CB Bank Myanmar
Відкрити в Telegram
7 161
Підписники
-324 години
-187 днів
-6530 день
Архів дописів
7 161
📣 ထီကံစမ်းတော့ မလို့လား။
ဂဏန်း (၅) လုံးပါ အွန်လိုင်းထီလက်မှတ်ကို Aung Bar Lay Application မှာ CB Pay နဲ့ ငွေပေးချေပြီး ထီကံစမ်းနိုင်ပါတယ်။
CB Pay နဲ့ ထီကံစမ်းဖို့
🔹 အောင်ဘာလေ App ထဲကိုဝင်၊
🔹 နှစ်သက်ရာ ထီလက်မှတ်ကို ရွေး၊
🔹 "ငွေပေးချေမှုနည်းလမ်း ရွေးချယ်ပါ" ထဲက CB Pay ကို ရွေး၊ လိုအပ်တဲ့ အချက်အလက်ဖြည့်စွက်ပြီး ငွေပေးချေနိုင်ပါပြီ။
အောင်ဘာလေရဲ့ (၃) နှစ်ပြည့်နှစ်ပတ်လည်မှာ CB Pay နဲ့ ထီကံစမ်းပြီး ထီဆုကြီး ကံထူးနိုင်ကြပါစေ။
📥 CB Pay App ကို ဒေါင်းလုတ်ရယူရန် - https://onelink.to/cbpay
📥 Aung Bar Lay App ကို ဒေါင်းလုတ်ရယူရန် - https://aungbarlayeu.page.link/euapp
7 161
📸 Are you photogenic?
မိုးဦးရာသီမှာ ရန်ကုန်မြို့ရဲ့ အလှအပကို အပေါ်စီးကနေ ခံစားမယ်၊ လတ်ဆတ်တဲ့ မိုးလေအေးနဲ့အတူ စိတ်အေးလက်အေး Relax လုပ်မယ်၊ သူငယ်ချင်းတွေနဲ့ Chill မယ်၊ ချစ်ရသူနဲ့ အမှတ်တရကောင်းလေး ဖန်တီးမယ်ဆိုတဲ့သူတွေအတွက် အခိုက်အတန့်လေးတွေ ပိုမိုသက်ဝင်လှပဖို့ CB Bank နဲ့ Yangon Yangon Rooftop Bar တို့ ပူးပေါင်းပြုလုပ်တဲ့ "Capture the Moment with CB" Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
ဒီ Campaign မှာ ပါဝင်လိုသူတွေအနေနဲ့
🌟 Yangon Yangon Rooftop Bar ရောက်တဲ့အခါ CB Bank Signage ပါအောင် ဓာတ်ပုံရိုက်၊
🌟 ရိုက်ထားတဲ့ ပုံကို #capturethemomentwithCB #CBBank #yangonyangonrooftopbar ဆိုတဲ့ Hashtag (၃) ခုနဲ့အတူ Facebook မှာ Public နဲ့ ပိုစ့်တင်
🌟 Yangon Yangon Rooftop Bar က တာဝန်ရှိသူတွေက မှတ်တမ်းရယူပြီးတဲ့အခါ Drink ဒါမှမဟုတ် ဟင်းပွဲတစ်မျိုး လက်ဆောင်ရယူနိုင်မှာ ဖြစ်ပါတယ်။
လက်ဆောင်ရွေးချယ်ရာမှာလဲ Drink နဲ့ ဟင်းပွဲနှစ်မျိုးထဲက တစ်မျိုးရွေးချယ်ရမှာဖြစ်လို့ အစားအသောက်ချစ်သူလေးတွေက မာလာအာလူးချောင်းကြော်နဲ့ မာလာကြက်အရေခွံကြော် ကြိုက်နှစ်သက်ရာတစ်ပွဲ၊ ဒါမှမဟုတ် Drink ကိုပဲ ရွေးချယ်ချင်ရင်တော့ Sky Blue, Yangon Lady, Mojito နှစ်သက်ရာတစ်ခွက် ရယူနိုင်ပါတယ်။
🗓 ပရိုမိုးရှင်းကာလက ၂၀၂၆ ခုနှစ်၊ ဇွန်လ၊ ၈ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ။
