uk
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
The Abductress (2014) ⭐IMDB: 4.8/10 (46 Votes) 🎬 #Adult #Drama #Historical #Youth #Romance #Comedy #Mystery 🗓 2014 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 30 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ***************************************************** မို့ဝန်းနဲ့ ဟန်မွန်းတို့က အမှုထမ်းစာ​​မေးပွဲကို အကြိမ်ကြိမ်ကျ​နေတဲ့သူ​တွေပါ ဟန်မွန်းက အမှူထမ်းစာ​မေးပွဲကို စိတ်မ၀င်စားဘဲမိန်းက​လေး​​တွေရဲ့ကိုယ်လုံးတီးပုံ​တွေကို ဆွဲရတာ သ​ဘောကျ​တဲ့သူပါ .. မို့ဝန်းက​တော့ သင်္ချာဘာသာကို အလွန်စိတ်၀င်စားတဲ့​ကျောင်းသားလေးပေါ့ .. ရူက​တော့ ဂျပန်ဘာသာစကားကို စိတ်၀င်စားပြီးဘာသာပြန်တစ်​ယောက်ဖြစ်ဖို့ ကြိုးစား​နေတာပါ .. အ​ဖေ​တွေကို မလွန်ဆန်နိုင်တာ​ကြောင့် စိတ်မ၀င်စား​ပေမဲ့လည်းအမှုထမ်းစာ​မေးပွဲကို ဝင်​ဖြေခဲ့ရပါတယ် တစ်​​နေ့သူတို့​ကျောင်းကို ​ကျောင်းသူ ၃​ယောက်​ပြောင်းလာတဲ့အချိန်ကစပြီးအ​ခြေအ​နေ​တွေ​ပြောင်းလဲသွားပါတယ် .. တစ်ည ရူနဲ့ မို့ဝန်းဟာ ပြန်​ပေးဆွဲခံရပြီး အလိုမတူဘဲ မုဒိမ်းကျင့်ခံလိုက်ရပါတယ်အဲဒီလိုနဲ့ သူတို့ကို မုဒိမ်းကျင့်တဲ့သူ​​တွေကို လိုက်ရှာကြပါ​တော့တယ် .. သူတို့ကို အဲဒီလိုလုပ်တာဟာ အသစ်​ပြောင်းလာတဲ့ ​ကျောင်းသူ​လေး​တွေလားဒါမှ မဟုတ် တခြား ဘယ်သူ​များဖြစ်မလဲဆိုတာကိုဘယ်လိုအချက်နဲ့လိုက်ရှာကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှူကြရမှာပဲဖြစ်ပါတယ်
...

I Think I Love My Wife (2007) ⭐TMDB: 54% User Score 🎬 #Comedy #Drama #Romance 🗓 2007 🎞 movie 🌎 #India #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 I think I love My wife (2007) Grown Ups ထဲက ဟာသမင်းသား Chris Rock ရဲ့ နောက်ထပ်ခွီနေရမဲ့ အိမ်ထောင်ရေးဟာသဇာတ်လမ်းကောင်း တစ်ပုဒ်ပဲဖြစ်ပါတယ်။ မိခင်ကောင်း ဇနီးချောလေးကိုပိုင်ဆိုင်ထားတဲ့ အိမ်ထောင်သက်တမ်း 7 နှစ်ပြည့်ပြီဖြစ်တဲ့ Richard Cooper ဘဝက အရာရာပြည့်စုံနေတယ်လိုထင်ရပေမဲ့ တကယ်တော့ Richard တစ်ယောက် ရင်ထဲလောင်နေတာအတော်ကြာပါပြီ။ ပြဿနာကတော့ သူ့ဇနီးကောင်းလေးက စိတ်လှုပ်ရှားစရာ ရိုမန့်တစ်ရေးရာတွေ ဘာကိုမှစိတ်မဝင်စားတော့ဘဲ အလုပ်ပဲလုပ်နေတဲ့ ပျင်းစရာအိမ်ရှင်မကြီး ဖြစ်နေတာကိုပါပဲ။ အဲဒီအချိန်မှာ Richard ငယ်ငယ်က ကြိတ်စွဲလမ်းခဲ့ရတဲ့ Nikki ဆိုတဲ့ ကလပ်အလှမယ်သူငယ်ချင်းဟောင်းနဲ့ ပြန်ဆုံပြီး Richard ကို သူ့ရဲ့ငြီးငွေ့စရာ အလုပ်နဲ့အိမ်ထောင်သည်ဘဝကနေ ရုန်းထွက်ပြီး အရင်လိုပျော်ရွှင်စိတ်ကြည်နူးစရာတွေ ဖန်တီးပေးပါတော့တယ်။ ဒီလိုနဲ့ Richard တစ်ယောက် သူချစ်တယ်ဆိုတဲ့ဇနီးအပေါ် သစ္စာစောင့်သိမလား အရမ်းလန်းတဲ့ အသစ်လေးနောက်ပါသွားမလားဆိုတာကို ဟာသပေါင်းစုံနဲ့ ကြည့်ရှုရမဲ့ အခွီဇာတ်ကားလေးပဲ ဖြစ်ပါတယ်။
...

Donselya (2024) ⭐TMDB: 0% User Score 🎬 #Adult #Drama #Romance 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 41 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အိုင်းရစ်ဆိုတာ အခုမှ ၁၈ နှစ်ပြည့်စအပျိုဖြန်းလေးတစ်ယောက်ဖြစ်ပြီး မိဘနှစ်ပါး၊ ညီမလေးတစ်ယောက်တို့နဲ့အတူနေထိုင်ပါတယ်။ သူတို့မိသားစုဟာ ဆင်းရဲလွန်းလို့စျေးထဲမှာ ခရုတွေရောင်းပြီးအသက်မွေးရတာဖြစ်တဲ့အတွက် ဆင်းရဲတွင်းကလွတ်ဖို့အမြဲတမ်းဆုတောင်းမျှော်လင့်နေကြတာပါ။ တစ်နေ့တော့ မုဆိုးဖိုသူဌေးကြီးတစ်ယောက် သူတို့အိမ်ရှေ့မှာ ကားဘီးပေါက်ရာကနေ သူ့အဖေရဲ့ဘီးဖာဆိုင်မှာလာပြင်တဲ့နောက် သူတို့ကံကြမ္မာတွေပြောင်းလဲဖို့ဖြစ်လာပါတယ်။ အဲ့ဒီမုဆိုးဖိုသူဌေးဟာ အိုင်းရစ်ကိုမှ မျက်စိကျပြီး အိုင်းရစ်သာအပျိုစစ်မယ်ဆိုရင် ငွေငါးသန်းနဲ့တောင်းရမ်းလက်ထပ်ဖို့ကမ်းလှမ်းလာခဲ့လို့ပါပဲ။ အိုင်းရစ်ဟာ တကယ်ပဲ ငါးသန်းတန်အပျိုစင်လေးလား? သူဌေးကြီးရဲ့ရည်ရွယ်ချက်ကရော ရိုးရှင်းရဲ့လား? သူတို့မိသားစုရဲ့ ကံကြမ္မာတကယ်ပဲပြောင်းလဲတော့မှာလားဆိုတာကို ဇာတ်ပို့မင်းသမီးလေးတွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့တစ်ဂျိမ်းဂျိမ်းရှုစားရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)
...

