uk
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Station Eleven (2021) ⭐TMDB: 70% User Score 🎬 #Drama #SciFi #Fantasy #Mystery 🗓 2021 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 23 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Station Eleven (2021) Season 1 CompleteStation Eleven (2021)  အိမ်ထဲမှာ ရက် (၈၀) လောက် ဘာအလုပ်မှ မလုပ်ဘဲ အေးအေးဆေးဆေး အိပ်လိုက်စားလိုက် နေရင်းနဲ့ အချိန်ဖြုန်းရရင် သိပ်ကောင်းမှာပဲလို့ တွေးမိကြလား။ စားစရာ အပြည့်အစုံနဲ့ သောက်စရာ ရေအလုံအလောက်နဲ့။ ကိုဗစ်ကာလမှာ stay home ခဲ့ရတာတောင် အမှတ်ရသွားကြမယ် ထင်ပါတယ်။ တစ်လစာ ဝယ်ထားတာတွေ တစ်ပတ်လောက်နဲ့ ကုန်သွားလို့ ပရဟိတသမားလေးတွေကို ဖုန်းဆက်ပြီး ဝယ်ခိုင်းရတာမျိုးတွေပေါ့။အခုတင်ဆက်ပေးမဲ့ ဇာတ်လမ်းတွဲကလည်း အိမ်ထဲမှာ စားစရာတစ်ပုံတစ်ပင်နဲ့ ရက် (၈၀) အိမ်တွင်းပုန်းနေတဲ့ အမျိုးသားနှစ်ဦးနဲ့ ကလေးငယ်ကောင်မလေးတစ်ယောက်ရဲ့ အကြောင်းကနေ စပြောရမယ်ထင်ပါတယ်။ ဒါပေမဲ့ တစ်ခုထူးခြားတာက သူတို့ ရက် (၈၀) အကြာ အိမ်ပြင်ထွက်လာတဲ့ အခါမှာတော့ ကမ္ဘာကြီးက လုံး၀ကိုပျက်စီးနေပါပြီ။ဘာ့ကြောင့်လဲ။ ဘုရားသခင်ရဲ့ အမျက်တော်ကြောင့်လား။ ကံ၊ကံရဲ့ အကျိုးအရ လက်ငင်းဘဝမှာ အကျိုးပေးတာလား။ ကိုယ်နေထိုင်ရာ ကမ္ဘာကြီးကို နည်းမျိုးစုံနဲ့ ဖျက်ဆီးပစ်နေတဲ့ လူသားတွေအတွက် ကူရာမဲ့ ကယ်ရာမဲ့ ပြစ်ဒဏ်ခတ်ခြင်းတစ်ခု မျက်မှောက်မှာ ကြုံတွေ့လိုက်ရပါပြီ။သိပ်ပြင်းထန်တယ်။ သိပ်ပြီး ကူးစက်လွယ်တယ်။ ရပ်နေရင်း ထိုင်နေရင်း ကားမောင်းနေရင်း ကုန်ကုန်ပြောရင်ဗျာ မနက်ဖြန်အတွက် ဘာလုပ်ရမလဲ စိတ်ကူးနေရင်းမှာကို လူတွေက သေမင်း ချောင်းဆိုးသံနဲ့အတူ ခေါက်ခနဲ လဲကျ သေဆုံး။ သေမင်းက Control + A နှိပ်ပြီး သေဆုံးစာရင်း ရွေးချယ်လိုက်သလိုမျိုး။ဟုတ်ပါတယ်။ ကမ္ဘာကြီးကို ကြောက်မက်ဖွယ် တုပ်ကွေးဆန်ဆန် ရောဂါကြီး ကျရောက်လာတဲ့ စိတ်ဝင်စားဖွယ် ဇာတ်လမ်းတွဲလေးပါ။ ကျရောက်လာတဲ့ ရောဂါကြီးကလည်း ကျွန်တော်တို့တွေ ခုလို နဖူးတွေ့ဒူးတွေ့ ကြုံနေရတဲ့ COVID-19 လို သ​န္ဓေ​ပြောင်း ဗိုင်းရပ်စ်​ကြောင့်ပဲ ဖြစ်ပါတယ်။ ညီအစ်ကို နှစ်ယောက်ရယ် သူစိမ်း ကလေးမလေးတစ်ယောက်နဲ့ ရှင်သန်ကျန်ရစ်ပြီးအိမ်တွင်းပုန်း ဇာတ်လမ်းသွားကို စထားတယ်။ အဲဒီဇာတ်လမ်း ဘယ်လိုဆက်ဖြစ်မယ် ဘယ်လိုအဆုံးသတ်မယ်ဆိုတာကတော့ ငွေရောင်ပိတ်ကားပေါ်မှာ ဆက်လက်ကြည့်ရှုရမှာဖြစ်သလို အပတ်တိုင်းလည်း တင်ဆက်သွားမှာဖြစ်လို့ အကျယ်တဝင့် မပြောတော့ပါဘူး။ ကိုဗစ် စတုတ္ထလှိုင်းတို့ အိုမီခရွန်တို့ ခေတ်စားနေချိန်မှာ ကျောချမ်းချမ်း ကြည့်ရှုရမှာဖြစ်ပြီး ကမ္ဘာကြီးပျက်စီးပြီး​နောက် ရှင်သန်ကျန်ရစ်သူတွေဘယ်လိုမျိုး​ရှေ့ဆက်ကြတယ်ဆိုတဲ့ Post-apocalypse ပုံစံမျိုးနဲ့ survival technique တွေလည်း အတုယူနိုင်ပါတယ်။ (ဇာတ်ကားအညွှန်းကို Arr Khun Winchester မှ ရေးသားပေးထားပါတယ်)
...

