ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Antwone Fisher (2002) ⭐TMDB: 69% User Score 🎬 #Drama #History #Romance 🗓 2002 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDB….. 7.3 ဒီတစ်ခေါက်တော့ မင်းသားကြီး Denzel Washington သရုပ်ဆောင် ထားတဲ့ ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရုပ်ရှင်ကြည့်ပရိသတ်တွေ အတွက်ဆိုရင် Training Day, Equailizer, Man on fire ရုပ်ရှင်တွေနဲ့ လူသိများတဲ့ Denzel Washington က တကူးတက မိတ်ဆက်ပေးစရာမလိုတဲ့ မင်းသားကြီးပါပဲ။ ဒီရုပ်ရှင်ဟာ Denzel Washington ရဲ့ ပွဲဦးထွက် ဒါရိုက်တာ အဖြစ်ပါ လက်စွမ်းပြထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ အန်တွမ်ဖစ်ရှာ ဆိုတဲ့ ရေတပ်ထဲက တပ်သားတစ်ယောက်ဟာ အရည်အချင်းရှိသလောက် ထစ်ခနဲရှိ တခြားတပ်သားတွေနဲ့ ရန်ဖြစ်ပြီး ပြဿနာများတဲ့ သူတစ်ယောက်ပါ။ မကြာခဏ ပြဿနာတက်ပြီးတဲ့ နောက်မှာတော့ စိတ်ကုဆရာဝန် နဲ့တွေ့ရဖို့ ဖြစ်လာပါတော့တယ်။ အန်တွမ်ဖစ်ရှာ တစ်ယောက် စိတ်ကုဆရာဝန် ရဲ့ အကူအညီ နဲ့ သူ့ဘဝ ကို၊ သူ့စိတ်ကို ခြောက်လှန့်နေခဲ့တဲ့ အတိတ်က ထရော်မာများစွာကို ရင်ဆိုင်ဖို့ ဖြစ်လာပါတော့တယ်။ အမ်တွမ်ဖစ်ရှာဟာ တကယ့်အဖြစ်အပျက်ကို အခြေခံထားတာဖြစ်ပြီး ပြင်ပဘဝက အန်တွမ်ဖစ်ရှာ ကိုယ်တိုင် ဇာတ်ညွှန်းရေးသားထားတာလည်းဖြစ်ပါတယ်။ ထရော်မာတွေ၊ ကလေးဘဝက အဖြစ်ဆိုးတွေကို ကျော်ဖြတ်ခဲ့နိုင်ပြီး ဘဝမှာ အောင်မြင်ခဲ့တဲ့ လူတစ်ယောက်ရဲ့ ဇာတ်လမ်းလည်း ဖြစ်တာကြောင့်စိတ်ခွန်အားရစေမယ့် ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး။...
The 4:30 Movie (2024) ⭐IMDB: 6.0/10 (2 k Votes) 🎬 #Comedy #Romance 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ငယ်ရွယ်တဲ့အချစ်ရဲ့ ရင်ကိုခုန်စေတဲ့ခံစားချက်၊ လူငယ်ဘဝရဲ့ အပူအပင်ကင်းလွတ်လပ်ပေါ့ပါးမှု၊ ချစ်ရတဲ့သူလေးနဲ့ ချိန်းတွေ့ရတဲ့ အခိုက်အတန့်၊ နွေရာသီတစ်ခုရဲ့ အချစ်ဇာတ်လမ်းလေး။ ဇာတ်လမ်းအညွှန်း *************** ရုပ်ရှင်ဝါသနာအိုး ဘရိုင်ရန်ဒေးဗစ် နဲ့ သူ့သူငယ်ချင်းနှစ်ယောက်တို့က အမေရိကန်က အထက်တန်းကျောင်းသားလေးတွေပါ။ ဘရိုင်ရန်ဒေးဗစ်ကတော့ ရုပ်ရှင်တွေကို အရမ်းဝါသနာပါသူဖြစ်ပြီး သူ့မှာ ကြိတ်သဘောကျရတဲ့ မယ်လိုဒီဘားနီးဂတ် ဆိုတဲ့ ခပ်ချောချော ကောင်မလေးတစ်ယောက်ရှိတယ်။ ဇာတ်လမ်းဇာတ်အိမ်ကိုတော့ နွေရာသီအားလပ်ရက် မြို့ငယ်လေးတစ်ခုမှာ ဇာတ်အိမ်တည်ထားပြီး ပေါ့ပေါ့ပါးပါးလေးပဲ ရိုက်ကူးတင်ဆက်ထားပါတယ်။ ဘရိုင်ရန်ဒေးဗစ်က သူကြိတ်သဘောကျရတဲ့ မယ်လိုဒီဘားနီးဂတ် ကို ရုပ်ရှင်အတူတူကြည့်ရင်း ချိန်းတွေ့ဖို့ ဖိတ်ခေါ်တာကနေ ဇာတ်လမ်းလေးကို အစပျိုးထားပါတယ်။ ဒီဇာတ်လမ်းလေးမှာတော့ လူငယ်ဘဝရဲ့ ပေါ့ပါးတဲ့ခံစားချက်၊ သူငယ်ချင်းဆက်ဆံရေးရဲ့ ပျော်ရွှင်စရာအနှစ်သာရတွေ၊ တိတ်တခိုး သဘောကျရသူလေးကြောင့် ခံစားရတဲ့ရင်ခုန်စိတ်လှုပ်ရှားမှုတွေကို ခံစားသက်ဝင်ရင်း အပူအပင်ကင်းပြီး လွတ်လပ်တဲ့ လူငယ်ဘဝကို တစ်ဖန်ပြန်လည်ခံစားကြရမှာပါ။...
