EHS Myanmar
Відкрити в Telegram
This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.
Показати більше934
Підписники
Немає даних24 години
+47 днів
+730 день
Архів дописів
934
"Tackling Plastic Waste: Introduction to Circular Economy" Webinar
—------------------------------------------------------------------------
EHS Myanmar - 13/04/2024
EHS Myanmar မှ လစဉ်ကျင်းပပြုလုပ်ပေးနေတဲ့ knowledge sharing အစီအစဉ်လေး ပြန်လာပါပြီ။ ဒီလအတွက် ပြုလုပ်ပေးမှာကတော့ ဧပြီလ ၂၂ ရက်နေ့မှာ ကျရောက်တဲ့ International Mother Earth Day ကို ဂုဏ်ပြုဆင်နွှဲသော အနေဖြင့် Webinar ကို EHS Myanmar မှ Host အဖြစ် ကျင်းပပေးသွားမှာပဲ ဖြစ်ပါတယ်။
Speaker အနေနဲ့ကတော့ EHS Myanmar မှာ Climate Change နဲ့ပတ်သက််ပြီးလုပ်ဆောင်နေတဲ့ EHS Myanmar ရဲ့ Project Associate “မယွန်းန္ဒာခိုင်” ပဲဖြစ်ပါတယ်။ မယွန်းန္ဒာခိုင်ဟာဆိုရင်ဖြင့် 2023 JENESYS Alumnus တစ်ဦးလည်းဖြစ်သလို Climate Change, Plastics Pollution စတဲ့ အကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး training ပေးနေသူတစ်ယောက်လဲဖြစ်ပါတယ်။
ဒီ Webinar မှာတော့ လူတစ်ဉီးတစ်ယောက်ချင်းစီအတွက် Circular Economy နဲ့ပတ်သတ်ပြီး ပလတ်စတစ်တွေကိုပြန်လည်အသုံးပြုပုံနှင့် အမှိုက်ကင်းစင် သောနေထိုင်မှုပုံစံများနှင့် ပတ်သတ်ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးသွားမှာ ပဲဖြစ်ပါတယ်။ အခု Webinar ကို စိတ်ဝင်စားလို့ စာရင်းပေးချင်တယ်ဆိုရင်တော့ အောက်ကလင့်လေးမှာ မြန်မြန်ပဲ စာရင်းပေးလိုက်တော့နော်။
Registration Link>>>>>>>>>>>>
https://docs.google.com/forms/d/e/1FAIpQLScM0l1Wg5Dh5X08k4TMDLs-mEZ_QHxTAqMcbt03qxjNJ07A0g/viewform?usp=sf_link
Date - April 21, Sunday
Time - 10 AM to 11 AM
Platform - Zoom
Deadline လေးကတော့ April 19 ရက်နေ့ထိ ဖွင့်ပေးထားမှာဖြစ်လို့ တခြားသူငယ်ချင်းတွေလဲ သိအောင် post ကို share ပေးသွားပါအုံးနော်။
#Webinar #EHSMyanmar #MotherEarthDay #CircularEconomy
934
နှစ်သစ်ဆုတောင်း ၁၃၈၆
——————————————————————
[English Below] မြန်မာသကရာဇ် ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းသော နှစ်သစ်အခါသမယဝယ်မြန်မာပြည်သူပြည်သား
အပေါင်းစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး ဘေးဘယာကင်းကွာ ပူပန်ကြောင့်ကြမှုမရှိပဲ ပျော်ရွှင်ချမ်းမြေ့လိုတရနိုင်ပါစေကြောင်း ကျွန်မတို့ EHS Myanmar အဖွဲ့သားများမှတောင်းဆုပြု လိုက်ပါတယ်ရှင့်။🙏
🙏၁၃၈၅တစ်နှစ်လုံး ကျွန်မတို့ EHS Myanmar နှင့်အတူ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းအသိပညာပေးခြင်းတွင် စိတ်ပါဝင်စားစွာ ပါဝင်ပေးခဲ့ကြသောတစ်ယောက်ခြင်းစီ တိုင်းကိုလည်း ကျေးဇူးတင်ရှိပါတယ်။ယခုလာမည့် နှစ်သစ်ကိုလည်း မျှဝေခြင်း ချိတ်ဆက်ခြင်း များဖြင့် ပို၍ တိုးတက်ကောင်းမွန်သော အနာဂါတ်များဆီသို့ လက်တွဲလျှောက်လှမ်းရန်လည်း ဖိတ်ခေါ်ခြင်ပါတယ်။
🙏🎉လူဟောင်းစိတ်ဟောင်းကိုထားရစ်ခဲ့ပြီး ငြိမ်းချမ်း၍ သာယာဝပြောပျှော်ရွှင်ရသော နှစ်သစ်ဖြစ်ပါစေကြောင်း EHS Myanmarမှထပ်လောင်းဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင့်။
----------
We EHS Myanmar team members would like to wish “may this Myanmar New Year 1386 bring physical and mental well being, a safe paradise with no worries and a happy life with wishes being fulfilled to all of you Myanmar 🇲🇲 people.”
