ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Siege (2023) ⭐IMDB: 5.2/10 (1 k Votes) 🎬 #Action #Adventure #Crime #Drama #Thriller 🗓 2023 🎞 movie 🌎 #Spain #Mexico #UnitedStates ⏰ 1 နာရီ 39 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၀၂၃ ရဲ့အကောင်းဆုံးစပိန်ရုပ်ရှင်ဖြစ်ပြီးခေါင်းထဲကပါထုတ်မရစွဲကျန်မယ့်ရုပ်ရှင်အဖြစ် မှတ်ချက်ပေးထားကြတဲ့ Siege( 2023) စပိန်နိုင်ငံမဒရစ်မှာတရားမဝင်ရွှေ့ပြောင်းလာတာကြောင့်ဥပဒေအရအိမ်ငှါးနေထိုင်ခွင့်မရှိတဲ့သူတွေကိုနှင်ထုတ်တာမှာရဲအရာရှိမအသစ်ကလေး ဒန်နီပါလိုက်ပါတာဝန်ထမ်းဆောင်ရပါတယ်။ တရားမဝင်အိမ်ငှါးတွေကိုလိုက်ရှာရင်းအခန်းတစ်ခုမှာ ပိုက်ဆံတွေတွေ့တာကြောင့်ဘယ်သူမှမသိအောင်ပြန်သွားပြီးဒန်နီယူနေတုန်းမှာပဲလူတစ်စုဝင်လာပြီး ပိုက်ဆံကိုလာရှာကြပါတယ်။ အဲဒီလူတစ်စုက ဒန်နီတို့ဌါနကရဲတွေဖြစ်နေပြီး လူမဆန်တဲ့ရက်စက်တဲ့လုပ်ရပ်တွေလုပ်လာကြတဲ့အခါ ဒန်နီကဗွီဒီယို ရိုက်ထားလိုက်ပါတယ် အကျင့်ပျက်ရဲတွေ ဒန်နီ ဗွီဒီယိုရိုက်တာကို မြင်သွားတဲ့အခါ ဖုန်းကိုလိုက်ယူရုံမက လူကိုပါဒုက္ခပေးလာတဲ့အခါသူတို့လက်ကနေဒန်နီလွတ်အောင်ပြေးရပါတော့တယ်။ ဒန်နီ့ကိုဘယ်သူတွေကအကူအညီပေးမလဲ သေရေးရှင်ရေးဆုံးဖြတ်ရတဲ့အခါဒန်နီဘယ်လိုဆုံးဖြတ်မလဲ ဆိုတာတော့...
Vattara Vazhaku (2023) ⭐IMDB: 7.0/10 (12 Votes) 🎬 #Bollywood #Drama 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 18 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Vattara Vazhaku (2024)’အမုန်းမီးတောက်”================================ အသစ်ထွက်လာတဲ့ တမီလ်စကားပြော ကျေးလက်အက်ရှင်ဒရာမာရုပ်ရှင်လေးကို ပရိသတ်တွေအတွက်တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် အိန္ဒိယတောင်ပိုင်းရွာတစ်ရွာမှာဖြစ်ပျက်ခဲ့တဲ့ တကယ့်အဖြစ်အပျက်တွေကို အခြေခံရိုက်ကူးထားတာပါတဲ့။ ဇာတ်လမ်းကတော့.. တမီလ်နာဒူးပြည်နယ်ထဲကရွာလေးတစ်ရွာမှာ လုံးဝမတည့်ကြတဲ့ မိသားစုနှစ်ခုရှိတယ်။ သူတို့ဟာ အစတုန်းက ဆွေမျိုးတွေဖြစ်ခဲ့ကြပေမဲ့ပြဿနာလေးတစ်ခုကနေစပြီး တစောင်းစေးနဲ့ မျက်ချေးလိုမျိုးတွေ့တဲ့နေရာတိုင်းပြိုင်ဆိုင်၊ မနိုင်ရင်ညစ်၊ လစ်ရင်လစ်သလိုဦးတဲ့သူက ခုဝာ်ထစ်နေကြတဲ့အထိ အာဃာတရန်ငြိုးတွေပွားနေခဲ့ကြတာပါ။ ဒါပေမဲ့ သူတို့မိသားစုနှစ်ခုထဲက အဓိကကျတဲ့ယောက်ျားတစ်ယောက်နဲ့မိန်းကလေးတစ်ယောက် မေတ္တာမျှဖို့ဖြစ်လာတဲ့အခါမှာတော့ရန်ငြိုးတွေကြောင့် အလွမ်းဇာတ်သိမ်းရမှာလား၊ ဒါမှမဟုတ်အချစ်တွေနဲ့ အရာရာကို အကောင်းအတိုင်းဖြစ်စေနိုင်မလားဆိုတာကိုတောင်ပိုင်းကျေးလက်အငွေ့အသက်တွေပြည့်နေတဲ့ဒီရုပ်ရှင်လေးထဲမှာ ပရိသတ်တွေ မြင်တွေ့ခံစားကြရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)...
Sorgavaasal (2024) ⭐IMDB: 6.8/10 (865 Votes) 🎬 #Action #Bollywood #Crime #Drama #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 14 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sorgavaasal (2024)“ကောင်းကင်တံခါးဝ” IMDb 6.9 အသစ်ထွက်ရှိထားတဲ့ တမီးလ် အကျဉ်းထောင်ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် အိန္ဒိယနိုင်ငံက နာမည်ကျော် ရေဒီယိုတင်ဆက်သူနဲ့သရုပ်ဆောင် RJ Balaji နဲ့ မင်းသမီး Saniya Iyappan တို့ပါဝင်တာဖြစ်ပြီးဇာတ်လမ်းအကျဉ်းကတော့ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ လူ ၄၅ ယောက်သေဆုံး၊အကျဉ်းသား ၆ ယောက် လွတ်မြောက်သွားတဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ရပ်ကိုစုံစမ်းစစ်ဆေးရန် အရာရှိတစ်ယောက်ရောက်လာပါတယ် အဖြစ်အပျက်အားလုံးနောက်ကွယ်မှာ လူသတ်မှုနဲ့ ထောင်ကျခဲ့တဲ့ပါသီဘန်ဆိုတဲ့ ကောင်လေးရှိတယ်လို့ ပြောဆိုကြပြီး ဆစ်ဂါဆိုတဲ့ထောင်တွင်းလူမိုက်တစ်ယောက်နဲ့ ပါသီတို့ပတ်သက်နေတယ်လို့လည်း ဆိုပါတယ် ပုံပန်းအသွင်အပြင်အရ လူသတ်သမားလို့ ထင်စရာမရှိဘဲပါသီဘန်ကတကယ်ပဲ ပြစ်မှုကျူးလွန်ခဲ့တာလား အပြစ်မရှိဘူးလားအကျဉ်းထောင်တွင်းက ဘဝအချိုးအကွေ့တွေကို ပရိသတ်ကြီးဆက်လက်ကြည့်ရှုကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်...
Bhool Bhulaiyaa 3 (2024) ⭐IMDB: 4.8/10 (75 k Votes) 🎬 #Bollywood #Comedy #Horror 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 38 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bhool Bhulaiyaa 3 (2024) “၀င်္ကပါ”IMDb – 5.1/10 အရှေးကူးမားစခဲ့တဲ့ ထိတ်လန့်ခြောက်ခြားဖွယ်ရာဟာသရုပ်ရှင်ကြီးရဲ့ သုံးကားမြောက်အသစ်စက်စက်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်မှာတော့ နှစ်ကားမြောက်ရုပ်ရှင်ကမင်းသားချောကာသစ်နဲ့ မင်းသမီးတရီပတီဒင်မ်ရီတို့ ပါဝင်ထားပါတယ်။ အပနှင်တဲ့ ပယောဂဆရာကြီးဘာဘာအဖြစ် လူတွေကို လိမ်စားနေတဲ့ ရူဟန်တစ်ယောက်ဒီတစ်ခါကြုံရမှာက ရော့တ်ခတ်တိုင်းပြည်က နန်းတော်ကြီးမှာရှိတဲ့ သရဲပါ။ငြင်းလို့မရတဲ့ အကြောင်းပြချက်တွေနဲ့ နန်းတော်ကြီးဆီလိုက်သွားတဲ့အခါမှာသွားတိုက်ဆေးတစ်ဘူးကို တစ်နှစ်သုံး၊ နွားကို နို့ပြန်တိုက်ပြီး ကိုယ်ရံတော်ကိုပြန်စောင့်ရှောက်နေကြတဲ့ တော်ဝင်မိသားစုကြီးနဲ့ ကြုံရဆုံရပါတယ်။ဘယ်လိုအလွဲတွေနဲ့ ရယ်ရမောရပြီး ဘယ်လိုတွေ ခြောက်လှန့်မလဲဆိုတာကိုခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်။)...
