uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку 👈

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Dummy (2002) ⭐TMDB: 59.0% User Score 🎬 #Comedy #Drama #Romance 🗓 2002 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dummy (2002)==============IMDb Rating – 6.6/10 ဒီဇာတ်ကားလေးကတော့ The Pianist နဲ့ Oscar ရခဲ့တဲ့ Adrien Brodyတို့၊Resident Evil မင်းသမီးကြီး Vera Farmiga တို့အပြင် Resident Evilမင်းသမီး Milla Jovovich ပါ ပါဝင်သရုပ်ဆောင်ထားတဲ့ Romance-Comedyကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ 2000ခုနှစ်အငွေ့အသက်တွေအများကြီးပါပြီး အဲဒီခေတ်ကခေတ်စားတဲ့ pop-rockဇာတ်ဝင်တေးလေးတွေနဲ့Nostalgicဖြစ်ဖြစ်နဲ့ ခံစားကြည့်ရှုရမယ့် ကားဟောင်း၊ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ စတီဗင်က ငယ်ငယ်ကတည်းက ရုပ်သေးနဲ့အသံတုလုပ်ပြီးဖျော်ဖြေသူတစ်ယောက်ဖြစ်ချင်ခဲ့ပေမယ့် သာမန်အလုပ်လေးတစ်ခုမှာပဲ လုပ်နေခဲ့တဲ့ ခပ်အေးအေးကောင်လေးတစ်ယောက်ဖြစ်ပါတယ်။သူ့မှာသူငယ်ချင်းဆိုလို့ သူနဲ့ဘဝတူ မိဘအိမ်မှာပဲနေနေတဲ့ အဆိုတော်ရူးမလေးတစ်ယောက်ပဲရှိပါတယ်။ စတီဗင်တစ်ယောက် အလုပ်ထွက်ပြီး အိပ်မက်နောက်လိုက်ဖို့ကြိုးစားခဲ့တဲ့အချိန်မှာ သူကြုံရတဲ့အခက်အခဲတွေကြားထဲကနေ မိန်းကလေးတစ်ယောက်ကိုပါ သဘောကျမိသွားပြန်ပါသေးတယ်။ အလုပ်အကိုင်မယ်မယ်ရရမရှိ၊ မိဘအိမ်မှာနေနေတဲ့ သက်လတ်ပိုင်းလူတစ်ယောက်ရဲ့ဘဝအကြောင်းတွေ၊ မိသားစုပြဿနာတွေနဲ့ တခြားလေးနက်တဲ့အကြောင်းအရာတွေကို တင်ဆက်ထားလို့ Rom-Comဆိုပေမယ့် Dramaအရသာတွေလည်းခံစားရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Zayar Maw ဖြစ်ပါတယ်)
...

Khichdi 2: Mission Paanthukistan (2023) ⭐TMDB: 33.0% User Score 🎬 #Adventure #Bollywood #Comedy #Family 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 57 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Khichdi 2 (2024) အခုတစ်ခါတင်ဆက်ပေးမှာကတော့ စွန့်စားခန်းဟာသကားလေးပဲဖြစ်ပါတယ်။ဒီကားလေးဟာဆိုရင်တော့ တလွဲဟာသတွေတစ်ပုံကြီးနဲ့ပါးစပ်မပိတ်တမ်းရယ်ရမယ့်ကားလေးပဲဖြစ်ပါတယ်နော်။ မထုံတတ်တေးနဲ့ ခပ်တုံးတုံးခပ်အအ မိသားစုတစ်စုရှိတယ်။ ပရေခ်မိသားစုလို့ခေါ်တယ်။ဖြစ်ချင်တော့ အဲ့ဒီမိသားစုဝင်တစ်ဦးဟာ ပန်တူကစ္စတန်နိုင်ငံရဲ့ဘုရင်ကြီးနဲ့သွားတူနေတယ်။အဲ့ဒီနိုင်ငံကတော့ ကမ္ဘာ့ကြောက်စရာအကောင်းဆုံးနဲ့ နေလို့မသင့်တော်ဆုံးသော နိုင်ငံတစ်နိုင်ငံပေါ့။ပန်တူကစ္စတန်ဘုရင်ကြီးဟာ အိန္ဒိယနိုင်ငံရဲ့အတော်ဆုံးသိပ္ပံပညာရှင်ကြီးကိုသူ့အကြမ်းဖက်ရေးလုပ်ငန်းစဉ်တွေအတွက် ဖမ်းဆီးချုပ်နှောင်ထားတယ်။ ဒါကို ပရေခ်မိသားစုက ကယ်ထုတ်ပေးရတော့မှာပေါ့နော်…။ အူကြောင်ကြောင်မိသားစုနဲ့ ကြောက်စရာကောင်းတဲ့ ဘုရင်ကြီးနဲ့တွေ့ကြတဲ့အခါဖြစ်လာမယ့်အလွဲလေးတွေနဲ့ဟာဒယရွှင်ဆေးဘယ်လိုကြွေးမလဲဆိုတာကိုတော့ဆက်လက်ပြီးကြည့်လိုက်ကြတော့နော်။
...

Anwar: The Untold Story (2023) ⭐IMDB: 4.8/10 (479 Votes) 🎬 #Biography #Drama #History 🗓 2023 🎞 movie 🌎 #Indonesia #Malaysia ⏰ 1 နာရီ 35 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Anwar : The Untold Story [2023] နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် အကျင့်ပျက်ခြစားမှုဟူသည်ကား ရှိကြစမြဲပင်… ဒီဇာတ်လမ်းမှာတော့ ယခုအခါ မလေးရှား ဝန်ကြီးချုပ်ဖြစ်နေပြီဖြစ်တဲ့အန်ဝါ အီဘရာဟင်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုဇာတ်ကြောင်းကို ပြန်ပြောင်း ရိုက်ပြထားတာပဲ ဖြစ်ပါတယ်…နိုင်ငံရေးဆန္ဒပြပွဲတွေ… အုပ်ချုပ်သူတွေရဲ့ မလျော်ဩဇာသုံးပြီး ဖမ်းဆီးမှုတွေ…နိုင်ငံရေးသမားတွေအတွက် ထောင်ဆိုတာ အိမ်သဖွယ်ဖြစ်ခဲ့ရတာတွေ…စီးပွားရေးသမား ခရိုနီတွေ ကြီးစိုးထားတဲ့ မလေးနိုင်ငံရေးလောက… စတာတွေကိုအန်ဝါ တစ်ယောက် ဘယ်လို ပြုပြင်ပြောင်းလဲသွားမလဲ…လူထုအားကို ဘယ်လို အရယူသွားမလဲ…အမြစ်တွယ်နေပြီဖြစ်တဲ့ ယန္တရားကြီးက သူ့ကို ဘယ်လိုဖိနှိပ်သွားမလဲ….ဥပဒေဆိုတာ ဘယ်လို လက်တစ်လုံးခြားပြီး လုပ်လို့ ရသလဲ…ဓမ္မနဲ့ အဓမ္မမှာ အချိန်တွေ ကြာပါစေဦးတော့အချိန်တန်ရင် ဓမ္မတရားကသာလျှင် ပေါ်ထွန်းစမြဲပဲဆိုတာကို ရှုစားသွားရမှာပဲ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့Tun Aung Kyawပဲ ဖြစ်ပါတယ်။
...