🔵 Capture the Moment with CB အကြောင်း အသေးစိတ်ဖတ်ရှုရန် - [ https://bit.ly/4uqVlZl ]
☎️ သိလိုတာမှန်သမျှအတွက် CB Bank Contact Center (09 2 5555 7777)
7 161
စိတ်ရောကိုယ်ပါ အနားယူဖို့ Me Time လိုအပ်နေပြီလား။
မနက်ဖြန် စူပါဆန်းဒေး မိုးအေးအေးမှာ တစ်ပတ်တာလုံး တောင့်တင်းပြီး အညောင်းမိနေတဲ့ ခန္ဓာကိုယ်လေးကို နွေးနွေးထွေးထွေး အနားပေးချင်သူတွေအတွက် CB VISA ကတ်နဲ့ ငွေပေးချေတိုင်း အထူးလျှော့ဈေးခံစားခွင့် ရယူနိုင်မဲ့ VITAL Wellness Center ရှိနေပါတယ်။
VITAL Wellness Center မှာ ငွေကျပ် (၅၀,၀၀၀) နဲ့ အထက် အသုံးပြုပြီး ကြိုက်နှစ်သက်ရာ CB VISA ကတ်နဲ့ ပေးချေတိုင်း 15% Discount ရရှိနိုင်မှာ ဖြစ်ပါတယ်။ ပရိုမိုးရှင်းကာလက ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ၊ ၃၁ ရက်နေ့အထိဖြစ်လို့ စိတ်ရောကိုယ်ပါ အနားယူပြီး Me Time ဖန်တီးချင်တဲ့ အခါတိုင်း CB VISA ကတ်နဲ့အတူ VITAL Wellness Center ကို သွားဖို့မမေ့နဲ့နော်။
☎️ အသေးစိတ် ပိုမိုသိရှိလိုပါက CB Bank Contact Center (09 2 5555 7777)
7 161
🌍 Happy World Environment Day!
ဒီနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ၊ ၅ ရက်နေ့) က ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ (World Environment Day) ဖြစ်ပါတယ်။ ဒီအခမ်းအနားကို (၁၉၇၃) ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ပြီး နောင်နှစ်ပေါင်းများစွာတိုင်အောင် ကမ္ဘာမြေ စိမ်းလန်းစိုပြည်သာယာစေဖို့ ကမ္ဘာ့နိုင်ငံအသီးသီးက တက်တက်ကြွကြွ ပါဝင်ခဲ့ကြပါတယ်။ (၂၀၂၆) ခုနှစ်အတွက် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ကတော့ "ရာသီဥတု မျှတရေး နည်းလမ်းပေါင်းစုံ ဆောင်ရွက်ပေး" ဖြစ်ပါတယ်။
ဒါကြောင့် CB Bank အနေနဲ့လဲ ESG-Environment, Social, Governance (Guideline) နဲ့ စပ်လျဉ်းပြီး UN Global Compact အသိအမှတ်ပြု ESBN Asia-Pacific Green Deal Green Badge ကို ဆွတ်ခူးရရှိထားတာနဲ့အညီ ရေရှည်တည်တံ့ခိုင်မြဲတဲ့ Green-Conscious Banking အနာဂတ်ကို ဖန်တီးပုံဖော်ရင်း စိမ်းလန်းတဲ့ ကမ္ဘာမြေ၊ လှပတဲ့ သဘာဝပတ်ဝန်းကျင်၊ မျှတတဲ့ ရာသီဥတုအတွက် တစ်ဖက်တစ်လမ်းက ပါဝင်လျက်ရှိပါတယ်။
ကျန်းမာပါစေ ချစ်သော ကမ္ဘာမြေ။
