uk
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Dirty Pretty Things (2002) ⭐TMDB: 69% User Score 🎬 #Crime #Drama #Thriller 🗓 2002 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 38 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDB …….. 7.2 အိုကွေးဟာ အာဖရိကကနေ လန်ဒန်ကို တရားမဝင်ရောက်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတစ်ယောက် ဖြစ်ပါတယ်။ တရားမဝင်ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ထုံးစံအတိုင်း ရဲဖမ်းခံရမှာနဲ့ ပြည်နှင်ဒဏ်ပေးခံရမှာကို အမြဲ ကျီးလန့်စာစားဖြစ်နေရတဲ့သူပါ။ တစ်နေ့မှာတော့ သူအလုပ်လုပ်တဲ့ဟိုတယ်ရဲ့ မန်နေဂျာဟာ နိုင်ငံကူးလက်မှတ် နဲ့ ကျောက်ကပ်ကိုအရောင်းအဝယ်လုပ်တဲ့သူမှန်း အိုကွေးသိလိုက်ရပါတော့တယ်။ အိုကွေးဟာ နိုင်ဂျီရီးယားမှာ ဆရာဝန်ဆိုတာ သိသွားတဲ့ ဟိုတယ်မန်နေဂျာကလည်း သူ့ကို ခွဲစိတ်ဆရာဝန်လုပ်ပေးရင် ပတ်စ်ပို့အသစ်လုပ်ပေးမယ်လို့ ကမ်းလှမ်းလာပါတယ်။ တစ်ဖက်မှာလည်း သူ့ကို သဘောကျနေတဲ့ မိန်းကလေးက အမေရိကန်အိပ်မက်အတွက် ကျောက်ကပ်ရောင်းဖို့ လုပ်နေပါပြီ။ အိုကွေး ဘာလို့ သူ့နိုင်ငံကနေ ထွက်ပြေးလာတာလဲ ။ သူ ပတ်စ်ပို့အသစ် ဘဝအသစ်နဲ့ လွတ်မြောက်သွားမှာလား ။ ပိုဆိုးတဲ့ဒုက္ခတွေနဲ့ ကြုံတွေ့ရမှာလားဆိုတာကို ကြည့်ရှုရမှာပါ။ မင်းသားအနေနဲ့ 12 years a slave တို့လို့ oscar တန်းဝင်ရုပ်ရှင်တွေမှာပါဝင်ထားတဲ့ Chiwetel Ejiofor နဲ့ မင်းသမီးအနေနဲ့ Amelie, Davinci Code ရုပ်ရှင်တွေထဲက Audrey Tautou တို့သရုပ်ဆောင်ထားပါတယ်။
...

The Menendez Brothers (2024) ⭐IMDB: 7.1/10 (3 k Votes) 🎬 #Documentary #Crime 🗓 2024 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 58 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Menendez Brothers (2024)Monsters series မှာ ပါဝင်ခဲ့တဲ့ မန်နန်းဒက်စ်ညီအကိုတွေရဲ့ မှတ်တမ်းရုပ်ရှင်ကြီး လာပါပြီ။ဒီမှတ်တမ်းရုပ်ရှင်မှာကတော့ series နဲ့မတူပဲ မန်နန်းဒက်စ်ညီအကိုတွေ အတူတူ နှစ်၃၀ကြာပြီးတဲ့နောက်ကိုယ်တိုင်ပြောပြချက်တွေ၊ သူတို့ရဲ့ အဖြစ်အပျက်အမှန်နဲ့ အမြင်တွေ၊ ဘဝဇာတ်လမ်းတွေကိုတင်မကတရားခွင် တစ်လျှောက်လုံးက အဖြစ်အပျက်တွေ၊ မှုခင်းမှာ အရေးပါ အရောက်ခဲ့သူတွေရဲ့အမြင်အတွေးတွေကိုပါရှုထောင့်မျိုးစုံကနေ ခံစားကြည့်ရှုနိုင်ကြမှာပဲဖြစ်ပါတယ်။ ဇာတ်ညွန်း ၁၉၈၉ ခုနှစ် ဩဂုတ်လ ၂၀ရက်နေ့မှာ အမေရိကန်တစ်နိုင်ငံလုံးသာမက တကမ္ဘာလုံးအထိပါဟိုးလေးတစ်ကျော်ကျော်ဖြစ််သွားခဲ့တဲ့ လူသတ်မှုကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ လူသတ်မှုမှာသားကောင်ဖြစ်ခဲ့ရသူတွေက မန်နန်းဒက်စ်မိသားစုရဲ့ပဲ့ကိုင်ရှင် ဟိုဆေး မန်နန်းဒက်စ်နဲ့ ဇနီးဖြစ်သူကစ်တီမန်နန်းဒက်စ်။ သူတို့ကို သတ်ဖြတ်ခဲ့သူတွေက သားဖြစ်တဲ့သူတွေဖြစ်တဲ့အဲရစ်နဲ့ လိုင်း မန်နန်းဒက်စ်။ ရဲတွေနဲ့ လူတိုင်းလိုလိုက ယုံကြည်ထားတာကသူတို့က ငွေကြောင့်သတ်ခဲ့ကြတာပဲ။ ဒါပေမဲ့ တရားခွင်မှာ ထွက်ပေါ်လာခဲ့တဲ့မန်နန်းဒက်စ်မိသားစုအတွင်းက မထင်မှတ်ထားတဲ့ နောက်ကွယ်က ဖြစ်ရပ်တွေကြားမှာဘယ်သူကမှန်နေခဲ့တာလဲ ဘယ်သူကမှားနေခဲ့တာလဲဆိုတာကိုအဖြေရှာမရဖြစ်လာခဲ့တဲ့အခါမှာတော့ မန်နန်းဒက်စ်ညီအကိုတွေရဲ့လူသတ်မှုဟာနောင်တစ်ချိန်မှာ လူတိုင်းပြောစမှတ်ပြုကြရတဲ့ အမှုတစ်ခု ဖြစ်လာပါတော့တယ်။
...