The Lord of the Rings: The War of the Rohirrim (2024) ⭐IMDB: 6.4/10 (17 k Votes) 🎬 #Action #Adventure #Animation #Drama #Fantasy 🗓 2024 🎞 movie 🌎 #UnitedStates #NewZealand #Japan #UnitedStatesofAmerica ⏰ 2 နာရီ 14 မိနစ် 45 စက္ကန့် 👑 Channel Myanmarဇာတ်ညွှန်း 📜 ကမ္ဘာကျော် The Lord of the Rings ဇာတ်လမ်းတွေထဲက တစ်ခုကို ထုတ်နုတ်ရိုက်ကူးထားတဲ့ ကာတွန်းရုပ်ရှင်ဖြစ်ပါတယ်။ လက်စွပ်စစ်ပွဲကြီး မဖြစ်ခင် နှစ် ၂၀၀ အကွာလောက်က ဇာတ်လမ်းဖြစ်ပြီး The Two Towers ထဲမှာ တိုက်ပွဲအကြီးအကျယ်ဖြစ်ခဲ့တဲ့ Helm’s Deep ရဲတိုက်ကြီးရဲ့ သမိုင်းကို အခြေခံထားပါတယ်။ ဒီတော့ အလယ်ကမ္ဘာရဲ့ တတိယခေတ်အတွင်းက ဇာတ်လမ်းပါပဲ။ ဇာတ်ကြောင်းကို နောက်ခံပြောသူအဖြစ် The Two Towers နဲ့ The Return of the Kings မှာပါတဲ့ Éowyn က ပြောပြသလို ဖန်တီး ထားတာဖြစ်ပြီး Éowyn ရဲ့ အသံသရုပ်ဆောင်အဖြစ် Miranda Otto က ပါဝင်ထားပါတယ်။ ဘုရင်ကြီး သီအိုဒန်ဟာ ရိုဟန်ရဲ့ ၁၇ ဆက်မြောက်ဘုရင်ဖြစ်ပြီး အခုရုပ်ရှင် ထဲမှာတော့ ရိုဟန် ၉ ဆက်မြောက်နဲ့ ၁၀ ဆက်မြောက်ဘုရင်ရဲ့ သမိုင်းကို ပြသထားတာဖြစ်ပါတယ်။ LOTR စကြဝဠာမှာ ခေတ်လေးခေတ်ရှိတဲ့အထဲက တတိယခေတ်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ပထမခေတ်ဟာ ဗာလာနှစ် ၃၀၀၀ (နှစ်ပေါင်း ၃၀၀၀၀) ကျော်ကြာမြင့်ခဲ့ပါတယ်။ မူလအစမှာတော့ Eru Ilúvatar အယ်ရူအီလူဗာတာဆိုတဲ့ဖန်ဆင်းရှင်တစ်ပါးရှိခဲ့ပါတယ်။ ဆရာကြီးတိုကင်းရ် တီထွင်ခဲ့တဲ့ နတ်ဘာသာစကား ကွင်ယာအရ အယ်ရူဆိုတာ တစ်ခု၊တစ်ဦးတည်းသောသူကို ရည်ညွှန်းပြီး အီလူဗာတာ ဆိုတာကတော့ အဘဘုရားလို့ ရည်ညွှန်းပါတယ်။ အယ်ရူရဲ့ စိတ်ထဲကနေ ဖန်ဆင်းရှင်အငယ်တွေ ဖြစ်ပေါ်လာပါတယ်။ သူတို့ကိုတော့ Ainur အိုင်နူအော်လို့ခေါ်ပါတယ်။ သူတို့ဟာ အယ်ရူနဲ့အတူ ကမ္ဘာကြီးကို ဖန်ဆင်း ကြတဲ့သူတွေဖြစ်ပါတယ်။ အယ်ရူဟာ Eä လို့ခေါ်တဲ့ ဗလာနယ်ကြီးကို ဖန်ဆင်းပြီးမှ Arda အဖြစ် စိတ်ကြိုက်ဖန်ဆင်းဖို့ အိုင်နူအော်တွေကို ခိုင်းစေခဲ့ပြီး အဲဒီလို ဖန်ဆင်းဖို့ သွားခဲ့ကြတဲ့ အကြီးဆုံး အိုင်နူအော်တွေကို Valar ဗယ်လာလို့ခေါ်ပါတယ်။ ပြီးတော့ အိုင်နူအာတွေထက် တဆင့်နိမ့်တဲ့ ဖန်ဆင်းရှင်အငယ်စားတွေကိုတော့ Maia မိုင်ရာလို့ခေါ်ပါတယ်။ Gandalf ဟာလည်း Olórin ဆိုတဲ့နာမည်နဲ့ မိုင်ရာတစ်ပါးပဲဖြစ်ပါတယ်။ အဲဒီနောက်မှာပဲ အယ်ရူရဲ့ စိတ်ထဲကနေ နတ်သူငယ်တွေနဲ့ လူသားတွေ အလယ်-ကမ္ဘာမှာပေါ်ထွက်လာပါတယ်။ ဒီနှစ်မျိုးကိုတော့ အီလူဗာတာရဲ့ ကလေးငယ်များလို့ခေါ်ပါတယ်။ နတ်သူငယ်တွေကိုတော့ ပထမမွေးဖွား သူလို့ခေါ်ပြီး လူသားတွေကိုတော့ ဒုတိယမွေးဖွားသူလို့ခေါ်ပါတယ်။ အဲဒီပထမခေတ်ရဲ့ အကြီးဆုံးရန်သူကတော့ အယ်ရူရဲ့ အကြီးဆုံးအမှုထမ်း စွမ်းအားအကြီးဆုံးအိုင်နူအော်အဖြစ်ကနေ ဖောက်ပြန်သွားတဲ့ Melkor ခေါ် Morgoth(ကမ္ဘာကြီးရဲ့အနက်ရောင်ရန်သူ) ပါပဲ။ မောရ်ဂေါ့သ်နဲ့ရဲ့ညီအစ်ကို Manwë Súlimo ကတော့ ဗယ်လာတွေရဲ့ ဘုရင်ပေါ့။ တိုကင်းရန်စကြဝဠာရဲ့ မကောင်းမှုအားလုံးက မောရ်ဂေါ့သ်ကနေ ဆင်းသက်လာတာပါ။ မောရ်ဂေါ့သ်ဟာ မိစ္ဆာဆိုတာကိုနားမလည်တဲ့ အိုင်နူအာအငယ်တွေကို သူ့ဘက်ပါအောင် စည်းရုံးသွားခဲ့ပါတယ်။ မောရ်ဂါ့ရဲ့ အားဟာ အခြားဗယ်လာအားလုံးပေါင်းရဲ့အားလောက်ရှိတာမို့ သူတို့ ဗယ်လာတွေအစမှာမနိုင်ခဲ့ပါဘူး။ နောက်မှသာ ဗယ်လာ Tulkas ရောက်လာပြီး အင်အားမျှခဲ့တာပါ။ အဲဒီနောက်မှာ ဗယ်လာတွေ ဆုတ်ခွာပြီး အခြေချတဲ့နေရာက ဗယ်လီနော်ဆိုတဲ့ မသေမျိုးနိုင်ငံဖြစ်လာပါတယ်။ မောရ်ဂေါ့ကတော့ အလယ်-ကမ္ဘာကိုကြီးစိုးထားခဲ့ပါတဘ်။ ဗယ်လာတွေသူ့ကိုဝင်မတိုက်ခင်မှာ မောရ်ဂေါ့သ်ဟာ နတ်သူငယ်တွေကို ဖမ်းဆီးနှိပ်စက်ဖျက်ဆီးပြီး ပထမဆုံးတော့ အော့ခ် ဘီလူးတွေကို ဖန်တီး ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဗယ်လာတွေဟာ မောရ်ဂေါ့သ်ကို ၇ နှစ်တိုင် တိုက်ခိုက်ပြီးမှ အကျဉ်းချထားနိုင်ခဲ့ပါတယ်။ နောင်မှ သူလိမ္မာချင်ယောင် ဆောင်လို့ ဗယ်လီနော်မှာခံဝန်နဲ့ ပြန်နေခွင့်ပေးခဲ့ပေမဲ့ နတ်ဘုရင် Finwë ကို သတ်ပြီး Silmarils ရတနာသုံးခုကိုယူပြီးထွက်ပြေးပြန်ပါတယ်။ သူ့ဘက်ကနေ လူသားတွေလည်း ပါလာကြပါတယ်။ အဲဒီနောက်မှာတော့ အလယ်-ကမ္ဘာမှာ ပထမခေတ်ရဲ့ စစ်ပွဲကြီးတစ်ခုအဖြစ် နတ်သူငယ်တွေနဲ့ လူသားတွေပူးပေါင်း၊ မောရ်ဂေါ့သ်နဲ့လူသားတွေကိုအနိုင်တိုက်ပြီး အမှောင် ဗလာနယ်ထဲကို ပစ်ချလိုက်နိုင်ပါတော့တယ်။ အဲဒီတိုက်ပွဲဟာနှစ် ၅၀ ကြာခဲ့ပြီး မောရ်ဂေါ့သ်ဘက်က နဂါးတွေလည်း အားလုံးနီးပါးသေဆုံးခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ နတ်တွေဘက်က ကူတိုက်တဲ့လူသားမျိုးနွယ်တွေဟာ Númenor နူမန်နော်မျိုးနွယ်ဖြစ်လာပြီး အခြားလူသားတွေထက် အသက်ပိုရှည်ကြပါတယ်။ LOTR ရုပ်ရှင်ထဲက အာရာဂွန်ဘုရင်ဟာ နူမန်နော်မျိုးဆက်ဖြစ်ပြီး အသက် ၈၇ အထိ နုပျိုနေဆဲဖြစ်ပါတယ်။ နတ်တွေကလည်း အလယ်-ကမ္ဘာမှာ ပြန်အခြေချသူတွေရှိသလို ဗယ်လီနော်ကို သွားကြသူတွေလည်းရှိလာ ပါတယ်။ ဒါကတော့ ပထမခေတ်ရဲ့အကျဉ်းပါ။ မောရ်ဂေါ့သ်ကိုနှိမ်နင်းအပြီးမှာတော့ ဒုတိယခေတ်စတင်လာပြီး ဘာတွေ ဆက်ဖြစ်လဲဆိုတာကို ဒီစီးရီးမှာကြည့်ရမှာ ပါ။ ဒီခေတ်ရဲ့အဓိကမိစ္ဆာက...
