EHS Myanmar
Відкрити в Telegram
This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.
Показати більше868
Підписники
Немає даних24 години
Немає даних7 днів
+230 днів
Архів дописів
868
အင်ဒိုနီးရှားက ဘာကြောင့် မြို့တော်ကိုရွှေ့ချင်နေတာလဲ။
___________________________________________________
EHS Myanmar | 30.10.22
ဂျာကာတာ - အင်ဒိုနီးရှားနိုင်ငံ၏မြို့တော်။ ဒီဂုဏ်ပုဒ်ကိုမကြာခင် နူဆန်ထရာမြို့ (Nusantara) မြို့ကို လွှဲပေးရတော့မှာဖြစ်ပါတယ်။ ဂျာကာတာကနေ ကီလိုမီတာ (၂၀၀၀) အကွာဘောနီရိုကျွန်းရှိ (Borneo) ကလီမာန်တန်ကျွန်းဒေသ (Kalimanatan) အရှေ့ဘက်မှာ ထိုမြို့သစ်ကိုတည်ဆောက်နေပြီဖြစ်ပါတယ်။ ထိုမြို့သစ်ကိုပြောင်းရွှေ့ဖို့ (၂၀၂၂) ခုနှစ် ဇန်နဝါရီလ (၁၈) ရက်နေ့မှာပဲ အင်ဒိုနီးရှားနိုင်ငံလွှတ်တော်က အတည်ပြုပေးခဲ့ပြီး (၂၀၂၄) ခုနှစ်မှာ စတင်ရွှေ့ပြောင်း အခြေချတော့မှာဖြစ်ပါတယ်။
ဘာကြောင့်မြို့တော်ကိုရွှေ့ရတာလဲ။
ပြောင်းရွှေ့ရခြင်း အဓိကအချက် (၂) ချက်ရှိပါတယ်။
ပထမအချက်အနေနဲ့ကတော့ စာဖတ်သူတို့အားလုံးသိကြတဲ့အတိုင်း ဂျာကာတာမြို့ရှိတဲ့ ဂျာဗားကျွန်းဟာ လူဦးရေ အထူထပ်ဆုံးသောကျွန်းတစ်ခုဖြစ်ပါတယ်။ နိုင်ငံရဲ့ လူဦးရေ (၆၀) ရာခိုင်နှုန်းလောက်က ဂျာဗားကျွန်းမှာနေထိုင်နေကြတာဖြစ်ပါတယ်။ ဒါတင်မကသေး နိုင်ငံ့စီးပွားရေးထက်ဝက်ကျော်လောက်ဟာလဲ ဂျာဗားကျွန်းမှာပဲအခြေစိုက်ဖြစ်ပါတယ်။ ဒါကြောင့် ဂျာဗားကျွန်းအနေနဲ့ တနိုင်ငံလုံးဝန်ကိုထမ်းထားရတဲ့အတွက် ဝန်ပိနေကြောင်းဖော်ပြထားပါတယ်။ သို့ပေမယ့် ယခုပြောင်းရွှေ့ဖို့ စီစဉ်နေတဲ့ ကလီမာန်တန်ကျွန်းဟာဆိုရင် ဂျာဗားကျွန်းထက် (၄) ဆလောက်ကြီးမားပြီး တိုင်းပြည် GDP ရဲ့ (၁၀) ရာခိုင်နှုန်းလောက်ကသာ ဒီကျွန်းပေါ်မှာဖြစ်ပေါ်နေတဲ့အတွက် ကျွန်းက အသစ်စက်စက်လို့ပြောလို့ရနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ လူဦးရေ သိပ်သည်းမှုကို ဖြန့်ကျက်ဖို့လိုတဲ့ အတွက် မြို့တော်ကိုပြောင်းရွှေ့ဖို့စီစဉ်ခဲ့တာလဲဖြစ်ပါတယ်။
ဒုတိယအချက်အနေနဲ့ကတော့ ဂျာကာတာမြို့က သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဒဏ်ကိုအကြီးအကျယ်ခံနေရတာဖြစ်ပါတယ်။ ယခင်နှစ်များကအစ လေထုညစ်ညမ်းမှုဒဏ်ကို ဆိုးရွားစွာခံစားနေရပြီး ဒေလီမြို့ နှင့် ဘေကျင်းမြို့များနီးပါးဆိုးရွားလာကြောင်း စစ်တမ်းတွေမှာဖော်ပြထားပါတယ်။ ဒါကြောင့်လဲ အစိုးရ နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေပေါင်းပြီး ဒီလေထုညစ်ညမ်းမှု ဒဏ်ကိုဝိုင်းဝန်းဖြေရှင်းဖို့ကြိုးစားနေကြတာဖြစ်ပါတယ်။
နောက်သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဒဏ်ကို ခံစားနေရတဲ့အချက်တွေထဲမှာ ရေမြုပ်လာခြင်းက အဓိကအကြောင်းအရင်းဖြစ်လာလို့နေပါတယ်။ ဟုတ်ပါတယ်... ဂျာကာတာက တစ်နှစ်ကို (၂၅) စင်တီမီတာလောက် ပင်လယ်ရေအောက်ကိုတဖြည်းဖြည်းနိမ့်ဆင်းနေပြီဖြစ်ပါတယ်။ ဒါကြောင့် မြို့ပြရေကြီးရေလျှံမှုတွေဖြစ်ပေါ်ရုံသာမက ရေကောင်းရေသန့်ရှားပါးလာခြင်း နှင့် သောက်သုံးရေရရှိမှု မလုံလောက်ခြင်းတွေနဲ့လဲရင်ဆိုင်နေရပါတယ်။ ဒါတွေဖြစ်ရခြင်းအကြောင်းကတော့ မြေအောက်ရေရှားပါးလာခြင်း နှင့် မြေပြင်ဧရိယာတွေတဖြည်းဖြည်းနည်းပါးလာခြင်း တို့ပဲဖြစ်ပါတယ်။ ဒီ environmental burden တွေကြောင့်လဲ မြို့တော်ကိုပြောင်းရွှေ့ဖို့ဖြစ်လာရခြင်းဖြစ်ပါတယ်။
ဘာတွေသင်ခန်းစာယူလို့ရမလဲ။
စာရေးသူတို့ အာဆီယံဒေသတွင်းနိုင်ငံမှာလဲ မြို့ပြတွေရေမြုပ်ခြင်းဒဏ်ကို ခံစားနေရပြီးဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ဘန်ကောက်မြို့ဟာ အနှေးနဲ့အမြန် ပင်လယ်ထဲနိမ့်ဆင်းနေတာဖြစ်ပါတယ်။ (၂၁၀၀) ခုနှစ်မှာ ဘန်ကောက်က လုံးဝကိုမြုပ်သွားမယ်လို့ ပညာရှင်တွေကခန်းမှန်းထားကြပြီးဖြစ်ပါတယ်။ ဒီလိုပါပဲ စာရေးသူတို့ရဲ့ ရန်ကုန်မြို့ကဆိုရင်လဲ ပင်လယ်ရေအောက်ရောက်ဖို့ ခန့်မှန်းထားကြပြီးဖြစ်ပါတယ်။ (၂၀၁၇) ခုနှစ် တွင် WWF ၏ အစီရင်ခံစာတစ်ခုတွင် ပင်လယ်ရေမျက်နှာပြင်က (၂၀၈၀) တွင် (၄၀)-(၈၀) စင်တီမီတာ အထိမြင့် တက်လာနိုင်ကြောင်းခန့်မှန်းထားပြီးဖြစ်ပါတယ်။ ဒါကြောင့်လဲ ရန်ကုန်မြို့က (၂၀၈၀) ခုနှစ်မတိုင်ခင်မှာ ပင်လယ်ရေအောက်ကို တစ်စိတ်တစ်ပိုင်း ရောက်ရှိနိုင်ပါတယ်။ ဒါကြောင့် ရေကြီးမှု နဲ့ ရေမြုပ်နေမှုဒဏ်တွေကို အစိုးရ နှင့် အရပ်ဖက် NGO များပူးပေါင်းပြီး ဝိုင်းဝန်းအဖြေရှာဖို့အချိန်တန်ပါပြီ....။
