uk
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Scooby-Doo! Moon Monster Madness (2015) ⭐IMDB: 6.4/10 (2 k Votes) 🎬 #Adventure #Animation #Comedy #Family #Mystery #ScienceFiction #SciFi 🗓 2015 🎞 video movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 19 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ စကူဘီဒူးတို့အဖွဲ့ အာကာသထဲခရီးထွက်ရင်း အမှုတွေဖြေရှင်းကြမှာပဲဖြစ်ပါတယ်။ ဘီလီယံနာသူဌေးကြီးစလိုင်းက အာကာသထဲကို လူတိုင်းသွားလို့ရဖို့အတွက် စီမံကိန်းတစ်ခုလုပ်ထားပါတယ်။ နာမည်ကြီးတွေတင်မဟုတ်ဘဲ သာမန်ပြည်သူတွေပါလိုက်လို့ရအောင်ဆိုပြီး မဲနှိုက်စနစ်နဲ့ ကျပန်းရွေးချယ်လိုက်တဲ့အခါမှာ စကူဘီဒူးတို့သူငယ်ချင်းငါးယောက်က ကံထူးသွားပါတော့တယ်။ ဒီလိုနဲ့ ကမ္ဘာ့ပထမဆုံး အာကာသထဲကို ပြည်သူတွေ ခရီးထွက်တဲ့အခါမှာ ဘာတွေကြုံတွေ့ရမလဲ၊ ဂြိုလ်သားတွေနဲ့ရော တွေ့ကြဦးမလား၊ ဘယ်လိုမျိုး လျှို့ဝှက်ဆန်းကြယ်တဲ့အရာတွေကို စကူဘီဒူးတို့တွေ ဖြေရှင်းကြရမလဲ… အစရှိတာတွေကို ဇာတ်လမ်းလေးကိုကြည့်ရှုခံစားပြီး အဖြေရှာရင်း တစ်ရက်တာအမောလေးတွေကို ဖြေဖျောက်နိုင်ကြပါစေ။
...

The Last Mimzy (2007) ⭐TMDB: 63% User Score 🎬 #Action #Drama #Fantasy #ScienceFiction #Adventure 🗓 2007 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ မစ်ဇီဆိုတဲ့ အမွေးပဝက်ဝံရုပ်ကို ဇာတ်အိမ်တည်ထားတာပါ။ လက်ရှိအချိန်ထက် ရာစုနှစ်ပေါင်းများစွာကြာပြီး လူနေမှုအဆင့်အတန်းလုံးဝကြီးပြောင်းလဲသွားတဲ့အခါ လူသားမျိုးနွယ် ဆက်လက်ရှင်သန်နိုင်ဖိုအတွက်အခက်အခဲဖြစ်ပါတယ်။ ဒီအချိန်မှာ အနာဂတ်က သိပ္ပံပညာရှင်တစ်ယောက်က ယနေခေတ်လူတွေမှာရှိတဲ့ ဒီအန်အေကိုရယူဖိုအတွက် အရုပ်တွေထဲ နာနိုချေ့ပ်တွေထည့်ပြီး အတိတ်ကိုလွှတ်ပါတော့တယ်။
...

Super Size Me (2004) ⭐TMDB: 68% User Score 🎬 #Documentary 🗓 2004 🎞 movie 🌎 #UnitedStates #Bulgaria #Netherlands #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်လမ်းရဲ့ခေါင်းစဉ်အတိုင်း အရာရာတိုင်းက အရွယ်အစားအင်မတန်ကြီးလာတာကို ဖော်ညွှန်းပေးတဲ့ မှတ်တမ်းတင်ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ အသင့်စားအစားတွေ ၂၀၀၀ ခုနှစ်အစမှာ ဘယ်လိုစပြီးတွင်ကျယ်လာသလဲ၊ တွင်ကျယ်လာတဲ့အလျောက် လူတွေအတွက် ဘယ်လိုဘေးဥပါဒ်ဖြစ်လာလဲ၊ အထူးသဖြင့် ကမ္ဘာတစ်ဝှမ်းမှာ စတင်အခြေစိုက်ပြီး အစားအသောက်လောကရဲ့ တစ်ထောင့်တစ်နေရာကို ကြီးစိုးထားနိုင်တဲ့ အသင့်စားကုမ္ပဏီတွေကြောင့် ၂၀၀၀ အစောပိုင်းကစပြီး ကမ္ဘာတစ်ဝှမ်း အထူးသဖြင့် အမေရိကလူတွေအပေါ် ဘယ်လိုဆိုးရွားတဲ့လွှမ်းမှုတွေရှိခဲ့လဲဆိုတာကို အရင်းခံထားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။
...

Legend of Hawes (2022) ⭐IMDB: 3.4/10 (103 Votes) 🎬 #Horror #Western 🗓 2022 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 20 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Legend of Hawes (2022) ရက်စက်ယုတ်မာတဲ့ မသမာသူတွေလက်ချက်နဲ့ အိမ်ပြာကျပြီး မိဘတွေနဲ့မောင်လေးကို အသတ်ခံလိုက်ရပြီးတဲ့နောက်မှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ပညာတတ်မိန်းမပျိုလေးက လက်စားချေဖိုအတွက် တောင်တွေဆီကို ခရီးထွက်လာခဲ့တယ်။ မိန်းမပျိုလေးက မသမာသူတွေကိုသတ်ပြီး လက်စားချေဖို Hawes ဆိုတဲ့ ကျွမ်းကျင်သေနတ်ပစ်သမားကို အလုပ်ခန့်ဖို လိုက်ရှာပါတော့တယ်။ Hawes ကလည်း အဲဒီမသမာသူတွေရဲ့လက်ချက်ကြောင့် ဇနီးနဲ့ သမီးငယ်လေးကို ဆုံးရှုးခဲ့ရတဲ့အမျိုးသားဖြစ်ပြီး သူတိုတွေရဲ့ လက်စားချေခရီးက ဘယ်လိုဆက်ဖြစ်မလဲဆိုတာကို ဒီ Western, Horror ဇာတ်လမ်းသစ်မှာ စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)
...

