uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Happiness for Beginners (2023) ⭐IMDB: 6.0/10 (970 Votes) 🎬 #Comedy #Drama #Romance #Adventure 🗓 2023 🎞 movie 📺 #720p #1080p 💿 741.1 MB ⦿ 1.7 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Happiness for Beginners(2023) ****************************အမေရိကန်စာရေးဆရာမ Katherine Centerရဲ့ ဝတ္ထုကောင်းတွေထဲကတစ်အုပ်ဖြစ်တဲ့ Happiness for Beginnersကို ရုပ်ရှင်အဖြစ်ရိုက်ကူးထားတာဖြစ်ပြီး‌တောတွင်း ခရီးထွက်ရတဲ့ hiking vibeလေးတွေ ရှုခင်းလှလှလေးတွေကိုပါ လိုက်ပါခံစားလို့ရမယ့် ဇာတ်ကားလေးပါ…။ဇာတ်လမ်းအကျဥ်းလေးကတော့ ဟယ်လန်ဟာ ယောကျ်ားဖြစ်သူနဲ့ကွာရှင်းပြတ်စဲပြီး တစ်နှစ်အကြာမှာ ဘဝအသစ်ပြန်စဖို့ အားယူရန် တောတွင်းလမ်းလျှောက်ခရီးလေးကို စိတ်ပြေလက်ပျောက်ထွက်ခဲ့လိုက်ပါတယ်…။အိမ်ထောင်ရေးကံခေလို့ ကွာရှင်းပြီးတာတောင် ခင်ပွန်းဟောင်းဖြစ်သူက လိုက်ကပ်နေတာတွေ…၊ အိမ်ထောင်ကွဲမိဘတွေရဲ့စွန့်ပစ်ခံခဲ့ရတဲ့အတိတ်တွေ…၊တစ်ဦးတည်းသောသွေးသားရင်း မောင်လေးနဲ့ အဆင်မပြေတာတွေ စတဲ့ အထိုထိုသောဘဝရဲ့ အခက်အခဲတွေကို move onလုပ်ဖို့အတွက် ပထမဆုံးခြေလှမ်းအနေနဲ့ ဒီခရီးကိုထွက်ခဲ့တာ….။တိုက်ဆိုင်ချင်လို့လားပဲ…။ ဒီခရီးမှာ ဟယ်လန့်မောင်လေးရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်သူ ဂျိတ်လည်း လိုက်ပါလာပါတယ်…။တစ်ယောက်တည်း ဆိတ်ငြိမ်ချင်လို့ခရီးထွက်ပါတယ်ဆိုမှ ခရီးမှာ မျက်နှာသိပါလာတော့ ဟယ်လန်တစ်ယောက် ထပ်ပြီးစိတ်ညစ်ပြန်ရပါလေရော…။သို့ပေမဲ့ ဘဝဆိုတာ ဆိုးတာချည်းပဲကြုံမနေဘူးလေ အပြောင်းအလဲလေးရှိသေးတာကိုး…။ဟယ်လန်တစ်ယောက် တောတွင်းလမ်းလျှောက်ခရီးမှာ မျက်နှာသိ ဂျိတ်နဲ့ ကတောက်ကဆ၊ကမောက်ကမဖြစ်ရင်း ဘယ်လိုတွေ စခန်းသွားကြမလဲဆိုတာကို ဒီ Comedy Drama movieလေးထဲမှာကြည့်ရှုနိုင်ပါပြီ…။...

The Unseen (2023) ⭐IMDB: 3.0/10 (209 Votes) 🎬 #Drama #Horror #Thriller 🗓 2023 🎞 movie 📺 #720p #1080p 💿 791.0 MB ⦿ 1.8 GB 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 46 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Unseen (2023) အခု မိတ်ဆက်ပေးမှာကတော့ Horror နဲ့ Thriller ဖန်တွေအကြိုက်ဇာတ်ကားပဲဖြစ်ပါတယ်။ တွမ်မီဆိုတဲ့ကောင်လေးတစ်ယောက်ကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာပါ။ တွမ်မီရဲ့ အဖေက သူတို့မြို့နာမည်ကြီး ရှေ့နေတစ်ယောက်ပေါ့။ သူ့အဖေလောင်းရိပ်ကမိနေတဲ့ တွမ်မီဟာ ငယ်စဉ်ကတည်းကနေ တက္ကသိုလ်ကျောင်းသားအရွယ်ရောက်တဲ့အထိ ဖိအားတွေအများကြီးခံစားနေရတာပေါ့။ အဲဒါအပြင် သူဟာ ငယ်ငယ်ကလည်း Trauma ရထားဖူးတဲ့အတွက် တစ်ချက်တစ်ချက် Trauma ပြန်ထလာပြီး Delusional ဖြစ်ဖြစ်လာတတ်တဲ့အကျင့်ရှိပါတယ်။ ဖြစ်ချင်တော့ တွမ်မီရဲ့ မြို့မှာ လူသတ်ကွင်းဆက်ကြီးဖြစ်နေပါတယ်။ တစ်ရက်ပြီး တစ်ရက် လူတစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်သေသလိုဖြစ်လာပါတယ်။ တွမ်မီဟာ သူ့ရှေ့နေကျောင်းပြီးသွားပြီး အလုပ်ရသွားတဲ့အချိန် အမှုလိုက်ရတော့ မြို့ထဲက လူတွေသေဆုံးမှုနဲ့ ပတ်သက်မှုရှိနေတာကိုသတိထားမိသွားတယ်။ အဲ့တော့ သူဟာအဖြေတွေလိုက်ရှာရင်း ဘယ်လိုအဖြစ်ဆိုးတွေနဲ့ တွေ့သွားမလဲ… သူငယ်ငယ်ကရောဖြစ်ခဲ့တဲ့ Trauma နဲ့လည်း အခုဖြစ်နေတဲ့ လူသတ်မှုတွေက ဘယ်လိုပတ်သက်မှုရှိနေတာလဲ… အဲဒါအပြင် သူမထင်မှတ်ထားတဲ့သူတွေကပါ ဘယ်လိုတွေပါဝင်ပတ်သက်နေလဲ… ဆိုတာကိုတော့ ဒီဇာတ်ကားထဲမှာတွေ့နိုင်မှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားတစ်ခုလုံးနီးပါးကို ပြန်အကျဉ်းချုပ်ရမယ်ဆိုရင်တော့ တွမ်မီနေရာအဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား RJ Mitte ကနေ ရုပ်ရှင်တစ်ကားလုံးကို Carry သွားတယ်လို့ပြောလို့ရပါတယ်။ သူ့ရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ရုပ်ရှင်ရဲ့ Plot တစ်ခုလုံး အရမ်းကြီး ရုပ်မပေါက်သွားသလို အရမ်းလည်း Over မဖြစ်သွားပါဘူး။ ဒါ့အပြင်နာမည်ကြီး ဒါရိုက်တာတွေနဲ့ အလုပ်တွဲလုပ်၊ ပညာတွေသင်ယူခဲ့ပြီး ကိုယ်တိုင် ဒါရိုက်တာကောင်းတစ်ယောက်ဖြစ်လာတဲ့ Vincent Shade ကရိုက်ကူးထားတာဖြစ်လို့ ကြည့်ရမဆိုးလှတဲ့ ဇာတ်ကားကောင်းတစ်ကောင်းလည်းဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMarkမှ ပြန်ဆို ရေးသားထားပါတယ်)...

