uk
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Boss Engira Baskaran (2010) ⭐IMDB: 7.2/10 (3 k Votes) 🎬 #Bollywood #Comedy #Drama #Action 🗓 2010 🎞 movie 🌎 #India ⏰ 2 နာရီ 41 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Boss Engira Bhaskaran (2010)”ဆရာကြီးဘာစကာရန်”========================================= မင်းသမီးချော နယန်သာရာရဲ့ ၂၀၁၀ ကထွက်ရှိခဲ့တဲ့အချစ်ဟာသရုပ်ရှင်ဟောင်းလေးကိုပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက်ကတော့ ဘာစကာဆိုတဲ့အလုပ်မရှိအကိုင်မရှိလူငယ်တစ်ယောက်ပါ။ သူက အလုပ်မရှိပေမဲ့ ၂၄ နာရီ အလုပ်များနေကြလို့လူတွေက သူ့ကို ဘော့စ်လို့ နာမည်ပြောင်ပေးထားကြပါတယ်။ ဒါ့အပြင်သူဟာ အကောက်ခွန်စာမေးပွဲကို နှစ်ပေါင်းများစွာဖြေလာခဲ့သူဖြစ်ပြီးခိုးချတာတောင် စာမေးပွဲမအောင်တဲ့သူဖြစ်ပါတယ်။ အဲဒီလိုနဲ့ ဘော့စ်ဟာ တစ်ခုသော စာမေးပွဲမှာ အခန်းစောင့်ရဲ့ ပါမောက္ခမလေးကိုကြိုက်မိသွားတဲ့အတွက် သူငယ်ချင်းဖြစ်သူနဲ့ပေါင်းပြီး စာမေးပွဲဖြေနည်းသင်တန်းဖွင့်ကာပါမောက္ခမလေး စိတ်ဝင်စားခံရအောင်လုပ်ရင်း တလွဲတချော်အခွီတွေဖြစ်လာပုံကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)
...

The Quiet Maid (2023) ⭐IMDB: 6.2/10 (583 Votes) 🎬 #Comedy #Drama 🗓 2023 🎞 movie 🌎 #Spain #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Calladita aka The Quiet Maid (2023)IMDb 6.1/10ဒီဇာတ်လမ်းလေးမှာတော့ နွေရာသီအားလပ်ရက်အချိန်မှာကိုလမ်ဘီယာသူလေး အန်နက ညီမဖြစ်သူဆေးကျောင်းတက်ဖို့အတွက် Costa Brava ကချမ်းသာတဲ့အိမ်တစ်အိမ်မှာ အလုပ်လုပ်ပေးနေပါတယ်၊ စာချုပ်စာတမ်းမရှိပါပဲ မိုးလင်းကနေမိုးချုပ်အလုပ်လုပ်ပေးရတဲ့သူမက အိမ်နီးချင်း အိမ်အကူသူငယ်ချင်းလေးနဲ့အတူတူပျော်ရွှင်စရာတွေကိုဘယ်လိုရှာဖွေသွားမလဲ။ သူမ ယုံကြည်ပြီး အလုပ်လုပ်ပေးနေတဲ့အိမ်ရှင်မိသားစုကရော တကယ်ပဲစိတ်ဓာတ်ကောင်းကြရဲ့လားဆိုတာကိုစိတ်ဝင်စားဖွယ်တွေ့ရမှာဖြစ်ပါတယ်။
...

Freedom Hair (2024) ⭐IMDB: 5.7/10 (106 Votes) 🎬 #Drama #History 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ မယ်လန်နီအမ်းစထရောင်းဆိုတဲ့ အမျိုးသမီးရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကို အဃြေံရိုက်ကူးထားတာပဲ​ဖြစ်ပါတယ် မယ်လန်နီဟာ ငယ်ကယ်လေးကတည်းက ဆံပင်တွေကိုချစ်တတ်တဲ့ ဆံပင်တွေကို လွတ်လွတ်လပ်လပ်ပဲရှိစေချင်တဲ့ကောင်မလေးတစ်ယောက်ပေါ့ သူမအရွယ်ရောက်လာတဲ့အခါ ကယ်ဗင်ဆိုသူနဲ့လက်ထပ်လိုက်ပြီး ပျော်ရွှင်စရာကောင်းတဲ့အိမ်ထောင်ရေးပိုင်ဆိုင်ထားပါတယ် ဒါပေမဲ့ငွေရေးကြေးရေးအတွက် အလုပ်လုပ်မယ်ဆိုပြီး အရင်ဆုံးယောင်းမဖြစ်သူ”ဒီး”ရဲ့ဆံပင်ပြင်ဆိုင်မှာ ခေါင်းဝင်လျှော်ပေးပါတယ် အဲ့မှာစလုပ်ကတည်းက သူမရဲ့လက်တွေဟာ ဆံပင်နဲ့ပက်သက်ပြီးပါရမီပါလာတယ်ဆိုတာသိလိုက်ရပါတယ် နောက်ပိုင်းမှာ အာဖရိကန်စဆိုင်ဆံပင်ကျစ်နည်းသင်တန်းတွေတက်ပြီး ကိုယ်ပိုင်ဆိုင်ဖွင့်ဖို့ကြိုးစားပါတော့တယ် သူမမှာပါရမီပါတဲ့အတွက် ထိုပညာရပ်ကိုလည်းကျွမ်းကျင်စွာတတ်မြောက်သွားခဲ့ပါတယ် ဘာမဆိုအမြဲထောက်ပံ့အားပေးတတ်တဲ့ခင်ပွန်းကလည်း သူ့ဇနီးရဲ့ဆန္ဒအတိုင်း ဆိုင်တစ်ဆိုင်ဖွင့်ပေးခဲ့ပါတယ် ဒါပေမဲ့ အဲ့ဒီမှာပဲပြဿနာတွေအခက်ခဲတွေပေါ်လာပါတော့တယ် အဲ့ဒါကတော့ လိုင်စင်လုပ်ဖို့လိုအပ်တာပါ အဲ့လိုင်စင်တန်ဖိုးကလည်း မတန်တဆကြီးနေပြီး မစ္စစ်စပီပြည်နယ်ရဲ့ဥပဒေက သူမတို့လိုအာဖရိကန်စတိုင်ဆံပင်ကျစ်သူတွေအတွက်ဖိနှိပ်ထားတယ်လို့ခံစားမိတာ​ကြောင့် အာဏာရှိတဲ့ပြည်နယ်ဘုတ်အဖွဲ့နဲ့တရားရင်ဆိုင်ပါတော့တယ်…… ဒီဇာတ်ကားလေးမှာ မယ်လန်နီတစ်ယောက် ဘယ်လိုအခက်အခဲအတားအဆီးပဲရှိရှိ လက်မလျှော့ပဲအကောင်းဆုံးကျော်ဖြတ်ခဲ့တာတွေကိုတွေ့ရမှာပါ တရားရင်ဆိုင်ရင်ရော သူမအနိုင်ရရှိပါ့မလား
...

At Midnight (2023) ⭐IMDB: 5.6/10 (2 k Votes) 🎬 #Action #Comedy #Romance 🗓 2023 🎞 movie 🌎 #UnitedStates #Mexico #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 At Midnight (2023) ဆိုဖီဝိုင်လ်ဒါက နာမည်ကျော်စူပါဟီးရိုးဇာတ်ကောင်ရှင် ရုပ်ရှင်မင်းသမီးတစ်လက်ဖြစ်ပြီး သုံးကားတွဲကားရဲ့ နောက်ဆုံးဇာတ်ကားကိုရိုက်ဖို့ မက္ကဆီကန်ကိုရောက်ရှိနေပါတယ်။ ဒီဇာတ်ကားအပြီးမှာတော့ သူကိုယ်တိုင်ခေါင်းဆောင်ခွင့်ရမယ့် spin-off ရိုက်ရဖို့လည်းမျှော်လင့်နေတာပါ။ ဇာတ်ကားမှာသူ့ရဲ့သရုပ်ဆောင်ဖက်လည်းဖြစ် အပြင်မှာလည်းရည်းစားဖြစ်တဲ့ အဒမ်ရဲ့ဖောက်ပြန်မှုကို သူမိသွားတဲ့နောက်မှာတော့ ပုံမှန်အတိုင်းရှေ့ဆက်နိုင်ဖို့ကြိုးစားရပါတော့တယ်။ အဲ့ဒီအချိန်မှာပဲ သူတို့တည်းနေတဲ့ဟိုတယ်ရဲ့ မန်နေဂျာ Alejandro ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ဆုံခဲ့တာပါ။ အစပိုင်းမှာ အလွဲတစ်ခုနဲ့စခဲ့ကြပေမယ့် ပိုမိုရင်းနှီးလာရင်း တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေပိုလာပြီး အဆင့်တက်ချင်လာချိန်မှာတော့ သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုအတားအဆီးတွေပေါ်လာမလဲ ဘယ်လိုရင်ဆိုင်ဖြတ်ကျော်ကြမလဲဆိုတာ ဟာသလေးတွေစွက်ပြီး ပေါ့ပေါ့ပါးပါးရှုစားရမှာဖြစ်ပါတယ်။ ခေါင်းဆောင်မင်းသမီး ချောချောလှလှတွေ၊ သာယာတဲ့ရှုမျှော်ခင်းတွေ ခမ်းနားတဲ့အပြင်အဆင်တွေနဲ့ တစ်ချိန်က နာမည်ကျော်ခဲ့တဲ့ rom/com တွေရဲ့အငွေ့အသက်တွေကိုပြန်လည်ခံစားရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)
...