7 161
🏆 ဘောလုံးချစ်သူတိုင်း ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြတဲ့ (၂၀၂၆) ကမ္ဘာ့ဖလားပွဲကြီး နီးလာပြီနော်။
ကမ္ဘာ့ဖလားအတွက် Limited Edition အနေနဲ့ ထွက်ရှိထားတဲ့ CB VISA FIFA Prepaid Card တွေကို နီးစပ်ရာ CB Bank ဘဏ်ခွဲတိုင်းမှာ လာရောက် လျှောက်ထားနိုင်တာကိုရော သိပြီးပါပြီလား။
CB VISA FIFA Prepaid Card ကိုင်ဆောင်ထားရုံနဲ့
🌟 နိုင်ငံခြားခရီးစဉ်အတွက် ငွေပေးချေမှု ပြုလုပ်နိုင်ခြင်း၊
🌟 နိုင်ငံအနှံ့အပြားရှိ စားသောက်ဆိုင်၊ ဟိုတယ်၊ Shopping Center၊ ဆေးရုံစတဲ့နေရာတွေမှာ လွယ်ကူလျင်မြန်စွာ ငွေပေးချေနိုင်ခြင်း၊
🌟 ကမ္ဘာတစ်ဝန်း VISA အမှတ်တံဆိပ်လက်ခံတဲ့ ATM စက်တိုင်းမှာ ငွေသားထုတ်ယူနိုင်ခြင်း၊
🌟 VISA ပေးချေမှု လက်ခံတဲ့ E-commerce Website တိုင်းမှာ ငွေပေးချေနိုင်ခြင်း အစရှိတဲ့ အားသာချက်များစွာ ရရှိနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် ဘောလုံးဝါသနာရှင်တွေ၊ CB VISA FIFA ကတ် လျှောက်ထားလိုသူတွေအနေနဲ့ (၂၀၂၆) ကမ္ဘာ့ဖလားအတွက် Limited Edition အဖြစ် ထွက်ရှိထားတဲ့ CB VISA FIFA Prepaid Card တွေကို သတ်မှတ်အရေအတွက် မကုန်ခင် နီးစပ်ရာဘဏ်ခွဲမှာ အမြန်ဆုံး လျှောက်ထားရယူဖို့ မမေ့နဲ့နော်။
CB Bank ကနေ စီစဉ်ပေးထားတဲ့ နောက်ထပ် ရင်ခုန်စိတ်လှုပ်ရှားစရာ Campaign တွေလဲ ရှိနေသေးလို့ CB Bank Official Facebook စာမျက်နှာမှာ ဆက်လက်စောင့်ကြည့်နိုင်ပါတယ်။
☎️ သိလိုတာမှန်သမျှအတွက် CB Bank Contact Center ( 09 2 5555 7777 )
7 161
အသုံးစရိတ် လျှော့ချလိုက်ရုံနဲ့ ငွေကို စနစ်တကျ စီမံခန့်ခွဲနိုင်ပြီလား။
ငွေစုမယ်လို့ ဆိုလိုက်တာနဲ့ ပထမဆုံးတွေးမိကြတဲ့အချက်က ချွေတာပြီး စုဆောင်းဖို့ပါ။ ဒါဟာ မှန်ကန်တဲ့ ယူဆချက်တစ်ခုဖြစ်ပေမဲ့ စုဆောင်းငွေ ပိုထွက်လာဖို့ ချွေတာခြင်းက ငွေကြေးစီမံခန့်ခွဲမှုရဲ့ အခြေခံအုတ်မြစ်ပဲ ရှိပါသေးတယ်။ ဝင်ငွေ၊ ထွက်ငွေ၊ စုဆောင်းငွေ မျှတနေရုံနဲ့ အနာဂတ်မှာ ငွေကြေးလွတ်လပ်မှု (Financial Freedom) ရရှိဖို့ မလွယ်ကူပါဘူး။
ဒီနေ့မှာတော့ ငွေကို စီမံခန့်ခွဲရာမှာ မဖြစ်မနေ သိထားသင့်တဲ့ 3M Formula အကြောင်း မျှဝေပေးချင်ပါတယ်။
🌟 ဝင်ငွေလမ်းကြောင်းများ ဖန်တီးခြင်း (Making Money)
