ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
My Apologies (2023) ⭐IMDB: 4.4/10 (1 k Votes) 🎬 #Comedy 🗓 2023 🎞 movie 🌎 #Turkey ⏰ 1 နာရီ 51 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အသေခွီရမယ့် တူရကီ Comedy ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် Rating နည်းပေမယ့် တကယ်ကောင်းပြီး အသေခွီရမယ့်ကားပါ လူလတ်ပိုင်းအရွယ် အာကင် ဟာ မီးပြတိုက်စောင့်တဲ့အလုပ်နဲ့အသက်မွေးတဲ့သူတစ်ယောက်ပေါ့ တချိန်လုံး တလွဲတွေလုပ်ပြီး ဘဝကိုပေါ့ပေါ့နေပေါ့ပေါ့စားနဲ့ လောင်းကစားကလည်းလုပ်ပါသေးတယ် ဘာကိုမှလည်းတာဝန်ယူချင်စိတ်မရှိတဲ့သူတစ်ယောက်ပေါ့ တစ်နေ့တော့ လောင်းကစားအကြွေးနွံနစ်ပြီး ဘဏ်ကချေးငွေပြန်မဆပ်လို့ တရားဆွဲရာကနေ ထောင်ကျမယ့်အနေအထားရောက်လာပါတယ် ဒီအချိန်မှာပဲ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာမှာရောက်နေတဲ့ သူနဲ့ စရိုက်တူ အဘိုးဖြစ်သူကတွေ့ချင်လို့ လှမ်းခေါ်ရာကနေ သူ့ရဲ့အကြွေးတွေကိုဆပ်ပေးမယ် ဒါပေမယ့် သူဘဝမှာ တလွဲတွေအကြီးကြီးလုပ်ခဲ့ဖူးတဲ့သူ နှစ်ယောက်ကို တောင်းပန်စကားသွားပြောပြီး သူတို့က ခွင့်လွှတ်ပါတယ် ပြန်ပြောမှရမှာပါ အဲဒီကစပြီး တောင်းပန်စကားပြောဖို့ သူ့ရဲ့စွန့်စားခန်းကြီးကိုစဖွင့်ရင်း နောက်ထပ် ဘယ်လိုအလွဲတွေနဲ့ ဆက်ပြီးခွီရဦးမလဲဆိုတာကိုတော့…… ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်...
So My Grandma's a Lesbian! (2019) ⭐IMDB: 4.4/10 (1 k Votes) 🎬 #Comedy #Romance 🗓 2019 🎞 movie 🌎 #Spain #Portugal ⏰ 1 နာရီ 36 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 So My Grandma’s A Lesbian [2019] အီဗာ့အဖွားနာမည်က ဆိုဖီယာ… ဖွားအေလုပ်သူ ဆိုဖီယာက တစ်သက်လုံးကမှသူဟာ လိင်စိတ်တိမ်းညွတ်နေတဲ့ Lesbianတစ်ယောက်ဆိုတာကို ဘယ်တုန်းကမှ လူသိသူသိ မခံခဲ့ပါဘူး…ဒါပေမယ့် အသက်အရွယ်လည်း ၇၀ဝန်းကျင်ရောက်လာပြီဖြစ်တဲ့ အခါမှာတော့ငယ်စဉ်ဆက်ကျော်သက်အရွယ်ကတည်းက သူချစ်ခဲ့ရတဲ့ ဆယ်လီယာနဲ့ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်လိုက်သလိုသူတို့ချစ်ခြင်းကိုလည်း ဖွင့်လှစ်ပြသဖို့ စိတ်ပိုင်းဖြတ်လိုက်ပါတယ်…ဒီသတင်းကို အီဗာ ကြားသိရချိန်မှာ ရှော့ရသွားပေမယ့် သူတကယ် သွေးတက်ရတာကတော့သူ့ရဲ့ လောလောလတ်လတ် စေ့စပ်ထားတဲ့ ရှေးရိုးစွဲ စကော့တလန်သားလေး စတူးဝပ်နဲ့ မင်္ဂလာပွဲ ပျက်သုဉ်းသွားမယ့်အရေးကိုပါပဲ….ဒီတော့ ချက်ချင်းပဲ အီဗာက ဖွားအေရှိရာ နယ်မြို့လေးကို လိုက်လာပြီးတော့ မင်္ဂလာပွဲမကျင်းပဖို့ဘာသာရေးအရတားမြစ်ထားတဲ့ လိင်တူလက်ထပ်ပွဲကို လုပ်ပြီး မြို့ထဲမှာ ပွဲမရှာဖို့ အကြောင်းမျိုးစုံနဲ့ ဖျောင်းဖျပါတယ်…ဒီအချိန်မှာပဲ တစ်ဖက်က ဆယ်လီယာရဲ့ သားဖြစ်သူ ဂျော့ရှ်လည်း ရောက်လာပါတော့တယ်…ဂျော့ရှ်နဲ့ အီဗာက တစ်ချိန်တုန်းက ငြိခဲ့ဖူးတဲ့အတွက်ကြောင့် ဂျော့ရှ်ကလည်း ဇာတ်လမ်းပြန်စလိုသူပါ…ဂျော့ရှ်ဟာလည်း အီဗာနည်းတူပဲ မင်္ဂလာပွဲကို မကျင်းပစေချင်ပါဘူး…ဒီတော့ မင်္ဂလာပွဲကိုပဲ အီဗာနဲ့ ဂျော့ရှ်တားဆီးသွားနိုင်မလား…ဂျော့ရှ်ကရော သူမျှော်လင့်ထားသလို အီဗာနဲ့ တဖန်ပြန်စည်းမြောပေါင်းစပ်သွားလေမလား… ရှုစားရမှာပဲ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့Tun Aung Kyawပဲ ဖြစ်ပါတယ်။...
Broken Hearts Trip (2023) ⭐TMDB: 0% User Score 🎬 #Comedy 🗓 2023 🎞 movie 🌎 #Philippines ⏰ 1 နာရီ 47 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Broken Hearts Trip (2023) Broken Hearts Trip ဖိလစ်ပိုင် LGBTQကားအသစ်ပါ။LGBTကားကိုမှ နည်းနည်းဆန်းဆန်းပြားပြားဖြစ်သွားအောင်Variety Showလုပ်တဲ့ အကြောင်းကို ရုပ်ရှင်ပြန်ရိုက်ပြထားတာပါ။သူတို့လုပ်တဲ့ရှိုးကတော့ အသည်းကွဲနေတဲ့ LGBTတွေ ခရီးထွက်ပြီး အသည်းကို ပြန်ကုစားမယ့် အကြောင်းပါ။သိတဲ့အတိုင်း ဖိလစ်ပိုင်ဂေးတွေ ထိုင်းဂေးတွေက ရယ်ရတတ်တယ်ဆိုတော့ဒီထဲက ဂေးတွေတော်တော်များများကလည်း ရယ်ရပါတယ်။သက်ကြီးဂေး သက်ငယ်ဂေး ဆယ်လီဂေး ဂေးချော ဂေးတောင့်ဂေးဖြောင့် ထရန်ဂျန်ဒါတွေ စသဖြင့် အသည်းကွဲနေတဲ့ ဂေးပေါင်းစုံ စုနေတဲ့ကားပါပဲ။ဒီရှိုးမှာ သူတို့ဟာ ပြိုင်ပွဲတွေကို ဝင်ပြိုင်ရမှာဖြစ်ပြီးနောက်ဆုံးကျန်ခဲ့တဲ့တစ်ယောက်က ဆုငွေတစ်သန်းရမှာပါ။သူတို့တွေထဲ တစ်ယောက်ကိုတစ်ယောက်ဖေးမကြတဲ့လူတွေရှိသလိုတစ်ယောက်ကိုတစ်ယောက် တွန်းချကြတဲ့လူတွေလည်းရှိပါတယ်။ဘယ်လိုလူတွေဟာ ဘယ်လိုပုံစံတွေနဲ့ ဒီအသည်းကွဲခရီးစဉ်ရှိုးမှာ ဝင်ပြိုင်ပြီးဘယ်သူက နောက်ဆုံးအနိုင်ရသူဖြစ်မလဲဆိုတာကို ကြည့်ရမယ့် ဖိလစ်ပိုင်ရုပ်ရှင်ပါပဲ။ရုပ်ရှင်ထဲက ရှိုးကို လေကြောင်းလိုင်းနဲ့ Tours ကုမ္ပဏီက စပွန်ဆာပေးထားတာမို့ဖိလစ်ပိုင်ရဲ့ အလှဆုံးဆိုတဲ့နေရာတွေမှာချည်း သူတို့တွေ ခရီးသွားနေရမှာပါ။ထူးတာက ပြိုင်ပွဲဖြစ်တာကြောင့် အပြိုင်အဆိုင်တွေလည်း ရှိပေမဲ့သူတို့ရဲ့အသည်းကွဲနောက်ခံဇာတ်လမ်းတွေ သူတို့ရဲ့အသည်းကို ပြန်ကုစားခြင်းတွေဟာ နွေးတော့နွေးထွေးနေပါတယ်။တစ်ကားလုံး LGBTQကို အသားပေးထားတဲ့ရုပ်ရှင်ဖြစ်သလိုဖိလစ်ပိုင်ရဲ့ အလှပဆုံး စိတ်လှုပ်ရှားဖို့အကောင်းဆုံးနေရာတွေမှာရိုက်ပြထားတာမို့ဇာတ်လမ်းတော့ အရမ်းကြီးမကောင်းလှပေမဲ့ ဖိလစ်ပိုင်းကားတစ်ကားအနေနဲ့တော့ ကြည့်ရမဆိုးတဲ့ ရုပ်ရှင်ပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့Wပဲ ဖြစ်ပါတယ်။...