One Win (2023) ⭐IMDB: 6.2/10 (138 Votes) 🎬 #Comedy #Drama #Sport 🗓 2023 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 47 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 One Win (2024) ***************** IMDb… 6.5 Rebound , Amazon Bullseye တို့လို အားကစားရုပ်ရှင်တွေကို အထူးနှစ်ခြိုက်ခဲ့သူများအတွက် ဒီတစ်ခေါက်မှာတော့ ဘော်လီဘောအားကစားအကြောင်း ပုံဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Main Cast များအနေနဲ့ ရုပ်ရှင်ချစ်သူများနဲ့ မစိမ်းတဲ့ Parasite , A Taxi Driver မှ Song Kang-Ho နဲ့ Uprising ဇာတ်ကားတို့မှ Park Jeong-Min တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဂင်အူဂျင် (Song Kang-Ho) ဟာ ဘော်လီဘောကစားသမားဟောင်းဖြစ်ပြီး လက်ရှိမှာတော့ ကလေးသူငယ် ဘော်လီဘောသင်တန်းကျောင်းကို ဖွင့်ထားပေမဲ့ အရှုံးပေါ်ပြီး သင်တန်းကို ပိတ်ပစ်လိုက်ရတဲ့ အခြေအနေမှာပါ။ အဲဒီအချိန်မှာပဲ တိုက်တိုင်ဆိုင်ဆိုင် ပရိုအသင်း Pink Storm ကနေ နည်းပြလုပ်ပေးဖို့ ကမ်းလှမ်းလာပါတယ်။ ဖြစ်ချင်တော့ Pink Storm ကလည်း အဓိက ပွဲထွက်ကစားသမားတွေလည်း အသင်းပြောင်းကုန်ပြီး အရန်ကစားသမားတွေပဲ ကျန်ရှိတော့တာမို့ ဖျက်သိမ်းရတော့မယ်လို့ သတင်းထွက်နေတဲ့ အသင်းဖြစ်နေတာပါပဲ။ အဲဒီလို ဖျက်သိမ်းရခါနီးဆဲဆဲ Pink Storm အသင်းကို ပြန်လည်ဝယ်ယူထားတဲ့ အသင်းပိုင်ရှင်သစ်ကတော့ ဂန်ဂျောင်ဝန်း (Park Jeong-Min) ပါ။ သူ့ရည်ရွယ်ချက်ကတော့ အသင်းကို တစ်ပွဲအနိုင်ရတဲ့အသင်းဖြစ်အောင် လုပ်ပြီး ပြန်ရောင်းထုတ်ဖို့ပါပဲ။ ဒရမ်မာဆန်ဆန် ဇာတ်လမ်းတွေကိုမှ သဘောကျတဲ့ အသင်းပိုင်ရှင်ဂျောင်ဝန်းလည်း Pink Storm သာ တစ်ပွဲနိုင်ခဲ့မယ်ဆိုရင် လက်မှတ်ဝယ်ယူသူများထဲမှ အယောက် ၁၀၀ ရွေးပြီး ပိုက်ဆံ ၂ ဘီလီယံဆုချမယ်လို့ ကတိပြုကြေညာလိုက်တဲ့အခါမှာတော့..။ ဘဝတစ်လျှောက်လုံး ရှုံးနိမ့်ခြင်းနဲ့ပဲ အသားကျနေခဲ့တဲ့ နာမည်မဲ့နည်းပြ ဂင်အူဂျင်နဲ့ Pink Storm အသင်းသားများ ပူးပေါင်းကြိုးစားပြီး တစ်ပွဲအနိုင်ရရှိသွားမလား… ဘော်လီဘောအကြောင်း ဘာတစ်ခုမှမသိဘဲ အသင်းပိုင်ရှင်ဖြစ်လာတဲ့ မရင့်မကျက်သူဌေးသားလေး ဂန်ဂျောင်ဝန်းကရော အသင်းအပေါ်ထားတဲ့ သဘောထားတွေ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါဦး။ (ဇာတ်လမ်းအညွှန်းကိုတော့ Hnin Wai Oo မှ ရေးသားပေးထားပါတယ်။)...
Uranus 2324 (2024) ⭐IMDB: 7.1/10 (4 k Votes) 🎬 #Drama #GL #Romance #SciFi #ScienceFiction 🗓 2024 🎞 movie 🌎 #Thailand ⏰ 2 နာရီ 10 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Uranus 2324 (2024)****************** IMDb – 7.7/10 “စကြဝဠာကြီးရဲ့ ရူပဗေဒနိယာမတွေကို ချိုးဖျက်နိုင်တဲ့တစ်ခုတည်းသောအရာက အချစ်ဆိုတဲ့အရာပဲ… အလင်းနှစ်တွေဘယ်လောက်ပဲ ဝေးကွာနေပါစေ နှလုံးသားချင်းနီးစပ်စေတဲ့အရာက အချစ်ပါပဲ” (လင်း) “တို့ကိုမမြင်ဘဲ ထားရစ်ခဲ့မယ်ဆိုရင်တောင် တို့ကယူရေးနပ်စ်ဂြိုဟ်လိုပဲ ဒီနေရာမှာပဲမင်းကို အမြဲစောင့်နေမှာပါ” (ကတ်) GAP နဲ့ Loyal Pin ဇာတ်ကားထဲက အချစ်ကလေးနှစ်ယောက်ဖြစ်တဲ့ Becky Rebecca Patricia Armstrong နဲ့ … Freen Sarocha Chankimha တို့ရဲ့ GL Movie လေး ထွက်ရှိလို့ လာခဲ့ပါပြီ။ ယူရေးနပ်စ်ဆိုတဲ့ဂြိုဟ်ဟာ ကမ္ဘာနဲ့ ကီလိုမီတာပေါင်း ၂၇၂၃၉၅၀၀၀၀ ကွာဝေးပေမယ့် တောင်ဝင်ရိုးစွန်းကို ရှာမတွေ့ခင်အချိန်တည်းက… လူသားတွေဟာ ယူရေးနပ်စ်ကို အရင်ရှာဖွေတွေ့ရှိခဲ့တာပါ။ ဒီလိုပဲ ဘယ်လောက်ပဲ ဝေးကွာနေတဲ့ အချစ်ဖြစ်နေပါစေ… တကယ်ချစ်ကြတဲ့သူတွေ မှန်ကန်ရင်တော့ နီးစပ်နိုင်ဖို့အတွက်လမ်းကို ရှာကြမှာ အမှန်ပါပဲ။ ကမ္ဘာကြီးရဲ့အပြင်ဘက် အာကာသထဲကအရာတွေ… ဟိုးအဝေးကြီးမှာရှိတဲ့ ယူရေးနပ်စ်ဂြိုဟ်အထိကို စူးစမ်းလေ့လာချင်တဲ့ လင်း နဲ့ ပင်လယ်သမုဒ္ဒရာတွေနဲ့ ရေအောက်ကမ္ဘာကို ချစ်မြတ်နိုးပြီးတော့… ရေငုပ်သမားဖြစ်ချင်တဲ့ ကတ်တို့နှစ်ယောက်၊ အချစ်ကြီးချစ်ကြပေမယ့် ဝေးကွာသွားကြရတဲ့ သူတို့နှစ်ယောက်… ချစ်နိုင်ဖို့အတွက် နည်းလမ်းရှာရင်း အပြိုင်ကမ္ဘာတွေဆီအထိ သွားကာ နီးစပ်ဖို့နည်းလမ်းကို ရှာဖွေကြတဲ့အခါ… ကတ်နဲ့လင်းတို့ရဲ့ ချစ်ပေမယ့် ဝေးနေကြတဲ့ အချစ်ဇာတ်လမ်းလေး ဘယ်လိုဆက်ဖြစ်သွားမလဲ … သူတို့နှစ်ယောက် ပေါင်းစည်းနိုင်ဖို့အတွက် လမ်းကို ရှာဖွေတွေ့ရှိသွားမှာလား ဆိုတာကြည့်ရှုရမယ့်… အချစ်ဒရာမာ Sci-Fi ဇာတ်ကားကောင်းလေးဖြစ်လို့ လက်မလွှတ်တမ်းကြည့်ရှုလိုက်ပါဦးနော်… ဇာတ်လမ်းအညွှန်းကို Char Ou မှ ရေးသားပေးထားပါတယ်...
The Woman in Black (2012) ⭐IMDB: 6.4/10 (196 k Votes) 🎬 #Drama #Fantasy #Horror #Thriller 🗓 2012 🎞 movie 🌎 #UnitedKingdom #UnitedStates #Sweden #Canada ⏰ 1 နာရီ 35 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Woman in Black (2012) IMDb Rating (6.4) / Rotten Tomatoes (66 %) ဟယ်ရီပေါ်တာမင်းသား Daniel Radcliffe ဦးဆောင်ပါဝင်ထားတဲ့ ဂေါ့သစ်ဟော်ရာဇာတ်ကားပါ။ ဇာတ်လမ်းကတော့…အာသာက လန်ဒန်အခြေစိုက်ရှေ့နေတစ်ဦးဖြစ်ပြီး လွန်ခဲ့တဲ့လေးနှစ်တုန်းက သူ့ဇနီးသည်ကိုမီးတွင်းထဲမှာဆုံးရှုံးခဲ့ရပါတယ်။အခုချိန်မှာတော့ သားဖြစ်သူကိုအဖော်ပြုနေထိုင်ပေမယ့် အာသာအတွက် သူ့ဇနီးဟာ အနားမှာရှိနေသေးပြီးသူ့ကိုဆက်သွယ်ဖို့ကြိုးစားနေတယ်လို့ခံစားမိတုန်းပါပဲ။ တစ်နေ့တော့ သူအလုပ်လုပ်တဲ့ ဥပဒေအဖွဲ့ရဲ့တာဝန်ပေးချက်နဲ့ဝေးလံတဲ့နယ်မြို့လေးတစ်မြို့မှာဆုံးပါးသွားတဲ့ အဘွားကြီးတစ်ယောက်ရဲ့စာရွက်စာတမ်းတွေကိုသွားရောက်သိမ်းဆည်းရဖို့ဖြစ်လာခဲ့ပါတယ်။အာသာရောက်သွားချိန်မှာ တည်းခိုဖို့နေရာအခက်အခဲနဲ့တွေ့ရသလို၊သူနဲ့ဆက်သွယ်ဖို့ချိတ်ဆက်ပေးထားတဲ့ မြို့ခံလူကလည်း ဖိုင်တစ်ခုလက်ထဲထိုးပေးပြီး မှီရာရထားနဲ့ချက်ချင်းပြန်ဖို့ပြောပါတယ်။ ဒါပေမယ့်လည်း သူ့အဖွဲ့ကပေးထားတဲ့ တာဝန်ကို ကျေအောင်မလုပ်နိုင်ရင် အလုပ်ကိုထိခိုက်ဖို့ရှိတဲ့အတွက် ခေါင်းမာမာနဲ့ အဲ့ဒီအိမ်ကြီးဆီကိုသွားဖို့ဖြစ်လာပါတော့တယ်။အိမ်ကြီးကလူသူမနီးတဲ့ အစွန်အဖျားတောအုပ်တစ်ခုမှာရှိပြီး အိမ်ကြီးနဲ့ပင်မနယ်မြေကို တာရိုးလမ်းတစ်ခုနဲ့ဆက်သွယ်ထားပါတယ်။အဲ့ဒီတာရိုးလမ်းဟာ ဒီရေတက်ချိန်ဆိုရင် ရေလွှမ်းနေတဲ့အတွက် အသွားအလာလုပ်လို့မရပါဘူး။ အခုသူကြုံတွေ့နေရတဲ့ အဆင်မပြေမှုတွေဟာ အစပိုင်းသာရှိသေးပြီးဒီထက်ပိုပြီး ခြောက်ခြားစရာတွေ၊အန္တရာယ်တွေနဲ့ ပဟေဠိတွေကအိမ်ကြီးထဲမှာ သူ့ကိုစောင့်ကြိုနေမယ်ဆိုတာ အာသာ မသိခဲ့ပါဘူး။ ဒီရုပ်ရှင်ကားက အောင်မြင်ခဲ့တဲ့ နာမည်ကျော်၀တ္ထု The Woman in Black ကိုပဲအခြေခံဖန်တီးထားတာဖြစ်ပြီးဝေဖန်ရေးဆရာတွေရော ပရိသတ်တွေပါ အကြိုက်တွေ့ခဲ့တဲ့ ဇာတ်ကားပါ။ဇာတ်လမ်းဇာတ်အိမ်ရော ခြောက်လှန့်တဲ့အခန်းတွေပါ အတော်မိုက်ပါတယ်။ အဆက်အနေနဲ့ The Woman in Black 2: Angel of Death (2014) ဆိုတဲ့ကား ဆက်ထွက်ခဲ့ပြီး CM မှာ တပြိုင်တည်းတင်ပေးထားပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Alias မှ တင်ဆက်ထားပါတယ်။)...
