ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Manifest (2018-2023)
⭐IMDB: 7.1/10 (76 k Votes)
🎬 #Drama #Mystery #SciFi #Fantasy #Thriller
🗓️ 2018-2023 🎞️ Series 📺 720p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 43 မိနစ် 18 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Manifest Season 1 + 2 + 3 +4 (2018-2022)CM ပရိသတ်တွေ တောင်းတဲ့စီးရီးကောင်းတွေကို တစ်ခုပြီးတစ်ခုတော့ ကြိုးစားပြီး တင်ဆက်ပေးနေဆဲပါပဲ။
အခုလည်း Manifest ကို တင်ဆက်ပေးလိုက်ပါပြီ။လေယာဉ်ကြီး တစ်စီးဟာ ခရီးသည် ၁၉၁ ယောက်ကို တင်ဆောင်ပြီး လေဆိပ်ကနေ စတင်ထွက်ခွာခဲ့တယ်။လေယာဉ်ပေါ်မှာ လူမျိုးစုံ ဘဝမျိုးစုံ ပါတာပေါ့။ ဒါပေမဲ့ သူတို့ လေယာဉ်ဆိုက်တဲ့အချိန်မှာပုံမှန်လေယာဉ်ကွင်းကို မဆင်းခိုင်းဘဲ လူမရှိတဲ့လေယာဉ်ကွင်းတစ်ခုမှာ ဆင်းဖို့ ညွှန်ကြားလာတယ်။လေယာဉ်ကွင်းထဲမှာ စောင့်ကြိုနေတာက အမျိုးတွေ မိတ်ဆွေတွေ မဟုတ်ဘဲကားတွေအများကြီးနဲ့ ရဲတွေ အာဏာပိုင်တွေဖြစ်နေပါလေရော။အဲဒီမှာ သူတို့ သိလိုက်ရတာက သူတို့လေယာဉ်တစ်စီးလုံး ပျောက်ဆုံးသွားခဲ့တာ ၅ နှစ်တောင် ရှိပြီမို့သူတို့အားလုံးကို သေစာရင်း သွင်းထားလိုက်ပါပြီတဲ့။ ဒီသတင်းက ကမ္ဘာတစ်ခုလုံးကို ရိုက်ခတ်သွားပြီးအာဏာပိုင်တွေက သူတို့ကို အထူးစောင့်ကြည့်ကြတယ်၊ ဘယ်သတင်းဌာနတွေနဲ့မှ မတွေ့ဖို့ သတိပေးကြတယ်။ဂြိုလ်သားတွေလား၊ အချိန်အာကာသ ဖောက်ပြန်တာလား၊ ဘုရားသခင်ရဲ့ အလိုတော်လား စသည်ဖြင့်သီဝရီမျိုးစုံထုတ်ကြတယ် အဖြေရှာကြတယ်ပေါ့။ လေယာဉ်ပေါ်က ဆင်းလာတဲ့လူတွေအတွက်တော့ခဏလေးလိုပေမဲ့ သူတို့တွေ အိမ်ပြန်လာတဲ့အချိန်မှာ လူတိုင်းရဲ့ ဘဝတွေက ၅ နှစ်စာ ပြောင်းလဲနေပြီလေ။ပြောင်းလဲနေရုံတင်မကဘဲ ခရီးသည်တွေကြားထဲမှာ ထူးဆန်းတဲ့ ဆက်နွယ်မှုတွေဖြစ်လာတယ်။ခေါင်းထဲမှာ ထူးဆန်းတဲ့အသံတွေ အမြင်တွေ ကြားလာကြတယ်။အဲဒီအသံတွေ အမြင်တွေက အနာဂတ်ကို ကြိုမြင်နိုင်တဲ့အစွမ်းတွေနဲ့ပါ ဆက်စပ်လာတဲ့အခါပဟေဠိတွေ အများကြီးဖြစ်လာပါတော့တယ်။ ဇာတ်လမ်းကောင်းကောင်း ထူးထူးဆန်ဆန်းနဲ့ရင်ခုန်စိတ်လှုပ်ရှားစရာ ဇာတ်လမ်းတွဲတစ်ခုပါပဲ။ ကြည့်လိုက်ရအောင်။
Kin (2021- )
⭐IMDB: 7.6/10 (6 k Votes)
🎬 #Crime #Drama
🗓️ 2021- 🎞️ Series 📺 1080p
🌎 #Ireland #Canada #UnitedKingdom #Sweden
⏰ 50 မိနစ် 35 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Kin (2021)ကင်ဆယ်လာမိသားစုဟာ ဒဗ္ဗလင်အခြေစိုက်ဂန်းစတားမိသားစုတစ်ခုဖြစ်ပြီး နာမည်ကြီးတဲ့အထဲမှာပါပါတယ်။ ကွေလန်မိုးဆိုတဲ့ သူတို့ပြိုင်ဘက်တစ်ယောက်နဲ့ ပြိုင်ဆိုင်မှုတွေပြင်းထန်လာခဲ့ရာကနေ မိသားစုထဲက သွေးဆူလွယ်တဲ့ မိုက်ရူးရဲတစ်ယောက်ဖြစ်တဲ့ အဲရစ်ရဲ့လက်ချက်နဲ့သူတို့တစ်မိသားစုလုံး တစ်မြို့လုံးက ဂန်းစတားတွေရဲ့ပစ်မှတ်အောက်ရောက်တဲ့အထိပြဿနာတွေကြီးထွားလာပါတော့တယ်။ရှေ့တိုးမရနောက်ဆုတ်မရအခြေအနေ၊ မိသားစုတွင်းက သွေးကွဲမှုပြဿနာတွေ ပြိုင်ဆိုင်မှုတွေကြားကနေ ဘယ်လိုရုန်းထွက်ကြမလဲ? အင်အားကြီးတစ်ဖက်ရန်သူကိုဘယ်လိုရင်ဆိုင်အနိုင်ယူကြမလဲ အစရှိတာတွေကို ဒီဇာတ်လမ်းတွဲမှာတွေ့မြင်ရပါလိမ့်မယ်။
Crime/Drama ပရိသတ်တွေသေချာပေါက်အကြိုက်တွေ့မှာဖြစ်ပြီး episode 1 ကနေအဆုံးအထိ မထတမ်းကြည့်ချင်အောင်ဆွဲဆောင်နိုင်မယ့်ဇာတ်လမ်းတွဲလည်းဖြစ်ပါတယ်။ ဖရန့်ကင်ဆယ်လာအဖြစ် GOT ထဲက Littlefinger တစ်ဖြစ်လဲ Aidan Gillenခေါင်းဆောင်ပါဝင်ထားတာပါ။File size…(848 MB)/(406 Mb)
Deadwood (2004-2006)
⭐IMDB: 8.6/10 (112 k Votes)
🎬 #Crime #Drama #History #Western
🗓️ 2004-2006 🎞️ Series 📺 1080p
🌎 #UnitedStates
⏰ 52 မိနစ် 37 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Deadwood Season 1+2 (2004)
HBO ရဲ့နာမည်ကြီး western drama series တစ်ခုလာပါပြီ။ လူကြိုက်များပြီး ဝက်ဝက်ကွဲပေါက်ခဲ့တဲ့ ဂျွန်ဝှစ်ခ်ရုပ်ရှင်မှာ ကွန်တီနင်တယ်ဟိုတယ်ကိုဦးစီးနေတဲ့ အဘိုးကြီး ဝင်စတန်နေရာမှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ပို့မင်းသားကြီး အိုင်ရန်မက်ခ်ရှိန်းနဲ့ Hitman ( 2007) ဇာတ်ကားနဲ့နာမည်ကြီးတဲ့ မင်းသား တင်မိုသီအိုလီဖန်းတို့က leading role မှာ ပါဝင်သရုပ်ဆောင်ထားပြီး ၁၈၇၆ ခုနှစ် အမေရိကန်ပြည်ထောင်စုတပ်တွေနဲ့ ဆောဇ်လူမျိုးတွေဦးဆောင်တဲ့အင်ဒီးယန်းလူရိုင်းတွေဖြစ်ခဲ့တဲ့ လစ်တဲလ်ဘစ်ဟွန်းတိုက်ပွဲအပြီး ကာလလောက်ကိုအခြေခံထားပါတယ်။ အမေရိကန်ပြည်ထောင်စု၊ တောင်ဒါကိုတာပြည်နယ်က ဒတ်ဝုဒ်ဆိုတဲ့ ရွှေသမားတွေစုဝေးရာမြို့ကလေးမှာ ဖြစ်ခဲ့တဲ့အကြောင်းတွေကို ဇာတ်အိမ်တည်ရိုက်ကူးထားပြီး ဇာတ်လမ်းထဲက ဇာတ်ကောင်တွေဖြစ်တဲ့ ဥပဒေအရာရှိဟောင်း ဆက်သ်ဘူးလော့ခ်နဲ့ တည်းခိုခန်းပိုင်ရှင် အယ်လ်ဆွာရန်ဂျန်တို့ဟာ အမှန်တကယ်ရှိခဲ့တဲ့ပုဂ္ဂိုလ်တွေဖြစ်ပြီး ဇာတ်လမ်းထဲမှ တချို့အကြောင်းအရာတွေဟာလည်း အမှန်တကယ်ဖြစ်ပျက်ခဲ့တာတွေပါပါတယ်။ သမိုင်းဝင်ပုဂ္ဂိုလ်တွေဖြစ်တဲ့ ဘေလ်ဟစ်ကော့ခ်၊ အီးဘီဖာနန်၊ ဆောလ်စတားဆိုသူတွေကိုလည်း ဇာတ်လမ်းထဲမှာ ခေါင်းဆောင်ပိုင်းနေရာမှာ တွေ့ကြရမှာဖြစ်ပါတယ်။ ဒတ်ဝုဒ်ဟာ ကျေးလက်မြို့ကလေးတစ်မြို့ဖြစ်ပြီး ရွှေထွက်တယ်လို့စနာမည်ကြီးခဲ့တဲ့ ၁၈၇၆ လောက်မှာ မြို့ဟာရွှေသမားတွေ၊ ဆက်စပ်လုပ်ငန်းတွေနဲ့ အထူးစည်ကားခဲ့ပြီး လူဦးရေဟာ ၂၅၀၀၀ လောက်ရှိခဲ့ပေမယ့် ၂၀၂၀ ခုနှစ်မှာတော့ ၁၀၀၀ ကျော်ပဲနေထိုင်သူရှိပါတော့တယ်။ ဇာတ်လမ်းမှာတော့ ဒတ်ဝုဒ်မြို့ဝန်းကျင်ကို ရွှေရှာဖို့၊ ကြီးပွားရာကြီးပွားကြောင်းရှာဖို့လာကြသူတွေ၊ အဲ့လူတွေအပေါ် ရိုက်စားလုပ်မယ့် စီးပွားရေးသမား၊ အရောင်းအဝယ်သမား၊ စားသောက်ဆိုင်ပိုင်ရှင်၊ တည်းခိုခန်းဆောင်ကြာမြိုင်ပိုင်ရှင်တွေ၊ ရာဇဝတ်သားတွေ၊ အင်ဒီးယန်းလူရိုင်းတွေ၊ သေနတ်သမားလူစွမ်းကောင်းတွေအကြောင်းကို western drama