DPM Myanmar Co.,Ltd
رفتن به کانال در Telegram
Let's walk to the golden future with DPrime Myanmar Trading Account ဖွင့်လှစ်လိုပါက DPM Myanmar support team အား ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။ https://linktr.ee/DPMgroup2023
نمایش بیشتر4 802
مشترکین
اطلاعاتی وجود ندارد24 ساعت
-497 روز
-21830 روز
آرشیو پست ها
4 801
⏰ ဒီနေ့ည မြန်မာစံတော်ချိန် ည (၇:၁၅) နာရီ ⏰
📊 Market အကြောင်း Live Analysis လုပ်ရင်း ကံထူးရှင်တွေကိုပါ Spin Wheel နဲ့ ရွေးချယ်ပေးသွားမယ့် အစီအစဉ်လေး ရှိပါတယ်နော် 😉🤙🏽
🗒️ ဒီတစ်ခေါက်မှာတော့ D Prime Myanmar မှ ကိုကောင်းဆက်နဲ့ F4Trader တို့က လက်ရှိ Market အခြေအနေတွေကို အတူတူဆွေးနွေးသုံးသပ်ပြီး Traders တွေအတွက် အသုံးဝင်မယ့် Trading Knowledge တွေကို Live မှာ မျှဝေပေးသွားမှာဖြစ်ပါတယ် ❤️
ဒါတင်မကသေးပါဘူး ✨
🎉 Live Analysis အစီအစဉ်အပြီးမှာလည်း အရင်တင်ထားတဲ့ Post လေးတွေအတွက် ကံထူးရှင်တွေကို Spin Wheel နဲ့ မဲဖောက်ရွေးချယ်ပေးသွားဦးမှာပါ ✨
⏰ Live Analysis Time — မြန်မာစံတော်ချိန် ည (၇:၁၅) နာရီ
Market အကြောင်းလည်း အတူလေ့လာရင်း Spin Wheel Lucky Draw ရဲ့ ရင်ခုန်စရာအချိန်လေးကိုလည်း D Prime Myanmar နဲ့အတူ စောင့်ကြည့်လိုက်ကြရအောင်နော် ❤️
❝ Your Private Broker — D Prime Myanmar ❞
4 801
ဒေါ်လာတန်ဖိုးကျဆင်းမှုကြောင့် ရွှေဈေး ပြန်တက်လာ၊ အရှေ့အလယ်ပိုင်း ပဋိပက္ခနဲ့ ငွေကြေးဖောင်းပွမှုအန္တရာယ် ဆက်ရှိနေ
———————————————————————
October 13၊ 2026
အင်္ဂါနေ့မှာ အမေရိကန်ဒေါ်လာတန်ဖိုး အားပျော့လာတာကြောင့် ရွှေဈေး ပြန်လည်မြင့်တက်လာခဲ့ပါတယ်။ ဒါပေမယ့် အရှေ့အလယ်ပိုင်း ပဋိပက္ခ ပိုမိုပြင်းထန်လာပြီး ရေနံထောက်ပံ့မှု ပြတ်လပ်နိုင်တဲ့ အန္တရာယ် မြင့်တက်နေတာကြောင့် ငွေကြေးဖောင်းပွမှုနဲ့ Federal Reserve အတိုးနှုန်းထပ်မြှင့်နိုင်ခြေအပေါ် စိုးရိမ်မှုတွေ ဆက်လက်ရှိနေပါတယ်။
Spot Gold ဈေးဟာ 0.5% မြင့်တက်ပြီး တစ်အောင်စကို $4,191.76 ရောက်ခဲ့သလို Gold Futures ကလည်း 0.6% မြင့်တက်ပြီး $4,215.87 အထိ ရောက်ခဲ့ပါတယ်။ အမေရိကန်ဒေါ်လာအညွှန်းကိန်းက 0.2% ကျဆင်းခဲ့ပါတယ်။ တစ်ဖက်မှာ Brent ရေနံဈေးက တစ်စည်ကို $106 အနီးအထိ မြင့်တက်လာပြီး Saudi Arabia ရဲ့ အဓိကလေဆိပ်ကို Houthi အဖွဲ့က တိုက်ခိုက်ခဲ့တာကြောင့် ဒေသတွင်း စွမ်းအင်ထောက်ပံ့မှု ပြတ်လပ်နိုင်ခြေ အပေါ် စိုးရိမ်မှုတွေ ပိုမိုမြင့်တက်လာပါတယ်။
အမေရိကန်-အီရန်စစ်ပွဲ စတင်ခဲ့တဲ့ February လနှောင်းပိုင်းနောက်ပိုင်း ရွှေဈေးဟာ 20% ခန့် ကျဆင်းထားပါတယ်။ စစ်ပွဲကြောင့် ရေနံဈေးမြင့်တက်ပြီး ငွေကြေးဖောင်းပွမှုအန္တရာယ် ပိုမိုကြီးမားလာတာက ဗဟိုဘဏ်တွေကို အတိုးနှုန်းမြင့်မားစွာ ထိန်းထားဖို့ ဖိအားပေးနေပါတယ်။ ဒီအခြေအနေမှာ ရွှေဟာ တစ်ခြားသော ပိုင်ဆိုင်မှုတွေနဲ့ နှိုင်းယှဉ်ရင် ဆွဲဆောင်မှုလျော့နည်းလာတာက ရွှေဈေးအပေါ် ဖိအားဆက်ရှိနေပါတယ်။
ဈေးကွက်ကတော့ ဗုဒ္ဓဟူးနေ့မှာ ထွက်လာမယ့် အမေရိကန် စားသုံးသူဈေးနှုန်းအညွှန်းကိန်း (CPI) ကို စောင့်ကြည့်နေပါတယ်။ လက်ရှိခန့်မှန်းချက်တွေအရ October အစည်းအဝေးမှာ Fed က အတိုးနှုန်းထပ်မြှင့်နိုင်ခြေ 20% ဝန်းကျင်ရှိပြီး ဒီနှစ်မကုန်ခင် အတိုးနှုန်းတစ်ကြိမ် ထပ်မြှင့်နိုင်မယ်လို့ စျေးကွက်က မျှော်မှန်းထားပါတယ်။ Cleveland Fed ဥက္ကဋ္ဌ Beth Hammack ကတော့ အတိုးနှုန်းကို အနည်းငယ်စီ မကြာခဏပြောင်းလဲခြင်းက ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်ကြောင်း ပြောကြားခဲ့ပေမယ့် October မှာ အတိုးနှုန်းမြှင့်ဖို့ ထောက်ခံကြောင်း အတိအကျ မပြောခဲ့ပါဘူး။
