uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Bloody Daddy (2023) ⭐IMDB: 8.4/10 (4 k Votes) 🎬 #Action #Bollywood #Drama #Thriller #Crime 🗓️ 2023 🎞️ Movie 📺 #1080p #720p 💿 2.2 GB ⦿ 940.1 MB 🌎 #India #UnitedArabEmirates ⏰ 2 နာရီ 2 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Bloody Daddy (2023)********************************IMDb-8/10 Kabir Singh, Fraziတို့နဲ့ နာမည်ကျော်တဲ့မင်းသားချောရှာဟစ်ဒ်ကပူးရ်ရဲ့ လတ်တလောထွက်ရှိထားတဲ့ ဇာတ်ကားသစ်လေးပါ။Frazi ထဲမှာ သတင်းစာတိုက်ဟောင်းက စက်တစ်လုံးနဲ့ ‌ငွေစက္ကူတုတွေထုတ်ပြီးမွှေသွားတဲ့ မင်းသားရှာဟစ်ဒ်ကပူးက ဒီထဲမှာလည်း ဆူမေးရ်အဖြစ်ကိုကင်းတအိတ်နဲ့ ပတ်မွှေဦးမှာပါ။ ကိုဗစ်ကာလအခြေခံထားတဲ့ ဇာတ်လမ်းကောင်းလေးတွေထဲကမှအခုတင်ဆက်ပေးမဲ့ အက်ရှင်ကားကလည်း ကိုဗစ်ကာလအတွင်းမှာဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဆူမေးရ် က မူးယစ်ထိန်းချုပ်ရေးဌာနက ဝန်ထမ်းတယောက်၊မိန်းမနဲ့ကွဲနေပြီး သားဖြစ်သူနဲ့အတူတူ နေနေပေမဲ့ သားနဲ့ကလည်း သိပ်မတည့်။အလုပ်တူဘော်ဒါတယောက်နဲ့ မူးယစ်ဂိုဏ်းတခုက ကိုကင်းတွေသယ်လာတဲ့ကားကိုဖြတ်ခုတ်လိုက်တာ ဂိုဏ်းခေါင်းဆောင်က သူ့သားကို ပြန်ပေးဆွဲပြီးသူယူသွားတဲ့ ကိုကင်းအိတ်နဲ့ ပြန်လဲခိုင်းပါတယ်။သူ့ကို အဂတိတိုက်ဖျက်ရေးဌာနကအရာရှိအာဒီတီကလည်း မသင်္ကာတာနဲ့ နောက်ကနေလိုက်စုံစမ်းနေတယ်။အတူလုပ်ခဲ့တဲ့ဘော်ဒါကလည်း သစ္စာဖောက်သွားတော့ အဲလိုတွေကြားထဲကနေ မင်းသားဆူမေးရ်တယောက်သားဖြစ်သူကို ကယ်တင်နိုင်မှာလား သူ့ကိုပဲ ရဲတွေက ဖမ်းသွားမလားဆိုတာ ကြည့်ရမှာပါ။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ chiclon3,Sai,Thaik San,Bpl,Yunniတို့ပဲဖြစ်ပါတယ်)

Hanna (2011) ⭐IMDB: 6.8/10 (203 k Votes) 🎬 #Action #Adventure #Drama #Thriller 🗓️ 2011 🎞️ Movie 📺 #1080p #720p 💿 1.7 GB ⦿ 739.3 MB 🌎 #UnitedStates #UnitedKingdom #Germany ⏰ 1 နာရီ 51 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Hanna ဆိုတဲ့ ဇာတ်ကားလေးကို director Joe Wright က 2011 မှာရိုက်ကူးခဲ့ပါတယ် ဇာတ်ကားထဲမှာဆိုရင် Hanna ဆိုတဲ့ကောင်မလေးက ပြီးပြည့်စုံ တဲ့လုပ်ကြံသတ်ဖြတ်သူဖြစ်ဖို့အတွက် သူ့အဖေ Eric ဆီကနေ လျှို့ဝှက်စွာ ပျိုးထောင်ခံခဲ့ရတယ် နောက်တော့ သူ့အဖေက သူမကို ဥရောပတစ်လျှောက် မစ်ရှင်စေလွှတ်လိုက်တဲ့အချိန်မှာ သူ့အဖေရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း Marissa လို့ခေါ်သူရဲ့ နောက်ယောင်ခံခြင်း ကို ခံရပြီးနောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲ Hanna က သူ့ရဲ့ဖြစ်တည်မှု ကို ဘယ်လိုတွေမေးခွန်းထုတ်လာမလဲဆိုတာ ဇာတ်ကားလေးကို ဆက်ကြည့်ပေးပါဦးနော်… ( ဇာတ်ညွှန်းနဲ့ ဘာသာပြန်သူကတော့ Duckkie ပဲဖြစ်ပါတယ် )

Embarrassing Dad (2023) ⭐TMDB: 0.0% User Score 🎬 #Comedy #Drama 🗓️ 2023 🎞️ Movie 📺 #1080p #480p 💿 806.4 MB ⦿ 397.4 MB 🌎 #China ⏰ 1 နာရီ 15 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ယခုတစ်ခေါက် CM ပရိသတ်တွေအတွက် ဖခင်မေတ္တာကို ခံစားစေရမဲ့ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးက- ဆင်းရဲကျပ်တည်းနေပြီး လမ်းပျောက်နေတဲ့ မျက်လှည့်ဆရာ ဟယ်ထျန်းချိုင်ဟာမွေးစားသမီးလေး ဟယ်ကျားကျားနဲ့အတူ ဆင်းရဲခက်ခဲသော်လဲကြိုးစားရှင်သန်နေသူ ဖြစ်ပါတယ်။ တစ်နေ့မှာ ကျားကျားရဲ့အဖိုးအရင်းဖြစ်သူက ကျားကျားရဲ့ အုပ်ထိန်းခွင့်ကိုဟယ်ထျန်းချိုင်ဆီ ငွေ ၁၀ သိန်းပေးပြီး လာတောင်းပါတယ်။ ဟယ်ထျန်းချိုင်က သဘောမတူတဲ့အတွက် အဖိုးက ဟယ်ထျန်းချိုင်ကိုတရားစွဲခဲ့ပါတယ်။ ဝင်ငွေ အတည်တကျမရှိတဲ့ ဟယ်ထျန်းချိုင်တစ်ယောက်ကျားကျားရဲ့ အုပ်ထိန်းခွင့်ကို ရဖို့အတွက် အလုပ်မျိုးစုံ လုပ်ရန် ကြိုးစားသော်လဲ မအောင်မြင်ခဲ့ပါဘူး။ မျော်လင့်ချက်ပျောက်နေတဲ့ ဟယ်ထျန်းချိုင်တစ်ယောက် လူတော်ရှိုးအစီအစဉ်ရဲ့ကြော်ငြာကို တွေ့သွားတဲ့အခါ သူ့ရဲ့ မျက်လှည့်ပညာကိုတစ်ဖန်ပြန်လည် အသုံးချနိုင်ဖို့ အခွင့်အရေး ရလာပါတယ်။ ဟယ်ထျန်းချိုင်တစ်ယောက် လူတော်ရှိုးရဲ့ ချန်ပီယံဆုကို ဆွတ်ခူးနိုင်မလား……ငွေများ တရားနိုင်ဆိုသလို ကျားကျားရဲ့ အဖိုးကိုရော တော်လှန်နိုင်ပါ့မလား……သူ့ရဲ့ အိမ်နီးချင်းတွေ သူတို့ သားအဖအပေါ်ထားတဲ့စေတနာတွေ မေတ္တာတွေကိုလဲ ရုပ်ရှင်လေးကတစ်ဆင့် ခံစားကြည့်ရှုနိုင်ပါပြီ။

Assassination Games (2011) ⭐IMDB: 6.1/10 (18 k Votes) 🎬 #Action #Crime #Drama #Thriller 🗓️ 2011 🎞️ Movie 📺 #1080p #720p 💿 1.4 GB ⦿ 713.6 MB 🌎 #UnitedStates #HongKong #Romania #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 27 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အက်ရှင်ကားတွေကိုကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ ကြည့်ရတာတန်စေမဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဗင်းဆင့်ဆိုတဲ့သူက Hitmanအလုပ်လုပ်ကိုင်နေတဲ့သူတစ်ယောက် ဖြစ်ပြီး အလုပ်လုပ်ကိုင်ရာမှာ အမှားအယွင်းမရှိသူအဖြစ်နာမည်ကြီး တစ်ယောက်ပါ။တစ်ရက်မှာတော့ မူူးယစ်ရာဇာပိုလိုတစ်ယောက် ထောင်ကနေထွက်လာပြီမလို့ လက်စဖျောက်ပေးဖို့ အလုပ်လက်ခံ ခဲ့ရပါတယ်။ သေချာစီစဉ်ထားတဲ့သူ့ရဲ့အလုပ်မှာ ဖလင့်ဆိုတဲ့ လူတစ်ယောက်ကြောင့် အမှားဖြစ်ခဲ့ရပြီး ဖလင့်ကဘယ်လိုကြောင့် ပိုလိုကိုလက်စားချေဖို့ကြိုးစားနေတယ်ဆိုတာကို ဇာတ်လမ်းထဲမှာပဲ အဖြေရှာကြည့်လိုက်ရအောင်ပါ။ Action , Thriller အမျိုးအစားဖြစ်ပြီး IDMB rating မှာလဲ ၆ကျော် ရထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။

