uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Medal (2023) ⭐IMDB: 8.3/10 (789 Votes) 🎬 #Action #Bollywood #Crime 🗓 2023 🎞 movie 📺 #720p #1080p 💿 1.1 GB ⦿ 2.5 GB 🌎 #India ⏰ 2 နာရီ 20 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Medal 2023IMDb – 8.4/10 ဒီတစ်ခါမှာတော့ အက်ရှင်ကားကောင်းတွေကြိုက်ကြတဲ့ CMရဲ့ ပရိသတ်ကြီးအတွက် rating 8.4 နီးပါးရထားပြီးဇာတ်လမ်းအပြောင်းအလဲနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အက်ရှင်ကားတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းရဲ့အစမှာဆိုရင် ပန်ဂျဘ်ပြည်နယ်တွေရဲတွေကရဲအင်အားအများကြီးသုံးပြီး ဂိုဏ်းစတား‌တစ်ယောက်ကို ဖမ်းဖို့ကြိုးစားကြတဲ့မြင်ကွင်းနဲ့ အစပြုထားပါတယ်။ဖမ်းဖို့ဒီ‌လောက်ထိ ရဲတွေကကြိုးစားရတဲ့ ဂိုဏ်းစတားကတော့ ပန်ဂျဘ်ပြည်နယ်တစ်ခုလုံးကဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ ဂိုဏ်းစတားတစ်ယောက်ဖြစ်နေလို့ပါပဲ။ဒီဂိုဏ်းစတားဆိုတဲ့သူဟာ ဂိုဏ်းစတားမဖြစ်ခင် အပြေးအားကစားမှာ အရမ်း‌တော်‌ပြီးရွာကနေမြို့ကို ကျောင်းလာတက်တဲ့ ကျောင်းသားလေးတစ်ယောက်ပါ။ငယ်ငယ်က မတော်တဆမှုတစ်ခုကြောင့် အကြားအာရုံချွတ်ယွင်းနေတဲ့သူလည်းဖြစ်ပါတယ်။ |သူ့ဘဝရဲ့ တစ်ခုတည်းသော အိပ်မက်ကအပြေးပြိုင်ပွဲကနေ ရွှေတံဆိပ်ဆုရချင်တာပါတဲ့… အဲဒီလို အပြေးချန်ပီယံဖြစ်အောင် ကြိုးစား‌နေတဲ့ ရိုးရိုးရှင်းရှင်းအားကစားလေးဘဝကနေ ပြည်နယ်တစ်ခုလုံးက ကြောက်ရတဲ့ဂိုဏ်းစတားတစ်ယောက်ဘယ်လိုဖြစ်လာရတာလဲဆိုတာကို CMပရိသတ်ကြီးက စိတ်ဝင်တစား ကြည့်ရှုရမှာပါ။ ဇာတ်ကောင်စရိုက် အလှည့်အပြောင်းပါတဲ့ ကားတွေကို ကြိုက်တတ်တဲ့ ပရိသတ်တွေအတွက်ဒီအက်ရှင်ကားက လုံးဝပျင်းစေမဲ့ ဇာတ်ကားမျိုးမဟုတ်ဘူးဆိုတာပြောပြရင်း ကြည့်ရှုခံစားပေးကြပါဦးလို့ … (အညွှန်းနဲ့ဘာသာပြန်ကတော့ YH~Cherry~Zwe~Moon~Yunni တို့ပဲဖြစ်ပါတယ်။)...

Only (2019) ⭐IMDB: 5.1/10 (4 k Votes) 🎬 #Drama #Romance #ScienceFiction #Action #SciFi #Thriller 🗓 2019 🎞 movie 📺 #720p #1080p 💿 570.3 MB ⦿ 1.3 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကျွန်တော်တို့ ကိုဗစ်ကာလကို ပြန်တွေးကြည့်ကြရအောင် တစ်နေရာရာကို သွားမယ်ဆို Mask တွေတပ်ကြ၊ တစ်ခုခုကိုင်ပြီးရင် လက်ကို HandGel နဲ့ အရေလန်မတတ်ပွတ်ကြ၊ ပြင်ပက ပစ္စည်းတစ်ခုခု ရောက်လာရင် ပိုးသတ်ဆေးနဲ့ တရှူးရှူး ဖြန်းကြနဲ့။ တစ်နေ့တစ်နေ့ တဝီဝီမြည်နေတဲ့ ဆေးရုံကားသံတွေ၊ ဘယ်သူတော့ ဆုံးသွားပြီ ဆိုတဲ့ သတင်းတွေကြားထဲမှာ အိမ်မှာ ကိုယ့်ဟာကိုယ် ပြန်အကျဉ်းချထားရတာလည်း အသက်ရှင်မဝစရာ၊ ရူးချင်စရာပေါ့၊၊ ဒီကားထဲက ဗိုင်းရပ်(စ်)ကတော့ အဲ့ထက်ဆိုးတယ်၊၊ အဲ့ထက်လည်း ရက်စက်ပြင်းထန်တယ်၊၊ ကမ္ဘာပေါ်ကို ကြယ်တံခွန်တစ်ခုဖြတ်သန်းအပြီးမှာ ဘ ာမှန်းမသိတဲ့ မြူမှုံတွေဟာ ကမ္ဘာ့လေထုကိုဖုန်းလွှမ်းသွားတယ်၊၊ အဲ့ဒီ မြူမှုံတွေထဲမှာ HNV 21 လို့ခေါ်တဲ့ ဗိုင်းရပ်(စ်)တစ်မျိုးပါပြီး အဲ့ဒီဗိုင်းရပ်(စ်)ဟာ အမျိုးသမီးတွေကို ဦးတည်ထိခိုက်စေတယ်၊၊ ဘယ်လောက်ပြင်းထန်လဲဆို ပိုးကူးခံရတဲ့ အမျိုးသမီးဟာ (၄)ရက်အထိ အသက်ရှင်နိုင်ရင် ကံကောင်းတယ်လို့ ဆိုရတဲ့အထိပဲ၊၊ ဒါပေမယ့် ဒီဗိုင်းရပ်(စ်)ဟာ အမျိုးသားတွေကိုတော့ ကြီးမားတဲ့ အန္တရာယ်မပေးနိုင်ဘူး၊၊ ဒီလိုနဲ့ ဗိုင်းရပ်(စ်)လက်ချက်နဲ့ ကမ္ဘာပေါ်က အမျိုးသမီးတွေ နေ့စဉ် သန်းနဲ့ချီသေဆုံးပြီး မျိုးသုဉ်း လုဖြစ်ကုန်တယ်၊၊ မိန်းမဆိုတာ ဘယ်လိုမျိုးလဲလို့ မေးယူရတဲ့အထိ ဖြစ်ကုန်တယ်၊၊ အစိုးရတွေအနေနဲ့လူဦးရေပြန်လည်တိုးပွါးရေးအတွက် အမျိုးသမီးတွေကို ဖမ်းပြီး စမ်းသပ်ရတဲ့အထိ ဖြစ်လာတယ်၊၊ အမျိုးသမီးတစ်ဦးကို ဖမ်းမိရင် ဒေါ်လာနှစ်သန်းအထိ ထုတ်ထားတာကြောင့် အမျိုးသမီးတွေကို အသဲအသန်လိုက်ရှာကြတဲ့ အမျိုးသမီးမုဆိုးတွေလည်း ပေါ်လာကြတယ်၊၊ အဲ့ဒီရိုက်ခတ်မှုတွေကို တစ်ကမ္ဘာလုံးက စုံတွဲတွေနည်းတူ ဝီ(လ်)နဲ့ အေဗာဆိုတဲ့ စုံတွဲလေးတစ်တွဲကလည်း ခံရတယ်၊၊ ကမ္ဘာပျက်ကိန်းစကတည်းက သတိကြီးတဲ့ ဝီ(လ်)ဟာ အေဗာကို ရောဂါပိုး အန္တရာယ်၊အစိုးရရဲ့ စမ်းသပ်မှုတွေ အန္တရာယ်၊ လူသားမုဆိုးတွေအန္တရာယ်ကနေ ဖွက်ထားပြီး ကာကွယ်ပေးခဲ့တယ်၊၊ ဒါပေမယ့် နှစ်တွေချီကြာလာတဲ့ အခါမှာ အေဗာတစ်ယောက် မွန်းကြပ်လာတယ်၊၊ ဝီ(လ်)အနေနဲ့လည်း ရောဂါပိုး carrier ဖြစ်နေတာကြောင့် အေဗာနဲ့ ဝီ(လ်)ဟာ တစ်အိမ်ထဲ နေရပေမယ့် စည်းတွေခြားနေကြတယ်၊၊ ဒီစုံတွဲလေး ဒီလိုအခက်အခဲတွေကို ကျော်ဖြတ်နိုင်ပါ့လား၊သူတို့ ဆက်ဆံရေးဟာ လေးလံတဲ့ဝန်ထုပ်ဝန်ပိုးတွေနဲ့ ဘယ်လိုခရီးဆက်ကြမလဲစတာတွေကို ဒီဇာတ်ကားမှာ past apocalyptic romance အနေနဲ့ ခံစားတွေ့ရှိရမှာဖြစ်ပါတယ်၊၊...