The Three Stooges (2000) ⭐TMDB: 64% User Score 🎬 #Biography #Comedy #Documentary #Drama #TVMovie 🗓 2000 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Three Stooges ကိုအားလုံးသိကြမှာပါ။ ငယ်ဘဝရဲ့တစ်စိတ်တပိုင်း၊ ပရိသတ်ကို ပါးစပ်မစေ့ရအောင် ဖျော်ဖြေပေးတဲ့ လူသုံးယောက်အဖွဲ့ပေါ့။ Stooge ကို မြန်မာလိုပြန်ရင် “အရူး” တဲ့။ အဲတော့ “အရူး သုံးယောက်” ပေါ့ဗျာ။ ဒါပေမယ့် ဒီတစ်ခုကတော့ ခင်ဗျားတို့မြင်နေကြ Three Stooges မဟုတ်သလို ရယ်ရတဲ့ ဇာတ်လမ်းတစ်ခုလည်းမဟုတ်ပါဘူး။ သူတို့ရဲ့ ဘဝဇာတ်ကြောင်းကို ပြန်လည်ဖော်ထားတဲ့ Docu/Drama ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ကျွန်တော်ဖတ်ဖူးတဲ့ စာတစ်ခုရှိတယ်။ “အမြဲတမ်းရယ်မောနေတဲ့လူက ဝမ်းနည်းစရာတွေနဲ့အမြဲလိုလိုကြုံတွေ့နေရတဲ့လူဖြစ်ပြီး၊ ပေါတောတောနေတဲ့လူတွေကလည်း ဘဝရဲ့ထိုးနှက်ချက်ကို အလူးအလဲခံဖူးတဲ့လူ” ဖြစ်ပါတယ်တဲ့။ Robert DeNiro ရဲ့ “The King of Comedy” မှာဆို “ခင်ဗျားတို့ကိုအရမ်းရယ်ရတဲ့ ဟာသတစ်ခုပြောပြမယ်” ဆိုပြီး သူ့ဘဝကို ပြန်လည်ပြောပြတဲ့အခန်းပါပါတယ်။ ဒီ Three Stooges မှာလည်းအဲလိုပါပဲ။ Moe Howard Curly Howard Larry Fine Shemp Howard သူတို့ဘယ်လိုမျိုး ဟာသလောကထဲကိုဝင်လာလဲ ခေါင်းပုံဖြတ်အမြတ်ကြီးစားခံရတဲ့ဘဝကနေပြီး “Colombia Pictures” “20th Century Fox” “Werner Bros” တို့လို ဒိတ်ဒိတ်ကြဲ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကြီးတွေရဲ့ စာချုပ်ကမ်းလှမ်းခြင်းက်ုခံရအောင် ဘယ်လိုများ ကြိုးစားခဲ့ရလဲ။ မူယာမာယာများလှတဲ့ ဟောလိဝုဒ်ရုပ်ရှင်လောကကို အတန်းပညာမတက်၊ ဟာသပဲလုပ်တတ်တဲ့ အရူးသုံးကောင်က ဘယ်လိုများ ပရိသတ်ရင်ထဲစွဲအောင်လုပ်ခဲ့လဲ။ သူများကိုရယ်အောင်မောအောင်လုပ်ပေးနေပေမယ့် ကိုယ်တိုင်ရင်ထဲမှာ ဘယ်လိုတွေခံစားနေရလဲ။ ဒါတွေကို မြင်သာအောင်ရိုက်ပြထားတဲ့ Docu/Drama တစ်ကားဖြစ်တာကြောင့်လက်မလွှတ်သင့်ဖူးလို့ထင်ပါတယ်။
...

The Three Stooges Go Around the World in a Daze (1963) ⭐TMDB: 60% User Score 🎬 #Adventure #Comedy #Family 🗓 1963 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဘဝအမောတွေပြေစေဖို့ 1963 ခုနှစ်မှာထွက်ရှိခဲ့တဲ့ The Three Stooges ရုပ်ရှင်ကိုတင်ဆက်ပေးလိုက်ပါတယ်။ The Three Stooges ဆိုတာနဲ့ကို ဇာတ်ဝင်ခန်းတိုင်းမှာ အလွဲလွဲအချော်ချော်နဲ့ ရယ်ရယ်မောမောကြည့်ရှုကြရမယ်ဆိုတာ သိကြပြီးသားဖြစ်မှာပါ။ ဒီရုပ်ရှင်ကတော့ ကမ္ဘာပတ်လည် ရက် ၈၀ စာအုပ်ကို ပြန်ရိုက်ထားတာဖြစ်ပြီး ဖီးလီးယက်စ် ဖော့ဂ်ရဲ့ မြစ်ဖြစ်သူ တတိယ ဖိးလီးယက်စ် ဖော့ဂ်ရဲ့ ရက် ၈၀ အတွင်း ကမ္ဘာပတ်ခရီးစဉ်ကို ကြည့်ရှုကြရမှာပါ။ Three Stooges ကတော့ ဖော့ဂ်ရဲ့ အစေခံတွေနေရာကနေ သရုပ်ဆောင်ထားပြီး သူတို့သခင်လေးရဲ့ခရီးစဉ်မှာ ဘယ်လိုလိုက်လံကူညီကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။
...

Black Mold (2023) ⭐IMDB: 4.5/10 (426 Votes) 🎬 #Drama #Horror #Thriller #TVMovie 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စွန့်ပစ်ထားတဲ့ အဆောက်အဦးတွေကို ရှာဖွေဓာတ်ပုံရိုက်ဖို့ထွက်လာခဲ့တဲ့ ဓာတ်ပုံဆရာနှစ်ယောက်ဟာ အဆောက်အဦးတစ်ခုမှာ အိမ်ခြေမဲ့တစ်ယောက်တိုက်ခိုက်ခြင်းကို ခံလိုက်ရပါတယ်။ တိုက်ခိုက်ခံရပြီးနောက် ထူးဆန်းတဲ့အဖြစ်အပျက်တွေ သူတို့နှစ်ဦးထံတွင်တစ်ခုပြီးတစ်ခုပေါ်လာပါတော့တယ်။ အဲဒီအဖြစ်အပျက်တွေက သူတို့စိတ်ထင်တာလား အပြင်မှာ လက်တွေ့ဖြစ်နေတာလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမယ့် စိတ်တ္တဇဆန်ဆန်ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။
...