ပြုစုရေးသားသူ - နိုင်ကျော်လူ
ကိုးကား - thehindu.com, theguardian.com
868
ယနေ့ကျရောက်သော Sustainability Day ကိုဂုဏ်ပြုသောအားဖြင့် "Internet ကြီး သဘာဝပတ်ဝန်းကျင်အတွက် ကောင်းတာလား? ဆိုးတာလား?" ခေါင်းစဉ် ဖြင့် Podcast ဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ထားပါတယ်။
--------------------------------------------------------------------------------------
EHS Myanmar | 26.10.22
🎙ဘာကြောင့် ဒီဆွေးနွေးပွဲကိုနားထောင်သင့်သလဲ။
အင်တာနက်က ယနေ့ခေတ်လုပ်ငန်းစဉ်များမှာမရှိမဖြစ်ပါ၊ ကျွန်မတို့တွေ ပညာလေ့လာဖို့၊ သင်ယူနိုင်ဖို့၊ အလုပ်တွေလုပ်ဖို့ နဲ့ awareness တွေလုပ်နိုင်ဖို့အတွက် အင်တာနက်ကမရှိမဖြစ် အခန်းကဏ္ဍမှာ အကျိုးရှိစွာ ပါဝင်လျက်ရှိတာကို မည်သူမှမငြင်းနိုင်ပါ။ ဒါပေမယ့်လဲ အင်တာနက်ကိုအသုံးပြုခြင်းကြောင့် လူတွေသတိမပြုမိ တဲ့ သဘာဝပတ်ဝန်းကျင်အပေါ်ထိခိုက်မှုတွေနဲ့ လူတွေရဲ့နေ့စဉ်ဘဝအပေါ်သက်ရောက်မှုတွေကို ယခု Podcast မှာ ဆွေးနွေးအဖြေရှာထားပါတယ်ရှင့်။
🎙ဘယ်သူတွေဆွေးနွေးတာလဲ။
ယခု Podcast ကို EHS Myanmar ၏ Inten Members များဖြစ်သည့် မယွန်းန္ဒာခိုင် နှင့် ကိုကျော်ဇေအောင်တို့မှ စီစဉ်တင်ဆက်ထားပြီး အဓိကဆွေးနွေးသူအဖြစ် EHS Myanmar ၏ Project Assistant ဖြစ်သူ ကိုတိုးလွင်ရှိန် နှင့် Guest Speaker အဖြစ်ဖိတ်ကြားထားသည့် SLC Advocates - Advocates for Sustainable Lifestyle and Culture ၏ PR Officer & Program Leader ဖြစ်သည့် မအေးသီရိမွန်တို့မှ ဆွေးနွေးတင်ဆက်ထားပါတယ်ရှင့်။
🎙ဘယ်မှာနားထောင်လို့ရမလဲ။
EHS Myanmar website (www.ehsmyanmar.org) မှာ နားဆင်လို့ရပါတယ်။ ဒါတင်မက Spotify, Apple Podcast, Google Podcast, Anchor FM, Pocket Casts, Radio Public စသည့် Podcast Platform တော်တော်များများမှာ နားဆင်လို့ရနေပါပြီရှင်။
Website - https://www.ehsmyanmar.org/podcast-1
Spotify - https://open.spotify.com/show/7d7SwaSQgzgkJDe7UkjwMq?fbclid=IwAR3cYQ5JUlfKeBZNaB58dyApQbuAodU6T93sw5UMtqFWBr411sYhRKwuS8U
Anchor FM - https://anchor.fm/ehsmyanmar?fbclid=IwAR2jjFjC47Oi2qWLdEm8JMRTSzr8q6FfIIdGoJAHkPriHBIfjVCfzMcgPRg
Apple Podcast -https://podcasts.apple.com/us/podcast/ehs-myanmar-monthly-podcast/id1554795854?fbclid=IwAR02575IYKTU5iANKleNFLaUnGdPB75W0spQkGTSX-HVP3ls_mcb0dPbmhc
Google Podcast - https://podcasts.google.com/feed/aHR0cHM6Ly9hbmNob3IuZm0vcy80ZGIyM2M2NC9wb2RjYXN0L3Jzcw==?fbclid=IwAR3KjUPfA6e_VL8PCI-4ZTkvAulzBWWUTcK7Xs6fnftbfeG11QNietWnS34
ဆွေးနွေးပွဲကို အပိုင်းနှစ်ပိုင်းဖြင့်ဆွေးနွေးထားပြီး ယခုအပိုင်း (၁) ကိုတော့ ယနေ့နားဆင်လို့ရနေပြီး အပိုင်း (၂) ကိုတော့ မကြာခင် ထပ်တင်ပေးသွားပါမယ်ရှင့်။
---------------------------------------------
Don't forget to follow us on Telegram
https://t.me/ehsmyanmar
#EHSMM #SLCAdvocates #InternetGoodorBad #environmentimpacts #socialimpacts #sustainabledevelopment #Podcast
868
အဖြစ်များဆုံးသော သဘာဝဘေးအန္တရာယ်များ
==============================================
EHS Myanmar | 22.10.22
သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေများလာသည့်အတွက် ရာသီဥတုပြောင်းလဲမှုများဖြစ်ပေါ်လာပြီး သဘာဝအလျောက်ဖြစ်သော ဘေးအန္တရာယ်ဖြစ်စဉ်များလဲ အဖြစ်များလာရပါသည်။ ထို သဘာဝဘေးအန္တရာယ်များထဲမှ ဘယ် Natural Disater က အဖြစ်များဆုံးဖြစ်မလဲ။ ၂၀၁၆ ခုနှစ်က ထုတ်ပြန်ခဲ့သော UN Office for Disaster Risk Reduction (UNDRR) ၏ အစီရင်ခံစာကိုအခြေခံပြီးလေ့လာကြည့်ကြပါစို့။ လွန်ခဲ့သည့် နှစ် (၂၀) ၁၉၉၅ မှ ၂၀၁၅ ခုနှစ်အတွင်းဖြစ်ပျက်ခဲ့သော ကမ္ဘာ့နိုင်ငံအသီးသီးတွင်ကျရောက်ခဲ့သော သဘာဝဘေးအန္တရာယ်များကို စစ်တမ်းပြုခဲ့ရာ -