Bullet Diaries (2023) ⭐IMDB: 5.0/10 (145 Votes) 🎬 #Bollywood #Drama 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 48 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bullet Diaries (2024)ဘူးလက်ဒိုင်ယာရီ Biker တို့အတွက် ခပ်အေးအေးမလေယာလမ်ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်လိုက်ပါတယ် ရာဂျူးဆိုတာ ရိုးရိုးသားသား ဆိုင်ကယ်ပြင်ပြီးအသက်မွေးသူတစ်ယောက်…သူ့ဆိုင်ကယ်ကို ဘာနဲ့မှမလဲနိုင်ဘဲ မြတ်နိုးသူတစ်ယောက်ဆိုလည်း ဟုတ်ပါတယ် ရေကိုတစ်နေ့တစ်ခါပဲချိုးပြီး ဆိုင်ကယ်လေးကိုတော့အကြိမ်ကြိမ်ရေချိုးပေးတတ်တဲ့ biker လေး ရာဂျူးက… Bullet ’76 ဆိုတဲ့ ၁၉၇၆ ထုတ် ဆိုင်ကယ်မော်ဒယ်လ်ကိုလည်းလိုက်ရှာနေတယ် သူ့အိပ်မက်အစစ်အမှန်က ဘာဖြစ်မှာလဲ သူ့ဘဝမှာလိုနေတဲ့ အချစ်ဆိုတဲ့ကွက်လပ်လေးကိုရောဘယ်သူကဖြည့်ဆည်းပေးနိုင်မှာလဲ ဆိုတာကတော့ … အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်
...

Crossing (2024) ⭐IMDB: 7.5/10 (2 k Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #Sweden #Denmark #France #Turkey #Georgia ⏰ 1 နာရီ 47 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb – 7.5/10 “ပျောက်သောသူရှာလျှင်တွေ့” တဲ့…စကားအရလွယ်ပေမယ့် လက်တွေ့မှာတော့မလွယ်ကူလှပါဘူး… အထူးသဖြင့် ကိုယ်ရှာနေတဲ့လူက အခြားနိုင်ငံတစ်ခုကိုရောက်သွားပြီး ဘာအဆက်အသွယ်မှလည်းမရှိခဲ့ရင်ပေါ့ ဒီ Crossing ဆိုတဲ့ဇာတ်ကားလေးမှာတော့ အငြိမ်းစားကျောင်းဆရာမ လီယာဆိုသူဟာ ပျောက်ဆုံး‌နေတာကြာပြီဖြစ်တဲ့ သူမရဲ့တူမ တက်ခ်လာ ကိုလိုက်ရှာဖို့ အစ္စတန်ဘူလ်ကိုခရီးထွက်လာခဲ့ပါတယ်…ခရီးစဉ်မှာမအေတူဖအေကွဲအကိုနဲ့အတူနေထိုင်ရတဲ့ မိဘမဲ့ အီချီဆိုတဲ့လူငယ်လေးက သူမကိုလိုက်လံကူညီပေးခဲ့ပါတယ်…အီချီကလည်း သူ့ရဲ့အမေကအစ္စတန်ဘူလ်အလုပ်လုပ်နေလို့လိုက်ရှာရင်းနဲ့ပါ… ဒီ‌ဇာတ်ကားရဲ့နောက်ထပ်အဓိက‌ဇာတ်ကောင်ကတော့ အစ္စတန်ဘူလ်မှာနေထိုင်တဲ့ အီဗရင်လို့ခေါ်တဲ့ လိင်ပြောင်းအမျိုးသမီးပဲဖြစ်ပါတယ်….သူမကရှေ့နေတစ်ဦးဖြစ်ပြီးတော့ သူမရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လိင်ပြောင်းအမျိုးသမီးတွေအတွက် မတရားမှုတွေ၊မမျှတမှုတွေကိုတိုက်ခိုက်ရင်း သူမရဲ့ဖြစ်တည်မှုကိုလက်မခံတဲ့လူ့အဖွဲ့အစည်းမှာ ကြံ့ကြံ့ခံမှုကိုပြသနေသူပဲဖြစ်ပါတယ်…. ဒီလိုနဲ့ တက်ခ်လာကိုလိုက်ရှာနေကြတဲ့လီယာနဲ့အီချီတို့ဟာ အီဗရင်နဲ့တွေ့ဆုံခဲ့ပြီး အီဗရင်ကပါကူညီလိုက်ရှာပေးခဲ့ပါတယ်…. ဒီဇာတ်ကားမှာ လိင်ပြောင်းအမျိုးသမီးတွေရဲ့အခွင့်အရေးတွေ၊ ယဉ်ကျေးမှုတွေနဲ့ ကိုယ့်ကိုယ်ကိုရှာဖွေမှုကို ဖွင့်လှစ်ပြသထားပါတယ်
...

