြွေပွေးခါးပိုက်ပိုက်မိတဲ့
အဖြစ်ကြုံရတဲ့သူတို့၊ မစ်ကီကို ဖမ်းထားရင်း ကြုံတွေ့ရတဲ့
အလွဲများ၊ တစ်ဖက်က ဖရန့်ခ်ရဲ့ မီးခဲဖင်ခုထိုင်မိသလို
ကြံရာမရဖြစ်ပုံများနဲ့ ဘာတွေ ဆက်ဖြစ်ကြမလဲ စတာတွေကို
ဟာသနှော တင်ဆက်ထားတဲ့ ဇာတ်လမ်းလေးကို
CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်.
When Will You Get Married? (2015)
⭐IMDB: 7.2/10 (311 Votes)
🎬 #Comedy #Romance #Drama
🗓️ 2015 🎞️ Movie
📺 #1080p #720p
💿 2.2 GB ⦿ 937.7 MB
🌎 #Indonesia
⏰ 1 နာရီ 56 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb – 7.2/10
ဇာတ်လမ်းအညွှန်း
ဒီဇာတ်လမ်းမှာ ဟိုတယ်တစ်ခုလုံးကို စီမံခန့်ခွဲပေးနေတဲ့
မန်နေဂျာမလေး ဒင်ဒါ ဟာ အသက် ၃၃နှစ်အရွယ်အပျိုကြီးမမ၊
တစ်ကိုယ်တည်း တောက်ပနေတဲ့ထက်မြက်တဲ့မိန်းမတစ်ယောက်
ဖြစ်ပါတယ်။ ဒါပေမဲ့ “မိန်းကလေးဆိုတာ သီးချိန်တန်သီး
ပွင့်ချိန်တန်ပွင့်ရမယ်၊ အသက်၂၀လောက်ဆိုရင်ကို လက်ထပ်
သင့်နေပြီနော်” ဆိုပြီး ရှေးရိုးစွဲ မိဘနှစ်ပါးရဲ့ ဖိအားပေးခံနေရပါတယ်။
မိဘတွေရဲ့ မင်္ဂလာနှစ်ပတ်လည်ပွဲကျင်းပဖို့ ဒင်ဒါ့ကို ပွဲစီမံခိုင်းမယ်၊
ဒါပေမဲ့ ကောင်လေးတော့ အိမ်ခေါ်လာရမယ် ဆိုတဲ့ မိခင်စကား
ကြောင့် ဒင်ဒါတစ်ယောက် အကြံထုတ်ရတော့တာပေါ့။အကြံကတော့
ချစ်သူရည်းစားဟန်ဆောင်ပေးမယ့် ကောင်လေးတစ်ယောက်ကို
ငှါးဖို့ပါပဲ။ ကောင်လေးဟန်ဆောင်ပေးမယ့်သူက သရုပ်ဆောင်
အလုပ်ကို စိတ်အားထက်သန်မှုရှိတဲ့ သရုပ်ဆောင် ဆာထရီယို
ဖြစ်ပါတယ်။ ဒရာမာကင်း ဒရာမာကွင်း မိဘနှစ်ပါးနဲ့ ဟန်ဆောင်
ရည်းစားလေး သရုပ်ဆောင်ရူး ဆထရီယိုတို့ကြား ဒင်ဒါတစ်ယောက်
ဘာတွေကြုံရမလဲ၊ ဒင်ဒါရဲ့ လက်မထပ်ရသေးဖို့အရေးရော
အောင်မြင်နိုင်ပါ့မလား၊ ပျော်ရွှင်ဖွယ်ဇာတ်သိမ်းလေးဖြစ်သွားမလား
ဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။
drama ၊ romance ၊ comedy ဇာတ်လမ်းမျိုး ဖြစ်တာကြောင့်
ရယ်ရယ်မောမော ကြည်ကြည်နူးနူး ကြည့်ရှုကြရမယ့်အပြင်
rating လည်းမြင့်တဲ့ အင်ဒိုနိရှားဇာတ်လမ်းလေးပဲဖြစ်ပါတယ်။
( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ် )
Dahaad (2023- )
⭐IMDB: 7.5/10 (7 k Votes)
🎬 #Crime #Drama #Mystery #Thriller
🗓️ 2023- 🎞️ Series 📺 1080p
🌎 #India
⏰ 49 မိနစ် 56 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Dahaad (2023) CompleteDahaad 2023 ( IMDb 7.8/10)ပုရိသတို့အသည်းစွဲ ဆိုနားက်ရှီဆင်းန်ဟာလေးဟာဆိုရင် ဒီကားထဲမှာ