၁။ ရေကြီးရေလျှံမှုသည် (၄၃) ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပေါ်ခဲ့ပါသည်။ အဖြစ်ပျက်ပေါင်း (၃၀၆၂) ခုကျော်ကိုမှတ်တမ်းတင်ထားနိုင်ခဲ့ကြောင်း လေ့လာရပါသည်။
၂။ လေပြင်းမုန်တိုင်း ဖြစ်မှုသည် (၂၈) ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင်ရပ်တည်နေပါသည်။ ၂၀၀၈ ခုနှစ်မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သော နာဂစ်ဆိုင်းကလုန်း မုန်တိုင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။
၃။ တတိယနေရာတွင် ငလျင်လှုပ်ခဲ့မှုက (၈) ရာခိုင်နှုန်းဖြင့် နေရာယူထားပါသည်။
၄။ ငလျင်လှုပ်ခဲ့မှုပြီး (၂) ရာခိုနှုန်းနည်းသော ဖြစ်ရပ်က အပူချိန်လွန်ကဲခြင်း (Extreme Temperature) ဖြစ်ရပ်က (၆) ရာခိုင်နှုန်းဖြင့် ရပ်တည်နေပါသည်။
၅။ နံပါတ် (၅) နေရာတွင် (၅) ရာခိုင်နှုန်းဖြင့် မြေပြိုခြင်းဖြစ်စဉ် နှင့် မိုးခေါင်ခြင်းဖြစ်စဉ်များ ဖြစ်ကြောင်းတွေ့ရပါသည်။
၆။ သစ်တောမီးလောင်မှုများသည်လဲ သဘာဝဘေးအန္တရာယ်များဖြစ်သည်အလျှောက်၊ ၎င်းသည်လဲ (၄) ရာခိုင်နှုန်းရှိကြောင်းတွေ့ရပါသည်။
၇။ အနည်းဆုံးဖြစ်စဉ်ကတော့ မီးတောင်ပေါက်ကွဲခြင်းဖြစ်စဉ်ဖြစ်သည်ဟု သိရပြီး ၎င်းသည် (၂) ရာခိုင်နှုန်းသာရှိနေသည်။
အဖြစ်အများဆုံးဖြစ်သည့် ရေကြီးရေလျှံမှု နှင့် လေပြင်းမုန်တိုင်းတိုက်ခတ်မှု (၂)ခုပေါင်းသည် ကမ္ဘာ့သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များ၏ (၇၁) ရာခိုင်နှုန်း ရှိနေကြောင်းတွေ့ရပါလိမ့်မည်။ ထို့အပြင် ၁၉၈၅ ခုနှစ်မှ ၁၉၉၄ခုနှစ်ကြားဖြစ်ခဲ့သော သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များထက် (၁၄) ရာခိုင်နှုန်းကျော်လောက် ပိုမိုအဖြစ်များလာကြောင်း စစ်တမ်းတွင်ဖော်ပြထားပါသည်။ ။
ပြုစုသူ - နိုင်ကျော်လူ
ကိုးကား - The human cost of weather related disaster (1995-2015), UNDRR
-------------------------------------------------------------------------------------------------------------------
EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။
https://t.me/ehsmyanmar
#EHSMyanmar #NaturalDisasters #UNDRR #weather
868
Internet ကြီး သဘာဝပတ်ဝန်းကျင်အတွက် ကောင်းတာလား? ဆိုးတာလား? Podcast by EHS Myanmar
---------------------------------------------
🎙️ ယနေ့ခေတ် ကမ္ဘာကြီးမှာ Internet က လူသားတွေရဲ့ နေ့စဉ်ဘဝအတွက် မရှိမဖြစ် အရာတစ်ခု ဖြစ်လာပါတယ်။ နေရာတွေဘယ်လောက်အလှမ်းဝေးပါစေ.....Internet ရှိရုံနဲ့ အချင်းချင်း လွယ်ကူလျင်မြန်စွာ ဆက်သွယ်နိုင်သလို၊ ကိုယ်သိချင်တဲ့ပညာရပ်တွေ လေ့လာဆည်းပူးဖို့အတွက်လည်း အင်တာနက်က များစွာအထောက်အကူပြုပါတယ်။
🎙️ ဒီလို လူသားတွေအတွက် အကျိုးများစွာဖြစ်စေတဲ့ Internet က သဘာဝပတ်ဝန်းကျင်အပေါ်မှာရော ဘယ်လိုအကျိုးသက်ရောက်မှုရှိစေလဲဆိုတာနဲ့ပတ်သတ်ပြီး EHS Myanmar နဲ့ SLC Advocates - Advocates for Sustainable Lifestyle and Culture တို့နှင့်ပူးပေါင်းကာ "A Study on Environmental Impacts of Internet Emissions: a Case Study of Yangon, Myanmar" ခေါင်းစဉ်ဖြင့် သုတေသနစာတမ်းတစ်ခုကို ၂၀၂၁ ခုနှစ် October လမှ ၂၀၂၂ ခုနစ် April လအထိ ခြောက်လကြာ ပြုစုရေးသားထုတ်ဝေခဲ့ပါတယ်။ ထိုစာတမ်းကို Myanmar Information Management Unit (MIMU), Academia.edu, Zenodo စတဲ့ Website တွေမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။
🎙️ ယခုအခါမှာတော့ ထိုသုတေသနစာတမ်းအား အခြေခံပြီး "Internet ကြီး သဘာဝပတ်ဝန်းကျင်အတွက် ကောင်းတာလား? ဆိုးတာလား?" ဆိုတဲ့ ခေါင်းစဉ်ဖြင့် EHS Myanmar နဲ့အတူ Guest Speaker အဖြစ် SLC Advocates - Advocates for Sustainable Lifestyle and Culture တို့က Podcast စကားဝိုင်းလေးတစ်ခုကို ၂၆ ရက် October လ ၂၀၂၂ ခုနစ်မှာကြရောက်မည့် World Sustainability Day အားဂုဏ်ပြုသည့်အနေနဲ့ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
