DPM Myanmar Co.,Ltd
Відкрити в Telegram
Let's walk to the golden future with Doo Prime Myanmar Trading Account ဖွင့်လှစ်လိုပါက DPM Myanmar support team အား ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။ https://linktr.ee/DPMgroup2023
Показати більше5 618
Підписники
-1024 години
-1407 днів
+13730 день
Архів дописів
5 618
Non-Farm အညွှန်းကိန်း ရိုက်ခတ်မှုအဖြစ် သောကြာနေ့စျေးကွက်အတွင်း ရွှေစျေးထပ်မံမြင့်တက်
——————————————————————
July 3 ၊ 2026
U.S. Nonfarm Payrolls အညွှန်းကိန်း မျှော်မှန်းထားတာထက် အားနည်းခဲ့ပြီးနောက်သောကြာနေ့စျေးကွက်အတွင်း ရွှေစျေးပြန်လည်မြင့်တက်လာခဲ့ပါတယ်။ ယခုအခြေအနေကြာင့် Federal Reserve ရဲ့ အတိုးနှုန်းထပ်မံ မြှင့်တင်နိုင်ခြေကို လျော့ကျစေခဲ့ပြီး အမေရိကန်ဒေါ်လာလည်း အားပျော့သွားခဲ့ပါတယ်။
Spot Gold ဟာ 1.3% မြင့်တက်သွားခဲ့ပြီး တစ်အောင်စကို $4,175.72 အထိ ရောက်ရှိခဲ့သလို Gold Futures ကလည်း 1.5% မြင့်တက်ခဲ့ကာ $4,189.59 အထိ ရောက်ရှိခဲ့ပါတယ်။ ဒီလို ပြန်လည်တန်ဖိုးမြင့်တက်လာမှုကြောင့် ရွှေဈေးဟာ ငါးပတ်အတွင်း ပထမဆုံးအကြိမ် အဖြစ် အပတ်စဉ်အမြတ်နဲ့ စျေးကွက်ပိတ်နိုင်မယ့် အလားအလာရှိနေပါတယ်။
တစ်ဖက်မှာတော့ Federal Reserve တာဝန်ရှိသူတွေက ငွေဖောင်းပွမှုအန္တရာယ် ရှိနေသေးတာကြောင့် တင်းကျပ်တဲ့ ငွေကြေးမူဝါဒကို ဆက်လက်ထိန်းသိမ်းမယ်လို့ ပြောဆိုထားပါတယ်။ ဒါကြောင့် ရွှေဈေး ပြန်တက်လာပေမယ့် အတိုးနှုန်းနဲ့ပတ်သက်တဲ့ မသေချာမှုတွေက ရွှေဈေးကွက်ကို ဆက်လက်ဖိအားပေးနေဆဲ ဖြစ်ပါတယ်။
OCBC ဘဏ်ကတော့ အမေရိကန်စီးပွါးရေးအညွှန်းကိန်းတွေ ဆက်လက်အားနည်းပြီး ဒေါ်လာနဲ့ Bond Yield တွေ ဆက်ကျလာမယ်ဆိုရင် ရွှေဈေးက ထပ်မံမြင့်တက်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။ ဒါပေမယ့် Fed ရဲ့ တင်းကျပ်တဲ့ ပေါ်လစီနဲ့ ငွေဖောင်းပွမှုအန္တရာယ်တွေကြောင့် ရေတိုမှာ သတိထားစောင့်ကြည့်သင့်တယ်လို့လည်း သတိပေးထားပါတယ်။
"D Prime Your Private Broker"
𝐑𝐢𝐬𝐤 𝐖𝐚𝐫𝐧𝐢𝐧𝐠:
𝐅𝐨𝐫𝐞𝐱 𝐭𝐫𝐚𝐝𝐢𝐧𝐠 𝐢𝐧𝐯𝐨𝐥𝐯𝐞𝐬 𝐡𝐢𝐠𝐡 𝐫𝐢𝐬𝐤 𝐚𝐧𝐝 𝐦𝐚𝐲 𝐫𝐞𝐬𝐮𝐥𝐭 𝐢𝐧 𝐥𝐨𝐬𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐞𝐧𝐭𝐢𝐫𝐞 𝐢𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭. 𝐋𝐞𝐯𝐞𝐫𝐚𝐠𝐞 𝐜𝐚𝐧 𝐚𝐦𝐩𝐥𝐢𝐟𝐲 𝐥𝐨𝐬𝐬𝐞𝐬. 𝐄𝐧𝐬𝐮𝐫𝐞 𝐲𝐨𝐮 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐭𝐡𝐞 𝐫𝐢𝐬𝐤𝐬 𝐛𝐞𝐟𝐨𝐫𝐞 𝐭𝐫𝐚𝐝𝐢𝐧𝐠.
