uk
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Kardes Takimi (2024) ⭐IMDB: 3.6/10 (390 Votes) 🎬 #Comedy #Family 🗓 2024 🎞 movie 🌎 #Turkey ⏰ 1 နာရီ 35 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မတည့်အတူနေ မောင်နှမ ၄ ယောက် အထူးအေးဂျင့် မိဘနှစ်ပါးကို ကယ်တင်ရသောအခါ…. ဒီဇာတ်ကားလေးကတော့ ဒီနှစ်ထဲမှာမှ ထွက်ရှိထားပြီး ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင် ကြည့်ရှုရမယ့် တူရကီမိသားစု စွန့်စားခန်း ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီနစ် ဒါရာ အလီ ရာ့စ် ဆိုတဲ့မောင်နှမလေးယောက်ဟာ မိဘနှစ်ပါးနဲ့အတူ ပြည့်ပြည့်စုံစုံနေထိုင်ရပြီးတော့ ပျော်ရွှင်သုခနဲ့ ပြည့်စုံတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပါတယ်။ သူတို့ဟာ တစ်ယောက်တစ်မျိုးစီ ထူးချွန်ကြပြီးတော့ မိဘတွေကလည်း အလိုလိုက်ထားတော့ ကျောင်းမှာ တစ်ယောက်တစ်မျိုးပတ်မွေနေကြတာမျိုးတော့ ရှိပါတယ်။ တစ်နေ့မှာတော့ သူတို့မိဘတွေဟာ အလုပ်ခရီးဆိုပြီး ထွက်သွားရာက ပြန်မလာတော့ပဲ သူတို့မိဘတွေအစား လူဆိုးတွေက လာဖမ်းတဲ့အခါ အိမ်ထဲမှာ TM-OZ 4000 ဆိုတဲ့ ဉာဏ်ရည်တုစနစ်က လျှို့ဝှက်ခန်းကို ဖွင့်ပေးရာကနေ သူတို့မိဘတွေက သူတို့ထင်ထားသလိုမဟုတ်ပဲ အထူးအေးဂျင့်တွေဖြစ်ပြီး လူဆိုးတွေဖမ်းဆီးတာ ခံထားရကြောင်း သိလိုက်ရတဲ့အခါမှာတော့ မတည့်အတူနေ မောင်နှမလေးယောက်သား သူတို့မိဘတွေကို ကယ်တင်မဲ့စွန့်စားခန်းလေးထွက်ကြပါတော့တယ်။ ဒီတော့ သူတို့မိဘတွေကို ဘယ်လိုအလွဲပေါင်းများစွာနဲ့ ကယ်တင်ကြမလဲ လူဆိုးတွေက ဘာလို့ သူတို့မိဘကိုဖမ်းထားတာလဲ စသဖြင့် စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။
...

Solaris (2002) ⭐TMDB: 59% User Score 🎬 #Drama #Mystery #ScienceFiction 🗓 2002 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CM ပရိသတ်ကြီးအတွက် sci-fi romance ရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် Chris ဆိုတဲ့ စိတ်ရောဂါကုဆရာဝန်တစ်ယောက်ကို တစ်နေ့မှာ သူ့ရဲ့ သူငယ်ချင်းတစ်ယောက်က Solaris အမည်ရ ဂြိုဟ်တစ်ခုကို လာရောက်ပေးဖို့ အကူအညီတောင်းလာပါတယ် အကြောင်းကတော့ Solaris က အာကာသယာဥ် အဖွဲ့သားတွေဟာ ထူးဆန်းတဲ့ ပုံရိပ်တွေကို မြင်နေရပြီး ရှင်းပြလို့မရတဲ့ စွဲလမ်းမှုတွေ ရှိနေတာကို အဖြေရှာလို့ အားလုံးကို ဘေးကင်းကင်းနဲ့ ပြန်ခေါ်နိုင်ဖို့ပါ ဒါကို အဖြေရှာဖို့ Solaris ဂြိုဟ်ကို ရောက်လာတဲ့ Chris ကိုယ်တိုင်ကပါ သေဆုံးသွားပြီးဖြစ်တဲ့ ချစ်သူ Rheya သူ့ဆီ ပြန်ရောက်လာတာကို တွေ့ကြုံလာရတဲ့အခါမှာတော့ …. မင်းသား George Clooney ရဲ့ ရုပ်ရှင်အဟောင်းလေးကို ပရိသတ်ကြီး ခံစားကြည့်ရှုပေးပါဦး
...