Fast X (2023) ⭐IMDB: 6.3/10 (41 k Votes) 🎬 #Action #Adventure #Crime #Thriller #Mystery 🗓️ 2023 🎞️ Movie 📺 #720p #1080p #4K 💿 1.5 GB ⦿ 3.1 GB ⦿ 7.9 GB 🌎 #UnitedStates #China #UnitedStatesofAmerica ⏰ 2 နာရီ 21 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Fast X(2023) ************ Fast and Furious ဖရန်ချိုက်ရဲ့ ရုပ်ရှင်အသစ် အဗန်ဂျာ အဲလေ Fast X လာပါပြီ။ ဒီရုပ်ရှင်ဟာ ဇာတ်သိမ်းပိုင်း ရုပ်ရှင် ၃ ကားထဲက ပထမကားလို့ ဆိုထားပါတယ်။ ဒါရိုက်တာကတော့ Hulk, Now You See Me, Transporter တို့လို ကားကြီးတွေကို ရိုက်ခဲ့တဲ့ Louis Leterrier ပါပဲ။ သရုပ်ဆောင်တွေအနေနဲ့တော့ ဗန်ဒီဇယ်၊ ဂျွန်စီနာ တို့အပြင် တိုကျိုဒရစ်ထဲက မင်းသား Sung Kang ကပါ Han အဖြစ် ပြန်ပြီးပါဝင်ထားပါသေးတယ်။ အခြားမထင်ထားတဲ့သူတွေလည်း ဧည့်သည်အနေနဲ့ ပါလာပါသေးတယ်။ ဗန်ဒီဇယ်နဲ့ မင်းသားကြီး The Rock တို့ ခွာပြဲထားကြတာလည်း ပြန်အဆင်ပြေသွားပြီမို့ နောက်အပိုင်းတွေမှာ The Rock လည်း ပါဝင်လာတော့မယ်ထင်ပါတယ်။ ပထမကားထဲကမူရင်းဇာတ်ကောင်အနေနဲ့တော့ Vin Diesel, Michelle Rodriguez နဲ့ Jordana Brewster တို့ပဲ ကျန်ပါတော့တယ်။ ဇာတ်လမ်းကတော့ ထုံးစံအတိုင်းအက်ရှင်အသားပေးပါပဲ။ ဒွန်တို့ရဲ့ မိသားစုကြီးကို ကလဲ့စားချေဖို့ လိုက်လာတဲ့ လူဆိုးတစ်ယောက်နဲ့ရင်ဆိုင်ရတာပါပဲ။ ဒွန်တို့ ရှင်းပစ်ခဲ့တဲ့ ဘိန်းရာဇာ ရေးယက်စ်ရဲ့သား ဒန်တေဟာ ဒွန့်ကို မသတ်ခင် ဒွန်ရဲ့မိသားစုနဲ့အရာရာကို ဖျက်ဆီးဖို့ အကွက်ချစီစဉ်ပြီး တစ်ဆင့်ပြီးတစ်ဆင့် ထောင်ချောက်ဆင်ခဲ့တာပါ။ အဲဒီထောင်ချောက်တွေကို ထုံးစံအတိုင်းမိသားစုအားနဲ့ ဘယ်လိုကျော်လွှားပြီး ရင်ဆိုင်မလဲဆိုတာ ကြည့်ရမှာပါ… မိသားစုဆိုတာ မသိမှာစိုးလို့ ဇာတ်ကားထဲမှာ ၅၆ ကြိမ် ပြောသွားခဲ့ပါတယ်…

Ponniyin Selvan: Part Two (2023) ⭐IMDB: 7.8/10 (13 k Votes) 🎬 #Action #Adventure #Bollywood #Drama 🗓️ 2023 🎞️ Movie 📺 #4K #1080p #720p 💿 8.5 GB ⦿ 3.9 GB ⦿ 1.6 GB 🌎 #India ⏰ 2 နာရီ 45 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ponniyin Selvan: Part II (2023) IMDb 8.1/10 ၂၀၂၂ တုန်းက အားလုံးစောင့်မျှော်နေခဲ့ကြတဲ့ Ponniyin Selvan part II ထွက်ရှိလို့လာပါပြီ။ဒီဇာတ်ကားထဲမှာ ဗစ်ကရမ်..ဂျယန်းရဗီ..ကာသီ..စတဲ့နာမည်ကြီးမင်းသားတွေအပြင်မင်းသမီးကြီးတွေဖြစ်ကြတဲ့ အရ်ှဝါရီယားရိုင်းနဲ့ ထရီရှားတို့က အဓိကပါဝင်သရုပ်ဆောင်ထားသလိုနောက်ထပ်လည်း သရုပ်ဆောင်ပေါင်းများစွာက ပါဝင်အားဖြည့်ထားပါတယ်…ရုံတင်ငွေ ကုဋေ သန်း ၃၂၅ ထိရထားတာမို့ ထပ်ပြီးစဥ်းစားစရာလိုမနေတော့ဘူးနော်။ ဇာတ်လမ်းလေးကိုတော့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်အရင်ကချိုလာမင်းဆက်ရဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားပါတယ်… တန်ဂျာဗူးပြည်ကို မင်းလုပ်စိုးစံတဲ့ ချိုလာမင်းကြီးမှာသားတော်နှစ်ပါးနဲ့ သမီးတော်တစ်ပါးဖွားမြင်ခဲ့တယ် သားတော်နှစ်ပါးကလည်း စစ်ရေးစစ်အရာမှာ တစ်ဖက်ကမ်းခတ်အောင်ကျွမ်းကျင်သလိုသမီးတော်လေး ကွန်ဒဗေးကလည်း လိမ်မာပါးနပ်ဉာဏ်ရှိသူပါ… သားတော်အကြီး အိမ်ရှေ့စံမင်းသား အာဒိတဟာ ခြေလျှင်ရဲမက်တွေနဲ့အတူတိုင်းပြည်နယ်နိမိတ်ကို ချဲ့ထွင်ဖို့ စွန့်စားတိုက်ခိုက်နေတဲ့အချိန်… သားတော်အငယ် အရွန်းမိုဇီဟာလည်း ရေတပ်သင်္ဘောကြီးတွေနဲ့တခြားတိုင်းပြည်တွေကို နယ်ချဲ့နေခဲ့ပါတယ်… ဒီတောအတွင်း ချိုလာဧကရာဇ်မင်းကြီး ဆွန်ဒရချိုဇာဟာအိပ်ရာထဲလဲပြီး နာမကျန်းဖြစ်နေခဲ့တယ်… ဒီလိုမိသားစုတကွဲတပြားဖြစ်နေတဲ့အချိန် နွားကွဲရင် ကျားဆွဲဆိုသလိုလုပ်ကြံမယ့် သူလျှိုတွေဟာ တန်ဂျာဗူးတိုင်းပြည်ထဲကို အလျှိုလျှိုဝင်လာခဲ့ပါပြီ… ဒါကို ရိပ်စားမိတဲ့ ဘုရင်ဟာ သားတော်တွေကို ပြန်ခေါ်လာနိုင်ခဲ့ပါ့မလား…။ သူတို့ရဲ့အသက်တွေ ပေးဆပ်လိုက်ရမှာလား…။ ချိုလာမင်းဆက်ကြီး ဘာတွေဆက်ဖြစ်လာမလဲပေါ့။ Part II မှာတော့ အရွန်းမိုဇီဟာ ခမည်းတော်ရဲ့အမိန့်အရ အကျဥ်းသင်္ဘောနဲ့ပြန်လာခဲ့ပေမယ့်မမျှော်လင့်ထားတဲ့ မုန်တိုင်းကြောင့် သင်္ဘောပျက်ပြီး ရက်ပေါင်းများစွာ ပျောက်ဆုံးသွားခဲ့ပါတယ်။အာရွန်းမိုဇီ တကယ်ပဲ သေဆုံးသွားခဲ့ပြီလား။ ဒီတော့ နောင်တော် အာဒိတကလည်း ဒါက နန်ဒီယာရဲ့ ကြိုးကိုင်မှုလို့ယူဆပြီး ကြားထဲကပဋိပက္ခတွေ တင်းမာလာခဲ့တပေါ့။ ဒီအခြေအနေကိုအခွင့်ကောင်းယူပြီးတိုင်းပြည်ရဲ့အာဏာကို သိမ်းဖို့ကြိုးစားနေတဲ့ လူတွေကတစ်ဖက်။ ထက်မြက်ပြီးပါးနပ်လှတဲ့ဘုရင်မ နန်ဒီယာကရော ဘယ်လို ဆက်အကွက်ရွေ့မလဲ။ ဒီလိုတိုက်ရေးခိုက်ရေးတွေအပြင် အပြင်အဆင်အလှအပတွေကိုပါ Part II မှ မြင်တွေ့ရဦးမှာဖြစ်လို့ကြည့်ရတန်တဲ့ ကားလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်…အညွှန်းရေးသားထားပေးတာကတာ့ Hayman ဖြစ်ပြီးဘာသာပြန်တွေကတော့ Hayman,Khin,Saii,Yin Yin တို့ဖြစ်ပါတယ်