#lowspread #withdraw #localsupport #localpayment #partnership #officialWebsite #mynamarlocaldepositewithdraw #trading #swapfree #DPrimeMyanmar
5 618
+1
👨🏫 ကျွန်မတို့ လေးစားရပါသော ဆရာဦးကျော်ဌေး၏
✨ Price Action Trading Special Class (Basic to Advanced) ✨
🎥 Day (4) Record လေးကို မျှဝေပေးလိုက်ပါတယ်ရှင်
❝ Your Private Broker _ D Prime Myanmar ❞
5 618
ကမ္ဘာ့ရွှေစျေး ပြန်လည်မြင့်တက်လာသော်လည်း ဖိအားတွေအောက်ကို ရောက်ရှိနေ
——————————————————————————
July 2 ၊ 2026
ကမ္ဘာ့ရွှေစျေးဟာ 8 လအတွင်း အနိမ့်ဆုံးစျေးတန်းသို့ ကျဆင်းအပြီးမှာတော့ ယနေ့စျေးကွက်အတွင်း ပြန်လည်တန်ဖိုးမြင့်တက်လာတာကို မြင်တွေ့ခဲ့ရပါတယ်။ Spot gold တန်ဖိုးတွေဟာ တစ်အောင်စကို 0.3% မြင့်တက်ခဲ့ပြီး၊ ငွေ နဲ့ ပလက်တီနမ် တို့ကလဲ လက်ရှိအကျစျေးတန်းတွေကနေ တစ်ဖန် ပြန်လည် recover ဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့် ရွှေဈေးကို ဆက်လက်ဖိအားပေးနေတဲ့အရာကတော့ အမေရိကန်ဗဟိုဘဏ် (Fed) ပဲဖြစ်ပါတယ်။ Fed ဥက္ကဋ္ဌ Kevin Warsh က ငွေဖောင်းပွမှု 2% အထိရောက်အောင် ထိန်းချုပ်ဖို့ အတွက်တင်းကျပ်တဲ့ ငွေကြေးပေါ်လစီကို ဆက်လက်စွဲကိုင်ထားမယ်လို့ ပြောပါတယ်။
သူ့ရဲ့ ဒီစကားကြောင့် အတိုးနှုန်းတွေ ဆက်လက်မြင့်တက်နေဦးမယ် လို့မျှော်လင့်ရပြီး ဒေါ်လာတန်ဖိုးလည်း ဆက်လက်မာကြောနေဦးမှာ ဖြစ်ပါတယ်။ အဲဒီလိုအခြေအနေမှာ ရွှေဈေးကွက် အပေါ် ဝယ်ယူသူတွေ လက်ရှောင်နေဦးမဲ့ အခြေအနေတွေကို မြင်တွေ့နေရပါတယ်။
ယခုလက်ရှိ စျေးကွက်ရဲ့ အာရုံစိုက်ရာကတော့ အလုပ်အကိုင်စျေးကွက်နဲ့ Fed ပေါ်လစီအရွေ့တို့အပေါ် အနီးစပ်ဆုံးခန့်မှန်းနိုင်မဲ့ Nonfarm Payroll အညွှန်းကိန်းပဲ ဖြစ်ပါတယ်။ သုတေသီတွေကတော့ အလုပ်အကိုင်စျေးကွက် နှေးကွေးနိုင်မယ်လို့ မျှော်လင့်နေကြပြီး Payroll အညွှန်းကိန်းဟာ ခန့်မှန်းသည်နဲ့ အနည်းငယ်ကွာဟ နိုင်မယ်လို့ ထင်မြင်ယူဆနေကြပါတယ်။
မြင့်မားတဲ့ အတိုးနှုန်းပမာဏဟာ ယေဘုယျအားဖြင့်တော့ ရွှေအပေါ်ကို ဖိအားတွေသက်ရောက်စေပါတယ်။ ဒါ့အပြင် ရေနံတန်ဖိုးကျဆင်းလာတာ နဲ့ ငွေကြေးဖောင်းပွမှု ပြဿနာကြောင့် ပေါ်လစီတင်းကြပ်မှုတွေ ပြုလုပ်လာတာတို့ဟာ ရွှေအပေါ်ကို ဖိအားတွေ ထပ်မံသက်ရောက်စေပါတယ်။
"D Prime Your Private Broker"
𝐑𝐢𝐬𝐤 𝐖𝐚𝐫𝐧𝐢𝐧𝐠:
𝐅𝐨𝐫𝐞𝐱 𝐭𝐫𝐚𝐝𝐢𝐧𝐠 𝐢𝐧𝐯𝐨𝐥𝐯𝐞𝐬 𝐡𝐢𝐠𝐡 𝐫𝐢𝐬𝐤 𝐚𝐧𝐝 𝐦𝐚𝐲 𝐫𝐞𝐬𝐮𝐥𝐭 𝐢𝐧 𝐥𝐨𝐬𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐞𝐧𝐭𝐢𝐫𝐞 𝐢𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭. 𝐋𝐞𝐯𝐞𝐫𝐚𝐠𝐞 𝐜𝐚𝐧 𝐚𝐦𝐩𝐥𝐢𝐟𝐲 𝐥𝐨𝐬𝐬𝐞𝐬. 𝐄𝐧𝐬𝐮𝐫𝐞 𝐲𝐨𝐮 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐭𝐡𝐞 𝐫𝐢𝐬𝐤𝐬 𝐛𝐞𝐟𝐨𝐫𝐞 𝐭𝐫𝐚𝐝𝐢𝐧𝐠.