Mortdecai (2015) ⭐IMDB: 5.5/10 (78 k Votes) 🎬 #Action #Adventure #Comedy #Crime #Mystery 🗓 2015 🎞 movie 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားက ၂၀၁၅ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး Johnny Depp, Paul Bettanyနဲ့ Gwyneth Paltrowတို့လို နာမည်ကြီးတွေပါဝင်ထားတဲ့ ဟာသအက်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ပန်းချီပွဲစား၊နယ်စားမော့ဒီကိုင်းတစ်ယောက် လူမွဲစာရင်း သွင်းခံရမဲ့အချိန် ပန်းချီကား ပြုပြင်ထိန်းသိမ်းရေးသမားတစ်ဦး အသတ်ခံရပြီး ပန်းချီကားတစ်ချပ်ပျောက်သွားတဲ့အမှုကို စုံစမ်းပေးဖို့ MI5က သူ့ရဲ့ မိတ်ဆွေဟောင်းစုံထောက်မာ့တ်လန်းက အမှုလာအပ်ပါတယ်။ အမှုလိုက်နေရင်းနဲ့ အဲဒီ ပန်းချီက ဟိုးယခင် စပိန်ဘုရင်ခေတ်ကတည်းက လက်ရာကောင်း တစ်ခုဖြစ်နေပြီး ဒုတိယကမ္ဘာစစ်ပြီးကထဲက ပျောက်ဆုံးနေတဲ့ ပန်းချီကား ဖြစ်နေခဲ့တာပါ။ ဒါ့အပြင် အဲဒီပန်းချီကားရဲ့ ကျောဘက်မှာ ပန်းချီကားကို နောက်ဆုံးပိုင်ခဲ့သူက သူ့ရဲ့လျှို့ဝှက်ဘဏ်နံပါတ်ကို ချရေးခဲ့တယ်ဆိုတဲ့ ကောလာဟလကြောင့် အဲဒီပန်းချီကားဟာ ပန်းချီလောကမှာ နာမည်ကြီးပြီး လိုချင်သူတွေ ဝိုင်းဝိုင်းလည်နေတာပါ။ အဲဒီပန်းချီကားကို မော့ဒီကိုင်း တစ်ယောက် အရယူနိုင်ပါ့မလား။ ဘယ်လိုလူမျိုး‌တွေ အခက်အခဲတွေကို ကျော်ဖြတ်ပြီး ပြိုင်လုရမလဲဆိုတာ Jonny Deppရဲ့ သရုပ်ဆောင်ချက်နဲ့ အတူ ခံစားလိုက်ပါဦး
...

The Hudsucker Proxy (1994) ⭐TMDB: 71% User Score 🎬 #Comedy #Drama #Fantasy 🗓 1994 🎞 movie 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Coen Brothers က ရိုက်ကူးခဲ့တဲ့ ဒီဟာသရုပ်ရှင်ဇာတ်လမ်းမှာဆိုရင် The Shawshank Redemption ထဲက မင်းသား Tim Robbins က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ –Hudsucker Industries ရဲ့ ဥက္ကဋ္ဌ၊ ဘုတ်အဖွဲ့ရဲ့ အကြီးအကဲနဲ့ စတော့ရှယ်ယာအများဆုံးပိုင်ဆိုင်သူ ‘ဝဲရင်း ဟတ်ဆက်ကာ’ သေဆုံးသွားပြီးနောက် ဘုတ်အဖွဲ့က ရှယ်ယာရှင်တွေအနေနဲ့ စတော့ရှယ်ယာတွေ ဒီထက်ပို ပိုင်ဆိုင်ချင်တဲ့အတွက် သူတို့ ကုမ္ပဏီရဲ့ စတော့ကျဆင်းသွားအောင် လုပ်ဖို့ ဝိုင်းဝန်းကြံစည်ကြပါတော့တယ်။ ကုမ္ပဏီကို ငတုံးတစ်ကောင်ကို ဦးစီးခိုင်းလိုက်ရင် သူတို့ဖြစ်စေချင်သလို ကုမ္ပဏီကြီးက ကပြောင်းကပြန် ဖြစ်သွားတော့မှာပါ။ဒီတော့ ဥက္ကဋ္ဌအသစ်အဖြစ် တင်မြှောက်မယ့်လူကို လိုက်ရှာနေချိန် အကြောင်းတိုက်ဆိုင်စွာနဲ့ပဲ ‘နော်ဗီးလ် ဘန်းစ်’ဆိုတဲ့ အူတူတူ အတတပုံစံနဲ့ လူတစ်ယောက်က သူတို့ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာပါတော့တယ်။ နော်ဗီးလ်က ငတုံးတစ်ကောင် ပုံစံဖြစ်နေပေမယ့် တကယ်က စီးပွားရေးနဲ့ပတ်သက်ပြီး ဘွဲ့ရထားသူပါ။ ဒီတော့ ဘုတ်အဖွဲ့က ကြိုးဆွဲရာ လိုက်ကမယ့် ရုပ်သေးရုပ်မဟုတ်တဲ့ နော်ဗီးလ်တစ်ယောက် ဘာတွေဆက်လုပ်မလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦး။
...