The Appleton Ladies' Potato Race (2023) ⭐IMDB: 7.8/10 (32 Votes) 🎬 #Comedy #Drama 🗓 2023 🎞 movie 📺 #720p #1080p 💿 817.5 MB ⦿ 1.9 GB 🌎 #Australia ⏰ 1 နာရီ 36 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီကားလေးကတော့အဓိကအားဖြင့် အခုခေတ်မှာအမြဲမြင်တွေ့နေရတဲ့ Gender Equality ဆိုတဲ့ကျားမမခွဲခြားပဲတန်းတူဆက်ဆံခြင်း အကြောင်းကို အဓိကထားရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒါကိုသဘောမကျတဲ့ သူတွေလဲ ဒီဇတ်ကားလေးကိုကြည့်ပြီးတွေးစရာအတွေးလေးတွေကျန်ခဲ့မယ် လို့ထင်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့ ပန်နီဆိုတဲ့ဆရာဝန်မလေးတစ်ယောက်ကသူလက်ရှိနေထိုင်နေတဲ့ဆစ်ဒနီမြို့ ကြီးကိုထားခဲ့ပြီးတော့ သူ့မိသားစုရှိရာနယ်မြို့လေးဖြစ်တဲ့ အက်ပဲလ်တန်ကို ပြန်လာခဲ့ပါတော့တယ်။သူပြန်လာပြီးသိပ်မကြာခင်မှာပဲသူတို့ရဲ့အက်ပဲလ်တန်မြို့ မှာ နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့အာလူးထမ်းအပြေးပြိုင်ပွဲလဲကျင်းပတော့မှာပဲ ဖြစ်ပါတယ်။ဒါပေမယ့်တစ်ခုပြဿနာရှိတာကအဲ့ဒီအပြေးပြိုင်ပွဲမှာယောက်ျား တွေပြိုင်ပွဲမှာရတဲ့ဆုကြေးကဒေါ်လာနှစ်ထောင်ဖြစ်ပြီးအမျိုးသမီးတွေရတဲ့ ဆုကြေးကတော့ ဒေါ်လာနှစ်ရာပဲဖြစ်နေတာဖြစ်ပါတယ်။အဲ့ဒီကိစ္စကိုပန်နီရဲ့ညီမ ဖြစ်သူ ဆယ်နှစ်ဆက်တိုက်အာလူးထမ်းအပြေးပြိုင်ပွဲချန်ပီယံဖြစ်ထားတဲ့ နစ်ကီအပြင်မြို့ကတခြားလူတွေကလဲဘာမှမပြောကြပေမဲ့မြို့ကြီးပြကြီးမှာ နေလာတဲ့ပန်နီတစ်ယောက်အတွက်ဒါကစိတ်ခုစရာဖြစ်နေပါတော့တယ်။ ဒီလိုနဲ့အမျိုးသားဆုကြေးနဲ့အမျိုးသမီးဆုကြေးတန်းတူရဖို့အတွက်ပန်နီ တစ်ယောက်တည်းအများနဲ့တစ်ယောက်တိုက်ခိုက်ရင်းကြိုးစားခဲ့ပြီးနောက်မှာ ဘယ်လိုဇာတ်သိမ်းမျိုးနဲ့ကြုံတွေ့ရမလဲဆိုတာကို စိတ်ဝင်စားစွာနဲ့ ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။...

The Legion (2020) ⭐IMDB: 3.2/10 (1 k Votes) 🎬 #Action #Adventure #History 🗓 2020 🎞 movie 📺 #720p #1080p 💿 722.8 MB ⦿ 1.5 GB 🌎 #Spain #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ပဉ္စမမြောက် ရောမဧကရာဇ် နီရိုကလောဒီးယပ်စ်ဆီဆာ အုပ်ချုပ်နေတဲ့ကာလ အေဒီ၆၂မှာ ရောမအင်ပါယာနယ်နမိတ်ထဲကို ပါသီယမ်တွေ ကျူးကျော်ဝင်ရောက်လာပါတယ်။ ဒီအတွက် နီရိုဧကရာဇ်က တပ်နှစ်တပ်ကိုစေလွှတ်ခဲ့ပါတယ်။ ဗိုလ်ချုပ်ပေးတဒ်စ်ဦးဆောင်တဲ့ တပ်မကြီးဟာ အာမေးနီးယားရဲ့နှင်းတောင်တွေအလယ်မှာ တပ်စခန်းချတယ်။ ဗိုလ်ချုပ်ကူဘူလိုရဲ့ တပ်ကတော့ နီရိုဧကရာဇ်ရဲ့အမိန့်အရ ဆီးရီးယားဘက်မှာ အစောင့်တပ်အနေနဲ့နေပြီး ဗိုလ်ချုပ်ပေးတဒ်စ် စစ်ကူတောင်းချိန်ကို စောင့်စားနေရတယ်။ ဒီအချိန်မှာ ဗိုလ်ချုပ်ပေးဒ်စ်တို့တပ်စခန်းက နှင်းတောင်တွေအလယ်မှာ ပါသီယမ်တွေရဲ့ ဝိုင်းရံထားခံရပြီး ရိက္ခာလမ်းကြောင်းတွေလည်း ဖြတ်တောက်ခံထားရတယ်။ ဗိုလ်ချုပ်ကူဘူလိုဆီ စစ်ကူတောင်းဖို့ သတင်းပို့သမားတွေ စေလွှတ်ခဲ့ပေမယ့်လည်း လမ်းမှာ ပါသီယမ်သတ်ဖြတ်တာခံရပြီး စစ်ကူတောင်းဖို့ သတင်းစကားမပေးပို့နိုင်ဘူး ဖြစ်ပါတယ်။ ပြင်းထန်တဲ့ဆောင်းရာသီလည်း ရောက်တော့မယ့်အချိန်၊ ရိက္ခာလည်း ပြတ်တောက်တော့မယ်အချိန်မှာ တပ်တစ်ခုလုံးက စစ်သည်ပေါင်းထောင်ချီရဲ့အသက်တွေ၊ ဒီတပ်တစ်ခုလုံးရဲ့ကံကြမ္မာဟာ နော်ရန်နို ဆိုတဲ့ တပ်သားလေးတစ်ယောက်ရဲ့လက်ထဲကျရောက်သွားပါတယ်။ နော်ရန်နိုဟာ စစ်ကူတောင်းခံမယ့် သတင်းစကားကို အာမေးနီးယားကနေ ဆီးရီးယားက ဗိုလ်ချုပ်ကူဘူလိုဆီ ပေးပို့ရမှာဖြစ်ပါတယ်။ ပါသီယမ်တပ်သားတွေကလည်း အသည်းအသန်လိုက်သတ်နေပြီး နှင်းတောင်အထပ်ထပ်၊ တောထဲအထပ်ထပ်၊တောင်အထပ်ထပ် ခက်ခဲကြမ်းတမ်းတဲ့ ဒီခရီးလမ်းမှာ နော်ရန်နိုဟာ ဘယ်လိုကြိုးစားသွားမလဲ၊ဘယ်လိုအခက်အခဲတွေ တွေ့ဦးမလဲ၊ သူ့ရဲ့တာဝန်ကို ကျေပွန်အောင်အမှုထမ်းနိုင်ပါ့မလား။ ဆက်လက်ကြည့်ရှုကြပါဦး။ ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။...

Los Habitantes (2023) ⭐IMDB: 5.6/10 (165 Votes) 🎬 #Horror #Thriller 🗓 2023 🎞 movie 📺 #720p #1080p 💿 501.0 MB ⦿ 1.0 GB 🌎 #Mexico ⏰ 1 နာရီ 35 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကားမတော်တဆမှုဖြစ်ပြီးတဲ့နောက် ငါးနှစ်ကြာအတိတ်မေ့နေတဲ့ အမ်မလီယာနိုဟာ သူ့မိသားစုနဲ့အတူ မွန်တူရေးကို ပြောင်းရွှေ့လာခဲ့ပါတယ် အိမ်အသစ်ကိုရောက်ရောက်ချင်း အမ်မလီယာနိုတစ်ယောက် ဆက်တိုက်ခြောက်လှန့်ခြင်း ခံရတဲ့အခါ အိမ်ရဲ့ အကြောင်းကိုသေချာစုံစမ်းကြည့်တဲ့ပါတော့တယ် အိမ်အကြောင်းကိုစုံစမ်းရင်းကနေ ဘယ်လိုအကြောင်းတွေသိလာရမလည်းဆိုတာကတော့ စိတ်ဝင်တစားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်...

Eo-lin hyeong-soo 2 (2017) ⭐IMDB: 5.5/10 (34 Votes) 🎬 #Adult #Drama #Romance 🗓 2017 🎞 movie 📺 #720p #1080p 💿 736.7 MB ⦿ 1.3 GB 🌎 #SouthKorea ⏰ 1 နာရီ 24 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 My Sister’s Friend 2(2017) ************************ ကားနာမည်အတိုင်းပါပဲ…အစ်မရဲ့ ဘော်ဒါ မမကိုမှကြွေမိသွားတဲ့ ကောင်ဆိုးလေးတစ်ယောက်ရဲ့  အချစ်ဇာတ်လမ်းပေါ့….. ကွီးယား ၁၈+ ဖြစ်သည့်အတိုင်းမမချောချောကြီးတွေနဲ့ အလန်းစားအခန်းတွေမို့ထွေထူးမညွှန်းတော့ပါဘူး…...