Memory (2023) ⭐IMDB: 6.7/10 (2 k Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Mexico #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Memory (2023) ~IMDb – 6.7/10, RT – 84%, Meta – 72% ~ လူတွေရဲ့ မှတ်ဉာဏ်ဟာ ယုံစားလို့မရဘူး။ လူတွေက သူတို့မှတ်မိချင်တာကို မှတ်မိနေကြတတ်တယ်။ စာရေးဆရာတစ်ယောက်ရဲ့ သူ့ငယ်ဘဝအကြောင်း သူရေးတဲ့စာအုပ်ထဲမှာတောင် တကယ်တမ်းမဖြစ်ခဲ့တာတွေ ပါကောင်းပါနေနိုင်တဲ့အထိ မှတ်ဉာဏ်ဟာ ယုံစားလို့မရဘူး။ မှတ်ဉာဏ်ဟာ ကျွန်တော်တို့မှတ်မိချင်တာတွေကို မှတ်မိနေတတ်တယ်။ ဆစ်ဂမန်ဖရွိုက်ကတော့ မှတ်ဉာဏ်ဆိုတာ မသိစိတ်အစုအထုံးတစ်ခုလို့ ဆိုတယ်။ Memory ဟာ အဲဒီမှတ်ဉာဏ်တွေရဲ့အကြောင်းလို့ပြောရမယ်။ ဇာတ်ကောင်အားဖြင့် အဓိကတော့ ၂ ယောက်ပါတယ်။ တစ်ယောက်က စိတ်ကျရောဂါရှိနေတယ်။ တစ်ယောက်က အတိတ်မေ့မေ့သွား သတိလွတ်လွတ်သွားတတ်တဲ့ရောဂါရှိနေတယ်။ နောက်တစ်ယောက်တော့ပါသေးတယ်။ သူက အခန်းတော့သိပ်မများဘူး။ ဒါပေမဲ့ သူပါတဲ့အခန်းမှာ လူ့မှတ်ဉာဏ်က မှတ်မိချင်တာတွေကိုပဲ မှတ်မိနေတတ်တယ်ဆိုတာကို ရာနှုန်းပြည့်ပေါ်လွင်စေခဲ့တဲ့ ကားနာမည်အရတော့ သူ့ကိုလည်း အဓိကထဲထည့်ရမှာပဲ။ ဇာတ်လမ်းရဲ့ ဗဟိုချက်မဇာတ်ကောင်က အမျိုးသမီးတစ်ယောက်။ သူ့ဘဝကို သူခက်ခက်ခဲခဲရှင်သန်နေရတဲ့ အမျိုးသမီးတစ်ယောက်။ သူ့အသက်၈နှစ်ကတုန်းက သူ့အဖေရင်းကိုယ်တိုင် ဗလက္ကာရပြုကျင့်တာကို ခံခဲ့ရသလို သူ့အမေကို သွားတိုင်တော့လည်း မယုံခဲ့ဘူး။ သူ့ကို လုပ်ဇာတ်တွေလျှောက်ခင်းနေတယ်ပဲ သတ်မှတ်ခဲ့တယ်။ ဒီလိုနဲ့ကျောင်းတက်လို့ ကျောင်းမှာထပ် မုဒိန်းကျင့်ခံရလို့ သူ့အမေကို သွားတိုင်တော့လည်း သူ့အမေက သူ့ကို လုပ်ဇာတ်တွေခင်းနေတယ်ပဲသတ်မှတ်ပြီး သူ့ကိုပဲ ထပ်အပြစ်တင်ခဲ့တယ်။ ဒီလိုနဲ့ အမေကို အမုန်းကြီးမုန်းလာတဲ့ အဲဒီအမျိုးသမီးဟာ သူ့အမေဆီက အကူအညီမယူဘဲ သူ့ဘဝကို သူခက်ခက်ခဲခဲနဲ့ကျောင်းနေခဲ့တယ်။ သူ့မှာ သမီးလေးတစ်ယောက်ရှိပေမဲ့ အဲဒီသမီးလေးကို သူဘယ်လိုရခဲ့လဲတော့ မပြထားဘူး။ တစ်နေ့ကျ အဲဒီအမျိုးသမီး ကျောင်းတွေ့ဆုံပွဲကနေ အပြန်မှာ ယောက်ျားတစ်ယောက်က တစ်လမ်းလုံး သူ့နောက်လိုက်လာတယ်။ သူလည်း ထရော်မာရှိတဲ့သူဆိုတော့ လန့်သွားတာပေါ့။ သူ့ကို မုဒိန်းကျင့်ခဲ့တဲ့လူတွေထဲကတစ်ယောက်လား ဘာလားလို့ သူထင်လိုက်တယ်။ ဒါပေမဲ့ နောက်မှသိလိုက်ရတာက အဲဒီလူက အတိတ်မေ့ သတိလွတ်လွတ်သွားတတ်တဲ့ရောဂါသည်ဖြစ်နေတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်စလုံးရဲ့ မှတ်ဉာဏ်တွေကို ကျွန်တော်တို့ကို တစ်လွှာချင်းခွာချပြသွားတယ်။ ဒီရုပ်ရှင်ကိုကြည့်တဲ့ ပရိသတ်တွေထဲ တော်တော်ကြိုက်တဲ့လူနဲ့ တော်တော်မကြိုက်တဲ့လူဆိုပြီး ဆိုးဆိုးရွားရွားကို ကွဲပြားနေတယ်။ တစ်ချို့ကတော့ ဇာတ်လမ်းရဲ့ထိခတ်စေနိုင်စွမ်းကို ချီးကျူးကြတယ်။ တစ်ချို့ကတော့ ဇာတ်လမ်းဟာ မပြသွားတာတွေများတော့ မပြည့်စုံဘူးဆိုပြီး သမုတ်ကြသလို အတိတ်မေ့သတိလွတ်နေတဲ့လူနဲ့ ဖြစ်တဲ့အမျိုးသမီးကို အပြစ်တင်ကြတာလည်းရှိတယ်။ ပြောရရင် သတိမရှိတဲ့လူတစ်ယောက်ရဲ့ Consent က မစစ်ဘူးပေါ့။ ဟောလိဝုဒ်က Consent ကို ဂရုမစိုက်ဘူးဆိုတာအထိပြောကြတယ်။ ဘာပြောပြောပါ၊ ၂၀၂၁တုန်းက The Eyes of Tammy Faye နဲ့မင်းသမီးဆုရခဲ့တဲ့ Jessica Chastain နဲ့ Peter Sarsgaard တို့ကတော့ ပြောင်မြောက်အောင် သရုပ်ဆောင်နိုင်ခဲ့ကြတယ်။ သေချာတာတော့ ဒီမှတ်ဉာဏ်ဆိုတဲ့ရုပ်ရှင်ဟာ ဇာတ်လမ်းမပြည့်စုံတာလည်းမဟုတ်သလို ပြချင်တာပြထားတာလည်းမဟုတ်တဲ့ မှတ်ဉာဏ်တွေအကြောင်းပြထားတဲ့ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)
...

Ambajipeta Marriage Band (2024) ⭐IMDB: 6.8/10 (327 Votes) 🎬 #Bollywood #Drama #Romance 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 10 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ambajipeta Marriage Band (2024) “အမ်ဘာဂျီပါတာ ရွာကလေး” IMDb 6.8 ရထားတဲ့ တေလဂူးစကားပြော ကျေးလက်ဟာသဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးလိုက်ပါတယ်… ရယ်ရရုံသက်သက်မဟုတ်ပဲ လူ့အဖွဲ့အစည်းအကြောင်းကို ဗဟိုပြုပြီးဇာတ်လမ်းဆင်ထားတာမို့ ဇာတ်ကွက်ကိုပါ စိတ်ဝင်တစားကြည့်ရှုရမယ့်ဇာတ်ကားလေး ဖြစ်ပါတယ် ဇာတ်လမ်းကို ၂၀၀၀ ကာလက အမ်ဘာဂျီပါတာ ဆိုတဲ့ ရွာကလေးကို နောက်ခံထားပြီးအဓိက ဇာတ်ကောင်တွေကတော့ မာလီနဲ့ ပက်ဒါတို့ အမွှာမောင်နှမ ၂ ယောက်ပါသူတို့အဖေက ဆံပင်ညှပ်ဆရာတစ်ယောက်ဖြစ်ပြီး မာလီက မင်္ဂလာဆောင်တွေရဲ့တီးဝိုင်းမှာလိုက်တီးတဲ့ သူတစ်ယောက်ဖြစ်ပါတယ်… ပက်ဒါကတော့ ကျောင်းဆရာမတစ်ယောက်ဖြစ်ပြီး … သူတို့ရွာမှာ အားလုံးကြောက်ရတဲ့သူဌေးဖြစ်တဲ့ ဗန်ကတ် ဆိုသူလည်း ရှိပါတယ် သမီး အချိန်ပြည့်အလုပ်ရဖို့ ဖခင်က ဗန်ကတ်ကိုအပူကပ်ခဲ့ရာကနေ ဗန်ကတ်နဲ့ ပက်ဒါတို့ နှစ်ယောက်ကို တစ်ရွာလုံးက အတင်းအဖျင်းတွေ ပြောလာတဲ့အခါမှာ … အတားအဆီးတွေနဲ့ လူ့ဘဝဇာတ်ခုံ၊ ဇာတ်နိမ့်ဇာတ်မြင့် ကွာခြားပုံ၊ လူ့အသိုင်းအဝိုင်းရဲ့ ဝေဖန်ပြစ်တင်မှုတွေကိုရင်ဆိုင်ရပုံတွေအပြင်…. ဟာသဇာတ်လမ်းတစ်ခုကနေ မမျှော်လင့်တဲ့ အလှည့်အပြောင်းတွေနဲ့ တည်ဆောက်ထားတဲ့ ရုပ်ရှင်လေးကို ပရိသတ်ကြီး ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ V ~ BpL ~ Alex ~ ToMo ~ KKKZ ဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်
...

The River Murders (2011) ⭐IMDB: 5.2/10 (5 k Votes) 🎬 #Crime #Mystery #Thriller 🗓 2011 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူရယ်လို့ ဖြစ်လာရင် အချစ်နဲ့ မကင်းနိုင်ကြပါဘူး။ တစ်ချို့တွေက ဘယ်လိုပဲ ကြိုးစား ကြိုးစား ဂေါ်မစွံတဲ့လူတွေ ရှိသလို တချို့တွေကျပြန်တော့လည်း တော်ကီတစ်ပေါက် လျှမ်းလျှမ်းတောက် ကောင်မလေးတွေ ကြွေဆင်းရလောက်အောင် အပြောကောင်းကောင်းနဲ့ ရည်းစားမှိုလိုပေါက်အောင် ထားနိုင်တဲ့သူတွေလည်း ရှိပါတယ်။ ဒီဇာတ်ကားလေးမှာဆိုရင် ရည်းစား အယောက်ရေ တစ်ရာ ရောက်လုနီးပါးထိ မြာပွေခဲ့တဲ့ ရဲစုံထောက် ဂျက်ဗာဒွန်ကို တွေ့ရမှာပါ။ သူတကယ်ချစ်မိသွားခဲ့တဲ့ကောင်မလေးကို လက်ထပ်ထားပြီး ၈နှစ်အကြာ သူတို့မြို့မှာ မုဒိန်းကျင့် လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ သေဆုံးသူ အမျိုးသမီးက ဂျက်နဲ့ ယခင်က ဇာတ်လမ်းရှိခဲ့ဖူးသူ တစ်ယောက်ဖြစ်ပြီး အသတ်ခံလိုက်ရဲတဲ့ နေရာကလည်း သူတို့ နောက်ဆုံးချိန်းတွေ့ ခဲ့ဖူးတဲ့ နေရာမှာပါ။ ကံဆိုးချင်တော့ မိခင်ဖြစ်သူ အသတ်ခံရပြီး ဆက်တိုက်ဆိုသလို အခြား အမျိုးသမီးတစ်ဦးလည်း ထပ်မံ မုဒိန်းကျင့် အသတ်ခံရပြန်ပါတယ်။ တရားခံက ဂျက်နဲ့ ဘယ်လိုဆက်စပ်မှု ရှိနေလို့ ဂျက်နဲ့ ဇာတ်လမ်းရှိခဲ့ ဖူးသူ မှန်သမျှကို မုဒိန်းကျင့် လူသတ်မှုတွေ ကျူးလွန်နေတာလဲ။ ဂျက်ဗာဒွန် ကရော တရားခံကို ဖော်ထုတ်နိုင်ပါ့မလား။
...