Battle for Sevastopol (2015) ⭐IMDB: 7.0/10 (14 k Votes) 🎬 #Drama #Romance #War #Action #Biography #History 🗓 2015 🎞 movie 🌎 #Ukraine #Russia ⏰ 2 နာရီ 4 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 7.2 ရထားတဲ့ ၂၀၁၅ ထွက် ကားလေး တင်ပေးလိုက်ပါတယ်။ ဇာတ်လမ်းထဲက ဇာတ်ကောင်ကတော့ အပြင်မှာတကယ်ရှိခဲ့တဲ့ ယူကရိန်းသူ ဆိုဗီယက်စနိုက်ပါ တစ်ယောက်အကြောင်းပါပဲ။ ဒုတိယကမ္ဘာစစ်အတွင်း ထင်ရှားခဲ့တဲ့ အမျိုးသမီးသူရဲကောင်းတစ်ယောက်အကြောင်းပါ။ သူ့ကိုသမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အမျိုးသမီးစနိုက်ပါ အဖြစ်သိကြသလို World Deadliest Sniper ၁၀ ယောက်စာရင်းမှာ နံပါတ်သုံး ချိတ်ခဲ့တဲ့ တဦးတည်းသော အမျိုးသမီးစနိုက်ပါအဖြစ်လဲ သိကြပါတယ်။ ဇာတ်လမ်းအစမှာတော့ အိမ်ဖြူတော်မှာ ကျင်းပတဲ့ တွေ့ဆုံပွဲတစ်ခုမှာ လူဘယ်နှယောက်သတ်ခဲ့ပြီလဲ ဆိုတဲ့မေးခွန်းကို လူတွေကိုသတ်တာမဟုတ်ဘူး ဖက်ဆစ်တွေကို သတ်တာပါ ၃၀၉ ယောက်ရှိပါပြီ ဆိုတဲ့ အဖြေနဲ့ အားလုံးအံ့သြသွားစေခဲ့ပြီး သူ့ဘဝဇာတ်ကြောင်းကို စဖွင့်ပြခဲ့တာပါ။ စစ်ပွဲအတွင်းမှာ လူတွေသိန်းနဲ့ချီပြီး သေတာ မထူးဆန်းခဲ့ပေမယ့် မိန်းမငယ်လေးတစ်ယောက်က ရိုင်ဖယ်သေနတ်တစ်လက်နဲ့ လူ ၃၀၀ ကျော် သတ်နိုင်ခဲ့တာကိုတော့ အံသြဘနန်း ဖြစ်စေခဲ့တာ အမှန်ပါပဲ။ သမ္မတ ရူးစဗဲ့ကတော်နဲ့ ခင်မင်ခဲ့ပြီး သမ္မတကတော်ကြီးက ပြန်ပြောပြတဲ့ ပုံစံလေးနဲ့ ပြသသွားပါတယ်။ သူတို့လာရင်းရည်ရွယ်ချက်ဖြစ်တဲ့ ဒုတိယကမ္ဘာစစ်ကို အမေရိကန်ကလဲ စစ်မျက်နှာဖွင့်ပေးဖို့ တောင်းဆိုရာမှာ ဒါကို မလိုလားတဲ့လူတွေ အတွက် တွန်းအားဖြစ်စေမဲ့ နာမည်ကျော်စကားတစ်ခွန်းကို ပြောခဲ့ပုံလေးနဲ့ သူ့ဘ၀ အနိမ့်အမြင့် အခက်အခဲတွေနဲ့ သေလုနီးနီးအချိန်တွေ သူချစ်ရတဲ့ သူတွေအကြောင်းကို ပြသွားတာကို တွေ့ရမှာပါ။ တကယ်လဲ သမိုင်းမှာ သူပြောခဲ့တဲ့ ” ကျွန်မ အသက် ၂၅ နှစ်မှာ ဖက်ဆစ် ၃၀၉ ယောက် သုတ်သင်ခဲ့ပြီးပါပြီ။ လူကြီးမင်းတို့၊ ရှင်တို့တွေ ကျွန်မနောက်ကျောမှာ ပုန်းကွယ်နေခဲ့တာ အချိန်အတော်ကြာပြီလို့များ မတွေးမိကြဘူးလား” ဆိုတဲ့စကားဟာ အမှတ်တရဖြစ်ကျန်ခဲ့ပါပြီ။ သူ့ဘဝနဲ့အတူ နာမည်ကျော် ဆီဗာစတာပိုစစ်ပွဲကြီးရဲ့ တစ်စိတ်တစ်ပိုင်းကိုပါ ခံစားကြည့်နိုင်ပါပြီ။ (Littleneo ဘာသာပြန်ပေးထားပါတယ်)
...

Ozark Sharks (2016) ⭐TMDB: 41% User Score 🎬 #Action #Adventure #Comedy #Drama #Horror #ScienceFiction #TVMovie 🗓 2016 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေးမှာတော့ မိသားစုတစုဟာ စိတ်အပန်းဖြေရာ နေရာတခုဖြစ်တဲ့ Ozark ဆိုတဲ့ သစ်ပင်တောတောင်တွေ ကန်တွေချောင်းတွေနဲ့ နေရာတခုကို အပန်းဖြေခရီးထွက်လာခဲ့ကြပါတယ်။ ဒါပေမယ့် မထင်မှတ်စွာနဲ့ပဲ ကံဆိုးမိုးမှောင်ကျကာ စိတ်ခြောက်ခြားစရာ သွေးစွန်းတဲ့ ခရီးဖြစ်လာခဲ့ပါတယ်။ ပင်လယ်ထဲကနေ ရေချိုဒေသ ကန်ထဲကို ပြောင်းလာခဲ့ကြတဲ့ ငါးမန်းတွေဟာ သောင်းကျန်းနေကြရာကနေ မိသားစုလေး ဘယ်လို ဒုက္ခရောက်ရသလဲ။ သူတို့ ဒီဒုက္ခတွေကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရမှာပဲ ဖြစ်ပါတယ်
...