The Great Battle (2018) ⭐TMDB: 68% User Score 🎬 #Action #Drama #Historical #War #History 🗓 2018 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 15 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Great Battle (2018) ************************ မင်းကြီးဂျူမုံတည်ထောင်ခဲ့တဲ့ ဂိုဂူလျောပြည်ကို တရုတ်ထန်ဘုရင် ကျူးကျော်ခဲ့တဲ့ အကြောင်းကို စစ်တိုက်ပုံမျိုးစုံ ဝေဝေဆာဆာနဲ့ ရိုက်ကူးထားတဲ့ ရာဇဝင်ကားကောင်းလေးဖြစ်တဲ့ The Great Battle ဆိုတဲ့ ဇာတ်ကားလေးကို ပြန်တင်ပေးလိုက်ပါတယ်နော်။ ဂိုဂူလျောက စစ်သေနာပတိယွန်းဟာ အန်ရှီခံတပ်ရဲ့ တပ်မှူး ယန်မန်ချွန်းရဲ့ အမိန့်မနာခံမှုကို အပြစ်ပေးဖို့အတွက် သူ့ဆီကို သူလျှိုတွေ စေလွှတ်ပေါင်း မနည်းပါဘူး။ အန်ရှီမြို့သား ဆာမူကို စေလွှတ်လိုက်ချိန်မှာတော့ ဆာမူဟာ တပ်မှူးယန်ရဲ့ ခေါင်းဆောင်ပီသမှုတွေကို မြင်တွေ့ရပြီး လုပ်ကြံမှု မအောင်မြင်ခဲ့သလို တိုက်ပွဲပေါင်းများစွာကို ရှုံးပွဲမရှိ တိုက်ခိုက်အောင်မြင်ခဲ့တဲ့ တရုတ်ထန်စစ်တပ်ဟာ အန်ရှီခံတပ်ကို တိုက်ဖို့ လာတဲ့အခါ ယန်မန်ချွန်းရဲ့ ပါးနပ်မှု လက်ရုံးရည် နှလုံးရည်ပြည့်ဝမှုတွေကြောင့် လွယ်လွယ်နဲ့ မအောင်မြင်ခဲ့ပြန်တဲ့အခါမှာတော့.. တရုတ်ဘက်ကို ဘယ်လိုတွေတိုက်လာပြီး အန်ရှီခံတပ်ဘက်ကရော ဘယ်လိုပြန်ခုခံမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပါ ရှုစားလိုက်ရအောင်နော်။ ၃ လလောက်တိုက်ပွဲဝင်ရတာကို တိုက်ခန်းခိုက်ခန်း မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ရိုက်ကူးထားလို့ ကြည့်ရတန်တဲ့ ရာဇဝင်ကားကောင်းတစ်ကားဖြစ်သလို အချစ် အလွမ်း နဲ့ တိုင်းပြည်ချစ်စိတ်တွေကိုပါ ပေါ်လွင်အောင် ရိုက်ပြထားလို့ ရသမျိုးစုံကို ပေးစွမ်းနိုင်တဲ့ ဇာတ်ကားလေးပါလို့ ညွှန်းပေးပါရစေ။
...

Die Alone (2024) ⭐IMDB: 5.7/10 (741 Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #Canada ⏰ 1 နာရီ 30 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူသားတွေမှီခိုအားထားပြီးနေထိုင်နေရတဲ့ကမ္ဘာကြီးက လူသားတွေကြောင့်ပဲ တစ်နေ့တစ်ခြားပိုပိုပျက်စီးယိုယွင်းလာတာကို ကိုယ်တွေ့မျက်မြင်မြင်တွေ့ရမှာပါ။ရာသီဥတုပြောင်းလဲတာ ရေမြေတွေညစ်ညမ်းလာတာတွေအပြင် ကမ္ဘာကြီးအဆိပ်သင့် လာရတာတွေကလည်းလူသားတွေရဲ့လောဘတွေကြောင့်ပါပဲ။ အဲ့ဒါတွေအတွက်ကမ္ဘာကြီးကကိုယ့်ကိုယ်ကိုယ်ပြန်လည်ရယူတဲ့ အနေနဲ့ ဇွန်ဘီတွေလိုဖြစ်သွားစေမဲ့ဗိုင်းရပ်စ်တစ်ခုကိုလူသားတွေဆီ ပေးသနားလိုက်တဲ့ပုံစံမျိုးနဲ့ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Die Alone ဖြစ်ပြီး လက်ရှိ IMDb Rating 5.6 အထိရရှိထားပါတယ်။ ဇာတ်လမ်းအစမှာတော့ အထက်မှာပြောထားခဲ့တဲ့ဗိုင်းရပ်စ်က ကမ္ဘာပေါ်မှာပျံ့နှံ့နေပြီး လူတွေလည်း အသက်ရှင်သန်နိုင်ဖို့အတွက် ကြိုးစားရုန်းနေကြရပါတယ်။အဲ့ဒီထဲမှာအီသန်နဲ့အမ်မာဆိုတဲ့လူငယ် စုံတွဲလေးလည်း အပါအဝင်ဖြစ်ပါတယ်။သူတို့က ကားတစ်စီးနဲ့ ဘေးကင်းရာကိုထွက်ပြေးလာခဲ့ကြပေမဲ့လမ်းမှာကားမှောက်ပြီး လူကွဲသွားပါတော့တယ်။အီသန်နိုးလာတဲ့အခါမှာ အမ်မာ့ကိုမတွေ့ရ တော့ဘဲ ကမ္ဘာကြီးပေါ်မှာဘာတွေဖြစ်နေတယ်ဆိုတာကိုပါ မေ့ပျောက် နေခဲ့ပါတယ်။အဓိကပြဿနာကတော့ သူ့မှာအတိတ်မေ့ရောဂါရှိနေလို့ ပါပဲ။ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ မေလို့ခေါ်တဲ့အဖွားကြီးတစ်ယောက်နဲ့ တွေ့ခဲ့ပြီး သူ့အိမ်မှာ လိုက်ပါနေထိုင်ခွင့် ရခဲ့ပါတော့တယ်။ မေက ဒီလောကကြီးထဲမှာကျင်လည်နေတာကြာပြီဆိုတော့ သူ့အတွက် အသက်ရှင်သန်နေထိုင်ဖို့ဆိုတာ ခက်ခဲတယ်တော့မဟုတ်တော့ပါဘူး။ ဒါပေမယ့် အီသန်ကတော့ သူ့ကောင်မလေးအမ်မာကိုပဲ သွားရှာချင်စိတ် တွေတဖွားဖွားဖြစ်နေခဲ့ပါတယ်။ဒီလိုနဲ့ အီသန်တစ်ယောက် အမ်မာ့ကို ရှာဖို့ကြိုးစားရင်းနဲ့ ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲ မေကရော သူ့ကိုကူညီပေးပါ့မလားဆိုတာတွေကို စိတ်ဝင်စားစရာကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။
...