The Bad Guys: Haunted Heist (2024) ⭐TMDB: 74% User Score 🎬 #Animation #Comedy 🗓 2024 🎞 movie 🌎 #UnitedStatesofAmerica ⏰ 24 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒါကတော့ ဟောလိုးဝင်းအတွက် အထူးစပါရှယ် ထွက်ရှိလာတဲ့ ဇာတ်လမ်းတိုလေးပါ။ ထုံးစံအတိုင်း ဝို့ဖ်ရဲ့ ဦးဆောင်မှုနဲ့အတူ လူဆိုးများအဖွဲ့ဟာ သရဲခြောက်တဲ့ အိမ်ကြီးက တန်ဖိုးကြီး အဆောင်ပစ္စည်းတစ်ခုကို သွားခိုးကြမှာပါ။ ဒါပေမဲ့ အိမ်ကြီးရဲ့ ပိုင်ရှင်ဖြစ်သူက သူ့ပစ္စည်းခိုးရင် လိုက်ခြောက်ခံရမယ်ဆိုတဲ့ ကျိန်စာ တိုက်ခဲ့ပါတယ်။ ဒါကို အလေးမထားတဲ့ လူဆိုးများအဖွဲ့ ဘာတွေ ကမောက်ကမ ဖြစ်ကြမလဲဆိုတာ ကြည့်ရှုပေးကြပါဦး...
Charlie Tango (2024) ⭐IMDB: 4.1/10 (86 Votes) 🎬 #Thriller 🗓 2024 🎞 movie 🌎 #Canada ⏰ 1 နာရီ 39 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လေကြောင်းလိုင်း လမ်းကြောထိန်းချုပ်သူတစ်ဦးဖြစ်တဲ့ ကင်မ်ဟာ တစ်နေ့မှာ ကံမကောင်းစွာနှင့်အကြောင်းအမျိုးမျိုးကြောင့် သူ၏တာဝန်ချိန်အတွင်းမှာ လေယာဉ်မတော်တဆမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ ဤအဖြစ်အပျက်ကြောင့် ကင်မ်ဟာ စိတ်ထိခိုက်နေရသည့်အပြင် တာဝန်မှရပ်ဆိုင်းခံထားရပြီး သူ့ကိုတရားစွဲဆိုခံရနိုင်ခြေအထိဖြစ်လာပါတော့တယ်။ တာဝန်ရပ်ဆိုင်းခံနေရသည့်အချိန်မှာ သူမ၏တိတ်တိတ်ပုန်းချစ်သူ ချာလီမှ သူ၏ရုံးတွင်အလုပ်လာလုပ်ဖို့ ကမ်းလှမ်းသောအခါ ကင်မ်တစ်ယောက် ချာလီရုံးတွင် အလုပ်သွားလုပ်ပါတော့တယ်။ အလုပ်လုပ်ရင်း ချာလီလုပ်နေတာတွေကို ကင်မ်တစ်ယောက် သတိထားမိလာသောအခါ သူဘာတွေဆက်လုပ်မလဲ ၊ကင်မ်တစ်ယောက်ဖောက်ပြန်တာကိုရော ခင်ပွန်းဖြစ်သူရိပ်မိမလား၊တရားစွဲခံရမည့်ကိစ္စကရော ဘယ်လိုဖြစ်သွားမှာလဲ စသည်ဖြင့် အချိုးအကွေ့ အလှည့်အပြောင်းများစွာပါတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။...
The Emu War (2023) ⭐IMDB: 5.4/10 (115 Votes) 🎬 #Action #Adventure #Comedy 🗓 2023 🎞 movie 🌎 #Australia ⏰ 1 နာရီ 16 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Emu Warဆိုတာ 1932ကဖြစ်ခဲ့တဲ့ ဩစတေးလျက မပျံနိုင်တဲ့ငှက်ကြီးတွေနဲ့ လယ်သမားတွေကြားကတိုက်ပွဲပေါ့။ လယ်သမားတွေရဲ့ ကောက်ပဲသီးနှံတွေကိုခိုးစားတဲ့ ငှက်ကြီးတွေရဲ့ မျိုးပွားနှုန်းက မယုံနိုင်လောက်အောင်များပြားလို့ စစ်ဆင်ရေးတစ်ရပ်အနေနဲ့ သုတ်သင်ရှင်းလင်းခဲ့ကြတာ။ ဒါကို သတင်းတွေမှာ Emu Warဆိုပြီးရေးသားဖော်ပြခဲ့ကြတယ်။ ဒီရုပ်ရှင်မှာတော့ အဲဒီ Emu Warကို သရော်ပြီးရိုက်ကူးတင်ဆက်ထားတာ။ အီမျူတွေနဲ့ လူသားတွေကြားမှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားနေပါတယ်။ သားဖြစ်သူကလေးဘ၀ကတည်းက အီမျူတွေခေါ်သွားတာခံလိုက်ရတဲ့ စစ်ဗိုလ်ကြီးကတော့ အီမျူတွေကို သုတ်သင်ရှင်းလင်းဖို့ အားသန်လို့နေပါတယ်။ အထက်ကအမိန့်မနာခံဘဲ အီမျူတွေကိုဝင်တိုက်ဖို့ အမိန့်ပေးရာမှာ တပ်သားပေါင်း ၃၇၀၀၀အသက်ဆုံးရှုံးခဲ့ရပေမဲ့ ဗိုလ်ကြီးကတော့ ရှင်ကျန်နေခဲ့ပါတယ်။ ဒါပေမဲ့ ဟစ်တလာကိုသတ်ခဲ့တဲ့သူမို့ အရေးယူမခံရဘဲ တပ်သားသစ်စုဆောင်းပြီး အီမျူတွေကို သုတ်သင်ရှင်းလင်းဖို့အရေး ထပ်မံစေလွှတ်ခြင်းခံရပါတော့တယ်။ ရိုင်းစိုင်းတဲ့အပြောအဆိုတွေဖောဖောသီသီနဲ့ လူကြီးခန်းတွေပါဝင်တာကြောင့် အသက်မပြည့်သေးသူတွေနဲ့ ခံစားချက်မြင့်မားသူတွေ မကြည့်သင့်ပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)...