လာမယ့် CPI အညွှန်းကိန်းဟာ ရွှေဈေးရဲ့ ရေတိုလမ်းကြောင်းကို ဆုံးဖြတ်ရာမှာ အရေးပါတဲ့ အချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။ ငွေကြေးဖောင်းပွမှု မျှော်မှန်းထားတာထက် ပိုမြင့်လာရင် Fed အနေနဲ့ အတိုးနှုန်းထပ်မြှင့်ဖို့ အကြောင်းပြချက် ပိုမိုခိုင်မာလာနိုင်ပြီး ရွှေဈေးအပေါ် ဖိအားဖြစ်စေနိုင်ပါတယ်။ အညွှန်းကိန်း အားနည်းလာရင်တော့ အတိုးနှုန်းထပ်မြှင့်နိုင်ခြေလျော့ကျလာနိုင်တာကြောင့် ရင်းနှီးမြှုပ်နှံသူတွေက အရှေ့အလယ်ပိုင်းအခြေအနေနဲ့ CPI အညွှန်းကိန်းကို အနီးကပ်စောင့်ကြည့်နေကြပါတယ်။
"D Prime Your Private Broker"
𝐑𝐢𝐬𝐤 𝐖𝐚𝐫𝐧𝐢𝐧𝐠:
𝐅𝐨𝐫𝐞𝐱 𝐭𝐫𝐚𝐝𝐢𝐧𝐠 𝐢𝐧𝐯𝐨𝐥𝐯𝐞𝐬 𝐡𝐢𝐠𝐡 𝐫𝐢𝐬𝐤 𝐚𝐧𝐝 𝐦𝐚𝐲 𝐫𝐞𝐬𝐮𝐥𝐭 𝐢𝐧 𝐥𝐨𝐬𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐞𝐧𝐭𝐢𝐫𝐞 𝐢𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭. 𝐋𝐞𝐯𝐞𝐫𝐚𝐠𝐞 𝐜𝐚𝐧 𝐚𝐦𝐩𝐥𝐢𝐟𝐲 𝐥𝐨𝐬𝐬𝐞𝐬. 𝐄𝐧𝐬𝐮𝐫𝐞 𝐲𝐨𝐮 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐭𝐡𝐞 𝐫𝐢𝐬𝐤𝐬 𝐛𝐞𝐟𝐨𝐫𝐞 𝐭𝐫𝐚𝐝𝐢𝐧𝐠.
#lowspread #withdraw #localsupport #localpayment #partnership #officialWebsite #mynamarlocaldepositewithdraw #trading #swapfree #DPrimeMyanmar
4 801
+5
🎁 ကိုယ်ကြိုက်တဲ့ လက်ဆောင်တွေကို Reward Points နဲ့ လဲယူနိုင်မယ့် အခွင့်အရေးတစ်ခု D Prime မှာ ရှိနေပြီဆိုတာ သိပြီးကြပြီလား ⁉️
❤️ D Prime ရဲ့ ❝ Rewards Mall ❞ မှာတော့ ဖုန်း၊ Laptop၊ အိမ်သုံးပစ္စည်းတွေနဲ့ Cash Rewards တွေအပါအဝင် လက်ဆောင်မျိုးစုံကို ကိုယ်စုဆောင်းထားတဲ့ Points တွေနဲ့ ရွေးချယ်လဲလှယ်နိုင်ပါတယ် ✨
ဒါဆို ဒီ Points တွေကို ဘယ်လိုရနိုင်မလဲ ⁉️
D Prime မှာ သတ်မှတ်ချက်နဲ့ကိုက်ညီတဲ့ Trade တွေကို ပိတ်သိမ်းပြီးတဲ့အခါ Trading Volume အလိုက် Reward Points စုဆောင်းရရှိနိုင်ပါတယ် ✅
ဥပမာအနေနဲ့ —
🅿️ 1 Standard Lot = 10 Points
🅿️ 10 Standard Lots = 100 Points
ဒီလိုစုဆောင်းရရှိထားတဲ့ Points တွေကို Rewards Mall ထဲမှာ ဝင်ရောက်စစ်ဆေးနိုင်ပြီး ကိုယ်လိုချင်တဲ့လက်ဆောင်အတွက် Points ပြည့်မီတဲ့အခါ လဲလှယ်တောင်းဆိုနိုင်တာပါ 🛍️
( ဒါကြောင့် )
D Prime မှာ Trade လုပ်နေပြီးသား Traders တွေအနေနဲ့လည်း ကိုယ့်မှာ Reward Points ဘယ်လောက်ရှိနေပြီလဲဆိုတာ စစ်ကြည့်ပြီး ဘယ်လိုလက်ဆောင်တွေ လဲယူနိုင်မလဲဆိုတာ ဝင်ရောက်လေ့လာကြည့်လိုက်ပါဦးနော် 😉🤙🏽
📩 Rewards Mall အသုံးပြုပုံ၊ Points စစ်ဆေးပုံနဲ့ လက်ဆောင်လဲလှယ်ပုံတွေကို အသေးစိတ်သိရှိလိုပါက D Prime Myanmar Page Chat Box မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
❝ Your Private Broker — D Prime Myanmar ❞
Terms & Conditions အကျဉ်း
✨ Account နှင့် Instrument အားလုံး Points မရရှိပါ။ CENT၊ PAMM Master / Sub Accounts၊ HK / US Stock CFDs၊ Cryptocurrencies နှင့် XAUUSD724 တို့ မပါဝင်ပါ။
✨ January–June သို့မဟုတ် July–December ကာလအတွင်း အနည်းဆုံး 0.01 Lot ဆိုသည့် Closed Trading Activity သတ်မှတ်ချက် မပြည့်မီပါက နောက်ကာလအစတွင် စုထားသော Points အားလုံး သက်တမ်းကုန်မည်ဖြစ်ပြီး ပြန်လည်ရယူ၍မရပါ။
✨ လက်ဆောင်တစ်ခုချင်းစီ၏ လိုအပ်သော Points၊ ပစ္စည်းရရှိနိုင်မှုနှင့် အတည်ပြုစစ်ဆေးမှုများအပေါ် မူတည်၍ လဲလှယ်နိုင်ပါသည်။ လဲလှယ်မီ လက်ရှိ Program သတ်မှတ်ချက်များကို စစ်ဆေးပါ။
📌 Rewards ရရှိရေးအတွက်သာ Trading ဆုံးဖြတ်ချက်မချသင့်ပါ။ Forex နှင့် CFDs Trading တွင် အရင်းအနှီးဆုံးရှုံးနိုင်ခြေ မြင့်မားပါသည်။
4 801
🏆 Global Trading Stage ပေါ်က စိန်ခေါ်မှုတွေက ဆက်လက်ရှိနေဦးမှာပါ 🤙🏽
DooTrader International Cup ရဲ့ Round 4️⃣ က အဆုံးသတ်ခါနီး ရောက်ရှိလာပြီဖြစ်ပြီး နောက်ထပ်စိန်ခေါ်မှုတွေကို ယူဆောင်လာမယ့် ❝ Round 5️⃣ ❞ ကလည်း မကြာခင် ရောက်ရှိလာတော့မှာပါ 🔥
Round 4️⃣ မှာ မပါဝင်ခဲ့ရသေးတဲ့ Traders တွေအတွက်ပဲဖြစ်ဖြစ်၊ နောက်ထပ် Round မှာ ကိုယ့် Trading Performance ကို ယှဉ်ပြိုင်စမ်းသပ်ချင်တဲ့ Traders တွေအတွက်ပဲဖြစ်ဖြစ် Round 5️⃣ ရဲ့ အစီအစဉ်တွေကို ကြိုတင်လေ့လာထားနိုင်ပါပြီ 🤙🏽