E.T. the Extra-Terrestrial (1982) ⭐TMDB: 75% User Score 🎬 #Family #SciFi #Adventure #ScienceFiction #Fantasy 🗓 1982 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၈၀-၉၀ ဖွားတွေအတွက် ဒီရုပ်ရှင်ကိုမြင်တာနဲ့ နားထဲစကြားယောင်မယ့် အသံရှိမယ်ထင်ပါတယ်။ ET Phone Home ဆိုတာပါပဲ။ ဒီရုပ်ရှင်လေးကတော့ ကလေးဘဝ အိပ်မက်လေးတွေဆီကို ပြန်ခေါ်သွားပါလိမ့်မယ်။ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင် ဇာတ်ကားကောင်း တစ်ခုလို့ ဘာတွေနဲ့ ပြောကြမလဲ။ နာမည်ထဲကအတိုင်းပါပဲ သိပ္ပံစိတ်ကူးယဉ် လို့ရေးထားတဲ့အတွက် သိပ္ပံဇာတ်လမ်းဖြစ်ရမယ်၊ ရုပ်ရှင်လို့ရေးထားတဲ့အတွက် ဇာတ်ညွှန်း ဇာတ်ဝင်ခန်း သရုပ်ဆောင် ဂီတ အထူးပြုလုပ်ချက် စတာတွေ ပါရမယ်၊ ဒါတွေအကုန်ပါရင်တောင် သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင် လို့ပဲ ပြောလို့ရပါတယ်။ ဇာတ်ကားကောင်းလို့ပြောဖို့ကတော့ ဇာတ်လမ်း ရိုက်ချက် သရုပ်ဆောင် ဂီတ အထူးပြုလုပ်ချက် နေရာတိုင်းမှာ ပြည့်စုံကောင်းမွန်နေဖို့လိုပါတယ်။ Effect လေးတွေထည့် မဖြစ်နိုင်တာတွေ မဖြစ်သေးတာတွေ ရိုက်ပြလိုက်ရုံနဲ့တော့ သိပ္ပံစိတ်ကူးယဉ်ဆိုတာနဲ့ ရပ်နေပြီး ရုပ်ရှင်ကောင်းဆိုတာ ဖြစ်မလာပါဘူး။ ************************* ၁၉၈၂ က ထွက်ရှိခဲ့ပြီး ဒါရိုက်တာ စတီဗင်စပီးဘက် ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ရုပ်ရှင်သမိုင်းမှာအအောင်မြင်ဆုံး အဖြစ် ၁၉၉၃ ခုနှစ်အထိ ရပ်တည်နိုင်ခဲ့ပါတယ်။ Box Office ကတော့ ၇၉၂ သန်းပါ။ အဲဒီခေတ်ရဲ့ ဒီငွေပမာဏနဲ့ဆို ဘယ်လောက်များမလဲ မှန်းကြည့်လို့ရပါတယ်။ ၁၉၉၃ မှာတော့ စတီဗင်စပီးဘတ်ကပဲ Jurassic Park နဲ့ သူ့စံချိန်ကိုသူပြန်ချိုးခဲ့လို့ပါ။ အဲဒီနောက်မှာတော့ တိုက်တင်းနစ်နဲ့ အဗာတာတို့က ပြန်ဦးဆောင်သွားခဲ့တာပါ။ ဒီရုပ်ရှင်ကို ၁၉၈၂ မှာ သမ္မတနဲ့ သမ္မတကတော်အတွက် အိမ်ဖြူတော်မှာ သီးသန့်ပြသပေးခဲ့ရပါသေးတယ်။ ဒီတော့ ရခဲ့တဲ့ ဆုလေးတွေကို ကြည့်ရအောင်။ အော်စကာ ဆုပေးပွဲမှာ နောက်ခံဂီတဆု၊ Sound Mixing ဆု၊ Visual Effect ဆု၊ Sound Editing ဆု ဆိုပြီး ၄ ဆု ဆွတ်ခူးခဲ့ပါတယ်။ အကောင်းဆုံးရုပ်ရှင်ဆု၊ ဒါရိုက်တာဆု၊ တည်းဖြတ်ဆု၊ မူလဇာတ်ညွှန်းဆု နဲ့ Cinematography ဆုတွေ ဆန်ကာတင်ပါခဲ့ပါတယ်။ ****************** – ပထမဆုံးအနေနဲ့ ဇာတ်ညွှန်းကိုတော့ ဒါရိုက်တာက script ရေးသားခဲ့ပြီး screenplay အဖြစ် ပြန်ရေးဖို့ ဟယ်ရစ်ဆင်ဖို့ဒ်ရဲ့ ဇနီးဖြစ်လာမယ့် Melissa Mathison က ကူညီခဲ့ပါတယ်။ ဇာတ်လမ်းတစ်ခုလုံးက ယုတ္တိကျကျ လုံးဝဆန်းသစ်ပြီး လူတိုင်းရဲ့ စိတ်ထဲမှာ စွဲထင်သွားစေခဲ့ပါတယ်။ အော်စကာလည်း ရခဲ့တယ်လေ။ – သရုပ်ဆောင်အဖြစ်ကတော့ အဲလိယော့အဖြစ်သရုပ်ဆောင်ဖို့ လူတွေ့စစ်ဆေးရွေးချယ်မှုတွေ လုပ်ခဲ့ပါတယ်။ အဲလိယော့ကလေးနေရာမှာ သရုပ်ဆောင်မယ့် ဟင်နရီသောမက်လေးဟာ သူ့ရဲ့ခွေးလေး သေသွားတဲ့နေ့ကို ပြန်တွေးပြီး ငိုတဲ့အခန်းမှာ သရုပ်ဆောင်ပြလိုက်တာ ဒါရိုက်တာကြီးကိုယ်တိုင် မျက်ရည်ကျရပြီးကို ဇာတ်လိုက်နေရာကို ရရှိသွားတာပါ။ – ဒီရုပ်ရှင်ကို အသက်ကြီးမှ ပြန်ကြည့်တဲ့အခါ သိပ်ကို ပီပြင်လွန်းတဲ့ နေရာတစ်ခုရှိပါတယ်။ အဲဒါကတော့ အီးတီကို ဆရာဝန်တွေ အသက်ကယ်ဖို့ အရေးပေါ် ကြိုးစားတဲ့အခန်းပါ။ ဆေးပေးတာ၊ စစ်ဆေးတာ၊ အရေးပေါ်အသက်ကယ်တာ၊ တဖြည်းဖြည်း အခြေအနေဆိုးလာပြီး သေပြီလို့ ထင်သွားရတဲ့အထိ စကားလုံးတွေ လှုပ်ရှားမှုတွေက အရမ်းကို သဘာဝကျပြီး ပီပြင်ပါတယ်။ အံံ့သြလွန်းလို့ ရှာကြည့်လိုက်တော့ ဒါရိုက်တာကြီးက အရေးပေါ်ခန်းက ဆရာဝန်တွေ သူနာပြုတွေကို ခေါ်ပြီး တကယ် အသက်ကယ်နေသလိုကို လုပ်ခိုင်းပြောခိုင်းလိုက်ခဲ့လို့ပါပဲ။ ဆရာဝန်တွေ သူတို့မမြင်ဖူးတဲ့ ဂြိုလ်သားတစ်ကောင်ကို နည်းအမျိုးမျိုးနဲ့ အရေးပေါ် ကုတဲ့အခန်းက အရမ်းကို မှန်ကန်တိကျပါတယ်။ အီးစီဂျီဖတ်ပြီး ကိုယ်ဝန်ရှိတဲ့အကွက်မျိုးတွေ မလာပါဘူး။ နောက်ပြီးတော့ အထူးပြုလုပ်ချက်အနေနဲ့ အီးတီနဲ့အတူ စက်ဘီးလေး မိုးပေါ်ပံျသွားတဲ့အခန်းကတော့ ရုပ်ရှင်လောကရဲ့ မှတ်တိုင်အထိမ်းအမှတ်တစ်ခုလိုတောင် ဖြစ်လာခဲ့တာပါပဲ။ လူတိုင်းမျက်စိထဲမှာလည်း အဲဒီအခန်းကို စွဲနေကြပါတယ်။ ဒါရိုက်တာရဲ့ အရည်အချင်းပါပဲ။ – ရယ်ရတာတစ်ခုကတော့ ဒီရုပ်ရှင်မှာ အီးတီကို မုန့်နဲ့မျှားခေါ်တဲ့အခန်းအတွက် M&M မုန့်လေးတွေကို သုံးဖို့ ကုမ္ပဏီကို ခွင့်တောင်းခဲ့ပါတယ်။ ကုမ္ပဏီက အီးတီဟာ ရုပ်ဆိုးလွန်းလို့ ကလေးတွေ ကြောက်လိမ့်မယ်ဆိုပြီး သုံးခွင့်မပေးခဲ့လို့ Reese’s တံဆိပ်မုန့်တွေကိုပဲ သုံးခဲ့ရပါတယ်။ ဒီရုပ်ရှင်ကြောင့် Reese’s မုန့်ရောင်းရနှုန်းက တရှိန်ထိုးကို ထောင်တက်သွားတာပါပဲ။ – Star wars ဖန်တွေ ပြန်ကြည့်ရင် အကြိုက်တွေ့မယ့် အချက်ကတော့ အီးတီဟာ ဟောလိုးဝင်းမှာ Yoda ဝတ်စုံကို ဝတ်ထားတဲ့ ကလေးကို မှတ်မိနေကြောင်း ပြသခဲ့တာပါပဲ။ အီးတီဟာ Yoda ကို သိပါတယ်ဗျာ။ – အီးတီနေရာမှာတော့ အရပ် ၂ ပေကျော်ပဲ ရှိတဲ့ လူပုလေး ၂ ယောက်ကို သရုပ်ဆောင်စေခဲ့ပြီး မီးဖိုချောင်ခန်းတွေမှာတော့ ၁၂ နှစ်အရွယ် ခြေထောက်မရှိဘဲ လက်နဲ့ပဲ လမ်းလျှောက်တတ်တဲ့ ကလေးက သရုပ်ဆောင်ခဲ့ပါတယ်။ ဒီတော့ ကျွန်တော်တို့ အိုကြီးအိုမတွေလ...