Akkaran (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Thriller #Crime 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 46 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Akkaran (2024) “ကလဲ့စား” စိတ်ဝင်စားစရာ တမီးလ်မှုခင်းရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဗီရာပန်ဒီဆိုတာ မိတဆိုးသမီးနှစ်ယောက်ကို ကျွေးမွေးစောင့်ရှောက်နေတဲ့ ဖခင်တစ်ယောက်။အကြီးမလေးက ဆယ်တန်းပြီးတော့ အဖေဖြစ်သူ ပင်ပန်းမှာစိုးပြီး ကျောင်းဆက်မတက်တော့။အငယ်မက ဆယ့်နှစ်တန်းတက်နေပြီး ဆရာဝန်ဖြစ်ချင်တဲ့သူ။ သမီးတွေ စိတ်တိုင်းကျ နေထိုင်ခွင့်ပေးပြီး ညနေစောင်းရင်အရက်ကလေးတမြမြနဲ့ သေသွားတဲ့ဇနီးဖြစ်သူရဲ့ဓာတ်ပုံကို စကားထိုင်ပြောနေတတ်တယ်။ သမီးငယ်ဖြစ်သူ ပရီယာအသတ်ခံလိုက်ရတဲ့အချိန်မှာတော့ဗီရာပန်ဒီတစ်ယောက်အရူးမီးဝိုင်းဖြစ်ရပါတော့တယ်။ သမီးငယ်ကိုသတ်သွားတဲ့ တရားခံတွေကို စုံစမ်းပြီး လက်စားချေဖို့ကြိုးစားချိန်မှာတော့မထင်မှတ်ထားတဲ့အကြောင်းအရာတွေနဲ့ တွေ့ကြုံလာရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
...

Muri & Ko (2024) ⭐IMDB: 6.4/10 (40 Votes) 🎬 #Comedy 🗓 2024 🎞 movie 🌎 #Nigeria ⏰ 1 နာရီ 43 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီနှစ်ထဲမှာပဲ ထွက်ရှိထားတဲ့ နိုင်ဂျီးရီးယား ဟာသကားလေးနဲ့ မိတ်ဆက်ပေးပါမယ်။ Muri က ခါးပိုက်နှိုက်တစ်ယောက်ဖြစ်ပြီး တစ်ရက် တစ်ရက် ပိုက်ဆံအိတ်တွေ လုရတာ စိတ်ကုန်လာတဲ့ Muri ကို သူငယ်ချင်း ဖြစ်သူ Raski က အကြံကောင်းတစ်ခုပေးပါတယ်။ အကြံကတော့ ကားခိုးဖို့ပါ။ ကားအပိုပစ္စည်းတွေ ဖြုတ်ပြီး Chukwudi ဆိုတဲ့ လူဆိုးခေါင်းဆောင်ဆီမှာ ရောင်းပြီးရင် ရတဲ့ငွေနဲ့ Muri ဟာ busကား အသေးစားလေး ဝယ်ပြီး မောင်းစားဖို့ စီစဥ်ထားတာပါ။ ဒါနဲ့ တစ်ရက် စူပါမားကတ်ရှေ့က ကားတစ်စီးရဲ့ အမှတ်တံဆိပ်ကို ဖြုတ်နေတုန်း အန်တီကြီး တစ်ယောက်က ကားတံခါးကို မပိတ်ပဲ အမှုမဲ့ တစ်ဖက်ကို ထွက်သွားတာ မြင်လိုက်ပါတယ်။ အခွင့်ကောင်းကို အသုံးချတဲ့ Muri တစ်ယောက် ကားပေါ်တက်ပြီး မောင်းပြေးပါတော့တယ်။ လမ်းမှာ ကားရောင်းဖို့ အစီအစဥ်ချပြီး ပျော်နေတုန်း ကားနောက်ခန်းက ကလေးလေး တစ်ယောက် ထလာပါတယ်။ အဲ့ဒီကလေးဟာ နာမည်ကြီး Celebrity တစ်ယောက်ဖြစ်တဲ့ Didi ရဲ့ သားလေး ဖြစ်ပါတယ်။ Didi ကိုလည်း မသိ သူ့ရဲ့သားလေးကိုလည်း မသိတဲ့ Muri က ကလေးကို ကားပေါ်က ဆွဲချပြီး လမ်းပေါ်မှာ ထားခဲ့ဖို့ လုပ်ပေမယ့် မနေနိုင်ပဲ ပြန်တင်ခေါ်လာခဲ့ပါတယ်။ Muri နဲ့ အတူ Koဆိုတဲ့ ကလေး ရဲ့ ဟာသနဲ့ အလွဲတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။
...