Lovely, Dark, and Deep (2023) ⭐IMDB: 4.8/10 (526 Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #Portugal ⏰ 1 နာရီ 28 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Lovely, Dark, and Deep (2023) ~ Rotten Tomatoes – 88% ~ ဒီဟော်ရာကားကတော့ ခရမ်းချဉ်သီးရိတ်တင်တော်တော်လေးကောင်းနေတယ်။ ဒါပေမဲ့ ခရမ်းချဉ်သီးရိတ်တင်သီးသန့်ကောင်းနေတဲ့ ဟော်ရာကားတွေရဲ့ ထုံးစံအတိုင်း မရှင်းမလင်းလေးတွေနဲ့ပဲ လာတတ်သလို သိသိသာသာထင်ထင်ရှားရှား ခြောက်ခန်းလှန့်ခန်းလည်း အများကြီးမပါတတ်ဘူး။ တစိမ့်စိမ့်နဲ့ ရင်ဖိုရတဲ့ ရုပ်ရှင်မျိုးပဲ။ ဇာတ်ကတော့ Park Rangers ခေါ် အမျိုးသားဥယျာဉ်အကြီးကြီးတွေထဲက တောခေါင်းတွေနဲ့ အဲဒီဥယျာဉ်ကြီးထဲက လျှိ့ဝှက်သည်းဖိုတွေအကြောင်းပဲ။ ကမ့်ပ်လာချတဲ့လူတွေကြား ရေပန်းစားတဲ့ ဥယျာဉ်ကြီးတစ်ခုမှာ ဇာတ်အိမ်တည်ထားတယ်။ သဘာဝလွန်လို့ပြောရင်ပိုမှန်လောက်မယ်။ ရိန်းဂျားတွေက အဲဒီဥယျာဉ်ကြီးထဲ လူတွေပျောက်ပျောက်နေတာကို သိကြပေမဲ့ မသိကျိုးကျွန်ပြုထားကြတယ်။ ဘာလို့လဲဆိုတဲ့ လျှို့ဝှက်ချက်ကို အမျိုးသမီးရိန်းဂျားတစ်ယောက်က ဖော်ထုတ်ဖို့နီးစပ်လာခဲ့တယ်။ သူဖော်ထုတ်နိုင်ခဲ့လား မဖော်ထုတ်နိုင်ခဲ့ဘူးလား ဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရမယ့် ရုပ်ရှင်ပေါ့။ ဒီဟော်ရာကားက ၂၀၂၁ကထွက်ခဲ့တဲ့ In The Earth တို့လို အမျိုးအစားလို့ပြောရမယ်။ အဲဒီထက်တောင် ပိုသိမ်မွေ့တယ်။ သိသိသာသာကြီးခြောက်လှန့်ပြသွားတာတွေသိပ်မပါပေမဲ့ ခုနောက်ပိုင်းဟော်ရာကားကောင်းတွေရဲ့ ဟန်ကိုက ဒီလိုဖြစ်နေတာမျိုး ဆန်းတော့လည်းမဆန်းတော့ပါဘူး။ ကြိုက်တဲ့လူတွေကြိုက်ကြမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)
...

PTU (2003) ⭐TMDB: 69.0% User Score 🎬 #Crime #Drama #Thriller 🗓 2003 🎞 Series 🌎 #HongKong ⏰ 1 နာရီ 25 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 PTU (2003) ~ IMDb – 7/10, Rotten Tomatoes – 6% ~ Directed by“Johnnie To” ဟောင်ကောင်ရုပ်ရှင်ခေတ်တုန်းက ဟောင်ကောင်အက်ရှင် ဒါရိုက်တာတွေထဲ တော်တော်အထာကျတဲ့ ဒါရိုက်တာတွေပေါ်ခဲ့ဖူးတယ်။ John Woo လို Heroic Bloodshed Genreကို အနောက်အထိပါ ကူးစက်အောင် လုပ်နိုင်တဲ့ဒါရိုက်တာမျိုးအပြင် Once Upon a Time in China (1991) လို ဂျွန်ဝူးနဲ့တွဲပြီး A Better Tomorrow တို့လိုကားတွေကို ထုတ်နိုင်တဲ့ Tsui Hark တို့၊ Reservoir Dogs (1992) လို ကားမျိုးကို ရိုက်ဖို့ မှီးခဲ့ရတဲ့ City on Fire ကို ရိုက်ခဲ့တဲ့ Ringo Lam လိုမျိုး ဒါရိုက်တာတွေ၊ နောက် မာတင်စကောဆေးစိ BP အော်စကာရခဲ့တဲ့ The Departed ရဲ့ မူရင်းရုပ်ရှင် Infernal Affairs ကို ရိုက်ခဲ့တဲ့ Andrew Lau နဲ့ Alan Mak လိုလူတွေ၊ A Moment of Romance လို ကားကိုရိုက်ခဲ့တဲ့ Benny Chan တို့လိုလူတွေ ဟောင်ကောင်အက်ရှင်စီနီမာမှာ အများကြီးပေါ်ထွန်းဖူးတယ်။ သူတို့ခေတ်တော့ မဟုတ်တော့ပေမဲ့ အခုထိတောင် အက်ရှင်စီနီမာတွေမှာ သူတို့ဟန်တွေ အငွေ့တွေကို မြင်နေရတုန်းပဲ။ ဂျွန်နီတိုကလည်း ကွင်တင် တာရန်တီနိုတို့ လေးစားရတဲ့ ဟောင်ကောင်ဒါရိုက်တာတွေထဲက တစ်ယောက်ပဲ။ ခုနပြောခဲ့တဲ့ စာရင်းထဲကလူတွေထဲဆို ဂျွန်ဝူးက အကြမ်းဆုံးလောက်သွားကျတယ်။ ဘာလို့ဆို ကျန်တဲ့သူအများစုက ကောင်းတာတွေများတာတောင် ရိုက်တိုင်းကောင်းမနေခဲ့ဘူး။ ဂျွန်ဝူးကတော့ ရိုက်တိုင်းကောင်းတဲ့ ထဲပါတယ်။ A Better Tomorrow နားဝန်းကျင်ကစလို့ သူ့ Era ချိန်းသွားပြီးတဲ့နောက် သူရိုက်သမျှကားတွေက ဒီပုံစံတွေပဲ‌ပေမဲ့ ရိုက်တိုင်းကောင်းခဲ့တယ်။ ဂျွန်နီတိုကလည်း ဂျွန်ဝူးနဲ့အလားတူပဲ။ The Mission နဲ့ PTU တို့ကနေ သူ့ဟန်က ကွဲထွက်သွားခဲ့တယ်။ ဒါပေမဲ့ သူကွဲသွားပုံက ဂျွန်ဝူးနဲ့တောင် မတူဘဲ အကြီးကြီးကွဲသွားတယ်ပြောရမယ်။ Election, Mad Detective နဲ့ Drug War တို့ ကြည့်ဖူးကြရင် သိပါလိမ့်မယ်။ အဲဒီကစလို့ သူ့ရုပ်ရှင်တွေရဲ့ ဟန်ဟာ အဲဒီကားတွေနဲ့ ခပ်ဆင်ဆင်လောက်ပဲဖြစ်သွားတယ်။ အဲဒီကားတွေအကုန်လုံးက အငွေ့အသက်တူသလို အကုန်လည်းကောင်းတယ်။ ဇာတ်အိမ်ကတော့ တော်တော်ကျဉ်းတာများတယ်။ ဒါပေမဲ့ အဲဒီကျဉ််းကျဉ်းလေးထဲမှာပဲ ထောင့်စေ့အောင် ပြည့်စုံအောင် ဖန်တီးနိုင်တယ်။ Crime Action ကားတွေဆိုပေမဲ့ များသောအားဖြင့်တော့ သူ့ဇာတ်တွေမှာ လူကောင်းလူဆိုးဆိုတာမရှိဘူး။ Election နဲ့ Mad Detective ထဲ ဒါကိုကောင်းကောင်းမြင်နိုင်တယ်။ ဒါကြောင့်လည်း Crime ကား ပိုပီသနေတယ်။ ဒါပေမဲ့ သူ့ရုပ်ရှင်တွေမှာ အမြဲမကောင်းတာကတော့ ရဲတွေ။ ဂျွန်နီတိုက ဘယ်အညှိုးနဲ့လဲတော့မသိ ရဲကို အကျိုးနည်းအောင် နှိမ်တယ်။ သူ့ ဒီလိုကားတိုင်းလိုလို ရဲတွေ ဘယ်လောက်ရှော်ကြောင်း ထည့်ထည့်ရိုက်နေကျပဲ။ PTU (2003) က ဂျွန်နီတိုအနေနဲ့ ရဲတွေကို နှိမ်ဖို့သက်သက်ရိုက်ထားတဲ့ ရုပ်ရှင်အလားမှတ်ရတယ်။ သရုပ်ဆောင်တွေက သူနောက်ပိုင်းလည်း အမြဲသုံးနေကျတွေဖြစ်သွားတဲ့ Simon Yam တို့၊ Lam Suet တို့ပါတယ်။ သူ့ကားတွေကြည့်ဖူးရင် Louis Koo, Nick Cheung, Anthony Wong, Gordon Lam တို့နဲ့အတူ ဒီ၂ယောက်ကို ကောင်းကောင်းရင်းနှီးကြမှာပါပဲ။ ဒီကောင်တွေအကုန် တစ်ယောက်မှ ရုပ်ချောမနေဘူး။ သူသုံးနေကျထဲ ရုပ်ချောတာက Louis Koo အပြင် Andy Lau တော့ ရှိလိမ့်မယ်။ ဒါပေမဲ့ Andy Lau နဲ့ သူဒီလိုပုံစံမျိုးတော့ မရိုက်ခဲ့ဘူး။ PTU ဆိုတာက Police Tactical Unit ရဲ့ အတိုကောက်။ ဒီရုပ်ရှင်က ရဲတစ်အုပ်ရဲ့ ကင်းလှည့်တဲ့တစ်ညတာကို ရိုက်ထားတာ။ သူ့ရုပ်ရှင်အများစုလိုပဲ ဒီရုပ်ရှင်လည်း ဇာတ်အိမ် ဇာတ်အချိန် ကျဉ်းကျဉ်းလေးပဲ။ အကျဉ်းဆုံးလို့တောင်ပြောရမယ်။ တစ်ညပဲ။ အဲဒီတစ်ညမှာပဲ သူရိုက်ပြတဲ့ ပတ်ဝန်းကျင်က လူဆိုးဂိုဏ်းတွေအကုန်လုံးအကြောင်းနဲ့ ရဲတပ်ဖွဲ့နဲ့ လူဆိုးဂိုဏ်းတွေရဲ့ အခြေအနေကို သေချာလေးပြနိုင်ခဲ့တယ်။ ရယ်ရတာကတော့ ပုံမှန်ဆို သူ့ကားတွေမှာ ရဲတွေက အသုံးမကျကြပေမဲ့ ဂိုဏ်းစတားတွေကတော့ အသုံးကျကြတယ်။ ဒီထဲတော့ မတူဘူး။ အဲဒီအရပ်က ဂိုဏ်းကြီး၂ဂိုဏ်းရဲ့ အကြီးဆုံး ဂိုဏ်းခေါင်းဆောင်ကြီး ၂ကောင်ကိုပါ ငကြောက်ဖြစ်အောင်လုပ်ပြသွားတယ်။ သူ့ကားတွေမှာ ဂိုဏ်းအရေးတွေနဲ့ ပတ်သက်လာရင် ရဲတွေက ဝင်မပါရဲဘဲ ဘေးထိုင်ရပ်ကြည့်သဘောဆန်ဆန်ပြတတ်ပေမဲ့ ဒီမှာတော့ ရဲတွေရဲ့ ဖျာပဲခင်းတဲ့သဘောကိုတောင် ပြသွားတယ်။ ဒီဇာတ်ရဲ့ ပြဿနာအများစုကိုက Lam Suet ရဲ့ ဇာတ်ကောင် အကြမ်းဖက်နှိမ်နှင်းရေးအရာရှိလောင် သေနတ်အလုခံရတာကနေစတာပဲ။ ရဲတစ်ယောက်အတွက် သေနတ်က ဘယ်လောက်အရေးကြီးလဲဆိုတာကို နောက်ပိုင်း Mad Detective မှာတော့ အဲဒီသေနတ်ပျောက်တာကိုပဲ ဇာတ်အိမ်တည်ပြီး သေနတ်တွေဖလှယ်ရင်းပဲ တစ်ကားလုံးပြသွားခဲ့တယ်။ PTU (2003) မှာကတော့ ရဲပေါင်းစုံကို အားရပါးရကို ထိုင်ဖဲ့သွားတယ်။ ကကျိုးကကြောင်အဖြစ်တွေက ပိုများတဲ့ Crime Action ကားလို့ ပြောရမှာပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရ...