ရသအပြည့်ရအောင် ထည့်သွင်းတင်ဆက်ထားပြီး အဆိုပါကာလမှာရှိခဲ့တဲ့ အမေရိကန်ပြည်သူတွေရဲ့ နေ့စဥ်လူမှုဘဝတစ်စိတ်တစ်ပိုင်းကိုလည်း ဝင်ရောက်ခံစားကြရမှာပါ။ ဒတ်ဝုဒ်မြို့လယ်မှာ ပြိုင်ဘက်ကင်း ကြီးစိုးနေတဲ့ The Gem Saloon ဆိုင်ရဲ့ ကလိမ်ကကျစ်ကျစီးပွားရှာတတ်တဲ့ဆိုင်ရှင် အယ်လ်ဆွာရန်ဂျန် ( အိုင်ရန်မက်ခ်ရှိန်း ) နဲ့ ဥပဒေအရာရှိအလုပ်ကထွက်ပြီး ဒတ်ဝုဒ်မှာ လက်သုံးကိရိယာဆိုင်လာဖွင့်တဲ့ ဆက်သ်ဘူးလော့ခ် ( တင်မိုသီအိုလီဖန်း ) တို့ရဲ့အကြောင်းနဲ့ဆက်စပ်ပြီး တင်ပြသွားပါတယ်။ ရွှေရှာသူတွေ၊ လှည်းတန်းကြီးတွေနဲ့ ရေကြည်မြက်နုရာ ရွှေ့ပြောင်းနေထိုင်သူတွေ၊ ဖျတ်စားလတ်စားစီးပွားရေးသမားတွေ၊ ခိုးဆိုးလုနှိုက်လူသတ်တဲ့ ရာဇဝတ်ကောင်တွေနဲ့ ဥပဒေကြီးကြပ်ရေးအရာရှိတွေ၊ ဒေသခံအင်ဒီးယန်းလူနီရိုင်းတွေ၊ ဆောင်ကြာမြိုင်နဲ့ မိန်းမပျက်တွေ၊ အရက်ဘားတွေနဲ့ ဖဲဝိုင်းတွေ၊ ပြသနာတတ်ရင် သေနတ်နဲ့ဖြေရှင်းကြတဲ့ ကောင်းဘွိုင်တွေနဲ့ သေနတ်သမားလူစွမ်းကောင်းတွေအကြောင်းကိုတစ်ဝကြီးရှုစားရမှာဖြစ်ပါတယ်။ HBO ကလွှင့်တဲ့ ဒီစီးရီးဟာ season ၃ ခုနဲ့ဖြစ်ပြီး တစ်ခုစီမှာ episode ၁၂ ခုပါတာဖြစ်တဲ့အတွက်ကြောင့် western drama တစ်ခုရဲ့ ရသကိုပြည့်ပြည့်ဝဝ ခံစားကြည့်ရှုကြရမှာပါ။ တခြား အမေရိကန်အနောက်ပိုင်းဇာတ်လမ်းတွေလို သေနတ်ပစ်ခန်းတွေ၊ အက်ရှင်ခန်းတွေချည်းထိုင်ကြည့်နေရတာမျိုးမဟုတ်ပေမယ့် ရွှေလောကသားတွေနဲ့ ဥပဒေစိုးမိုးမှုကင်းမဲ့တဲ့နေရာမှာ လုပ်စားနေကြတဲ့ ခေါင်းပုံဖြတ်ရိုက်စား စီးပွားရေးသမားတွေအကြောင်း ကွက်ကွက်ကွင်းကွင်းတင်ပြထားတာဖြစ်လို့ အထွေထွေဗဟုသုတရော၊ ရုပ်ရှင်ရသပါ ရရှိခံစားနိုင်မှာဖြစ်ပါတယ်။
International reviews တွေမှာ မှတ်ချက်ကောင်းကောင်းရထားတဲ့ ဒီစီးရီးဟာ IMDb rating လည်း 8.6 ရထားပြီး Rotten tomatoes 92 % ဖြစ်လို့ အမေရိကန်အနောက်ပိုင်းရုပ်ရှင်တွေကိုကြိုက်တတ်တဲ့ western drama ပရိသတ်တွေအတွက်တော့ လက်လွှတ်မခံသင့်တဲ့စီးရီးပါ။ ၂၀၀၄ ခုနှစ် ရွှေကမ္ဘာလုံးရုပ်ရှင်ဆုပေးပွဲမှာလည်း အကောင်းဆုံးဇာတ်လမ်းတွဲဇာတ်ဆောင်ဆု ဆွတ်ခူးထားတဲ့ဇာတ်ကား ဖြစ်ပါတယ်။file size…686Mb / 1.32Gb
White House Plumbers (2023-2023)
⭐IMDB: 6.8/10 (5 k Votes)
🎬 #Drama #Biography #History
🗓️ 2023-2023 🎞️ Series 📺 1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 54 မိနစ် 36 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
White House Plumbers (2023)
၁၉၇၄ ခုနှစ်မှာ အမေရိကန်သမ္မတ ရစ်ချက်နစ်ဆင် နှုတ်ထွက်ပေးလိုက်ရတဲ့အထိ ဖြစ်စေခဲ့တဲ့ ဖြစ်ရပ်မှန်ဝါးတားဂိတ်အရှုပ်တော်ပုံကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ သမ္မတ ရစ်ချက်နစ်ဆင်ဟာ ၁၉၆၉ ခုနှစ် ကနေ ၁၉၇၂ ခုနှစ်ထိ သမ္မတရာထူးတစ်ဆက် တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက် နောက်ထပ်တစ်ကြိမ် ပြန်အရွေးခံရဖို့အတွက် ကြိုးပမ်းရင်း ဒီဝါးတားဂိတ်အရှုပ်တော်ပုံဆိုတာ ပေါ်လာခဲ့ရခြင်းပဲဖြစ်ပါတယ်။ နစ်ဆင်အနိုင်ရဖို့ သမ္မတပြန်လည်ရွေးကောက်ရေးကော်မတီပါဖွဲ့ခဲ့ပြီး ပြိုင်ဘက်အမတ်လောင်းရဲ့ ဒီမိုကရက်တစ်ပါတီ နေရှင်နယ်ဌာနချုပ်ဖြစ်တဲ့ ဝါးတားဂိတ်အဆောက်အအုံကို ဖောက်ထွင်းဝင်ပြီး အသံဖမ်းစက်တွေတပ်ဖို့ကြိုးစားခဲ့ကြပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ နစ်ဆင်ထောက်ခံသူ မျိုးချစ်နှစ်ယောက်ဖြစ်တဲ့ အက်ဖ်ဘီအိုင်အေးဂျင့်ဟောင်းဂေါ်ဒန်လစ်ဒီနဲ့ စီအိုင်အေအေးဂျင့်ဟောင်း ဟားဝပ်ဒ်ဟန့်တ်တို့က အဲဒီဖောက်ထွင်းမှုတွေကို ဦးဆောင်ခဲ့ပုံတွေအကြောင်း တင်ဆက်ထားပါတယ်။ နိုင်ငံရေးဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားပေမဲ့ စိတ်လှုပ်ရှားစရာအက်ရှင်ကားမျိုးအနေနဲ့ ကြည့်ရမှာမဟုတ်ဘဲ အေးဂျင့်၂ ယောက် ဝါးတားဂိတ်ရုံးခန်းထဲဝင်ရဖို့ အကြိမ်ကြိမ်ကျရှုံးပုံတွေကို ပြုံးချင်စရာကောင်းအောင်တင်ဆက်ထားတဲ့ သရော်ဇာတ်လမ်းမျိုး (Political Satire) ဖြစ်ပါတယ်။ HBO ကထုတ်ထားတာဖြစ်ပြီး Cast တွေကလည်း Now you see me and True detective duo ထဲက star, WOODY HARRELSON နဲ့ The Leftovers ထဲက JUSTIN THEROUX တို့က chaotic duo အဖြစ် အကောင်းဆုံးပုံဖော်သရုပ်ဆောင်ထားတာကြောင့် ကောင်းမကောင်းပြောနေဖို့တောင်လိုမယ်မထင်တော့ပါဘူး။ အားပေးကြည့်ရှုလိုက်ကြပါဦး။ File size…(830 MB)/(440 Mb)
Saas, Bahu Aur Flamingo (2023- )
⭐IMDB: 8.1/10 (8 k Votes)
🎬 #Action&Adventure #Drama #Action #Adventure
🗓️ 2023- 🎞️ Series 📺 1080p
🌎 #India
⏰ 51 မိနစ် 54 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Saas, Bahu Aur Flamingo (2023)Saas, Bahu Aur Flamingo (2023)
IMDb-8.1/10ပူပူနွေးနွေးထွက်ရှိထားပြီး မှတ်ချက်ကောင်း rating ကောင်းတွေ
အများအပြားရရှိထားတဲ့
ဇာတ်လမ်းတွဲလေး တင်ဆက်ပေးလိုက်ပါတယ်။
“ယောက္ခမ၊ ချွေးမများနှင့် ကြိုးကြာနီ” တဲ့။
ခပ်ကြမ်းကြမ်းမင်းသမီးကြီးနဲ့ ခပ်လန်းလန်းမင်းသမီးလေးတွေအများကြီး ပါဝင်ထားတဲ့
ခပ်မိုက်မိုက်ဇာတ်လမ်းတွဲတခုပါ။ဇာတ်လမ်းအကျဉ်း
ရာနီဘာဆိုတဲ့ အမျိုးသမီးကြီးက အမျိုးသမီးတွေနဲ့ချည်း မူးယစ်ဆေးထုတ်လုပ်တဲ့
ဂိုဏ်းတခုဖွဲ့စည်းထားတယ်။
သားနှစ်ယောက်ရှိပေမဲ့ သားတွေကိုကျ အဝေးမှာပို့ထားပြီး
ချွေးမတွေနဲ့သမီးကိုပဲ မူးယစ်ဆေးထုတ်လုပ်တဲ့နေရာမှာ
ခိုင်းစေခဲ့တယ်။သူတို့ဆီက ထုတ်တဲ့ မူးယစ်ဆေးကြောင့်ပဲ ဒုဝန်ကြီးရဲ့
သားဖြစ်သူအရေးပေါ်ရောက်သွားတဲ့နောက်မှာတော့
မူးယစ်နှိမ်နှင်းရေးကနေ မူးယစ်ဆေးထုတ်လုပ်နေတဲ့
ပင်မအရင်းအမြစ်ကို စုံစမ်းဖော်ထုတ်ဖို့
ရဲတယောက်ကို အထူးစေလွှတ်လိုက်တယ်။အရှင်ခရစ်သျှဏ မွေးနေ့ပွဲမတိုင်ခင်မှာပဲ…
စပိန်ဂိုဏ်းတခုဆီကို သတ်မှတ်ထားတဲ့ဆေးပမာဏပို့ပေးရမှာရယ်၊
နိုင်ငံခြားကနေ ပြန်လာမဲ့သားနှစ်ယောက်ရယ်၊