League of Gods: Zhou Destruction (2023) ⭐TMDB: 60.0% User Score 🎬 #Action #Fantasy 🗓 2023 🎞 Movie 📺 #720p #1080p 💿 676.2 MB ⦿ 1.2 GB 🌎 #China ⏰ 1 နာရီ 32 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ယခုတစ်ခေါက် CM က တရုတ်ဒဏ္ဍာရီဇာတ်လမ်းလေးတစ်ပုဒ်ကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- နွီဝါးမယ်တော်နှင့် နတ်အပေါင်းတို့က နတ်ပိတ်အစီအစဉ်ကို စတင်ပြီး ရှန်းခေတ်အုပ်ချုပ်ရေးကို ပြင်ဆင်ရန် စီစဉ်နေပါတယ်။အမြီး ၉ ချောင်းမြေခွေးကို မိန်းမလှလေး သာကျီကိုယ်ထဲဝင်ပူးစေပြီး ဘုရင်ကို မြူဆွယ်စေပါတယ်။ ကျို့ဝမ်တိရှင်းဟာ နတ်အမိန့်တော်ကို မနာခံပဲ ကောင်းကင်ကိုဆန့်ကျင်ဖို့ကြိုးစားပြီး ကျိုင်ရှင်းလုံကို ဆောက်ပြီး ကောင်းကင်တက်ပြီးတော့နတ်ကို ဆန့်ကျင်ဖို့ လုပ်နေပါတယ်။ ခက်ခဲလှတဲ့ နေ့ရက်တွေမှာကျို့ဝမ်ဟာ တဖြည်းဖြည်းနဲ့ သာကျီအပေါ် မေတ္တာနက်နဲလာခဲ့ပြီးရှန်းကုန်းပေါက်ရဲ့ ကုန်းချောမှုတွေကို နားယောင်ပြီး သစ္စာရှိအမတ်တွေကို သတ်ဖြတ်ခဲ့တယ်။ ပီကန်းလည်း နှလုံးသားကို ထုတ်ပေးပြီး သစ္စာရှိကြောင်းထုတ်ဖော်ပြသခဲ့ပါတယ်။ရှုပ်ထွေးမှုတွေကြားမှာ ပြည်သူတွေဒုက္ခတွင်းနက်ခဲ့ပါတယ်။ကျန်းကျီယာဟာ အရပ် ၄ မျက်နှာက မြို့စားမင်းတွေနဲ့ ပူးပေါင်းပြီးကျောင်းကောကို စစ်ထွက်ခဲ့ပါတယ်။ကျို့ဝမ်နှင့် မြေခွေးမိစ္ဆာသာကျီတို့ အတူတကွ ကံကြမ္မာကို ဆန့်ကျင်ခဲ့ပါတယ်။ လူသား၊ နတ်နှင့် မိစ္ဆာ လောက ၃ ပါးတို့ ပါဝင်နေတဲ့ စစ်ပွဲကြီးမှာဘယ်သူကအမှန် ဘယ်သူကအမှား ဘယ်သူကနိုင်ပြီးဘယ်သူက ရှုံးမလဲဆိုတာကို ရုပ်ရှင်ထဲမှာပဲ အဖြေရှာလိုက်ရအောင်နော်။...

Summer Ghost (2021) ⭐IMDB: 7.3/10 (1 k Votes) 🎬 #Animation #Drama #Mystery #Fantasy #Short 🗓 2021 🎞 movie 📺 #720p #1080p 💿 214.2 MB ⦿ 515.0 MB 🌎 #Japan ⏰ 40 မိနစ် 14 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Summer Ghost (2021)Genre – Animation, DramaIMDB – 7.3/10 နွေရာသီကို ရောက်ခဲ့ပြီဆိုရင် လူတွေပြောဆိုနေကြတာ ဆံပင်အရှည်နဲ့ သရဲမလေးတစ်ယောက်ကို တွေ့ရတတ်တယ်တဲ့… သူက မီးရှူးပန်းဖောက်မှ ကိုယ်ထင် ပြတတ်တာတဲ့… ဘယ်သိမလဲ ဒဏ္ဍာရီတစ်ခုပေါ့နော်…။ ဝါသနာပါတာကို လုပ်ခွင့်မရပဲ အာရှမိဘတွေ ထုံးစံအတိုင်း စာကိုပဲ အသည်းအသန် ဖိလုပ်ခိုင်းလို့ ဖိအားပေါင်းစုံဝင်ပြီး စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ ကောင်လေး တိုမိုယာ။ ဆိုးဝါးတဲ့ အခြေအနေကြီးတစ်ခုကြောင့် ဝါသနာပါတာတွေကို စွန့်လွှတ်လိုက်ရပြီး လောကကြီးကို စိတ်ပျက်နေတဲ့ ယိုရ်။ ကျောင်းမှာ သူများတွေက အနိုင်ဝိုင်းကျင့်လို့ သတ်သေချင်တဲ့ထိ စိတ်ပျက်ပြီး စိတ်ဓာတ်ကျနေတဲ့ အအိုရီ။ ဒီ ဆယ်ကျော်သက်လေး ၃ ယောက်ဟာ အကြောင်းတစ်ခု ဆက်စပ်မိပြီး ဒီ နွေရာသီမှာ ပေါ်လာတတ်တဲ့ သရဲမလေးကို လိုက်ရှာဖို့ အကြောင်းဖန်လာကြတော့တယ်။ အဲဒီမှာ ဒီ သရဲမလေးကို တွေ့ပါ့မလား… ကိုယ်စီ အခက်အခဲတွေကိုရော ဘယ်လို ကျော်လွှားနိုင်ကြမလဲ… သရဲမလေးရဲ့ နောက်ကြောင်းဖြစ်ရပ်မှန်ကရော ဘာဖြစ်မလဲ စသဖြင့် ဂျပန် Anime ထုံးစံအတိုင်း ရှုခင်းလှလှလေးတွေနဲ့ ဇာတ်လမ်းကောင်းကောင်းလေးနဲ့ ဒရမ်မာကောင်းကောင်းလေးကို ကြည့်ရှုခံစားရမှာပါ။ Your Name တို့ Weathering With You တို့လိုမျိုး ဇာတ်အိမ်ဆန်းပြီး ကောင်းကောင်းကြည့်ချင်ကြရင် ဒီ Anime ကားလေးက ခင်ဗျားတို့အတွက်ပါပဲ သူက Run Time မိနစ် ၄၀ ပဲ ရှိလို့ ကြည့်လို့တောင် အားမရ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းလေးကပေးချင်တဲ့ စိတ်ဓာတ်ခွန်အားလေးလည်း ရကြမယ်လို့ မျှော်လင့်ရင်း တင်ဆက်ပေးလိုက်ရပါတယ် ခံစားပေးကြပါဦး။...

Sneaky Links (2023) ⭐IMDB: 3.5/10 (54 Votes) 🎬 #Drama 🗓 2023 🎞 movie 📺 #720p #1080p 💿 727.9 MB ⦿ 1.6 GB 🌎 #UnitedStates ⏰ 1 နာရီ 39 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sneaky Links (2023)=============== တန်မီဆိုတဲ့ အမျိုးသမီးဟာ အောင်မြင်တဲ့ ဆိုရှယ်မီဒီယာ Influencerတစ်ယောက်ဖြစ်ပြီး ဂျေဝဲလ်လို့ ခေါ်တဲ့ အိမ်ခြံမြေပွဲစား ချစ်သူကောင်းကိုလည်း ပိုင်ဆိုင်ထားပြီး ဘဝကြီးက သာယာနေပါတယ်။ ဒါပေမဲ့ တန်မီဟာ သူ့ချစ်သူနဲ့တင် တင်းတိမ်နိုင်တဲ့မိန်းမတစ်ယောက် မဟုတ်ခဲ့ပါဘူး။တစ်ခြားယောက်ျားပေါင်းများစွာနဲ့ လူသူမသိအောင် သွားသွားပြီး သာယာတတ်လေ့ရှိပါတယ်။ အဲဒီမှာတင် လုပ်ငန်းပြိုင်ဖက်ကောင်မလေးမီဂန်ဆိုတာ ပေါ်လာပြီး သူ့ အလုပ်တွေကို လုနိုင်တဲ့အဆင့်ထိ ရောက်လာပါတယ်။ တစ်ဖက်ကလည်း သူငယ်ချင်းဖြစ်သူက ဒီလိုဖောက်ပြန်နေတာကို သတိထားဖို့ ပြောပေမဲ့လည်း ဆက်ကျူးလွန်တဲ့အခါမှာတော့….။ စကားလုံးရိုင်းရိုင်းတချို့နဲ့ အိပ်ရာပေါ်က အခန်းတချို့ပါတာမို့ မိသားစုနဲ့အတူကြည့်ရှုဖို့မသင့်တော်တာကို သတိပြုစေလိုပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thura Aung မှဖြစ်ပါတယ်)...