Strange Things in Western Hunan (2024) ⭐TMDB: 0.0% User Score 🎬 #Action #Adventure #Mystery 🗓 2024 🎞 Series 🌎 #China ⏰ 1 နာရီ 13 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒါကတော့ တရုတ်ရိုးရာထူးဆန်းထွေလာ ရှေးဟောင်းသင်္ချိုင်းဖောက်ထွင်းတဲ့စွန့်စားခန်းတွေနှစ်သက်တဲ့သူတွေအတွက်ကားကောင်းလေးပဲဖြစ်ပါတယ်။ကွမ်းရှန်းဂိုဏ်းကသင်္ချိုင်းဖောက်ထွင်းသမားတစ်ယောက်ဖြစ်တဲ့ဖုန်းလန်ချင်းဟာတစ်နေ့မှာ ချစ်သူနဲ့အတူစွန့်စားရင်း ချစ်သူကိုဆုံးရှုံးခဲ့ရတယ်။ အဲဒါကြောင့်သင်္ချိုင်းဖောက်ထွင်းတဲ့အလုပ်ကိုမလုပ်တော့ပဲဇာတ်မြှုပ်ရင်း ဖုန်းရွှေဆရာတစ်ယောက်အဖြစ်နဲ့ပဲနေထိုင်နေခဲ့တယ်။တစ်နေ့မှာတော့ ရွာတစ်ရွာမှာ ထူးဆန်းတဲ့ဖြစ်ရပ်ကြောင့်ရူးသွားတဲ့မိန်းမတစ်ယောက်ကိုအပနှင်ပြီးကုပေးဖို့အတွက် ရောက်လာခဲ့တယ်။ထင်မှတ်မထားတာက ဒါတွေက သားရဲ့အသက်ကိုကယ်ချင်တဲ့အဖိုးကြီးတစ်ယောက်ရဲ့လုပ်ရပ်တွေပဲဖြစ်နေတယ်။ သားကိုကယ်ဖို့အတွက်ရှေးဟောင်းသင်္ချိုင်းကိုဖွင့်ပေးဖို့အကြပ်ကိုင်တောင်းဆိုလာတဲ့အတွက်သူကရှေးဟောင်းသင်္ချိုင်းထဲကိုတစ်ဖန်ပြန်ဝင်ဖို့ဖြစ်လာခဲ့တယ်။ဒဏ္ဍာရီထဲကလိုသေရာကပြန်ရှင်အောင်လုပ်နိုင်မယ်ဆေးဟာတကယ်ရှိနိုင်ပါ့မလား။ထောင်ချောက်တွေအဆင့်ဆင့်နဲ့ရှေးဟောင်းသင်္ချိုင်းကပြန်ထွက်လာနိုင်ကြပါဦးမလား
...

Rocky Balboa (2006) ⭐TMDB: 69.0% User Score 🎬 #Action #Drama #Short 🗓 2006 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လက်ဝှေ့ကားကြိုက်သူတွေအတွက် မင်းသားကြီးစတားလုံးကိုယ်တိုင် ဒါရိုက်တာလုပ်ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားဟာ ရှေ့ Rocky ဇာတ်လမ်းတွဲတွေရဲ့ အဆက်ဖြစ်ပြီး ၁၉၉၀ခုနှစ်ကထွက်ရှိထားတဲ့ Rocky(V) ရဲ့ နောက်ဆက်တွဲဇာတ်လမ်းဖြစ်ပါတယ်။ လက်ဝှေ့လောကကနေ အသက်အရွယ်ရလာလို့ အနားယူထားပြီးပြီဖြစ်တဲ့ ရော့ကီဘယ်လ်ဘိုအာဟာ သူ့မိန်းမဆုံးပြီးတဲ့နောက် ဘ၀ဟာအဓိပ္ပါယ်မဲ့နေခဲ့ပါတယ်။ သူဟာစားသောက်ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး အေးအေးချမ်းချမ်းနေနေပေမယ့် သူ့ရင်ထဲကအစိုင်အခဲကြီးကတော့ ပျောက်ပျက်မသွားပါဘူး။ ဒီတော့ အတိတ်က သူထိုးကြိတ်ခဲ့ဖူးတဲ့အငွေ့အသက်တွေ၊ သူ့မိန်းမရဲ့အားပေးသံတွေ တစ်ခေါက်ပြန်ပြီးခံစားနိုင်ဖို့အတွက် ကြိုးဝိုင်းထဲကို တစ်ခေါက်ပြန်ပြီး၀င်လာခဲ့ပါတယ်။ အစကတော့ ပွဲငယ်လေးတွေပဲ ထိုးဖို့စိတ်ကူးထားပေမယ့် ရှုံးပွဲမရှိ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ မေဆန်ဒစ်ဆန်က လက်ရည်စမ်းပွဲထိုးဖို့ လာရောက်ကမ်းလှမ်းတော့ လက်ခံလိုက်ပါတယ်။ တစ်ချိန်က ကမ္ဘာ့ဟဲဗီးဝိတ်ချံပီယံနှစ်ကြိမ်ဖြစ်ဖူးတဲ့ ရော့ကီနဲ့ လက်ရှိချန်ပီယံ မေဆန်တို့ရဲ့ပွဲဟာ တစ်ကမ္ဘာလုံးကိုစိတ်၀င်စားစေခဲ့ပါတယ်။နွားပျိုသန်လှ နွားအိုပေါင်ကျိုးဆိုတဲ့စကားပုံကရှိသေးတော့ ဒီအတိတ်နဲ့ပစ္စုပ္ပန်တို့ရဲ့တိုက်ပွဲမှာ ဘယ်သူကများအနိုင်ရရှိသွားမလဲ။ ရော့ကီကရော သူ့ရင်ထဲကအစိုင်အခဲ‌ကို ဒီပွဲထိုးကြိတ်ပြီးတော့ ချေဖျက်နိုင်ပါ့မလား။
...

Rocky III (1982) ⭐TMDB: 69.0% User Score 🎬 #Drama #Sport 🗓 1982 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rocky III(1982) Rocky ဆိုတာ တော်တော်များများ ကြည့်ဖူးကြမယ်ထင်ပါရဲ့….တစ်ချို့တွေလည်း ကြားဖူးနားဝသာရှိကြတာ အကုန်ခံစားကြည့်ဖို့ အခွင့်မရှိခဲ့တာလည်းရှိပါလိမ့်မယ်…ခေတ်အဆက်ဆက် အကောင်းဆုံး Sport ကားအဖြစ်မှတ်တမ်းတင်ခံရသလိုအထူးစိတ်ခွန်အားဖြစ်စေတဲ့ ဇာတ်ကားလို့လည်း ချီးကျူးခံရတယ်…Rockyဟာ လက်ဝှေ့ဝါသနာအိုး ဖြစ်ပေမယ့် အောင်မြင်မှုလည်းမရှိလို့ စားဝတ်နေရေးအတွက် အကြွေးတောင်းတဲ့အလုပ်လည်းလုပ်နေရတယ်…သူဇွဲတော့မလျော့ဘူး….တစ်နေ့တော့အောင်မြင်နိုင်တဲ့လို့ မဝံမရဲ မျှော်လင့်နေတယ်…သို့ပေမယ့်လည်း သူ့အတွက် အခွင့်အရေးက ဘယ်နေမှန်းမသိ…တစ်နေ့တာ စားဝတ်နေရေးအတွက် မှတ်ပုံတင်ထားတဲ့ လက်ဝှေ့ ဝါသနာအလုပ်ကိုမထင်မရှားကြားပွဲတွေနဲ့ပဲ အချိန်ကုန်နေရတယ်….တစ်နေ့တော့ သူ့အတွက် အခွင့်ကောင်းတစ်ခုရောက်လာတယ်… ကမ္ဘာ့ချန်ပီယံ အပိုလို ခရိဒ်က ရော့ကီနဲ့ ထိုးချင်တယ်လို့ဆိုတယ်…ကမ္ဘာ့ချန်ပီယံဟာရော့ကီနဲ့ ဘာလို့ထိုးချင်တာလဲဆိုတော့ ရော့ကီရဲ့ လက်ဝှေ့မှတ်ပုံတင် Italian Stallionနာမည်နဲ့ နာမည်ဆက်ကြီးချင်လို့ပဲ….အဲ့ဒီမှာ Rocky အတွက် အခွင့်အလမ်းကြီးပေါ်လာတော့တာပဲ….Rocky ဟာ ၄ ကား ထွက်ရှိပါတယ်… မင်းသားကြီး Sylvester Stallone ဟာ Rocky အဖြစ် သရုပ်ဆောင်ထားပြီး သရုပ်ပါတဲ့ ထိုးကွက်တွေဖြစ်ဖို့ လေ့ကျင့်ခဲ့ရသလို ရိုက်ကွင်းတွေမှာ တကယ်ထိုးသတ်ခဲ့တယ်လို့ဆိုပါတယ်…အဲ့ဒီခေတ်အခါက ဒီဘက်ခေတ်များလို့Effect တွေ မပေါ်ထွန်းခဲ့ပေမယ့် တကယ့်အမိုက်စား ဖိုက်ခန်းတွေဟာ ခင်ဗျားတို့ကိုသွေးတွေဆူပွက်အောင် စွမ်းဆောင်နိုင်ပါလိမ့်မယ်…အော်စကာဆုများစွာရရှိခဲ့ပြီး အခြားဆုတွေလည်း မြောက်များစွာရရှိခဲ့ပါတယ်..ခံစားကြည့်ကြပါ… (zawgyi) Rocky ဆိုတာ တော်တော်များများ ကြည့်ဖူးကြမယ်ထင်ပါရဲ့….တစ်ချို့တွေလည်း ကြားဖူးနားဝသာရှိကြတာ အကုန်ခံစားကြည့်ဖို့ အခွင့်မရှိခဲ့တာလည်းရှိပါလိမ့်မယ်…ခေတ်အဆက်ဆက် အကောင်းဆုံး Sport ကားအဖြစ်မှတ်တမ်းတင်ခံရသလိုအထူးစိတ်ခွန်အားဖြစ်စေတဲ့ ဇာတ်ကားလို့လည်း ချီးကျူးခံရတယ်…Rockyဟာ လက်ဝှေ့ဝါသနာအိုး ဖြစ်ပေမယ့် အောင်မြင်မှုလည်းမရှိလို့ စားဝတ်နေရေးအတွက် အကြွေးတောင်းတဲ့အလုပ်လည်းလုပ်နေရတယ်…သူဇွဲတော့မလျော့ဘူး….တစ်နေ့တော့အောင်မြင်နိုင်တဲ့လို့ မဝံမရဲ မျှော်လင့်နေတယ်…သို့ပေမယ့်လည်း သူ့အတွက် အခွင့်အရေးက ဘယ်နေမှန်းမသိ…တစ်နေ့တာ စားဝတ်နေရေးအတွက် မှတ်ပုံတင်ထားတဲ့ လက်ဝှေ့ ဝါသနာအလုပ်ကိုမထင်မရှားကြားပွဲတွေနဲ့ပဲ အချိန်ကုန်နေရတယ်….တစ်နေ့တော့ သူ့အတွက် အခွင့်ကောင်းတစ်ခုရောက်လာတယ်… ကမာၻ႔ချန်ပီယံ အပိုလို ခရိဒ်က ရော့ကီနဲ့ ထိုးချင်တယ်လို့ဆိုတယ်…ကမာၻ႔ချန်ပီယံဟာရော့ကီနဲ့ ဘာလို့ထိုးချင်တာလဲဆိုတော့ ရော့ကီရဲ့ လက်ဝှေ့မှတ်ပုံတင် Italian Stallionနာမည်နဲ့ နာမည်ဆက်ကြီးချင်လို့ပဲ….အဲ့ဒီမှာ Rocky အတွက် အခွင့်အလမ်းကြီးပေါ်လာတော့တာပဲ….Rocky ဟာ ၄ ကား ထွက်ရှိပါတယ်… မင်းသားကြီး Sylvester Stallone ဟာ Rocky အဖြစ် သရုပ်ဆောင်ထားပြီး သရုပ်ပါတဲ့ ထိုးကွက်တွေဖြစ်ဖို့ လေ့ကျင့်ခဲ့ရသလို ရိုက်ကွင်းတွေမှာ တကယ်ထိုးသတ်ခဲ့တယ်လို့ဆိုပါတယ်…အဲ့ဒီခေတ်အခါက ဒီဘက်ခေတ်များလို့Effect တွေ မပေါ်ထွန်းခဲ့ပေမယ့် တကယ့်အမိုက်စား ဖိုက်ခန်းတွေဟာ ခင်ဗျားတို့ကိုသွေးတွေဆူပွက်အောင် စွမ်းဆောင်နိုင်ပါလိမ့်မယ်…အော်စကာဆုများစွာရရှိခဲ့ပြီး အခြားဆုတွေလည်း မြောက်များစွာရရှိခဲ့ပါတယ်..ခံစားကြည့်ကြပါ
...