သဘာဝအတိုင်းလှပပြီး သရုပ်ဆောင်ချက် အပိုအလိုမရှိတာကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်ဗျ
အိန္ဒိယရုပ်ရှင်လောကဟာ နှစ်ကြာလာတာနဲ့အမျှ အရည်အသွေးတွေ
တဖြည်းဖြည်းတိုးတက်လာတယ်ဆိုတာ အငြင်းပွားဖွယ်မရှိပါဘူး
Amazon TV ကနေ streaming လုပ်ပေးခဲ့တဲ့ ဒီ Web series ကလည်း
နှယ်နှယ်ရရတော့ မဟုတ်ပါဘူးဘာလင်အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်မှာ best serie ဆုအတွက်
ယှဉ်ပြိုင်ဖို့ ပြသခွင့်ရထားတဲ့ဇာတ်လမ်းလေးပါ
ဘာတွေများကောင်းနေလို့ အင်တာနေရှင်နယ်လယ်ဗယ်လောက်ရောက်နေတာလဲဆိုတော့
ဇာတ်လမ်းတည်ထားတာက ဆိုက်ကိုလူသတ်သမား serial killer အကြောင်းပါ
အချိတ်အဆက်မမိရင်ဂွမ်း မရိုက်တတ်ရင် မင်းသားက ပါဝါရိန်းဂျားဖြစ်ရင်ဖြစ်
မဟုတ်ရင် လူဆိုးက လုံးဝဖမ်းမမိနိုင်တဲ့ god နီးပါးကြမ်း စသဖြင့် plot hole ပေါင်းများစွာရှိနိုင်ပါတယ်ဒီဇာတ်လမ်းလေးထဲမှာတော့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ ရဲမေအန်ဂျလီဘာတီက
လူပျောက်မှုတွေကို ခိုးရာလိုက်တာလား ပြန်ပေးဆွဲခံရတာလား လိုက်စုံစမ်းရင်း
ကွင်းဆက်လူသတ်မှုအဖြစ် ခြေရာခံမိလာတဲ့အခါ……
အဓိကဇာတ်ဆောင်တွေအပြင် ဇာတ်ပို့တွေလဲအားကောင်း
ဘာသာရေးနိုင်ငံရေးပဋိပက္ခတွေကိုပါ side story အနေနဲ့
မသိမသာထည့်ပြသွားတာမို့ အချိန်ပေးကြည့်ရတာတန်မဲ့ဇာတ်ကားတစ်ကားပါ
သည်းထိပ်ရင်ဖို thriller ကားကောင်းတွေကို ကြိုက်နှစ်သက်သူတွေအဖို့
ဒီ series လေးကိုလက်မလွှတ်ကြဖို့ အကြံပေးရင်း တင်ဆက်ပေးပါရစေFile Size –800MB / 400MBQuality – 1080p WEB DL / 720pDuration – 54 minuteTotal Episodes:Subtitle – Myanmar HardsubFormat – Mp4Genre : Crime, Mystery, Drama
The Sword of Jingchu (2023)
⭐TMDB: 0.0% User Score
🎬 #Action #Fantasy
🗓️ 2023 🎞️ Movie
📺 #1080p #480p
💿 875.9 MB ⦿ 416.7 MB
🌎 #China
⏰ 1 နာရီ 19 မိနစ် 59 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
တိုင်းပြည်အခြေအနေကမောက်ကမဖြစ်တဲ့အချိန် ထိန်းချုပ်နိုင်ဖို့အာဏာတည်တဲ့ဓားရှည်တစ်ချောင်းကို ခေတ်အဆက်ဆက်ထိန်းသိမ်းလာခဲ့ကြပါတယ်။
ဓားရဲ့အရှင်သခင်ဆက်ခံသူရွေးတဲ့နေရာမှာလည်းစနစ်ကျကျနဲ့သေချာရွေးတာကြောင့် ဓားရဲ့အရှင်သခင်ဖြစ်ဖို့မလွယ်ကူတဲ့အချိန် ယွီတရုန်ဆိုတဲ့ကောင်လေးကစစ်ဆေးမှုအဆင့်ဆင့်ကို ဖြတ်ကျော်ပြီးဓားပိုင်ရှင်အသစ်ဖြစ်လာခဲ့ပါတော့တယ်…….