Treasure Planet (2002) ⭐TMDB: 75% User Score 🎬 #Adventure #Animation #Family #Fantasy #ScienceFiction 🗓 2002 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေးဟာ 2002 ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး Disney ရဲ့ အသပ်ရပ်ဆုံးသော Animation တွေထဲက တစ်ကားလို့ တင်စားခံထားရပါတယ် မူရင်းဇာတ်လမ်းကတော့ “Treasure Island” တဲ့ခင်ဗျ… ဒီမှာ ထူးခြားသွားတာက ဇာတ်ကွက်တွေကို အာကာသထဲ ပြောင်းလိုက်ပြီး ဂြိုဟ်သားတွေ၊ နဂါးငွေ့တန်းတွေနဲ့ အသက်သွင်းထားတာပါ အဲ့လိုနဲ့ ဇာတ်လမ်းလေးက “Treasure Planet” ဆိုပြီး ဖြစ်သွားတယ်ပေါ့ဗျာ Rating တွေအနေနဲ့ကြည့်ရင်လည်း IMDb 7.1 Tomatoes 69% နဲ့ခင်ဗျ ဝေဖန်သူတော်တော်များများရဲ့ Positive Review တွေ ရထားတဲ့ ဇာတ်လမ်းလေး ဆိုပါတော့… ကလေးဘဝက အိပ်ရာဝင်ပုံပြင်တွေ၊ အာကာသ စွန့်စားခန်းတွေ၊ ဒရာမာကို ခုံမင်သူတွေအတွက်လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ပါ အသက် ၁၅ နှစ်အရွယ် ချာတိတ်ကလေး ဂျင်မ်ဟော့ကင်းန်စ်ရဲ့ မဟာစွန့်စားခန်းကြီးတစ်ခု… ငယ်ငယ်ကတည်းက အာကာသ ခရီးသွားတစ်ယောက် အရမ်းဖြစ်ချင်ခဲ့သူ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြံဖန်ပြီး ကောင်းကင်ပျံဝဲလေ့ရှိတဲ့ ချာတိတ်ကလေး ယာဉ်စည်းကမ်းတွေကို (တမင်မဟုတ်တောင်) ကျူးလွန်လေ့ရှိတာကြောင့် အမြဲတမ်း ပီကယ်တွေနဲ့ ငြိနေတဲ့ ချာတိတ် မိသားစုစားဝတ်နေရေးအတွက် ပင်ပင်ပန်းပန်း ရုန်းကန်နေရတဲ့မိခင်ကို အမြဲတမ်း ဒုက္ခပေးနေမိသလို ဖြစ်နေတာကြောင့် မိမိကိုယ်ကိုယ် အားမလိုအားမရ ဖြစ်နေတဲ့ ချာတိတ်ကလေး ဒီလိုနဲ့ တစ်နေ့မှာတော့ မမျှော်လင့်ပဲ သူအလွန်ကိုမှ သွားချင်နေတဲ့ အာကာသဟင်းလင်ပြင်ကြီးထဲကို ရွက်လွှင့်ဖို့အကြောင်းဖန်လာပါတော့တယ် အဲ့ခရီးစဉ်မှာ ကောင်းတဲ့သူတွေနဲ့ ဆုံခဲ့သလို လူဆိုးတွေနဲ့လည်း ကြုံခဲ့ရပြီး ဘဝသင်ခန်းစာတွေ အများကြီး ရသွားခဲ့ပါတယ် ကိုယ့်ခံယူချက်နဲ့ကိုယ် သွားနေတဲ့ လူဆိုးမဟုတ် လူကောင်းမဟုတ်တဲ့သူလည်း ပါသေးတာပေါ့ သူငယ်ငယ်က စိတ်ဝင်တစား ဖတ်ခဲ့ရတဲ့ အိပ်ရာဝင်ဇာတ်လမ်းတစ်ပုဒ် အပြင်လောကမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်တစ်ခုဆိုတာ သိလိုက်ရပြီးတဲ့နောက်… ဘာတွေ ဘယ်လိုဆက်ဖြစ်မယ်၊ ဘယ်လိုစွန့်စားခန်းတွေ ဖွင့်သွားမယ် ဆိုတာကတော့ ကြည့်ရှုခံစားလိုက်ကြပါဦး CM Fan တို့ရေ… *ဇာတ်ဝင်ခန်းသီချင်းလေးကလည်း အတော်ကောင်းဗျ
...

Abbé Pierre: A Century of Devotion (2023) ⭐IMDB: 6.6/10 (571 Votes) 🎬 #Biography #Drama #History #War 🗓 2023 🎞 movie 🌎 #France ⏰ 2 နာရီ 19 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 6.6/10 ရရှိထားတဲ့ Biography/Drama/History/War ပြင်သစ် ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိုဟီ ဂူဝက်စ် တစ်ဖြစ်လဲ အာဘစ်ပီယာက “ဆင်းရဲမွဲတေခြင်းနဲ့ စစ်ဖြစ်နေတဲ့သူ၊ အသံမဲ့လူသားတွေအတွက် အသံဖြစ်ပေးခဲ့သူ၊ ဆင်းရဲမွဲတေမှုကိုတိုက်ဖျက်ဖို့ နည်းလမ်းမျိုးစုံနဲ့ အစွမ်းကုန် ကြိုးစားနေတဲ့သူ” အဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ပြီး သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ ဒီဇာတ်ကားကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ကတ်သလစ် ဘုန်းတော်ကြီးဖြစ်သူ အိုဟီ ဂူဝက်စ်က မေတ္တာတရားကြီးမားပြီး ဘဝရဲ့ရပ်တည်ချက်ကို အမြဲရှာဖွေနေသူပါ။ ကံမကောင်းအကြောင်းမလှစွာနဲ့ ဒုတိယကမ္ဘာစစ်အတွင်း စစ်ထဲဝင်ခဲ့ရပေမဲ့ ဘုန်းတော်ကြီးတစ်ဦးအဖြစ် သူ့ရဲ့ရပ်တည်ချက်ကို မစွန့်ပစ်ဘဲ အတတ်နိုင်ဆုံး ထိန်းသိမ်းထားခဲ့သူလည်း ဖြစ်ပါတယ်။ တော်လှန်ရေးကာလအတွင်း သရုပ်မှန်ကို ဖုံးကွယ်နေထိုင်ဖို့ရည်ရွယ်ချက်နဲ့အာဘစ် ပီယာဆိုတဲ့ အမည်သစ်တစ်ခုနဲ့ လျှို့ဝှက်လုပ်ဆောင်ခဲ့ပါတယ်။ (အာဘစ်ဆိုတာက ပြင်သစ်လို ဘုန်းတော်ကြီးတွေကိုခေါ်တာမို့ ဘုန်းတော်ကြီး ပီယာဖြစ်ခဲ့တယ်လို့ ဆိုရမှာပေါ့လေ။) ဒုတိယကမ္ဘာစစ်အပြီး ကာလမှာတော့ ပြင်သစ်မှာ ငတ်မွတ်ခေါင်းပါးမှု၊ အိုးမဲ့အိမ်မဲ့တွေများပြားလာမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး သေကြေပျက်စီးမှုတွေရှိလာခဲ့ချိန်မှာတော့ အာဘစ်ပီယာတစ်ယောက် အိမ်ခြေရာမဲ့တွေအတွက် ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်ခဲ့ပါတော့တယ်။ အိုးမဲ့အိမ်မဲ့တွေအတွက် အေမာရုဆိုတဲ့ နားခိုရာကိုဖွင့်လှစ်ပြီး အားလုံးကို နွေးထွေးစွာ ကြိုဆိုခဲ့တာပါ။ သူက နောက်ခံတောင့်တင်းပြီး လူချမ်းသာအသိုင်းအဝိုင်းကမို့ အစပိုင်းမှာတော့ သူ့မိသားစုဝင်တွေရဲ့ အင်အားနဲ့ တောင့်ခံနိုင်ခဲ့ပေမဲ့ အချိန်ကာလကြာလာတော့ သူရဲ့ အေမာရုနားခိုရာမှာ လူတွေများလာပြီး ပတ်ဝန်းကျင်က တိုင်ကြားမှုတွေ၊ ထောက်ပံ့ငွေမလုံလောက်တာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတော့တယ်။ အာဘစ်ရဲ့ ဘဝတစ်လျှောက် ကြုံတွေ့ခဲ့ရတဲ့ လောကဓံက ဒါတင်မကသေးပါဘူး။ ဆောင်းရာသီမှာ အိုးမဲ့အိမ်မဲ့လူတွေက နေစရာမရှိ၊ စားစရာမဲ့စွာနဲ့ လမ်းဘေးမှာအေးခဲပြီး သေနေတာကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပြီး ယူကြုံးမရဖြစ်ခဲ့ရတာမျိုးလည်း ရှိပါသေးတယ်။ မေတ္တာတရားကြီးမားပြီး လူသားအားလုံးကို ကူညီချင်သူ အာဘစ်တစ်ယောက် အားလုံးကို ကယ်ဆယ်ကူညီခဲ့ပေမဲ့ လူသားဆိုတဲ့အမျိုးက တကယ်ရော ကယ်ဆယ်ပေးတဲ့အတိုင်း ကျေးဇူးသိတတ်စွာနဲ့ တုံ့ပြန်ကူညီပေးတတ်သူလား၊ သူနိမ့်ကျလာတဲ့အခါ လူသားရဲ့သဘာဝက ဘယ်လိုတွေ ထွက်ပေါ်လာမှာလဲ၊ အာဘစ်ရဲ့ဆန္ဒအတိုင်း တကယ်ပဲ ဆင်းရဲမွဲတေမှုနဲ့ စစ်ပွဲကရော အဆုံးသတ်နိုင်ပါ့မလားဆိုတာကိုတော့ သူ့ဘဝရဲ့ အနိမ့်၊ အမြင့်၊ အတက်၊ အကျ အစုံစုံကို ဇာတ်ကားထဲမှာ ဗဟုသုတရဖွယ်၊ သံဝေဂယူဖွယ် ရှုစားကြည့်လိုက်ကြပါဦးနော်။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်က Emily ပါ။)
...