Rocky IV (1985) ⭐TMDB: 71.0% User Score 🎬 #Drama #Sport 🗓 1985 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rocky IV (1985) Rocky ဆိုတာ တော်တော်များများ ကြည့်ဖူးကြမယ်ထင်ပါရဲ့….တစ်ချို့တွေလည်း ကြားဖူးနားဝသာရှိကြတာ အကုန်ခံစားကြည့်ဖို့ အခွင့်မရှိခဲ့တာလည်းရှိပါလိမ့်မယ်…ခေတ်အဆက်ဆက် အကောင်းဆုံး Sport ကားအဖြစ်မှတ်တမ်းတင်ခံရသလိုအထူးစိတ်ခွန်အားဖြစ်စေတဲ့ ဇာတ်ကားလို့လည်း ချီးကျူးခံရတယ်…Rockyဟာ လက်ဝှေ့ဝါသနာအိုး ဖြစ်ပေမယ့် အောင်မြင်မှုလည်းမရှိလို့ စားဝတ်နေရေးအတွက် အကြွေးတောင်းတဲ့အလုပ်လည်းလုပ်နေရတယ်…သူဇွဲတော့မလျော့ဘူး….တစ်နေ့တော့အောင်မြင်နိုင်တဲ့လို့ မဝံမရဲ မျှော်လင့်နေတယ်…သို့ပေမယ့်လည်း သူ့အတွက် အခွင့်အရေးက ဘယ်နေမှန်းမသိ…တစ်နေ့တာ စားဝတ်နေရေးအတွက် မှတ်ပုံတင်ထားတဲ့ လက်ဝှေ့ ဝါသနာအလုပ်ကိုမထင်မရှားကြားပွဲတွေနဲ့ပဲ အချိန်ကုန်နေရတယ်….တစ်နေ့တော့ သူ့အတွက် အခွင့်ကောင်းတစ်ခုရောက်လာတယ်… ကမ္ဘာ့ချန်ပီယံ အပိုလို ခရိဒ်က ရော့ကီနဲ့ ထိုးချင်တယ်လို့ဆိုတယ်…ကမ္ဘာ့ချန်ပီယံဟာရော့ကီနဲ့ ဘာလို့ထိုးချင်တာလဲဆိုတော့ ရော့ကီရဲ့ လက်ဝှေ့မှတ်ပုံတင် Italian Stallionနာမည်နဲ့ နာမည်ဆက်ကြီးချင်လို့ပဲ….အဲ့ဒီမှာ Rocky အတွက် အခွင့်အလမ်းကြီးပေါ်လာတော့တာပဲ….Rocky ဟာ ၄ ကား ထွက်ရှိပါတယ်… မင်းသားကြီး Sylvester Stallone ဟာ Rocky အဖြစ် သရုပ်ဆောင်ထားပြီး သရုပ်ပါတဲ့ ထိုးကွက်တွေဖြစ်ဖို့ လေ့ကျင့်ခဲ့ရသလို ရိုက်ကွင်းတွေမှာ တကယ်ထိုးသတ်ခဲ့တယ်လို့ဆိုပါတယ်…အဲ့ဒီခေတ်အခါက ဒီဘက်ခေတ်များလို့Effect တွေ မပေါ်ထွန်းခဲ့ပေမယ့် တကယ့်အမိုက်စား ဖိုက်ခန်းတွေဟာ ခင်ဗျားတို့ကိုသွေးတွေဆူပွက်အောင် စွမ်းဆောင်နိုင်ပါလိမ့်မယ်…အော်စကာဆုများစွာရရှိခဲ့ပြီး အခြားဆုတွေလည်း မြောက်များစွာရရှိခဲ့ပါတယ်..ခံစားကြည့်ကြပါ… (zawgyi) Rocky ဆိုတာ တော်တော်များများ ကြည့်ဖူးကြမယ်ထင်ပါရဲ့….တစ်ချို့တွေလည်း ကြားဖူးနားဝသာရှိကြတာ အကုန်ခံစားကြည့်ဖို့ အခွင့်မရှိခဲ့တာလည်းရှိပါလိမ့်မယ်…ခေတ်အဆက်ဆက် အကောင်းဆုံး Sport ကားအဖြစ်မှတ်တမ်းတင်ခံရသလိုအထူးစိတ်ခွန်အားဖြစ်စေတဲ့ ဇာတ်ကားလို့လည်း ချီးကျူးခံရတယ်…Rockyဟာ လက်ဝှေ့ဝါသနာအိုး ဖြစ်ပေမယ့် အောင်မြင်မှုလည်းမရှိလို့ စားဝတ်နေရေးအတွက် အကြွေးတောင်းတဲ့အလုပ်လည်းလုပ်နေရတယ်…သူဇွဲတော့မလျော့ဘူး….တစ်နေ့တော့အောင်မြင်နိုင်တဲ့လို့ မဝံမရဲ မျှော်လင့်နေတယ်…သို့ပေမယ့်လည်း သူ့အတွက် အခွင့်အရေးက ဘယ်နေမှန်းမသိ…တစ်နေ့တာ စားဝတ်နေရေးအတွက် မှတ်ပုံတင်ထားတဲ့ လက်ဝှေ့ ဝါသနာအလုပ်ကိုမထင်မရှားကြားပွဲတွေနဲ့ပဲ အချိန်ကုန်နေရတယ်….တစ်နေ့တော့ သူ့အတွက် အခွင့်ကောင်းတစ်ခုရောက်လာတယ်… ကမာၻ႔ချန်ပီယံ အပိုလို ခရိဒ်က ရော့ကီနဲ့ ထိုးချင်တယ်လို့ဆိုတယ်…ကမာၻ႔ချန်ပီယံဟာရော့ကီနဲ့ ဘာလို့ထိုးချင်တာလဲဆိုတော့ ရော့ကီရဲ့ လက်ဝှေ့မှတ်ပုံတင် Italian Stallionနာမည်နဲ့ နာမည်ဆက်ကြီးချင်လို့ပဲ….အဲ့ဒီမှာ Rocky အတွက် အခွင့်အလမ်းကြီးပေါ်လာတော့တာပဲ….Rocky ဟာ ၄ ကား ထွက်ရှိပါတယ်… မင်းသားကြီး Sylvester Stallone ဟာ Rocky အဖြစ် သရုပ်ဆောင်ထားပြီး သရုပ်ပါတဲ့ ထိုးကွက်တွေဖြစ်ဖို့ လေ့ကျင့်ခဲ့ရသလို ရိုက်ကွင်းတွေမှာ တကယ်ထိုးသတ်ခဲ့တယ်လို့ဆိုပါတယ်…အဲ့ဒီခေတ်အခါက ဒီဘက်ခေတ်များလို့Effect တွေ မပေါ်ထွန်းခဲ့ပေမယ့် တကယ့်အမိုက်စား ဖိုက်ခန်းတွေဟာ ခင်ဗျားတို့ကိုသွေးတွေဆူပွက်အောင် စွမ်းဆောင်နိုင်ပါလိမ့်မယ်…အော်စကာဆုများစွာရရှိခဲ့ပြီး အခြားဆုတွေလည်း မြောက်များစွာရရှိခဲ့ပါတယ်..ခံစားကြည့်ကြပါ
...