The Woman in Black 2: Angel of Death (2014) ⭐IMDB: 4.8/10 (30 k Votes) 🎬 #Drama #Horror #Thriller 🗓 2014 🎞 movie 🌎 #UnitedKingdom #Canada #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Woman in Black 2: Angel of Death (2014) ဒီဇာတ်လမ်းကိုတော့ ပထမဇာတ်ကား (The Woman in Black (2012) က အဖြစ်အပျက်တွေနောက် နှစ် ၃၀ အကြာLondon Blitz လို့လူသိကြတဲ့ လန်ဒန်မြို့ကြီးဗုံးကြဲတိုက်ခိုက်ခံရစဉ်ဒုတိယကမ္ဘာစစ်ကာလကိုအခြေခံထားပါတယ်။ ကျောင်းအုပ်ကြီး ဂျင်းန်ဟော့ဂ်နဲ့ဆရာမ အိဗ်ပါကင်းစ်တို့ဟာ ကျောင်းက ကလေးတစ်ချို့နဲ့အတူဝေးလံတဲ့ နယ်မြို့လေးတစ်မြို့ကိုစစ်ရှောင်ထွက်ခဲ့ကြပါတယ်။သူတို့သွားရောက်တဲ့နေရာကတော့ ခရစ်သင်းဂစ်ဖိုဒ့်ရွာပဲဖြစ်ပြီး အခုချိန်မှာတော့ ရွာသားတွေ စွန့်ခွာထွက်ပြေးသွားတဲ့ ရွာပျက်ကြီးတစ်ခုဖြစ်နေပါပြီ။ တိုက်တိုက်ဆိုင်ဆိုင် သူတို့တည်းခိုဖို့စီစဉ်ထားတဲ့ နေရာကလည်း ဇာတ်လိုက်ကျော် အယ်လ် စိမ့်တောအိမ်ကြီးဖြစ်နေပါတယ်။အိမ်ကြီးကိုရောက်ပြီးမကြာခင်မှာပဲ သူတို့ကျောင်းသားတွေထဲကမိဘတွေကိုလတ်တလောဆုံးရှုံးလိုက်ရလို့စိတ်ထိခိုက်နေတဲ့ ကျောင်းသားလေးအက်ဒွပ်ဟာ အမူအယာတွေထူးခြားလာခဲ့ပြီးသူ့ကိုအနိုင်ကျင့်တဲ့ ကျောင်းသားတစ်ယောက် စိမ့်တောထဲမှာသေဆုံးမှုစတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ ဆရာမ ပါကင်းစ်ဟာလည်း ထူးခြားတဲ့ အရိပ်အယောင်တွေ အသံတွေကြားရတာတွေရှိလာတဲ့အတွက်ကျောင်းအုပ်ဆရာမကြီးကိုပြောပြပေမယ့် ခေါင်းမာတဲ့ ဆရာမကြီးက လက်မခံပါဘူး။ အမျိုးသမီးနှစ်ယောက်နဲ့ လူမမယ်ကျောင်းသားတစ်သိုက်၊ရွာပျက်အောင်စွမ်းတဲ့ တစ္ဆေတစ်ကောင်နဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ဆက်လက်ရှုစားကြပါ။The Woman in Black: Angel of Death ဟာ ပထမဇာတ်ကားအခြေခံတဲ့၀တ္ထုရဲ့နောက်ဆက်တွဲနာမည်တူ၀တ္ထုကိုပဲအခြေခံထားတာဖြစ်ပါတယ်။ဇာတ်လမ်းဇာတ်အိမ်ရော ခြောက်လှန့်တဲ့အခန်းတွေပါ အတော်မိုက်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Alias မှ တင်ဆက်ထားပါတယ်။)...
Perspectiva (2024) ⭐IMDB: 6.2/10 (94 Votes) 🎬 #Drama #SciFi #ScienceFiction 🗓 2024 🎞 movie 🌎 #Spain ⏰ 1 နာရီ 42 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အချိန်ခရီးသွားတာကိုအခြေခံထားတဲ့ ထူးခြားတဲ့ဇာတ်လမ်းပုံစံနဲ့ စပိန်ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ လာမဲ့ မနက်ဖြန်မှာ မင်း ဘာဖြစ်နေမလဲ တွေးမိဖူးလား။ ဒါမှမဟုတ် လာမဲ့အပတ်၊ လာမဲ့လ၊ လာမဲ့နှစ်မှာပေါ့။ LookAppဆိုတဲ့ အက်ပ်တစ်ခုနဲ့ မင်းရဲ့ အနာဂတ်ကို ခန့်မှန်းလိုက်ပါ။ ပထမဆုံးအသုံးပြုသူတွေကို တစ်နှစ်တာအချိန်ထိ အခမဲ့အသုံးပြုခွင့်ပေးခဲ့တဲ့ LookAppအက်ပလီကေးရှင်း။ အာရွန်ကတော့ အချစ်ဆုံးသူငယ်ချင်းအာနီနဲ့ အချစ်ရဆုံးမိန်းကလေးအူရာတို့ကို သစ္စာဖောက်နေတယ်လို့ သံသယရှိနေတဲ့သူ။ LookAppအက်ပလီကေးရှင်းကိုသုံးပြီး သူ့သံသယတွေကို စစ်ဆေးတဲ့အခါမှာတော့။ အနာဂတ်ဆိုတာမရှိရင်ရော အနာဂတ်ကိုကြည့်နေလို့ ဘာထူးတော့မှာလဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)...
Deaner '89 (2024) ⭐IMDB: 5.9/10 (318 Votes) 🎬 #Action #Comedy #Music 🗓 2024 🎞 movie 🌎 #Canada ⏰ 1 နာရီ 30 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ ၁၉၈၀ ခုနှစ်တွေက မက်တယ်ဂီတရဲ့ အရသာကို ကောင်းကောင်းကြီး ပေးသွားနိုင်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း +++++++++ ဒီးနာ မူးဒရော့ချ်ဆိုတဲ့ ကောင်လေးက ကျောင်းမှာ ဟော်ကီကစားတာ အရမ်း တော်တဲ့ ကောင်လေးတစ်ယောက်။ သူ့မှာ ဂျန်ဆိုတဲ့ ညီမလေး တစ်ယောက်လည်းရှိတယ်။ တစ်ရက်မှာ သူ့ဆီကို ထူးဆန်းတဲ့ သေတ္တာကြီး တစ်လုံး ရောက်လာတယ်။ အဲဒီ သေတ္တာက မက်တယ် ဂီတကို အရူးအမူး ကြိုက်သူကြီး သူ့အဖေအရင်းရဲ့ သေတ္တာ။ သူ့အဖေအရင်းက ဆုံးသွားပြီ။ အဲဒီကစပြီး သူတို့က မွေးစားသားနဲ့ သမီးတွေဆိုတာ သူတို့ သိသွားကြပြီးတော့ သူတို့က ဘယ်သူတွေလဲဆိုတာ သိဖို့အတွက် ရှာဖွေကြရင်း တစ်ရက်မှာ ဒေါ့ကန်ဆိုတဲ့ မက်တယ်အဖွဲ့ကို သွားကြည့်ဖို့အတွက် ဒီးမူးဒရော့ချ်က ဆုံးဖြတ်ချက်ချလိုက်တယ်။ ဒါနဲ့ သူက အောင်မြင်တဲ့ ဟော်ကီကစားသမား ဘဝ အခွင့်အလမ်းတွေ အားလုံးကို လွှတ်ချခဲ့ပြီးတော့ သူ့ကိုယ်သူ ရှာဖွေဖို့ အတွက် ခရီးထွက်ခဲ့ပါတော့တယ်။ အဲဒီ ခရီးမှာ သူ ဘာတွေ ကြုံရမလဲ .. သူ့ဘဝ ဘယ်လိုပြောင်းလဲသွားခဲ့တာလဲဆိုတာကတော့ ဇာတ်ကားထဲမှာ အူနှိပ်အောင် ရယ်မောရင်း ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ပြီးတော့ ဒီဇာတ်ကားရဲ့ ပေးချင်တဲ့ မက်ဆေ့ကလည်း အရမ်းကောင်းတာမို့ ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါလို့ ပြောရင်း … ( အညွှန်းနဲ့ ဘာသာပြန် BZW ဖြစ်ပါတယ်)...