Ponniyin Selvan: Part I (2022) ⭐IMDB: 7.7/10 (34 k Votes) 🎬 #Action #Bollywood #Drama #Family #Adventure 🗓️ 2022 🎞️ Movie 📺 #1080p #720p #4K 💿 3.9 GB ⦿ 1.8 GB ⦿ 9.8 GB 🌎 #India ⏰ 2 နာရီ 47 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ponniyin Selvan: Part I (2022)==================== ကဲ အားလုံးစောင့်မျှော်နေခဲ့ရတဲ့ အိန္ဒိယသမိုင်းကားကောင်းကြီးထွက်လို့လာခဲ့ပါပြီမင်းသား မင်းသမီးတွေ အများကြီးနဲ့ ကြည့်လို့ကောင်းမယ့် ကားလေးပါပဲ ဒီဇာတ်ကားထဲမှာ ဗစ်ကရမ်..ဂျယန်းရဗီ..ကာသီ..စတဲ့နာမည်ကြီးမင်းသားတွေအပြင်မင်းသမီးကြီးတွေဖြစ်ကြတဲ့ အရ်ှဝါရီယားရိုင်းနဲ့ ထရီရှားတို့က အဓိကပါဝင်သရုပ်ဆောင်ထားသလိုနောက်ထပ်လည်း သရုပ်ဆောင်ပေါင်းများစွာက ပါဝင်အားဖြည့်ထားပါတယ်… ဇာတ်လမ်းလေးကိုတော့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်အရင်ကချိုလာမင်းဆက်ရဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားပါတယ်… တန်ဂျာဗူးပြည်ကို မင်းလုပ်စိုးစံတဲ့ ချိုလာမင်းကြီးမှာသားတော်နှစ်ပါးနဲ့ သမီးတော်တစ်ပါးဖွားမြင်ခဲ့တယ် သားတော်နှစ်ပါးကလည်း စစ်ရေးစစ်အရာမှာ တစ်ဖက်ကမ်းခတ်အောင်ကျွမ်းကျင်သလိုသမီးတော်လေး ကွန်ဒဗေးကလည်း လိမ်မာပါးနပ်ဉာဏ်ရှိသူပါ… သားတော်အကြီး အိမ်ရှေ့စံမင်းသား အာဒိတဟာ ခြေလျှင်ရဲမက်တွေနဲ့အတူတိုင်းပြည်နယ်နိမိတ်ကို ချဲ့ထွင်ဖို့ စွန့်စားတိုက်ခိုက်နေတဲ့အချိန်… သားတော်အငယ် အရွန်းမိုဇီဟာလည်း ရေတပ်သဘောင်္ကြီးတွေနဲ့တခြားတိုင်းပြည်တွေကို နယ်ချဲ့နေခဲ့ပါတယ်… ဒီတောအတွင်း ချိုလာဧကရာဇ်မင်းကြီး ဆွန်ဒရချိုဇာဟာအိပ်ရာထဲလဲပြီး နာမကျန်းဖြစ်နေခဲ့တယ်… ဒီလိုမိသားစုတကွဲတပြားဖြစ်နေတဲ့အချိန် နွားကွဲရင် ကျားဆွဲဆိုသလိုလုပ်ကြံမယ့် သူလျှိုတွေဟာ တန်ဂျာဗူးတိုင်းပြည်ထဲကို အလျှိုလျှိုဝင်လာခဲ့ပါပြီ… ဒါကို ရိပ်စားမိတဲ့ ဘုရင်ဟာ သားတော်တွေကို ပြန်ခေါ်လာနိုင်ခဲ့ပါ့မလား…။ သူတို့ရဲ့အသက်တွေ ပေးဆပ်လိုက်ရမှာလား…။ ချိုလာမင်းဆက်ကြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုစိတ်ဝင်တစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ်…။ တိုက်ရေးခိုက်ရေးတွေအပြင် အပြင်အဆင်အလှအပတွေကိုပါ မြင်တွေ့ရမှာဖြစ်လို့ကြည့်ရတန်တဲ့ ကားလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်…

Bakasuran (2023) ⭐IMDB: 6.3/10 (1 k Votes) 🎬 #Action #Bollywood #Crime #Thriller #Drama 🗓️ 2023 🎞️ Movie 📺 #1080p #720p 💿 3.6 GB ⦿ 1.3 GB 🌎 #India ⏰ 2 နာရီ 34 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Bakasuran (2023)**************************IMDb-6.3/10 Mohan G. Kshatriyan ရဲ့ ဘဝမှာ တကယ်ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တစ်ခုကို ကိုယ်တိုင် ဇာတ်ညွှန်း‌ရေးဒါရိုက်တာလုပ် ထုတ်လုပ်ရိုက်ကူးခဲ့တာဖြစ်ပါတယ် အာရူလ်ဗာမာဆိုတာ စစ်မှုထမ်းအငြိမ်းစား Crime YouTuber တစ်ယောက်နိုင်ငံအတွင်းကဖြစ်ပျက်သမျှကို YouTube မှာသူ့ရဲ့ သဘာတွေဝါတွေပါပေါင်းပြီးတင်ဆက်ပညာပေးနေသူပါ ရဲအမှုတွေကိုလည်း မကြာမကြာဝင်ကူတတ်ပါသေးတယ် တစ်နေ့တော့ သူ့ရဲ့တူမအရင်းသတ်သေတယ်ဆိုတဲ့သတင်းရပါတော့တယ်ပေးစားတဲ့သူကိုမလိုချင်လို့ သတ်သေတယ်ယူဆရာကသူ့လက်ထဲဖုန်းရောက်လာချိန်မှာတော့ WhatsApp ကနေသိလာရ‌တာတွေကတော့ ရိုးရှင်းမနေပါဘူး ဇာတ်လမ်းဆန်ဆန် အပြင်မှာဖြစ်ခဲ့ကြတာတွေကို ရိုက်ကူးပြထားတာမို့မှုခင်းကားကြိုက်သူတွေ အပျင်းပြေတာထက်ပိုတဲ့ ခံစားမှုရစေမဲ့ကားလေးဖြစ်ပါတယ် အညွှန်းရေးသားသူကတော့ BpL ဖြစ်ပြီးဘာသာပြန်သူတွေကတော့ Bpl,Yunni,Thaik San,Nyein,Zwe Yanနဲ့ chiclon3တို့ပဲ ဖြစ်ပါတယ်။