The Three Musketeers: D'Artagnan (2023) ⭐IMDB: 6.9/10 (8 k Votes) 🎬 #Action #Adventure #History #Drama 🗓 2023 🎞 movie 📺 #720p #1080p 💿 677.0 MB ⦿ 1.5 GB 🌎 #Belgium #France #Germany #Spain ⏰ 2 နာရီ 2 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Three Musketeers: D’Artagnan (2023) ~ IMDb – 6.9/10, Rotten Tomatoes – 96% ~ ကျွန်တော်တို့အဘိုးတွေ အဖေတွေခေတ်ကတည်းက ရွှေဥဒေါင်းလက်ရာနဲ့ လူတိုင်းနီးပါးရင်းနှီးခဲ့တဲ့ အလက်ဇန္ဒြားဒူးမားရဲ့ The Three Musketeers ကို ခေတ်အဆက်ဆက် ရုပ်ရှင်အနေနဲ့ အသက်သွင်းခဲ့ကြပြီးပါပြီ။ သိသလောက်ဆို ဒီရုပ်ရှင်တွေက ဝေဖန်ရေးဆရာတွေအမြင်အရ မအောင်မြင်ခဲ့တာတွေက ပိုများတယ်။ ဆန်းတော့လည်းမဆန်းပါဘူး။ အလက်ဇန္ဒြားဒူးမားစာအုပ်တွေကို ရွှေဥဒေါင်းဘာသာပြန်ထားတဲ့ ရတနာသိုက်တို့၊ ကိုယ်ရံတော်တို့၊ သူရဲကောင်းသုံးယောက်တို့ ဖတ်ကြည့်ရုံနဲ့တင် ဒူးမားအနေနဲ့ ဇာတ်ကြွအောင် ပုံဖော်တာပိုင်နိုင်ပုံကို မြင်နိုင်တယ်။ ဒီလိုဇာတ်ကို ပြန်အသက်သွင်းတာကို ဝေဖန်ရေးဆရာတွေ အရမ်းအကြိုက်မတွေ့ခဲ့ကြတာတော့ ဖြစ်သင့်တဲ့ကိစ္စပါပဲ။ ဒီတစ်ခါရုပ်ရှင်ကတော့ ရှေ့ကားတွေထက် ဝေဖန်ရေးဆရာတွေရဲ့ မျက်နှာသာပေးပိုခံရတယ်လို့ ပြောရပါမယ်။ ခရမ်းချဉ်သီး ၉၆လုံး ရထားပါတယ်။ ဟိုးရှေးခေတ်ကတည်းကနေ ခုထိ ရိုက်ခဲ့သမျှတွေထဲ ခရမ်းချဉ်သီးအမြင့်ဆုံးပါပဲ။ သရုပ်ဆောင်တွေကိုလည်း ကားကောင်းတွေရိုက်တာများတဲ့ Vincent Cassel, François Civil, Eva Green, Louis Garrel တို့လို လူတွေကို သုံးပေးထားပါတယ်။ ဇာတ်လမ်းကတော့ ဒူးမားရဲ့ ဇာတ်လမ်းအတိုင်းကိုမှ အနည်းအကျဥ်း အပြောင်းအလဲလေးတော့ရှိတာပေါ့ဗျာ။ ဇာတ်ကားနဲ့ ပတ်သက်ပြီး ယေဘုယျဝေဖန်ချက်တွေကတော့ အဖက်ဖက်မှာ အကောင်းတွေများပြီး ဇာတ်လမ်းပြန်ယူထားတဲ့နေရာမှာတော့ သဘောမကျတဲ့သူတွေရှိပါတယ်။ ဒါပေမဲ့ စာအုပ်က ကောင်းနေတော့ အသစ်ထပ်ပြောင်းတာကို လက်မခံကြတဲ့သူတွေက မကျေမနပ်ဖြစ်ကြတာလည်းဖြစ်နိုင်ပါတယ်။ အက်ရှင်ခန်းတွေလည်း မဆိုးသလို ဟာသလေးလည်းနှောပြီးပြတယ်။ ဇာတ်လမ်းက အရမ်းကြီးလေးမနေသလို စုံထောက်ဇာတ်လမ်းလည်းဆန်တယ်။ Eva Green က Milady နေရာက သရုပ်ဆောင်ထားတာကတော့ အပိုဆုလေးပေါ့။ သူ အဲဒီနေရာက သရုပ်ဆောင်ထားတာက ဇာတ်ကားကို နောက်တစ်ဆင့်မြှင့်ပေးလိုက်သလိုပါပဲ။ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ပြဿနာတက်တဲ့တစ်ချက်က ဘာသာရေးစစ်ပွဲတွေဖြစ်နေတဲ့အချိန် ၁၇ ရာစုလောက်က ဇာတ်ကောင် ပေါသိုး ကို Bi လား Gay လား လုပ်ထားတာတစ်ခုတော့ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကြည့်လို့ကောင်းတဲ့ ဇာတ်ကားဖြစ်ပြီးတော့ ပထမပိုင်းပဲရှိပါသေးတယ်။ နောက်တစ်ပိုင်းကို မျှော်နေတဲ့သူတွေလည်း အများကြီးပါပဲ။ အဲဒီထဲမှာ ခင်ဗျားပါမလားဆိုတာကတော့ ကြည့်ပြီး ဆုံးဖြတ်ပေါ့ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)...

Wet Dream: Prostitute Woman (2020) ⭐TMDB: 70.0% User Score 🎬 #Adult #Romance 🗓 2020 🎞 Movie 📺 #1080p #720p 💿 757.6 MB ⦿ 2.0 GB 🌎 #SouthKorea ⏰ 1 နာရီ 30 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 *************************************မချစ်သင့်တဲ့သူကိုသွားချစ်မိပေမဲ့လည်း အချစ်အတွက်ဘာမဆို အကုန်လုပ်ဖို့ ကောင်မလေးတစ်ယောက်က ကြိုးစားပါတော့တယ်.. ကွီးယား ၁၈+ တို့ထုံးစံအတိုင်း ပွင့်လင်းမြင်သာတဲ့အခန်းများစွာနဲ့ ခပ်လှလှ မမတွေလည်းပါဝင်တာမို့ မိသားစုနဲ့အတူမကြည့်သင့်ပါကြောင်း…....

Hunt Club (2022) ⭐IMDB: 3.3/10 (362 Votes) 🎬 #Action #Thriller 🗓 2022 🎞 movie 📺 #1080p #720p 💿 837.5 MB ⦿ 1.6 GB 🌎 #UnitedStates ⏰ 1 နာရီ 29 မိနစ် 2 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Hunt Club (2022)============= ကက်ဆန်ဒရာဆိုတဲ့ အမျိုးသမီးတစ်ယောက် စားသောက်ဆိုင်မှာ ရည်းစားနဲ့ရန်ဖြစ်ပြီး ချန်ထားခံရလို့ ဘယ်သွားရမှန်း မသိဖြစ်နေတဲ့အချိန်မှာ ဂျက်ဆန်နဲ့ကာတာဆိုတဲ့ သားအဖ နှစ်ယောက်နဲ့ဆုံဖြစ်ပါတယ်။ ကက်ဆန်ဒရာလည်းကာတာတို့နဲ့ ရင်းနှီးသွားပြီး မဲလိုက်ခရီးကို လိုက်ဖို့ခေါ်တာနဲ့ ဒေါ်လာ ၁ သိန်းရမယ်လို့ ပြောတာမို့ ကက်ဆန်ဒရာလည်း အမဲလိုက်ခရီးကို လိုက်ခဲ့ပါတယ်။တကယ်တမ်း ကာတာတို့ သားအဖ အမဲလိုက်တယ်ဆိုတာ တိရစ္ဆာန်တွေကိုမဟုတ်ဘဲ မိန်းမတွေကို အမဲလိုက်တာ ဖြစ်နေတဲ့အချိန်မှာတော့ ကက်ဆန်ဒရာတစ်ယောက် လူသူမရှိတဲ့ ကျွန်းကြီးမှာ မုဆိုးတွေလက်ထဲက ဘယ်လိုလွတ်အောင် ရုန်းကန်ရမလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်ကြည့်လိုက်ပါဦး။ ဒီဇာတ်ကားကတော့ သာမန်မြင်တွေ့နေကြ ပုံစံမျိုးဖြစ်တဲ့ သူငယ်ချင်းတစ်သိုက်ခရီးထွက်လာ၊ လူသတ်သမားနဲ့တွေ့ တစ်ယောက်ပြီးတစ်ယောက်အသတ်ခံရ၊ထွက်ပြေးကြ နောက်ဆုံးမှာ မင်းသမီးတစ်ယောက်ပဲ လွတ်သွားဆိုတဲ့ မဲပြားပုဆိုးဇာတ်လမ်းမျိုးတော့ မဟုတ်ဘူး။ ဒါပေမယ့် Low Budget အမျိုးအစားဖြစ်တာမို့ဇာတ်လမ်းကောင်းသလောက် ပေါ့သွားတဲ့နေရာမျိုးတွေ ရှိပါတယ်။ အများကြီးလုပ်ပြနိုင်ရဲ့သားနဲ့ ဒီအတိုင်း သာမန်လောက်ပဲဆိုတာမျိုးနဲ့ ဇာတ်သိမ်းသွားတာကိုတော့သိပ်မကြိုက်ချင်ပါဘူး။ သာမန်အပျင်းပြေပဲ ကြည့်ချင်တယ်ဆိုရင်ဒီကားကိုကြည့်ပါ High Budgetဖြစ်ပြီး သောက်ရမ်းပေါတဲ့ ဇာတ်ကားတွေထက်တော့ သာပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Leonard Lin မှဖြစ်ပါတယ်)...