📅 Round 5️⃣ Registration Opens — 14 October 2026
Round 5️⃣ ရဲ့ အသေးစိတ်အစီအစဉ်တွေကိုလည်း D Prime Myanmar မှာ ဆက်လက်မျှဝေပေးသွားမှာမို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော် ❤️
❝ Your Private Broker — D Prime Myanmar ❞
4 801
ရုရှား-ယူကရိန်း အပစ်အခတ်ရပ်စဲရေး သတင်းကြောင့် ရွှေဈေး အနည်းငယ်တက်၊ အရှေ့အလယ်ပိုင်း ပဋိပက္ခက စျေးကွက်ကိုဖိအားပေးနေဆဲ
———————————————————————
October 12၊ 2026
တနင်္လာနေ့မှာ ရွှေဈေး အနည်းငယ်မြင့်တက်လာခဲ့ပါတယ်။ အမေရိကန်သမ္မတ Donald Trump က ရုရှားနဲ့ ယူကရိန်းကြား စွမ်းအင်ဆိုင်ရာအဆောက်အအုံတွေကို တိုက်ခိုက်မှု ရပ်ဆဲရေးဟာ ချက်ချင်းအသက်ဝင်ပြီလို့ ပြောကြားခဲ့တာကြောင့် စွမ်းအင်ထောက်ပံ့မှုတိုးလာမဲ့အပေါ် မျှော်လင့်ချက်တွေ ရှိလာပေမယ့် အရှေ့အလယ်ပိုင်းမှာ တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားနေတာက ငွေကြေးဖောင်းပွမှုအန္တရာယ်ကို ဆက်လက်မြင့်တက်စေပါတယ်။
Spot Gold ဈေးဟာ 0.1% မြင့်တက်ပြီး တစ်အောင်စကို $4,199.72 ရောက်ခဲ့သလို Gold Futures ကလည်း 0.2% မြင့်တက်ပြီး $4,223.42 အထိ ရောက်ခဲ့ပါတယ်။ အမေရိကန်ဒေါ်လာအညွှန်းကိန်းက 0.04% ကျဆင်းပြီး 102.17 ရှိခဲ့သလို Brent ရေနံဈေးလည်း 1.2% ကျဆင်းခဲ့ပါတယ်။ ရွှေဈေးဟာ ပြီးခဲ့တဲ့အပတ်အတွင်း 1.3% မြင့်တက်ထားပါတယ်။
Trump ရဲ့ ပြောကြားချက်အရ ရုရှားနဲ့ ယူကရိန်းကြား စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်ခဲ့ပြီး ရုရှားက ဒီဇယ်ကို ကမ္ဘာ့ဈေးကွက်ထဲ ပြန်လည်တင်ပို့ပေးဖို့ သဘောတူထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အရှေ့အလယ်ပိုင်းမှာတော့ တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး Saudi Arabia ရဲ့ Riyadh မြို့ရှိ King Khalid အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ Houthi အဖွဲ့ရဲ့ တိုက်ခိုက်မှုနဲ့ ထပ်မံကြုံတွေ့ခဲ့ရပါတယ်။ အဲဒီမတိုင်ခင် စနေနေ့ကလည်း လေဆိပ်ကို တိုက်ခိုက်မှုကြောင့် လူ 12 ဦး သေဆုံးပြီး 300 ကျော် ဒဏ်ရာရခဲ့ပါတယ်။
စွမ်းအင်ဈေးတွေ မြင့်တက်လာနိုင်ခြေက ငွေကြေးဖောင်းပွမှုကို ပိုမိုအားကောင်းစေပြီး ဗဟိုဘဏ်တွေအတွက် အတိုးနှုန်းထပ်မြှင့်ဖို့ ဖိအားဖြစ်စေနိုင်ပါတယ်။ ရွှေအတွက်တော့ အတိုးနှုန်းမြင့်တက်လာခြင်းက အားနည်းချက်တစ်ခုဖြစ်နေပြီး အမေရိကန်-အီရန်စစ်ပွဲ စတင်ခဲ့တဲ့ February လနှောင်းပိုင်းနောက်ပိုင်း ရွှေဈေးဟာ တန်ဖိုး 20% ခန့် ကျဆင်းထားပါတယ်။
တစ်ဖက်မှာ ရွှေဈေးကို ဗဟိုဘဏ်တွေရဲ့ ဝယ်ယူမှုနဲ့ ရင်းနှီးမြှုပ်နှံမှုဝယ်လိုအားက အထောက်အပံ့ပေးနေပါတယ်။ ANZ ရဲ့ သုံးသပ်ချက်အရ ရွှေကျောထောက်နောက်ခံပြု ETF တွေထဲ ဝင်ရောက်တဲ့ ငွေကြေးပမာဏဟာ 4 နှစ်အတွင်း အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပြီး တရုတ်ဗဟိုဘဏ်ကလည်း September အတွင်း ရွှေ 740,000 အောင်စ ထပ်မံဝယ်ယူခဲ့တာကြောင့် 23 လဆက်တိုက် အရန်ရွှေတိုးမြှင့်မှု ဖြစ်လာပါတယ်။ ဒါပေမယ့် ငွေကြေးဖောင်းပွမှု ဆက်မြင့်နေပြီး Fed က အတိုးနှုန်းထပ်မြှင့်လာမယ်ဆိုရင် ရွှေဈေးပြန်လည်မြင့်တက်မှုနဲ့ ပတ်သတ်ပြီး အကန့်အသတ်ရှိနိုင်တာကြောင့် ရင်းနှီးမြှုပ်နှံသူတွေက စွမ်းအင်ဈေးနဲ့ အတိုးနှုန်းလမ်းကြောင်းကို ဆက်လက်စောင့်ကြည့်နေကြပါတယ်။
"D Prime Your Private Broker"
𝐑𝐢𝐬𝐤 𝐖𝐚𝐫𝐧𝐢𝐧𝐠:
𝐅𝐨𝐫𝐞𝐱 𝐭𝐫𝐚𝐝𝐢𝐧𝐠 𝐢𝐧𝐯𝐨𝐥𝐯𝐞𝐬 𝐡𝐢𝐠𝐡 𝐫𝐢𝐬𝐤 𝐚𝐧𝐝 𝐦𝐚𝐲 𝐫𝐞𝐬𝐮𝐥𝐭 𝐢𝐧 𝐥𝐨𝐬𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐞𝐧𝐭𝐢𝐫𝐞 𝐢𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭. 𝐋𝐞𝐯𝐞𝐫𝐚𝐠𝐞 𝐜𝐚𝐧 𝐚𝐦𝐩𝐥𝐢𝐟𝐲 𝐥𝐨𝐬𝐬𝐞𝐬. 𝐄𝐧𝐬𝐮𝐫𝐞 𝐲𝐨𝐮 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐭𝐡𝐞 𝐫𝐢𝐬𝐤𝐬 𝐛𝐞𝐟𝐨𝐫𝐞 𝐭𝐫𝐚𝐝𝐢𝐧𝐠.
