uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

EHS Myanmar

EHS Myanmar

Відкрити в Telegram

This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.

Показати більше
868
Підписники
Немає даних24 години
+27 днів
+230 днів
Архів дописів
World Migratory Bird Day 2024 Campaign ——————————————————————- Mayလ (11)ရက်နေ့တွင်ကျရောက်သော “World Migratory Bird Dayအတွက် ရည်ရွယ်၍ EHS Myanmar မှ online campaign တစ်ခုယူဆောင်လာပါပြီ။ World Migratory Bird Day ဆိုတာကတေ့ာ နှစ်စဉ် ဆောင်းခိုငှက်များနှင့်အခြားသော‌ရွေ့ပြောင်းငှက် တွေရဲ့ အရေးပါမှု၊ လိုအပ်သောထိန်းသိမ်းစောင့်ရှောက်မှုများနှင့် ၄င်းတို့ရဲ့ ရှင်သန်မှုသေချာရန်ကြိုးပမ်းမှုများကိုရည်ရွယ်ပါသည်။ ယခု campaign မှာ ဘယ်လိုပါဝင်ရမလဲ။ ၁။ World Migratory Bird Day နဲ့ပတ်သတ်ပြီးတော့ အောက်ကပေးထားတဲ့ Linkထဲမှာ ငှက်လေးတွေရဲ့နာမည်နဲ့ ပုံလေးတွေကို ယှဉ်တွဲပေးရမှာပဲဖြစ်ပါတယ်။ https://wordwall.net/resource/72409431/world-migratory-birds-day-campaign-quiz ၂။ဖြေဆိုလို့ပြီးဆုံးသွားပါက နောက်ဆုံးမှာ ကိုယ့်ရဲ့နာမည်ကို Leaderboard မှာဖြည့်ပြီး Screenshotနှင့်အတူ Certificate လက်ခံမယ့် Email လိပ်စာကို Comment မှာမန့်သွားပေးပါ။ ၃။ယခုပို့စ်ကို public ဖြင့် #Worldmigratotybirdday2024 #EHSMyanmarHost hashtags 2ခုဖြင့် share သွားပေးပါ။ အထက်ပါအချက်များပြည့်စုံလျှင် campaign ပြီး ၁လအတွင်း certificate of participation ကို email မှတဆင့်ပို့ပေးမှာဖြစ်ပါတယ်ဗျ။ Campaign က ၃ရက်ပဲ လုပ်မှာဖြစ်လို့ အခုပဲ Word Migratory Bird Day မှာ ပါဝင်ပြီး Certificiate ရယူလိုက်ပါနော်။ #Worldmigratorybirdday2024 #EHSMyanmar #OnlineCampaign