We also would like to extend our heartfelt thanks to all of you who actively participated in the environmental awareness sections offered by EHS Myanmar in the whole year. We look forward to going through this new year with all of you by sharing and connecting to build a better future as well. 🙏
Let’s wash away the old and here’s to a peaceful and fantastic year ahead, full of hopes and promises.🙏
#MyanmarNewYear #EHSMyanmar #Thingyan2024 #NewBeginnings
934
“Preserving the Paradise - Panel Discussion on Wildlife Conservation” Podcast Available Now on EHS Myanmar
—-------------------------------------------------------------------------------------------
Preserving the Paradise podcast မှာ ဆိုရင် မြန်မာနိုင်ငံတွင်းမှာ တွေ့ရှိရတဲ့ ဒေသမျိုးရင်းစိတ်တွေ၊ သူတို့ရဲ့ ဂေဟစနစ်အပေါ် အကျိုးပြုပုံတွေနဲ့ တွေ့ကြုံနေရတဲ့ အခက်အခဲတွေ အကြောင်းကို Native Species Conservation and Identification မှ ကိုဝင်းပိုင်ဦးနှင့်အတူ ဆွေးနွေးအကြုံပြုချက်တွေကို နားထောင်နိုင်မှာပဲ ဖြစ်ပါတယ်။
Podcast လေးဟာ ကြာချိန်ဘယ်လောက်မှမရှိလို့ လူငယ်တွေကော လူကြီးတွေအနေနဲ့ကော ကိုယ်ပိုင် အားလပ်ချိန်တွေမှာ ဝင်ရောက်နားထောင်ဖို့လဲ တိုက်တွန်းလိုက်ရပါတယ်နော်။
အခု Podcast ကိုတော့ EHS Myanmar ရဲ့ Official Website ဖြစ်တဲ့ www.ehsmyanmar.org မှာ နားဆင်နိုင်သလို့ Spotify, Apple Podcast, Google Podcast, Anchor FM, Aamzon Music, Pocket Casts, Radio Public စသည့် Podcast Platform တော်တော်များများမှာ နားဆင်လို့ရနေပါပြီပဲ ဖြစ်ပါတယ်။
Website - https://www.ehsmyanmar.org/podcast-1
Spotify - https://open.spotify.com/show/7d7SwaSQgzgkJDe7UkjwMq
Apple Podcast - https://podcasts.apple.com/.../ehs.../id1554795854...
Google Podcast - https://www.google.com/podcastsfeed...
Amazon Music - https://music.amazon.com/.../c7d725f7-4521-4fec-9886...
---------------------------------------------
Don't forget to join our Telegram Channel -
https://t.me/ehsmyanmar
#EHSMyanmr #NSCI #WWD2024 #Panel
934
ရေးသားသူ - မာရီယာ (EHS Myanmar)
ကိုးကား - www.getbring.com
---------------------------------------------------------------------------
Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar #foodwste #stopfoodwaste #kitchentips #zerowaste
934
အစားအစာ လေလွင့်မှုကို လျှော့ချရန် အလွယ်ကူဆုံး နည်းလမ်း ၄ သွယ်
-----------------------------------------------
EHS Myanmar | 8.4.2024
အစားအစာလေလွင့်မှုဆိုတာ ယနေ့ခေတ်မှာ ကြီးမားတဲ့ ပြဿနာတစ်ရပ်ဖြစ်ပြီး နေ့စဉ်နဲ့အမျှ များပြားလှတဲ့ အစားအစာတွေကို စွန့်ပစ်လျက်ရှိပါတယ်။ ဆွစ်ဇာလန်နဲ့ ဂျာမနီလို နိုင်ငံတွေမှာတောင် အစားအစာထုတ်လုပ်မှုရဲ့ သုံးပုံတစ်ပုံခန့်က အမှိုက်ပုံကို ရောက်သွားတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ အကျိုးဆက်အနေနဲ့ အစားအစာ အလွန်အကျွံထုတ်လုပ်မှုကို ဖြစ်စေပြီး သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုကို အားပေးအားမြှောက်ပြုရုံသာမက သဘာဝအရင်းအမြစ်များနှင့် ငွေကြေးကိုလည်း ဆုံးရှုံးစေပါတယ်။