North by Northwest (1959) ⭐TMDB: 80% User Score 🎬 #Action #Adventure #Mystery #Thriller 🗓 1959 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 16 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ ၁၉၅၉ ခုနှစ်က စပိုင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Thriller/Mystery အမျိုးအစားဖြစ်ပြီး IMDB 8.3/10, Rt 97% ရရှိထားပြီး မင်းသားကြီး Cary Grant နဲ့ မင်းသမီးကြီး Eva Marie Saint တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ရော်ဂျာက နယူးယောက်က ကြော်ငြာအမှုဆောင်တစ်ယောက်ဖြစ်ပြီး အလုပ်ကိုတန်ိဖုးထားကာ ဘဝကို ကြိုးကြိုစားစား ဖြတ်သန်းနေသူပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ မမျှော်လင့်ဘဲ သူ့ကို ကတ်ပ်လန်ဆိုတဲ့လူလို့ အခိုင်အမာ စွပ်စွဲပြီး ပြန်ပေးဆွဲခံလိုက်ရပါတယ်။ သူက သူ့ကို ပြန်ပေးဆွဲထားသူတွေကို သူက ရော်ဂျာဖြစ်ကြောင်း၊ ကတ်ပ်လန်မဟုတ်ကြောင်း ဘယ်လောက်ပဲ ရှင်းပြပြောဆိုပေမဲ့ တစ်ဖက်ကလူတွေက လက်မခံဘဲ သူ့အသက်ကို ရန်မူဖို့ ကြိုးစားခဲ့ရာမှာတော့.. သူက တကယ်ပဲ သူတို့ပြောသလို ကတ်ပ်လန်ဆိုတဲ့လူလား၊ အသတ်ခံရမှာစိုးလို့ ဟန်ဆောင်နေတာလား၊ တကယ်လို့ သူက ကတ်ပ်လန်မဟုတ်ဘူးဆိုရင်ရော သူတို့က ဘာလို့ သူ့ကို မယုံတာလဲ။ အဲဒီလူတွေရဲ့ လက်ထဲကနေရော သူ အသက်ရှင်လျက် ထွက်ပြေးနိုင်ပါ့မလား။ ငိုအားထက် ရယ်အားသန်လို့ ဆိုရမလား၊ ရယ်အားထက် ငိုအားသန်လို့ပဲ ခေါ်ရမလား မသိနိုင်ရှာတဲ့ သူ့အဖြစ်က ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦး။ (အညွန်းနဲ့ ဘာသာပြန်က Emily ပါ။)...
A Moon Hangs Above the Graveyard (2015) ⭐TMDB: 0% User Score 🎬 #Drama 🗓 2015 🎞 movie 🌎 #Indonesia ⏰ 2 နာရီ 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Moon Hangs Above the Graveyard (2015) ၁၉၇၃ခုနှစ်ကအောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကို Remakeပြန်လည်ရိုက်ကူးထားတဲ့ အင်ဒိုရုပ်ရှင်ကားလေးကိုတင်ဆက်ပေးပါရစေ။ နယ်မြို့လေးတစ်ခုက ဆာဘာ၊ ဆာဟတ်နဲ့ တီဂေါ်ရ်ဆိုတဲ့ သူငယ်ချင်းသုံးယောက်။သူတို့ သုံးယောက်ထဲက ဂျကာတာမှာနေပြီးအောင်မြင်နေတဲ့သူငယ်ချင်း ဆာဘာကို အားကျစိတ်နဲ့ ရည်မှန်းချက်ကိုယ်စီထားပြီး ဂျကာတာမြို့ကြီးကိုဆာဟတ်နဲ့ တီဂေါ်ရ်တက်လာခဲ့ပါတယ်။တီဂေါ်ရ်က နယ်မှာတုန်းကလိုင်းကားမောင်းတဲ့သူ။ မြို့ကျရင် ဘာပဲလုပ်ရလုပ်ရ ချမ်းသာဖို့ဆိုတဲ့ရည်မှန်းချက်နဲ့။ဆာဟတ်ကတော့ အောင်မြင်တဲ့စာရေးဆရာ ဖြစ်ချင်သူတစ်ယောက်။ သူပို့လိုက်တဲ့စာမူ အရွေးချယ်ခံရရက်နဲ့ စာအုပ်ထုတ်မပေးတဲ့စာအုပ်တိုက်ဆီကို အကြောင်းစုံသိရအောင်သွားတဲ့အချိန် စာအုပ်တိုက်ပိုင်ရှင်ရဲ့သမီးဖြစ်သူနဲ့တွေ့ပြီး ချစ်မိသွားခဲ့ပါတယ်။ ရည်မှန်းချက်ကိုယ်စီနဲ့တက်လာခဲ့ကြတဲ့ သူငယ်ချင်းနှစ်ယောက် မြို့ကြီးပြကြီးကဘ၀ဟာသူတို့ထင်သလောက် မလွယ်ကူလှဘဲ တံလျှပ်ကိုရေထင်ပြီး အလိုက်မှားမိတဲ့ ရွှေသမင်တွေလိုသင်္ချိုင်းပေါ်မှာလင်းတဲ့လကို စိတ်ကူးတွေယဉ်နေရင်း သင်္ချိုင်းထဲမှာရှိနေတဲ့အဖြစ်ကိုသိလိုက်ရပြီးတဲ့နောက်မှာတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့aungmo3hanဖြစ်ပါတယ်)...
Skiptrace (2016) ⭐IMDB: 5.6/10 (22 k Votes) 🎬 #Action #Adventure #Asian #Comedy #JackieChan #Thriller #Mystery #Crime 🗓 2016 🎞 movie 🌎 #China #HongKong #USA #Netherlands #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 48 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဝါရင့်ဟောင်ကောင်ရဲတစ်ယောက်ဖြစ်တဲ့ ဘန်နီချန်းဟာ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သလိုပါတနာလည်းဖြစ်တဲ့ ယန်းရဲ့ သေဆုံးမှုကိုအခုတိုင်မေ့မရသေးပါဘူး။ယန်းရဲ့သမီးငယ် ဆမန်သာကို သမီးရင်းလိုစောင့်ရှောက်ရင်း တစ်ဖက်ကလည်းမက်တဒေါ်ဆိုတဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ကိုဖော်ထုတ်ဖို့ကြိုးစားနေခဲ့ပါတယ်။ တစ်နေ့တော့ သူ့သမီးလိုစောင့်ရှောက်ထားတဲ့ ဆမန်သာဟာ ကတ်စီနိုပိုင်ရှင်လူဆိုးတွေနဲ့ပြဿနာတစ်ခုထဲမှာ ဝင်ပါမိပြီး အဲဒီပြဿနာအတွက် အမေရိကန်လောင်းကစားသမားတစ်ယောက်ဖြစ်တဲ့ ကွန်နာဝပ်ကိုချန်းကလိုက်ရှာပေးဖို့ဖြစ်လာပါတယ်။ကွန်နာဝပ်ကိုယ်တိုင်ကလည်း ရုရှားမာဖီးယားတွေနဲ့အကြီးအကျယ်ရန်စရှိနေတဲ့သူပါ။ အဲဒီလိုနဲ့ ဘန်နီချန်းနဲ့ကွန်နာဝပ်တို့နှစ်ယောက် ဟောင်ကောင်အပြန်လမ်းမှာ ရုရှားမာဖီးယားတွေ၊ဟောင်ကောင်ဂန်းစတားတွေနဲ့အပြိုင်စွန့်စားခန်းတွေဖွင့်ရပါတော့တယ်။ ဂျက်ကီရဲ့ Shanghai noon တို့ Rush Hour တို့လိုပဲ အရွှန်းဖောက်ထားတဲ့ အက်ရှင်ပြကွက်တွေ သွက်လက်တဲ့ဇာတ်အိမ်တို့နဲ့ ပေါ့ပေါ့ပါးပါးကြည့်ရမယ့် Buddy cop action comedy တစ်ကားပါပဲ။...