လစဉ် အသုံးစရိတ်၊ ကုန်ကျစရိတ်တွေကို ကာမိစေမဲ့ ပုံမှန်ဝင်ငွေလမ်းကြောင်း မဖြစ်မနေ ရှိရပါမယ်။ ဒါကြောင့် လုပ်ခလစာ ပိုမိုရရှိဖို့ လိုအပ်တဲ့ Skillset တွေ မြှင့်တင်တာ၊ ဝင်ငွေလမ်းကြောင်းတစ်ခုတည်းအပေါ်မှာ မမှီခိုဘဲ မှန်ကန်တဲ့နည်းလမ်းနဲ့ အပိုဝင်ငွေ ရှာဖွေတာတွေ ပြုလုပ်သင့်ပါတယ်။
🌟 ငွေကြေး စီမံခန့်ခွဲခြင်း (Managing Money)
အားလုံး သိထားကြတဲ့အတိုင်း ဝင်ငွေ၊ ထွက်ငွေ၊ စုဆောင်းငွေကို စာရင်းအင်းနဲ့ စနစ်တကျ စီမံတာ၊ လိုအပ်ချက်နဲ့ လိုချင်စိတ် (Needs & Wants) ကို ခွဲခြားပြီး ဆင်ခြင်တာ၊ အရေးတကြီးလိုအပ်လာတဲ့အခါ အသုံးပြုဖို့ အရေးပေါ် အသုံးစရိတ် (Emergency Fund) ထားရှိတာ စသဖြင့် ငွေကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာပြီး ကိုင်တွယ်သုံးစွဲသင့်ပါတယ်။
🌟 ဝင်ငွေတိုးပွားအောင် လုပ်ဆောင်ခြင်း (Multiplying Money)
ဒါကတော့ Financial Freedom ရဲ့ အဓိကသော့ချက်ဖြစ်ပါတယ်။ ဝင်ငွေတွေကို တိုးပွားလာအောင် လုပ်ဆောင်ဖို့ မှန်ကန်တဲ့ ဘယ်လိုနည်းလမ်းတွေက အသင့်တော်ဆုံး ဖြစ်မလဲဆိုတာ ဆုံးဖြတ်နိုင်ဖို့ လိုအပ်ပါတယ်။ ကိုယ်တိုင် ကျွမ်းကျင်ပြီး ယုံကြည်စိတ်ချရတဲ့ နယ်ပယ်မှာ ရင်းနှီးမြှုပ်နှံတာ၊ အကောင်းမွန်ဆုံး အတိုးနှုန်းကို စိတ်ချလက်ချ ရယူနိုင်ဖို့ ဘဏ်မှာအပ်နှံတာ စတဲ့ နည်းလမ်းတွေကို ရွေးချယ်နိုင်ပါတယ်။
CB Bank မှာဆိုရင် (၇) ရက် စုဆောင်းရုံနဲ့ အတိုးနှုန်း 10.50% p.a. ရယူနိုင်မဲ့ 7 Days Fixed Deposit၊ (၁၅) ရက်တိတိ စုဆောင်းရုံနဲ့ အတိုးနှုန်း 10.75% p.a. ရယူနိုင်မဲ့ 15 Days Fixed Deposit အပါအဝင် အခြားအပ်ငွေစာရင်း အမျိုးအစားတွေလဲ ရှိတဲ့အတွက် စုဆောင်းငွေ တိုးပွားလိုသူများအနေနဲ့ နီးစပ်ရာ CB Bank ဘဏ်ခွဲတိုင်းမှာ လာရောက်အပ်နှံနိုင်ပါတယ်။
CB Bank ရဲ့ ဘဏ်ဝန်ဆောင်မှုများနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါကလဲ နီးစပ်ရာ CB Bank ဘဏ်ခွဲများ သို့မဟုတ် CB Bank Contact Center (09 2 5555 7777) ကို အချိန်မရွေး ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
🔵 ဘဏ်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ဝန်ဆောင်မှုများအတွက် CB Bank က အမြဲတမ်း အသင့် ရှိနေပါတယ်။
7 161
ကျောင်းဖွင့်ရာသီ ရောက်ပြီနော်။
