ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Ghost Trail (2024) ⭐IMDB: 6.7/10 (484 Votes) 🎬 #Drama #Mystery #Thriller 🗓 2024 🎞 movie 🌎 #France #Belgium #Germany ⏰ 1 နာရီ 47 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ghost Trail (2024) IMDb Rating (6.7) / Rotten Tomatoes (100%) ထုံးစံအတိုင်း ပြင်သစ်ကို ပြည်ပြေးလာခဲ့တဲ့ ကမ္ဘာအရပ်ရပ်က မငြိမ်မသက်နိုင်ငံတွေကလာခဲ့တဲ့ ဒါရိုက်တာတွေထဲက တစ်ယောက်ရိုက်တဲ့ သူတို့နိုင်ငံမငြိမ်သက်မှုတွေ ကြောင့် သူတို့ဖြတ်သန်းခဲ့ရတဲ့ ကမ္ဘာပျက်တွေအကြောင်းပါပဲ။ ဆီးရီးယားရဲ့ သားသတ်အိမ်လို့ခေါ်တဲ့ Sednaya ထောင်ကနေ လွတ်လာခဲ့တဲ့ ပြည်ပြေးတွေက တိုင်းတစ်ပါးမှာ ခိုလှုံရင်း မလွတ်လာခဲ့သူတွေ သေသွားတဲ့သူတို့မိသားစု တွေအတွက် မကျက်သေးတဲ့အနာတွေကို ကုစားနေရပုံကို တင်ပြထားတယ်။ အစိုးရဘက်ကနေ သူတို့ကို ဒီထောင်ထဲ နှိပ်စက်ခဲ့ သူတို့အသိတွေကိုသတ်ခဲ့တဲ့ ပြည်ပြေးစစ်သားဟောင်းတွေကိုလည်း ရောက်တဲ့အရပ် ရောက်တဲ့နိုင်ငံမှာ လူမသိသူ မသိ အဖွဲ့သေးသေးလေးတွေဖွဲ့ပြီး လိုက်ရှာပြီး တရားခွင်တင်ဖို့ ကလဲ့စားချေဖို့ကြိုးစားခဲ့ကြတယ်။ ဒီရုပ်ရှင်မှာ ဆီးရီးယားကနေ ပြေးလာခဲ့တဲ့ ပြည်ပြေးတွေရဲ့ ဝေဒနာပေါင်းစုံကို မြင်ရပါလိမ့်မယ်။ Rotten Tomatoesတော့ ၁၀၀ရာခိုင်နှုန်းရထားပါတယ်။ ဒါမျိုးကားတွေက အော်စကာရဲ့နိုင်ငံခြားရုပ်ရှင်ဆန်ခါတင်စာရင်းမှာ အမြဲပါနေကျဆိုတော့ ပါကောင်းပါလာနိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)...
F*** Marry Kill (2024) ⭐IMDB: 5.2/10 (977 Votes) 🎬 #Comedy #Mystery #Romance #Thriller 🗓 2024 🎞 movie 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်လမ်းအကျဉ်းကတော့ ရဲတစ်ယောက်နဲ့ ၈ နှစ်တာတွဲပြီးတော့ ပြတ်သွားတဲ့အီဗာဟာ သူ့သူငယ်ချင်းတွေနဲ့အသက် ၃၀ ပြည့် မွေးနေ့ကိုကျင်းပရင်းနဲ့ ဝမ်းနည်းကြေကွဲမှုတွေကိုဖြေဖျောက်နေရတယ်။ သူငယ်ချင်းတွေကလည်း ပြတ်သွားတာ ၈ လလောက်ရှိပြီတော့ ဘဝအသစ်စဖို့ပြောနေကြတယ်။ ဒီရက်ပိုင်းမှာလည်း အွန်လိုင်းပေါ်မှာက ဒိတ်တဲ့သူနဲ့တွေ့ပြီးတော့ အသတ်ခံရတဲ့အမှုတွေကလည်း တောက်လျှောက်ဖြစ်နေတော့ သူ့သူငယ်ချင်းဖြစ်တဲ့ အန်တိုနီ ကတော့သတိပေးတယ်။ ရော်ဘင်ကတော့ ဒါမျိုးတွေကဖြစ်တောင့်ဖြစ်ခဲဖြစ်ပြီးတော့ အဲ့လိုသာကြောက်နေရင် တစ်သက်လုံးလင်မယူရဘဲနေမယ်ဆိုတဲ့ ပုံစံမျိုးနဲ့အားပေးတယ်။ အဲ့လိုနဲ့မွေးနေ့ပွဲပြီးတော့အိမ်ပြန်ရောက်တော့ အစ်မဖြစ်သူ ဗယ်လာရီက ဂျိတ်ခ်ရဲ့အကြောင်းတွေကိုပြောပြတယ်။ ဂျိတ်ခ်စေ့စပ်တော့မယ်ဆိုတာကိုသိသွားတဲ့အီဗာက ဆယ်စုနှစ် တစ်ခုစာနီးပါးလောက်ပေးဆပ်လိုက်ရတဲ့ သူ့အချိန်တွေကိုနှမြောမိပြီး သူစိတ်တိုင်းကျလုပ်ဖို့ဆုံးဖြတ်လိုက်တယ်။ ဒီလိုနဲ့ ရော်ဘင်ကိုခေါ်ပြီးအွန်လိုင်းဒိတ်ပရိုဖိုင်ကိုစတင်ဖန်တီးပြီးနောက်မှာတော့...