Dial M for Murder (1954) ⭐TMDB: 80% User Score 🎬 #Crime #Thriller 🗓 1954 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နာမည်ကြီး film director ကြီး Sir Alfred Hitchcock ရဲ့ လက်ရာကောင်းတွေထဲ တစ်ခုဖြစ်တဲ့ 1954ခုနှစ်ထွက် crime/thriller ရုပ်ရှင်ကားကောင်း တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ မင်းသမီး Grace Kelly ပါဝင်ပြီး Ray Milland, John Williams, Robert Cummings တို့လည်း ပါဝင်ထားပါတယ်။ ဇာတ်လမ်း အကျဥ်းကတော့ Tony Wendice တစ်ယောက် သူ့မိန်းမ Margot Wendiceက အမေရိကန် စာရေးဆရာ တစ်ယောက်နဲ့ ဖောက်ပြန်နေတာကို သိသွားပြီး မိန်းမကို သတ်ဖို့အတွက် ကောလိပ်အတူတက်ခဲ့တဲ့ မိတ်ဆွေဟောင်းတစ်ယောက်ကို ဆက်သွယ်ပြီး ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါပေမဲ့ သူ အကွက်ချ စီစဥ်ထားသလို ဖြစ်မလာခဲ့ပါဘူး။ Tony Wendice နဲ့ သူ့မိန်းမ Margot ဟာ သူတို့ နှစ်ယောက်ထဲက တစ်ယောက်ယောက်က မတော်တဆမှုကြောင့် ဆုံးပါးသွားခဲ့ရင် တစ်ယောက်ကို တစ်ယောက် လက်ကျန်စည်းစိမ်တွေ ချန်ခဲ့ပေးဖို့ သေတမ်းစာရေးထားခဲ့ပါတယ်။ Tony က ဒီငွေတွေကို မက်လို့လည်း သူ့မိန်းမကို သတ်ပြီး ငွေယူဖို့ တစ်ချက်ခုတ် နှစ်ချက်ပြတ် ကြံရွယ်ခဲ့တာပါ။ Thriller ကောင်းကောင်းကြိုက်မယ့်သူတွေ အကြိုက်တွေ့လောက်မယ့် ခေတ်ဟောင်းကားကောင်း တသ်ခုဖြစ်ပါတယ်။...
Dazed and Confused (1993) ⭐TMDB: 73% User Score 🎬 #Comedy #Drama 🗓 1993 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်က ၁၉၇၆ ခုနှစ် မေလ ၂၈ ရက်မှာ အော်စတင်၊ တက္ကဆက်ဒေက အထက်တန်းကျောင်းတစ်ခုရဲ့ ကျောင်းစာသင်နှစ် နောက်ဆုံးရက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပါ။ IMDb 7.6 , Rotten Tomatoes 93% အထိရထားပါတယ်။ ဒီရုပ်ရှင်မှာ ဇာတ်လိုက်အုပ်စုတစ်ခုတည်းနဲ့ ဇာတ်လမ်းသွားတစ်ခုတည်းနဲ့မဟုတ်ဘဲ ကွဲပြားတဲ့ လူငယ်အုပ်စုတွေနဲ့ ဇာတ်ကောင်တွေရဲ့ ဆက်စပ်ထားတဲ့ ဇာတ်လမ်းတွေကို အဓိကထားပြီး ရိုက်ကူးထားတာပါ။ ဥပမာအနေနဲ့၊ နိုင်ငံတကာတန်း လူမိုက် စီနီယာကျောင်းသားတွေရဲ့ အကြမ်းဖက် သောင်းကျန်းကြတာတွေ၊ အားကစားသမားဖြစ်ပေမဲ့ ဘီယာသောက် ဝိသောက် ပျော်ပါးရတာနှစ်ခြိုက်တဲ့ ဘောလုံး (ဘေ့စ်ဘော) ကစားသမားကျောင်းသားတစ်ယောက်နဲ့ အသင်းအတွက် အပျော်အပါးကိစ္စတွေကိုစွန့်လွှတ်ဖို့ရာ စာချုပ်ရေးထိုးဖို့ တိုက်တွန်းနေတဲ့ သူ့နည်းပြအကြောင်း၊ အရင်က အပျော်အပါးကိစ္စတွေကို လုပ်လေ့မရှိခဲ့ပေမဲ့ ဒီညနေရောက်တော့မှ ပါတီတစ်ခုကိုတက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ကြတဲ့ အထက်တန်းနှစ်က သိပ္ပံစာဂျပိုး ဂိသူငယ်ချင်းတစု၊ အထက်တန်းပထမနှစ်ကို စတက်ခါစမှာပဲ စီနီယာတစ်အုပ် ပစ်မှတ်ထားတာကိုခံရပြီး သူတို့လက်ကလွတ်အောင်ပြေးနေရတဲ့ ဂျူနီယာကျောင်းသားသူငယ်ချင်းတစ်စု စသဖြင့် မတူညီတဲ့ လူငယ်အုပ်စုတွေနဲ့ ဇာတ်ကောင်တွေရဲ့ အဖြစ်အပျက်တွေကို အဓိကထားပြီး ရိုက်ကူးထားပါတယ်။ကျောင်းနောက်ဆုံးနေ့မှာ Lee High အထက်တန်းကျောင်းက အထက်တန်းကျောင်းသား ကျောင်းသူတွေစုပြီး ထိုခေတ်အခါက လူငယ်တွေရဲ့သင်္ကေတတွေဖြစ်တဲ့ အောက်ကဘဲလ်ဘောင်းဘီနဲ့ အပေါ်က ရှပ်လက်တို၀တ်၊ Low rider ကားကြီးတွေနဲ့ သူငယ်ချင်းတွေအုပ်လိုက် မြို့ထဲပတ်တာတွေ၊ ဘီယာ ဆေးခြောက်စုသောက်ကြတာတွေ စသဖြင့် ကျောင်းသားလူငယ်တွေတစ်ညလုံးကဲကြတဲ့အကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးပြထားတာပါ။ ဒီရုပ်ရှင်ဟာ အသက် ၁၃ ကနေ ၁၈ အတွင်းက အခက်အခဲဆုံးကာလတွေကို ပြန်အမှတ်ရစေပြီး၊ ဒီကာလတွေမှာရခဲ့တဲ့ နာကျင်မှုတွေ၊အမှတ်တရဖြစ်စေတဲ့ ဘ၀ရဲ့ပထဆုံးအတွေ့အကြုံတွေ၊ အရသာတွေကို ပြန်အမှတ်ရစေတယ်လို့ ပြောရပါမယ်။ ဒီရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့ ဇာတ်ကောင်တွေဟာ အနာဂတ်မှာ ကြယ်ပွင့်ဖြစ်လာမယ့် သရုပ်ဆောင်တွေဖြစ်ပြီး Jason London, Ben Affleck, Milla Jovovich, Cole Hauser, Parker Posey, Adam Goldberg, Matthew McConaughey, Nicky Katt, Joey Lauren Adams, နဲ့ Rory Cochrane တို့လို သရုပ်ဆောင်တွေပါဝင်ထားပါတယ်။ ဒါရိုက်တာ Linklater ဟာ သူ့ရဲ့ လူငယ်ဘဝကို အခြေခံပြီး ဇာတ်ညွှန်းကို ရေးသားခဲ့ပြီး၊ သူ့ရဲ့ မွေးရပ်မြေက လူတွေရဲ့ နာမည်တွေကို ဇာတ်ကောင်တွေအတွက် အသုံးပြုခဲ့ပါတယ်။ အဲဒီတုန်းက ဒါရိုက်တာ Linklater ကရုပ်ရှင်အတွက် ရွေးချယ်ခံရတဲ့ သရုပ်ဆောင်တွေကို ကိုယ့်ဇာတ်ကောင်ကို ကိုယ်တိုင်တည်ဆောက်ကြဖို့ တိုက်တွန်းခဲ့ပြီး အပိုဇာတ်၀င်ခန်းတွေအတွက်လည်း ဇာတ်ညွှန်းရေးပေးခိုင်းခဲ့တယ်လို့လည်းဆိုပါတယ်။ Linklater က ဒီရုပ်ရှင်နောက်ခံတေးအတွက် ၇၀ ခုနှစ်က ရော့ခ်သီချင်းတွေအများကြီးကို စုစည်းပြီး အလျှံပယ်ထည့်သွင်းခဲ့ပါတယ်။ Gramercy Pictures က ဒီရုပ်ရှင်ကို Stoner ရုပ်ရှင်ဆိုပြီး ကြော်ငြာခဲ့တာကြောင့် Linklater တစ်ယောက် လန့်ဖျပ်သွားခဲ့ရပါသေးတယ်တဲ့။ စက်တင်ဘာ ၂၄၊ ၁၉၉၃ မှာ ရုံတင်ပြသခဲ့တဲ့ ဒီရုပ်ရှင်ဟာ Box Office မှာ အရှုံးပေါ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုမှာ ရုံတင်ဝင်ငွေဒေါ်လာ ၈ သန်းအောက်ပဲရရှိခဲ့ပါတယ်တဲ့။ ဒီရုပ်ရှင်ဟာ နောက်ပိုင်းမှာ Home video market လို့ခေါ်တဲ့ ဗီဒီယိုရုပ်ရှင်ကား အငှားဈေးကွက်မှာမှ စအောင်မြင်သွားခဲ့ပြီး ဂန္တ၀င်လူငယ်ရုပ်ရှင်တွေထဲကတစ်ကား ဖြစ်လာခဲ့တာပါ။ Entertainment Weekly မဂ္ဂဇင်းရဲ့ အကောင်းဆုံးအထက်တန်းကျောင်းရုပ်ရှင် ၅၀ စာရင်းမှာ တတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး၊ “လွန်ခဲ့သော ၂၅ နှစ်အတွင်း ရယ်စရာအကောင်းဆုံးရုပ်ရှင်များ” စာရင်းမှာ ၁၀ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ညွှန်းတာတွေလည်း များသွားပြီမလို့ ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုခံစားလိုက်ကြပါဦး။...