ဒီနေ့မှာတော့ အစားအစာလေလွင့်မှုကို လျှော့ချဖို့ အချိန်ကုန်၊ ငွေကုန် သက်သာစေတဲ့ နည်းလမ်း (၄) ခု ကို ဝေမျှသွားမှာဖြစ်ပါတယ်။ ဒီလွယ်ကူရိုးရှင်းတဲ့ နည်းလမ်းတွေကို ရွေးချယ်လုပ်ဆောင်ခြင်းဖြင့် အစားအစာလေလွင့်မှုကို လျှော့ချရာမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နိုင်ပါတယ်။
၁။ သေချာစဉ်းစားပြီးမှ ဝယ်ပါ။
အစားအသောက်လေလွင့်မှုကို ရှောင်ရှားဖို့ ပထမအဆင့် အရေးကြီးတဲ့နေရာမှာ ပါဝင်နေတာကတော့ ကုန်စုံဆိုင်ပဲ ဖြစ်ပါတယ်။ ဈေးဝယ်တဲ့အခါ စဉ်းစားချင့်ချိန်ပြီးမှ ဝယ်ယူဖို့ အင်မတန် အရေးကြီးပါတယ်။ ပညာရှင်တွေကတော့ အစားအစာတွေကို တစ်ပတ်စာ ကြိုတင်စဉ်းစားပြီး ကိုယ်ချက်ပြုတ်မယ့် ဟင်းလျာအမျိုးအစားနဲ့ အရေအတွက်ပေါ်မူတည်ပြီး စျေးဝယ်စာရင်းဖန်တီးဖို့ အကြံပြုကြပါတယ်။ စျေးဝယ်စာရင်း ဖန်တီးခြင်းအားဖြင့် မလိုအပ်ဘဲ ပစ္စည်းတွေ ဝယ်ယူခြင်းကို ရှောင်ကြဉ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် မီးဖိုချောင်ထဲမှာ ရှိပြီးသား ပစ္စည်းတွေနဲ့ ထပ်ဝယ်ဖို့ လိုအပ်တဲ့ ပစ္စည်းပမာဏကို သိရှိနားလည်ထားခြင်းကလည်း အလွန်အကျွံဝယ်ယူခြင်းကို လျှော့ချနိုင်ပါတယ်။ မိမိတို့အိမ်ရဲ့ စျေးဝယ်စာရင်းကို မိသားစုဝင်တွေကိုပါ အသိပေးထားခြင်းကလည်း အမျိုးအစားတူ ပစ္စည်းတွေကို ထပ်တလဲလဲဝယ်ယူခြင်းကနေ တားဆီးနိုင်ပါတယ်။ နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ ဘယ်တော့မှ ဗိုက်ဟောင်းလောင်းနဲ့ ဈေးဝယ်မထွက်ပါနဲ့။ ဗိုက်ဆာဆာနဲ့ ဈေးဝယ်ထွက်ရင် လိုတာထက်ပိုပြီး ဝယ်မိလိမ့်မယ်နော်။
၂။ အစားအသောက်ကို နည်းလမ်းမှန်မှန်နဲ့ စနစ်တကျ သိမ်းဆည်းပါ။
ဈေးကနေ အိမ်ကိုပြန်ရောက်တာနဲ့ ဝယ်လာတဲ့ စားသောက်ကုန်တွေကို လက်လွတ်စပယ် မထားနဲ့နော်။ ဟင်းသီးဟင်းရွက်၊ အသား၊ ငါးနဲ့ စားသောက်ကုန်တွေကို စနစ်တကျ သိမ်းဆည်းခြင်းက ပစ္စည်းတွေရဲ့ လတ်ဆတ်မှုကို ကြာရှည်ခံစေသလို အစားအသောက်တွေ ပုပ်သိုးမှုကိုလည်း လျှော့ချပေးပါတယ်။ ပုပ်သိုးပျက်စီးလွယ်တဲ့ စားသောက်ကုန်တွေကို ရေခဲသေတ္တာရဲ့ မြင်သာတဲ့နေရာမှာ သိမ်းဆည်းထားတာ အကောင်းဆုံးပါပဲ။ ဒါမှသာ သူတို့ကို စားဖို့ မေ့သွားတာမျိုး မဖြစ်တော့ဘဲ ဝယ်ယူပြီး ရက်အနည်းငယ်အတွင်း စားသုံးဖို့ သတိပြုမိမှာပေါ့။
၃။ အစားအသောက်ကို အပြည့်အဝသုံးပါ။
သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေဟာ မကြာခဏ စွန့်ပစ်ခြင်းခံရတဲ့ စားသောက်ကုန်တွေ ဖြစ်ပါတယ်။ အသီးအနှံတွေရဲ့ အစိတ်အပိုင်းအမျိုးမျိုးကို အလွယ်တကူ အသုံးပြု ချက်ပြုတ် စားသုံးနိုင်ပေမယ့် များသောအားဖြင့် ကျွန်တော်တို့က စွန့်ပစ်မိတတ်ကြပါတယ်။ အကယ်၍ ကျွန်တော်တို့မှာသာ တီထွင်ဖန်တီးတတ်တဲ့ ဟင်းချက်စွမ်းရည်ရှိမယ်ဆိုရင် မလိုတဲ့ သစ်သီးဝလံနဲ့ဟင်းသီးဟင်းရွက် အပိုင်းအစတွေကို စွန့်ပစ်မယ့်အစား အရသာရှိတဲ့ ဟင်းလျာတွေ ဒါမှမဟုတ် သရေစာအဖြစ် ပြောင်းလဲနိုင်ပါတယ်။ ဥပမာအားဖြင့် ... မုန်လာဥနီ (ခါကြက်ဥ) အရွက်ကို နံနံပင်လို ဟင်းခတ်အမွှေးအကြိုင် ဒါမှမဟုတ် ဟင်းလျာကို အလှဆင်ဖို့ သုံးနိုင်ပါတယ်။ ဒါ့အပြင် ပန်းသီးအခွံတွေကို အခြောက်လှန်းပြီး အရသာရှိတဲ့ သရေစာအဖြစ် စားသုံးနိုင်ပါတယ်။