While You Were Sleeping (2024) ⭐TMDB: 58% User Score 🎬 #Drama #Mystery 🗓 2024 🎞 tv movie 🌎 #SouthKorea ⏰ 1 နာရီ 40 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 While You Were Sleeping (2024) ******************************* နာမည်ကြီး စာရေးဆရာဂင်ဂျွန်ဆော့နဲ့ ပန်းချီဆရာမ ဒေါ့ဟီတို့ဟာ သာမန်ပျော်ရွှင်စရာကောင်းတဲ့ လင်မယားအတွဲလေးတစ်တွဲအဖြစ် ဘဝကိုအေးအေးချမ်းချမ်း ဖြတ်သန်းနေကြတဲ့သူတွေပေါ့။ ဒါပေမဲ့ ဇနီးဖြစ်သူဒေါ့ဟီက အတိတ်မေ့ရောဂါရှိနေပြီး တချို့သော အကြောင်းအရာတွေကို မမှတ်မိတော့တဲ့အတွက် ပြန်ပြီးမှတ်မိလာအောင် ကြိုးစားနေရရှာသူတစ်ဦးပဲဖြစ်တယ်။ တစ်နေ့မှာ ခင်ပွန်းဖြစ်သူ စာရေးဆရာဂင်ဂျွန်ဆော့က ဝတ္ထုအသစ်ရေးရန်ပြင်ဆင်ဖို့ ခရီးသွားနေတဲ့အချိန်မှာ မတော်တဆမှုကြောင့် ရုတ်တရက်သေဆုံးသွားပါတော့တယ်။ ဝမ်းနည်းပက်လက်ဖြစ်နေတဲ့ ဒေါ့ဟီက ခင်ပွန်းဖြစ်သူဆုံးပါးသွားခဲ့တဲ့ ခရီးနေရာကို တစ်ဖန်ပြန်လည်သွားရောက်ခဲ့တဲ့ အချိန်မှာတော့ မမျှော်လင့်ထားတဲ့ အမှန်တရားတွေကို ရင်ဆိုင်တွေ့ရှိလာရတဲ့အခါမှာတော့…။ ဇနီးဖြစ်သူ သိရှိသွားတာက ဘယ်လိုအမှန်တရားတွေဖြစ်နေမလဲ…။ ဂျွန်ဆော့က ဒေါ့ဟီမသိအောင် ဘာတွေ ကွယ်ဝှက်ထားမလဲဆိုတာကို ပဟေဠိဆန်ဆန် စိတ်ဝင်တစားကြည့်ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Cast တွေအနေနဲ့ကတော့ Arthdal Chronicles၊ My unfamiliar family တို့ထဲက မင်းသမီး Choo Ja Hyun နဲ့ The Glory၊ Blood Free တို့ထဲက မင်းသား Lee Moo Saeng တို့က နှစ်ယောက်ကြား chemistryကို ထိထိမိမိ သရုပ်ဆောင်ထားလို့ While you were sleeping ရုပ်ရှင်လေးကို ကြည့်ရှုပေးကြပါဦးနော်။ (ဇာတ်လမ်းအကျဉ်းကို Vanessa မှ ရေးသားပေးထားပါတယ်။)
...