Bad Romance: The Vicky White Story (2023) ⭐IMDB: 6.1/10 (223 Votes) 🎬 #Crime #Drama #Thriller 🗓 2023 🎞 tv movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စိတ်ဝင်စားစရာကောင်းသလို ဝမ်းနည်းစရာလည်း ကောင်းတဲ့ ဖြစ်ရပ်မှန်ဒရာမာဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားနာမည်ကို Bad Romance : The Vicky White Story လို့ပေးထားပြီး လက်ရှိ IMDb Rating 6.1 ရရှိထားပါတယ်။ ဒီဇာတ်ကားကိုကြည့်လိုက်ရတာက Suicide Squad ထဲက ဟာလေကွင်းနဲ့ ဂျိုကာကို အပြင်ဘ၀မှာ တကယ်လက်တွေ့ မြင်လိုက်ရသလိုမျိုး Feeling ကိုတောင်ခံစားရစေပါတယ်။ ဒီဇာတ်ကားကို ကေစီ၀ှိုက်ဆိုတဲ့ပုဒ်မကြီးများစွာနဲ့ထောင်ဒဏ် တစ်သက်တစ်ကျွန်းနီးပါး ကျသင့်ခံထားရတဲ့အကျဉ်းသား ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ၂၀၂၂ ခုနှစ်ကဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီကားလေးက ဘာလို့ဒရာမာဖြစ်ရပ်မှန် ဇာတ်ကား ဖြစ်နေရလည်းဆိုတော့ အထက်မှာပြောခဲ့တဲ့ ကေစီဆိုတဲ့ အကျဉ်းသား ထွက်ပြေး လွတ်မြောက်လာနိုင်ခဲ့တာသူ့ရဲ့ ထောင်ဖောက် အရည်အချင်းတွေကျွမ်းကျင်လို့ မဟုတ်ဘဲနဲ့ အချစ်ဆိုတဲ့ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးလက်နက်ကို အသုံးချပြီး လွတ်မြောက်လာလို့ပဲဖြစ်ပါတယ်။ဒီလိုမျိုးတွေ ဘယ်လို ဖြစ်လာခဲ့ရတာလဲဆိုရင်တော့ ကေစီနဲ့ သူယာယီ ထိန်းသိမ်းခံထားရတဲ့ အကျဉ်းထောင်ကအမျိုးသမီးအရာရှိ ဗစ်ကီနဲ့ တွေ့ရာကနေ စပြောရမှာပါပဲ။ ဗစ်ကီဆိုတာကတော့ အရင်ယောက်ျားဖြစ်သူနဲ့ ကွာရှင်း ထားပေမဲ့ ကျန်းမာရေးမကောင်းတဲ့အတွက် အမြဲတမ်း သွားသွားကြည့်ပေးနေပြီး ထောင်နဲ့အိမ်နဲ့ပဲ လည်ပတ်နေတဲ့ ပျင်းစရာဘ၀ကြီးကို ပိုင်ဆိုင်ထားရတဲ့အသက် ၅၀ ကျော် အမျိုးသမီးအရာရှိတစ်ယောက်ပဲဖြစ်ပါတယ်။ ကေစီက ဗစ်ကီ့ကို တွေ့ကတည်းကမြင်မြင်ချင်း ကြွေဆင်းသွားခဲ့ပြီး တောက်လျှောက်ကြူပါတော့တယ်။ဗစ်ကီကလည်း အဓိပ္ပာယ် မရှိတဲ့ဘ၀ကြီးမှာ နေရတာကိုစိတ်ကုန်နေတဲ့သူဖြစ်တဲ့အတွက် သူတို့ နှစ်ယောက်ကြားမှာ အဆင့်တစ်ဆင့်တက်သွားဖို့ဆိုတာ မကြာခဲ့ပါဘူး။ဒီလိုနဲ့ သူတို့နှစ်ယောက်ကြားက သံယောဇဉ်တွေက ပိုပိုကြီးထွားလာခဲ့ပြီး အထက်မှာပြောခဲ့သလို ဗစ်ကီကကေစီ့ကို ရုတ်တရက်ကြီး ထောင်ကနေခေါ်ထုတ်ပေးပြီး ထွက်ပြေးကြတဲ့ အခါမှာတော့ သူတို့ရဲ့ရှေ့ဆက်ကျန်ရှိတဲ့ဘ၀တစ်လျှောက်မှာ အတူတူပျော်ရွှင်စွာနေထိုင်သွားရမလား သူတို့နောက်ကို လိုက်ဖမ်းမဲ့ ရဲတွေလက်ကနေကော ထွက်ပြေးနိုင်ကြပါ့မလား ဆိုတာတွေအပြင် တခြားစိတ်ဝင်စားစရာကောင်းတဲ့ ဒရာမာ ဇာတ်လမ်း ဇာတ်ကွက်များစွာကို ကြည့်ရှုရမဲ့ဖြစ်ရပ်မှန်ဇာတ်ကား ကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။...
Highway Love (2023) ⭐TMDB: 70% User Score 🎬 #Comedy 🗓 2023 🎞 Series 🌎 #India ⏰ 35 မိနစ် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Highway Love (2023)Highway love 2023 အမြန်လမ်းပေါ်ကရင်ခုန်သံIMDb-7.5/10 2022ခုနှစ် Ishq Expressမှာ chemiမိမိနဲ့ အစွမ်းကုန်ချစ်ပြသွားတဲ့ Gayatriနဲ့Ritvikတို့ရဲ့ comeback rom-com mini seriesလေးဖြစ်တဲ့ Highway loveကိုတင်ဆက်ပေးလိုက်ပါပြီ။ ဒီစီးရီးလေးမှာရော ဘယ်လိုပုံစံနဲ့ပွဲထွက်လာမလဲဆိုတာ ရှုစားကြပါဦး။သစ္စာရှိတဲ့အချစ်ကို ပန်းပိတောက်နဲ့တင်စားကြမယ်ဆိုရင်တော့ အချစ်စစ်ဆိုတာကို နှင်းဆီတစ်ပွင့်နဲ့ ကျွန်တော်ကတော့ တင်စားချင်ပါရဲ့။ အဆင်းရောအချင်းနဲ့ပါ ပြည့်စုံသလို အချိန်မရွေး နေရာမရွေး ပွင့်လန်းတတ်သလို အဆူးလေးတွေနဲ့လည်း ဝေဒနာပေးတတ်တယ်မဟုတ်ပါလား။တက်တက်ကြွကြွနဲ့ ကိုယ့်အားကိုယ်ကိုးပုဆိန်ရိုးမလေး အင်နာယာတစ်ယောက် ဘဲနဲ့လတ်လတ်ဆတ်ဆတ်လမ်းခွဲပြီး ပူပူနွေးနွေးexလေးက အမြန်လမ်းမပေါ်မှာ ထားရစ်ခဲ့တာ ခံရပါတော့တယ်။ ဖုန်းအားကလည်းမရှိတော့လို့ တိုင်ပတ်နေတုန်း ဘီးပေါက်သွားလို့ ကားဘီးလဲဖို့အရေး ဟိုနားကိုင်ရမလို ဒီနားကိုင်ရမလိုနဲ့ ဗျာများနေတဲ့ကိုလူချောကိုသွားတွေ့ပါတော့တယ်။ကားဘီးမလဲတတ်တဲ့ ကိုလူချောဒွန်ဒွန်ကို အင်နာယာကပဲ ကားဘီးလဲပေးပြီး ဒွန်ဒွန်ရဲ့ကားနဲ့ပဲ မြို့ထဲကိုလိုက်လာတာပေါ့။ သိပ်ကိုရိုးအေးပြီး ရိုးရှင်းတဲ့ဘဝမှာပဲနေခဲ့တဲ့ဒွန်ဒွန်ဟာ ရဲရင့်ပြီး စွန့်စားခန်းတွေကိုနှစ်သက်တဲ့အင်နာယာရဲ့ ဘဝအကြောင်းတွေနားထောင်ရင်း ခပ်မိုက်မိုက်မိန်းကလေးကို သဘောကျမိသွားတဲ့အခါ…လုံးဝပုံစံကွဲထွက်နေတဲ့သူနှစ်ယောက်ကြားမှာ ပေါက်ဖွားလာတဲ့အချစ်တစ်ခုက ရေရှည်ဖြစ်တည်နိုင်မလား။ အာလူးကြော်နဲ့ဘာဂါလိုပဲ တစ်ယောက်လိုအပ်ချက်ကိုတစ်ယောက်ဖြည့်ပေးမယ့် legendaryအတွဲအစပ်ဖြစ်သွားမလားဆိုတာ ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ V ~ Yunniတို့ပဲဖြစ်ပါတယ်)...