Hesitation Wound (2023) ⭐IMDB: 6.7/10 (506 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Turkey #France #Romania #Spain ⏰ 1 နာရီ 20 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hesitation Wound (2023)IMDb – 6.7/10 2023ခုနစ်ကထွက်ရှိခဲ့တဲ့ တူရကီရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ အမေဖြစ်သူ ဖြစ်စေချင်တဲ့အတိုင်းပြည်သူတွေဘက်ကရပ်တည်ပေးမဲ့ ရှေ့နေတစ်ယောက်ဖြစ်လာခဲ့တဲ့ ရှေ့နေကာနန်။ သူရင်ဆိုင်နေရတဲ့ ဒုက္ခသုခတွေကို ဖော်ကျူးရိုက်ကူးထားတဲ့ရုပ်ရှင်။ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို သဘောဆန္ဒအရ လှူဒါန်းခဲ့ပြီး နောက်ဆုံးအချိန်ရောက်နေတဲ့မိခင်ဖြစ်သူရယ် တရားသူကြီးတစ်ယောက်ရယ် သူ့အမှုသည် လူသတ်မှုသံသယတရားခံရယ်ကြားမှာဗျာများရင်း ရင်ဆိုင်ဖြေရှင်းမဲ့ ကာနန်ဆိုတဲ့ အမျိုးသမီးရှေ့နေလေးကို ရှုစားကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Teamဖြစ်ပါတယ်)
...

The New Guy (2002) ⭐TMDB: 59% User Score 🎬 #Comedy 🗓 2002 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Imdb rating – 5.8/10 ဒီကားလေးကတော့ အမေရိကန် ကျောင်းသားဟာသကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဒစ်ဇ်က အထက်တန်းကျောင်းသားတစ်ဦးဖြစ်ပြီး အတန်းထဲမှာ အနိုင်ကျင့်ခံအရှုံးသမားတစ်ယောက်ပါ။ ဒါပေမဲ့ စီနီယာနှစ်မှာတော့ အဲဒါကိုပြောင်းလဲဖို့အတွက်ကြိုးစားရင်း မတော်တဆမှုဖြစ်ပြီး လူရယ်စရာဖြစ်သွားပါတယ်။ စိတ်ညစ်ညစ်နဲ့ ချာ့ခ်ျဂီတအဖွဲ့ထဲ၀င်ကြွယ်လိုက်တာ တစ်ညဂျေးအောင်းလိုက်ရပြီး လူသာဆိုတဲ့ဘဲကြီးဆီအရှုံးသမားကနေ လူကြမ်းကြီးဖြစ်ဖို့ နည်းစနာယူပညာသင်ပါတော့တယ်။ ကျောင်းလည်းပြောင်းလိုက်ပြီးတော့ နာမည်ပါပြောင်း သင်လာသမျှပညာတွေထုတ်သုံးပြီး ဒစ်ဇ်တစ်ယောက် သူဖြစ်ချင်သလို လူကြမ်းကြီးဖြစ်အောင် ကြိုးစားတဲ့အကြောင်း ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မှာပါ။ plotက အကောင်းကြီးမဟုတ်ပေမဲ့ ခွီပဲခွီချင်တယ်ဆိုတဲ့ ကြည့်ရှုသူတွေအတွက် ရွေးချယ်ဖို့အဆင်ပြေတဲ့ကားလေးဖြစ်တာကြောင့် တင်ဆက်ပေးလိုက်ပါတယ်။
...