🎙️ ထို့ကြောင့် Podcast အားနားဆင်လိုသူများအနေဖြင့် ခေါင်းစဉ်နှင့်ပတ်သက်၍ သိလိုသည်များကိုလည်း Speaker များမှထည့်သွင်းဆွေးနွေးသွားမည်ဖြစ်တာမို့ အောက်က Google Form Link တွင် ၂၀၂၂ ခုနစ် October လ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း မေးခွန်းများဝင်ရောက်မေးမြန်းနိုင်ပါတယ်။
🎙️ Podcast အား ehsmyanmar.org အပြင်
EHS Myanmar ၏ Google, Apple နှင့် Spotify Podcast Channel များတွင် စောင့်မျှော်နားဆင်ပေးကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
Google Form - https://forms.gle/NtLa6F2DzTL3RcwF8
EHS Myanmar Research Paper Link - http://themimu.info/node/117533
ဘာကြောင့် Environmental Podcast များကိုနားထောင်သင့်သလဲ ဆောင်းပါး - https://www.facebook.com/108833677318058/posts/647965293404891/
📞 သိရှိလိုသည်များရှိပါက EHS Myanmar Facebook Page နှင့် EHS Myanmar Email myanmarehs@gmail.com သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်တယ်။
Learn more at www.ehsmyanmar.org
---------------------------------------------
Don't forget to follow us on LinkedIn
https://www.linkedin.com/company/ehsmyanmar/
#EHSMM #Podcast #SLCAdvocates #InternetGoodorBad
868
Global Handwashing Day, October 15
---------------------------------------------------------------------------
Global Handwashing Day, which takes place on October 15, is a day of campaigning around the world intended to raise public awareness of the value of using soap and water to wash hands to prevent disease and save lives. The theme of the 2022 is "Unite for Universal Hand Hygiene" "အားလုံးလက်ဆေးသန့်ရှင်းရေး စည်းလုံးညီညာဆောင်ရွက်ပေး" in Burmese.
#EHSMyanmar #handwashingDay #internationaldays
868
International E-Waste Day, October 14
=============================================================
International E-Waste Day (#ewasteday) 2022 will be focusing on small items of e-waste, under the slogan "Recycle it all, no matter how small!".
Source - europa.eu
#EHSMyanmar #ewasteDay #internationalday
868
ကိုးကား - evergreenpodcasts.com
-------------------------------------------------------------------------------------------------------------------
EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ LinkedIn ကိုအခုပဲ Follow လုပ်လိုက်ပါ။
https://www.linkedin.com/company/ehsmyanmar/
#EHSMyanmar #Podcast #environmental #EHSChannel
868
ဘာကြောင့် Environmental Podcast များကိုနားထောင်သင့်သလဲ။ 🎤
======================================================================
EHS Myanmar | 16.10.22
လူငယ်တွေအနေနဲ့ သဘာဝပတ်ဝန်းကျင်ဘာသာရပ်ကို Self-study လေ့လာတဲ့အခါမှာ စာဖတ်ကြမယ်၊ Youtube တွေကနေတဆင့်လေ့လာကြမယ်၊ Online သင်တန်းတွေတက်ကြမယ်၊ Webinar/ Live Talk တွေတက်ပြီး လေ့လာကြမယ်။ ဒါအများစုပေါ့။ ဒါတင်မကပဲ အသံဖြင့်နားထောင်ပြီး ပညာရပ်တွေလေ့လာလို့ရပါ သေးတယ်။ Podcast ကနေတဆင့်နားထောင်ခြင်းပဲဖြစ်ပါတယ်။ Podcast မှာ EHS Myanmar's Podcast အပါအဝင် သဘာဝပတ်ဝန်းကျင် Podcast တွေအများ ကြီးရှိပါတယ်။ အများစုကတော့ English လိုဖြစ်ပြီး မြန်မာလိုကတော့ EHS Myanmar's Podcast ပဲရှိနေပါဦးမယ်။ Environmental Podcast တွေကို မသိသေးဘူးဆိုရင်တော့ အရင် share ထားဖူးတဲ့ Post တွေမှာပြန်ကြည့်လိုက်ပါ။
.
နားထောင်သင့်သည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ Podcast များ (အပိုင်း - ၁) - https://www.facebook.com/ehsmyanmar/posts/pfbid0cyVM4PMwSYgAtaHgrbXKYuVanz1K8STzqJozvtRo8TAJxYGfiFmwkm3S8UEyrQrRl
နားထောင်သင့်သည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ Podcast များ (အပိုင်း - ၂) - https://www.facebook.com/ehsmyanmar/posts/pfbid02eiHjvE5kteqJFqjfzCgzNcdQPJ1hEqN4LYFawxfUa2qN7XUPTv1oKeSPRhkDec6Fl
.