The Babadook (2014) ⭐IMDB: 6.8/10 (248 k Votes) 🎬 #Drama #Horror #Mystery 🗓 2014 🎞 movie 🌎 #Australia #Canada ⏰ 1 နာရီ 34 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Genre – Drama, Horror, MysteryIMDB – 6.8/10 ဒီကားလေးက ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Psychological horror/Mysteryအမျိုးအစား ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ Horror ကားကောင်းတွေရှားတဲ့အနေအထားမှာလွန်ခဲ့တဲ့၁၀နှစ်လောက်က ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားလေးကတော့ဟော်ရာဖန်တွေကို အကြိုက်တွေ့စေမှာပါ။ ဇာတ်လမ်းကတော့ အမ်မီလီရာဆိုတဲ့အမျိုးသမီးဟာSingle Mom တစ်ဦးဖြစ်ပြီး သူ့သားလေးဆမ်မြူရယ်ကို သူတစ်ယောက်တည်း ပြုစုပျိုးထောင်နေတာပါ။သူ့အမျိုးသားကတော့ သူ့သားဖြစ်သူ ဆမ်မြူရယ်မွေးတဲ့နေ့မှာပဲကားမတော်တဆမှုကြောင့် ဆုံးပါးသွားခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးခဲ့ရတဲ့ အမ်မလီရာဟာ၇နှစ်ကျော်ပြီးဖြစ်ပေမဲ့ အဲဒီဆုံးရှုံးမှုကို လက်ရှိအချိန်အထိကြေကွဲတမ်းတနေသေးတဲ့ အမျိုးသမီးတစ်ယောက်ပေါ့။သူ့သားလေးဖြစ်တဲ့ ဆမ်မြူရယ်က မျက်လှည့်ကိုအရမ်းစိတ်ဝင်စားပြီး မကောင်းဆိုးဝါးတွေကိုလည်းယုံကြည်တတ်တဲ့ကလေးတစ်ယောက်ပေါ့။ တစ်ညမှာ မိခင်ဖြစ်သူက သားဖြစ်သူကို အိပ်ရာဝင်ပုံပြင်ဖတ်ပြရင်း“မစ္စတာဘာဘာဒေါ့ခ်”လို့ ခေါ်တဲ့စာအုပ်ကိုဖတ်ပြမိခဲ့တယ်။အဲဒီညကနေစပြီး သူတို့သားအမိနှစ်ယောက်ရဲ့အိမ်မှာကြောက်စရာအဖြစ်အပျက်တွေ ဇယ်ဆက်သလိုပဲ ဆက်တိုက်ပေါ်ပေါက်လာခဲ့တော့တယ်။ ဇာတ်လမ်းရဲ့အသက်ကတော့ သားအမိနှစ်ယောက်ရဲ့ဆက်ဆံရေးနဲ့ချစ်ခြင်းမေတ္တာလို့ပဲပြောရမယ်။သရုပ်ဆောင်မင်းသမီး Essie Davis ရဲ့သရုပ်ဆောင်ချက်တွေကလည်း အတော်ပြောင်မြောက်တယ်။ခင်ပွန်းသည်ကိုဆုံးရှုံးလိုက်ရလို့ စိတ်ဒဏ်ရာရပြီးကြေကွဲနေတဲ့ဇနီးသည်၊သားဖြစ်သူကအရမ်းဆိုးပြီး ထိန်းရခက်ပေမဲ့လည်းအချစ်မလျော့တဲ့မိခင်နေရာကနေ သရုပ်ဆောင်ထားတာကအတော်မိုက်ပြီး ရင်ထဲထိစေမှာအသေအချာပါပဲ။ ထိတ်လန့်ခြောက်ခြားစရာအဖြစ်အပျက်တွေနဲ့ကြည်နူးစရာချစ်ခြင်းမေတ္တာတို့ကို အချိုးကျပေါင်းစပ်လိုက်တဲ့အခါမှာသိပ်ကိုလှပကောင်းမွန်တဲ့ Emotionally Investing ဖြစ်စေမယ့်ဟော်ရာကားတစ်ကားထွက်ပေါ်လာတော့တယ်။...
All Tied Up (1994) ⭐TMDB: 45% User Score 🎬 #Comedy #Crime #Romance 🗓 1994 🎞 video movie 🌎 #UnitedStates #Spain #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Genre – Comedy, Crime ၉၀ ဝန်းကျင်က အချောအမောတွေကို အမြင်တစ်မျိုးနဲ့ပြန်ပြီးကြည့်ရှုရမယ့် ဟာသရိုမန့်စ်ကားလေး ဖြစ်ပါတယ်။ ဘရိုင်ယန်ဆိုတဲ့ဘဲက အယ်အေကသတင်းစာတိုက်တစ်ခုကစာရေးဆရာ ဆော်ကြည်ဘဲတစ်ယောက်ပေါ့ဗျာဘားကနေ ဆော်ပေါင်းစုံကို သမပြီး ပတ်စားခဲ့လို့မှတ်စုစာအုပ်နဲ့ပါ မှတ်ထားရတဲ့အထိရှိတယ်။ ဒါပေမဲ့လည်း ဒီဘဲမှာ လင်ဒါဆိုတဲ့ချစ်သူလေးတစ်ယောက်ရှိတယ်သူ့ကိုတော့ Playboy ဘဝကို စိတ်ကုန်ပြီး အတည်တကျ လက်ထပ်ယူဖို့ဆန္ဒရှိတော့ စေ့စပ်လက်စွပ်လေး ဝယ်ထားပြီးခရီးက ပြန်လာရင် ခွင့်ပန်မယ်ဆိုပြီး ကြံထားတာပေါ့လေ။ ဒီလိုနဲ့ တစ်ညကျ သူ့ဘော်ဒါ ဂေါ်မစွံဘဲကြီးကိုဆော်လေးတစ်ပွေနဲ့ ချိတ်ပေးလိုက်ရာက ဒီဆော်လေးကသူ့ဘော်ဒါနဲ့တင် အားမရပဲ သူ့ဆီကိုပါ အိမ်ကူးလာပါတယ်။ဒါပေမဲ့ လိမ်မာသွားတဲ့ ဘရိုင်ယန်တစ်ယောက်ကတော့စားဘဲကြီးမလုပ်ခဲ့ပဲ လိမ်လိမ်မာမာနဲ့ ကောင်မလေးကိုဒီတိုင်း ပြန်အိပ်ခိုင်းလိုက်ပါတယ်။ မနက်ကျတော့ ညအချိန်မှ ခရီးကပြန်လာရမယ့် ချစ်သူလင်ဒါကမနက်စောစော စပရိုက်စ်တိုက်ဖို့ ရောက်ချလာပြီး ဘရိုင်ယန့်ကိုဆော်တစ်ပွေနဲ့ တွေ့လိုက်တဲ့အခါမှာတော့ စိတ်ကောက်ပြီးသူ့ဘော်ဒါ ၂ ယောက်ဆီ ပြန်သွားတဲ့အခါဘရိုင်ယန်တစ်ယောက် လိုက်ချော့တော့မယ်မင်းကြီးမ ၃ ယောက်သား ပူးပေါင်းပြီး စိတ်ဆိုးမာန်ဆိုးနဲ့ဘရိုင်ယန့်ကို ဖမ်းဆီးကြိုးတုပ် အိမ်မှာ ဖမ်းထားလိုက်တဲ့အခါမှာတော့ဘာတွေဆက်ဖြစ်ကြမလဲ ကြည့်ရမှာပဲ ဖြစ်ပါတယ်။...