Dunia Tanpa Suara (2023) ⭐TMDB: 0.0% User Score 🎬 #Asian #Drama #Romance 🗓 2023 🎞 movie 📺 #720p #1080p 💿 556.2 MB ⦿ 1.2 GB 🌎 #Indonesia ⏰ 1 နာရီ 28 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Dunia Tanpa Suara 2023 အခုတစ်ခါမှာတော့ Amazon Prime ကနေအသစ်ထွက်ရှိထားတဲ့ အင်ဒိုရိုမန့် အချစ်ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်အနေနဲ့က မကြာသေးခင်ကမှ ဟောလီးဝုဒ်နာမည်ကြီး‌တွေဖြစ်တဲ့ဂျူလီယာရောဘတ်၊ ဂျောဂ်ျကလူးနီတို့နဲ့အတူ “Ticket to Paradise ” ဇာတ်ကားမှာဟောလိဝုဒ် debut လုပ်ထားတဲ့အင်ဒိုမင်းသားချော Maxime Bouttier ကအဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းအာရီဆာဟာ ဆွံ့အနားမကြားကောင်မလေးတစ်ယောက်ပါ။အီဇရာကတော့ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်ပြီး အာရီဆာကို မြင်မြင်ချင်းမှာပဲချစ်မိသွားတဲ့သူပေါ့။ သူ့ခင်ဗျာ အာရီဆာနဲ့ စကားပြောနိုင်ဖို့လက်ဟန်ဘာသာစကားတွေပါ ကြိုးစားသင်ယူနေတဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ အာရီဆာရဲ့ မိခင်မှာ စင်ကယ်မားသားတစ်ယောက်အနေနဲ့ တစ်ဦးတည်းသောသမီးကိုပြုစုပျိုးထောင်ခဲ့ရတဲ့သူပါ။ သမီးဖြစ်သူကို သူ့လိုအဖြစ်မျိုးမကြုံမိစေချင်တာကြောင့် သူ့သမီးနဲ့ပတ်သက်လာရင် အမြဲတမ်းတင်းကြပ်တတ်တဲ့သူတစ်‌ယောက်ပေါ့။ ဒီလိုနဲ့ အီဇရာဟာ အာရီဆာအပေါ် ခဏတာခံစားချက်သက်သက်ပဲလား သူ့အမေကန့်ကွက်တဲ့ကြားထဲကတကယ်ပဲအာရီဆာကို မေတ္တာသက်ဝင်နေလားဆိုတာကိုတော့ မပြည့်စုံတဲ့လူနှစ်ယောက်ကြားပြည့်စုံလှပတဲ့ချစ်ခြင်းတစ်ခုကို ဘယ်လိုဖော်ကြူးမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Moon ~ V ~ Yunni တို့ပဲဖြစ်ပါတယ်။)...

Butterfly Effect (2023) ⭐TMDB: 100.0% User Score 🎬 #Drama #Music #Thriller #Mystery #Short 🗓 2023 🎞 movie 📺 #720p #1080p 💿 640.1 MB ⦿ 1.6 GB 🌎 #UnitedStates ⏰ 1 နာရီ 35 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Butterfly Effect(2023) ********************ဂျူယောင်းနဲ့ ဟယ်ယောင်းဆိုတဲ့ အမြွှာ ညီအစ်မ‌နစ်ယောက်က ဂီတဝါသနာပါသူတွေဖြစ်ကြတယ်…တစ်နေ့မှာ အဖေက အကြီးမလေး ဟယ်ယောင်းကိုသီချင်းရေးဆရာမလုပ် အငယ်မလေး ဂျူယောင်းကိုအဆိုတော်လုပ်ဖို့ သတ်မှတ်ပေးလိုက်တယ်….တစ်နေ့မှာ ဂျူယောင်းက ကိုယ်ပိုင် တီးဝိုင်းအဖွဲ့နဲ့ အသံကျင့်ရင်း အပြန်လမ်းမှာ အစ်မဖြစ်သူနဲ့ အရက်သွားသောက်ဖို့ ချိန်းရာအသွား အစ်မဖြစ်သူဟယ်ယောင်းက မျက်စိရှေ့တင် ကားတိုက်ခံရပြီးအရေးပေါ်ယာဉ်နဲ့ ဆေးရုံအသွား လမ်းမှာတင် ဆုံးပါးသွားခဲ့တယ်… အစ်မဖြစ်သူ ဆုံးပါးသွားတဲ့နောက်မှာ ဂီတအလုပ်ကို အကြောင်း အမျိုးမျိုးကြောင့် ရပ်နားထားပြီး‌တော့ တိုးဂိုက် လုပ်နေခဲ့တယ်…. တစ်နေ့မှာ အဖေဖြစ်သူကလည်း အချိန်သိပ်မကျန်တော့ဘူးမသေခင်မှာ သမီးဖြစ်သူ အဆိုတော်အဖြစ် အောင်မြင်နေတာကို တွေ့ချင်တယ်လို့ သိရတဲ့အတွက် ဂီတဘက်ကို ခြေဦးပြန်လှည့်ဖို့ ဖြစ်လာခဲ့တယ်…. အဲဒီအချိန်မှာ အောင်မြင်ရခါနီး အချိန်တွေတိုင်း အဆင်မပြေမှုတွေအနှောင့်အယှက်‌တွေ တစ်ခုပြီးတစ်ခုနဲ့ ရင်ဆိုကြုံတွေ့လာရတဲ့အခါ ဂျူယောင်းတစ်ယောက် ဘယ်လို‌ တောင့်ခံနေမလဲ ဂီတကို လက်လျှော့လိုက်တော့မလားအဆုံးထိ အောက်မြင်အောင် လျှောက်လှမ်းနိုင်မလားဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုခံစားအားပေးကြပါဦးနော်…....

