ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
1962 Halloween Massacre (2023) ⭐IMDB: 3.1/10 (99 Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 20 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 1962 မှာဖြစ်ခဲ့တဲ့ ဟောလိုးဝင်းည လူသတ်မှုအကြောင်းကို ရုပ်ရှင်အဖြစ် ပြန်လည်ပုံဖော်ထားတာပါ 1969 မှာ FBI က 1962 ဟောလိုးဝင်းပါတီတစ်ခုက လူ ၇ ယောက်ကိုသတ်ခဲ့တဲ့ လူသတ်သမားရဲ့ မျက်နှာဖုံးကို ရှာတွေ့ခဲ့ပါတယ် မျက်နှာဖုံးနဲ့အတူ အဲဒီလူသတ်မှုဖြစ်စဉ်က ကင်မရာမှတ်တမ်းကိုပါ တွေ့ခဲ့ပေမဲ့ လူသတ်သမားကိုတော့ ဖမ်းမိခဲ့ခြင်းမရှိပါဘူး ဇာတ်လမ်းအကျဉ်းကတော့ သူငယ်ချင်းအုပ်စုတစ်စုက ဟောလိုးဝင်းညတစ်ညမှာ လူသူကင်းမဲ့တဲ့ တောထဲက အိမ်တစ်လုံးကို ခရီးထွက်လာကြပါတယ် မျက်နှာဖုံးဝတ်လူသတ်သမားကို ပါတီကို နောက်ကျမှ ရောက်လာတဲ့ အန်းနက်ရဲ့ကောင်လေးအထင်နဲ့ အိမ်ထဲ ဆွဲသွင်းမိတဲ့နောက် အိပ်မက်ဆိုးသဖွယ်ဖြစ်လာပါတော့တယ် Halloween ရုပ်ရှင်နဲ့ တက္ကဆက် လွှဖြတ်ရုပ်ရှင်တို့လိုမျိုး ရှေးခေတ် အမေရိကန် slasher အငွေ့အသက်ကို ဒီဇာတ်ကားထဲမှာ ခံစားရမှာ ဖြစ်ပါတယ်...
The Group (2022) ⭐IMDB: 4.4/10 (116 Votes) 🎬 #Horror #Thriller #Crime 🗓 2022 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 14 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၀၂၂ ခုနှစ်ထွက် Crime thriller ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ မူးယစ်ဆေးစွဲသူတွေ ဆေးဖြတ်တဲ့ကာလမှာ အထောက်အကူပြုပေးရတဲ့ ပံ့ပိုးရေးအဖွဲ့တစ်ခုအကြောင်း ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ လူခြောက်ယောက်ပါ မူးယစ်ဆေးဖြတ်အထောက်အကူပြုအဖွဲ့တစ်ခုဟာ ပုံမှန်အပတ်စဉ်တွေ့နေကျ တွေ့ဆုံပွဲတစ်ခုလုပ်ပါတယ်။ ပုံမှန်အစီအစဥ်အတိုင်း ဆောင်ရွက်နေစဉ်မှာ အမည်မသိ မျက်နှာစိမ်းလူတစ်ယောက် ရောက်ချလာပြီး ဝင်ဆွေးနွေးပါတယ်။ နောက်ပိုင်းမှာ အဲ့လူဟာ ပုံမှန်စကားပြောနေရာကနေ ခေါင်းဆောင်ဆရာမကိုသေနတ်နဲ့ပစ်ပြီး အကြမ်းဖက်လာရာကနေ သူ့ရဲ့ဘီလူးခေါင်းကွာကျသွားပြီး သရုပ်မှန်ပေါ်လာပါတော့တယ်။ အမှန်တော့သူဟာ ဒီတွေ့ဆုံပွဲကို သဘောရိုးနဲ့မဟုတ်ဘဲ ဒုက္ခပေးဖို့ရောက်လာတဲ့ သေနတ်သမားတစ်ယောက်ပါ။ အဲ့လိုဖြစ်ပေမယ့် သူဘာကြောင့်ဒီလိုလုပ်ရသလဲဆိုတာ ကျန်တဲ့သူတွေက မသိကြသလို အဖြစ်အပျက်ကို နားလည်မလည်နိုင်ဖြစ်နေကြပါတယ်ပါ။ သေနတ်သမားဟာ အဖွဲ့သားတွေကိုဖမ်းချုပ်ပြီး ညွှန်ကြားချက်တွေပေးကာ လိုက်လုပ်ခိုင်းပါတယ်။ အဲ့လိုလုပ်နေရင်းကနေ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေ၊ မမျှော်လင့်ထားတဲ့ အပြောင်းအလဲတွေဖြစ်လာပြီး နောက်ဆုံးမှာ သေနတ်သမားရဲ့မူလဇာစ်မြစ် ဘွားခနဲ ပေါ်လာပါတော့တယ်။ Dylan Baldwin၊ Mike Kelson၊ Tom Coulston၊ Jennifer Aries၊ Evangelina Burton၊ Luke Day Hill၊ Nobuse Junior၊ Alicia Novak တို့ခေါင်းဆောင်ပါဝင်ထားပြီး ဒါရိုက်တာကတော့ William Higo ဖြစ်ပါတယ်။...