Iron Monkey 2 (1996) ⭐TMDB: 70% User Score 🎬 #Action #Martial 🗓 1996 🎞 movie 🌎 #China #HongKong ⏰ 1 နာရီ 33 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကျွန်တော်တို့လူငယ်တွေရဲ့ ငယ်ဘဝအသည်းစွဲဖြစ်တဲ့ ကိုယ်ခံပညာရှင် အိုင်ပီမန်း မင်းသားကြီး ဒွန်နီယန်ရဲ့ ငယ်ရွယ်စဉ်ကာလမှာ ရိုက်ကူးခဲ့တဲ့ ကိုယ်ခံပညာအက်ရှင်ဇာတ်ကားလေးပဲဖြစ်လို့ သေချာပေါက် ကြည့်ရှုသင့်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဒီဇာတ်ကားမှာတော့ တရုတ်ပြည်ကို ဂျပန်တွေသိမ်းပိုက်ထားတဲ့ကာလမှာ ကျောက်စိမ်းကျားဆိုတဲ့ လူမိုက်ဂိုဏ်းခေါင်းဆောင်ဟာ လက်နက်တွေကို မှောင်ခိုသွင်းယူပြီးတော့ ဂျပန်တွေနဲ့ လက်ဝါးချင်းရိုက်ကာ အကျင့်ပျက်ခြစားလို့နေပါတယ်။ ဒီအချိန်မှာ သံမဏိမျောက်ဆိုတာကတော့ အားလုံးက ဟိုလေးတကျော်သိကြပြီး မကောင်းမှုတွေကို တိုက်ဖျက်တားဆီးနေတဲ့ ကိုယ်ခံပညာရှင်ဖြစ်ပါတယ်။ အဲမြို့ကြီးမှာ စုကျင်နဲ့ ရှောင်ချန်းဆိုတဲ့ လူတွေကို အမျိုးမျိုးပတ်လိမ်ကာ ငွေချူစားနေတဲ့ မိဘမဲ့စုံတွဲဖြစ်ပြီး သူတို့ဟာ တောကတက်လာပြီး အနဖေဖြစ်သူကိုလာရှာတဲ့ တန်ဆိုတဲ့ ကိုယ်ခံပညာရှင်လူရွယ်တစ်ယောက်ကို တစ်ပတ်ရိုက်တာ သေနတ်မှောင်ခိုတင်လာတဲ့ကားကို ဖြတ်လုပါတော့တယ်။ ဒီအချိန်မှာ သံမဏိမျောက်၊ မိဘမဲ့စုံတွဲနဲ့ အဖေလာရှာတဲ့ တန်တို့ ဘယ်လိုဇာတ်ထုပ်နဲ့ ကျောက်စိမ်းကျားတို့ရဲ့ ဒုစရိုက်မှုတွေကို ဘယ်လိုတားဆီးကြမလဲဆိုတာကို အရသာခံ ကြည့်ရှုရမှာဖြစ်ပါတယ်။...
Mama's Boy (2024) ⭐TMDB: 0% User Score 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 17 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mama’s Boy (2024) ဂလင်က အဘွားဖြစ်သူနဲ့အတူကြီးပြင်းခဲ့တဲ့ မိတဆိုးသားတစ်ယောက်ဖြစ်ပြီး ဖခင်ဖြစ်သူကတော့ လွန်ခဲ့တဲ့ငါးနှစ်လောက်ကတည်းက အဝေးမှာအလုပ်သွားလုပ်နေခဲ့ပါတယ်။ အခုချိန်မှာတော့ ဖခင်ဖြစ်သူပြန်ရောက်လာခဲ့ပြီး သူနဲ့မတိမ်းမယိမ်း ဇနီးလောင်းတစ်ယောက်ကိုပါ ခေါ်လာတဲ့အခါမှာတော့ ဂလင်ဒေါသတွေပေါက်ကွဲခဲ့ပါတယ်။ ဂလင်က သူ့မိခင်ဖြစ်သူရဲ့သေဆုံးမှုဟာ သူ့အဖေကြောင့်လို့စွဲမှတ်ထားခဲ့တာပါ။ သူ့မိထွေးလောင်းဟာတစ်ယောက်တည်းမဟုတ်ပဲ ညီမဖြစ်သူကိုပါခေါ်တင်လာမှာကိုသိလိုက်ရတဲ့နောက်တော့ သူအမုန်းကြီးမုန်းနေတဲ့ ဖခင်ကိုဒုက္ခပေးဖို့မကြံကောင်းမစည်ရာအကြံတစ်ခုကို ဂလင် ကြံစည်ပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)...