Rocky (1976) ⭐TMDB: 78.0% User Score 🎬 #Drama #Sport 🗓 1976 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 59 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rocky(1976) Rocky ဆိုတာ တော်တော်များများ ကြည့်ဖူးကြမယ်ထင်ပါရဲ့….တစ်ချို့တွေလည်း ကြားဖူးနားဝသာရှိကြတာ အကုန်ခံစားကြည့်ဖို့ အခွင့်မရှိခဲ့တာလည်းရှိပါလိမ့်မယ်…ခေတ်အဆက်ဆက် အကောင်းဆုံး Sport ကားအဖြစ်မှတ်တမ်းတင်ခံရသလိုအထူးစိတ်ခွန်အားဖြစ်စေတဲ့ ဇာတ်ကားလို့လည်း ချီးကျူးခံရတယ်…Rockyဟာ လက်ဝှေ့ဝါသနာအိုး ဖြစ်ပေမယ့် အောင်မြင်မှုလည်းမရှိလို့ စားဝတ်နေရေးအတွက် အကြွေးတောင်းတဲ့အလုပ်လည်းလုပ်နေရတယ်…သူဇွဲတော့မလျော့ဘူး….တစ်နေ့တော့အောင်မြင်နိုင်တဲ့လို့ မဝံမရဲ မျှော်လင့်နေတယ်…သို့ပေမယ့်လည်း သူ့အတွက် အခွင့်အရေးက ဘယ်နေမှန်းမသိ…တစ်နေ့တာ စားဝတ်နေရေးအတွက် မှတ်ပုံတင်ထားတဲ့ လက်ဝှေ့ ဝါသနာအလုပ်ကိုမထင်မရှားကြားပွဲတွေနဲ့ပဲ အချိန်ကုန်နေရတယ်….တစ်နေ့တော့ သူ့အတွက် အခွင့်ကောင်းတစ်ခုရောက်လာတယ်… ကမ္ဘာ့ချန်ပီယံ အပိုလို ခရိဒ်က ရော့ကီနဲ့ ထိုးချင်တယ်လို့ဆိုတယ်…ကမ္ဘာ့ချန်ပီယံဟာရော့ကီနဲ့ ဘာလို့ထိုးချင်တာလဲဆိုတော့ ရော့ကီရဲ့ လက်ဝှေ့မှတ်ပုံတင် Italian Stallionနာမည်နဲ့ နာမည်ဆက်ကြီးချင်လို့ပဲ….အဲ့ဒီမှာ Rocky အတွက် အခွင့်အလမ်းကြီးပေါ်လာတော့တာပဲ….Rocky ဟာ ၄ ကား ထွက်ရှိပါတယ်… မင်းသားကြီး Sylvester Stallone ဟာ Rocky အဖြစ် သရုပ်ဆောင်ထားပြီး သရုပ်ပါတဲ့ ထိုးကွက်တွေဖြစ်ဖို့ လေ့ကျင့်ခဲ့ရသလို ရိုက်ကွင်းတွေမှာ တကယ်ထိုးသတ်ခဲ့တယ်လို့ဆိုပါတယ်…အဲ့ဒီခေတ်အခါက ဒီဘက်ခေတ်များလို့Effect တွေ မပေါ်ထွန်းခဲ့ပေမယ့် တကယ့်အမိုက်စား ဖိုက်ခန်းတွေဟာ ခင်ဗျားတို့ကိုသွေးတွေဆူပွက်အောင် စွမ်းဆောင်နိုင်ပါလိမ့်မယ်…အော်စကာဆုများစွာရရှိခဲ့ပြီး အခြားဆုတွေလည်း မြောက်များစွာရရှိခဲ့ပါတယ်..ခံစားကြည့်ကြပါ… (zawgyi) Rocky ဆိုတာ တော်တော်များများ ကြည့်ဖူးကြမယ်ထင်ပါရဲ့….တစ်ချို့တွေလည်း ကြားဖူးနားဝသာရှိကြတာ အကုန်ခံစားကြည့်ဖို့ အခွင့်မရှိခဲ့တာလည်းရှိပါလိမ့်မယ်…ခေတ်အဆက်ဆက် အကောင်းဆုံး Sport ကားအဖြစ်မှတ်တမ်းတင်ခံရသလိုအထူးစိတ်ခွန်အားဖြစ်စေတဲ့ ဇာတ်ကားလို့လည်း ချီးကျူးခံရတယ်…Rockyဟာ လက်ဝှေ့ဝါသနာအိုး ဖြစ်ပေမယ့် အောင်မြင်မှုလည်းမရှိလို့ စားဝတ်နေရေးအတွက် အကြွေးတောင်းတဲ့အလုပ်လည်းလုပ်နေရတယ်…သူဇွဲတော့မလျော့ဘူး….တစ်နေ့တော့အောင်မြင်နိုင်တဲ့လို့ မဝံမရဲ မျှော်လင့်နေတယ်…သို့ပေမယ့်လည်း သူ့အတွက် အခွင့်အရေးက ဘယ်နေမှန်းမသိ…တစ်နေ့တာ စားဝတ်နေရေးအတွက် မှတ်ပုံတင်ထားတဲ့ လက်ဝှေ့ ဝါသနာအလုပ်ကိုမထင်မရှားကြားပွဲတွေနဲ့ပဲ အချိန်ကုန်နေရတယ်….တစ်နေ့တော့ သူ့အတွက် အခွင့်ကောင်းတစ်ခုရောက်လာတယ်… ကမာၻ႔ချန်ပီယံ အပိုလို ခရိဒ်က ရော့ကီနဲ့ ထိုးချင်တယ်လို့ဆိုတယ်…ကမာၻ႔ချန်ပီယံဟာရော့ကီနဲ့ ဘာလို့ထိုးချင်တာလဲဆိုတော့ ရော့ကီရဲ့ လက်ဝှေ့မှတ်ပုံတင် Italian Stallionနာမည်နဲ့ နာမည်ဆက်ကြီးချင်လို့ပဲ….အဲ့ဒီမှာ Rocky အတွက် အခွင့်အလမ်းကြီးပေါ်လာတော့တာပဲ….Rocky ဟာ ၄ ကား ထွက်ရှိပါတယ်… မင်းသားကြီး Sylvester Stallone ဟာ Rocky အဖြစ် သရုပ်ဆောင်ထားပြီး သရုပ်ပါတဲ့ ထိုးကွက်တွေဖြစ်ဖို့ လေ့ကျင့်ခဲ့ရသလို ရိုက်ကွင်းတွေမှာ တကယ်ထိုးသတ်ခဲ့တယ်လို့ဆိုပါတယ်…အဲ့ဒီခေတ်အခါက ဒီဘက်ခေတ်များလို့Effect တွေ မပေါ်ထွန်းခဲ့ပေမယ့် တကယ့်အမိုက်စား ဖိုက်ခန်းတွေဟာ ခင်ဗျားတို့ကိုသွေးတွေဆူပွက်အောင် စွမ်းဆောင်နိုင်ပါလိမ့်မယ်…အော်စကာဆုများစွာရရှိခဲ့ပြီး အခြားဆုတွေလည်း မြောက်များစွာရရှိခဲ့ပါတယ်..ခံစားကြည့်ကြပါ
...