Dark Blue (2002) ⭐TMDB: 62.0% User Score 🎬 #Crime #Drama #Thriller #Action 🗓 2002 🎞 movie 🌎 #Germany #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 58 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အယ်ဒွန်ပယ်ရီ နဲ့ ဘော်ဘီကီရယ် တို့ဟာ LAPD အထူးစုံစမ်းရေးတပ်ဖွဲ့က စုံထောက်တွေပါ။ ပယ်ရီဟာ ရဲအလုပ်ကို မျိုးရိုးစဉ်ဆက်အမွေအဖြစ် လုပ်ခဲ့သူဖြစ်ပြီး ဘာမဆို သွေးအေးအေး လက်ရဲ ဇတ်ရဲ ရှိလှပါတယ်။ ဘော်ဘီ ရဲ့ဦးလေး ဂျက်ဟာ ရဲဌာနရဲ့ အကြီးအကဲဖြစ်ပြီး ဒုစရိုက်သမားတွေ နဲ့ လက်တွဲနေသူပါ။ ဘော်ဘီဟာ အထူးစုံစမ်းရေးအဖွဲ့ကို ရောက်ရောက်ချင်းမှာပဲ သံသယရှိသူကို ပစ်ခတ်မှု နဲ့ စစ်ဆေးခြင်းခံရပါတော့တယ်။ တကယ်ပစ်ခတ်ခဲ့သူက ပယ်ရီဖြစ်ပြီး ဂျက် ရဲ့ ခိုင်းစေမှုနဲ့ ဘော်ဘီကို အရှက်မရအောင်လို့ဟု အကြောင်းပြကာ တာဝန်ခံခိုင်းခဲ့ပါတယ်။ ဒါပေမယ့် ဂျက်ရဲ့ စီမံမှုကြောင့်ပဲ ပြစ်ဒဏ်တော့မကျခဲ့ပါဘူး။ ပယ်ရီ လုပ်တာမှန်း သတိထားမိသွားသူက လူမည်းရဲမှူး ဟောလန်းပါ။ သက်သေပြလို့မရတာကြောင့် ဒီတိုင်း ကြည့်နေရပါတယ်။ ဂျက် နဲ့ ဟောလန်း ကြားမှာလည်း အားပြိုင်မှုတွေရှိပြီး တစ်ဦးနဲ့တစ်ဦး မျက်ခြေမပြတ်စောင့်ကြည့်နေကြတာပါ။ အဲဒီလို အခြေအနေမှာပဲ စတိုးဆိုင်ကို ဖောက်ထွင်းဝင်ရောက်ပြီး ရဲဝန်ထမ်း အပါအဝင် လူလေးယောက်အသတ်ခံရမှု ကို စုံစမ်းဖို့ဖြစ်လာပါတော့တယ်။ အဲဒီအမှုကို ဂျက် က ပယ်ရီတို့ နှစ်ယောက်ကို လိုက်ခိုင်းတဲ့အခါ ပယ်ရီက ဘာတွေ တွေ့ရှိသွားမလဲ။ ဂျက် ကရော ဘယ်လိုပါဝင် ပတ်သတ်နေလဲ။ မနူးမနပ် ဘော်ဘီရော ဘယ်လိုသင်ခန်းစားတွေရသွားလဲ ဆိုတာအပြင် ရဲမှူး ဟောလန်း ကရော ပ ယ်ရီရဲ့ ကျူးလွန်မှုတွေကိုဖော်ထုတ် နိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပါ။ ရဲဝန်ထမ်းတွေရဲ့ ဥပဒေကို လက်တစ်လုံးခြားလုပ်ကြပုံတွေ အ ချင်းချင်း ထိုးကျွေးကြတာတွေကို ပြတဲ့ ဖန်တရာတေဇာတ်လမ်းမျိုးဖြစ်ပေမယ့်လည်း ဇာတ်လမ်း ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ လူမျိုးရေးအဓိကရုဏ်းတွေကိုပါ နောက်ခံထားရိုက်ကူးထားတဲ့အတွက် မတူညီတဲ့ခံစားမှုမျိုးရမှာပါ။ 2002 ခုနှစ်ကထွက်ရှိခဲ့ပြီး IMDb rating 6.6 ရထားတဲ့ ဟောင်းပေမယ့် ကောင်းနေဆဲ ဇာတ်ကားလေးပါ။ မင်းသားကြီး Kurt Russell က အယ်ဒွန် ပယ်ရီ နေရာက သရုပ်ဆောင်ထားပြီး သရုပ်ဆောင်ချက်တွေ နဲ့ ဒိုင်ယာလော့တွေက အရမ်းမိုက်ပါတယ်။ အက်ရှင်ကားတွေ၊ ရဲစုံထောက်ဇာတ်လမ်းတွေကို နှစ်သက်သူတွေ မဖြစ်မနေကြည့်ရှုသင့်လို့ တင်ဆက်ပေးလိုက်ပါတယ်။...
A Letter From Mars (2003) ⭐TMDB: 55.0% User Score 🎬 #Drama #Romance 🗓 2003 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 47 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Letter From Mars(2003) **************************ဆိုဟီးဆိုတဲ့ ကလေးမလေးဟာ ဆုံးပါးသွားတဲ့ အဖေကို အင်္ဂါဂြိုလ်သွားတယ် ထင်ပြီး အင်္ဂါဂြိုလ်ကို စာတွေ အမြဲပို့နေခဲ့တယ် …. သူစာတွေ ပို့တိုင်းလည်း သူ့ကို ငယ်ငယ်ကတည်းက ကြိတ်ချစ်ခဲ့ရတဲ့ ဆွန်းဂျယ်က သူ့အဖေအဖြစ် ဟန်ဆောင်ကာ အင်္ဂါဂြိုလ်ပေါ်မှ စာပြန်ပို့သလို ပြန်ရေးပေးလေ့ရှိတယ် … တစ်နေ့မှာ ဆိုဟီးဟာ ဆိုးလ်မြို့ပေါ်က အဒေါ်အိမ်ကို ပြောင်းသွားပြီး အချိန်အတော်ကြာတဲ့အထိ ရွာလေးဆီ ပြန်မလာခဲ့ဘူး ရွာမှာ ကျန်ခဲ့တဲ့ ဆိုဟီးရဲ့ အဘွားကိုလည်း ဆွန်းဂျယ်ကပဲ စောင့်ရှောက်ပေးနေခဲ့တယ်… တစ်နေ့မှာ ဆိုဟီးက ရွာကို ပြန်လာခဲ့ရာ ဆွန်းဂျယ်နဲ့ပြန်လည်ဆုံတွေ့ခဲ့ပါတယ်.. ဒီနောက်မှာတော့ ဆိုဟီးဟာ သူမျှော်လင့်ထားတာနဲ့ တခြားစီဖြစ်နေတဲ့အခါမှာတော့...
22 Bullets (2010) ⭐TMDB: 67.0% User Score 🎬 #Action #Crime #Drama #Thriller 🗓 2010 🎞 movie 🌎 #France ⏰ 1 နာရီ 57 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကတော့ တကယ့်လက်တွေ့ဘဝမှာရှိခဲ့တဲ့ ကျည်ဆံ၂၂တောင့်ထိသော်လည်း အသက်မပျောက်ခဲ့သူ ပြင်သစ်မာဖီးယားဂိုဏ်းခေါင်းဆောင်တစ်ယောက်အကြောင်းကို အခြေပြုပြီးရိုက်ကူးထားတာပါ…။ လက်တွေ့ဘဝမှာဆိုရင် “Jacky Imbert”၊ ရုပ်ရှင်ထဲမှာဆိုရင်တော့ “ချာလီမာတီ”ဆိုသူဟာ ပြင်သစ်ပြည်၊ မာစီလီမြို့မှာ အုပ်စိုးနေတဲ့ ဂိုဏ်းခေါင်းဆောင်တစ်ယောက်ပါ။ တစ်နေ့သူဟာ ကားပါကင်တစ်ခုမှာ ကားရပ်ရင်း ရန်သူတွေရဲ့ ပစ်ခတ်လုပ်ကြံတာခံရပါတယ်။ ခန္ဓာကိုယ်ထဲကို ကျည်ဆံ ၂၂တောင့်ဝင်သွားပေမယ့် ကံကောင်းချင်တော့ အသက်မသေခဲ့ပါဘူး…။ ဒီလိုနဲ့ ဆေးရုံကနေ ဆင်းလာပြီးနောက် သူ့ကိုလုပ်ကြံတဲ့သူတွေဟာ ဘယ်သူတွေမှန်းသိအောင်ရှာကာ တစ်ယောက်ချင်းစီလက်စားချေဖို့ကြံပါတော့တယ်။ မင်းသားကြီး Jean Renoက အဓိကသရုပ်ဆောင်အဖြစ် ပီပီပြင်ပြင်သရုပ်ဆောင်ထားပြီ ရာဇဝတ်ကားတွေ၊ လက်စားချေကားတွေမှကြည့်ချင်သူတွေ အကြိုက်တွေ့မယ့် ကားလေးတစ်ကားလည်းဖြစ်ပါတယ်...