photo content

“Tackling Plastic Waste: Introduction to Circular Economy” Podcast Available Now on EHS Myanmar —--------------------------------------------------------------------------- EHS Myanmar - 9/05/2024 Tackling Plastic Waste podcast ဟာ ဆိုရင် April 22 ရက်နေ့မှာ ကျရောက်တဲ့ International Earth Day 2024 ကို ပါဝင်ဆင်နွှဲသောအားဖြင့် EHS Myanmar မှ ကျင်းပတဲ့ Webinar လေးကို မတက်လိုက်ရသူတွေအတွက် Podcast အနေဖြင့် ပြန်လည်နားထောင်လို့ရစေရန် ပြုလုပ်ပေးတာပဲ ဖြစ်ပါတယ်ရှင့်။ အခု Podcast မှာဆိုရင် မျက်မှောက်ခေတ်ကြုံတွေ့နေရတဲ့ ပလတ်စတစ်ညစ်ညမ်းမှုတွေနဲ့ ၎င်းတို့ကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေထဲကမှ တစ်ခုဖြစ်တဲ့ Circular Economy အကြောင်းတို့ကို EHS Myanmar မှ မယွန်းနန္ဒာခိုင်က မျှဝေပေးထားပါတယ်ရှင့်။ Podcast လေးဟာ ကြာချိန်ဘယ်လောက်မှမရှိလို့ လူငယ်တွေကော လူကြီးတွေအနေနဲ့ကော ကိုယ်ပိုင် အားလပ်ချိန်တွေမှာ ဝင်ရောက်နားထောင်ဖို့လဲ တိုက်တွန်းလိုက်ရပါတယ်နော်။ အခု Podcast ကိုတော့ EHS Myanmar ရဲ့ Official Website ဖြစ်တဲ့ www.ehsmyanmar.org မှာ နားဆင်နိုင်သလို့ Spotify, Apple Podcast, Google Podcast, Anchor FM, Aamzon Music, Pocket Casts, Radio Public စသည့် Podcast Platform တော်တော်များများမှာ နားဆင်လို့ရနေပါပြီပဲ ဖြစ်ပါတယ်။ Website - https://www.ehsmyanmar.org/podcast-1 Spotify - https://open.spotify.com/show/7d7SwaSQgzgkJDe7UkjwMq Apple Podcast - https://podcasts.apple.com/.../ehs.../id1554795854... Google Podcast - https://www.google.com/podcasts?feed=aHR0cHM6Ly9hbmNob3IuZm0vcy80ZGIyM2M2NC9wb2RjYXN0L3Jzcw== Amazon Music - https://music.amazon.com/.../c7d725f7-4521-4fec-9886... --------------------------------------------- Don't forget to join our Telegram Channel - https://t.me/ehsmyanmar #EHSMyanmr #MonthlyPodacst #InternationalEarthDay

Something is Coming!!! Stay Tuned guys..... မေလအတွက် စိတ်လှုပ်ရှားစရာ အစီအစဉ်လေးတစ်ခုက လာတော့မယ်နော်🫢 ဘာလေးဖြစ်မလဲဆိုတာ Comm
Something is Coming!!! Stay Tuned guys..... မေလအတွက် စိတ်လှုပ်ရှားစရာ အစီအစဉ်လေးတစ်ခုက လာတော့မယ်နော်🫢 ဘာလေးဖြစ်မလဲဆိုတာ Comment မှာ ခန့်မှန်းခဲ့ပါအုံးဗျ✌

သင်သိပါသလား...ဆောင်းခိုငှက်များအကြောင်း။ ။ အပိုင်း ၁ -----------------------------------------------------------------------
+4
သင်သိပါသလား...ဆောင်းခိုငှက်များအကြောင်း။ ။ အပိုင်း ၁ ----------------------------------------------------------------------- Please subscribe to our YouTube Channel - https://www.youtube.com/@EHSMyanmar #EHSMyanmar #WorldMigratoryBirdDay #2024

ရာသီဥတုပူလွန်းခြင်းကြောင့်ဖြစ်ပေါ်လာမည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု (၅) ခု #EHSMyanmar #hotweather #hightemperature
+5
ရာသီဥတုပူလွန်းခြင်းကြောင့်ဖြစ်ပေါ်လာမည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု (၅) ခု #EHSMyanmar #hotweather #hightemperature

Let's celebrate "Wild Koala Day" 2024 with EHS Myanmar! 🌿 Join us in raising awareness about the conservation of these iconi
Let's celebrate "Wild Koala Day" 2024 with EHS Myanmar! 🌿 Join us in raising awareness about the conservation of these iconic Australian marsupials. Together, let's learn about their habitats, the challenges they face, and how we can help protect them. Get involved in our educational events and initiatives to support koala conservation efforts! 🌏 #WildKoalaDay #EHSMyanmar #Conservation 🌳