Haunted Wedding (2024) ⭐IMDB: 6.3/10 (376 Votes) 🎬 #Romance #TVMovie 🗓 2024 🎞 tv movie 🌎 #Canada ⏰ 1 နာရီ 24 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Haunted Wedding ကတော့ သရဲခြောက်မယ့်မင်္ဂလာဆောင် အကြောင်းရိုက်ကူးထားတာဖြစ်ပေမယ့် Romance အချစ် ဇာတ်လမ်းချိုချိုလေးကို ဟာသနှောရိုက်ကူးထားတာကြောင့် ပေါ့ပေါ့ပါးပါးအပန်းဖြေကြည့်ရှုရမယ့်ရုပ်ရှင်ကားဖြစ်ပါတယ်။ Billionaire Ransom နဲ့ Vampire Academy ကမင်းသားချော ဖြစ်တဲ့ Dominic Sherwood က အဓိကပါဝင်သရုပ်ဆောင် ပေးထားပါတယ်။ ဘရိုင်ယန်နဲ့ဂျန်နာတို့ဟာ သရဲကိုသိပ္ပံနည်းကျလိုက်လံရှာဖွေရတာကို ဝါသနာထုံသူဖြစ်ကြပါတယ်။ တစ်ရက်မှာတော့ ဘရိုင်ယန်က ဂျန်နာကိုလက်ထပ်ခွင့်တောင်းခဲ့တာကြောင့် ဝါသနာတူနှစ်ဦးဖြစ်တဲ့ ဘရိုင်ယန်နဲ့ဂျန်နာဟာ သရဲအရမ်းခြောက်လို့နာမည်ကြီးတဲ့ကီးစတုန်း အိမ်ကြီးမှာ မင်္ဂလာပွဲကျင်းပဖို့ ရွေးချယ်လိုက်ကြပါတယ်။ ကီးစတုန်းအိမ်ကြီးမှာ ရာစုနှစ်ပေါင်းများစွာလူတွေကိုခြောက်လှန့်လာခဲ့တဲ့ သရဲမလေးအန်ဂျယ်လစ်ဟာ သူနဲ့စေ့စပ်ထားပြီးလက်ထပ်ဖို့ရောက် မလာခဲ့တဲ့မယ်လ်ကွန်ကို မျှော်လင့်စောင့်စားနေတုန်းမှာပဲ ကီးစတုန်းကို ရောက်လာတဲ့ဘရိုင်ယန်ဟာ မယ်လ်ကွန်နဲ့ရုပ်ချင်းချွတ်စွပ်တူနေတာကို တွေ့လိုက်ရပါတော့တယ်။  ဘရိုင်ယန်နဲ့ဂျန်နာတို့အကူအညီနဲ့ မယ်လ်ကွန် ကလည်း သူ့လိုပဲမကျွတ်လွတ်သေးဘဲရှိနေတာကိုသိလိုက်ရပြီးတဲ့ နောက်မှာတော့ အန်ဂျယ်လစ်ဟာ သူတို့နှစ်ဦးပြန်ပေါင်းဖက်နိုင်ဖို့အရေး ဆက်ကူညီမပေးဘူးဆိုရင် ဘရိုင်ယန်နဲ့ဂျန်နာတို့မင်္ဂလာပွဲကိုဖျက်မယ်လို့ ခြိမ်းခြောက်လာတဲ့အခါ အန်ဂျယ်လစ်နဲ့မယ်လ်ကွန်တို့ပြန်ပေါင်းစည်း နိုင်မှာလား။ ဘရိုင်ယန်နဲ့ဂျန်နာတို့မင်္ဂလာပွဲကိုကျင်းပနိုင်မှာလားဆိုတာ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
...

Krista (2024) ⭐TMDB: 0% User Score 🎬 #Adult #Drama #Romance #Crime 🗓 2024 🎞 movie 🌎 #Philippines ⏰ 58 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Makoy နဲ့ Krista တို့ဟာ ကြက်ပွဲလောင်းကစားကို အကြီးအကျယ်လုပ်ဆောင်နေတဲ့ ဆမ်မျူရယ်ဆိုတဲ့ လူတစ်ယောက်ဆီမှာ လက်တိုလက်တောင်းအလုပ်လုပ်ကြတာပါ။ Krista ကလက်ရှိဘ၀မှာရောင့်ရဲနိုင်ပေမယ့် Makoy ကတော့ ဒီအနေအထားကနေ လွတ်မြောက်ဖို့အမြဲမျှော်လင့်နေပါတယ်။ အဲ့ဒီလိုမျှော်လင့်လို့ပဲ ရှိသမျှငွေစကြေးစတွေကို ကြက်တိုက်တဲ့နေရာမှာလောင်းရင်း လုံးခြာလိုက်နေတာပါ။ တစ်နေ့တော့ သူတို့ဘယ်လိုမှပြန်ပေးဆပ်ဖို့မဖြစ်နိုင်တဲ့ ပမာဏတစ်ခုအကြွေးတင်သွားခဲ့တဲ့အတွက် ဆမ်မျူရယ့်ဆီက တိုက်ကြက်ကိုခိုးယူမိခဲ့ပါတယ်။ အဲ့ဒီမှာလူမိခံလိုက်ရရာကနေ ဆမ်မျူရယ်က အကြွေးအဖြစ် ချစ်ဇနီးလေး ခရစ်စတာကိုခြေတော်တင်ဖို့ကြံစည်လာပါတော့တယ်။ Krista အဖြစ် Pantaxa Laiya ပြိုင်ပွဲဝင်ဟောင်းလေး Cess Garcia ကခေါင်းဆောင်ပါဝင်ထားပြီး သူ့သူငယ်ချင်း ကြက်ဝိုင်းမှာဘေးထိုးတဲ့ ဇိမ်မယ်လေး မီကေးအဖြစ် အရင်ကားတွေမှာမထင်မရှားနေရာကပါခဲ့ရတဲ့ မင်းသမီးသစ်လေး Zsara Laxamana ကိုပွဲထုတ်ပေးထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)
...

Peak Season (2023) ⭐IMDB: 6.6/10 (501 Votes) 🎬 #Comedy #Drama #Romance 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက် CM ကနေတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ ခရီးသွားရာသီရဲ့ တစ်ခန်းရပ် အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အေမီနဲ့ မက်စ်ဟာ မကြာခင်မှာ လက်ထပ်ကြတော့မဲ့ စုံတွဲတွေပါ။ အေမီကတော့ မွန်းကျပ်စရာကောင်းတဲ့ သူ့အလုပ်ကနေထွက်ပြီး အနားယူဖို့ Wyoming က Jackson မြို့လေးဆီ မက်စ်နဲ့အတူ ခရီး ထွက်လာခဲ့ပါတယ်။ လက်ထပ်ပွဲအကြို ခရီးစဉ်လေးပေါ့လေ။ မက်စ်ကတော့ နဂိုအလုပ်များသူမို့ ခရီးသာထွက်လာတယ် သူ့အလုပ်နဲ့သူ ရှုပ်နေဆဲပါ။ ဒီလိုနဲ့ ရုတ်တရက် အလုပ်အရေးကြီး ကိစ္စကြောင့် မက်စ်တစ်ယောက် နယူးယောက်ကိုခဏပြန်ဖို့အကြောင်း ဖန်လာခဲ့ပါတယ်။ Jackson မြို့မှာ တစ်ယောက်တည်းကျန်ခဲ့တဲ့ အေမီတစ်ယောက် ခရီးသွားလမ်းညွှန်၊ ငါးဖမ်းနည်းပြဖြစ်တဲ့ လော်ရန် နဲ့အတူ ငါးဖမ်းထွက်ကြ၊ မြို့အနီးအနားက အထင်ကရနေရာတွေ သွားဖြစ်ခဲ့ကြပါတယ်။ တစ်ဘဝစာလုံးအတွက် အလုပ်တွေပဲလုပ် ပိုက်ဆံရှာရင်း အချိန်ကုန်နေခဲ့တဲ့ အေမီဟာ လွတ်လပ်ပေါ့ပါးပြီး သဘာဝနဲ့ တစ်သားတည်းကျနေတဲ့ လော်ရန်နဲ့ဆုံမိတဲ့အခါ သံယောဇဉ်လေးတွေနှောင်ဖွဲ့လာပါတော့တယ်။ သို့ပေမဲ့လည်း အေမီဟာ ဒီမြို့လေးကို ခဏသာ အလည်လာပြီး ဆိုင်သူရှိနေတဲ့ ဧည့်သည်လေးပါပဲ။ ဒီဇာတ်ကားဟာ ခဏတာကြုံကြိုက်ပြီး အချိန်တန်ရင် ခွဲခွာရမဲ့ အေမီနဲ့လော်ရန်တို့ရဲ့ နှောင်ကြိုးလေးတစ်ခုကိုတင်ဆက်ရိုက်ကူး ပေးထားတာဖြစ်ပါတယ်။ Wyoming ရဲ့ သဘာဝအလှအပတွေနဲ့ တစ်ခန်းရပ်အချစ်ဇာတ်လမ်းလေးကို အားလုံးပဲ ခံစားကြည့်ရှုလိုက်ကြပါဦး။
...