One Friday Night (2023) ⭐IMDB: 6.4/10 (108 Votes) 🎬 #Bollywood #Drama #Thriller #Mystery #Crime 🗓 2023 🎞 movie 📺 #720p #1080p 💿 574.3 MB ⦿ 1.5 GB 🌎 #India ⏰ 1 နာရီ 32 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 One Friday Night 2023 လောင်ချင်သပါ့ဆိုတဲ့လူတွေ အကြိုက်စားဖြစ်စေမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးထားပါတယ်ကိုယ့်လူက အကြောင်းပြချက်တွေ ပေးနေပြီလား စိတ်ထဲသံသယဝင်နေပြီဆိုရင်ပြေးကြည့်တာထက်မှန်တတ်ကြောင်း ကွက်ကွက်ကွင်းကွင်းရိုက်ပြထားပါတယ် မိန်းမကို အလုပ်ကိစ္စနိုင်ငံခြားခရီးသွားရမယ်‌ဆိုပြီး မယားငယ်နဲ့ လာနှပ်နေတဲ့ ရမ်..မယားကြီးကိုလည်းချစ် မယားငယ်ကိုလည်း လက်မလွှတ်နိုင်နဲ့ ချစ်ခြင်းမေတ္တာကြီးမားတဲ့ရမ်တစ်ယောက် ..မယားငယ်ထားရတဲ့အကြောင်းကတော့ မယားကြီးကကိုယ်ဝန်မဆောင်နိုင်လို့ပါ ဒီလိုမဆောင်နိုင်ဖြစ်စေချိန် မယားငယ်ကကိုယ်ဝန်ရှိလာပြီး တစ်ကမ္ဘာလုံးရှေ့ သူ့ကလေးပါလို့ ပြောခိုင်းပြီးလက်ထပ်ယူခိုင်းလေတော့ အဖေအရမ်းဖြစ်ချင်တဲ့ရမ်တစ်ယောက် တစ်ဖက်မှာလည်း ချစ်ရတဲ့မယားကြီးနဲ့မျောက်သစ်ကိုင်းပဲလွတ်မလား ကြားထဲမှာလည်း Plot Twist တွေတစ်ဝကြီးပါတာမို့ ကြည့်ရှုရင်း လောင်လိုက်ကြရအောင်လား(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni~V~BpL တို့ပဲ ဖြစ်ပါတယ်)...

King Kong (2005) ⭐IMDB: 7.2/10 (436 k Votes) 🎬 #Action #Adventure #Romance 🗓 2005 🎞 movie 📺 #720p #1080p #4K 💿 3.1 GB ⦿ 5.0 GB ⦿ 12.8 GB 🌎 #UnitedStates #NewZealand #Germany ⏰ 3 နာရီ 22 မိနစ် 3 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 King Kong (2005) ~ IMDb – 7.2/10, Rotten Tomatoes – 84% ~ Directed By “Peter Jackson” ” It was Beauty killed the Beast. “ ခြင်္သေ့နဲ့ ဘယ်လိုတိုက်တိုက် ဘီလူးနဲ့ ဘယ်လိုကိုက်ကိုက် ချစ်မိသူလောက်တော့ ဘယ်သူမှ လူမိုက်မမည်တဲ့။ အဲဒီခေတ်က နယူးယောက်ရဲ့ အမြင့်ဆုံးအဆောက်အဦးဖြစ်ခဲ့တဲ့ အင်ပါယာစတိတ်ပေါ် တက်ကြဲခဲ့တဲ့ အသိဉာဏ်အရှိဆုံး တိရိစ္ဆာန်ဘဝကနေ အမိုက်မဲဆုံးကောင်ဖြစ်သွားတဲ့ ကင်းကောင်ကြီးကို မသိတဲ့သူလည်းမရှိလောက်ဘူး။ အသိဉာဏ်ရှိနေလို့ပဲ အရူးမိုက်ဆုံးဖြစ်ခဲ့သလား မသိနိုင်ပေမဲ့ ထင်သာမြင်သာအရှိဆုံး အဆောက်အဦးပေါ်တက် ကျည်ချက်ပေါင်းများစွာခံရင်း ၁၀၂ထပ်အမြင့်ကနေ ထိုးဆင်းသွားခဲ့တယ်။ နယူးယောက်ရဲ့ကြမ်းပြင်မှာ အသက်မဲ့နေတဲ့ ကင်းကောင်ကြီးကို ကြည့်ပြီး “ဘာလို့ ဒီကောင် ဟိုးထိပ်ထိတက်ပြီး ချောင်ပိတ်မိခံလိုက်တာလဲ သူ့အန္တရာယ်သူမသိဘဲတော့မနေလောက်ဘူး” လို့ လူတစ်ယောက်က ပြောတယ်။ ဘေးကလူရဲ့အဖြေကတော့ “ဦးနှောက်မရှိတဲ့တိရိစ္ဆာန်ကြီးပဲကိုကွာ ဘာသိမှာလဲ” တဲ့။ ခဏလောက်တော့ တိတ်သွားကြတယ်။ ခဏနေတော့ ခုနဖြေခဲ့တဲ့လူကပဲ “သိသိမသိသိ ဘာအရေးလဲကွာ တိုက်လေယာဉ်စာမိသွားတာပဲမလား” လို့ပြောပြီး လှည့်ထွက်သွားတယ်။ အသိရခက်တဲ့မျက်နှာနဲ့ လူတစ်ယောက်ကတော့ “တိုက်လေယာဉ်ကြောင့်မဟုတ်ဘူး အလှတရားက သူ့ကို သတ်သွားတာ” လို့ ပြောရင်း ဆက်မကြည့်ချင်တော့သလို သူလည်း လှည့်ထွက်သွားခဲ့တယ်။ တချို့ကတော့ ကဗျာဟာ ဉာဏ်မမီသူတွေအတွက် မဟုတ်ဘူးလို့ ပြောကြတယ်။ တစ်ချို့ကတော့ လက်မခံကြဘူး။ အဲဒီဉာဏ်မီမမီဆိုတာကို ဘယ်လိုသတ်မှတ်ကြလဲဆိုတာနဲ့တင် တော်တော်အငြင်းပွားစရာဖြစ်နေပါပြီ။ ဒီထက်သေချာတာတစ်ခုတော့ရှိတယ်။ အချစ်ဟာ ဘာကြီးလို့ ဘယ်လိုပဲပြောပြော ဉာဏ်နည်းတဲ့လူတွေအတွက်တော့ မဟုတ်ဘူး။ အဲဒီဉာဏ်နည်းမနည်းဆိုတာလည်း သိခြင်းတတ်ခြင်းတွေနဲ့ မဆိုင်ဘူး။ ဘာနဲ့ဆိုင်လဲ မေးလာရင်လည်း ဖြေစရာတော့မရှိဘူး။ အိမ်ပြန်ချိန်တိုင်း လှနေမယ့် နေဝင်ချိန်တစ်ခုတော့ ရှိနေလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျား ဘယ်လောက်ထိ ငေးခဲ့ဖူးပြီလဲ။ King Kong လို့ဆိုလိုက်ရင် မသိတဲ့လူမရှိခဲ့လောက်အောင် ကင်းကောင်ဟာ နာမည်ကျော်တဲ့ကာရိုက်တာတစ်ခုပါပဲ။ ၁၉၃၃မှာ သူ့ကို ပိတ်ကားပြင်ထက် စအသက်သွင်းပြီးချိန်ကစလို့ ဒီနေ့ထက်ထိတိုင်အောင်ပဲ ဇာတ်လမ်းအမျိုးမျိုးနဲ့ ပြန်ရိုက်ကြတဲ့အထိကို အောင်မြင်ခဲ့တယ်။ ဒီ 2005 ရဲ့ King Kong ကို ရိုက်တဲ့သူကတော့ ပီတာဂျက်ဆန်ပါ။ ပီတာဂျက်ဆန်ဆိုတဲ့လူကိုတော့ အားလုံးသိကြမှာပါ။The Lord of the Ringsနဲ့The Hobbitအတွဲလိုက်ကြီးနဲ့ Fantasy Genre မှာ မှတ်တမ်းရေးထိုးခဲ့သူပါ။ သူနဲ့ ဒီကင်းကောင်က တော်တော်လည်း ရေစက်ပါပါတယ်။ ၁၉၃၃ မူရင်း ကင်းကောင်ကားကို သူစကြည့်တဲ့အချိန်မှာ ကိုးနှစ်သားပီတာဂျက်ဆန်လေးဟာ ကင်းကောင်ကြီး အင်ပါယာစတိတ်က ပြုတ်ကျတဲ့အခန်းမှာ မျက်ရည်လည်ရွှဲဖြစ်ခဲ့ရဖူးတယ်။ အသက်၁၂နှစ်မှာတော့ သူ့မိဘတွေရဲ့ကင်မရာကိုသုံးပြီး ဒီကားကိုပြန်ရိုက်ဖို့ ကြိုးစားကြည့်ဖူးတယ်။ ၁၉၃၃ ကင်းကောင်ကို ရိုက်တဲ့အကြောင်းစာအုပ်တွေဖတ်ခဲ့သလို အမှတ်တရပစ္စည်းတွေလည်း ဝယ်ခဲ့တယ်။ သူရိုက်ခဲ့တဲ့ Braindead မှာလည်း Skull Island ကို Zombie Plague ရဲ့ ရင်းမြစ်နေရာအဖြစ် Tribute ခဲ့ဖူးတယ်။ ဒီကားကိုလည်း သူ LoTR နဲ့ ယှဉ်ရွေးရင်း လက်လွှတ်ခဲ့ရဖူးတယ်။ အမှန်ဆို ဒီကားက ၁၉၉၈ကတည်းက ထွက်ဖို့လုပ်ခဲ့တယ်။ အဲဒီတုန်းကသာဆို ပီတာဂျက်ဆန်ကြီးလည်း ရိုက်ခွင့်မရနိုင်တော့သလို အဲဒီတုန်းကရိုက်ဖြစ်ခဲ့ရင်လည်း LoTR တွေရိုက်ပြီး အထာနပ်နေတဲ့ ပီတာဂျက်ဆန်ရဲ့ အခုလက်ရာလောက် ကောင်းမယ်တော့မထင်လှဘူး။ ဒါလည်းကံပါပဲ။ ကင်းကောင်ကိုချစ်ခဲ့တဲ့ ပီတာဂျက်ဆန်လက်ထဲ ကင်းကောင်ဟာ ကံသီစွာနဲ့ပဲ အချိန်ကိုက်အခါကိုက်ရောက်လာခဲ့တယ်။ ကင်းကောင်ဟာ ရုပ်ရှင်သမိုင်းရဲ့ အထင်ကရဇာတ်ကောင်တစ်ကောင်ဖြစ်နေသလို၊ ကင်းကောင်ရုပ်ရှင်တွေဟာ သမိုင်းမှာ အခမ်းနားဆုံးရုပ်ရှင်တွေဖြစ်ခဲ့ဖူးသလို ပီတာဂျက်ဆန်ကလည်း အဲဒီခမ်းနားမှုကို မလျော့စေဘဲ လှလှပပရိုက်သွားခဲ့တယ်။ “တစ်ခုခုကို ကိုယ်တကယ်ချစ်ရင် စကြဝဠာကြီးက ကိုယ့်လက်ထဲရောက်အောင်ပို့ပေးလိမ့်မယ်”ဆိုတဲ့ စကားဟောင်းတစ်ခုတောင် အမှတ်ရမိပါ‌သေးရဲ့။ ဒီလိုနဲ့ ကင်းကောင်ဟာ ပီတာဂျက်ဆန်လက်ထဲ လှပစွာ ရောက်ရှိလာခဲ့တယ်။ ပီတာဂျက်ဆန်ကလည်း ကင်းကောင်ကို အားလုံးဆီ လှပစွာ ပြန်ပို့နိုင်ခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...