The Rundown (2003) ⭐TMDB: 65% User Score 🎬 #Adventure #Action #Comedy #Thriller 🗓 2003 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2003 ခုနှစ်ကထွက်ရှိခဲ့ပြီး IMDb မှာ Rating 6.7 ရရှိခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ 2002 ခုနှစ်က The Scorpion King ဇာတ်ကားနဲ့အောင်မြင်ခဲ့တဲ့ Dwayne (The Rock) Johnson အတွက်တော့ လူပိုသိလာတဲ့ဇာတ်ကားတစ်ကား ဖြစ်ခဲ့ပါတယ်။ ကိုယ်ပိုင်စားသောက်ဆိုင်တစ်ဆိုင်မှာ စားဖိုမှူးအဖြစ်အသက်မွေးချင်တဲ့ ဘက်ခ်ဟာ သူ့သူဌေးအတွက် အကြွေးလိုက်တောင်းပေးရတဲ့ လူမိုက်တစ်ဦးပဲဖြစ်ပါတယ်။ ဒါပေမယ့် သူက သေနတ်မသုံးသလို မလိုအပ်ပဲထိခိုက်အောင်မလုပ်ပဲ စည်းစနစ်ကြီးတဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့သူဌေးရဲ့သားကို ဘရာဇီးတောထဲက ပြန်ခေါ်ပေးနိုင်ရင် သူလိုချင်တဲ့စားသောက်ဆိုင်ရမှာဖြစ်ပြီး လူမိုက်ဘဝကကျွတ်မှာဖြစ်တဲ့အတွက် ဘက်ခ်က လက်ခံခဲ့ပါတယ်။ ဒါပေမယ့် ရှေးဟောင်းရတနာကို လိုက်ရှာနေတဲ့ သူ့သူဌေးရဲ့သားကို ဘရာဇီးတောထဲမှာ ဘုရင်တစ်ပါးလို မင်းမူနေတဲ့ ဟတ်ချာဆိုတဲ့ရွှေတွင်းပိုင်ရှင်က ပြန်မလွှတ်ချင်တဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ …….သူ့သူဌေးရဲ့သားကရော ရှေးဟောင်းရတနာကို ဟတ်ချာမသိခင် ရှာတွေ့နိုင်မလား…….ဘားဆိုင်ထဲက ကောင်မလေးကရော ဘာတွေလျှို့ဝှက် ထားသလဲဆိုတာကို ဆက်လက်ရှု့စားကြပါ။ အက်ရှင်ဇာတ်ကားဆိုပေမယ့် The Rock နဲ့ Seann William Scott တို့ရဲ့ သရုပ်ဆောင်မှုတွေက ဟာသရသကိုလည်း တပြိုင်နက်ခံစားရစေမှာပါ။ အက်ရှင်ဇာတ်ကားကောင်းနဲ့ The Rock ပရိသတ်တွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်း နဲ့ မြန်မာစာတန်းထိုးဘာသာပြန်ကတော့ ကိုညီညီကျော်မြင့်မှ ရေးသားတင်ဆက် ထားပါတယ်။)
...

One Night Stand (2024) ⭐TMDB: 100% User Score 🎬 #Comedy #Drama 🗓 2024 🎞 tv movie 🌎 #China ⏰ 1 နာရီ 44 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကျောင်းပြီးဘွဲ့တွေရကြပြီးတော့ အသီးသီးကိုယ်စီကိုယ့်လမ်းကိုယ်လျှောက်နေကြတဲ့အခါကျောင်းတုန်းကအတူတူအတန်းလစ်ခဲ့တာ၊ဆိုးခဲ့ကြတဲ့သူငယ်ချင်းတွေနဲ့ဝေးကွာနေကြတယ်ဆိုရင်ဒီဇာတ်ကားလေးကိုကြည့်ရင်းဘဝအမောတွေဖြေဖျောက်နိုင်ဖို့ တင်ဆက်ပေးပါရစေ။ ဇာတ်လမ်းလေးကတော့ကြော်ငြာကုမ္ပဏီမှာလက်ထောက်ဒါရိုက်တာရာထူးကနေ ဒါရိုက်တာရာထူးကိုလိုချင်လို့အလုပ်ကြိုးစားနေတဲ့ လင်သာ့ချုံ၊ဘေးပတ်ပတ်လည်မိန်းကလေးတွေ ဝိုင်းရံနေတဲ့ခန့်ညားချောမောတဲ့ဓါတ်ပုံဆရာ ဖန့်သာ၊တက္ကစီမောင်းရင်းမိန်းမနဲ့ကလေးကိုရှာကျွေးနေတဲ့ လျိုရှောင်သောင်း၊ငယ်စဉ်တည်းကသူဌေးသား လွီဖန့်ဖန့် ၊ သူတို့လေးယောက်ကတော့ကျောင်းနေဖက်သူငယ်ချင်းဆိုးဖော်ဆိုးဖက်တွေဖြစ်ကြတာပေါ့။ တနေ့မှာ ဖန့်ဖန့်ကတော့လင်သာ့ချုံရှိရာဆီလာပြီးမတွေ့ကြာတဲ့သူငယ်ချင်းတွေနဲ့ စုံစည်းချင်တယ်လို့ပြောတယ်။သို့ပေမဲ့သာ့ချုံက သူလိုချင်တဲ့ဒါရိုက်တာရာထူးကိုမက်မောနေတာကြောင့် ငြင်းဆိုခဲ့တာကြောင့်ဖန့်ဖန့်တစ်ယောက်သူ့အမေသေဆုံးသွားပြီး သူ့မှာနှလုံးရောဂါကြောင့်ဘယ်လောက်မှမခံတော့ကြောင်းဇာတ်လမ်းဆင်ခဲ့ရာမှာသာ့ချုံလည်းသနားသွားပြီး တစ်နေ့တာသူငယ်ချင်းတွေနဲ့အလုပ်လုပ်ရင်းလည်ပေးဖို့ဆုံးဖြတ်ခဲ့တယ်။ ဒီလိုနဲ့သူငယ်ချင်းလေးယောက်သား စကားဝိုင်းမှာတစ်ယောက်တစ်မျိုးစီကိုယ်ဖြစ်ချင်တဲ့ဆန္ဒတစ်ခုစီပြောရင်းအဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးကြဖို့ သဘောတူခဲ့ကြတယ်။ဒီလိုနဲ့သမီးလေးရှိတဲ့ရှောင်းသားကတော့ သူ့သမီးဆန္ဒဖြစ်တဲ့ဝက်ဝံလေးမွေးဖို့၊ဓါတ်ပုံဆရာ ဖန့်သာကတော့သူ့အချစ်ဦးနဲ့တွေ့ဖို့၊ရုံးမှာစိတ်ကျဉ်းကျပ်လာတိုင်းလမ်းဘေးခေါက်ဆွဲဆိုင်လေးမှာခေါက်ဆွဲစားချင်တဲ့ သာ့ချုံ၊ငယ်စဉ်ကချမ်းသာပေမဲ့သူများကဘောင်းဘီခွကြားထဲကနေ ဝပ်သွားဖြတ်လျှောက်ခိုင်းတာကြောင့်လက်စားပြန်ချေချင်တဲ့ ဖန့်ဖန့်။ ဒီဆန္ဒလေးခုကို အကုန်အတူတူဖြည့်ဆည်းပေးကြတဲ့အချိန်မှာဘယ်လိုတွေဖြည့်ဆည်းပေးကြမလဲ။ဘယ်လိုတွေများသူငယ်ချင်းတွေစုပြီး ကယက်ထကြမလဲဆိုတာတွေနှင့်အတူဒီဇာတ်ကားလေးထဲမှာကျောင်းနေဖက်သူငယ်ချင်းတွေနဲ့ ပြန်တွေ့ဆုံကြတဲ့ခံစားချက်မြင်ကွင်းလေးတွေကိုပေါ်လွင်အောင်ရိုက်ကူးထားတဲ့အပြင် ပေါ့ပေါ့ပါးပါးဟာသဇာတ်လမ်းဆိုပေမဲ့လည်း ရင်ထဲမှာတခုခုစွဲကျန်သွားစေရုံတင်မကOne Night Stand ဆိုသည့်အတိုင်းတစ်ညတာပျော်ပါးကြပုံတွေကိုဇာတ်လမ်းလေးထဲမှာ မြင်တွေ့ရမှာဖြစ်တာကြောင့်လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင်
...