#lowspread #withdraw #localsupport #localpayment #partnership #officialWebsite #mynamarlocaldepositewithdraw #trading #swapfree #DPrimeMyanmar
5 618
ဘဝက ရွှေလိုပဲ ဟိုပြေးလိုက်ဒီပြေးလိုက်နဲ့ 🥹
အခုလဲ မြန်မြန်ပြောပြီး သွားလိုက်ဦးမယ်။
XAUUSD Weekly Outlook
Gold က 3980 support zone ကနေ bounce ပြန်လာခဲ့ပါတယ်။
ဒီ rebound က Price Action အရ support reaction ဖြစ်သလို၊ Fundamental ဘက်မှာလည်း US ADP jobs data ပျော့ထွက်ခဲ့တာကြောင့် Gold ကို support ပေးခဲ့ပါတယ်။
ဒါပေမယ့် H1 structure က အခုထိ bearish ဖြစ်နေသေးပါတယ်။
လက်ရှိအရေးကြီးတဲ့ level က 4100 resistance ပါ။
4100 ကို breakout + retest အောင်မြင်ရင်
4189 area ထိ recovery ဆက်သွားနိုင်ပါတယ်။
4100 မှာ reject ဖြစ်ရင်တော့
4000 / 3950 support zone ကို ပြန်စမ်းနိုင်ပါတယ်။
ဒီအပတ် Gold အတွက် main focus က
4100 level + US NFP data ဖြစ်ပါတယ်။
NFP ပျော့ထွက်ရင် Gold bullish ဖြစ်နိုင်ပြီး၊
NFP strong ထွက်ရင် Dollar အားကောင်းလာပြီး Gold ပြန်ဖိခံရနိုင်ပါတယ်။
3950 keys Support ကို BK ဆိုရင်တော့ 3900/3850 လာစမ်းနိုင်။
အနှစ်ချုပ်:
Gold က bounce ပြန်လာပေမယ့် trend ပြောင်းပြီလို့ မပြောသေးပါဘူး။
Structure ပြောင်းဖို့ 4100 ကိုအရင်ကျော်ပြဖို့လိုပါတယ်။
https://youtu.be/3rnLKdpZeEo?si=XVxd8IA2gcd7iRjF
5 618
ကန်-အီရန် သီးခြားဆွေးနွေးပွဲ ကာတာတွင်ကျင်းပနေ၊ ရေနံစျေးမှာ စစ်ပွဲမတိုင်ခင် စျေးတန်းသို့ ပြန်လည်ကျဆင်း
——————————————————————————
July 1 ၊ 2026
အီရန် နဲ့ အမေရိကန် ကိုယ်စားလှယ်တွေဟာ ပါကစ္စတန်၊ ကာတာ တို့ရဲ့ ကြားဝင်မှုနဲ့အတူ ယနေ့ဒိုဟာမြို့မှာ သီးခြားစီဆွေးနွေးပွဲ ပြုလုပ်နေကြပါတယ်။ အီရန်ဘက်က အမေရိကန်ဘယ်လို တိုက်ရိုက်ဆွေးနွေးမှုမျိုးမှ မရှိဘူးလို့လဲ တရားဝင်ထုတ်ဖော်ပြောကြားထားပါတယ်။
ဒေါ်နယ်ထရမ့် ရဲ့ ကိုယ်စားလှယ်နှစ်ဦးဖြစ်ကြတဲ့ Steve Witkoff နဲ့ Jared Kushner တို့ဟာ ယနေ့မှာ ကာတာဝန်ကြီးချုပ်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ အမေရိကန်တာဝန်ရှိသူတွေရဲ့ ပြောစကားအရ ပင်လယ်ကွေ့န်ိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာ အပေါင်းလက္ခဏာဆောင်ခဲ့ပြီး၊ သံတမန်ရေးအရ ချဉ်းကပ်မှုကို အဓိကဦးစားပေးတယ်လို့လဲဆိုပါတယ်။