၄။ မကုန်ဘဲ ကျန်နေတဲ့အစားအစာ (leftover) တွေကို ပြန်နွှေးစားပါ။
မကုန်ဘဲ ကျန်နေတဲ့အစားအစာ (leftover) တွေကို ပြန်နွှေးစားခြင်းက အစားအစာလေလွင့်မှုကို လျှော့ချဖို့နဲ့ အစားအစာချက်ပြုတ်ရာမှာ အချိန်ကုန်၊ ငွေကုန် သက်သာစေဖို့ ထိရောက်တဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဘေးကင်းအောင် နည်းလမ်းမှန်မှန်နဲ့ သိမ်းဆည်းသင့်သလို ဘယ်အစားအစာတွေကို ပြန်နွှေးပြီး စားသင့်၊ မစားသင့်ဆိုတာ ကိုလည်း လေ့လာထားဖို့လိုပါတယ်။
အစားအစာလေလွင့်မှုကို လျှော့ချခြင်းက ပတ်ဝန်းကျင်အတွက်သာမက လူတစ်ဦးချင်းစီရဲ့ မီးဖိုချောင်စရိတ်ကိုလည်း သက်သာစေပါတယ်။ ဒီနေ့ ဝေမျှပေးသွားတဲ့ နည်းလမ်း လေးခုကိုကျင့်သုံးခြင်းအားဖြင့် အစားအစာလေလွင့်မှုကိုလျှော့ချနိုင်ပြီး ရေရှည်တည်တံ့မှုကိုမြှင့်တင်ဖို့လည်း အထောက်အကူပြုနိုင်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့တစ်နေ့တာရဲ့ စျေးဝယ်ခြင်းနဲ့ ချက်ပြုတ်ခြင်းအလေ့အထတွေမှာ ဒီလိုရိုးရှင်းလွယ်ကူတဲ့ အပြောင်းအလဲတွေ ပြုကျင့်ခြင်းအားဖြင့် စားကြွင်းစားကျန်အမှိုက်တွေကိုလျှော့ချနိုင်သလို ရေရှည်မှာလည်း မီးဖိုချောင်အတွက် အပိုထွက်ကုန်တွေ လျော့နည်းလာမှာဖြစ်လို့ ဒါဟာ အရင်နဲ့မတူတဲ့ သိသာထင်ရှားတဲ့ ခြားနားချက် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နောက်တစ်ကြိမ် စူပါမားကတ်ကို သွားတဲ့အခါ စမတ်ကျကျ ဈေးဝယ်ပြီး အစားအစာလေလွင့်ဖြုန်းတီးမှု လျော့နည်းအောင် ဝယ်ဖို့ သတိရပါ။
934
🐾🌿 Happy Zoo Lovers Day from EHS Myanmar! 🎉
Let's celebrate our love for wildlife and the wonderful work of zoos in conservation and education. Join us in appreciating the beauty and diversity of animals around the world. Stay tuned for fun facts and ways to support zoos!
#ZooLoversDay #EHSMyanmar 🐼🦁
934
PM 2.5 ကြောင့် ချင်းမိုင်တက္ကသိုလ်မှ ပါမောက္ခ တစ်ယောက်ကွယ်လွန်
------------------------------------------------------------------------
ချင်းမိုင်တက္ကသိုလ်၏ ဗိသုကာဌာနမှူး ပါမောက္ခ Rawiwan Oranratmanee သည် ဧပြီလအစောပိုင်းတွင် အဆုတ်ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီးနောက် PM2.5 ဟုခေါ်သည့် သေးငယ်သော လေထုအမှုန်အမွှားများ ကြောင့် ကွယ်လွန်ခဲ့ရသည်ဟု ယူဆမှုများရှိလာခဲ့သည်။ လွန်ခဲ့သည့် နှစ်နှစ်အတွင်းကလဲ ယင်းတက္ကသိုလ်မှ ကထိက လေးဦးသည် အဆုတ်ကင်ဆာကြောင့် သေဆုံးမှုဖြစ်ပေါ်ခဲ့ရသည်။ စနေနေ့က ချင်းမိုင်မြို့ကို IQAIR app က ထပ်မံ၍ ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့အဖြစ် စာရင်းသွင်းခံခဲ့ရပါသေးသည်။ မြန်မာပြည်သူလူထုလဲ ပူပြင်းသောနွေရာသီနှင့်အတူ လေထုညစ်ညမ်းမှုကိုလဲဂရုစိုက်ကြပါလို့ တိုက်တွန်းလိုက်ရပါသည်။
#EHSMyanmar #ChiangMai #airpollution #pm2.5
934
🌏There will be existing learning activities at EHS Myanmar to honor Mother Earth Day 2024. Coming Sooooon.....! 📣