The Bone Collector (1999) ⭐TMDB: 68% User Score 🎬 #Crime #Drama #Mystery #Thriller 🗓 1999 🎞 movie 🌎 #Canada #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 58 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒန်ဇယ်ဝါရှင်တန် နဲ့ ဂျိုလီတို့ရဲ့ နာမည်ကျော်ကားလေး တင်ပေးလိုက်ပါတယ်။ လူသတ်ပြီးတိုင်း အရိုးတစ်စကို ဖယ်ထုတ်သွားတတ်တဲ့ ဆန်းကြယ်တဲ့ လူသတ်သမားနောက်ကို သဲလွန်စရှာလိုက်ကြမယ့် ခြေလက်သေနေတဲ့ မှုခင်းဆေးပညာရှင် နဲ့ ရဲမေတို့ရဲ့ စွန့်စားခန်းနဲ့ ရင်တုန်စရာ ဇာတ်လမ်း
...

Narc (2002) ⭐TMDB: 67% User Score 🎬 #Crime #Thriller #Drama #Mystery 🗓 2002 🎞 tv movie 🌎 #Canada #Germany #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Narc ဇာတ်ကားဟာ 2002 မှာထွက်ရှိထားတဲ့ Thriller/Crime အမျိုးအစား ဖြစ်ပါတယ်။ IMDb7.1 ရရှိထားပြီး Rotten tomatoes 84% ရထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တာဝန်ကရပ်‌ဆိုင်းခံထားရတဲ့ ရဲအရာရှိ နက်ခ် တဲလစ်ကို ရဲတစ်ယောက်အသတ်ခံရတဲ့အမှုကို ပြန်လိုက်ဖို့ တာဝန်ပေးလိုက်ကြပါတယ်။ သူရဲ့တွဲဖက်ပါတနာကတော့ ဟင်နရီအုက်ခ် ဖြစ်ပြီး ဆုံးသွားတဲ့ရဲအရာရှိရဲ့ တွဲဖက်ဟောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ ဟင်နရီအုက်ခ်ဟာ သူ့ရဲ့သူငယ်ချင်းဆုံးသွားတဲ့အပေါ် လက်‌စားပြန်ချေနိုင်ဖို့ ဘာမဆိုလုပ်ဝံ့သူပါ။ ဒါကြောင့် crime ဇာတ်ကားကြိုက်တဲ့သူတွေအဖို့ တဲလစ်နဲ့အုက်ခ် တို့ လူသတ်မှုနောက်ကွယ်က လျှို့ဝှက်ချက်တွေကို ဘယ်လိုဖော်ထုတ်ကြမယ်၊ အဖြေရှာကြမယ်ဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။
...

Treasure Hunting (2024) ⭐TMDB: 0% User Score 🎬 #Action #Adventure #Mystery 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 27 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒဏ္ဍာရီမှာ ခွင်းငှက်တစ်ကောင်က သေဆုံးခဲ့ပြီး အရိုးကျန်နေခဲ့တယ်တဲ့။ထန်လူမျိုးတွေက အဲဒီသေသွားတဲ့နေရာကို နေရာကောင်းအဖြစ်သတ်မှတ်ခဲ့ပြီး နဂါးကြောအဖြစ် သင်္ချိုင်းတစ်ခုဆောက်ခဲ့ပြီး ပေမင်ခွင်းနန်းဆောင်လို့ ခေါ်ခဲ့ပါတယ်။ အဲဒီနန်းဆောင်ထဲမှာ ရတနာအများအပြားရှိနေပြီး လူတိုင်းကရည်ရွယ်ချက်အမျိုးမျိုးနဲ့ လိုချင်နေကြတာပေါ့။ ဂျပန်လူမျိုးတွေရဲ့လက်ထဲကနေ ရတနာတွေကို ကာကွယ်ဖို့အတွက်ကျင်းစုတပ်က ခေါင်းဆောင်လုဟွမ်ရှန်း၊ ဖားချိုးဂိုဏ်းကဂိုဏ်းချုပ်ကုရှန်းနဲ့ ဗိုလ်လေး ဝူစီးဝိန်တို့ကခွင်းနန်းဆောင်ကို ရှာဖွေဖို့ ခရီးစဉ်ကို စတင်ခဲ့ပါတယ်။ သူတို့ခရီးစဉ်တစ်လျှောက်မှာ ဘယ်လို အခက်အခဲ အန္တရာယ်တွေနဲ့ ကြုံတွေ့ရမလဲ……ဂျပန်တွေကရော ဘယ်လိုနှောင့်ယှက်မလဲ……ပေမင်ခွင်းနန်းဆောင်ထဲမှာရော ဘယ်လို ထူးဆန်းတဲ့အစောင့်အရှောက်တွေက သူတို့ကို စောင့်နေမလဲ……ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။
...