Boat People (1982) ⭐TMDB: 76% User Score 🎬 #Drama 🗓 1982 🎞 movie 🌎 #China #HongKong ⏰ 1 နာရီ 49 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၁၉၇၅မှာ ဗီယက်နမ်ပြည်တွင်းအခြေအနေတွေကြောင့် ဗီယက်နမ်ဒုက္ခသည်တွေဟောင်ကောင်ကို လှေတွေနဲ့ ထွက်ပြေးလာခဲ့ကြတယ်။ အဲဒီဗီယက်နမ်ဒုက္ခသည်တွေကိုBoat People လို့ခေါ်ကြတယ်။ ဒါကို ၁၉၇၉မှာ Hong Kong New Waveရဲ့အခရာတွေထဲကတစ်ယောက်ဖြစ်တဲ့ အမျိုးသမီးဒါရိုက်တာ Ann HuiကThe Boy From Vietnamဆိုတဲ့ ဒိုကူမန်ထရီတစ်ကားရိုက်ခဲ့တယ်။ ၁၉၈၁မှာ ချောင်ယွန်ဖတ်နဲ့ The Story of Woo Viet ဆိုတဲ့တစ်ကားကို ဆက်ရိုက်ခဲ့တယ်။ဒီကားမှာ ချောင်ယွန်ဖတ်က ဗီယက်နမ်ဖွား တရုတ်အနေနဲ့ သရုပ်ဆောင်ထားတယ်။နောက်ဆုံးနဲ့ အကျော်ကြားဆုံးရုပ်ရှင်ဖြစ်တဲ့ Boat Peopleမှာတော့ ဆိုင်ဂုံကျပြီးဗီယက်နမ်စစ်ပွဲအပြီး ဗီယက်နမ်ရဲ့ ပြန်လည်ထူထောင်ရေးကာလ ဗီယက်နမ်ရဲ့ပြည်တွင်းရေးအခြေအနေကို ပြထားတယ်။ အင်္ဂလိပ်နာမည်က နည်းနည်းတော့အကောက်လွဲနေတယ်လို့ ပြောကြတယ်။ ဒီကားမှာ Boat Peopleတွေပါပေမဲ့Boat People တွေအကြောင်းထက် ကွန်မြူနစ်လက်အောက်ကဗီယက်နမ်တွေရဲ့ဒုက္ခကို အဓိကပြထားတယ်လို့ဆိုတယ်။ တရုတ်နာမည်ကတော့‌ “Run Towards the Angry Sea”ဆိုတဲ့ အဓိပ္ပာယ်ရတယ်။ဒါတော့ ဇာတ်ကားနဲ့ကွက်တိပဲလို့ ဆိုကြတယ်။ တရုတ်အကယ်ဒမီပေးပွဲမှာ Best Picture, Best Director, Best New Performer,Best Screenplay, and Best Art Direction စတဲ့ ဆုတွေရခဲ့သလို1983 Cannes Film Festivalမှာလည်း ဆန်ခါတင်ဝင်ခဲ့တယ်။ပြီးခဲ့တဲ့နှစ်တစ်ရာအတွင်း အကောင်းဆုံးတရုတ်စကားပြောရုပ်ရှင်တစ်ရာစာရင်းမှာ နံပါတ်၈ချိတ်ခဲ့တယ်။အန်ဒီလောင်ကလည်း ဒီကားမှာ တက်သစ်စအနေနဲ့ပါဝင်ခဲ့ပြီး ဇာတ်ပို့ဆုရခဲ့ဖူးတယ်။တရုတ်ကားဆိုပေမဲ့ အန်းဟွေက ဗီယက်နမ်မှာ ဇာတ်အိမ်တည်ပြီးဗီယက်နမ်ရေးရာတွေကိုပဲ ပြထားတော့ တရုတ်ကားဆိုတဲ့ ဖီလင်တောင် သိပ်တော့မရနေပါဘူး။ ဗီယက်နမ်ကို သတင်းလာယူတဲ့ ဂျပန် ဓာတ်ပုံသတင်းထောက်ကို အဓိကဇာတ်ကောင်အဖြစ်ထားထားတယ်။သူကတော့ စစ်ပွဲမနိုင်ခင်ကလည်း ဗီယက်နမ်ကို ရောက်ခဲ့ပြီး သူ့ကြောင့် သူတို့အခြေအနေကိုနိုင်ငံတကာက သတိထားမိသွားတာဆိုတော့ သူ့ကို အရာရှိတွေကိုယ်တိုင်ပြန်လည်ထူထောင်ရေးနေရာတွေကို သေချာလိုက်ပို့ပေးကြတယ်။ဒါပေမဲ့ ဓာတ်ပုံသတင်းထောက်ဟာ သူ့ဘာသာ ဓာတ်ပုံတွေလိုက်ရိုက်ရင်းသူ့ကိုပြထားတာက ဗီယက်နမ်ရဲ့ တကယ့်ပြန်လည်ထူထောင်ရေး အခြေအနေမှန်မဟုတ်ဘဲသူတို့ပြချင်တဲ့ကောင်းတဲ့နားတွေကိုပဲ ပြထားတယ်ဆိုတာကိုသိလာရတဲ့ အကြောင်းကို အဓိကထားပြထားတယ်။ ဒါတွေကို အဓိကထားပြပေမဲ့လည်း သတင်းထောက် သံယောဇဉ်တွယ်မိတဲ့ဗီယက်နမ်မိသားစုနဲ့ သူ့အခြေအနေကို အဆုံးထိ ဇာတ်ရှိန်အပြည့်နဲ့ ပုံဖော်သွားတာလည်းဆက်တိုက် အရှိန်ကျဘဲ စိတ်ဝင်စားစရာကောင်းတယ်။ ဒီရုပ်ရှင်ဟာ ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။
...

Strawman (2023) ⭐TMDB: 43% User Score 🎬 #Drama #History 🗓 2023 🎞 movie 🌎 #Poland ⏰ 1 နာရီ 55 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Figurant ဟာ ဒါရိုက်တာကြီး Robert Gliński ရဲ့ လက်ရာဖြစ်ပြီးတော့ နိုင်ငံရေး၊ဒရာမာဆန်ဆန် နဲ့ ပိုလန်နိုင်ငံရဲ့ကွန်မြူနစ်ကာလအတွင်းမှာ Bronek Budny ဆိုတဲ့ လျှို့ဝှက်အရာရှိတစ်ယောက်က Pope John Paul II ဖြစ်လာမယ့် Karol Wojtyła ကို နှစ် ၂၀ ကျော်ကြာစောင့်ကြည့်နေတဲ့ အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ် ဒီလိုစောင့်ကြည့်နေရင်းနဲ့ Budny က အလုပ်အနေနဲ့စခဲ့ရတဲ့တာဝန်ကို သူ့ရဲ့ pesonal ကိစ္စတစ်ခုအနေနဲ့ မြင်သွားပြီးတော့လိုက်စုံစမ်းပါတော့တယ်။ Mateusz Więcławek က Budny အနေနဲ့ သရုပ်ဆောင်ထားပြီးတော့၊ ဇာတ်ကောင်ရဲ့ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကိုလည်း ပီပြင်စွာ သရုပ်ဆောင်ထားပြီးတော့ ဇာတ်ညွှန်းကိုတော့ Andrzej Gołda ကရေးသားထားပါတယ်၊ Adam Bajerski ရဲ့ ရုပ်ရှင်ရိုက်ချက်တွေနဲ့ ဒီရုပ်ရှင်က အရမ်းကြည့်လိုကောင်းနေပါပြီ ဒီ Strawman ရုပ်ရှင် ကို ပိုလန်နိုင်ငံ မှာ ရုံတင် ပြသရာကနေမှတစ်ဆင့် ပရိသတ်တွေရဲ့ရင်ထဲကိုအရောက်ပို့နိုင်ခဲ့ပါတယ်
...

Lambran da Laana (2024) ⭐IMDB: 5.8/10 (25 Votes) 🎬 #Bollywood #Comedy #Drama #Fantasy 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 10 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Lambram Da Laana (2024) “အစဥ်အလာနဲ့ ချစ်ခြင်းတရားလွန်ဆွဲပွဲ IMDB 5.8/10 ရရှိထားတဲ့အပြင် အသစ်စက်စက်ထွက်ရှိထားတဲ့ဘောလီးဝုဒ်ဟာသဒရမ်မာကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မိသားစုအကြားကျိန်စာမိပြီး လပြည့်ညရောက်တိုင်း ဖခင်ဖြစ်သူနဲ့ဦးလေးဖြစိသူထံဝိဉာဥ်ဝင်ပူးပြီး တစ်ရွာလုံးကို ခြောက်လှန့်နေလို့ဗျာများနေရတဲ့ လမ်ဘာမိသားစု…. မိသားစုထဲမှာ သားအကြီးဆုံးလည်းဖြစ်တဲ့အပြင်စစ်သည်တော်အဖြစ်နယ်စပ်မှာတာဝန်ထမ်းဆောင်နေပြီးခေတ်အသိခေတ်အမြင်ရှိတဲ့ Jeet …ရွာကိုပြန်လာပြီးဖခင်နဲ့ဦးလေးကိုဆေးကုသပေးဖို့ပြောဆိုရင်း လိုက်ပို့ရာကဆေးခန်းက Rano ဆိုတဲ့ကောင်မလေးကိုချစ်ကျွမ်းဝင်မိသွားခဲ့ရာကမိသားစုနဲ့အချစ်နဲ့အကြားမှာလွန်ဆွဲပွဲဆင်နွဲရဖို့ ဖြစ်လာတဲ့အခါမှာတော့….. ဇာတ်ကားလေးက အချစ်၊ ဟာသတွေနဲ့ ကြွကြွရွရွပေါင်းစပ်ထားတာမလို့ကြည့်ရှုသင့်တဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကို CM Bollywood Team က ရေးသားပေးထားပါတယ်)
...