Betrothed (2016) ⭐IMDB: 3.7/10 (256 Votes) 🎬 #Thriller 🗓 2016 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 29 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အောဒရာ ကတော့ ကောလိပ်ကျောင်းသူတစ်ယောက်ဖြစ်ပြီး ကျောင်းပိတ်ရက်မှာ အိမ်ကိုအလည်ပြန်လာခဲ့တာပါ။ အိမ်မှာ အမေဖြစ်သူကအလုပ်မအားတာကြောင့် ဟင်းချက်စရာတွေမရှိတော့တဲ့အတွက် သူကိုယ်တိုင် ကုန်စုံဆိုင်ကို သွားပြီး လိုအပ်တဲ့ပစ္စည်းတွေသွားဝယ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ကုန်စုံဆိုင်က အပြန်လမ်းမှာ စိတ္တဇညီအစ်ကိုနှစ်ယောက်က ပြန်ပေးဆွဲသွားကြပြီး ကားပေါ်တင်ခေါ်ကာ လွင်တီးခေါင်ပြင်ကန္တာရထဲက သူတို့အိမ်ကိုခေါ်သွားခဲ့ကြပါတယ်။ အောဒရာကိုလည်း ပြန်ပေးဆွဲလာတာကလည်း ညီအစ်ကိုနှစ်ယောက်ထဲက ညီအငယ်ဖြစ်သူနဲ့ ပေးစားဖို့ဖြစ်နေတော့ အောဒရာလည်း သူ့ရဲ့လွတ်လမ်းကို ရှာနိုင်ပါ့မလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။...
Make Me a Match (2023) ⭐TMDB: 55% User Score 🎬 #Comedy #Romance #TVMovie 🗓 2023 🎞 movie 🌎 #Canada ⏰ 1 နာရီ 24 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Make Me a Match (2023) IMDb Rating (6.3) ဒီဇာတ်လမ်းလေးကတော့ အိမ်ထောင်ရေး ၊ အချစ်ရေးတွေနဲ့ ပတ်သက်လို့ ဗဟုသုတတွေလည်းရမယ့်အပြင် ချစ်စရာကောင်းတဲ့ ရိုမန့်ကားကောင်းလေး တခုလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း Dating app ကုမ္ပဏီက အလုပ်အမှုဆောင် ကောင်မလေး ဗီဗီက သူတို့ dating app လေး အောင်မြင်ဖို့ နာမည်ကြီးအောင်သွယ်တော် ရေနာဆီအကူအညီသွားတောင်းရာကနေ အောင်သွယ်ရဲ့သား ဘွမ်းနဲ့ တွေ့ဆုံပြီး ထင်မထားတဲ့ အချစ်ဇာတ်လမ်းတွေ ဖြစ်လာတာကို ရင်ခုန်စွာ ကြည့်ရှူခံစားရမှာ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ran Naing Zaw ဖြစ်ပါတယ်။)...
Carnage for Christmas (2024) ⭐IMDB: 4.6/10 (302 Votes) 🎬 #Comedy #Drama #Horror #Mystery 🗓 2024 🎞 movie 🌎 #Australia ⏰ 1 နာရီ 11 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Carnage for Christmas (2024) IMDb Rating (4.6) / Rotten Tomatoes (89%) ဒီဇာတ်လမ်းကတော့ ခရစ္စမတ်မှာ ရင်တထိတ်ထိတ်နဲ့ စောင်ခြုံပြီး ကွေးချင်သူတွေအတွက် ကွက်တိဖြစ်စေမယ့် ရုပ်ရှင်တစ်ကားပါပဲ ။ Horror ရုပ်ရှင်ကားတွေရဲ့ ထုံးစံအတိုင်း နယ်မြို့သေးသေးလေးပါမယ်။ ခရစ္စမတ်ရောက်တိုင်း လူလိုက်သတ်တတ်တဲ့ ပုံပြင်လိုလို ဒဏ္ဍာရီလိုလို သရဲ တွေပါမယ်။ သရဲခြောက်တဲ့ အိမ်ကြီးပါမယ်။ ဒီလို ခြောက်ခြားစရာတွေကိုမှ စိတ်ဝင်စားတဲ့ မြို့ကလာတဲ့ မိန်းမချောလေးတွေပါမယ်။ ဒီလောက်ဆိုရင်တော့ Horror ကားပရိသတ်တွေအတွက် စိတ်ဝင်စားဖို့ကောင်းနေလောက်ပါပြီ။ ဇာတ်လမ်းအကျဥ်း လိုလာ ဆိုတဲ့ လိင်ပြောင်းအမျိုးသမီးတစ်ယောက်ဟာ မှုခင်းဇာတ်လမ်းတွေကို အသံလွှင့်ပြီး နာမည်ကြီးနေတဲ့သူတစ်ဦးဖြစ်ပါတယ်။ ခရစ္စမတ်မှာ သူ့ရဲ့ မွေးရပ်မြေ နယ်မြို့လေးကို ပြန်လာတဲ့ အချိန် တိုက်ဆိုင်စွာပဲ လူသတ်မှုတွေ ဖြစ်ပေါ်နေပြီး လူသတ်သမားဟာ သူတို့မြို့ရဲ့ ဒဏ္ဍာရီထဲက အရုပ်လုပ်သမားသရဲ လို့ ကောလဟာလတွေလည်း ထွက်နေပါတယ်။ ဒါကြောင့် စူးစမ်းချင်စိတ်ရှိတဲ့ လိုလာ ဟာ ဒီလူသတ်သမားလား သရဲလား မသဲကွဲတဲ့ အမှုကို စုံစမ်းရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Marco ဖြစ်ပါတယ်။)...