Love in Wolf Creek (2022) ⭐IMDB: 6.0/10 (198 Votes) 🎬 #Romance #TVMovie 🗓 2022 🎞 tv movie 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ ပေါ့ပေါ့ပါးပါးရိုမန့်စ်ကားလေးတွေ ကြည့်ချင်သူတွေအတွက် ရွေးချယ်သင့်တဲ့ကားလေးပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဆမ်နဲ့ဆန်နီ ညီအမနှစ်ယောက်က Wolf Creekမြို့လေးမှာ တိရစ္ဆာန်ကယ်ဆယ်ရေးစခန်းဖွင့်ထားတဲ့သူတွေပါ။ အော်စတင်ကတော့ အဖွားဖြစ်သူကိုကူညီဖို့ မွေးမြူရေးခြံကနေ မြို့ကိုခဏရောက်နေတဲ့သူဖြစ်ပါတယ်။ တစ်ရက်ကျတော့ အလှူရှင်လာဖို့ရှိလို့ ပြင်ဆင်မှုလုပ်နေတုန်း တောအုပ်ထဲမှာ ဒဏ်ရာရနေတဲ့ ဝံပုလွေတစ်ကောင်ကိုရှာပြီး ကယ်ဆယ်ရေးလုပ်ဖို့အကြောင်းဖန်လာပါတယ်။ ခြေရာကောက်ကျွမ်းတဲ့အော်စတင်က ဆမ်ကိုကူညီ‌ပြီးလိုက်ရှာကူပါတယ်။ တစ်ဖက်မှာလည်း ဝံပုလွေကို အရေခွံအတွက် လိုက်ဖမ်းနေတဲ့မှောင်ခိုသမားကိုလည်း ရင်ဆိုင်ရတဲ့ အော်စတင်နဲ့ဆမ်တို့ကြား အချစ်တွေ ဘယ်လိုပေါက်ဖွားလာမလဲဆိုတာ ပေါ့ပါးပါးပါးကြည့်ရှုရမှာပါ။
...

A Reel Heist (2024) ⭐IMDB: 5.0/10 (46 Votes) 🎬 #Comedy #Crime #Action 🗓 2024 🎞 movie 🌎 #Canada ⏰ 1 နာရီ 57 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အပျော်တမ်း ရုပ်ရှင်တွေ ရိုက်တဲ့ ဆယ်ကျော်သက်လူငယ် တစ်စုရှိတယ်။ ဒီဇာတ်ကားထဲမှာတော့ သူတို့က လုယက်မှု ရုပ်ရှင်အမျိုးအစားတစ်မျိုးကို ရိုက်ကူးနေကြတာပေါ့။ တစ်ရက် ဆန်းဖို့ဒ် ကုန်တိုက် မှာ ရုပ်ရှင်သွားခိုးရိုက်ရင်း ကုန်တိုက်မန်နေဂျာဆီမှာ လက်ပူးလက်ကျပ်မိသွားပါတော့တယ်။ အဲဒါနဲ့ သူတို့ ကင်မရာထဲက မန်မိုရီကဒ်ကို သိမ်းလိုက်ပြီး ကုန်တိုက်ဆီကို ခြေချလို့မရတော့အောင်ဖြစ်သွားတာပေါ့။ ဒီတော့ မင်းသားတို့ သူငယ်ချင်းအုပ်စု SD Card ပြန်ရဖို့အရေး ဘယ်လိုဉာဏ်နီဉာဏ်နက်တွေ ထုတ်ပြီး ပြန်ခိုးကြမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်ကားပဲဖြစ်ပါတယ်။
...

Arthur 3: The War of the Two Worlds (2010) ⭐TMDB: 58% User Score 🎬 #Adventure #Animation #Family #Fantasy 🗓 2010 🎞 tv series 🌎 #France ⏰ 1 နာရီ 41 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နောက်ဆုံးကားကတော့ မယ်သာဇာ က အာဿာကို အကူအညီတောင်းခံစာအတုနဲ့ မီနီမွိုင်းဆီ ခေါ်လိုက်ပြီး အာဿကမ္ဘာဆီ သူက အစားထိုးပြန်သွားမှာဖြစ်ပါတယ်…..နဂိုကတည်းက ကောက်ကျစ်စဉ်းလဲတတ်ပြီး စွမ်းအားကြီးတဲ့ မယ်သာဇာ ပိုခွန်အားကြီးလာတဲ့အချိန်မှာတော့ အာဿတို့ဘယ်လိုတားဆီးမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်…… ရုပ်ရှင်ကား ၃ကား ထွက်ရှိထားတာဖြစ်ပြီး ၃ ကားလုံး CM ကနေ တင်ဆက်ပေးလိုက်ပါတယ် (1) Arthur and the Invisibles (2006)(2) Arthur and the Revenge of Maltazard (2009)(3) Arthur 3: The War of the Two Worlds (2010) တို့ပဲဖြစ်ပါတယ်
...

Arthur and the Invisibles (2006) ⭐TMDB: 64% User Score 🎬 #Adventure #Animation #Comedy #Family #Fantasy 🗓 2006 🎞 Series 🌎 #France #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ တောင်းဆိုသူတွေလည်းများသလို CM မှာလည်း မတင်ဆက်ဖူးသေးတာကြောင့် ပရိသတ်ကြီး ပြန်လည်ခံစားရအောင် တင်ဆက်ပေးလိုက်ပါတယ်…… မီနီမွိုင်းဆိုတဲ့ သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ အကောင်လေးတွေကို ၁၀နှစ်သားလေး အာဿ က ကူညီရင်း သူတို့အဖိုးအိမ်ဖောက်ခွဲခံရမဲ့ဘေးကနေ ကယ်တင်ပေးတဲ့ ကားလေးပါ….. စွန့်စားမှုတွေ စိတ်ကူးယဉ်မှုတွေ အန်နီမေးရှင်းလေးတွေနဲ့ဆိုတော့ စိတ်ကိုကြည်နူးစေပြီး ငယ်ဘဝလေးကို ပြန်ရောက်သွားစေနိုင်မှာမို့ ကြည့်ရှုလိုက်ပါဦး……ရုပ်ရှင်ကား ၃ကား ထွက်ရှိထားတာဖြစ်ပြီး ၃ ကားလုံး CM ကနေ တင်ဆက်ပေးလိုက်ပါတယ် (1) Arthur and the Invisibles (2006)(2) Arthur and the Revenge of Maltazard (2009)(3) Arthur 3: The War of the Two Worlds (2010) တို့ပဲဖြစ်ပါတယ်
...

Drifting Girl Runaway Girl- Yura Kudou (SAME-083-Decensored) ⭐- 🎬 #Adult 🗓 - 🎞 Series 🌎 #Japan ⏰ 2 နာရီ 3 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 JAV မင်းသမီးတွေထဲ Yura Kudou ကို သေးသေးကွေးကွေးနဲ့ ချစ်စရာကောင်မလေးအဖြစ်သိကြမှာပါ။ သရုပ်ဆောင်ရင်လဲ သူမနဲ့လိုက်ဖက်တဲ့ အရည်အသွေးမျိုးတွေ ပြသထားနိုင်တာကြောင့် ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့ JAV တွေမှာ မြင်တွေ့ရပါတယ်။ SAME-083-Decensored ဒီဇာတ်လမ်းထဲမှာလဲ ရှေ့ကတင်ဆက်ခဲ့တဲ့ ဇာတ်ကားတွေလိုမျိုးပဲ သူမကိုမအူမလည်အိမ်ပြေးကောင်မလေးအဖြစ်မြင်တွေ့ရမှာဖြစ်ပါတယ်။ JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့  ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။
...