ဟုတ်ပြီ... ဒီတော့ ဘာကြောင့် Environmental Podcast များကိုနားထောင်သင့်သလဲ လေ့လာကြည့်ရအောင်။
၁။ အလုပ်များကိုတပြိုင်နက်ထည်းလုပ်နိုင်ခြင်း။ 🎧
ကျွန်တော်တို့တွေ Youtube တွေ၊ Live Talk တွေကြည့်ဖို့ဆိုလျှင် ထိုင်နားထောင်ဖို့ ထိုင်လေ့လာဖို့အချိန်တခုယူရ ပါတယ်။ ဒီ့အတွက် အားနည်းချက်ကတော့ အလုပ်အားမှထိုင်ကြည့်ရမယ်၊ အချိန်ပေးရမယ်။ သူရဲ့ အားသာချက် ကတော့ ကိုယ်မှတ်ထားချင်တဲ့စာတွေကိုတခါထည်းချမှတ်ထားလို့ရတာပေါ့။ ဒါပေမယ့်လဲ Multitasking လုပ်ချင်တဲ့သူတွေအတွက်ကတော့ Podcast နားထောင်ပြီး Task တွေလုပ်ရတာ ပိုပြီးလွယ်ကူစေနိုင်ပါတယ်။ လမ်းလျောက်ရင်းလဲ နားထောင်လို့ရမယ်။ ကားပေါ်မှာလဲနားထောင်မယ်၊ အခန်းထဲမှာ လေ့ကျင့်ခန်းလုပ်ရင်းနဲ့လဲ နားထောင်လို့ရပါသေးတယ် စတဲ့ အကျိုးကျေးဇူးတွေရှိပါတယ်။
၂။ Screentime ကိုလျှော့ချနိုင်ခြင်း။ 🎧
ခုခေတ်မှာ လူငယ်တော်တော်များရဲ့ Screentime အချိန်က တစ်ရက်ကို (၈) နာရီဝန်းကျင်ရှိပါတယ်။ Screentime များရင် မျက်လုံးထိမယ်၊ ဦးနှောက်စွမ်းဆောင်ရည်ကျစေနိုင်တယ်။ အားအင်ကုန်မယ်။ တချို့သော သုတေသနစာတမ်းများအရ Video ကြည့်ခြင်းထက် နားထောင်ခြင်း က ဦးနှောက်ကိုပို active ဖြစ်စေပါတယ်။ သဘာဝပတ်ဝန်းကျင်အပိုင်းကနေပြောမယ်ဆိုလျှင်လဲ Screentime များခြင်းကလဲ Internet Emission ကို ဖြစ်ပေါ်စေပြီး Global Warming ကိုဖြစ်စေနိုင်ပါသေးတယ်။
၃။ အောင်မြင်သူတိုင်းက Podcast နားထောင်သူတွေဖြစ်ကြတယ်။ 🎧
Podcast ကိုနားထောင်သူတွေရဲ့ စစ်တမ်းကိုလေ့လာကြည့်တဲ့အခါမှာ နားထောင်တဲ့သူတွေက Highly Educated တွေဖြစ်ရုံတင်မက ငွေကြေးပြည့်စုံတဲ့သူတွေလဲဖြစ်ကြတယ် ဆိုပြီး EverGreen Podcast ကဖော်ပြ ထားပါတယ်။ Podcast ရဲ့ သဘောသဘာဝက ဖျော်ဖျေရေး (Entertainment) အတွက် အသုံးပြုခြင်းထက် Educational Purpose အတွက် အသုံးပြုကြတယ်ဆိုတာပါပဲ။
၄။ နေရာဒေသမရွေးအသုံးပြုနိုင်ခြင်း။ 🎧
Podcast ဆိုတာက တကယ်တော့ ရေဒီယိုတမျိုးပါပဲ။ သူ့အတွက် MHz တွေနဲ့မဟုတ်ပဲ Internet လိုအပ်ချက်ပဲ ရှိတာပါ။ နောက်တခုက Podcast ကနေနားထောင်ရတယ်ဆိုပေမယ့် ပညာရှင်တွေဆီကနေ တိုက်ရိုက်နားဆင် နိုင်ခြင်းကလဲ အားသာချက်တစ်ခုပါပဲ။ သဘာဝပတ်ဝန်းကျင်ကဏ္ဍ တင်မကပဲ အခြားစီးပွားရေးကဏ္ဍ ပညာရပ်ပိုင်းဆိုင်ရာ အကြောင်းရာတွေကို နယ်ပယ်ပေါင်းစုံမှပညာရှင်များရဲ့ သဘောထားများကို နားဆင်နိုင်ပါတယ်။
၅။ Mainstream Media တွေရဲ့ ဘက်လိုက်မှု (bias) မရှိခြင်း။ 🎧
Channel တွေကနေ တိုက်ရိုက်နားဆင်နိုင်ခြင်း၊ ပညာရှင်များ၏အမြင်သဘောထား ဆွေးနွေးမှုများကို ပွင့်လင်း စွာနားဆင်နိုင်ပါတယ်။ တဆင့်ကြားခံ မရှိတဲ့အတွက် Bias ဖြစ်မှုကို လျှော့ချထားနိုင်ပါတယ်။ ထို့အပြင် အကြောင်းအရာတစ်ခုကို မတူတဲ့ရှုထောင့်ပေါင်းစုံကနေ နားဆင်နိုင်ခြင်းကလဲ ကောင်းမွန်တဲ့ အချက်လဲ ဖြစ်ပါတယ်။
ဖော်ပြပါ အားသာချက်တွေကြောင့် EHS Myanmar မှလဲ Webinar/ Live Talk များအပြင် ခေတ်နှင့်အညီ Podcasting များကိုလဲ တွဲလုပ်ဆောင်လျက်ရှိနေပါတယ်။ EHS Myanmar Podcast Channel မှာဆိုလျှင်လဲ လုပ်ခဲ့ဖူးတဲ့ Live Talk များကိုပြန်လည်တင်ပေးထားပြီး အသစ်သစ်သော အကြောင်းအရာများကိုလဲ တင်ဆက်သွားဖို့ရှိနေတဲ့အတွက် EHS Myanmar Podcast Channel ကို follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။
🎧 EHS Myanmar Podcast Channel - https://www.ehsmyanmar.org/podcast-1
ပြုစုရေးသားသူ - နိုင်ကျော်လူ
868
International Day for Natural Disaster Reduction, October 13
=============================================================
The International Day for Disaster Risk Reduction is an opportunity to acknowledge the progress being made toward preventing and reducing disaster risk and losses in lives, livelihoods, economies and basic infrastructure in line with the international agreement for reducing global disaster risk and losses. In 2022, the International Day will focus on Target G of the Sendai Framework: “Substantially increase the availability of and access to multi-hazard early warning systems and disaster risk information and assessments to people by 2030.”
Source - UN
#EHSMyanmar #NaturalDisaster #RiskRduction
868
ဘယ်လိုပေါ့ဆမှုတွေကြောင့်လဲ?