Rocky II (1979) ⭐TMDB: 73.0% User Score 🎬 #Uncategorized #Drama 🗓 1979 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 59 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rocky II(1979) Rocky ဆိုတာ တော်တော်များများ ကြည့်ဖူးကြမယ်ထင်ပါရဲ့….တစ်ချို့တွေလည်း ကြားဖူးနားဝသာရှိကြတာ အကုန်ခံစားကြည့်ဖို့ အခွင့်မရှိခဲ့တာလည်းရှိပါလိမ့်မယ်…ခေတ်အဆက်ဆက် အကောင်းဆုံး Sport ကားအဖြစ်မှတ်တမ်းတင်ခံရသလိုအထူးစိတ်ခွန်အားဖြစ်စေတဲ့ ဇာတ်ကားလို့လည်း ချီးကျူးခံရတယ်…Rockyဟာ လက်ဝှေ့ဝါသနာအိုး ဖြစ်ပေမယ့် အောင်မြင်မှုလည်းမရှိလို့ စားဝတ်နေရေးအတွက် အကြွေးတောင်းတဲ့အလုပ်လည်းလုပ်နေရတယ်…သူဇွဲတော့မလျော့ဘူး….တစ်နေ့တော့အောင်မြင်နိုင်တဲ့လို့ မဝံမရဲ မျှော်လင့်နေတယ်…သို့ပေမယ့်လည်း သူ့အတွက် အခွင့်အရေးက ဘယ်နေမှန်းမသိ…တစ်နေ့တာ စားဝတ်နေရေးအတွက် မှတ်ပုံတင်ထားတဲ့ လက်ဝှေ့ ဝါသနာအလုပ်ကိုမထင်မရှားကြားပွဲတွေနဲ့ပဲ အချိန်ကုန်နေရတယ်….တစ်နေ့တော့ သူ့အတွက် အခွင့်ကောင်းတစ်ခုရောက်လာတယ်… ကမ္ဘာ့ချန်ပီယံ အပိုလို ခရိဒ်က ရော့ကီနဲ့ ထိုးချင်တယ်လို့ဆိုတယ်…ကမ္ဘာ့ချန်ပီယံဟာရော့ကီနဲ့ ဘာလို့ထိုးချင်တာလဲဆိုတော့ ရော့ကီရဲ့ လက်ဝှေ့မှတ်ပုံတင် Italian Stallionနာမည်နဲ့ နာမည်ဆက်ကြီးချင်လို့ပဲ….အဲ့ဒီမှာ Rocky အတွက် အခွင့်အလမ်းကြီးပေါ်လာတော့တာပဲ….Rocky ဟာ ၄ ကား ထွက်ရှိပါတယ်… မင်းသားကြီး Sylvester Stallone ဟာ Rocky အဖြစ် သရုပ်ဆောင်ထားပြီး သရုပ်ပါတဲ့ ထိုးကွက်တွေဖြစ်ဖို့ လေ့ကျင့်ခဲ့ရသလို ရိုက်ကွင်းတွေမှာ တကယ်ထိုးသတ်ခဲ့တယ်လို့ဆိုပါတယ်…အဲ့ဒီခေတ်အခါက ဒီဘက်ခေတ်များလို့Effect တွေ မပေါ်ထွန်းခဲ့ပေမယ့် တကယ့်အမိုက်စား ဖိုက်ခန်းတွေဟာ ခင်ဗျားတို့ကိုသွေးတွေဆူပွက်အောင် စွမ်းဆောင်နိုင်ပါလိမ့်မယ်…အော်စကာဆုများစွာရရှိခဲ့ပြီး အခြားဆုတွေလည်း မြောက်များစွာရရှိခဲ့ပါတယ်..ခံစားကြည့်ကြပါ… (zawgyi) Rocky ဆိုတာ တော်တော်များများ ကြည့်ဖူးကြမယ်ထင်ပါရဲ့….တစ်ချို့တွေလည်း ကြားဖူးနားဝသာရှိကြတာ အကုန်ခံစားကြည့်ဖို့ အခွင့်မရှိခဲ့တာလည်းရှိပါလိမ့်မယ်…ခေတ်အဆက်ဆက် အကောင်းဆုံး Sport ကားအဖြစ်မှတ်တမ်းတင်ခံရသလိုအထူးစိတ်ခွန်အားဖြစ်စေတဲ့ ဇာတ်ကားလို့လည်း ချီးကျူးခံရတယ်…Rockyဟာ လက်ဝှေ့ဝါသနာအိုး ဖြစ်ပေမယ့် အောင်မြင်မှုလည်းမရှိလို့ စားဝတ်နေရေးအတွက် အကြွေးတောင်းတဲ့အလုပ်လည်းလုပ်နေရတယ်…သူဇွဲတော့မလျော့ဘူး….တစ်နေ့တော့အောင်မြင်နိုင်တဲ့လို့ မဝံမရဲ မျှော်လင့်နေတယ်…သို့ပေမယ့်လည်း သူ့အတွက် အခွင့်အရေးက ဘယ်နေမှန်းမသိ…တစ်နေ့တာ စားဝတ်နေရေးအတွက် မှတ်ပုံတင်ထားတဲ့ လက်ဝှေ့ ဝါသနာအလုပ်ကိုမထင်မရှားကြားပွဲတွေနဲ့ပဲ အချိန်ကုန်နေရတယ်….တစ်နေ့တော့ သူ့အတွက် အခွင့်ကောင်းတစ်ခုရောက်လာတယ်… ကမာၻ႔ချန်ပီယံ အပိုလို ခရိဒ်က ရော့ကီနဲ့ ထိုးချင်တယ်လို့ဆိုတယ်…ကမာၻ႔ချန်ပီယံဟာရော့ကီနဲ့ ဘာလို့ထိုးချင်တာလဲဆိုတော့ ရော့ကီရဲ့ လက်ဝှေ့မှတ်ပုံတင် Italian Stallionနာမည်နဲ့ နာမည်ဆက်ကြီးချင်လို့ပဲ….အဲ့ဒီမှာ Rocky အတွက် အခွင့်အလမ်းကြီးပေါ်လာတော့တာပဲ….Rocky ဟာ ၄ ကား ထွက်ရှိပါတယ်… မင်းသားကြီး Sylvester Stallone ဟာ Rocky အဖြစ် သရုပ်ဆောင်ထားပြီး သရုပ်ပါတဲ့ ထိုးကွက်တွေဖြစ်ဖို့ လေ့ကျင့်ခဲ့ရသလို ရိုက်ကွင်းတွေမှာ တကယ်ထိုးသတ်ခဲ့တယ်လို့ဆိုပါတယ်…အဲ့ဒီခေတ်အခါက ဒီဘက်ခေတ်များလို့Effect တွေ မပေါ်ထွန်းခဲ့ပေမယ့် တကယ့်အမိုက်စား ဖိုက်ခန်းတွေဟာ ခင်ဗျားတို့ကိုသွေးတွေဆူပွက်အောင် စွမ်းဆောင်နိုင်ပါလိမ့်မယ်…အော်စကာဆုများစွာရရှိခဲ့ပြီး အခြားဆုတွေလည်း မြောက်များစွာရရှိခဲ့ပါတယ်..ခံစားကြည့်ကြပါ
...

Criminal Record (2024) ⭐TMDB: 70.0% User Score 🎬 #Crime #Drama 🗓 2024 🎞 Series 🌎 #UnitedKingdom ⏰ 48 မိနစ် 21 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Criminal Record (2024)ဒီအက်စ်ဂျွန်လန်ကာဆိုတဲ့ အမျိုးသမီးဟာပြစ်မှုရေးရာဌာနက လူငယ်စုံထောက်တစ်ယောက်ပါ။ တစ်နေ့တော့ သူ့ဆီကို အမည်မသိ ဖုန်းခေါ်ဆိုသူတစ်ယောက်ရဲ့အိမ်တွင်းအကြမ်းဖက်မှုတစ်ခုအကြောင်း ဖုန်းမှတ်တမ်းတစ်ခု ရောက်ရှိလာတယ်။ ဒီဖုန်းမှတ်တမ်းထဲက အမျိုးသမီးရဲ့ စကားတွေကြောင့် ဂျွန်ဟာလွန်ခဲ့တဲ့ လေးငါးနှစ်က အမှုတစ်ခုကို ပြန်စုံစမ်းဖို့ရာ ဖြစ်လာတယ်။အရင်အမှုဟောင်းကို လိုက်ခဲ့တဲ့ စုံထောက်ကြီးကတော့ဟီဂါတီဆိုသူပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဖုန်းခေါ်ဆိုသူက အမည်မသိဖြစ်တာကတစ်ကြောင်းအမှုဟောင်းကို ပြန်မတူးဆွချင်တာက တစ်ကြောင်းဟီဂါတီဟာ ဖုန်းခေါ်ဆိုမှုကိုနောက်ပြောင်တာဖြစ်မှာပါဆိုပြီး လျှော်ချလိုက်ပါတယ်။ ဒီလိုနဲ့ သိပ်မကြာခင် သုံးလေးရက်မှာပဲ အိမ်တွင်းအကြမ်းဖက်မှုနဲ့ဖုန်းတစ်လုံး ထပ်ဝင်လာခဲ့ပါတယ်။ပထမဖုန်းခေါ်ဆိုမှုနဲ့ ဒုတိယဖုန်းခေါ်ဆိုမှုတို့ကတူညီမှု တိုက်ဆိုင်မှုတွေ များနေတာကြောင့် ဂျွန်ဟာဒီအမှုကို ဆက်လိုက်ဖို့ ဆုံးဖြတ်လိုက်ရာမှာ ပဟေဠိများလှတဲ့အမှုနှစ်ခုကြား စုံထောက်နှစ်ယောက်ရဲ့အတိုက်အခံ စစ်ပွဲကြီး စတင်ပါတော့တယ်။ ဒီတော့ ဂျွန်ပြောသလို အမှုတွေက ဆက်စပ်နေမလား။ဟီဂါတီကရော အမှုဟောင်းကို ဘာလို့ ပြန်မဖော်စေချင်တာလဲ။စုံထောက်နှစ်ယောက် တိုက်ပွဲမှာရော ဘယ်သူကအနိုင်ရမလဲဆိုတာ အဖြေရှာကြည့်လိုက်ရအောင်ပါ။ ဘာသာပြန်ကိုယ်တိုင်လည်း ဇာတ်လမ်းကို သဘောကျမိလို့ စုံထောက်တွေcrime ဇာတ်လမ်းဖန်တွေအတွက်လည်းဒီစီးရီးက အားရစရာကောင်းမယ်လို့ ထင်မိပါတယ်
...

Hunter Prey (2010) ⭐TMDB: 56.0% User Score 🎬 #SciFi #Thriller #ScienceFiction 🗓 2010 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်လမ်းအစကတော့ ဂြိုလ်တစ်ခုပေါ်ကိုယာဉ်တစ်စီး ပျက်ကျလာတယ်။ ယာဉ်ပေါ်ကတာဝန်ရှိတဲ့လူတွေ ထိခိုက်ဒဏ်ရာဖြစ်နေချိန်မှာ အကျဉ်းသားတစ်ယောက်က လက်နက်ယူပြီးထွက်ပြေးသွားတယ်။ ဒုဗိုလ်ဖြစ်တဲ့ ဆန်တူရီဟာ သူ့လူတွေသေဆုံးရတာ ဖြစ်တဲ့အတွက် အထက်အရာရှိဖြစ်တဲ့ ကွန်မန်ဒါ ကာဇာကိုအကျဉ်းသားရဲ့ အခြေအနေအစစ်အမှန်ကို သိချင်နေတယ်။ ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်တဲ့အတွက် မပြောချင်လို့ ကာဇာဟာဝေ့လည်ကြောင်ပတ် ဖြေရင်း အကျဉ်းသားကိုလိုက်ဖမ်းဖို့လုပ်နေတယ်။ ဌာနချုပ်က အကျဉ်းသားကိုအသက်ရှင်လျက်လိုချင်တာ ဖြစ်တာကြောင့် တစ်ခုခုမဖြစ်ခင်မှာဖမ်းချင်တဲ့အတွက် အမိန့်ကိုနာခံရင်း ကာဇာက ကျန်တဲ့နှစ်ယောက်နဲ့အတူ လိုက်ဖမ်းပါတော့တယ်။ တိုက်ခိုက်ရည်ကျွမ်းကျင်မှုကြောင့် ဂြိုလ်ရဲ့ကျောက်စောင်းတစ်နေရာမှာ တပ်သားတစ်ယောက် ထပ်မံဆုံးသွားတဲ့အတွက် ဆန်တူရီဟာ ကာဇာကိုအတော်လေး စိတ်ဆိုးသွားတယ်။ ဖြစ်ရပ်မှန်ကိုသိချင်ကြောင်းနဲ့ မပြောပြရင် တစ်ယောက်တည်းလိုက်ဖမ်းမယ်လို့ အတင်းခြိမ်းခြောက်တဲ့အတွက် ကာဇာကပြောပြလိုက်တယ်။ အကျဉ်းသားဟာ သူတို့ဖျက်ဆီးခဲ့တဲ့ကမ္ဘာဂြိုလ်ရဲ့ နောက်ဆုံးအသက်ရှင်ကျန်ရစ်သူဖြစ်ပြီး ငါတို့ကိုလက်စားချေဖို့အတွက် နူကလီယားဗုံးတင်ထားတဲ့ ယာဉ်ကို ငါတို့ဂြိုလ်ဆီကိုလွှတ်လိုက်တဲ့အတွက် ယာဉ်ရဲ့တည်နေရာကို မဖြစ်မနေသိရဖို့ အသက်ရှင်လျက်ဖမ်းရမှာဖြစ်ကြောင်း ပြောပြလိုက်တဲ့အခါမှာတော့
...