Corporate Animals (2019) ⭐IMDB: 4.5/10 (4 k Votes) 🎬 #Comedy #Horror 🗓 2019 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Corporate animal လူစီဆိုတာက စားလို့ရတဲ့ဇွန်း၊ခက်ရင်းတွေကိုထုတ်လုပ်တဲ့ကုမ္မဏီပိုင်ရှင် ဘောစိမမတစ်ယောက်ပေါ့ဗျာ။ သူဦးဆောင်တဲ့ Team Building မှာ သူ့ရဲ့ညာလက်ရုံးလိုလိုအတွင်းရေးမှူးလိုလိုဖြစ်နေတဲ့ ဖရက်ဒီရယ် ပြီးတော့ ဂျက်ဇ်ဆိုတဲ့ဝန်ထမ်းအသစ်ရယ် ပြီးတော့ ကုမ္မဏီတစ်ခုလုံးကဝန်ထမ်းတွေရယ်ကို နယူးမက္ကစီကိုကတောင်ကြားတွေမှာ စွန့်စားခန်းလိုလိုခရီးထွက်ကြပါလေရောပေါ့။ဇတ်လမ်းက အဲ့ဒီမှာ စတာပါပဲ။ သူတို့လဲ တောင်ကြားထဲရောက်ရော ငလျင်လှုပ်ပြီးတော့ သူတို့အကုန်ပိတ်မိကြတာပေါ့။ ဆိုတော့ ပိတ်မိနေတဲ့တောင်ကြားထဲမှာနေထိုင်ရင်းနဲ့ ကယ်တင်မဲ့သူလာမယ့်အချိန်ကိုစောင့်ရင်း သူတို့ရဲ့တစ်ဦးချင်းကိုယ်စီရဲ့နေထိုင်မှုတွေ ပုံရိပ်တွေ ခံစားချက်တွေက ပွင့်ဟလာပါတော့တယ်။ ရီစရာတွေနဲ့ပြည့်နှက်နေတဲ့ဒီဇတ်ကားက တောင်ကြားထဲပိတ်မိနေတဲ့လူတစ်စုလို့တောင်မထင်ရလောက်အောင်ပါပဲ။ ဖရက်ဒီနေရာမှာ သရုပ်ဆောင်ထားတဲ့သူကိုတော့ အားလုံးပဲသိကြလိမ့်မယ်ထင်ပါတယ် Deadpool ဇာတ်ကားထဲမှာ တက္ကဆီဒရိုင်ဘာနေရာကသရုပ်ဆောင်ခဲ့တဲ့သူပဲဖြစ်ပါတယ်။ ဟာသဇာတ်ကားလို့ပြောရမှာလဲ တောင်ကြားထဲပိတ်မိနေတာဆိုတော့ ပြောရခက်တယ်လို့ပဲပြောရမှာပေါ့နော်။ ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးလို့ပဲညွှန်းချင်ပါတယ်ဗျ။
...

True and False Jigong (2023) ⭐TMDB: 95% User Score 🎬 #Action #Comedy 🗓 2023 🎞 Series 🌎 #China ⏰ 1 နာရီ 20 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “မိစ္ဆာတွေကို နှိမ်နင်း / အားနည်းသူတွေကိုကူညီပေးပြီး ပြည်သူတွေရဲ့ အချစ်ကို ရရှိနေသူ ၊မသေမျိုးကျင့်စဥ်ရရှိဖို့ ကျင့်ကြံနေသူ ၊ တောင်ပေါ်မှာပဲသီတင်းသုံးနေထိုင်တတ်သူ ဘုန်းတော်ကြီး – ကျိကုန်း” “ရုပ်ဆိုးလွန်း၍ အားလုံးက မိစ္ဆာတစ်ကောင်လိုသတ်မှတ်ခြင်းခံနေရသူ ၊ဆိုးဝါးလွန်းတဲ့ မျက်နှာကြောင့် အားလုံးရဲ့ အပယ်ခံဖြစ်ပြီး အထီးကျန်နေရသူ ၊ ပြည်သူတွေရဲ့ ချစ်ခြင်းကို ခံရဖို့ ကြိုးစားနေသူ – ဟွမ်ယွမ်” လွန်ခဲ့တဲ့ အနှစ် ၂၀ က ဘုန်းတော်ကြီး ကျိကုန်းဟာမြွေမိစ္ဆာမောင်နှမကိုနှိမ်နှင်းရင်း အစ်ကိုဖြစ်သူကို သတ်ပစ်ခဲ့မိပါတယ် ။ကျန်တဲ့ မိစ္ဆာညီမလေးကိုတော့ အမှားတွေပြန်လည်ပြင်ဆင်ပေးဖို့လွှတ်လိုက်ပေမဲ့ တကယ်တမ်းမှာတော့ အဲဒီမိစ္ဆာမဟာအစ်ကိုဖြစ်သူအတွက် လက်စားပြန်ချေဖို့ ကြိူးပန်းနေခဲ့ပါတယ် ။ ဒီလိုနဲ့ နှစ် ၂၀ ကုန်ဆုံးလာခဲ့ပြီး ပိုင်ရွှိန်မြို့တော်မှာထူးဆန်းတဲ့ကိစ္စတွေဖြစ်ပေါ်လာခဲ့ပါတော့တယ် ။ ဒါတွေကို ဖြေရှင်းဖို့ အတွက်ဘုန်းတော်ကြီး ကျိကုန်းဟာ ပိုင်ရွှိန်မြို့တော်ကိုရောက်လာခဲ့ပေမဲ့၎င်းမြို့တော်မှာ သူနဲ့ ချွတ်စွပ်တူတဲ့ နောက်တဲ့ ကျိကုန်းတစ်ယောက်ကိုတွေ့လိုက်ရပါတော့တယ် ။ ❏ ဘုန်းတော်ကြီး ကျိကုန်းတစ်ယောက်ဘယ်လိုရင်ဆိုင်မလဲ ? ❏ ကျိကုန်းတစ်ယောက် အညှိုးအတေးတွေ အာဃာတတွေကြားမှာပိတ်မိနေတဲ့ ပြည်သူတွေကိုဘယ်လို ကယ်တင်သွားမလဲဆိုတာ ?ကြည့်ရှုရလိုက်ရအောင်ပါနော် ။ ဒီဇာတ်ကားလေးကိုကြည့်ရှုပြီးလူတစ်ယောက်ကို အပေါ်ယံ ကြည့်ယုံနဲ့ မဆုံးဖြတ်သင့်တဲ့အကြောင်းနားလည်သဘောပေါက်သွားစေမှာ အသေချာပါပဲရှင်
...

The Fall Guy (2024) ⭐IMDB: 7.3/10 (45 k Votes) 🎬 #Action #Comedy #Drama 🗓 2024 🎞 movie 🌎 #UnitedStates #Australia #Canada #UnitedStatesofAmerica ⏰ 2 နာရီ 7 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Action , Comedy , Drama IMDB 7.3/10 ကနေဒါ အောင်ရဲလင်း Ryan Gosling ရဲ့ အက်ရှင် ဇာတ်မြူး ရုပ်ရှင်ကားသစ်ပါ Ryan Gosling ရဲ့ ဘာဘီ Kenn လို Aactive ဖြစ်တဲ့ ဇာတ်ရုပ်ကို ပြန်မြင်ရမှာဖြစ်ပြီး Ryan Gosling , Emily Blunt , Aaron Taylor တို့လို ဟောလီးဝုဒ်ရဲ့ နာမည်ကြီး A list သရုပ်ဆောင်တွေကြည့် ပါဝင်ထားတဲ့ ရုပ်ရှင်ဖြစ်တဲ့အတွက် ဘာမှမစဉ်းစားဘဲ ပြေးကြည့်လိုက်ပါတော့.. ဇာတ်လမ်းအညွန်းက ဟော်လီးဝုဒ်ရဲ့ အက်ရှင်စတား တွမ်ခရုစ်ကို မှီညှမ်းထားတဲ့ တွမ်ရိုက်ဒါဟာ နာမည်ကြီး သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ကို့ထ်ဆီဗာ တစ်ဖြစ်လဲ Ryan Gosling ကသူ့ရဲ့ အားအကိုးရဆုံး စတန့်သမားပေါ့.. ကင်မရာကိုင်တဲ့ ဂျိုဒီနဲ့ ကို့ထ်ဆီဗာတို့က ချစ်သူတွေဖြစ်ပြီး တစ်နေ့ ကို့ထ်ရဲ့ရိုက်ကွင်းမတော်တဆ ပြုတ်ကျမှုကြောင့် ခါးရိုးကျိုးသွားပြီး တစ်နှစ်လောက်နားလိုက်ရပါတယ်… သူ့ရဲ့စတန့်မင်းသားဘဝကနေပါ ဇာတ်မြှုပ်သွားပြီး တစ်နှစ်အကြာမှာ.. ရည်းစားဟောင်း ဂျိုဒီဟာ ဟော်လီးဝုဒ်ရဲ့ နာမည်ကြီး ရုပ်ရှင်ကားကြီးကို ဖန်တီးနေချိန် သူပြန်ပါဝင်ဖို့ အကြောင်း ဖန်လာပါတော့တယ်… ဒါပေမယ့် မင်းသား တွမ်ရိုက်ဒါက ရိုက်ကွင်းကနေ ပျောက်ဆုံးသွားတဲ့အတွက် တွမ်နဲ့သူငယ်ချင်းလို ရင်းနှီးတဲ့ ကို့ထ်ကို မင်းသားရှာပုံတော်လွှတ်လိုက်ရင်းနဲ့ နောက်ကွယ်က အရှုပ်တော်ပုံတွေ အက်ရှင်ခန်းကြမ်းကြမ်းတွေနဲ့ ဖန်တီးထားတဲ့ ရုပ်ရှင်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် လက်မလွှတ်တမ်းစောင့်ကြည့်သင့်ပါတယ်
...