Oosaravelli (2011) ⭐IMDB: 6.5/10 (4 k Votes) 🎬 #Action #Bollywood #Comedy #Drama #Thriller #Crime #Romance 🗓 2011 🎞 movie 🌎 #India ⏰ 2 နာရီ 42 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Oosaravelli 2011 (ပုတ်သင်ညိုကောင်)==============================2011ခုနှစ်ကထွက်ရှိထားပြီး ရိတ်တင်လဲကောင်းမင်းသမီးချောလေး သမန်းနားရဲ့အလှတွေနဲ့ ရောစပ်ဖန်တီးထားတဲ့ဘောလိဝုဒ်ရုပ်ရှင်ကားဟောင်းတကားကို တင်ဆက်ပေးချင်ပါတယ် လူမိုက်လောကမှာ နာမည်ကြီးတဲ့ တိုနီဆိုတဲ့ လူငယ်လေးတစ်ယောက်၊သူ့ရဲ့ သတင်းတွေကတော့ မွှေးပျံ့နေရုံတင်မဟုတ်ဘဲသူ့အကြောင်းကိုမေးကြည့်လိုက်ရင် လူတစ်ယောက်ကိုတစ်မျိုးဖြေတဲ့အထိ သူ့ရဲ့ ဇာတ်ရုပ်က ပြောင်းလဲလွန်းတဲ့အတွက်လူတွေကတော့ သူ့ကို ပုတ်သင်ညိုဆိုပြီးတင်စား ခေါ်ဆိုကြပါတယ်။ ဒီလိုနဲ့ တိုနီတစ်ယောက် ကတ်ရှ်မီးယားဘက်ကို အလည်သွားရင်းအကြမ်းဖက်သမားတွေရဲ့ ဖမ်းဆီးခြင်းကို ခံရပြီးတော့နီဟာဆိုတဲ့ကောင်မလေးနဲ့ ဆုံတွေ့ခဲ့ရပါတယ်။ အဲဒီလိုဖမ်းဆီးခံနေရတဲ့အချိန်မှာ နီဟာနဲ့ တိုနီတို့ စကားတွေပြောကြရင်းမသေခင် ကောင်မလေးတစ်ယောက်နဲ့ နမ်းချင်တယ်လို့ပြောလိုက်တဲ့ တိုနီ့စကားကြောင့် ပရဟိတမမလေး နီဟာက အနမ်းတစ်ပွင့်ပေးလိုက်ပါတော့တယ်။ ဒါပေမဲ့လည်း ယောက်ျားတွေကို မယုံဘဲ ဇာတ်လမ်းမရှုပ်ချင်တာကြောင့်အဲဒီနေရာကနေ နီဟာတစ်ယောက်တိတ်တိတ်လေးထွက်ပြေးလာခဲ့ပြီးတော့သူ့အိမ်ရှိရာ ဟိုက်ဒရာဘတ်ကို ပြန်လာခဲ့ပါတော့တယ်။ ဘဝရဲ့ ပထမဆုံးအနမ်းကိုရလိုက်တဲ့ တိုနီတစ်ယောက်ကတော့နီဟာ့ကို စွဲလမ်းသွားပြီး နီဟာ့နောက်ကို လိုက်သွားရာကနေ …….ဘာပြောပြောသနားတတ်တဲ့ ပရဟိတမမလေး နီဟာနဲ့ တိုနီတို့ဘယ်လိုတွေ ရှေ့ဆက် ဇာတ်လမ်းဆက်ကြမလဲ ……ဆိုတာကို အချစ်,အလွမ်း,အမုန်း,အကြမ်း,ဟာသရသစုံလင်စွာနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ဒါ့အပြင် မင်းသားကြီး Murli Sharma ကလည်းအားဖြည့်ပါဝင်ထားတာဖြစ်လို့ မလွတ်တမ်းကြည့်ရှရမယ့်ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)
...

Wild Journey (2024) ⭐TMDB: 0% User Score 🎬 #Action #Crime #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 35 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သူဌေးကြီးတစ်ယောက်ဟာ ရှေးဟောင်းကျောက်စိမ်းကွမ်ယင်မယ်တော်ရုပ်တုကိုနိုင်ငံခြားကနေလေလံနဲ့ဝယ်ပြီးတော့ နိုင်ငံတော်ကိုလှူခဲ့တယ်။ဒါပေမယ့် လေဆိပ်မှာပဲ ရုပ်တုဟာလုခံလိုက်ရတယ်။မှောင်ခိုစျေးကွက်မှာ ဒီရုပ်တုဟာ နာမည်အရမ်းကြီးသွားခဲ့တယ်ပါတယ်။ အရမ်းတန်ဖိုးကြီးတဲ့နိုင်ငံ့ရတနာဖြစ်တာကြောင့် လိုချင်တပ်မက်တဲ့သူတွေများပြီးတော့ ဒီရုပ်တုကိုပိုင်ဆိုင်နိုင်ဖို့ အလုအယက်ကြိုးစားနေကြပါတယ်။အဲဒီအချိန်မှာ ပညာမတတ်ပေမယ့် ရိုးသားပြီး ကိုယ်ခံပညာတော်တဲ့တောင်ပေါ်သားတစ်ယောက်က နိုင်ငံ့ရတနာကို မသမာသူတွေလက်ထဲမရောက်အောင် ကာကွယ်ရင်း သူ့ရဲ့သူရဲကောင်းအိပ်မက်ကိုအကောင်အထည်ဖော်သွားတဲ့ အက်ရှင်ကားလေးပဲဖြစ်ပါတယ်။
...