Buried Alive and Survived (2024) ⭐IMDB: 4.9/10 (265 Votes) 🎬 #Drama 🗓 2024 🎞 tv movie 🌎 #UnitedStates ⏰ 1 နာရီ 28 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇတ်ကားရဲ့ ဇတ်လမ်းကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ Toxic relationship ထဲရောက်ခဲ့ရပြီး ယောကျာ်းကထောင်ကျသွားလို့ ခြေယာဖျောက်နေတဲ့ single mother တစ်ယောက်က တစ်နေ့ကျတော့ သူ့ယောကျာ်းကလွတ်လာတဲ့အခါမှာ သူ့ယောကျာ်းပြန်လာပြီးသူတို့ကိုလာရှာပါတယ် သူ့ယောကျာ်းက လူကောင်းဖြစ်သွားပြီးလို့ သူ့ကိုယ်သူပြောနေပေမယ့် ကောင်းမလာတာကိုတော့ သူမကသိနေခဲ့ပါတယ် အဲ့တာကြောင့် သူ့ယောကျာ်းဟောင်းဆီကနေထွက်ပြေးဖို့ကြံရင်း သူတို့သားအမိလွတ်မြောက်မလားကြည့်ရမယ့်ဇတ်ကားတစ်ကားပဲဖြစ်ပါတယ် Toxic relationship ကိုကြုံဖူးတဲ့သူတွေ မြင်ဖူးတဲ့သူတွေနားလည်နိုင်မယ့်ဇတ်ကားတစ်ကားဖြစ်ပါတယ်...
Big Fat Liar (2002) ⭐TMDB: 58% User Score 🎬 #Adventure #Comedy #Family 🗓 2002 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Imdb – 5.5/10 ၂၀၀၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားလေးက အမေရိကန် ဆယ်ကျော်သက်ဟာသ ရုပ်ရှင်ဖြစ်ပါတယ်။ Agent Cody Banks ရုပ်ရှင်တွေမှာ အဓိကဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Frankie Muniz က ဒီဇာတ်ကားထဲမှာJason အဖြစ် ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ Jason က Greenbury မြို့မှာနေထိုင်တဲ့ ၁၄ နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦးဖြစ်ပြီး လုပ်ကြံဇာတ်လမ်းတွေ ဖန်တီးလိမ်လည်တဲ့နေရာမှာ ထူးချွန်သူဖြစ်ပါတယ်။ တစ်နေ့မှာ ဆရာမ ပေးလိုက်တဲ့ အိမ်စာဖြစ်တဲ့ အင်္ဂလိပ်စာ အက်ဆေးကို အချိန်မီထပ်ဖို့ ကျောင်းကိုအသွား Marty Wolf ဆိုတဲ့ သြဇာကြီး ဟောလီးဝုဒ် ပရိုဂျူဆာ တစ်ဦးရဲ့ ကားနဲ့တိုက်မိပါတယ်။ Marty က Jason ကို ကျောင်းအထိလိုက်ပို့ပေးပေမဲ့ Jason ရဲ့ အိမ်စာအက်ဆေးက ကားထဲမှာကျန်ခဲ့ပါတယ်။ အိမ်စာမထပ်နိုင်လို့ Jason လည်း နွေရာသီ အချိန်ပိုကျောင်း တက်လိုက်ရပြီး အဲဒီအချိန်မှာ Marty Wolf ကတော့ Jason ရဲ့ အက်ဆေးထဲက ဇာတ်လမ်းကို Big FatLiar လို့ အမည်ရတဲ့ ရုပ်ရှင်ကားကြီးအဖြစ် ရိုက်ကူးဖို့ ကြေငြာလိုက်ပါတယ်။ ဒီအကြောင်းတွေကို Jason သိသွားတဲ့အခါမှာ သူငယ်ချင်းမိန်းကလေးဖြစ်သူ Kaylee နဲ့အတူ Marty Wolf နေထိုင်ရာ ဟောလီးဝုဒ်အထိ လိုက်သွားပြီး Marty Wolf ကို Jason ရဲ့ဇာတ်လမ်းကို ခိုးယူကြောင်း ဝန်ခံခိုင်းပါတယ်။ Marty က လက်မခံတဲ့အခါမှာတော့ သူငယ်ချင်းနှစ်ယောက် Marty ကို နည်းမျိုးစုံသုံးပြီး ပညူပြဖို့ ကြိုးစားရပါတော့တယ်။ ၂၀၀၀ ခုနှစ်ကျော်ကာလတွေက အဟုန်ပြင်းပြင်းနဲ့ ထွက်ရှိခဲ့တဲ့ Teen/Comedy ရုပ်ရှင်တွေထဲက တစ်ခုဖြစ်ပြီး ဝင်ငွေအရ အောင်မြင်မှုရရှိခဲ့ပါတယ်။ နာမည်ကြီးသရုပ်ဆောင် Paul Giamatti က ဘဝင်မြင့်မောက်မာပြီး ဆောင့်ကြွားကြွားနိုင်တဲ့ ဟောလီးဝုဒ်ထုတ်လုပ်သူ Marty Wolf အဖြစ် ပါဝင်ထားပါတယ်။ မိသားစုနဲ့အတူ ကြည့်ပျော်တဲ့ ပေါ့ပေါ့ပါးပါး ဟာသရုပ်ရှင်လေးတစ်ခုဖြစ်ပါတယ်။...
The Mick and the Trick (2024) ⭐IMDB: 4.9/10 (45 Votes) 🎬 #Action #Comedy #Crime 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 37 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်လမ်းအစမှာတော့ နာမည်ကြီးဂန္ဓာဝင်လူသတ်သမားကြီး ပတ်ထရစ်ဟာအဝေးတစ်နေရာကနေ အသည်းသန်ပြန်လာပြီး ဒွန်နိုဗန်နဲ့တွေဖို့လုပ်နေတယ်။ ဒွန်နိုဗန်ဆိုတဲ့သူကလည်း မကောင်းတဲ့ ရာဇဝတ်မှုတွေကို လုပ်နေတဲ့သူပါ။ ဒွန်နိုဗန်ဆီရောက်တော့ ပတ်ထရစ်ဟာသူဒီအလုပ်တွေကိုဆက်မလုပ်ချင်တော့ကြောင်း သူထွက်သွားနိုင်ဖို့အတွက်တစ်ခုခုစီစဉ်ပေးဖို့ပြောတယ်။ မလုပ်ပေးရင်ပြဿနာရှာမယ့်ပုံစံမျိုးတော့ ဒွန်နိုဗန်လည်း ကြားကောင်းအောင်လက်ခံလိုက်တယ်။ ပတ်ထရစ်ပြန်သွားတော့ ဒွန်နိုဗန်ကအထက်လူကြီးတစ်ယောက်ကို ဖြစ်ကြောင်းကုန်စင်ပြောပြ လိုက်တယ်။ ဒုစရိုက်လောကကနေလွယ်လွယ်နဲ့ထွက်ရိုးထုံးစံမရှိတော့ ပတ်ထရစ်ကိုရှင်းပစ်လိုက်ဖို့အမိန့်ချလိုက်တယ်။ နောက်တော့ပတ်ထရစ်ကသူ နှစ်ပေါင်း ၂၀ ကြာအလုပ်လုပ်ပေးနေတဲ့ ကားလို့စ်ဆီကိုထပ်သွားပြန်တယ်။ ဟိုရောက်တော့ သူဒီအလုပ်ကို နားတော့မယ်ဖြစ်ကြောင်း ဒီမြို့ကနေထွက်သွားတော့မယ်ဖြစ်ကြောင်း ပြောပြတယ်။ ကားလို့စ်က အစကတော့သဘောမတူချင်ပေမယ့် နောက်ဆုံးမှာအောင့်သက်သက်နဲ့လက်ခံလိုက်ရတယ်။ ပတ်ထရစ်ပြန်သွားတော့ ကားလို့စ်က လူတစ်ယောက်ကိုဖုန်းဆက်ပြီး လုပ်လိုက်တော့လို့ပြောလိုက်တယ်။ ဂန္ဓာဝင်လူသတ်သမားကြီးကို နှစ်ဖွဲ့ပေါင်းပြီးလုပ်ကြံတဲ့အခါမှာ ထင်ထားသလိုဖြစ်မလာတဲ့အခါ်မှာတော့...