ဓားကိုလိုချင်နေကြတဲ့ ဓါးပြတွေနဲ့ ကျူးကျော်သူတွေကြောင့်သူတန်ဖိုးထားရတဲ့လူတွေကို ဆုံးရှုံးပြီးတဲ့နောက်…..ဒီဓားနဲ့ပတ်သက်ပြီး လူတွေအများကြီးသေကြေခဲ့ရတာတွေကိုယွီတရုန်တစ်ယောက်ဘယ်လိုဖြေရှင်းမလဲဆိုတာစိတ်ဝင်တစားနဲ့ကြည့်ရှုလို့ကောင်းမယ့်ဇာတ်ကားကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။
Custody (2023)
⭐IMDB: 7.9/10 (4 k Votes)
🎬 #Action #Bollywood #Drama #Thriller
🗓️ 2023 🎞️ Movie
📺 #1080p #720p
💿 3.4 GB ⦿ 1.3 GB
🌎 #India
⏰ 2 နာရီ 26 မိနစ် 3 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Custody(2023)IMDb 8.1/10Forrest Gump ကို Remake ပြန်ရိုက်ထားတဲ့ Laal Singh Chaddha ထဲမှာလေတအားပေါတဲ့ စွပ်ကျယ်ချုပ်တဲ့ဆရာကြီး ဘာလာရာဂျူး ခေါင်းဆောင်ပါဝင်ထားတဲ့ရဲမှူခင်းဇာတ်ကားကောင်းလေးပါ။
ဇာတ်လမ်းအကျဉ်းလူနာတင်ကားအတွက် ဝန်ကြီးချုပ်ကားကိုတောင် တားပြီးလူနာတင်ကားကို လမ်းပေးရဲတဲ့ ရဲတပ်သားလေးရှီဗာတယောက်အချစ်ရေးနဲ့ အမှန်တရားကြားမှာဗျာများရတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်
ထုံးစံအတိုင်းပဲ အမှန်တရားဘက်ရပ်တည်တဲ့အခါ တလောကလုံးနဲ့ကိုယ်တစ်ယောက်တည်းရင်ဆိုင်တိုက်ပွဲဝင်ရယုံသာမကရာဇဝတ်မှုကျူးလွန်တဲ့သူတွေကလည်း ဟိုလူနဲ့အပိုင်ဒီလူ့တပည့်ပါဆိုပြီး အကာအကွယ်တွေယူ လက်တစ်လုံးခြားတွေလုပ်ကိုယ်နဲ့ ဆန့်ကျင်ဘက်ကို အမျိုးမျိုးဖိနှိပ်ကြနဲ့ အက်ရှင်ဒရာမာ တရားခွင်စုံနေအောင်ရသစုံခံစားရမဲ့ဇာတ်ကားလေးဖြစ်ပါတယ် အိန္ဒိယရဲကားကောင်းလေးတွေကြိုက်နှစ်သက်တတ်တဲ့ ပရိသတ်ကြီးအတွက် ဒီဇာတ်ကားလေးကလည်းသရုပ်ဆောင်ကောင်းကောင်း rating ကောင်းကောင်း ဇာတ်လမ်းကောင်းကောင်းနဲ့ရသစုံခံစားရမှာဖြစ်လို့ ကြည့်ရှုအားပေးနိုင်ဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Sai,chiclon3,Thaik San,Bpl,Yunni,Zwe တို့ပဲ ဖြစ်ပါတယ်)
Tin & Tina (2023)
⭐IMDB: 4.7/10 (3 k Votes)
🎬 #Horror #Mystery #Thriller
🗓️ 2023 🎞️ Movie
📺 #1080p #720p
💿 1.2 GB ⦿ 555.5 MB
🌎 #Spain #UnitedStates #Romania
⏰ 2 နာရီ 1 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Tin & Tina (2023)
ဒီဇာတ်ကားလေးကတော့ Psychological Thriller & Horror အမျိုးအစား စပိန်ကားလေး ဖြစ်ပါတယ်။ ခရစ်ယာန် ဘာသာရေးအစွဲအလမ်းကြီးမှုရဲ့ အကျိုးဆက်တွေအကြောင်းကို ရိုက်ပြထားတာပါ။
အဒေါ့ဖိုနဲ့ လိုလာတို့ လင်မယားနှစ်ယောက်က ခရစ်ယာန် သီလရှင်မိဘမဲ့ကျောင်းကနေ ကလေးမွေးစားဖို့ ဆုံးဖြတ်လိုက်တယ်။ မကြာခင်မှာပဲ သူတို့ရဲ့ ဆုံးဖြတ်ချက်က နောင်တရစရာ ဖြစ်လာတယ်။ သူတို့မွေးစားလိုက်တဲ့ တင်နဲ့တီနာတို့ မောင်နှမနှစ်ယောက်က ဘုရားသခင်နဲ့ သမ္မာကျမ်းစာအပေါ်မှာ ယုံကြည်မှုပြင်းထန်လွန်းပြီး ကျမ်းစာထဲပါသမျှကို တဖက်စွန်းရောက်တဲ့အထိ အလေးအနက် ကျင့်သုံးတတ်ပါတယ်။ ထူးဆန်းတဲ့ ဒီကလေးတွေ အိမ်ကိုရောက်လာပြီး မကြာခင်မှာပဲ လိုလာမွေးထားတဲ့ ခွေးကြီးက ဗိုက်ပွင့်ပြီး သေသွားရတယ်။