ဒီသတင်းကြောင့် ကမ္ဘာ့ရေနံစျေးဟာ ပဋိပက္ခမတိုင်ခင် စျေးတန်းသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီး တစ်စည်ကို $72 မှာအရောင်းအဝယ်ဖြစ်နေတာတွေ့ရပါတယ်။ ရေနံစျေးဟာ ဟောမုဇ်ရေလက်ကြားအရေးအခင်းတုံးက တစ်စည်ကို $110 ကျော်အထိမြင့်တက်သွားခဲ့ရပါသေးတယ်။
လက်ရှိဆွေးနွေးပွဲမှာတော့ ဟောမုဇ်ရေလက်ကြားအရေးနဲ့ နျူကလီးယားအရေးတို့ကို အဓိကထားဆွေးနွေးနေပြီး၊ လက်ရှိမြေပြင်အခြေအနေအရ အမေရိကန်ရဲ့ တားဆီးမှုရှိနေသော်လည်း အီရန်အနေနဲ့ ဟောမုဇ်ရေလက်ကြားကို ဖြတ်သန်းတဲ့ သင်္ဘောတွေကို ဖြတ်သန်းခ ကောက်ခံလျှက်ရှိနေပါတယ်။
"D Prime Your Private Broker"
𝐑𝐢𝐬𝐤 𝐖𝐚𝐫𝐧𝐢𝐧𝐠:
𝐅𝐨𝐫𝐞𝐱 𝐭𝐫𝐚𝐝𝐢𝐧𝐠 𝐢𝐧𝐯𝐨𝐥𝐯𝐞𝐬 𝐡𝐢𝐠𝐡 𝐫𝐢𝐬𝐤 𝐚𝐧𝐝 𝐦𝐚𝐲 𝐫𝐞𝐬𝐮𝐥𝐭 𝐢𝐧 𝐥𝐨𝐬𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐞𝐧𝐭𝐢𝐫𝐞 𝐢𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭. 𝐋𝐞𝐯𝐞𝐫𝐚𝐠𝐞 𝐜𝐚𝐧 𝐚𝐦𝐩𝐥𝐢𝐟𝐲 𝐥𝐨𝐬𝐬𝐞𝐬. 𝐄𝐧𝐬𝐮𝐫𝐞 𝐲𝐨𝐮 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐭𝐡𝐞 𝐫𝐢𝐬𝐤𝐬 𝐛𝐞𝐟𝐨𝐫𝐞 𝐭𝐫𝐚𝐝𝐢𝐧𝐠.
#lowspread #withdraw #localsupport #localpayment #partnership #officialWebsite #mynamarlocaldepositewithdraw #trading #swapfree #DPrimeMyanmar
5 618
+3
👨🏫 ကျွန်မတို့ လေးစားရပါသော ဆရာဦးကျော်ဌေး၏
✨ Price Action Trading Special Class (Basic to Advanced) ✨
🎥 Day (3) Record လေးကို မျှဝေပေးလိုက်ပါတယ်ရှင်
❝ Your Private Broker _ D Prime Myanmar ❞
5 618
Update Notice
လေးစားရပါသော Client များရှင်,
Telegram မှတစ်ဆင့် message ပေးပို့မှုများ ယခုအချိန်တွင် ပြန်လည်အဆင်ပြေသွားပြီဖြစ်ပါသည်။
ယခုမှစ၍ ပုံမှန်အတိုင်း Telegram မှ ဆက်သွယ်မေးမြန်းနိုင်ပါပြီရှင်။
ယာယီအဆင်မပြေမှုအတွက် တောင်းပန်အပ်ပြီး နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။
DPM Myanmar Team
5 618
အသိပေးကြေညာချက်
လေးစားရပါသော Client များရှင်,
လက်ရှိတွင် ကျွန်မတို့၏ Telegram account သည် Telegram system review ကြောင့် ယာယီအနေဖြင့် message reply ပြန်လည်ပေးပို့ခြင်းများတွင် အခက်အခဲဖြစ်ပေါ်နေပါသည်။
ထို့ကြောင့် Telegram မှတစ်ဆင့် ဆက်သွယ်လာသော Client များအား ချက်ချင်း reply ပြန်နိုင်ခြင်း မရှိသေးကြောင်း အသိပေးအပ်ပါသည်။
Client များအနေဖြင့် အရေးပေါ် Deposit / Withdrawal / Account / Support ကိစ္စများရှိပါက အောက်ပါ alternative contact channel များမှ ဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
https://www.facebook.com/share/17tDvLEGp1/?mibextid=wwXIfr
5 618
