CB Bank Myanmar
Открыть в Telegram
6 949
Подписчики
-124 часа
-227 дней
-8630 день
Архив постов
6 949
📣 CB Pay သုံးနေပြီလား။
CB Pay App ထဲကနေ Grab Driver/ Biker Top-up Code များ အလွယ်တကူ ဝယ်ယူနိုင်ပါပြီ။
🌟 CB Pay App ကို ဝင်၊
🌟 Pay Bill > Bill Type > Grab Driver/ Biker Top-up Code ကို နှိပ်၊
🌟 Biller > Grab Driver/ Biker Top-up Code > Phone Number ကို ရိုက်ထည့်ပြီး Package ရွေးချယ်လိုက်ရုံနဲ့ ဝယ်ယူနိုင်ပါတယ်။
🔵 ငွေပေးချေစဉ်က ဖြည့်စွက်ထားတဲဲ့ ဖုန်းနံပါတ်ကို Pin Code ပေးပို့မှာ ဖြစ်ပါတယ်။
📥 CB Pay App ကို ဒေါင်းလုတ်ရယူရန် - https://onelink.to/cbpay
☎️ သိလိုတာမှန်သမျှအတွက် CB Bank Contact Center (09 2 5555 7777)
6 949
အိမ်ဆိုတာ နွေးထွေးမှု၊ လုံခြုံမှုတို့နဲ့အတူ မိသားစုရဲ့ မေတ္တာတွေ လွှမ်းခြုံထားတဲ့ အသိုက်အဝန်းလေးပါ။
ဒီလိုမျိုး ဘဝတစ်သက်တာလုံး လုံခြုံနွေးထွေးစေမဲ့ အိမ်ကလေးတစ်လုံးကို လစဉ်ပုံမှန်ဝင်ငွေတစ်ခု ရှိရုံနဲ့ ပိုင်ဆိုင်နိုင်ဖို့ CB Bank Home Loan က ကူညီပေးနိုင်ပါတယ်။ CB Bank Home Loan နဲ့ဆိုရင် ဝယ်ယူလိုတဲ့ အိမ်တန်ဖိုးရဲ့ 30% ကိုသာ ကနဦးပေးသွင်းငွေအဖြစ် ပေးချေရမှာဖြစ်ပြီး ကျန်ရှိတဲ့ချေးငွေပမာဏကို အတိုးနှုန်း 13% p.a. နဲ့ အရစ်ကျ ပြန်လည်ပေးသွင်းနိုင်တာကြောင့် စိတ်ကူးထဲက အိမ်ကလေးကို လက်ဝယ်ပိုင်ဆိုင်ချင်သူတွေအတွက် လုံးဝလက်မလွှတ်သင့်တဲ့ အခွင့်အရေးပဲ ဖြစ်ပါတယ်။
CB Bank Home Loan ရဲ့ အားသာချက်တွေကတော့
🌟 လစဉ်ပုံမှန်ဝင်ငွေရှိရုံနဲ့ လျှောက်ထားနိုင်ခြင်း၊
🌟 ကနဦးပေးသွင်းငွေ (30%) သာ ပေးချေနိုင်ခြင်း၊
🌟 ချေးငွေသက်တမ်း အများဆုံး (၁၅) နှစ်အထိ ရယူနိုင်ခြင်း၊
🌟 သက်သောင့်သက်သာဖြစ်စေမဲ့ Plan ကို ရွေးချယ်ပြီး လစဉ်အရစ်ကျစနစ်နဲ့ ပြန်လည်ပေးသွင်းနိုင်ခြင်းစတာတွေပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ဝယ်ယူလိုတဲ့ ကွန်ဒို၊ တိုက်ခန်း၊ လုံးချင်းအိမ်ရဲ့ ခန့်မှန်းခြေတန်ဖိုးကို သိရှိထားရုံနဲ့ ကနဦးပေးသွင်းရမဲ့ ငွေပမာဏ၊ ပြန်ဆပ်ရမဲ့ စုစုပေါင်း ငွေပမာဏ၊ လစဉ်ပြန်လည်ပေးသွင်းရမဲ့ ငွေပမာဏနဲ့ ချေးငွေအတိုးနှုန်းတို့ကို CB Bank ရဲ့ Home Loan Monthly Repayment Calculator ကနေတစ်ဆင့် အနီးစပ်ဆုံး ကြိုတင်တွက်ချက်နိုင်ပါတယ်။
CB Bank Home Loan (အိမ်ရာချေးငွေ) အကြောင်း အသေးစိတ်ဖတ်ရှုရန် - https://bit.ly/4tNo6Pu