Dick Dynamite 1944 (2023) ⭐IMDB: 4.4/10 (156 Votes) 🎬 #Action #Comedy #Horror #SciFi #War #Adventure 🗓 2023 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 32 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Dick Dynamite 1944 လို့ အမည်ရတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ Action/Comedy ကားလေးပဲဖြစ်ပါတယ်… အမေရိကန်ပြည်ထောင်စုအပေါ် နာဇီတို့ရဲ့ လူသားစား Zombie အဖြစ်ပြောင်းလဲနိုင်တဲ့ ဇီဝဓာတုဗုံးကြဲမည့် စီမံကိန်းကို တားဆီးဖို့ Dick Dynamite နဲ့ သူ့ရဲ့လက်မရွံ့အဖွဲ့တို့ အသက်စွန့်ကြိုးပမ်းကြပုံကို ဇာတ်ကောင်များများနဲ့ ဟာသနှောကာ မြူးမြူးကြွကြွတင်ဆက် ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်… သွေးသံတရဲရဲနဲ့ကိုယ်လက်အင်္ဂါအပြတ်အတောက်တွေ စကားလုံး ညစ်ညစ်ညမ်းညမ်းတွေ တင်းကြမ်းပါဝင်ပြီး ဇာတ်ကောင်တွေရဲ့ အရွှန်းဖောက်မှုနဲ့ ပေါ့ပေါ့ပါးပါးရယ်ရယ်မောမော ကြည့်ရှုရမယ့် ဒီဇာတ်ကားလေးဟာ အဓိပ္ပါယ်နက်နက်နဲနဲတွေမပါဘဲ စိတ်အပန်းပြေရုံ ကြည့်ရှုခံစားလိုတဲ့ ရုပ်ရှင်ချစ်ပရိသတ်များအတွက် သင့်တော်တဲ့ရုပ်ရှင် ကားလေးဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်...
Heartbreak Motel (2024) ⭐IMDB: 7.0/10 (219 Votes) 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 55 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အဆိပ်အတောက်ဖြစ်စေတဲ့ဆက်ဆံရေးတွေကနေ ရုန်းထွက်ဖို့ ကြိုးစားနေသူတစ်ယောက်လား??? ဒါဆိုရင်တော့ ဒီကားလေးကို ကြည့်ဖို့ အကြံပေးချင်ပါတယ် သရုပ်ဆောင်လောကရဲ့ တက်သစ်စ သရုပ်ဆောင် အယ်ဗာအက်လန်ဒရာဟာ အတိတ်မှာ ရခဲ့တဲ့စိတ်ဒဏ်ရာတွေကနေ ရုန်းမထွက်နိုင်ဖြစ်နေခဲ့ပါတယ်… သူ့ရဲ့စိတ်ဒဏ်ရာကို ကုစားပေးနေတယ်လို့ သူယူဆခဲ့တဲ့ သူ့ရည်းစား ရီဇာမလစ်က စိတ်တိုဒေါသထွက်လွယ်ပြီး ရိုက်နှက်နှိပ်စက်တတ်သူတစ်ယောက်ဖြစ်နေတာကို သိလိုက်ရတဲ့အခါ….. ဒီအဆိပ်အတောက်ဖြစ်နေတဲ့ဆက်ဆံရေးတွေကနေ သူဘယ်လိုရုန်းထွက်ဖို့ ကြိုးစားမလဲ??? အတိတ်ကစိတ်ဒဏ်ရာတွေကိုရော သူကုစားနိုင်ပါ့မလား ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမယ့် အင်ဒိုနီးရှား ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။...
Criminal Audition (2019) ⭐IMDB: 4.0/10 (315 Votes) 🎬 #Comedy #Drama #Mystery #Thriller 🗓 2019 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 33 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Criminal Audition (2019) **************************** အခြားသူတွေရဲ့ ပြစ်မှုတွေကို အခကြေးငွေယူပြီး ကိုယ်စားဝင်ခံပေးဖို့ ရာဇဝတ်သား အယောင်ဆောင်တွေ မွေးထုတ်ပေးနေတဲ့ အဖွဲ့တစ်ဖွဲ့၊ သူတို့အလုပ်က ကြားဝင်လက်လျိုပြီး တရားခံအဖြစ် ဝန်ခံလိုက်ရုံသက်သက်မဟုတ်ပါဘူး။ အရမ်းစနစ်ကျပါတယ်။ အမှုတည်ဆောက်တာကနေ တရားစီရင်ချသွားတဲ့အထိ အမှုကို စောင့်ကြည့်နေတဲ့ လူတွေကြားမှာ ဟာကွက်မရှိအောင် ဇာတ်လမ်းဆင်ကြတာပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ အရင်အခေါက်တွေနဲ့ မတူတဲ့ အလုပ်အပ်သူ ဖောက်သည် တစ်ယောက်ရောက်ရှိလာတဲ့အချိန်မှာတော့… အချိုးအကွေ့တွေနဲ့ ဘာတွေဆက်ဖြစ်ပျက်မလဲဆိုတာကို စိတ်ဝင်စားဖွယ် ရိုက်ပြထားတဲ့အတွက် ဆက်လက်ကြည့်ရှူလိုက်ကြပါဦး...