Annayum Rasoolum (2013) ⭐IMDB: 7.5/10 (2 k Votes) 🎬 #Bollywood #Romance #Drama 🗓 2013 🎞 movie 🌎 #India ⏰ 2 နာရီ 40 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Annayum Rasoolum 2013 (ဘာသာမတူတဲ့ ချစ်ခရီးလမ်း)IMDb – 7.5/10 ကိုချီဆိုတဲ့ ဆိပ်ကမ်းမြို့လေးမှာ ကားမောင်းသမားအလုပ်ကို လုပ်ကိုင်နေတဲ့ ရာဆိုးလ်ဆိုတဲ့ မူစလင်ကောင်လေး၊အစ်ကိုဖြစ်သူ ဟိုက်ဒါနဲ့အတူတူနေထိုင်ပြီးတော့ ဘဝကို အေးအေးဆေးဆေးပဲ ဖြတ်သန်းနေသူပေါ့။ တစ်ရက်မှာတော့ သူငယ်ချင်းတွေ အရက်စုသောက်ကြရင်းနဲ့ အရက်လေးဝင်လာတဲ့ ထုံးစံအတိုင်းပဲပြဿနာလိုက်ရှာရာကနေ ရန်ဖြစ်ကြပါတော့တယ်။ ဒီလိုနဲ့ ထွက်ပြေးလာခဲ့ကြပြီး မနက်ရောက်တဲ့အခါမှာတော့ညက ရန်ပွဲကြောင့်နဲ့ သူငယ်ချင်းဖြစ်သူကို စိတ်မချတဲ့အတွက် လိုက်ပြီးတော့ ပို့ပေးဖို့လှေဆိပ်ကို ဆင်းလာရင်းနဲ့ပဲ အန်နာဆိုတဲ့ကောင်မလေးနဲ့ တွေ့ခဲ့ပါတယ်။ တွေ့ကြပြီးတဲ့နောက်ပိုင်းမှာ မူစလင်ကောင်လေးဖြစ်တဲ့ ရာဆိုးလ်ဟာ ခရစ်ယာန်သူလေးအန်နာ့ကို ချစ်မိသွားပါတော့တယ်။ ဒီလိုနဲ့ သူတို့ရဲ့ ဘာသာမတူတဲ့ အချစ်ဇာတ်လမ်းလေးမှာမိဘတွေရဲ့ သဘောမတူညီမှုတွေ, ဘာသာကွာခြားချက်တွေ စတဲ့ အခက်အခဲတွေကြောင့်နဲ့သူတို့ရဲ့ ဆက်ဆံရေးဟာ အဆိုးဘက်ကိုရောက်လာပါတော့တယ်။ မူစလင်သားလေးနဲ့ ခရစ်ယာန်သူလေးတို့ရဲ့ အချစ်ခရီးလမ်းကို ဘယ်လိုတွေ ဆက်လက်လျှောက်လှမ်းသွားမလဲ ……ဘာသာမတူတဲ့အပေါ်မှာ သူတို့ဘဝလေး အဆင်ပြေသွားအောင်ဘယ်လို အခက်အခဲတွေဖြတ်ကျော်ရမလဲဆိုတာကို ကြည့်ရှုရမယ့်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~V~Alex~Yunni တို့ပဲဖြစ်ပါတယ်)
...

Here (2023) ⭐IMDB: 6.8/10 (926 Votes) 🎬 #Drama #Romance 🗓 2023 🎞 movie 🌎 #Belgium ⏰ 1 နာရီ 24 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဘရတ်ဆဲလ် မှာ အခြေတည်ထားတဲ့ ရုပ်ရှင်ဖြစ်ပြီး အပင် ရေညှိတွေကို လေ့လာနေတဲ့ ဒေါက်တာ ဘယ်ဂျီယမ်တရုတ် ကပြားမလေးနဲ့ ရိုမေးနီးယမ်း ဆောက်လုပ်ရေးအလုပ်သမား တိုရဲ့ ရိုမက်တစ် ဖြစ်နေကြတာကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ် ငြိမ့်ငြိမ့်ညောင်းညောင်းလေးကြည့်ရှုရမယ့်ဇာတ်ကား ဖြစ်ပြီး Rotten Tomatoes 97% ရရှိထားပါတယ်
...

You Get Me (2017) ⭐IMDB: 4.7/10 (15 k Votes) 🎬 #Adult #Drama #Thriller #Romance #Crime #Mystery 🗓 2017 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 18 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Crazy in Love (Aka) Folle Damour (2024) ပြင်သစ် Erotic Drama ရုပ်ရှင်ကားတွေရဲ့ ထုံးစံအတိုင်း အပြခပ်ကြမ်းကြမ်းတွေနဲ့ ခံစားရမယ့်ဇာတ်ကားပါ။ ဇာတ်လမ်းကတော့… ဖလီဆီယာဆိုတာ သုတ်ပိုးဘဏ်တစ်ခုက သူနာပြုမ ချောချောလေးတစ်ယောက်။တစ်ရက်ကျ သုတ်ပိုးလာလှူတဲ့ ဒီမီထရီဆိုတဲ့ ဘဲကြီးနဲ့ တွေ့ခဲ့ပြီး အချစ်ဆိုတာကို စတင် မြည်းစမ်းသွားမိတာပေါ့။ဒါပေမဲ့ ဒီမီထရီဆိုတာက ခရီးမသွားရမနေနိုင် စစ်သတင်းထောက်တစ်ယောက် ဖြစ်နေပါတယ်။ဒီတော့ အတူတူနေရတယ်ဆိုတာ မရှိပဲ စစ်ဖြစ်နေတဲ့နိုင်ငံ သွားလိုက် သတင်းယူလိုက် ပြန်လာလိုက် တွေ့လိုက်ဆိုတော့နည်းနည်း လိုချင်တပ်မက်မှုများတဲ့ ဖလီဆီယာအတွက် ဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာကိုNarrative စတိုင်နဲ့ ရိုက်ကူးထားတဲ့ ပြင်သစ် Erotic Drama ကား ဖြစ်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။)
...