#lowspread #withdraw #localsupport #localpayment #partnership #officialWebsite #mynamarlocaldepositewithdraw #trading #swapfree #DPrimeMyanmar
4 801
📉 ❝ Trading in the Zen ❞ with Japanese Millionaire Trader KEI 🎌
Special Knowledge Sharing Live Session Record Part 3️⃣
Trading မှာ Strategy ကောင်းတစ်ခုရှိရုံနဲ့ လုံလောက်ပြီလား ⁉️
ဒါမှမဟုတ် ရေရှည်တည်တံ့တဲ့ Trader တစ်ယောက်ဖြစ်လာဖို့ Mindset, Discipline, Risk Management နဲ့ Emotional Control တွေက ပိုအရေးကြီးတာလား ⁉️
📑 ဒီမေးခွန်းတွေကို Japanese Millionaire Trader ဆရာ Kei ရဲ့ ကိုယ်ပိုင် Trading Experience နဲ့ Japanese Zen Philosophy တို့ကနေတစ်ဆင့် ဆွေးနွေးမျှဝေပေးထားတာဖြစ်လို့
Live Session ကိုမမှီလိုက်သူများအတွက် Record လေးကိုပြန်ကြည့်ရင်းဖြင့် အကြံညဏ်ကောင်းများ ရယူနိုင်ပါတယ် ✨
❝ Your Private Broker — D Prime Myanmar ❞
4 801
📉 ❝ Trading in the Zen ❞ with Japanese Millionaire Trader KEI 🎌
Special Knowledge Sharing Live Session Record Part 2️⃣
Trading မှာ Strategy ကောင်းတစ်ခုရှိရုံနဲ့ လုံလောက်ပြီလား ⁉️
ဒါမှမဟုတ် ရေရှည်တည်တံ့တဲ့ Trader တစ်ယောက်ဖြစ်လာဖို့ Mindset, Discipline, Risk Management နဲ့ Emotional Control တွေက ပိုအရေးကြီးတာလား ⁉️
📑 ဒီမေးခွန်းတွေကို Japanese Millionaire Trader ဆရာ Kei ရဲ့ ကိုယ်ပိုင် Trading Experience နဲ့ Japanese Zen Philosophy တို့ကနေတစ်ဆင့် ဆွေးနွေးမျှဝေပေးထားတာဖြစ်လို့
Live Session ကိုမမှီလိုက်သူများအတွက် Record လေးကိုပြန်ကြည့်ရင်းဖြင့် အကြံညဏ်ကောင်းများ ရယူနိုင်ပါတယ် ✨
❝ Your Private Broker — D Prime Myanmar ❞
4 801
📉 ❝ Trading in the Zen ❞ with Japanese Millionaire Trader KEI 🎌
Special Knowledge Sharing Live Session Record Part 1️⃣
Trading မှာ Strategy ကောင်းတစ်ခုရှိရုံနဲ့ လုံလောက်ပြီလား ⁉️
ဒါမှမဟုတ် ရေရှည်တည်တံ့တဲ့ Trader တစ်ယောက်ဖြစ်လာဖို့ Mindset, Discipline, Risk Management နဲ့ Emotional Control တွေက ပိုအရေးကြီးတာလား ⁉️
📑 ဒီမေးခွန်းတွေကို Japanese Millionaire Trader ဆရာ Kei ရဲ့ ကိုယ်ပိုင် Trading Experience နဲ့ Japanese Zen Philosophy တို့ကနေတစ်ဆင့် ဆွေးနွေးမျှဝေပေးထားတာဖြစ်လို့
Live Session ကိုမမှီလိုက်သူများအတွက် Record လေးကိုပြန်ကြည့်ရင်းဖြင့် အကြံညဏ်ကောင်းများ ရယူနိုင်ပါတယ် ✨
❝ Your Private Broker — D Prime Myanmar ❞
4 801
ဒေါ်လာတန်ဖိုးနဲ့ Treasury yield ကျဆင်းမှုကြောင့် ရွှေဈေး ပြန်တက်လာ၊ ရေနံဈေးမြင့်တက်မှုက စျေးကွက်ကို ဆက်လက်ဖိအားပေးနေဆဲရှိ———————————————————————
October 9၊ 2026