နောက်ထပ် ကျောင်းမှာ သူတို့ကို အနိုင်ကျင့်တဲ့ ကောင်လေးကလဲ သေသွားရပြန်တယ်။ တင်နဲ့တီနာက လိုလာ့ခေါင်းကို အဝတ်နဲ့အုပ်ပြီး အသက်ရှူကျပ်သွားအောင် လုပ်ပစ်တဲ့အထိ ဘုရားသခင်ကို အယုံအကြည်ပြင်းကြတယ်။ ဒါ့အပြင် ကုတင်ပေါ်မှာ လိုလာ့ကို ကြိုးနဲ့ချည်၊ သူ့ခြေအတုကို ဖြုတ်ယူပြီး ကိုယ်ဝန်ရှိတဲ့ဗိုက်ထဲကို ဆေးထိုးအပ်နဲ့ ထိုးဖို့ကြိုးစားတယ်။
ဒါတွေအားလုံးကို သူတို့က ရယ်စရာဟာသလို လုပ်နေကြတာပါ။ ဒီလောက်ဖြစ်နေတာတောင်၊ လိုလာတစ်ယောက် အသည်းအသန် ကြောက်ရွံ့နေတာတောင်မှ အဒေါ့ဖိုဟာ အရာအားလုံးကို မတော်တဆ ဒါမှမဟုတ် အမှားတစ်ခုလို့သာ မြင်နေပြီး ကလေးတွေကို လုံးဝ အပြစ်မတင်ဘူး။
အဒေါ့ဖို ထင်နေသလိုမျိုး ဒီကလေးတွေက တကယ်ပဲ အပြစ်ကင်းသလား…မကောင်းတဲ့အရာတွေက ဘယ်လိုဖြစ်လာတာလဲ…ဒီကလေးတွေကို ဘယ်လိုရပ်တန့်နိုင်မှာလဲ… ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုHnyun Yadanar Myintmo Htunမှ ပြန်ဆို ရေးသားထားပါတယ်)
Violet & Daisy (2011)
⭐IMDB: 6.0/10 (13 k Votes)
🎬 #Action #Comedy #Crime #Thriller #Drama
🗓️ 2011 🎞️ Movie
📺 #1080p #720p
💿 1.0 GB ⦿ 430.9 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 28 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Violet နဲ့ Daisyဆိုတဲ့ဆယ်ကျော်သက်အရွယ်ကောင်မလေး
နှစ်ယောက်ဟာ ကြေးစားလူသတ်သမားတွေဖြစ်ပါတယ်။
တစ်နေ့တော့ သူတို့ဟာ လူတစ်ယောက်ကို ရှင်းပစ်ဖို့ကြုံပါတယ်။
အဲ့လူရဲ့အိမ်ကိုသွားပြီးနောက်််မှာတော့ သူတို့ရှင်းရမယ့်သူက
ကြင်နာတတ်တဲ့ကင်ဆာရောဂါသည်တစ်ဦးဖြစ််နေတာ တွေ့လိုက်
ရပါတော့တယ်။ သူတို့ကိစ္စမပြီးပြတ်သေးခင်မှာတင် အဲ့လူကို
သတ်ပစ်ဖို့ တခြားအဖွဲ့ကပါရောက်လာတဲ့အခါမှာတော့ အခက်ကြုံ
ရပါတော့တယ်။
ဒီရုပ်ရှင်ကားဟာ သေနတ်တွေ လူသတ်တာတွေအပြင် သူငယ်ချင်း၊
မိသားစုကြားက သံယောဇဥ်တွေ သေခြင်းတရားအကြောင်းတွေကို
လက်ရာမြောက်စွာ ပုံဖော်ထားတာမို့ ကြည့်နေကျ ကြေးစားလူသတ်
သမားဇာတ်ကားတွေနဲ့မတူပဲ တမူထူးခြားတဲ့ အနှစ်သာရရှိတဲ့
ဇာတ်ကားကောင်းတစ်ပုဒ်ပါ။ ကြည့်ရှုခံစားလိုက်ကြပါဦးလို့
တိုက်တွန်းလိုက်ပါတယ်။
Girl, Interrupted (1999)
⭐IMDB: 7.3/10 (198 k Votes)
🎬 #Biography #Drama
🗓️ 1999 🎞️ Movie
📺 #1080p #720p
💿 2.0 GB ⦿ 813.2 MB
🌎 #UnitedStates #Germany
⏰ 2 နာရီ 8 မိနစ် 8 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Girl, Interrupted (1999)
~ IMDb – 7.3/10, Rotten Tomatoes – 53% ~