Ladybug & Cat Noir: Awakening (2023) ⭐IMDB: 6.3/10 (1 k Votes) 🎬 #Action #Animation #Family #Fantasy #Romance #Adventure #Comedy #Musical 🗓 2023 🎞 movie 📺 #720p #1080p 💿 830.2 MB ⦿ 1.5 GB 🌎 #France #China ⏰ 1 နာရီ 43 မိနစ် 4 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Miraculous : Ladybug & Cat Noir, The Movie (2023) ပေါ့ပေါ့ပါးပါး superhero ကာတွန်းလေးတွေကြိုက်တဲ့လူတိုင်းသိကြတဲ့ ပြင်သစ်ဂျပန် ဖက်စပ်လက်ရာလေးဖြစ်တဲ့ Miraculous seriesကြီးရဲ့ movie version ထွက်ရှိလို့လာပါပြီ။ကလေးကြိုက်ကာတွန်းပီပီ အခွီလေးတွေလည်းပါ အစွမ်းတွေသုံးပြီးချတဲ့ ဝူးရှူးဝါးရှားလေးတွေလည်းပါမှာဆိုတော့ ပိတ်ရက်မှာအပျင်းပြေကြည့်ချင်သူတွေအတွက် ကွက်တိဖြစ်မှာပါ။ မယ်ရီနက်ဆိုတဲ့ကောင်မလေးဟာ warming familyကလာတဲ့ အချစ်ခံကောင်မလေးတစ်ယောက် ဒါပေမဲ့ နမော်နမဲ့နဲ့ အမြဲဗရုတ်သုတ်ခရှုပ်ပွနေတတ်တဲ့ ပြဿနာအိုးမလေးဆိုရင်လည်း မမှားပါဘူး။ပြဿနာနဲ့ သူငယ်ချင်းပေါင်းပေါင်းနေတဲ့ မယ်ရီနက်ကို ပေါင်းရဲတဲ့သူငယ်ချင်းကလည်းမရှိတော့ teenage issueပေါင်းစုံနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကလည်းမရှိ အနိုင်ကျင့်ချင်သူတွေ အပုပ်ချချင်သူတွေလည်း ဒုနဲ့ဒေးပေါ့။ မယ်ရီနက်နဲ့ဆန့်ကျင်ဘက်ကမ္ဘာမှာတော့ အေဒရီယန်ဆိုတဲ့ကောင်လေးတစ်ယောက်ရှိပါသတဲ့။ အေဒရီယန်ဟာ ဥစ္စာပေါ ရုပ်ချောဖြစ်တဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ပြီး အပေါင်းအသင်းတွေ ဝိုင်းဝိုင်းလည်နေတဲ့ စော်ကြည်ဘဲလေးပေါ့။ဒါပေမဲ့ အနေအထိုင်အသွားအလာအကုန်ဆင်ခြင်ပြီးနေရတဲ့ဘဝမှာ ရှင်သန်နေရတဲ့ အပြင် မိဘမေတ္တာငတ်မွတ်နေရတဲ့ ပြီးပြည့်စုံတယ်ထင်ရတဲ့ ဒီလူသားလေးရဲ့ကွက်လပ်ကို ဘယ်သူမှမမြင်ပါဘူး။အမေဖြစ်သူဆုံးသွားပြီးထဲက အလုပ်ကိုပဲမြင်တော့တဲ့အဖေကြောင့် အေးစက်နေတဲ့ သူဟာလည်း တစ်မျိုးတစ်ဖုံ အထီးကျန်နေပါတော့တယ်။ ဒီလိုနဲ့ Butterfly miraculous တစ်စုံကို ထုတ်သုံးတဲ့လူရှိလာတာကြောင့် ထွက်ပေါ်လာတဲ့ Miraculous တစ်စုံက ဒီအထီးကျန်နှလုံးသားတစ်စုံကို ရွေးချယ်လိုက်ချိန်မှာတော့…. Butterfly miraculous ကြောင့် ဖြစ်လာတဲ့ မကောင်းဆိုးဝါးတွေကို ‌Ladybugနဲ့ Cat Noirတစ်ဖြစ်လည်း မယ်ရီနက်နဲ့အေဒရီယန်တို့ ဘယ်လိုကယ်ဆယ်သွားကြမလဲ။Butterfly miraculous ကို ကိုင်ဆောင်ထားသူကို နှိမ်နင်းပြီးတော့ Miraculous စောင့်ရှောက်သူလက်ထဲကို ဘယ်လိုပြန်လည်ပေးအပ်သွားမလဲဆိုတာ ကြည့်ရှုရင်း အပန်းဖြေလိုက်ရအောင်ပါ။ အညွှန်းကိုတော့Mary Christက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့Mary Christနဲ့Hnin Ei Paiပဲ ဖြစ်ပါတယ်။...

My Sister-in-law's Secret (2019) ⭐TMDB: 0.0% User Score 🎬 #Adult #Romance 🗓 2019 🎞 Movie 📺 #720p #1080p 💿 517.8 MB ⦿ 1.5 GB 🌎 #SouthKorea ⏰ 1 နာရီ 10 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လောကကြီးက အရမ်းဆန်းကြယ်တယ် အထူးသဖြင့်အချစ်ဆိုတဲ့အရာက ပိုပြီးဆန်းကျယ်တယ် အချစ်ဆိုတဲ့ အရာက ရသတမျိုးလို့လဲဆိုနိုင်သလို ခံစားချက်တစ်ခုလို့လဲဆိုနိုင်မယ်ထင်တယ် ဒီဇာတ်လမ်းလေးမှာတော့ နတ်သမီးလေး နှစ်‌‌ယောက်ရဲ့ စိတ်ခံစားချက်တွေကို မည်သို့ မည်ပုံ ဖေါ်ကျူးထားမလဲ ဆိုတာကို တဝကြီး  ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်.. ဇာတ်ကွက်တွေလှပသေသပ်ပြီး အဖေါ်ချွတ်ခန်းတွေဖောသီတာကြောင့် DS Fans တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်...

Kolla (2023) ⭐IMDB: 7.6/10 (97 Votes) 🎬 #Bollywood #Thriller 🗓 2023 🎞 movie 📺 #720p #1080p 💿 815.1 MB ⦿ 1.7 GB 🌎 #India ⏰ 2 နာရီ 2 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Kolla (2023)IMDb 8/10 မြို့နယ်လေးတစ်ခုဆီ အလှပြင်ဆိုင်ဖွင့်မယ်ဆိုပြီး ပြောင်းရွှေ့လာကြတဲ့မိန်းမငယ်လေး ၂ယောက်… ဖော်ရွေတတ်ကြတော့ ဆိုင်နားဝန်းကျင်ကလူတွေနဲ့ခဏလေးအတွင်းရင်းနှီးပြီး အချင်းချင်း ကူညီကြ ဖေးမကြနဲ့ပေါ့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကြိုးစားကြလို့လူကြီးတွေကအစ ချီးကျူးကြ ချီးမွမ်းကြနဲ့.. ဒါပေမဲ့ သူတို့မထင်ထားတာက ဒီ၂ယောက်ဟာ အလှပြင်ဆိုင်ကိုအကြောင်းပြပြီးနောက်ကွယ်မှာ ကိစ္စကြီးတစ်ခု လုပ်နေကြတာပါပဲ အလှပြင်ဆိုင်ရဲ့ အပေါ်မျက်နှာကြက်မှာအာရုံခံကိရိယာပါတဲ့ လျှို့ဝှက်ခန်းတစ်ခုကို ဘယ်သူမှမသိအောင်ဆောက်ထားပြီးသူတို့ဘာတွေဆက်လုပ်ကြမလဲ ဒီမြို့ကိုရောက်လာကြတဲ့ အကြောင်းကရော ဘာကြောင့်လဲတကယ့်သရုပ်မှန်က ဘာတွေလဲဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင် (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni~Zwe Yan ~BpL~ Cherry တို့ပဲ ဖြစ်ပါတယ်)...

Fading Gigolo (2013) ⭐IMDB: 6.2/10 (25 k Votes) 🎬 #Adult #Drama #Comedy #Romance 🗓 2013 🎞 movie 📺 #720p #1080p 💿 651.5 MB ⦿ 1.9 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Fading Gigolo (2013)Genre – Comedy, RomanceIMDB – 6.2/10 မူရီဆိုတဲ့လူကြီးဟာ မျိုးရိုးအလိုက် အမွေလက်ဆင့်ကမ်းရခဲ့တဲ့ စာအုပ်ဆိုင်လေးကို ပိတ်လိုက်ရပါပြီ။ သူ့ဆီမှာ ပိုက်ဆံလိုပြီး အလုပ်ပေါင်းစုံလုပ်ပြီး ရုပ်အဖြောင့်အတောင့်ကြီး မဟုတ်ပေမဲ့ လူကြီးလူကောင်းဆန်ပြီး မိန်းမကျောနပ်တဲ့ ဖီရိုရာဗန်တေးဆိုတဲ့ မိတ်ဆွေလည်း ရှိပါတယ်။ တစ်ရက်ကျ သူ ပြနေကြ အရေပြားဆရာဝန်မဆီကနေ ထူးခြားတဲ့ ဖိတ်ကြားချက်ကို သိလိုက်ရပါတယ် အဲဒါကတော့ သူ့ သူငယ်ချင်းမ တစ်ယောက်နဲ့ သုံးပါးသွားကဖို့ မင်းသားတစ်ပါး လိုအပ်နေတာပါတဲ့။ အဲဒါ မူရီဆိုတဲ့ ဘဲကြီးက အသိရှိတယ်ပေါ့ ဒီတိုင်းတော့ မရနိုင်ဘူး အခကြေးငွေတော့ ပေးရလောက်မယ်ဆိုပြီး ဖီရိုရာဗန်တေးကို မင်းလုပ်ပါလား မင်းဆို ဖြစ်နိုင်တယ်ဆိုပြီး ယောက်ျားဖျာသည်လိုင်းသွင်းပါတော့တယ်။ အစပိုင်းတော့ ဆရာသမားလည်း ငြင်းတာပေါ့ နောက်ကျ စမ်းကြည့်မယ်ဆိုပြီး လုပ်ရာကနေ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ ကြည့်ရမှာပါ။ ဂျူးလူမျိုးတွေနဲ့ လူမျိုးရေး ဘာသာရေး စည်းကမ်းတင်းကြပ်ပုံတွေလည်း ဗဟုသုတရပါတယ်။ မင်းသားနေရာကတော့ Transformer ကားတွေထဲက ရယ်ရတဲ့ Agent Simmon ကြီး သရုပ်ဆောင်ပေးထားပြီး Sexy သိပ်ဆန်တဲ့ မင်းသမီးကြီး Sharon Stone နဲ့ အကိတ်မင်းသမီး Sofia Vergara တို့လည်း ဆက်ဆီကျကျ ပါဝင်ထားပေးပါသေးတယ်။ ယောက်ျားဖျာခေါင်း/ဖျာ ကားဖြစ်တဲ့အတွက် အိပ်ရာပေါ်ကအခန်းတချို့ ပါဝင်ပြီး သတိထား ကြည့်ရှုစေလိုပါတယ်ဗျ။...