သောကြာနေ့ အာရှဈေးကွက်မှာ ရွှေဈေး ပြန်လည်မြင့်တက်လာတာကို တွေ့ရပါတယ်။ အမေရိကန်ဒေါ်လာတန်ဖိုး အားပျော့လာတာနဲ့ Treasury yield ကျဆင်းလာတာတွေက ရွှေဝယ်လိုအားကို အထောက်အပံ့ပေးခဲ့ပေမယ့် ရေနံဈေးမြင့်တက်မှုကြောင့် ငွေကြေးဖောင်းပွမှု ဆက်လက်မြင့်မားနိုင်ခြေကတော့ စျေးကွက်အပေါ် ဖိအားပေးနေဆဲဖြစ်ပါတယ်။
Spot Gold ဈေးဟာ 1.1% မြင့်တက်ပြီး တစ်အောင်စကို $4,177.83 အထိ ရောက်ခဲ့သလို Gold Futures ကလည်း 1.1% မြင့်တက်ပြီး $4,203.40 အထိ ရောက်ခဲ့ပါတယ်။ အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်နေမှု ခေတ္တရပ်တန့်သွားသလို 10-year Treasury yield ကလည်း 2 ရက်ဆက်တိုက် ကျဆင်းခဲ့တာကြောင့် နိုင်ငံခြား ငွေကြေးကိုင်ဆောင်သူတွေအတွက် ရွှေဝယ်ယူရတာ ပိုမိုစျေးသက်သာလာခဲ့ပါတယ်။
ဒါပေမယ့် စွမ်းအင်ထောက်ပံ့မှု အဟန့်အတားတွေကြောင့် ရေနံဈေးမြင့်တက်လာတာက ငွေကြေးဖောင်းပွမှုအပေါ် စိုးရိမ်မှုကို ပိုမိုမြင့်တက်စေပါတယ်။ St. Louis Federal Reserve ဥက္ကဋ္ဌ Alberto Musalem က ငွေကြေးဖောင်းပွမှုကို Fed ရဲ့ 2% ရည်မှန်းချက်အနီး ပြန်ရောက်စေဖို့ အတိုးနှုန်း ထပ်မံမြှင့်တင်ဖို့ လိုအပ်နိုင်ပြီး လာမယ့် 6 လမှ 9 လအတွင်း အတိုးနှုန်း မြှင့်တင်လာနိုင်ဖွယ်ရှိကြောင်း ပြောပါတယ်။
လက်ရှိ စျေးကွက်ခန့်မှန်းချက်အရ October 27–28 Fed အစည်းအဝေးမှာ အတိုးနှုန်းမြှင့်တင်နိုင်ခြေက 18% ဝန်းကျင်ရှိပြီး December မှာ မြှင့်တင်နိုင်ခြေက 82% အထိ ရှိနေပါတယ်။ အတိုးနှုန်းမြင့်တက်လာတာက ရွှေဝယ်ယူ ကိုင်ဆောင်ထား ရတဲ့ ကုန်ကျစရိတ်ကို မြင့်တက်စေတာကြောင့် ရွှေဈေးအပေါ် ဖိအားဖြစ်စေနိုင်ပါတယ်။ တစ်ချိန်တည်းမှာ Brent ရေနံဈေးကလည်း အရှေ့အလယ်ပိုင်း ပြဿနာတွေကြောင့် တစ်စည်ကို $104 ကျော်အထိ မြင့်တက်လာခဲ့ပါတယ်။
အခြားတစ်ဖက်မှာ ဗဟိုဘဏ်တွေရဲ့ ရွှေဝယ်ယူမှု ဆက်လက်အားကောင်းနေခြင်းနဲ့ အစိုးရကြွေးမြီမြင့်မားမှုအပေါ် စိုးရိမ်မှုတွေက ရွှေဈေးကို ဆက်လက်အထောက်အပံ့ပေးနိုင်ပါတယ်။ အထူးသဖြင့် တရုတ်ဗဟိုဘဏ်က အရန်ရွှေတွေ ထပ်မံတိုးမြှင့်ဝယ်ယူလာနိုင်ခြေကို စျေးကွက်က စောင့်ကြည့်နေပါတယ်။ အခြားတန်ဖိုးကြီးသတ္တုစျေးကွက်မှာ Silver ဈေး 1.7% မြင့်တက်ပြီး တစ်အောင်စကို $60.19 ရောက်ခဲ့သလို Platinum ဈေးလည်း 2.1% မြင့်တက်ကာ $1,678.15 အထိ ရောက်ရှိခဲ့ပါတယ်။
"D Prime Your Private Broker"
𝐑𝐢𝐬𝐤 𝐖𝐚𝐫𝐧𝐢𝐧𝐠:
𝐅𝐨𝐫𝐞𝐱 𝐭𝐫𝐚𝐝𝐢𝐧𝐠 𝐢𝐧𝐯𝐨𝐥𝐯𝐞𝐬 𝐡𝐢𝐠𝐡 𝐫𝐢𝐬𝐤 𝐚𝐧𝐝 𝐦𝐚𝐲 𝐫𝐞𝐬𝐮𝐥𝐭 𝐢𝐧 𝐥𝐨𝐬𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐞𝐧𝐭𝐢𝐫𝐞 𝐢𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭. 𝐋𝐞𝐯𝐞𝐫𝐚𝐠𝐞 𝐜𝐚𝐧 𝐚𝐦𝐩𝐥𝐢𝐟𝐲 𝐥𝐨𝐬𝐬𝐞𝐬. 𝐄𝐧𝐬𝐮𝐫𝐞 𝐲𝐨𝐮 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐭𝐡𝐞 𝐫𝐢𝐬𝐤𝐬 𝐛𝐞𝐟𝐨𝐫𝐞 𝐭𝐫𝐚𝐝𝐢𝐧𝐠.