Her (2013) ⭐IMDB: 8.0/10 (672 k Votes) 🎬 #Drama #Romance #SciFi #ScienceFiction 🗓 2013 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 6 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Her (2013) IMDb Rating (8.0) / Rotten Tomatoes (95%) မင်းသား Joaquin Phoenix နဲ့ သူ့ဇနီးဖြစ်သူ Rooney Mara, Amy Adams ,Olivia Wilde, Chris Pratt စတဲ့နာမည်ကြီးသရုပ်ဆောင်တွေအပြင် AI အသံသရုပ်ဆောင်အဖြစ် Scarlett Johansson ပါ ပါဝင်ထားပါတယ်။ Open AI မှာ Scarlett Johansson ရဲ့ခွင့်ပြုချက်မရဘဲ သူ့အသံကိုထည့်သွင်းထားတယ်ဆိုပြီး ပြသနာတက်နေတာလဲ ဒီရုပ်ရှင်ထဲက အစပြုတာပါ…. Her (2013) ထဲမှာ ညှို့ငင်ဆွဲဆောင်နိုင်တဲ့ AI အသံကို Scarlett Johansson က အသက်ဝင်အောင် သရုပ်ဆောင်ခဲ့ပြီး ဒီအသံကို Open AI ရဲ့  ညှို့ငင်မြူစွယ်တဲ့နေရာမှာ သုံးစွဲထားတာကြောင့် Scarlett Johansson နဲ့ Open AI ရဲ့ CEO ဖြစ်သူ Sam Altman တို့ကြား အချင်းများစရာဖြစ်နေတာပါ။ Her ရုပ်ရှင်ကလဲ AI ကို ချစ်မိသွားတဲ့လူသားတစ်ယောက်ရဲ့ဇာတ်လမ်းဆိုတော့ကာ…. AI နဲ့ လူသားကြားက ပြသနာတွေကို မြင်တွေ့ရမယ့်Sci-Fi/Romance ဆန်ဆန်ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ ရုပ်ရှင်အနေနဲ့ အောင်မြင်မှုကြီးကြီးမားမားရရှိခဲ့ပြီး Original Screenplay ဆုနဲ့ Oscar ဆုအပြင် တခြားဆုပေါင်းများစွာလဲ ထိုက်ထိုက်တန်တန်ရရှိခဲ့တဲ့ရုပ်ရှင်ကားပါ။
...

Crushed (2022) ⭐TMDB: 70% User Score 🎬 #Comedy #Drama 🗓 2022 🎞 Series 🌎 #India ⏰ 24 မိနစ် 11 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Crushed (2022) Season 1Crushed (TV Series 2022) “အုံ့ပုန်းချစ်” IMDb – 8.1/10သောရ်မင်းသားကြီးရဲ့ Extraction 1,2မှာ အိုဗီမဟာဂျန်နေရာကပါခဲ့တဲ့ အိန္ဒိယလူငယ်မင်းသား Rudhraksh Jaiswalခေါင်းဆောင်ပါဝင်ထားတဲ့ ကျောင်းသားစီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Amazonကနေ ၂၀၂၂ကနေ အခု၂၀၂၄ထိထုတ်လွှင့်ခဲ့တဲ့ ဒီစီးရီးမှာ အပိုင်း၂၄ပိုင်းပါဝင်တာမို့ တ၀ကြီးကြည့်ရမှာပါ။ ဖာသာတစ်ယောက် တည်ထောင်ထားတဲ့ကျောင်းမှာ အထက်တန်းကျောင်းသားကျောင်းသူတွေကြားက ပညာရေးပြိုင်ဆိုင်ကြတာနဲ့ အချစ်ဇာတ်လမ်းလေးဖြစ်တည်လာပုံကို လူငယ်ဆန်ဆန် သဘာ၀ကျကျနဲ့တင်ဆက်ပေးထားပါတယ်။ဆမ်ဗစ်ဒန်ဆိုတာ ဆရာတွေသဘောကျ စာတော်တဲ့ကျောင်းသားထဲမှာမပါဘူး။ နောက်ဆုံးတန်းမှာထိုင်တတ်တဲ့ ခပ်ဆိုးဆိုးကျောင်းသားတွေထဲမှာလည်းမပါဘူး။ ဒီတိုင်းလူမသိသူမသိနဲ့ ခပ်ကုတ်ကုတ်နေတတ်တဲ့ကျောင်းသားတစ်ယောက်။ ဒါပေမဲ့သူကြိတ်ကြွေမိနေတာကကျ ကျောင်းမှာအလှဆုံးလို့သတ်မှတ်ထားတဲ့ ကျောင်းသူလေးတစ်ယောက်ကို။ ကြိတ်ကြွေရတဲ့ကောင်မလေး သဘောကျဖို့အရေး ဆမ်ဗစ်ဒန်တစ်ယောက် သူငယ်ချင်းဖြစ်သူအကူအညီနဲ့ ဘယ်လိုတွေအကွက်ရွှေ့မလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
...