Bad Genius (2024) ⭐IMDB: 5.8/10 (688 Votes) 🎬 #Thriller #Drama 🗓 2024 🎞 movie 🌎 #Canada ⏰ 1 နာရီ 37 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီနာမည်ကို တွေ့လိုက်တာနဲ့ 2017 တုန်းက နာမည်ကျော်ခဲ့တဲ့ ထိုင်းရုပ်ရှင်ကို သတိရမိကြမှာပါ။ ဒါဆို မှန်ပါတယ်။ အဲဒီရုပ်ရှင်ကို အမေရိကန်ဗားရှင်းအဖြစ် ပြန်ရိုက်ထားတာပါ။ အဲဒီရုပ်ရှင်နဲ့ အားလုံးနီးပါးတူပေမဲ့ ကြည့်လို့ကောင်းပါတယ်။ ဒါရိုက်တာကလည်း How to Get Away with Murder ရဲ့ ဇာတ်ညွှန်းဆရာ J.C. Lee ဆိုတော့ ဒီလိုအမျိုးအစားတွေ ပိုင်ပါတယ်။ မင်းသမီးကလည်း Foundation စီးရီးနဲ့ နာမည်ကျော်လာတဲ့ Callina Liang ဖြစ်ပြီး မူလ ထိုင်းမင်းသမီး Chutimon Chuengcharoensukying နဲ့ ခပ်ဆင်ဆင်ဖြစ်သလို သရုပ်ဆောင်လည်း ကောင်းတာကြောင့် မူရင်းရုပ်ရှင်ကို မီတဲ့ရုပ်ရှင်ကောင်းတစ်ခု ဖြစ်လာခဲ့ပါပြီ။ ဇာတ်လမ်းအကျဉ်း *************** လင်းဟာ ဆင်းရဲတဲ့ အဖေတစ်ယောက်ရဲ့ သမီးဖြစ်ပြီး ဉာဏ်အရမ်းကောင်း စာအရမ်းတော်တာကြောင့် သူဌေးသားသမီးတွေ တက်တဲ့ အကောင်းဆုံးကျောင်းတစ်ခုမှာ ပညာသင်ဆုရထားပါတယ်။ အဲဒီကျောင်းမှာ သူ့သူငယ်ချင်း သူဌေးသမီးကို စာပြပေးဖို့ကြိုးစားပေမဲ့ ဘယ်လိုမှ စာရမလာတာကြောင့် စာခိုးချဖို့ ကူညီပေးလိုက်မိပါတယ်။ အဲဒီကနေ ကျောင်းသားတွေအကြား နာမည်ကျော်လာပြီး ငွေပမာဏ တစ်ခုနဲ့ စာတွေ ခိုးချပေးတဲ့အလုပ်ကိုလုပ်မိလာပါတယ်။ ဒီလိုနဲ့ ဘဝအဆုံးဖြတ်ဖြစ်မဲ့ S.A.T စာမေးပွဲအပြီးမှာ တက္ကသိုလ်တတ်နိုင်ဖို့ ကြံရာမရဖြစ်လာတာကြောင့် အရမ်းကို လုံခြုံရေးကြပ်တဲ့ S.A.T စာမေးပွဲ ဒေါ်လာ သိန်းနဲ့ချီတဲ့ ပမာဏကို လက်ခံပြီး ကျောင်းသား အုပ်လိုက်ကြီးကို စာခိုးချဖို့အတွက် အစီအစဉ်ကြီးတစ်ခုကို ဉာဏ်ကြီးရှင်ပီပီစီစဉ်ပါတော့တယ်။ အဲဒီဇာတ်ကြောင်းကိုပဲ ဘာဆက်ဖြစ်မလဲ ရင်တမမနဲ့ ကြည့်ရမှာပါ။ မူရင်းရုပ်ရှင်မကြည့်ဖူးသေးသူတွေအတွက် ပိုပြီးခံစားလို့ကောင်းသလို ကြည့်ဖူးပြီးသားသူတွေလည်း အမြင်သစ်လေးနဲ့ကြည့်လို့ကောင်းမှာပါ။
...

Die Alone (2024) ⭐IMDB: 5.7/10 (741 Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #Canada ⏰ 1 နာရီ 30 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူသားတွေမှီခိုအားထားပြီးနေထိုင်နေရတဲ့ကမ္ဘာကြီးက လူသားတွေကြောင့်ပဲ တစ်နေ့တစ်ခြားပိုပိုပျက်စီးယိုယွင်းလာတာကို ကိုယ်တွေ့မျက်မြင်မြင်တွေ့ရမှာပါ။ရာသီဥတုပြောင်းလဲတာ ရေမြေတွေညစ်ညမ်းလာတာတွေအပြင် ကမ္ဘာကြီးအဆိပ်သင့် လာရတာတွေကလည်းလူသားတွေရဲ့လောဘတွေကြောင့်ပါပဲ။ အဲ့ဒါတွေအတွက်ကမ္ဘာကြီးကကိုယ့်ကိုယ်ကိုယ်ပြန်လည်ရယူတဲ့ အနေနဲ့ ဇွန်ဘီတွေလိုဖြစ်သွားစေမဲ့ဗိုင်းရပ်စ်တစ်ခုကိုလူသားတွေဆီ ပေးသနားလိုက်တဲ့ပုံစံမျိုးနဲ့ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Die Alone ဖြစ်ပြီး လက်ရှိ IMDb Rating 5.6 အထိရရှိထားပါတယ်။ ဇာတ်လမ်းအစမှာတော့ အထက်မှာပြောထားခဲ့တဲ့ဗိုင်းရပ်စ်က ကမ္ဘာပေါ်မှာပျံ့နှံ့နေပြီး လူတွေလည်း အသက်ရှင်သန်နိုင်ဖို့အတွက် ကြိုးစားရုန်းနေကြရပါတယ်။အဲ့ဒီထဲမှာအီသန်နဲ့အမ်မာဆိုတဲ့လူငယ် စုံတွဲလေးလည်း အပါအဝင်ဖြစ်ပါတယ်။သူတို့က ကားတစ်စီးနဲ့ ဘေးကင်းရာကိုထွက်ပြေးလာခဲ့ကြပေမဲ့လမ်းမှာကားမှောက်ပြီး လူကွဲသွားပါတော့တယ်။အီသန်နိုးလာတဲ့အခါမှာ အမ်မာ့ကိုမတွေ့ရ တော့ဘဲ ကမ္ဘာကြီးပေါ်မှာဘာတွေဖြစ်နေတယ်ဆိုတာကိုပါ မေ့ပျောက် နေခဲ့ပါတယ်။အဓိကပြဿနာကတော့ သူ့မှာအတိတ်မေ့ရောဂါရှိနေလို့ ပါပဲ။ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ မေလို့ခေါ်တဲ့အဖွားကြီးတစ်ယောက်နဲ့ တွေ့ခဲ့ပြီး သူ့အိမ်မှာ လိုက်ပါနေထိုင်ခွင့် ရခဲ့ပါတော့တယ်။ မေက ဒီလောကကြီးထဲမှာကျင်လည်နေတာကြာပြီဆိုတော့ သူ့အတွက် အသက်ရှင်သန်နေထိုင်ဖို့ဆိုတာ ခက်ခဲတယ်တော့မဟုတ်တော့ပါဘူး။ ဒါပေမယ့် အီသန်ကတော့ သူ့ကောင်မလေးအမ်မာကိုပဲ သွားရှာချင်စိတ် တွေတဖွားဖွားဖြစ်နေခဲ့ပါတယ်။ဒီလိုနဲ့ အီသန်တစ်ယောက် အမ်မာ့ကို ရှာဖို့ကြိုးစားရင်းနဲ့ ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲ မေကရော သူ့ကိုကူညီပေးပါ့မလားဆိုတာတွေကို စိတ်ဝင်စားစရာကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။
...