The Human Stain (2003) ⭐TMDB: 60% User Score 🎬 #Drama #Romance #Thriller 🗓 2003 🎞 movie 🌎 #France #Germany #UnitedStatesofAmerica ⏰ 1 နာရီ 48 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Anthony Hopkins, Nicole Kidman တို့ ပါဝင်ထားတဲ့ ဒရာမာရုပ်ရှင်လေးဖြစ်ပါတယ် ကိုးလ်မန်းဆိုတဲ့ အဘိုးကြီးက ကောလိပ်တစ်ခုက ဌာနမှူးဖြစ်ပြီး တစ်နေ့အတန်းထဲမှာ ပျက်ကွက်တဲ့ကျောင်းသားနှစ်ယောက်ကို Spooks(တစ္ဆေတွေလား) လို့ လူရှေ့သူရှေ့ သုံးနှုန်းလိုက်မိပါတယ် သူမသိတာကတော့ အဲဒီကျောင်းသားနှစ်ယောက်က အာဖရိကန်အမေရိကန်(လူမည်း) ဖြစ်ပြီး Spooks ဆိုတဲ့ စကားလုံးက တစ်ချိန်က လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းဖြစ်နေတာပါ ဒီလိုနဲ့ အရှက်တကွဲအကျိုးနည်း အလုပ်ထွက်လိုက်ရပြီး သူ့မိန်းမပါ ဆုံးသွားပါတော့တယ် ဒါကိုမကျေနပ်တဲ့ အဘိုးကြီးက စာရေးဆရာတစ်ယောက်ဆီသွားပြီး သူ့အကြောင်းစာအုပ်ရေးပေးဖို့ တောင်းဆိုလာတဲ့အခါ ကိုးလ်မန်းရဲ့ လက်ရှိအရှုပ်ဇယားတွေနဲ့ အတိတ်က လျှို့ဝှက်ချက်တွေ ဘယ်လိုပေါ်ပေါက်လာမလဲ စိတ်ဝင်တစားကြည့်ရမှာ ဖြစ်ပါတယ်
...

The Lost Mausoleum (2024) ⭐TMDB: 0% User Score 🎬 #Action #Adventure #Thriller 🗓 2024 🎞 Series 🌎 #China ⏰ 1 နာရီ 35 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တရုတ်ပြည်ကြီးရဲ့ပြည်တွင်းစစ်တွေနဲ့ ရှုပ်ထွေးနေတဲ့ခေတ်မှာ အမြတ်ထုတ်ချင်ကြတဲ့နိုင်ငံခြားသားတွေကအလုံးနဲ့အရင်းနဲ့ဝင်လာခဲ့တယ်။ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကိုကာကွယ်ဖို့အတွက်နိုင်ငံခြားသားတွေထပ်အရင် ရတနာတွေကိုရှာပြီးဖွက်ဖို့လူတစ်စုဟာကြံစည်ကြတယ်။ ဒါပေမယ့် ကံမကောင်းချင်တော့ ရှေးဟောင်းသုတေသနပါမောက္ခကြီးကရှေးဟောင်းသင်္ချိုင်းကိုစွန့်စားရှာဖွေရင်း ထူးဆန်းရှားပါးတဲ့မြွေဆိပ်မိသွားခဲ့တယ်။အဲဒါကြောင့် သူ့ရဲ့သမီးဖြစ်တဲ့သူက မြွေဆိပ်ဖြေဆေးကိုရှာဖွေကိုကြိုးစားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ အဆိပ်ကိုဖြေနိုင်ဖို့ မြွေဆိပ်ကိုဖန်တီးသူသာသိလိမ့်မယ်ဆိုပြီးတော့မြွေတွေကိုထိန်းချုပ်ပြီးနာမည်ကြီးခဲ့တဲ့ ပင်လယ်ဓားပြကြီးရဲ့ရှေးဟောင်းသင်္ချိုင်းမှာ မြွေဆိပ်ဖြေဆေးကိုရှာကြမယ့်စွန့်စားခန်းဟာ ဘယ်လိုအန္တရာယ်တွေနဲ့ပြည့်နေမလဲ……ထောင်ချောက်တွေနဲ့ပြည့်နေတဲ့ ရှေးသင်္ချိုင်းကြီးထဲမှာ ဖြေဆေးဆိုတာရောရှိနိုင်ပါ့မလား
...

Roxanne (1987) ⭐TMDB: 64% User Score 🎬 #Comedy #Romance 🗓 1987 🎞 Series 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စီဒီဘေးလ်စ်ဟာ နယ်လ်ဆန်ဆိုတဲ့ မြို့ငယ်လေးတစ်ခုက မီးသတ်ခေါင်းဆောင်တစ်ယောက်ပါ။ အပြောအဟောကောင်းသူတစ်ယောက်လည်း ဖြစ်ပြီးတော့ အမြဲတမ်းတက်ကြွနေတဲ့သူတစ်ယောက်ပါ။ တစ်နေ့မှာတော့ နယ်လ်ဆန်မြို့ကိုပြောင်းလာတဲ့ ရော့ဇန်းဆိုတဲ့ နက္ခတ္တဗေဒပညာရှင်မိန်းမလှလေးကို ကူညီလိုက်ရာကနေ အချစ်တွေပေါက်ဖွားလာပါတယ်။ ဒါပေမဲ့ သူ့ရဲ့နှာခေါင်းက သာမန်လူတစ်ယောက်အဖို့ အဆမတန်ကြီးနေတဲ့အတွက် ရော့ဇန်းအပေါ်ထားတဲ့ သူ့အချစ်တွေကို မြိုသိပ်ထားပါတော့ တယ်။ အဲဒီလိုနဲ့ တတိယလူပေါ်လာတဲ့အခါမှာရော သူ့အချစ်တွေကို ဆက်ပြီးမြိုသိပ်ထားနိုင်ပါ့မလား ရော့ဇန်းကရော သူ့ကို ပြန်ချစ်လာပါ့မလားဆိုတာကို rom-comဆန်ဆန် အခွီအလွဲလေးတွေပါတဲ့ ဒီဇာတ်ကားလေးမှာ ကြည့်ရှူအားပေးကြပါဦးနော်။
...