Dear Zindagi (2016) ⭐IMDB: 7.4/10 (42 k Votes) 🎬 #Bollywood #Drama #Romance 🗓️ 2016 🎞️ Movie 📺 #1080p #720p 💿 3.3 GB ⦿ 1.0 GB 🌎 #India ⏰ 2 နာရီ 30 မိနစ် 9 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Dear Zindagi (or) The Best Bollywood Movie in 2016 နေ့စဉ်ဓူဝ ရုန်းကန်လှုပ်ရှားနေရတဲ့ လူ့ဘဝကြီးထဲမှာ အောင်မြင်သောဘဝကိုရရှိဖို့အခက်အခဲမျိုးစုံကို ဖြတ်သန်းနေရပါတယ်။မအောင်မြင်ခင်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကိုရင်ဆိုင်ကျော်လွှားဖို့မိဘနဲ့ မိမိရဲ့ အရင်းအနှီးဆုံးသူငယ်ချင်းတွေရဲ့ အားပေးကူညီမှုတွေကိုလိုအပ်ပါတယ်။သူတို့ရဲ့ ကူညီမှုသာမပါရင် ကျော်ဖြတ်ဖို့ တော်တော်လေးပင်ပန်းခက်ခဲမှာပါ။မိတ်ဆွေကောင်းတွေရဲ့ အကြံဉာဏ်တွေက ကျွန်တော့်တို့ရှေ့ဆက်လျှောက်လှမ်းရမယ့်ဘဝအတွက်တော့ အကောင်းဆုံးခွန်အားပါပဲ။ Kaira (Alia Bhatt) က အရည်အချင်းရှိတဲ့ Cinematographer တစ်ယောက်ဖြစ်ပြီးသူမရဲ့ဘဝကို ဒီထက်အောင်မြင်မှုရဖို့ကြိုးစားနေသူပါ။ဒါပေမဲ့ နှလုံးသားရေးမှာတော့ ကံမကောင်းသေးပါဘူး။သူမနဲ့ ကိုက်ညီတဲ့ စစ်မှန်တဲ့ အချစ်စစ်ကိုရှာဖွေနေတုန်းမှာပဲ အသည်းကွဲခံလိုက်ရပါတယ်။Goa မှာရှိတဲ့ စားသောက်ဆိုင်ကြော်ငြာရိုက်ဖို့အတွက် မွေးရက်မြေကို ပြန်ဖို့ဖြစ်လာသောအခါစိတ်ဓာတ်ကျပြီး ရည်မှန်းချက်ပျောက်နေတဲ့ Kaira တစ်ယောက် စိတ်ရောဂါအထူးကုဆရာဝန်ဖြစ်တဲ့Dr. Jehangir Khan (Shah Rukh Khan) ရဲ့ ဟောပြောမှုကိုနားထောင်ဖြစ်ခဲ့ပါတယ်။ပြီးတော့ သူမရဲ့ဖြစ်ပျက်နေတဲ့ စိတ်ပျက်မှုကိုပပျောက်ဖို့အတွက် Dr.Jug နဲ့တွေ့ဆုံဖို့ဖြစ်လာပါတော့တယ်။ပုံမှန်သမာရိုးကျမဟုတ်တဲ့ ကုသမှုတွေနဲ့ Kiara ရဲ့ အတိတ်ဘဝ၊လက်ရှိကြုံနေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးတဲ့အခါDear Zindagi ဆိုတဲ့ လှပတဲ့ ရုပ်ရှင်တစ်ကားဖြစ်လာပါတော့တယ်။ ဒီဇာတ်ကားနဲ့ပတ်သတ်ပြီး ပထမဆုံးချီးကျူးလိုတာကတော့ ဇာတ်ကားကို ရိုက်ကူးတဲ့အမျိုးသမီး ဒါရိုက်တာဖြစ်တဲ့ Gauri Shinde ရဲ့ ရိုက်ကူးမှုပါပဲ။မြန်မာပရိသတ်တွေတော်တော်သဘောကျတဲ့ပေါက်ကားဖြစ်တဲ့ အမေရိကန်ရောက် အင်ဒီယန်းအမျိုးသမီးရဲ့ အင်္ဂလိပ်စာသင်ယူမှု အကြောင်းရိုက်ကူးထားတဲ့English Vinglish ဇာတ်ကားကို ရိုက်ကူးထားတဲ့သူပါ။ဝင်ငွေပိုင်းအရအောင်မြင်သလိုအနုပညာအရလည်းဆုပေါင်းများစွာရရှိခဲ့တဲ့ကားကို ရိုက်ကူးခဲ့တဲ့သူမအနေနဲ့ ယခုဇာတ်ကားအပါအဝင်ဇာတ်ကားနှစ်ကားပဲရိုက်ကူးထားရပါသေးတယ်။တကယ်ကိုပဲ ချီးကျူးဖို့ကောင်းသလိုရိုက်ကူးတဲ့ဇာတ်ကားနှစ်ကားလုံးကအရမ်းကိုကောင်းမွန်သလို ဝင်ငွေပိုင်းမှာလည်း အောင်မြင်ခဲ့ပါတယ်။အမျိုးသမီးဒါရိုက်တာဖြစ်တာနဲ့အညီ သူမရဲ့ဇာတ်ကားတွေမှာ အမျိုးသမီးဇာတ်ကောင်ကိုအဓိကထားရိုက်သလို ဒီဇာတ်ကားရဲ့ အဓိကသရုပ်ဆောင်က မင်းသမီး Alia Bhatt ဖြစ်ပါတယ်။ နောက်ပိုင်းတက်သစ်စမင်းသမီးတွေထဲမှာ သရုပ်ဆောင်ကောင်းတဲ့ Alia အတွက်တော့ ဒီဇာတ်ကားကသူမရဲ့သရုပ်ဆောင်ဘဝကို တစ်ဆင့်တက်စေတဲ့ ဇာတ်ကားပါပဲ။လုပ်ကွက်ရတာနဲ့အညီအကောင်းဆုံးသရုပ်ဆောင်သွားတဲ့ Alia ကတော့ ဒီနှစ်ဆုပေးပွဲတွေရဲ့အဓိကသရုပ်ဆောင်ဆုတွေမှာ ရေပန်းစားနေပါသည်။ မင်းသမီးရဲ့အဓိကဦးဆောင်တဲ့ဇာတ်ဖြစ်ပေမယ့် Dear Zindagi ဆိုတဲ့ ဇာတ်ကားရဲ့အသက်ကိုသွင်းပေးတဲ့သူကတော့ Dr.Jug အဖြစ်သရုပ်ဆောင်တဲ့ အားလုံးချစ်တဲ့မင်းသားကြီးShah Rukh Khan(SRK) ပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းအသက်ဖြစ်တဲ့ အရမ်းကောင်းမွန်တဲ့စိတ်ပညာနဲ့ပတ်သတ်တဲ့ ရှင်းလင်းချက်တွေကို လွယ်ကူစွာနားလည်နိုင်စေရန် ဥပမာပေးပြီး အရေးကြီးတဲ့ဘဝနဲ့ဆိုင်တဲ့ ဒသနတွေကို ပြောပြခဲ့တဲ့ SRK ရဲ့ဇာတ်ရုပ်က တော်တော်လေးကောင်းမွန်ပါတယ်။မင်းသားရဲ့ ပြောစရာမလိုတဲ့ သရုပ်ဆောင်မှုတွေပေါင်းစပ်လိုက်တဲ့ အခါမှာတော့Dr.Jug ဆိုတဲ့ဇာတ်ကောင်က ကျွန်တော်ရဲ့အကောင်းဆုံးမိတ်ဆွေဖြစ်လာပါတော့တယ်။ ဒီဘက်နှစ်တွေမှာ Bollywood မဆန်တဲ့ ရုပ်ရှင်ကားတွေရိုက်ကူးလာတဲ့ မင်းသားရဲ့ပြောင်းလဲမှုကိုသက်သေပြုတဲ့ ဒီဇာတ်ကားက ပုံမှန် Bollywood ဇာတ်ကားကနေအများကြီးခွဲထွက်ထားပါတယ်။မြန်မာနိုင်ငံနဲ့ တော်တော်လေးဆင်ပြီး အရမ်းလှတဲ့ ဂိုအာမြို့မှာအခြေပြုရိုက်ကူးထားတဲ့ ဒီဇာတ်ကားကပုံမှန်ဖြစ်နေတဲ့ အုပ်စုဖွဲ့ဝိုင်းကတဲ့ သီချင်းခန်းတွေမပါသလို ယုတ္ထိမရှိတဲ့ fight scence လည်း မပါဝင်ပါဘူး။ဇာတ်ကားနဲ့အရမ်းလိုက်ဖက်သလို အရမ်းကို အဓိပ္ပါယ်ရှိပြီးကောင်းလွန်းတဲ့ နောက်ခံဇာတ်ဝင်သီချင်းတွေသာပါဝင်ပါတယ်။တော်တော်များလည်းအကြိုက်တွေ့မယ် ထင်ပါတယ်။ဒီလိုသီချင်းပုံစံမျိုးသုံးတာကတော့ဒါရိုက်တာ Gauri Shinde ရဲ့ စတိုင်လို့ပြောရသလို အရမ်းလည်းမိုက်ပါတယ်။ရိုက်ကူးထားတာကလည်းလှပသလို မင်းသမီးရဲ့ချစ်စဖွယ်အလှလည်းပေါ်လွင်ပါတယ်။ဘာမှနည်းပညာဆန်းသစ်မှုမပါပဲ ဘတ်ဂျက်အနည်းငယ်သာကုန်ပြီး ရိုက်ကူးထားတဲ့ဒီဇာတ်ကားက ရုံတင်ပြီးသုံးရက်အတွင်းမှာပဲ ရိုက်ကူးစရိတ်ကျေပြီး အခုဆိုရင်အမြတ်များစွားရနေပြီဖြစ်ပါတယ်။ ရုပ်ရှင်ကားတစ်ကားရဲ့ အသက်ဖြစ်တဲ့ ဇာတ်ညွှန်းကောင်းမှုနဲ့ သရုပ်ဆောင်တွေရဲ့ အသက်ဝင်တဲ့သရုပ်ဆောင်မှုတွေကဒီဇာတ်ကားကို အောင်မြင်မှုကိုတွန်းပို့စေပါတယ်။ဒီ