သူ့ရဲ့ အမွေခံတယောက် ရွေးချယ်ဖို့ကနေ မိသားစုသွေးကွဲကြတာတွေ၊
မူးယစ်နှိမ်နှင်းရေးက အရာရှိက စုံစမ်းစစ်ဆေးမှုလုပ်တာတွေ၊
အဲလိုအရာတွေကြားထဲမှာမှ ဘုရင်မလို့ ခေါ်ဝေါ်ကြတဲ့ ရာနီဘာတယောက်
ဘယ်လိုတွေကုလားဖန်ထိုး ဉာဏ်ကစားပြီး ရင်ဆိုင်သွားမလဲဆိုတာ
တပိုင်းပြီးတပိုင်း စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပါ။
18+ နှင့် ခုတ်ထစ်ဖြတ်အခန်းတချို့ပါဝင်တာကြောင့်
ကလေးငယ်များနှင့်အသည်းငယ်တတ်သူများ မကြည့်ရှူသင့်ပါ။
(အညွှန်းရေးသားသူကတော့ chiclon3 ဖြစ်ပြီးဘာသာပြန်သူတွေကတော့
chiclon3~Zwe Yan Naing~Thaik San~BpL~Yunni~Aditi~Saii တို့ပဲဖြစ်ပါတယ်)Quality : 1080p / 720pTotal Episodes :8EpsFormat : mp4Genres : Drama, Action & AdventureDuration : 40minsSubtitle : Myanmar Subtitle ( Hardsub )
Class of '09 (2023-2023)
⭐IMDB: 6.5/10 (2 k Votes)
🎬 #Crime #Drama #Mystery #Thriller
🗓️ 2023-2023 🎞️ Series 📺 1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 39 မိနစ် 33 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Class of ’09 (2023)ခုတစ်ခေါက် CM ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းတွဲလေးကတော့ “Class of ‘09” ဆိုတဲ့ Drama, Thriller ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ် ဇာတ်လမ်းကတော့ FBI အေးဂျင့်လေးဦးအကြောင်း အဓိကအသားပေးဖော်ပြထားပြီး ၂၀၀၉ တုန်းက အတိတ်မှာဖြစ်ခဲ့တာတွေရယ်ရယ် ပစ္စုပန်ဖြစ်တဲ့ ၂၀၂၃ ခုနှစ်ရယ် အနာဂတ်က ၂၀၃၄ ခုနှစ်ရယ်ဆိုပြီး အချိန်အပိုင်းအခြားသုံးခုကို တစ်လှည့်စီ ရိုက်ပြထားပါတယ်။ ၂၀၀၉ ခုနှစ်ဝန်းကျင်မှာ FBI အဖွဲ့အစည်းက အေးဂျင့်အသစ်တွေအနေနဲ့ တရားဥပဒေစိုးမိုးရေးလောကက မဟုတ်လည်း တခြားနယ်ပယ်အသီးသီးမှာကျင်လည်လာတဲ့လူတွေကို အေးဂျင့်အဖြစ် စတင်လျှောက်လွှာလက်ခံခဲ့ပါတယ်။
၂၀၀၉ ခုနှစ်အပိုင်းမှာတော့ နာ့စ်မလုပ်နေရာကထွက်လာပြီး FBI ကိုလာလျှောက်တဲ့ Poet ရယ် မိဘတွေက FBI လုပ်တာကို သဘောမတူပေမဲ့ ဘဏ်အကောင့်ထဲရှိသမျှပိုက်ဆံနဲ့ လေယာဥ်လက်မှတ်ဝယ်ပြီး အေးဂျင့်လေ့ကျင့်ရေးကျောင်းကို ရောက်လာတဲ့ Hour ရယ် လစာကောင်းတဲ့ အာမခံအေးဂျင့်အလုပ်ကို ထွက်ပြီးလာလျှောက်တဲ့ Tayo နဲ့ မိဘတွေက နိုင်ငံရေးလုပ်စေချင်တဲ့ Lennix တို့ အေးဂျင့်လေ့ကျင့်ရေးကျောင်းမှာ ဘာတွေ ဘယ်လိုသင်ယူခဲ့ရလဲဆိုတာ ရိုက်ပြထားပါတယ် ပစ္စုပန်ကာလ ၂၀၂၃ မှာတော့ Poet က FBI သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အသွင်ယူစုံစမ်းစစ်ဆေးရေးကို လုပ်ဆောင်အပြီး သူ့သူငယ်ချင်း Hour ရဲ့အချက်အလက်စုဆောင်းတဲ့ database အကြောင်း အထက်ကို လျှို့ဝှက်သတင်းပို့ပေးဖို့ တာဝန်ပေးခံရပါတယ်။ Lennix ကတော့ အဲအချိန်မှာ အမှုဆောင်ဒါရိုက်တာဖြစ်နေပါပြီ။Tayo ကတော့ နယ်မြို့လေးတစ်ခုမှာ တာဝန်ကျနေပြီး မွေးမြူရေးခြံတစ်ခုရဲ့ ပိုင်ရှင်ကို သွားစစ်ဆေးနေပါတယ်။ အဲဒီမှာ သူသိလိုက်ရတာကတော့ အဲဒီပိုင်ရှင်ဆိုသူက FBI အဖွဲ့အစည်းကြီးတစ်ခုလုံးကို အမြစ်ဖြုတ်ဖို့ကြံစည်နေတယ်ဆိုတာပါပဲ။ အနာဂတ်မှာတော့ Hour ရဲ့ database ကြောင့် အမေရိကန်နိုင်ငံက ကမ္ဘာပေါ်မှာ အလုံခြုံဆုံးနိုင်ငံတစ်နိုင်ငံဖြစ်နေပါပြီ။ ဒါပေမဲ့ အဲ database ကို ထိန်းသိမ်းနေသူကတော့ Hour မဟုတ်တော့ဘဲ Tayo ဖြစ်နေပါတယ်။ Poet ကတော့ Amos Garcia ဆိုသူရဲ့ အိမ်ကို သွားရောက်စစ်ဆေးဖို့ အကြောင်းရင်းလည်းမသိရ ဖြစ်နေတဲ့အမှုလည်းမရှိဘဲ database ရဲ့ AI က တာဝန်ပေးတာခံရပါတယ်။ စစ်ဆေးပြီးရက်အနည်းငယ်အကြာမှာ အဲဒီ Amos ဟာ Poet ရဲ့ အိမ်ထဲခိုးဝင်ရောက်ပြီး အဲဒီ AI က သူတို့ထင်နေသလိုမဟုတ်ကြောင်း သတိပေးခဲ့ပါတယ်။ သတိပေးနေစဥ်မှာဘဲ Tayo လွှတ်ထားတဲ့ အစောင့်ရဲတွေ ဝင်လာပြီး Amos ကို ပစ်သတ်လိုက်ပါတော့တယ်။ Amos ပြောသလို သူတို့ AI နဲ့ပတ်သတ်ပြီး မသိသေးတာရှိနေသလား… AI ကရော ဘာလို့ Hour ဆီကနေ Tayo ဆီရောက်နေရတာလဲ… သူတို့လေးဦးနဲ့ အမေရိကန်နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးစနစ်ကြီးတစ်ခုလုံး လုံးဝပြောင်းလဲသွားတာနဲ့ ဘယ်လိုများ သက်ဆိုင်နေမလဲ ဆိုတာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးရှင်File size…(910 MB)/(375 Mb)
Bupkis (2023- )
⭐IMDB: 7.4/10 (3 k Votes)
🎬 #Comedy
🗓️ 2023- 🎞️ Series 📺 1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 30 မိနစ် 55 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Bupkis (2023)Bupkis (2023)
===========
Genres – Comedy , Drama
IMDb Rating – 7.4/10Pete Davidson ဆိုတာ ဒီနေ့ခေတ် ရှားပါးလာတဲ့ လူငယ်
comedy actor. တွေက အအောင်မြင်ဆုံး Hollywood actor
တစ်ယောက်ပါ။ သူတွဲခဲ့တဲ့ သူတွေကလည်း Kim Kardashian,
Ariana Grande တို့လို စူပါမာ်ဒယ် တွေ။
ဒီဇာတ်လမ်းတွဲက သူ့ဘ၀နဲ့ ငယ်ဘ၀ဇာတ်ကြာင်းအနည်းငယ်ကို
ရိုက်ပြထားတာပါ ။ တစ်ခြားဇာတ်ကောင်တစ်ခုကိုမြင်ရမှာမဟုတ်
ဘဲ Pete Davidson ဆိုတဲ့ သူ့ဘ၀ကို သူကိုယ်တိုင်ရိုက်ကူးထား
တာပါ။ ရုပ်တည်ကြီးနဲ့ နောက်တဲ့ ဟာသတွေ , Hollywood က
ရိုက်ကွင်းအလွဲတွေနဲ့ နောက်ကွယ်ကဇာတ်လမ်းတွ အများကြီးပါပဲ။
ဧည့်သည်သရုပ်ဆောင်အဖြစ် Brad Pitt , Machine Gun Kelly ,
Avenger ထဲက Winter soldier သရုပ်ဆာင်စသည်ဖြင့် အများကြီး
ပါ၀င်ထားပါသေးတယ်။ Comedy ဇာတ်လမ်းတွဲမျှော်နေတဲ့ သူတွေ
အကြိုက်တွေ့စမယ့် ဇာတ်လမ်းတွဲပါပဲ ။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့
Thiha Yan Naing ဖြစ်ပါတယ်။)File Size………….(350 MB) / (800 MB)
Without Sin (2022-2022)
⭐IMDB: 6.8/10 (1 k Votes)
🎬 #Drama #Crime #Thriller
🗓️ 2022-2022 🎞️ Series 📺 1080p
🌎 #UnitedKingdom