The Rookie (2002) ⭐TMDB: 68% User Score 🎬 #Drama #Family 🗓 2002 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 8 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb – 6.9 ————————————————— “အိမ်မက်ကိုဘယ်တော့မှလက်မလျော့ဖို့သက်သေပြခဲ့တဲ့ အသက်(၃၅)နှစ်မှ Baseballကစားသမားဖြစ်လာခဲ့တဲ့ Jimmy Morris” Professional Baseballကစားသမားဖြစ်ဖို့ရူးသွပ်တဲ့Jim Morrisကသူ့ဘဝတလျှောက်တမြို့ပြီးတမြို့ပြောင်းရွေ့လာရာကနေ နောက်ဆုံးTexasမြို့မှာအခြေချနေထိုင်ဖို့ဖြစ်လာခဲ့တယ်။ Texasမြို့မှာတော့ ဘောလုံးအားကစားကိုသာအဓိကအားပေးခဲ့တဲ့မြို့ဖြစ်ပြီး baseballကိုတော့လူစိတ်ဝင်စားမှုမရှိသလောက်နည်းတယ်။ ဒီလိုနဲ့အကြောင်းအမျိုးမျိုးကြောင့် သူ့အိမ်မက်ကိုလက်လျော့ခဲ့လိုက်ရတယ်။ ဒီလိုပဲဖြတ်သန်းလာရင်း အိမ်ထောင်ကျကလေးမွေးပြီးအထက်တန်းကျောင်းမှာသိပ္ပံဆရာတဖြစ်လဲ baseballနည်းပြအဖြစ်နဲ့ပဲနေထိုင်လာခဲ့ရင်းကနေ ဘဝတစစ်ချိုးဖြစ်တဲ့ သူ့ရဲ့အိမ်မက်ကိုအကောင်ထည်ဖော်နိုင်ဖို့အခွင့်အရေးရခဲ့တယ်။ အသက်(၃၅)နှစ်မှအငယ်တန်းအနေနဲ့ကစားရမှာဖြစ်တဲ့အတွက် မိသားစုကလည်းအားမပေးတဲ့အပြင် စားဝတ်နေရေးစတဲ့ကိစ္စအဝဝနဲ့ ကြုံလာရတဲ့အခက်အခဲများစွာကိုဘယ်လိုဖြေရှင်းပြီးအောင်မြင်အောင်ကြိုးစားခဲ့တဲ့အကြောင်းဖြစ်ပါတယ် ကြာချိန်ကတော့၂နာရီခန့်ဖြစ်ပြီး Motiရစေတာမျိုးဖြစ်တဲ့အတွက် အချိန်ပေးရတာနဲ့တန်တဲ့ဇာတ်ကားမျိုးပါ...
Kondal (2024) ⭐IMDB: 5.5/10 (245 Votes) 🎬 #Action #Bollywood #Crime #Drama #Mystery 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 25 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kondal 2024 ပင်လယ်ပြင်ခရီးကြမ်း အက်ရှင်ဟီးရိုး Antony Varghese ရဲ့ ပင်လယ်ပြင်မှာကြမ်းမယ့်အက်ရှင်ကားသစ်တစ်ကားကို CMချစ်ပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါပြီ။ မာနူးဟာ လူဖြောင့်စိတ်တိုဆိုတဲ့အတိုင်း စိတ်သဘောထားဖြူစင်သူပေမဲ့မဟုတ်မခံ ထစ်ခနဲဆို လက်ကအရင်ရောက်တဲ့သူ၊မတရားသဖြင့်ချနင်းမယ်ဆိုရင်တော့ ဘယ်လိုလူကိုမဆိုပြန်ကြမ်းဖို့ဝန်မလေး နောက်မတွန့်တဲ့သူပေါ့။ သူ့ရဲ့ ဒီအကျင့်စရိုက်ကြောင့်ပဲ ငါးဈေးမှာ အကြီးအကျယ်ပြဿနာတက်ပြီးတစ်ရွာလုံးကမာနူးကို ရွာကနေ ခဏရှောင်နေဖို့ဝိုင်းပြောတာနဲ့ပဲရွာကနေထွက်လို့ ငါးဖမ်းသင်္ဘောတစ်စင်းပေါ်မှာ အလုပ်လုပ်ရဖို့ ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ ရန်ပွဲကပဲ မာနူးနောက်လိုက်လာတာလား၊ မာနူးကပဲ ရန်ပွဲနောက်လိုက်နေသလားမသိရလောက်အောင် ငါးဖမ်းသင်္ဘောပေါ်မှာ ပြဿနာဖြစ်ဖို့ ဦးတည်လာတဲ့အခါမှာတော့…. (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)...