ပိုမိုသိရှိလိုပါက CB Bank Contact Center ( 09 2 5555 7777 ) ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
6 949
မလေးရှားခရီးသွားတော့မယ်ဆို CB Pay App ထဲက Flymya မှာ ဘိုကင်တင်ပြီး ပြန်အမ်းငွေကျပ် (၁၅) သိန်းအထိ ရယူနိုင်မဲ့ Promotion အစီအစဉ်ရှိနေပါတယ်။
ရန်ကုန်-ကွာလာလမ်ပူ၊ ရန်ကုန်-ပီနန်၊ ရန်ကုန်-လန်ကာဝီခရီးစဉ်တွေအတွက် Flymya မှာ
🔹 လေယာဉ်လက်မှတ် ဒါမှမဟုတ် ဟိုတယ်ဘိုကင် ရယူတိုင်း ငွေကျပ် (၁) သောင်း လျှော့စျေး (လေယာဉ်လက်မှတ်အတွက် Promo Code - TMFLY10 ၊
ဟိုတယ်ဘိုကင်အတွက် TMHOTEL10)၊
🔹 Visa သို့မဟုတ် Insurance ထပ်မံဝယ်တာနဲ့ ထပ်ဆင့် ငွေကျပ် (၁) သောင်း လျှော့စျေး (Visa အတွက် TMVISA10 ၊ Insurance အတွက် TMINS10)
🔹 Flymya Bonus Loyalty Point (၂၀၀) အပြင်
🔹 ငွေကျပ် (၁၅) သိန်းအထိ ပြန်လည်ရရှိမဲ့ Lucky Draw Cashback အစီအစဉ်မှာ ပါဝင်ကံစမ်းနိုင်မှာဖြစ်ပါတယ်။
ပရိုမိုးရှင်းကာလက ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ၊ ၃၀ ရက်နေ့အထိဆိုတော့ မလေးရှားခရီးစဉ်တွေအတွက် CB Pay App နဲ့ ဘိုကင်တင်ဖို့ မမေ့နဲ့နော်။
🌟 ပရိုမိုးရှင်းခံစားခွင့်များ ရယူနိုင်ဖို့ သက်ဆိုင်ရာ Promo Code များ ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။
☎️ သိလိုတာမှန်သမျှအတွက် CB Bank Contact Center - 09 2 5555 7777
6 949
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ၊ ၂၄ ရက်။
အလုပ်လုပ်ကိုင်ဖို့၊ ဆေးကုသဖို့၊ ပညာသင်ကြားဖို့စသဖြင့် အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံရပ်ခြားကို သွားရောက်မဲ့သူများအတွက် CB Bank နိုင်ငံခြားငွေလဲကောင်တာတွေမှာ အသေးသုံးနိုင်ငံခြားငွေများကို သတ်မှတ်ပမာဏအတိုင်း ရောင်းချပေးလျက်ရှိပါတယ်။
🔵 Exchange Rate နှုန်းထားများနဲ့ CB Bank နိုင်ငံခြားငွေလဲကောင်တာများကို ကြည့်ရှုရန် - (https://bit.ly/4uNMRwu)
☎️ သိလိုတာ မှန်သမျှအတွက် CB Bank Contact Center ( 09 2 5555 7777 )
6 949
CB Rewards ပွိုင့်တွေကို CB Card+ App ထဲကနေ ဘယ်လိုလဲလှယ်အသုံးပြုရမလဲ။
Redeem ပြုလုပ်ပုံအဆင့်ဆင့်ကို ဒီဗီဒီယိုမှာ လေ့လာနိုင်ပါတယ်။
📱 CB Card+ Application ကို ဒေါင်းလုတ်ရယူရန် - https://onelink.to/cbcardapp
☎️ သိလိုတာမှန်သမျှအတွက် CB Bank Contact Center (09 2 5555 7777)
6 949
တိကျခိုင်မာမှု၊ စေ့စပ်သေချာမှု၊ နွေးထွေးပျူငှာမှုတို့နဲ့အတူ စစ်မှန်တဲ့ နှလုံးသားနဲ့ ဝန်ဆောင်မှုပေးနေတဲ့ CB Bank 💙