သားသားမီးမီးတွေအတွက် စာရေးကိရိယာနဲ့ လိုအပ်တာတွေ ဝယ်ပေးဖို့ ပြင်ဆင်နေကြပြီလား။ ဒါဆိုရင်တော့ ဈေးဝယ်မဲ့သူတိုင်း လက်မလွှတ်သင့်တဲ့ ပရိုမိုးရှင်းအစီအစဉ်တစ်ခုအကြောင်း သတင်းကောင်းပါးချင်ပါတယ်။
ခဝဲခြံနဲ့ စက်ဆန်းက Makro Myanmar မှာ ဈေးဝယ်တဲ့အခါ ကြိုက်နှစ်သက်ရာ CB ဘဏ်ကတ် ဒါမှမဟုတ် CB Pay App နဲ့ ငွေပေးချေပြီး လက်ဆောင်ပစ္စည်းတွေ ပြန်လည်ရယူနိုင်မဲ့ "Back To School" ပရိုမိုးရှင်းအစီအစဉ်ရှိနေပါပြီ။
ပရိုမိုးရှင်းကာလက ၂၀၂၆ ခုနှစ်၊ ဇွန်လ၊ ၁ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ဖြစ်ပြီး
🌟 ငွေကျပ် (၅၀,၀၀၀) နဲ့အထက် ငွေပေးချေတိုင်း Stationary Item တစ်ခု၊
🌟 ငွေကျပ် (၁၅၀,၀၀၀) နဲ့အထက် ငွေပေးချေတိုင်း Lunchbox တစ်ခု၊
🌟 ငွေကျပ် (၂၅၀,၀၀၀) နဲ့အထက် ငွေပေးချေတိုင်း Lunchbox တစ်ခု မေတ္တာလက်ဆောင် ရရှိနိုင်မှာ ဖြစ်ပါတယ်။
များများဝယ်ယူလေ လက်ဆောင်တွေ ပိုမိုရရှိနိုင်လေဖြစ်လို့ Makro မှာ ဈေးဝယ်တိုင်း CB ဘဏ်ကတ် ဒါမှမဟုတ် CB Pay App နဲ့ ငွေပေးချေဖို့ မမေ့နဲ့နော်။
အသေးစိတ် ပိုမိုသိရှိလိုပါက CB Bank Contact Center (09 2 5555 7777) ကို အချိန်မရွေး ဆက်သွယ် မေးမြန်းနိုင်ပါတယ်။
7 161
📣 အလှကြိုက်တဲ့ ပျိုမေလေးတွေ လှသည်ထက် ပိုလှပဖို့ CB VISA ကတ်ပရိုမိုးရှင်း 📣
Gangnam Medical Aesthetic & Plastic မှာ ကြိုက်နှစ်သက်ရာ CB VISA ကတ်နဲ့ ငွေပေးချေတိုင်း လျှော့ဈေးငွေကျပ် (၁၀၀,၀၀၀) အပါအဝင် Laser Treatment တစ်ကြိမ်ကိုပါ လက်ဆောင်ရရှိအုံးမှာ ဖြစ်ပါတယ်။
🗓 ပရိုမိုးရှင်းကာလက ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ၊ ၁၄ ရက်နေ့အထိ။
☎️ အသေးစိတ် ပိုမိုသိရှိလိုပါက CB Bank Contact Center (09 2 5555 7777)
7 161
၂၀၂၆ ခုနှစ်၊ ဇွန်လ၊ ၁ ရက်။
အလုပ်လုပ်ကိုင်ဖို့၊ ဆေးကုသဖို့၊ ပညာသင်ကြားဖို့စသဖြင့် အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံရပ်ခြားကို သွားရောက်မဲ့သူများအတွက် CB Bank နိုင်ငံခြားငွေလဲကောင်တာတွေမှာ အသေးသုံးနိုင်ငံခြားငွေများကို သတ်မှတ်ပမာဏအတိုင်း ရောင်းချပေးလျက်ရှိပါတယ်။
🔵 Exchange Rate နှုန်းထားများနဲ့ CB Bank နိုင်ငံခြားငွေလဲကောင်တာများကို ကြည့်ရှုရန် - (https://bit.ly/4uNMRwu)
☎️ CB Bank နဲ့ ပတ်သက်ပြီး သိလိုတာ မှန်သမျှအတွက် CB Bank Contact Center ( 09 2 5555 7777 )
7 161