Level Cross (2024) ⭐IMDB: 6.9/10 (1 k Votes) 🎬 #Bollywood #Drama #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 54 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Level Cross 2024 (စိတ်ရောဂါကုဆရာဝန်မလေးရဲ့ စိတ်ဒဏ်ရာ) ဝေးလံခေါင်ခိုက်ပြီးတော့ လူသူအရောက်အပေါက်နည်းတဲ့နေရာမှာရှိတဲ့ရထားဂိတ်တစ်ခုမှာ အစောင့်တာဝန်ကျနေတဲ့ ရာဂူး။ သူဟာ တစ်ကိုယ်တည်း အထီးကျန်နေရင်း သူ့မြည်းလေးစစ်ကနယ်နဲ့အတူတူ နေထိုင်ရင်း ရထားဂိတ်စောင့်အလုပ်ကိုလုပ်ကိုင်နေတဲ့သူတစ်ယောက်ပေါ့။ ဒီလိုနဲ့ တစ်ရက်မှာသူစောင့်ကြည့်ပေးရတဲ့ ရထားဂိတ်အနားကိုအနီရောင်ဝတ်စုံဝတ်ထားတဲ့ ခေတ်ဆန်ဆန်ကောင်မလေးတစ်ယောက်ဟာရထားပေါ်ကနေ ခုန်ချခဲ့ပြီးတော့ ဒဏ်ရာတွေရသွားတဲ့အတွက် ကယ်ဆယ်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ လူသူအရောက်အပေါက်နည်းတဲ့နေရာမှာ စကားပြောဖော်မရှိ ပျင်းနေခဲ့တဲ့ရာဂူးကြီးမှာ စကားတွေဖောင်ဖွဲ့ပြောရင်းနဲ့ ကောင်မလေးဟာသူ ဘာလို့ရထားပေါ်ကနေ ခုန်ချခဲ့ရလဲဆိုတာကို ရင်ဖွင့်လာခဲ့ပါတော့တယ်။ အဲဒီကောင်မလေးဟာ ရထားပေါ်ကနေ ဘာကြောင့်မလို့ ခုန်ချခဲ့ရတာလဲ …….သူ့ရဲ့ အတိတ်က ဇာတ်လမ်းက ဘယ်လောက်တောင်ဆိုးလို့ ဒီလိုရထားပေါ်ကနေခုန်ချရတဲ့အထိဖြစ်ရတာလဲဆိုတာကို ကြည့်ရှုရမယ့် ဒရာမာကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~V~Alex~Yunni တို့ပဲဖြစ်ပါတယ်)...
The Curse of the Necklace (2024) ⭐IMDB: 4.4/10 (447 Votes) 🎬 #Horror #Mystery #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကြောက်ဖို့ကောင်းတဲ့ Horror movie ကြည့်ချင်တယ် The Exorcist ရဲ့ Themes လိုမျိုး ကြည့်ချင်တယ် ဆိုတဲ့သူတွေအတွက် Warner Bros. က ရိုက်ကူးထုတ်လုပ်လိုက်တဲ့ The Curse of the necklace ဇာတ်ကားက စိတ်ကျေနပ်မှု ရစေမှာပါ။ ၁၉၆၀ ဝန်းကျင် ခေတ်အနေအထားကို မှီငြမ်းပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ ပါဝင်ထားတဲ့ သရုပ်ဆောင် တွေကလည်း Horror Genre နဲ့ အသားကျပြီးသား သရုပ်ဆောင်တွေမို့ အပိုအလိုမရှိ အံဝင်ခွင်ကျ သရုပ်ဆောင်နိုင်ကြပါတယ်။ (ဖရန့်ခ်- Pet Sematary၊ လော်ရာ – Shevenge ၊ အယ်လင်- M3GAN) ဇာတ်လမ်းကတော့ အိမ်ထောင်ရေး အဆင်မပြေဖြစ်နေတဲ့ မိသားစု တစ်စုမှာ ဖခင်လုပ်သူ ဖရန့်ခ်က ရဲဝန်ထမ်း တစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူ လော်ရာက ဆေးရုံမှာ နာ့စ်လုပ်ပါတယ်။ လင်မယား ရန်အကြီးအကျယ် ဖြစ်ပြီးနောက်ပိုင်း ယောကျ်ားက အိမ်မှာမနေတော့ဘဲ ဟိုတယ်တစ်ခုမှာ နေနေရတာပါ။ ဆယ်ကျော်သက်အရွယ် သမီးကြီး ဂျူးဒစ်နဲ့ သမီးအငယ် အယ်လင်ကတော့ မိခင်ဖြစ်သူနဲ့ အတူ အိမ်မှာပဲ နေထိုင်ပါတယ်။ တစ်နေ့တော့ ဖရန့်ခ်က သက်သေခံ ပစ္စည်းအခန်းထဲက အနှစ်သုံးဆယ်ကျော် အမှုပိတ်ပြီးသား လူသတ်မှုတစ်ခုရဲ့ သက်သေခံပစ္စည်းပုံးကို ဖွင့်ကြည့်မိတဲ့ အခါမှာ ရတနာပစ္စည်း လည်ဆွဲလေးကို တွေ့သွားပါတယ်။ ပိတ်ပြီးသား အမှုမို့ ပြဿနာ တက်စရာမရှိလို့ ယူဆပြီး သူ့ရဲ့ ဇနီး လော်ရာကို မျက်နှာလုပ်ဖို့အတွက် အိမ်ကို ယူသွားခဲ့ပါတယ်။ လော်ရာက လက်မခံဘဲ ဒီလည်ဆွဲကို အမှိုက်ပုံးထဲ လွှင့်ပစ်ခဲ့ပေမယ့် သမီးငယ် အယ်လင်က ကောက်ယူထားလိုက်ပါတယ်။ အဲဒီကနေ စပြီး သူတို့အိမ်မှာ ထူးဆန်းတာတွေ မြင်ရကြားရသလို၊ ဂျူးဒစ်မှာ ညတိုင်း အိပ်မက်ဆိုးတွေ မက်နေပါတော့တယ်။ ဒီကျိန်စာသင့် လည်ဆွဲရဲ့ သမိုင်းကြောင်းက ဘယ်လိုတွေ ရှိခဲ့လဲ၊ သူတို့အိမ်လေးမှာ ဘယ်လိုတွေ ဖြစ်လာဦးမလဲဆိုတာ...