Wag the Dog (1997) ⭐TMDB: 70% User Score 🎬 #Comedy #Drama 🗓 1997 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 48 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဘာလင်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ Special Jury Prize ဆုကို ရရှိထားတဲ့ နာမည်ကျော် ဒါရိုက်တာ ဘယ်ရီလီဗစ်ဆန် ရိုက်ကူးထားတဲ့ နိုင်ငံရေးဟာသရုပ်ရှင် Wag the dog… ရွေးကောက်ပွဲမတိုင်မီ နှစ်ပတ်အလိုမှာ ထွက်ရှိလာခဲ့တဲ့ အမေရိကန်သမ္မတရဲ့ လိင်အကြမ်းဖက်မှု သတင်းတစ်ခု ဒီသတင်းကို တားဆီးဖို့ သမ္မတရဲ့ လက်ထောက် ဝင်နီဖရတ်အေမီနဲ့ နိုင်ငံရေးကျွမ်းကျင်သူ ကောနတ်ဘာရန်တို့ ပူးပေါင်းပြီး စစ်ပွဲအတုတစ်ခု ဖန်တီးဖို့ ဆုံးဖြတ်ခဲ့ရာကနေ ဟောလိဝုဒ်ပရိုဂျူဆာ စတန်လေမို့စ်နဲ့ တွေ့ဆုံပြီး အယ်ဘေးနီးယားမှာ စစ်ပွဲတစ်ခုဖန်တီးခဲ့ရာ ဘယ်လိုအလွဲတွေဖြစ်ပြီး ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုရမယ့် စိတ်ဝင်စားစရာဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်
...

Everyphone Everywhere (2023) ⭐TMDB: 60% User Score 🎬 #Drama 🗓 2023 🎞 movie 🌎 #China #Taiwan #HongKong ⏰ 1 နာရီ 31 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ အထက်တန်းကျောင်းသူငယ်ချင်း(၃)ယောက်ကသူတို့ပေးခဲ့ကြတဲ့ကတိအတိုင်း (၂၅)နှစ်ကြာတဲ့အခါပြန်တွေ့ကြတဲ့အကြောင်းဇာတ်လမ်းလေးဖြစ်ပါတယ်။ အခုခေတ်နေရာတိုင်း လူတိုင်းမှာဖုန်းတွေရှိကြတယ်။ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်အသုံးပြုပုံခြင်းမတူကြဘူး။သူငယ်ချင်းတစ်ယောက်ချင်းစီရဲ့ပြဿနာနဲ့ဇာတ်ကြောင်းလေးတွေပြရင်းလက်ကိုင်ဖုန်းတွေပေါများလာတဲ့ခေတ်မှာလူငယ်တွေကြားမှာဖြစ်တတ်တဲ့ပြဿနာတွေ၊ ဖုန်းမရှိတဲ့အခါအဆင်မပြေဖြစ်ရပုံတွေကိုမီးမောင်းထိုးပြသွားပါတယ်။ ((၂၅)နှစ်ကြာမှပြန်တွေ့ကြတဲ့ သက်လတ်ပိုင်းဖြစ်နေပြီဖြစ်ကြတဲ့သူတို့တွေက ဘယ်လိုတွေပြောင်းလဲသွားကြပြီလဲဘာတွေကမပြောင်းလဲပဲအရင်အတိုင်းဖြစ်နေဦးမလဲဆိုတာအတိတ်ခံစားချက်တွေကိုတမ်းတရင်းကြည့်ရမယ့်ဇာတ်လမ်းလေးဖြစ်ပါတယ်။
...