Monolith (2023) ⭐TMDB: 59.0% User Score 🎬 #Horror #Mystery #ScienceFiction #Thriller 🗓 2023 🎞 movie 🌎 #Australia ⏰ 1 နာရီ 35 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါတော့ ပရိသတ်ကြီး ဦးနှောက်ကို အလုပ်ပေးရမယ့် လျှို့ဝှက်ဆန်းကြယ် ရုပ်ရှင်လေး တင်ဆက်ပေးလိုက်ပါတယ် ချမ်းအေးတဲ့ ညနေခင်းလေးနဲ့လည်း လိုက်ဖက်မယ့် Horror အငွေ့အသက်ကိုပါ ခံစားရမှာပါ ဇာတ်လမ်းရဲ့တင်ပြပုံက ဆန်းပါတယ် မင်းသမီးဆိုလို့ Evil Dead ဇာတ်ကားသစ်ထဲက မင်းသမီးတစ်ယောက်ပဲ သရုပ်ဆောင်အနေနဲ့ ပါဝင်ပြီး ကျန်တဲ့ ကာရိုက်တာအားလုံးကို အသံသရုပ်ဆောင်အဖြစ်ပဲ ထည့်သွင်းထားတာဖြစ်ပါတယ် ဒါ့အပြင် ရုပ်ရှင်တစ်ကားလုံးကို တောနက်ထဲက အိမ်တစ်လုံးမှာပဲ ရိုက်ကူးထားပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ခေါင်းမာတဲ့ ဂျာနယ်လစ်မလေးတစ်ယောက်က သတင်းမှားဖော်ပြမှုကြောင့် လူသိရှင်ကြား တောင်းပန်လိုက်ရပြီး စိတ်ပြေလက်ပျောက် မိဘတွေ ခရီးသွားနေတုန်း သူ့မိဘတွေအိမ်မှာ ခဏ ပြောင်းနေပါတယ် ဒီလိုနဲ့ လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်တွေအကြောင်း တင်ဆက်တဲ့ ပေါ့ကတ်စ်(podcast) အစီအစဉ်ကို တစ်ယောက်တည်း ထိုင်လုပ်ရင်း တစ်နေ့ အမည်မသိလူတစ်ယောက်က သူမကို “အနက်ရောင် အတုံးတစ်တုံး” အကြောင်းနဲ့ ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်တစ်ခုကို ထူးထူးခြားခြားပို့လာပါတယ် ဒီကနေတစ်ဆင့် ဂမ္ဘီရဆန်လွန်းတဲ့ ဒီပစ္စည်းအကြောင်းကို တစ်ယောက်ပြီး တစ်ယောက် မေးမြန်းကြည့်ရာကနေ သူမ ကိုယ်တိုင် ခြောက်ခြားစရာတွေ ကြုံတွေ့လာပြီး သူမရဲ့ အတိတ်က ဇာတ်လမ်းတစ်ခုနဲ့ပါ ဆက်စပ်နေတဲ့အခါမှာတော့ … ဇာတ်လမ်းတည်ဆောက်ပုံကောင်းမွန်ပြီး ဇာတ်သိမ်းကိုလည်း ဒွိဟဖြစ်အောင် ဒါရိုက်တာက ချန်ထားခဲ့ပါသေးတယ် ဇာတ်လမ်းပြီးသွားတဲ့အချိန် စိတ်ကြိုက် တွေးတောရတာ ကြိုက်တဲ့လူတွေအတွက်တော့ လက်ဖက်ရည်ဆိုင်မှာ သူများကို ပြန်ညွှန်းလို့ကောင်းမယ့် ဇာတ်လမ်းတစ်ပုဒ်ပါ...
Collision (2013) ⭐IMDB: 5.9/10 (3 k Votes) 🎬 #Action #Romance #Thriller 🗓 2013 🎞 movie 🌎 #France ⏰ 1 နာရီ 42 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ ရုပ်ရှင်လေးကတော့ နာမည်အတိုင်းပဲ ကားမတော်တဆမှုတစ်ခုကနေ အစပြုတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ ။ စကော့ထ်နဲ့ တေလာတို့ ကြင်စဦးဇနီးမောင်နှံဟာ မော်ရိုကို နိုင်ငံကို ဟန်းနီးမွန်းထွက်လာရင်း သဲကန္တာရထဲမှာ ကားမတော်တဆဖြစ်ခဲ့ပါတယ် ။ ဒီလိုကနေ ကားမတော်တဆဖြစ်ပြီး ကန္တာရထဲမှာ သောင်တင်နေခဲ့ရတာတော့ သူတို့လင်မယားနှစ်ယောက်တည်း မဟုတ်ပါဘူး ။ သူတို့ကားကို အသည်းအသန် ကပ်လိုက်လာတဲ့ ထရားဗစ် ၊ မီးလောင်နေတဲ့ကားထဲက အော်ဒရေ ၊ ပေတိပေစုတ်ပုံစံနဲ့ လူထူးဆန်း အိုမာ ၊ ဆိုင်ကယ်ပျက်ပြီး ကန္တာရထဲမှာ သောင်တင်သွားရတယ်ဆိုတဲ့ ဆလာ တို့နဲ့အတူ သူတို့လင်မယားဟာ ကန္တာရထဲက ထွက်ရဖို့ ကြိုးစားပါ တော့တယ် ။ နောက်ကြောင်းမသိတာမို့ အချင်းချင်းမယုံကြတဲ့ သူတို့တွေဟာ ဘယ်လို စခန်းသွားကြမလဲ ။ ကန္တာရထဲကနေရော ဘယ်သူတွေက ထွက်သွားနိုင်ကြမှာလဲ ။ သေချာတာတော့ အဲဒီလူငါးယောက်ရဲ့ နောက်ကွယ်မှာ ဆက်နွယ်မှုတွေ ရှိနေတယ်ဆိုတာပါပဲ ။ ဒါ့အပြင် ဂွကျကျနဲ့ ဆရာလုပ်တတ်တဲ့ လူထူးဆန်း အိုမာဆီမှာ စိန်ရိုင်းတုံးတွေလည်း ရှိနေတယ်ဆိုတာကို သိလိုက်ရတဲ့အခါ… အိုမာဟာ ဘယ်လိုလူလဲ ။ စိန်တုံးတွေက ဘယ်သူ့ဆီရောက်သွားမလဲ ။ စကော့ထ်နဲ့ တေလာတို့ လင်မယားကရော ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ဆိုတာကို collision ရုပ်ရှင်မှာ ကြည့်ရှုခံစားလိုက်ရအောင်နော်...