Renoir (2012) ⭐IMDB: 6.5/10 (6 k Votes) 🎬 #Biography #Drama #History #Romance 🗓 2012 🎞 movie 📺 #720p #1080p 💿 1.0 GB ⦿ 2.1 GB 🌎 #France ⏰ 1 နာရီ 47 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အဆိုပါရုပ်ရှင်သည် အမြင်အာရုံတွင် စွဲမက်ဖွယ်ကောင်းပြီး စိတ်ခံစားမှုများကို လှုံ့ဆော်ပေးသည့်ရုပ်ရှင်မျိုးဖြစ်ပါတယ်။ French Riviera ၌ဇာတ်အိမ်တည်ထားသောရုပ်ရှင်၏ ဇာတ်ကြောင်းကား Impressionist ပန်းချီဆရာ Pierre-Auguste Renoir ရဲ့ နောက်ဆုံးနှစ်များ၏ အနှစ်သာရကို လှပစွာဖမ်းယူရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။ ဒါရိုက်တာ Gilles Bourdos သည် အချစ်၊ အနုပညာနှင့် ခေတ်အပြောင်းအလဲများကြားတွင် ကွဲအက်နေသော မိသားစုတစ်ခု၏ ပြင်းထန်သောပုံတူပန်းချီကိုရေးဆွဲထားသည့်နှယ်ရိုက်ကူးပုံဖော်ထားပါတယ်။ လှပတဲ့ ကင်မရာရိုက်ချက်များအားအသုံးပြုကာ Renoir ၏ အနုပညာစတိုင်ကို ပဲ့တင်ထပ်စေမယ့် ဇာတ်ဝင်ခန်းများကို ရုပ်ရှင်ထဲ၌ ပြန်လည်တည်ဆောက်ဖန်တီးပြခဲ့ပါတယ်။ စိမ်းလန်းစိုပြေသောရှုခင်းများ၊ နေရောင်ဖျော့ဖျော့နှင့် တောက်ပလှသော အရောင်များသည် ရူနွာ ၏ ကမ္ဘာပေါ်ရှိ ပရိသတ်များကို ဖမ်းစားထားသည်များဖြစ်ပါတယ်။ ရုပ်ရှင်၏ အသေးစိတ်နှင့် အချိန်တိကျမှုအပေါ် အာရုံစူးစိုက်မှုသည် ကြည့်ရှုသူများကို အနုပညာနှင့် သဘာဝ ချောမွေ့စွာ ပေါင်းစပ်ထားသည့် 20ရာစုအစောပိုင်းသို့ ပြန်လည်ပို့ဆောင်ပေးသကဲ့သို့ဖြစ်နေပါတော့တယ်။ ရုပ်ရှင်ရဲ့အဓိကဆွဲဆောင်ထားတဲ့အချက်က လူမှုဆက်ဆံရေးအား သိမ်မွေ့စွာရှာဖွေဖော်ထုတ်တာပဲဖြစ်ပါတယ်။ Renoir တစ်ယောက် အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ရုပ်ပိုင်းဆိုင်ရာချို့ယွင်းမှုကို တွန်းလှန်ရင်း၊ သူ၏ အနုပညာဝါသနာဟာလည်း မယိမ်းယိုင်သွားဘဲ ဆက်လက်တည်နေပြီး၊ နောက်ပိုင်းတွင် နာမည်ကြီးရုပ်ရှင်ဒါရိုက်တာတစ်ဦးဖြစ်လာမည့် သားဖြစ်သူဂျွန်၏ ငယ်ရွယ်နုပျိုသောစွမ်းအင်နှင့်လည်း လှပစွာ ဆန့်ကျင်နေတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ အဖေနှင့်သား အကြား နူးညံ့သော ဆက်သွယ်မှုကို သိမ်မွေ့စွာ သရုပ်ဖော်ထားပြီး ၎င်းတို့၏ ဘဝအပေါ် နက်နဲသော အနုပညာ၏ လွှမ်းမိုးမှုများအား တစေ့တစောင်း ပြသထားပါတယ်။ Renoir ရုပ်ရှင်သည် စိတ်ကူးယဉ်ဆန်ပြီး ကဗျာဆန်သော ခရီးတစ်ခု၊ အနုပညာအမွေနှင့် ဘဝများကို ပုံဖော်ပေးသည့် ပန်းချီကားတစ်ချပ်ဖြစ်ပါတယ်။...

Dante's Inferno: An Animated Epic (2010) ⭐IMDB: 6.5/10 (10 k Votes) 🎬 #Action #Animation #Adventure #Horror #Drama #Fantasy 🗓 2010 🎞 movie 📺 #720p #1080p 💿 781.4 MB ⦿ 1.3 GB 🌎 #UnitedStates #Japan #Singapore #SouthKorea #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Dante’s Inferno………………………… ဒီကားမထွက်ခင် ဂိမ်းအရင်ထွက်တာဗျ ဂိမ်းတုန်းကလည်းတော်တော်တော့လို့ကောင်းခဲ့ပါတယ် ဒန်ထေရဲ့ငရဲဆိုတဲ့ဇာတ်လမ်းဟာ တကယ်တော့သမ္မာကျမ်းစာပါဇာတ်လမ်းမဟုတ်ဘူးဗျ ၁၄ရာစု အီတလီကဗျာဆရာကြီး ဒန်ထေ ‌အလီဂေလွိရေးဖွဲ့တဲ့ ကျော်ကြားတဲ့ကဗျာကြီးထဲကဇာတ်လမ်းပါ ဗုဒ္ဓဘာသာဇာတ်ထုတ်မှာဆိုရင် ရင့်မာတကျိပ်ဇာတ်ထုတ်ထဲကနေမိဇာတ်ထုတ်လိုပဲဗျ ဒန်ထေဟာ ခရစ်ယာန်ငရဲကြီးကိုးထပ်ကိုဖြတ်ကျော်ပြီး ချစ်သူကိုပြန်ကယ်တဲ့ဇာတ်လမ်းပါ ဒီကာတွန်းမှာထူးဆန်းတာက ဇာတ်ဝင်ခန်းတခုနဲ့တခုပုံတွေမတူဘူးဗျ အဲ့တချက်တော့ကြည့်ရတာတမျိုးပဲ IMDbမှာ‌တော့ 6.9/10ထိရထားပါတယ်...