CB Bank က မိတ်ဟောင်းမိတ်သစ် Customer တွေရဲ့ နေ့စဉ်ဘဝ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့၊ စီးပွားရေး လုပ်ငန်းတွေကို ပံ့ပိုးပေးနိုင်ဖို့နဲ့ မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ်ဘဏ်လုပ်ငန်း အနာဂတ်ကို မြှင့်တင်နိုင်ဖို့ တစိုက်မတ်မတ် ကြိုးစားလျက် ရှိပါတယ်။
6 949
(၁၉၉၂) ခုနှစ်ကတည်းက ယနေ့ထက်ထိ (၃၄) နှစ်တိုင် "နှလုံးသားနဲ့ ဝန်ဆောင်မှုပေးနေတဲ့ CB Bank"
ငွေကြေးဆိုင်ရာ ကိစ္စရပ်တွေကို ဝန်ဆောင်မှုပေးတဲ့အခါ တိကျခိုင်မာမှု၊ စေ့စပ်သေချာမှု၊ နွေးထွေးပျူငှာမှု စတဲ့ အခြေခံအချက်တွေ လိုအပ်သလို စစ်မှန်တဲ့ နှလုံးသားနဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့ကလဲ အလွန်အရေးကြီးပါတယ်။ ဒါကြောင့် CB Bank စတင်တည်ထောင်ခဲ့တဲ့ ၁၉၉၂ ခုနှစ်၊ ဩဂုတ်လ၊ ၂၁ ရက်နေ့ကနေ ယနေ့အထိတိုင်အောင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအတွက် ငွေကြေးနဲ့ ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေကို စစ်မှန်တဲ့ စိတ်ရင်း၊ နွေးထွေးဖော်ရွေတဲ့ နှလုံးသားနဲ့ အကောင်းဆုံး ဝန်ဆောင်မှုပေးအပ်နိုင်ဖို့ တစိုက်မတ်မတ် ကြိုးစားခဲ့ပါတယ်။
CB Bank ရဲ့ မိတ်ဟောင်းမိတ်သစ် Customer များအပါအဝင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံးအတွက် ပြောင်းလဲလာတဲ့ ခေတ်နဲ့တစ်ပြေးညီ လိုက်လျောညီထွေဖြစ်စေမဲ့ ခေတ်မီဘဏ်ဝန်ဆောင်မှုတွေကို အဆင်ပြေချောမွေ့စွာ ပေးအပ်နိုင်ဖို့ကလဲ CB Bank ရဲ့ အဓိက ရည်မှန်းချက်ဖြစ်ပါတယ်။
ဒီနေ့ (၂၀၂၆ ခုနှစ်၊ ဩဂုတ်လ၊ ၂၁ ရက်) CB Bank တည်ထောင်ခြင်း (၃၄) နှစ်ပြည့်အထိမ်းအမှတ်နေ့မှာ CB Bank ကို ယုံကြည်စွာ လက်တွဲခဲ့ကြတဲ့ Customer များ၊ CB Bank ဝန်ထမ်းမိသားစုများနဲ့ အစုရှယ်ယာရှင်ကြီးများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားရင်း CB Bank အနေနဲ့ အကောင်းမွန်ဆုံး ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေကို စဉ်ဆက်မပြတ် ဆက်လက်ပေးအပ်သွားမှာ ဖြစ်တဲ့အကြောင်းလဲ ထပ်မံကတိကဝတ်ပြုအပ်ပါတယ်။
6 949
"Tastes of the Golden Land 2026 - Mandalay" ပွဲမှာ CB Bank ကလဲ အားလုံးနဲ့အတူ ရှိနေမှာ ဖြစ်ပါတယ်။