Peace in the Valley (2022) ⭐IMDB: 6.7/10 (65 Votes) 🎬 #Drama 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အက်ရှလေနဲ့ ဂျွန်တို့ဟာ သားလေးဖြစ်သူ ဂျက်ဆီနဲ့အတူနေကြပြီး ပျော်ရွှင်တဲ့မိသားစုလေးပါ။ တစ်နေ့မှာ မိသားစုလိုက် ဈေးဝယ်သွားကြရင်း ကုန်တိုက်ကို ဓားပြတိုက်တာနဲ့တိုးသွားခဲ့ပြီး ခင်ပွန်းဖြစ်သူ ဂျွန်တစ်ယောက်လည်း ေ-သနတ်မှန်ကာ ဆုံးပါးသွားခဲ့ပါတယ်။ ကုန်တိုက်မှာရှိနေတဲ့လူတွေကို ကယ်တင်နိုင်ခဲ့လို့ လူစွမ်းကောင်းတစ်ယောက်အနေနဲ့ သတ်မှတ်ခဲ့ကြပေမဲ့ ကျန်ရစ်ခဲ့တဲ့ ဇနီးသည် အက်ရှလေနဲ့ သားဖြစ်သူ ဂျက်ဆီတို့ဖြတ်ကျော်ရတဲ့နေ့ရက်တွေကတော့ မလွယ်ကူခဲ့ပါဘူး။ ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီးနောက်ပိုင်း အက်ရှလေတစ်ယောက် သားလေး ဂျက်ဆီကို ဘယ်လိုဆက်ပျိုးထောင်သွားမလဲ၊ သူကိုယ်တိုင်ရော ရှေ့ဆက်နိုင်ပါ့မလား၊ ရှင်ကျန်သူတို့ရဲ့ အပြစ်စိတ်ကိုရော ဘယ်လို ကျော်လွှားဖို့ ကြိုးစားရမလဲဆိုတာကို ဆက်လက် ခံစားကြည့်ရှုလိုက်ကြပါဦးဗျ။...
Enaku Endey Kidaiyaathu (2023) ⭐IMDB: 9.1/10 (119 Votes) 🎬 #Action #Bollywood #Mystery #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 43 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Enaku Endey Kidaiyaathu (သို့) အငမ်းမတော်တစ်ခွက် IMDb-9.1/10 တစ်ပတ်လုံးပင်ပန်းထားတဲ့သောကြာညအတွက် အပန်းဖြေဖို့အသင့်တော်ဆုံးဖြစ်မယ့်suspenseနဲ့comedyကို အချိုးကျရောစပ်ထားတဲ့ ဟာသကားလေးတစ်ကားကို စီအမ်ချစ်ပရိသတ်တို့အတွက်တင်ဆက်ပေးလိုက်ပါပြီ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီရုပ်ရှင်လေးကလည်း သောကြာညမှာ သပွတ်အူလိုက်သွားတဲ့ ကြောင်ခံတွင်းပျက်တက္ကစီသမားတစ်ယောက်အကြောင်းပေါ့။ တစ်ပတ်လုံးတက္ကစီဆွဲထားရတဲ့ ကားဆရာကြီး ဆေကာတစ်ယောက်ယမကာလုလင်တို့ထုံးစံအတိုင်း တစ်ပတ်တာအမောကို အရက်ဝိုင်းလေးနဲ့ ဖြေဖျောက်ဖို့ကြံတာပေါ့။ ဒီလိုနဲ့ နောက်ဆုံးခရီးသည်ကိုပို့ပြီးရင် သူငယ်ချင်းနဲ့အတူ အမှောက်ကစ်မယ်ဆိုတဲ့မိုတီနဲ့ သွားအကြိုမှာတော့ခရီးသည်ဟာ ဘားကနေထွက်လာတဲ့ ဂုဏ်သရေရှိအမျိုးသမီးတစ်ယောက်ပုံနဲ့ လှလှပပဝတ်စားထားပေမဲ့မျက်နှာမသာမယာဖြစ်နေတဲ့ မဒမ်တစ်ယောက်ဖြစ်နေပါသတဲ့။ အချိန်မတော်ကြီး မျက်ဝန်းမှာမျက်ရည်စတွေတွဲခိုလို့ထွက်လာတဲ့ မဒမ်ကိုကရုဏာသက်မိသွားတဲ့ဆေကာလည်းစိတ်ပြေလက်ပျောက်ဖြစ်အောင် ထွေရာလေးပါးစကားတွေဖောင်ဖွဲ့ပြောပေးရင်းအထီးကျန်နေတဲ့မဒမ်လေးတစ်ယောက် စကားပြောကောင်းတဲ့ ကားဆရာကြီးနဲ့မသိမသာခင်မင်သွားကြတော့တာပေါ့။ ဒီလိုနဲ့ မဒမ်ရဲ့အိမ်မှာ ချပေးခဲ့တာကို မဒမ်ကအရက်သောက်မှာနဲ့တူတူ သူငယ်ချင်းနဲ့မသောက်ဘဲသူနဲ့သောက်ဖို့ ရှယ်ပလန်နဲ့ဆွယ်ပါတော့တယ်။ အစကတော့ ဆေကာလည်းစည်းကမ်းဘာညာအကြောင်းပြပြီးမူနေပေမဲ့ မဒမ်အချောလေးကလည်း အဆွယ်ကကောင်းအိမ်ကြီးအိမ်ကောင်းကြီးမှာ အရက်အကောင်းစားတွေလည်းရှိနေမှာဆိုတော့အာဂပါးစပ် လူဖြစ်ကျိုးနပ်အောင် မဒမ့်အိမ်ကိုလိုက်ဝင်သွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ လောဘဇောရယ်လို့ဖြစ်လာရင် အရှိန်သတ်ရခက်တဲ့ လူ့သဘာဝအရ ဆေကာလည်း အစကတော့အရက်သောက်ဖို့ပဲသွားတာပေမဲ့ အိမ်အကြီးကြီးထဲမှာ မိန်းမချောလေးနဲ့ နှစ်ယောက်တည်းရှိနေတဲ့အပြင်ဒီလောက်ခမ်းနားတဲ့အိမ်ကြီးရဲ့ရတနာတွေနဲ့အတူ အထီးကျန်နေတဲ့ အိမ်ကြီးရှင်သခင်မကိုပါဖြည့်ဆည်းပေးချင်၊ အပိုင်သိမ်းချင်တဲ့စိတ်ရိုင်းတွေဝင်လာချိန်မှာတော့….. (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ BpL ~ Yunni ~ ToMo ~ Alexတို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Ghosts (2021- ) ⭐IMDB: 7.9/10 (27 k Votes) 🎬 #Comedy #Fantasy 🗓 2021- 🎞 tv series 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 21 မိနစ် 45 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ghosts Season 1 (2021) +2 (2022) + 3 (2024) IMDb 7.3ဒီတစ်ခါတော့ ခြောက်လိုက်ရအောင်ပါ CM ပရိသတ်ကြီးတို့2021 Oct တုန်းကမှ ပူပူနွေးနွေး ထွက်ရှိထားပြီးနာမည်တူ British series ကနေ adaptation ယူထားတဲ့sit-com ကောင်းကောင်းလေးပါပဲ။ အရမ်းကို ရယ်ရပါတယ်။တစ်ခါက ဝိဉာဏ် ၉ ကောင် ရှိသဗျာ။ထပ်ပြီး အကျယ်ရှင်းရရင် ဘ၀မကူးနိုင်ဘဲ ကျိန်စာသင့်နေတဲ့ခေတ်အလီလီက အတွေးအခေါ်အမျိုးမျိုးနဲ့အိမ်ဟောင်းကြီးတစ်ခုမှာ နေထိုင်တဲ့ ဝိဉာဉ် ၉ ကောင်ပါ။ဒီအိမ်ကြီးမှာ အိမ်ရှင်အသစ်တွေသာ ပြောင်းသွားမယ်သူတို့ကတော့ မပြောင်းလဲပေါ့။တစ်နေ့ ဒီအိမ်ကြီးရဲ့ အမွေစားအမွေခံဖြစ်သူဂျာနယ်လစ် ဆမန်သာနဲ့ သူ့ ယောက်ျားဖြစ်သူ စားဖိုမှူး ဂျေးတို့လင်မယား ရောက်ရှိပါတယ် …ဒါကို အလိုမရှိတဲ့ ဝိဉာဉ် ၉ ကောင်ဟာ နည်းအမျိုးမျိုးနဲ့သရဲကျင့် သရဲကြံတွေ ကြံပြီး နှင်ထုတ်ဖို့ ကြိုးစားကြတော့မှာပဲ ဖြစ်ပါတယ်အဲဒီလို ကြိုးစားရင်းနဲ့ အိမ်ရှင်စုံတွဲနဲ့ ဘော်ဒါတွေ ဖြစ်သွားပြီးအပြန်အလှန် သောက်တလွဲတွေ ကူညီကြတာကို တခွီးခွီးနဲ့ ကြည့်ရမှာပါပဲ။ရယ်စရာဟာသတွေ အပြည့်နဲ့ အပန်းပြေစေနိုင်မယ့် ကားတစ်ကားပါပဲ...