အီရန်-အမေရိကန် ဆွေးနွေးပွဲ ယနေ့ ကာတာတွင်ပြုလုပ်မည်၊ ကမ္ဘာ့ရေနံစျေးကျဆင်းလျှက်ရှိ
——————————————————————————
June 30 ၊ 2026
အီရန်-အမေရိကန် ဆွေးနွေးပွဲဟာ ယနေ့ ဒိုဟာမြို့တွင် စတင်ဖို့ ရှိနေပြီး ကာတာနဲ့ပါကစ္စတန် တို့က ကြားနေအဖြစ် ပါဝင်အားဖြည့်မည်ဖြစ်ကြောင်း သိရှိရပါတယ်။ အမေရိကန်တာဝန်ရှိသူတွေအနေနဲ့ အီရန်ကိုယ်စားလှယ်တွေနဲ့ ယနေ့တွေ့ဆုံဖို့ ရှိတယ်လ်ို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပြီး အမေရိကန်ကိုယ်စားလှယ် Steve Witkoff က ယနေ့မှာ ဒိုဟာသို့ ထွက်ခွါလာပြီဖြစ်ကြောင်းလဲ သိရပါတယ်။
အီရန်ဘက်ကလဲ ကိုယ်စားလှယ်တစ်ဦးကို ယခုအပတ်အကုန်မှာ ဒိုဟာသို့စေလွှတ်မှာဖြစ်ပြီး၊ အမေရိကန်နဲ့ တိုက်ရိုက်ဆွေးနွေးဖို့မရှိဘူးလို့ အီရန်ဘက်က ပြောပါတယ်။ ဟောမုဇ်ရေလက်ကြားအနီး ပစ်ခတ်မှုတွေ ရပ်တန့်ဖို့ နှစ်ဖက်လုံးက သဘောတူညီပြီးနောက် ဆွေးနွေးပွဲတွေ ပြန်လည်စတင်နေတာဖြစ်ပါတယ်။
အဆိုပါ သတင်းထွက်ပေါ်အပြီးမှာတော့ Brent crude တန်ဖိုးတွေဟာ တစ်စည်ကို $73.38 သို့ကျဆင်းသွားခဲ့ပါတယ်။ ဒါပေမဲ့ ING သုတေသီတွေကတော့ စျေးကွက်အနေနဲ့ ပင်လယ်ကွေ့ရေနံတွေ ပြတ်လပ်မှု ပြန်မဖြစ်ဘူးလ်ို့ မဆိုန်ိုင်ကြောင်း နဲ့ ဘယ်အရာက်ိုမှ လျှော့မတွက်သင့်ကြောင်း သတိပေးထားပါတယ်။
ဟောမုဇ်ရေလက်ကြားက်ို ထိန်းချုပ်ရေး၊ အီရန်ရဲ့ နျူကလီးယားအစီအစဉ်၊ ဆန်ရှင်များဖြေလျှော့ပေးရေး နဲ့ ဒေသတွင်းတည်ငြိမ်ရေး စတဲ့ အဓိကအချက်များကတော့ အဖြေတစ်စုံတစ်ရာ မရသေးတာကို တွေ့ရပါတယ်။ အီရန် နဲ့ အမေရိကန် တို့ကတော့ နောက်ဆုံးသဘောတူညီချက်ကို ဩဂုတ်လလယ်မှာ နောက်ဆုံးထားပြီး လက်မှတ်ထိုးနိုင်ရန် ကြိုးစားနေကြပါတယ်။
"D Prime Your Private Broker"
𝐑𝐢𝐬𝐤 𝐖𝐚𝐫𝐧𝐢𝐧𝐠:
𝐅𝐨𝐫𝐞𝐱 𝐭𝐫𝐚𝐝𝐢𝐧𝐠 𝐢𝐧𝐯𝐨𝐥𝐯𝐞𝐬 𝐡𝐢𝐠𝐡 𝐫𝐢𝐬𝐤 𝐚𝐧𝐝 𝐦𝐚𝐲 𝐫𝐞𝐬𝐮𝐥𝐭 𝐢𝐧 𝐥𝐨𝐬𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐞𝐧𝐭𝐢𝐫𝐞 𝐢𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭. 𝐋𝐞𝐯𝐞𝐫𝐚𝐠𝐞 𝐜𝐚𝐧 𝐚𝐦𝐩𝐥𝐢𝐟𝐲 𝐥𝐨𝐬𝐬𝐞𝐬. 𝐄𝐧𝐬𝐮𝐫𝐞 𝐲𝐨𝐮 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐭𝐡𝐞 𝐫𝐢𝐬𝐤𝐬 𝐛𝐞𝐟𝐨𝐫𝐞 𝐭𝐫𝐚𝐝𝐢𝐧𝐠.
#lowspread #withdraw #localsupport #localpayment #partnership #officialWebsite #mynamarlocaldepositewithdraw #trading #swapfree #DPrimeMyanmar
5 618
Weekly Recap လေး တင်ပေးရင်နဲ့ မလဝန်း စိတ်ထဲနှလုံးသားထဲ သွင်းထားတဲ့ Mindset လေးကို Share ပေးထားပါတယ်။
Video ကို အဆုံးထိ လိုက်ပါကြည့်ရှု့ခြင်း
မလဝန်းစေတနာ၊ မေတ္တာများရကြပါစေရှင်။
Trader တစ်ယောက်အတွက် "Profit" ဆိုတာ...