⏰ 47 မိနစ် 18 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Without Sin (2022)
IMDB 6.9/10 ရရှိထားတဲ့ Crime/Drama/Thriller အမျိုးအစား British mini series လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ စုံထောက်ကားတွေ အရိုက်များတဲ့ UK မင်းသမီး Vicky Ann McClure (Line of Duty)နဲ့ မင်းသား Johnny Harris (Jawbone)တို့ အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။ ဇာတ်လမ်းအကျဉ်း သမီးဖြစ်သူ အသတ်ခံလိုက်ရတာကြောင့် ဘဝကိုရှေ့ဆက်နိုင်ဖို့ အခက်အခဲဖြစ်နေခဲ့တဲ့ မိခင်ဖြစ်သူစတယ်လာက သူ့သမီးကို သတ်လိုက်တဲ့ ထောင်ကျနေတဲ့ လူသတ်သမားဆီကနေ သူနဲ့လာတွေ့ပေးပါဆိုတဲ့ တောင်းဆိုချက်ကို လက်ခံရခဲ့ပါတယ်။ ကားသော့ခိုးရင်း လူသတ်တယ်ဆိုတာကိုသာ သိပြီး အခင်းနေရာမှာ သမီးရဲ့ဖုန်းရော၊ လူသတ်လက်နက်ရော ရှာမတွေ့ခဲ့တာမို့ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာ အမှန်အတိုင်း သိနိုင်ဖို့၊ လူသတ်သမားချားလ်စ်ဆီကို စတယ်လာက အားတင်းပြီး သွားတွေ့ခဲ့ပါတော့တယ်။ စတွေ့ကာစမှာတော့ ချားလ်စ်က စာနာနားလည်မှုတွေအကြောင်း ပြောခဲ့ပေမယ့် လူသတ်ရတဲ့အကြောင်းအရင်းကို မေးတဲ့အချိန်မှာတော့ ရုတ်တရက်ကြီး သူသတ်ခဲ့တာမဟုတ်ကြောင်း၊ သူက ချောက်ချခံခဲ့ရတာသာဖြစ်လို့ သူ့မှာအပြစ်မရှိဘူးဆိုတဲ့အကြောင်း အခိုင်အမာ ပြောဆိုလာခဲ့ပြီး စတယ်လာ့ကို ပျောက်ဆုံးနေတဲ့ကောင်မလေးတစ်ယောက်ကို ရှာကြည့်ဖို့ ပြောခဲ့ရာမှာတော့.. ချားလ်စ်က တကယ်ပဲ စတယ်လာ့သမီးလေးကို သတ်ခဲ့တဲ့လူသတ်ကောင် မဟုတ်ဘူးလား.. သူရှာခိုင်းတဲ့ ပျောက်ဆုံးနေတဲ့ကောင်မလေးကရော အသတ်ခံရတဲ့ စတယ့်လာသမီးနဲ့ ဘယ်လိုများ ပတ်သက်မှုရှိနေတာလဲ.. စတယ်လာက သူ့သမီးကိုသတ်မှုနဲ့ ထောင်ကျနေတဲ့ ချားလ်စ်ကို ယုံကြည်နိုင်ပါ့မလား.. ချားလ်စ်က ထောင်ထဲက တစ်နည်းနည်းနဲ့လွတ်အောင်များ သူ့ကို လှည့်စားနေခဲ့တာလား.. စတယ်လာတစ်ယောက် သူ့သမီးအသတ်ခံရတဲ့ အကြောင်းအရင်း အမှန်တရားကို တကယ်ရော ရှာဖွေနိုင်ပါ့မလား ဆိုတာကိုတော့.. ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ File size…(640 MB) /(280 Mb)
Run (2020)
⭐IMDB: 6.7/10 (87 k Votes)
🎬 #Thriller #Horror #Drama #Mystery
🗓️ 2020 🎞️ Movie
📺 #1080p #720p
💿 969.7 MB ⦿ 518.1 MB
🌎 #UnitedStates #Canada #UnitedStatesofAmerica
⏰ 1 နာရီ 30 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဆေးပညာရပ်မှာ Munchausen Syndrome by Proxy (သို့)
Munchausen By Proxy လို့ ခေါ်တဲ့ စိတ်ရောဂါ တစ်ခု ရှိပါတယ်။
အဲဒါကတော့ ကလေးအမေ သို့မဟုတ် သက်ကြီးရွယ်အိုတစ်ယောက်ကို
စောင့်ရှောက်နေရတဲ့ သူမျိုးမှာ ဖြစ်တတ်တဲ့ရောဂါပါ။
သူတို့စောင့်ရှောက်ရတဲ့ ကလေး သို့မဟုတ်လူကြီးကို
တကယ်မရှိတဲ့ ရောဂါလက္ခဏာတွေ ရှိတယ်လို့ ထင်အောင်လုပ်ပြီး
ဆေးရုံတွေတက်၊ ဆရာဝန်တွေ၊ သူနာပြုတွေ နဲ့ ပတ်ဝန်းကျင်ကလူတွေ
သနားတာ ဂရုစိုက်တာကို ခံချင်တဲ့ စိတ်ဝေဒနာမျိုးပါ။
ဒီလို ရောဂါရှင်တွေဟာ အများအားဖြင့် ဆေးပညာဗဟုသုတ ရှိတတ်ကြပြီး
လက္ခဏာတွေကို ယုံလောက်အောင် လိမ်ပြောတာတွေ၊ ဆေးစစ်ချက်တွေကို ပြောင်းတာတွေ၊
ပိုဆိုးလာရင် တကယ် ရောဂါလက္ခဏာတွေ ပေါ်လာအောင် နှိပ်စက်တာတွေပါ ရှိလာပါတယ်။
ဒီရုပ်ရှင်ကတော့ ဒီရောဂါကို အခြေခံပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် လှည့်ကွက်တွေရယ် ပိုပြီး ကြောက်စရာ ကောင်းတဲ့အချက်တွေရယ်
ပါဝင်တာမို့ အတော်လေး ကြည့်လို့ကောင်းပါတယ်။
ဇာတ်လမ်းကိုတော့ မပြောပြတော့ပါဘူး။
Rating 7 ရထားပါတယ်။ ကြည့်လိုက်ကြပါဦး။
[21+]My Smartphone Has Become A Sensitive Girl [SDDE-583]
⭐⁉️
🎬 ##Adult #Asian
🗓️ ⁉️ 🎞️ Movie
📺 #1080p #720p
💿 2.8 GB ⦿ 1.1 GB
🌎 #⁉️
⏰ 2 နာရီ 23 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ချစ်စရာအမူအရာလေးတွေနဲ့ မရိုးမအီအောင်ဇာတ်လမ်းအဆုံးထိ ဆွဲခေါ်သွားတဲ့ ဆင်ဆာမပါတဲ့ဖုန်းလေးတစ်လုံးရှောင်တိုအမျိုးစား ဖုန်းလေးတစ်လုံးပါ ချစ်စနိုးနဲ့ မက်မွန်လို့ နာမည်ပေးထားတယ်
ဆန်းဂျီတစ်ယောက် အခုတလော ထူးထူးဆန်းဆန်းတွေဖြစ်နေပါတယ်…သူလက်ရှိအသုံးပြုနေတဲ့ ဖုန်းလေးတစ်လုံးကရုတ်တရက်ဆို လူသားတွေနားမလည်နိုင်အောင်ပဲ လူတစ်ယောက်ဖြစ်သွားပါတယ်လူတယောက်ကလဲကြည့်လိုက်ပါဦး အင်မတန်ချောမောလှပပြီးချစ်စဖွယ်ဟန်ပန်လေးတွေနဲ့ အမိုက်စားခန္ဓာကိုယ်ပိုင်ဆိုင်ထားတဲ့မက်မွန် လေးဖြစ်နေပါတယ်….
ဖုန်းရဲ့ အားသွင်းရတဲ့ စနစ်ကလဲ အတော်ထူးခြားတယ်ဗျနောက်ဆုံးပေါ် နည်းပညာနဲ့အပေါက်လို့ပြောရမယ်ထင်တယ်ဗျဘယ်လို အားသွင်းရတာလဲဆိုတာ DS Fans တွေ အကဲခပ်ကြည့်ပါဦး
Hello Meera (2023)
⭐IMDB: 8.4/10 (2 k Votes)
🎬 #Bollywood #Drama #Thriller
🗓️ 2023 🎞️ Movie
📺 #1080p #720p
💿 1.2 GB ⦿ 522.7 MB
🌎 #India
⏰ 1 နာရီ 33 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Hello Meera (2023)IMDb 8.4/10
Survival Movie ကြိုက်သူတွေ သဘောကျကြမှာပါ။Survival Movie တွေထဲမှာ ကျွန်တော် သဘောကျမိတာ မနှစ်ကမှ ထွက်တဲ့ Fall(2022)မှာမိန်းကလေးနှစ်ယောက် တာဝါပေါ်မှာ ဒုက္ခတွေရောက်ကြတာလေ။နောက်ပြီး The Swallows(2016) ပင်လယ်ထဲမှာ ငါးမန်းတကောင်နဲ့ ဗျာများရတဲ့ စော်လေးလေ။ကျွန်တော်က FA မို့လားမသိ ရုပ်ရှင်တွေထဲ စော်ခပ်လန်းလန်းလေးတွေ ဒုက္ခရောက်တာ မြင်နေရရင်ရင်တမမနဲ့ ကြည့်ရတာ သဘောတွေကိုကျနေရော။နောက်ဆုံးမှာတော့ အဆင်ပြေစေချင်တဲ့စိတ်လေးလည်း ရှိပါတယ်လေ။အခုတင်ဆက်ပေးမဲ့ ဒီဇာတ်လမ်းလေးထဲမှာလည်း ကောင်မလေးတယောက် ဘယ်လိုတွေ ဒုက္ခရောက်မလဲကြုံလာတဲ့ ဒုက္ခကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ရင်တမမနဲ့ ကြည့်ရမှာပါ။
ဇာတ်လမ်းအကျဉ်းမီရာဆိုတဲ့ ကောင်မလေးက မင်္ဂလာဆောင်ဖို့ ရက်ပိုင်းပဲလိုတော့တယ်။သူ့မင်္ဂလာဆောင်အတွက် သတို့သမီးဝတ်စုံ သွားယူဖို့ တယောက်တည်း ကားတစီးနဲ့သွားတဲ့အချိန်မှာ သူ့ရဲ့ EX ပေါ့ (EX ဆိုတာ ကောင်းကျိုးပေးတတ်တဲ့ အမျိုးမဟုတ်ဘူးလေ)။