The Digital Hunter (2021) ⭐TMDB: 0% User Score 🎬 #Crime #Drama #Suspense 🗓 2021 🎞 movie 🌎 #China ⏰ 1 နာရီ 38 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့… ချန်ကျန်းဟာအရမ်းတော်တဲ့သင်္ချာ ပညာရှင်တစ်ယောက်ဖြစ်ပါတယ် သူဟာ ဘဏ်မှာစာရင်းသွင်းဖို့သွားရင်း ဘဏ်ဓားပြတိုက်မှုတစ်ခုကို ကြုံခဲ့ရပါတယ် အဲ့ဒီနောက်မှာ ရဲတွေကို လုယက်သူတွေကိုဖမ်းဖို့ မျက်မြင်သက်သေတစ်ယောက်အနေနဲ့ သူ့ရဲ့သချာ်စွမ်းရည်ကိုအသုံးချကာ ကြီးမားစွာအကူအညီပေးခဲ့ပြီး ကိန်းဂဏန်းဝိဇ္ဇာလို့ ဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့ပါတယ် အဲ့ဒီအချိန်မှာ အကြမ်းဖက်သမားတစ်ယောက်က ကိန်းဂဏန်းဝိဇ္ဇာချန်ကျန်းကိုရည်ရွယ်ပြီး မြို့ထဲမှာ ဗုံးတွေဆင်ကာ ပညာစမ်းပါတော့တယ်အကြမ်းဖက်သမားလက်ထဲကနေ အပြစ်မဲ့သူတွေကို ချန်ကျန်းတစ်ယောက်ရဲအရာရှိတွေနဲ့ပူးပေါင်းပြီး သူ့ပညာတွေကို ဘယ်လိုအသုံးချဖြေရှင်းမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာ ဖြစ်ပါတယ်
...

Uruku Patela (2024) ⭐IMDB: 7.0/10 (882 Votes) 🎬 #Bollywood #Comedy #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Uruku Patela 2024 ကြုံရာဆုံရာ ချစ်ဖူးစာ အချစ်ဟာလိုက်လို့ပြေးတာလား ပြေးလို့လိုက်တာလားဆိုတဲ့သီချင်းကပက်တယ်လာအတွက်လားလို့ ပြောရမယ့်ကိန်းဆိုက်နေရှာတဲ့ ချစ်ကံခေသူတစ်ယောက် ငယ်ငယ်ကတည်းက အချစ်ဦးနောက်လိုက်လိုက်တာ အချစ်ဦးကလက်ထပ်ပြီး ဗိုက်တစ်လုံးနဲ့ပြန်ပေါ်လာမှပဲ ပက်တယ်တစ်ယောက်လက်လျှော့ဖို့အတွေးပေါက်မိတော့တယ်။ နှလုံးသားလမ်းကြောင်းမှာ ကျွန်းပဲခံနေသလား ဘာလားတော့မသိပေမဲ့အဲဗားငြင်းခံ ပက်တယ်လာက သူကြီးသားဆိုတော့ ပညာတတ်မိန်းကလေးကိုပဲလက်ထပ်ယူမှာဆိုတဲ့ မာနလေးကလည်း ရှိနေပြန်ပါသတဲ့။ကိုယ်တိုင်ကတော့ ‌ဘွဲ့လေးရဖို့ကို 7 နှစ် 7 လီတက်ရတဲ့ ကျောင်းပျော်ကြီးဆိုပေမဲ့ပေါ့။ ဒီလိုနဲ့ သူငယ်ချင်းမင်္ဂလာဆောင်မှာ အချစ်ဦးက ကိုယ်ဝန်ကြီးနဲ့မလို့အသည်းကွဲပြီး မူးနေရင်းကနေ သတို့သမီးသူငယ်ချင်းအက်ရှ်ရှာရာဆိုတဲ့ ကောင်မလေးကို တွေ့သွားတဲ့အခါမှာတော့… အချစ်ကိုရဖို့ဆို နွားသိုးကြိုးပြတ် ကြိုးစားနိုင်လွန်းသူ ပက်တယ်လာနဲ့ဆရာဝန်မလေးရဲ့ဇာတ်လမ်းကရော ဘယ်လိုရှေ့ဆက်မလဲ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)
...