Arrogant Neighbor-Meguri (MEYD-115-Decensored) ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 1 နာရီ 58 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Meguri တဖြစ်လဲ Megu Fujiura ဆိုတာ JAV လောကရဲ့  နတ်ဘုရားမကြီးပါပဲ။ ဘယ်မင်းသမီးတွေထက်မဆို ရုပ်ရည်ရော ဘော်ဒီရော သရုပ်ဆောင်တာရော ယှဉ်လို့ရပါတယ်။ အသက်တွေသာကြီးပြီး ရာသီတွေသာအလီလီဖြစ်ခဲ့ပေမယ့် သူမရဲ့ စိုးပိုင်မှုတွေကတော့ JAV လောကမှာသတိရနေမြဲပါပဲ။ MEYD-115-Decensored ဒီဇာတ်လမ်းမှာတော့… သူမရဲ့သရုပ်ဆောင်စွမ်းရည်တွေကို အများကြီးမြင်ရမယ့် ဇာတ်အိမ်မျိုးပါပဲ။ Decensored Version နဲ့ဆိုတော့ Meguri ကို စွဲငြိသွားစေဖို့လုံလောက်မှာပါ။ JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့  ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။
...

Life, Animated (2016) ⭐IMDB: 7.4/10 (6 k Votes) 🎬 #Comedy #Documentary #Drama #Family #Fantasy #Romance 🗓 2016 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်လေးကို ဘာသာပြန်နေရင်းနဲ့ “အနုပညာစစ်မှန်ရင် ဘယ်လိုရောဂါမျိုးမဆို ကုစားနိုင်တယ်”ဆိုတဲ့ စကားတစ်ခွန်းကိုပြန်အမှတ်ရမိပါတယ်။ ကျွန်တော်တို့ ဝမ်းနည်းနေရင် သီချင်းတစ်ပုဒ်ကို ထပ်ခါတလဲလဲနားထောင်တာဖြစ်ဖြစ် မီးလေးပိတ်၊စောင်လေးခြုံပြီး ရုပ်ရှင်ကြည့်ရင်းနဲ့ဖြစ်ဖြစ် အချိန်ဖြုန်းကြပြီး ဒဏ်ရာကိုပြန်လည်ကုစားကြတယ်မလား။ အော်တစ်ဇင်ဆိုတဲ့ ရောဂါအကြောင်းကို ရုပ်ရှင်ချစ်သူတော်တော်များများ သိကြမှာပါ။ ဒီရုပ်ရှင်ထဲမှာတော့ အော်တစ်ဇင်ရောဂါအကြောင်းကို ရှင်းပြပေးပြီး ဒရာမာဆန်ဆန် ဝမ်းနည်းဖို့ကောင်းအောင် ဖန်တီးထားတာမဟုတ်ပါဘူး။ ကျွန်တော်သေချာပြောနိုင်တာတစ်ခုက ဒီရုပ်ရှင်လေးကြည့်ပြီး စိတ်ဓါတ်ခွန်အားရလာပါလိမ့်မယ်ဗျာ။ ဇာတ်လမ်းလေးကို မိတ်ဆက်ပေးရရင်… အိုဝင်ဆက်စကိုင်းဆိုတာ အရမ်းသွက်လက်ပြီး တက်ကြွတဲ့ကလေးငယ်လေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အသက်သုံးနှစ်အရွယ်ရောက်တော့ မိဘတွေအတွက် အိုဝင်ဆိုတာ ပျောက်သွားခဲ့သလိုမျိုး သွက်လက်တက်ကြွပြီး ပျော်ပျော်နေတတ်တဲ့ပုံရိပ် မရှိတော့ပါဘူး။ မပီမသစကားတွေပြော၊ အော်ဟစ်သောင်းကျန်းပြီး အရမ်းရန်လိုတတ်တဲ့ အိုဝင်ကို ကလေးအထူးကုဆရာဝန်နဲ့ စမ်းသပ်စစ်ဆေးကြည့်တော့ “အော်တစ်ဇင်”ဆိုပြီး ခေါင်းစဉ်တပ်ပါသတဲ့။ အဲ့ဒီခုနှစ်များဆီက “အော်တစ်ဇင်”ဆိုတာ ထူးခြားတဲ့ရောဂါဖြစ်ခဲ့ပြီး မိဘတွေအတွက် စိတ်မချဖြစ်စေတဲ့ရောဂါတစ်ခုပါ။ မပီမသစကားတွေပြောလာတဲ့ အိုဝင်က ရုတ်တရက်ကြီး စကားစပြောတဲ့အခါ ဒစ်စနေကာတွန်းထဲက “Just your voice” ဆိုတဲ့စာကြောင်းဖြစ်လာတဲ့အခါမှာတော့… အိုဝင်တစ်ယောက် အော်တစ်ဇင်ရောဂါနဲ့အတူ ငယ်ဘဝကိုဘယ်လိုဖြတ်သန်းခဲ့ရလဲ? အရွယ်ရောက်လူငယ်ဘဝကိုရော ဘယ်လိုကျော်ဖြတ်ရမလဲ? ဒစ်စနေကာတွန်းရုပ်ရှင်ကရော သူ့အတွက် ဘယ်လိုမျိုးတွန်းအားပေးခဲ့သလဲဆိုတာတွေကို အတွေးတစ်စရအောင် သေချာရိုက်ပြထားတာမို့ ကြည့်သင့်တဲ့ရုပ်ရှင်ကားကောင်းလေးပါပဲခင်ဗျာ
...

Undercover Blues (1993) ⭐TMDB: 60.0% User Score 🎬 #Action #Comedy #Crime 🗓 1993 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Genre – Comedy, CrimeIMDB – 6.10 ၉၀ ကာလတွေတုန်းက ရိုက်ကူးထားတဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရမယ့် အက်ရှင်ဟာသဇာတ်မြူးလေး ဖြစ်ပါတယ်။ မင်းသားကြီး Dennis Quaid နဲ့ မင်းသမီးကြီး Kathleen Turner တို့ ဦးဆောင်ထားပြီး ခုချိန်ထိ ဇာတ်ကားကောင်းတွေမှာ ရိုက်ကူးနေဆဲဖြစ်တဲ့ မင်းသမီးကြီး Fiona Shaw ဟာဆို ဗီလိန်နေရာက ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အစိုးရလျှို့ဝှက်အေဂျင်စီ လက်အောက်က အေးဂျင့်တွေ တစ်ဖြစ်လဲ ဘလူးလင်မယားဟာ သမီးလေးမွေးထားလို့ အစိုးရဆီကနေ ခွင့်ယူပြီး နယူးအော်လင်းမှာ သာသာယာယာ အားလပ်ရက်ကို လူမသိသူမသိ ဖြတ်သန်းနေပါတယ်။ အဲဒီမှာ တစ်ရက်ကျတော့ မွေတေဆိုတဲ့ ခါးပိုက်နှိုက် ဓားပြတစ်ယောက်က မစ္စတာဘလူးကို လာလုလို့ ပြန်တိုက်ခိုက်လိုက်ရာကနေ ရဲတွေအနေနဲ့လည်း မျက်စိဆံပင်မွှေးစူးပြီး သာမန်လူမဟုတ်လောက်ဘူးထင်ကာ လိုက်ပြီး အနံ့ခံလျက်ရှိပါတယ်။ တစ်ချိန်တည်းမှာလည်း လူဆိုးမကြီး နိုဗာချက်ဆိုတာက အစိုးရဆီကနေ စီ၂၂ ဆိုတဲ့ နူကလီးယားဒုံးကျည်တွေကို ခိုးယူဖို့ ကြိုးစားတဲ့အခါမှာတော့ ဘလူးမိသားစု တိုင်းပြည်အတွက် တစ်ဖန်ပြန်စွန့်စားခန်းထွက်ဖို့ အချိန်ကျလာပါတော့တယ်။ PG အဆင့်ဇာတ်ကားဆိုတော့ မိသားစုနဲ့အတူတူ ၉၀ ခေတ်ကာလတွေကို အပန်းဖြေ ကြည့်ရှုနိုင်မယ့် ဟာသအက်ရှင်ကားလေးပဲ ဖြစ်ပါတယ်။
...

They Want Me Gone (2022) ⭐IMDB: 5.2/10 (100 Votes) 🎬 #Drama #Horror #Thriller 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ 2022က ထွက်ရှိခဲ့တဲ့ Psychological, Drama ဇာတ်ကားအမျိုးအစားလေးပါ။ ဒီကားထဲမှာတော့ သမီးဖြစ်သူကို ဆင်းဆင်းရဲရဲနဲ့ တစ်ယောက်တည်းပြုစုပျိုးထောင်ရတဲ့ အမေတစ်ယောက်ရဲ့ အခက်အခဲပေါင်းများစွာကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားပါတယ် ဇာတ်လမ်းအညွှန်းကိုပြောပြရရင်တော့ မိုနီကာဟာ ယောကျာ်းဖြစ်သူနဲ့ ကတောက်ကဆဖြစ်ပြီးနောက် သမီးဖြစ်သူကိုခေါ်ခဲ့ကာ ဆင်းဆင်းရဲရဲနဲ့ တစ်ယောက်တည်း ရုန်းကန်ပြီးတော့ သူ့သမီးလေးကို စောင့်ရှောက်နေခဲ့ပါတယ်။ နှစ်များစွာ ရုန်းကန်ပြီးတဲ့နောက်မှာ ခက်ခဲမှုတွေနဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို မတောင့်ခံနိုင်တော့ပဲ မြို့ကထွက်သွားဖို့စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့ အရာရာအကြောင်းကြောင်းကြောင့် ထွက်မသွားနိုင်ခဲ့တဲ့အပြင် သူအရမ်းချစ်ရတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ဝမ်းနည်းဖွယ်ရာအ‌ဖြစ်အပျက်နဲ့ ကြုံတွေ့ရပြီးနောက်မှာတော့ စိတ်ဖိအားတွေနဲ့ မွန်းကြပ်မှုတွေအောက်မှာ ခံနိုင်ရည်မရှိတော့ပဲ သူ့ရဲ့တစ်ခုတည်းတော့ထွက်ပေါက်ဖြစ်တဲ့ မြို့ကထွက်သွားနိုင်ဖို့ကိုပဲ စဉ်းစားနေခဲ့ပြီး ဘယ်သူတွေပဲ လာနှောင့်ယှက်ပါစေ ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ပြီးနောက်မှာတော့… ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုခံစားပေးကြပါဦး။
...