photo content

မြန်မာနိုင်ငံအပါအဝင် ဇီဝမျိုးကွဲပေါင်းစုံရှင်သန်ကျက်စားရာ ဒေသများထံ လှူဒါန်းသွားမယ့် "Sounds Right" ----------------------------------------------- Museum for the United Nations – UN Live မှ ဦးဆောင်ပြီး သဘာဝတရားကြီးရဲ့ တေးသံသာတွေကို ဂီတသံစဉ်တွေနဲ့ ပေါင်းစပ်ကာ "Sounds Right" လို့ အမည်ရတဲ့ လှုပ်ရှားမှုတစ်ရပ်ကို စတင်ခဲ့ပါတယ်။ လူသားတွေအနေနဲ့ သဘာဝတရားရဲ့ တန်ဖိုးကို ပိုမိုအလေးထားစေရန် ရည်ရွယ်ပြီး သဘာဝတရားကြီးကို "NATURE" ဆိုတဲ့ ဂီတအနုပညာရှင်တစ်ဦးအသွင် ဖန်တီးပုံဖော်ထားတာ ဖြစ်ပါတယ်။ "NATURE" နဲ့အတူ global artists တွေ ပေါင်းစပ်ဖန်တီးထားတဲ့ ဂီတသံတွေကို နားဆင်ရင်း ကိုယ်တိုင် သဘာဝထဲ ရောက်သွားသလို ခံစားရစေမှာပါ။ "NATURE" နဲ့အတူ Ellie Goulding, Anuv Jain, David Bowie x Brian Eno, Umi x V (BTS), Aurora, Cosmo Sheldrake, Mo, London Grammar, Tom Walker, Louis VI, Bomba Estéreo, Aterciopelados, Los Amigos Invisibles, Navicula x Endah N Rhesa နဲ့ Blinky Bill စတဲ့ global artist တွေ collaborate လုပ်ထားပြီး ဖြစ်ပါတယ်။ အခုဆိုရင် သဘာဝတရားကြီးရဲ့ တေးဂီတသံစဉ်တွေကို streaming platforms တွေကတဆင့် နားဆင်နိုင်ပြီဖြစ်ပါတယ်။ "NATURE" ကနေ ရရှိတဲ့ အကျိုးအမြတ်တွေကိုတော့ EarthPercent လို့အမည်ရတဲ့ Charity ကနေတဆင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းတွေကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ ဒီလိုလှူဒါန်းတဲ့အခါမှာလည်း ဇီဝမျိုးကွဲပေါင်းစုံရှင်သန်ကျက်စားရာ ဒေသများမှာရှိတဲ့ ဂေဟစနစ် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းအစီအစဉ်များကို ဦးစားပေး လှူဒါန်းသွားမှာဖြစ်ပါတယ်။ ဦးစားပေးဒေသများကတော့ Madagascar, the Indian Ocean Islands, Indo-Burma, India, Myanmar, Sundaland, Philippines, Tropical Andes, နဲ့ the Atlantic Forest တို့ ဖြစ်ပါတယ်။ မိုးရေစက်တွေ တဖြောက်ဖြောက် ကျတဲ့အသံ၊ ငှက်ကလေးတွေ တွန်ကျူးတဲ့ အသံ၊ ပင်လယ်ထဲက ရေလှိုင်းတွေ ရိုက်ခတ်သံ နဲ့ စမ်းချောင်းလေးထဲက ရေတွေ စီးဆင်းနေတဲ့အသံ ... စတဲ့ သဘာဝတရားကြီးရဲ့ သာယာနာပျော်ဖွယ်ကောင်းလှတဲ့ အသံတွေဟာ ကျွန်တော်တို့ လူသားတွေရဲ့ စိတ်ကို ငြိမ်သက်အေးချမ်းစေနိုင်တဲ့ အစွမ်း ပိုင်ဆိုင်ထားပါတယ်။ သဘာဝရဲ့ ဂီတသံနဲ့အတူ စိတ်ကို ကုစားရင်း ကမ္ဘာမြေအတွက် တစ်ထောင့်တစ်နေရာကနေ အကူအညီပေးဖို့ အခုပဲ "NATURE" ကို နားဆင်ရအောင်နော်။ 📎 - https://spotify.link/dRNoCpM4eJb Content - Yoon Nandar (EHS Myanmar) --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #soundrights #nature #naturesounds