E.T. the Extra-Terrestrial (1982) ⭐TMDB: 75% User Score 🎬 #Family #SciFi #Adventure #ScienceFiction #Fantasy 🗓 1982 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၈၀-၉၀ ဖွားတွေအတွက် ဒီရုပ်ရှင်ကိုမြင်တာနဲ့ နားထဲစကြားယောင်မယ့် အသံရှိမယ်ထင်ပါတယ်။ ET Phone Home ဆိုတာပါပဲ။ ဒီရုပ်ရှင်လေးကတော့ ကလေးဘဝ အိပ်မက်လေးတွေဆီကို ပြန်ခေါ်သွားပါလိမ့်မယ်။ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင် ဇာတ်ကားကောင်း တစ်ခုလို့ ဘာတွေနဲ့ ပြောကြမလဲ။ နာမည်ထဲကအတိုင်းပါပဲ သိပ္ပံစိတ်ကူးယဉ် လို့ရေးထားတဲ့အတွက် သိပ္ပံဇာတ်လမ်းဖြစ်ရမယ်၊ ရုပ်ရှင်လို့ရေးထားတဲ့အတွက် ဇာတ်ညွှန်း ဇာတ်ဝင်ခန်း သရုပ်ဆောင် ဂီတ အထူးပြုလုပ်ချက် စတာတွေ ပါရမယ်၊ ဒါတွေအကုန်ပါရင်တောင် သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင် လို့ပဲ ပြောလို့ရပါတယ်။ ဇာတ်ကားကောင်းလို့ပြောဖို့ကတော့ ဇာတ်လမ်း ရိုက်ချက် သရုပ်ဆောင် ဂီတ အထူးပြုလုပ်ချက် နေရာတိုင်းမှာ ပြည့်စုံကောင်းမွန်နေဖို့လိုပါတယ်။ Effect လေးတွေထည့် မဖြစ်နိုင်တာတွေ မဖြစ်သေးတာတွေ ရိုက်ပြလိုက်ရုံနဲ့တော့ သိပ္ပံစိတ်ကူးယဉ်ဆိုတာနဲ့ ရပ်နေပြီး ရုပ်ရှင်ကောင်းဆိုတာ ဖြစ်မလာပါဘူး။ ************************* ၁၉၈၂ က ထွက်ရှိခဲ့ပြီး ဒါရိုက်တာ စတီဗင်စပီးဘက် ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ရုပ်ရှင်သမိုင်းမှာအအောင်မြင်ဆုံး အဖြစ် ၁၉၉၃ ခုနှစ်အထိ ရပ်တည်နိုင်ခဲ့ပါတယ်။ Box Office ကတော့ ၇၉၂ သန်းပါ။ အဲဒီခေတ်ရဲ့ ဒီငွေပမာဏနဲ့ဆို ဘယ်လောက်များမလဲ မှန်းကြည့်လို့ရပါတယ်။ ၁၉၉၃ မှာတော့ စတီဗင်စပီးဘတ်ကပဲ Jurassic Park နဲ့ သူ့စံချိန်ကိုသူပြန်ချိုးခဲ့လို့ပါ။ အဲဒီနောက်မှာတော့ တိုက်တင်းနစ်နဲ့ အဗာတာတို့က ပြန်ဦးဆောင်သွားခဲ့တာပါ။ ဒီရုပ်ရှင်ကို ၁၉၈၂ မှာ သမ္မတနဲ့ သမ္မတကတော်အတွက် အိမ်ဖြူတော်မှာ သီးသန့်ပြသပေးခဲ့ရပါသေးတယ်။ ဒီတော့ ရခဲ့တဲ့ ဆုလေးတွေကို ကြည့်ရအောင်။ အော်စကာ ဆုပေးပွဲမှာ နောက်ခံဂီတဆု၊ Sound Mixing ဆု၊ Visual Effect ဆု၊ Sound Editing ဆု ဆိုပြီး ၄ ဆု ဆွတ်ခူးခဲ့ပါတယ်။ အကောင်းဆုံးရုပ်ရှင်ဆု၊ ဒါရိုက်တာဆု၊ တည်းဖြတ်ဆု၊ မူလဇာတ်ညွှန်းဆု နဲ့ Cinematography ဆုတွေ ဆန်ကာတင်ပါခဲ့ပါတယ်။ ****************** – ပထမဆုံးအနေနဲ့ ဇာတ်ညွှန်းကိုတော့ ဒါရိုက်တာက script ရေးသားခဲ့ပြီး screenplay အဖြစ် ပြန်ရေးဖို့ ဟယ်ရစ်ဆင်ဖို့ဒ်ရဲ့ ဇနီးဖြစ်လာမယ့် Melissa Mathison က ကူညီခဲ့ပါတယ်။ ဇာတ်လမ်းတစ်ခုလုံးက ယုတ္တိကျကျ လုံးဝဆန်းသစ်ပြီး လူတိုင်းရဲ့ စိတ်ထဲမှာ စွဲထင်သွားစေခဲ့ပါတယ်။ အော်စကာလည်း ရခဲ့တယ်လေ။ – သရုပ်ဆောင်အဖြစ်ကတော့ အဲလိယော့အဖြစ်သရုပ်ဆောင်ဖို့ လူတွေ့စစ်ဆေးရွေးချယ်မှုတွေ လုပ်ခဲ့ပါတယ်။ အဲလိယော့ကလေးနေရာမှာ သရုပ်ဆောင်မယ့် ဟင်နရီသောမက်လေးဟာ သူ့ရဲ့ခွေးလေး သေသွားတဲ့နေ့ကို ပြန်တွေးပြီး ငိုတဲ့အခန်းမှာ သရုပ်ဆောင်ပြလိုက်တာ ဒါရိုက်တာကြီးကိုယ်တိုင် မျက်ရည်ကျရပြီးကို ဇာတ်လိုက်နေရာကို ရရှိသွားတာပါ။ – ဒီရုပ်ရှင်ကို အသက်ကြီးမှ ပြန်ကြည့်တဲ့အခါ သိပ်ကို ပီပြင်လွန်းတဲ့ နေရာတစ်ခုရှိပါတယ်။ အဲဒါကတော့ အီးတီကို ဆရာဝန်တွေ အသက်ကယ်ဖို့ အရေးပေါ် ကြိုးစားတဲ့အခန်းပါ။ ဆေးပေးတာ၊ စစ်ဆေးတာ၊ အရေးပေါ်အသက်ကယ်တာ၊ တဖြည်းဖြည်း အခြေအနေဆိုးလာပြီး သေပြီလို့ ထင်သွားရတဲ့အထိ စကားလုံးတွေ လှုပ်ရှားမှုတွေက အရမ်းကို သဘာဝကျပြီး ပီပြင်ပါတယ်။ အံံ့သြလွန်းလို့ ရှာကြည့်လိုက်တော့ ဒါရိုက်တာကြီးက အရေးပေါ်ခန်းက ဆရာဝန်တွေ သူနာပြုတွေကို ခေါ်ပြီး တကယ် အသက်ကယ်နေသလိုကို လုပ်ခိုင်းပြောခိုင်းလိုက်ခဲ့လို့ပါပဲ။ ဆရာဝန်တွေ သူတို့မမြင်ဖူးတဲ့ ဂြိုလ်သားတစ်ကောင်ကို နည်းအမျိုးမျိုးနဲ့ အရေးပေါ် ကုတဲ့အခန်းက အရမ်းကို မှန်ကန်တိကျပါတယ်။ အီးစီဂျီဖတ်ပြီး ကိုယ်ဝန်ရှိတဲ့အကွက်မျိုးတွေ မလာပါဘူး။ နောက်ပြီးတော့ အထူးပြုလုပ်ချက်အနေနဲ့ အီးတီနဲ့အတူ စက်ဘီးလေး မိုးပေါ်ပံျသွားတဲ့အခန်းကတော့ ရုပ်ရှင်လောကရဲ့ မှတ်တိုင်အထိမ်းအမှတ်တစ်ခုလိုတောင် ဖြစ်လာခဲ့တာပါပဲ။ လူတိုင်းမျက်စိထဲမှာလည်း အဲဒီအခန်းကို စွဲနေကြပါတယ်။ ဒါရိုက်တာရဲ့ အရည်အချင်းပါပဲ။ – ရယ်ရတာတစ်ခုကတော့ ဒီရုပ်ရှင်မှာ အီးတီကို မုန့်နဲ့မျှားခေါ်တဲ့အခန်းအတွက် M&M မုန့်လေးတွေကို သုံးဖို့ ကုမ္ပဏီကို ခွင့်တောင်းခဲ့ပါတယ်။ ကုမ္ပဏီက အီးတီဟာ ရုပ်ဆိုးလွန်းလို့ ကလေးတွေ ကြောက်လိမ့်မယ်ဆိုပြီး သုံးခွင့်မပေးခဲ့လို့ Reese’s တံဆိပ်မုန့်တွေကိုပဲ သုံးခဲ့ရပါတယ်။ ဒီရုပ်ရှင်ကြောင့် Reese’s မုန့်ရောင်းရနှုန်းက တရှိန်ထိုးကို ထောင်တက်သွားတာပါပဲ။ – Star wars ဖန်တွေ ပြန်ကြည့်ရင် အကြိုက်တွေ့မယ့် အချက်ကတော့ အီးတီဟာ ဟောလိုးဝင်းမှာ Yoda ဝတ်စုံကို ဝတ်ထားတဲ့ ကလေးကို မှတ်မိနေကြောင်း ပြသခဲ့တာပါပဲ။ အီးတီဟာ Yoda ကို သိပါတယ်ဗျာ။ – အီးတီနေရာမှာတော့ အရပ် ၂ ပေကျော်ပဲ ရှိတဲ့ လူပုလေး ၂ ယောက်ကို သရုပ်ဆောင်စေခဲ့ပြီး မီးဖိုချောင်ခန်းတွေမှာတော့ ၁၂ နှစ်အရွယ် ခြေထောက်မရှိဘဲ လက်နဲ့ပဲ လမ်းလျှောက်တတ်တဲ့ ကလေးက သရုပ်ဆောင်ခဲ့ပါတယ်။ ဒီတော့ ကျွန်တော်တို့ အိုကြီးအိုမတွေလ...

Rumi (2024) ⭐IMDB: 6.8/10 (417 Votes) 🎬 #Crime #Drama #Action #Adventure #Thriller 🗓 2024 🎞 Series 🌎 #Bangladesh ⏰ 36 မိနစ် 24 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rumi (2024)”မျက်မမြင်စုံထောက်”========================== အသစ်ထွက်ထားတဲ့ IMDb 6.8 ရ ဟင်ဒီစကားပြောစုံထောက် ဝက်ဘ်စီးရီးလေးတစ်ခုကိုချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးဟာဆိုရင် ဇာတ်လမ်းအသားပေးဖြစ်တဲ့အတွက်တချို့စီးရီးတွေလို ခပ်ချောချော မင်းသားမင်းသမီးတွေတော့မြင်ရမှာမဟုတ်ပါဘူး။ ဒါပေမဲ့ စုံထောက်ဇာတ်လမ်းကြိုက်သူတွေအတွက်တော့ဒီစီးရီးဟာ အစပ်အဟပ်တည့်တဲ့ ဟင်းတစ်ခွက်ပါပဲ။ ဇာတ်လမ်းကိုပြောရရင်တော့ CIB ဌာနက သိပ်တော်တဲ့ စုံထောက်တစ်ယောက်။မတော်တဆမှုတစ်ခုကြောင့် အမြင်အာရုံကိုရော စုံထောက်အလုပ်ကိုရောဆုံးရှုံးခဲ့ရပေမဲ့ အမြင်အာရုံဆုံးရှုံးမှုက သူ့ဘဝရဲ့အရေးပါဆုံးပဟေဠိကိုဖြေရှင်းဖို့ အားသာချက်ဖြစ်လာတဲ့အခါမှာတော့..မျက်မမြင်စုံထောက် ရူမီရဲ့ စိတ်ဝင်စားစရာအမှုဆန်းတွေကိုဒီဇာတ်လမ်းတွဲထဲမှာ မြင်တွေ့ကြရမှာဖြစ်ပါတယ်…။ (ဒီဇာတ်လမ်းတွဲအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)
...