Acupuncture Needle (2024) ⭐TMDB: 0% User Score 🎬 #Crime #Drama 🗓 2024 🎞 Series 🌎 #China ⏰ 1 နာရီ 45 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဆေးပညာက လူကိုကုသပေးနိုင်သလို သေအောင်သတ်နိုင်တယ်တဲ့။မှုခင်းရုပ်ရှင်ကြိုက်နှစ်သက်တဲ့ CM ရဲ့ ပရိသတ်တွေအတွက်Acupuncture Needle ဆိုတဲ့ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့- ကျန်းမြို့ မြို့ပြင်က လန်ထင်တည်းခိုခန်းမှာ အမျိုးသမီးအလောင်းတစ်လောင်းကိုတွေ့တယ်ဆိုပြီး တိုင်ကြားလာပါတယ်။ သွားရောက်စစ်ဆေးပြီးနောက်ရဲတပ်ဖွဲ့တွေက သေသူက မြို့နယ်ဆေးရုံကအလုပ်သင်ဆရာဝန် ထုံဟွဖြစ်ကြောင်း သိခဲ့ရပါတယ်။ အလောင်းမှာ အပြင်ဒဏ်ရာတစ်စုံတစ်ရာ ရှာမတွေ့ဘဲ သေဆုံးသွားတာ ဖြစ်တဲ့အတွက်တရားခံကို ရှာမရ ဖြစ်နေပါတယ်။ ဒီအမှုကို လိုက်လံစစ်ဆေးချိန်မှာမှုခင်းအဖွဲ့ အဖွဲ့ခေါင်းဆောင်ရွှီခိုင်ဟာ ရဲဖြစ်တဲ့လုထင်ရဲ့မိဘကလည်း ဒီအမှုနဲ့ ပတ်သက်နေကြောင်း သိခဲ့ရပါတယ်။ မှုခင်းရဲ့ နောက်ကွယ်က အတိတ်ကအကြောင်းအရာတွေတဖြည်းဖြည်း ပြန်လည်ထွက်ပေါ်လာချိန်မှာတော့……တရားခံအစစ်က ဘယ်သူဖြစ်မလဲ……အပြင်ရော အတွင်းရော ဒဏ်ရာမမြင်ရအောင် လူကို ဘယ်လိုနည်းနဲ့ သတ်ခဲ့သလဲ……လူသတ်ရတဲ့ အကြောင်းရင်းကရော ဘာကြောင့်လဲ…..ဆိုတာကို ရုပ်ရှင်ထဲမှာပဲ ဆက်ပြီးအဖြေရှာလိုက်ရအောင်နော်။
...

The Diary (2024) ⭐IMDB: 4.8/10 (478 Votes) 🎬 #Thriller #Drama 🗓 2024 🎞 movie 🌎 #Mexico ⏰ 1 နာရီ 24 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စပိန်ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အိုလ်ဂါနဲ့ဗစ်တာတို့ဟာလင်မယားအဖြစ်မှ ကွာရှင်းထားပြီးသမီးလေးဗဲရာကိုတစ်ပတ်တစ်ခါအလှည့်ကျ ကိုယ့်အိမ်မှာကိုယ်ခေါပြီးစောင့်ရှောက်ရပါတယ်။ ဗဲရာက ငယ်စဉ်ဘဝက စိတ်ဒဏ်ရာရနိုင်တဲ့အခြေအနေတစ်ခုနဲ့ ရင်ဆိုင်ထားရတာကြောင့် မိခင်ဖြစ်သူအိုလ်ဂါကကားလို့စ်ဆိုတဲ့ စိတ်ရောဂါကုဆရာဝန်နဲ့ပြခိုင်းထားတယ်။ အဲ့ဒီစိတ်ဒဏ်ရာကြောင့် အိုလ်ဂါဟာ တစ်သက်လုံးစုဆောင်းထားတဲ့ ပိုက်ဆံတွေကိုသုံးပြီး အခြားတစ်နေရာမှာအိမ်တစ်လုံးဝယ်လိုက်ပြီး သမီးဖြစ်သူနဲ့အတူနေဖို့ ဆုံးဖြတ်လိုက်တယ်။ အိမ်ကိုသန့်ရှင်းရေး လုပ်ရင်းနဲ့ ထူးဆန်းတဲ့သေတ္တာတစ်လုံးတွေ့ခဲ့တယ်။ အရင်အိမ်ရှင်ဟောင်းတွေ ကျန်ခဲ့တယ်အထင်နဲ့ထားလိုက်ပေမယ့် စဝယ်တုန်းက ဒီနေရာမှာဘာမှမရှိဘူးဆိုတာတော့သူအသေအချာသိတယ်။ သေတ္တာထဲဖွင့်ကြည့်လိုက်တဲ့အခါ ဒိုင်ယာရီစာအုပ်တစ်အုပ်နဲ့ ထူးဆန်းတဲ့ပစ္စည်းတွေကိုရှာတွေ့တယ်။ စာအုပ်ထဲမှာ လူတွေကို ညှင်းပန်းနှိပ်စက်ပြီးရက်ရက်စက်စက်သတ်ဖြတ်ခဲ့တာတွေကို အသေးစိတ်ရေးထားတာကိုတွေ့လိုက်တယ်။ ကြောက်လန့်ပြီး သေတ္တာကိုလွှင့်ပစ်လိုက်ပေမယ့် အိမ်ကိုပဲပြန်ရောက်နေတယ်။ အဲ့လိုနဲ့ ကားလို့စ်ကိုအကူအညီတောင်းပြီး ဖြေရှင်းကြတဲ့အခါမှာတော့
...