Yangon Convention Center (YCC) မှာ ကျင်းပပြုလုပ်လျက်ရှိတဲ့ အကြိမ် (၂၀) မြောက် Property & Car Expo ပွဲမှာ CB Bank အနေနဲ့ Platinum Sponsor အဖြစ်ပါဝင်လျက်ရှိပါတယ်။
ဒီပွဲမှာ CB Bank Home Loan, Car Loan နဲ့ Education Loan များကို အချိန်နဲ့တစ်ပြေးညီ လျှောက်ထားနိုင်မှာ ဖြစ်ပြီး သိလိုတာမှန်သမျှကိုလဲ တာဝန်ရှိသူများနဲ့ တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။
အထူးအစီအစဉ်အနေနဲ့ ပြပွဲကို ကြွရောက်လာတဲ့ CB Bank ရဲ့ မိတ်ဟောင်းမိတ်သစ် Customer များ အပါအဝင် ၂၀၂၆ ခုနှစ် မေလ၊ ၂၉ ရက်ကနေ ဇွန်လ၊ ၇ ရက်နေ့အထိ လျှောက်ထားသူတိုင်း
🌟 50 % Down Payment ပေးသွင်းရုံနဲ့
🌟 အချက်အလက်ပြည့်စုံပါက (၁၄) ရက်အတွင်းချေးငွေရယူနိုင်မှာ ဖြစ်သလို
🌟 Product တိုင်းအတွက် အတိုးနှုန်း 13% p.a. သာ ပေးသွင်းရမှာ ဖြစ်ပါတယ်။ CB Bank Home Loan, Car Loan များအတွက် ဝန်ဆောင်ခ (Service Charges) ကို 1% ထပ်မံလျှော့ပေးမဲ့အပြင် Education Loan အတွက်ကိုတော့ ဝန်ဆောင်ခ အခမဲ့နဲ့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် CB Bank ရဲ့ အထူးပရိုမိုးရှင်း ခံစားခွင့်တွေနဲ့အတူ မိသားစုပိုင်အိမ်ကလေးတစ်လုံး၊ ကားကလေးတစ်စီး ဒါမှမဟုတ် အနာဂတ်အတွက် ပညာရေးမှတ်တိုင်တစ်ခု စိုက်ထူနိုင်ဖို့ အခုပဲ YCC ခန်းမက CB Bank Booth ကို ကြွရောက်လာဖို့ ဖိတ်ခေါ်လိုက်ပါရစေ။
Property & Car Expo ပြပွဲအစီအစဉ်
🗓️ နေ့ရက် - ၂၀၂၆ ခုနှစ်၊ မေလ၊ ၂၉ ရက်မှ ၃၁ ရက်နေ့အထိ။
🕘 အချိန် - နံနက် (၉:၀၀) မှ ညနေ (၅:၀၀) အထိ။
📍 နေရာ - Yangon Convention Center (YCC)
(ကမ္ဘာအေးဘုရားလမ်းမ၊ အင်းလျားလိတ်ဟိုတယ်ဝင်းအတွင်း)
7 161
တဖွဲဖွဲကျနေတဲ့ မိုးရေစက်များနဲ့အတူ ကလေးတွေအတွက် ကျောင်းသင်ခန်းစာများကို လေ့လာသင်ယူရမဲ့ စာသင်နှစ် နောက်တစ်နှစ် ထပ်မံရောက်ရှိလာပါပြီ။
ဒီစာသစ်နှစ်အတွက်လဲ သားသားမီးမီးတို့ရဲ့ ကျောင်းလခများကို ပေးသွင်းဖို့ CB Pay ရဲ့ Education Payment ကနေတစ်ဆင့် လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ပါတယ်။
CB Pay က NIEC, ILBC, Brain Works, Kumon Learning Centre, The British School Yangon, Eduvision Services Co,Ltd အပါအဝင် ပြည်တွင်းမှာရှိတဲ့ International School များ၊ Private School များနဲ့ တရားဝင်ချိတ်ဆက်ထားတာကြောင့် ဖေဖေမေမေတို့ ကျောင်းလခပေးသွင်းရာမှာ ငွေသားကိုင်ဆောင်စရာမလိုဘဲ ပိုမိုလုံခြုံတိကျပြီး အချိန်ကုန်သက်သာစေမှာ ဖြစ်ပါတယ်။