photo content

EHS Myanmar's Monthly Theme: What is it for May? -------------------------------------------------- 🇲🇲 EHS Myanmar မှ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (Sustainable Development Goals) များကို အထောက်အကူပြုစေရန် ရည်ရွယ်၍ တစ်လနှင့်တစ်လ မတူညီသော ခေါင်းစဥ် (Theme) များကို အလှည့်ကျဖြင့် Knowledge Sharing များ ပြုလုပ်ပေးနေပါသည်။ 🌞ပူပြင်းလှတဲ့နွေရာသီ မေလမှာ အိမ်တွင်းအပူချိန်များကိုလျှော့ချနိုင်ဖို့အတွက် "Urban Home Gardening - May" Theme ကိုရွေးချယ်ထားပါသည်။ 🎍 ရာသီဥတုဖောက်ပြန်ပြောင်းလာမှုနဲ့အတူ ပိုမိုပြင်းထန်လာတဲ့အပူရှိန်တွေမှာ ကျွန်ုပ်တို့အနေနဲ့ အိမ်တွင်းအပူချိန်ကို ဘယ်လိုလျှော့ချကြမလဲဆိုတာကို အိမ်တွင်းစိုက်ပျိုးရေးသီးပင်စားပင် အလှပင်များနဲ့ဆက်စပ်တဲ့ အကြောင်းအရာတွေကို ယခု Theme ဖြင့် ဆောင်းပါးများရေးသားခြင်း၊ Content များဖန်တီးခြင်း၊ အွန်လိုင်းဟောပြောပွဲများလုပ်ဆောင်ခြင်း၊ အွန်လိုင်းကမ်းပိန်းများစီစဉ်ခြင်း၊ Instagram တွင် Post အသစ်များရေးသားခြင်း စသည့် နည်းလမ်းများဖြင့် အသိပညာများရရှိအောင်ကြိုးစားပေးသွားမှာ ဖြစ်ပါသည်။ 😍 Urban Home Gardening - Mayနှင့်ပတ်သတ်ပြီး စိတ်ဝင်စားလို့ လေ့လာသင်ယူချင်တယ်ဆိုရင်တော့ EHS Myanmar page ကို see first လုပ်ထားဖို့မမေ့ပါနဲ့ဦး။ ----------------------------------------------------------------------- "𝙂𝙖𝙞𝙣𝙞𝙣𝙜 𝙠𝙣𝙤𝙬𝙡𝙚𝙙𝙜𝙚 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙬𝙞𝙨𝙙𝙤𝙢. 𝙎𝙝𝙖𝙧𝙞𝙣𝙜 𝙞𝙩 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙝𝙪𝙢𝙖𝙣𝙞𝙩𝙮." Don't forget us to follow us on instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #environmental #sustainability #urban #gardening #SDG

International Earth Day အထိမ်းအမှတ်အနေဖြင့် April 26, 2024 တွင် Thant Myanmar မှ ကြီးမှူးကျင်းပခဲ့သည့် Green Chief Debate ပြိ
+2
International Earth Day အထိမ်းအမှတ်အနေဖြင့် April 26, 2024 တွင် Thant Myanmar မှ ကြီးမှူးကျင်းပခဲ့သည့် Green Chief Debate ပြိုင်ပွဲတွင် EHS Myanmar အဖွဲ့ဝင် Research & Project Associate ကိုတိုးလွင်ရှိန်မှ ပထမဆုအနိုင်ရရှိခဲ့ကြောင်းကြားသိရသည့်အတွက် EHS Myanmar အဖွဲ့သားများအားလုံးမှ ဝမ်းမြောက်မိပါသည်။ 🥳 We wish Ko Toe Lwin Shein the best for his future endeavours. 💪🎉 #EHSMyanmar #GreenChiefDebate #InternationalEarthDay #TeamMemberAppreciation