Attack of the Unknown (2020) ⭐IMDB: 3.3/10 (7 k Votes) 🎬 #Action #ScienceFiction #Horror #SciFi #Thriller 🗓 2020 🎞 movie 📺 #720p #1080p 💿 669.1 MB ⦿ 1.5 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 9 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 SWAT အထူးတပ်ဖွဲ့တဖွဲ့ဟာ အကျဉ်းသားတယောက်ကို ထောင်ဆီပို့ဆောင်နေရင်းနဲ့ လမ်းမှာ ခြုံခိုတိုက်ခံရသလိုဖြစ်ခဲ့ပြီး ယာဉ်တန်းရပ်သွားခဲ့ပါတယ်။ ဒါပေမဲ့ တိုက်ခိုက်ခံရတာမဟုတ်ပဲ အမည်မသိ အကောင်တွေရဲ့တိုက်ခိုက်မှုဖြစ်နေခဲ့ပြီး ဒီအကောင်တွေက တွေ့သမျှလူတိုင်းကို လိုက် သ-တ်နေတဲ့အခါ သူတို့ဘယ်လိုရင်ဆိုင်ကြမလဲ၊ အမည်မသိအကောင်ကြီးတွေကရော အခုမှပေါ်လာတာလား၊ နောက်ဆုံးမှာရော သူတို့အဖွဲ့လွတ်မြောက်နိုင်မှာလားဆိုတာကို ကြည့်ရှုလိုက်ကြပါဦးဗျ။...

Tarla (2023) ⭐IMDB: 7.0/10 (4 k Votes) 🎬 #Biography #Bollywood #Drama #Comedy 🗓 2023 🎞 movie 📺 #720p #1080p 💿 875.0 MB ⦿ 1.8 GB 🌎 #India ⏰ 2 နာရီ 7 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Tarla(2023) CM ပရိသတ်တွေကို ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ကားလေးကတော့ IMDb 7/10 ရရှိထားတဲ့ကားလေးပဲဖြစ်ပါတယ်။လူသားမဆန်တဲ့ အိမ်ထောင်ရေးရယ်လို့ ပြောရမယ်ဆိုရင် အိန္ဒိယနိုင်ငံရဲ့အိမ်ထောင်ရေးဆိုင်ရာဓလေ့တွေကလည်းထိပ်ဆုံးကပြေးမြင်မိတဲ့ထဲ ပါနေလိမ့်မယ်ထင်ပါတယ်။ ဘာအတတ်ပညာတွေတတ်ထာ:တတ်ထားအချိန်တန်သတို့သားအိမ်လာကြည့်တာနဲ့ ဟင်းချက်စွမ်းရည်နဲ့ အိမ်ထောင်မှုနိင်နင်းတဲ့အကြောင်းပဲအသားပေးပြပြီးလက်ထပ်။ ဒီလိုနဲ့ အိမ်ထောင်ကျ ကလေးမွေးရင်း ချက်ပြုတ်ကျွေးမွေး၊ တစ်ဖက်ကယောကျာ်းလေးကလည်း မိုးလင်းတာနဲ့ သံပတ်ပေးထားသလို အိပ်ယာထ၊ အလုပ်သွား၊ ပြန်အိပ် စတဲ့ဒုံရင်းသောတစ်နေ့တာနဲ့ ငြီးငွေ့လောက်စရာ အိမ်ထောင်ရေးတွေကိုလည်း တော်တော်များများမြင်ဖူးကြမှာပါ။ ဒီကားလေးမှာတော့ တာလာဟာ ဘဝမှာ ငါတစ်ခုခုတော့ဖြစ်ရမယ်ဆိုတဲ့ ဉာဏ်ကောင်းကောင်းဟင်းချက်လက်ရာကောင်းကောင်းနဲ့ကောင်မလေးတစ်ယောက်ပါ။ ဒါပေမယ့် သူဖြစ်ချင်တာ ဘာရယ်လို့ကွဲကွဲပြားပြားမသိသေးခင်မှာပဲ အိမ်ထောင်ရေးဆိုတဲ့ရထားကြီး သူမဆီဆိုက်ရောက်လာပါတော့တယ်။သားသတ်လွတ်သမားမင်းသမီးနဲ့ အသားဟင်းသိပ်မစွဲလန်းတဲ့မင်းသားတို့ တစ်နေ့တာတွေကိုဘာရယ်မသိဖြတ်သန်းလာရင်း နှစ်ချီလာတဲ့နောက် နောက်ကွယ်မှာ အသားခိုးစားနေတဲ့ယောကျာ်းကိုမိသွားတဲ့အခါ …။ ချောင်ထိုးထားတဲ့ တီထွင်နိုင်စွမ်းတွေ အစွမ်းကုန်အသုံးချလို့ယောကျာ်းအသားမစားရေးလှုပ်ရှားမှုကြီး စပြီး ဟင်းတွေကို တီထွင်ပါတော့တယ်။ ဒီလိုနဲ့ သူ့ရဲ့ဆန်းသစ်တဲ့ဟင်းချက်လက်ရာအစွမ်းနဲ့ သူတို့တိုက်ကကောင်မလေးကိုပါ အိမ်ထောင်ချပေးလိုက်နိုင်ပြီးတော့နာမည်ကြီးသွားပြီး သင်တန်းတွေပါဖွင်လိုက်ရတဲ့သူမ..။ မမျှော်လင့်တဲ့ အချိုးအကွေ့တွေနဲ့ကြုံလာတဲ့အခါဘယ်လိုတွေ ရုန်းကန်မလဲ၊ ရင်ဆိုင်မလဲ ၊ ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို ပေါ့ပေါ့ပါးပါးလေးကြည့်ရှုနိုင်မယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းသစ်လေးကို Cm Bollywood Team မှ Aditi, V နဲ့ ZWE တို့မှ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။...

Die drei ??? - Erbe des Drachen (2023) ⭐IMDB: 5.7/10 (387 Votes) 🎬 #Adventure #Family #Mystery 🗓 2023 🎞 movie 📺 #1080p #720p 💿 702.2 MB ⦿ 1.2 GB 🌎 #Germany ⏰ 1 နာရီ 40 မိနစ် 8 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 “The Three Investigators” ဆိုတဲ့ ကလေးဖတ်စာအုပ်တွဲထဲက တစ်အုပ်ကိုမှီငြမ်းပြီးရိုက်ကူးထားတဲ့ ဂျာမန် Adventure & mystery ဇာတ်ကားလေးပါ IMDb 5.7 ရရှိထားပြီးကလေးသရုပ်ဆောင်သုံးယောက်ကတော့အဓိကဇာတ်ဆောင်တွေဖြစ်ပါတယ် ဇာတ်လမ်းထဲမှာတော့ စုံစမ်းထောက်လှမ်းရတာဝါသနာပါတဲ့သူငယ်ချင်းသုံးယောက်သား နွေရာသီအစမ်းခန့်အလုပ်အတွက် Transylvania မြို့ကိုရောက်သွားခဲ့ရာကနေစပါတယ် သူတို့ကအဲဒီမှာဒရက်ကူလာဇာတ်ကားရိုက်ဖို့အတွက်သွားကြတာဖြစ်ပြီး ရိုက်ကွင်းနေရာဖြစ်တဲ့ရဲတိုက်ကြီးကတော့ရာဇဝင်တွေအပြည့်ပါပဲ စုံထောက်‌ကျော်သုံးယောက်တို့ ရဲတိုက်ရဲ့ရာဇဝင်နဲ့ရဲတိုက်ထဲမှာဖြစ်နေတဲ့ထူးဆန်းတဲ့ကိစ္စကိုလိုက်စုံစမ်းကြရင်း ဘာတွေတွေ့ကြုံရမလဲ ရာဇဝင်တွေကတကယ်ရောဟုတ်ရဲ့လား မသမာသူတွေကရောရဲတိုက်ထဲမှာဘာတွေကြံစည်နေကြတာလဲဆိုတာကိုအဖြေရှာကြတဲ့ဇာတ်ကားဖြစ်ပါတယ် နာမည်ကျော်ကလေးဖတ်စာအုပ်ကနေမှီငြမ်းရိုက်ကူးထားတာမလို့ ကလေးတွေပါကြည့်လို့သင့်တော်တဲ့ပေါ့ပေါ့ပါးပါးဇာတ်ကားလေးပါ...