CB Pay နဲ့ ကျောင်းလခပေးသွင်းနည်းအဆင့်ဆင့်ကို ဒီဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။
📥 CB Pay App ကို ဒေါင်းလုတ်ရယူရန် သို့မဟုတ် အဆင့်မြှင့်တင်ရန် - https://onelink.to/cbpay
☎️ သိလိုတာမှန်သမျှအတွက် CB Bank Contact Center (09 2 5555 7777)
7 161
အီဒုလ်အဿွာဟာ (ကုရ်ဘာနီအီးဒ်) နေ့ မှာ အစ္စလာမ်ဘာသာဝင် မိတ်ဆွေများအားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း CB Bank က ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
7 161
ရုံးပဲ သွားသွား၊ ကျောင်းပဲ သွားသွား၊ နေ့စဉ် သွားရေးလာရေး လွယ်ကူအဆင်ပြေစေဖို့အတွက် ကားကလေးတစ်စီး လက်ဝယ်ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားနေပြီလား။
ချေးငွေသက်တမ်း အနည်းဆုံး (၁) နှစ်ကနေ အများဆုံး (၅) နှစ်အတွင်း အရစ်ကျပေးသွင်းရုံနဲ့ ကိုယ်ပိုင်ကားတစ်စီး ဝယ်ယူနိုင်မဲ့ CB Bank Car Loan အစီအစဉ် ရှိနေပါတယ်။ လစဉ်ပုံမှန် ဝင်ငွေရှိသူတိုင်း ဝယ်ယူနိုင်မှာဖြစ်လို့ နီးစပ်ရာ CB Bank ဘဏ်ခွဲတိုင်းမှာ လာရောက်လျှောက်ထားနိုင်ပါတယ်။
CB Bank Car Loan အကြောင်း အသေးစိတ်သိရှိလိုပါက ( https://bit.ly/4uw6lFp ) မှာ ဝင်ရောက်ဖတ်ရှုနိုင်သလို CB Bank Contact Center ( 09 2 5555 7777 ) ကိုလဲ အချိန်မရွေး ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
7 161
၂၀၂၆ ခုနှစ်၊ မေလ၊ ၂၅ ရက်။
အလုပ်လုပ်ကိုင်ဖို့၊ ဆေးကုသဖို့၊ ပညာသင်ကြားဖို့စသဖြင့် အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံရပ်ခြားကို သွားရောက်မဲ့သူများအတွက် CB Bank နိုင်ငံခြားငွေလဲကောင်တာတွေမှာ အသေးသုံးနိုင်ငံခြားငွေများကို သတ်မှတ်ပမာဏအတိုင်း ရောင်းချပေးလျက်ရှိပါတယ်။
🔵 Exchange Rate နှုန်းထားများနဲ့ CB Bank နိုင်ငံခြားငွေလဲကောင်တာများကို ကြည့်ရှုရန် - (https://bit.ly/4uNMRwu)
☎️ CB Bank နဲ့ ပတ်သက်ပြီး သိလိုတာ မှန်သမျှအတွက် CB Bank Contact Center ( 09 2 5555 7777 )
Вже доступно! Дослідження Telegram за 2025 — головні інсайти року 