Boat People (1982) ⭐TMDB: 76% User Score 🎬 #Drama 🗓 1982 🎞 movie 🌎 #China #HongKong ⏰ 1 နာရီ 49 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၁၉၇၅မှာ ဗီယက်နမ်ပြည်တွင်းအခြေအနေတွေကြောင့် ဗီယက်နမ်ဒုက္ခသည်တွေဟောင်ကောင်ကို လှေတွေနဲ့ ထွက်ပြေးလာခဲ့ကြတယ်။ အဲဒီဗီယက်နမ်ဒုက္ခသည်တွေကိုBoat People လို့ခေါ်ကြတယ်။ ဒါကို ၁၉၇၉မှာ Hong Kong New Waveရဲ့အခရာတွေထဲကတစ်ယောက်ဖြစ်တဲ့ အမျိုးသမီးဒါရိုက်တာ Ann HuiကThe Boy From Vietnamဆိုတဲ့ ဒိုကူမန်ထရီတစ်ကားရိုက်ခဲ့တယ်။ ၁၉၈၁မှာ ချောင်ယွန်ဖတ်နဲ့ The Story of Woo Viet ဆိုတဲ့တစ်ကားကို ဆက်ရိုက်ခဲ့တယ်။ဒီကားမှာ ချောင်ယွန်ဖတ်က ဗီယက်နမ်ဖွား တရုတ်အနေနဲ့ သရုပ်ဆောင်ထားတယ်။နောက်ဆုံးနဲ့ အကျော်ကြားဆုံးရုပ်ရှင်ဖြစ်တဲ့ Boat Peopleမှာတော့ ဆိုင်ဂုံကျပြီးဗီယက်နမ်စစ်ပွဲအပြီး ဗီယက်နမ်ရဲ့ ပြန်လည်ထူထောင်ရေးကာလ ဗီယက်နမ်ရဲ့ပြည်တွင်းရေးအခြေအနေကို ပြထားတယ်။ အင်္ဂလိပ်နာမည်က နည်းနည်းတော့အကောက်လွဲနေတယ်လို့ ပြောကြတယ်။ ဒီကားမှာ Boat Peopleတွေပါပေမဲ့Boat People တွေအကြောင်းထက် ကွန်မြူနစ်လက်အောက်ကဗီယက်နမ်တွေရဲ့ဒုက္ခကို အဓိကပြထားတယ်လို့ဆိုတယ်။ တရုတ်နာမည်ကတော့‌ “Run Towards the Angry Sea”ဆိုတဲ့ အဓိပ္ပာယ်ရတယ်။ဒါတော့ ဇာတ်ကားနဲ့ကွက်တိပဲလို့ ဆိုကြတယ်။ တရုတ်အကယ်ဒမီပေးပွဲမှာ Best Picture, Best Director, Best New Performer,Best Screenplay, and Best Art Direction စတဲ့ ဆုတွေရခဲ့သလို1983 Cannes Film Festivalမှာလည်း ဆန်ခါတင်ဝင်ခဲ့တယ်။ပြီးခဲ့တဲ့နှစ်တစ်ရာအတွင်း အကောင်းဆုံးတရုတ်စကားပြောရုပ်ရှင်တစ်ရာစာရင်းမှာ နံပါတ်၈ချိတ်ခဲ့တယ်။အန်ဒီလောင်ကလည်း ဒီကားမှာ တက်သစ်စအနေနဲ့ပါဝင်ခဲ့ပြီး ဇာတ်ပို့ဆုရခဲ့ဖူးတယ်။တရုတ်ကားဆိုပေမဲ့ အန်းဟွေက ဗီယက်နမ်မှာ ဇာတ်အိမ်တည်ပြီးဗီယက်နမ်ရေးရာတွေကိုပဲ ပြထားတော့ တရုတ်ကားဆိုတဲ့ ဖီလင်တောင် သိပ်တော့မရနေပါဘူး။ ဗီယက်နမ်ကို သတင်းလာယူတဲ့ ဂျပန် ဓာတ်ပုံသတင်းထောက်ကို အဓိကဇာတ်ကောင်အဖြစ်ထားထားတယ်။သူကတော့ စစ်ပွဲမနိုင်ခင်ကလည်း ဗီယက်နမ်ကို ရောက်ခဲ့ပြီး သူ့ကြောင့် သူတို့အခြေအနေကိုနိုင်ငံတကာက သတိထားမိသွားတာဆိုတော့ သူ့ကို အရာရှိတွေကိုယ်တိုင်ပြန်လည်ထူထောင်ရေးနေရာတွေကို သေချာလိုက်ပို့ပေးကြတယ်။ဒါပေမဲ့ ဓာတ်ပုံသတင်းထောက်ဟာ သူ့ဘာသာ ဓာတ်ပုံတွေလိုက်ရိုက်ရင်းသူ့ကိုပြထားတာက ဗီယက်နမ်ရဲ့ တကယ့်ပြန်လည်ထူထောင်ရေး အခြေအနေမှန်မဟုတ်ဘဲသူတို့ပြချင်တဲ့ကောင်းတဲ့နားတွေကိုပဲ ပြထားတယ်ဆိုတာကိုသိလာရတဲ့ အကြောင်းကို အဓိကထားပြထားတယ်။ ဒါတွေကို အဓိကထားပြပေမဲ့လည်း သတင်းထောက် သံယောဇဉ်တွယ်မိတဲ့ဗီယက်နမ်မိသားစုနဲ့ သူ့အခြေအနေကို အဆုံးထိ ဇာတ်ရှိန်အပြည့်နဲ့ ပုံဖော်သွားတာလည်းဆက်တိုက် အရှိန်ကျဘဲ စိတ်ဝင်စားစရာကောင်းတယ်။ ဒီရုပ်ရှင်ဟာ ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။
...

Hustle & Flow (2005) ⭐TMDB: 71% User Score 🎬 #Crime #Drama #Music 🗓 2005 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 56 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hustle & Flow ဆိုတဲ့ ဒီကားက ဘဝမှာ ရုန်းကန်နေကြရတဲ့သူတိုင်း .. ကြိုးစားနေတဲ့သူတိုင်း ကြည့်ရမယ့် ဇာတ်ကားတစ်ကားပါ။ ဇာတ်ကားထဲမှာ အောင်မြင်တဲ့ ရက်ပါ တစ်ယောက် ဖြစ်အောင် ကြိုးစားနေတဲ့ ဖျာခေါင်းတစ်ယောက်ရဲ့ အကြောင်းကို ရိုက်ပြ ပေးထားတာဖြစ်ပါတယ်။ ဖျာခေါင်းတစ်ယောက်ဟာ သူ့ဘဝကို သူကိုယ်တိုင် မရှက်ဘဲ ဘဝရဲ့ ဆင်းရဲ မွဲတေမှုတွေကြားထဲက ရုန်းထွက်ဖို့ ကြိုးစားနေတဲ့အကြောင်း၊ ဂီတဖန်တီးတဲ့အခါ ဘယ်လို အခက်အခဲတွေ ကြုံရတတ်သလဲဆိုတဲ့အကြောင်းနဲ့ သူ့ဘဝအကြောင်း တွေကို ပွင့်ပွင့်လင်းလင်း ဘွင်းဘွင်းရှင်းရှင်း ရွတ်ထားတဲ့ ရက်ပ် စာသားတွေအကြောင်း ဒီကားထဲမှာ ကြည့်ရှုလေ့လာခွင့် ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားထဲမှာ တကယ့် အပြင်က ရက်ပါ Ludacris လည်း ပါဝင် အားဖြည့်ပေးထားပါသေးတယ်။ ဒီဇာတ်ကားက လူရာမသွင်းခံရတဲ့ ဖျာခေါင်းတစ်ယောက်ရဲ့ ဘဝကိုပဲ ရိုက်ပြပေးထားတာ မဟုတ်ပါဘူး။ ဘဝမှာ ဘာတွေပဲ အခြေအနေတွေ ဘယ်လောက်ဆိုးဆိုး ကိုယ့်မှာ ရှိတဲ့ အင်အားနဲ့ ရှေ့ဆက် ကြိုးစားတဲ့ သူတစ်ယောက်အကြောင်း ရိုက်ပြပေးထားတာလည်းဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ အိပ်မက်တွေ .. မျှော်လင့်ချက်တွေအကြောင်း အရမ်းကောင်းတဲ့ မက်ဆေ့နဲ့ ကြည့်ရှုသူတွေ ခွန်အားဖြစ်အောင် ရိုက်ပြထားတဲ့ ဇာတ်ကားတစ်ကားကို ရှာနေတယ်ဆိုရင်တော့ ဒီကားက သေချာပေါက် ကြည့်ရမယ့် ဇာတ်ကားပါပဲ။ ( အညွှန်းနဲ့ ဘာသာပြန်ကတော့ BZW ပဲ ဖြစ်ပါတယ်
...