---------------------------------------------------------------------------
Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar #EarthDay
934
UN-Habitat Myanmar မှ ပြုလုပ်ပေးသော Ecosystem-based Adaption (ဂေဟစနစ်ကို အခြေပြု၍ လိုက်လျောညီထွေစွာ နေထိုင်ခြင်း) ၄ရက်တာ သင်တန်းကို Myanmar Climate Change Alliance (MCCA) ၏ အသင်းဝင် အဖွဲ့အစည်းအနေဖြင့် EHS Myanmar မှ မခိုင်စုဝေ (Project Assistant) တက်ရောက်ခဲ့ပါသည်။ သင်တန်းတွင် EbA နှင့်ပတ်သတ်သည့် အခြေခံသဘောတရားများကို သင်ယူခွင့်ရရှိခဲ့ပြီး မြန်မာနိုင်ငံတွင်း လုပ်ဆောင်နိုင်မည့် အခြေအနေများကို ဆွေးနွေးခွင့် ရရှိခဲ့ပါသည်။
#EHSMyanmar #UNHabitat #MCCA #EbA
934
ဟူသည် မုန်တိုင်းနှင့်ကြုံတွေ့ရစဥ်အခါ၌ အဘယ်သို့ ရောက်နေသည် မသိ။ ရှာ၍ပင် မတွေ့ခဲ့။ ပတ်ဝန်းကျင်တစ်ခုလုံး လေပြင်းတိုက်သံများ ဆူညံနေသည်မှာ နားစည်ကွဲမတတ်ပင်။ လေသံ၊ မိုးသံများသည် အိမ်ခေါင်မိုးရှိ သွပ်များအား စိန်ဗေဒါကြီး ဆိုင်းလာတီးသကဲ့သို့ လက်သံပြောင်ချက်ပင်၊ အိမ်တစ်ခုလုံးသည်လည်း ကျားတစ်ကောင်က ယုန်ငယ်ကို ကိုက်ရမ်းလိုက်သကဲ့သို့ ပြို၍လဲမတတ်ပင်။ မျက်လုံးတစ်စုံအား မည်မျှပင် ကြိုးစား၍ မှိတ်မှိတ် မအိပ်နိုင်ခဲ့။ “စိတ်ထောင်း ကိုယ်ကြေ” ဆိုသကဲ့သို့ ကိုယ်ခန္ဓာသည်လည်း မူးဝေလာကာ အန်ချင်သလို၊ ပြို့ချင်သလို ဘယ်လိုမှ နေ၍မကောင်းအောင်ပင် ရှိခဲ့ပေတော့သည်။ ငါသည် သေ၍ပင် သွားရတော့မလားဟု မိမိကိုယ်ကို မေးမိခဲ့လေသည်။ ၎င်းအချိန်ကာလအား ပြန်စိတ်ကူးမိလျှင်လည်း စိတ်သည် မတည်ငြိမ်ကာ အကြောက်ကြီးပင် ကြောက်ခဲ့ရလေသည်။ အခြားသော ကြုံတွေ့ခဲ့ရ သူများ၊ တိရစ္ဆာန်များသည်လည်း ထိုနည်းတူပင် ဖြစ်နိုင်ရာ၏။ ဤကပ်ဘေး၌ ကောင်းမွန်သောအရာအား ရှာသော် မတွေ့လေပြီ။
ထို့အပြင် နေ့စဥ်နှင့်အမျှ တွေ့ကြုံနေရသည့် ရာသီဥတုဆိုင်ရာ ပြဿနာများကို လေ့လာကြည့်လျှင်လည်း မကောင်းသည့် သက်ရောက်မှုများကိုသာ တွေ့ရလေသည်။ ယခုလို နွေရာသီတွင် အိမ်အတွင်း၌ နေသော်လည်းကောင်း၊ အပြင်ထွက်၍ သွားလာသော်လည်းကောင်း ပြင်းထန်သော အပူချိန်ကို ခံစားရ၏။ မိုးကိုမျှော်သော်လည်း မရွာ၊ မီးကို ခေါ်သော်လည်း မလာ၊ ယပ်တောင်ခတ်သော်လည်း အားမရ၊ အရိပ်ရှာသော်လည်း မတွေ့။ ထိုသို့သော အခြေအနေ၌ ဤပူလောင်သော ဓာတ်သဘောကြီးအား အဘယ်သို့ပင် ဖြေရှင်းရမည်နည်း။ ပြင်းထန်သောအပူဒဏ်အား ခံစားရခြင်းနှင့်အတူ ဖြစ်ပေါ်လာတက်တ်သော စိတ်ပိုင်းဆိုင်ရာ ပြဿနာသည်လည်း လွန်စွာ ကြီးမား၏။ အပူဒဏ် အလွန်အမင်းခံစားရသည်နှင့် တစ်ပြိုင်နက် စိတ်တွင် အနှောင့်အယှက်ဖြစ်လာလေသည်။ မခံစားနိုင်ခြင်းသဘော၊ မကြိုက်ခြင်းသဘော၊ မနှစ်မြို့ခြင်းသဘော၊ ပူလောင်ခြင်းအား ဖျက်စီးလိုသည့်သဘော စသည့် စိတ်မတည်ငြိမ်မှုများ တစ်နည်း စိတ်အညစ်အကြေးများ မိမိတို့ခန္ဓာတွင် ကျက်စားလာလေသည်။ စိတ်ကျန်းမာရေးသည် တစိမ့်စိမ့် ယိုယွင်းပျက်စီးလာသည်ဟု ကောက်ချက်ချနိုင်ပေသည်။