အဲဒီ EX က Suicide လုပ်ပါရော၊ ကိုယ့်ကိုကိုယ်သေကြောင်းကြံစည်တဲ့ လူသေမှုကိုလူသေစေမှုအဖြစ် မီရာ့အပေါ် ရဲဌာနက သံသယဝင်လာတဲ့ အခါမှာ၊သံသယဝင်ရအောင်လည်း EXကြီးကဖန်တီးခဲ့လေတော့ မီရာတယောက် အဲဒီအမှုကို ဖြေရှင်းနိုင်မှာလား မင်္ဂလာပွဲကို ဆက်ပြီးကျင်းပနိုင်မှာလားဆိုတာHello Meera ဆိုတဲ့ နာမည်နဲ့ လိုက်အောင် ဖုန်းတလုံးနဲ့ ဘယ်လိုတွေ ဖြေရှင်းပြီး သူ့ဘ၀အတွက်ရင်ဆိုင်ဖြေရှင်းရပုံကို မျက်တောင်မခတ်စတမ်း ကြည့်ရှုရမှာပါ။(အညွှန်းနှင့် ဘာသာပြန်သူတွေသူကတော့Zwe,chiclon3,BpL,Yunni,Thaik San တို့ပဲ ဖြစ်ပါတယ်)
Fatal Attraction (1987)
⭐IMDB: 6.9/10 (92 k Votes)
🎬 #Drama #Thriller
🗓️ 1987 🎞️ Movie
📺 #1080p #720p #480p
💿 2.6 GB ⦿ 1.2 GB ⦿ 621.6 MB
🌎 #UnitedStates
⏰ 2 နာရီ 16 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb – 6.9 , RT – 74%
( 18+ အခန်းတွေပါဝင်လို့ မိသားစုနှင့်အတူ ကြည့်ရှု့ရန် မသင့်ပါ ) Ant man ဘိုးတော်ကြီး Michael Douglasရဲ့ ငယ်ဘဝက ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းလေးပါ။ Michael Douglasနဲ့အတူ 101 Dalmatians, 102 Dalmatians, Cruella, What happened to Monday အစရှိတဲ့ ရုပ်ရှင်ကောင်းပေါင်းများစွာ ရိုက်ကူးခဲ့တဲ့ မင်းသမီးကြီး Glenn Closeတို့က တွဲဖက်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကို ပြောရရင် အခုလတ်တလော ခေတ်စားနေတဲ့ ” အိမ်ထောင် “ဆိုတဲ့ ဇာတ်လမ်းတွဲနဲ့ ဆင်ပါတယ်။ ဒါပေမယ့် ဒီကားက ပိုပြီးကြမ်းပါတယ်။ ဒန် ဂလက်ဂါကတော့ အိမ်ထောင်ရှိတဲ့ ရှေ့နေတစ်ယောက်ပါ။
တစ်နေ့မှာ ဒန်က အဲလစ် ဖောရက်စ်လို့ခေါ်တဲ့ ကောင်မလေးနဲ့ ပါတီမှာတွေ့ဆုံမိခဲ့ကြပါတယ်။ ပါတီကနေ အစပြုလိုက်တဲ့ဇာတ်လမ်းက နန်းကြီးသုပ်ကျွေးတဲ့အဆင့်အထိပါ ရောက်သွားပါတော့တယ်။ အဲလစ် တစ်ယောက် ဒန့်ရဲ့ နန်းကြီးသုပ်အရသာလေးကို ကြိုက်ပြီး စွဲလန်းမိလာပါတော့တယ်။ ဒန်တစ်ယောက် အဲလစ် စွဲလန်းလာတာကို ဘယ်လိုလုပ်မလဲ၊ ဘယ်လိုအနှောင့်ယှက်တွေဖြစ်လာတဲ့အထိ စွဲလန်းခံရမလဲဆိုတာ ဒီဇာတ်လမ်းထဲမှာ Thriller , Dramaဆန်ဆန် ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ကဲ တို့ယောင်္ကျားသားတို့ရေ နန်းကြီးသုပ်ကို လူမှား ပြီးကျွေးမိရင် ဘယ်လိုတွေဖြစ်လာမလဲဆိုတာ ကြည့်ရှု့လေ့လာသင်ယူဖို့ လောင်မြိုက်ရင်း သည်းထိတ်ရင်ဖိုဇာတ်လမ်းလေးကို ကြည့်ရှု့လိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့ Minn Khant Kyi Win ဖြစ်ပါတယ်။
Black Snake Moan (2006)
⭐IMDB: 6.9/10 (65 k Votes)
🎬 #Adult #Drama #Music
🗓️ 2006 🎞️ Movie
📺 #1080p #720p
💿 2.1 GB ⦿ 902.4 MB
🌎 #UnitedStates
⏰ 1 နာရီ 56 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Black Snake Moan (2006)
~ IMDb – 6.9/10, Rotten Tomatoes – 66% ~
ဒီကားကိုတော့ မူလဘူတဗုဒ္ဓဟူးမ တစ်ဖြစ်လဲ Christina Ricci နဲ့ မေမေ့အချစ်တော်ကြီး Samuel L. Jackson အပြင် Justin Timberlake တို့က သရုပ်ဆောင်ထားပါတယ်။ IMDb လည်း 6.9/10 အထိရထားတဲ့ ရုပ်ရှင်ပါ။
အဓိကဇာတ်ကောင်က ငယ်စဉ်ဘဝမှာ ပထွေးအနိုင်ကျင့်ခံရပြီး လိင်စိတ်စွဲလမ်းမှုကြီးနေတဲ့ ကောင်မလေးဆိုတော့ ဒီကားမှာ အဖော်အချွတ်ခန်း တော်တော်များတာမို့ မိသားစုနဲ့တော့ မကြည့်စေချင်ပါဘူး။ ဘာနေနေ အမေ့အချစ်တုံးကြီးရဲ့ ထူးခြားတဲ့ဇာတ်ရုပ်နဲ့တကွ ရက်စက်စွာသော ချစ်စွာသော လူတွေရဲ့ဘဝတွေကို ကြည့်ရင်း ဖီးလ်ရမယ့် ရုပ်ရှင်မို့ ဒရာမာပရိသတ်တွေ ကြိုက်ကြမယ့်ရုပ်ရှင်ပါပဲ။ မယားက ညီနဲ့ဖောက်ပြန်သွားလို့ အရှက်တကွဲအကျိုးနည်းစွာ အားလုံးကိုရှောင်နေတဲ့ လူ့ဂွစာကြီးဟာ တစ်မြို့လုံးက အပျက်မလို့ သမုတ်ခံထားရတဲ့မိန်းကလေးတစ်ယောက်ရဲ့ ဘဝကို ဘယ်လိုပြန်အသက်သွင်းပေးမလဲ ကြည့်ရမယ့် ဒရာမာကားကောင်းလေးပါ။
ဒီကားကိုရိုက်တဲ့ ဇာတ်ညွှန်းရေးခဲ့တဲ့ ဒါရိုက်တာကတော့ Katy Perry: Part of Me ရဲ့ ပရိုဂျူဆာ၊ The Legend of Tarzan ရဲ့ ဇာတ်ညွှန်းဆရာ၊ Coming 2 America ရဲ့ ဒါရိုက်တာဖြစ်တဲ့ Craig Brewer ပါ။ ဒီကားမှာ ဆမ်ကြီးက ဘလူးစ်ဂီတသမားအနေနဲ့ သရုပ်ဆောင်ထားပြီး ဒီကားအတွက် သူတီးခဲ့ဆိုခဲ့သမျှ သီချင်းတွေအားလုံးအတွက် နှစ်ဝက်လောက် တစ်နေ့ကို ခြောက်နာရီလောက် ဂီတာတီးကျင့်ထားရတာပါ။ မဆမ်မြူရယ်ကြီး ရေရေလည်လည်အစွမ်းပြထားတဲ့ကားလို့ပြောလည်းရပါတယ်။ မင်းသမီးကလည်း ဒီကားမှာ သူအခတ်ခံရတဲ့ ၁၈ပေါင်လေးတဲ့ သံကြိုးတွေကို အစစ်တွေနဲ့ သုံးပြီး ရိုက်ကူးထားတာပါ။ ဒီကားကို ကီဗင်စမစ်ကတော့ အဲဒီနှစ်ရဲ့အကောင်းဆုံးကားလို့လည်းပြောခဲ့သလို Ricci နဲ့ Jackson ကိုလည်း ချီးကျူးခဲ့ပါတယ်။ Pulp Fiction နောက်ပိုင်း Jackson ရဲ့ အကောင်းဆုံးပါဖောမန့်ဖြစ်သလို Ricci ရဲ့သက်တမ်းတစ်လျှောက်အကောင်းဆုံး ပါဖောမန့်လို့လည်းပြောခဲ့ပါတယ်။ သရုပ်ဆောင်တွေနဲ့တင် တန်နေတဲ့ရုပ်ရှင်ပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်)
Alexander (2004)
⭐IMDB: 5.6/10 (173 k Votes)
🎬 #Action #Adventure #Biography #Drama #History #War
🗓️ 2004 🎞️ Movie
📺 #720p #1080p
💿 2.1 GB ⦿ 3.7 GB
🌎 #UnitedStates #UnitedKingdom #Germany #Netherlands #France #Italy
⏰ 3 နာရီ 27 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Alexander (2004)
ဇာတ်ကားက လူသားသမိုင်းတစ်လျှောက် အလွှမ်းမိုးနိုင်ဆုံး ပုံရိပ်တစ်ခုဖြစ်တဲ့ Alexander the Great ရဲ့ ဒဏ္ဍာရီဆန်တဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပါ။ ရုပ်ရှင်ကို အရမ်းကြီးတဲ့ ရည်မှန်းချက်တွေနဲ့ ရိုက်ကူးပုံဖော်ခဲ့ပေမဲ့လို့ ပရိသတ်ကို မဆွဲဆောင်နိုင်ဘဲ မျှော်လင့်သလောက် ဖြစ်မလာတဲ့ ဇာတ်လမ်းတစ်ခုအဖြစ် အဆုံးသတ်ခဲ့ရပါတယ်။