ဒီပွဲမှာ မြန်မာ့ရိုးရာအစားအစာတွေကို ခေတ်မီဆန်းသစ်စွာ ဖန်တီးပြီး ယှဉ်ပြိုင်ကြမဲ့ ပြိုင်ပွဲအစီအစဉ် ပါဝင်မှာဖြစ်သလို ရိုးရာအစားအသောက်များ၊ ဒေသထွက်ကုန်များနဲ့ အရသာကောင်းမွန်တဲ့ အစားအစာများကိုပါ ဆိုင်ခန်းပေါင်းများစွာနဲ့ ခင်းကျင်းရောင်းချသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် CB Bank MMQR မှာ ကြိုက်နှစ်သက်ရာ Pay ကို အသုံးပြုပြီး ငွေကျပ် (၃၀,၀၀၀) နဲ့အထက် ပေးချေတိုင်း ငွေကျပ် (၁၀၀,၀၀၀) တန်ဖိုးရှိတဲ့ Gift Cheque တစ်စောင် ကံစမ်းရရှိနိုင်မဲ့ အစီအစဉ်လဲ စီစဉ်ပေးထားပါတယ်။ ဒါကြောင့် မြန်မာ့ရိုးရာအစားအစာတွေကို မြည်းစမ်းရင်း CB Bank ရဲ့ ကံစမ်းမဲအစီအစဉ်မှာလဲ ပါဝင်ကံထူးနိုင်ဖို့ "Tastes of the Golden Land 2026 - Mandalay" မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲ၊ ပြပွဲကို ကြွရောက်လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
"Tastes of the Golden Land 2026 - Mandalay"
နေ့ရက် - ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ၊ ၂၂ ရက်နှင့် ၂၃ ရက်။
အချိန် - နံနက် (၉:၀၀) မှ ည (၇:၀၀) အထိ။
နေရာ - MCC (Mandalay Convention Center)
6 949
ချေးငွေတွေ ပြန်လည်ပေးဆောင်ဖို့အတွက် အမြန်ဆုံးနဲ့ အလွယ်ကူဆုံးနည်းလမ်းကတော့ CB Pay ရဲ့ Microfinance Payment ပါပဲ။
CB Pay App ရှိရုံနဲ့ လစဉ်ပေးသွင်းရမဲ့ ချေးငွေအမျိုးမျိုးကို Microfinance Payment ကနေတစ်ဆင့် အချိန်မရွေး နေရာမရွေး လွယ်ကူမြန်ဆန်စွာ ပေးဆောင်နိုင်ပါတယ်။
CB Pay ကနေ ချေးငွေပေးဆောင်နည်းအဆင့်ဆင့်
🔹 CB Pay App ကို ဝင်၊
🔹 Pay Bill > Bill Type မှာ Microfinance Payment ကို နှိပ်၊
🔹 Biller မှာ ပေးသွင်းလိုတဲ့ Microfinance ကုမ္ပဏီကို ရွေး၊
🔹 အချက်အလက်တွေနဲ့ ငွေပမာဏကို ဖြည့်စွက်ပြီး Confirm နှိပ်လိုက်ရုံနဲ့ ဆောင်ရွက်နိုင်ပြီ ဖြစ်ပါတယ်။
📥 CB Pay App ကို ဒေါင်းလုတ်ရယူရန် - https://onelink.to/cbpay
☎️ သိလိုတာမှန်သမျှအတွက် CB Bank Contact Center (09 2 5555 7777)
6 949
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ၊ ၁၇ ရက်။
အလုပ်လုပ်ကိုင်ဖို့၊ ဆေးကုသဖို့၊ ပညာသင်ကြားဖို့စသဖြင့် အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံရပ်ခြားကို သွားရောက်မဲ့သူများအတွက် CB Bank နိုင်ငံခြားငွေလဲကောင်တာတွေမှာ အသေးသုံးနိုင်ငံခြားငွေများကို သတ်မှတ်ပမာဏအတိုင်း ရောင်းချပေးလျက်ရှိပါတယ်။
🔵 Exchange Rate နှုန်းထားများနဲ့ CB Bank နိုင်ငံခြားငွေလဲကောင်တာများကို ကြည့်ရှုရန် - (https://bit.ly/4uNMRwu)
CB Bank နဲ့ ပတ်သက်ပြီး သိလိုတာ မှန်သမျှအတွက် CB Bank Contact Center ( 09 2 5555 7777 ) ကို အချိန်မရွေး ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။