MobKing (2023) ⭐IMDB: 6.5/10 (342 Votes) 🎬 #Drama #Thriller 🗓️ 2023 🎞️ Movie 📺 #1080p #720p 💿 1.2 GB ⦿ 555.4 MB 🌎 #UnitedStates ⏰ 1 နာရီ 29 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ၂၀၂၃ မေလကမှအသစ်ထပ်မံထွက်ရှိလာတဲ့အက်ရှင်ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် မိုက်ခ်ဝှိုက်ဟာသိပ်မကြာခင်ထောင်ကလွတ်တော့မယ့်သစ္စာရှိဂန်းစတားတစ်ဦးဖြစ်ပါတယ်။မိန်းမနဲ့သမီးနဲ့အတူပျော်ရွှင်စရာမိသားစုတစ်ခုထူထောင်တော့မယ်ဆိုတဲ့စိတ်နဲ့ထောင်ကလွှတ်လာတဲ့ မိုက်ခ်ဝှိုက်တစ်ယောက် မနာလိုသူတစ်ဦးရဲ့ချောင်းမြောင်းလုပ်ကြံမှုနဲ့ကြုံတွေ့ခဲ့ရပါတယ်။ မိမိအားလုပ်ကြံသူမှာ မိမိသစ္စာရှိရှိလုပ်ကိုင်ပေးခဲ့တဲ့ဂိုဏ်းအဖွဲ့ကဖြစ်နေမှန်းသိလိုက်တဲ့အခါ မိုက်ခ်ဝှိုက်တစ်ယောက် ပုန်းရှောင်ရမလား၊ပြန်လည်ခုခံရမလား ဆိုတဲ့ဘေးကျပ်နံကျပ်အ‌ခြေအနေကိုရောက်ရှိလာပါတယ်။ မိသားစုရဲ့အသက်ဘေးကိုပါစိုးရိမ်လာရတဲ့အခြေအနေမှာ မိုက်ခ်ဝှိုက်တစ်ယောက်ဘာလုပ်မလဲဆိုတာကို ယခု ဒီ Mobking ဆိုတဲ့ရုပ်ရှင်လေးမှာစောင့်စားကြည့်ရှုကြပါအုံးခင်ဗျာ။

Dead Man Down (2013) ⭐IMDB: 6.4/10 (69 k Votes) 🎬 #Action #Crime #Drama #Thriller 🗓️ 2013 🎞️ Movie 📺 #1080p #720p 💿 1.5 GB ⦿ 551.8 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 58 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 “ကလဲ့စားဆိုတာ ချိုမြိန်တဲ့ဟင်းလျာတစ်ခုဆိုပေမယ့် တည်ခင်းတဲ့အချိန်မှာအေးစက်နေခဲ့ပါပြီ” နှစ်အနည်းငယ်အကြာက ရန်ကြွေးတစ်ခုကြောင့် အယ်လ်ဖွန်စေ ရဲ့ ဂိုဏ်းထဲကိုအယောင်ဆောင်ဝင်ရောက်ခဲ့တဲ့ ဗစ်တာကို သူ့ကို စောင့်ကြည့်နေတဲ့ လမ်းတစ်ဖက်ခြမ်းက ကောင်မလေး ဘီးထရစ်စ်က သူ့ရဲ့ မကောင်းမှုလုပ်ရပ်တစ်ခုကို မမျှော်လင့်ဘဲ မြင်တွေ့ခဲ့ပါတယ်. ဗစ်တာရဲ့ စိတ်ထဲမှာလည်း သူ စနိုးစနောင့် ဖြစ်နေရတဲ့ကိစ္စကို ဖြေရှင်းဖို့ ဘီးထရစ်စ်ကို ချဉ်းကပ်ခဲ့သလို ဘီးထရစ်စ်ကလည်း သူ လိုချင်တဲ့လက်စားချေမှုကို ဗစ်တာက ယူလာပေးနိုင်မှာလားဆိုတာသိချင်တဲ့စိတ်နဲ့ နှစ်ယောက်သား ချိန်းတွေ့ခဲ့ကြပါတယ်. တစ်ယောက်ရဲ့ တကယ့်ရည်ရွယ်ချက်ကို တစ်ယောက် သိသွားချိန်မှာတော့ လက်စားချေမှုကို လိုချင်သူနှစ်ယောက် အချင်းချင်း ကူညီနိုင်မလား. ဗစ်တာကရော သူ့မိသားစုအတွက် လက်စားချေနိင်မလား. လူကြမ်းကြီး ဗစ်တာနဲ့ သိမ်ငယ်ရသူလေး ဘီးထရစ်စ်တို့ကြားထဲက သံယောဇဉ်တွေကရော သူတို့ရဲ့ ရည်ရွယ်ချက်တွေကို အနှောက် ယှက်ပေးလာနိုင်မလား ဆိုတာကိုအခက်အခဲ နှင့် အားပြိုင်မှုများ၊ လျှို့ဝှက်ချက် နှင့် ဖုံးကွယ်မှုများ၊ဇာတ်ကွက်အလှည့်အပြောင်း စတာတွေကို အက်ရှင်ကြမ်းကြမ်းနဲ့ တင်ဆက်ပေးထားတဲ့ ဇာတ်လမ်းလေးကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်.