The Bodyguard (2024) ⭐TMDB: 0% User Score 🎬 #Action #Crime 🗓 2024 🎞 Series 🌎 #China ⏰ 1 နာရီ 28 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CM ကနေဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ မြင်တွေ့နေကျကိုယ်ရံတော်မျိုးမဟုတ်တဲ့ အမျိုးသမီး ကိုယ်ရံတော်ကိုအဓိကထားပြီးရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် နာမည်ကြီး ဇီဝဆေးဝါးလုပ်ငန်းစုရဲ့တစ်ဦးတည်းသောသားဖြစ်သူကဖော်မြူလာအသစ်တစ်ခုကိုစမ်းသပ်သုတေသနလုပ်နေရင်း အောင်မြင်လုဆဲဆဲမှာတော့အဲ့ဒီဆေးဝါးသုတေသနအချက်အလက်ကိုလိုချင်တာကြောင့်လိုက်လံနှောင့်ယှက်နေတဲ့လူတစ်စုရန်ကနေကာကွယ်ပေးဖို့ အဖေဖြစ်သူကကိုယ်ရံတော်ငှားပေးခဲ့ရာကနေမှ လင်သခင်လေးနဲ့ကိုယ်ရံတော်မလေး ‌ကျုံးရှောင်နန်တို့ဆုံတွေ့ခဲ့ကြပါတယ် လင်သခင်လေးရဲ့ ဘေးကင်းလုံခြုံမှုအတွက် ဒေသခံရဲစခန်းကတာဝန်ခံခဲ့ပြီးရဲမှူးကိုယ်တိုင်ကလည်းလိုက်လံကာကွယ်ပေးနေပေမယ့် စခန်းမှူးကိုယ်တိုင်ကမသမာသူဘက်ကဖြစ်နေခဲ့တာမို့လို့ သူတို့ဘယ်ပဲသွားသွားလုပ်ကြံခံခဲ့ရပါတယ်အဲ့လိုနဲ့နောက်ဆုံး ဘယ်သူမှမသိတဲ့နေရာကို အရောက်သွားပြီးတော့ဆေးဝါးစမ်းသပ်မှုကို အပြီးသတ်နိုင်ခဲ့တဲ့အချိန်မှာတော့ သူတို့ဆီကိုမသမာသူအုပ်စုကရောက်ရှိလို့လာပါတော့တယ် ယုံကြည်ရသူတွေကြီးပဲသိတာမို့လို့ဘယ်သူက သစ္စာဖောက်သွားတာလဲဆိုတာကိုဒီအက်ရှင်ကားလေးမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်နော်
...

Between the Temples (2024) ⭐IMDB: 6.3/10 (1 k Votes) 🎬 #Comedy #Drama 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဂျူးရိုးရာတွေ ယဉ်ကျေးမှုတွေကိုဖောဖောသီသီတွေ့ရမဲ့ ဒရာမာဇာတ်ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက် ပါတယ်။ဂျူးဆိုတဲ့ ဘာသာတရားကတော့လူတိုင်းနဲ့ သိပ်ရင်းနှီးမှာ မဟုတ်တဲ့အတွက် ဂျူးဘာသာတရားနဲ့ပတ်သတ်ပြီး လေ့လာ စရာလေးတွေလည်းအများကြီးတွေ့ရမဲ့အပြင် ထူးခြားဆန်းကြယ် လှတဲ့ဒရာမာဇာတ်လမ်းလေးတစ်ခုကိုပါတွေ့ရမှာဖြစ်ပါတယ်။ ဇာတ်ကားလေးရဲ့နာမည်ကတော့ Between The Temples ဖြစ်ပြီး IMDb Rating 6.3 အထိရရှိထားပါတယ်။ ဘန်ဆိုတဲ့လူတစ်ယောက်က ဂျူးဘုရားကျောင်းတစ်ခုမှာ ဓမ္မတေး သီချင်းတွေကို ဦးဆောင်သီဆိုရတဲ့ ဆရာတစ်ယောက်ဖြစ်ပါတယ်။ သူကလက်ရှိမှာအမေနဲ့အဖွားနဲ့အတူတူနေထိုင်နေတာဖြစ်ပြီး နှစ်ယောက်လုံးကိုတော့ သူ့အမေ ၂ ယောက်လို့ပဲသတ်မှတ်ထား ပါတယ်။ဇနီးဖြစ်သူဆုံးသွားတာမကြာသေးဘူးဖြစ်တဲ့အတွက် စိတ်ဓာတ်တွေအလွန်အမင်းကျဆင်းပြီး သူ့ရဲ့တစ်ခုတည်းသော အလုပ်ဖြစ်တဲ့ ဓမ္မတေးသီချင်းခေါင်းဆောင်အလုပ်ကိုတောင် မလုပ်နိုင်တော့ပါဘူး။ဒီလိုနဲ့ကြောင်တွေ ပျောက်ရင်းအရက်တွေ သောက်နေတုန်း ငယ်ငယ်တုန်းကသူ့ရဲ့ဂီတဆရာမနဲ့ဘားမှာပြန်တွေ့ ခဲ့ပါတော့တယ်။ဆရာမရဲ့နာမည်က ခါလာဖြစ်ပြီးအခုအချိန်မှာတော့ တော်တော်အသက်ကြီးနေခဲ့ပါပြီ။ခါလာနဲ့တွေ့ပြီးသိပ်မကြာခင်မှာပဲ ဂျူးရိုးရာရဲ့ ၁၃ နှစ်ပြည့်အထိမ်းအမှတ်ပွဲ bat mitzvah ကိုတစ်ခါမှ မလုပ်ဖူးလို့ဆိုပြီး ခါလာကဘန့်ကိုပူဆာတဲ့အတွက် ဘန်လည်း မတတ်သာတဲ့အဆုံးခါလာ့အတွက် bat mitzvah ပွဲလုပ်ပေးဖို့ လက်ခံလိုက်ပြီး တစ်ချိန်ကသူ့ဆရာမကိုအခုအချိန်မှာပြန်လည် သင်ကြားပေးနေရင်းနဲ့ နောက်ပိုင်းမှာဘယ်လိုရှုပ်ထွေးတဲ့ဒရာမာ ဇာတ်ထုတ်တွေကိုကြုံတွေ့ရမယ်ဆိုတာကိုကြည့်ရှုရမဲ့ ဂျူးဇာတ်ကား ကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။
...