Mai (2024) ⭐IMDB: 6.9/10 (623 Votes) 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #Vietnam ⏰ 2 နာရီ 10 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၀၂၄ မတ်လ ၂၂ ရက်ကထွက်ရှိထားတဲ့ Mai ဆိုတဲ့ ဗီယက်နမ်ရုပ်ရှင်ဟာ Romance ၊ Drama အမျိုးအစားဖြစ်ပြီး ဗီယက်နမ်ရုပ်ရှင်ထုတ်လုပ်ရေး၊ ရုပ်ရှင်ရိုက်ကူးရေးနဲ့ တည်းဖြတ်ရေးအပိုင်းတွေမှာ အရည်အသွေးထိပ်တန်းအဆင့် ရှိတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ Mai အဖြစ်သရုပ်ဆောင်တဲ့မင်းသမီးရဲ့ချောမောလှပမှုနဲ့တင် ကြည့်ရတာတန်တဲ့အပြင် ဇာတ်ကောင်အားလုံးကလည်း သရုပ်ဆောင်ပိုင်နိုင်စွာနဲ့ ဇာတ်လမ်းကိုသရုပ်ဖော်သွားတာ မြင်တွေ့ရပါတယ်။ ဘဝမှာအရွယ်နဲ့မလိုက်အောင် ဒုက္ခတွေအများကြီးကြုံတွေ့ခဲ့ရတဲ့ ဗီယက်နမ်အမျိုးသမီးငယ်လေးရဲ့ဘဝကို ပုံဖော်ရိုက်ကူး ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း **************** တိုက်ခန်းတစ်ခုကိုပြောင်းလာတဲ့မိုင်ဆိုတဲ့မိန်းကလေးကို အိမ်နီးချင်းတွေက အသားလွတ်မကောင်းမြင်နေကြသလို အလုပ်ထဲမှာလည်း မနာလိုမုန်းတီးခံရတဲ့မိန်းကလေး တစ်ယောက်ဖြစ်ပါတယ်။ အနှိပ်ခန်းတစ်ခုမှာအလုပ်လုပ်တဲ့ မိုင်ဟာ သိပ်မကြာခင်မှာ အိမ်နီးချင်းဒွန်းဆိုတဲ့ကောင်လေးနဲ့ ချစ်မိသွားပြီး မိုင်နဲ့ဒွန်းဟာ အသက် ၇ နှစ်ကွာဟတဲ့ချစ်သူတွေ ဖြစ်လာခဲ့ပါတယ်။ အရင်ကပွေရှုပ်ခဲ့တဲ့ဒွန်းဟာ မိုင်မှာရှုပ်ထွေးတဲ့ အတိတ်ရှိခဲ့တာတောင် မိုင်နဲ့ပဲလက်ထပ်ချင်တဲ့အထိ မိုင်ကိုစွဲလမ်းသွားခဲ့ပါတယ်။ တစ်ရက်မှာတော့ ဒွန်းက မိုင်ကို မိခင်နဲ့ပေးတွေ့ဖို့ အိမ်ခေါ်သွားချိန်မှာတော့ ဒွန်းရဲ့မိခင်ဟာ မိုင်နဲ့ညီအစ်မတွေလိုရင်းနှီးတဲ့ မိုင်ရဲ့ဖောက်သည်တစ်ယောက် ဖြစ်နေခဲ့ပါတယ်။ ချမ်းသာတဲ့မိသားစုမွာ အလိုလိုက်ခံရပြီး ကြီးပြင်းလာတဲ့ဒွန်းဟာ မိသားစုကိုဆန့်ကျင်ပြီး မိုင်ကိုလက်တွဲ သွားနိုင်မှာလားဆိုတာကတော့ ရုပ်ရှင်ထဲမှာဆက်လက်ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။...
Dark Matter (2024) ⭐TMDB: 79% User Score 🎬 #Drama #Mystery #SciFi #Fantasy 🗓 2024 🎞 Series 🌎 #UnitedStatesofAmerica ⏰ 46 မိနစ် 46 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dark Matter (2024)Dark Matter (2024) Genre- Drama, Sci-fi, Thriller IMDB – 7.4/10Foundation, Invasion, See, Monarch နဲ့ Severance တို့လို Sci-fi စီးရီးကောင်းတွေချည်း ထုတ်လုပ်ပေးခဲ့တဲ့ Apple Tv ကနေ နောက်ထပ် Sci-fi, Thriller စီးရီးကောင်းတစ်ခု အသစ်ထွက်လာခဲ့ပါပြီ။ ၂၀၁၆ ခုနှစ်တုန်းက စာရေးဆရာ Blake Crouch ရေးသားပြီး အောင်မြင်ခဲ့တဲ့ Dark Matter စာအုပ်ကို ဒီနာမည်အတိုင်း ပြန်လည်ပုံဖော်ထားတာ ဖြစ်တဲ့အပြင် စာရေးဆရာကိုယ်တိုင် ဒီ စီးရီးအတွက် ပြန်လည်ရေးသားပေးခဲ့တာလည်း ဖြစ်ပါသေးတယ်။ သရုပ်ဆောင်တွေမှာဆိုလည်း နာမည်ကြီးမင်းသား Joel Edgerton နဲ့ ၉၀ ကာလမှာ အရမ်းကိုလှပခဲ့ပြီး အခုထိတောင် Trend ဖြစ်နေသေးတဲ့ ချောမောလှပနေသေးတဲ့ အန်တီ Jennifer Connelly တို့ ဖြစ်နေလို့ မကောင်းမှာတော့ စိတ်မပူရပါဘူး ဒါ့အပြင် နှစ်ယောက်လုံး သရုပ်ဆောင်ချက်တွေကလည်း Chemistry မိလွန်းပါတယ်။ နောက်ပြီး ဒါက Sci-fi စီးရီး ဖြစ်နေလို့ ခေါင်းစားဖို့ကတော့ ပြင်ဆင်ထားကြပေတော့ဗျာ။ဇာတ်လမ်းအကျဉ်း ပြောရမယ်ဆို အရမ်းပြောပြဖို့ မဖြစ်ဘူး အပိုင်း ၁ မှာတင် Spoiler လို ဖြစ်သွားနိုင်တော့ နည်းနည်းပဲ ပြောပြလိုက်တော့မယ် (Trailer မကြည့်ထားရင် ပိုကြည့်လို့ကောင်းပါတယ်)။ ဂျေဆန်ဆိုတဲ့ တက္ကသိုလ်မှာ စာသင်တဲ့ ရူပဗေဒ ပရော်ဖက်ဆာတစ်ယောက်ဟာ ဇနီးဖြစ်သူ သားဖြစ်သူနဲ့ အေးဆေးနေထိုင် ဖြတ်သန်းနေတဲ့လူပါ။ တစ်ညကျ သူငယ်ချင်းဖြစ်သူ အောင်ပွဲခံအခမ်းအနား အရက်သွားသောက်ရာကနေ အိမ်ပြန်အလာ သူစိမ်းတစ်ယောက် ပြန်ပေးဆွဲတာကို ခံလိုက်ရပါတယ်။ ဒီမှာ အဝတ်အစားဘာညာချွတ်ပေးလိုက်ရပြီး ဆေးထိုးခံလိုက်ရတော့ မေ့သွားပြီး ပြန်သတိရလာတော့ သူ ဘာဆိုဘာမှမသိတဲ့ အဖွဲ့အစည်းတစ်ခုထဲမှာ ပြန်နိုးထလာပြီး သူ့လက်ရှိဘဝတစ်ခုလုံးက အရင်လို မဟုတ်ပဲ လုံးဝ ကစဉ့်ကလျားတွေ သောက်တလွဲတွေ ဖြစ်နေတာကို သိလိုက်ရတဲ့အချိန်မှာတော့….။Multiverse အယူအဆတွေ Quantum သီအိုရီတွေ Alternate Reality တွေကို ကြိုက်နှစ်သက်တဲ့လူတစ်ယောက်ဆို ဒီကောင်က ရွှေဖြစ်မှာ အမှန်အကန်ပါပဲ။ အပိုင်းတိုင်းရဲ့ လာလာချင်း နေရာလေးတွေမှာ Slow-burn ဖြစ်ပြီး ဇာတ်အထနှေးတယ်ဆိုပေမဲ့ တစ်ဝက်ကျော်ကစပြီး နောက်အပိုင်းတွေထိ ကြည့်ရတာ ဆက်တိုက် အဆင်ပြေလာပါလိမ့်မယ်။ နောက်ထပ် ဘာဆက်ဖြစ်မလဲ ဘာလို့လဲဆိုပြီး မေးခွန်းပဟေဠိတွေ ထုတ်လို့ကောင်းမှာဖြစ်ပြီး Production Design တွေလည်း ကောင်းကောင်း အသုံးပြုထားတာကိုလည်း တွေ့ရပါတယ်။လက်ရှိ၄ ပိုင်းထွက်ရှိထားပြီး တစ်ပတ် ၁ ပိုင်းနှုန်းနဲ့ ၉ ပိုင်းထိ ထွက်လာမှာပဲ ဖြစ်လို့ စောင့်မျှော်ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါရစေဗျာ။...
The Tattooist of Auschwitz (2024) ⭐TMDB: 85% User Score 🎬 #Drama 🗓 2024 🎞 Series 🌎 #UnitedKingdom ⏰ 59 မိနစ် 40 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Tattooist of Auschwitz (2024) CM ပရိသတ်ကြီးကို ဒီတစ်ခါ The Tatooist of Auschwitz ဆိုတဲ့ mini series လေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားကို World on Fire Series (2019)၊Little mermaid (2023) လူသိများလာခဲ့တဲ့ သရုပ်ဆောင်ကောင်းမင်းသားချော Jonah Hauer-King ခေါင်းဆောင်ပြီးရိုက်ကူးထားတာပါ။၂၀၂၄ မေ ၂ ကမှ စတင် ထွက်ရှိထားပြီး IMDB နဲ့ RottenTomatoes တို့မှာ review ကောင်း များစွာ ရထားတဲ့အပိုင်း (၆) ပိုင်းပါ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ဒုတိယ ကမ္ဘာစစ်အတွင်း ပိုလန်နိုင်ငံမှာ ဂျာမန်နာဇီတွေကြီးစိုးနေစဉ်အခါက အက်ရှ်ဝဇ်မှာ ဂျူးလူမျိုးတွေကိုချွေးတပ်စခန်းတွေဖွင့် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့တဲ့အချိန်ကိုနောက်ခံထား ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ဂျူးမိသားစုတွေ တစ်အိမ်ထောင်ကို တစ်ယောက် အလုပ်စခန်းတွေ သွားရမယ်ဆိုပြီး အမိန့်စာကျလာချိန်မှာ အစ်ကိုနဲ့အဖေကို မသွားစေချင်ခဲ့တဲ့ လာလီတစ်ယောက် သူကိုယ်တိုင်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ရထားပေါ်ကနေ ဆင်းပြီးချိန်ကစ သူ့အတွက် လူ့ငရဲကို စပြီးနဖူးတွေ့ ဒူးတွေ့ ကြုံဆုံခဲ့ရပါတော့တယ်။ အလုပ်တွေ ပင်ပန်းကြီးစွာလုပ်ပေးရပြီး မဝရေစာစား စားရတဲ့ ဂျူးတွေဟာ ရောဂါတွေဖြစ်ပြီးသောက်သောက်လဲ သေခဲ့ကြတာပါ။တိုက်ဖွိုက်ရောဂါနဲ့ သေကောင်းပေါင်းလဲဖြစ်တဲ့အထိ ခံစားခဲ့ရတဲ့လာလီတစ်ယောက် သူပြန်သက်သာလာချိန်မှာ အသက်ဆက်ရှင်သန်ဖို့အတွက် ရွေးချယ်ခဲ့ရတဲ့ အလုပ်က ဒီ အက်ရှ်ဝဇ် ချွေးတပ်စခန်းမှာဂျူးအကျဉ်းသားတွေရဲ့ လက်မောင်းမှာ အကျဉ်းသားအမှတ်တက်တူးထိုးပေးခဲ့ရတာပါ။အသက်မသေဘဲ လွတ်မြောက်လာခဲ့ပေမယ့် အရိပ်လိုခြောက်လှန့်နေတဲ့ စိတ်ဒဏ်ရာတွေ၊ အပြစ်မကင်း ရှက်ရွံ့ခံစားရမှုတွေနဲ့ လာလီတစ်ယောက် သူမြင်တွေ့ ကြုံဆုံခဲ့ရတဲ့ ဖြစ်ရပ်တွေကိုအတိတ်ကို ပြန်ပြောင်း ပြောပြတဲ့ ပုံစံမျိုး ရိုက်ကူးတင်ဆက်ထားပါတယ်။...
Subdue the Devil (2022) ⭐TMDB: 80% User Score 🎬 #Uncategorized #Fantasy 🗓 2022 🎞 movie 🌎 #China ⏰ 1 နာရီ 22 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CM ရဲ့ချစ်ပရိသတ်ကြီးကို ထူးခြားတဲ့စွမ်းရည်တွေနဲ့Fantasyကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့……ထူးခြားတဲ့အစွမ်းတွေပိုင်ဆိုင်တဲ့ လူငယ်လေးကျိုးချူကဆိုးသွမ်းပြီး ဆန့်ကျင်လိုစိတ်တွေများပါတယ်။အမြဲဒုက္ခတွေရှာလို့ ဝူကျွင့်မြို့သားတွေကသူ့ကိုဒုက္ခအိုးလို့သဘောထားကြတယ်။ တစ်ညမှာတော့မြို့ပြင်ကကလေးငယ်လေးကိုကယ်ဖို့အတွက် ကျားဘုရင်ရဲ့သားကိုသတ်ခဲ့တယ်။ဒီလိုနဲ့ ကျားဘုရင်က ဝူကျွင့်မြို့ကိုဒုက္ခပေးလာတော့ကျားဘုရင်နဲ့တိုက်ခိုက်တဲ့အချိန်မှာကျိုးချူကဒဏ်ရာအပြင်းအထန်ရသွားပြီးအစွမ်းတွေပျောက်သွားခဲ့တယ်။ သာမန်လူလို့ဖြစ်သွားတဲ့အချိန်မှာ ကျိုးချူကပြည်သူတွေရဲ့မေတ္တာနဲ့ စောင့်ရှောက်မှုကိုခံယူပြီးသူအရင်တုန်းလုပ်ခဲ့တာတွေကမှားမှန်းသိသွားခဲ့တယ်။သူရဲကောင်းတစ်ယောက်ရဲ့တာဝန်ကိုနားလည်သွားပြီးကျားဘုရင်နဲ့နောက်ဆုံးအကြိမ်တိုက်ဖို့ဆုံးဖြတ်လိုက်တယ်။အထူးeffectတွေနဲ့ သိုင်းချတဲ့အခန်းတွေတစ်ဝကြီးကြည့်ရင် ဘာတွေဆက်ဖြစ်မလဲ ဆက်ကြည့်လိုက်ပါနော်။...
Blowback (2022) ⭐IMDB: 4.2/10 (793 Votes) 🎬 #Uncategorized #Action #Mystery #Thriller #Crime 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bloback 2022 ဒီရုပ်ရှင်ကားလေးဟာ ၂၀၂၂ ရဲ့ အက်ရှင်ကားလေးတွေထဲမှာနေရာတစ်နေရာစာဝင်ယူထားတဲ့ကားကောင်းလေးဆိုရင်လည်း မှားမယ်မထင်ပါဘူး။ချစ်ခြင်း၊ မုန်းခြင်းမပါဘဲ မိမိဘာသာ rating ပေးရရင်တော့ 6/10 ပေးရမယ့်ကားလေးဖြစ်ပြီးတော်တော်လေးကြည့်ပျော်မယ့် အက်ရှင်ကားလေးလည်းဖြစ်ပါတယ်။ တစ်ခါတလေတော့ ဘဝဆိုတာ သောက်ပြဿနာတွေတက်တဲ့အခါ တစ်ခုပြီးတစ်ခုပြုံပြီးတက်ပေမဲ့သောက်ကောင်းတွေကျတော့ အခါတစ်ထောင်မှ တစ်ခါလာတဲ့အထိရှားပါတယ်။ဒီလိုပါပဲ မစ်ရှင်တွေကို အောင်မြင်မယ်ထင်ထားခဲ့ပေမဲ့အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်လိုက်၊ ကျရှုံးလိုက်ဖြစ်နေရတဲ့အခါအဲလိုအခြေအနေကြီးက ဘယ်လိုရုန်းထွက်ရမလဲပေါ့။ ကျွန်တော်အနေနဲ့အားပေးရမယ်ဆိုရင် လဲကျသွားတဲ့အခါ ပြန်မထပါနဲ့။အိပ်နေလိုက်ပါ၊ အနည်းဆုံးတော့ အိပ်ရေးဝတာပေါ့။ဒါပေမဲ့ မင်းသားကတော့ ပြန်ထတယ်။ ပြန်ကြိုးစားတယ်ဗျ။သူ့မှာက သေအံ့ဆဲဆဲသမီးလေးကို ဆေးကုသဖို့အတွက် ရှာဖွေဖို့လိုတာကိုး။ဒီတော့ဗျာ။ ဒီရုပ်ရှင်ကားလေးထဲမှာဆိုရင် မင်းသားနဲ့ သူသူငယ်ချင်းတစ်သိုက်က ဘဏ်တစ်ခုကို ဓားပြတိုက်ကြတယ်ပေါ့။ဟောလိဝုဒ်ကားတွေရဲ့ထုံးစံအတိုင်း ရှယ်စီစဉ်ပြီးတော့ကို တိုက်တာပေါ့ဗျာ။ ဘတ်မန်းလိုတော့ ပလန်ဘီမရှိဘူးပေါ့။ဒီတော့ သူတို့တွေ ဘဏ်ဓားပြတိုက်တာက အောင်မြင်သွားလား၊ဘာကြောင့် ရှယ်စီစဉ်ပြီးတော့ကို သရဲမရဲ တိုက်ဖို့ကြိုးစားကြတာလဲ၊မင်းသားရဲ့ရည်းစားဟောင်းနဲ့ မင်းသားတို့အခြေအနေ၊မင်းသားရဲ့သမီးလေး လျှောမလျှော(မင်းသားသမီးဆိုပြီး မလျှောဘူးမထင်နဲ့ဗျနော်)ဘာတွေဆက်ဖြစ်မလဲဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရမယ့်၂၀၂၂ ခုနှစ်ထွက် အက်ရှင်ဇာတ်ကားလေးဖြစ်တဲ့ Blowback 2022 ထဲမှာ ခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျာ။ အညွှန်း နဲ့ ဘာသာပြန်ကတော့San Thu Aungပဲ ဖြစ်ပါတယ်...