Angelina Jolie နဲ့ Winona Ryder တို့ရဲ့ ငယ်ရုပ်တွေကိုပြန်မြင်ရမယ့်ရုပ်ရှင်လေးဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ တကယ့်လက်တွေ့ဘဝမှာ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက် ကြုံခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာအခက်အခဲအတွေ့အကြုံတွေကို ဇာတ်လမ်းလေးအတိုင်း အဖိအဖော့မှန်မှန်ရိုက်ပြသွားနိုင်တဲ့ ကားကောင်းလေးတစ်ကားပါပဲ။
ဒီရုပ်ရှင်ကို နာမည်တူ Girl, Interrupted ဆိုတဲ့ 1993 ခုနှစ်က အရောင်းရဆုံး ကိုယ်တွေ့မှတ်တမ်းစာအုပ်အပေါ် အခြေခံရိုက်ကူးထားတာပါ။ စာရေးသူက ဆူဇန်နာကေဆန် ဖြစ်ပြီး ရုပ်ရှင်ထဲမှာလည်း နာမည်အရင်းတွေပဲသုံးသွားပါတယ်။
စာအုပ်ပေါ်အခြေခံရိုက်တဲ့ရုပ်ရှင်တွေဆိုရင် စာအုပ်ကပိုကောင်းနေတတ်တာတွေ ခပ်များများဗျ။ ဒါကျမတူဘူး။ စာအုပ်ကော ရုပ်ရှင်ပါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကောင်းနေတာမျိုး။ ကျွန်တော့်အမြင်အရဆိုရင်တော့ စာအုပ်ထက် ရုပ်ရှင်က ပိုကောင်းတယ်လို့ခံစားရတယ်။ စာအုပ်ထဲမှာက ကိုယ်တွေ့မှတ်တမ်းဆိုတဲ့အတိုင်း အခန်းတွေကပြန့်ကျဲနေတာ… ဘာဇာတ်ကွက် လှည့်ကွက် ဘာမှကိုမပါနေဘူး။ ဇာတ်ရှိန်တက်မယ့်နေရာတွေဆို ဝေလာဝေး။ ဒီနေရာမှာ သူက ဒီလိုလုပ်ခဲ့တာ သူကဘယ်လိုဖြစ်တာ၊ ဘယ်နေရာမှာကဘာရှိတယ် ဘယ်သူကဘယ်လို အဲဒီလိုတွေချည်းစုရေးပြထားတယ်။ စိတ်ဝင်စားဖို့ကောင်းပေမဲ့ ဇာတ်လမ်းလို ဇာတ်သွားမျိုးမရှိနေဘူး။ စာရေးသူ စိတ်ဆေးရုံကိုရောက်နေတုန်း ကြုံရသမျှအဖြစ်အပျက်တွေကို Timeline မရှိဘဲနဲ့ ကြုံသလို မှတ်တမ်းပီပီရေးပြထားတာမျိုးပေါ့။
ရုပ်ရှင်ကကျ မတူတော့ဘူး။ အဲဒီလိုပြန့်ကျဲနေတဲ့အခန်းတွေကို Timeline တစ်ခုအနေနဲ့စီပြီး ဇာတ်ရှိန်တက်တာ ကျတာတွေကို တခုချင်းဆွဲခေါ်သွားတယ်။ သရုပ်ဆောင်တွေကလည်းစိတ်ရောကိုယ်ပါနစ်ထားတာသိသာပါတယ်။ Angelina Jolie ကိုယ်တိုင်က Sociopath mood သွင်းတာလေးမပျောက်အောင် ရိုက်ကွင်းမှာဘယ်သူနဲ့မှတောင်အဆက်အဆံမလုပ်ဘဲ နေခဲ့တယ်ဆိုသဗျ။ ဒီရုပ်ရှင်ဟာ စာအုပ်နဲ့ ၏သည်မရွေး တစ်ထပ်တည်းမတူနေပေမယ့် ဇာတ်ကျောကိုတော့ ထပ်တူကျလောက်အောင် ဇာတ်လမ်းရုပ်ရှင်ပီပီ ရိုက်ပြထားနိုင်ပါတယ်။
ဒီရုပ်ရှင်ရဲ့ ဆူဇန်နာကေဆန်နေရာက သရုပ်ဆောင်တဲ့ Winona Ryder က စာအုပ်ကိုအရူးအမူးကြိုက်လွန်းလို့ မူပိုင်ခွင့်ကိုပါဝယ်ပြီး ရုပ်ရှင်ရိုက်ဖို့ နှစ်နဲ့ချီစောင့်ခဲ့တယ်လို့ဆိုတယ်။ ရိုက်ခွင့်ရတဲ့အချိန်မှာလည်း Logan, 3:10 Yuma, Ford vs Ferrari, ပြီးတော့ အခု Indiana Jones And The Dial of Destiny ရုပ်ရှင်တွေကို ရိုက်တဲ့ ဒါရိုက်တာ James Mangold နဲ့ရိုက်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ ရှေ့ကပြောခဲ့တဲ့ကားတွေမရိုက်ရသေးဘူးပေါ့နော်။