The Seed of the Sacred Fig (2024) ⭐IMDB: 7.7/10 (1 k Votes) 🎬 #Crime #Drama #Thriller 🗓 2024 🎞 movie 🌎 #France #Germany #Iran ⏰ 2 နာရီ 47 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Seed of the Sacred Fig (2024) IMDb Rating (7.8) / Rotten Tomatoes (93%) ဘာသာရေးကိုင်းရှိုင်းပြီးရိုးသားတဲ့ရှေ့နေတစ်ယောက်ဖြစ်တဲ့ အီမန်ဟာ ဇနီးဖြစ်သူ နက်ဂျ်မား၊ သမီးနှစ်ဦးတို့နဲ့အတူနေထိုင်ပါတယ်။ လတ်တလောမှာတော့ အီမန်ကို တီဟရန်ကအထူးတရားရုံးမှာ စုံစမ်းစစ်ဆေးရေးတရားသူကြီးအဖြစ်ရာထူးတိုးမြှင့်ခံထားရတဲ့အတွက် လစာပိုကောင်းလာမှာဖြစ်သလို သူတို့မိသားစုအတွက် တိုက်ခန်းကျယ်တစ်ခုလည်းရမှာဖြစ်တဲ့အတွက် တစ်မိသားစုလုံးဝမ်းသာပျော်ရွှင်နေကြတဲ့အချိန်ပါ။ အဲ့ဒီအချိန်မှာပဲ မာဆာအာမီနီ ဆိုတဲ့ ၂၂ နှစ်အရွယ်အီရန် ကာ့ဒ်အနွယ်ဖွားမိန်းကလေးတစ်ယောက်ဟာ ဟီဂျပ်ဘ်ကောင်းကောင်းမခြုံလို့ဆိုတဲ့အမှုနဲ့ ဘာသာရေးရဲတွေက ဖမ်းဆီးစစ်ဆေးနေစဉ်မှာသေဆုံးသွားတဲ့ဖြစ်စဉ် ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ်ကတစ်ဆင့် နိုင်ငံအနှံ့ဆန္ဒပြပွဲတွေဖြစ်ပေါ်လာခဲ့ပြီး အီမန်ရဲ့သမီးကြီးဖြစ်သူ ရေ့ဇ်ဗန်းရဲ့ သူငယ်ချင်းတစ်ဦးလည်းဖမ်းဆီးခံလိုက်ရပါတယ်။ ဒီဖြစ်စဉ်တွေအပေါ် အီမန်နဲ့နက်ဂျ်မားကအုပ်ချုပ်သူတွေ၊ စည်းမျဉ်းစည်းကမ်းတွေကသာ အမှန်လို့ယူဆပြီး သမီးနှစ်ဦးကတော့ သူတို့နဲ့ဆန့်ကျင်ဘက်အမြင်ဖြစ်ပြီးသဘောထားကွဲလွဲခဲ့ကြပါတယ်။ ဒါတွေဟာ တည်ငြိမ်အေးချမ်းတဲ့ သူတို့မိသားစုအတွက် ရင်ဆိုင်ရမယ့် မုန်တိုင်းရဲ့အစပဲရှိပါသေးတယ်။ The Seed of the Sacred Fig ဟာ ရုပ်ရှင်ပွဲတော်တွေမှာအောင်ပွဲခံနေကျ အီရန်ကားတွေရဲ့ဖန်တီးရှင် Mohammad Rasoulof ရဲ့လက်ရာဖြစ်ပြီး သူ့အတွက်နောက်ထပ်ဂန္ဓဝင်ကားကောင်းတစ်ခုဖြစ်လာမှာပါ။ ၂၀၂၄ အော်စကာဆုအတွက်လည်း German entry အဖြစ်ရွေးချယ်ခံထားရပါတယ်…ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)
...

Scooby-Doo! Meets the Boo Brothers (1987) ⭐TMDB: 74% User Score 🎬 #Adventure #Animation #Comedy #Family #Fantasy #Horror #Mystery #TVMovie 🗓 1987 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ ငယ်ငယ်ကကြည့်ခဲ့ရတဲ့ Scooby Doo ကာတွန်းကားလေးပဲဖြစ်ပါတယ်။ ရှက်ဂီ့ရဲ့ဦးလေးဖြစ်တဲ့ ဘူဝါးဂါ့တ်ကွယ်လွန်သွားတဲ့အချိန်မှာ ရှက်ဂီ့ကို ရတနာတွေနဲ့အတူ အိမ်ကိုပါ အမွေပေးထားခဲ့ပါတယ်။ အခက်အခဲတွေများစွာကို ရင်ဆိုင်ပြီး ရှက်ဂီ စကူဘီနဲ့ တူလေးစခရပ်ပီတို့ဟာ အိမ်ကို အရောက်သွားခဲ့ရပါတယ်။ ဒါပေမဲ့ အိမ်ကိုရောက်တဲ့အခါမှာ အိမ်တော်ထိန်းက မကျေနပ်ဘဲ သူရသင့်တာပါလို့ ဆန့်ကျင်ပြောကြားလာပါတယ်။ အဲဒီအပြင် အိမ်က သရဲခြောက်တဲ့အိမ်ဖြစ်နေပါသေးတယ်။ ရှက်ဂီတို့က အကုန်လက်လွှတ်ပြီး ပြန်မယ်လုပ်တဲ့အချိန်မှာလည်း ကားကနွံထဲမြုပ်သွားပြီး တစ်ညအိပ်ဖို့ အကြောင်းဖန်လာပါတယ်။ ရှက်ဂီတို့ တစ်ညအိပ်တဲ့အတောအတွင်း ဘာတွေကြုံတွေ့ရမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှူလိုက်ကြရအောင်
...

Twilight Gangsters (2010) ⭐TMDB: 69% User Score 🎬 #Comedy #Crime #Drama #Action 🗓 2010 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 49 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Twilight Gangsters (2010) **************************** ဒီဇာတ်ကားလေးကတော့ လောကဓံကို ရင်ဆိုင်အန်တုပြီး ဆိုးအတူကောင်းအတူ အမြဲအတူတူ ရှိလာတဲ့ သူငယ်ချင်း ၃ယောက်ရဲ့ ဇာတ်လမ်းလေးဖြစ်ပြီး တကယ့် ဝါရင့်သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ နာမွန်းဟီး၊ ဂင်ဆူမီ၊ ဂင်ဟယ်အို့တို့က အဓိကဇာတ်လိုက်တွေအဖြစ် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း- ဂျောင်ဂျာ၊ ယောင်းဟီးနဲ့ ရှင်းဂျာဆိုတဲ့ သူငယ်ချင်း ၃ယောက်ဟာ ဟာဝိုင်အီကို အထူးပက်ကေ့ချ်နဲ့ ခရီးသွားဖို့အတွက် ပိုက်ဆံတွေကို ခက်ခက်ခဲခဲ နဲ့ စုလာခဲ့ကြတာ ၈နှစ်ကြာတဲ့နောက်မှာတော့ သူတို့ လိုချင်တဲ့ပမာဏ ပြည့်သွားကြပါတယ်။ အဲဒါနဲ့ ခရီးစဥ်ပက်‌ကေ့ချ်အတွက် ငွေသွင်းဖို့ ဘဏ်သွားရာမှ ကံမကောင်းစွာနဲ့ ဘဏ်ဓားပြတိုက်ခံရပြီး သူတို့ရဲ့ ပိုက်ဆံတွေ အကုန်ပါသွားပါတော့တယ်။ ဘဏ်ကလည်း ဓားပြတိုက်ခံရတဲ့ ငွေတွေကို တာဝန်မယူဘဲ ခေါင်းရှောင်တဲ့အခါမှာတော့ အာဂအဘွားကြီး ၃ယောက်ဟာ ဘဏ်ကို ပြန်ဓားပြတိုက်ပြီး သူတို့ရဲ့ ဆုံးရှုံးသွားတဲ့ ‌ငွေတွေကို ရအောင် ပြန်ယူဖို့ ဆုံးဖြတ်လိုက်တဲ့အခါ…။ ဘဝဇာတ်ခုံပေါ်မှာ တွေ့ကြုံရတဲ့ လောကဓံတရားတွေကို ရသမျိုးစုံနဲ့ ရိုက်ကူးထားတဲ့အပြင် အချိန်တွေ အကြာကြီး အတူတူရှိလာကြတဲ့ သူငယ်ချင်းအဘွားကြီး ၃ယောက်ရဲ့ သံယောဇဉ်တွေ၊ ချစ်ခြင်းမေတ္တာတွေ၊ တစ်ယောက်အပေါ်တစ်ယောက် အနစ်နာခံမှုတွေကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေး တစ်ကားဖြစ်တာမို့ တင်ဆက်ပေးလိုက်ပါတယ်။ (ဇာတ်လမ်းအကျဉ်းကို Htoo Htoo Aung မှ ရေးသားပေးထားပါတယ်။)
...