တကယ်တော့ ဓာတ်ပေါင်းဖို ကို မှန်ကန်တဲ့နည်းလမ်းနဲ့ မပိတ်ခဲ့တာပါ။ အပူချိန်မြင့်လာတော့ လေဖိအားက လေ၀င်လေထွက်အဆို့ရှင်ကိုမှုတ်ထုတ်လိုက်သလို ဖြစ်မိသွားခဲ့တာပါ။ ၁၉၈၃ခုနှစ်မှာ ICMESA က အလုပ်သမား ၅ယောက်ကို ထောင်ဒဏ်ချခဲ့ပါတယ်။ ဒါပေမယ့် ၁၉၈၅မှာတော့ သုံးယောက်က ပြစ်ဒဏ်နဲ့ကင်းလွတ်ခဲ့ပြီး ကျန်နှစ်ယောက်ကတော့ ထောင်ဒဏ်ဆက်ပြီးကျခဲ့ပါတယ်။
သေဆုံးတဲ့သူတွေရှိခဲ့လား?
ဒီဓာတုကပ်ဘေးက ထင်ထားသလောက်မပြင်းထန်ခဲ့တဲ့အတွက် သေဆုံးခဲ့တဲ့သူတွေမရှိခဲ့ပါဘူး။ ဒါပေမယ့် အရေပြားရောဂါရရုံလောက်ပဲ ဖြစ်ခဲ့တာပါ။
Reference - Greatdisaster, World Social Website
ယောနသန် မှ ရေးသားသည်။
-------------------------------------------------------------------------------------------------------------------
EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ LinkedIn ကိုအခုပဲ Follow လိုက်ပါ။
https://www.linkedin.com/company/ehsmyanmar/
#EHSMyanmar #NaturalandMan-MadeDisasters
868
သဘာ၀ဘေးအန္တရာယ်များနှင့် လူလုပ်ဘေးအန္တရာယ်များ။
=============================================
EHS Myanmar | 2.10.22
"ကပ်ဘေး" လို့ခေါ်တဲ့ "Disaster" ဆိုတာဘာလဲ?
ပုံမှန်လည်ပတ်နေတဲ့ အသိုင်းအဝိုင်းတွေကို ကမောက်ကမဖြစ်အောင်လုပ်လိုက်တဲ့ ဖြစ်စဉ်မျိုးကို ဆိုလိုပါတယ်။ ကပ်ဘေး မှာ နှစ်မျိုးရှိပါတယ်။ Natural Disasters (သဘာ၀ကြောင့်ဖြစ်တဲ့ ကပ်ဘေး) နဲ့ Man-Made Disasters (လူကြောင့်ဖြစ်တဲ့ ကပ်ဘေး) ဆိုပြီး နှစ်မျိုးရှိပါတယ်။ Natural Disasters မှာတော့ သဘာ၀အရ ငလျင်လှုပ်တာ၊ လေဆင်နှာမောင်းတိုက်တာ၊ ဆူနာမီလှိုင်း စတာတွေ ပါ၀င်ပြီးတော့ Man-Made Disasters မှာတော့ လူတွေရဲ့ မှားယွင်းမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဘေးအန္တရာယ်တွေပါ၀င်ပါတယ်။ အခုကျွန်တော့်အနေနဲ့ ကမ္ဘာပေါ်မှာ ဖြစ်ပျက်ခဲ့တဲ့ Natural Disaster တစ်ခုနဲ့ Man-Made Disaster တစ်ခုအကြောင်း မျှဝေချင်ပါတယ်။
ပထမဦးဆုံး Natural Disaster ကတော့ Indian Heat Wave (အိန္ဒိယအပူလှိုင်း) အ ကြောင်းပဲဖြစ်ပါတယ်။
၂၀၀၂ခုနှစ် မေလမှာ အိန္ဒိယနိုင်ငံတောင်ပိုင်းမှာရှိတဲ့ Andhra Pradesh ဆိုတဲ့မြို့မှာစတင်ဖြစ်ပွားခဲ့ပါတယ်။ တကယ်တော့ ဒီလိုအပူလှိုင်းတွေဟာ ၁၉၉၂ကတည်းက စတင်ဖြစ်ပွားနေခဲ့တာပါ။ ယင်းအပူလှိုင်းကြောင့် လူပေါင်း ၁၂၀၀ကျော်သေဆုံးခဲ့ပါတယ်။ အကြောင်းမှာတော့ အပူချိန်ဟာ ၄၅ ကနေ ၅၀ °C အထိမြင့်တက်သွားခဲ့လို့ဖြစ်ပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေသေဆုံးခဲ့ပြီး အမျိုးသမီးများနှင့် ကလေးတွေပါ အပူဒဏ်ကြောင့် သေဆုံးခဲ့ရပါတယ်။ Andhra Pradesh မြို့မှာ ၂၃ခရိုင်ရှိတဲ့အနက် ၃ခရိုင်လောက်ပဲ အပူဒဏ်နဲ့ ကင်းလွတ်ခဲ့တာပါ။ အဲ့ထဲမှာတော့ Nalgonda ခရိုင်ကတော့ ဆိုးဆိုးဝါးဝါးထိခိုက်ခဲ့ပါတယ်။
ဘာကြောင့် ဒီအပူလှိုင်းဖြစ်ပွားခဲ့တာလဲ?