The Great Indian Kapil Show (2024) ⭐TMDB: 90% User Score 🎬 #Talk #Comedy 🗓 2024 🎞 Series 🌎 #India ⏰ 51 မိနစ် 55 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Great Indian Kapil Show (2024)The Great Indian Kapil Show (2024) “နာမည်ကျော်များနှင့် စကားဝိုင်း”IMDb 6.6 အိန္ဒိယဟာသပညာရှင် ကာပီးလ်ရှာမာနဲ့အတူ နာမည်ကြီး celebrity တွေ ပါဝင်ထားတဲ့ comedy talk show အပိုင်းရှစ်ပိုင်းကို တင်ဆက်ပေးလိုက်ပါတယ်တစ်ပိုင်းချင်းစီမှာ ပရိသတ်ကြီးချစ်တဲ့ နာမည်ကျော်တစ်ယောက်စီကို ခေါ်ပြီး အရွှတ်အနောက်တွေ ဖောက်မယ့် show လေးပါGuest တွေအနေနဲ့ကတော့– Animal ရုပ်ရှင်မင်းသား ရန်ဘီးကပူးရ်– british ပေါ့စတား Ed Sheeran– ဝါရင့်မင်းသားကြီး အမီရ်ခမ်း– Sunny Deol နဲ့ Bobby Deol တို့ ညီနောင်– ခရစ်ကတ်ကစားသမား Rohit နဲ့ Shreyas– Vicky Kaushal နဲ့ Sunny Kaushal– Amar Singh Chamkila ရုပ်ရှင်က သရုပ်ဆောင် Diljit Dosanjhလောလောလတ်လတ် အောင်မြင်ထားတဲ့ Heeramandi ဇာတ်လမ်းတွဲမှ cast တစ်ချို့ ပါဝင်ထားပြီး တစ်ပိုင်းချင်းစီမရိုးရမယ့် talk show လေးကို ပရိသတ်ကြီး ရွှေရင်အေးစေဖို့ တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပါ
...

Bodkin (2024) ⭐TMDB: 62% User Score 🎬 #Drama #Mystery 🗓 2024 🎞 Series 🌎 #Ireland #UnitedStatesofAmerica ⏰ 56 မိနစ် 9 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bodkin (2024) ဒီတစ်ခါမှာတော့ May 9 တုန်းကမှ ထွက်ရှိထားတဲ့ သည်းထိပ်ရင်ဖို စီးရီးအသစ်တစ်ခုကို CM ကဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် ။ဇာတ်လမ်းကတော့ သတင်းပေး သေဆုံးသွားတဲ့အတွက်အလုပ်ပြုတ်ခါနီးဖြစ်နေတဲ့ ခေါင်းမာမာ အမှုစစ်သတင်းထောက် ဒပ်ဗ်ဘတ်ဆာ မယ်လွန်နီနဲ့ အစပြုထားပါတယ် ။ အလုပ်ပြုတ်ခါနီးဖြစ်နေတဲ့ ဒပ်ဗ်ကိုသူ့အထက်လူကြီး အယ်ဒီတာက Podcast တစ်ခုအတွက် အိုင်ယာလန်နိုင်ငံ ဘော့ကင်း လို့ ခေါ်တဲ့ကမ်းရိုးတန်းနယ်မြို့လေးကို လွှတ်လိုက်ပါတော့တယ် ။မသွားချင်သွားချင်နဲ့ ရောက်သွားရတဲ့ ဒပ်ဗ်ဟာPodcast သမား ဂေလ်ဘတ် ၊ Researcher အမ်မီတို့နဲ့ပေါင်းပြီး ဘော့ကင်းမြို့မှာ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းကဆားဝင်ပွဲတော်ညမှာ လူသုံးယောက်ပျောက်သွားတဲ့အမှုကို စုံစမ်းရမှာပါ ။အေးချမ်းတယ်လို့ ထင်ရတဲ့ ဘော့ကင်းမြို့နဲ့မြို့သားတွေဟာ တကယ်ပဲ အေးချမ်းပါရဲ့လား ။လူသုံးယောက်ပျောက်တဲ့အမှုနဲ့ ပတ်သက်လို့ရောသူတို့ ဘာတွေဖုံးကွယ်ထားသလဲ ။ဒပ်ဗ်တို့ သုံးယောက် သွားတည်းတဲ့အိမ်က မသင်္ကာစရာအိမ်ပိုင်ရှင်နဲ့ သားဖြစ်သူကရော ဘာတွေလဲဆိုတာကိုသူတို့ သုံးယောက်နဲ့အတူတူ စိတ်ဝင်စားဖွယ် ဖြေရှင်းရမှာဖြစ်ပါတယ် ။ဒါဆိုရင်တော့ အိုင်ယာလန်နိုင်ငံ ကမ်းရိုးတန်းမြို့လေးဘော့ကင်းကို အားလုံးပဲ အတူတူသွားပြီး လွန်ခဲ့တဲ့နှစ် ၂၀ က အမှုဟောင်းကို ပြန်ပြီး အဖြေရှာကြရအောင်ပါ
...

Lock Up (1989) ⭐TMDB: 68% User Score 🎬 #Action #Adventure #Drama #Crime #Thriller 🗓 1989 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မကြာခင် အကျဉ်းထောင်ကနေ လွတ်မြောက်တော့မဲ့ အကျဥ်းသားလီယွန်နေးဖရန့်ခ်ဟာ ရုတ်တရက်ကြီး စည်းကမ်းအရမ်းတင်းကြပ်တဲ့ ဝါးတားဂိတ်အကျဉ်းထောင်ကို အတင်းအဓမ္မခေါ်ဆောင်ခံရပါတယ်။ ဒီလို ခေါ်ဆောင်တာက တရားဝင်အမိန့်ကြောင့်မဟုတ်ဘဲ ထောင်မှူးဒရမ်ဂူးလ်ရဲ့ ရန်ငြိုးကြောင့်ဆိုတာ သိပြီးတဲ့နောက် နေ့ရက်တိုင်း နည်းမျိုးစုံနဲ့ ညှဉ်းဆဲခံရပါတော့တယ်။ ဒရမ်ဂူးလ်က ဘယ်လိုရန်ငြိုးကြောင့် ဒါမျိုးလုပ်ရလဲ၊ ဖရန့်ခ် ဒီအခြေအနေတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာကိုတော့ စိတ်ဝင်တစား စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဖရန့်ခ်အဖြစ် မင်းသားကြီးစတားလုန်းပါဝင်သရုပ်ဆောင်ထားတဲ့အတွက် အက်ရှင်ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းလေးတစ်ခုပါ။
...