6 949
CB Card+ App ထဲကနေလဲ e-Statement ရယူနိုင်တယ်ဆိုတာ သိပြီးပြီလား။
e-Statement Request ပြုလုပ်နည်း အဆင့်ဆင့်ကို ဗီဒီယိုမှာ အသေးစိတ် ကြည့်ရှုနိုင်ပါတယ်။
📱 CB Card+ Application ကို ဒေါင်းလုတ်ရယူရန် - https://onelink.to/cbcardapp
☎️ သိလိုတာမှန်သမျှအတွက် CB Bank Contact Center ( 09 2 5555 7777 )
6 949
အနောက်တိုင်း အစားအစာရော၊ ထိုင်းအစားအစာတွေပါ တစ်နေရာတည်းမှာ စိတ်တိုင်းကျ သုံးဆောင်နိုင်မဲ့ Jeff's Kitchen မှာ ကြိုက်နှစ်သက်ရာ CB ဘဏ်ကတ် ဒါမှမဟုတ် CB Pay App နဲ့ ငွေပေးချေပြီး သတ်မှတ်ထားတဲ့ အထူးဟင်းလျာများကို လက်ဆောင်ရယူနိုင်ပါတယ်။
CB ဘဏ်ကတ်၊ CB Pay နဲ့ ငွေပေးချေတိုင်း
🌟 ငွေကျပ် (၈၀,၀၀၀) မှ (၁၅၀,၀၀၀) အထိ Satay Chicken သို့မဟုတ် Chocolate Lava Cake Trio Ice- Cream
🌟 ငွေကျပ် (၁၅၀,၀၀၁) မှ (၂၅၀,၀၀၀) အထိ Oyster Sauce Cashew Nut (Chicken/Pork) သို့မဟုတ် Smashed Burger
🌟 ငွေကျပ် (၂၅၀,၀၀၁) မှ (၃၅၀,၀၀၀) အထိ JK Roast Duck (Half) သို့မဟုတ် Golden Catch
🌟 ငွေကျပ် (၃၅၀,၀၀၀) အထက်ဆိုရင် Seafood & Corn with Chef's Recipe သို့မဟုတ် 2in1 Pizza (BBQ Chicken + Grilled Prawn) လက်ဆောင် ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။
ပရိုမိုးရှင်းကာလက ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ၊ ၁၅ ရက်နေ့ကနေ စက်တင်ဘာလ၊ ၃၀ ရက်နေ့အထိဖြစ်လို့ Jeff's Kitchen ရောက်တိုင်း CB ဘဏ်ကတ် ဒါမှမဟုတ် CB Pay နဲ့ ငွေရှင်းဖို့ မမေ့နဲ့နော်။
6 949
"လွှဲပို့ကံထူး ဝသန်ဦး" အစီအစဉ် ပထမတစ်လအတွက် ကံထူးရှင်များ ထွက်ပေါ်လာပါပြီ။
ကံစမ်းမဲကာလကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ၊ ၂၂ ရက်နေ့အထိ သတ်မှတ်ထားတာဖြစ်လို့ နောက်လတွေမှာလဲ ထပ်မံကံစမ်းနိုင်ပါသေးတယ်။
🔵 CB Bank နိုင်ငံတကာငွေလွှဲဝန်ဆောင်မှု ရယူသူတိုင်း ပါဝင်ကံစမ်းနိုင်မဲ့ "လွှဲပို့ကံထူး ဝသန်ဦး" Lucky Draw အစီအစဉ်အကြောင်းအသေးစိတ် ဖတ်ရှုရန် - https://bit.ly/4xZoYnw
🔴 CB Bank ဝန်ထမ်းများက တစ်ဦးတည်းသာ သိရမဲ့ ကိုယ်ရေးအချက်အလက်များ၊ လျှို့ဝှက်နံပါတ် (Password)၊ OTP ကုတ် စတာတွေကို မေးမြန်းတောင်းဆိုခြင်း လုံးဝ (လုံးဝ) မပြုလုပ်တဲ့အတွက် ဒီအချက်အလက်တွေကို ဘယ်သူ့ကိုမှ မမျှဝေမိဖို့ ထပ်မံသတိပေးလိုပါတယ်။
☎️ သိလိုတာမှန်သမျှအတွက် CB Bank Contact Center ( 09 2 5555 7777 )