Alexander the Great ဆိုတာက ခရစ်တော်မပေါ်မီ BC 356 ခုနှစ်ကနေ 323 အထိ နေထိုင်အသက်ရှင်သွားခဲ့တဲ့ မက်ဆာဒိုးနီးယားဘုရင် ဧကရာဇ်တစ်ပါးပေါ့။ BC ဆိုတာ AD သက္ကရာဇ်နဲ့ မတူပါဘူးနော်။ သူက 5000 ကစပြီး နောက်ပြန်ရေတွက်လာရတာပါ။ အလက်ဇန်းဒါး ဘာ့ကြောင့်ကြီးမြတ်ရသလဲလို့မေးရင် အဖြေတွေ အများကြီးရှိနိုင်ပါတယ်။ ဒီထဲကမှ ကျွန်တော်သဘောအကျဆုံးအချက်ကို ထုတ်ပြောပြပါ့မယ်။
သူက သမိုင်းမှာ အကြီးဆုံးအင်ပါယာကြီးကို ထူထောင်ခဲ့သူပါ။ နယ်မြေပေါင်း မြောက်များစွာကို သိမ်းပိုက်ပြီး မြေပြင်ကို တစ်လမချင်းဆီမှာ သွေးပေါင်းများစွာသွန်းလောင်းပြီး အင်ပါယာကို ထုဆစ်ခဲ့သူပါပဲ။ သူ့ရဲ့ စစ်ရေးလှုံ့ဆော်မှုတွေ၊ နည်းဗျူဟာကောင်းမွန်မှုတွေ၊ ယဉ်ကျေးမှုလွှမ်းနိုင်မှုတွေနဲ့ ကမ္ဘာကို ပုံဖော်ခဲ့သူတစ်ယောက်ပါ။
အလက်ဇန်းဒါးရဲ့ဖခင် ဖိလစ် က သိုးကျောင်းလူမျိုးစုတွေကို စုစည်းပြီး ဂရိလူမျိုးစုတွေကို အောင်နိုင်သိမ်းသွင်းခဲ့သူပါ။ အလက်ဇန်းဒါးအတွက် အစကောင်းတစ်ခုပါပဲ။ ဖိလစ် ရဲ့အိပ်မက်ကတော့ ဥရောပကနေ အာရှအထိခြေဆန့်လို့ ပါရှန်းအင်ပါယာကို အောင်နိုင်ချင်တာပါပဲ။ အလက်ဇန်းဒါးက သူ့ဖခင်အိပ်မက်ကို အကောင်အထည်ဖော်နိုင်ရုံမက ဘယ်သူမှလိုက်မမီနိုင်တော့တဲ့ ဂုဏ်ရည်ထွန်းပြောင်မှုကိုပါ တည်ဆောက်နိုင်သွားခဲ့ပါတယ်။
အလက်ဇန်းဒါးက မင်းသားတစ်ပါးအဖြစ်မွေးလာ၊ အချိန်တန်ဘုရင်ဖြစ်၊ တပ်ကိုဦးဆောင်၊ နယ်မြေတွေကို သိမ်းသွားခဲ့တာမဟုတ်ပါဘူး။ သူ့ဘဝက စကတည်းက ယဉ်သလိုကိုလို့ ပြောရမှာပဲ။ မိခင်က ဘာဘာရီယန် လို့ခေါ်တဲ့ လူရိုင်းမျိုးနွယ်ဝင်တစ်ယောက်ပါ။ ဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် မျိုးမစစ်သားတစ်ယောက်အနေနဲ့ အလက်ဇန်းဒါးဟာ ထီးနန်းရဲ့ ဆက်ခံသူမဟုတ်ပါဘူး။ ဖခင်က ဂရိသူကိုယူ၊ သားကလေးမွေးလိုက်တဲ့အချိန် အလက်ဇန်းဒါးဟာ ရှင်ဘုရင်ရဲ့ အစ်ကိုတော်အဖြစ် ဇာတ်သိမ်းရဖို့ပဲရှိပါတော့တယ်။
ဒုတိယသားတော် လသားအရွယ်မှာပဲ ဘုရင်ကြီး ဖိလစ် လုပ်ကြံခံလိုက်ရခြင်းက အလက်ဇန်းဒါးကို နေ့မကူးဘဲ ဘုရင်ဖြစ်သွားစေခဲ့ပါတယ်။ အဲဒီနောက် အလက်ဇန်းဒါးဟာ ပါရှန်းပြည်ကိုခြေဆန့်လို့ ပါရှန်းဘုရင် ဒရိုင်းရပ်စ် ကိုဖယ်ရှားပြီး ဘေဘီလုံကို သိမ်းပိုက်ခဲ့တယ်။
အလက်ဇန်းဒါးအတွက် အင်ပါယာကိုထူထောင်တဲ့လမ်းကြောင်းတလျောက်မှာ အရေးအပါဆုံးကတော့ အရည်အချင်းပြည့်ဝလှတဲ့ စစ်ဗိုလ်ချုပ်တွေရယ်၊ သူ့ကို အူလှိုက်သည်းလှိုက်ချစ်တဲ့ စစ်တပ်ကြီးရယ်တို့ပါပဲ။ ငယ်စဉ်ကတည်းက သူငယ်ချင်းတွေဖြစ်ကြတဲ့ ဟက်ဖိုက်စတီရန်၊ ပထောလမီ၊ ကတ်ဆန်းဒါ၊ နီရားကတ်စ်၊ ကရားတို့စ် တို့ရဲ့ ပြောင်မြောက်တဲ့စစ်ရေးစွမ်းရည်တွေက အလက်ဇန်းဒါးအတွက် ကျားကို တောင်ပံတပ်ပေးလိုက်သလိုပါပဲ။
အီဂျစ် နဲ့ ပါရှန်းကို အောင်နိုင်ပြီးနောက်မှာ အိန္ဒိယအထိ လက်တံမီခဲ့ပြီး သမိုင်းတလျောက် အကြွယ်ဝဆုံး အင်ပါယာကြီးဖြစ်ခဲ့တာပါ။ အလက်ဇန်းဒါးက မျိုးသမီးတွေကို သဘောမကျပါဘူး။ သူ့အမေရဲ့ လောဘနဲ့ ရက်စက်မှုတွေကို ငယ်ရွယ်စဉ်အသည်းနုနုနဲ့ မြင်ခဲ့ရတာတွေကြောင့်ပေါ့။ ဒီတော့ သူ့မှာ ကောင်လေးချစ်သူ နှစ်ဦးရှိပါတယ်။ ငယ်ပေါင်းသူငယ်ချင်း ဟက်ဖိုင်စတီရန် နဲ့ ပါရှန်းက သုံ့ပန်းကောင်ကလေး ဘာဂိုအက်စ် တို့ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ရော့ဇာနာ ဆိုနဲ့ ဘာဘာရီယန်နွယ်ဝင် အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ပြီး သားတစ်ယောက်ထွန်းကားခဲ့ပါတယ်။ နောက်ထပ် မိဖုရားနှစ်ယောက်လည်း တင်မြှောက်ခဲ့ပါသေးတယ်။
အလက်ဇန်းဒါးက ပါရှန်းယဉ်ကျေးမှုကို တော်တော်လေး အားကျလေးစားသူဖြစ်တာနဲ့အညီ သူတို့ရဲ့ မက်ဆာဒိုးနီးယန်းယဉ်ကျေးမှုနဲ့ ရောယှက်စေခဲ့ပါတယ်။ ပါရှန်းကရတဲ့ တော်ဝင်မျိုးနွယ်ဝင် စစ်သုံ့ပန်းတွေကို တော်ဝင်မိသားစုသဖွယ်ပဲ ဆက်ဆံခဲ့သူတစ်ယောက်ပါ။ သူဟာ မက်ဆာဒိုးနီးယားရဲ့ ချစ်ခင်မှုသာမက၊ ပါရှန်းနဲ့ အိန္ဒိယတို့ရဲ့အချစ်ကိုပါ အထိုက်အလျောက် ရခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ သူမသေခင်အထိ သူ့ရဲ့အင်ပါယာကြီးက ညီညွတ်စုစည်းနေခဲ့တာပေါ့။
ပါရှန်းကိုသိမ်းခဲ့တဲ့ ဂယ်ဂွယ်မယ်လာတိုက်ပွဲ၊ အိန္ဒိယဆင်တပ်နဲ့ ဆင်နွှဲခဲ့တဲ့ တောတွင်းတိုက်ပွဲတွေဟာ အလက်ဇန်းဒါး ဘာကောင်ဆိုတာကို မှတ်ကျောက်တင်ခဲ့တာတွေပေါ့။ အိန္ဒိယကအပြန် ဘေဘီလုံကိုပြန်ရောက်အပြီး မကြာခင်မှာပဲ အလက်ဇန်းဒါးသေဆုံးခဲ့ပါတယ်။ ဒီအကြောင်းတွေက ဇာတ်ကားထဲမှာ စုံစုံလင်လင် ပါမှာဖြစ်လို့ ဆက်မပြောတော့ပါဘူး။ ဇာတ်ကားအကြောင်းပဲ ဆက်ပြောကြတာပေါ့။
ကြီးမြတ
Inferno (2016)
⭐IMDB: 6.2/10 (182 k Votes)
🎬 #Action #Adventure #Crime #Mystery #Thriller #Drama
🗓️ 2016 🎞️ Movie
📺 #720p #1080p #2560p
💿 1.3 GB ⦿ 2.5 GB ⦿ 4.0 GB
🌎 #UnitedStates #Hungary #UnitedStatesofAmerica
⏰ 2 နာရီ 1 မိနစ် 55 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Dan Brown ရဲ့ စာအုပ် Inferno ကို ရုပ်ရှင်အဖြစ် ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာလဲ
ဇာတ်ကောင် Robert Langdon အဖြစ် တွမ်ဟန့်ကပဲဆက်လက်ပါဝင်ထားပြီး
သူ့ရှေ့ကထွက်ခဲ့တဲ့The Da Vinci Code (2006)နဲ့Angels & Demons (2009)တို့ရဲ့ Sequel အဖြစ်ထွက်ရှိခဲ့တာပါ။
ဇာတ်လမ်းအကျဉ်းကတော့…
ပါမောက္ခလန်ဂ်ဒန်ဟာ ဆေးရုံတစ်ခုမှာ မှတ်ဉာဏ်တွေပျောက်ဆုံးပြီးမှ ခေါင်းဒဏ်ရာကြီးနဲ့ နိုးလာခဲ့ပါတယ်…
မီးလောင်မြိုက်နေတဲ့ ကမ္ဘာကြီးရဲ့ မြင်ကွင်းကလွဲလို့ ဘာကိုမှသတိမရတော့ဘဲ အတိတ်နဲ့အဆက်အသွယ်ပြတ်သွားတာကြောင့်
သူဘာကြောင့်ဆေးရုံရောက်တယ် သူဘာတွေလုပ်ခဲ့တယ် မေ့နေခဲ့ပါပြီ..
ဒါကြောင့်သတိရဖို့ကြိုးစားနေတုန်းမှာပဲ သူ့ကိုသတ်မယ့်ဖြတ်မယ့်လူတွေအပြင်
အစိုးရအဖွဲ့တွေကပါ သူ့နောက်ကို အသည်းအသန်လိုက်နေတာကို သိလိုက်ရပါတယ်…..