photo content

Food Waste Management စိတ်ဝင်စားသူများလက်မလွှတ်သင့်သည့် Free Online Course လမ်းညွှန် ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ EHS Myanmar | 27.4.24 Face to Face သင်တန်းတွေတက်ဖို့အချိန်မပေးနိုင်ဘူး၊ နိုင်ငံခြားတက္ကသိုလ်ကြီးတွေက Certificate လဲရချင်တယ်ဆိုလျှင်တော့ အောက်ဖော်ပြပါ Online Class တွေကို အခမဲ့ဖြင့် လေ့လာဖို့ တိုက်တွန်းပါရစေ။ ✅ Food Waste Prevention Course UNCC ကနေဖွင့်လှစ်သင်ကြားပေးနေတဲ့ Food Waste Prevention အွန်လိုင်းအတန်းဖြစ်ပါတယ်။ ဒီသင်တန်းမှာဆိုလျှင် တော့ အစားအစာစွန့်ပစ်မှုတွေကို ထိန်းချုပ်နိုင်ရန် နဲ့ Food Chain တွေဖြစ်တဲ့ အစားအစာထုတ်လုပ်ရေး၊ ဖြန့်ချီရေး၊ စားသောက်ဆိုင်များမှ ထွက်ရှိလာတဲ့ စွန့်ပစ်အစားအစာတွေကို ဘယ်လိုလျှော့ချမလဲ၊ ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာတွေကို လေ့လာခွင့်ရမှာဖြစ်ပါတယ်။ English စာနဲ့လေ့လာခွင့်ရမှာဖြစ်ပြီး အချိန် (၅) နာရီသာကြာမြင့်မှာဖြစ်ပါတယ်။ ❗️View here - https://www.classcentral.com/.../un-cc-e-learn-food-waste... ✅ Food Waste to Value: How to Tackle Food Waste Course University of Reading နဲ့ EIT Food ကနေပူးပေါင်းပြီး သင်ကြားပေးနေတဲ့ Future Learn မှာလေ့လာခွင့်ရ မယ့် သင်တန်းတစ်ခုကိုပြောပြချင်ပါတယ်။ တစ်ပတ်ကို ၃နာရီ လေ့လာရုံနဲ့ ၃ပတ်သာကြာမြင့်ပါမယ်။ Food Waste အကြောင်းစတင်လေ့လာချင်သူတွေအတွက် အသင့်တော်ဆုံးဖြစ်ပြီး Community-based ဖြေရှင်းချက် များကို လေ့လာခွင့်ရမှာဖြစ်ပါတယ်။ ❗️View here - https://www.futurelearn.com/courses/from-waste-to-value?utm_campaign=Courses+feed&utm_medium=courses-feed&utm_source=courses-feed&utm_source=rakutenmarketing&utm_medium=affiliate&utm_campaign=fl_3347507:Class+Central&utm_content=10:1&utm_term=UKNetwork&ranMID=42801&ranEAID=SAyYsTvLiGQ&ranSiteID=SAyYsTvLiGQ-VRpR6MbfGCjV7IWN2U5qEg ✅ Solid Waste Management Course Food Waste အပါအဝင် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုများကိုလေ့လာနိုင်ဖို့ World Bank Group OLC ကနေသင်ပေးနေတဲ့ Online Course တစ်ခုရှိပါတယ်။ Solid Waste Management Chain ကိုသမားရိုးကျမဟုတ်ပဲ ငွေကြေး၊ နည်းပညာ၊ နဲ့ operation ပိုင်းတွေကို လေ့လာခွင့်ရမှာဖြစ်ပါတယ်။ နောက် Policy Framework တွေကို Circular Economy ကိုမှာ ဖြစ်ပါတယ်။ သင်တန်းကာလ က ၆ ပတ်ကြာမြင့်မှာဖြစ်ပါတယ်။ ❗️View here - https://www.edx.org/learn/waste-management/world-bank-group-solid-waste-management?utm_source=affiliate&utm_medium=Class%20Central&utm_campaign=Harvard%27s%20Computer%20Science%20for%20Python%20Programming_&utm_content=TEXT_LINK&irgwc=1 ✅ Solid and Hazardous Waste Management Course ဒီအတန်းကတော့ Postgraduate Level ဖြစ်ပြီး သင်တန်းကာလက ၁၅ ပတ်ကြာမြင့်မှာဖြစ်ပါတယ်။ PG level ဖြစ်တဲ့ အတွက် Waste Classification, Composition, Processing, Recycling, Radioactive Waste, Biomedical Waste, Vermicomposting အပါအဝင် Food Waste Management ဘာသာရပ် စတဲ့သင်ခန်းစာတွေကိုတဝကြီးလေ့လာရမှာ ဖြစ်ပါတယ်။ ❗️View here - https://onlinecourses.swayam2.ac.in/cec24_bt02/preview သင့်အတွက် အကျိုးရှိမယ်ဆို အခြားသူတွေကိုလဲ ပြန်လည် မျှဝေဖို့ မမေ့ပါနှင့်။ ☺️ .................................................................................... "Gaining knowledge is the first step to wisdom. Sharing it is the first step to humanity." #EHSMyanmar #environmental #foodwaste #management #freeonline #course