Cold Road (2023) ⭐IMDB: 4.1/10 (262 Votes) 🎬 #Thriller #Action 🗓 2023 🎞 movie 🌎 #Canada ⏰ 1 နာရီ 41 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားကိုတော့ ဒါရိုက်တာ Kelvin Redvers ရိုက်ကူးထားပြီး မင်းသမီး Roseanne Supernault က အဓိကပါဝင်သရုပ်ဆောင် ထားပါတယ်။ ဒီဇာတ်ကားလေးမှာတော့ နာမည်အတိုင်း အဓိကဇာတ်ကောင် ထရေစီရဲ့ သည်းထိပ်ရင်ဖို စိတ်လှုပ်ရှားစေတဲ့ ဆောင်းတွင်းခရီးလမ်း အကြောင်းကို ကြည့်ရှုရမှာပါ။ ထရေစီကတော့ မြို့လေးမှာမနေချင်တာကြောင့် မွေးရပ်မြေဇာတိနဲ့ ဝေးရာမှာ အကြာကြီးနေထိုင်နေတဲ့သူပါ။ ယောက်ျားဖြစ်သူက အလုပ်တွေပဲလုပ်ပြီး သူ့ကိုဂရုမစိုက်ပါဘူး။ ဒီလိုနဲ့ အမေဖြစ်သူ လေဖြတ်ပြီး သေခါနီးအချိန်မှာတော့ အမေဖြစ်သူရဲ့ အသက်ကိုမီအောင် ထရေစီတစ်ယောက် ဆယ့်နှစ်နာရီကြာ ကားမောင်းပြီး မွေးရပ်မြေကို ပြန်ရဖို့ဖြစ်လာပါတယ်။ ယောက်ျားဖြစ်သူကလဲ အဖော်မလိုက်ပေးပဲ ခွေးလေးကိုပဲအဖော် အဖြစ်ခေါ်ခဲ့ရတဲ့ ထရေစီတစ်ယောက် ကားမောင်းရမယ့်လမ်းမကြီးက ထူးဆန်းတဲ့ မတော်တဆမှုတွေ မကြာခဏဖြစ်နေခဲ့တာကို သိခဲ့ရပါတယ်။ ဒီလိုနဲ့ လမ်းမှာနှောင့်နှေးမှုတွေ ကြုံရတဲ့အပြင် အေးစက်နေတဲ့ ရာသီဥတုကြား ထရပ်ကားတစ်စီးနဲ့ယောက်ျားတစ်ယောက်က လိုက်သတ်တာကို ကြုံတွေ့ရပါတော့တယ်။ ခရီးလမ်းက စီစဉ်ထားတဲ့အတိုင်း မဖြစ်လာပဲ အန္တရာယ်ကြုံနေရတဲ့ ထရေစီတစ်ယောက် လူသတ်သမားလက်ကလွတ်အောင် ပြေးနိုင်မလား… သူ့အမေရဲ့ အသက်ကိုရော မီနိုင်မှာလား…ဘယ်လိုနည်းတွေသုံးပြီး လူသတ်သမားကို ရင်ဆိုင်မှာလဲ…ရင်ခုန်လှိုက်မောဖွယ် ခရီးတစ်ခုကို ထရေစီနဲ့အတူ သွားရောက်ရင်း ကြည့်ရှုခံစားရမှာပါ။...
Shrek the Third (2007) ⭐TMDB: 63% User Score 🎬 #Adventure #Animation #Comedy #Fantasy #Family 🗓 2007 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Shrek the Third (2007) IMDb Rating (6.1) / Rotten Tomatoes (41%) ဇာတ်လမ်းအကျဉ်း Dulocဆိုတဲ့ မြို့တော်ကြီးမှာ အကြင်နာတရားခေါင်းပါးပြီး တရားမမျှတမှုမရှိတဲ့ တရားသူကြီး Farquaadက Fairy Tale(နတ်သမီး ပုံပြင်)တွေကို မနှစ်သက်တဲ့အပြင် သူ့တို့တိုင်းပြည်မှာရှိနေတဲ့ Fairy Taleတွေထဲက သက်ရှိဇာတ်ကောင်တွေ အားလုံးကို တိုင်းပြည်အစွန်ဖျားက ရွှံဗွက်တောကြီးဆီကို နယ်နှင်ဒဏ်ပေးလိုက်ပါတယ်။ အဲ့ဒီမှာလည်း…. Shrek(အစိမ်းရောင် ဘီလူးကြီး)က လူသူကင်းရှင်းစွာနဲ့ ၁ယောက်တည်း ပျော်ရွှင်စွာ နေထိုင်နေပါတယ်။ သူ့နေရာဆီကို နယ်နှင်ဒဏ်ပေးခံရတဲ့သူတွေ အများကြီးလဲ ရောက်လာရော… သူ့ရဲ့ပျော်ရွှင်မှုတွေ ပျက်သွားတဲ့အတွက် တရားသူကြီး Farquaadဆီကို နယ်နှင်ဒဏ် ပြန်ရုတ်သိမ်းပေးဖို့ သူနဲ့အတူ Donkey (ပါးစပ်ပိတ်တာကလွဲလို့ ကျန်တာအကုန်လုပ်မယ့် စကားအရမ်းများတဲ့ မြည်း)က Dulocမြို့ကို လမ်းပြပီး သွားမှာပါ။ တရားသူကြီး Farquaadကလည်း Cookie(စကားပြောတတ်တဲ့ လူပုံစံမုန့်)လေးကို နှိပ်စက်ပီး ကျန်ရှိနေသေးတဲ့ Fairy Taleတွေထဲက ဇာတ်ကောင်တွေရဲ့ နေရာကို မေးနေပါတယ်။ အဲ့ဒီအချိန်မှာ သူတပည့်တွေက သူရှာခိုင်းထားတဲ့ Magic Mirror (Snow Whiteထဲက Evil Queenရဲ့ မှော်မှန်)ကို သယ်လာပါတယ်။ အဲ့မှော်မှန်ကြီးကို “သူ့ရဲ့တိုင်းပြည်က တရားအမျှတဆုံးနဲ့ အေးချမ်းသာယာတဲ့ တိုင်းပြည်ဖြစ်ပီလား”လို့ မေးပါတယ်။ မှော်မှန်ကြီးက “Farquaadက ဘုရင်မှ မဖြစ်သေးပဲနဲ့ (သူက မင်းမျိုးမင်းနွယ်လဲ မဟုတ်တဲ့အတွက်) ဘုရင်ဖြစ်ချင်ရင် မင်းသမီး၁ယောက်ယောက်ကို လက်ထပ်မှရမယ်”ဆိုပီး မင်းသမီး၃ယောက်ကို ဘယ်သူ့ကြိုက်လဲဆိုကာ သူ့မှော်မှန်မှာ ပြသ၍ ရွေးချယ်ခိုင်းပါတယ်။ အဲ့ဒီထဲကမှ Fionaဆိုတဲ့ မင်းသမီးကို ရွေးချယ်လိုက်ပါတယ်။ (သူမက Farawayတိုင်းပြည်မှ ဘုရင့်သမီးဖြစ်ပီးတော့ အစောင့်နဂါးကြီးရှိတဲ့ ရဲတိုက်ကြီးထဲမှာ သူမကို လာကယ်မယ့် သူရဲကောင်းကို စိတ်ကူးယဉ်ရင်း ဖမ်းခံထားရပါတယ်။) “မင်းသမီးက ညမှာဖြစ်တဲ့ကိစ္စလေး၁ခုကပဲ…”ဆိုပီး မှော်မှန်ကြီးက Farquaadကို သတိပေးပြောဆိုဖို့ ကြိုးစားပါသေးတယ်။ Dulocမြို့ကို မကျေနပ်ချက်တွေနဲ့အတူရောက်လာတဲ့ Shrekနဲ့ Donkeyကို Farquaadက ဖမ်းခိုင်းပါတယ်။ သူတို့ကို လာဖမ်းတဲ့ ရဲမက်တွေကို အမိုက်စား Fightingနည်းတွေနဲ့ Smack Downတွေ ကျွေးပါတယ် tongue emoticon ဒါနဲ့နောက်တော့ Fionaမင်းသမီးကို ကယ်ပေးနိုင်ရင် Farquaadက နယ်နှင်ဒဏ်ကို ရုတ်သိမ်းပေးမယ်ဆိုပီး Shrekနဲ့ အပေးအယူလုပ်ပါတယ်။ Shrekကလဲ အပေးအယူကို လက်ခံလိုက်ပါတယ်။ Shrekနဲ့ Donkeyက Fionaမင်းသမီးလေးကို နဂါးကြီး လက်ထဲက ကယ်နိုင်မလား? တကယ်လို့ ကယ်နိုင်ခဲ့ရင် Shrekဆိုတဲ့ဘီလူးကြီးကို မင်းသမီးလေးက သူ့ရဲ့ သူရဲကောင်းအဖြစ် ချစ်နိုင်မလား? Shrekက Fionaကို နယ်နှင်ဒဏ်နဲ့ အလဲလှယ်လုပ်ရင် Farquaadရဲ့ ကြင်ယာအဖြစ် သိမ်းခြင်းကိုပဲ ခံရမလား? ဘာတွေဆက်ဖြစ်မလဲဆိုတာကို… ဒီဇာတ်ကားရဲ့ အောင်မြင်မှုကဆိုရင်ဖြင့် Shrek 2(2004), Shrek the Third (2007), Shrek Forever After (2010)ဆိုတဲ့ နောက်ဆက်တွဲကားတွေကို ဖြစ်ပေါ်လာစေပါတယ်။ Holiday specials ၂ခု Shrek the Halls (2007)နဲ့ Scared Shrekless(2010)လဲ ရှိပါသေးတယ်။ ပီးတော့ ဇာတ်လမ်းအခွဲဖြစ်တဲ့ Puss in Boots(2011)ကဆိုရင်လဲ ပရိသတ် တခဲနက်အားပေးမှုတွေနဲ့ အောင်မြင်ထားပါတယ်။ (အညွှန်းကို The biggest Animation Cartoon Fans (MM) မှ #Admin Thiha Maungက ရေးပေးထားတာ ဖြစ်ပါတယ်။)...