Georgie and Mandy's First Marriage (2024) ⭐IMDB: 6.5/10 (449 Votes) 🎬 #Comedy 🗓 2024 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 22 မိနစ် 18 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Big Bang Theory နဲ့ Young Sheldon ရဲ့ အစွယ်အပွား စီးရီးအဖြစ် ရှယ်လ်ဒန့်ရဲ့ အစ်ကိုလင်မယားအကြောင်း စီးရီးအသစ်ထွက်လာပြီဖြစ်ပါတယ်။ တစ်ပတ်တစ်ပိုင်းနဲ့ ၁၃ ပိုင်းရှိပါလိမ့်မယ်။ ရှယ်လ်ဒန်စီးရီးအဆုံးထိကြည့်ပြီးတဲ့သူတွေ Big Bang Theory ကြည့်ပြီးတဲ့သူတွေကတော့ ဂျော်ဂျီတစ်ယောက် ဘယ်လို အောင်မြင်လာမလဲဆိုတာ အကြမ်းဖျဉ်း သိကြမှာပါ။ ဒါပေမဲ့ ဒီစီးရီးမှာတော့ ရှယ်လ်ဒန် ကျောင်းတက်ဖို့ ထွက်သွားနေချိန်၊ ရှယ်လ်ဒန့်အဖေလည်း မရှိတော့ချိန်မျာ ဂျော်ဂျီတစ်ယောက် သူ့မိသားစုနဲ့ မန်ဒီတို့ကို ဘယ်လို စောင့်ရှောက်သွားမလဲဆိုတာ မြင်ရမှာပါ။ ထုံးစံအတိုင်း ဟာသတွေ၊ ချစ်စရာ မိသားစုသံယောဇဉ်တွေနဲ့ ကောင်းကောင်းကြည့်ရမှာပါပဲ။ မူရင်းသရုပ်ဆောင်အားလုံး ပြန်ပါဝင်ထားပါတယ်။ မေရီ၊ မီးမော်၊ ဂျော်ဂျီ၊ မန်ဒီ နဲ့ မန်ဒီ့မိဘတွေ အဓိက ပါဝင်ထားတာပါ။ ရှယ်လ်ဒန်ကတော့ တက္ကသိုလ်သွားတက်နေပြီဖြစ်တဲ့အတွက် မပါတော့ပါဘူး။ ဒါပေမဲ့ ဧည့်သည်အနေနဲ့ စပရိုက်ပြန်ပါလာဦးမယ်တော့ မျှော်လင့်ရတာပါပဲ။ ကြည့်လိုက်ကြပါဦး။
...

Nobody Nose (2018) ⭐TMDB: 0% User Score 🎬 #Crime #Drama #Mystery 🗓 2018 🎞 movie 🌎 #China #Macao ⏰ 1 နာရီ 33 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရဲအရာရှိတစ်ယောက်ဟာ သူ့ကြောင့် သူလျှိုမလေးသေသွားတဲ့အခါစိတ်ဒဏ်ရာတွေဖြစ်ကျန်ခဲ့ပြီး ထင်ယောင်ထင်မှားတွေမြင်လာတယ်။အဲဒီလိုနဲ့ရဲဌာနကနေနှုတ်ထွက်လိုက်ရတယ်။ သူ့အခြေနေကဆေးပုံမှန်မသောက်ရင် ပိုဆိုးလာနိုင်တယ်လို့ပြောကြပေမယ့်သူကတော့ ခေါင်းမာမာနဲ့ ငါအရူးဆိုတာ လူတိုင်းသိနေပြီပဲမသောက်လဲဘာမှမဖြစ်ဘူးဆိုပြီးတော့ ပေတေပြီးနေနေတုန်းပဲ။ ရဲမဟုတ်တော့ပေမယ့် ဒီအမှုကိုဆက်စုံစမ်းတာတော့မရပ်ခဲ့ဘူး။(၄)နှစ်ကြာသွားတဲ့အခါ အမှုဟာသဲလွန်စအသစ်ပြန်ရလာခဲ့တယ်။သူကတကယ်ပဲ ထင်ယောင်ထင်မှားတွေမြင်နေပြီးတော့အသုံးမကျတဲ့သူတစ်ယောက်ဖြစ်သွားပြီလား…..ဒီတစ်ခါရော နောက်ကွယ်ကတကယ်ချုပ်ကိုင်နေတဲ့ အဓိကတရားခံကိုအမိဖမ်းနိုင်မလား
...

Valentina or the Serenity (2023) ⭐TMDB: 63% User Score 🎬 #Drama 🗓 2023 🎞 movie 🌎 #Mexico ⏰ 1 နာရီ 25 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Valentina or The Serenity 2023Imdb 6.8သမီးကိုအလိုလိုက်တဲ့အဖေ အဖေကအရာရာပါဆိုတဲ့သမီးအမေကိုတောင်ဒီလောက်မကပ်တဲ့ကလေးကဖြစ်ရပ်ဆိုးတစ်ခုကြုံလာရတဲ့အခါ ဘယ်လိုတွေကျော်ဖြတ်သွားမလဲ အဖေကိုအရမ်းချစ်တဲ့သမီး သေခြင်းဆိုတာဘာမှန်းမသိတဲ့အရွယ်မှာတင်ဖခင်ဖြစ်သူကိုဆုံးရှူံးခဲ့ရတယ် သမီးဖြစ်သူကိုအရုပ်ဝယ်ပေးဖို့မြို့တက်သွားတဲ့အဖေနဲ့ အဖေပြန်လာရင်အရုပ်ရမယ်ဆိုပြီးမျှော်လင့်တကြီးစောင့်ဆိုင်းနေတဲ့သမီးလေးကတော့ထင်ထားသလိုအရုပ်လည်းမရခဲ့သလို သတင်းကောင်းလည်းမဟုတ်ခဲ့ဘူးပေါ့ဈာပနာပွဲမှာဖခင်ဖြစ်သူကိုသွားကြည့်တော့ ပုပ်ပွနေတဲ့အလောင်းတစ်ခုပဲတွေ့ခဲ့တယ်သူ့အဖေမဟုတ်ဘူးဆိုပြီး ကျောင်းတွေလစ်ပြီးအဖေဖြစ်သူကိုရှာပုံတော်ထွက်ခဲ့တာပေါ့အဖေဖြစ်သူကမြစ်ထဲမျောသွားတယ်လို့ မိခင်ကဆိုတော့ဒီမြစ်ဆီပဲတစ်နေ့တစ်နေ့သွားစကားပြောရင်း သူတွေ့ကြုံလာမှာတွေကတော့…. ( အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ပဲဖြစ်ပါတယ်
...