Attack the Block (2011) ⭐IMDB: 6.7/10 (109 k Votes) 🎬 #Action #Adventure #Comedy #ScienceFiction #SciFi #Thriller 🗓️ 2011 🎞️ Movie 📺 #1080p #720p 💿 1.6 GB ⦿ 621.7 MB 🌎 #UnitedKingdom #France #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ပရိသတ်ကြီးကို 2011 ကထွက်ရှိခဲ့တဲ့ Attack The Block ဆိုတဲ့ရုပ်ရှင်ကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ဒီကားကတော့ လူငယ်တွေပေါင်းပြီးအကောင်တွေကိုဆော်တာ ၊အမျိုးအမည်မသိ သတ္တဝါတွေ ကမ္ဘာပေါ်ကျရောက်လာတာ ဂြိုဟ်သားကျူးကျော်တဲ့ ကားတွေကြည့်ချင်သူတွေအတွက်တော့ အရွေးမမှားသင့်တဲ့ကားတစ်ခုပါ။ ဇာတ်လမ်းကတော့ ဒီလိုစပါတယ်။လန်ဒန်တောင်ပိုင်းက ဘရစ်စတွန် လို့ခေါ်တဲ့ မြို့ငယ်တစ်ခုမှာ တိုက်ခန်းတွဲကြီးတစ်ခုရှိပါတယ်။အဲ့ပတ်ဝန်း ကျင်တစ်ဝိုက်မှာတော့ မိုးဇက် ၊ ပက်ဇ် ၊ ဂျရုန်း ၊ ဘစ်ဇ် ၊ ဒန်းနစ် လို့ခေါ်တဲ့ကလေးတစ်အုပ်ပါဝင်တဲ့ BLOCK အမည်ရအဖွဲ့က ဉာဉ့်နက် သန်းခေါင်တွေကျ ရပ်ကွက်ထဲကျင်လည်ရင်း ကြုံရင်ကြုံသလို ခိုးဆိုး လုနှိုက်နေတတ်ကြတဲ့ ကလေးတွေပါ။တစ်ရက်မှာ အလုပ်ကပြန်လာတဲ့ ​ဆမ်ဆိုတဲ့ သူနာပြုမလေးကို ဓားပြတိုက်နေကြတုန်း သူတို့နားကကား တစ်စီးဆီ ကောင်းကင်ပေါ်ကမီးလုံးကြီးတစ်ခုကျလာပါတယ်။ပစ္စည်းတစ်စုံ တစ်ရာ ရလိုရငှားသွားကြည့်တော့ မျောက်ဝံသဏ္ဍာန်ကိုယ်ထည် နက်မှောင်နေတဲ့ အမျိုးအမည်မသိသတ္တဝါတစ်ကောင်က သူတို့ကို ရန်ပြုတိုက်ခိုက်ခဲ့ပါတယ်။မိုးဇက်တို့အဖွဲ့လည်း အခဲမကျေ ထိုသတ္တဝါကိုလိုက်လံနှိမ်နင်းပြီး ပိုက်ဆံရမယ်အထင်နဲ့ အကောင် သေကိုပြန်သယ်လာခဲ့ပါတယ်။ အကောင်ကိုတိုက်ခိုက်နိုင်ခဲ့လို့ ပျော်ရွှင်မြူးထူးနေကြပေမဲ့ ပြဿနာက ဒီမှာတင်မဆုံးသေးပါဘူး။ နောက်ထပ်အကောင်ပေါင်းမြောက်မြားစွာက သူတို့မြို့ကိုထပ်မံရောက် လာခဲ့ပါတယ်။ဒါပေမဲ့ ပွဲတော်ညဖြစ်ပြီးမီးရှူးမီးပန်းတွေ ဖောက်နေ ကြလို့ တခြားသူတွေအပြင် ရဲတွေတောင်ဒါကိုသတိမထားမိပါဘူး။ တစ်ဖက်ကလည်း ဓားပြမှုကြောင့်ရဲလက်ကပြေးရင်းနဲ့ အကောင်တွေနဲ့ ထပ်မံရင်ဆိုင်ရပါတော့တယ်။ ဒီလိုလူမသိ သူမသိကြားက အကောင် တွေကိုရင်ဆိုင်တိုက်ခိုက်နေရရင်း ထိုညအဖို့ အသက်ဘေးကနေ ဘယ်လိုလွတ်မြောက်အောင် ကြိုးစားကြမလဲ။ အကောင်တွေကို အပြတ်ရှင်းပြီး သူတို့နေရာကို ကာကွယ်ဖို့ဘယ်လိုကြိုးစားကြမလဲ သူတို့ရဲ့လုပ်ဆောင်ချက်ကရောအောင်မြင်နိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာကြည့်ရှုလိုက်ပါ။ ကလေးတွေတိုက်ခိုက်တဲ့ကားဆိုပေမဲ့ ဇာတ်လမ်းထဲမှာတော့ ကြည့်ရကြိုးနပ်လောက်တဲ့ထိတော့ ကြမ်းထားပါတယ်။ဒါကြောင့် ဂြိုဟ်သားတွေကို တိုက်ခိုက်တာကို ကြည့်ရတာကြိုက်တဲ့ပရိသတ်​​တွေ​ လက်မနှေးပဲအမြန်ကြည့်လိုက်ဖို့တိုက်တွန်းပါတယ်။

Finale (2018) ⭐IMDB: 4.7/10 (690 Votes) 🎬 #Drama #Horror #Mystery 🗓️ 2018 🎞️ Movie 📺 #1080p #720p 💿 1.4 GB ⦿ 590.6 MB 🌎 #Denmark ⏰ 1 နာရီ 39 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Finale (2018)=========== လူတိုင်းရဲ့စိတ်ခံစားချက်တွေက တစ်ယောက်နဲ့တစ်ယောက်ကွဲပြားနေတတ်ပါတယ်။ တဖက်လူရဲ့ပျော်ရွှင်မှုကြောင့် ပီတိဖြစ်ရတဲ့လူတွေရှိသလို တဖက်လူရဲ့နာကျင်ခံစားရမှုကြောင့် ဝမ်းသာနေကြတဲ့သူတွေလည်း တစ်ပုံကြီးပါပဲ။ ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးက စိတ္တဇဆန်တဲ့ဇာတ်လမ်းလို့ပြောရမလား ဓာတ်ဆီဆိုင်မှာ ညဆိုင်းဆင်းနေကြတဲ့ မိန်းကလေးနှစ်ယောက်ကို အသာပေးရိုက်ကူးထားပြီး လူသားတို့ရဲ့စိတ်ချောက်ချားမှုတွေ၊ အကြောက်တရားနဲ့ကြုံတွေ့လာတဲ့အခါ ဖြစ်‌ပေါ်လာတဲ့ခံစားချက်တွေ၊ တဖက်သားနာကျင်မှုကို ‌‌ပျော်မွေ့နေတတ်တဲ့သူတွေစတဲ့ အမျိုးမျိုးသောစိတ်ခံစားချက်တွေကို ကြည့်ရှုရမှာပါ။ ဇာတ်ကောင်တွေအများကြီးသုံးထားတာမျိုးမရှိဘဲ လူတွေရဲ့မကောင်းတဲ့ဗီဇစိတ်ကို ပေါ််လွင်အောင်ရိုက်ပြထားတာဖြစ်လို့ Horror ဆန်ဆန်Mystery ဆန်ဆန်ကြိုက်တဲ့ဘော်ဒါတို့အတွက် ကြည့်ကောင်းမယ့်ဇာတ်လမ်းလေးပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ZWT ဖြစ်ပါတယ်)

Rushmore (1998) ⭐IMDB: 7.6/10 (191 k Votes) 🎬 #Comedy #Drama #Romance 🗓️ 1998 🎞️ Movie 📺 #1080p #720p 💿 1.6 GB ⦿ 726.0 MB 🌎 #UnitedStates ⏰ 1 နာရီ 33 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Rushmore (1998) ~ IMDb – 7.6/10, Rotten Tomatoes – 90% ~ ဒီဇာတ်ကားဟာ Moonrise Kingdom, The Grand Budapest Hotel, Fantastic Mr. Fox တို့နဲ့နာမည်ကြီးတဲ့ဒါရိုက်တာ Wes Anderson ရိုက်ကူးခဲ့တဲ့ ဒုတိယမြောက်ကားဖြစ်ပါတယ်။ Wes Anderson ရဲ့ဇာတ်ကားတွေက ခေါက်ချိုးညီရိုက်ချက်တွေ၊ လှပတဲ့အရောင်တွေအလှတွေထည့်သွင်းအသုံးပြုတာတွေ၊ ဇာတ်လမ်းဇာတ်ညွှန်းထူးဆန်းမှုတွေနဲ့ နာမည်ကြီးပါတယ်။ ဒီဇာတ်ကားက ၁၉၉၀ ကျော်ကကားလို့မထင်ရအောင်ကိုခေတ်မှီပြီး ပုံစံကလုံးဝကို Unique ဖြစ်ပါတယ်။ ဟာသကားလို့ Genre တပ်ထားပေမဲ့လို့ လုံးလုံးဟာသကားမျိုးဖြစ်နေတာမဟုတ်ဘဲ Deep တဲ့သဘောသဘာဝတွေကိုနှစ်မြှုပ်ထားပါသေးတယ်။ ဒီဇာတ်ကားရဲ့​ကျောရိုးကို ဇာတ်ဆောင်သုံးဦးနဲ့ဖွဲ့စည်းထားပါတယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့မက်စ်က အသက် ၁၅ နှစ်အရွယ် အထက်တန်းကျောင်းသားဖြစ်ပြီး ရက်ရှ်မိုးလို့ခေါ်တဲ့ ကိုယ်ပိုင်ကျောင်းမှာ စကောလားရှစ်နဲ့တက်ရောက်နေသူဖြစ်ပါတယ်။ စကောလားရှစ်ရထားတာဆိုပေမဲ့ အသင်းအဖွဲ့တွေ ဘာ Club ညာ Club ဖွဲ့တာတွေစတဲ့ Activity တွေမှာသာအားစိုက်ပြီး စာမှာညံ့ဖျင်းတဲ့ကျောင်းသားမျိုးဖြစ်နေပါတယ်။ အသင်းအဖွဲ့ပေါင်းများစွာဝင်ထားပြီး ပြဇာတ်ရေးတာကိုအားသန်သူပါ။ မက်စ်ဟာ ကျောင်းရဲ့ပင်တိုင်အလှူရှင် ဟာမန်ဘလူးမ်ကိုလေးစားအားကျနေသူဖြစ်ပြီး သွားစကားပြောရင်းကနေ ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်သွားကြပါတယ်။ မစ္စတာဘလူးမ်ဟာ အသက် ၅၀ အရွယ် ချမ်းသာတဲ့ ကိုယ်ထူကိုယ်ထ ပိုက်ကုမ္ပဏီပိုင်ရှင်ဖြစ်ပြီး ဇနီးမယားနဲ့အတူ အမြွှာသားနှစ်ယောက်ရှိပါတယ်။ တစ်နေ့မှာ ရက်ရှ်မိုးကျောင်းကို ရို့မေရီခရော့စ်လို့ခေါ်တဲ့ ငယ်ငယ်ခပ်ချောချောဆရာမလေးရောက်လာပါတယ်။ မက်စ်ဟာ စာကြည့်တိုက်ကနေစာအုပ် ငှားဖတ်ရင်း မစ္စခရော့စ်ငှားဖက်ထားတဲ့ စာအုပ်ကိုဖတ်မိပြီး ဆရာမလေးကိုစိတ်ဝင်စားသွားပါတော့တယ်။ ဆရာမလေးနဲ့ ရည်းစားဖြစ်နိုင်ဖို့အတွက် မစ္စတာဘလူးမ်ဆီအကြံဉာဏ်တောင်းခံရင်း မစ္စတာဘလူးမ်ပါ ဆရာမလေးကိုကြိုက်သွားပါတယ်။ မက်စ်တစ်ယောက် သူရယ် မစ္စတာဘလူးမ်ရယ် မစ္စခရော့စ်ဆိုတဲ့ဆရာမလေးတို့ကြားက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ… ကျောင်းမှာအမှတ်တွေမကောင်းလို့ ကျောင်းထုတ်ခံရနီးပါးဖြစ်နေတာကကောဘယ်လိုဖြစ်သွားမလဲ… ပြင်ပ Activity တွေလုပ်တာနဲ့ ပြဇာတ်ရေးတာတွေကကောရပ်သွားမှာလား… စတာတွေကို Background Music ကောင်းကောင်းရယ် သူမတူတဲ့ရိုက်ချက်​တွေနဲ့ ရှုမြင်ခံစားရမှာပါ။ ဇာတ်ညွှန်းကို Wes Andersonနဲ့ Owen Wilson တို့ပေါင်းရေးထားတာဖြစ်လို့ သာမန်ဟာသကားတစ်ကားလိုမရိုးရှင်းဘဲ ရယ်ရမောရရင်း အနှစ်သာရတစ်ခုကိုသေချာပေါက်ရရှိခံစားရမှာလို့ပြောရင်း Rushmore ကိုကြည့်ဖြစ်အောင်ကြည့်​ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုDineshမှ ပြန်ဆို ရေးသားထားပါတယ်)