သူ့လက်ထဲမှာလဲ ငရဲရဲ့မြေပုံနဲ့ ပဟေဠိတစ်ခု…သူဘာတွေရှုပ်ထားမိပြီလဲ……
ဒီလိုနဲ့လူသတ်သမားတွေရန်က ပြေးရင်းလွှားရင်း မှတ်ဉာဏ်တွေ တဖြည်းဖြည်းပြန်ပေါ်လာရင်း
သဲလွန်စတွေနောက်ကိုလိုက်ရင်း ကမ္ဘာကြီးရဲ့ သေရေးရှင်ရေးဟာ ဒီပဟေဠိအပေါ်မူတည်နေမှန်း သိလိုက်ရတဲ့အချိန်မှာတော့…..။
Angels & Demons (2009)
⭐IMDB: 6.7/10 (301 k Votes)
🎬 #Action #Mystery #Thriller
🗓️ 2009 🎞️ Movie
📺 #720p #1080p #2560p
💿 1.0 GB ⦿ 2.0 GB ⦿ 3.6 GB
🌎 #UnitedStates #Italy
⏰ 2 နာရီ 18 မိနစ် 57 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
တလောကလုံးကို ကိုင်လှုပ်ခဲ့တဲ့ Dan Brown ရဲ့ စာအုပ်တွဲအစကတော့ Angels & Demons ဆိုတဲ့ ဒီရုပ်ရှင်ကားရဲ့ စာအုပ်ပါပဲ။
ဇာတ်ကောင် Robert Langdon အဖြစ် တွမ်ဟန့်ကပဲဆက်လက်ပါဝင်ထားပြီး
သူ့ရှေ့ကထွက်ခဲ့တဲ့The Da Vinci Code (2006)ရဲ့ Sequel အဖြစ်ထွက်ရှိခဲ့တာပါ။
နာမည်ကျော်လျှို့ဝှက်ဂိုဏ်း Illuminati ဂိုဏ်းနဲ့ သန့်ရှင်းသောမြို့တော်(ဗာတီကန်စီးတီး) တို့ကိုအကြောင်းပြုလို့
သမိုင်းအချက်အလက်စုံစုံလင်လင်နဲ့ တင်ဆက်ထားတာမလို့ ဝတ္ထုကိုရိုက်ကူးထားတယ် မထင်ရဘဲ
သမိုင်းနဲ့ချီလာတဲ့ အဖြစ်အပျက်တစ်ခုလို သည်းထိတ်ရင်ဖို ခံစားရမှာပါ။
The Da Vinci Code (2006)
⭐IMDB: 6.6/10 (444 k Votes)
🎬 #Mystery #Thriller
🗓️ 2006 🎞️ Movie
📺 #720p #1080p
💿 1.2 GB ⦿ 2.9 GB
🌎 #UnitedStates #Malta #France #UnitedKingdom
⏰ 2 နာရီ 54 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီရုပ်ရှင်အကြောင်းပြောဖို့ရာဆိုရင် Dan Brown ကနေစရမှာဘဲ။ သူ့ရဲ့ စာအုပ်တွဲ ကြီးအကြောင်းပေါ့။အစဉ်လိုက်ပြောရမယ်ဆိုရင် Angels and Demons ကနေစပြီး Deception Point ထိတိုင်း ခြောက်အုပ်တိတိထွက်ရှိခဲ့တယ်။သူ့ရဲ့ ဒီစိတ်ကူးယဉ်ဝတ္ထုဟာ ကမ္ဘာကိုကိုင်လှုပ်နိုင်ခဲ့တဲ့အထိကိုအားပြင်းခဲ့တယ်။ သမိုင်းအစစ်အမှန်တွေကိုအခြေခံပြီးမှ စိတ်ကူးယဉ်ထားလို့ သာမန်လူတွေသာမက သမိုင်းပညာရှင်တွေကိုပါ တွေဝေစေခဲ့တဲ့အထိပါဘဲ။ဒါပေမယ့် Dan က သူ့ရဲ့ စာအုပ်တွေတိုင်းရဲ့မျက်နှာဖုံးမှာ A Novel ဆိုပြီး စာလုံးကြီးကြီးနဲ့ကြေငြာထားတယ်။ သူ့ရဲ့စိတ်ကူးယဉ် အတွေးစလေးတွေကနေဖြစ်လာတဲ့ အတွေးပေါင်းချုပ်ကြီးသက်သက်မျှသာပေါ့။ဒီစာအုပ်တွဲကြီးမှာမှ ၂၀၀၃ မှာထွက်ရှိခဲ့တဲ့ ဒုတိယမြောက်စာအုပ်ဖြစ်တဲ့The Davinci Code ဟာ စာဖတ်သူတို့သမိုင်းမှာ စံချိန်မျိုးစုံတင်နိုင်ခဲ့တယ်။ စာအုပ်အနေနဲ့သာမက ရုပ်ရှင်အဖြစ်ရိုက်တော့လည်း လူကြိုက်များတယ်။ မြန်မာဘာသာပြန်ကိုတောင် ၂၀၁၇ အစောပိုင်းမှာ ထွက်လာပါသေးတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့ရဲ့ အဓိကပြတိုက်ကြီးဖြစ်တဲ့ လူးဝ်ပြတိုက်မှာ ညကြီးသန်းခေါင် ပြတိုက်မှူးကြီး အသတ်ခံရသတဲ့။ ပြတိုက်မှူးကြီးဟာ သူမသေခင်မှာ သင်္ကေတကုဒ်တွေချန်ထားခဲ့တယ်။ ဒီလိုနဲ့ ပြင်သစ်ရဲတွေဟာ ပြတိုက်မှူးကြီးချန်ထားခဲ့တဲ့ စာတွေထဲက တစ်ခုတည်းသော နာမည်အနောက်ကို လိုက်ပါလေရော။ လန်ဂ်ဒန်တဲ့ …… ။ ဟားဗဒ်တက္ကသိုလ်ရဲ့ သင်္ကေတဗေဒပညာရှင်။ ကမ္ဘာပေါ်ကရှားမှရှားပညာရှင်မျိုး။ပြတိုက်မှူးကြီးက သူမသေခင်ညမှာ လန်ဂ်ဒန်နဲ့ ညစာစားဖို့ရာ စီစဉ်ထားခဲ့တယ်။ ဒီလိုနဲ့ လန်ဂ်ဒန်ကို ပြင်သစ်ရဲတွေက အကူအညီတောင်းဖို့ရာဆိုပြီး လူးဝ်ပြတိုက်ကိုခေါ်လာပါလေရော။ ပြတိုက်အဝင်ဝက ဧရာမ ဖန်သား ပိရမစ်ကြီးက ပြသာနာတွေတော့ အထဲမှာစောင့်ပါပြီလို့ လန်ဂ်ဒန်ကို တိတ်တဆိတ် သတိပေးနေသလိုပါဘဲ။ သူလည်း အထဲရောက်သွားရော အထဲမှာ ပြတိုက်မှူးကြီးရဲ့ ကိုယ်လုံးတီးအလောင်းက ပြတိုက်ကြမ်းပြင်ပေါ်မှာ ပြန့်ကားနေတယ်။ လက်နှစ်ဖက်ကိုဆန့်တန်းထားပြီး ဝမ်းဗိုက်ဖောင်းဖောင်းကြီးအပေါ်မှာလည်း ငါးထောင့်ကြယ်ပုံကြီးကို သွေးနဲ့ပုံဖော်ထားတယ်။ နတ်ကိုးကိုယ်သူတွေ မီးရေနေလကိုးကွယ်သူတွေရဲ့ ရှေးဦးသင်္ကေတပုံစံမျိုး။ တစ်ဖက်လက်ညိုးမှာ သွေးပေနေပုံကိုထောက်ပြီး သူ့ဝမ်းဗိုက်က သေနတ်ဒဏ်ရာက သွေးကိုယူပြီး ကြယ်ပုံကို သူကိုယ်တိုင်ဆွဲခဲ့ပုံပါဘဲ။ နောက်တစ်ဖက်လက်မှာတော့ Marker ချောင်းကို မြဲမြဲဆုပ်ထားတယ်။မကြာခင်မှာဘဲ လန်ဂ်ဒန်တစ်ယောက် စဉ်းစားမိရာ စဉ်းစားပြီး ကြမ်းပြင်ကို မီးထိုးကြည့်ရာမှာတော့ စာသားတွေပေါ်လာခဲ့တယ်။ပထမဆုံးပေါ်လာတာက ကိန်းစဉ်တန်းတစ်ခု …13-3-2-21-1-1-8-5 ..…နောက်တစ်ခုက စာသားတွေ …O,Draconian DevilOh, Lame Saint တဲ့ ……ပထမဆုံးပေါ်လာတဲ့ ကိန်းစဉ်က ခန့်မှန်းရတာ သိပ်လွယ်တဲ့အရာ။ ဖီဘိုနာချီကိန်းစဉ်တန်းတစ်ခု … ။လှပပြီးသေသပ်တဲ့ ကိန်းစဉ်တန်းတစ်ခု။သဘာဝကြီးရဲ့ ကိန်းစဉ်တန်းတစ်ခု။ကပ်လျက်ရှိတဲ့ ကိန်းတွေရဲ့ အချိုးဟာ 1.6 စွန်းစွန်းလေးရှိမယ့်ကိန်းစဉ်တန်းတစ်ခု။ရှေးဦးအီဂျစ်တွေ ပိရမစ်ကြီးတွေကို ဆောက်တဲ့အခါမှာ တစ်ထပ်နဲ့တစ်ထပ်အတွင်း အမြဲလိုက်နာတဲ့ အချိုးတစ်ခု။ Twitter တံဆိပ်ရဲ့ ပျမ်းမျှညီမျှခြင်းအချိုးတစ်ခု။ပျားအုံအတွင်းက ပျားထီးနဲ့ ပျားမတို့ရဲ့အချိုး။တခြားတခြားသော သဘာဝတရားတို့ရဲ့ သိပ်ကိုလှပတဲ့ အချိုး … Golden Ratio ပေါ့။စာသားတွေကိုကြည့်တော့ ဒါဟာ Anagram တစ်မျိုး။ လျှို့ဝှက်စာသားပေါ့။ တကယ်တမ်းကျ ဒီလောက်များတဲ့ စာတန်းရှည်ကို ကုဒ်ဖော်ဖို့ရာ Dan Brown နဲ့ ရုပ်ရှင်ထဲက လန်ဂ်ဒန်တို့လုပ်သွားသလောက် မလွယ်ဘူး။ တကယ်တမ်း စာရေးသူတို့ ကျောင်းစာသင်ခန်းထဲမှာ ကျောင်းသားတွေ ကွန်ပြူတာ ပရိုဂရမ်အကူအညီနဲ့လုပ်တာတောင် နာရီပိုင်းကြာတဲ့ CODE မျိုး။ ဖြစ်နိုင်ခြေပေါင်း ၃၆၀ ထရီလျံနည်းပါးရှိတဲ့ ကိန်းစဉ်တန်းကို စက္ကန့်ပိုင်းနဲ့ ပြောပြဖို့ရာဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တာမျိုး။ ဘယ်လိုဘဲပြောပြော လန်ဂ်ဒန်က Code ဖြည်နိုင်ခဲ့တယ်။Leonardo Da vinciThe Mona Lisa တဲ့။သာမန်လူသတ်မှုကနေ သမိုင်းတစ်လျှောက်ရဲ့ အဓိကအနုပညာကြီးဖြစ်တဲ့ Mona Lisa အထိပါပါလာခဲ့ပြီ။ ဇာတ်လမ်းထဲမှာ ဒီကတဆင့်Holy Grail ဆိုတာပါပါလာခဲ့တယ်။ Holy Grail ဆိုတာကတော့ ယေရှုခရစ်တော် နောက်ဆုံး စားပွဲကြီးမှာ သုံးခဲ့တဲ့ ကလပ်ခွက် (ခွက်)။ နောက်ပြီး ခရစ်တော်ကို ကြိုးစင်တင်ရာကနေကျလာတဲ့ သွေးတွေကို ခံခဲ့တဲ့ခွက်။ ဒီခွက်ကိုရဖို့ ဟိုးရှေးရာစုနှစ်တွေကတည်းက အထူးတပ်ဖွဲ့တွေ သူရဲကောင်းတပ်ဖွဲ့တွေက ကြိုးစားလာခဲ့တာမျိုး။ ခရစ္စယာန်သမိုင်းရဲ့ အဓိကအချက်အခြာရတနာလို့ သတ်မှတ်ခံထားရတာမျိုး။ ဂျေရုစလင်ကို ဥရောပကသိမ်းပြီးနောက် မြို့တော်ကို ကာကွယ်စောင့်လျှောက်ဖို့ရာဆိုပြီး သူရဲကောင်းအဖွဲ့ကြီးကိုဖ