True Story of Woman Condemned Continues (1975) ⭐IMDB: 4.7/10 (61 Votes) 🎬 #Adult #Crime #Drama 🗓 1975 🎞 movie 📺 #1080p #720p 💿 640.1 MB ⦿ 1.2 GB 🌎 #Japan ⏰ 1 နာရီ 11 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဂျပန်မလေးတွေရဲ့ ရောင်စုံအလှကို ဆက်ခံစားကြည့်ရအောင်ဒီဇာတ်လမ်းလေးက ရှေ့ကဇာတ်လမ်းလေးရဲ့အဆက်ပါပဲ မာရူမီ တယောက် အချုပ်က ခိုးထွက်ပြေးပြီးလွတ်လာချိန်မှာပဲသူချစ်သူက တခြားကောင်မလေးတယောက်နဲ့ အတူအိပ်နေတာကိုတွေ့သွားခဲ့ပါတယ် အဲဒီမှာပဲ လက်မရွံ့ဖြစ်နေတဲ့ မာရူမီကသစ္စာမဲ့တဲ့ချစ်သူကို သတ်ခဲ့ပြီး သက်ငယ်ထောင်ပြန်ရောက်ပါတယ် ထောင်ဝန်းထမ်းတွေ အပြင်က ရာကူဇာတွေနဲ့ တွဲလုပ်စားပုံကောင်မလေးတွေအပေါ် မက်လုံးတွေပေးပြီး တာဝန်မယူတာတွေထုံးစံအတိုင်း သွေးအေးအေးနဲ့ လုပ်တက်တဲ့ မာရူမီရဲ့လှလှပပ အကွက်တွေကို လှလှပပ ဖေါ်ကြူးထားတာဖြစ်လို့DS Fans တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်...

Good Omens (2019-2023) ⭐IMDB: 8.0/10 (85 k Votes) 🎬 #SciFi #Fantasy #Comedy #Drama 🗓 2019-2023 🎞 tv series 📺 #1080p 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 49 မိနစ် 12 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Good Omens Season 1ခရစ်ယာန်အယူဝါဒ အရကမ္ဘာဦးအစမှာဖန်ဆင်းရှင်ဟာ ဖန်ဆင်းမှု ၆ခုကို ဖန်ဆင်းတော်မူခဲ့တယ်၆ရက်မြောက်နေ့ ဘုရားသခင်ရဲ့ဖန်ဆင်းမှု ကြောင့် ကျွန်တော်တို့ လူသားတွေဖြစ်တည်လာရတာပေါ့ အားလုံးသိကြတဲ့ အာဒမ် နဲ့အေဝဆိုတဲ့အမျိုးသားနဲ့အမျိုးသမီးတဦး ပေါ်ထွန်းလာခဲ့တယ် ဘုရားသခင်ဟာအဆိုပါလူသား၂ဦးကို ဧဒင်ဥယျာဥ်ထဲမှာပဲ ထားတယ် အဲ့ဧဒင်ဥယျာဥ်ထဲက ပန်းသီးပင်က ပန်းသီးကို မစားဖို့ လူသား၂ဦးကို အတန်တန်မှာ ကြားခဲ့တယ်ဘုရားသခင်ရဲ့ ဖန်ဆင်းမှုတွေထဲမှာ တမန်တော်တွေရဲ့ အခန်းကဏ္ဍကလဲကမ္ဘာဦး အစမှာတည်းကအရေးပါခဲ့တယ်ဘယ်နေရာဖြစ်ဖြစ် အကောင်းကိုပြုမယ့် အဇီရာဖေးဆိုတဲ့တမန်တော်ရှိရင် သူနဲ့တွဲဖက်စေတန်ရဲ့အစေပါးဖြစ်တဲ့ ခရိုလီ ဟာ ပန်းသီးပင်က ပန်းသီးကို အေဝတယောက်စားမိအောင် စေ့ဆော်မိတဲ့နေ့ကစပီးလူသားတွေရဲ့ရာဇဝင်အဆက်ဆက်နဲ့ The Good Omens ဆိုတဲ့ဇာတ်လမ်းတပုဒ်ပေါ် ထွက်လာတော့တာပဲဒီ seriesဟာ နာမည်ကြီး ဝတ္ထုကိုပြန် ရိုက်ထားတဲ့ adaptation ဖြစ်ပေမယ့်လို့အခြားadaptation တွေလို မ fail ခဲ့ပါဘူး wonderful series ဆိုပီး recommend တွေအများကြီးရခဲ့တယ်rating ပိုင်းလဲပြောစရာမလိုဘူး acting ပိုင်း cast တွေ script ပိုင်းတွေ cinematography တွေ soundtrack တွေကအစအကုန် epic ပဲ ၆ပိုင်းထဲပေမယ့် အပိုင်း၁ကစပီး တော်တော် expense ဖြစ်တယ်ပြောရမယ်Heaven နဲ့ Hell… Angel နဲ့ Demonကမ္ဘာဦးစတည်းကရင်းနှီးလာတဲ့မိတ်ဆွေ၂ယောက်perspective မတူတဲ့သူ၂ယောက်ကြားကဟန်ချက်ညီနေတာလေးကိုကြည့်ရတာfantasy ဆန်ပေမယ့် လက်တွေ့ ဘဝကိုထင်ဟပ်နေစေတယ် တကယ်ကောင်းလို့ ကြည့်ကိုကြည့်သင့်တဲ့ series တခုပါပဲ….. File Size – 900MB / 500MBQuality – 1080p WEB DL / 720pDuration – 60minute (@Episode)Total Episodes: 6EpsSubtitle – Myanmar HardsubFormat – Mp4Genre : Sci-Fi & Fantasy, Comedy, Drama...