Rich in Love 2 (2023) ⭐IMDB: 4.8/10 (128 Votes) 🎬 #Comedy #Music #Romance 🗓️ 2023 🎞️ Movie 📺 #1080p #720p 💿 1.9 GB ⦿ 751.3 MB 🌎 #Brazil ⏰ 1 နာရီ 31 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Rich in Love 2 (2023) ခရမ်းချဥ်သီးမင်းသားလေးနဲ့ ဆရာဝန်မလေးစုံတွဲဆိုပြီး နာမည်ကြီးခဲ့တဲ့ ပေါ်တူဂီအချစ်ဇာတ်လမ်းလေးရဲ့အဆက် Rich in Love 2 ကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီဒုတိယပိုင်းကတော့ အမေဇုန်သစ်တောနောက်ခံနဲ့ တက်တိုနဲ့ပေါ်လာတို့ရဲ့ Relationship မှာကြုံတွေ့လာရမယ့် Struggle တွေ၊ တက်တိုရဲ့ Grow Up ​ဖြစ်လာပုံတွေအကြောင်းပေါ့။ အမေဇုန်တောမှာလုပ်အားပေးဖို့ ပေါ်လာထွက်သွားပြီးနောက်ပိုင်း တက်တိုရဲ့အဖေက တက်တိုခွဲထွက်ထားတဲ့ကုမ္ပဏီကိုဖျက်သိမ်းပြီး မူလဖရန်စကိုကုမ္ပဏီကိုပဲ လက်လွှဲယူလိုက်ဖို့ ဖိအားပေးလာတယ်။ လူတိုင်းနီးပါးခရမ်းချဥ်သီးစိုက်နေကြတဲ့တောင်ပိုင်းမှာ ရပ်တည်ဖို့ခက်ခဲလာတဲ့ သူ့ရဲ့ကိုယ်ပိုင်ကုမ္ပဏီကို ကယ်တင်နိုင်ပြီး ပေါ်လာနဲ့လည်းအတူနေနိုင်ဖို့ ဘရာဇီးမြောက်ပိုင်းအမေဇုန်တောထဲမှာ ခရမ်းချဥ်သီးစိုက်ပျိုးရေးလုပ်ဖို့ထွက်လာခဲ့ပါတယ်။ ပေါ်လာက သူ့ Career မှာတိုးတက်ချင်တဲ့သူဖြစ်ပြီး တက်တိုက သူ့နောက်ကိုအမြဲလိုက်နေတာ သူ့လုပ်ဖော်ကိုင်ဖက်နဲ့သဝန်တိုတာတွေက သူ့အတွက်စိတ်ရှုပ်စရာဖြစ်လာတယ်။ ပေါ်တိုတစ်ယောက်အသဲကွဲရင်းနဲ့ တိုင်းရင်းသားတွေရဲ့ယုံကြည်မှုကိုရဖို့ကြိုးစားရင်း အီဗရက်တိုဆိုတဲ့ ခရိုနီအဘိုးကြီးနဲ့တိုက်ခိုက်ဖို့ဖြစ်လာတယ်။ ဒီကားမှာတော့ အမေဇုန်ရှုခင်းတွေ၊ တိုင်းရင်းသားတွေရဲ့ Lifestyle တွေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစသည်ဖြင့် အကြောင်းအရာလေးတွေပိုစုံလာပါတယ်။ Movie Date မှာကြည့်ဖို့ Romance ဇာတ်လမ်းလေးတွေရှာနေတဲ့သူတွေအတွက် Recommend ပေးချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုHnin Ei Paiမှ ပြန်ဆို ရေးသားထားပါတယ်)

Praise This (2023) ⭐IMDB: 5.9/10 (780 Votes) 🎬 #Uncategorized #Comedy #Music #Musical #Romance 🗓️ 2023 🎞️ Movie 📺 #1080p #720p 💿 2.2 GB ⦿ 1.1 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Praise This IMDb 5.7 ဒီဇာတ်ကားကတော့ ခရစ်ယာန်ဓမ္မတေးအဖွဲ့တွေအကြားက ပြိုင်ပွဲအကြောင်း ရိုက်ပြထားတာပါ… ဆမ်ဆိုတဲ့ ကောင်မလေးဟာ မိခင်ဆုံးသွားကတည်းက ဖအေဖြစ်သူနဲ့နေရင်း LAမြို့မှာ ငဆိုးငပေလေးအဖြစ် ကြီးပြင်းလာခဲ့သူပါ… ဆမ်တစ်ယောက် ရုံးရောက်ဂတ်ရောက်ဖြစ်တာတဲ့အခါ LAမှာ ဆက်ထားဖို့ မသင့်တော့တာမို့ ဦးလေးလင်မယားရှိရာ အတ္တလန္တာကို ပို့လိုက်ပါတော့တယ်… ဘာသာတရားကိုင်းရှိုင်းတဲ့ ဦးလေးတို့လင်မယားမှာ ဆမ်ရဲ့ ညီမဝမ်းကွဲတော်စပ်သူ ဂျက်စ်ဆိုတဲ့ သမီးလေးတစ်ယောက် ရှိနေပါတယ်… လူဆိုးနဲ့ လူကောင်း အတူယှဉ်တွဲနေထိုင်တဲ့အခါ တံငါနားနီး တံငါဆိုသလို ဆမ်လည်း ပြောင်းလဲလာပါတော့တယ်… ဒီဇာတ်လမ်းဟာ ဆမ်ဆိုတာထက် ဓမ္မတေးအဖွဲ့တွေအကြောင်း ချာ့ချ်တွေအကြောင်း တစ်ကျောင်း တစ်ဖွဲ့ချင်းစီရဲ့ ပုံစံလက္ခဏာ စည်းမျည်းစည်းကမ်းတွေနဲ့ အဆိုအကတွေကြောင့် ခပ်မြူးမြူးလေး ကြည့်ရှုရမယ့် ဇာတ်ကားတစ်ပုဒ်ပဲဖြစ်ပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ )

2 Guns (2013) ⭐IMDB: 6.7/10 (219 k Votes) 🎬 #Action #Thriller #Comedy #Crime 🗓️ 2013 🎞️ Movie 📺 #1080p #720p 💿 2.1 GB ⦿ 809.7 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 2 Guns (2013) ~ IMDb – 6.7/10, Rotten Tomatoes – 64% ~ 2013 က ထွက်ထားတဲ့ Denzel Washington နဲ့ Mark Wahlberg တို့ရဲ့ အက်ရှင် ဇာတ်ကားလေးပါ။ ဒီမင်းသားနှစ်ယောက်ကို မြင်တာနဲ့ သိပ်ညွှန်းစရာတောင်မလိုလောက်တော့ပါဘူး။ အသွင်ယူပြီး ထောက်လှမ်းနေတဲ့ ရေတပ်က စတစ်ဂ်မန်းရယ်၊ အသွင်ယူပြီးထောက်လှမ်းရေးလုပ်နေတဲ့ မူးယစ်အရာရှိ ဘော်ဘီရယ် နှစ်ယောက်ပေါင်းပြီး ဘဏ်ဓားပြတိုက်တာကနေ ဇာတ်လမ်းစပါတယ်။ နှစ်ယောက်လုံးကလည်း အချင်းချင်း မကောင်းတဲ့ကောင်ပဲထင်နေတာပေါ့။ သူတို့တွယ်ချင်နေတဲ့ ဆေးမှောင်ခိုဂိုဏ်းခေါင်းဆောင် ငွေတွေထားတယ်လို့ ဘဏ်ကို ဝင်တိုက်ကြပါလေရော။ သူတို့ ဓားပြတိုက်တဲ့ ဘဏ်မှာက ဂိုဏ်းခေါင်းဆောင်ရဲ့ငွေတွေတင်မကဘဲ ငွေပမာဏက ဆယ်ဆလောက် ပိုများနေတယ်။ အဲဒီငွေတွေက CIA ရဲ့ တရားမဝင်ရန်ပုံငွေတွေဖြစ်နေပါတယ်။ နောက်တော့ စတစ်ဂ်မန်းက တပ်ပြေးလို့ ထောင်ခြောက်ဆင်ခံရပြီး ဘော်ဘီက အထက်အရာရှိကို သတ်မှုနဲ့ အကွက်ဆင်ခံရပါတယ်။ စတစ်ဂ်မန်းနဲ့ ဘော်ဘီတို့နှစ်ယောက် CIA, ရေတပ်က စတစ်ဂ်မန်းရဲ့ အရာရှိနဲ့ ဆေးမှောင်ခို ဂိုဏ်းသုံးခုကြားမှာ ဒေါ်လာ ၄၃ သန်းနဲ့ တိုင်ပတ်သွားတဲ့ ဇာတ်လမ်းလေးပါ။ ရယ်လည်း ရယ်ရပြီး ကြည့်လည်းကြည့်ပျော်တဲ့အပြင်ကို မင်းသမီးဖြစ်တဲ့ Paula Patton ကလည်း ရှယ်လန်းတဲ့ အက်ရှင်ကားလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)

Padre Pio (2022) ⭐IMDB: 5.0/10 (526 Votes) 🎬 #Biography #Drama 🗓️ 2022 🎞️ Movie 📺 #1080p #720p #480p 💿 2.0 GB ⦿ 626.1 MB ⦿ 360.9 MB 🌎 #Germany #Italy #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Padre Pio (2022)============= အီတလီဘုန်းတော်ကြီး Padre Pio အကြောင်းနဲ့ အဲဒီခေတ်အခါက အီတလီရဲ့နိုင်ငံရေးအခြေအနေတွေကို ရောစပ်ပြီးပုံဖော်ထားတဲ့ဇာတ်ကားလေးပါ။ Padre Pio အဖြစ် Transformersမင်းသား Shia LaBeouf က သရုပ်ဆောင်ထားပါတယ်။ ပထမကမ္ဘာစစ်ပြီးကာလ အီတလီရဲ့ပထမဆုံးလွတ်လပ်သောရွေးကောက်ပွဲရဲ့အရှုပ်တော်ပုံတွေနဲ့ မြေရှင်လူတန်းစားတွေကသူဆင်းရဲလုပ်သားတွေအပေါ်ဖိနှိပ်ချုပ်ချယ်တာတွေကို နိုင်ငံရေးရှုထောင့်အနေနဲ့ရိုက်ပြထားပြီး တဖက်မှာလည်း ခရစ်ယာန်ဘာသာဝင်တို့ရဲ့အကြီးအမြတ်ထားရာပုဂ္ဂိုလ်ဖြစ်လာအောင်Padre Pio ရဲ့စိတ်ပိုင်းဖြတ်မှုနဲ့လုပ်ဆောင်ပုံတွေကို ဘာသာရေးရှုထောင့်အနေနဲ့ ရိုက်ပြထားပါတယ်။ ဘာသာရေးနဲ့နိုင်ငံရေးရောထွေးနေတဲ့ အီတလီနိုင်ငံက ကျေးရွာလေးတစ်ခုရဲ့အရှုပ်တော်ပုံကို ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ZWT ဖြစ်ပါတယ်)

Abduction (2011) ⭐IMDB: 5.1/10 (82 k Votes) 🎬 #Action #Mystery #Thriller 🗓️ 2011 🎞️ Movie 📺 #1080p #720p 💿 2.0 GB ⦿ 875.1 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 နေသန်ဆိုတဲ့အထက်တန်းကျောင်းသားကောင်လေးတစ်ယောက်. ပျော်ပျော်နေတတ်တယ်. သူငယ်ချင်းတွေနဲ့ကဲလိုက်.မိဘတွေ ဆူတာခံလိုက်နဲ့ ဘဝကိုအေးဆေးဖြတ်သန်းနေတဲ့သူတစ်ယောက်ပါပဲ။ ကျောင်းကအိမ်စာလုပ်ခိုင်းတဲ့ပရောဂျက်အတွက် ဝက်ဆိုက်တွေ လိုက်ရှားရင်း ပျောက်ဆုံးသူများဝက်ဆိုက်ဘ်မှာ သူနဲ့တူတဲ့ကောင်လေး တစ်ယောက်ပုံကိုတွေ့ရာကနေ သူ့ဘဝကရုတ်တရက်ဆိုသလိုပဲ ကမောက်ကမတွေဖြစ်ကုန်ပြီး သူ့နောက်ကိုလိုက်နေတဲ့ လူသတ် သမားတွေလက်ကနေ ထွက်ပြေးပုန်းရှောင်ရတဲ့အထိကိုဖြစ်လာ ရပါတော့တယ်. မင်းသားနေရာမှာတော့ Twilight ကားထဲက ခပ်မိုက်မိုက်နဲ့ အထာကျတဲ့Taylor Lautner သရုပ်ဆောင်ထားပြီး မင်းသမီး ကတော့ အားလုံးရဲ့အသည်းကျော် Emily in Paris ထဲကမမ lily Collins ပဲဖြစ်ပါတယ်. သူတို့နှစ်ယောက်ကဒီဇာတ်ကားထဲမှာ တော်တော်လေးလိုက်တာနော်.Action , Mystery နဲ့ Thrillerအမျိုးအစားဖြစ်ပြီး ကြာချိန် ၁နာရီနဲ့ ၄၆မိနစ်ရှိပါတယ်

The Incredible Melting Man (1977) ⭐IMDB: 4.2/10 (5 k Votes) 🎬 #Horror #ScienceFiction #SciFi 🗓️ 1977 🎞️ Movie 📺 #1080p #720p #480p 💿 2.0 GB ⦿ 933.1 MB ⦿ 465.9 MB 🌎 #UnitedStates ⏰ 1 နာရီ 26 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 1977 ကထဲကထွက်ရှိထားတဲ့ horror & sci-fi ရုပ်ရှင်ဖြစ်ပြီး IMDb ကတော့ 4.2/10 ပါ 20ရာစုအတွင်းမှာ လူတွေဟာအာကာသထဲကိုစတင်ခြေဆန့်ခဲ့ကြပြီးအဲ့နှစ်‌တွေမှာထုတ်လုပ်ခဲ့ကြတဲ့အာကာသနဲ့ပတ်သက်တဲ့ဇာတ်လမ်းတွေအများကြီးထဲကတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းမှာတော့ စနေဂြိုလ်ကိုအာကာသယာဥ်တစ်စင်းလွှတ်တင်လိုက်ရာကနေမထင်မှတ်ထားတဲ့ဖြစ်ရပ်ဆန်းတစ်ခုကြောင့်အာကာသယာဉ်မှူးတစ်ယောက်ဟာအရည်ပျော်နေတဲ့လူအဖြစ်ကိုပြောင်းသွားခဲ့ပြီးသူဘာတွေဆက်လုပ်မလဲ၊ဘာတွေဖြစ်သွားမလဲဆိုတာကိုစောင့်ကြည့်ရမှာပါ သွေးသံရဲရဲနဲ့ရွံစရာဇာတ်ဝင်ခန်းတွေလည်းပါတာကြောင့်သည်းခြေမခိုင်တဲ့သူတွေမကြည့်သင့်ပါဘူး