American Fighter (2019) ⭐IMDB: 5.3/10 (595 Votes) 🎬 #Action #Biography #Drama 🗓 2019 🎞 movie 📺 #1080p #720p 💿 685.3 MB ⦿ 1.6 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဇာတ်အိမ်ကို 1980 ဝန်းကျင် အီရန်၊ အီရတ် စစ်ပွဲဖြစ်စဥ်ကာလမှာ ဇာတ်အိမ်တည်ထားပါတယ်…။ အီရန်မှာ စစ်တွေဖြစ်နေတော့ ပါရှန်သားလေး အလီဟာ အမေရိကန်ကို ပညာသင်ဆုနဲ့ကျောင်းလာတက်တာပေါ့…။ အလီရဲ့ မိဘတွေကတော့ အီရန်မှာ ကျန်ခဲ့ပြီး အမေဖြစ်သူက နယ်ခံတပ်တွေ ဖမ်းဆီးတာ ခံလိုက်ရပါတယ်…။ မိခင်ကိုပြန်ခေါ်ဖို့အတွက် အစိုးရကိုအကူအညီတောင်းတော့ စစ်ပွဲကာလမို့ ဘာမှလုပ်မပေးနိုင်ပါဘူး…။ ဒါကြောင့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ အောက်လမ်းက ခေါ်ဖို့ကြိုးစားပါတော့တယ်…။ အဲ့ဒီအတွက် ငွေကလည်း အများကြီးကုန်မှာဆိုတော့ ကောလိပ်ကျောင်းသား အလီတစ်ယောက် ငွေရဖို့အတွက် undergroundထိုးသတ်ပွဲတွေမှာ ဝင်ထိုးပါတော့တယ်…။ စစချင်းမှာတော့ နပန်းအခြေခံရှိသူ အလီဟာ ပွဲတွေဆက်တိုက်နိုင်ပြီး ငွေရှာလွယ်ကူခဲ့တာပေါ့..။ ဒါပေမဲ့ undergroundလောကက အဲ့လောက်မရိုးရှင်းလှဘဲ ပြိုင်ဘက်နဲ့ ပွဲစီစဥ်သူပေါင်းစားပြီး အလီကို ဂွင်ဆင်ကြတဲ့အခါမှာတော့….။ 1980စတိုင်နဲ့ Underground Fighting ထိုးသတ်ပွဲတွေကြည့်ချင်တဲ့သူတွေ အတွက်တော့ actionကားကောင်းလေးတစ်ကားပါ…။...