Teacher's Pet (2025) ⭐IMDB: 5.0/10 (16 Votes) 🎬 #Adult #Drama 🗓 2025 🎞 movie 🌎 #Philippines ⏰ 1 နာရီ 6 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Teacher’s Pet (2025) ဆရာမ တန်ညာဟာ အမြဲတမ်းပြုံးရွှင်နေပြီး သဘောကောင်းလွန်းလို့လူချစ်လူခင်များပါတယ်။ အဲ့ဒီထဲက သူများထက်ပိုလွန်းတာကတော့ ကတ်စ်ထရိုဆိုတဲ့ကျောင်းသားလေးပါပဲ။ ဆရာမနောက်က တစ်ကောက်ကောက်လိုက်တတ်သလိုပိုလွန်းသည်းလွန်းတဲ့သူ့အပြုအမူတွေကြောင့် သူလိုချင်တာဘာလဲဆိုတာ အားလုံးက ရိပ်မိကြပါတယ်။ ဒါပေမယ့်လည်း ဆရာမဟာယောက်ျားလေးတွေကိုစိတ်မဝင်စားတတ်သူ၊ သူ့တိတ်တိတ်ပုန်းချစ်သူဟာ သူတို့အတန်းထဲကခေါင်းဆောင် ကိုင်လာဆိုတာကို ကတ်စ်ထရို တစ်ယောက်ဗီဒီယိုအထောက်အထားနဲ့ပါ လက်ပူးလက်ကြပ်မိသွားချိန်မှာတော့ အဲ့ဒါကိုအခွင့်ကောင်းယူပြီး ဆရာမကိုအပိုင်သိမ်းဖို့ကြံပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)...
Borgo (2023) ⭐IMDB: 7.0/10 (644 Votes) 🎬 #Crime #Drama 🗓 2023 🎞 movie 🌎 #France ⏰ 1 နာရီ 58 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကတော့ Borgo လို့ခေါ်တဲ့ ၂၀၂၃ကထွက်ခဲ့တဲ့ဇာတ်ကားလေးဖြစ်ပါတယ် ပြင်သစ်နိုင်ငံကရိုက်ကူးထားတာဖြစ်တဲ့ဒီ Crime/Drama ဇာတ်ကားကတော့၂၀၁၇တုန်းက Bastia လေဆိပ်မှာ Corsican ရာဇဝတ်သမားနှစ်ယောက်လုပ်ကြံခံရမှုမှာထောင်အစောင့်တစ်ယောက်ပါဝင်ပတ်သတ်နေတဲ့ဖြစ်ရပ်မှန်အကြောင်းကိုအခြေခံရိုက်ကူးထားတာဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့… အသက်၃၂နှစ်ရှိပြီဖြစ်တဲ့ Melissa နဲ့ သူ့မိသားစုဟာ Corsica ဆိုတဲ့ကျွန်းလေးကိုပြောင်းလာခဲ့ပါတယ် အဲ့ဒီမှာသူကတခြားထောင်တွေနဲ့မတူပဲတမူထူးခြားတဲ့ထောင်တစ်ခုရဲ့အစောင့်အနေနဲ့အလုပ်လုပ်ရင်းကနေသူ Saveriu လို့ခေါ်တဲ့လူငယ်အကျဥ်းသားတစ်ယောက်နဲ့ခင်သွားခဲ့ပါတယ် Saveriu ကထောင်ကလွတ်သွားတဲ့အခါမှာတော့သူ့ကိုအကူအညီတောင်းတာကနေဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုစိတ်ဝင်စားစရာကြည့်ရမယ့်ကားလေးဖြစ်ပါတယ်။ ရုပ်ရှင်က Crime/Drama genre ဖြစ်တဲ့အတွက်အက်ရှင်အခန်းတွေမပါပေမဲ့လည်းထောင်ကားနဲ့စုံထောက်ကားကိုပေါင်းထားတဲ့ပုံစံမျိုးဖြစ်တာကြောင့်တော်တော်ကိုကြည့်လို့ကောင်းပြီး IMDB Rating မှာလည်း 7.0 ရထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်...
The Hunter's Anthology: The Demon Hunter (2024) ⭐IMDB: 5.1/10 (83 Votes) 🎬 #Horror #Mystery #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 7 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ Mystery, Horror ဆန်ဆန် ဇာတ်လမ်းအမျိုးအစားဖြစ်ပြီးတော့ သဘာဝလွန်စူးစမ်း ရှာဖွေမှုတွေနဲ့ မှောင်မိုက်တဲ့အမှန်တရားတွေကို ဖော်ထုတ်မယ့် နတ်ဆိုးမုဆိုးတစ်ယောက်ရဲ့စွန့်စားခန်းကို ဇာတ်အိမ်ထား ရိုက်ကူးထားပါတယ်။ 2021 တုန်းကထွက်ရှိခဲ့တဲ့ The Hunter’s Anthology Series ကို ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် လူအုပ်စုတစ်စုဟာ နတ်ဆိုးမုဆိုးတစ်ယောက်နဲ့အတူ မြေအောက်ရထားတွဲထဲမှာ ပိတ်မိသွားပြီးတော့ သူတို့ထဲမှာပုန်းနေတဲ့နတ်ဆိုးကို ဖမ်းဖို့အတွက် တစ်ယောက်ချင်းစီရဲ့ မှောင်မိုက်တဲ့အတိတ်တွေကို စစ်မေးရင်း နတ်ဆိုးကိုဖော်ထုတ်ကြပုံကို ကြည့်ရှုကြရမှာပါ။ ဇာတ်လမ်းပုံစံက စုံထောက်ဆန်ဆန်ကိုမှ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ပေါင်းစပ်ထားပြီးတော့ ကြည့်ရှုသူတွေကို ဇာတ်လမ်းအစကနေ အဆုံးထိ ဆွဲခေါ်သွားနိုင်ပါတယ်။ IMDb မှာလည်း rating ကောင်း တစ်ခုကို ရရှိထားတဲ့ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။...