ပထမဦးဆုံး အယ်လ်နီညိုအကြောင်းကို အနည်းငယ်ရှင်းပြချင်ပါတယ်။ အယ်လ်နီညိုကတော့ National Oceanic and Atmospheric Administration (NOAA) ရဲ့အဆိုအရ အီကွေတာရပ်၀န်းပိုင်းမှာရှိတဲ့ ပစိဖိတ်သမုဒ္ဒရာရဲ့ ရေမျာက်နှာပြင်ဟာ ပုံမှန်ထက်နွေးနေပြီးတော့ အရှေ့ရပ်၀န်းပိုင်းလေဟာ ပုံမှန်ထက်လေတိုက်ခတ်တာ အားနည်းတဲ့အခြေအနေမျိုးကို ဆိုလိုပါတယ်။ အယ်လ်နီညိုဟာ နေရာတစ်နေရာနဲ့ တစ်နေရာပေါ်မူတည်ပြီးတော့ မိုးခေါင်ရေရှားပြီး ပူပြင်းတဲ့အခြေအနေမျိုးတွေ၊ ရေကြီးတဲ့အခြေအနေမျိုးတွေ၊ ဟာရီကိန်း၊ တိုင်ဖွန်းမုန်တိုင်းတွေနဲ့ အအေးလွန်ကဲတဲ့ရာသီဥတုတွေ စတဲ့ အခြေအနေတွေကို ဖြစ်ပေါ်အောင်လုပ်ဆောင်နိုင်ပါတယ်။ အခု အိန္ဒိယအပူလှိုင်းဟာလဲ အယ်လ်နီညိုရဲ့ အကျိုးဆက်တွေကြောင့် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပါတယ်။ အယ်လ်နီညိုအပူဒဏ်ကြောင့် ဖြစ်ပွားခဲ့တဲ့ရောဂါနဲ့ ထိခိုက်ပျက်စီးမှုများ သက်ကြီးရွယ်အိုတွေနဲ့ ဆင်းရဲနွမ်းပါးတဲ့သူတွေဟာ ရေဓာတ်ပြတ်လပ်ခြင်းနဲ့ အပူလျှပ်ခြင်းတို့ကြောင့်သေဆုံးခဲ့ရပြီး အသက်ရှူပိုင်းဆိုင်ရာ၊ နှလုံးသွေးကြောဆိုင်ရာနဲ့ ဦးနှောက်သွေးကြောဆိုင်ရာရောဂါတွေဟာ တဟုန်တိုး မြင့်တက်လာခဲ့ပါတယ်။ တစ်ဆက်တည်းမှာ ဒီအပူဒဏ်ကြောင့် ကောက်ပဲသီးနှံတွေပါ ပျက်စီးခဲ့ရပါတယ်။ အစိုးရ၏ ကာကွယ်မှုနှင့် တုံ့ပြန်မှုကတော့ အပူဒဏ်နဲ့ပက်သက်တဲ့ အသိပညာပေးအစီအစဉ်တွေကို တီဗီနဲ့ တခြားမီဒီယာတွေကနေတစ်ဆင့် ဖြန့်ဝေခဲ့ပါတယ်။ အပူချိန်မြင့်မားတဲ့နေ့လယ်မှာ အပြင်မထွက်ဖို့၊ ရေများများသောက်ဖို့အတွက် တိုက်တွန်းခဲ့ကြပါတယ်။
ဒီအထိကတော့ ၂၀၀၂ခုနှစ် အိန္ဒိယမှာဖြစ်ခဲ့တဲ့ အပူလှိုင်းအကြောင်းပဲဖြစ်ပါတယ်။ ဆက်ပြီးတော့ Man-Made Disaster ဖြစ်တဲ့ Seveso Chemical Disaster အကြောင်း ဝေမျှချင်ပါတယ်။
၁၉၇၆ခုနှစ်၊ ဇူလိုင် ၁၀ရက်နေ့မှာ အီတလီနိုင်ငံ၊ မီလန်မြို့မြောက်ပိုင်း၊ ဆီဗက်ဆိုမြို့နယ်မှာရှိတဲ့ ဓာတုစက်ရုံကနေ စတင်ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီဓာတုစက်ရုံကို Givaudan လို့ခေါ်တဲ့ ဆွစ်ဇာလန်ကုမ္ပဏီလက်အောက်ခံ Industrie Chimiche Meda Societa Anonima (ICMESA) ကနေ ပိုင်ဆိုင်ပါတယ်။ Trichlorophenol လို့ခေါ်တဲ့ ဓာတုပစ္စည်းကို စတင်ပြုလုပ်ရင်းနဲ့ ဖြစ်ပွားခဲ့ပါတယ် ။ဒီဖြစ်စဉ်ရဲ့အစမှာတော့ စက်ရုံကနေ ကျယ်လောင်တဲ့အသံနဲ့ အဖြူရောင်တိမ်ကြီး တစ်ခုပေါက်ကွဲထွက်လာခဲ့ပြီး ဘေးနားက ပတ်၀န်းကျင်တွေဆီကို ပျံ့နှံ့သွားခဲ့ပါတယ်။ ဒေသခံတွေကတော့ ဒီလိုတိမ်မျိုးတွေက သူတို့ပတ်၀န်းကျင်မှာ အမြဲလိုလိုရှိနေတာကြောင့် သိပ်ပြီးဂရုမစိုက်ခဲ့ကြပါဘူး။ အနံ့ဆိုးတွေရှိနေပေမယ့်လဲ ဟင်းသီးဟင်းရွက်တွေကို ခူးစားခဲ့ပါတယ်။
ကျန်းမာရေးအပေါ်ထိခိုက်မှုများ ကတော့ ကလေးငယ်အချို့ဟာ အရေပြားပေါ်မှာ အဖုအပိန့်တွေစတင်ပြီး တွေ့လာရပါတော့တယ်။ ကလေး ၁၂ယောက်ကိုခေါ်စစ်တဲ့အခါ ၄ယောက်လောက်က မျက်နှာဖောင်းနေတဲ့အတွက်ကြောင့် စက်ကိရိယာအပြည့်အစုံရှိတဲ့ ဆေးရုံတွေဆီမှာ သွားကုသရပါတယ်။ ဇူလိုင်လ ၁၄ရက်နေ့မှာ ဆီဗက်ဆို မြို့နယ်အနီးအနားတစ်ဝိုက်က တိရစ္ဆာန်တွေ သေဆုံးနေတယ်ဆိုတာကိုတွေ့ရှိရပါတယ်။ ဓာတုပစ္စည်းတွေကို ပိုပြီးထိတွေ့ရတာကတော့ ကလေးတွေနဲ့ ကိုယ်၀န်ဆောင်အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။ ၁၉၈၃ခုနှစ်မှာတော့ ဆီဗက်ဆိုမြို့နေအမျိုးသမီး ၉၀ဦးဟာ ကိုယ်၀န်ဖျက်ချဖို့ ဆုံးဖြတ်ခဲ့ပါတယ် လို့ သိပ္ပံပညာရှင်တွေဟာ ဖော်ပြလာပါတယ်။
868
သီတင်းကျွတ်အခါသမယတွင် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာ၍ ရောဂါဘယာခပ်သိမ်းကင်းငြိမ်းပြီး လိုအင်ဆန္ဒများပြည့်ဝပါစေကြောင်း EHS Myanmar မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ပျော်ရွှင်နှစ်လိုဖွယ်ကောင်းသော သီတင်းကျွတ်အခါသမယဖြစ်ကြပါစေ။ 🎆🎆
Please keep in touch with us;
EHS Myanmar LinkedIn -
https://www.linkedin.com/company/ehsmyanmar/
#EHSMyanmar #Thadingyut #2022
868