The Last Deal (2023)
⭐IMDB: 5.5/10 (358 Votes)
🎬 #Crime #Thriller #Action
🗓️ 2023 🎞️ Movie
📺 #1080p #720p
💿 1.2 GB ⦿ 539.8 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 31 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Last Deal (2023)===============
ဗင့်စ်က ဆေးရောင်းတဲ့သူပါ။ စိုက်ပျိုးရေးသမားတွေဆီကဝယ်လိုက် ပစ္စည်းမှာတဲ့သူတွေဆီ သွားပို့လိုက်နဲ့ အလုပ်ဖြစ်နေတာပေါ့။ ဒါပေမဲ့ ကယ်လီဖိုးနီးယားမှာ ဆေးခြောက်ကတရားဝင်ဖြစ်သွားတဲ့အခါ ဗင့်စ်တို့လို အရောင်းအဝယ်သမားတွေ ပြဿနာတက်ပါတော့တယ်။ လုပ်ငန်းလိုင်စင်လည်းမရဘဲ အရာရှိတွေကို လာဘ်ထိုးပြီး ခိုးရောင်းနေရတော့ ဗင့်စ်က သူဒီလုပ်ငန်းကိုကြာကြာလုပ်နိုင်တော့မှာမဟုတ်မှန်းနားလည်သွားပါတယ်။
ဒါကြောင့် နောက်ဆုံးအနေနဲ့ သူ့ဘော်ဒါနဲ့အတူ ပိုက်ဆံချေးပြီးဆေးဝယ်လိုက်တဲ့အခါ အလိမ်ခံလိုက်ရပြီး ပစ္စည်းတွေပါပါသွားပါတယ်။ အဲဒီမှာပဲ သူ့အကြွေးရှင်က ဗင့်စ်နဲ့သူ့ဘော်ဒါကိုလိုက်ဖမ်းတဲ့အခါ ရဲတိုင်လို့လည်းမရတဲ့ ဗင့်စ်တို့ ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ကြည့်ရှုရမဲ့ crime thriller ကားလေးဖြစ်ပါတယ်။ အိပ်ရာပေါ်ကအခန်းနဲ့ ဝတ်လစ်စားလစ်အခန်းတချို့ပါဝင်တာကြောင့် မိသားစုနဲ့ကြည့်ရှုဖို့ မသင့်တော်ပါဘူး။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့EL ဖြစ်ပါတယ်)
Battle Los Angeles (2011)
⭐IMDB: 5.7/10 (183 k Votes)
🎬 #Action #Adventure #SciFi #ScienceFiction
🗓️ 2011 🎞️ Movie
📺 #1080p #720p
💿 2.8 GB ⦿ 1.1 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 56 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
စစ်ကားတွေထဲမှာမှ အမေရိကန်နဲ့ ဂြိုလ်သားတွေရဲ့စစ်ပွဲတွေဟာ
မဆန်းတော့ပါဘူး..
ဒါကြောင့် ဒီကားကလည်း Independence Day တို့လိုပဲ ကမ္ဘာမြေပေါ်ကို
ကျူူးကျော်နယ်ချဲ့ထွင်လာတဲ့ ဂြိုလ်သားတွေနဲ့
အမေရိကန်စစ်တပ်တို့ရဲ့အပြင်းအထန်တိုက်ခိုက်တာတွေကို
ဖော်ပြထားပါတယ်…
စစ်တစ်ခုဖြစ်လာတဲ့အခါအများဆုံးထိခိုက်ရတာကတော့
ပြည်သူတွေပဲဖြစ်ပါတယ်…နောက်ပြီးတော့ ဒီလူတွေကိုကာကွယ်ဖို့အတွက်
သစ္စာဆိုထားတဲ့ စစ်သားတွေရဲ့ရင်းနှီးမှု့တွေကလည်းမသေးပါဘူး…
ဒါပေမယ့် သူတို့ရင်ဆိုင်နေတဲ့အရာတွေက သာမာန်ထက်လွန်ကဲနေတဲ့
သတ္တဝါတွေဖြစ်နေတဲ့အတွက်ကြောင့် အမေရိကန်လို
စစ်အင်အားကြီးခေတ်မီလက်နက်တွေတပ်ဆင်သုံးစွဲနေတဲ့ နိုင်ငံတောင်
ဆုံးရှုံးမှု့တွေကြီးလှပါတယ်…
အမည်မသိ ဘာအမျိုးအစားမှန်းလည်းမသိတဲ့ သတ္တဝါတွေကြောင့်
ပြည်သူတွေကို ကယ်ဆယ်ထုတ်ဖို့သွားရန်အတွက်
အမိန့်ပေးခြင်းခံရတဲ့ တပ်စုတစ်စု ကယ်ဆယ်ဖို့သွားရင်းကနေ
သူတို့ပါ ရန်သူတွေရဲ့ သတ်ကွင်းမှာ ဓားစားခံတွေလိုပိတ်မိနေကြပါတယ်…
အချက်ပေါင်းများစု ပစ်သတ်လည်း မသေတဲ့ ဒီသတ္တဝါတွေကြောင့်
ဒီတပ်စုလေးတစ်စုဟာ ဒီအန္တရာယ်တွေကြားထဲကနေ ပြည်သူတွေကို
အသက်ရှင်လျက်နဲ့ဘယ်လိုကယ်ဆယ်ထုတ်မလဲဆိုတာ
စိတ်ဝင်စားစရာပါပဲ…
စတေးမှု့တွေမရှိပဲ စစ်ဆိုတာ ပြီးဆုံးသွားမှာမဟုတ်ပါဘူး…
ဒီကားလေးထဲမှာလည်း စစ်တကယ်တမ်းဖြစ်လာရင် ဘယ်လိုဆုံးရှုံးမှု့တွေ
ဖြစ်လာတယ်ဆိုတာကို ရိုက်ပြထားတာကြောင့်
စစ်ကားကြိုက်သူများလက်လွတ်မခံသင့်တဲ့ ကားကောင်းလေးတစ်ကားလို့ပြောပါရစေ…
Ayisha (2023)
⭐IMDB: 8.1/10 (2 k Votes)
🎬 #Bollywood #Comedy #Drama #Family
🗓️ 2023 🎞️ Movie
📺 #1080p #720p
💿 2.3 GB ⦿ 1.1 GB
🌎 #India
⏰ 2 နာရီ 32 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Ayisha (2023)*******************
IMDb-8.2/10Flimfare ဆုအပြင် တခြားဆုပေါင်းများစွာရထားတဲ့ အဆိုကောင်းအကကောင်း မင်းသမီးကြီးManju Warrier က ပထမဆုံးမလေယာလမ်ရုင်ရှင်မင်းသမီးကြီး Nilambur Ayisha ရဲ့ဘ၀ဇာတ်ကြောင်းကို ပြန်လည် အသုံးတော်ခံထားပါတယ်။
ဟိုးအရင်ခေတ်တွေတုန်းကတော့ အစေခံခေါ်ကြတယ်။လူသားချင်းစာနာတဲ့ခေတ်ဘာညာနဲ့ ဖြစ်လာတော့ အိမ်အကူ အိမ်အတွက်ကူဖော်လောင်ဖက်။ဒီဇာတ်လမ်းထဲမှာလည်း အိမ်အကူတွေရဲ့ ဖြတ်သန်းရပုံတွေပေါ့။
ဇာတ်လမ်းအကျဉ်းအာရီရှာဆိုတဲ့ အမျိုးသမီးက အာရပ်ပြည်ကို အိမ်အကူလုပ်ငန်းလုပ်ဖို့ သမီးလေးကိုခွဲပြီး ရောက်ရှိလာသူဖြစ်ပါတယ်။အိမ်အကူလုပ်တယ်ဆိုပေမဲ့ သတ္တိကတော့ မခေလှဘူး။ အလုပ်အေဂျင်စီကလူတွေနဲ့ ထိပ်တိုက်တွေ့တာလည်း ခဏခဏပါပဲ။ဒီလိုဇနဲ့ အာရီရှာ အလုပ်ရတဲ့နေရာက မာမားလို့ခေါ်ကြတဲ့ အမျိုးသမီးကြီး ဩဇာညောင်းတဲ့မော်ဆွမ်းနန်းတော်မှာပါ။လူတိုင်းသူ့စကားတစ်ခွန်းနဲ့ အကုန်ပြီးလောက်သည်ထိ အိမ်ကြီးရှင်မာမားနဲ့မဟုတ်မခံ အာရီရှာတို့ နှစ်ဦးကြားက ဆက်ဆံရေးအဖုအထစ်တွေမှာ သူတို့နှစ်ဦးအဆင်ပြေသွားကြမလား တဦးနဲ့တဦးရန်ပဲဆောင်နေကြရမလားဆိုတာအမျိုးသမီးနှစ်ယောက်ရဲ့ အားပြိုင်မှုကို ရှုစားကြရမှာဖြစ်ပါတယ်။(အညွှန်းရေးသားသူကတော့ BpL ဖြစ်ပြီး ဘာသာပြန်သူတွေကတော့ BpL ,chiclon3,Thaik San , Aditi, Zwe Yan Naing, Yunni တို့ပဲဖြစ်ပါတယ်)