Tom and Jerry: Robin Hood and His Merry Mouse (2012) ⭐IMDB: 6.3/10 (1 k Votes) 🎬 #Adventure #Animation #Comedy #Family #Action #Musical 🗓 2012 🎞 video movie 🌎 #UnitedStates #SouthKorea #UnitedStatesofAmerica ⏰ 57 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းကတော့ Tom and Jerryနဲ့ နာမည်ကျော်သူခိုးကြီး ရော်ဘင်ဟုဒ်ရဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ အားလုံးလည်း သိကြတဲ့အတိုင်း ရော်ဘင်ဟုဒ်ဆိုတာ လူကုံထံတွေဆီက ပိုက်ဆံတွေကို လုယက်ခိုးဝှက်ပြီး လူဆင်းရဲတွေကို ပြန်ပြီးဝေမျှပေးတဲ့ လူဆိုးကြီးပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာလည်းရော်ဘင်ဟုဒ်က နော်တင်ဟမ်မြို့မင်းသားနဲ့ အရာရှိကြီးရဲ့အခွန်တွေကို ကြားဖြတ်လုယက်သွားခဲ့လို့ အကုန်လုံးကတောနင်းဖမ်းဆီးချင်နေကြတာပါ။ ရော်ဘင်ဟုဒ်မှာလည်းအတွင်းလူတစ်ယောက်ရှိနေပြီး သူကနေတဆင့် သတင်းတွေရနေလို့ လက်မတင်လေး လွတ်နေခဲ့တာပါ။ ဒါကြောင့်လည်းမင်းသားတို့က မြားပစ်ပြိုင်ပွဲ တစ်ခုလုပ်ပြီး သူ့ကိုဖမ်းဆီးဖို့ ကြံပါတော့တယ်။ သူတို့ရဲ့အကြံအစည် အောင်မြင်သွားမှာလား၊ ရော်ဘင်ဟုဒ်တို့ လွတ်မြောက်သွားမှာလား ကြည့်ရှုရမယ့်ဇာတ်လမ်းပဲ ဖြစ်ပါတယ်။...
Trapped Inn (2024) ⭐IMDB: 2.8/10 (659 Votes) 🎬 #ScienceFiction #Thriller #SciFi 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Trapped Inn (2024) IMDb Rating (3.1) / Rotten Tomatoes (86%) 2024 ထွက် Thriller ကားအသစ်ပါ။ Thrillerကားတွေမှာတော့ ဇာတ်ကို ဘာမှမသိဘဲ ကြည့်ရတာ ပိုအရသာရှိလိမ့်မယ်ဆိုတော့ အရမ်းအကောင်းကြီး ခမ်းခမ်းနားနားကြီးမဟုတ်ပေမဲ့ အတန်အသင့်လက်သင့်ခံလို့ရတဲ့ ပမာဏလောက်နဲ့ ဇာတ်ကောင်တွေနဲ့အတူတူ ဘာတွေဖြစ်နေလဲ မသိဘဲ စီးမျောကြည့်ချင်ရင်တော့ ကြည့်လိုက်ပါ။ ဘာတွေဖြစ်နေလဲဆိုတာက မထင်ထားလောက်တဲ့အချိန်ကျမှ ရုပ်လုံးပေါ်တာဆိုတော့ ဇာတ်လမ်းက မပြောင်မြောက်လှပေမဲ့ ကြည့်တော့ကြည့်ကောင်းမှာပါ၊။ အညွှန်းဖတ်တာကို ဒီလောက်နဲ့ရပ်ပြီး ကြည့်ကြည့်လိုက်ပါ။ဇာတ်လမ်းကတော့ ပြိုင်ဘီးစီးတဲ့အဖွဲ့တစ်ဖွဲ့ရှိတယ်။ သူတို့က ပြိုင်ဘီးစီးကျင့်ဖို့ တောင်မြင့်ပြီး ဝေးလံခေါင်သီတဲ့ဒေသတစ်ခုကို ရောက်လာတယ်။ အဲဒီဒေသက အင်းမှာ သွားတည်းတယ်။ အင်းပိုင်ရှင် လင်မယားကတော့ ဖော်ဖော်ရွေရွေပါပဲ။ ကောင်မလေးတွေလည်း အဲဒီမှာရှိတယ်။ ဒီလိုနဲ့ အင်းပိုင်ရှင် လင်မယားမူမမှန်နေတာကို သူတို့အဖွဲ့ထဲက တစ်ယောက်က သတိထားမိသွားတဲ့အချိန် လူတွေတစ်ယောက်ပြီးတစ်ယောက်ပျောက်လာတယ်။ ဘာလို့ပျောက်ကုန်ကြလဲ ဘယ်သူတွေလွတ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ပါတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)...