Salem Witch Doll (2024) ⭐IMDB: 2.7/10 (101 Votes) 🎬 #Horror 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 17 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်လမ်းကတော့ ကောလိပ်ကထွက်လာပြီး စိတ်ဓာတ်ကျနေတဲ့ ဆာရာဆိုတဲ့ကောင်မလေးအကြောင်းရိုက်ပြထားပါတယ်…..စိတ်ဓာတ်ကျနေပါလျက်နဲ့ သူ့မိသားစုကို ဒုက္ခပေးလာမဲ့ သစ်သားရုပ်ကလေး ရန်ကနေ ဘယ်လို ရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာကို ကြည့်ရှုခံစားရမဲ့ သဲထိတ်ရင်ဖိုကားလေးတစ်ကားပါပဲ……. အားလပ်ရက်လေးမှာ ကြည့်ရှုခံစားနိုင်အောင်တင်ဆက်ပေးလိုက်ပါတယ်...
Shrek Forever After (2010) ⭐TMDB: 64% User Score 🎬 #Action #Adventure #Comedy #Fantasy #Animation #Family 🗓 2010 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Shrek Forever After (2010) IMDb Rating (6.3) / Rotten Tomatoes (58%) ဇာတ်လမ်းအကျဉ်း Dulocဆိုတဲ့ မြို့တော်ကြီးမှာ အကြင်နာတရားခေါင်းပါးပြီး တရားမမျှတမှုမရှိတဲ့ တရားသူကြီး Farquaadက Fairy Tale(နတ်သမီး ပုံပြင်)တွေကို မနှစ်သက်တဲ့အပြင် သူ့တို့တိုင်းပြည်မှာရှိနေတဲ့ Fairy Taleတွေထဲက သက်ရှိဇာတ်ကောင်တွေ အားလုံးကို တိုင်းပြည်အစွန်ဖျားက ရွှံဗွက်တောကြီးဆီကို နယ်နှင်ဒဏ်ပေးလိုက်ပါတယ်။ အဲ့ဒီမှာလည်း…. Shrek(အစိမ်းရောင် ဘီလူးကြီး)က လူသူကင်းရှင်းစွာနဲ့ ၁ယောက်တည်း ပျော်ရွှင်စွာ နေထိုင်နေပါတယ်။ သူ့နေရာဆီကို နယ်နှင်ဒဏ်ပေးခံရတဲ့သူတွေ အများကြီးလဲ ရောက်လာရော… သူ့ရဲ့ပျော်ရွှင်မှုတွေ ပျက်သွားတဲ့အတွက် တရားသူကြီး Farquaadဆီကို နယ်နှင်ဒဏ် ပြန်ရုတ်သိမ်းပေးဖို့ သူနဲ့အတူ Donkey (ပါးစပ်ပိတ်တာကလွဲလို့ ကျန်တာအကုန်လုပ်မယ့် စကားအရမ်းများတဲ့ မြည်း)က Dulocမြို့ကို လမ်းပြပီး သွားမှာပါ။ တရားသူကြီး Farquaadကလည်း Cookie(စကားပြောတတ်တဲ့ လူပုံစံမုန့်)လေးကို နှိပ်စက်ပီး ကျန်ရှိနေသေးတဲ့ Fairy Taleတွေထဲက ဇာတ်ကောင်တွေရဲ့ နေရာကို မေးနေပါတယ်။ အဲ့ဒီအချိန်မှာ သူတပည့်တွေက သူရှာခိုင်းထားတဲ့ Magic Mirror (Snow Whiteထဲက Evil Queenရဲ့ မှော်မှန်)ကို သယ်လာပါတယ်။ အဲ့မှော်မှန်ကြီးကို “သူ့ရဲ့တိုင်းပြည်က တရားအမျှတဆုံးနဲ့ အေးချမ်းသာယာတဲ့ တိုင်းပြည်ဖြစ်ပီလား”လို့ မေးပါတယ်။ မှော်မှန်ကြီးက “Farquaadက ဘုရင်မှ မဖြစ်သေးပဲနဲ့ (သူက မင်းမျိုးမင်းနွယ်လဲ မဟုတ်တဲ့အတွက်) ဘုရင်ဖြစ်ချင်ရင် မင်းသမီး၁ယောက်ယောက်ကို လက်ထပ်မှရမယ်”ဆိုပီး မင်းသမီး၃ယောက်ကို ဘယ်သူ့ကြိုက်လဲဆိုကာ သူ့မှော်မှန်မှာ ပြသ၍ ရွေးချယ်ခိုင်းပါတယ်။ အဲ့ဒီထဲကမှ Fionaဆိုတဲ့ မင်းသမီးကို ရွေးချယ်လိုက်ပါတယ်။ (သူမက Farawayတိုင်းပြည်မှ ဘုရင့်သမီးဖြစ်ပီးတော့ အစောင့်နဂါးကြီးရှိတဲ့ ရဲတိုက်ကြီးထဲမှာ သူမကို လာကယ်မယ့် သူရဲကောင်းကို စိတ်ကူးယဉ်ရင်း ဖမ်းခံထားရပါတယ်။) “မင်းသမီးက ညမှာဖြစ်တဲ့ကိစ္စလေး၁ခုကပဲ…”ဆိုပီး မှော်မှန်ကြီးက Farquaadကို သတိပေးပြောဆိုဖို့ ကြိုးစားပါသေးတယ်။ Dulocမြို့ကို မကျေနပ်ချက်တွေနဲ့အတူရောက်လာတဲ့ Shrekနဲ့ Donkeyကို Farquaadက ဖမ်းခိုင်းပါတယ်။ သူတို့ကို လာဖမ်းတဲ့ ရဲမက်တွေကို အမိုက်စား Fightingနည်းတွေနဲ့ Smack Downတွေ ကျွေးပါတယ် tongue emoticon ဒါနဲ့နောက်တော့ Fionaမင်းသမီးကို ကယ်ပေးနိုင်ရင် Farquaadက နယ်နှင်ဒဏ်ကို ရုတ်သိမ်းပေးမယ်ဆိုပီး Shrekနဲ့ အပေးအယူလုပ်ပါတယ်။ Shrekကလဲ အပေးအယူကို လက်ခံလိုက်ပါတယ်။ Shrekနဲ့ Donkeyက Fionaမင်းသမီးလေးကို နဂါးကြီး လက်ထဲက ကယ်နိုင်မလား? တကယ်လို့ ကယ်နိုင်ခဲ့ရင် Shrekဆိုတဲ့ဘီလူးကြီးကို မင်းသမီးလေးက သူ့ရဲ့ သူရဲကောင်းအဖြစ် ချစ်နိုင်မလား? Shrekက Fionaကို နယ်နှင်ဒဏ်နဲ့ အလဲလှယ်လုပ်ရင် Farquaadရဲ့ ကြင်ယာအဖြစ် သိမ်းခြင်းကိုပဲ ခံရမလား? ဘာတွေဆက်ဖြစ်မလဲဆိုတာကို… ဒီဇာတ်ကားရဲ့ အောင်မြင်မှုကဆိုရင်ဖြင့် Shrek 2(2004), Shrek the Third (2007), Shrek Forever After (2010)ဆိုတဲ့ နောက်ဆက်တွဲကားတွေကို ဖြစ်ပေါ်လာစေပါတယ်။ Holiday specials ၂ခု Shrek the Halls (2007)နဲ့ Scared Shrekless(2010)လဲ ရှိပါသေးတယ်။ ပီးတော့ ဇာတ်လမ်းအခွဲဖြစ်တဲ့ Puss in Boots(2011)ကဆိုရင်လဲ ပရိသတ် တခဲနက်အားပေးမှုတွေနဲ့ အောင်မြင်ထားပါတယ်။ (အညွှန်းကို The biggest Animation Cartoon Fans (MM) မှ #Admin Thiha Maungက ရေးပေးထားတာ ဖြစ်ပါတယ်။)...
Sidelined: The QB and Me (2024) ⭐IMDB: 5.9/10 (2 k Votes) 🎬 #Comedy #Romance 🗓 2024 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sidelined: The QB and Me (2024) IMDb Rating (6.0) ဒါရိုက်တာ Justin Wu ရိုက်ကူးတင်ဆက်ထားပြီး 2024 ခုနှစ်ထွက် အမေရိကန်ဆယ်ကျော်သက် Romance ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း Dallas Bryan ဆိုတဲ့ ကောင်မလေးဟာ အကကျောင်းသူလေးဖြစ်ပြီး သူမရဲ့အိပ်မက်ဟာဆိုရင် သူ့အမေတက်ခဲ့တဲ့ CalArt တက္ကသိုလ်မှာ သင်ယူခွင့်ရဖို့ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ CalArt တက္ကသိုလ်မှာတက်ဖို့ ရည်မှန်းထားတဲ့ အထက်တန်းနောက်ဆုံးနှစ်မှ ကျောင်းပြောင်းလာတဲ့ အကကျောင်းသူကောင်မလေးနဲ့ အမေရိကန်ဘောလုံးကစားသမား Quarterback ကောင်လေးတို့ရဲ့ လူငယ်အချစ်ဇာတ်လမ်းကားလေးဖြစ်ပြီး၊ နှလုံးသားရေးရာတင်မက မိဘ၊သူငယ်ချင်း၊မိသားစုကြားက ဆက်ဆံရေးတွေအကြောင်းပါ ဖော်ကျူးတင်ဆက်ထားတာမို့ ကြည့်ရှု့လိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Kaung San ဖြစ်ပါတယ်။)...