Daddy's Head (2024) ⭐IMDB: 5.6/10 (1 k Votes) 🎬 #Horror 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 33 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ Horror Genre ဇာတ်ကားလေးတစ်ကားဖြစ်ပြီးတော့ IMDb မှာ 5.7/10 ဆိုတဲ့ Rating ကောင်းတစ်ခုကို ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ Isaac ဆိုတဲ့ကောင်လေး တစ်ယောက်ဟာ သူ့အဖေကို မကြာသေးခင်ကမှ ကားမတော်တဆမှု တစ်ခုမှာ ဆုံးရှုံးလိုက်ရတာကြောင့် စိတ်ထိခိုက်နေပါတယ်။ အဲဒီအခြေအနေကို အခွင့်ကောင်းယူပြီးတော့ မကောင်းဆိုးဝါး တစ်ကောင်က သူ့အဖေဟန်ဆောင်ကာ သူနဲ့သူ့အမေကြား ပြဿနာတွေဖြစ်အောင် အမျိုးမျိုးနှောင့်ယှက်ရင်း Isaac ကိုပြုစားဖို့ ကြိုးစားပါတယ်။ အဲဒီမကောင်းဆိုးဝါးကို သားအမိနှစ်ယောက်ပေါင်းကာ ဘယ်လိုတွေ မောင်းထုတ်ကြမလဲ၊ မကောင်းဆိုးဝါးရဲ့အကြံကရော အောင်မြင် သွားမလားဆိုတာတွေကို အသည်းတထိတ်ထိတ် ရင်တဖိုဖိုနဲ့ ကြည့်ရှု ကြရမှာပါ။ ဇာတ်လမ်းက အစပိုင်းမှာတော့ နည်းနည်းရှုပ်သလိုလိုရှိပေမယ့် ကြည့်ရင်း ကြည့်ရင်းနဲ့ သဘောပေါက်လာပြီးတော့ Horror vibe ကို လုံးဝ ပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။...
Sleeping with a Tiger (2024) ⭐IMDB: 7.0/10 (127 Votes) 🎬 #Biography #Drama 🗓 2024 🎞 movie 🌎 #Austria ⏰ 1 နာရီ 47 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mit einem Tiger schlafen(Sleeping with a Tiger) (2024)Genre – DramaIMDb – 7/10——————————————————————ဒီရုပ်ရှင်ကAustralia director ‘ Anja Salomonowitz’ ကရိုက်ကူးထားတဲ့‘Maria Lassnig’ ရဲ့အတ္ထုပ္ပတ္တိရုပ်ရှင်ဖြစ်တယ်။ ၂၄ ဖေဖော်ဝါရီလ ၂၀၂၄ မှာပွဲဦးထွက်ပြသခဲ့ပြီးတဲ့နောက်မှာတော့၇၄ကြိမ်မြောက် Berlin International Filmမှာရွေးချယ်ခံခဲ့ရတဲ့အောင်မြင်တဲ့ရုပ်ရှင်တပုဒ်ဖြစ်တယ်။ ယောကျာ်းတွေပဲကြီးစိုးထားတဲ့အနုပညာလောကမှာသူမဘယ်လိုရုန်းကန်ခဲ့ရပုံတွေနဲ့သူမရဲ့သူများနဲ့ကွဲထွက်နေတဲ့ကိုယ်ပိုင်အနုပညာကိုရှာဖွေဖော်ထုတ်ဖို့ကြိုးစားရင်းအတွင်းစိတ်ဝေဒနာတွေကို ပန်းချီကားချပ်ပေါ်မှာပီပြင်စွာရေးဆွဲနိုင်ခဲ့တဲ့အပြင်ငယ်စဉ်ထဲကအရောင်တွေအပေါ်စွဲလန်းမှု သူမရဲ့ပန်းချီတွေကိုသားသမီးသဖွယ်တန်ဖိုးထားတတ်တဲ့ပုံတွေကိုကြည့်ရှုနိုင်မယ့်ဇာတ်ကားကောင်းတကားဖြစ်ပါတယ်။...
Echoes of the Thunder (2023) ⭐TMDB: 71% User Score 🎬 #Drama 🗓 2023 🎞 movie 🌎 #China #HongKong ⏰ 1 နာရီ 34 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ CM ကနေယှဉ်ပြိုင်ခြင်းကိုမှနှစ်ခြိုက်တဲ့ပရိသတ်တွေအတွက်ကားမောင်းပြိုင်ပွဲကိုအဓိကဇာတ်အိမ်တည်ထားတဲ့ ဟောင်ကောင်နာမည်ကြီးဇာတ်လမ်းလေးဖြစ်တဲ့ Echoes of the Thunderကားလေးနဲ့ တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာတော့ မာရှန့်ရူံက ဟောက်ရှန့်လုပ်ငန်းစုပိုင်ရှင်ရဲ့သားဖြစ်ပြီး အင်မတန်မှချမ်းသာတာကြောင့်ပြိုင်ကားကစားသမားအဖွဲ့တည်ထောင်ထားထားတာပေါ့။ဒီအဖွဲ့ထဲမှာ လီဝေနန်ဆိုတဲ့လူက အပျော်တမ်းပြိုင်ကားမောင်းသမားဖြစ်ပြီးအင်မတန်မှာထူးချွန်တဲ့ပြိုင်ကားမောင်းသမားလည်းဖြစ်တယ်။ သူ့အပြင် ဟောင်ကောင်မှောင်ခိုပြိုင်ကားလောကမှာ နာမည်ကြီးဆရာတစ်ဆူဖြစ်တဲ့အစ်ကိုဟော်ကတော့ ကားဝပ်ရှော့ဆိုင်လည်းဖွင့်ထားတာပေါ့။ အစပိုင်းမှာလီဝေနန်နဲ့အစ်ကိုဟော်တို့ကိုဆင်းရဲတဲ့အပြင်ဘာမှလုပ်ကိုင်စားသောက်စရာမရှိခဲ့ပဲသူများကားတွေကိုလိုက်လံပြင်တဲ့အလုပ် လုပ်ခဲ့ရာကနေ မာရှန့်ရူံနဲ့တွေ့ပြီးသုံးယောက်သားသွေးသောက်ညီအစ်ကိုတွေဖြစ်သွားခဲ့ကြတယ်။ ဒီလိုနဲ့လီဝေနန်မှာ နှလုံးရောဂါရှိတဲ့သားလေးတစ်ယောက်ရှိပြီးခွဲစိတ်မှုပိုက်ဆံလိုနေတဲ့အပြင် အစ်ကိုဟော်ကလည်း ကားဝပ်ရှော့ဆိုင်အရင်းအနှီးလိုနေတာကြောင့် မာရှန့်ရူံက အပျော်တမ်းလို့ခေါ်တဲ့တရားမဝင်ပြိုင်ကားမောင်းပြိုင်ပွဲက ပိုက်ဆံမရတဲ့အတွက်ပရော်ဖက်ရှင်နယ်ပြိုင်ကားမောင်းပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့အကြံပေးခဲ့တယ်။ ဒီလိုနဲ့ မာရှန့်ရူံကြောင့်နှစ်ဦးသား ငွေကြေးအဆင်ပြေခဲ့ပြီးတစ်နေ့မှာ မာကာအိုဘုရင့်ဖလားကားမောင်းပြိုင်ပွဲကြီးရောက်ရှိလို့လာခဲ့ပါတော့တယ်။ဒီဇာတ်လမ်းတစ်လျှောက်လုံးမှာဖော်ကြူးထားတဲ့ ညီအစ်ကိုတွေရဲ့စိတ်ဓါတ်နဲ့ကားမောင်းသမားတွေရဲ့အသက်စွန့်စားယှဉ်ပြိုင်မှုတွေကိုပါ မြင်တွေ့ရမှာကြောင့်ဒီဇာတ်လမ်းလေးကို CM ကနေစောင့်မျှော်ကြည့်ရူလိုက်ရအောင်...