#lowspread #withdraw #localsupport #localpayment #partnership #officialWebsite #mynamarlocaldepositewithdraw #trading #swapfree #DPrimeMyanmar
4 801
🇲🇲🏆 So Proud of Our Myanmar Traders! 💙
Doo ရဲ့ Global Trading Competition မှာ Myanmar Traders တွေကို Top 10 ကနေ Top 100 Rankings အတွင်း မြင်တွေ့နေရပါပြီရှင့်! 🔥📈
Myanmar Traders တွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ စွမ်းဆောင်ရည်တွေကို မြင်ရတာ တကယ်ကို ဂုဏ်ယူမိပါတယ်။
Keep pushing, keep growing, and keep shining! ✨
So proud of our Doo Traders! 💙🇲🇲
4 801
Hormuz ရေလက်ကြားတင်းမာမှုနဲ့ Fed အတိုးနှုန်းမျှော်မှန်းချက်ကြောင့် ရွှေဈေး အနည်းငယ်ပြန်တက်
——————————————————————
October 8၊ 2026
ကြာသပတေးနေ့မှာ ရွှေဈေး အနည်းငယ်ပြန်တက်လာခဲ့ပေမယ့် အရင်နေ့က 2လ အတွင်း အနိမ့်ဆုံးအဆင့်အထိ ကျဆင်းထားတာကြောင့် ဈေးကွက်အတွင်း ဖိအားက ဆက်ရှိနေပါတယ်။ Hormuz ရေလက်ကြားအနီး တင်းမာမှုတွေ ပြန်မြင့်တက်လာတာက ငွေကြေးဖောင်းပွမှုအန္တရာယ်ကို မြင့်တက်စေပြီး Federal Reserve အနေနဲ့ ဒီနှစ်အတွင်း အတိုးနှုန်းထပ်မြှင့်နိုင်ခြေကိုလည်း ပိုမိုအားကောင်းစေပါတယ်။
Spot Gold ဈေးက 0.3% မြင့်တက်ပြီး တစ်အောင်စကို $4,123.76 အထိ ရောက်ခဲ့သလို Gold Futures ကလည်း 0.2% မြင့်တက်ပြီး $4,148.30 အထိ ရောက်ခဲ့ပါတယ်။ အီရန်က Hormuz ရေလက်ကြားကို ဖြတ်သန်းသွားလာတဲ့ ရေနံတင်သင်္ဘောတွေကို တိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာတာကြောင့် ကမ္ဘာ့စွမ်းအင်ထောက်ပံ့ရေးအတွက် အရေးကြီးတဲ့ ဒီလမ်းကြောင်းရဲ့ လုံခြုံရေးအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။
အရှေ့အလယ်ပိုင်းက ရေနံတင်ပို့မှုတွေဟာ September လအတွင်း စစ်ပွဲမဖြစ်မီအဆင့်ကို ခဏတာ ပြန်ရောက်ခဲ့ပေမယ့် Hormuz နဲ့ အနီးရှိ Bab el-Mandeb ရေလက်ကြားတွေမှာ ဖြစ်ပေါ်နေတဲ့ အန္တရာယ်တွေကြောင့် သင်ေ္ဘာသယ်ယူပို့ဆောင်စားရိတ်တွေက စံချိန်တင်မြင့်တက်နေပါတယ်။ အမေရိကန် Gulf Coast အနီးမှာလည်း မုန်တိုင်းပြင်းထန်နေပြီး Wednesday အထိ ရေနံထုတ်လုပ်မှုရဲ့ 25% ကျော်နဲ့ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုရဲ့ 16% ကျော်ကို ယာယီရပ်ထားရတာကြောင့် စွမ်းအင်ထောက်ပံ့မှုအပေါ် ဖိအား ထပ်မံမြင့်တက်လာပါတယ်။
တစ်ဖက်မှာ Federal Reserve ရဲ့ September အစည်းအဝေးမှတ်တမ်းက အတိုးနှုန်းထပ်မြှင့်နိုင်ခြေကို ပိုမိုခိုင်မာစေခဲ့ပါတယ်။ Fed အဖွဲ့ဝင် 19 ဦးစလုံးက September အတိုးနှုန်းမြှင့်တင်မှုကို ထောက်ခံခဲ့ပြီး အများစုက ဒီနှစ်မကုန်ခင် အတိုးနှုန်းထပ်မြှင့်ဖို့ သင့်တော်မယ်လို့ ယူဆထားပါတယ်။ ဒါပေမယ့် October အစည်းအဝေးမှာ အတိုးနှုန်းချက်ချင်းမြှင့်ဖို့ အရေးတကြီးလိုအပ်မှု မရှိသေးတာကြောင့် စျေးကွက်က October အတိုးနှုန်းမြှင့်နိုင်ခြေကို 20% ဝန်းကျင်သာ ခန့်မှန်းနေပြီး December မှာ မြှင့်နိုင်ခြေကိုတော့ 80% ဝန်းကျင်အထိ မျှော်မှန်းနေပါတယ်။
အတိုးနှုန်းမြင့်တက်လာနိုင်ခြေနဲ့ ဒေါ်လာတန်ဖိုးအားကောင်းလာတာက ရွှေစျေးကို ဖိအားပေးနေဆဲဖြစ်ပေမယ့် ဗဟိုဘဏ်တွေရဲ့ ရွှေဝယ်ယူမှုက အထောက်အပံ့ပေးနေပါတယ်။ အထူးသဖြင့် တရုတ်ဗဟိုဘဏ်က September အတွင်း ရွှေအရန် 740,000 အောင်စ ထပ်မံတိုးမြှင့်ဝယ်ယူခဲ့ပြီး 23 လဆက်တိုက် ရွှေဝယ်ယူထားတာကြောင့် ရွှေဈေးကျဆင်းမှုကို အတိုင်းအတာတစ်ခုအထိ ထိန်းပေးနေပါတယ်။
"D Prime Your Private Broker"
𝐑𝐢𝐬𝐤 𝐖𝐚𝐫𝐧𝐢𝐧𝐠:
𝐅𝐨𝐫𝐞𝐱 𝐭𝐫𝐚𝐝𝐢𝐧𝐠 𝐢𝐧𝐯𝐨𝐥𝐯𝐞𝐬 𝐡𝐢𝐠𝐡 𝐫𝐢𝐬𝐤 𝐚𝐧𝐝 𝐦𝐚𝐲 𝐫𝐞𝐬𝐮𝐥𝐭 𝐢𝐧 𝐥𝐨𝐬𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐞𝐧𝐭𝐢𝐫𝐞 𝐢𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭. 𝐋𝐞𝐯𝐞𝐫𝐚𝐠𝐞 𝐜𝐚𝐧 𝐚𝐦𝐩𝐥𝐢𝐟𝐲 𝐥𝐨𝐬𝐬𝐞𝐬. 𝐄𝐧𝐬𝐮𝐫𝐞 𝐲𝐨𝐮 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐭𝐡𝐞 𝐫𝐢𝐬𝐤𝐬 𝐛𝐞𝐟𝐨𝐫𝐞 𝐭𝐫𝐚𝐝𝐢𝐧𝐠.
#lowspread #withdraw #localsupport #localpayment #partnership #officialWebsite #mynamarlocaldepositewithdraw #trading #swapfree #DPrimeMyanmar
4 801
📚 Trading Knowledge တွေ ပိုလေ့လာလေလေ ဆုံးဖြတ်ချက်ချဖို့ ပိုခက်လာလေလေ ဖြစ်နေပြီလား ❓
🧠 Analysis တစ်ခုကြည့်လိုက် Buy ချင်၊ နောက်တစ်ခုကြည့်လိုက် Sell ချင်နဲ့ ကိုယ့် Trading Plan ကိုယ်တောင် မသေချာတော့တဲ့ အခြေအနေမျိုး ကြုံဖူးလား
🎥 ကိုယ်လေ့လာနေတာတွေက Trading အတွက် အထောက်အကူဖြစ်နေလား၊ ပိုရှုပ်ထွေးစေနေလားဆိုတာ ❝ Information Overload ❞ အကြောင်း ဒီ Video လေးကြည့်ရင်း ပြန်ဆန်းစစ်ကြည့်လိုက်ပါ
❝ Your Private Broker _ D Prime Myanmar ❞
4 801
🏆 ROUND 4 IS ON!