🌳🌿 Happy Arbor Day from EHS Myanmar! 🎉 Let's celebrate the beauty and importance of trees in our lives and the environment
🌳🌿 Happy Arbor Day from EHS Myanmar! 🎉 Let's celebrate the beauty and importance of trees in our lives and the environment. Join us in planting trees, nurturing green spaces, and promoting sustainability. Together, let's make the world a greener and healthier place for generations to come. #ArborDay #EHSMyanmar 🌱🌳

photo content

အင်ဒိုနီးရှားမီးတောင်ကြောင့် မြန်မာ့လေထုအပေါ်သက်ရောက်မှု ------------------------------------------------------------------ EHS Myanmar | 25.4.2024 🌤အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူလာဝေစီပြည်နယ် Ruang ကျွန်းရှိ တွင် မီးတောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ ဧပြီလ (၁၆) ရက်နေ့မှစတင်ခဲ့သော ထိုမီးတောင်ပေါက်ကွဲမှုကြောင့် ဆူနာမီဘေးအန္တရာယ်နှင့်လေထုညစ်ညမ်းမှုအန္တရာယ်ကိုပါ သတိပေးခြင်းခံထားရပါတယ်။ ထိုမီးတောင်ပေါက်ကွဲမှုနှင့်အတူ နယ်စပ်ဖြတ်ကျော်မီးခိုမြူများ အာဆီယံဒေသတွင်း နိုင်ငံများအပေါ် သက်ရောက်နိုင်ပြီး မြန်မာပြည်သူလူထုရဲ့ လေထုညစ်ညမ်းမှုကိုပါ ဘယ်လိုတွေ သက်ရောက်နိုင်ပါသလဲ။ ၁။ လေထုအရည်အသွေးကျခြင်း (Air Qualtuy Deterioration) - မီးတောင်ပေါက်ကွဲမှုထွက်လာသော မီးခိုမြူအမှုန်အမွှား များ ကြောင့် မြန်မာ့လေထု နဲ့ မြင်ကွင်း (visibility) တို့အပေါ် သက်ရောက်မှုတေရှိလာနိုင်ပါတယ်။ ထို့အတူ ကျန်းမာရေးပေါ် သက်ရောက်မှုတွေလဲဖြစ်ပေါ်လာနိုင်ပါတယ်။ ၂။ စိုက်ပျိုးရေးအပေါ်သက်ရောက်ခြင်း (Agricultural Challenges) - မီးတောင်ပြာများက ကောက်ပဲသီးနှံများကို ဖုံးလွှမ်းနိုင်ပြီး မြန်မာ့လယ်ယာကဏ္ဍကို ထိခိုက်စေနိုင်ပြီး စားနပ်ရိက္ခာဖူလုံမှုကိုပါ သက်ရောက်မှုတွေရှိလာနိုင်ပါတယ်။ ၃။ ရေထုအရည်အသွေးကျခြင်း (Water Quality Concerns) - မီးတောင်ပေါက်ကွဲခြင်းမှထွက်လာသော ပြာများနှင့် အမှိုက်များသည် Water Body များသို့ ဝင်ရောက်နိုင်ပြီး ရေအရင်းအမြစ်များနှင့် ရေနေဂေဟစနစ်များ၏ အရည်အသွေးကို ထိခိုက်စေနိုင်ပါတယ်။ ၄။ ရာသီဥတုပုံစံပြောင်းလဲခြင်း- PM2.5 အပါအဝင် အမှုန်အမွှားများကြောင့် မြန်မာ့မိုးလေဝသနှင့် ရာသီဥတုပုံစံများကို အပေါ်သက်ရောက်မှုရှိလာနိုင်ပြီး ပုံမှန်မဟုတ်သော ရာသီဥတုအခြေအနေများဆီသို့ ဦးတည်သွားစေနိုင်ကြောင်းကိုလဲ သတိပြုရပါမယ်။ 😷ဘယ်သူတွေပိုသတိထားရမလဲ။ မြန်မာ့တောင်ပိုင်းဒေသတွေဖြစ်တဲ့ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နဲ့ ရခိုင်ပြည်နယ်က ပြည်သူတွေအနေနဲ့ ဒီအန္တရာယ်တွေကိုအထူးသတိထားဖို့လိုပါလိမ့်မယ်။ ဒီသက်ရောက်မှုတွေက weather pattern တွေနဲ့ wind pattern တွေအပေါ်မှာအများကြီးမူတည်နိုင်ပါတယ်။ 💊လူထုကျန်းမာရေးကို ဘယ်လိုကာကွယ်ရမလဲ။ ၁။ အပြင်ထွက်ရင် PM2.5 ကိုကာကွယ်ပေးနိုင်တဲ့ N95 Mask များကိုတပ်ဆင်ပြီးမှအပြင်သွားပါ။ ၂။ သက်ကြီးရွယ်အိုများ နဲ့ ကလေးသူငယ်များအနေဖြင့် တက်နိုင်သမျှအိမ်ထဲမှာပဲနေပါ။ ၃။ အမှုန်အမွှားတွေကြောင့် မျက်လုံးယားယံတာ အရေပြးယားယံတာတွေဖြစ်ပေါ်နိုင်တဲ့ အတွက် တက်နိုင်သမျှကာကွယ်ပါ။ ၄။ အိမ်သုံးဆေးဝါးတွေကိုလက်လှမ်းမီသောနေရာတွင်ထားပြီး အသက်ရှုဆိုင်ရာရောဂါတွေနဲ့ပတ်သတ်တာတွေကို သတိထားစစ်ဆေးဖို့လိုပါမယ်။ ပြုစုရေးသားသူ - နိုင်ကျော်လူ ----------------------------------------------------------------------- Don't forget to follow us on LinkedIn - https://www.linkedin.com/company/ehsmyanmar #EHSMyanmar #airpollution #climatechange #environmental #indonesia #volcanoeruption