အချုပ်အားဖြင့်ဆိုရသော် ဖော်ပြပါ ဥတု၏ နှိပ်စက်မှုများကြောင့် လူတို့၏ စိတ်သည် အလဲလဲအပြိုပြို မတည်မငြိမ် ဖြစ်လျက်ရှိကြပေသည်။ ထိုစိတ်ပိုင်းဆိုင်ရာ ယိုယွင်းမှုများကို ဖြစ်စေသော အကြောင်းအရင်းတစ်ခုဖြစ်သည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ချုပ်ငြိမ်းရန်၊ လျော့နည်းစေရန် အားထုတ်ကြိုးစားသင့်ပေ၏။ သို့သော် ထိုပြဿနာများကို ဖြေရှင်းရန်အတွက် မိမိတို့ လူတစ်ဦးတစ်ယောက်အနေဖြင့် ဖြေရှင်း၊ အဖြေရှာကြရန်မှာ အလွန်ပင် အခက်တွေ့နိုင်ပေသေး၏။ သို့ပေသည့် ရာသီဥတုဖောက်ပြန်မှုများကြောင့် ဖြစ်စေသည့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို ဖြေရှင်း၍ စိတ်ကို ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်နိုင်စွမ်းမှာ မိမိတို့ခန္ဓာ၌ ခွန်အားအပြည့်ဖြင့် တည်ရှိနေသေးပေသည်။ ဥတုသည် သူ၏သဘာဝအလျောက် နှိပ်စက်ခြင်း၊ ချော့မူခြင်း ရှိနိုင်ပေ၏။ သို့သော်လည်း ၎င်းနှိပ်စက်မှုများကို ရင်ဆိုင်နိုင်ရန် အားကိုးအားထားရာ “မိမိ” သည်လည်းရှိသေး၏။ ထို့မှ “မိမိ” တို့၏ အားကိုးရာသည် ပြဿနာတိုင်းကို ရင်ဆိုင်နိုင်သည့် ကြံ့ခိုင်သော စိတ်၊ မွန်မြတ်သော စိတ်သဘောထား နှင့် မတုန်မလှုပ်ရင်ဆိုင်ဖြေရှင်းနိုင်သော သတ္တိ တစ်နည်း “သည်းခံခြင်း” ပင်ဖြစ်ပေတော့သည်။ ထို့ကြောင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ ကြုံတွေ့ရလျှင် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲအခက်အခဲများကို ဖြေရှင်းနိုင်ရန် မိမိတို့၏ စိတ်ကို စည်းစနစ်ကျကျ သေချာပြင်ဆင် လေ့လာထားရန် အထူးလိုအပ်ပေသည်။
ရေးသားသူ - ဓနိ (EHS Myanmar)
ကိုးကား - မြန်မာနိုင်ငံ မိုခါမုန်တိုင်းဆိုင်ရာ အစီရင်ခံစာ၊ sustainablehealthcare.org.uk
---------------------------------------------------------------------------
Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar #climateanxiety #mentalhealth #climatechange #naturaldisasters
934
ဥတု၏ နှိပ်စက်မှု
-----------------------------------------------
EHS Myanmar | 4.4.2024
မတည်မြဲသော ရာသီဥတုသည် ယခုနောက်ပိုင်းတွင် ယခင်ထက် ပို၍ဖောက်ပြန်ပြောင်းလဲလာ၏။ ထိုသို့ ဖောက်ပြန်ပြောင်းလဲမှုများ အကြားတွင် သက်ရှိ၊ သတ္တဝါများ အမျိုးမျိုးအသွယ်သွယ် ပျက်စီးကြကုန်သည်။ လွတ်လပ်စွာ၊ ဘေးကင်းလုံခြုံစွာ အသက်ရှင်နိုင်ရေးကိုလည်း တောင့်တလျက်ရှိ၏။ ဥတု၏နှိပ်စက်မှုသည် မည်သည့်နေရာဒေသရှိ အဘယ်လူ၊ တိရစ္ဆာန်မှ မလွတ် အတူတူပင် မခြားမနား ခံစား၊ ဒုက္ခခံရသည်။ ကျွန်ုပ်တို့ နိုင်ငံတစ်ဝန်းကိုပင် ကြည့်ပါ။ ဥတု၏နှိပ်စက်မှုမှ လွတ်သော နေရာ မရှိ။ အေးသော ဒေသတွင် အအေးဓာတ် လွန်ကဲသည့် ဒဏ်ကို ခံစားရသကဲ့သို့ ပူသော ဒေသတွင်လည်း ပြင်းထန်သော အပူဒဏ်ကို အလူးအလဲခံစားနေရသည်မှာ လက်တွေ့ပင် ဖြစ်လေသည်။ နွေရာသီရောက်သည့်အခါတိုင်း ပန်ကာ မကူနိုင်၊ လေအေးစက် (air-conditioner) လည်း မကယ်နိုင်၊ တစ်နေ့ထက်တစ်နေ့ ဥတုကို အခြေပြုကာ ညည်းတွားနေရသည်သာ များ၏။ ရာသီဥတု ဖောက်ပြန်မှု (သို့မဟုတ်) သဘာဝပတ်ဝန်းကျင်၏ အရည်အသွေး ကျဆင်းမှုများသည် လူတို့၏ လူမှုရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ ပညာရေးကဏ္ဍ နှင့် ကျန်းမားရေးကဏ္ဍများကို အလွန်ပင် ထိခိုက်စေ၏။ သာဓကဆိုရလျှင် သောက်သုံးရေရှားပါးခြင်း၊ ညစ်ညမ်းခြင်း၊ သန့်ရှင်းသောလေများ အဆိပ်သင့်လာခြင်း၊ အပူချိန်မြင့်တက်လာခြင်း၊ စိုက်ခင်းများ ပျက်စီးလာခြင်း၊ သီးနှံအထွက်တိုးနှုန်း လျော့လာခြင်း၊ ကုန်စျေးနှုန်း တက်လာခြင်း၊ ငတ်မွတ်ခေါင်းပါးမှု၊ ဆာလောင်မှုများ တိုးလာခြင်း စသည့်အကြောင်းအကျိုး အပြန်အလှန် သက်ရောက်ကာ ပျက်စီးဆုံးရှုံးမှုများ ပို၍များလာသည်ကို ကြုံတွေ့လျက်ရှိသည်။ ထိုအထဲတွင် ကျန်းမာရေးကဏ္ဍ ယိုယွင်းမှုသည် အဆိုးဆုံးဟုပင် ဆိုနိုင်၏။ ကျန်းမာရေးကဏ္ဍမှ ထပ်မံစိပ်ဖြာရလျှင် စိတ်ကျန်းမာရေး ယိုယွင်းမှုသည် သာ၍ပင် ဆိုး၏။