Trade လုပ်နေရင်း… Global Leaderboard ကိုပါ စိန်ခေါ်မလား? 🌍🔥
#DooTrader International Cup Round 4 စတင်ပါပြီ။
ဒီ Competition က
သီးသန့်ပြိုင်ပွဲအတွက် Trade သွားလုပ်ရတာ မဟုတ်ပါဘူး။
D Prime မှာ Trade ပြုလုပ်နေတဲ့ Eligible Traders တွေက
မိမိ Competition Account ကို Register လုပ်ပြီး
ကိုယ့် Strategy နဲ့ ပုံမှန် Trade လုပ်နေရင်း Global Leaderboard ကို တစ်ခါတည်း စိန်ခေါ်နိုင်ပါတယ်။
Trade ကတော့ ကိုယ်လုပ်နေကျ Trade။
ဒီတစ်ခေါက်တော့ Ranking နဲ့ Reward ပါ တွဲလာမယ်။ 🔥
🌱 Rising Star
MT Equity USD 200 ကနေ ပါဝင်နိုင်ပြီး
သတ်မှတ်ထားတဲ့ Trading Requirements ပြည့်မီကာ
Leaderboard Top 10 ဝင်နိုင်ရင်
💰 USD 300 – USD 3,000 Cash Prize
🌊 Wave Rider
MT Equity USD 7,000 ကနေ ပါဝင်နိုင်ပြီး
🥇 Top Prize USD 14,800 အထိ စိန်ခေါ်နိုင်ပါတယ်။
ဒါနဲ့တင် မပြီးသေးပါဘူး။
🏝️ Round တစ်ခုချင်းစီမှာ Scores စုဆောင်းပြီး Island Grand Final ဆီ တက်လှမ်းနိုင်မယ့် အခွင့်အရေးလည်းရှိပါတယ်။
🇲🇲 Myanmar Traders အတွက်တော့ Reward က ထပ်ရှိသေးတယ်!
D Prime Myanmar က Round 4 Myanmar Special Rewards ကို ထပ်မံပေးအပ်သွားမှာပါ။
🌊 Wave Rider – Myanmar Special Rewards
🥇 Top 1 — 3,000,000 ကျပ်
🥈 Top 2 — 2,000,000 ကျပ်
🥉 Top 3 — 1,000,000 ကျပ်
🌱 Rising Star – Myanmar Special Rewards
🥇 Top 1 — 1,500,000 ကျပ်
🥈 Top 2 — 1,000,000 ကျပ်
🥉 Top 3 — 500,000 ကျပ်
ကိုယ်လုပ်နေကျ Trade ကို ဒီတစ်ခေါက် ပိုအဓိပ္ပါယ်ရှိအောင်လုပ်လိုက်ပါ။
Trade လုပ်ရင်း
🔥 Global Ranking ကို စိန်ခေါ်
🔥 Cash Prize ကို ရယူနိုင်မယ့်အခွင့်အရေးယူ
🔥 Scores စု
🔥 Myanmar Special Reward ကို ထပ်စိန်ခေါ်
Global Prize ကိုလည်း စိန်ခေါ်။
Myanmar Reward ကိုလည်း ထပ်ယူ။
ဒီ Round မှာ Global Leaderboard ပေါ်ရောက်မယ့်
Myanmar Trader က မင်းဖြစ်မလား? 🇲🇲🔥
ROUND 4 | TRADE. RANK. RISE.
Join now with D Prime Myanmar.
Eligibility and Terms & Conditions apply. Trading involves risk.
#DPrimeMyanmar
#TradingKnowledge
#RiskManagement
#Competition
https://youtu.be/Oa0qrhDLY1o?si=UdB3pvbN5Ney1eFc
4 801
🎯 Trading မှာ တိုးတက်ချင်တယ်ဆိုပေမယ့် ကိုယ်လုပ်ရမယ့်အရာတွေကို တကယ် Focus ထားပြီး လုပ်ဆောင်နေပြီလား ❓
🧠 အာရုံစိုက်မယ်လို့ တွေးထားရုံနဲ့မပြီးဘဲ ကိုယ်လုပ်ရမယ့်အရာကို ပိုကောင်းလာအောင် ထပ်ကာထပ်ကာ လုပ်ဆောင်နိုင်ဖို့က အရေးကြီးပါတယ်
🎥 အကြောင်းပြချက်တွေထက် လက်တွေ့လုပ်ဆောင်မှုကို ဦးစားပေးပြီး ကိုယ့် Trading မှာ Focus ဘယ်လိုထားသင့်လဲဆိုတာ ဒီ Video လေးမှာ လေ့လာကြည့်လိုက်ပါ
❝ Your Private Broker _ D Prime Myanmar ❞
4 801
အစိုးရကြွေးမြီနဲ့ ပထဝီနိုင်ငံရေးပြဿနာတွေကြောင့် ရွှေဟာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ အကြိုက် ဖြစ်နေဆဲဟု သိရ
——————————————————————
October 6 ၊ 2026
အမေရိကန် Treasury yield တွေ ဆယ်စုနှစ်များအတွင်း အမြင့်ဆုံးအဆင့်တွေကို ရောက်ရှိလာပေမယ့် အစိုးရကြွေးမြီမြင့်တက်လာမှုနဲ့ ပထဝီနိုင်ငံရေးအခြေအနေမတည်ငြိမ်မှုတွေကြောင့် ရွှေဟာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ အကြိုက်ဖြစ်နေဆဲ ဖြစ်ယ်လို့ ဗဟိုဘဏ်အကြီးအကဲ 2 ဦးက ပြောကြားခဲ့ပါတယ်။ ယခုလ်ို စျေးကွက်ရဲ့ အန္တရာယ်များတဲ့ အခြေအနေတွေမှာ ရွှေကို Safe haven assets အဖြစ် ရင်းနှီးမြှုပ်နှံသူတွေက ဆက်လက်အသုံးပြုနေကြတာ ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် Treasury yield မြင့်တက်လာရင် ရွှေဝယ်ယူ ရင်းနှီးမြှုပ်နှံရတဲ့ အခွင့်အလမ်းကုန်ကျစရိတ် မြင့်တက်တာကြောင့် ရွှေဈေးအပေါ် ဖိအားဖြစ်စေပါတယ်။ ဒါပေမယ့် ဒီနှစ်မှာ အမေရိကန် Treasury yield တွေ ဆယ်စုနှစ်များအတွင်း အမြင့်ဆုံးအဆင့်ကို ရောက်လာပြီး ရွှေဈေးက 4% ခန့် ကျဆင်းထားပေမယ့် ဗဟိုဘဏ်တွေရဲ့ ရွှေဝယ်ယူမှုနဲ့ Safe haven ဝယ်လိုအားကြောင့် ရွှေစျေးဟာ $4,000 အထက်မှာ ဆက်လက်တည်ရှိနေပါတယ်။