Together 99 (2023) ⭐IMDB: 6.2/10 (645 Votes) 🎬 #Comedy #Drama 🗓 2023 🎞 movie 🌎 #Sweden #Denmark ⏰ 1 နာရီ 55 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးမှာတော့ ယိုရန်နှင့် ကလာ့ဆီအပါအဝင် သူတို့သူငယ်ချင်းအုပ်စုဟာ ၁၉၇၅ မှာ “အတူတကွ” ဆိုတဲ့ အနုပညာအဖွဲ့အစည်းတစ်ခုကို တည်ထောင်ခဲ့ပြီး စိတ်တူကိုယ်တူ ကြိုးစားရုန်းကန်ခဲ့ကြပေမယ့် အရွယ်တစ်ခုရောက်လာတဲ့နောက်ပိုင်းမှာ ကျန်တဲ့အဖွဲ့ဝင်တွေက ကိုယ့်အလုပ်လမ်းကြောင်းနဲ့ကိုယ်ဖြစ်သွားတဲ့အတွက် ခွဲခွာခဲ့ကြရပြီး “အတူတကွ” အဖွဲ့မှာလည်း ယိုရန်နှင့် ကလာ့ဆီ နှစ်ယောက်ပဲ ကျန်ရှိပါတော့တယ်။ ဒီလိုနဲ့ ၁၉၉၉ မှာမှ ယိုရန့်မွေးနေ့ကို အကြောင်းပြုပြီး အချိန်အကြာကြီးကွဲကွာနေခဲ့ကြတဲ့ သူငယ်ချင်းတွေ ပြန်လည်ဆုံတွေ့ကြပုံတွေ၊ ငယ်ကျိုးငယ်နာတွေ၊ အမှတ်တရတွေကို တသီတတန်း စကားတွေဖောင်ဖွဲ့ပြောကြရင်းက ပြန်လည် အမှတ်ရလွမ်းဆွတ်ပုံတွေကို ဆွတ်ပျံ့အားကျဖွယ်ရာ ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကတော့ ၂၀၀၀ ခုနှစ်က မူရင်းဇာတ်ကားကို သရုပ်ဆောင်အသစ်တွေနဲ့ ၂၀၂၃ မှာ ပြန်လည်ရိုက်ကူးထားခြင်းဖြစ်ပြီး အမာခံကြည့်ရှုသူပရိတ်သတ်တွေကတော့ မူရင်းဇာတ်ကားကို ပိုသဘောကျကြောင်း အငြင်းပွားကြတာတွေ ရှိခဲ့ပေမယ့် တော်တော်လေး ကြည့်လို့ကောင်းတဲ့ ဇာတ်ကားဖြစ်ပြီး သူငယ်ချင်းမိတ်ဆွေသံယောဇဉ်ကို ကောင်းစွာ ဖော်ကျူးထားတဲ့အတွက် ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်။...
Story Ave (2023) ⭐IMDB: 6.1/10 (345 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kadir ဆိုတဲ့ လူငယ်လေးက OTL လို့ခေါ်တဲ့ ဂရပ်ဖီတီတွေ လိုက်ရေးတဲ့ လူငယ် street gang တစ်ခုထဲကအဖွဲ့ဝင် အရမ်းဖြစ်ချင်နေသူပါ။ Kadir မှာ မသန်စွမ်း ညီလေး တစ်ယောက်ရှိပေမယ့် အဲ့ဒီညီလေးက Kadir ရဲ့ စောင့်ရှောက်မှု အောက်မှာ ဆုံးသွားခဲ့ရတဲ့အတွက် သူ့ကိုယ်သူ အမြဲ အပြစ်ရှိနေသလို ခံစားနေရပါတယ်။ တစ်နေ့မှာသူတို့အဖွဲ့ရဲ့ ဂိုဏ်းချုပ်ကြီး Skemes ဆိုသူဆီ သွားပြီး အဖွဲ့ဝင်အဖြစ် လက်ခံပေးဖို့ ပြောပေမယ့် ဟိုကသူ့ကို တာဝန် ပေးအပ်လိုက်ပါတယ်။ ဘာလဲဆိုတော့ သေနတ်နဲ့ချိန်ပြီး ဓားပြတိုက်ရမှာပါ။ အဲ့ဒီက ရတဲ့ငွေနဲ့ ဂရပ်ဖီတီ ဆွဲဖို့ ဆေးဘူးတွေ ဝယ်ရမယ် လို့ပြောခဲ့ပါတယ်။ ဒါနဲ့ အတွေ့အကြုံမရှိတဲ့ Kadir တစ်ယောက် Luis ဆိုတဲ့ လူအိုကြီး တစ်ယောက်ကို ဓားပြတိုက်ခဲ့ပေမယ့် သဘောကောင်းတဲ့ Luisက Kadir ကို ပိုက်ဆံကြည်ကြည်ဖြူဖြူ ပေးတဲ့အပြင် ညစာပါ လိုက်ကျွေးခဲ့ပါသေးတယ်။ ဒီလိုနဲ့ သူတို့ရဲ့ ခင်မင်မှု စတင်ခဲ့ပါတယ်။ Good Will Hunting နဲ့ ရသချင်း နည်းနည်းဆင်သလိုပါပဲ။ လူငယ်လေးကို လူအိုကြီးက လမ်းကောင်းကို လျှောက်နိုင်ဖို့ လမ်းပြညွှန်ကြားပေးတဲ့ ကားမျိုးလေးဖြစ်ပါတယ်။...