冒牌大哥 (2024) ⭐TMDB: 0% User Score 🎬 #Comedy #Crime #Drama 🗓 2024 🎞 movie 🌎 #China ⏰ 2 နာရီ 3 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CM ရဲ့ တရုတ်ကားဖန်တွေအတွက် ဒီနေ့မှာတော့ ပညာပေးဇာတ်လမ်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီဇာတ်လမ်းလေးမှာ စွန်းရှောင်ဟောက်ဆိုတဲ့ ကောင်လေးအကြောင်းနဲ့မာထျန်းလျန်ဆိုတဲ့ သက်လတ်ပိုင်း အကြောင်း ကိုပြောပြဖို့လိုမယ်…မာထျန်းလျန်ကတော့ သက်လတ်ပိုင်း… အကင်ဆိုင်ဖွင့်နေသူပေါ့…သူက တစ်နေ့လုပ်မှ တစ်နေ့စားနေရပေမယ့်လည်း တစ်ဖက်မှာငွေတိုးချေးလုပ်ငန်းနဲ့ ငွေရှာရလွယ်ကူနေတဲ့ ဝမ်ဟွေ့ဆိုတဲ့သူ့သူငယ်ချင်းကရဲ့ အားပေးအားမြှောက်မှုကြောင့်… အကြွေးလိုက်သိမ်းသူဖြစ်လာခဲ့တယ်…ဘဝပေးအခြေအနေကြောင့် ငွေရဖို့အတွက် ဘာမဆိုလုပ်ချင်တဲ့သူမျိုးဖြစ်လာတယ်…. ကဲ စွန်းရှောင်ဟောက်ကတော့ မိတစ်ဆိုးလေးမို့ အဖေအလိုလိုက်တာ ခံထားရသူပေါ့…ရုတ်တရက်ကြီး သူ့အဖေသွေးတိုးပြီး ဆေးရုံတက်လိုက်ရချိန်မှာသူ့ကောင်းကင်ကြီး ပြိုကျလာခဲ့တယ်…ဘဝဆိုတာကို စာတွေ့ကလွဲပြီးမသိတဲ့ ၁၉-၂၀ အရွယ်ကောင်လေးက ဒယ်လီလိုက်ပို့ပြီး တစ်နေ့ထက် တစ်နေ့ ပိုပိုမြင့်တက်လာတဲ့အတိုးတွေနဲ့ အကြွေးကို ဆပ်ဖို့ ရုန်းကန်နေရတယ်… ဒီကလေးနဲ့ မာထျန်းလျန်တို့ ဘယ်လို ပတ်သက်မှုရှိတာလဲ…ဘယ်လို သက်ဆိုင်ပြီး မာထျန်းလျန်ကြောင့် ရှောင်ဟောက်ဘဝဘယ်လိုပြောင်းလဲသွားမှာလဲ…ငွေတိုးချေးတယ်ဆိုတာ အခြေခံလူတန်းစားတွေဘဝကို ဘယ်လိုနင်းမြိုသွားတယ်ဆိုတာကို ဒီကားလေးကပြောပြသွားမှာမို့ အတူကြည့်လိုက်ကြရအောင်နော်
...

The Shaolin Boy (2021) ⭐TMDB: 78% User Score 🎬 #Action #Comedy 🗓 2021 🎞 movie 🌎 #China ⏰ 1 နာရီ 16 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါတင်ဆက်ပေးမဲ့ ဇာတ်လမ်းလေးမှာတော့ ဇာတ်ကြောင်းလေးကိုမပြောခင်အရင်ဆုံး ဇာတ်ကောင်လေးတွေနဲ့မိတ်ဆက်ပေးချင်ပါတယ် – ရှောင်လင်ကျောင်းကနေ ကျောင်းပြောင်းလာတဲ့ အသက်ရှစ်နှစ်အရွယ် ကိုရင်လေး ရှောင်ယွီ– အထက်တန်းကျောင်းတိုက်ကွမ်ဒိုပြိုင်ပွဲမှာ အမြဲလိုလိုနိုင်တတ်တဲ့တိုက်ကွမ်ဒိုအဖွဲ့ခေါင်းဆောင် အသက်၁၅နှစ်အရွယ် ချုံနန်– အထက်တန်းကျောင်းတိုက်ကွမ်ဒိုအဖွဲ့ရဲ့ မန်နေဂျာ အသက်၁၅နှစ်အရွယ် ရှောင်လန်– အသက်၁၀နှစ်အရွယ် ချုံနန်ရဲ့ညီမလေးရှန်းရှန်းနဲ့ ရှောင်လန်ရဲ့မောင်လေးရှောင်ပါး သူတို့ငါးယောက်ရဲ့ တွေ့ဆုံဇာတ်လမ်းစပုံလေးကတော့…ချုံနန်တို့မောင်နှမနှစ်ယောက်နဲ့ရှောင်လန်တို့ မောင်နှမနှစ်ယောက်ဟာ အရမ်းကိုရင်းနှီးတဲ့ကျောင်းနေဖက်တွေဖြစ်ပြီးရှောင်ယွီကတော့ ကျောင်းပြောင်းလာကာ ရှောင်လန်တို့အိမ်မှာတည်းနေတဲ့ဧည့်သည်တစ်ယောက်ပါ ရှောင်ယွီ ရှောင်လန်တို့အိမ်ကိုရောက်လာတဲ့နေ့မှာပဲရှောင်လန်ရဲ့အဖေ သိပ္ပံပညာရှင်ကျန်းရှန်းဟာ ထူလင်နံပါတ်ကိုးဆိုတဲ့ပစ္စည်းတစ်ခုကြောင့်လူဆိုးတစ်သိုက်ရဲ့ပြန်ပေးဆွဲခြင်းကို ခံလိုက်ရပါတယ် ဒါတင်မကသေးသူတို့လိုချင်တဲ့ပစ္စည်းက ရှောင်လန်တို့ မောင်နှမနှစ်ယောက်လက်ထဲ ရောက်နေတဲ့အခါမှာလူဆိုးတွေ နည်းလမ်းမျိုးစုံနဲ့ ယူဖို့ကြိုးစားပါတော့တယ် အဲ့ဒီအချိန်မှာသူတို့ငါးယောက် လူဆိုးတွေနဲ့ ဘယ်လိုရင်ဆိုင်မလဲဆိုတာကိုဟာသဆန်ဆန်ရိုက်ကူးထားတာမို့လို့ ဒီဇာတ်ကားလေးကို ပေါ့ပေါ့ပါးပါးလေး ကြည့်ကြရမှာပါနော်
...