The Three Stooges Meet Hercules (1962) ⭐TMDB: 66% User Score 🎬 #Comedy #Family #Fantasy #Action #ScienceFiction 🗓 1962 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Three Stooges လို့ပြောလိုက်တာနဲ့ မိုး၊ လယ်ရီနဲ့ ဂျိုး ဆိုတဲ့ အမြဲတလွဲတွေချည်းလုပ်နေတဲ့ ဟာသညီအစ်ကိုသုံးယောက်ကိုပြေးမြင်မိကြမှာပါ။ ဒီရုပ်ရှင်ဟာလည်း 1962 ခုနှစ်မှာထွက်ရှိထားတာဆိုပေမဲ့ ဟာသတွေကတော့ အမြဲရွှေဖြစ်နေဆဲပါပဲ။ ဒီရုပ်ရှင်မှာတော့ ဆေးဆိုင်မှာအလုပ်လုပ်နေတဲ့ မိုး၊ လယ်ရီနဲ့ ဂျိုးတို့သုံးယောက် အချိန်ခရီးသွားစက်တစ်ခုကိုတီထွင်‌ေနတဲ့ ဒေးဗစ်ကိုကူညီပေးကြရင်း သူတို့ဝသီအတိုင်း အလွဲအချော်တွေလုပ်မိကြပြီး ရှေးခေတ်ဂရိပြည်ကို ပြန်ရောက်သွားခဲ့ပါတယ်။ ဒီလိုရောက်သွားတာကနေပြီး ဂရိဘုရင် ယူလစ်ဆီကို နန်းချမိသလိုဖြစ်သွားတဲ့အတွက် သူတို့လုပ်မိတဲ့တလွဲတွေကိုပြန်ပြင်ရင်း အလွဲတွေပဲထပ်လုပ်မိကြရင်း သူတို့လာခဲ့တဲ့ ပစ္စုပ္ပန်ကိုပြန်ဖို့ ကြိုးစားကြတာကို ရယ်ရယ်မောမောနဲ့ကြည့်ရှုကြရမှာပါပဲဖြစ်ပါတယ်။
...

All Too Well: The Short Film (2021) ⭐TMDB: 81% User Score 🎬 #Music #Short #Drama 🗓 2021 🎞 movie 🌎 #UnitedStatesofAmerica ⏰ 14 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 All Too Well ( Short Film ) 2021 IMDb – 9.1/10 ကဲ YouTube မှာ ထွက်တာ 24 နာရီပြည့်ပြီးသွားပြီဆိုတော့ CM မှာ တင်ပေးပါပြီ ဒီ short film လေးကတော့ Taylor Swift ကိုယ်တိုင် ရေးသားရိုက်ကူးထားတဲ့ကြေကွဲဖွယ် ဇာတ်လမ်းလေးတစ်ပုဒ်ပါ Stranger Things ထဲက အားလုံးရဲ့ အချစ်တော်လေး Sadie နဲ့Teen Wolf, Maze Runner, Love & Monster တို့ရဲ့ မင်းသား Dylan O’Brien တို့ကအဓိကပါ၀င် သရုပ်ဆောင်ထားပါတယ်သီချင်းရှင်မမ Taylor လည်း ပါပါတယ် Short Film ဆိုပေမဲ့ သီချင်းကို ရိုက်ကူးထားတာဖြစ်လို့ dialogue တွေအပြင်သီချင်းလေးကိုပါ ခံစားရင်း ကြည့်ရှုနိုင်မှာပါ အသက်အရွယ် အလွန်ကွာခြားလွန်းတဲ့ relationship တစ်ခုကိုပုံဖော်ရိုက်ကူးထားပါတယ် အားလုံးပဲ ရှုစားပေးကြပါဦး
...