Utsavam (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 18 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Utsavam (2024)“ဘဝပြဇာတ်ခုံ” ရိုးရာပြဇာတ်ကပြခြင်းကို အခြေခံရိုက်ကူးထားတဲ့တေလဂူး ဒရာမာရုပ်ရှင်လေးကို တင်ဆက်လိုက်ပါတယ် ခရစ်ရှနာက ပြဇာတ်မျိုးရိုးကနေ ပေါက်ဖွားလာတဲ့သူ..သူ့ရဲ့ အဖေက တစ်ချိန်ကဆုတံဆိပ်များစွာရရှိခဲ့တဲ့ သဘင်သည်ကြီးတစ်ယောက် ဒါပေမဲ့ တိုးတက်လာတဲ့ခေတ် ပြဇာတ်ဆိုတာကိုဘယ်သူမှတန်ဖိုးမထားတော့တဲ့ ကာလမှာသူတို့အနုပညာလည်း မှေးမှိန်လာခဲ့တယ် ရိုးရာအနုပညာအတွက် စိတ်ဆန္ဒပြင်းပြတဲ့ ခရစ်ရှနာကသူ့ချစ်သူကောင်မလေး ရာမာနဲ့အတူ အဖေဖြစ်သူရဲ့ လမ်းညွှန်မှုနောက်ကိုလိုက်ပြီးခေတ်သစ်ကမ္ဘာမှာ ပျောက်ကွယ်လုနီးဖြစ်တဲ့ ရိုးရာဓလေ့၊သဘင်အနုပညာကို ဘယ်လိုပြန်အသက်သွင်းဖို့ ကြိုးစားမလဲ ဆိုတာကတော့ … အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်...
Oh My Ghost : The Finale (2024) ⭐TMDB: 55% User Score 🎬 #Comedy #Horror 🗓 2024 🎞 tv series 🌎 #Thailand ⏰ 1 နာရီ 48 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Oh My Ghost : The Finale (2024) The Final Oh My Ghost Oh My Ghost သရဲဟာသကားတွေရဲ့ နောက်ဆုံးအပိုင်းကို ရောက်ရှိလာပါပြီ။ဒီကားထဲမှာတော့ Oh My Ghost ပင်တိုင်သရုပ်ဆောင်ဖြစ်တဲ့ Pancake နဲ့ Taew, Pancake, Panda နဲ့ Kouy တို့တသိုက်สัปะหยด (SaPaYod) ဆိုတဲ့ ထူးဆန်းတဲ့ရွာကိုခရီးထွက်ကြရင်းနဲ့ ဘယ်လိုအလွဲတွေဖြစ်ကြမလဲဆိုတာ ထိုင်ခွီရမှာပါ။ SaPaYod ရွာကြီးဟာ ခြောက်ခြားဖွယ်ရာ ထူးဆန်းတဲ့ရွာကြီးတစ်ရွာဖြစ်ပြီးတော့ဒီရွာမှာ ဘာတွေဖြစ်ပျက်နေလဲ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေလဲဘာအခက်အခဲတွေရှိနေလဲဆိုတာ လူတွေက မသိကြပါဘူး…အဲ့လိုထူးဆန်းတဲ့ရွာကြီးနဲ့ ရိုးသားပွင့်လင်းတဲ့ ပန်ကိတ်တို့တသိုက် ထိပ်တိုက်တွေ့ကြပုံတွေကိုထိုင်းသရဲဟာသကားတွေ ပုံစံအတိုင်း ရိုက်ကူးထားပါတယ်။ ကံ ကံ၏အကျိုးနဲ့ တစ်ယောက်ကိုတစ်ယောက် အပြစ်မမြင်ကြဘဲသည်းခံခွင့်လွှတ်ခြင်းဖြင့် ငြိမ်းချမ်းရာ၏ဆိုတဲ့ ဘာသာတရားရဲ့အဆုံးအမတွေကိုပါ တင်ပြထားပြီးရိုးသားတဲ့ပန်ကိတ်တို့တသိုက် သူတိုကြုံတွေ့လာတဲ့အခက်အခဲတွေကိုဘယ်လို ဖြေရှင်းပြီး ဘယ်လိုရယ်ရမလဲဆိုတာ ရုပ်ရှင်ရုံမှာမကြည့်လိုက်ရသူတွေကြည့်ရှုလို့ရပါပြီနော်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Khint Htet Htet Zaw နဲ့ Lei Wutyi Tun မှ တင်ဆက်ထားပါတယ်။)...