Grabbers (2012) ⭐IMDB: 6.3/10 (19 k Votes) 🎬 #Comedy #Horror #Mystery #ScienceFiction #Thriller #Action #Adventure #SciFi 🗓 2012 🎞 movie 📺 #720p #1080p 💿 835.6 MB ⦿ 1.6 GB 🌎 #Ireland #UnitedKingdom ⏰ 1 နာရီ 34 မိနစ် 35 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb – 6.3/10 ~ Rotten tomatoes – 70% အိုင်ယာလန်နိုင်ငံက ‌အယ်ရန်ကျွန်းလေးဟာ လူအနည်းစုပဲနေထိုင်ကြပြီး သာယာအေးချမ်းနေတဲ့ ကျွန်းလေးပါ။ ရဲစခန်းမှာလည်း အရာရှိနှစ်ယောက်သာရှိပြီး မှုခင်းလည်းတော်ရုံဖြစ်ခဲပါတယ်။ တနေ့မှာတော့ စခန်းမှူးက ပိတ်ရက်ခွင့်ယူတဲ့အတွက် ဒပ်ဗလင်မြို့ကနေပြီး နှစ်ပတ်အစားထိုးပေးမဲ့ ဂါဒါ (အရာရှိ) နိုလန် ကိုလွှတ်ခဲ့ပါတယ်။ ဒီလိုနဲ့ စခန်းမှာကျန်ခဲ့တဲ့ အိုရှေးနဲ့တွဲပြီးအလုပ်လုပ်ကြရင်း ကမ်းခြေမှာ ဝေလငါးတွေ သောင်သာတင်တဲ့သတင်းကို သွားစစ်ရင်း ဝေလငါးတွေရဲ့ ကိုယ်ပေါ်ကပုံမှန်အဟုတ်တဲ့ အမည်မသိဒဏ်ရာတွေကိုတွေ့ခဲ့ကြရပါတယ်။ တဖက်မှာလည်း ဘဝကိုငါးဖမ်းလိုက်၊ အရက်သောက်လိုက်နဲ့ ဖြတ်သန်းနေတဲ့ ပက်ဒါဆိုတဲ့ အဘိုးကြီးရဲ့ ကျောက်ပုစွန်ထောင်ခြောက်မှာ အမျိုးအမည်မသိ အကောင်တကောင်မိခဲ့ပြီး ပက်ဒါကိုတိုက်ခိုက်ရင်း သေသွားခဲ့တာကြောင့် အဏ္ဏဝါဗေဒပညာရှင် စမစ်နဲ့စစ်ဆေးကြည့်ရင်း ဒီသတ္တဝါတွေဟာ သွေးကိုစားသုံးပြီး အသက်ရှင်ဖို့ရေလိုအပ်တဲ့ အမျိုးအမည်မသိမျိုးစိတ်ဖြစ်နေပြီး သေသွားရတဲ့အကြောင်းအရင်းကလည်း ပက်ဒီလို ရှက်ကီပေါင်းစုံထုထားတဲ့ ရှက်ဘီဘဲကြီးရဲ့ သွေးကိုစုပ်မိသွားတာကြောင့် ဖြစ်နေခဲ့ပါတယ်။ ဖြစ်ချင်တော့ ပက်ဒါမိထားတဲ့အကောင်က အမဖြစ်နေပြီး သူ့နောက်ကိုပိုပြီးအားကြီးတဲ့ အဖိုတကောင်ကလိုက်နေတာကို သိလိုက်ရတဲ့အခါမှာတော့ အေးချမ်းသာယာတဲ့ အယ်ရင်ကျွန်းပေါ်မှာ လူသေမှုတွေဆက်တိုက်ဖြစ်နေခဲ့ပြီးပါပြီ။ ဒီကောင်ကြီးတွေရဲ့ လက်ကနေ လွတ်မြောက်နိုင်ဖို့ တစ်ခုထဲသောနည်းက အရက်မူးအောင် သောက်ဖို့ ဖြစ်နေတဲ့အခါမှာတော့ ဘယ်လိုတွေမူးအောင်သောက်ပြီး ဘယ်လိုတွေနှိမ်နင်းကြမလဲဆိုတာကို ရယ်ရယ်မောမောနဲ့ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။...

Mission: Impossible - Dead Reckoning Part One (2023) ⭐IMDB: 8.0/10 (98 k Votes) 🎬 #Action #Adventure #Thriller 🗓 2023 🎞 movie 📺 #720p #1080p 💿 1.4 GB ⦿ 2.7 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 36 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mission: Impossible – Dead Reckoning Part One (2023) [ကြည့်ရတာ အတော်လေးမဆိုးတဲ့ HDTS အဆင့်ခိုးရိုက်ထွက်လာလို့ တင်ပေးလိုက်ပါတယ်။ အကြည်မှ ကြည့်ချင်ရင်တော့ ‌စောင့်ပေးကြပါဦး] ~ IMDb – 8/10, Rotten Tomatoes – 96% ~ Mission: Impossible – Fallout (2018) ရဲ့ အဆက်ဖြစ်တဲ့ Dead Reckoning Part 1 လာပါပြီ။ ဒါဟာ သတ္တမမြောက် M:I ရုပ်ရှင်ပဲဖြစ်ပါတယ်။ Fallout, Top Gun တို့ရဲ့ ဇာတ်ညွှန်းဆရာ Christopher McQuarrie ကပဲ ဇာတ်ညွှန်းရေးသား ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ နှစ်ကားတွဲဖြစ်ပြီး Dead Reckoning Part II ကိုလည်း ဆက်ပြီးရိုက်ကူးသွားမှာပါ။ တွမ်ခရုရဲ့ သက်စွန့်ဆံဖျားစတန့်တွေနဲ့ နာမည်ကြီးခဲ့တဲ့ M:I ရုပ်ရှင်တွေဟာ ဒီကားမှာလည်း အရှိန်ကို ဆက်ထိန်းထားတုန်းပါပဲ။ ဝေဖန်ရေးဆရာတွေရဲ့ Rating တွေအရ M:I ၇ ကားထဲမှာ Dead Reckoning Part I ဟာ အကောင်းဆုံးအဖြစ် ရပ်တည်နေပါတယ်။ တွမ်ခရုရဲ့ အရင်ရုပ်ရှင်ထဲက သရုပ်ဆောင်တွေ ပြန်ပါလာကြသလို မင်းသမီးအသစ်အနေနဲ့ ကပ္ပတိန်အမေရိကန်ရဲ့ ချစ်သူ၊ S.H.I.E.L.D. အဖွဲ့တည်ထောင်သူ အေးဂျင့်ကာတာ အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Hayley Atwell နဲ့ GoTG မှာ Mantis လုပ်ခဲ့တဲ့ Pom Klementieff တို့ ပါဝင်ထားပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ ဒီတစ်ခါ ရန်သူကတော့ လူပုဂ္ဂိလ်အဖွဲ့အစည်းမဟုတ်တော့ပါဘူး။ လူတွေနဲ့ချရတာ ဦးခရုအတွက် အရမ်းလွယ်နေပါပြီ။ တစ်ကမ္ဘာလုံးက စနစ်တွေ နက်ဝက်တွေကို ဖောက်ဝင်ပြီး ထိန်းချုပ်နိုင်စွမ်းရှိတဲ့ စက်ဦးနှောက် AI တစ်ခုဟာ ကိုယ်ပိုင်စဉ်းစားဉာဏ်နဲ့ လူတွေကို ပြန်ပြီး တိုက်ခိုက်လာတာဖြစ်ပါတယ်။ အဲဒီ AI ကို Entity (သတ္တဝါ/အရာဝတ္ထု သက်ရှိ) လို့ နာမည်ပေးထားလိုက်ကြပါတယ်။ ဒီ အန်တတီကိုနိုင်မယ့် နည်းပညာမရှိတော့ပေမဲ့ ထိန်းချုပ်နိုင်တဲ့ သို့မဟုတ် သတ်ပစ်နိုင်တဲ့ လျှို့ဝှက်ချက်ဟာ သော့တစ်ချောင်းအပေါ်မှာ မူတည်နေပါတယ်။ အဲဒီသော့ဟာလည်း အပိုင်းနှစ်ပိုင်းရှိပြီး တစ်ကမ္ဘာလုံးက အစိုးရတွေက ကိုယ်ပိုင်အသုံးချနိုင်ဖို့ အပြိုင်အဆိုင်လိုက်နေကြပါတယ်။ အဲဒီသော့ကို ရဖို့အတွက် IMF ကို တာဝန်ပေးခံရတဲ့အခါ အီသန်ဟန့်နဲ့အဖွဲ့လည်း နောက်ထပ် မဖြစ်နိုင်စရာစစ်ဆင်ရေးတစ်ခုကို ဆင်နွှဲရပါတော့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMr. Andersonမှ ပြန်ဆို ရေးသားထားပါတယ်)...