Watcher (2022) ⭐IMDB: 6.3/10 (43 k Votes) 🎬 #Drama #Horror #Thriller #Mystery 🗓 2022 🎞 movie 🌎 #Romania #UnitedArabEmirates #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Watcher (2022) Box office တန်းဝင်တဲ့ သည်းထိပ်ရင်ဖို ဇာတ်ကားမျိုး ကြည့်ရှုချင်တဲ့ ပရိသတ်တွေအတွက်ပါ။ ဇာတ်လမ်းအညွှန်းလေးကတော့ …ဂျူလီယာက သူ့ရဲ့ ချစ်ခင်ပွန်းနဲ့ ရိုမေးနီးယားကို ပြောင်းရွှေ့လာခဲ့တဲ့ အမေရိကန်သူလေးပေါ့။ ရိုမေးနီးယားစကားမပြောတတ်တော့ တိုင်းတစ်ပါးကို ရောက်ခါစမှာ သူ အတော်လေး အထီးကျန်ရပါတယ်။ အထီးကျန်ရတဲ့ကြားထဲမှာမှ သူ့ကို စောင့်ကြည့်နေတဲ့ သူ တစ်ယောက်က ရှိနေပြန်ပါတယ်။ အဲဒီအကြောင်း သူ့ယောက်ျားကို ပြောပြပေမဲ့ အလုပ်များတဲ့ horror ရုပ်ရှင်တို့ရဲ့ ထုံးစံအတိုင်း ယောက်ျားဖြစ်သူက မယုံပြန်ပါဘူး။ တကယ်တမ်း စောင့်ကြည့်နေတဲ့ အဲဒီလူရဲ့ ရည်ရွယ်ချက်က ဘာလဲ?လူကောင်းလား? လူဆိုးလား?ဂျူလီယာတစ်ယောက် ဘယ်လိုဖြစ်ရပ်တွေနဲ့ ကြုံတွေ့ရမလဲ? ဆိုတာကို ဇာတ်ကောင် ဂျူလီယာ နဲ့အတူ အသည်းတယားယား စောင့်ကြည့်လိုက်ရအောင်နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့May Myat Thuပါ။)...
Collision (2022) ⭐IMDB: 4.2/10 (1 k Votes) 🎬 #Crime #Drama #Thriller 🗓 2022 🎞 movie 🌎 #SouthAfrica ⏰ 1 နာရီ 40 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Collision (2022) အာဖရိက ရုပ်ရှင်တွေကို စင်တင်ပေးဖို့ ကြိုးစားနေတဲ့ Netflix ရဲ့ ကြိုးစားအားထုတ်မှုလေးပါ။ ဒီဇာတ်ကားလေးကတော့ တောင်အာဖရိကနိုင်ငံ ဂျိုဟန်ဘတ်မြို့ကို အခြေတည်ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအစမှာတော့ ယာဉ်တိုက်မှု တစ်ခုနဲ့ အစပြုထားပြီး အဲဒီနောက်မှာတော့ ဂျိုဟန်ဆိုတဲ့ ကုမ္ပဏီလုံခြုံရေးခေါင်းဆောင်က ဘဏ္ဍာစီမံမှူးအဖြစ် ရာထူးတိုးဖို့ ကြိုးစားနေတာတွေ့မြင်ရမှာပါ။ ခေတ်ကာလကတော့ လူဖြူလူမည်း ခွဲခြားမှုတွေ ရှိနေဆဲအပြင် ဂျိုဘတ်မြို့သားတွေက နိုင်ဂျီးရီးယန်းတွေနဲ့ ဇင်ဘာဘွေနိုင်ငံသားတွေကိုပါ မကျေမနပ် ဖြစ်နေကြတဲ့ အချိန်လေးပေ့ါ။ ဂျိုဟန်ရဲ့ ဇနီးနဲ့ ဂျစ်ကန်ကန်သမီး နစ်ကီတို့က အမေရိကန်သွားဖို့ ကိစ္စနဲ့ ပတ်သက်ပြီး စကားများနေကြပါတယ်။ နစ်ဟာ အမေရိကား ခရီးကို လုံးဝစိတ်မဝင်စားဘဲ ကျောင်းလစ်ပြီး လူမည်း ရည်းစား ဆီဆဲလ်နဲ့ အတူ ကလပ်တက် ဆေးရှူ လုပ်ဖို့လောက်ပဲ စိတ်ဝင်စားပါတယ်။ တစ်ဖက်မှာတော့ ဘရာဆိုးဆိုတဲ့ လူဆိုးဂိုဏ်း ခေါင်းဆောင်တစ်ယောက်ကို အမေချစ်သား အနေနဲ့လည်း မျက်နှာနှစ်ဖက်နဲ့ တွေ့မြင်ရမှာပါ။ပိုက်ဆံငါးသန်း မရှာနိုင်ရင် သူ့ရဲ့ ကျောင်းဆောက်တဲ့ ပရောဂျက်ကို ပိတ်ပစ်မယ်လို့ မြို့တော်ဝန်က ခြိမ်းခြောက်လိုက်တော့ သူလည်းနစ်ကို ပြန်ပေးဆွဲပြီး ငွေငါးသန်းညှစ်ပါတော့တယ်။ အဲဒီအချိန်မှာပဲ နိုင်ငံခြားသားတွေကို ဆန့်ကျင်တဲ့ အဓိကရုဏ်းတွေ ဖြစ်ပေါ်လာပါတယ်။ ရုန်းရင်းဆန်ခတ် အခြေအနေတွေကြားမှာ သမီးကို ပြန်ရဖို့ သူ့ရဲ့ မိဘတွေ ဘယ်လိုကြိုးစားအားထုတ်ကြမလဲ?ဘာတွေဆက်ဖြစ်မလဲ? ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက် ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့Poantပါ။)...
Maamanithan (2022) ⭐IMDB: 6.4/10 (726 Votes) 🎬 #Bollywood #Drama 🗓 2022 🎞 movie 🌎 #India ⏰ 2 နာရီ 2 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်တော့ IMDB မှာ 7.7 ရရှိထားပြီး တောင်ပိုင်းနာမည်ကြီးမင်သား ဗီဂျေးစည်သူပသီ ပါဝင်သရုပ်ဆောင်ထားတဲ့ Maamanithan ဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ကရစ်ရှနာဆိုတာ ရွာလေးတစ်ရွာမှာ သုံးဘီးလေးမောင်းရင်း အသက်မွေးဝမ်းကြောင်းတဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ စိတ်ကူးအိမ်မက်လေးကတော့ သာယာတဲ့မိသားစုဘဝလေးကို တည်ထောင်ပြီး သူကိုယ်တိုင် စိတ်ကြိုက်ဆောက်လုပ်ထားတဲ့ စိတ်ကူးယဉ်အိမ်လေးထဲမှာ နေချင်သူဖြစ်ပါတယ်။ ဒီလိုနဲ့ သဘောကျတဲ့ အမျိုသမီးနဲ့လက်ထပ်ပြီး မိသားစုဘဝလေးကို တည်ထောင်တဲ့အခါမှာ သူအနေနဲ့ အလုပ်ကိုပိုကြိုးစားဖို့ဖြစ်လာပါတော့တယ်။ သုံးဘီးမောင်းရင် တစ်ဖက်တလမ်းကနေပြီး ပွဲစားအလုပ်ကို တွဲဖက်လုပ်ကိုင်တဲ့အခါမှာတော့ သူ့ရဲ့ဘဝမှာ ထင်မှတ်မထားတဲ့ အပြောင်းလဲနဲ့ကြုံရပါတော့တယ်။ ယုံကြည်လို့ရမယ်ထင်ထားသူရဲ့ သစ္စာဖောက်မှုကြောင့် သူရဲ့သာယာတဲ့မိသာစုလေးဟာ နေ့ချင်းညချင်းပဲ လောကဒဏ်ရဲ့ ရိုက်ချက်တွေကို ခံရပါတော့တယ်။ ကရစ်ရှနာတစ်ယောက် လောကဒဏ်ရဲ့ ရိုက်ချက်တွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ? သူ့ရဲ့မိသားစုကရော ပြသနာတွေကို ဖြေရှင်းရာမှာသူ့ဘက်က ရပ်တည်ပေးမှာလား? သစ္စာဖောက်တဲ့သူကရော ဘယ်သူလဲ? အစရှိတဲ့ မေးခွန်းတွေကို အဖြေရှာရင်း ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။...