Monsters, Inc. (2001) ⭐TMDB: 78% User Score 🎬 #Adventure #Animation #Comedy #Family #Fantasy 🗓 2001 🎞 video movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Monsters, Inc. (2001) IMDb Rating (8.1) / Rotten Tomatoes (96%) ဒီကားလေးကတော့ Animation ကြိုက်သူတွေ ကြည့်ဖူးကြမယ်လို့ထင်ပါတယ်။ ဒါရိုက်တာ Pete Docter က ရိုက်ကူးတင်ဆက်ထားပြီး Rating (8.1/10) ထိ ရရှိထားတဲ့ မွန်းစတား ကာတွန်းကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း Monstropolis ဟုခေါ်သော ဒဏ္ဍာရီမြို့ကြီးဟာ မွန်းစတားလေးတွေ အတူတကွနေထိုင်နေကြသော အရပ်ဖြစ်ပါတယ်။ ဒီ မွန်းစတားလေးတွေဟာ ကလေးသူငယ်တွေရဲ့အသံစွမ်းအင်ပေါ်မှီခိုပြီး အသက်ရှင်နေထိုင်ကြရတာပါ။ မွန်စတားလေးတွေက ကလေးသူငယ်တွေနဲ့ ထိမိတာနဲ့သေတတ်ပါတယ်။ တနေ့သူတို့မွန်းစတားကမ္ဘာလေးထဲကို Boo ဆိုတဲ့ ကလေးမလေး ရောက်ရှိလာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်လမ်းလေးထဲ ခံစားကြည့်ရှုလိုက်ကြပါဦး။...
Joyeux Noel (2005) ⭐TMDB: 74% User Score 🎬 #Drama #History #War #Romance 🗓 2005 🎞 tv movie 🌎 #Belgium #France #Germany #Romania #UnitedKingdom ⏰ 1 နာရီ 56 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 (ခရစ္စမတ်ကို ရန်သူတွေနဲ့အတူဆင်နွှဲခဲ့ကြတဲ့ ပထမကမ္ဘာစစ် စစ်သားများအကြောင်း) ဒီရုပ်ရှင်ကိုမကြည့်ဖူးကြရင်တောင် ဆိုရှယ်မီဒီယာမှာ အတိုလေးတွေ အတော်များများ မြင်ဖူးကြမှာပါ။ ဂျာမန်၊ ဗြိတိသျှ၊ စကော့တလန်စစ်သားတွေ ပထမကမ္ဘာစစ်အတွင်း ကတုတ်ကျင်းကိုယ်စီနဲ့ တစ်ဘက်နဲ့တစ်ဘက် အသေအကြေတိုက်ခိုက်နေကြပေမဲ့ ခရစ္စမတ်အကြိုညမှာတော့ အပစ်အခတ်တွေရပ်စဲပြီး အတူ ဆင်နွှဲကြဖို့ ဆုံးဖြတ်လိုက်တဲ့ အကြောင်းပါ။ စစ်ပွဲရဲ့ အကျဉ်းတန်ခြင်းတွေထဲကနေ လူသားဆန်မှုတွေကို ပြတဲ့ရုပ်ရှင်ပါပဲ။ အကောင်းဆုံး နိုင်ငံခြားရုပ်ရှင်ဆု အော်စကာ စကာတင် ဝင်ခဲ့ပါတယ်။ Tsotsi 2005 ကို မကျော်နိုင်ခဲ့လို့သာ ဆုမရခဲ့တာပါ။ အော်စကာရသွားတဲ့ Tsotsi ကိုလည်း Channel Myanmar မှာ တင်ပေးပြီးသားပါ။ ဒီရုပ်ရှင်ထဲမှာတော့ နှစ်ဘက်စစ်သားတွေရဲ့ တာဝန် နဲ့မိသားစုကြားက လွန်ဆွဲတာတွေ၊ ရန်သူကနေ မိတ်ဆွေဖြစ်လာပြီး ရန်သူပြန်ဖြစ်လာတဲ့အခါ ဆုံးဖြတ်ရခက်တာတွေနဲ့ အထက်ဖိအားတွေကြားထဲက စစ်ရဲ့ အကျဉ်းတန်မှုတွေကို မြင်ရမှာပါ။ ကြည့်ဖြစ်အောင်ကြည့်ရမဲ့ရုပ်ရှင်ဖြစ်လို့ ခရစ္စမတ်အမီလေး တင်ပေးထားလိုက်ပါတယ်။...
Tom and Jerry: Santa's Little Helpers (2014) ⭐IMDB: 5.7/10 (266 Votes) 🎬 #Adventure #Animation #Comedy #Short #Family 🗓 2014 🎞 video movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 22 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းက Tom and Jerryရဲ့ ခရစ္စမတ်အထိမ်းအမှတ် ဇာတ်လမ်းတိုလေးပဲဖြစ်ပါတယ်။ နယ်စာတိုက်လေးတစ်ခုမှာ အလုပ်လုပ်နေတဲ့ တွမ်က သူ့ကိုချစ်ပေးတဲ့အိမ်တစ်အိမ်ကို ရောက်သွားဖို့ ခရစ္စမတ်ဆုတောင်းထားတာပါ။ ဒီလိုနဲ့ပဲ မတော်တဆမှုတစ်ခုကြောင့် တွမ်တစ်ကောင် ဆန်တာရှိရာဝင်ရိုးစွန်းဒေသကို မထင်မှတ်ဘဲ ရောက်သွားခဲ့ပါတယ်။ အဲဒီမှာ သူ့ရဲ့ရန်သူတော်ကြီး ဂျယ်ရီတို့ ညီအစ်ကိုတွေနဲ့ တွေ့ပြီး သောင်းကျန်းရာကနေ ဆန်တာတို့ပြင်ဆင်ထားတဲ့ ခရစ္စမတ်လက်ဆောင်တွေကို ဖျက်ဆီးမိသွားခဲ့ပါတယ်။ အဲဒါကြောင့် သူတို့ရဲ့အမှားတွေကို ပြန်ပြင်ဆင်တဲ့အနေနဲ့ လက်ဆောင်တွေ ပြန်ပြင်ပေးဖို့ ကြိုးစားကြပါတော့တယ်။ သူတို့ရဲ့ကြိုးပမ်းမှုက အချိန်မီပါ့မလား၊ ခရစ္စမတ်မနက်အမီ လက်ဆောင်တွေကို အရောက်ပို့ပေးနိုင်ပြီး ဆန်တာတို့ကိုပြန်ကူညီပေးနိုင်မလားဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။...