American Sniper (2014) ⭐IMDB: 7.3/10 (509 k Votes) 🎬 #Action #Biography #Drama #War 🗓 2014 🎞 movie 📺 #720p #1080p #4K 💿 1.2 GB ⦿ 1.8 GB ⦿ 5.1 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 13 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 American Sniper ( 2014 ) IMDb Rating (7.3) / Rotten Tomatoes (72%) အမေရိကန်သမိုင်းတစ်လျှောက် Most Deadliest Sniper အဖြစ်သတ်မှတ်ခံထားရတဲ့ SEAL စနိုက်ပါသမား Chris Kyle အကြောင်းရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ Chris Kyle ရဲ့ ကိုယ်တိုင်ရေး အထ္ထုပတ္တိ “American Sniper: The Autobiography of The Most Lethal Sniper in US Military History” စာအုပ်ကိုအခြေခံပြီး မင်းသားကြီး Clint Eastwood က ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး Bradly Cooper က အဓိကသရုပ်ဆောင် Chris Kyle အဖြစ်ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်မှာ စစ်ပွဲကြားကအခြေအနေတွေအပြင် အိမ်မှာကျန်ခဲ့တဲ့ စစ်သားမိသားစုတွေရဲ့ ဘဝကိုလည်း ပေါ်လွင်အောင်ထည့်သွင်းရိုက်ကူးထားပါတယ်။ Chris Kyle ဟာ အစကတော့ တက္ကဆက်က သာမန်မြင်းစီးသမားလေးပေါ့။ ဒါပေမယ့် 9/11 ဖြစ်ရပ်ဆိုးကြီးအပြီး အမေရိကန်က အီရတ်ကိုစစ်ကြေငြာတဲ့အခါမှာ မျိုးချစ်ကြီးဖြစ်တဲ့ Chris ကလည်း စစ်တပ်ထဲစဝင်ပါတော့တယ်။အမေရိကန်နဲ့ အီရတ်စစ်ပွဲဟာ လူတွေကြား ပြောစရာဖြစ်ခဲ့ပြီး အမေရိကန်ရဲ့ ကျူးကျော်စစ်အပေါ် ဝေဖန်သံတွေဆူခဲ့ပေမယ့် ဒီဇာတ်ကားက နိုင်ငံရေးကားမဟုတ်တာကြောင့် အဲဒါတွေကိုတော့ ထည့်သွင်းရိုက်ကူးထားတာမျိုးမရှိပါဘူး။ Chris Kyle ဟာ လူများများသတ်ဖို့ထက် သူ့ရဲဘော်တွေကို ပိုများများကာကွယ်ချင်တာကြောင့် တစ်ခါ နှစ်ခါ မကဘဲ လေးကြိမ်တိတိ စစ်ထွက်ခဲ့ပါတယ်။ အဆိုပါလေးကြိမ်အတွင်းမှာ သူသတ်ခဲ့တဲ့ ရန်သူပေါင်း ၁၆၀ ကျော်ရှိပါတယ်။ ဒါကြောင့်လည်း သူဟာ အမေရိကန်သမိုင်းတစ်လျှောက် သတ်အားအကောင်းဆုံး စနိုက်ပါသမားအဖြစ် ဂုဏ်ပြုခံခဲ့ရတာပါ။ စစ်ပွဲအတွင်းမှာတင် အီရတ်ဘက်က သူ့ကိုသတ်နိုင်တဲ့သူကို ဒေါ်လာ ၁သိန်း၈သောင်းပေးမယ်ဆိုပြီး ဝရမ်းထုတ်ရတဲ့အထိ ရန်သူတွေကို ဖိန့်ဖိန့်တုန်စေခဲ့ပါတယ်။ Kyle က သူ့ဘဝမှာ ရန်သူ ၁၆၀ ကျော်သတ်ခဲ့တာ နောင်တမရဘဲ သူ့ရဲ့ရဲဘော်ရဲဘက်တွေကို မကယ်နိုင်ခဲ့တာပိုနောင်တရတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း သူစစ်ထဲမှာရှိနေရင် သူ့ရဲဘော်ရဲဘက်တွေကို ပိုကယ်နိုင်မယ်ဆိုပြီး စစ်ထဲကို ၄ ကြိမ် တိုင်တိုင် ပြန်သွားခဲ့ပါတယ်။ အဲဒီလိုစစ်ထွက်တိုင်း သူ့အိမ်ကကျန်ခဲ့တဲ့ မိသားစုဝင်တွေဟာ စိတ်အပူကြီးပူကျန်ခဲ့ရပြီး စစ်မထွက်ဖို့တားတဲ့ကြားက အတိုက်အခံလုပ်ပြီး စစ်ပွဲထဲကိုဝင်ခဲ့တဲ့လူမျိုးပါ။ ဒီလို စစ်ထဲပြန်သွားရတဲ့နောက်တစ်ချက်က ပထမဆုံး အကြိမ်မှာထဲက ရန်သူ Sniper တစ်ယောက်နဲ့ ရင်ဆိုင်ခဲ့ရပြီး အဲ့ဒီ Sniper က အီရတ်အလ်ကိုင်ဒါတပ်ဖွဲ့ထဲက ဆီးရီးယားလက်ဖြောင့်သမား မူစတာဖာ ပါပဲ။ သူကလည်းခေသူတော့မဟုတ်ဘူး။ အိုလံပစ်ပြိုင်ပွဲမှာပါ စနိုက်ပါဝင်ပြိုင်ခဲ့တဲ့ ပရော်ဖက်ရှင်နယ်စနိုက်ပါသမားတစ်ယောက်ပါ။ ဒီ Sniper က သူ့လူတွေတစ်ယောက်ပြီး တစ်ယောက် သတ်နေပေမယ့် သူ ဒီကောင့်ကို မသတ်နိုင်တာကြောင့်လည်း ပြန်ပြန်သွားနေတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုကြည့်ရင် စစ်ပွဲအနိ‌ဋ္ဌာရုံတွေကြားထဲ ခဏခဏပြန်သွားတဲ့ Chris Kyle ကိုလည်းစာနာမိလာမယ်။ အိမ်မှာကျန်ခဲ့တဲ့ သူ့ဇနီးနဲ့ သားသမီးတွေကိုလည်းကိုယ်ချင်းစာမိပါလိမ့်မယ်။ စစ်ပွဲကို တစ်ကန့်၊ သူ့ရဲ့ အိမ်ပြန်ချိန်လူနေမှုဘဝကို တစ်ကန့် တစ်လှည့်စီပြထားတာကြောင့် တခြားသောစစ်ကားတွေလို “ငါလည်းစစ်တိုက်ချင်လိုက်တာ” ဆိုတဲ့ ခံစားချက်မျိုးပေးမှာမဟုတ်ဘဲ စစ်ပွဲကို မုန်းသွားစေမယ့် စစ်ကားမျိုးပါ။ ဒီရုပ်ရှင်အတွက် မင်းသားကြီး Bradley Cooper ကလည်း ဝိတ်တင်ခဲ့ပါတယ်။ လက်တွေ့ဘဝက Chris Kyle နဲ့ လေသံကအစ ဆင်တူအောင် သရုပ်ဆောင်ထားနိုင်ပါတယ်။ အဲဒါကြောင့် အော်စကာဆု‌ Nominated ဝင်ခဲ့ပြီး ဒီရုပ်ရှင်ကလည်း ဆုပေးပွဲပေါင်းစုံကနေ ဆုပေါင်းများစွာရရှိခဲ့ပါတယ်။ သေနတ်ပစ်တာတွေ၊ ပေါက်ကွဲတာတွေ စစ်ပွဲမြင်ကွင်းတွေကို ပီပီပြင်ပြင်ရိုက်ကူးထားပြီး သွေးထွက်သံယိုခန်းတွေပါဝင်တာကြောင့် အသည်းနုတဲ့သူတွေ မကြည့်ဖို့ အကြံပေးချင်ပါတယ်။ သူ့ဇာတ်လမ်းကိုမကြားဖူးတဲ့ လူတွေအတွက် ဇာတ်သိမ်းပိုင်းက အံ့အားသင့်စရာတစ်ခုဖြစ်ပါလိမ့်မယ်။ဇာတ်လမ်း စ လယ် ဆုံး ပျင်းစရာမကောင်းအောင် ဆွဲခေါ်သွားနိုင်ပြီး အရင်ကကြည့်ဖူးတဲ့လူတွေအနေနဲ့ကော၊ စစ်ကားကြိုက်နှစ်သက်တဲ့လူတွေအနေနဲ့ပါ ကြည့်ရတာတန်မယ့် ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Thant Bo မှ တင်ဆက်ထားပါတယ်။)...

Remember Yesterday (2022) ⭐IMDB: 4.2/10 (62 Votes) 🎬 #Romance #Drama 🗓 2022 🎞 movie 📺 #720p #1080p 💿 602.4 MB ⦿ 1.3 GB 🌎 #UnitedStates ⏰ 1 နာရီ 17 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Remember Yesterday(2022) **************************ဂျန်နီဆိုတဲ့ကောင်မလေးကအိမ်ထောင်ကွဲထားတာသိပ်မကြာသေးပဲဘဝကို အထီးကျန်စွာနဲ့ဖြတ်သန်းနေတဲ့ကောင်မလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ယောက်ျားဖြစ်သူကအရက်တွေပဲလှိမ့်သောက်နေတဲ့အတွက်အိမ်ထောင်ရေးအဆင်မပြေဖြစ်ပြီး ကွဲကွာထားရတာပဲဖြစ်ပါတယ်။သူ့အတွက်အစ်ကိုဖြစ်သူနဲ့သူငယ်ချင်းတွေရှိပေမဲ့လည်း ဘဝမှာလစ်ဟာနေတဲ့နှလုံးသားထဲကကွက်လပ်ကြီးတစ်ခုကတော့ရှိနေပါသေးတယ်။ ဒီလိုနဲ့သိပ်မကြာခင်မှာပဲဂျန်နီနေထိုင်တဲ့နယ်မြို့လေးကိုသူရဲ့ရည်းစားဟောင်းဂျွန်ကရုပ်ရှင်ရိုက်ဖို့အတွက်ဆိုပြီး ပြန်လာခဲ့ပါတော့တယ်။အဲ့ဒီမှာတင်နဂိုကတည်းကမှမနည်းထိန်းထားရတဲ့ယိုင်နဲ့နေတဲ့ နှလုံးသားလေးကိုလှိုင်းလုံးကြီးတွေရိုက်ခတ်သလိုရိုက်ခတ်လာပါတော့တယ်။ ဘာလို့လဲဆိုတော့သူနဲ့ဂျွန်တို့လမ်းခွဲခဲ့ကြတာဟာမချစ်လို့မဟုတ်ပဲနဲ့ဂျွန်ရုပ်ရှင် ပညာနဲ့ပတ်သတ်ပြီးအသက်မွေးဝမ်းကျောင်းလုပ်ဖို့အတွက်မြို့ကြီးပြကြီးတွေကို တက်သွားခဲ့လို့ပဲဖြစ်ပါတယ်။အဲ့ဒီလိုသွားဖို့တွန်းအားပေးခဲ့တာလဲဂျန်နီပဲဖြစ်ပါတယ်။ ကံကြမ္မာကအရမ်းချစ်ခဲ့ကြတဲ့ချစ်သူဟောင်းနှစ်ယောက်ကိုပြန်လည်ဆုံစည်းပေးခဲ့တဲ့အခါမှာတော့ လူအများစုအိပ်မက်မက်နေကြတဲ့ရည်းစားဟောင်းလေးနဲ့ပြန်အဆင်ပြေဖို့အိပ်မက်လေးတွေများ တကယ်ပြန်ဖြစ်သွားမလား။သူတို့နှစ်ယောက်ရဲ့အရင်တုန်းကမဖြောင့်ဖြူးခဲ့တဲ့အချစ်လမ်းခရီးကရော ဒီအချိန်မှာဘာတွေများထူးခြားသွားမလဲဆိုတာကိုကြည့်ရမဲ့ရိုမန့်တစ်ဆန်တဲ့အချစ်ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။...