4 Kings 2 (2023) ⭐IMDB: 7.4/10 (498 Votes) 🎬 #Action #Crime #Drama 🗓 2023 🎞 movie 🌎 #Thailand ⏰ 2 နာရီ 14 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 4 Kings 2 (2024) ရုံတင်ဝင်ငွေတွေ တော်တော်များများ ရရှိထားတဲ့ 4 Kings 2021ရဲ့အဆက်ဖြစ်တဲ့ 4 Kings 2 ထွက်ရှိလို့လာပါပြီ။4Kings 2 ကလည်း Box officeတော်တော်လေးများတဲ့အပြင်good review, good ratingတွေပိုင်ဆိုင်ထားတဲ့ အက်ရှင်ကားကောင်းလေးဆိုတော့ထိုင်းကားက လင်လုကားတွေ LGBTQ ကားတွေချည်းပဲလားဆိုသူတွေအတွက်အက်ရှင်ကားလေးလည်းရှိပါတယ်လို့ရည်ညွှန်းရင်း… 4 Kings တုန်းကလိုပဲ 4 Kings 2ကလည်း နိုင်ငံရေးမတည်ငြိမ်မှုတွေကြားမှာ ကျောင်းဆိုတဲ့အရာတွေကဇိုးအဖွဲ့တွေကြောင့် ကျောင်းသားတွေအတွက် အန္တရာယ်အရှိဆုံးနေရာ ဖြစ်လာနေတာပေါ့။ဒီတစ်ခါမှာတော့ 2 Kingsကပဲ အဓိကလှုပ်ရှားသွားမှာဖြစ်ပြီး ခိုးဆိုးလုနှိုက်တစ်ပိုင်းဘုရားစူးကျောင်းသားရိုင်းလေးတွေကြားကရန်ပွဲကိုပဲ ဆက်လက်ရှုစားရမှာပါ။ ဇိုးကိုမှဆရာတင်တဲ့အမှောင်ခေတ်နဲ့အညီ ထုံးစံအတိုင်း ကျောင်းတွေမှာဂိုဏ်းတွေကိုယ်စီနဲ့ ဆက်လက်ဆိုးသွမ်းမြဲ သောင်းကျန်းမြဲဖြစ်နေတုန်းပါပဲ။ဒီတစ်ခါမှာတော့ ဘူရန်ဖွန်ကျောင်းက ဇိုးတစ်သိုက်က ကနော့ကျောင်းက ကျောင်းသားတစ်ယောက်ကိုလက်စွမ်းပြရာကနေ ကျောင်းတော်ကရန်စတွေ ပြန်လည်စတင်လာပြန်တာပေါ့။ နဂိုထဲက တစ်ယောက်နဲ့တစ်ယောက် အားပြိုင် မိုက်လုံးချင်းပြိုင်ဘယ်သူဖြစ်နေတဲ့ ကင်းတွေကြားမှာရန်စတစ်ခုရသွားချိန်မှာတော့ တစ်ယောက်နဲ့တစ်ယောက် လက်စားချေဖို့ အမုန်းပွေပါတော့တယ်။ ဒီရန်ပွဲတွေကြားထဲမှာ ရတ်ဆိုတဲ့ကောင်ဇိုးလေးကတော့ ကြားခံဖြစ်နေတာပေါ့။ဒါပေမဲ့ ရတ်ကလည်း ကျောင်းတွင်းရန်ပွဲကြောင့် traumaတွေရထားဖူးတဲ့သူဖြစ်နေတဲ့အခါ… 4Kingsရဲ့ထုံးစံအတိုင်းပဲ ဘာမဟုတ်တဲ့ကိစ္စတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဇိုးလို့ခံယူ အရက်သောက်ဆေးချပြီးကိုယ့်ဘဝကိုယ်ဖျက်နေတဲ့ အမှောင်ခေတ်က ကောင်ဇိုးလေးတွေအကြောင်း ရိုက်ကူးပုံဖော်ထားတာဖြစ်လို့ ရှုစားကြပါဦး။ အညွှန်းကိုတော့Maryက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့Mary, Char, Kim, Suတို့ပဲ ဖြစ်ကြပါတယ်။
...

4 Kings (2021) ⭐IMDB: 6.3/10 (566 Votes) 🎬 #Action #Crime #Drama #Thriller 🗓 2021 🎞 movie 🌎 #Thailand ⏰ 2 နာရီ 19 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 4 Kings (2021) ဒီတစ်ခေါက် တင်ဆက်ပေးမယ့်ကားလေးကတော့ 90 ခုနှစ်ဝန်းကျင်က အသက်မွေးဝမ်းကျောင်းတက္ကသိုလ်လေးခုကြားမှာဖြစ်ခဲ့တဲ့ ပဋိပက္ခဖြစ်ရပ်မှန်အကြောင်းရိုက်ကူးထားတဲ့ကားလေးပါ။ ဆယ်ကျော်သက်အရွယ် သမီးတစ်ယောက်နဲ့ အဖေတစ်ခု သမီးတစ်ခု အခြေအနေကို ရောက်သွားခဲ့ရတဲ့ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်ကျောင်းသားဟောင်း ဘီလီရဲ့ မှတ်ဉာဏ်ကနေ ပြန်လည်ဖော်ပြရိုက်ကူးထားတဲ့ကားလေးဖြစ်ပါတယ်။ အဖေနဲ့သမီး ဆက်ဆံရေးက သိပ်မကောင်းပေမဲ့ ကျောင်းသားလူဆိုးဂိုဏ်းကြောင့် သမီးဖြစ်သူ ထိခိုက်ဒဏ်ရာ ရသွားတဲ့အခါမှာ ဘီလီက သူနဲ့ သူ့သူငယ်ချင်းရဲ့ အတိတ်ကအကြောင်းအရာတွေကို ပြန်အမှတ်ရသွားခဲ့ပါတယ်။ အဲဒီခေတ်အခါတုန်းက အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေကို မျှော်လင့်ချက်ကင်းမဲ့ပြီး အနာဂတ်မရှိတဲ့ နေရာလို့ သတ်မှတ်ထားကြတာပါ။ အမေက နောက်အိမ်ထောင်ပြုပြီး ပထွေးဖြစ်သူ အမုန်းခံ‌နေရတဲ့ ဘီလီအတွက် စိတ်ထွက်ပေါက်ဆိုလို့ သူ့ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေပဲ ရှိခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ကျောင်းနေဖက် ရဲဘော်ရဲဘက်တွေကို ကာကွယ်ဖို့ ဘာမဆိုလုပ်ခဲ့ပြီး ပြဿနာတွေ အများကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ရရင်း အချစ်ဆုံးသူငယ်ချင်းကို ဆုံးရှုံးလိုက်ရတဲ့အခါ … ယနေ့ထိတိုင် သူပေးဆပ်နေရတဲ့ ဘဝသင်ခန်းစာ ဖြစ်ရပ်မှန်အကြောင်းကို ပြန်လည်ရိုက်ကူးထားတဲ့ 4 Kings ဆိုတဲ့ ဇာတ်လမ်းလေးကို CM ပရိသတ်ကြီးခံစားကြည့်ရှုလိုက်ပါဦးနော် (ဇာတ်လမ်းအညွှန်းကိုတော့Hnin Paleက ရေးပေးထားတာပါ။)
...