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အခြင်းအရာများကို လေ့လာကြည့်လျှင် ထိုအရာများထဲမှ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ယိုယွင်းမှုသည် အင်မတန်မှပင် ကြီးမားပေသည်။ ၂၀၂၃ ခုနှစ် မေလ ၁၄၊ ၁၅ ရက်တွင် မြန်မာနိုင်ငံသို့ မိုခါ ဆိုင်ကလုန်းမုန်တိုင်း ကျရောက်ခဲ့သည်။ ၎င်းမုန်တိုင်းသည် ကမ်းရိုးတန်းဒေသများနှင့် အနီးပတ်ဝန်းကျင်ဒေသများဖြစ်သည့် ချင်း၊ ရခိုင်၊ ဧရာဝတီ၊ မကွေး၊ ပဲခူးတိုင်းဒေသများအထိ သက်ရောက်စေခဲ့ရာ ဒေသခံတို့၏ အိုးအိမ်၊ စည်းစိမ် ၈၀% နီးပါးအား တိုက်စား ပျက်စီးစေခဲ့သည်။ ထို့အပြင် မုန်တိုင်း၏ အရှိန်ကြောင့် နိုင်ငံ၏ အလယ်ပိုင်း နှင့် အထက်ပိုင်းဒေသများတွင်လည်း မိုးများခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ ခံစားခဲ့ကြရသည်။ BBC သတင်းဌာန၏ သတင်းအချက်အလက် ကောက်ယူချက်များအရ မိုခါမုန်တိုင်းကြောင့် နိုင်ငံနှင့် တစ်ဝန်း လူ အယောက် ၄၀ ကျော် သေဆုံးခဲ့သည်ဟု အတည်ပြုဖော်ပြခဲ့သည်။ နေအိမ်များ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အဦးများ၊ လမ်းများ၊ သစ်ပင် သစ်တောများပင် မကျန် အားလုံးနီးပါး ပျက်စီးခဲ့ရလေသည်။ ထိုသို့သော ပျက်စီးမှုများကြားတွင် ရှင်သန်ရုန်းကန်ခဲ့ရသော ဘေးဒုက္ခသည်များ အများအပြားပင်။ ထိုအချိန်တွင် လူတို့၏ အသက်ရှင်ရေး၊ လုံခြုံရေးသည် စကားပြောလာပေသည်။ ဘယ်ကို အကူအညီတောင်းရမလဲ၊ အဘယ်သူကများ ငါ့လာကူမလဲ၊ ကယ်မလဲ၊ ထောက်ပံ့မလဲ စသည်ဖြင့် အားကိုးရာရှာ စိတ်ပင်ပန်း ကြောက်လန့်မှုများသည်လည်း အများအပြားပင်။ အခြေခံအဆောက်အဦးများပင် မရှိတော့၍ လုံခြုံမှုဆိုင်ရာ စိုးရိမ်ပူပန်မှုသည်လည်း လူအများစုတွင် မြင့်တက်လျက်ရှိခဲ့ကြသည်။ ရေကြီးရေလျှံဒေသများ၌ မပေါက်ကွဲသေးသော၊ ပေါက်ကွဲလွယ်သော လက်နက်ပစ္စည်းများ မျောပါရွေ့လျားမှု၊ လိင်ပိုင်းဆိုင်ရာနှင့် ကျားမ အခြေပြု အကြမ်းဖက်မှုများ ဖြစ်ပွားနိုင်မှု၊ နိုင်ငံသားဆိုင်ရာ စာရွက်စာတမ်းများဆုံးရှုံးမှု၊ လုယက်ခံရခြင်း၊ ဓားပြတိုက်ခံရခြင်း၊ ခြိမ်းခြောက်ငွေညစ်ခံခြင်း၊ ကလေးငယ်များ၏ ပညာရေးဆိုင်ရာ ဆက်လက်သင်ယူနိုင်မှုအရေး၊ ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် ငတ်မွတ် ဆာလောင်မှုအား သက်ရောက်နိုင်ခြင်း စသော ကိစ္စရပ်များ ဖြစ်လာနိုင်သည့်အတွက် လူအများစုသည် နေ့ရော ညပါ စိုးရိမ်ပူပန်မှုဖြင့် ရုန်းကန်နေခဲ့ရသည်။ ထို့အပြင် မုန်တိုင်းမကျမီ အချိန်တွင်လည်း ဘယ်အချိန် မုန်တိုင်းဝင်မလဲ၊ ဘယ်နေရာဒေသကို ပြောင်းရွေ့ခိုရမလဲ၊ ပြောင်းရွေ့ခိုချိန်မှာ လုံခြုံမှုရှိပါ့မလား စသည်ဖြင့် အဖန်ဖန် စိုးရိမ်တွေးတော နေခဲ့ရသည်။ ထိုအရာများသည် စိတ်ကို မတည်ငြိမ်စေသော၊ ပင်ပန်းစေသော စိတ်သောကများပင် ဖြစ်လေသည်။ မုန်တိုင်းမဝင်မီနှင့် ဝင်ပြီးသည့် အချိန်ကာလများတွင် အထက်ဖော်ပြပါ စိတ်ဒုက္ခကြုံတွေ့ရသည် ဆိုလျှင် မုန်တိုင်းဝင်စဥ်ကာလတွင် ကြုံတွေ့ရသော စိတ်ဒုက္ခသည် မခံမရပ်နိုင်အောင်ပင် ရှိလိမ့်မည်ကို တွေးကြည့်နိုင်ပေသည်။