My Love from Another Star (2013-2014) ⭐IMDB: 8.2/10 (16 k Votes) 🎬 #Comedy #Drama #SciFi #Fantasy #Romance 🗓 2013-2014 🎞 Series 🌎 #SouthKorea ⏰ 58 မိနစ် 17 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 My Love From Another Star (Completed) CM က Korea ပရိတ်သတ်တွေအတွက် My Love From Another Star ဆိုတဲ့Drama ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ် ..2013 က ထွက်ရှိခဲ့ပြီး ပြသခဲ့တုန်းက ကိုရီးယားမှာရော ကမ္ဘာတစ်ဝန်းရော..အတော်လေးအောင်မြင်ခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်မင်းသားချော Kim Soo-Hyun က ဒိုမင်းဂျွန်ဇာတ်ကောင်ကနေသရုပ်ဆောင်ပြီးမင်းသမီးချော Jun Ji-hyun က ချောင်းဆုန်းရီ နေရာကနေ သရုပ်ဆောင်ကြပြီးတော့သူတို့ရဲ့ လိုက်ဖက်ညီစွာသရုပ်ဆောင်မှု ဇာတ်လမ်းရဲ့ပေါ့ပါးကောင်းမွန်မှု..ဟာသလေးတွေလည်းရောနှောထည့်ထားမှု…ရိုမန့်တစ် ဆန်တဲ့ဇာတ်လမ်းအဖွဲ့လေးတွေကြောင့်လည်း အောင်မြင်တာမဆန်းပါဘူးဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့..ဒိုမင်းဂျွန်က ကြယ်တွေကနေလာခဲ့တဲ့ ဂြိုလ်သားတစ်ဦးဖြစ်ပြီးတော့ ဂျိုဆွန်းခေတ်မှာ ကမ္ဘာမြေပေါ်ကိုရောက်ရှိလာပါတယ်..ဒါပေမယ့်လည်းမတော်တဆ တခုကြောင့်မိမိနေထိုင်ရာ ကြယ်ကို မပြန်နိုင်တော့ပဲ..ကမ္ဘာမြေပေါ်မှာ နှစ်ပေါင်း ၄၀၀ ကျော်သောင်တင်နေခဲ့ရတယ်ခေတ်အဆက်ဆက်ဖြတ်သန်းမှုတွေကြားထဲမှာ..လူသားတွေနဲ့မတူတဲ့ စွမ်းအင်တွေကိုလည်းပိုင်ဆိုင်ထားတဲ့ဒိုမင်းဂျွန်တစ်ယောက် ကမ္ဘာမြေမှာ လူတွေရဲ့အကျင့်စရိုက်..ကောက်ကျစ်မှု..စိတ်နေစိတ်ထားတွေကိုလေ့လာနေခဲ့ပြီး..သိုသိပ်စွာ နှစ် ၄၀၀ လုံးနေထိုင်ပါတယ်..နောက်ဆုံး ပြန်ခွင့်ရတော့မယ့် အချိန် ၃ လလေးအတွင်းမှာနိုင်ငံကျော် ရုပ်ရှင်မင်းသမီး ချောင်းဆုန်းရီ နဲ့တွေ့ဆုံပြီး..အလွဲလေးတွေကအစပြု..နောက်ပိုင်းဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာ ဆက်လက်ခံစားကြည့်ပါဦး...
Blue Star (2024) ⭐IMDB: 7.5/10 (514 Votes) 🎬 #Bollywood #Comedy #Drama #Sport 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 46 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Blue Star (2024)“ရန်ဘက်” IMDb 7.6 ရထားပြီး အိန္ဒိယရဲ့ အထင်ကရ အားကစား ခရစ်ကတ်အကြောင်း ရိုက်ထားတဲ့တမီးလ် ဟာသ အားကစားရုပ်ရှင်လေး တင်ဆက်ပေးလိုက်ပါတယ် ဒီကားက ခရစ်ကတ်ကားဆိုပေမဲ့ ချုံကြားကနေ ဘုံဖျားရောက် နိုင်ငံဟီးရိုးကြီးဖြစ်လက်ရွေးစင် ပြိုင်ပွဲဝင်သလိုမျိုး မိုတီဗေးရှင်းဇာတ်လမ်းမျိုးတော့ မဟုတ်ဘူးဗျ ၁၉၉၀ ကာလကို နောက်ခံထားပြီး အာရတ်ကိုနမ် နယ်မြို့လေးက ဇာတ်မတူတဲ့ အုပ်စုနှစ်စုရဲ့ နှစ်ကာလကြာရှည်တဲ့ ပြိုင်ဆိုင်မှုကို အဓိက တင်ဆက်ထားပါတယ် အဲဒီကာလက သူတို့နိုင်ငံမှာ လူငယ်တွေက ခရစ်ကတ်ကြည့်ဖို့အတွက် တီဗီအင်တာနာကိုမရမက ချိန်ပြီး အားပေးကြတယ် ခရစ်ယာန်ဘုရားကျောင်းမှာ ဝတ်ပြုနေရင်းတန်းလန်းနဲ့လည်းတစ်ဖက်နဲ့တစ်ဖက် ယှဥ်ပြိုင်ကစားဖို့ လစ်ထွက်ကြတယ်မိဘတွေကလည်း သူတို့သားသမီး ခရစ်ကတ် ဝါသနာပါတာကို မကြိုက်ကြဘူးပေါ့ တချိန်က Blue Star နဲ့ Alpha ဆိုပြီး အဖွဲ့နှစ်ဖွဲ့ ခရစ်ကတ်ကစားရာကနေ အငြင်းအခုန်တွေဖြစ်ပြီးရန်သတ်ကြတာ သူတို့မြို့က ကစားကွင်းမှာ နှစ်ဖွဲ့လုံးယှဥ်ပြိုင်ခွင့် အပိတ်ခံခဲ့ရတယ် လက်ရှိမျက်မှောက်မှာ ရန်ဂျစ်နဲ့ ရာဂျက်ဆိုပြီး အသင်းကိုယ်စီက ကပ္ပတိန်နှစ်ယောက်က တစ်ချိန်ကလိုမျိုးနောက်တစ်ခေါက် အကြီးအကျယ် ပြိုင်ဆိုင်ရဖို့ စောင့်နေကြတာပေါ့ ဒီလိုကနေ ပြိုင်ပွဲ ပြန်ဖြစ်လာတဲ့အခါမှာ ဝရုန်းသုန်းကားဖြစ်ကြပုံတွေကို ဟာသနှောပြီးရိုက်ကူးထားတဲ့ ပေါ့ပေါ့ပါးပါး ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပါ ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Daddy Daughter Trip (2022) ⭐IMDB: 4.9/10 (432 Votes) 🎬 #Comedy #Family 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လယ်ရီက တီထွင်ဉာဏ်ရင့်သန်သူဖြစ်ပြီး ဟိုစပ်စပ် ဒီစပ်စပ် အကုန်လုပ်တတ်ပေမဲ့ သူ့ရဲ့ တီထွင်မှုတွေက ကြီးကြီးမားမား ဖြစ်မလာသေးသူပါ။ သူ့ရဲ့သမီးငယ်လေး ၈ နှစ်အရွယ် မယ်ရာကတော့ ပုံဆွဲရာမှာ ထူးချွန်လှသူဖြစ်ပြီး လယ်ရီပြောပြတဲ့ပုံပြင်လေးတွေကို ပုံလေးတွေဆွဲပြီး ကြီးလာရင် ကာတွန်းရေးဆရာမ လုပ်မယ်ဆိုတဲ့ စိတ်ကူးအိပ်မက်ရှိသူလေးဖြစ်ပါတယ်။ ဒီလိုနဲ့ မယ်ရာ့ရဲ့နွေဦးကျောင်းပိတ်ရက်မှာ တခြားကလေးတွေလို ကျောင်းပိတ်ရက်ခရီးထွက်ချင်ပေမဲ့ အလုပ်မရှိဘဲ အချိန်ပိုင်းတွေသာလုပ်နေရတဲ့ လယ်ရီက ခရီးပို့ပေးမယ်လို့ အရင်နှစ်က ပေးခဲ့တဲ့ သူ့ရဲ့ကတိကို တည်အောင်ကြိုးစားရပါတော့တယ်။ လယ်ရီ တစ်ယောက် အစီအစဉ်မရှိဘဲ မယ်ရာ့ကို ခြေဦးတည့်ရာခေါ်သွားရင်း ဟိုဟိုဒီဒီလုပ်ပေးဖို့ ကြိုးစားခဲ့ပေမဲ့ အကြိမ်ကြိမ် အလွဲလွဲအချော်ချော်တွေဖြစ်ခဲ့ပြီး နောက်ဆုံးမှာတော့ ကံကြမ္မာက သူ့အတွက် မျက်နှာသာပေးတဲ့အနေနဲ့ ခရီးသွားဘလော့ဂါ လင်မယားနှစ်ယောက်နဲ့ အမှတ်မထင် တွေ့ဆုံခဲ့ရာမှာတော့… သူတို့ကြား ပြဿနာတွေနဲ့ လွဲချော်မှုလေးတွေကို Comedy/Animation အဖြစ် ဟာသဆန်ဆန် ရိုက်ကူးထားတာမို့ ပေါ့ပေါ့ပါးပါးနဲ့ မိသားစုနဲ့အတူ ကြည့်နိုင်မဲ့ ဇာတ်ကားလေးမို့ ခံစားကြည့်လိုက်ကြပါဦးနော်။ (ဒီဇာတ်ကားရဲ့ အညွန်းနဲ့ဘာသာပြန်ကတော့ Emily ပါ။)...
An Affair: My Wife's Friend 2 (2019) ⭐TMDB: 0.0% User Score 🎬 #Adult #Drama 🗓 2019 🎞 movie 🌎 # ⏰ 1 နာရီ 21 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ************************************** အကိတ်အလန်းတွေ နှစ်ပင်လိမ် ၃ ပင်လိမ်အခန်းအလန်းတွေကြည့်ရမှာဖြစ်ပါတယ်… အိမ်နဲ့ကုမ္ပဏီက ဝေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့လုပ်ငန်းခွင်က အထက်လူကြီးရဲ့အိမ်မှာ နေဖိုဖြစ်လာခဲ့တဲ့ဟျွန်းဆူဟယ်ဂျင်းမှာ အိမ်ထောင်ရှိပြီးတော့ လုပ်ဖော်ကိုင်ဖက်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဟျွန်းဆူနဲ့ ဖောက်ပြန်နေတာပဲဖြစ်ပါတယ်ဟယ်ဂျင်းရဲ့သူငယ်ချင်းဖြစ်သူကလည်း အလုပ်ထွက်ခဲ့ပြီး ဟယ်ဂျင်းအိမ်မှာ လာနေဖို ဆုံးဖြတ်လိုက်တဲ့အခါ ဇနီးမောင်နှံနှစ်ယောက်၊ သူငယ်ချင်းဖြစ်သူ၊ လုပ်ဖော်ကိုင်ဖက်ကြားက လေးပွင့်ဆိုင်ဆက်ဆံရေးက ဘယ်လိုတွေဆက်ဖြစ်လာကြမလဲ...
Craig Before the Creek (2023) ⭐IMDB: 7.7/10 (150 Votes) 🎬 #Adventure #Animation #Comedy #Family #TVMovie #Fantasy 🗓 2023 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2018ထွက် Craig of the Creek ဆိုတဲ့ American Cartoon Seriesက Season 5ခုထွက်ခဲ့ပြီး လူကြိုက်များတဲ့ Comedy seriesတစ်ခုဖြစ်ပါတယ်။ အဲဒီ seriesကိုမှ movie versionအနေနဲ့ “Craig before the Creek 2023 movie” သက်သက် ထွက်ရှိခဲ့ပါတယ်။ ကလေးကြိုက်ကာတွန်းသီးသန့်မဟုတ်ပဲ လူကြီးတွေပါအကြိုက် ရယ်ရပြီးကြည့်လို့ကောင်းတဲ့ကာတွန်းပါနော် ဇာတ်လမ်းအကျဉ်း ခရက်ဆိုတဲ့ ၁၀နှစ်သားကောင်လေးက မိသားစုနဲ့အတူ အိမ်ပြောင်းကျောင်းပြောင်းခဲ့ရလို့ စိတ်ဖိစီးနေတယ်။ အိမ်အသစ်က အရင်အိမ်လောက်မပြည့်စုံ.. သူငယ်ချင်းဖွဲ့ရတာလည်းမလွယ်တော့ အပြောင်းအလဲကိုလက်မခံနိုင်ဖြစ်နေတဲ့ခရက်က တစ်နေ့ အိမ်အသစ်မှာပဲ မြေပုံတစ်ခုကိုရှာတွေ့သွားတယ်။ အဲဒီမြေပုံကတော့ ကလေးတွေအတွက် လိုရာဆုကိုတောင်းလို့ရတဲ့ပစ္စည်းရှိတဲ့ တည်နေရာရဲ့မြေပုံပါ။ ခရက်ရဲ့ဆုတောင်းကတော့ အရင်အိမ်မှာပြန်နေရဖို့ပါပဲ။ ဒါပေမဲ့ အဲဒီပစ္စည်းက ပင်လယ်ဓားပြကလေးတွေလို့ခေါ်တဲ့ ခိုးဆိုးလုယက်ကလေးအဆိုးတွေကျက်စားတဲ့ ချောင်းတက်မှာရှိနေတဲ့အခါ...