Golden Kamuy (2024) ⭐IMDB: 6.6/10 (360 Votes) 🎬 #Action #Adventure #History #Comedy #Western 🗓 2024 🎞 movie 🌎 #Japan ⏰ 2 နာရီ 11 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဂျပန် နာမည်ကြီး ကာတွန်းစီးရီး Golden Kamuy ကို ရုပ်ရှင်အဖြစ် ပြန်ရိုက်ထားတဲ့ ဇာတ်ကားအသစ်ထွက်ပါပြီ။ High and Low ရုပ်ရှင်တွေရဲ့ ဒါရိုက်တာကြီး Shigeaki Kubo ပဲရိုက်ကူးထားတာ ဖြစ်ပါတယ်။ အက်ရှင် စွန့်စားခန်း အမျိုးအစားပါပဲ။ ဇာတ်လမ်းအကျဉ်း ************** ဟော့ကိုင်ဒိုနယ်မြေရဲ့ ကိုင်နူလူမျိုးတွေဟာ ရွှေ ကန် ၂၀၀၀၀ ကျော် ( ကီလို ၇၀၀၀၀ ကျော်) ကို ဂျပန်နယ်ချဲ့တွေလက်က ကာကွယ်ဖို့ စုစည်းထားချိန်မှာပဲ ကိုင်နူလူမျိုးတစ်ယောက်က အားလုံးကို သစ္စာဖောက်ပြီး ရွှေတွေကို လုသွားပါတယ်။ အဲဒီရွှေတွေကို ဖွက်ထားပြီး ဂျပန်တပ်ဆီမှာ အဖမ်းခံလိုက်ရပြီး ထောင်ထဲရောက် သွားပါတယ်။ အဲဒီထောင်ထဲမှာပဲ ရွှေတွေရဲ့မြေပုံကို လူ ၂၄ ယောက်ရဲ့ ကိုယ်ပေါ်မှာ ဆေးမှင်ကြောင်ထိုးပေးလိုက်ပြီး ထောင်က ထွက်ပြေး ခိုင်းလိုက်ပါတယ်။ ဒီတော့ လူ ၂၄ ယောက်လုံးရဲ့ ဆေးမှင်ကြောင်တွေကိုစုစည်းနိုင်တဲ့ သူက နိုင်ငံအသစ်ကြီးထောင်နိုင်လောက်အောင် များတဲ့ရွှေတွေကို ပိုင်မှာဖြစ်တာကြောင့် ဂျပန်ရဲ့ တပ်ဖွဲ့-၇ ကရော အခြားရည်ရွယ်ချက်နဲ့ သူတွေကရော ဆေးမှင်ကြောင်သမားတွေကိုလိုက်ရှာပါတော့တယ်။ ဆေးမှင်ကြောင်သမားအချင်းချင်းကလည်း လည်သူစားစတမ်း လုနေကြတာမို့ အဲဒီအရှုပ်တော်ပုံထဲကို ရွှေတွေလိုက်ရှာနေတဲ့ တပ်သားဟောင်းလေးတစ်ယောက်နဲ့ အိုင်နူမိန်းကလေးတစ်ယောက်တို့ ကြားညပ်သွားတဲ့အခါ
...

Reincarnation (2004) ⭐TMDB: 53% User Score 🎬 #Horror #Mystery #Fantasy 🗓 2004 🎞 movie 🌎 #Japan ⏰ 1 နာရီ 37 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Reincarnation (2005)=================== The grudge series ရဲ့ ပဲ့ကိုင်ရှင် Takashi Shimizuရဲ့ လက်ရာကောင်းလေးဖြစ်တဲ့ Reincarnation ကို တင်ဆက်လိုက်ပါတယ်ဇာတ်လမ်းနာမည်အတိုင်း လူဝင်စားတွေအကြောင်း ရိုက်ကူးထားတာပါဟိုတယ်တစ်ခုမှ ပါမောက္ခတစ်ယောက်ရဲ့ ရူးမိုက်စွာသတ်ဖြတ်ခြင်းကို ခံရတဲ့ လူ ၁၁ယောက် ရှိပါတယ်ယနေ့ခေတ်မှာတော့ နာဂိဆာဆိုတဲ့ တက်သစ်စ မင်းသမီးလေးဟာ ဒီဖြစ်ရပ်မှန်ကို ရိုက်ကူးမယ့်ရုပ်ရှင်မှာ သရုပ်ဆောင်ဖို အကြောင်းဖန်လာပါတော့တယ်ဇာတ်ညွှန်းကို လက်ခံရရှိပြီးကတည်းက မြင်နေကျမဟုတ်တဲ့အရာတွေကို မြင်လာရတယ်အရုပ်ကိုင်ထားတဲ့ ကလေးမလေးတစ်ယောက်ရဲ့ မှတ်ဉာဏ်တွေဟာ သူ့ဆီရောက်ရောက်လာတယ်ရိုက်ကွင်းအတွက် တကယ်ဖြစ်ပျက်ခဲ့တဲ့ ဟိုတယ်ကို သွားရောက် လေ့လာပြီးနောက်မှာ အခြေအနေတွေက ပိုဆိုးလာခဲ့တယ်သူ့ကိုယ်သူ ကလေးမလေးရဲ့ လူဝင်စားလို ယုံကြည်လာတယ်ယာယိုအီဆိုတဲ့ မိန်းကလေးတစ်ယောက်ကလည်း အဲဒီဟိုတယ်ကို ခဏခဏ အိပ်မက်ထဲ မြင်နေတာမို သူငယ်ချင်းရဲ့ အကူအညီနဲ့ လိုက်လံစုံစမ်းရာမှာတော့…သူတို နှစ်ဦး ဘယ်လိုတွေ ချိတ်ဆက်မိမလဲဆိုတာ plot twistလေးနဲ့အတူ ခံစားလိုကောင်းမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါကြောင်း… ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

The Details (2011) ⭐IMDB: 6.1/10 (10 k Votes) 🎬 #Comedy #Drama 🗓 2011 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Details (2011)================== ဒီဇာတ်လမ်းကတော့ လူသိများတဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ Tobey Maguire နဲ့ Elizabeth Banks တို့ရဲ့ အိမ်ထောင်ရေးအရှုပ်တော်ပုံ ဟာသဇာတ်လမ်းဖြစ်ပါတယ်။ အိမ်ထောင်သက်တမ်းကြာပြီဖြစ်တဲ့ Jeff နဲ့ Nealy တို့ရဲ့ ​နောက်ဖေးခြံဥယျာဥ်မှာ တောကြောင်တွေ လာသောင်းကျန်းလို့ ထောင်ချောက်ဆင်ရာကနေ Jeff တစ်ယောက် ပြဿနာတွေတစ်ခုပြီးတစ်ခု ဆင့်ပွားပေါ်ပေါက်လာတော့တယ်။ အစပိုင်းမှာတော့ ဘာမှမဟုတ်တဲ့အသေးအမွှား​လေးတွေဆိုပေမဲ့ အဲဒီအသေးအမွှားလေးတွေကနေ အိမ်ထောင်ရေးပြဿနာ၊ ဖောက်ပြန်မှုနဲ့ လူသတ်မှုတွေအထိ ဘယ်လိုတောင်ကြီးမားလာမလဲဆိုတာကို The Details မှာ dark humor များစွာဖြင့် ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