Trade တိုင်း Win နေဖို့ မဟုတ်ပါဘူး။
တချို့နေ့တွေမှာ... အမြတ်ရမယ်။
တချို့နေ့တွေမှာ... အရှုံးနဲ့ ရင်ဆိုင်ရမယ်။
တချို့နေ့တွေမှာတော့... ဘာမှမလုပ်ဘဲ စောင့်
ကြည့်နေရလိမ့်မယ်။
ဒါပေမယ့် Professional Trader တွေက အမြတ် (Profit) တစ်ခုတည်းကိုပဲ မျက်စိမှိတ် မကြည့်ကြပါဘူး။ သူတို့ရဲ့ တကယ့် လျှို့ဝှက်ချက်က ဒီအပေါ်မှာ အခြေခံပါတယ်။
P.R.O.F.I.T
P – Planning (စနစ်ကျသော စီမံမှု): Market ထဲမဝင်ခင် ခိုင်မာတဲ့ Trading Plan ရှိပြီးသားဖြစ်ရမယ်။
R – Risk Management (အန္တရာယ် ထိန်းချုပ်မှု): ရမယ့်အမြတ်ထက် ပေးရမယ့် Risk ကို အရင်ဆုံး တွက်ချက်ရမယ်။
O – Opportunity (အခွင့်အရေး): အခွင့်အရေးတိုင်းနောက်ကို မလိုက်ဘဲ ကိုယ်နဲ့ကိုက်ညီတဲ့ High-Probability Setup ကိုပဲ စိတ်ရှည်ရှည် စောင့်ရမယ်။
F – Focus (အာရုံစိုက်မှု): Market ရဲ့ ဆူညံသံတွေ (Noise) ကြားထဲမှာ ကိုယ့်ရဲ့ Plan မပျက်အောင် အာရုံစိုက်နိုင်ရမယ်။
I – Investment Mindset (ရေရှည် အမြင်): Trading ကို အမြန်ချမ်းသာမယ့် လောင်းကစားလိုမျိုးမဟုတ်ဘဲ ရေရှည် Business တစ်ခုလို သဘောထားရမယ်။
T – Timing (အချိန်ကိုက်): ဝင်ရမယ့်အချိန်နဲ့ ထွက်ရမယ့်အချိန်ကို မှန်ကန်စွာ စောင့်ဆိုင်းနိုင်ရမယ်။
"Profit ဆိုတာ ကံကောင်းခြင်း (Luck) မဟုတ်ပါဘူး။ စည်းကမ်း (Discipline) ရဲ့ ရလဒ်ဖြစ်ပါတယ်။"
Trader တစ်ယောက်ရဲ့ စစ်မှန်တဲ့ Profit က...
မိမိကိုယ်ကို ထိန်းချုပ်နိုင်ပြီး Plan အတိုင်း Risk ကို စနစ်တကျ ကန့်သတ်နိုင်တဲ့နေ့ကစပြီး ဖြစ်တည်လာတာပါ။
https://youtu.be/7grVQiYpZNs?si=-AEO21RWrSWBpVgX
5 618
လက်ရှိပစ်ခတ်မှုတွေနဲ့ ပတ်သတ်လို့ အီရန် နဲ့ အမေရိကန်တို့ မနက်ဖြန် Doha မှာတွေ့ဆုံဆွေးနွေးမည်
——————————————————————————
June 29 ၊ 2026
အီရန် နဲ့ အမေရိကန်တို့ဟာ နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုတွေကို ရပ်တန့်ပြီး မနက်ဖြန် ကာတာနိုင်ငံ ဒိုဟာမြို့မှာ ဟောမုဇ်ရေလက်ကြားအနီး တင်းမာမှုတွေနဲ့ ပတ်သတ်လို့ ဆွေးနွေးကြမှာဖြစ်ကြောင်း သိရှိရပါတယ်။ အမေရိကန် အကြီးတန်းအရာရှိတစ်ဦးရဲ့ အဆိုအရ နှစ်ဖက်စလုံးဟာ “ ထိတွေမှုတွေ ရပ်တန့်ထားမယ်” လို့လဲ သိရပါတယ်။
ဒီအစည်းအဝေးဟာ အစောပိုင်းတုံးကတော့ ဆွစ်ဇာလန်နိုင်ငံမှာ အီရန်ရဲ့ နျူအရေးနဲ့ ပတ်သတ်လို့ ဆွေးနွေးရန် စီစဉ်ထားတာဖြစ်ပေမဲ့ လက်ရှိတင်းမာလာတဲ့ အခြေအနေတွေအရ ဒိုဟာမြို့မှာပဲ ဟောမုဇ်အကြောင်းက်ို ဆွေးနွေးဖို့ ပြောင်းလဲသတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