🔬🐾 Happy World Day for Laboratory Animals from EHS Myanmar! 🎉 Let's honor the importance of humane treatment and ethical r
🔬🐾 Happy World Day for Laboratory Animals from EHS Myanmar! 🎉 Let's honor the importance of humane treatment and ethical research practices for laboratory animals. Join us in advocating for alternatives to animal testing and promoting the welfare of all creatures. Together, let's work towards a world where animals are treated with dignity and respect. #WorldDayForLaboratoryAnimals #EHSMyanmar 🌿🐭

🐾🌿 Happy International Pallas's Cat Day from EHS Myanmar! 🎉 Let's celebrate the unique beauty and importance of these elus
🐾🌿 Happy International Pallas's Cat Day from EHS Myanmar! 🎉 Let's celebrate the unique beauty and importance of these elusive wildcats. Join us in raising awareness about their conservation and supporting efforts to protect their habitat. Together, let's ensure a brighter future for Pallas's cats and all wildlife. #PallasCatDay #EHSMyanmar 🐱🌍

🌍🌿 Happy Earth Day from EHS Myanmar! 🎉 Let's unite in appreciation of our planet and commit to protecting it for future ge
🌍🌿 Happy Earth Day from EHS Myanmar! 🎉 Let's unite in appreciation of our planet and commit to protecting it for future generations. Join us in taking action for a cleaner, greener, and more sustainable world. Together, we can make a difference! #EarthDay #EHSMyanmar 🌱🌎