State of Emergency (2011) ⭐IMDB: 5.2/10 (3 k Votes) 🎬 #Horror #SciFi #Thriller #ScienceFiction 🗓 2011 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 State of Emergency (2011)======================= ဒီဇာတ်လမ်းကိုတော့ ဆိုးဆိုးရွားရွားအရာတစ်ခုဆီကနေ ပုန်းရှောင်ထွက်ပြေးနေကြတယ်လို့ယူဆရတဲ့လူအုပ်စုတစ်စုနဲ့အစပျိုးထားပါတယ်…ဒီလိုနဲ့ ဒီအရာဟာဘာမှန်းမသိလိုက်ခင်မှာပဲ ဇာတ်ကားဟာ လွန်ခဲ့တဲ့ ၄ ရက်ကို နောက်ကြောင်းပြန်သွားပါတော့တယ်… ဒီမှာတော့ စောစောတုန်းက လူအုပ်စုထဲကတစ်ယောက်ဖြစ်တဲ့ ဂျင်မ်ဆိုတဲ့ကောင်လေးဟာ သူ့ကောင်မလေးဖြစ်သူကိုချီပြီးပြေးလာတာကိုတွေ့ရမှာပါ…သူ့ကောင်မလေးမှာ ဒဏ်ရာရနေတာဖြစ်ပြီး သိပ်မကြာခင်မှာပဲဆုံးပါးသွားပါတော့တယ်… အဲဒီနောက်မှာတော့ ပတ်ဝန်းကျင်မှာ လူသူခြောက်ကပ်နေပြီး မူမမှန်ဖြစ်နေတာကို ဂျင်မ်တစ်ယောက်သတိထားမိသွားပါတယ်… ဒီလိုနဲ့ဂျင်မ်တစ်ယောက် ဘာတွေဆက်လုပ်သွားမလဲ၊ ပတ်ဝန်းကျင်မှာလည်း ဘာတွေဘယ်လိုဖြစ်နေတာလဲ၊ ဇာတ်လမ်းအစမှာတွေ့ရတဲ့ သူတိ့ပုန်းရှောင်နေကြတဲ့အရာကရော ဘာဖြစ်နိုင်မလဲဆိုတဲ့မေးခွန်းတွေရဲ့အဖြေကိုတော့ ဒီ “State of Emergency” ဆိုတဲ့ ဇာတ်ကားလေးကိုကြည့်ရှရင်းနဲ့ပဲအဖြေရှာကြည့်လိုက်ပါ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

The Girl Who Leapt Through Time (2006) ⭐TMDB: 78% User Score 🎬 #Adventure #Animation #Comedy #Drama #Family #Fantasy #Mystery #Romance #SciFi #ScienceFiction 🗓 2006 🎞 movie 🌎 #Japan ⏰ 1 နာရီ 39 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Girl Who Leapt Through Time (2006)Genre – Adventure, Animation, ComedyIMDB – 7.7/10 ဒီဇာတ်ကားလေးက အချိန်ခုန်ကူးနိုင်တဲ့ အထက်တန်းကျောင်းသူလေး မာကိုတိုရဲ့အကြောင်းကိုပြောပြထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ စစချင်းတော့ ကျွန်တော်တော့ရဲ့ အဓိကဇာတ်ကောင် မာကိုတိုဟာသူမရဲ့ အချိန်ခုန်ကူးနိုင်စွမ်းအသစ်ကိုအသုံးချပြီးသူမရဲ့ပြဿနာအသေးလေးတွေကိုပြင်ရင်ပျော်နေပါတယ်။ဒါပေမဲ့ သူမဒီအစွမ်းကိုဆက်သုံးရင်းနဲ့ သူမရဲ့အပြုအမူတွေဟာသူမအပြင် သူမရဲ့ပတ်ဝန်းကျင်ကလူတွေကိုပါထိခိုက်စေနိုင်ကြောင်းနားလည်သဘောပေါက်လာပါတယ်။ မာကိုတို ရဲ့ဒီအချိန်ခုန်ကူးနိုင်တဲ့ အစွမ်းဟာသူမကို ခင်မင်မှုကြောင်း၊ အချစ်အကြောင်းနဲ့ တာဝန်ယူမှု စတဲ့သင်ခန်းစာတွေကို သင်ပေးသွားတာတွေ့ရမှာပါ။ဇာတ်လမ်းထဲမှာ သူမှာဟာ စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကောင်တွေနဲ့တွေ့ဆုံပြီးတော့ ဆုံးဖြတ်ချက်မချခင်ဘယ်လိုသေချာတွေးတောသလဲဆိုတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဒီဇာတ်ကားလေးဟာ အရောင်အသွေးစုံပြီးတော့ ကြည့်ပျော်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကဘာကောင်းသလဲဆိုတော့အချိန်ခရီးသွားတဲ့ အကြောင်းတစ်ခုကိုပဲ ပြသထားတာမဟုတ်ပဲနဲ့သင့်ရဲ့ရွေးချယ်မှုတွေဟာ အနာဂါတ်ကိုဘယ်လို အကျိုးသက်ရောက်မှုရှိတယ်၊ဘဝမှာ အတက်အကျတွေဆိုတာရှိတယ်စတဲ့အကြောင်းအရာတွေကိုပါ ပြသထားတာဖြစ်ပါတယ်။ Anime ဇာတ်ကား တစ်ကားဆိုပေမဲ့လူတိုင်း အသက်အရွယ် မရွေး ကြည့်ရှူ့ခံစားနိုင်တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။အကုန်လုံး ချုံပြောရရင် ဒီဇာတ်လမ်းလေးကနှလုံးသားကိုနွေးထွေးမှုပေးတဲ့အပြင် အတွေးအခေါ်တွေကိုပါလှုံ့စော်မှုပေးနိုင်တဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။
...

Immersion (2023) ⭐IMDB: 4.8/10 (167 Votes) 🎬 #Horror #Mystery #ScienceFiction 🗓 2023 🎞 movie 🌎 #Japan ⏰ 1 နာရီ 49 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Immersion (2023) ============== Immersion 2023 ဇာတ်ကားဟာ လျှို့ဝှတ်သည်းထိတ်ရင်ဖို ကားမျိုးဖြစ်ပါတယ်။ နည်းပညာနှင့်ရိုးရာဓလေ့ကို ပေါင်းစပ်ပြီးတော့ စိတ်ဝင်စားဖွယ်ဖြစ်လာအောင် ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ နည်းပညာမှာ သီးခြားဦးနှောက်တွေရဲ့ လျှပ်စစ်သံလိုက်စွမ်းအားများပေါင်းစည်းနိုင်စွမ်း ဟာ အနာဂတ်သိပ္ပံပညာနှင့်နည်းပညာလောကအတွက် အရေးကြီးလှတဲ့နယ်ပယ်တစ်ခုဖြစ်ပြီးတော့ စူးစမ်းမှုတွေမြောက်များစွာလုပ်နေကြရတဲ့အရာပါ။ နာမ်လောကသားတွေဖြစ်ကြတဲ့ဝိညာဥ်တွေရဲ့ တည်ရှိမှုဟာ ရိုးရာဓလေ့ထုံးတမ်းတွေရဲ့ဘောင်ထဲမှာဖြစ်ပါတယ်။ဒီနှစ်ခုဟာ နယ်ပယ်တစ်ခုအတွင်းမှာ ထင်မှတ်မထားဘဲ သွားဆုံးလိုပ်တဲ့အခါမှာ VR နည်းပညာသမားတွေ ဒုက္ခရောက်သွားကြပါတော့တယ်။စိတ်ဝင်စားဖွယ်တင်ပြထားပါတယ်။ ဒါရိုက်တာ Takashi Shimizu က ရိုက်ကူးထားပြီးတော့ IMDb rating 4.8 ရရှိထားပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