၂၀၁၀ ခုနှစ်က ရစ်ချက်တာစကေး ၇.၀ ပြင်းအားရှိသော ငလျင်တစ်ခု ဟေတီနိုင်ငံတွင် လှုပ်ခတ်ခဲ့ပြီး လူပေါင်း ၂ သိန်းကျော် အသက်သေဆုံးခဲ့သည်။ ထိုဖြစ်ရပ်အပြီး ၆ ပတ်ကျော်အကြာတွင် ချီလီနိုင်ငံ၌ ရစ်ချက်တာစကေး ၈.၈ ပြင်းအားရှိသော ငလျင်လှုပ်ခတ်ခဲ့ပြီး လူ ၁၀၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ရသည်။ ချီလီနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်မှာ ဟေတီတွင် ဖြစ်ပွားခဲ့သော ငလျင်ထက် အဆ ၅၀၀ ပိုမိုပြင်းထန်ခဲ့ပြီး ကမ္ဘာ့သမိုင်းတွင်လည်း ၆ ခုမြောက် အဆိုးရွားဆုံး ငလျင်ဖြစ်ခဲ့သည်။ သို့သော် ဟေတီနိုင်ငံ၏ ပျက်ဆီးဆုံးရှုံးမှုပမာဏမှာ ပို၍များပြားနေခဲ့သည်။ ဤဖြစ်ရပ်နှစ်ခုကို ကြည့်ခြင်းအားဖြင့် လူသားတို့သည် သဘာဝဘေးအန္တရာယ်၏ပြင်းထန်မှုအားကို ထိန်းချုပ်၍မရနိုင်သော်လည်း နောက်ဆက်တွဲပျက်ဆီးဆုံးရှုံးမှုပမာဏ လျော့ကျသွားအောင် စွမ်းဆောင်နိုင်စွမ်းရှိကြောင်း သိရှိနိုင်ပါသည်။
သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်သည့်အခါ အမျိုးသမီးများ၊ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများသည် ပို၍ ထိခိုက်ခံရလွယ်သည်။ ၂၀၀၄ ခုနှစ်က အိန္ဒိယသမုဒ္ဒရာတွင် ဖြစ်ပွားခဲ့သော ဆူနာမီကြောင့် အမျိုးသမီးများ ထိခိုက်မှုပမာဏမှာ အမျိုးသားများထက် ပိုမိုများပြားသည်ကို တွေ့ရသည်။ သဘာဝဘေးအန္တရာယ်နှင့်ပတ်သတ်၍ အကာအကွယ်၊ အထောက်အပံ့များ ရပိုင်ခွင့် လူတိုင်းတွင်ရှိသည်။ ထို့ကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေနှင့် မူဝါဒများသည်လည်း လူသားအားလုံး တစ်သားတည်း ပါဝင်နိုင်သည့် အကာအကွယ် အထောက်အပံ့ရနိုင်မည့် နည်းဥပဒေများ ဖြစ်ရမည်။
မြန်မာနိုင်ငံသည် ပထဝီဝင်အနေအထားအရ သဘာဝဘေးအန္တရာယ်များ ဖြစ်လေ့ဖြစ်ထရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သော မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်နှင့်ပတ်သတ်၍ ထိခိုက်ခံရလွယ်သော နိုင်ငံများထဲတွင် ပါဝင်သည်။ ထို့အပြင် ဆင်းရဲမွဲတေမှုနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာနည်းပါးခြင်းတို့ကြောင့် ဒေသခံတို့၏ သဘာဝသယံဇာတစီမံခန့်ခွဲမှုမှာလည်း အားနည်းလှပါသည်။၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်းသည် မြန်မာနိုင်ငံသမိုင်းတလျှောက် ကြုံတွေ့ခဲ့ရသည့် သဘာဝဘေးအန္တရာယ်များအနက် အဆိုးဝါးဆုံးဖြစ်ခဲ့ပြီး၊ ကမ္ဘာ့သမိုင်းတွင် အပျက်အစီး ဆုံးရှုံးမှုအများဆုံး သဘာဝဘေးအဖြစ် နံပါတ်(၈)အဆင့်ရှိခဲ့သည်။ ကြိုတင်ပြင်ဆင်မှုမရှိခြင်း၊ အစိုးရ၏ တုံ့ပြန်မှုနှောင့်နှေးခြင်းတို့ကြောင့် လူပေါင်း ၁၄၀,၀၀၀ ကျော် အသက်သေဆုံးခဲ့ရသည့်အပြင် ဆန်စပါးစိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်းကို အဓိက အားထားရသည့်ဒေသတွင် ဖြစ်ပွားခဲ့သည့်အတွက် ဒေသခံတို့၏ စီးပွားရေးမှာ ချွတ်ခြုံကျသွားသည့်အပြင် ဆင်းရဲနွမ်းပါးမှုပမာဏလည်း ပိုမိုမြင့်တက်လာခဲ့သည်။ ဤဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုမရှိခြင်း၊ စီမံခန့်ခွဲမှုအားနည်းခြင်းတို့သည် ပျက်ဆီးဆုံးရှုံးမှုပမာဏပိုမိုများပြားလာစေသည် လေ့လာတွေ့ရှိရပါသည်။
အချုပ်အားဖြင့်ဆိုသော် သဘာဝဘေးအန္တရာယ်များကို ရှောင်လွှဲ၍မရပါ။ Disaster Risk Reduction - DRR (သဘာဝဘေးအန္တရာယ်ကြောင့်ဆုံးရှုံးနိုင်ခြေလျှော့ချရေး) သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ခွဲခြား၍မရနိုင်သော လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ ထို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ထိရောက်သည့် ဥပဒေများရေးဆွဲခြင်း၊ လူတစ်ဦးတစ်ယောက်ချင်းစီနှင့်အတူ အစိုးရအဖွဲ့တစ်ရပ်လုံး၊ ဒေသတစ်ခုလုံးက ကြိုတင်ပြင်ဆင်ကာကွယ်မှုများ လုပ်ဆောင်ထားပါက သဘာဝဘေးအန္တရာယ်ကြောင့် ပျက်ဆီးဆုံးရှုံးမှုနှင့် ဆင်းရဲမွဲတေမှုကိုလျှော့ချနိုင်သကဲ့သို့ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များသည်လည်း သဘာဝဘေးအန္တရာယ်ကြောင့် နှောင့်နှေးသွားမှုမရှိနိုင်တော့ပါ။
ယွန်းနန္ဒာ (EHS Myanmar) မှ ရေးသားသည်။
ကိုးကား - IISD, Oxfam International, Learning from Cyclone Nargis UNEP
-------------------------------------------------------------------------------------------------------------------
EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ LinkedIn ကိုအခုပဲ join လိုက်ပါ။
https://www.linkedin.com/company/ehsmyanmar/
#EHSMyanmar #naturaldisaster #riskreduction