Love of May (2004) ⭐TMDB: 53% User Score 🎬 #Comedy #Romance 🗓 2004 🎞 movie 🌎 #France #Taiwan ⏰ 1 နာရီ 46 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CM ချစ်ပရိသတ်တို့ရေ…ဒီနေ့မှာတော့ အဟောင်းတွေထဲက အသစ်ရှာဖွေတင်ဆက်ခြင်းအဖြစ်ဂူဂူးလို့နာမည်ကြီးတဲ့ လျိုယိဖေးနတ်သမီးလေးရဲ့ ငယ်ပုံရိပ်လေးကို ပြန်လည်ခံစားဖို့အချစ်ရိုမန့်ဇာတ်ကားကောင်းလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ဇာတ်ကားနာမည်လေးကတော့ Love of May တဲ့…မေလမှာတွေ့တဲ့ အချစ်တစ်ခုကို ဖော်ပြတာဖြစ်သလို ထိုင်ဝမ်အဆိုတော်အဖွဲ့ Wu Yue Tian (May Day) အဖွဲ့ကဖန်တီးပေးတဲ့ အချစ်ဇာတ်လမ်းလေးကို ပြောချင်တာလည်း ဖြစ်ပါတယ်… ဇာတ်လမ်းအကျဉ်းကတော့…၂၀၀၀ ခုနှစ်အစောပိုင်း အီးမေးလ်တွေစပြီး နာမည်ကြီးစဉ်ကာလကMay Day အဆိုတော်အဖွဲ့ရဲ့ ဖန်ဆိုဒ်ကို main vocalist အားရှင်းရဲ့ ညီဖြစ်သူ ၁၉ နှစ်အရွယ်ကောင်လေး အားလေ့က တာဝန်ယူ ပြန်ကြားပေးနေခဲ့ပါတယ်…ဒီလိုနဲ့ သူဟာ ဖန်တွေပို့တဲ့မေးလ်တွေထဲကနေ ရင်ခုန်သံတစ်ခုကိုရှာတွေ့ခဲ့တာကြောင့် အားရှင်းလို ဟန်ဆောင်ပြီး စာတွေပြန်နေခဲ့ပါတယ်… တစ်ဖက်က စာတွေပို့နေတဲ့ ဟာအာပင်းက ၁၇ နှစ်အရွယ် တရုတ်ပြည် ပီကင်းက အော်ပရာ ကျောင်းသူလေး ရွှမ်ရွှမ်တဲ့…တနေ့တော့ ရွှမ်ရွှမ်အနေနဲ့ အားလေ့ရှိတဲ့ ထိုင်ဝမ်ကို အော်ပရာသရုပ်ပြဖို့ သွားရမယ်ဆိုတော့အားရှင်းလို့ယုံကြည်လို့ပဲလား… စကားပြောဖော်ကို ယုံကြည်လို့ပဲလားတော့မသိပေမယ့်အားလေ့ (သူသိထားတဲ့ အားရှင်း) နဲ့ တွေ့ဖို့ကြိုးစားပါတော့တယ်…အကြောင်းကတော့ ထိုင်ဝမ်ကို တူတူလည်ချင်လို့ပါတဲ့… ဒီတော့ အားရှင်းအဖြစ်ဟန်ဆောင်ထားတဲ့ အားလေ့အနေနဲ့ ဒီကိစ္စတွေကိုဘယ်လိုရှင်းပြမလဲရင်ခုန်တတ်စ ဆယ်ကျော်သက်ရွယ် ၂ ယောက်ကြားမှာ ဘာတွေဆက်ဖြစ်မလဲ…မမြင်ဖူးတဲ့သူစိမ်းယောက်ကျားလေးကိုတောင် ဆက်သွယ်ပြီး ရွှမ်ရွှမ် လျှောက်လည်ချင်ခဲ့တဲ့ ထိုင်ဝမ်မှာ ဘာမြှုပ်ကွက်တွေရှိနေခဲ့တာလဲ…ကံတရားက သူတို့ကို ပိုနီးစပ်စေမှာလား… ပိုပြီးဝေးကွာစေမှာလားဆိုတာ…ဂူဂူးနဲ့ မင်းသား Chen Bolin တို့ရဲ့ အပြစ်ကင်းရိုးသားနုငယ်တဲ့ ပုံစံလေးတွေနဲ့အတူ ရင်ခုန်ကြရအောင်ပါ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Chu Chu မှ တင်ဆက်ထားပါတယ်။)
...

Special Double (2024) ⭐TMDB: 0% User Score 🎬 #Action #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 19 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရုပ်ရှင်ကြည့်တဲ့လူတိုင်း ရိုက်ကွင်းမှာ အစားထိုးသရုပ်ဆောင်ဆိုတာ ရှိတတ်မှန်း သိပေမဲ့သူတို့တွေ ဘယ်လို အလုပ်လုပ်ရသလဲကိုတော့ သေချာမသိကြဘူးထင်ပါတယ်။Special Double ဆိုတဲ့ ရုပ်ရှင်လေးကတော့ အဲလိုအစားထိုးသရုပ်ဆောင်တွေရဲ့ ဘဝကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ဟန်ကျားကျယ်ဟာ သိုင်းအစားထိုးသရုပ်ဆောင်ဖြစ်ပြီး ဂျက်ကီချန်းတို့ဂျက်လီတို့လို အောင်မြင်တဲ့ အက်ရှင်သရုပ်ဆောင်ဖြစ်ဖို့ အိပ်မက်ရှိသူတစ်ယောက် ဖြစ်ပါတယ်။ဒါပေမဲ့ အပြင်လောကမှာတော့ သိုင်းအစားထိုးအလုပ်ကအန္တရာယ်များပြီး ဝင်ငွေနည်းတဲ့အတွက် သူ့ဘဝ စားဝတ်နေရေးအတွက်တောင် အခက်အခဲရှိနေပါတယ်။ ရည်းစားဖြစ်သူ ယွီရှင်းက လိုက်ဖ်လွင့်တဲ့အလုပ်က ငွေပိုရတဲ့အတွက်ရှန်ဟိုင်းကို ထွက်သွားတဲ့အခါ၊ သူငယ်ချင်းကျိုးမြောင်က မတော်တဆထိခိုက်မိပြီးခြေထောက်ကျိုးသွားလို့ ဇာတိကို ပြန်သွားရတဲ့အခါ၊ အနားကအလုပ်တူတူလုပ်တဲ့လူတွေ အကြောင်းအမျိုးမျိုးကြောင့် ဒီလုပ်ငန်းကိုစွန့်ခွာသွားကြတဲ့အခါ ဟန်ကျားကျယ် တစ်ယောက် လမ်းပျောက်သွားခဲ့ပါတယ်။ စိတ်ပျက်လက်ပျက်နဲ့ အရက်ဆိုင်မှာ အရက်သောက်နေတုန်းမိန်းကလေးတစ်ယောက်ကို တိုက်ခိုက်ခံရမဲ့အန္တရာယ်က ကယ်ပေးခဲ့လိုက်ပါတယ်။ဒါပေမဲ့ သူကယ်ပေးတဲ့လူက မူးယစ်ဂိုဏ်းခေါင်းဆောင်ရဲ့သမီး အိုးယင်ယင်ဖြစ်နေပါတယ်။ငွေလိုနေတဲ့ ဟန်ကျားကျယ်ဟာလည်း ငွေအလွယ်ရမဲ့မူးယစ်ရောင်းချရေး လုပ်ငန်းထဲ ပါဝင်လာခဲ့ပါတယ်။ အိပ်မက်အပြည့်နဲ့ လူငယ်တစ်ယောက်က မူးယစ်ဂိုဏ်းထဲ ရောက်သွားပြီလား……အိပ်မက်ကို ဆက်တောင့်ခံပြီး ကြိုးစားနိုင်မလား……ဆိုတာကို ရုပ်ရှင်ကိုပဲ ဆက်ကြည့်လိုက်ရအောင်နော်။
...

Lee (2023) ⭐IMDB: 7.0/10 (6 k Votes) 🎬 #Drama #History #War #Biography 🗓 2023 🎞 movie 🌎 #UnitedKingdom #UnitedStates #Australia #Singapore #Hungary #UnitedStatesofAmerica ⏰ 1 နာရီ 57 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဟစ်တလာရဲ့ ရေချိုးကန်ထဲမှာ ရေချိုးပြခဲ့တဲ့ စစ်သတင်းထောက် ကမ္ဘာ့အထင်ရှားဆုံး စစ်သတင်းထောက်တွေထဲက တစ်ဦးဖြစ်တဲ့ လီမေလာရဲ့အကြောင်း ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ လီဟာ ဒုတိယကမ္ဘာစစ်တလျှောက် ရှေ့တန်းစခန်းတွေ ချွေးတပ် စခန်းတွေမှာ သမိုင်းဝင်ဓာတ်ပုံတွေကို ရိုက်ကူးခဲ့တဲ့ သတင်းထောက် တစ်ယောက်ပါ။ ပြင်သစ်လွတ်မြောက်ခြင်း၊ နော်မန်ဒီဆေးရုံများ၊ ဘူချန်ဝေါ့ချွေးတပ် စခန်း စတဲ့ ဓာတ်ပုံတွေဟာ သမိုင်းမှာ အထင်ရှားဆုံးဓာတ်ပုံတွေ စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ ဟစ်တလာ သေကြောင်းကြံအပြီး စစ်ပွဲအပြီးမှာ ဟစ်တလာရဲ့ တိုက်ခန်းထဲက ရေချိုးခန်းထဲမှာ ရေချိုးပြီး ရိုက်ပြခဲ့တဲ့ ဓာတ်ပုံဟာလည်း ကမ္ဘာကျော်ပါပဲ။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာကတော့ Ellen Kuras ဖြစ်ပြီး သူဟာ Eternal Sunshine of the Spotless Mind ရဲ့ Cinematographer ဖြစ်ခဲ့တဲ့သူပါ။ လီ နေရာမှာတော့ မင်းသမီးကြီး ကိတ်ဝင်းစလက်က သရုပ်ဆောင်ထားပါတယ်။ လီတစ်ယောက် မော်ဒယ်ဘဝကနေ ဓာတ်ပုံဆရာ၊ စစ်သတင်းထောက်ဖြစ်လာပုံတွေနဲ့ စစ်ပွဲတလျှောက် ကြုံတွေ့ခဲ့ရတာတွေကို စိတ်ဝင်စားစရာ ပြသထားတာမို့ လက်လွှတ် မခံသင့်တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ အဖော်အချွတ်နဲ့ ရက်စက်တဲ့အခန်းအချို့ ပါဝင်တာကိုလည်း ကြိုပြီး သတိပေးထားချင်ပါတယ်။
...