ဟောမုဇ်ရေလက်ကြားဟာ နိုင်ငံတကာရေနံသယ်ယူပို့ဆောင်ရေးအတွက် ဗျူဟာကျတဲ့ ရေလမ်းကြောင်းတစ်ခုဖြစ်ပြီး၊ အဆိုပါ ရေလမ်းကြောင်းပိတ်ဆို့ပါက ကမ္ဘာ့စွမ်းအင်စျေးကွက်ကို ထိခိုက်စေပါတယ်။ လက်ရှိဆွေးနွေးပွဲမှာတော့ တင်းမာမှုတွေက်ို လျှော့ချပြီး ဟောမုဇ်နဲ့ပတ်သတ်လို့ အဖြေတစ်စုံတစ်ရာ ရရှိရေးဟာ အဓိက ဖြစ်တယ်လို့ ဆိုနေကြပါတယ်။
အပစ်အခတ်ရပ်ဆဲရေးဟာ လက်ရှိမှာတော့ အပေါင်းလက္ခဏာဆောင်တဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပေမဲ့၊ နောက်ဆုံးသဘောတူညီချက်ဘယ်တော့မှ ရရှိမယ်ဆိုတာကိုတော့ နှစ်ဖက်လုံးက မထုတ်ပြန်သေးပါဘူး။ ယခုကျင်းပမဲ့ ဒိုဟာဆွေးနွေးပွဲမှာတော့ တိကျပြတ်သားတဲ့ အဖြေတစ်ခုရရှိဖို့ အတွက် အားလုံးက မျှော်လင့်နေကြပါတယ်။
"D Prime Your Private Broker"
𝐑𝐢𝐬𝐤 𝐖𝐚𝐫𝐧𝐢𝐧𝐠:
𝐅𝐨𝐫𝐞𝐱 𝐭𝐫𝐚𝐝𝐢𝐧𝐠 𝐢𝐧𝐯𝐨𝐥𝐯𝐞𝐬 𝐡𝐢𝐠𝐡 𝐫𝐢𝐬𝐤 𝐚𝐧𝐝 𝐦𝐚𝐲 𝐫𝐞𝐬𝐮𝐥𝐭 𝐢𝐧 𝐥𝐨𝐬𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐞𝐧𝐭𝐢𝐫𝐞 𝐢𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭. 𝐋𝐞𝐯𝐞𝐫𝐚𝐠𝐞 𝐜𝐚𝐧 𝐚𝐦𝐩𝐥𝐢𝐟𝐲 𝐥𝐨𝐬𝐬𝐞𝐬. 𝐄𝐧𝐬𝐮𝐫𝐞 𝐲𝐨𝐮 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐭𝐡𝐞 𝐫𝐢𝐬𝐤𝐬 𝐛𝐞𝐟𝐨𝐫𝐞 𝐭𝐫𝐚𝐝𝐢𝐧𝐠.
#lowspread #withdraw #localsupport #localpayment #partnership #officialWebsite #mynamarlocaldepositewithdraw #trading #swapfree #DPrimeMyanmar
5 618
📊 Trading ကို အခုမှစတင်လေ့လာမယ်ဆိုရင်တော့
ဒီသင်တန်းကအသင့်တော်ဆုံးဖြစ်စေမှာပါ 🔥✨
Trading ကို စိတ်ဝင်စားတဲ့ မည်သူမဆိုဝင်ရောက် သင်ကြားနိုင်မှာဖြစ်ပြီးတော့ … ဘာတွေသင်ကြားပေးသွားမလဲဆိုရင် 🔽
🔶 How to Use MT4 / MT5
🔶 Forex Language
✨ Pips and Points
✨ Spread
✨ Lots and Leverage
✨ Taking Profit and Stop-Loss
🔶 Candle Stick Pattern
🔶 Market Structure
🔶 Introduction to Economic Data
🔶 Trend
🔶 Support / Resistance
🔶 Point of Interest
🔶 Trading System
🔶 Risk Management
📌 Venue : Zoom Online
🕢 Time : (7:30) PM – (9:30) PM
⏳ Duration : (5) Days
📅 Starting Date : 14th July, 2026
📑 Financial Market ကို စတင်လေ့လာချင်သူတွေ
📑 Trading ကို အခြေခံကနေ သေချာနားလည်ချင်သူတွေအတွက်
ဒီ Class က အခြေခံကို သေချာတည်ဆောက်ပေးနိုင်မယ့် အသုံးဝင်တဲ့ Class တစ်ခုဖြစ်တာကြောင့် စိတ်ဝင်စားသူများအနေနဲ့ DPM Myanmar Page Chat Box မှတစ်ဆင့် အသေးစိတ်စုံစမ်းပြီး စာရင်းပေးသွင်းနိုင်ပါပြီ 📖
❝ Your Private Broker _ D Prime Myanmar ❞
5 618
FIFA ကမ္ဘာ့ဖလားကြောင့် အမေရိကန်စီးပွါးရေး ပြန်လည်ဦးမော့လာ