Hidden Strike (2023) ⭐IMDB: 5.8/10 (816 Votes) 🎬 #Action #Adventure #Comedy #Thriller 🗓 2023 🎞 movie 📺 #720p #1080p 💿 925.2 MB ⦿ 2.1 GB 🌎 #China #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဂျက်ကီချန်းနဲ့ ဂျွန်စီနာတို့ရဲ့ ဟာသအက်ရှင်ကားအသစ်လာပါပြီ။ ဒါရိုက်တာကလည်း Need for speed, Expend4bles တို့ရဲ့ Scott Waugh ပါ။ ဇာတ်လမ်းအကျဉ်း အရှေ့အလယ်ပိုင်းရဲ့ တရုတ်ရေနံကုမ္ပဏီတစ်ခုက ဒေသတွင်း ကြေးစားစစ်တပ်တွေက ဝိုင်းတိုက်နေပြီ ဝင်စီးဖို့ကြိုးစားနေပါတယ်။ ရေနံဝန်ထမ်းတွေကို ကယ်တင်ဖို့ ဂျက်ကီချန်းတို့ လုံခြုံရေးတပ်တွေ ရောက်လာပြီး ကယ်ထုတ်နေချိန်မှာ ကြေးစားတပ်တွေနဲ့ တိုက်ပွဲဖြစ်ပါတော့တယ်။ အဲဒီတိုက်ပွဲမှာ ဂျွန်စီနာက ကြေးစားတွေဘက်ကနေ ပါလာပြီး ရေနံဝန်ထမ်းတွေရဲ့ ကားတန်းထဲက ဘတ်စကားနှစ်စီးကို ဖမ်းခေါ်သွားနိုင်ခဲ့ပါတယ်။ အဲဒီလူတွေကို ပြန်ကယ်ဖို့ ကြိုးစားရင်း ဂျက်ကီနဲ့ဂျွန်စီနာတို့ တွေ့ကြတဲ့အခါ…....

Maamannan (2023) ⭐IMDB: 7.1/10 (2 k Votes) 🎬 #Bollywood #Drama #Thriller 🗓 2023 🎞 movie 📺 #720p #1080p 💿 1.3 GB ⦿ 3.0 GB 🌎 #India ⏰ 2 နာရီ 36 မိနစ် 14 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Maamannan(2023) IMDb-7.1/10Political Thriller 75 ကုဋေထိရုံတင်ငွေအမြတ်ရထားတဲ့ တစ်ခေတ်တစ်ခါက အောင်မှုတွေရခဲ့တဲ့ဟာသမင်းသားကြီးVadivelu ၊ ဝန်ကြီးမျိုးဆက်ကနေမွေးဖွားလာတဲ့လူငယ်ဖွံ့ဖြိုးရေးနဲ့အားကစားဌာနမှာဝန်ကြီးခန့်အပ်ခံရဖူးသူ Udhayanidhi Stalin နဲ့ ရှူတည်တည်ကာရိုက်တာလေးတွေနဲ့ ပေါက်ခဲ့တဲ့မင်းသမီးချောလေးKeerthy Suresh တို့ပါဝင်ထားတဲ့ တမီးလ်ဇာတ်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအညွှန်း လွှတ်တော်ကိုယ်စားလှယ်ရဲ့သားဖြစ်ပေမဲ့ အဖေ့ရဲ့အရှိန်အဝါကိုမမီပဲ ဝက်မွေးပြီးအေးဆေးနေတဲ့အသီဗီရန် ၊လူမှုကောင်းကျိုးတွေကို ကျောင်းသူဘဝတည်းကဆက်တိုက်လုပ်ဆောင်နေတဲ့ လီလာ ၊အသီဗီရန်ကလီလာ့ကိုကြိတ်သဘောကျနေပေမဲ့ လွှတ်‌တော်ကိုယ်စားလှယ်ရဲ့သားမို့လီလာကမကြိုက်မှန်းသိလို့ရှေ့မတိုးခဲ့တာ ကျောင်းပြီးသည်ထိပါပဲ ကျောင်းပြီးတစ်နေ့လီလာ နွမ်းပါးတဲ့ကလေးတွေကိုစာသင်ဖို့ငှားထားတဲ့နေရာကိုအမည်မသိလူတွေခြိမ်းခြောက်မှုကြောင့် ပိုင်ရှင်ကအတင်းရွှေ့ခိုင်းတဲ့အချိန်မှာစတော့တာပဲသူငယ်ချင်းတွေက အသီဗီရန်ကိုအကူအညီတောင်းချင် လီလာကလက်မခံနဲ့ နောက်ဆုံးတော့လက်လျှော့ပြီးအသီဗီရန့်အိမ်သွားတွေ့ကြချိန်မှာ အသီဗီရန်က ဝက်တွေပဲမွေးနေပြီး အဖေနဲ့စကားမပြောခဲ့တာ ဆယ့်ငါးနှစ်တိုင်ခဲ့ပြီဆိုတာ လီလာသိလိုက်ရပါတယ် မုန်းတီးမှုကြောင့်မဟုတ်ဘဲ 15 နှစ်ထိ စကားမပြောခဲ့ရတဲ့အကြောင်းအရင်းနဲ့ရိုးရှင်းမနေတဲ့လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဆိုတဲ့ဘဝမှာဘယ်လိုအလှည့်အပြောင်းတွေပါလာမလဲ လီလာနဲ့ ဗီရာတို့ရဲ့အချစ်ရေးဒါတွေကိုရသစုံကြည့်ရှူခံစားရမဲ့ကားလေးပဲဖြစ်ပါတယ် (အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ Cherry ~ Moon ~ V ~ Yunni တို့ပဲဖြစ်ပါတယ်)...

In Dream (2023) ⭐TMDB: 40.0% User Score 🎬 #Crime #Thriller 🗓 2023 🎞 Movie 📺 #720p #1080p 💿 419.2 MB ⦿ 889.8 MB 🌎 #SouthKorea ⏰ 1 နာရီ 28 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 In Dream (2023) လူတွေရဲ့သဘာဝကတော့ အိပ်မက်ဆိုတာ မက်ပြီးရင် မနက်ကျ မေ့သွားတတ်ကြတာများပါတယ်မနက်ထိ သတိရရင်တောင် တစ်နေကုန် မှတ်မိနေဖို့က ခဲယဉ်းပါတယ် ဒါပေမဲ့ ကိုယ့်အိပ်မက်ထဲတောင်မဟုတ်ဘဲ သူများအိပ်မက်ထဲထိပါ ဝင်ပြီး ထိန်းချုပ်လို့ရမယ်..ကိုယ်လုပ်ချင်တာတွေလုပ်လို့ရမယ်ဆိုရင်တော့ တကယ်ကို ဆန်းကြယ်သွားပါပြီ ဒီဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်ဖြင့် ဟုန်းဟွာဆိုတဲ့မိန်းကလေးက သူများအိပ်မက်ထဲမှာ ဝင်ပြီးဆက်သွယ်နိုင်နေတာပါ..ဒါပေမဲ့ အရာရာက သူငယ်ချင်း ပျောက်ဆုံးတဲ့နေရာမှာ စတင်လာခဲ့တယ် ဟုန်းဟွာရဲ့ သူငယ်ချင်းကို ပြန်ပေးဆွဲသွားတဲ့ လူသတ်သမားဟာ ရက်စက်လွန်းတဲ့အတွက် ရဲတွေကလည်း အသေရရအရှင်ရရ ဖမ်းချင်နေတာပါ..အဲလိုနဲ့ ဟုန်းဟွာလည်း အဲအမှုမှာပတ်သက်ခဲ့ရပြီးတော့ လူသတ်သမားနဲ့ စိတ်နဲ့ စီးချင်းထိုးရမယ့်အဖြစ်တွေနဲ့ ကြုံရပါတော့တယ် နောက်ဆုံးမှာ အဲလိုတွေသဘာဝလွန်ဖြစ်ရပ်တွေကြုံနေရတဲ့ ဟုန်းဟွာတစ်ယောက်လူသတ်သမားကို ဖမ်းတဲ့နေရာမှာကူညီနိုင်မလား…နောက်ဆက်တွဲကြုံလာရမယ့်အဖြစ်တွေကိုရော ခံနိုင်ရည်ရှိပါ့မလားဆိုတာ ကြည့်ရမှာဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့Joyzပဲ ဖြစ်ပါတယ်။...