လီဆာ နေရာမှာ သရုပ်ဆောင်တဲ့ Angelina Jolie ကလည်း ဇာတ်ပို့သရုပ်ဆောင်နေရာအတွက် အော်စကာဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့ပြီး အခြားဆန်ကာတင်ဆုပေါင်းများစွာလည်း ဝင်ခဲ့ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMin Thant Boမှ ပြန်ဆို ရေးသားထားပါတယ်)
The Warrant: Breaker's Law (2023)
⭐IMDB: 5.5/10 (49 Votes)
🎬 #Drama #Thriller #Western
🗓️ 2023 🎞️ Movie
📺 #1080p #720p #480p
💿 1.5 GB ⦿ 931.5 MB ⦿ 476.1 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 28 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
MDB 5.5/10 April 18ရက်နေ့ကမှ စတင်ထွက်ရှိလာခဲ့တဲ့ ဒီကားဟာဆိုရင်ဖြင့် အက်ရှင် costume drama အမျိုးအစားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာပါဝင်သရုပ်ဆောင်ထားကြတဲ့သူတွေကတော့ Dermot Mulroney, Neal McDonough, Bruce Boxleitner, Amy Hargreavesတို့ကအဓိကပါဝင်သရုပ်ဆောင်ထားကြတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အဓိက ဇာတ်ဆောင်ဖြစ်သူ ဂျွန်ဘရိတ်ကာက သူ့ဖမ်းမိထားတဲ့ ဒက်ဒ်အိုင်းဆိုတဲ့ လူကို နိုင်ငံကိုဖြတ်ပြီး ပို့ပေးရမှာဖြစ်တယ်။
ဒါပေမယ့်အဲ့မြို့ကလေးကိုရောက်သွားတဲ့အခါမှာ အဲ့မြို့မှာ သောင်းကျန်း ဆူပူပြီး မြို့ထဲက ရှိသမျှ လူတိုင်းကို သတ်ဖြတ်ရမ်းကားနေတဲ့ ဂိုဏ်းတစ်ခိုင်းကို သူတို့ကနေပြီးတော့ ဘယ်လိုတွေရင်ဆိုင်ပြီးတော့ကာကွယ်သွားမလဲဆိုတာကိုရိုက်ပြသွားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အမေရိကန် ကောင်းဘွိုင်းခေတ်မှာ ဇာတ်အိမ်တည်ထားတာမို့ အဲ့ခေတ်ကဇာတ်လမ်းကို ကြည့်ရတာကို ကြိုက်နှစ်သက်တဲ့သူတွေအနေနဲ့ဆို အရမ်းကိုနှစ်သက်မှာပဲဖြစ်ပါတယ်။
The Veteran (2011)
⭐IMDB: 5.8/10 (7 k Votes)
🎬 #Action #Crime #Thriller
🗓️ 2011 🎞️ Movie
📺 #1080p #720p
💿 1.6 GB ⦿ 659.2 MB
🌎 #UnitedKingdom
⏰ 1 နာရီ 39 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ရောဘတ်မဲလ်လာတစ်ယောက် အာဖဂန်စစ်ပွဲကနေ သူ့ရဲ့အိမ်ရှိရာ
လန်ဒန်တောင်ပိုင်းကဂန်းစတားတွေအများစုအခြေချရာ
နေရာကိုပြန်လာခဲ့ပါတယ်. ဂျုံးစ်ဆိုတဲ့မူးယစ်ရာဇာက
သူ့လက်အောက်မှာအလုပ်လုပ်ဖို့အတွက် ကမ်းလှမ်းခဲ့ပေမယ့်
သူကတော့ ပယ်ချခဲ့ပါတယ်။ဒီလိုနဲ့အလုပ်မရှိဖြစ်နေတဲ့သူ့ကို
သူငယ်ချင်းဖြစ်သူက လူသိမခံတဲ့အစိုးရပိုင်းဆိုင်ရာအလုပ်တစ်ခုနဲ့
မိတ်ဆက်ပေးပြီးတဲ့နောက်မှာတော့ သူလုပ်ကိုင်ရမှာ အကြမ်းဖက်
တွေနဲ့ထပ်မံပတ်သက်နေတယ်ဆိုတာသိရှိရပြီးတဲ့နောက်……
ဒီဇာတ်ကားက ဗြိိတိန်အက်ရှင်ကားအမျိုးအစားဖြစ်ပြီးတော့ အစိုးရ
ပိုင်းဆိုင်ရာဟာ အကြမ်းဖက်တွေနဲ့ဘယ်လိုကူးလူးဆက်သွယ်လှုပ်ရှား
နေကြတယ်ဆိုတာကိုပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်.