Passion Project (2024) ⭐IMDB: 6.4/10 (16 Votes) 🎬 #Comedy 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 25 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb Rating – 6.2 ဒါရိုက်တာ Joanthan Trumble ရိုက်ကူးထားပြီး သူကိုယ်တိုင်ပဲ ပါ၀င်သရုပ်ဆောင်ထားတဲ့ ဟာသဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ငယ်ငယ်ထဲကခင်လာခဲ့ကြတဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက် ရုပ်ရှင်ပွဲတော်မှာ ၀င်ပြိုင်ဖို့အတွက် ရုပ်ရှင်အတူတူဖန်တီးကြတဲ့အခါ ရင်ဆိုင်ရတဲ့အခက်အခဲလေးတွေကို ဟာသနှောပြီး Documentary ဆန်ဆန်ရိုက်ကူးထားတဲ့အတွက် ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းတဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။...
Blood and Chocolate (2007) ⭐TMDB: 55% User Score 🎬 #Drama #Fantasy #Horror #Romance 🗓 2007 🎞 tv series 🌎 #Romania #Germany #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Blood and Chocolate (2007) သမန်းဝံပုလွေအမဖြစ်တဲ့ Vivian က သူတိုဝံပုလွေရိုးရာအရ မကြာခင်မှာ ဝံပုလွေခေါင်းဆောင်ရဲ့ ဇနီးအသစ်အဖြစ် အရွေးခံရမဲ့ ဆယ်ကျော်သက်ကောင်မလေးဖြစ်တယ်။ ဒါပေမဲ့ တစ်နေ့မှာ ဒဏ္ဍာရီဝတ္ထုတွေကိုရေးတဲ့ ခပ်ချောချော ပန်းချီဆရာ လူသားကောင်လေး Aiden နဲ့ ဘုရားကျောင်းမှာ ဆုံတွေ့ခဲ့တယ်။ ဝံပုလွေဒဏ္ဍာရီတွေကို စိတ်ဝင်စားတဲ့ Aiden က ဝံပုလွေတွေအကြောင်း ကျွမ်းကျွမ်းကျင်ကျင်သိနေတဲ့ Vivian ကို သာမန်လူလိုပဲထင်ပြီး ချစ်မိသွားချိန်မှာတော့ Vivian တစ်ယောက် အချစ်နဲ့ သူ့မိသားစုကိုကာကွယ်ဖိုကြား ဘယ်လိုအခက်အခဲတွေကြုံရမလဲ ၊ Aiden နဲ့ Vivian တိုရဲ့ မဖြစ်နိုင်တဲ့အချစ်ခရီးလမ်းကြောင်းက ဘယ်လိုအန္တရာယ်တွေရင်ဆိုင်ရမလဲဆိုတာကိုစိတ်ဝင်စားစွာကြည့်ရှုရမဲ့ လူသားနဲ့ ဝံပုလွေကောင်မလေးတိုရဲ့ Romance ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
War of the Arrows (2011) ⭐IMDB: 7.1/10 (13 k Votes) 🎬 #Action #Drama #Historical #War #History #Adventure 🗓 2011 🎞 movie 🌎 #SouthKorea #UnitedStatesofAmerica ⏰ 2 နာရီ 3 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 War of the Arrows (2011)*************************စစ်ပွဲတွေနဲ့ အတိုက်အခိုက်တွေ ကြည့်ရတာကြိုက်တဲ့ ပရိသတ်ကြီးအတွက်ဒီတစ်ခါမှာတော့ ဂျိုဆွန်းခေတ်က ထူးချွန်တဲ့လေးသမားအကြောင်းကိုရိုက်ကူးထားတဲ့ နန်းတွင်း အက်ရှင်ကားလေးဖြစ်တဲ့War Of the Arrows ကို CM မှ တင်ဆက်ပေးထားပါတယ်နော် .. Cast တွေအနေနဲ့ကတော့ The Last Princess ထဲက မင်းသား Park Hae Il နဲ့Flower of Evil ထဲက မင်းသမီး Moon Chae Won တို့အပြင်Queen Woo ထဲက မင်းသား Kim Mu Yeol ,Moving ထဲက မင်းသားကြီး Ryu Seung Ryong စတဲ့နာမည်ကြီး မင်းသားမင်းသမီးတွေ အများကြီးပါဝင်ထားပြီးIMDb 7.1 ရရှိထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ် .. ဇာတ်လမ်းအကျဉ်း***************အဖေဖြစ်သူက နိုင်ငံတော်သစ္စာဖောက်အဖြစ် သတ်မှတ်ခံလိုက်ရပြီး အသတ်ခံလိုက်ရတဲ့အချိန်မှာထွက်ပြေးလာနိုင်ခဲ့တဲ့ နမ်ရီ (Park Hae Il) နဲ့ဂျာအင် (Moon Chae Won) တို့ မောင်နှမနှစ်ယောက်ဟာအဖေဖြစ်သူရဲ့ မိတ်ဆွေအိမ်မှာ ဇာတ်မြှုပ်ပြီးနေနေခဲ့ရပါတယ် .. အရွယ်ရောက်လာကြပြီး ဂျာအင်ဟာ အဲဒီအိမ်တော်ရဲ့ သခင်လေးဖြစ်သူ(Kim Mu Yeol) နဲ့ ထိမ်းမြားလက်ထပ်လိုက်တယ် .. ထိမ်းမြားလက်ထပ်ပွဲ ကျင်းပနေတဲ့နေ့မှာပဲ မန်ချူးလူမျိုးတွေ ကျူးကျော်လာပြီးတစ်ရွာလုံးကို အကျဉ်းသားအဖြစ် ခေါ်ဆောင်သွားခဲ့တယ် .. အကျဉ်သားအဖြစ် အခေါ်ဆောင်သွားခံရတဲ့ သူတို့တွေ ရှင်သန်ဖို့ ဘယ်လိုကြိုးစားကြမှာလဲ… မန်ချူးလူမျိုးတွေကိုရော ဘယ်လိုပြန်လည်တိုက်ထုတ်သွားကြမှာလဲ…ဆိုတာကို တစ်ကားလုံး အတိုက်အခိုက် action scenes အပြည့်နဲ့ မျက်လုံးမမှိတ်တမ်း စိတ်ဝင်တစား ကြည့်ရှုရမှာပဲဖြစ်ပါတယ် .. (အညွှန်းကို Vanessa မှ ရေးသားပေးထားပါတယ်)...