Rewind (2024) ⭐IMDB: 9.4/10 (2 k Votes) 🎬 #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 13 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rewind 2024 (အချစ်အတွက်ဆို အချိန်ခရီးပါသွားပစ်တဲ့ကောင်လေး) ယခုတစ်ခါမှာတော့ တေလ်ဂူ အချိန်ခရီးသွား ခပ်မိုက်မိုက်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ရပါတယ်။ ကာသစ်ဆိုတဲ့ကောင်လေးဟာ သူ့သူငယ်ချင်းဆူဘူးအိမ်ကိုလာရင်းနဲ့ရှန်သီဆိုတဲ့ကောင်မလေးကို တွေ့သွားပြီးတော့ မြင်မြင်ချင်း ချစ်မိသွားပါတော့တယ်။ ရှန်သီဟာလည်း နေရာပြောင်းလာသူဖြစ်ပြီး သူ့သူငယ်ချင်းရဲ့အိမ်မှာခဏလာနေတုန်း ကာသစ်နဲ့တွေ့ခဲ့တာဖြစ်ပြီးတော့ နောက်ရက်မှာပဲသူငှားနေတဲ့အိမ်ကိုပြောင်းသွားပါတော့တယ်။ ဒီလိုနဲ့ ကာသစ်တစ်ယောက် ရှန်သီ့ကိုတွေ့ရဖို့အတွက်ကြိုးစားပြီးတော့ရှာဖွေပေမယ့်လည်း ဘယ်လိုမှကို ရှာလို့မတွေ့ဖြစ်ခဲ့ရပါတယ်။ ဒီလိုအလှည့်အပြောင်းတွေကြားထဲမှာ ကာသစ်တစ်ယောက်ရှန်သီ့ကို ရှာတွေ့နိုင်ဖို့အတွက်နဲ့ နည်းမျိုးစုံကြိုးစားပါတော့တယ်။နည်းလမ်းတွေရှာဖွေရင်းနဲ့ပဲ ရှန်သီနဲ့တွေ့တဲ့အချိန်ကို ပြန်သွားပြီးတော့ရှန်သီ့အချစ်ကို ပြန်ရဖို့အတွက် တွေးမိရင်း အချိန်ခရီးသွားစက်ကို လုပ်ပါတော့တယ်။ဒီလိုတွေ ကြိုးစားရင်း အချိန်ခရီးသွားစက်နဲ့အချိန်တွေနောက်ပြန်လှည့်ရင်း ရှန်သီနဲ့ပြန်တွေ့နိုင်ပါ့မလား ………..ဒီလို ကြိုးစားလုပ်ဆောင်နေတဲ့ကြားထဲမှာရော ဘယ်လိုတွေ ကြုံတွေ့ရဦးမလဲ …….. ကာသစ်နဲ့ ရှန်သီတို့ ပြန်လည်တွေ့ဆုံပြီး အချစ်ဇာတ်လမ်းလေးဖြစ်ပေါ်လာနိုင်မလား …….ဆိုတာတွေကို ကြည့်ရှုရမယ့် အချစ်ဒရာမာ အချိန်ခရီးသွားကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)...
Joy of Horses (2024) ⭐IMDB: 5.3/10 (126 Votes) 🎬 #Drama #Family #Romance 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 22 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2024 ခုနှစ်မှာထွက်ရှိထားတဲ့ အမေရိကန်ရုပ်ရှင်ဖြစ်ပြီး ဒါရိုက်တာ Jole Paul Reisig က ရိုက်ကူးထားပါတယ်။ဂျွိုင်းဆိုတဲ့ကောင်မလေးဟာ သူ့အမေကို ဆုံးရှုံးရပြီးနောက် သူ့အမေရဲ့ကျေးလက်ဇာတိ သူ့အဘိုးရှိရာဆီသို့ ထွက်လာခဲ့ပါတယ်။အဘိုးပိုင်တဲ့ မြင်းခြံထဲက မြင်းများနှင့်ဂျွိုင်းကြား သံယောဇဉ်တွယ်လာပုံကိုရိုက်ပြထားပြီးကျေးလက်သဘာဝအလှရှု့ခင်းများနဲ့ တင်ဆက်ပြသထားတာမို့ ကြည့်လို့ကောင်းတဲ့ကားလေးထဲမှာပါပါတယ်။ 2024 ခုနှစ်မှာထွက်ရှိထားတဲ့ အမေရိကန်ရုပ်ရှင်ဖြစ်ပြီး ဒါရိုက်တာ Jole Paul Reisig က ရိုက်ကူးထားပါတယ်။ ဂျွိုင်းဆိုတဲ့ကောင်မလေးဟာ သူ့အမေကို ဆုံးရှုံးရပြီးနောက် သူ့အမေရဲ့ကျေးလက်ဇာတိ သူ့အဘိုးရှိရာဆီသို့ ထွက်လာခဲ့ပါတယ်။ အဘိုးပိုင်တဲ့ မြင်းခြံထဲက မြင်းများနှင့်ဂျွိုင်းကြား သံယောဇဉ်တွယ်လာပုံကိုရိုက်ပြထားပြီး ကျေးလက်သဘာဝအလှရှု့ခင်းများနဲ့ တင်ဆက်ပြသထားတာမို့ ကြည့်လို့ကောင်းတဲ့ကားလေးထဲမှာပါပါတယ်။ Joy of Horses (2024) IMDb Rating (7.6) (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Aung Kyaw ဖြစ်ပါတယ်။)...
Detective Conan: Black Iron Submarine (2023) ⭐IMDB: 7.2/10 (2 k Votes) 🎬 #Action #Adventure #Animation #Crime #Mystery #Thriller 🗓 2023 🎞 movie 🌎 #Japan ⏰ 1 နာရီ 50 မိနစ် 38 စက္ကန့် 👑 Channel Myanmarဇာတ်ညွှန်း 📜 Detective Conan: Black Iron Submarine (2023) ~ IMDb – 7.2/10, MyAnimeList– 8.4/10 ~ ၂၀၂၃ ခုနှစ် ဧပြီလကမှထွက်ခဲ့တဲ့ ၂၆ ကားမြောက် “Detective Conan: Black Iron Submarine” ဟာ ကိုနန် (Conan) ရဲ့ မဟာရန်သူတော်အဖွဲ့ကြီးဖြစ်တဲ့ “ကူရိုအဖွဲ့အစည်း (Black Organization)” ကို အဓိကဗီလိန်အဖြစ် ထပ်မံမြင်တွေ့ရမယ့် Movie ဖြစ်ပါတယ်။ ဇာတ်ကြောင်းအနည်းငယ်ပြောရမယ်ဆိုရင်… အင်တာပိုလ် (Interpol) က တစ်ကမ္ဘာလုံးက လုံခြုံရေးကင်မရာတွေကို ချိတ်ဆက်ပြီး မှုခင်းတွေကို နည်းနိုင်သမျှနည်းအောင် တားဆီးနိုင်ဖို့ဆိုပြီးတော့ All Ages Recognition System (အရွယ်စုံပုံရိပ်ဖမ်းယူခြင်းနည်းစနစ်) ကိုအသုံးပြုသွားမယ့် “ပစိဖိတ်ဗော်ယာ (Pacific Buoy)” ဆိုတဲ့ ပင်လယ်ရေအောက်အဆောက်အအုံကြီးတစ်ခုကို တည်ဆောက်ခဲ့တာကနေ စတာပါ။ အရွယ်စုံပုံရိပ်ဖမ်းယူခြင်းနည်းစနစ်ကို ဖန်တီးခဲ့တဲ့ “နာအိုမီ အာဂျန်တို (Naomi Argento)” ကို ကူရိုအဖွဲ့အစည်းကပြန်ပေးဆွဲသွားပြီး အဲဒီနည်းစနစ်ကို ကိုယ်ကျိုးအတွက်သုံးဖို့ လုပ်ခဲ့တယ်။ အဲဒီအချိန်မှာလည်း ကူရိုအဖွဲ့အစည်းကနေ သစ္စာဖောက်ထွက်ပြေးသွားတဲ့ “ရှယ်ရီ (Sherry) [မီယာနိုရှိဟို/ အာအီ ဟိုင်းဘာရ (Miyano Shiho/ Ai Haibara)]” တစ်ယောက် အဲဒီနည်းစနစ်ကြောင့် သူ့ကိုရှာတွေ့သွားမှာဆိုတာကို စိုးရိမ်ဗျာများနေရပါတော့တယ်။ အဲဒီပြန်ပေးဆွဲမှု၊ စိုးရိမ်ပူပန်မှုတွေကို ကိုနန်တစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာ ပိတ်ကားထက်မှာ ဆက်လက်ရှုစားလိုက်ကြပါခင်ဗျာ။ Detective Conan ဆိုရင် တကူးတက မိတ်ဆက်ပေးစရာမလိုအောင် Crime Mystery Anime Genre ထဲမှာ နာမည်အကြီးဆုံး စုံထောက် Anime တစ်ခုဖြစ်ပါတယ်။ Gosho Aoyama (1963~) ရေးပြီး ၁၉၉၄ ခုနှစ်မှာ စတင်ထုတ်ဝေခဲ့တဲ့ Meitantei Conan (Detective Conan aka Case Closed) Manga ဟာ အခုဒီစာကိုရေးနေတဲ့အချိန်အထိ ဇာတ်မသိမ်းတဲ့အပြင် ဇာတ်ကောင်ဖြစ်သူ ကိုနန်လည်း ကလေးဖြစ်လိုက်၊ လူကြီးဖြစ်လိုက်နဲ့ မှုခင်းမျိုးစုံ၊ ပြဿနာမျိုးစုံ၊ နေရာမျိုးစုံ၊ လူမျိုးစုံ၊ အဖွဲ့မျိုးစုံ အစရှိသဖြင့် ကျင်လည်ကျက်စား၊ ရင်ဆိုင်ဖြေရှင်းရတာက ဇာတ်လမ်းထဲမှာတော့ နှစ်ဝက်လောက်ပဲရှိဦးမယ်ဆိုပေမဲ့ အပြင်မှာတော့ ဒီနှစ် (၂၀၂၄) ထဲဆိုရင် နှစ်ပေါင်း ၃၀ ရှိနေပါပြီ။ Manga အနေနဲ့ ၁၉၉၄ ခုနှစ်မှာစတင်ခဲ့ပြီး လက်ရှိအထိ Chapter ပေါင်း ၁၁၃၆ ခု နဲ့ Volume ပေါင်း ၁၀၆ တွဲ ထွက်ရှိထားပါတယ်။ Anime အနေနဲ့ ၁၉၉၆ ခုနှစ်မှာ စတင်ပြသခဲ့တာက လက်ရှိအထိ စုစုပေါင်း ၁၁၄၅ ပိုင်းထွက်ရှိထားပါတယ်။ Manga Canon Episodes တွေနဲ့ Filler Episodes (TV Original Episodes) တွေပေါင်းထားတဲ့ အပိုင်းပေါင်း ၁၁၄၅ ပိုင်းတွေထဲမှာ ငါးရာကျော်လောက်က Filler Episodes တွေဖြစ်ပါတယ်။ Movie တွေအနေနဲ့ ၁၉၉၇ ခုနှစ်ကနေ တစ်နှစ်တစ်ကားထုတ်လာခဲ့တာက ဒီနှစ်အထိဆိုရင် စုစုပေါင်း ၂၇ ကားရှိနေပါပြီ။ ကိုနန်ရဲ့မဟာရန်သူတော်အဖွဲ့ကြီး ကူရိုအဖွဲ့အစည်းပါတဲ့ Anime Movie တွေဆိုရင် စာရေးသူမှတ်မိသလောက် Countdown to Heaven (2001), The Raven Chaser (2009), The Darkest Nightmare (2016) တွေဖြစ်ပြီး အခုဘာသာပြန်တင်ဆက်ထားတဲ့ Black Iron Submarine (2023) လည်းအပါအဝင်ပါ။ Black Iron Submarine ကို ရုံမတင်ခင် “Detective Conan: The Story of Ai Haibara ~Black Iron Mystery Train ~” ဆိုပြီး အရင်တုန်းကထွက်ခဲ့တဲ့ Black Organization ပါဝင်တဲ့ အန်နီမဲအပိုင်းတွေကို စုစည်းပြီး Compilation Movie အဖြစ် ရုံတင်သွားခဲ့တဲ့အပြင် အခုဇာတ်ကားရဲ့ Pre-story Episode ကလည်း “Episode 1080: The Cameras Targeting Haibara” ဖြစ်ပါတယ်။ ဒီတစ်ကားတည်းမှာမဟုတ်ဘဲ Conan Anime Movie ဇာတ်ကားတိုင်းမှာ Pre-story Episode တွေ ကိုယ်စီရှိကြပါတယ်။ Black Iron Submarine ထဲမှာ ဇာတ်အိမ်တည်ထားတဲ့ တည်နေရာက အပြင်မှာတကယ်ရှိပြီး ဖိလစ်ပိုင်ပင်လယ်ထဲက ဂျပန်ပိုင်ကျွန်းဖြစ်တဲ့ ဟာချိဂျောဂျီးမား (Hachijojima) ဖြစ်ပါတယ်။ အခုဇာတ်ကားရဲ့ Theme Song ဖြစ်တဲ့ “Utsukushii Hire” ကို Spitz ကသီဆိုထားတာဖြစ်ပါတယ်။ ဒီနှစ်(၂၀၂၄) ဧပြီလထဲ ရုံတင်ခဲ့တဲ့ ၂၇ ကားမြောက် Detective Conan: The Million-dollar Pentagram ကတော့ ဟော့ကိုင်းဒိုး (Hokkaido) က ဟာကိုဒါတဲ (Hakodate) မှာ အခြေတည်ထားပြီး ကိုင်တိုကစ်ဒို (Kaito Kid) နဲ့ ဟာတိုရီ ဟဲဂျိ (Hattori Heiji) တို့က အဓိကပါဝင်ကြမယ်ဆိုတာ Trailer တွေထဲမှာ မြင်ကြမှာပါ။ ဂျပန်ရုံတင်ဝင်ငွေစုစုပေါင်း 13.88 billion Yen ရရှိခဲ့လို့ Detective Conan Movie Franchise ထဲမှာ ရုံတင်ဝင်ငွေစုစုပေါင်း 10 billion yen ထက်ကျော်လွန်ပြီး ပထမဆုံးရရှိသွားဖူးတဲ့ “Detective Conan Movie 26: Blac...
Patriots Day (2016) ⭐TMDB: 71% User Score 🎬 #Action #Crime #Drama #History #Thriller 🗓 2016 🎞 movie 🌎 #UnitedStates #HongKong #UnitedStatesofAmerica ⏰ 2 နာရီ 13 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Patriots Day (2016) ~ IMDb – 7.3/10, RT – 80%, Meta – 69% ~ Patriot Day ဆိုတာကတော့ အသက်ဆုံးရှုံးသွားတဲ့ သူရဲကောင်းတွေ နစ်နာသူတွေကို အောက်မေ့တသပြုကြတဲ့နေ့ပါပဲ။ ၂၀၁၃ ဧပြီ ၁၅ရက်တုန်းက ဘော်စတွန်မာရသွန်ပွဲမှာ ဗုံးနှစ်လုံးပေါက်သွားခဲ့တယ်။ အဲဒီအဖြစ်ဟာ တော်တော်ဟိုးလေးတကြော်ဖြစ်သွားခဲ့သလို မူရာကာမိကလည်း အက်ဆေးတစ်ပုဒ်ထဲ ဒီကြောင်းထဲရေးခဲ့ဖူးတယ်။ ဒီဇာတ်လမ်းကတော့ ဒီဘော်စတွန်မာရသွန်ဗုံးကွဲမှုနဲ့ အဲဒီနောက်ပိုင်း အကြမ်းဖက်ကို လိုက်ဖမ်းကြတဲ့အကြောင်းကို ရိုက်ပြထားတယ်။ Casey Sherman နဲ့ Dave Wedge တို့ရဲ့ Boston Strong ဆိုတဲ့ စာအုပ်ကို Lone Survivor နဲ့ Hancock တို့ရဲ့ ဒါရိုက်တာ Peter Berg က ပြန်ရိုက်ထားတယ်။ သရုပ်ဆောင်တွေကတော့ Mark Wahlberg, J. K. Simmons နဲ့ Kevin Bacon တို့အပြင် Michelle Monaghan နဲ့ Melissa Benoist တို့လို အလှလေးတွေလည်းပါတယ်။ ရုပ်ရှင်ကတော့ ဘော်စတွန်မာရသွန်အကြမ်းဖက်တိုက်ခိုက်မှုနဲ့ အကြမ်းဖက်သမားတွေကို ဖမ်းတဲ့အကြောင်းပဲဆိုပေမဲ့ ဒီအဖြစ်က ဘယ်လောက်ဆိုးလဲသိရဖို့က ဘော်စတွန်မာရသွန်အပေါ် အပြေးသမားတွေရဲ့ခံစားချက်ကို သိတာပိုကောင်းမယ်ထင်လို့ မူရာကာမိရဲ့ ဘော်စတွန်အက်ဆေးကို သူရိန်ဝင်းဘာသာပြန်ထားတဲ့ ဗားရှင်းထဲက ကောက်နုတ်အပိုဒ်တွေကို ဆက်တင်ပြသွားပါမယ်။ “ပေါက်ကွဲတဲ့နေရာမှာ လူတွေအများကြီး ကိုယ်ကာယ ထိခိုက်ဒဏ်ရာရကြတယ်။ ဒါပေမဲ့ အခြား အခြေအနေတွေနဲ့ ပိုထိခိုက်ဒဏ်ရာရကြမှာ၊ သန့်ရှင်းစင်ကြယ်ရမယ့် တစ်စုံတရာဟာ ညစ်နွမ်းသွားရတယ်။ ပြီးတော့ “ကိုယ့်ကိုယ်ကိုယ် အပြေးသမားလို့သတ်မှတ်ထားတဲ့ ကမ္ဘာသားတစ်ဦး” ကျွန်တော်ကိုယ်တိုင် ထိခိုက်ခံစားရတယ်။ ဝမ်းနည်းကြေကွဲမှု စိတ်ပျက်စိတ်ထိခိုက်မှုဒေါသနဲ့ စိတ်ပျက်ရခြင်းတွေ ဒီလိုပေါင်းစုနေတာ ပျက်ကြယ်သွားဖို့ မလွယ်ပါဘူး။ စိတ်ခံစားမှုဒဏ်ရာတွေက တူချင်မှတူမှာပါ။ ပြောရရင် တကယ့်နာကျင်မှုဟာ အချိန်တစ်ခုလွန်ပြီးမှ စခံစားရတာ၊ ဖြစ်ပျက်စမှာ ထိတ်လန့်ချောက်ချားရတာကို ကျော်လွန်ပြီး အခြေအနေတွေ စတည်ငြိမ်လာပြီးမှ ခံစားရတာပါ။ မတ်စောက်တောင်ကုန်းကို ဖြတ်ကျော်ပြီး ပြန့်ပြူးတဲ့မြေပြင်ကိုရောက်မှပဲ အဲဒီကိုရောက်တဲ့အထိ ဘယ်လောက်နာကျင်ခဲ့ရတာ စသိရတာ။ ဘော်စတွန်ဗုံးခွဲတိုက်ခိုက်မှုကြောင့် ဒီလိုကာလရှည်ကြာ စိတ်ထိခိုက်မှုမျိုး ကျန်ကောင်းကျန်ခဲ့နိုင်တာပဲ။ ဘာကြောင့်လဲ ကျွန်တော်မမေးဘဲ မနေနိုင်ဘူး။ မာရသွန်လိုပျော်ရွှင်အေးချမ်း အခါသမယမှာ ဒီလိုဆိုးရွားသွေးစွန်းတဲ့နည်းနဲ့ ဘာကြောင့်နင်းချေရတာလဲ။ ကျူးလွန်သူတွေဟာ ဘယ်သူဘယ်ဝါရယ်လို့ သိသွားပေမဲ့လည်း ဒီမေးခွန်းအတွက် အဖြေတွေက ဝေဝါနေတုန်းပဲ။ အသက်ဆုံးပါးရသူတွေ ဘောယဲလ်စတန်လမ်းမှာ ဒဏ်ရာရခဲ့သူတွေအတွက် ကျွန်တော်နေ့စဉ်နေ့တိုင်းပြေးရင်း ဝမ်းနည်းကြေကွဲရတယ်။ ဒါက သူတို့ဆီ ပါးနိုင်တဲ့ ကျွန်တော့်သတင်းစကားပါပဲ။ ဒါဟာ ဘာမှမဟုတ်တာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ကျွန်တော့်အသံရောက်သွားမယ်လို့ မျှော်လင့်ပါတယ်။ ဘော်စတွန်မာရသွန်ဟာ သူ့ဒဏ်ရာတွေ အနာပြန်ကျက်လာမယ်။ အဲဒီ၂၆မိုင်ဟာ လှလှပပ သဘာဝကျကျ လွတ်လွတ်လပ်လပ် ပြန်ဖြစ်လာဦးမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။” (ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)...