ကြာချိန်အနေနဲ့က ၁နာရီခွဲဖြစ်ပြီး Action, Crime , Thrillerအမျိုးအစားဖြစ်ပါတယ်။
War Witch (2012)
⭐IMDB: 7.0/10 (7 k Votes)
🎬 #Drama #War
🗓️ 2012 🎞️ Movie
📺 #1080p #720p #480p
💿 2.0 GB ⦿ 1.1 GB ⦿ 649.1 MB
🌎 #Canada #Congo
⏰ 1 နာရီ 31 မိနစ် 10 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Rt – 94% ~ IMDb – 7.0 အသက် ၁၂ နှစ်အရွယ်ကတည်းကနေပြီး သူပုန်အဖွဲ့ကနေပြန်ပေးဆွဲခံလိုက်ရတဲ့ ကိုမိုနာ ဟာ “ကျားကြီး” သူပုန်အဖွဲ့မှာတပ်သားသစ်အနေနဲ့ အစိုးရစစ်တပ်ကိုတိုက်ခိုက်ဖို့အတွက် လေ့ကျင့်ပေးခံခဲ့ရပါတယ်။ တစ်နေ့မှာ တောထဲကိုစစ်ဆင်ရေးသွားရင်းနဲ့ အစိုးရဘက်က သေသွားတဲ့သူတွေရဲ့ ဝိဉာဉ်တွေကိုမြင်ရတာမလို့ ကိုမိုနာကို သူပုန်ခေါင်းဆောင် “ကျားကြီး” က သူ့ရဲ့ စစ်ပွဲစုန်းမ (War Witch) အဖြစ်သတ်မှတ်ပြီး အလေးထားခဲ့ပါတယ်။ ဒီလိုနဲ့နေရင်းကနေ သူပုန်အဖွဲ့ထဲက မှော်ဆရာဆိုတဲ့ ကောင်လေးနဲ့အတူ သူငယ်ချင်းတွေဖြစ်သွားကြပြီး တစ်နေ့မှာ ကိုမိုနာ လုပ်တဲ့အရာတွေက တစ်ခုခုလွဲချော်သွားခဲ့ရင် ကျားကြီးက သတ်လိမ့်မယ်ဆိုပြီး မှော်ဆရာနဲ့ ကိုမိုနာတို့ နှစ်ယောက် ကျားကြီးသူပုန်အဖွဲ့ထဲကနေထွက်ပြေးခဲ့ကြပြီး လက်ထပ်လိုက်ကြကာ ဇာတ်မြုပ်နေခဲ့တယ်။
ဒီလိုနဲ့ ကိုမိုနာနဲ့ မှော်ဆရာတို့ နှစ်ယောက်သား သူပုန်တွေဆီကနေ လွတ်မြောက်ခဲ့ကြပေမဲ့ အမှန်တကယ်လွတ်မြောက်ပါ့မလား၊ စစ်ပွဲစုန်းမဆိုတဲ့ နာမည်အောက်ကရောရုန်းထွက်နိုင်ပြီး သာမာန်မိန်းကလေးတစ်ယောက်ဖြစ်လာနိုင်မလားဆိုတာကို ကြည့်ရှုလိုက်ကြပါဦးဗျ။ Oscar Nominee ဝင်ခဲ့တဲ့ရုပ်ရှင်တစ်ကားဖြစ်တဲ့အဖြစ် ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုပေါင်း ၃၅ ဆုအထိရရှိထားပါတယ်။ 14 နှစ်အရွယ် ကိုမိုနာက သူ့ရဲ့မွေးမလာသေးတဲ့ ကလေးကိုပြောပြနေတဲ့ပုံစံ ရိုက်ကူးထားပြီး အာဖရိကနိုင်ငံတွေရဲ့ ပြည်တွင်းစစ်အရှုပ်အထွေးနဲ့ ကလေးစစ်သားပြဿနာတွေကို ထည့်သွင်းရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါဗျ။
Sanctum (2011)
⭐IMDB: 5.9/10 (56 k Votes)
🎬 #Action #Adventure #Drama #Thriller
🗓️ 2011 🎞️ Movie
📺 #1080p #720p
💿 2.4 GB ⦿ 1.1 GB
🌎 #UnitedStates #Australia
⏰ 1 နာရီ 50 မိနစ် 2 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
CMပရိတ်သတ်ကြီးကိုဒီတခါမိတ်ဆက်ပေးချင်တာကတော့
ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ဇာတ်လမ်းတခုနဲ့ပါ။
ဖရန့်ခ် မက်ဂွိုင်းယားဆိုတာက ကမ္ဘာမှာ အလေးစားရဆုံးဂူတွင်း
ရေငုပ်သမားတယောက်ပါ။သူ့ရဲ့သားဖြစ်သူ ဂျော့ရှ်နဲ့အတူတူ