Alien: Romulus (2024) ⭐IMDB: 7.3/10 (118 k Votes) 🎬 #Horror #SciFi #Thriller #ScienceFiction #Action 🗓 2024 🎞 movie 🌎 #UnitedKingdom #UnitedStates #Hungary #Australia #NewZealand #Canada #UnitedStatesofAmerica ⏰ 2 နာရီ 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နာမည်ကျော် Alien ရုပ်ရှင်တွဲတွေထဲက နောက်ဆုံးထွက် ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ အချိန်ကာလအရတော့ Alien (1979) နဲ့ Aliens (1986) ကြားကာလပါပဲ။ Alien ရုပ်ရှင်အပြီး နှစ် ၂၀၊ Aliens ရုပ်ရှင်မလာခင် ၃၇ နှစ် အလိုပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်တွေကို အချိန်ကာလအတိုင်း ကြည့်ချင်ရင်တော့ Prometheus (2012) 2093 ခုနှစ် Alien: Covenant (2017) 2104 ခုနှစ် Alien (1979) 2122ခုနှစ် Alien: Romulus (2024) 2142 ခုနှစ် Aliens (1986) 2179 ခုနှစ် Alien³ (1992) 2179 ခုနှစ် Alien Resurrection (1997) 2381 ခုနှစ် ဆိုပြီး ဖြစ်ပျက်ခဲ့တဲ့အတိုင်း ကြည့်ရှုနိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ************** ဝေးလန်း-ယူတာနီ ကုမ္ပဏီလက်အောက်မှာ စာချုပ်ကြောင့် ကျွန်တွေလို အလုပ်လုပ်ပေးနေရပြီး ဘယ်ကိုမှ သွားခွင့်မရှိတဲ့ အလုပ်သမားလူငယ်အုပ်စုလေးဟာ ယူဗာဂါဂြိုလ်ကို အရမ်း ထွက်သွားချင်နေကြပါတယ်။ တစ်နေ့မှာတော့ လူမရှိတော့တဲ့ ယာဉ်တစ်စီး မျောနေတာကိုတွေ့ပြီး အဲဒီယာဉ်ကို ခိုးပြီးတော့ ကိုလိုနီကနေ ထွက်ပြေးဖို့ စုပေါင်းကြိုုးစားချပါတယ်။ အဲဒီအထဲမှာ စက်လူသား အန်ဒီလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ သူတို့ယာဉ်ကနေ အေးခဲလောင်စာမလောက်လို့ နောက်ထပ် စခန်းပျက်တစ်ခုကို ကပ်ပြီး ဝင်ရှာမိလိုက်ချိန်မှာတော့ စခန်းထဲမှာ လူတွေသေပြီး ကျန်နေတဲ့ ကပ်ပါးကောင် ဂြိုလ်သားမျိုးစိတ်တွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ အာကာသ သိပ္ပံ ဟော်ရာတွေရဲ့ ထုံးစံအတိုင်း လွတ်မြောက်ဖို့ ကြိုးစားရင်းနဲ့ ဘယ်သူတွေ သေကျန်ခဲ့မလဲ ဘယ်သူတွေ ရှင်ကျန်ခဲ့မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမဲ့ အမျိုးအစားပဲ ဖြစ်ပါတယ်။
...

Heroes of the Golden Masks (2023) ⭐IMDB: 4.9/10 (1 k Votes) 🎬 #Adventure #Animation #Comedy 🗓 2023 🎞 movie 🌎 #Canada ⏰ 1 နာရီ 19 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကာလေးကတော့ စွန့်စားခန်းတွေနဲ့ ဟာသကို နှောပြီး ရိုက်ထားတဲ့ Animation ကားကောင်း‌‌လေးတစ်ကား ဖြစ်ပါတယ်။ ချာလီဆိုတဲ့ အိမ်‌‌‌‌ခြေရာမဲ့ အမေရိကန် သူခိုးကောင်လေးဟာ တစ်ရက်မှာ တရုတ်မင်းဆက်တစ်ခုရဲ့ ဆန်ချွင်ဒီ တိုင်းပြည်ကို မှော်‌ဂိတ်ပေါက်ကနေ ရောက်သွားရာကနေ .. အဲဒီတိုင်းပြည်ရဲ့ သူရဲကောင်းတစ်ယောက် ဖြစ်လာပုံကို ဒီဇာတ်ကားထဲမှာ အရောင်စုံစုံနဲ့ ကြည့်ရှုခွင့်ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားက ၈၀ ခုနှစ်နှောင်းပိုင်းတွေတုန်းက တရုတ်ပြည်တောင်ပိုင်းမှာ ရှေး‌‌ဟောင်း မျက်နှာဖုံး‌တွေ ရှာတွေ့ထားတဲ့ ဖြစ်ရပ်မှန်ကို အခြေတည်ပြီး စိတ်ကူးယဉ် ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်ကားအနေနဲ့ Rating သိပ်မ‌ကာင်းပေမဲ့ ကလေးတွေနဲ့ လူငယ်တွေ အတွက်‌‌တော့ ကြည့်လို့‌ ‌အဆင်ပြေတဲ့ Comedy & Adventure ဇာတ်ကား တစ်ကားပါပဲ။
...

Take Cover (2024) ⭐IMDB: 5.1/10 (639 Votes) 🎬 #Action #Thriller 🗓 2024 🎞 movie 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိသတ်တွေကို နာမည်ကြီးအက်ရှင်မင်းသား Scott Adkins ရဲ့ ဇာတ်ကားသစ်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Scott Adkins ဟာဆိုရင် တခြားနာမည်ကျော် Action movie တွေဖြစ်တဲ့ John Wick: Chapter 4, IP Man 4 စတဲ့ ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ဖူးပြီးတော့ အခုတစ်ခါမှာလည်း အက်ရှင်အကြမ်းစားတွေ ပါဝင်တဲ့ ဇာတ်ကားသစ်တစ်ကား ထပ်ထွက်လာပါတယ်။ သူနဲ့အတူ တခြားသရုပ်ဆောင်တွေအနေနဲ့ Jack Parr, Madalina Bellariu Ion တို့က ပါဝင်အားဖြည့်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ ကြေးစားစနိုက်ပါလူသတ်သမား တစ်ယောက်ဟာ ကြေးစားဘဝကနေ အငြိမ်းစားယူဖို့အတွက် နောက်ဆုံး မစ်ရှင်တစ်ခုကို လုပ်နေတုန်းမှာ မထင်မှတ်ထားတဲ့အရာတွေဖြစ်သွားပြီးတော့ အန္တရာယ်တောထဲကနေ ရုန်းထွက်ပုံကို စိတ်လှုပ်ရှားစွာ ကြည့်ရှုကြရမှာပါ။ Action Scene တွေက ကြည့်လို့ကောင်းပြီးတော့ Plot twist တွေနဲ့အတူ ဇာတ်လမ်းကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ရိုက်ကူးထားပါတယ်။ IMDb မှာလည်း Rating အသင့်အတင့်ရထားတာကြောင့် Action Genre ကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေ သဘောကျလောက်မယ့် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။
...