Arthur and the Revenge of Maltazard (2009) ⭐TMDB: 57% User Score 🎬 #Adventure #Animation #Family #Fantasy 🗓 2009 🎞 tv series 🌎 #France ⏰ 1 နာရီ 35 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီ ဒုတိယကားမှာတော့ မယ်သာဇာ ရဲ့ ခြိမ်းခြောက်မှုကို ခံနေရတဲ့ မင်းသမီးလေး ဆယ်လီနီယာ ကို သွားကူရမဲ့ကားလေးပါပဲ…..ပထမကားလိုပဲ တင်ဆက်ထားတာမို့ ဆက်လိုက်ကြည့်ရှုခံစားလိုက်ကြပါဦး…… ရုပ်ရှင်ကား ၃ကား ထွက်ရှိထားတာဖြစ်ပြီး ၃ ကားလုံး CM ကနေ တင်ဆက်ပေးလိုက်ပါတယ် (1) Arthur and the Invisibles (2006)(2) Arthur and the Revenge of Maltazard (2009)(3) Arthur 3: The War of the Two Worlds (2010) တို့ပဲဖြစ်ပါတယ်
...

My Home Hero (2023) ⭐IMDB: 6.8/10 (60 Votes) 🎬 #Crime #Mystery #Drama #Thriller 🗓 2023 🎞 tv series 🌎 #Japan ⏰ 1 နာရီ 58 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 My Home Hero (2024) အသစ်ထွက်ရှိလာတဲ့ ဂျပန်လျှို့ဝှက်သည်းဖိုရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။ “ရာဇဝတ်ကောင်တွေမှာ ဘယ်လိုအကြောင်းပြချက်ပဲရှိရှိသူတို့ကို ဘယ်တော့မှခွင့်မလွှတ်ဘူး” … ။ သမီးဖြစ်သူ စုံထောက်ဖြစ်ဖြစ်ချင်း ပြောလာတဲ့စကားကြောင့် အဖေဖြစ်သူရင်ထဲမှာပူပန်သွားခဲ့ရတယ်။ လွန်ခဲ့တဲ့ခုနှစ်နှစ် သမီးဖြစ်သူကိုကာကွယ်ချင်စိတ်နဲ့ လုပ်မိလိုက်တဲ့ရာဇဝတ်မှုတစ်ခုကြောင့်လူဆိုးဂိုဏ်းတစ်ခုကနေ မိသားစုတစ်ခုလုံးကိုပါ ပစ်မှာထားရန်ရှာခြင်းခံရတဲ့ထိ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဉာဏ်ကောင်းတဲ့ဖခင်ကြောင့် ခုနှစ်နှစ်လုံး အန္တရာယ်ကင်းကင်းနေလာခဲ့ပြီးဘယ်သူမှမသိအောင် သူကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုက ပြန်ပြီးအစပေါ်လာခဲ့ပါတယ်။မိသားစုအတွက်ဆို အသက်ပါစွန့်ရဲတဲ့ဖခင်တစ်ယောက်ရဲ့ မိသားစုကိုကာကွယ်စောင့်ရှောက်ဖို့နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားပုံကို စိတ်ဝင်တစားကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့aungmo3hanဖြစ်ပါတယ်)
...

Visaranai (2016) ⭐TMDB: 79% User Score 🎬 #Bollywood #Crime #Drama #Thriller 🗓 2016 🎞 Series 🌎 #India ⏰ 1 နာရီ 56 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Visaranai (2016)“ထောင်ချောက်” CM ပရိသတ်ကြီးအတွက် ဖြစ်ရပ်မှန်ဝတ္ထုတစ်ပုဒ်အား ပြန်လည်အသက်သွင်းထားတဲ့တကားအဟောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် ရီဗျူးကောင်းတွေရထားသလို ဒီရုပ်ရှင်ထဲက အကြောင်းအရာတစ်ချို့ကြောင့်အတော်လေးလူပြောစရာဖြစ်ခဲ့ပြီး သရုပ်ဆောင်တွေကိုအမှန်တကယ်ရိုက်နှက်ခဲ့တယ်ဆိုကာ ဝေဖန်ခံခဲ့ရပါသေးတယ် တေလဂူးစကားပြောတဲ့ အန်ဒရာပရာဒက်ရှ်ပြည်နယ်မှာတမီးလ်ရွှေ့ပြောင်းလုပ်သားတွေက ဘာသာစကားတောင်မတတ်ဘဲ ပင်ပင်ပန်းပန်းရပ်တည်ကြရပါတယ် အိမ်ခြေရာမဲ့ တမီးလ်အလုပ်သမားလေးယောက်ဟာ ပန်းခြံထဲမှာအိပ်ကြုံရာကျပန်းလုပ်ကိုင်ကြရင်း ဘုမသိဘမသိ ရဲဖမ်းတာခံလိုက်ရပြီးစခန်းရောက်တော့ ဘာမပြောညာမပြော ရိုက်နှက်စစ်ဆေးခံရပါတယ် ဘာအကြောင်းရင်းမှ မသိဘဲ ဒုစရိုက်ကျော့ကွင်းထဲသွတ်သွင်းခံလိုက်ရတဲ့ သူတို့တွေ ဘာဆက်ဖြစ်မှာလဲ ဘယ်လိုမြှုပ်ကွက်တွေရှိနေမှာလဲ … တမီးလ်မဆလာရုပ်ရှင်တွေနဲ့ ကွဲထွက်နေတဲ့ ဒီရုပ်ရှင်လေးမှာ ပရိသတ်ကြီး ခံစားအားပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်
...