ဤမျှကြီးမားလှသော စိတ်ဒုက္ခကို ရင်ဆိုင်ခဲ့ရသော လူများ အထူးသဖြင့် ကလေးငယ်များသည် အဘယ်ခံနိုင်ရည် ရှိပေလိမ့်မည်နည်း။ အနည်းအများဆိုရလျှင် ကပ်ဘေးခံရသူ အားလုံးနီးပါး စိတ်ဒဏ်ရာ ကိုယ်စီ စွဲကပ်နိုင်ချေရှိပေလိမ့်မည်။ မုန်တိုင်းအတွင်း ဖြတ်သန်းခဲ့ရသော ကိုယ်ပိုင်အတွေ့အကြုံကို ဆိုရလျှင် တည်ငြိမ်သောစိတ်၊ အေးချမ်းသောစိတ်
934
🐀 Join us in celebrating "World Rat Day 2024" with EHS Myanmar! 🎉 Let's recognize these clever and resilient creatures and learn more about their importance in ecosystems around the world. Stay tuned for fun facts, activities, and ways to honor our furry friends!
#WorldRatDay #EHSMyanmar 🐁🌟
934
ကျေးဇူးတင်ရှိခြင်း 🙏
----------------------------------------------------------
[English Below]
❤ကျွန်မတို့၏ "EHS Myanmar Telegram Channel" မှာ ယခုဆိုလျှင် Follower ပေါင်း (၈၈၈) ယောက်ရှိသွားပြီ ပဲဖြစ်ပါတယ်။ အခုလိုမျိုး Channel ကို Join ပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းဆီကိုကျေးဇူးအထူးတင်ပါတယ်။ Channel မှာ တင်သမျှကို လက်မလွတ်ခံချင်တဲ့သူများ အခုပဲ Join လိုက်ပါနော်။
🌏Thank you to our followers on our "EHS Myanmar Telegram Channel"! We now have 888 followers. If you don't want to miss out on environmental articles, online events, webinars, and campaigns, Join Now.
EHS Myanmar's Telegram Channel: https://t.me/ehsmyanmar
#EHSMyanmar #appreciation #telegram #channel #environmental #sustainabledevelopment #education
934
🌊 Join us as we celebrate "World Aquatic Animal Day 2024" with EHS Myanmar! 🐠 Dive into a day of awareness and appreciation for our marine friends. Let's honor the beauty and importance of aquatic life together. Stay tuned for exciting updates and ways to get involved!
#WorldAquaticAnimalDay #EHSMyanmar 🐟🌊
934
YouTube Platform ပေါ်ကိုပါရောက်လာပြီဖြစ်တဲ့ EHS Myanmar 🤩❤️
---------------------------------------------------
🌏Environmental နှင့် Sustainability ဆိုင်ရာပညာရပ်များကို Online Video Learning လေ့လာချင်သူများ၏ တောင်းဆိုချက်အရ "EHS Myanmar: Sustainability Channel" အမည်ဖြင့် YouTube Channel ကို launch လုပ်လိုက်ပါပြီ။
⏰အပတ်စဉ် တနင်္ဂနွေနေ့တိုင်း YouTube Video တစ်ပုဒ်ကိုတင်နိုင်အောင်ကြိုးစားသွားမှာမို့ အခုပဲ ကျွန်မတို့ YouTube Channel ကို Subscribe လုပ်ပြီး ဘေးနားက ခေါင်းလောင်းလုံးလေးကိုလဲနှိပ်ပေးသွားပါဦးနော်။
Subscribe Now: https://www.youtube.com/@EHSMyanmar
#EHSMyanmar #Youtube #environmental #sustainability #education #subscribe #myanmar