အက်ဆာလာလိုဏ်ဂူကြီးရဲ့ ဂူစနစ်တွေ မြစ်တွေကိုလေ့လာဖို့
ရောက်ရှိနေခဲ့တာပါ။ ကတောက်ကဆဖြစ်နေတဲ့သားအဖနှစ်ယောက်
ရဲ့ဆက်ဆံရေးကြား ကံဆိုးမှုတခုကတော့တနေ့မှာရောက်ရှိလာခဲ့ပါတယ်။
မုန်တိုင်းကြောင့်မြေပြင်ကနေ မီတာ၂၀၀၀အောက်မှာဖြစ်တဲ့အခြေစိုက်
စခန်းမှာပိတ်မိဖို့ဖြစ်လာခဲ့တဲ့အချိန်မှာတော့အသက်ရှင်သန်နိုင်ရေး
အတွက်ကြိုးစားလာရပါတော့တယ်။ မုန်တိုင်းကြောင့်ဂူထဲကိုအလုံး
အရင်းနဲ့ဆင်းလာတဲ့ရေတွေကြားမှာ အရှင်လက်လက် ရေနစ်မသေရဖို့
ဖရန့်ခ်တို့အဖွဲ့တွေ မြေပြင်ပေါ်ကိုပြန်ရောက်နိုင်အောင်ဘယ်လို
ကြိုးစားကြမလဲ။ သူတို့ရဲ့မျှော်လင့်ချက်တခုတည်းဖြစ်တဲ့ပင်လယ်ဆီကို
ရောက်နိုင်ဖို့အတားအဆီးတွေအခက်အခဲတွေကိုဘယ်လိုကျော်ဖြတ်ကြမလဲ။
အဆုံးမှာသူတို့တွေဘာတွေဆက်ဖြစ်မလဲဆိုတာကိုရင်တမမနဲ့ခံစား
ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။
The Son of No One (2011)
⭐IMDB: 5.1/10 (18 k Votes)
🎬 #Action #Crime #Drama #Thriller
🗓️ 2011 🎞️ Movie
📺 #1080p #720p
💿 1.6 GB ⦿ 559.9 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 34 မိနစ် 30 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ရဲတစ်ယောက်ဖြစ်တဲ့ အဖေဖြစ်သူ ဆုံးပါးသွားပြီးနောက်မှာ
အဘွားနဲ့အတူ ဆေးသမားတွေပေါတဲ့ပတ်ဝန်းကျင်မှာ နေခဲ့ရတဲ့
ဂျွန်နသန်ဝွိုက်တစ်ယောက်… တစ်နေ့မှာ ဆေးသမား
တစ်ယောက်ကို မတော်တဆ သေနတ်နဲ့ပစ်သတ်လိုက်မိပြီး
သူငယ်ချင်း ဗင်နီ၊ဗစ်ကီတို့နဲ့ အလောင်းကို သွားပစ်လိုက်ပါတယ်၊
ဖြစ်ချင်တော့ အဲဒီဆေးသမားကိုသတ်လိုက်တာကို သူတို့တိုက်က
လူတစ်ယောက်က သိသွားပြီး နောက်ရက်မှာ ဂျွန်နသန်ကို
ငွေညှစ်ပါတယ်… အဲဒီလူကိုလည်း မတော်တဆ
လှေကားပေါ်ကတွန်းချမိပြီး သတ်လိုက်မိပါတယ်…
ဒီလူသတ်မှုနှစ်ခုကို စုံစမ်းရတဲ့သူကတော့ ဂျွန်နသန့်အဖေရဲ့
တွဲဖက်တစ်ယောက်ဖြစ်တဲ့ စုံထောက်စတန်းဖို့ပဲဖြစ်ပါတယ်။
စတန်းဖို့က လူသတ်မှုကို ဖုံးပေးပြီး အမှုပိတ်လိုက်ပါတယ်…
ဒီလိုနဲ့ နှစ်တွေ အများကြီးကြာပြီးတဲ့နောက်မှာ ဂျွန်နသန်ကလည်း
ရဲတစ်ယောက်ဖြစ်လာခဲ့ပြီး မိသားစုဘဝလေးနဲ့ အေးချမ်းနေတဲ့
အချိန်မှာ အတိတ်ကအရိပ်မည်းကြီးက တစ်ခါပြန်ပေါ်လာပြန်ပါတယ်..
အတိတ်ကကိစ္စတွေကို ဂျွန်နသန်တစ်ယောက် ဘယ်လိုဖြေရှင်းမလဲ..
အတိတ်ကကိစ္စတွေကို တစ်ခါပြန်ဖော်တဲ့သူကရော ဘယ်သူဖြစ်မလဲ..
စုံထောက်စတန်းဖို့ကရော ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေတာလဲ..
ဒါတွေကို 2011တုန်းက ထွက်ရှိခဲ့တဲ့ The son of no one
ဇာတ်ကားလေးထဲမှာ ကြည့်ရှုအဖြေရှာကြည့်လိုက်ကြပါဦး..