Bank of Italy ဒုတိယဥက္ကဋ္ဌ Sergio Nicoletti Altimari ကတော့ ရွှေဟာ အကျပ်အတည်းအမျိုးမျိုးအတွင်း ယုံကြည်ရတဲ့ ပိုင်ဆိုင်မှုဖြစ်ပြီး ပထဝီနိုင်ငံရေးအန္တရာယ် မြင့်မားနေတဲ့ လက်ရှိအခြေအနေမှာ ရွှေရဲ့ အခန်းကဏ္ဍက ပိုမိုအရေးကြီးလာတယ်လို့ ပြောပါတယ်။
Bundesbank ဥက္ကဋ္ဌ Joachim Nagel ကလည်း yield မြင့်တက်လာတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေအတွက် ငွေချေးစာချုပ်တွေ ပိုမိုဆွဲဆောင်မှုရှိလာပေမယ့် ပထဝီနိုင်ငံရေးတင်းမာမှုနဲ့ အစိုးရကြွေးမြီမြင့်မားမှုကြောင့် ရွှေစျေးကွက်ထဲကို ရင်းနှီးမြှုပ်နှံထားဖို့ အရေးပါနေဆဲလို့ ဆိုပါတယ်။
တစ်ဖက်မှာ Metals Focus ရဲ့ June ခန့်မှန်းချက်အရ 2026 ခုနှစ်မှာ ဗဟိုဘဏ်တွေရဲ့ ရွှေဝယ်ယူမှုဟာ ယခင်နှစ်ထက် 15% ကျဆင်းပြီး တန်ချိန် 720 ဝန်းကျင် ရှိနိုင်ပေမယ့် 2022 မတိုင်ခင်အဆင့်ထက် မြင့်မားနေဆဲ ဖြစ်ပါတယ်။ Altimari ရဲ့အဆိုအရ 2022 နောက်ပိုင်း ရွှေဈေးကွက်မှာ အနည်းငယ် ပြောင်းလဲမှုတစ်ရပ် ဖြစ်ပေါ်လာပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဗဟိုဘဏ်တွေရဲ့ ရွှေဝယ်ယူမှုနဲ့ အစိုးရကြွေးမြီမြင့်မားမှုအပေါ် စိုးရိမ်ချက်တွေက ရွှေဈေးအပေါ် သက်ရောက်မှုကြီးစေခဲ့ပါတယ်။
တရုတ်နိုင်ငံလို ကမ္ဘာ့အဓိက ရွှေဝယ်ယူသူ ဈေးကွက်မှာလည်း ရွှေဈေးကွက်ကို ရင်းနှီးမြှုပ်နှံမှုအတွက် ဝယ်လိုအားနဲ့ အဖွဲ့အစည်းကြီးတွေရဲ့ ဝယ်ယူမှုတွေက ပိုမိုမောင်းနှင်လာနေပါတယ်။ Shanghai Gold Exchange ဒုတိယဥက္ကဋ္ဌ Zeng Hui ရဲ့အဆိုအရ 2025 ခုနှစ်မှာ တရုတ်နိုင်ငံအတွင်း ရွှေတုံးနဲ့ ရွှေဒင်္ဂါးပြား ဝယ်ယူမှုဟာ လက်ဝတ်ရတနာအတွက် ရွှေဝယ်ယူမှုထက် ပထမဆုံးအကြိမ် ကျော်လွန်ခဲ့ပါတယ်။ ဒါကြောင့် ဗဟိုဘဏ်ဝယ်လိုအားနဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ Safe haven ဝယ်လိုအားက ရွှေဈေးကို ဆက်လက်အထောက်အပံ့ပေးနိုင်မယ့် အဓိကအချက်တွေ ဖြစ်လာနေပါတယ်။
"D Prime Your Private Broker"
𝐑𝐢𝐬𝐤 𝐖𝐚𝐫𝐧𝐢𝐧𝐠:
𝐅𝐨𝐫𝐞𝐱 𝐭𝐫𝐚𝐝𝐢𝐧𝐠 𝐢𝐧𝐯𝐨𝐥𝐯𝐞𝐬 𝐡𝐢𝐠𝐡 𝐫𝐢𝐬𝐤 𝐚𝐧𝐝 𝐦𝐚𝐲 𝐫𝐞𝐬𝐮𝐥𝐭 𝐢𝐧 𝐥𝐨𝐬𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐞𝐧𝐭𝐢𝐫𝐞 𝐢𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭. 𝐋𝐞𝐯𝐞𝐫𝐚𝐠𝐞 𝐜𝐚𝐧 𝐚𝐦𝐩𝐥𝐢𝐟𝐲 𝐥𝐨𝐬𝐬𝐞𝐬. 𝐄𝐧𝐬𝐮𝐫𝐞 𝐲𝐨𝐮 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐭𝐡𝐞 𝐫𝐢𝐬𝐤𝐬 𝐛𝐞𝐟𝐨𝐫𝐞 𝐭𝐫𝐚𝐝𝐢𝐧𝐠.
#lowspread #withdraw #localsupport #localpayment #partnership #officialWebsite #mynamarlocaldepositewithdraw #trading #swapfree #DPrimeMyanmar
4 801
📅 Market ပြန်ဖွင့်တဲ့ Monday မှာ Trade ဝင်ဖို့ စိတ်အားထက်သန်နေပြီလား ? ၊ Trader တချို့ကတော့ ဘာကြောင့် ဒီနေ့ကို ရှောင်ကြတာလဲ ❓
📊 Market Direction မရှင်းသေးတဲ့အချိန်မှာ Trade အလောတကြီးဝင်မယ့်အစား Monday ကို ❝ Setup Day ❞ အဖြစ် အသုံးချဖို့ စဉ်းစားကြည့်ဖူးလား
🎥 Momentum နည်းတာ၊ Fake Breakout ဖြစ်တာတွေကနေ ကိုယ့် Mindset အထိ Monday Trading မှာ သတိထားသင့်တဲ့အချက်တွေကို ဒီ Video လေးမှာ လေ့လာကြည့်လိုက်ပါ
❝ Your Private Broker _ D Prime Myanmar ❞