——————————————————————————
June 26 ၊ 2026
2026 FIFA ကမ္ဘာ့ဖလား အုပ်စုအဆင့် လက်ခံကျင်းပရာ မြို့များတွင် နှစ်အလိုက် Consumer Spending ပမာဏဟာ 63% အထိ တိုးတက်လာခဲ့ကြောင်း အမေရိကန်န်ိုင်ငံတော်ဗဟိုဘဏ်ရဲ့ စစ်တမ်းတွေအရ သိရှိရပါတယ်။ အဆိုပါ စစ်တမ်းဟာ Credit card နဲ့ Debit card များ အသုံးပြုမှုအလိုက် တွက်ချက်ထားတာလဲ ဖြစ်ပါတယ်။
စီးပွါးရေးတိုးတက်မှုနှုန်းဟာ ပြင်ပမှ ဧည့်သညများအလုံးအရင်းဝင်ရောက်လာတာကြောင့်ဖြစ်ပြီး၊ မနှစ်က ယခုလိုအချိန်ထက်စာရင် တစ်ဦးခြင်း သုံးစွဲမှုပမာဏဟာ 16.7% အထိမြင့်တက်ခဲ့ကြောင်းလဲ သိရှိရပါတယ်။ အဆိုပါ ဒေတာကိုတော့ ကဒ်သုံးစွဲမှုများနဲ့ ငွေသုံးစွဲမှုများကို ဗဟိုဘဏ်က စောင့်ကြည့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
သုတေသီများအနေနဲ့ ကမ္ဘာ့ဖလားအုပ်စုအဆင့် လက်ခံကျင်းပရာ မြောက်အမေရိကတိုက်ရှိ မြို့များအတွင်း ကဒ်သုံးစွဲငွေပေးခြေမှုများကို စောင့်ကြည့်လေ့လာကာ၊ ယခု အုပ်စုအဆင့်ပွဲစဉ်များအပြီး စီးပွါးရေးမည်မျှ ဖွံ့ဖြိုးလာခဲ့သည်ကို စစ်တမ်းပြုစုခဲ့ကြပါတယ်။
အမေရိကန်ဗဟိုဘဏ်ရဲ့ Data point များအရ ဧည့်သည်များရဲ့ ငွေသုံးစွဲမှုပမာဏ မြင့်မားလာတာကြောင့် ဘောလုံးပွဲ ကျင်းပရာမြို့များရှ်ိ မြို့ခံစီးပွါးရေးလုပ်ငန်းများရဲ့ ဝင်ငွေဟာ သိသာထင်ရှားစွာတိုးတက်လာပြီး၊ စီးပွါးရေးဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့တိုးတက်လာကြောင်း သိရှိရပါတယ်။
"D Prime Your Private Broker"
𝐑𝐢𝐬𝐤 𝐖𝐚𝐫𝐧𝐢𝐧𝐠:
𝐅𝐨𝐫𝐞𝐱 𝐭𝐫𝐚𝐝𝐢𝐧𝐠 𝐢𝐧𝐯𝐨𝐥𝐯𝐞𝐬 𝐡𝐢𝐠𝐡 𝐫𝐢𝐬𝐤 𝐚𝐧𝐝 𝐦𝐚𝐲 𝐫𝐞𝐬𝐮𝐥𝐭 𝐢𝐧 𝐥𝐨𝐬𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐞𝐧𝐭𝐢𝐫𝐞 𝐢𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭. 𝐋𝐞𝐯𝐞𝐫𝐚𝐠𝐞 𝐜𝐚𝐧 𝐚𝐦𝐩𝐥𝐢𝐟𝐲 𝐥𝐨𝐬𝐬𝐞𝐬. 𝐄𝐧𝐬𝐮𝐫𝐞 𝐲𝐨𝐮 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐭𝐡𝐞 𝐫𝐢𝐬𝐤𝐬 𝐛𝐞𝐟𝐨𝐫𝐞 𝐭𝐫𝐚𝐝𝐢𝐧𝐠.
#lowspread #withdraw #localsupport #localpayment #partnership #officialWebsite #mynamarlocaldepositewithdraw #trading #swapfree #DPrimeMyanmar
5 618
အဖြေတစ်ခုပေးကြည့်ပါ ❓
Q : Trading Platform Stable ဖြစ်တာက Market Volatility အချိန်တွေမှာ အရေးကြီးတယ်
A : မှား ❎ (OR) မှန် ✅
5 618
+2
👨🏫 ကျွန်မတို့ လေးစားရပါသော ဆရာဦးကျော်ဌေး၏
✨ Price Action Trading Special Class (Basic to Advanced) ✨
🎥 Day 2 Record လေးကို မျှဝေပေးလိုက်ပါတယ်ရှင်
❝ Your Private Broker _ D Prime Myanmar ❞
Вже доступно! Дослідження Telegram за 2025 — головні інсайти року 