Dust to Glory (2005) ⭐TMDB: 63% User Score 🎬 #Action #Adventure #Documentary #Sport 🗓 2005 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 40 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dust to Glory (2005)Genre – Documentary, Action, AdventureIMDB – 7.3/10 မက်ဆီကိုနိုင်ငံ ဘာဟာဆိုတဲ့နေရာမှာ နှစ်စဉ်ကျင်းပနေကြမိုင်ပေါင်းတစ်ထောင်မောင်းရတဲ့ Off-road ပြိုင်ပွဲကြီးအကြောင်းကိုမှတ်တမ်းရုပ်ရှင် ရိုက်ကူးထားတာဖြစ်ပါတယ်။ ကားမောင်းဝါသနာ ပါသူတွေ ဆိုင်ကယ်မောင်း ဝါသနာပါသူတွေဘယ်သူမဆို ဘယ်လိုယာဉ်နဲ့မဆို ယှဉ်ပြိုင်ခွင့်ရှိပြီးလူတွေအများကြီးနဲ့ ပျော်ပျော်ပါးပါးကြီး စွန့်စားခန်းထွက်ကြတာပဲ ဖြစ်ပါတယ်။ ယှဉ်ပြိုင်ကြတဲ့လူတွေနဲ့ အဖွဲ့တွေအကြောင်းပါမယ် လမ်းမှာရပ်နားစခန်းတွေလုပ်ရတဲ့အကြောင်းပါမယ် Off-road ပြိုင်ရတာဖြစ်လို့ လမ်းပန်းအခက်အခဲစက်ပစ္စည်းအခက်အခဲတွေ ထိခိုက်ဒဏ်ရာ ကြုံရတာတွေပါမယ်။ တရားဝင်ပြိုင်ပွဲဆိုပေမဲ့ နိုင်ငံက လမ်းပန်းဆက်သွယ်ရေးကိုမပိတ်ပင်ထားလို့ သာမန်အရပ်သားတွေနဲ့ရော ရဲတွေနဲ့ရော ပြဿနာဖြစ် ပြိုင်ရတာမျိုး။ဆိုင်ကယ်ကစပြီး ၃ ဘီး ၄ ဘီးပေါင်းစုံနဲ့ ထရပ်ကားတွေအစဗောက်စ်ဝပ်ဂွန်အဆုံး ပါဝင်ပြီး အသက်အရွယ်ဆိုလည်းအိုအိုပျိုပျို ရှိတဲ့အပြင် အမျိုးသမီးအသင်းတွေပါ ပါဝင်တာကိုတွေ့ရမှာပါ။
...

Red Scorpion (1988) ⭐TMDB: 59% User Score 🎬 #Action #Adventure #War 🗓 1988 🎞 movie 🌎 #UnitedStates #SouthAfrica #Namibia #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးက ဇာတ်လမ်းအရမ်းရှုပ်ယှက်ခက်တာ‌ တွေမပါဘူး။ ဇာတ်လမ်းရိုးရိုးရှင်းရှင်းနဲ့ entertainment အနေနဲ့ကြည့်ပျော်တဲ့ action ၊adventure အမျိုးအစားဇာတ်ကားလေးပါ။ အိမ်က လူကြီးတွေကိုပြချင်တာ ဘာကားပြရမှန်းမသိဘူးဆိုရင် ဒီကား‌လေးကိုရွေးလိုက်ပါ။ ဇာတ်လမ်းက နီကိုးလာလို့ခေါ်တဲ့ ရုရှားအထူးအေးဂျင့် တစ်ယောက်ကို အာဖရိကမှာရှိတဲ့ ကွန်မြူနစ်ဆန့်ကျင်ရေးအဖွဲ့ခေါင်းဆောင်ကို ရှင်းပစ်ဖို့အတွက် စေလွှတ်လိုက်တယ်။ သူလုပ်ရမယ့် ပထမဆုံးအဆင့်က အာဖရိကမှာအဖမ်းခံထားရတဲ့ ကွန်မြူနစ်ဆန့်ကျင်ရေးအဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်နဲ့ မိတ်ဆွေဖြစ်အောင်လုပ်ရမယ်။ အဲ့ဒီကမှတစ်ဆင့် သူ့ရဲ့ပစ်မှတ်ရှိတဲ့နေရာကိုသွားပြီး လုပ်ကြံရမှာပါ။ လုပ်ကြံရေးအောင်မြင်သွားမလား။ အထူးအေးဂျင့်တစ်ယောက် ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲ ဆိုတာကို ဒီဇာတ်ကားထဲမှာကြည့်ရှုခံစားရမှာဖြစ်ပါတယ်။
...

Kung Fu Yoga (2017) ⭐IMDB: 5.2/10 (11 k Votes) 🎬 #Action #Adventure #Asian #Comedy #JackieChan #Mystery #Family #Fantasy 🗓 2017 🎞 movie 🌎 #China #India #HongKong #SouthKorea #Iceland #UnitedArabEmirates ⏰ 1 နာရီ 48 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါတော့ ဟာသအက်ရှင်မင်းသားကြီး ဂျက်ကီချန်းရယ် တရုတ်နဲ့အိန္ဒိယကသရုပ်ဆောင်တွေများစွာရယ် ပူးပေါင်းရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းကတော့ ဂျက်ကီချန်းက တရုတ်နိုင်ငံရဲ့ အရမ်းတော်တဲ့ ရှေးဟောင်းရုပ်ကြွင်းပညာရှင်တစ်ဦးပါ။ တစ်နေ့မှာတော့ သူနဲ့ သူ့တပည့်တွေဆီကို အိန္ဒိယက ပါမောက္ခတစ်ဦးရောက်လာခဲ့ပြီးတော့ လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကျော်က ပျောက်ဆုံးသွားတဲ့ ရတနာတွေရဲ့ သဲလွန်စကိုတွေ့ရပြီဆိုပြီး ဂျက်ကီချန်းဆီကိုအကူအညီလာတောင်းတာပါ။ အဲဒီကနေ ဂျက်ကီချန်းတို့ကလဲ ကူညီဖို့လိုက်သွားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့မသိခဲ့တာက ထိုရတနာတွေကိုလိုက်ရှာနေတာက သူတို့တင်မဟုတ်ပဲ နောက်တစ်ဖွဲ့ရှိနေခဲ့တယ်ဆိုတာပါပဲ။ အဲဒီမှာ ထိုအဖွဲ့နဲ့ ဘယ်လိုတွေဆုံပြီး ပြဿနာတွေဖြစ်ကြမလဲဆိုတာကို စွန့်စားခန်းတွေ ဟာသတွေ အက်ရှင်တွေရောနှောထားပြီး ဇာတ်ကားနာမည်အတိုင်း ကွန်ဖူးနဲ့ ယောဂကိုလဲ အသားပေးပြီးရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားက 2017ကထွက်ခဲ့တာဆိုပေမဲ့ ကြည့်ပြီးသားသူတွေရှိသလို မကြည့်ရသေးတဲ့သူတွေလဲရှိတဲ့အတွက်ကြောင့် တင်ဆက်ပေးလိုက်ရပါတယ်။
...