My Name Is Loh Kiwan (2024) ⭐IMDB: 9.0/10 (38 Votes) 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 13 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 My Name is Loh Kiwan (2024) အခုတစ်ခေါက် တင်ဆက်ပေးမယ့်မူဗီလေးကတော့ Song Joong Ki ရဲ့ အသစ်ထွက်ရှိတဲ့“My Name is Loh Kiwan” ဆိုတဲ့ကားပဲဖြစ်ပါတယ် ဂျွန်ဂီ့ရဲ့ကားတိုင်းဟာ နှစ်ခါမေးစရာမလိုအောင် အနှစ်တွေချည်းပဲဖြစ်တာမို့ဒီကားလေးကလည်း သေချာပေါက်ကြည့်ရမယ့်ကားလေးပါရီုဂီဝမ်ဆိုတဲ့ ကောင်လေးဟာ မြောက်ကိုရီးယားပြည်ပြေးတစ်ယောက်ဖြစ်ပြီးတစ်နေ့မှာတော့ မထင်မှတ်ထားတဲ့ အဖြစ်အပျက်ဆိုးကြီးဟာ ဂီဝမ်တို့ သားအမိဆီကို ကျရောက်လာစေခဲ့ပါတယ်မြောက်ကိုရီးယားကနေ သူနဲ့ စိမ်းသက်လှတဲ့ ပတ်ဝန်းကျင်ဖြစ်တဲ့ ဘယ်ဂျီယံကိုခက်ခက်ခဲခဲ ပြည်ပြေးလာပြီး နေသားကျဖို့ ခက်ခက်ခဲခဲ ကြိုးစားနေတုန်းမှာတစ်ချိန်က ကိုရီးယားလူမျိုးဖြစ်ခဲ့ပြီး လက်ရှိမှာတော့ ဘယ်ဂျီယံနိုင်ငံသားခံယူထားတဲ့မာရီလို့ခေါ်တဲ့ သေနတ်ပစ်သမားဖြစ်ခဲ့ဖူးတဲ့ မိန်းကလေးတစ်ယောက်နဲ့ဆုံစည်းဖို့ဖြစ်လာပါတော့တယ် ဒုက္ခပေါင်းများစွာနဲ့ သူတို့နှစ်ယောက်ကို ဘယ်လိုအရာတွေက ဆုံစည်းစေမှာလဲသူတို့တွေရော အဆင်ပြေတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ခွင့်ရလာမှာလားမြောက်ကိုရီးယားဆိုတဲ့နိုင်ငံကနေ ဒုက္ခဆင်းရဲပေါင်းများစွာနဲ့ဘယ်ဂျီယံကို တစ်ဘဝလုံးရင်းပြီးလာခဲ့တဲ့ ဂီဝမ်ဆိုတဲ့ လူငယ်လေးတစ်ယောက်ဘာဆိုဘာမှမရှိတဲ့ သုညဆိုတဲ့ဘဝကနေ ဘယ်လို ရုန်းကန်ရှင်သန်မလဲဆိုတာကိုရင်တထိတ်ထိတ်နဲ့ ကြည့်ရှုနိုင်အောင် ရသပြောင်မြောက်စွာ အပိုအလိုမရှိတဲ့သရုပ်ဆောင်ချက်တွေနဲ့ရိုက်ကူးထားတာမို့ ဆက်ဆက်ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါရစေရှင် အညွှန်းကိုတော့Shin Shinက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့Shin, Cali, Mary, Char Ouပဲ ဖြစ်ပါတယ်။...
Brothers in Heaven (2017) ⭐IMDB: 6.4/10 (35 Votes) 🎬 #Action #Crime 🗓 2017 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 55 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Brothers in Heaven(2017) ***********************ဒီတစ်ခါတော့ Perfect Marriage Revenge ထဲက ဆောဒိုဂု (Sung Hoon)ရဲ့ ဇာတ်ကားဟောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ထယ်ဂျူနဲ့ ထယ်ဆောင်းတို့ဟာ အမြွှာညီအစ်ကိုတွေဆိုပေမဲ့ စရိုက်ကတော့ မိုးနဲ့မြေလို ကွာခြားကြပါတယ်။ ဒုစရိုက်သမားဖြစ်ဖို့ ကံပါလာတဲ့ ထယ်ဆောင်းနဲ့ထက်မြက်တဲ့ စုံထောက်ဖြစ်လာသူ ထယ်ဂျူတို့ဟာ ကွဲကွာပြီး နှစ်နှစ်ဆယ်အကြာမှာ ပြန်လည်ဆုံတွေ့ဖို့ဖြစ်လာပေမဲ့ ကောင်းသော တွေ့ဆုံခြင်း မဟုတ်ခဲ့ပါဘူး။ လျှောက်လမ်းတဲ့ လမ်းကြောင်းချင်း မတူညီတဲ့ ညီအစ်ကို နှစ်ယောက်ဟာ အကြောင်းကိစ္စတစ်ခုကြောင့် ထိပ်တိုက်ဆုံတွေ့ဖို့ ဖြစ်လာတဲ့အချိန်မှာ ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Brothers in Heaven ဇာတ်ကားထဲမှာ ကြည့်ရှူခံစားနိုင်ပါပြီ။...
Cold Copy (2023) ⭐IMDB: 5.7/10 (217 Votes) 🎬 #Thriller #Drama 🗓 2023 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ထွက်ထားတာမကြာသေးတဲ့ အမေရိကန်လျှို့ဝှက်သည်းဖို ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးပါရစေ။ ရုပ်ရှင်ကြည့်ပရိသတ်တို့ မျက်နှာမစိမ်းလောက်တဲ့ Wonder(2017), Room(2015)ရုပ်ရှင်တွေထဲက ကလေးသရုပ်ဆောင် ဂျေကော့ဘ်တောင် ဒီထဲမှာ ဆယ်ကျော်သက်ကောင်လေး အီဂေါ်အဖြစ်ပါဝင်ထားပါတယ်။ မီယာဆိုတာ အသက်ရှစ်နှစ်အရွယ်ကတည်းက အောင်မြင်တဲ့ဂျာနယ်လစ်တစ်ယောက်ဖြစ်ဖို့ အိပ်မက်ရှိတဲ့သူ။ အိပ်မက်အတိုင်းလည်း တစိုက်မက်မက်ကြိုးစားနေတဲ့သူ။ သူ့သင်တန်းဆရာမကတော့ TNRရုပ်သံလိုင်းရဲ့ နာမည်ကျော်အစီအစဉ်မှူး ဒိုင်ယန်း။ ဒိုင်ယန်းက တပည့်ဖြစ်သူတွေကို TNRရုပ်သံလိုင်းမှာလွှင့်ပေးမယ်ဆိုတဲ့ စကားနဲ့ ကျောင်းသူတွေကို ထူးခြားတဲ့ဇာတ်လမ်းတစ်ပုဒ်ရှာခိုင်းခဲ့ပါတယ်။ ဒီမှာပဲ ဖုံးကွယ်ထားတဲ့ ကြေကွဲဖွယ်ဇာတ်လမ်းတွေနဲ့ ဂျစ်ကန်ကန်ဆယ်ကျော်သက်လေး အီဂေါ်ရဲ့ဇာတ်လမ်းကို မီယာတစ်ယောက် တွေ့ခဲ့ပါတယ်။ ပန်းတိုင်ကိုရောက်ဖို့ ဘာမဆိုချနင်းရမယ်ဆိုတဲ့ ဒိုင်ယန်းနဲ့ ဖြစ်ချင်တဲ့အိပ်မက်နောက်ကို တကောက်ကောက် လိုက်နေတဲ့ မီယာတို့ ဒီဇာတ်လမ်းနဲ့ပတ်သက်ပြီး ယှဉ်ပြိုင်ကြရတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)...