Spy (2023) ⭐IMDB: 7.1/10 (3 k Votes) 🎬 #Action #Bollywood #Thriller 🗓 2023 🎞 movie 📺 #4K #1080p #720p 💿 6.9 GB ⦿ 2.6 GB ⦿ 1000.8 MB 🌎 #India ⏰ 2 နာရီ 13 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Spy 2023IMDb 8.3/10Action/Thriller ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့ အက်ရှင်အလန်းစားတွေကိုမှ ကြိုက်နှစ်သက်တဲ့ပရိသတ်တွေအတွက် တေလဂူမင်းသားချော Nikhil Siddharth ပါဝင်ထားတဲ့အက်ရှင်ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ RAWအဖွဲ့အစည်းလက်အောက်မှာ လုပ်ကိုင်နေတဲ့ လျှို့ဝှက်အေးဂျင့်ဆူဘာ့ရှ်ဟာစစ်ဆင်ရေးတစ်ခုမှာ သေဆုံးသွားခဲ့ပါတယ်။ အစ်ကိုဖြစ်သူ ဆူဘာ့ရှ်ရဲ့သေဆုံးမှုကိုသေချာသိရဖို့အတွက် ညီဖြစ်သူဂျေးဟာ လျှို့ဝှက်အေးဂျင့်လုပ်နေရင်း စုံစမ်းနေခဲ့ပါတယ်။ တစ်နေ့မှာတော့ ဂျေး တာဝန်ပေးခံခဲ့ရတဲ့ စစ်ဆင်ရေးတစ်ခုဟာ အစ်ကိုဖြစ်သူဆူဘာ့ရှ်လုပ်ကိုင်ခဲ့တဲ့စစ်ဆင်ရေးဖြစ်နေခဲ့ပါတယ်။ စုံစမ်းစစ်ဆေးကြည့်တဲ့အခါမှာ ဒီကိစ္စဟာအိန္ဒိယနိုင်ငံရဲ့ဂုဏ်သိက္ခာ၊ နိုင်ငံသားတွေရဲ့ဘေးကင်းမှုနဲ့လည်း သက်ဆိုင်နေပါတယ်။ဂျေးတစ်ယောက် ဒီလိုကြီးလေးတဲ့တာဝန်ကို ထမ်းဆောင်ရင်း အစ်ကိုဖြစ်သူရဲ့သေဆုံးမှုကိုပါစုံစမ်းဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီစစ်ဆင်ရေးအောင်မြင်သွားမလား။ ဂျေးရဲ့အစ်ကိုကရောဘာတွေဖြစ်ခဲ့တာလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ဆက်ပြီးကြည့်ရှုပေးကြပါဦး။(အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ Cherry ~ BpL ~ V ~ Zwe ~ Yunni တို့ပဲဖြစ်ပါတယ်)...

Samajavaragamana (2023) ⭐IMDB: 8.0/10 (848 Votes) 🎬 #Bollywood #Comedy #Drama #Family #Romance 🗓 2023 🎞 movie 📺 #720p #1080p 💿 1.2 GB ⦿ 2.6 GB 🌎 #India ⏰ 2 နာရီ 16 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Samajavaragamana(2023)IMDb-8.1/10 ရုံတင်ငွေ ရူပီးသန်းငါးဆယ်ပြန်ရခဲ့တဲ့ တလေဂူးစကားပြော အိန္ဒိယဟာသကားလေးကိုဘောလိဝုဒ်ပရိတ်သတ်ကြီးအတွက် အပျင်းပြေကြည့်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ အဘိုးဖြစ်သူရဲ့သေတမ်းစာကြောင့် အဖေကို ဘွဲ့ရဖို့ကြိုးစားပေးနေရတဲ့ ဘာလူ။ဘာလူက ရုပ်ရှင်ရုံကလက်မှတ်ဖြတ်တဲ့ကောင်တာမှာ အလုပ်လုပ်နေတဲ့ဝန်ထမ်းတယောက်။မိသားစုငါးယောက်စားအိုးကို တာဝန်ယူထားရတဲ့အပြင် အဖေလုပ်သူကိုလည်းကျူရှင်ထားရ စာမေးပွဲဖြေဖို့လုပ်ရနဲ့ ဂရုစိုက်နေရပါတယ်။ သူ့အဖေကို ဘွဲ့ရဖို့ကြိုးစားပေးရင်းနဲ့ပဲ ကျောင်းသူမိန်းမချောလေးနဲ့ဆုံဆည်းခဲ့ပါတော့တယ်။အဖေလုပ်သူဘွဲ့ရဖို့က ဘယ်လောက်အရေးကြီးလို့ အသည်းအသန်ကြိုးစားနေရတာလဲ။ဆုံဆည်းခဲ့ရတဲ့ မိန်းမချောလေးနဲ့ရော အဆင်ပြေမှာလားဆိုတာကို ရယ်ရင်းပြုံးရင်း ကြည့်လိုက်ကြပါဦး။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Zwe~BpL~Cherry~Yunniတို့ပါပဲ)...

Home for Rent (2023) ⭐IMDB: 6.9/10 (432 Votes) 🎬 #Horror #Mystery #Thriller 🗓 2023 🎞 movie 📺 #720p #1080p 💿 914.7 MB ⦿ 2.0 GB 🌎 #Thailand ⏰ 2 နာရီ 5 မိနစ် 8 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Home for Rent (2023) ~ IMDb – 6.9/10, MyDramaList – 7.8/10 ~ ထိုင်းတို့ အင်ဒိုးနီးရှားတို့က ဟော်ရာရုပ်ရှင်တွေက နိုင်ငံတကာနဲ့ယှဉ်ပြီးကို အဆင့်တစ်ဆင့်ရှိတယ်ဆိုတာ တော်တော်များလက်ခံထားပြီးသား ကိစ္စပါပဲ။ ဒါပေမဲ့ ဒီရုပ်ရှင်ကလည်း အဲဒီအစဉ်အလာကို အိုးမည်းမသုတ်ခဲ့တဲ့ ရုပ်ရှင်ပါပဲ။ ပိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ ဒီရုပ်ရှင်ဟာ အကျည်းတန်ရုပ်ဆိုးတဲ့ ဖြစ်ရပ်မှန်တစ်ခုအပေါ် အခြေခံထားတာပါ။ အောက်လမ်းအဖွဲ့တစ်ဖွဲ့ရဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ အိမ်ငှားတွေက အိမ်ရှင်ကိုအကြမ်းဖက်ခဲ့တဲ့ ယဇ်ပူဇော်စရာသားကောင်တွေရှာခဲ့တဲ့ဖြစ်ရပ်တစ်ခုကို အခြေတည်ရိုက်ကူးထားတာပါ။ ကိုယ့်ဖြစ်နိုင်ချေနဲ့နီးစပ်လေ အကြောက်တရားကို ပိုအသက်ဝင်စေနိုင်လေဆိုတော့ ဒီရုပ်ရှင်က ဖြစ်ရပ်မှန်တစ်စိတ်တစ်ဒေသဖြစ်ခဲ့တယ်ဆိုတဲ့အသိက ဒီရုပ်ရှင်ကို ပိုအရသာရှိစေမှာပါပဲ။ နင်၊ ကာဝင်နဲ့ သမီးဖြစ်သူ အင်တို့က သာမန်လူလတ်တန်းစားမိသားစုတစ်ခုဖြစ်ပြီး တစ်နေ့မှာတော့ ငွေကြေးအခက်အခဲတစ်ခုကြောင့် နေထိုင်ရာအိမ်ကိုအိမ်ငှားတင်ပြီး ကွန်ဒိုမှာပဲပြောင်းနေဖို့ ဆုံးဖြတ်ခဲ့တယ်။ အိမ်ငှားဖြစ်သူ ခွန်ရတီက အငြိမ်းစားပင်စင်ယူထားတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပြီး သမီးဖြစ်သူ ဒေါက်တာနွတ်နဲ့ ငြိမ်းချမ်းတဲ့အိမ်နေရာလေးတစ်ခုကို ရှာငှားနေချင်သူတစ်ယောက်ပါ။ အိမ်ငှားလုံးဝမတင်ချင်တဲ့ ကာဝင်က ခွန်ရတီတို့သားအမိကိုမှ ချက်ချင်းငှားဖို့သဘောတူပေးလိုက်တာမို့ နင်တစ်ယောက် ထူးဆန်းနေတဲ့အပြင် ဘေးအိမ်ကပါ အိမ်ငှားတွေက မနက်၄နာရီတိုင်း မကောင်းတဲ့အစီအရင်တွေလုပ်နေတယ်လို့ သတင်းပေးလာတဲ့အခါမှာတော့… ခွန်ရတီတို့သားအမိရဲ့ သရုပ်မှန်က ဘာများလဲ…ခင်ပွန်းဖြစ်သူ ကာဝင်ကရော ဘာကြောင့် အရင်နဲ့မတူပြောင်းလဲလာရတာလဲ…ထိတ်လန့်စရာဆန်းကြယ်မှုတွေက နင်နဲ့အင်တို့သားအမိအပေါ် သက်ရောက်မှုတွေရှိလာနိုင်မလား… ဆိုတာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုKyi Nue Zinမှ ပြန်ဆို ရေးသားထားပါတယ်)...