Omni Loop (2024) ⭐IMDB: 5.5/10 (1 k Votes) 🎬 #Drama #SciFi #Comedy #ScienceFiction 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Omni loopဆိုတဲ့ ဇာတ်ကားလေးက အချိန်ခရီးသွားခြင်းနဲ့ပတ်သတ်ပြီး ရိုက်ထားတဲ့ကားလေးဖြစ်ပါတယ်။ Rating 83% ရှိပြီး 1987 ကတည်းက သရုပ်ဆောင်လောကထဲကိုဝင်လာခဲ့တဲ့ ဝါရင့်သရုပ်ဆောင် Mary Louise Parkernရဲ့ ဇာတ်ကားအသစ်လေးဖြစ်ပါတယ်။ ရူပဗေဒ ပညာရှင်တစ်ယောက်ဟာ သူ့ကိုယ်သူ အချိန်လှည့်ကြောထဲမှာ ပိတ်နေမှန်းသိရပြီး သူအသက်ရှင်ဖို အချိန်ငါးရက်သာကျန်ပါတော့တယ်။ သူက သူကိုယ်သူပြန်ကယ်တင်ဖိုနဲ့ သူဖြစ်ချင်ခဲ့တဲ့အရာတွေကိုအချိန် နောက်ပြန်ဆုတ်ပြီး ပြန်လုပ်ဖို အချိန်သံသရာစက်ဝန်းရဲ့ ပြဿနာကို ဖြေရှင်းဖိုကြိုးစားပါတော့တယ်။ တစ်နေ့မှာ သူက ထူးချွန်တဲ့ ကျောင်းသူလေးတစ်ယောက်နဲ့မထင်မှတ်ပဲ တွေ့ဆုံပြီး အချိန်စက်ဝန်း ပြဿနာကိုဖြေရှင်းကြတဲ့အခါမှာ ဘာတွေ ဆက်ဖြစ်လာမလဲ…. သူ့မျှော်လင့်ထားတဲ့အတိုင်းဖြစ်လာမလား ဘာတွေရှာဖွေတွေ့ရှိသွားမလဲ ဒီဇာတ်ကားလေးက ရိုးရိုးရှင်းရှင်းနဲ့ စိတ်ဝင်စားမှုတွေကိုဖမ်းဆုတ်နိုင်ပြီး ဘဝရဲ့ အဓိပ္ပါယ် ကို လှလှပပဖော်ပြသွားတဲ့ ကားလေးဖြစ်ပါတယ်။
...

Dominique (2024) ⭐IMDB: 4.8/10 (329 Votes) 🎬 #Action #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #Colombia #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “Dominique” (2024) ဟာ အက်ရှင်အပြည့်နဲ့ စိတ်လှုပ်ရှားစရာ ကားကောင်းတစ်ကားပါ။ အရမ်းကြမ်းတဲ့ လုပ်ကြံသတ်ဖြတ်ရေးသမား တစ်ယောက် ဖြစ်တဲ့ Dominique ဆိုတဲ့ အမျိုးသမီးဟာ သူ့ရဲ့ အရင်အတိတ်က အလုပ်ကို စွန့်လွှတ်ဖို့အတွက် ကိုလမ်ဘီယာမြို့လေးကို ရောက်သွားရာကနေ သူ့ကိုလိုက်လံတဲ့ ရဲတွေနဲ့ မာဖီယားတွေကြားမှာ တိုက်ပွဲဝင်ရပါတယ်။ အဲဒီမှာ သူက ကိုလမ်ဘီယာသားတစ်ယောက်နဲ့ ချစ်ကြိုက်မိပြီး ကိုလံဘီယာ မိသားစုကို ကယ်တင်ပေးရမလား၊ သူ့အသက်ကို သူ ကယ်တင်ရမလားဆိုပြီး ဘေးကျပ်နံကျပ်အခြေအနေ တစ်ခုကို ဆိုက်ရောက်လာခဲ့ပါတယ်။ အသည်းတထိပ်ထိပ်ဖြစ်‌စေတဲ့ အက်ရှင်ခန်း‌‌ပေါင်းများစွာနဲ့အတူ ရင်ခုန်စရာ ကားဖြစ်လို့ အက်ရှင်ကား ချစ်သူတွေ ကြည့်ရမယ့် ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။
...

Unexpectedly Sharing a Room with Boss-Nanami Kodama (SONE-241-Decensored) ⭐- 🎬 #Adult 🗓 - 🎞 video movie 🌎 #Japan ⏰ 2 နာရီ 2 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Nanami Kodama (သို့မဟုတ်) Nanami Ogura ဆိုတဲ့  JAV မော်ဒယ်လေးက SONE စီးရီးက အသစ်တင်ရိုက်ထားတဲ့ JAV မင်းသမီးဖြစ်ပြီး ပေါ်လာတာမကြာသေးပါဘူး။ SONE စီးရီးတွေရဲ့ ထုံးစံအတိုင်း လှပေ့ညွန့်ပေ့ဆိုတဲ့ မင်းသမီးတွေပဲ အသစ်တင်လိုက် ထိုင်ရိုက်လိုက် လုပ်နေတာမလို့ ၂၀၂၄ မှာ မင်းသမီးအသစ်တွေကို ခပ်စိတ်စိတ်မြင်တွေ့လာရတာပါ။ SONE-241-Decensored ဒီဇာတ်လမ်းကတော့ အိမ်မပြန်နိုင်ဘဲ ဘောစ့်အလုပ်တွေဆက်နေတဲ့ညတညအကြောင်းပေါ့။ JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့ ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။ (Dark Side Production မှ တင်ဆက်သည်။)
...

Melk (2023) ⭐IMDB: 6.3/10 (136 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Netherlands ⏰ 1 နာရီ 37 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Melk (2023)IMDB – 6.4/10 ၂၀၂၃ ခုနှစ်ထုတ် ဟော်လန်စကားပြော ရုပ်ရှင်လေး ဖြစ်ပါတယ်။လင်မယားတစ်တွဲဟာ ကလေးပျက်ကြတဲ့အခါ လုပ်သင့်လုပ်ထိုက်တာတွေလုပ်ရင်း တစ်ခု သိလာခဲ့ပါတယ်။ အဲဒါကတော့ သူများထက်စောပြီး မိခင်နို့ရည် ထွက်နေတာပါပဲ။ဖြတ်တဲ့ဆေးသောက်မယ်ဆိုတော့လည်း ဘေးထွက်ဆိုးကျိုး ရှိတာကြောင့်ဒီတိုင်းပဲ အိမ်မှာ နို့ထိုင်ညှစ်နေမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့ များပြားလာတဲ့အခါမှာတော့ နှစ်ယောက်သား မိခင်နို့လှူဘဏ်တွေကိုဆက်သွယ်ပြီး လှူဒါန်းဖို့ ပြောတဲ့အခါ အခက်အခဲလေးတွေ ရှိလာပြီးဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကို ရိုးရှင်းစွာပဲ တင်ဆက်ထားတဲ့ဟော်လန်ကားလေးတစ်ကား ဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်)
...