Mr. Peabody & Sherman (2014) ⭐TMDB: 67% User Score 🎬 #Adventure #Animation #Comedy #Family #Fantasy #History #SciFi 🗓 2014 🎞 movie 🌎 #USA #UnitedStates #India #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 1959 မှထွက်ခဲ့တဲ့ The Adventures of Rocky and Bullwinkle ကာတွန်းကာထဲက Peabody ဆိုတဲ့ ဉာဏ်ကြီးရှင် ခွေးလေးအကြောင်းကိုရိုက်ထားတာပါ။ ဒီကားရဲ့ Director က Lion King animation ရဲ့ Director လည်းဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Peabody ဆိုတဲ့ မွေးရာပါဉာဏ်ကြီးရှင် ခွေးလေးက ဉာဏ်ကြီးရှင် တစ်ယောက်ဖြစ်တဲ့အလျှောက် နေရာတိုင်းမှာတော်ပါတယ် ။ သူက Sharman ဆိုတဲ့ ကလေးလေးကို သားအရင်းအဖြစ်မွေးစားပြီးတော့ တတ်သမျှပညာတွေကိုသင်ပေးပါတယ် ။ သူ့မှာ WABAC ဆိုတဲ့ အချိန်ခရီးသွားတဲ့ စက်ကြီးရှိပြီးတော့ ရှာမန်ကို သမိုင်းထဲက အထင်ကရ အကြောင်းအရာတွေကိုသင်ပေးပါတယ်။ တစ်နေ့မှာ ရှာမန်က ကျောင်းမှာ ရန်ဖြစ်ပြီး အတန်းဖော် ပန်နီနဲ့ ဒီအချိန်ခရီးသွား စက်ကြီးကို သုံးမိပြီး ဘယ်လိုအလွှဲတွေဖြစ်မလဲ ပီးပေါ်ဒီ ကရောဘယ်လိုတွေကယ်ရမလဲကို သိပ္ပံအကြောင်းအရာတွေ သမိုင်းအချက်အလက်တွေ ဟာသလေးတွေ နှောပြီးတော့ ကြည်ရမှာဖြစ်ပါတယ်။...
Christmas at the Amish Bakery (2023) ⭐IMDB: 6.1/10 (331 Votes) 🎬 #Romance #TVMovie #Drama 🗓 2023 🎞 tv movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Christmas at the Amish Bakery (2023)Imdb 6.1 ဟင်းချက်နည်းစာအုပ်ရဲ့ အယ်ဒီတာဆာရာ သူတိုရဲ့စာအုပ်ကနှစ်ကုန်ခါနီးမှာပဲ သိသိသာသာရောင်းအားထိုးကျလာပြီးအရင်နှစ်ကနဲ့ ၁၅%လောက်ထိကို ကျဆင်းခဲ့တာဖြစ်လိုထုတ်ဝေသူအနေနဲ့ သူတိုနဲ့ လက်မတွဲချင်တော့တဲ့အနေအထားပေါ့ ဒါကိုကယ်တင်ဖို ဆာရာ့ကြီးကြပ်သူကဆာရာတိုမျိုးနွယ်ရဲ့လျှိဝှက်ဟင်းချက်နည်းရဖိုမွေးရပ်မြေကိုပြန်လွှတ်လိုက်ပါတယ် အချိန်အတော်ကြာတော့မှ ခရစ္စမတ်အနေနဲ့မွေးရပ်မြေကိုချက်ပြုတ်နည်းလေ့လာဖိုဆာရာပြန်ရောက်လာပြီပေါ့ သူ့အစ်မကတော့ မုန့်တွေလိုက်ပိုပြီး စီးပွားရေးမကောင်းလိုဆိုင်ပိတ်ရတော့မဲ့အနေအထားဆိုတာ အိမ်ပြန်ရောက်မှ သိလိုက်ရပါတယ် ဒီတော့ သူလည်းလိုအပ်နေတဲ့ချက်ပြုတ်နည်းရဖိုနဲ့ သူ့အစ်မတွေစီးပွားရေးကိုကယ်တင်ဖိုကြိုးပမ်းပုံတွေကို ကြည့်ရှုရမှာပဲဖြစ်ပါတယ် ခရစ္စမတ်ကာလလေးမှာထင်မထားတဲ့အချစ်ဇာတ်လမ်းလေးတွေကိုလည်း ခံစားလိုက်ကြပါဦး ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Team ပဲဖြစ်ပါတယ်...