Tom Jones (2023) ⭐IMDB: 5.4/10 (1 k Votes) 🎬 #Drama #Comedy #Romance 🗓 2023 🎞 tv mini series 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 52 မိနစ် 2 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အင်္ဂလန်ပြည်ရဲ့ classic regency era ကို ဖော်ကြူးရိုက်ကူးထားတဲ့ အပိုင်းလေးပိုင်းပါ မီနီစီးရီးလေး တစ်ခုနဲ့ cm ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာဆိုရင် အိမ်ဖော်မလေးတစ်ယောက် အဖေမပေါ်ဘဲ မွေးလာတဲ့ ကောင်လေးတစ်ယောက်ကို အမျိုးကောင်းသား တစ်ယောက်အိမ်မှာ သွားပြီးစွန့်ပစ်ခဲ့ပါတယ်။ ဒီအမျိုးကောင်းသားဟာ ကလေးကို အဖေရင်းတစ်ယောက်လိုမျိုး အရွယ်ရောက်လာတဲ့အထိ ကြီးပြင်းလာအောင် ကြည့်ရှုစောင့်ရှောက် ခဲ့ပါတယ်။ ဒီလိုနဲ့ ကြီးပြင်းလာခဲ့တဲ့ တွမ်ဂျုံးစ်ဆိုတဲ့ ကောင်လေးဟာ စိတ်ကောင်း နှလုံးကောင်းရှိပြီး ပျော်ပျော်နေတတ်တဲ့ လူချောလေးပါ။ တစ်နေ့မှာ သူခင်မင်တဲ့ အမဲလိုက်မုဆိုးကို ကူညီဖို့ ကြိုးစားရင်းနဲ့ ငယ်စဉ်က ခင်မင်ခဲ့ဖူးတဲ့ သူငယ်ချင်းမလေး လေဒီဆိုဖာယာနဲ့ ပြန်လည်ဆုံစည်းခဲ့ပါတယ်။ သူတို့နှစ်ဦးကြားက ချစ်ခြင်းမေတ္တာက ဘယ်လောက်ထိ အစမ်းသပ်ခံနိုင်မလဲ။ ချမ်းသာကြွယ်ဝတဲ့ ဆိုဖာယာနဲ့ တရားမဝင်ကလေးတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့တဲ့ တွမ်ဂျုံးစ်တို့ ဘယ်လိုအခက်အခဲတွေ အတားအဆီးတွေနဲ့ တွေ့ကြုံရမလဲဆိုတာ
...

24 Frames (2017) ⭐IMDB: 6.8/10 (2 k Votes) 🎬 #Drama 🗓 2017 🎞 movie 🌎 #France #Iran ⏰ 1 နာရီ 54 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 24 Frames (2017) ~ IMDb – 6.8/10, Rotten Tomatoes – 92% ~ Abbas Kiarostami ရဲ့ 24 Frames က Experimental Film ဖလင်အမျိုးအစား။ သူမသေခင်နောက်ဆုံးရိုက်သွားတဲ့ လက်ရာလည်း ဟုတ်တယ်။ ရုပ်ရှင်လို့ပြောဖို့ထက် ဒီရုပ်ရှင်ကို ကြည့်ရတဲ့အရသာက ပန်းချီတစ်ချပ် ဓာတ်ပုံတစ်ပုံ အဲဒီလိုမျိုးဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ အဲဒီထက်ပိုတဲ့အရာတစ်ခုတော့ရှိတယ်။ ကျွန်တော်တို့ပြတင်းပေါက်ကနေ အမြဲမြင်နေရမယ့် သစ်ပင်တွေကို မိုးဆင်းလို့ ယိမ်းနွဲ့နေတုန်း အရသာရှိရှိ ထိုင်ကြည့်လိုက်ရသလိုမျိုး… ကိုယ့်မြို့က တံတားကြီးတစ်စင်းပေါ်ကနေ ဖြတ်သွားဖြတ်လာတိမ်တွေကို ထိုင်ကြည့်နေရသလိုမျိုး… နေစောင်းလို့ တိမ်တွေအရောင်းပြောင်းတဲ့အခါ စိတ်ရှိလက်ရှိထိုင်ကြည့်နေရသလိုမျိုး အရသာမျိုးပေါ့။ ဒိုင်ယာလော့မပါ၊ ဇာတ်လမ်းမပါ၊ အဖြစ်အပျက်မပါတဲ့ ဒီဇာတ်လမ်းမှာ အသေထားထားတဲ့ ဖရိန်တစ်ခုအောက် ငြိမ်သက်နေတဲ့အရာတွေ ရွေ့လျားနေတဲ့အရာတွေ သက်ဝင်နေတဲ့အရာတွေ သက်ငြိမ်နေတဲ့အရာတွေကို ဖမ်းယူထားတာတွေကိုချည်း သူတပ်ထားတဲ့ နံပါတ်အရတော့ ၂၄ဖရိန်တိတိပြထားတယ်။ တံတားတစ်စင်းပေါ်က လှုပ်ခတ်နေတဲ့ရေပြင်… အဲဒီနောက်မှာ ညိုမွဲနေတဲ့တိမ်တွေ… တံတားဘောင်ပေါ်မှာက ငှက်ကလေး၂ကောင်… အဲဒီလိုအရာတွေကို အရသာခံကြည့်ရတာကြိုက်တဲ့လူဆိုရင်တော့ ဒီရုပ်ရှင်က ကျွန်တော်မြင်ဖူးသမျှထဲတော့ တစ်ကားတည်းသော ဒီလိုရုပ်ရှင်ပဲ။ ပုဂ္ဂလိက အမြင်အရတော့ Abbas ဟာ ကျွန်တော်တို့ကို ရုပ်ရှင်ဟာ ဒီဇာတ်လမ်းတွေကြားမှာပဲရှိတာမဟုတ်တဲ့ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာလည်း ရှိနေတဲ့အရာလို့ ပြောချင်ခဲ့တာလို့ပဲမြင်တယ်။ ယူသလိုပဲရပါတယ်။ ဒီနေရာမှာ ကျွန်တော်သတိရလိုက်မိတဲ့ ဂိုးဒတ်ရဲ့စကားတစ်ခွန်းတော့ ရှိတယ်။ ဓာတ်ပုံက ဘယ်တော့မှမမှားဘူး။ တစ်စက္ကန့်မှာ ဓာတ်ပုံ၂၄ပုံ (ဝါ) ၂၄ဖရိန်ရှိနေတဲ့ ရုပ်ရှင်ကလည်း ဘယ်တော့မှ မမှားဘူးတဲ့။ ဒါကြောင့်လည်း ဒီကားကို Abbas က ဒီနာမည်ပေးခဲ့သလားတော့မသိဘူးပေါ့။ ” Photography is truth.The cinema is truth twenty-four times per second. “– Jean-Luc Godard (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)
...

ဇာတ်ညွှန်းများ • FDMN - Статистика та аналітика Telegram каналу