Crime Reel (2024) ⭐IMDB: 8.1/10 (133 Votes) 🎬 #Bollywood #Crime 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 49 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Crime Reel 2024 တရားခံ မှုခင်းဇာတ်ကားကောင်းရှာနေတဲ့ကြည့်ရှုသူတွေအတွက်အကြိုက်တွေ့စေမဲ့ လူသတ်သမားရှာပုံတော်‌ဇာတ်ကားကြီးကိုတင်ဆက်ပေးထားပါတယ် ဇာတ်လမ်းအစမှာတင် ရွာပြင်မှာမိန်းကလေးတစ်ယောက်အသတ်ခံထားရပါတယ် ဘယ်လောက်ထိရက်ရက်စက်စက်လဲဆိုရင်ဘယ်သူဘယ်ဝါမပေါ်အောင် မျက်နှာကို ကျောက်တုံးနဲ့ထုရုပ်တွေထိပါဖျက်ထားပြီး တစ်ကိုယ်လုံးသွေးသံရဲရဲနဲ့ကြည့်ရက်စရာမရှိတဲ့ သူမရဲ့အဖြစ် မိသားစုကလာအတည်ပြုတာတောင်ခြေထောက်ကခြေချင်းလေးကြောင့်သာ ပျောက်ဆုံးနေတဲ့သူတို့သမီးဖြစ်ကြောင်းလက်ခံလိုက်ရတဲ့အထိပါပဲ သူတို့ရွာကိုတာဝန်ကျတဲ့ SI ရဲအရာရှိက မိန်းမပါ မိန်းမဆိုပြီးအထင်သေးလို့တော့မရပါဘူးအကြောင်းကတော့ ဒီအမျိုးသမီးကလိုအပ်လာရင် ဖြတ်ဖောက်ချုပ်ဆရာဝန်လိုတစ်မျိုးရှေ့နေကတစ်ဖုံနဲ့ စရိုက်အမျိုးမျိုးပြောင်းလဲနိုင်တဲ့ လက်ရဲဇက်ရဲအမျိုးသမီးပါလက်အောက်ကရဲတွေတောင် ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့သူမကဒီအမှုကိုတာဝန်ယူဖို့ဖြစ်လာခဲ့တယ် လိုက်လံစုံစမ်းချက်တွေအရတရားခံကလူတစ်ဦးတည်ကိုပဲဦးတည်နေပေမဲ့ ဇာတ်လမ်းကအဆုံးသတ်ကိုတန်းတွေ့ဖို့ထိကတော့ အိန္ဒိယကားတွေရဲ့ထုံးစံအတိုင်းမလွယ်ကူလှတာကြောင့် လူသတ်သမားဘယ်သူဆိုတာကို အဖြေရှာကြည့်လိုက်ပါဦး ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်
...

Little Bites (2024) ⭐IMDB: 4.5/10 (417 Votes) 🎬 #Horror 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDB….. 4.8 ဒီရုပ်ရှင်ကတော့ Horror ကြိုက်တဲ့သူတွေအတွက် စိတ်ဝင်စားစရာ ရုပ်ရှင်တစ်ကားပါပဲ။ မင်ဒီဗိုဂယ်ဟာ သူ့ရဲ့ သမီးလေးကို အိမ်နဲ့ဝေးရာကို ပို့ထားရပါတယ်။ ဘာလို့လဲဆိုတော့ သူ့အိမ်အောက်ထပ်မှာ လူသားစားတဲ့ မိစ္ဆာတစ်ကောင်ရှိနေလို့ပဲ ဖြစ်ပါတယ်။ မင်ဒီဟာ သူ့သမီးကို ကာကွယ်ဖို့အတွက်နဲ့ သူ့ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း အကိုက်ခံကာ သမီးအတွက် စတေးခံပေးနေတာပါ။ ဒါပေမဲ့ သူ့အသက်ကိုရော သူ့သမီးကိုပါ ဆုံးရှုံးရတော့မယ့် အခြေအနေကြုံလာတဲ့အချိန်မှာတော့ မင်ဒီတစ်ယောက် မိစ္ဆာကောင်ကို ပြန်အနိုင်ယူဖို့ ကြိုးစားလာပါတော့တယ်။ မင်ဒီ နဲ့ သူ့သမီးလေး ဘယ်လို ဇာတ်သိမ်းသွားမလဲဆိုတာကို ကြောက်လန့်တကြား ကြည့်ရမှာဖြစ်ပါတယ်။
...

At the End of the Tunnel (2016) ⭐IMDB: 7.0/10 (16 k Votes) 🎬 #Crime #Drama #Thriller 🗓 2016 🎞 movie 🌎 #Argentina #Spain ⏰ 2 နာရီ 1 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 At the End of the Tunnel (2016) ~ IMDb – 7/10, Rotten Tomatoes – 83% ~ စပိန်စကားပြော Crime / Thriller ဇာတ်ကားလေးဖြစ်ပါတယ်။ မိန်းမနဲ့ ကလေးကို ဆုံးရှုံးထားရပြီး အောက်ပိုင်းသေနေတဲ့ ကွန်ပျူတာအင်ဂျင်နီယာတစ်ယောက်ရဲ့ အိမ်ကို မိန်းမတစ်ယောက် ကလေးမလေးတစ်ယောက်ကို လက်ဆွဲပြီး အိမ်ငှားချင်တယ်ဆိုပြီး ရုတ်တရက်ရောက်ချလာပါတယ်။ ဘာမှမပြောနိုင်ခင်မှာပဲ အကုန်လုံးကို သဘောတူပြီး အိမ်ငှားစာချုပ်ချုပ်ဖြစ်သွားပါတယ်။သူတို့နှစ်ယောက် အနေနီးလာပြီး တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးလာကြပါတယ်။ အဲဒီအချိန် သူအလုပ်လုပ်တဲ့ မြေအောက်ခန်းရဲ့ဘေးက အသံတွေကြားလို့ နားထောင်ကြည့်ရင်း ဘဏ်ဓားပြတိုက်ဖို့ လိုဏ်ခေါင်းတူးနေကြတဲ့ လူတစ်စုကို သွားတွေ့ပါတယ်။ ဓားပြတွေကို ချောင်းကြည့်နေရင်း သူ့ရဲ့အိမ်ငှားလေးက ဓားပြတွေနဲ့ ကြံရာပါဖြစ်နေတာကိုတွေ့လိုက်ရပါတော့တယ်။ ဓားပြတစ်သိုက်နဲ့ အောက်ပိုင်းသေနေတဲ့ ဝှီးချဲပေါ်က အင်ဂျင်နီယာတို့ အားပြိုင်ကြတဲ့အကြောင်းကို စိတ်ဝင်စားစရာ ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)
...

ဇာတ်ညွှန်းများ • FDMN - Статистика та аналітика Telegram каналу